အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

169K 21.7K 918

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF chapter-(33)

2.8K 361 10
By Cup-Of-Luckiness

CHAPTER-(33)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

သူ့ကိုတိုးကပ်နေတဲ့ အမျိူးသမီးကို ယိချန်တွန်းထုတ်ကာ ချမ်းသာတဲ့ဒုတိယမျိူးဆက်  သူဌေးသားလေးကို လမ်းပေးပြီးတောင်းဆိုလိုက်သည်။

"ဟေ့...မင်းမှာ ချူ​ရှောင်းဖုန်းနံပါတ် ရှိလား? မြန်မြန် ရှာပေးကွာ။"

လူငယ်လေးက ဖုန်းကိုထုတ်ကာ ပြောသည်။

"ဒါသူ့ဖုန်း မဟုတ်လား?"

ရင်းနှီးနေတဲ့နံပါတ်ကို ယိချန်စိုက်ကြည့်ပြီး ပြန်ပြောသည်။

"မဟုတ်ဘူး။ အဲ့ဖုန်းနံပါတ်က မရှိတော့ဘူး။"

"ဟင်? ဖုန်းနံပါတ် ပြောင်းလိုက်တာများလား?"

အခန်းထဲက လူတွေရဲ့အာရုံကိုဆွဲဆောင်ဖို့ လူငယ်လေးက လက်ခုပ်တီးပြီး မေးလိုက်သည်။

"တစ်ယောက်ယောက်ဆီမှာများ ချူရှောင်းဖုန်းနံပါတ်အသစ် ရှိကြလား?"

အရင်ကချူရှောင်းနဲ့ ဖုန်းနံပါတ်လဲထားတဲ့သူ အနည်းငယ်က သူတို့ဖုန်းဆီလက်လှမ်းလိုက်ကြပေမယ့် သူမကဖုန်းအဟောင်းပဲ ပေးထားတယ်ဆိုတာ နားလည်သွားကြသည်။ သူတို့အားလုံး သံသယတွေကို အတည်ပြုဖို့ချက်ချင်းပဲ သူမဆီကိုwechatကနေ စာတစ်စောင်ပို့ပြီး တစ်ယောက်နဲ့တစ်ယောက် ဗလာသက်သက် စိုက်ကြည့်လိုက်ကြသည်။

"ဘာဖြစ်လို့လဲ? ချူရှောင်းက သူတို့နဲ့ထပ်ဆက်သွယ်ဖို့ အစီအစဥ်မရှိဘူးလား?"

"မင်းတို့တွေ ဘာကြားမိသေးလဲ? ငါ့ဦးလေးဆီကကြားတာတော့ ချူရှောင်းကလုပ်နိုင်ကိုင်နိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာတယ်တဲ့။ သူကလေ တုံ့ဖန်ပရောဂျက်အစည်းအဝေးတွေမှာ ဘယ်လိုဝင်ပါရမလဲ သိရုံတင်မဟုတ်ဘူး၊ ထူးထူးချွန်ချွန်လည်း ပြောနိုင်သေးတယ်။ သူမက ချူမိသားစုအတွက် ပြီးပြည့်စုံတဲ့အမွေဆက်ခံသူ ဖြစ်လာပြီ။"

"ဒါ...ငါသိတယ်။ ဟိုနေ့ကအမေ့ကို ​ရှော့ပင်းပို့တော့ ရှောင်းမိသားစုက ရှောင်းဟန်နဲ့ချူရှောင်းတို့ အတူတူရှိနေတာ မြင်ခဲ့တယ်။ ကြည့်ရတာတော့ သူမအမေနဲ့အတူတူ စီးပွားရေးကိစ္စတွေ ဆွေးနွေးနေကြပုံပဲ။ ကျွတ်...ကျွတ်...ကျွတ်..ငါတို့နဲ့ယှည်ရင် သူမကအတော်လေး ရင့်ကျက်လာပုံပဲ။ ဒါမဲ့ ဒါကလုပ်ရမယ့် ပုံမှန်ကိစ္စပဲ မဟုတ်လား? ကမ္ဘာပေါ်က ဘယ်သူတွေများ အလုပ်ကိုပြင်းပြင်းထန်ထန် လုပ်တာနဲ့ ငါတို့အသိုင်းအဝိုင်းကိုဝင်ဖို့ နှစ်ခုလုံး ဘယ်သူကဆန္ဒရှိမှာလဲ?"

