မမ မေငြိဏ်းကျော် သိလား vol 1...

By yeiksaryar

119K 11.8K 320

မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်... More

အခန်း (၁)
အခန်း(၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈) ဇာတ်သိမ်း
🖤📢
BOOK 📕
Cover Art🖤
NOW!

အခန်း (၁၁)

3.7K 485 15
By yeiksaryar

အခန်း (၁၁)

နောက်ဆုံးဘာသာ စာမေးပွဲဖြေပြီး ပြန်လာကြတော့ အဆောင်မှာ အဆောင်သူတိုင်း လိုလို ပျော်နေကြတယ်။ စာလုပ်ရတဲ့ဘဝက​နေ တခဏ လွတ်လပ်သွား​ကြပြီကိုး။ အိမ်ပြန်ကြဖို့ အဝတ်တွေ သိမ်းဆည်းတဲ့သူက သိမ်း၊ တီဗီရှေ့ရောက်တဲ့သူက ရောက်၊ ခရီးလက်မှတ် ဖြတ်ဖို့ ပြင်ဆင်သူက ပြင်ဆင်နဲ့ စည်ကားသလို ရှုပ်ထွေးသလို ဖြစ် နေကြတယ်။
ကျွန်မလည်း လေးလလောက် ခွဲနေခဲ့ရတဲ့ အဖေနဲ့ ဖွားဖွားကို လွမ်းမိပါတယ်။ အိမ်ပြန်ရမှာ ပျော်ပေမယ့် တစ်ယောက်ယောက်နဲ့ ခွဲရတော့မှာကို မပျော်ပါဘူး။ အဲ့ဒီတစ်ယောက်ယောက်နဲ့ စိမ်းပြတ်သွားသလို အခြေအနေကို ပိုပြီး မပျော်ပါဘူး။

ညဘက် အဆောင်ဧည့်ခန်းမှာ လူစုံနေကြပေမယ့် မမ မေငြိဏ်းရဲ့ အရိပ်ကလေးကို မတွေ့ရပါဘူး။ ဒီတစ်ခါ သူ့အခန်းထဲ ထပ်ဝင်ရရင် ကျွန်မ လူဆိုးကြီးလို ဖြစ်ရတော့မှာပါပဲ။ မမမေငြိဏ်း ကျွန်မကို ပြန်ခေါ်စေချင်လိုက်တာ ကွယ်။

ကျွန်မ ဝရံတာလေးဆီထွက်လာခဲ့တယ်။ ထုံးစံအတိုင်း ဝရံတာ မီး ခလုတ်ကိုတော့ မဖွင့်ခဲ့ပါဘူး။ ကျွန်မ အမှောင်ထဲက လမ်းမကြီးကို ခဏဖြစ်ဖြစ် ငေးမှ ရမယ်။ အမှောင်ထဲက ကောင်းကင် အကျယ်ကြီးကို ခဏဖြစ်ဖြစ် မော့ကြည့်မှ ရမယ်။ တိတ်ဆိတ်မှုထဲ ခဏ နစ်ဝင်ကြည့်လိုက်ပြီးမှ ကျွန်မ အရာရာကို ပုံမှန်ဆန်ဆန် ပြန်ဖြတ်သန်းနိုင်မှာကိုး။ ကျွန်မ ရင်ထဲမှာ ကျပ်နေပြီ။ နေရာမရှိတော့သလို တစ်ခုခုက ကျပ်ခဲပြည့်သိပ်နေတော့တာပဲ ကိုးလေ။

နွေကောင်းကင်ကြီးက အမှောင်ထဲမှာ ကြယ်တွေ စို့စိ စိို့စနဲ့ ထည်ဝါ ခမ်းနားလို့ ပါပဲ။ ညလေပြေတွေဟာ ကျွန်မမျက်နှာကို ထိကပါး ယိကပါး အေးမြမှုလေးတွေနဲ့ ကျီစယ် နောက်ပြောင် နေသယောင်ပေါ့။ ဒါပေမယ့် ကျွန်မ စိတ်မှာ မပျော်ဘူး၊မအေးဘူး သိလား လေပြေကလေးတွေရယ်။

 မွှေးရနံ့လေး။ လေပြေတွေ သယ်လာတဲ့အထဲ ကျွန်မ အမြဲ မှတ်မိနေတဲ့ ​သင်းမြ မွှေးရနံ့လေးကို ရလိုက်တယ်

ကျွန်မ မျက်နှာကို ဘယ်ဘက် လှည့်ကြည့်လိုက်မှ ဝရံတာ တံခါးဝကနေ အထဲ ပြန်ဝင်ဖို့ လုပ်နေတဲ့ မမ မေငြိဏ်း။ ကျွန်မကို တွေ့သွားလို့ ပြန်ဝင်ဖို့ထင်ရဲ့။ ကျွန်မ ရင်ထဲ တစ်ချက်စိတ်မကောင်းသွားပေမယ့် ကြိုးစားပြီး စကားပြောလိုက်မိတယ်။

"မမ"

လှမ်းလက်စ ခြေလှမ်းလေး တုံ့သွားတော့ စကား ဆက်ပြောလိုက်တယ်။

"မမ နေမယ်မို့လား။ နေလေ။ ငယ် အထဲဝင်ပေးပါ့မယ်"

ပြောပြီး ကျွန်မက ဝရံတာရဲ့ ညာဘက်ထောင့်ကနေ လျှောက်လာတယ်။ မမ မေငြိဏ်းက တံခါးဝကနေ ဘယ်ဘက် ပြန်လျှောက်လာတယ်။ အလယ်မှာ ကျွန်မတို့ နီးကပ်သွားတော့ တိုးပေမယ့် ပြတ်သားတဲ့ အသံလေးကို ကြားရပါ တယ်။

"နေပါ။ ဘယ်သူမှ ရှောင်ပေးဖို့ မလိုပါဘူးလေ။ ဒီလိုနေချင်တာမို့ နေကြရ အောင်ပါ"

အဲ့ဒီ နေကြရအောင်ပါဆိုတာက အတူတူ နေကြရအောင်ပါကို မဆိုလိုပဲ ကျွန်မလည်း ဝရံတာမှာနေချင်သလို သူလည်း နေချင်တာမို့ သီးသန့်စီ နေကြရအောင်ပါ ဆိုတာကိုပြောမှန်း ကျွန်မ သဘောပေါက်ပါတယ်။

ကျွန်မ ဝရံတာရဲ့ ညာဘက်ထောင့်ကို ပြန်လျှောက်သွားလိုက်မိတယ်။ မမ မေငြိဏ်းလည်း ဝရံတာရဲ့ ညာဘက်ကို လျှောက်လာပါတယ်။ တကယ်က ဝရံတာရဲ့ ရှေ့တည့်တည့်ကို ကြည့်ရင် လူရှင်းပြီး ရှည်လျားတဲ့ ကတ္တရာ လမ်းမကြီးကို မြင်ရပါတယ်။ ညာဘက်ထောင့်ကနေ ကြည့်ရင်တော့ ကောင်းကင် နဲ့ ကြယ်တွေကို ပိုပြီးမြင်ရတယ်။

