ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...

By KaGura695

14.1K 2.3K 88

ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More

Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.3(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)

Chapter 2.2 (U/Z)

422 86 3
By KaGura695

အခန်း ၂.၂ - ငါကနတ်ဆိုးတစ်ကောင်ပဲ။

Unicode

သူမ၏ "အသိစိတ်"ကနိုးထလာသောအခါ မီလီသည် မီးခိုးရောင်နှင့်ကျဉ်းမြောင်းသော နေရာတစ်ခုတွင်ရှိနေသည်ကိုတွေ့လိုက်ရပြီး အပြင်ဘက်တွင်လည်းစူးစူးဝါးဝါးအသံထွက်နေသည်။

သေလိုက်ပါတော့၊သူမသည်နောက်ထပ် ထူးဆန်းသောအရာတစ်ခု ဖြစ်နေပြန်ပြီ။

ကျဉ်းမြောင်းသောနေရာအတွင်း သူမစတင်လှုပ်ရှားခွင့်ရသည်မှာ အချိန်မည်မျှကြာသွားမှန်းတောင်မသိ‌ပေ။အဲဒီနောက်မှာတော့သူမရဲ့ဦးခေါင်းထက်မှာ တောက်ပတဲ့ အလင်းရောင်တစ်ခုထွက်ပေါ်လာပြီး သူမရဲ့ အမြင်အာရုံဟာ ချက်ချင်းကျယ်ပြန့်လာပါသည်။လက်နှစ်ချောင်းက သူမအနားကို ချဉ်းကပ်လာပြီး ကျဉ်းမြောင်းတဲ့နေရာကနေ ဆွဲထုတ်လိုက်တယ်။"ကလစ်" ဆိုတဲ့အသံနှင့်အတူမီးတောက်တစ်ခုပေါ်လာပြီး စီးကရက်တစ်လိပ်ကို မီးညှိနေသည်။

မီးခိုးငွေ့ တစ်ဖျပ်ဖျပ်လွင့်နေသည်နှင့်အညီ မီလီသည်သူမဟာ အခုမီးတောက်နေသည့်ဆေးလိပ်ဖြစ်နေမှန်းသိလိုက်ရသည်။သူမကို ပိုလို့တုန်လှုပ်သွားစေခဲ့တာကတော့ သူမကိုကိုင်ထားတဲ့ လက်ချောင်းတွေက နှုတ်ခမ်းတစ်စုံဆီကို ဦးတည်နေတာပါပဲ။

သူမကို စုပ်တော့မည်ကိုမြင်လိုက်ရသဖြင့် သူမသည်မထိန်းနိုင်ဘဲ အော်ဟစ်နေကာ : [ရပ် ရပ်။ကျွန်မကိုမစုပ်နဲ့။]

ဆေးလိပ်သောက်ခြင်းသည် ခေတ္တရပ်သွားသည်။လက်ချောင်းများက သူမကိုအဝေးသို့အနည်းငယ် ရွှေ့လိုက်တာမို့ နောက်ဆုံးတော့မီလီသည်ပိုင်ရှင်ကိုတွေ့လိုက်ရသည်။အရင်က မြင်ဖူးထားတဲ့ "အဘိုးပိုင်" လို့ အမည်ရတဲ့ ချောမောတဲ့ ဦးလေးကြီးပဲဖြစ်သည်။

[အဘိုးအိုပိုင်၊အဘိုးပိုင်၊မီးမြန်မြန်ငြိမ်း‌ပေးပါတော့။ကျွန်မမီးလောင်ပြီးသေတော့မယ်။]

မီးတောက်ထဲမှာ မီလီသည် ရှင်သန်ဖို့ မနည်းကြိုးစားခဲ့ရတယ်။

ရှီပိုင်ချန်းသည် စီးကရက်ကို ဖွဖွလေး လှည့်ပတ်ကစားရင်း "မီမီလား" လို့သံသယနဲ့မေးလိုက်တယ်။

[ဟုတ်တယ် ဟုတ်တယ်။အဲဒါကျွန်မပဲ။]