ဒီလူရှုပ်အပ်စုက သူတို့မိသားစုစီးပွားရေး အသီးသီးနဲ့ အဆက်အစပ်မရှိကြဘဲ အဲ့အစား အတူတူပျော်ပါးအပြင်ထွက်ကြလေ့ ရှိသည်။

ဒီအချိန်မှာတော့ သူတို့နားဝိုင်းနေတဲ့ တခြားအရက်သမားတွေကြောင့် နောက်ဝိုင်ပုလင်းကို ဖွင့်ဖို့ဖြစ်လာသည်။ သူတို့ရဲ့ စူးရှကျယ်လောင်တဲ့ ရယ်သံတွေက ဘားကတခြားဧည့်လာတွေကို ခေါင်းခဲစေသည်။

ယိချန်ထရပ်ပြီး သန့်စင်ခန်းကိုဝင်ကာ သူ့ကိုယ်သူနှိုးဖို့ ရေအေးအေးလက်တစ်ဖဝါးစာကို မျက်နှာပေါ် လောင်းချလိုက်ပြီး သူမော့ကာ မှန်သားထက်က သူ့ရဲ့ရောင်ပြန်ပုံရိပ်ကို ကြည့်နေမိသည်။

သူကလေး ငယ်ငယ်လေးကတည်းက ကျောင်းမှာအကျော်ကြားဆုံးသူ ဖြစ်ခဲ့သည်။ တက္ကသိုလ်ကို ရောက်ပြန်တော့လည်း သူ့အတန်းဖော်အများက ဘုရားသခင်လိုမျိုး မှတ်ယူကြပြန်သည်။ သူကဘက်စကတ်ဘော ကစားတဲ့အခါတိုင်း လူအများကြီးလာပြီး သူ့ကိုအားပေးလိမ့်မည်သာ။

သူ့ဘဝတစ်လျောက်လုံး အတော်ဆုံးလူဖြစ်ခဲ့တာကြောင့် ရှူထောင့်အများကြီးမှာ သက်တူရွယ်တူတွေထက် ရှေ့ကိုကြိုဦးနေတယ်လို့ ယုံကြည်ခဲ့၏။ အခုချူရှောင်းကို တွေးမိတော့ သူမကသူ့ထက် ခြေလှမ်းအတော်များများ ရှေ့ကိုကြိုလျောက်ထားပြီး သူ့ကိုဖုန်တောထဲမှာ ချန်ရစ်ထားခဲ့သည်။

မိသားစုကုမ္ပဏီမှာ အလုပ်သင်သင်ဝင်ပြီး.....ပရောဂျက်အစည်းအဝေးတွေ ဝင်ပါသည်.....သူတို့ကုမ္ပဏီ လေလံဆွဲတာနဲ့ ခြိမ်းခြောက်သည်...ေ*ာက်ကျိူးနည်း! သူကတော့ သူမိသားစုကုမ္ပဏီ လေလံဆွဲနေတာတောင် မသိရှာ။ ချူရှောင်းနဲ့ယှည်ရင် သူကတစ်နေကုန် ပိုင်ရွယ်ဝေ့သွားတဲ့နေရာတိုင်းကို အဖော်ပြုပေးနေတာပဲရှိသည်။

သူ့ကိုနောက်ချန်ထားခံရတဲ့ ခံစားချက်ကြီးက စိတ်တိုလာစေတာကြောင့် သူ့ရောင်ပြန်ပုံရဲ့ အလယ်ကိုပဲစူးစူးနစ်နစ် စိုက်ကြည့်နေမိသည်။ လက်သီးကိုလည်း ခပ်တင်းတင်းဆုပ်ထားကာ နောက်ဆုံးတော့ သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်လိုက်၏။

သူ့ဖုန်းကိုထုတ်ပြီး ယိကျန့်ဟုန်ကိုခေါ်တာပြောလေသည်။

"အဖေ...ကျွန်တော်....ကုမ္ပဏီကို ဝင်ချင်တယ်?"