ကျွန်မရဲ့ဘေးမှာ မမ မေငြိဏ်း ရပ်နေပါတယ်။ ကျွန်မက ကောင်းကင်ဆီကို မျက်နှာ မော့ငေးနေမိပါတယ်။ ကျွန်မ ကို သူ မနှစ်သက်တော့တာကို ကျွန်မ မတွေးတော့ဘူး။ ကျွန်မကို မမမေငြိဏ်း စိမ်းသွားတာကို မသိချင်တော့ဘူး။

အရင်လို ပြန်ခေါ်ချင်စိတ်နဲ့ ခွဲရတော့မယ်ဆိုတဲ့ သိမှုကြားမှာ ကျွန်မရဲ့ ခံစားချက်တွေကို လှုပ်မရအောင် အတုပ်နှောင်ခံထား ရသလိုပါပဲ။ ရှိပါစေတော့ရယ် လို့ ကျွန်မ လွှတ်ချ ထားမိပါတယ်။

ကျွန်မ မျက်နှာကို ညလေပြေတွေ လာထိနေတာကို ခံစားမိနေတယ်။ အမှောင် ကောင်းကင် ဟင်းလင်းပြင်ကို မော့ငေးနေတဲ့ မျက်လုံးတွေကို ကျွန်မ မှိတ်ချလိုက်ပါတယ်။ နောက်ပြီး တိတ်ဆိတ်နေတဲ့ တဒင်္ဂလေးမှာ အဝေးကြီးက ရောက်လာရသလို ကျွန်မရဲ့ နှုတ်က အသံတချို့ တိုးဖျော့ နင့်သည်းလှစွာ ထွက်လာပါတယ်။

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။

ကျွန်မ ရပ်လိုက်တယ်။ အသံဟာ တိုးလျ ပီပြင်စွာပဲ တိတ်ဆိတ်မှုကို ကောင်းကောင်း ဖြိုခွဲလိုက်တယ်။ ရပ်လိုက်တဲ့အချိန်မှာ နွေညဟာ ပြန် တိတ်ကျသွားပြန်ပေါ့။ ဒီခဏမှာပဲ နောက်ထပ် အသံလေး ထပ်ကြားလိုက်ရ တယ်။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေး ငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ခြုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

 သူ သူက ကျွန်မ ရပ်လိုက်တဲ့နောက်ကနေ ဆက်ပြီး ဆိုလိုက်တယ်လေ။ မမ မေငြိဏ်းက ကဗျာ လိုက်ရွတ်တယ်တဲ့လေ။ ကျွန်မရင်ထဲမှာ ကြယ်တစ်ပွင့် လင်းသွားသလိုပါပဲ။ ဒါပေမယ့် ကျွန်မ မျက်လုံးတွေ ဆက်မှိတ်ထားဆဲ။ ကျွန်မ မျက်နှာကို ကောင်းကင်ဆီပို့ထားဆဲ။

မမ မေငြိဏ်းလည်း သူ့မျက်လုံးတွေကို ရှေ့ကိုပဲ ကြည့်ထားမယ် ထင်တာပါပဲ။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မကြည့်မိကြဘူး။ ကျွန်မ စကားပြောလိုက်မိပါတယ်။

"ညတွေဟာ ဒီကဗျာလေးလိုပဲ ရှည်လျား လှိုက်လောင်နေတော့တာပါပဲ"

"အိပ်မပျော်ဘူး ဆိုရင်ဖြင့်လေ။ တစ်ညတာဟာ မကုန်တော့သလိုတောင် ထင်ဖွယ်ရာ ရှိတယ်"

မမ မေငြိဏ်း ကျွန်မကို စကားပြန်ပြောပါတယ်။ ကျွန်မတို့ စကားပြောနေ ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့အကြောင်းမဟုတ်။ တခြားသူအကြောင်း မဟုတ်။ ခွဲခွာရတော့မယ့် အကြောင်းလည်းမဟုတ်။ မျှော်လင့်စရာ အကြောင်း မျိုးလည်း ပိုပြီး မဟုတ်။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ်၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ၊ ဝရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။

ခဏ အကြာမှာ မမ မေငြိဏ်းရဲ့ အသံလေး ထပ်ကြားရတယ်။

မြစ်နက်ထဲမှာ
ငါ ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား၊ ငါ နေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

"နောက်ဆုံးပိုဒ်ကို ချန်ထားမယ်"

ကျွန်မပြောလိုက်ပေမယ့် မမ မေငြိဏ်း ဘာမှပြန်မပြောပါဘူး။ ကျွန်မတို့ ရွတ်ဆိုခဲ့ကြတဲ့ ကဗျာက ၁၉၄၇ ခုနှစ် ထုတ် တာယာမဂ္ဂဇင်း အတွဲ(၃)၊ အမှတ်(၂၀)

မှာပါတဲ့ ဆရာမကြီး ကြည်အေးရဲ့ တစ္ဆေ ဆိုတဲ့ ကဗျာလေးပါ။ တကယ်က တစ်ယောက် တစ်ပိုဒ်ဆီ ရွတ်နေတာမို့ အဆုံးပိုဒ်ကို ရွတ်ရမှာက ကျွန်မအလှည့် ပေါ့။

ဒါပေမယ့် ကဗျာတစ်ပုဒ် ကို အတူတူရွတ်လို့ အဲ့ဒီကဗျာ အဆုံးသတ်သွားမှာကို ကျွန်မ မလိုချင်ဘူး။ ကျွန်မတို့ကြားမှာလည်း ကဗျာတစ်ပုဒ်လို မပြီးဆုံးသွားချင် သေးဘူး။ ဘုရားရေ။ ကျွန်မ ကြောင်တိကြောင်တောင် အတွေးတွေ တွေးမိ နေတာလား။ တကယ်ပဲ အူကြောင်ကြောင် နိုင်လိုက်တာ ဆိုတာလေ။

မမ မေငြိဏ်းနဲ့ ပတ်သက်ရင် ကဗျာတစ်ပုဒ်ကိုတောင် ပြီးအောင် မရွတ်ရဲသလို ဘာတစ်ခုကိုမှ မပြီးဆုံးရဲသေးပါသတဲ့လေ။ နောက်ပြီး အဲ့ဒီ ကဗျာဟာ ကျွန်မတို့နှစ်ယောက်ကို တွယ်ဆက်ထားတဲ့ အရာလို့ ကျွန်မ တစ်ယောက်တည်း ခံယူပစ်လိုက်ပါသေးသတဲ့။

မနက်ဖြန် ခွဲရတော့မယ်ဆိုတဲ့ အသိက အခုညမှ ကျွန်မကို တတိတိ တစ်ဖန် နှိပ်စက်နေပြန်ပါတယ်။ မမ မေငြိဏ်းရော ဘယ်လိုနေမှာပါလဲ။ ကျွန်မတို့ကြားမှာ ဘာတွေမှားယွင်းပြီး ဘာကြောင့် ပျော်ရွှင်ရယ်မောနေတဲ့ အဖြစ်တွေ ကုန်ဆုံး ကုန်တာလဲ။