အကျပ်အတည်းကို ကျော်လွှားပြီးနောက်မှာတော့ မီလီရဲ့စိတ်တွေ ကြည်လင်လာတယ်။

ရှီပိုင်ချန်းသည် ရှပ်အင်္ကျီကြယ်သီးများကိုတစ်ဝက်လောက်ဖြုတ်ထားပြီးသူ့ရင်ဘတ်ကြွက်သားများကို ပြသထားကာ ဆိုဖာပေါ် မှီလိုက်သည်။သူ့ခြေတံရှည်နှစ်ချောင်းကို ချိတ်လိုက်ပြီးကိုင်ထားသော စီးကရက်ကိုပျင်းရိစွာကြည့်ကာ "မင်းဟာ အသက်ဝင်တဲ့လူခေါ်ခေါင်းလောင်းလို့ ပြောထားတာမဟုတ်ဘူးလား။" လို့မေးလိုက်တယ်။

[ကျွန်မက ပုံစံမျိုးစုံအပြောင်းအလဲလုပ်နိုင်တယ်။ နောက်တစ်စက္ကန့်မှာ ကျွန်မဘာဖြစ်လာမယ်ဆိုတာ ရှင်ဘယ်တော့မှ ခန့်မှန်းလို့ရမှာမဟုတ်ဘူး။]

"တကယ်လား။"

ရှီပိုင်ချန်းသည်ရှောင်မီက လွန်ခဲ့သည့်နာရီအနည်းငယ်က လူခေါ်ခေါင်းလောင်းယုံကြည်လိုက်ပြီးအခုကျတော့ စီးကရက်တစ်လိပ်အဖြစ်ပြောင်းသွားတာဆိုတော့ သူမက တကယ်ပဲဘယ်အရာဝတ္ထုကိုမဆို ပိုင်ဆိုင်နိုင်သော သရဲတစ္ဆေလားဟု သံသယဖြစ်မိတာမမှားပေ။

ဒါပေမယ့် သူမကဘာလို့ဒီမှာပေါ်လာတာလဲ။ရှီပိုင်ချန်းသညဒီဗီလာကြီး၏ ပထမဆုံးပိုင်ရှင်ဖြစ်ပြီး ဒီနေရာတွင် ပြင်ပလူများ တည်းခိုဖူးခြင်းမရှိပေ။ယုတ္တိဗေဒအရပြောရလျှင် အိမ်ကြီးသည် သရဲခြောက်ရန် မဖြစ်နိုင်ပေ။သူ့မျက်စိနဲ့ကိုယ်တိုင်မမြင်ရရင် ကမ္ဘာပေါ်မှာသရဲတစ္ဆေတွေရှိတယ်ဆိုတာတောင် ယုံမှာမဟုတ်ဘူး။

"မင်းက ဘယ်လိုအရာဝတ္ထုမျိုးလဲ" ဟု ရှီပိုင်ချန်းကမေးလိုက်သည်။

[ကျွန်မက အရာဝတ္ထုမဟုတ်ဘူး။]

"အို... မင်းကအရာဝတ္ထုမဟုတ်ဘူးလား။"

ရှီပိုင်ချန်း က မျက်ခုံးပင့်လိုက်ပြီး "ဒါဆို မင်းကဘာလေးလဲ။"

[ကျွန်မက မကောင်းဆိုးဝါးနတ်ဆိုးပဲ။]

ရှီပိုင်ချန်း : "..."

သူ့လက်ထဲက မီမီတံဆိပ်စီးကရက်လိပ်လေးကိုချထားလိုက်ပြီးနောက် ရှီဘိုင်ချန်က စီးကရက်ဘူးထဲက နောက်ထပ်တစ်လိပ်ကိုထုတ်လိုက်တယ်။ သူက မီးခြစ်နဲ့မီးညှိပြီး တစ်ဖွာလောက်ဖွာလိုက်တယ်။သူ့ပုံစံသည်ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိပြီးကြည့်လို့ကောင်းသည်။နဖူးပေါ်မှာ အနည်းငယ်ရှုတ်ထွေးနေသော ဆံပင်များကကျနေပြီး မျက်လုံးတစ်ဝက်ကလည်း မီးခိုးငွေ့များ ဖုံးလွှမ်းသွားသဖြင့် သူ့တစ်ကိုယ်လုံးကနေပြီးဘဝ၏ဘေးဆိုးများကို မြင်နေရသလို ခံစားချက်မျိုးထွက်ပေါ်စေသည်။

