<Unicode>
"ဗျာ ဟုတ်"
ဘုန်းထက် သွန်းစားနေတဲ့မုန့်တေကိုသယ်လိုက်ပီး သွန်းကိုလက်ဆွဲကာထွက်သွားတာကြောင့် ခင်ခင်ခပေါက်ကွဲသွားတော့သည်။
*တောက်စ်! ငါ့လိုလူကိုများအရှက်ခွဲရဲတယ် ဟက် ငါ့အလှကျော့ကွင်းကိုဘယ်သူမှမရုန်းနိုင်ဘူး နင်လဲငါ့ဘက်ပါလာစေရမယ်*
ဟုစိတ်ထဲကကြုံးဝါးလိုက်ပီး အပြင်ဘက်မှာတော့ဘာမှမဖြစ်သလိုဟန်ဆောင်နေလိုက်သည်။ထိုအချိန်...
"ဟေးး ချစ်လှစွာသောညီမလေး"
"ကျစ် ဘာလဲ"
"အို ကိုယ့်အကိုကိုနည်းနည်းပါပါး ယဉ်ကျေးပါအုံး"
"စကားအပိုမပြောနဲ့လင်းခန့် ငါ့အဆောင်ကိုဘာလာလုပ်တာလဲ"
"ငါ့ကိုပိုက်ဆံနည်းနည်းလောက်ချေး"
"ဟ့!မနေ့ကမှပေးထားပီးပီလေ"
"မနေ့ကပေးတာ ငါးသိန်းထဲလေ တစ်ရက်စာတောင်မရဘူး လုပ်ပါ ထပ်ပေးစမ်းပါ နင်မပေးမချင်းငါမပြန်ဘူးနော်"
"ကျစ် အရမ်းအာရုံနောက်တာပဲ"
ခင်ခင်ခလဲ သူဝတ်ထားတဲ့ဟန်းချိန်းကိုဖြုန်ပေးလိုက်ပီး..
"ဒါက ၁၅သိန်းလောက်တော့ရမယ်ထင်တယ် ကိုယ်ဘာသာကြည့်လုပ်တော့"
"ok ok ကျေးဇူးပါငါ့ညီမရာ ဒါနဲ့ ဒီဟန်းချိန်းကဟိုဘဲကြီးပေးထားနာမလား အဲ့ဘဲကရေခိုင်တယ်နော် နင်ဘာလို့ဆက်မတွဲတော့တာလဲ"
"သူ့မယားကြီး ပြန်လာပီလေ ငါဘယ်လိုဆက်တွဲလို့ရမှာလဲ ငါလဲအခြေနေမကောင်းဘူး နောက်ကိုသိပ်ပေးနိုင်တော့မှာမဟုတ်ဘူး နင်နည်းနည်းပါးပါးခြွေတာအုံး"
"အေးပါ အေးပါ နင်လဲမြန်မြန်နောက်တစ်ယောက်ကိုချိန်အုံး ဒါကတော့နင်ကျွမ်းကျင်တဲ့အလုပ်ပါ ကဲ ငါသွားပီ"
လင်းခန့်ထွက်သွားတော့မှခင်ခင်ခလဲသက်ပြင်းချလိုက်ပီး..
*အဲ့ကောင်သုံးပုံမျိုးနဲ့တော့မဖြစ်ဘူး ဟိုဘုန်းထက်ဆိုတဲ့ကောင်ကိုအမြန်ငါ့ဘက်ကာအောင်လုပ်ရမယ်*
အစကတော့သာမန်လူတန်းစားလောက်လို့ပဲထင်ခဲ့ပေမယ့်ခုနကတွေ့လိုက်ရတဲ့limitနဲ့ထုတ်တဲ့အကောင်းစားနာရီကြီးကြောင့်ဘုန်းထက်ကိုငါးစာအဖြစ်ပြောင်းရန်လုပ်ခဲ့ပေမယ် ဒင်းကသူ့ကိုအဖက်မလုပ်။
*ငါ့အလှကိုနင်ကြာကြာမငြင်းနိုင်စေရပါဘူး အဟက်*
>>>>>>>
"သွန်း ကလေးလေး"
"ဗျာ"
"နေမကောင်းဘူးလား"
မျက်နှာလေးဖြူမက်ဖြူရော်ဖြစ်နေတာကြောင့်နှဖူးကိုစမ်းကြည့်လိုက်တော်အနည်းငယ်နွေးနေသည်။
"ကိုယ်တေနွေးနေတယ် ဖျားချင်နေတာကိုအိမ်မှာဘာလို့အနားမယူတာလဲ သွန်းရဲ့"
အဖျားအခံရှိနေတာကြောင့်အနည်းငယ်ခြောက်သွေ့နေတဲ့နှုတ်ခမ်းလေးက ပန်းနုရောင်ဖျော့ဖျော့လေးရယ်။လည်ချောင်းခြောက်နေပုံရတဲ့ကောင်လေးက တတွေးကိုခနခနမြိုချနေတာကြောင့်ရေသန့်ဘူးလေးကိုဖွင့်တိုက်လိုက်တော့ပြန်ထွေးထုတ်ပီး...