အို မတွေးချင်တော့ပါဘူးလေ။ ကျွန်မ မမမေငြိဏ်းကို သိပ်လွမ်းတာပဲ။ သူ အခု ကျွန်မရဲ့ ဘေးမှာ ရပ်နေတယ်ဆိုတောင်မှလေ။ အတူတူ ရှိနေရသေးတာတောင် လေ။ ကျွန်မ သိပ်လွမ်းတာပါပဲ ကွယ်။

ဒီလိုနဲ့ နက်ဖြန်ခါမှာ တစ်ယောက်တစ်မြို့စီ ပြန်ခဲ့ကြရတယ်ပေါ့။ နှုတ်မဆက်ဖြစ်ခဲ့ ကြဘူး။ ညက ဝရံတာမှာ အတူတူရှိခဲ့ရတဲ့ တဒင်္ဂဟာ နောက်ဆုံးအချိန်လိုပဲ ဖြစ်သွားခဲ့တယ်။

တကယ်တော့ နှစ်လ ဆိုတဲ့အချိန်ဟာ မကြာပါဘူး။ဒါပေမယ့် ကျွန်မ ဖြတ်သန်း ရှင်သန်လာခဲ့ရတဲ့ ဆယ့်ခြောက်နှစ်စာထက် ပိုပြီးကြာသလိုပါပဲ။ ကျွန်မကို တက္ကသိုလ်ရဲ့  အတွေ့အကြုံတွေ အဖေနဲ့ ဖွားဖွားက မေးကြပါတယ်။ အဆင့်မြင့် ပညာရေးနယ်ပယ်ရဲ့ ကျယ်ပြန့်ပုံတချို့ကို ကျွန်မက လျှောက်ပြောပြနေတော့ တာပါပဲ။ မပြောဖြစ်ခဲ့တဲ့ အကြောင်းအရာက ကျွန်မနှလုံးသားငယ်ထဲမှာ ပိုပြီး ပြည့်ကျပ်နေပါတယ်။

တစ်နေ့တာကို အမြန် ကုန်ဆုံးသွားဖို့ အရင်လို စာဖတ်လိုက်၊ အဖွားကို ကူလိုက်နဲ့ မထိရောက်တော့သလိုပါပဲ။ အုပ်ရေပေါင်း ထောင်နဲ့ချီရှိတဲ့ အိမ်က စာအုပ် စင်ကြီးကို သန့်​ရှင်းရေးလုပ်လိုက် ၊ပြန်စီလိုက် လုပ်နေတာလည်း သုံးလေးခေါက် မကတော့ပါဘူး။

အဆုံးမှာတော့ ကျွန်မ စာရွက်ဝါလေး တစ်ခုကို ထုတ်ယူ ကြည့်လိုက်ပါတယ်။ အဲ့ဒီ တမြေ့မြေ့ ဖြစ်နေတဲ့ ခံစားနေရမှုကို ကျွန်မ ဖြေပြေရာ ရှာမိပါတော့တယ်။ မမ မေငြိဏ်းဆီကို စာရေးမှ ရတော့မှာပါ။

စာကို သေသေသပ်သပ်လေး အဆုံးသတ်ပြီးတော့ စာအိတ်ရှည်မျောမျော လေးထဲ သေချာ ခေါက်ထည့်လိုက်တယ်။ လိပ်စာသေချာတပ်၊ အားရအောင် စာအိတ်ကို လှည့်ပတ်ကြည့်ပြီးမှ ကျွန်မ စာတိုက်ကို ထွက်လာခဲ့တယ်။ မမ မေငြိဏ်း ဖတ်မှဖတ်ပါလေစ။

အို ဖတ်တာ မဖတ်တာ ကျွန်မကိစ္စ မဟုတ်တော့ပါဘူးလေ။ စာပို့လိုက်ဖို့ကသာ ကျွန်မ ကိစ္စပဲ။

...................

အဲ့ဒီနေ့က ကျွန်မ ချည်ထိုးနေတာပါ။ စာတိုက်က ဦးလေးကြီးက အိမ်ရှေ့ ရောက်လာပြီး မမေငြိဏ်းကျော်အတွက် စာလာတယ်ဆိုပြီး ပေးခဲ့တယ်တဲ့။ ကျွန်မကို အဆောင်မှာ၊ နီးစပ်ရာ ဆွေမျိုးထဲမှာ မမ မေငြိဏ်း​လို့ မ နှစ်လုံး တပ်ခေါ်ပေမယ့် သူစိမ်းသူရံစာတွေကတော့ မမေငြိဏ်းကျော်ရယ်လို့ပဲ ခေါ်ကြတယ်။

စာယူလာပေးတဲ့ အမေ့မျက်လုံးတွေဟာ အရောင်လက်နေခဲ့တာ ကျွန်မ တွေ့လိုက်တယ်။ ကျွန်မနဲ့ပတ်သက်ပြီး ကျွန်မ မိဘတွေ မပျော်ရွှင်ရတော့တာ ဘယ်ကတည်းကလဲ။ မတွေးချင်တော့ပါဘူးလေ။ ကျွန်မ မိဘတွေ ပျော်အောင် ကြိုးစားပြီးနေပေးဖို့လည်း ကျွန်မ မတတ်နိုင်ပါဘူး။

အနည်းငယ် အေးစက်စက်လေး ဖြစ်နေတတ်တဲ့၊ အားနေရင် ချည်ထိုး၊ စာဖတ်၊ တစ်ခုခုလုပ်ပြီး ငြိမ်နေတတ်တဲ့ ကျွန်မကို သူတို့က အရင်လို ရယ်စေချင်၊ ပြုံးစေချင်နေကြတာ ကျွန်မ သိပ် သိပါတယ်။ ဒါပေမယ့် ကျွန်မကမှ မရယ်မောတတ်တော့တာကိုး။

အခုဆို ၇ နှစ်လောက်တောင် ကြာရောပေါ့။ ပတ်ဝန်းကျင် ဆက်စပ်မှုတွေကို အာရုံ သိပ် မဝင်စားတတ်တော့တာ ကျွန်မရဲ့ ပြဿနာပေမယ့် ကျွန်မမိဘတွေရဲ့ စိတ်မချမ်းမြေ့ဖွယ်ရာလည်း ဖြစ်နေခဲ့တာပါပဲ။

လိပ်စာကို မကြည့်ခင်ကတည်းက ကျွန်မရင်ထဲမှာ အမျိုးအမည် တပ်မရတဲ့ တစ်ခုခုဟာ ဖျတ်ခနဲ ဖြစ်ပေါ် သွားပါတယ်။ ကျွန်မဆီကို စာရေးမယ့်သူ မရှိသလောက် ရှားပါးပေမယ့် ကျွန်မရဲ့ ထင်မှတ်မှုလေး တစ်ခုကြောင့် စိတ်လှုပ်ရှားရုံလေးပေါ့။