မီလီသည် သူ့ဆီကနေအာရုံလွှဲပြီး လျှောက်ပတ်ကြည့်လိုက်သည်။စားပွဲပေါ်တွင် ရိုးရှင်းသောကြယ်ရောင်ကောင်းကင်ကိုပြသသည့်မျက်နှာပြင်နှင့်လက်ပ်တော့တစ်လုံးရှိပြီးညာဘက်အောက်ထောင့်တွင်‌တော့အချိန်မနက်တစ်နာရီနှင့်ငါးမိနစ်ရှိပြီဖြစ်ကြောင်းပြသထားသည်။
အဲ့ဘေးနားတွင်တော့ ဆေးလိပ်ခွံနှစ်လိပ်ပါသည့် ပြာခွက်တစ်ခုနှင့်ကော်ဖီပူပူတစ်ခွက်ရှိ‌နေသည်။

ကွန်ပျူတာ၊ကော်ဖီ၊ပြာခွက် ဒါတွေက ညဥ့်နက်ထိနေတဲ့သူတွေအတွက်ပုံမှန်ပစ္စည်းတွေပဲ။

[လူအိုကြီးပိုင် အရမ်းနောက်ကျနေပြီ၊ရှင်ဘာလို့မအိပ်သေးတာလဲ။]

"ငါအလုပ်ရှိသေးတယ်။" ဟု ရှီပိုင်ချန်းကဖြေရင်း ဗလာစာမျက်နှာကို ဖွင့်လိုက်သည်။သူ ဘာကိုမှဂရုမစိုက်ဘဲ အဲ့စာမျက်နှာကို စိုက်ကြည့်နေသည်။

[ရှင် ဘာအလုပ်လုပ်တာလဲ] ဟု မီလီက ထပ်မေးတယ်။

"ဝတ္ထုရေးတာ"ဟု ရှီပိုင်ချန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူ့ ဆေးလိပ်တိုကိုပြာခွက်ထဲ ထည့်လိုက်တယ်။

[ရှင်ဘာတွေရေးခဲ့တာလဲ။ကျွန်မဖတ်ဖူးရင် ဖတ်ဖူးနေမှာ။]

ရှီပိုင်ချန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။

"နတ်ဆိုးတွေကလည်း ဝတ္ထု ဖတ်တာပဲလား။"

[နတ်ဆိုးတွေအကြောင်း ရှင်နားလည်မှုလွဲမှားနေသလား။]

မီလီက ထပ်ပြီးတော့ဖြောင့်မှတ်စွာပြောသည်။

[ကျွန်မတို့ နတ်ဆိုးတွေက ဝါသနာအများကြီးရှိတယ်။ အသိပညာနှင့်ရှင်သန်ခြင်းနှစ်ခုစလုံးအတွက် ကျွန်မတို့ရဲ့ဆန္ဒတွေက အလွန်ခိုင်မာသည်။]

ရှီပိုင်ချန်းသူမကို ဘယ်လိုပြန်လှန်‌ချေပရမလဲမသိတော့ချေ။သူသည် ရှည်လျားပြီး ပါးလွှာသော သူ့လက်ချောင်းများကိုဖြန့်ကာအနက်ရောင် ကီးဘုတ်ပေါ်တွင် ရွေ့လျားလိုက်သည်။သူ၏လျင်မြန်သော လက်အမြန်နှုန်းသည် ဖန်သားပြင်ပေါ်ရှိ ဇာတ်ကောင်များစွာကိုပုံဖော်ပေးနေသည်။တိတ်ဆိတ်နေသောအခန်းထဲတွင် စည်းချက်ညီသောအသံများ ပဲ့တင်ထပ်နေသည်။

မီလီသည် စွဲမက်ဖွယ်ကောင်းသော ဇာတ်ကွက်တစ်ခုအဖြစ် ရေးစပ်နေသည့်ဖန်သားပြင်ပေါ်ရှိတိုးလာသောစာသားများကို တိတ်တဆိတ် ကြည့်နေသည်။

ကြည့်ရသလောက် ရှီပိုင်ချန်းသည်စကားလုံးများနှင့် စာကြောင်းများကို လုံးဝစဉ်းစားစရာမလိုဘဲ လွယ်ကူစွာပုံဖော်နိုင်သည်။မိနစ်အနည်းငယ်အတွင်းမှာပဲ မီလီကသူ လျှို့ဝှက်ဆန်းကြယ်ပြီးသည်းထိတ်ရင်ဖိုဖွယ်ရာဝတ္ထုတစ်ပုဒ်ရေးနေမှန်း သိလိုက်သည်။

