"မိုးရေစက်တွေမေးသော ပဟေဠိ🍀"
🍀Part (2)🍀
---------------------
---------------------
.......After 4 year later.......
လေးနှစ်ကြာပြီးနောက်
"ဝရော..ဂျိမ်း!!ဂျိမ်း!!"
မိုးစရွာထဲက တန်ခူးနိုးနေပေမဲ့
ကျယ်လောင်စွာ မြည်ဟည်းလာတဲ့ မိုးခြိမ်းသံကြောင့် တန်ခူးရင်ခွင်ထဲကိုအတင်းတိုးဝင်လာသည်က 'ရေစက်လေး'
ပါးစပ်ကနေလဲ တအဲအဲ ထွက်လာသည်မို့
"အို...ကျွစ်..ကျွစ်...အို!!"
တန်ခူး ရေစက်လေးရဲ့ကျောပြင်ကို ဖွဖွလေးပွတ်ပေးကာ ဘေးဘက်ရောက်နေတဲ့ စောင်ကို ရေစက်လေးပေါ်ခြုံပေးလိုက်သည်။
နွေးသွားလို့ထင်ရဲ့....
တန်ခူး ရင်ခွင်ထဲက ရေစက်လေးကတော့ ချက်ချင်းငြိမ်သွားလေသည်....
■မိုးတွေကလဲ ရွာလိုက်တာ...
တန်ခူး စိတ်ထဲပြောနေပေမဲ့
လျှပ်စီးကြောင်းတွေရဲ့အလင်းရောင်က တန်ခူးတို့ရဲ့ သစ်သားအိမ်ရဲ့သစ်သားပြားအကာတွေကြားကနေ အလင်းရောင်တွေက တဝင်းဝင်းထနေလေသည်...
ရေစက်လေး က ရုပ်ရည်ရော အပြုအမူတွေရော တန်ခူးနဲ့တူတာဘာမှမရှိပေမဲ့ မိုးခြိမ်းတာကြောက်တတ်တဲ့အကျင့်ကတော့ တန်ခူးနဲ့တော်တော်တူသည်...
ရေစက်လေးကို တန်ခူးလိုပျော့ညံ့တာမျိုးကို တန်ခူးမလိုချင်ပါ...
■မေမေနဲ့မတူလက်စနဲ့ တစ်ခါထဲသားသားဖေဖေလို ဂျစ်ကန်ကန်လေးပဲဖြစ်နေပေးပါ...
ဒါပေမဲ့....
သားသားဖေဖေလိုတော့ မိန်းမတစ်ယောက်ရဲ့ကိုယ်ကျင့်တရား နဲ့သိက္ခာတွေကို တာဝန်မယူနိုင်တဲ့လူ မဖြစ်စေချင်ဘူးကွယ်.....
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"နာ...နာ...နာ...နာ..!!"
သိုလ် ခေါင်းလျှော်ပြီး သဘက်နဲ့ဆံပင်တွေသုတ်နေတုန်း ထမြည်လာတဲ့ ဖုန်းကြောင့် ph contantကိုကြည့်လိုက်တော့ "မဟေ"...
"ဟဲလို မဟေ!!"
"----------"
"ကိုကိုလာခဲ့မယ်လေ...ခနလေးပဲနော်...ကိုကို တာဝန်ခံဆီသွားပြီးရင် မဟေအိမ်ဝင်ခဲ့မယ်နော်..."
"---------"
"အွန်းကလေး...ကိုကိုလဲချစ်တယ်!!"
မဟေ phချသွားသည်နှင့် သိုလ် ဖုန်းကိုကုတင်ပေါ်ပစ်တင်ကာ အဝတ်လဲခန်းထဲထွက်လာခဲ့သည်။
ဒီနေ့မဟေတို့အိမ်မှာ ခေါက်ဆွဲဟင်းချက်လို့ ဖိတ်၍သူသွားရမည်ဖြစ်သည်
အဝတ်လဲခန်းထဲက အနက်ရောင်ရှုပ်အင်္ကျီရယ် အနက်ရောင်အနောက်တိုင်းဝတ်စုံရယ် အနက်ရောင်နခ်ကတိုင်ရယ်ကို ထုတ်ကာ အဝတ်လဲလိုက်လေသည်....