လိပ်စာကို ကြည့်လိုက်တော့ ကျွန်မတစ်ခါမှ မမြင်ဖူးခဲ့တဲ့ လက်ရေးသော့သော့ လေးတွေပေမယ့် တပ်ထားတဲ့အမည်နာမကြောင့် ရင်ထဲမှာ ပိုပြီး လှုပ်ခတ်သွားပါတယ်။ ကျွန်မ ထင်မှတ်လိုက်တဲ့အတိုင်း ကလေးဆီကတဲ့

သို့ /

မမ
သူများတွေရေးကြသလို "ငယ် စာရေးလိုက်ပါတယ်" ဆိုတဲ့ စာကြောင်းနဲ့ စဖွင့်လိုက်ပါမယ်။ ဒါဟာလည်း ငယ် ပထမဆုံးလုပ်ဖူးတဲ့ ကိစ္စတစ်ခုပါပဲ။ စာရေးကြတယ်ဆိုတာ အင်မတန် ရိုးရှင်းတယ်ထင်ရပေမယ့် သိပ်ခက်နေတယ် မမရယ်။ ပြောပြချင်တဲ့ စကားလုံးတွေကို အခုလို ဘာသာစကားသုံးပြီး ချ ရေးပြလိုက်လို့လည်း ငယ့် ရင်ထဲကို မှီဖွယ်ရာမရှိလို့လေ။ မမ ကို သိပ် သတိရတာပဲ။ မမက ငယ့်ကို နောက်ဆုံးခွဲရတဲ့အထိ "ကလေး"လို့ မခေါ်သွားခဲ့ပေမယ့် အခု ငယ် အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာ မမနဲ့ ပြန်တွေ့ရဖို့၊ မမနဲ့ အရင်လို ပြန်ရင်းနှီးရဖို့ စောင့်နေရတဲ့အတွက် အဆင်ပြေ ထားတာမျိုးလေ။ ဘာပဲဖြစ်ဖြစ် အချိန်ဆိုတာ ကုန်မှာပါပဲမို့လား။ မမ ပျော်နေနော်။ မမနဲ့ အတူတူရွတ်ခဲ့တဲ့ ကဗျာရဲ့ အဆုံးသတ်ပိုဒ်ကို ငယ် မရွတ်ခဲ့တာ ငယ်တို့ကြားမှာ တစ်သက်လုံး အဆုံးသတ်မရှိဘူးဆိုတဲ့ သဘောနဲ့ပါ။ မမ ညဘက်တွေ အိပ်ပျော်ပါစေ။

မမစိတ်ဆိုးနေသေးတဲ့
                            ကလေး။

စာဆုံးသွားတော့ ကျွန်မ လက်ကလေးတွေ တဆတ်ဆတ်တုန်နေတာကို သတိပြုမိလိုက်တယ်။ အဆုံးမှာ ရေးထိုးထားတဲ့ Sign လေးကို ကျွန်မ အချိန်တော်တော်ကြာကြာ ငေးနေမိတော့တာပဲ။

ကျွန်မ နားထဲမှာတော့ ကလေး ကိုယ်တိုင် စကားပြောနေသလို အသံတွေဟာ ပဲ့တင်ထပ် ကြားနေရတယ်။ "ဘာသာ စကားသုံးပြီး ချရေးပြလိုက်လို့လည်း ငယ့် ရင်ထဲကို မှီဖွယ်ရာမရှိ" တဲ့လား ကလေးရယ်။ မမဖြင့် တို့တွေရဲ့ အရင်နေ့တွေကို ပြန်ရောက်သွားသလိုတောင် ခံစားရပါတယ် ကွယ်။

နောက်ပြီး "မမ ညဘက်တွေ အိပ်ပျော်ပါစေ" တဲ့။ညဘက် အိပ်ပျော်ဖို့ ခက်နေတာ နှစ်တွေဖြင့် ကြာလှပါပြီ။ ကလေး ကျွန်မကို ဘာလို့ ဒီလို ဆန္ဒပြုရတာလဲ။ တစ္ဆေ ကဗျာကို အတူတူ ရွတ်ခဲ့ဖူးလို့လား။ ရွတ်ခဲ့တဲ့ ညတုန်းက အိပ်ရခက်တဲ့ အကြောင်း တစ်ယောက်တစ်ခွန်းစီ စကားစပ်မိခဲ့လို့လား။

ဘာပဲ ဖြစ်ဖြစ် နှစ်ရှည်လများ အိပ်ပျော်ဖို့ ခက်ခဲတတ်တဲ့ လူတစ်ယောက်အနေနဲ့ ညဘက်တွေ အိပ်ပျော်ပါစေ လို့ပြောပေးတဲ့ စကားက ခွန်အားတစ်ခုလို ကျွန်မ ကိုယ်တွင်းတစ်နေရာကို စီးဖြာ သွားပါရဲ့လေ။

* * * * *

 Yeik Hsar Yar

 အခန္း (၁၁)

ေနာက္ဆုံးဘာသာ စာေမးပြဲေျဖၿပီး ျပန္လာၾကေတာ့ အေဆာင္မွာ အေဆာင္သူတိုင္း လိုလို ေပ်ာ္ေနၾကတယ္။ စာလုပ္ရတဲ့ဘဝက​ေန တခဏ လြတ္လပ္သြား​ၾကၿပီကိုး။ အိမ္ျပန္ၾကဖို႔ အဝတ္ေတြ သိမ္းဆည္းတဲ့သူက သိမ္း၊ တီဗီေ႐ွ႕ေရာက္တဲ့သူက ေရာက္၊ ခရီးလက္မွတ္ ျဖတ္ဖို႔ ျပင္ဆင္သူက ျပင္ဆင္နဲ႔ စည္ကားသလို ႐ႈပ္ေထြးသလို ျဖစ္ ေနၾကတယ္။
ကြၽန္မလည္း ေလးလေလာက္ ခြဲေနခဲ့ရတဲ့ အေဖနဲ႔ ဖြားဖြားကို လြမ္းမိပါတယ္။ အိမ္ျပန္ရမွာ ေပ်ာ္ေပမယ့္ တစ္ေယာက္ေယာက္နဲ႔ ခြဲရေတာ့မွာကို မေပ်ာ္ပါဘူး။ အဲ့ဒီတစ္ေယာက္ေယာက္နဲ႔ စိမ္းျပတ္သြားသလို အေျခအေနကို ပိုၿပီး မေပ်ာ္ပါဘူး။

ညဘက္ အေဆာင္ဧည့္ခန္းမွာ လူစုံေနၾကေပမယ့္ မမ ေမၿငိဏ္းရဲ႕ အရိပ္ကေလးကို မေတြ႕ရပါဘူး။ ဒီတစ္ခါ သူ႕အခန္းထဲ ထပ္ဝင္ရရင္ ကြၽန္မ လူဆိုးႀကီးလို ျဖစ္ရေတာ့မွာပါပဲ။ မမေမၿငိဏ္း ကြၽန္မကို ျပန္ေခၚေစခ်င္လိုက္တာ ကြယ္။