ယိချန်ရဲ့ ဖုန်းခေါ်ဆိုမှုအဆုံးမှာ ကျယ်လောင်တဲ့သီချင်းသံကို သတိပြုမိတာနဲ့ မျက်မှောင်ကြုပ်မှုတို့သာ အစားထိုးရောက်လာခဲ့သည်။

"ကုမ္ပဏီကို ဝင်ချင်တယ်ပေါ့? မူးပြီးပြောနေတာလား...သနားစရာ အခြေအနေပဲ။"

မျက်နှာကိုသုတ်ရင်း ယိချန်ပြန်ပြောသည်က

"ကျွန်တော်ကို ချူရှောင်း အနိုင်ယူတာ မခံချင်ရုံပါ။ အခု...ခွေးလေခွေးလွင့်ကောင်လို ခံစားနေရတယ်။"

ယိကျန့်ဟုန် ခေတ္တတိတ်ဆိတ်သွားကာ အေးစက်စက်လေသံနှင့် ပြောလာသည်။

"မင်းကိုလာခေါ်ပြီး ချက်ချင်းအိမ်ပြန်ပို့ဖို့ ဒရိုက်ဘာကို ပြောလိုက်မယ်။ နက်ဖြန်ကျ မင်းကိုငါနဲ့ ကုမ္ပဏီအတူ ခေါ်သွားမယ်။ ယိချန်၊ မင်းရဲ့စိတ်အနက်ထဲက အဲ့ဒီခံစားချက်နဲ့ စိတ်ခံစားမှုတွေ မီးမြိုက်ပစ်လိုက်။ ချူမိသားစုက ကျန်တဲ့သူတွေက မင်းကိုအထင်သေးမခံနဲ့။"

စကားဝိုင်းတစ်ခုလုံး ယိကျန့်ဟုန်က အသက်အောင့်ထားမိသည်။ သူ့ရဲ့အမြင်အရ အိမ်အကူနဲ့ပတ်သတ်တဲ့ အခြေအနေက သာမန်အသေးအမွှားကိစ္စသာ။ သို့ပေမဲ့ ဒါကသူ့ရဲ့ကုမ္ပဏီအမြတ်ကို ယွမ်တစ်ဘီလီယံထက်ပိုပြီး ဆုံးရှုံးစေတာကြောင့် သူ့ရဲ့နှလုံးသားလည်း သွေးထွက်ပြီးပြီ။

အဲ့ဒါထက် သူ့ကို ဘာကများ ဒေါသထွက်စေတာလဲ? တခြားသူတွေက ချူမိသားစုရဲ့သမီးကို အောင်မြင်ပြီး မိသားစုလုပ်ငန်းကို ဘယ်လိုခန့်ခွဲရမလဲသိတယ်ဆိုပြီး ချီးကျူးလို့များလား?

ယှည်ကြည့်ရင် သူ့သားကတော့ အိမ်အကူဟာလောက်နဲ့ အတွေးတွေပဲရှိနေသည်။ သူ့သားလုပ်ပုံကို ကြောက်လို့သာ မဟုတ်ခဲ့ရင် အဲ့အိမ်အကူလေးကို ဖြေရှင်းလိုက်တာကြာနေပြီ။

ယိချန်က မိသားစုကုမ္ပဏီမှာ အလုပ်သင်ချင်တာ သိသွားတော့ သဘာဝကျစွာပင် ယိကျန့်ဟုတ်လည်း စိတ်သက်သာရာ ရသွားသည်။ ဘာပဲဖြစ်ဖြစ် သူကယိချန်အပေါ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့တာပင်။ အခုချူမိသားစုက သူတို့အထက်မှာ ရှိနေပေမယ့် ယိချန်သူ့နေရာကို ဆက်ခံပြီးတဲ့နောက် ယိမိသားစုကတစ်နေ့ကျ သူတို့ထက်သာလွန်လာမယ်လို့ ယုံကြည်ထာ၏။

ထာဝရခံတဲ့ ခေတ်ကာလဟူသည်မရှိ။ အချိိန်တွေကုန်လွန်လာတာနဲ့ တစ်ယောက်ယောက်ရဲ့ ကံကြမ္မာကလည်း အတတ်အကျရှိလာမည်။