သူနဲ့မဟေ ချစ်သူတွေဖြစ်တာက ၂နှစ်လောက်ရှိနေပြီဖြစ်သည်။
မဟေအဖေကလဲ သူနဲ့စီးပွားရေးပါတနာတွေဖြစ်နေတာမို့ မဟေကသူ့ထက်မချမ်းသာပေမဲ့ တကယ့်အသိုင်းအဝိုင်းကောင်းကပင်ဖြစ်သည်။
■မဟေက သူ့ထက်အသက်၃နှစ်ငယ်ပေမဲ့
ဖော်ရွေတယ်...
သဘောကောင်းတယ်...
ချစ်စရာလဲကောင်းတယ်...
တစ်ခုပါပဲ
မဟေက သိုလ်နဲ့ပတ်သတ်လာရင်သဝန်တိုလွန်းသည်...
ဒါကလဲ သူ့ကိုချစ်လို့ဖြစ်တယ်ဆိုတာ သူကောင်းကောင်းနားလည်ပါသည်....
အရင်က ပေါ့ပေါ့ပါးပါးနဲ့လွတ်လွတ်လပ်လပ်နေခဲ့တဲ့သိုလ်က အခုဆို Daddyတည်ဆောက်ခဲ့တဲ့ "Zoren Group" အမွေဆက်ခံသူဖြစ်လာခဲ့သည်...
သိုလ်၁၀တန်းနှစ်က USကို စီးပွားရေးခရီးစဉ်ထွက်စဉ် Daddyနဲ့Momနဲ့က flightပျက်ကျကာ သေဆုံးခဲ့သည်...
Daddyနဲ့momဆုံးတော့ သူ့ထက်အသက် ၆နှစ်ကြီးတဲ့ အကိုဓီဇိုင်ရိုးက Daddyနေရာကိုဆက်ခံခဲ့သည်...
Daddyနေရာကိုဆက်ခံခဲ့တဲ့ အကိုရိုးလဲ လွန်ခဲ့တဲ့ ၅နှစ်က ကားတိုက်ကာကွယ်လွန်ပြီးနောက်ပိုင်း "Zoren Group"ကို ဆက်ခံရမဲ့လူက သူကလွဲရင်မရှိတော့သည်မို့
"Zoren Group"ရဲ့အနာဂတ်နဲ့ "Zoren Group"ရဲ့ ဝန်ထမ်းတွေရဲ့စားဝတ်နေရေးအတွက်"Zoren Group"ကိုဆက်လက်ရပ်တည်ရမည်မို့လို့ သူ အကျင့်တွေအမူအယာတွေကိုကြောင်းလဲကာ စီးပွားရေးလောကထဲခြေစုံပစ်ဝင်ပြီး အခုဆို ဓီရာဇ်သိုလ်ဆိုတဲ့သူက"Zoren Group"ရဲ့ CEOပင်ဖြစ်လာခဲ့သည်....
ဒီနေ့တော့ တာဝန်ခံနေမကောင်းတာကတကြောင်း
သူ"Zroen"ကိုစဝင်ထဲက တာဝန်ခံကသူ့ဘက်ကနေအပြည့်အဝရပ်တည်ခဲ့တဲ့ သစ္စာရှိသူမို့ ဒီနေ့ သိုလ် တာဝန်ခံကိုသွားတွေ့ဖို့ပင်...
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"သမီး ရေစက်လေး နိုးပြီးလား!"
"မနိုးသေးဘူး အမေ ...တန်ခူးအခုပဲသွားနှိုးမို့!!"
"အေးအေးသမီး..အမေ ဒီမှာ ဘုရားပန်းလဲလိုက်ဦးမယ်...ဒါနဲ့ ရေစက်လေးအတွက် မနက်စာရောပြင်ပြီးပြီလားသမီး!!"