ကြၽန္မ ဝရံတာေလးဆီထြက္လာခဲ့တယ္။ ထုံးစံအတိုင္း ဝရံတာ မီး ခလုတ္ကိုေတာ့ မဖြင့္ခဲ့ပါဘူး။ ကြၽန္မ အေမွာင္ထဲက လမ္းမႀကီးကို ခဏျဖစ္ျဖစ္ ေငးမွ ရမယ္။ အေမွာင္ထဲက ေကာင္းကင္ အက်ယ္ႀကီးကို ခဏျဖစ္ျဖစ္ ေမာ့ၾကည့္မွ ရမယ္။ တိတ္ဆိတ္မႈထဲ ခဏ နစ္ဝင္ၾကည့္လိုက္ၿပီးမွ ကြၽန္မ အရာရာကို ပုံမွန္ဆန္ဆန္ ျပန္ျဖတ္သန္းႏိုင္မွာကိုး။ ကြၽန္မ ရင္ထဲမွာ က်ပ္ေနၿပီ။ ေနရာမ႐ွိေတာ့သလို တစ္ခုခုက က်ပ္ခဲျပည့္သိပ္ေနေတာ့တာပဲ ကိုးေလ။

ေႏြေကာင္းကင္ႀကီးက အေမွာင္ထဲမွာ ၾကယ္ေတြ စို႔စိ စိိဳ႕စနဲ႔ ထည္ဝါ ခမ္းနားလို႔ ပါပဲ။ ညေလေျပေတြဟာ ကြၽန္မမ်က္ႏွာကို ထိကပါး ယိကပါး ေအးျမမႈေလးေတြနဲ႔ က်ီစယ္ ေနာက္ေျပာင္ ေနသေယာင္ေပါ့။ ဒါေပမယ့္ ကြၽန္မ စိတ္မွာ မေပ်ာ္ဘူး၊မေအးဘူး သိလား ေလေျပကေလးေတြရယ္။

 ေမႊးရနံ႔ေလး။ ေလေျပေတြ သယ္လာတဲ့အထဲ ကြၽန္မ အၿမဲ မွတ္မိေနတဲ့ ​သင္းျမ ေမႊးရနံ႔ေလးကို ရလိုက္တယ္

ကြၽန္မ မ်က္ႏွာကို ဘယ္ဘက္ လွည့္ၾကည့္လိုက္မွ ဝရံတာ တံခါးဝကေန အထဲ ျပန္ဝင္ဖို႔ လုပ္ေနတဲ့ မမ ေမၿငိဏ္း။ ကြၽန္မကို ေတြ႕သြားလို႔ ျပန္ဝင္ဖို႔ထင္ရဲ႕။ ကြၽန္မ ရင္ထဲ တစ္ခ်က္စိတ္မေကာင္းသြားေပမယ့္ ႀကိဳးစားၿပီး စကားေျပာလိုက္မိတယ္။

"မမ"

လွမ္းလက္စ ေျခလွမ္းေလး တုံ႔သြားေတာ့ စကား ဆက္ေျပာလိုက္တယ္။

"မမ ေနမယ္မို႔လား။ ေနေလ။ ငယ္ အထဲဝင္ေပးပါ့မယ္"

ေျပာၿပီး ကြၽန္မက ဝရံတာရဲ႕ ညာဘက္ေထာင့္ကေန ေလွ်ာက္လာတယ္။ မမ ေမၿငိဏ္းက တံခါးဝကေန ဘယ္ဘက္ ျပန္ေလွ်ာက္လာတယ္။ အလယ္မွာ ကြၽန္မတို႔ နီးကပ္သြားေတာ့ တိုးေပမယ့္ ျပတ္သားတဲ့ အသံေလးကို ၾကားရပါ တယ္။

"ေနပါ။ ဘယ္သူမွ ေ႐ွာင္ေပးဖို႔ မလိုပါဘူးေလ။ ဒီလိုေနခ်င္တာမို႔ ေနၾကရ ေအာင္ပါ"

အဲ့ဒီ ေနၾကရေအာင္ပါဆိုတာက အတူတူ ေနၾကရေအာင္ပါကို မဆိုလိုပဲ ကြၽန္မလည္း ဝရံတာမွာေနခ်င္သလို သူလည္း ေနခ်င္တာမို႔ သီးသန္႔စီ ေနၾကရေအာင္ပါ ဆိုတာကိုေျပာမွန္း ကြၽန္မ သေဘာေပါက္ပါတယ္။

ကြၽန္မ ဝရံတာရဲ႕ ညာဘက္ေထာင့္ကို ျပန္ေလွ်ာက္သြားလိုက္မိတယ္။ မမ ေမၿငိဏ္းလည္း ဝရံတာရဲ႕ ညာဘက္ကို ေလွ်ာက္လာပါတယ္။ တကယ္က ဝရံတာရဲ႕ ေ႐ွ႕တည့္တည့္ကို ၾကည့္ရင္ လူ႐ွင္းၿပီး ႐ွည္လ်ားတဲ့ ကတၱရာ လမ္းမႀကီးကို ျမင္ရပါတယ္။ ညာဘက္ေထာင့္ကေန ၾကည့္ရင္ေတာ့ ေကာင္းကင္ နဲ႔ ၾကယ္ေတြကို ပိုၿပီးျမင္ရတယ္။

ကြၽန္မရဲ႕ေဘးမွာ မမ ေမၿငိဏ္း ရပ္ေနပါတယ္။ ကြၽန္မက ေကာင္းကင္ဆီကို မ်က္ႏွာ ေမာ့ေငးေနမိပါတယ္။ ကြၽန္မ ကို သူ မႏွစ္သက္ေတာ့တာကို ကြၽန္မ မေတြးေတာ့ဘူး။ ကြၽန္မကို မမေမၿငိဏ္း စိမ္းသြားတာကို မသိခ်င္ေတာ့ဘူး။

အရင္လို ျပန္ေခၚခ်င္စိတ္နဲ႔ ခြဲရေတာ့မယ္ဆိုတဲ့ သိမႈၾကားမွာ ကြၽန္မရဲ႕ ခံစားခ်က္ေတြကို လႈပ္မရေအာင္ အတုပ္ေႏွာင္ခံထား ရသလိုပါပဲ။ ႐ွိပါေစေတာ့ရယ္ လို႔ ကြၽန္မ လႊတ္ခ် ထားမိပါတယ္။

ကြၽန္မ မ်က္ႏွာကို ညေလေျပေတြ လာထိေနတာကို ခံစားမိေနတယ္။ အေမွာင္ ေကာင္းကင္ ဟင္းလင္းျပင္ကို ေမာ့ေငးေနတဲ့ မ်က္လုံးေတြကို ကြၽန္မ မွိတ္ခ်လိုက္ပါတယ္။ ေနာက္ၿပီး တိတ္ဆိတ္ေနတဲ့ တဒဂၤေလးမွာ အေဝးႀကီးက ေရာက္လာရသလို ကြၽန္မရဲ႕ ႏႈတ္က အသံတခ်ိဳ႕ တိုးေဖ်ာ့ နင့္သည္းလွစြာ ထြက္လာပါတယ္။