ဇာတ်လိုက်ဟာသီးသန့်နေတတ်သည့်ပုံစံမျိုးဖြစ်သည်။သရဲခြောက်တယ်လို့ ကောလာဟလတွေထွက်ပြီး စွန့်ပစ်ထားတဲ့ တိုက်ခန်းမှာနေဖို့လှည့်စားခံခဲ့ရပေမယ့်လည်း ဇာတ်လိုက်ဟာ ကြောက်ရွံ့မှုမရှိဘဲ မွေးဖွားလာခဲ့ပါတယ်။သဘာဝလွန်နှင့် ထူးဆန်းသော ဖြစ်စဉ်များကို ဆက်တိုက်ရင်ဆိုင်ရပေမယ့်လည်း သူ့စိတ်ထဲတွင် တုန်လှုပ်ချောက်ချားမှု လုံးဝမရှိပါ။သူကြောက်ရမယ့်အစား သူ့အပေါင်းဖော်တွေကပဲ ဘောင်းဘီထဲသေးထွက်ကျမတတ်ကြောက်ရွံ့ကြသည်။

Zawgyi

သူမ၏ "အသိစိတ္"ကႏိုးထလာေသာအခါ မီလီသည္ မီးခိုးေရာင္ႏွင့္က်ဥ္းေျမာင္းေသာ ေနရာတစ္ခုတြင္ရွိေနသည္ကိုေတြ႕လိုက္ရၿပီး အျပင္ဘက္တြင္လည္းစူးစူးဝါးဝါးအသံထြက္ေနသည္။

ေသလိုက္ပါေတာ့၊သူမသည္ေနာက္ထပ္ ထူးဆန္းေသာအရာတစ္ခု ျဖစ္ေနျပန္ၿပီ။

က်ဥ္းေျမာင္းေသာေနရာအတြင္း သူမစတင္လႈပ္ရွားခြင့္ရသည္မွာ အခ်ိန္မည္မွ်ၾကာသြားမွန္းေတာင္မသိ‌ေပ။အဲဒီေနာက္မွာေတာ့သူမရဲ႕ဦးေခါင္းထက္မွာ ေတာက္ပတဲ့ အလင္းေရာင္တစ္ခုထြက္ေပၚလာၿပီး သူမရဲ႕ အျမင္အာ႐ုံဟာ ခ်က္ခ်င္းက်ယ္ျပန႔္လာပါသည္။လက္ႏွစ္ေခ်ာင္းက သူမအနားကို ခ်ဥ္းကပ္လာၿပီး က်ဥ္းေျမာင္းတဲ့ေနရာကေန ဆြဲထုတ္လိုက္တယ္။"ကလစ္" ဆိုတဲ့အသံႏွင့္အတူမီးေတာက္တစ္ခုေပၚလာၿပီး စီးကရက္တစ္လိပ္ကို မီးညႇိေနသည္။

မီးခိုးေငြ႕ တစ္ဖ်ပ္ဖ်ပ္လြင့္ေနသည္ႏွင့္အညီ မီလီသည္သူမဟာ အခုမီးေတာက္ေနသည့္ေဆးလိပ္ျဖစ္ေနမွန္းသိလိုက္ရသည္။သူမကို ပိုလို႔တုန္လႈပ္သြားေစခဲ့တာကေတာ့ သူမကိုကိုင္ထားတဲ့ လက္ေခ်ာင္းေတြက ႏႈတ္ခမ္းတစ္စုံဆီကို ဦးတည္ေနတာပါပဲ။

သူမကို စုပ္ေတာ့မည္ကိုျမင္လိုက္ရသျဖင့္ သူမသည္မထိန္းႏိုင္ဘဲ ေအာ္ဟစ္ေနကာ : [ရပ္ ရပ္။ကြၽန္မကိုမစုပ္နဲ႔။]