"ပြီးပြီ အမေ...တန်ခူးပြင်ပြီးပြီ!!"
"အော်...အေးအေး...ရေစက်လေးကို သွားနှိုးလိုက်ဦး!!"
"ဟုတ်ကဲ့ အမေ!!"
တန်ခူး အမေ့ကိုခေါင်းငြိမ့်ပြကာ ရေစက်လေးကိုနှိုးဖို့ အခန်းထဲဝင်လာခဲ့သည်...
"သားသားရေ...သားသား..
ရေစက်လေးရေ!!"
"အင့်!!"
တန်ခူးခေါ်သံကြောင့် မွေ့ရာပေါ်မှာ လှိမ့်နေတဲ့ ရေစက်လေး
"သားသားရေ...ထတော့...မေမေ စာသွားသင်ရဦးမယ် သားသားရဲ့!!ထတော့လို့...မေမေ့အသဲတုံးလေးရေ!!"
တန်ခူးစာသွားသင်ရမယ် ဆိုတဲ့စကားကြောင့် သားသားမျက်လုံးချက်ချင်းပွင့်လာလေတော့သည်
"အဟင့်!!မေမေ ကစာသွားသင်ဦးမှာလား ဟွန့်!!"
အိပ်ယာထဲကကုန်းရုန်းထကာ တန်ခူးကိုထဖက်ပြီး နှုတ်ခမ်းထော်ထော်လေးနဲ့ ရေစက်လေး ကပ်ချွဲလေတော့သည်
"ဒါပေါ့ ...မေမေက သားသားအတွက်မုန့်တွေဝယ်ပေးဖို့ စာသွားသင်ရမှာလေ သားသားရဲ့!!"
"မေမေကစာသွားမသင်လို့မရဘူးလား!!သားသားကမေမေနဲ့နေမို့ကို!!"
■ရော်...
သားသားနဲ့တော့ခက်ပြီ...
စနေ တနင်္ဂနွေ အတန်းတွေပိတ်ပြီးလို့ တနင်္လာနေ့ တန်ခူးစာသွားသင်ရတိုင်း ဒီကိစ္စကသားသားနဲ့အမြဲရှင်းရသည်...
စနေတနင်္ဂနွေ တန်ခူးက အတူတူနေပေးသည်မို့ သားသားက တနင်္လာနေ့ကိုပါထပ်ဂျီကျနေခြင်း။
"မေမေ့သားသားလေးက မလိမ္မာဘူးလား!!ပြော!!"
"လိမ္မာတာက လိမ္မာတယ်လေ!!ဒါပေမဲ့ သားသားကမေမေနဲ့နေချင်တာ!!"
အသက်၄နှစ်ကို လပိုင်းလောက်သာကျော်သေးသည့် သားသားကတကယ့်ကိုမှအလည်လေးပင်...
တန်ခူးသားသားကိုအတင်းချော့မော့ကာ အိပ်ယာထခိုင်းပြီး မျက်နှာသစ်သနပ်ခါးလိမ်းပေးပြီး မနက်စာကျွေးရတော့သည်။
အရင်ကထဲက ဒီကိစ္စတွေကို တန်ခူးကပဲလုပ်ပေးသည်...
အမေက မနှစ်ကမှ ကျောင်းကနေ ပင်စင်ယူလိုက်တာလေ...
အမေဆိုတာ တခြားလူတော့မဟုတ်
တန်ခူး၁၀တန်းတုန်းက အတန်းပိုင်ဆရာမ ဒေါ်သီသီအောင်ပင်ဖြစ်သည်။
အဖေဆုံးပြီးထဲက ဗိုက်တစ်လုံးနဲ့တန်ခူးက တန်ခူးတို့အိမ်ကိုရောင်းကာ သားသားကိုယ်ဝန် ၄လနဲ့တန်ခူး ထိုမြို့ကနေ တစ်ကိုယ်ရေထဲထွက်လာခဲ့သည်...