အိပ္လို႔မရ
ညႀကီးမင္းႀကီး၊ ထၿပီးထိုင္ေန
ေမြ႕ရာေတြလဲ၊ ေၾကမြတြန္႔လိပ္
သိပ္စိတ္ညစ္တယ္၊ သတိျပယ္လြင့္
ခိုတြယ္စရာ၊ အတည္မက်။

ကြၽန္မ ရပ္လိုက္တယ္။ အသံဟာ တိုးလ် ပီျပင္စြာပဲ တိတ္ဆိတ္မႈကို ေကာင္းေကာင္း ၿဖိဳခြဲလိုက္တယ္။ ရပ္လိုက္တဲ့အခ်ိန္မွာ ေႏြညဟာ ျပန္ တိတ္က်သြားျပန္ေပါ့။ ဒီခဏမွာပဲ ေနာက္ထပ္ အသံေလး ထပ္ၾကားလိုက္ရ တယ္။

အျပင္ဘက္မွာ
သစ္႐ြက္ေတြၾကား၊ ၾကယ္ေလး ငါးပြင့္
စကားပင္အို၊ ကန္ေရစိုစြတ္
ဟိုမွာလႈပ္လႈပ္၊ ငုတ္တုတ္လက္ကမ္း
စမ္းေလွ်ာက္သြားေန၊ ျမက္ျခဳံေတြထဲ
တေစၧ ငါကိုယ္တိုင္ပါပဲ။

 သူ သူက ကြၽန္မ ရပ္လိုက္တဲ့ေနာက္ကေန ဆက္ၿပီး ဆိုလိုက္တယ္ေလ။ မမ ေမၿငိဏ္းက ကဗ်ာ လိုက္႐ြတ္တယ္တဲ့ေလ။ ကြၽန္မရင္ထဲမွာ ၾကယ္တစ္ပြင့္ လင္းသြားသလိုပါပဲ။ ဒါေပမယ့္ ကြၽန္မ မ်က္လုံးေတြ ဆက္မွိတ္ထားဆဲ။ ကြၽန္မ မ်က္ႏွာကို ေကာင္းကင္ဆီပို႔ထားဆဲ။

မမ ေမၿငိဏ္းလည္း သူ႕မ်က္လုံးေတြကို ေ႐ွ႕ကိုပဲ ၾကည့္ထားမယ္ ထင္တာပါပဲ။ ကြၽန္မတို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ မၾကည့္မိၾကဘူး။ ကြၽန္မ စကားေျပာလိုက္မိပါတယ္။

"ညေတြဟာ ဒီကဗ်ာေလးလိုပဲ ႐ွည္လ်ား လိႈက္ေလာင္ေနေတာ့တာပါပဲ"

"အိပ္မေပ်ာ္ဘူး ဆိုရင္ျဖင့္ေလ။ တစ္ညတာဟာ မကုန္ေတာ့သလိုေတာင္ ထင္ဖြယ္ရာ ႐ွိတယ္"

မမ ေမၿငိဏ္း ကြၽန္မကို စကားျပန္ေျပာပါတယ္။ ကြၽန္မတို႔ စကားေျပာေန ၾကပါတယ္။ ဒါေပမယ့္ ကြၽန္မတို႔အေၾကာင္းမဟုတ္။ တျခားသူအေၾကာင္း မဟုတ္။ ခြဲခြာရေတာ့မယ့္ အေၾကာင္းလည္းမဟုတ္။ ေမွ်ာ္လင့္စရာ အေၾကာင္း မ်ိဳးလည္း ပိုၿပီး မဟုတ္။

ခုတင္ေျခရင္း
ျဖည္းနင္း႐ွပ္႐ွပ္၊ မတ္တပ္ထလိုက္
ခန္းဝကိုလာ၊ ဝရန္တာမွာ
သည္မွာတစ္ေယာက္၊ တေစၧေျခာက္လွန္႔
ေၾကာက္ေၾကာက္ႏွင့္ၾကည့္၊ မ်က္ႏွာလွည့္စမ္း
တည့္တည့္လွမ္းျမင္၊ ေအာ္ငိုခ်င္မိ
တဆင္တည္းပဲ သူႏွင့္ငါ။

ခဏ အၾကာမွာ မမ ေမၿငိဏ္းရဲ႕ အသံေလး ထပ္ၾကားရတယ္။

ျမစ္နက္ထဲမွာ
ငါ ေရနစ္ျမႇဳပ္၊ ခ်မ္းၿပီးကုပ္ေန
ကုကၠိဳကိုင္းၾကား၊ ငါ ေနနားလိုက္
ဘုရားေ႐ွ႕ေမွာက္၊ ဒူးေထာက္ေရာက္ျပန္။

"ေနာက္ဆုံးပိုဒ္ကို ခ်န္ထားမယ္"

ကြၽန္မေျပာလိုက္ေပမယ့္ မမ ေမၿငိဏ္း ဘာမွျပန္မေျပာပါဘူး။ ကြၽန္မတို႔ ႐ြတ္ဆိုခဲ့ၾကတဲ့ ကဗ်ာက ၁၉၄၇ ခုႏွစ္ ထုတ္ တာယာမဂၢဇင္း အတြဲ(၃)၊ အမွတ္(၂၀)

မွာပါတဲ့ ဆရာမႀကီး ၾကည္ေအးရဲ႕ တေစၧ ဆိုတဲ့ ကဗ်ာေလးပါ။ တကယ္က တစ္ေယာက္ တစ္ပိုဒ္ဆီ ႐ြတ္ေနတာမို႔ အဆုံးပိုဒ္ကို ႐ြတ္ရမွာက ကြၽန္မအလွည့္ ေပါ့။

ဒါေပမယ့္ ကဗ်ာတစ္ပုဒ္ ကို အတူတူ႐ြတ္လို႔ အဲ့ဒီကဗ်ာ အဆုံးသတ္သြားမွာကို ကြၽန္မ မလိုခ်င္ဘူး။ ကြၽန္မတို႔ၾကားမွာလည္း ကဗ်ာတစ္ပုဒ္လို မၿပီးဆုံးသြားခ်င္ ေသးဘူး။ ဘုရားေရ။ ကြၽန္မ ေၾကာင္တိေၾကာင္ေတာင္ အေတြးေတြ ေတြးမိ ေနတာလား။ တကယ္ပဲ အူေၾကာင္ေၾကာင္ ႏိုင္လိုက္တာ ဆိုတာေလ။

မမ ေမၿငိဏ္းနဲ႔ ပတ္သက္ရင္ ကဗ်ာတစ္ပုဒ္ကိုေတာင္ ၿပီးေအာင္ မ႐ြတ္ရဲသလို ဘာတစ္ခုကိုမွ မၿပီးဆုံးရဲေသးပါသတဲ့ေလ။ ေနာက္ၿပီး အဲ့ဒီ ကဗ်ာဟာ ကြၽန္မတို႔ႏွစ္ေယာက္ကို တြယ္ဆက္ထားတဲ့ အရာလို႔ ကြၽန္မ တစ္ေယာက္တည္း ခံယူပစ္လိုက္ပါေသးသတဲ့။