သူ့ဒရိုင်ဘာရဲ့ ကားပေါ်ရောက်တာနဲ့ ယိချန်လည်း ချက်ချင်းအိပ်ပျော်သွားတော့သည်။ တစ်ချိန်တည်းမှာပဲ ပိုင်ရွယ်ဝေ့က ယိချန်ဖုန်းကိုတောက်လျောက် ခေါ်နေလေသည်။ ဒရိုင်ဘာလည်း ခေါ်သူကိုတစ်ချက်ကြည့်ပြီး သူ့ဖုန်းကို အသံတိတ်အခြေအနေသို့ ထားပေးလိုက်သည်။

တစ်ညလုံး ပိုင်ရွယ်ဝေ့မှာ ယိချန်နဲ့ချူရှောင်း အတူတူရှိနေနိုင်မယ့် ဖြစ်နိုင်ချေတွေကို စိုးရိမ်ရင်း အိမ်မှာထိုင်နေခဲ့သည်။ သူ့ကိုမရေမတွက်နိုင်အောင် ဖုန်းခေါ်ထားတာတောင် ဖုန်းတစ်ကောမှ ဝင်မသွားခဲ့ပေ။

jul 23 2022

CHAPTER-(33)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

သူ႕ကိုတိုးကပ္ေနတဲ့ အမ်ိဴးသမီးကို ယိခ်န္တြန္းထုတ္ကာ ခ်မ္းသာတဲ့ဒုတိယမ်ိဴးဆက္ သူေဌးသားေလးကို လမ္းေပးၿပီးေတာင္းဆိုလိုက္သည္။

"ေဟ့...မင္းမွာ ခ်ဴေရွာင္းဖုန္းနံပါတ္ ရွိလား? ျမန္ျမန္ ရွာေပးကြာ။"

လူငယ္ေလးက ဖုန္းကိုထုတ္ကာ ေျပာသည္။

"ဒါသူ႕ဖုန္း မဟုတ္လား?"

ရင္းႏွီးေနတဲ့နံပါတ္ကို ယိခ်န္စိုက္ၾကည့္ၿပီး ျပန္ေျပာသည္။

"မဟုတ္ဘူး။ အဲ့ဖုန္းနံပါတ္က မရွိေတာ့ဘူး။"

"ဟင္? ဖုန္းနံပါတ္ ေျပာင္းလိုက္တာမ်ားလား?"

အခန္းထဲက လူေတြရဲ႕အာ႐ုံကိုဆြဲေဆာင္ဖို႔ လူငယ္ေလးက လက္ခုပ္တီးၿပီး ေမးလိုက္သည္။

"တစ္ေယာက္ေယာက္ဆီမွာမ်ား ခ်ဴေရွာင္းဖုန္းနံပါတ္အသစ္ ရွိၾကလား?"

အရင္ကခ်ဴေရွာင္းနဲ႕ ဖုန္းနံပါတ္လဲထားတဲ့သူ အနည္းငယ္က သူတို႔ဖုန္းဆီလက္လွမ္းလိုက္ၾကေပမယ့္ သူမကဖုန္းအေဟာင္းပဲ ေပးထားတယ္ဆိုတာ နားလည္သြားၾကသည္။ သူတို႔အားလုံး သံသယေတြကို အတည္ျပဳဖို႔ခ်က္ခ်င္းပဲ သူမဆီကိုwechatကေန စာတစ္ေစာင္ပို႔ၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ ဗလာသက္သက္ စိုက္ၾကည့္လိုက္ၾကသည္။

"ဘာျဖစ္လို႔လဲ? ခ်ဴေရွာင္းက သူတို႔နဲ႕ထပ္ဆက္သြယ္ဖို႔ အစီအစဥ္မရွိဘူးလား?"

"မင္းတို႔ေတြ ဘာၾကားမိေသးလဲ? ငါ့ဦးေလးဆီကၾကားတာေတာ့ ခ်ဴေရွာင္းကလုပ္နိုင္ကိုင္နိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာတယ္တဲ့။ သူကေလ တုံ႕ဖန္ပေရာဂ်က္အစည္းအေဝးေတြမွာ ဘယ္လိုဝင္ပါရမလဲ သိ႐ုံတင္မဟုတ္ဘူး၊ ထူးထူးခြၽန္ခြၽန္လည္း ေျပာနိုင္ေသးတယ္။ သူမက ခ်ဴမိသားစုအတြက္ ၿပီးျပည့္စုံတဲ့အေမြဆက္ခံသူ ျဖစ္လာၿပီ။"