အမေ့ဘက်ကအမျိုးတွေရှိသေးပေမဲ့ တန်ခူးကိုဗိုက်နဲ့သာမြင်ရင် သူစိမ်းတွေထက် အမျိုးတွေကပိုကဲ့ရဲ့ကြမှာမဟုတ်လား....
တန်ခူးပတ်ဝန်းကျင်ကအပြောတွေနဲ့ လွတ်အောင်နေဖို့ တစ်ယောက်ထဲမြို့ပြောင်းကာ အခန်းငှားနေရင်း အိမ်ရောင်းလို့ရတဲ့ပိုက်ဆံလေးကို ခက်ခက်ခဲခဲချွေတာစားဖြစ်လေသည်။
သားသားကို ၈လနဲ့၁၅ရက်အကြာမှာမွေးခဲ့ပြီး
သားသားကိုမွေးတဲ့တော့ မနက်၄နာရီကြီးပင်...
သားသားကိုမွေးပြီး ၂ရက်လောက်ဆေးရုံမှာသောင်တင်နေတဲ့ တန်ခူးကို ဆေးရုံမှာလူနာလာမေးတဲ့ တန်ခူးရဲ့၁၀တန်းအတန်းပိုင်ဆရာမကတွေ့သွားပြီး အကျိုးအကြောင်းတွေမေးကာ တန်ခူးအဖြစ်ကိုသိသွားသည်မို့
အပျိုကြီးဆရာမက သူ့အိမ်မှာတန်ခူးကိုခေါ်ထားခဲ့ခြင်းဖြစ်သည်။
ထို့နေ့မှစ၍ တန်ခူးဝေဝေဆိုတဲ့ သူမက ဆရာမဒေါ်သီသီအောင်ရဲ့ သမီးဖြစ်လာသလို...
ရေစက်သဏ္ဍာန် ဆိုတဲ့ သားသားကလဲ ဆရာမရဲ့မြေးဖြစ်လာခဲ့လေတော့သည်...
ဆရာမက အမေ လို့ခေါ်ခိုင်းသည်မို့ တန်ခူးက အခု ဒီအိမ်ပတ်ဝန်းကျင်မှာ အသိုင်းအဝိုင်းတချို့ကြားမှာရော
တန်ခူးကို ဆရာမဒေါ်သီသီအောင်ရဲ့ သမီးအဖြစ်သာသိကြလေသည်...
"အမေ တန်ခူး သွားတော့မယ်နော်!!"
"အေး သမီး!!"
"သားသားရေ အချိုတွေမစားမရဘူးနော်...ဖွားဖွားကိုလဲဂျီမကျရဘူးနော်...မိုးရေထဲလဲမဆင်းနဲ့..အိမ်ပေါ်မှာပဲနေရမယ်နော်!!"
"ဟုတ်ကဲ့ မေမေ!!သားသားက လိမ္မာတဲ့ကလေးလေးပါ မေမေ!!"
"အဟက်!!"
တန်ခူးသွားခါနီး သားသားအရှေ့ဒူးထောက်ကာ သနပ်ခါးဖွေးဖွေးလေးတွေနဲ့သားသားရဲ့ပါး၂ဖက်ကိုအားရပါးရနမ်းပစ်လိုက်သည်....
"အားပါးပါး...သားသားကမွှေးနေတာပဲ!!မေမေသွားတော့မယ်နော် သားသား"
"ဟုတ်ကဲ့ မေမေ..တာတာ့"
"တာတာ့သားသား!!အမေ တန်ခူးသွားပြီနော်!!"
"အေး သမီးသတိထားသွားဦးနော်!!"
"ဟုတ်ကဲ့အမေ!!"
တန်ခူး အိမ်ကနေထွက်လာကာ ဖြေးဖြေးလမ်းလျှောက်သွားနေမိသည်က တန်ခူးစာသင်မဲ့အိမ်ကိုပင်....
တန်ခူး အပြင်သွားခါနီးတိုင်း သားသားအချိုတွေစားမိမှာကိုစိတ်ပူနေရသည်...