ေဆးလိပ္ေသာက္ျခင္းသည္ ေခတၱရပ္သြားသည္။လက္ေခ်ာင္းမ်ားက သူမကိုအေဝးသို႔အနည္းငယ္ ေ႐ႊ႕လိုက္တာမို႔ ေနာက္ဆုံးေတာ့မီလီသည္ပိုင္ရွင္ကိုေတြ႕လိုက္ရသည္။အရင္က ျမင္ဖူးထားတဲ့ "အဘိုးပိုင္" လို႔ အမည္ရတဲ့ ေခ်ာေမာတဲ့ ဦးေလးႀကီးပဲျဖစ္သည္။

[အဘိုးအိုပိုင္၊အဘိုးပိုင္၊မီးျမန္ျမန္ၿငိမ္း‌ေပးပါေတာ့။ကြၽန္မမီးေလာင္ၿပီးေသေတာ့မယ္။]

မီးေတာက္ထဲမွာ မီလီသည္ ရွင္သန္ဖို႔ မနည္းႀကိဳးစားခဲ့ရတယ္။

ရွီပိုင္ခ်န္းသည္ စီးကရက္ကို ဖြဖြေလး လွည့္ပတ္ကစားရင္း "မီမီလား" လို႔သံသယနဲ႔ေမးလိုက္တယ္။

[ဟုတ္တယ္ ဟုတ္တယ္။အဲဒါကြၽန္မပဲ။]

အက်ပ္အတည္းကို ေက်ာ္လႊားၿပီးေနာက္မွာေတာ့ မီလီရဲ႕စိတ္ေတြ ၾကည္လင္လာတယ္။

ရွီပိုင္ခ်န္းသည္ ရွပ္အက်ႌၾကယ္သီးမ်ားကိုတစ္ဝက္ေလာက္ျဖဳတ္ထားၿပီးသူ႔ရင္ဘတ္ႂကြက္သားမ်ားကို ျပသထားကာ ဆိုဖာေပၚ မွီလိုက္သည္။သူ႔ေျခတံရွည္ႏွစ္ေခ်ာင္းကို ခ်ိတ္လိုက္ၿပီးကိုင္ထားေသာ စီးကရက္ကိုပ်င္းရိစြာၾကည့္ကာ "မင္းဟာ အသက္ဝင္တဲ့လူေခၚေခါင္းေလာင္းလို႔ ေျပာထားတာမဟုတ္ဘူးလား။" လို႔ေမးလိုက္တယ္။

[ကြၽန္မက ပုံစံမ်ိဳးစုံအေျပာင္းအလဲလုပ္ႏိုင္တယ္။ ေနာက္တစ္စကၠန႔္မွာ ကြၽန္မဘာျဖစ္လာမယ္ဆိုတာ ရွင္ဘယ္ေတာ့မွ ခန႔္မွန္းလို႔ရမွာမဟုတ္ဘူး။]

"တကယ္လား။"

ရွီပိုင္ခ်န္းသည္ေရွာင္မီက လြန္ခဲ့သည့္နာရီအနည္းငယ္က လူေခၚေခါင္းေလာင္းယုံၾကည္လိုက္ၿပီးအခုက်ေတာ့ စီးကရက္တစ္လိပ္အျဖစ္ေျပာင္းသြားတာဆိုေတာ့ သူမက တကယ္ပဲဘယ္အရာဝတၳဳကိုမဆို ပိုင္ဆိုင္ႏိုင္ေသာ သရဲတေစၦလားဟု သံသယျဖစ္မိတာမမွားေပ။

ဒါေပမယ့္ သူမကဘာလို႔ဒီမွာေပၚလာတာလဲ။ရွီပိုင္ခ်န္းသညဒီဗီလာႀကီး၏ ပထမဆုံးပိုင္ရွင္ျဖစ္ၿပီး ဒီေနရာတြင္ ျပင္ပလူမ်ား တည္းခိုဖူးျခင္းမရွိေပ။ယုတၱိေဗဒအရေျပာရလွ်င္ အိမ္ႀကီးသည္ သရဲေျခာက္ရန္ မျဖစ္ႏိုင္ေပ။သူ႔မ်က္စိနဲ႔ကိုယ္တိုင္မျမင္ရရင္ ကမာၻေပၚမွာသရဲတေစၦေတြရွိတယ္ဆိုတာေတာင္ ယုံမွာမဟုတ္ဘူး။

"မင္းက ဘယ္လိုအရာဝတၳဳမ်ိဳးလဲ" ဟု ရွီပိုင္ခ်န္းကေမးလိုက္သည္။

[ကြၽန္မက အရာဝတၳဳမဟုတ္ဘူး။]

"အို... မင္းကအရာဝတၳဳမဟုတ္ဘူးလား။"

ရွီပိုင္ခ်န္း က မ်က္ခုံးပင့္လိုက္ၿပီး "ဒါဆို မင္းကဘာေလးလဲ။"

[ကြၽန္မက မေကာင္းဆိုးဝါးနတ္ဆိုးပဲ။]

ရွီပိုင္ခ်န္း : "..."