မနက္ျဖန္ ခြဲရေတာ့မယ္ဆိုတဲ့ အသိက အခုညမွ ကြၽန္မကို တတိတိ တစ္ဖန္ ႏွိပ္စက္ေနျပန္ပါတယ္။ မမ ေမၿငိဏ္းေရာ ဘယ္လိုေနမွာပါလဲ။ ကြၽန္မတို႔ၾကားမွာ ဘာေတြမွားယြင္းၿပီး ဘာေၾကာင့္ ေပ်ာ္႐ႊင္ရယ္ေမာေနတဲ့ အျဖစ္ေတြ ကုန္ဆုံး ကုန္တာလဲ။

အို မေတြးခ်င္ေတာ့ပါဘူးေလ။ ကြၽန္မ မမေမၿငိဏ္းကို သိပ္လြမ္းတာပဲ။ သူ အခု ကြၽန္မရဲ႕ ေဘးမွာ ရပ္ေနတယ္ဆိုေတာင္မွေလ။ အတူတူ ႐ွိေနရေသးတာေတာင္ ေလ။ ကြၽန္မ သိပ္လြမ္းတာပါပဲ ကြယ္။

ဒီလိုနဲ႔ နက္ျဖန္ခါမွာ တစ္ေယာက္တစ္ၿမိဳ႕စီ ျပန္ခဲ့ၾကရတယ္ေပါ့။ ႏႈတ္မဆက္ျဖစ္ခဲ့ ၾကဘူး။ ညက ဝရံတာမွာ အတူတူ႐ွိခဲ့ရတဲ့ တဒဂၤဟာ ေနာက္ဆုံးအခ်ိန္လိုပဲ ျဖစ္သြားခဲ့တယ္။

တကယ္ေတာ့ ႏွစ္လ ဆိုတဲ့အခ်ိန္ဟာ မၾကာပါဘူး။ဒါေပမယ့္ ကြၽန္မ ျဖတ္သန္း ႐ွင္သန္လာခဲ့ရတဲ့ ဆယ့္ေျခာက္ႏွစ္စာထက္ ပိုၿပီးၾကာသလိုပါပဲ။ ကြၽန္မကို တကၠသိုလ္ရဲ႕  အေတြ႕အၾကဳံေတြ အေဖနဲ႔ ဖြားဖြားက ေမးၾကပါတယ္။ အဆင့္ျမင့္ ပညာေရးနယ္ပယ္ရဲ႕ က်ယ္ျပန္႔ပုံတခ်ိဳ႕ကို ကြၽန္မက ေလွ်ာက္ေျပာျပေနေတာ့ တာပါပဲ။ မေျပာျဖစ္ခဲ့တဲ့ အေၾကာင္းအရာက ကြၽန္မႏွလုံးသားငယ္ထဲမွာ ပိုၿပီး ျပည့္က်ပ္ေနပါတယ္။

တစ္ေန႔တာကို အျမန္ ကုန္ဆုံးသြားဖို႔ အရင္လို စာဖတ္လိုက္၊ အဖြားကို ကူလိုက္နဲ႔ မထိေရာက္ေတာ့သလိုပါပဲ။ အုပ္ေရေပါင္း ေထာင္နဲ႔ခ်ီ႐ွိတဲ့ အိမ္က စာအုပ္ စင္ႀကီးကို သန္႔​႐ွင္းေရးလုပ္လိုက္ ၊ျပန္စီလိုက္ လုပ္ေနတာလည္း သုံးေလးေခါက္ မကေတာ့ပါဘူး။

အဆုံးမွာေတာ့ ကြၽန္မ စာ႐ြက္ဝါေလး တစ္ခုကို ထုတ္ယူ ၾကည့္လိုက္ပါတယ္။ အဲ့ဒီ တေျမ့ေျမ့ ျဖစ္ေနတဲ့ ခံစားေနရမႈကို ကြၽန္မ ေျဖေျပရာ ႐ွာမိပါေတာ့တယ္။ မမ ေမၿငိဏ္းဆီကို စာေရးမွ ရေတာ့မွာပါ။

စာကို ေသေသသပ္သပ္ေလး အဆုံးသတ္ၿပီးေတာ့ စာအိတ္႐ွည္ေမ်ာေမ်ာ ေလးထဲ ေသခ်ာ ေခါက္ထည့္လိုက္တယ္။ လိပ္စာေသခ်ာတပ္၊ အားရေအာင္ စာအိတ္ကို လွည့္ပတ္ၾကည့္ၿပီးမွ ကြၽန္မ စာတိုက္ကို ထြက္လာခဲ့တယ္။ မမ ေမၿငိဏ္း ဖတ္မွဖတ္ပါေလစ။

အို ဖတ္တာ မဖတ္တာ ကြၽန္မကိစၥ မဟုတ္ေတာ့ပါဘူးေလ။ စာပို႔လိုက္ဖို႔ကသာ ကြၽန္မ ကိစၥပဲ။

...................

အဲ့ဒီေန႔က ကြၽန္မ ခ်ည္ထိုးေနတာပါ။ စာတိုက္က ဦးေလးႀကီးက အိမ္ေ႐ွ႕ ေရာက္လာၿပီး မေမၿငိဏ္းေက်ာ္အတြက္ စာလာတယ္ဆိုၿပီး ေပးခဲ့တယ္တဲ့။ ကြၽန္မကို အေဆာင္မွာ၊ နီးစပ္ရာ ေဆြမ်ိဳးထဲမွာ မမ ေမၿငိဏ္း​လို႔ မ ႏွစ္လုံး တပ္ေခၚေပမယ့္ သူစိမ္းသူရံစာေတြကေတာ့ မေမၿငိဏ္းေက်ာ္ရယ္လို႔ပဲ ေခၚၾကတယ္။

စာယူလာေပးတဲ့ အေမ့မ်က္လုံးေတြဟာ အေရာင္လက္ေနခဲ့တာ ကြၽန္မ ေတြ႕လိုက္တယ္။ ကြၽန္မနဲ႔ပတ္သက္ၿပီး ကြၽန္မ မိဘေတြ မေပ်ာ္႐ႊင္ရေတာ့တာ ဘယ္ကတည္းကလဲ။ မေတြးခ်င္ေတာ့ပါဘူးေလ။ ကြၽန္မ မိဘေတြ ေပ်ာ္ေအာင္ ႀကိဳးစားၿပီးေနေပးဖို႔လည္း ကြၽန္မ မတတ္ႏိုင္ပါဘူး။

အနည္းငယ္ ေအးစက္စက္ေလး ျဖစ္ေနတတ္တဲ့၊ အားေနရင္ ခ်ည္ထိုး၊ စာဖတ္၊ တစ္ခုခုလုပ္ၿပီး ၿငိမ္ေနတတ္တဲ့ ကြၽန္မကို သူတို႔က အရင္လို ရယ္ေစခ်င္၊ ျပဳံးေစခ်င္ေနၾကတာ ကြၽန္မ သိပ္ သိပါတယ္။ ဒါေပမယ့္ ကြၽန္မကမွ မရယ္ေမာတတ္ေတာ့တာကိုး။