အကြောင်းကတော့ သားသားကမွေးရာပါဆီးချိုရောဂါရှိသည်...
ဆီးချိုရောဂါနဲ့နှလုံးရောဂါက မျိုးရိုးလိုက်တဲ့ရောဂါဆိုပေမဲ့
တန်ခူးတို့မိသားစုမှာ ထိုဆီးချိုရောဂါမရှိ...
သေချာပါတယ်...
သားသားရဲ့ဆီးချိုရောဂါက သူ့ဖေဖေနဲ့တူတာပဲနေမှာပါ....
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
တဖွဲဖွဲကျနေသော မိုးရေသက်တွေနဲ့အတူ ကားလေးတစ်စီးက ကွန်ကရစ်လမ်းလေးပေါ် ထိုးရပ်သွားခဲ့လေသည်။
"ဒီလမ်းသေချာလား ကိုခေါင်!!"
"ဟုတ်ပါတယ် အကိုလေး!!တာဝန်ခံကဒီလမ်းရဲ့ဟိုဘက်က လမ်းချိုးမှာမှာနေတာပါ အကိုလေး...!!ဒါပေမဲ့ ကျွန်တော်တို့အဲ့လမ်းကြားထဲကားဝင်လို့မရဘူး!!"
အတွင်းရေးမှူးကိုခေါင်စကားကြောင့် သိုလ်သိလိုက်ရသည်က သူလမ်းဆင်းလျှောက်ရတော့မည်ကိုပင်...
"ဒါဆို ကျွန်တော်တို့ လမ်းဆင်းလျှောက်ကြတာပေါ့!!"
"ဟုတ်ကဲ့ အကိုလေး!!"
ကိုခေါင်ကားခေါင်းခန်းထဲ ထီးအနက်ကိုယူကာ အကိုလေးရှိရာ အနောက်ခန်းကိုဆင်းလာပြီး ကားတံခါးဖွင့်ကာ အကိုလေးကိုထီးမိုးပေးလိုက်သည်
"သားသားဘောလုံး!!"
သိုလ် တံခါးဖွင့်ဖွင့်ချင်းခြေထောက်တစ်ဖက်ချလိုက်သည်နှင့်
ကလေးတစ်ယောက်ရဲ့ခပ်စူးစူးအသံနဲ့အတူသူ့ရဲ့shoeအနက်ရောင်ကို လာဝင်တိုက်သည်က အပြာရောင်သားရေပျော့ဘောလုံးလေးတစ်လုံးပင်...
သူ ထိုဘောလုံးကိုကြည့်နေတုန်းမှာပဲ
လမ်းဘေးက ခြေတံရှည်တစ်ထပ်ပျဉ်ထောင်အိမ်လေးကနေ အင်္ကျီအပြာလုံးစွပ်လက်တိုလေးနဲ့ ဒူးဖုံးဂျင်းပြာလေးဝတ်ထားတဲ့ အသက်၄နှစ်၅နှစ်လောက်ရှိသည့် ကလေးလေးတစ်ယောက် မိုးရေထဲပြေးဆင်းလာလေသည်။
သိုလ် ဘောလုံးကိုကောက်ဖို့ပြင်လိုက်လျှင်ပင်
"ဦးဦး...အဲ့ဘောလုံးလေးကလေ သားသားဘောလုံးလေးပါခင်ဗျ!!"
အသံသေးသေးလေးကြောင့် သိုလ်ကြည့်မိတော့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ နှုတ်ခမ်းဖူးဖူးလေးကိုပိုင်ဆိုင်ထားတဲ့ကလေးသေးသေးလေးတစ်ယောက်...
"အဟက်!"
သိုလ် ထိုကလေးလေးအပြောကြောင့် သဘောကျစွာရီလိုက်မိသည်
■တကယ့်အတတ်လေးပဲ!!