သူ႔လက္ထဲက မီမီတံဆိပ္စီးကရက္လိပ္ေလးကိုခ်ထားလိုက္ၿပီးေနာက္ ရွီဘိုင္ခ်န္က စီးကရက္ဘူးထဲက ေနာက္ထပ္တစ္လိပ္ကိုထုတ္လိုက္တယ္။ သူက မီးျခစ္နဲ႔မီးညႇိၿပီး တစ္ဖြာေလာက္ဖြာလိုက္တယ္။သူ႔ပုံစံသည္ေဖာ္မျပႏိုင္ေလာက္ေအာင္ ဆြဲေဆာင္မႈရွိၿပီးၾကည့္လို႔ေကာင္းသည္။နဖူးေပၚမွာ အနည္းငယ္ရႈတ္ေထြးေနေသာ ဆံပင္မ်ားကက်ေနၿပီး မ်က္လုံးတစ္ဝက္ကလည္း မီးခိုးေငြ႕မ်ား ဖုံးလႊမ္းသြားသျဖင့္ သူ႔တစ္ကိုယ္လုံးကေနၿပီးဘဝ၏ေဘးဆိုးမ်ားကို ျမင္ေနရသလို ခံစားခ်က္မ်ိဳးထြက္ေပၚေစသည္။

မီလီသည္ သူ႔ဆီကေနအာ႐ုံလႊဲၿပီး ေလွ်ာက္ပတ္ၾကည့္လိုက္သည္။စားပြဲေပၚတြင္ ႐ိုးရွင္းေသာၾကယ္ေရာင္ေကာင္းကင္ကိုျပသသည့္မ်က္ႏွာျပင္ႏွင့္လက္ပ္ေတာ့တစ္လုံးရွိၿပီးညာဘက္ေအာက္ေထာင့္တြင္‌ေတာ့အခ်ိန္မနက္တစ္နာရီႏွင့္ငါးမိနစ္ရွိၿပီျဖစ္ေၾကာင္းျပသထားသည္။
အဲ့ေဘးနားတြင္ေတာ့ ေဆးလိပ္ခြံႏွစ္လိပ္ပါသည့္ ျပာခြက္တစ္ခုႏွင့္ေကာ္ဖီပူပူတစ္ခြက္ရွိ‌ေနသည္။

ကြန္ပ်ဴတာ၊ေကာ္ဖီ၊ျပာခြက္ ဒါေတြက ညဥ့္နက္ထိေနတဲ့သူေတြအတြက္ပုံမွန္ပစၥည္းေတြပဲ။

[လူအိုႀကီးပိုင္ အရမ္းေနာက္က်ေနၿပီ၊ရွင္ဘာလို႔မအိပ္ေသးတာလဲ။]

"ငါအလုပ္ရွိေသးတယ္။" ဟု ရွီပိုင္ခ်န္းကေျဖရင္း ဗလာစာမ်က္ႏွာကို ဖြင့္လိုက္သည္။သူ ဘာကိုမွဂ႐ုမစိုက္ဘဲ အဲ့စာမ်က္ႏွာကို စိုက္ၾကည့္ေနသည္။

[ရွင္ ဘာအလုပ္လုပ္တာလဲ] ဟု မီလီက ထပ္ေမးတယ္။

"ဝတၳဳေရးတာ"ဟု ရွီပိုင္ခ်န္းက ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္ၿပီး သူ႔ ေဆးလိပ္တိုကိုျပာခြက္ထဲ ထည့္လိုက္တယ္။

[ရွင္ဘာေတြေရးခဲ့တာလဲ။ကြၽန္မဖတ္ဖူးရင္ ဖတ္ဖူးေနမွာ။]

ရွီပိုင္ခ်န္းက သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ေမးလိုက္တယ္။

"နတ္ဆိုးေတြကလည္း ဝတၳဳ ဖတ္တာပဲလား။"