"ခါးတယ်"
"အဖျားရှိနေလို့ လျှာပေါ်မှာခါးနေတာ နေမကောင်းဖြစ်ချင်နေမှန်းသိရဲ့သားနဲ့ ဘာလို့ကျောင်းလာတာလဲကွာ ခွင့်တိုင်ပီးအိမ်မှာနားပေါ့ ကြည့်အခုတော့.."
"အင့်"
ဘုန်းထက်ဆက်ပြောမဲ့စကားတေက သွန်းရဲ့ပါးပေါ်စီးကျလာတဲ့မျက်ရည်စလေးကြောင့်ပြန်မြိုချလိုက်ရတော့တယ်။
"သွန်း"
"ဟင့် မဆူပါနဲ့ သွန်းက အင့် သွန်းက အူးဝါးး"
"သွန်း ကလေးလေး မငိုပါနဲ့ကွာ ကိုယ်ဆူတာမဟုတ်ပါဘူး"
နဂိုထဲကစိတ်အားငယ်တတ်တဲ့ယုန်ဖြူလေးကအဖျားရဗိနေတော့ပိုလို့တောင်အထိမခံဖြစ်နေမှာကိုသူမေ့သွားခဲ့တယ်။
"ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်မှားတာပါနော် ကိုယ်ဆူတာမဟုတ်ပါဘူး သွန်းတစ်ခုခုဖြစ်မှာကိုယ်စိတ်ပူသွားလို့ပါ"
<Zawgyi>
"ဗ်ာ ဟုတ္"
ဘုန္းထက္ သြန္းစားေနတဲ့မုန္႔ေတကိုသယ္လိုက္ပီး သြန္းကိုလက္ဆြဲကာထြက္သြားတာေၾကာင့္ ခင္ခင္ခေပါက္ကြဲသြားေတာ့သည္။
*ေတာက္စ္! ငါ့လိုလူကိုမ်ားအ႐ွက္ခြဲရဲတယ္ ဟက္ ငါ့အလွေက်ာ့ကြင္းကိုဘယ္သူမွမ႐ုန္းႏိုင္ဘူး နင္လဲငါ့ဘက္ပါလာေစရမယ္*
ဟုစိတ္ထဲကၾကံဳးဝါးလိုက္ပီး အျပင္ဘက္မွာေတာ့ဘာမွမျဖစ္သလိုဟန္ေဆာင္ေနလိုက္သည္။ထိုအခ်ိန္...
"ေဟးး ခ်စ္လွစြာေသာညီမေလး"
"က်စ္ ဘာလဲ"
"အို ကိုယ့္အကိုကိုနည္းနည္းပါပါး ယဥ္ေက်းပါအံုး"
"စကားအပိုမေျပာနဲ႔လင္းခန္႔ ငါ့အေဆာင္ကိုဘာလာလုပ္တာလဲ"
"ငါ့ကိုပိုက္ဆံနည္းနည္းေလာက္ေခ်း"
"ဟ့!မေန႔ကမွေပးထားပီးပီေလ"
"မေန႔ကေပးတာ ငါးသိန္းထဲေလ တစ္ရက္စာေတာင္မရဘူး လုပ္ပါ ထပ္ေပးစမ္းပါ နင္မေပးမခ်င္းငါမျပန္ဘူးေနာ္"
"က်စ္ အရမ္းအာရံုေနာက္တာပဲ"
ခင္ခင္ခလဲ သူဝတ္ထားတဲ့ဟန္းခ်ိ္န္းကိုျဖဳန္ေပးလိုက္ပီး..