အခုဆို ၇ ႏွစ္ေလာက္ေတာင္ ၾကာေရာေပါ့။ ပတ္ဝန္းက်င္ ဆက္စပ္မႈေတြကို အာ႐ုံ သိပ္ မဝင္စားတတ္ေတာ့တာ ကြၽန္မရဲ႕ ျပႆနာေပမယ့္ ကြၽန္မမိဘေတြရဲ႕ စိတ္မခ်မ္းေျမ့ဖြယ္ရာလည္း ျဖစ္ေနခဲ့တာပါပဲ။

လိပ္စာကို မၾကည့္ခင္ကတည္းက ကြၽန္မရင္ထဲမွာ အမ်ိဳးအမည္ တပ္မရတဲ့ တစ္ခုခုဟာ ဖ်တ္ခနဲ ျဖစ္ေပၚ သြားပါတယ္။ ကြၽန္မဆီကို စာေရးမယ့္သူ မ႐ွိသေလာက္ ႐ွားပါးေပမယ့္ ကြၽန္မရဲ႕ ထင္မွတ္မႈေလး တစ္ခုေၾကာင့္ စိတ္လႈပ္႐ွား႐ုံေလးေပါ့။

လိပ္စာကို ၾကည့္လိုက္ေတာ့ ကြၽန္မတစ္ခါမွ မျမင္ဖူးခဲ့တဲ့ လက္ေရးေသာ့ေသာ့ ေလးေတြေပမယ့္ တပ္ထားတဲ့အမည္နာမေၾကာင့္ ရင္ထဲမွာ ပိုၿပီး လႈပ္ခတ္သြားပါတယ္။ ကြၽန္မ ထင္မွတ္လိုက္တဲ့အတိုင္း ကေလးဆီကတဲ့

သို႔ /

မမ
သူမ်ားေတြေရးၾကသလို "ငယ္ စာေရးလိုက္ပါတယ္" ဆိုတဲ့ စာေၾကာင္းနဲ႔ စဖြင့္လိုက္ပါမယ္။ ဒါဟာလည္း ငယ္ ပထမဆုံးလုပ္ဖူးတဲ့ ကိစၥတစ္ခုပါပဲ။ စာေရးၾကတယ္ဆိုတာ အင္မတန္ ႐ိုး႐ွင္းတယ္ထင္ရေပမယ့္ သိပ္ခက္ေနတယ္ မမရယ္။ ေျပာျပခ်င္တဲ့ စကားလုံးေတြကို အခုလို ဘာသာစကားသုံးၿပီး ခ် ေရးျပလိုက္လို႔လည္း ငယ့္ ရင္ထဲကို မွီဖြယ္ရာမ႐ွိလို႔ေလ။ မမ ကို သိပ္ သတိရတာပဲ။ မမက ငယ့္ကို ေနာက္ဆုံးခြဲရတဲ့အထိ "ကေလး"လို႔ မေခၚသြားခဲ့ေပမယ့္ အခု ငယ္ အဆင္ေျပပါတယ္။ အဆင္ေျပတယ္ဆိုတာ မမနဲ႔ ျပန္ေတြ႕ရဖို႔၊ မမနဲ႔ အရင္လို ျပန္ရင္းႏွီးရဖို႔ ေစာင့္ေနရတဲ့အတြက္ အဆင္ေျပ ထားတာမ်ိဳးေလ။ ဘာပဲျဖစ္ျဖစ္ အခ်ိန္ဆိုတာ ကုန္မွာပါပဲမို႔လား။ မမ ေပ်ာ္ေနေနာ္။ မမနဲ႔ အတူတူ႐ြတ္ခဲ့တဲ့ ကဗ်ာရဲ႕ အဆုံးသတ္ပိုဒ္ကို ငယ္ မ႐ြတ္ခဲ့တာ ငယ္တို႔ၾကားမွာ တစ္သက္လုံး အဆုံးသတ္မ႐ွိဘူးဆိုတဲ့ သေဘာနဲ႔ပါ။ မမ ညဘက္ေတြ အိပ္ေပ်ာ္ပါေစ။

မမစိတ္ဆိုးေနေသးတဲ့
                            ကေလး။

စာဆုံးသြားေတာ့ ကြၽန္မ လက္ကေလးေတြ တဆတ္ဆတ္တုန္ေနတာကို သတိျပဳမိလိုက္တယ္။ အဆုံးမွာ ေရးထိုးထားတဲ့ Sign ေလးကို ကြၽန္မ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေငးေနမိေတာ့တာပဲ။

ကြၽန္မ နားထဲမွာေတာ့ ကေလး ကိုယ္တိုင္ စကားေျပာေနသလို အသံေတြဟာ ပဲ့တင္ထပ္ ၾကားေနရတယ္။ "ဘာသာ စကားသုံးၿပီး ခ်ေရးျပလိုက္လို႔လည္း ငယ့္ ရင္ထဲကို မွီဖြယ္ရာမ႐ွိ" တဲ့လား ကေလးရယ္။ မမျဖင့္ တို႔ေတြရဲ႕ အရင္ေန႔ေတြကို ျပန္ေရာက္သြားသလိုေတာင္ ခံစားရပါတယ္ ကြယ္။

ေနာက္ၿပီး "မမ ညဘက္ေတြ အိပ္ေပ်ာ္ပါေစ" တဲ့။ညဘက္ အိပ္ေပ်ာ္ဖို႔ ခက္ေနတာ ႏွစ္ေတြျဖင့္ ၾကာလွပါၿပီ။ ကေလး ကြၽန္မကို ဘာလို႔ ဒီလို ဆႏၵျပဳရတာလဲ။ တေစၧ ကဗ်ာကို အတူတူ ႐ြတ္ခဲ့ဖူးလို႔လား။ ႐ြတ္ခဲ့တဲ့ ညတုန္းက အိပ္ရခက္တဲ့ အေၾကာင္း တစ္ေယာက္တစ္ခြန္းစီ စကားစပ္မိခဲ့လို႔လား။

ဘာပဲ ျဖစ္ျဖစ္ ႏွစ္႐ွည္လမ်ား အိပ္ေပ်ာ္ဖို႔ ခက္ခဲတတ္တဲ့ လူတစ္ေယာက္အေနနဲ႔ ညဘက္ေတြ အိပ္ေပ်ာ္ပါေစ လို႔ေျပာေပးတဲ့ စကားက ခြန္အားတစ္ခုလို ကြၽန္မ ကိုယ္တြင္းတစ္ေနရာကို စီးျဖာ သြားပါရဲ႕ေလ။

* * * * *

 Yeik Hsar Yar

 

Continue Reading

You'll Also Like

147K 12.2K 70
ဒီအိမ်တော်မှာနေရင် ဘယ်သူမှအချင်းချင်းချစ်ခွင့်မရှိဘူး ဒါဟာဒီဘွဲ့အိမ်တော်ရဲ့စည်းကမ်းပဲ!! ဒီအိမ်တော်ရဲ့စည်းကမ်းတွေကို လိုက်နာလက်ခံနိုင်ရင်နေခွင့်ရှိမယ်...
353K 11.9K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...