[နတ္ဆိုးေတြအေၾကာင္း ရွင္နားလည္မႈလြဲမွားေနသလား။]

မီလီက ထပ္ၿပီးေတာ့ေျဖာင့္မွတ္စြာေျပာသည္။

[ကြၽန္မတို႔ နတ္ဆိုးေတြက ဝါသနာအမ်ားႀကီးရွိတယ္။ အသိပညာႏွင့္ရွင္သန္ျခင္းႏွစ္ခုစလုံးအတြက္ ကြၽန္မတို႔ရဲ႕ဆႏၵေတြက အလြန္ခိုင္မာသည္။]

ရွီပိုင္ခ်န္းသူမကို ဘယ္လိုျပန္လွန္‌ေခ်ပရမလဲမသိေတာ့ေခ်။သူသည္ ရွည္လ်ားၿပီး ပါးလႊာေသာ သူ႔လက္ေခ်ာင္းမ်ားကိုျဖန႔္ကာအနက္ေရာင္ ကီးဘုတ္ေပၚတြင္ ေ႐ြ႕လ်ားလိုက္သည္။သူ၏လ်င္ျမန္ေသာ လက္အျမန္ႏႈန္းသည္ ဖန္သားျပင္ေပၚရွိ ဇာတ္ေကာင္မ်ားစြာကိုပုံေဖာ္ေပးေနသည္။တိတ္ဆိတ္ေနေသာအခန္းထဲတြင္ စည္းခ်က္ညီေသာအသံမ်ား ပဲ့တင္ထပ္ေနသည္။

မီလီသည္ စြဲမက္ဖြယ္ေကာင္းေသာ ဇာတ္ကြက္တစ္ခုအျဖစ္ ေရးစပ္ေနသည့္ဖန္သားျပင္ေပၚရွိတိုးလာေသာစာသားမ်ားကို တိတ္တဆိတ္ ၾကည့္ေနသည္။

ၾကည့္ရသေလာက္ ရွီပိုင္ခ်န္းသည္စကားလုံးမ်ားႏွင့္ စာေၾကာင္းမ်ားကို လုံးဝစဥ္းစားစရာမလိုဘဲ လြယ္ကူစြာပုံေဖာ္ႏိုင္သည္။မိနစ္အနည္းငယ္အတြင္းမွာပဲ မီလီကသူ လွ်ိဳ႕ဝွက္ဆန္းၾကယ္ၿပီးသည္းထိတ္ရင္ဖိုဖြယ္ရာဝတၳဳတစ္ပုဒ္ေရးေနမွန္း သိလိုက္သည္။

ဇာတ္လိုက္ဟာသီးသန႔္ေနတတ္သည့္ပုံစံမ်ိဳးျဖစ္သည္။သရဲေျခာက္တယ္လို႔ ေကာလာဟလေတြထြက္ၿပီး စြန႔္ပစ္ထားတဲ့ တိုက္ခန္းမွာေနဖို႔လွည့္စားခံခဲ့ရေပမယ့္လည္း ဇာတ္လိုက္ဟာ ေၾကာက္႐ြံ႕မႈမရွိဘဲ ေမြးဖြားလာခဲ့ပါတယ္။သဘာဝလြန္ႏွင့္ ထူးဆန္းေသာ ျဖစ္စဥ္မ်ားကို ဆက္တိုက္ရင္ဆိုင္ရေပမယ့္လည္း သူ႔စိတ္ထဲတြင္ တုန္လႈပ္ေခ်ာက္ခ်ားမႈ လုံးဝမရွိပါ။သူေၾကာက္ရမယ့္အစား သူ႔အေပါင္းေဖာ္ေတြကပဲ ေဘာင္းဘီထဲေသးထြက္က်မတတ္ေၾကာက္႐ြံ႕ၾကသည္။

Continue Reading

You'll Also Like

231K 6.8K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
1M 138K 41
၅နှစ်ကွာတဲ့ အကိုကြီးနဲ့ ချစ်သူဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲ။ သက်ငယ်ဝေလုံ 7,6,2021 ----------- ၅နွစ္ကြာတဲ့ အကိုႀကီးနဲ ့ခ်စ္သူျဖစ္ဖို ့ ဘာေတြလုပ္ဖို...
1M 65.6K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
118K 11.7K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...