ပြီးတော့ ချစ်လဲချစ်စရာလေး
ထိုချစ်ဖို့ကောင်းတဲ့ ကလေးလေးကိုကြည်ပြီး ကလေးမချစ်တတ်တဲ့သိုလ် တောင် ကလေးချစ်မိသည်။
ကိုခေါင်ဆောင်းပေးထားတဲ့ ထီးကိုဆွဲယူကာ သိုလ်ထိုင်လိုက်ရင်း ထိုကလေးလေးကိုပါထီးဆောင်းပေးလိုက်သည်။
"ဒါက သားသားဘောလုံးလား!!"
"ဟုတ်ကဲ့ပါခင်မျ!!"
လက်ကလေး၂ဖက်ပိုက်ကာ ဖြေနေပုံက မိဘတွေတော်တော်လေးဆိုဆုံးမမှုကောင်းမှန်း သိုလ်သိလိုက်သည်...
"ဒါနဲ့ သားသားကဒီဘောလုံးလေးကို ဦးဦးဆီကနေပြန်လိုချင်တယ်ဆိုရင် သားသားနမည်ဦးဦးပြောပြရမယ်!!"
"ဟုတ်ကဲ့ပါခင်မျ!!မေမေ့နမည်က တန်ခူးဝေဝေပါ
သားသားနမည်က ရေစက်သဏ္ဍာန် ပါ ဦးဦး...ဦးဦးနမည်ကရော!!"
သူ့ကိုပါမေးခွန်းပြန်ထုတ်နေတဲ့ ထိုကလေးလေးကိုကြည့်ပြီး သိုလ်ရီလိုက်မိသည်
"သိုလ်!!ဦးဦးနမည်က ဓီရာဇ်သိုလ်!!"
ကိုခေါင် အကိုလေးနဲ့ထိုကလေးလေးကိုကြည့်ပြီး သဘောကျစွာပြုံးနေမိသည်
အရင်ကဓီရာဇ်နဲ့မတူ ခြားနာစွာပြောင်းလဲသွားတဲ့အကိုလေးအခုတော့ အသက်၂၇နှစ်နဲ့ လူကြီးလူကောင်းတစ်ယောက်လို တည်ငြိမ်နေပြီလေ...
"ဟုတ်ကဲ့ခင်မျ!!သားသားအိမ်ထဲပြန်ဝင်တော့မယ်နော်နော်ဦးဦး...ဖွားဖွား ကသားသားပျောက်သွားတယ်ထင်ပြီး စိတ်ပူနေမှာစိုးလို့!!"
"အဟက်!!ရော့ သားသားဘောလုံး!! ဒါနဲ့သားသားအသက်ဘယ်နှနှစ်ရှိပြီလဲ!!"
"သားသားအသက်က ၄နှစ်ပါခင်မျ!!"
"အော်...နောက်တစ်ခါမိုးရေထဲမဆင်းနဲ့နော်!!"
"ဟုတ်ကဲ့ပါ ဦးဦး...တာတာ့!!"
"အဟက်!!ဟုတ်ပါပြီကွာ!!"
သူ့အနားကနေဘောလုံးလေးပိုက်ပြီးပြေးထွက်သွားတဲ့ ထိုကလေးလေးရဲ့ကျောပြင်ကိုကြည့်ပြီး သိုလ်ထပ်ပြုံးလိုက်မိလေသည်
"အကိုလေးလဲ မမလေးနဲ့လက်ထပ်ပြီးကလေးလေးမွေးလာရင် ဒီကလေးလေးနဲ့တူမယ်ထင်တယ် အကိုလေး!!"
"အဟက်!!ဒီလိုကလေးလေးသာရမယ်ဆိုကျွန်တော် ပျော်ရမယ်ထင်တယ်!! "
ကိုခေါင်အပြောကို သိုလ်သဘောကျစွာရီလိုက်ရင်း သိုလ်မျက်လုံးထဲမြင်လာသည့်ပုံရိပ်က "မဟေ!!"
■ဒါနဲ့ ကလေးလေးနမည်က
ရေစက်သဏ္ဍာန် ....
ရေစက်သဏ္ဍာန် ...
#Author-နွေ