"ဒါက ၁၅သိန္းေလာက္ေတာ့ရမယ္ထင္တယ္ ကိုယ္ဘာသာၾကည့္လုပ္ေတာ့"
"ok ok ေက်းဇူးပါငါ့ညီမရာ ဒါနဲ႔ ဒီဟန္းခ်ိန္းကဟိုဘဲႀကီးေပးထားနာမလား အဲ့ဘဲကေရခိုင္တယ္ေနာ္ နင္ဘာလို႔ဆက္မတြဲေတာ့တာလဲ"
"သူ႔မယားႀကီး ျပန္လာပီေလ ငါဘယ္လိုဆက္တြဲလို႔ရမွာလဲ ငါလဲအေျခေနမေကာင္းဘူး ေနာက္ကိုသိပ္ေပးႏိုင္ေတာ့မွာမဟုတ္ဘူး နင္နည္းနည္းပါးပါးေႁခြတာအံုး"
"ေအးပါ ေအးပါ နင္လဲျမန္ျမန္ေနာက္တစ္ေယာက္ကိုခ်ိန္အံုး ဒါကေတာ့နင္ကြၽမ္းက်င္တဲ့အလုပ္ပါ ကဲ ငါသြားပီ"
လင္းခန္႔ထြက္သြားေတာ့မွခင္ခင္ခလဲသက္ျပင္းခ်လိုက္ပီး..
*အဲ့ေကာင္သံုးပံုမ်ိဳးနဲ႔ေတာ့မျဖစ္ဘူး ဟိုဘုန္းထက္ဆိုတဲ့ေကာင္ကိုအျမန္ငါ့ဘက္ကာေအာင္လုပ္ရမယ္*
အစကေတာ့သာမန္လူတန္းစားေလာက္လို႔ပဲထင္ခဲ့ေပမယ့္ခုနကေတြ႔လိုက္ရတဲ့limitနဲ႔ထုတ္တဲ့အေကာင္းစားနာရီႀကီးေၾကာင့္ဘုန္းထက္ကိုငါးစာအျဖစ္ေျပာင္းရန္လုပ္ခဲ့ေပမယ္ ဒင္းကသူ႔ကိုအဖက္မလုပ္။
*ငါ့အလွကိုနင္ၾကာၾကာမျငင္းႏိုင္ေစရပါဘူး အဟက္*
>>>>>>>
"သြန္း ကေလးေလး"
"ဗ်ာ"
"ေနမေကာင္းဘူးလား"
မ်က္ႏွာေလးျဖဴမက္ျဖဴေရာ္ျဖစ္ေနတာေၾကာင့္ႏွဖူးကိုစမ္းၾကည့္လိုက္ေတာ္အနည္းငယ္ေႏြးေနသည္။
"ကိုယ္ေတေႏြးေနတယ္ ဖ်ားခ်င္ေနတာကိုအိမ္မွာဘာလို႔အနားမယူတာလဲ သြန္းရဲ႕"
အဖ်ားအခံ႐ွိေနတာေၾကာင့္အနည္းငယ္ေျခာက္ေသြ႔ေနတဲ့ႏႈတ္ခမ္းေလးက ပန္းႏုေရာင္ေဖ်ာ့ေဖ်ာ့ေလးရယ္။လည္ေခ်ာင္းေျခာက္ေနပံုရတဲ့ေကာင္ေလးက တေတြးကိုခနခနၿမိဳခ်ေနတာေၾကာင့္ေရသန္႔ဘူးေလးကိုဖြင့္တိုက္လိုက္ေတာ့ျပန္ေထြးထုတ္ပီး...
"ခါးတယ္"
"အဖ်ား႐ွိေနလို႔ လ်ွာေပၚမွာခါးေနတာ ေနမေကာင္းျဖစ္ခ်င္ေနမွန္းသိရဲ႕သားနဲ႔ ဘာလို႔ေက်ာင္းလာတာလဲကြာ ခြင့္တိုင္ပီးအိမ္မွာနားေပါ့ ၾကည့္အခုေတာ့.."
"အင့္"
ဘုန္းထက္ဆက္ေျပာမဲ့စကားေတက သြန္းရဲ႕ပါးေပၚစီးက်လာတဲ့မ်က္ရည္စေလးေၾကာင့္ျပန္ၿမိဳခ်လိုက္ရေတာ့တယ္။
"သြန္း"
"ဟင့္ မဆူပါနဲ႔ သြန္းက အင့္ သြန္းက အူးဝါးး"
"သြန္း ကေလးေလး မငိုပါနဲ႔ကြာ ကိုယ္ဆူတာမဟုတ္ပါဘူး"
နဂိုထဲကစိတ္အားငယ္တတ္တဲ့ယုန္ျဖဴေလးကအဖ်ားရဗိေနေတာ့ပိုလို႔ေတာင္အထိမခံျဖစ္ေနမွာကိုသူေမ့သြားခဲ့တယ္။
"ကိုယ္ေတာင္းပန္ပါတယ္ကြာ ကိုယ္မွားတာပါေနာ္ ကိုယ္ဆူတာမဟုတ္ပါဘူး သြန္းတစ္ခုခုျဖစ္မွာကိုယ္စိတ္ပူသြားလို႔ပါ"