"ဒါ...ငါသိတယ္။ ဟိုေန႕ကအေမ့ကို ေရွာ့ပင္းပို႔ေတာ့ ေရွာင္းမိသားစုက ေရွာင္းဟန္နဲ႕ခ်ဴေရွာင္းတို႔ အတူတူရွိေနတာ ျမင္ခဲ့တယ္။ ၾကည့္ရတာေတာ့ သူမအေမနဲ႕အတူတူ စီးပြားေရးကိစၥေတြ ေဆြးႏြေးေနၾကပုံပဲ။ ကြၽတ္...ကြၽတ္...ကြၽတ္..ငါတို႔နဲ႕ယွည္ရင္ သူမကအေတာ္ေလး ရင့္က်က္လာပုံပဲ။ ဒါမဲ့ ဒါကလုပ္ရမယ့္ ပုံမွန္ကိစၥပဲ မဟုတ္လား? ကမၻာေပၚက ဘယ္သူေတြမ်ား အလုပ္ကိုျပင္းျပင္းထန္ထန္ လုပ္တာနဲ႕ ငါတို႔အသိုင္းအဝိုင္းကိုဝင္ဖို႔ ႏွစ္ခုလုံး ဘယ္သူကဆႏၵရွိမွာလဲ?"

ဒီလူရႈပ္အပ္စုက သူတို႔မိသားစုစီးပြားေရး အသီးသီးနဲ႕ အဆက္အစပ္မရွိၾကဘဲ အဲ့အစား အတူတူေပ်ာ္ပါးအျပင္ထြက္ၾကေလ့ ရွိသည္။

ဒီအခ်ိန္မွာေတာ့ သူတို႔နားဝိုင္းေနတဲ့ တျခားအရက္သမားေတြေၾကာင့္ ေနာက္ဝိုင္ပုလင္းကို ဖြင့္ဖို႔ျဖစ္လာသည္။ သူတို႔ရဲ႕ စူးရွက်ယ္ေလာင္တဲ့ ရယ္သံေတြက ဘားကတျခားဧည့္လာေတြကို ေခါင္းခဲေစသည္။

ယိခ်န္ထရပ္ၿပီး သန့္စင္ခန္းကိုဝင္ကာ သူ႕ကိုယ္သူႏွိုးဖို႔ ေရေအးေအးလက္တစ္ဖဝါးစာကို မ်က္ႏွာေပၚ ေလာင္းခ်လိဳက္ၿပီး သူေမာ့ကာ မွန္သားထက္က သူ႕ရဲ႕ေရာင္ျပန္ပုံရိပ္ကို ၾကည့္ေနမိသည္။

သူကေလး ငယ္ငယ္ေလးကတည္းက ေက်ာင္းမွာအေက်ာ္ၾကားဆုံးသူ ျဖစ္ခဲ့သည္။ တကၠသိုလ္ကို ေရာက္ျပန္ေတာ့လည္း သူ႕အတန္းေဖာ္အမ်ားက ဘုရားသခင္လိုမ်ိဳး မွတ္ယူၾကျပန္သည္။ သူကဘက္စကတ္ေဘာ ကစားတဲ့အခါတိုင္း လူအမ်ားႀကီးလာၿပီး သူ႕ကိုအားေပးလိမ့္မည္သာ။

သူ႕ဘဝတစ္ေလ်ာက္လုံး အေတာ္ဆုံးလူျဖစ္ခဲ့တာေၾကာင့္ ရႉေထာင့္အမ်ားႀကီးမွာ သက္တူ႐ြယ္တူေတြထက္ ေရွ႕ကိုႀကိဳဦးေနတယ္လို႔ ယုံၾကည္ခဲ့၏။ အခုခ်ဴေရွာင္းကို ေတြးမိေတာ့ သူမကသူ႕ထက္ ေျခလွမ္းအေတာ္မ်ားမ်ား ေရွ႕ကိုႀကိဳေလ်ာက္ထားၿပီး သူ႕ကိုဖုန္ေတာထဲမွာ ခ်န္ရစ္ထားခဲ့သည္။

မိသားစုကုမၸဏီမွာ အလုပ္သင္သင္ဝင္ၿပီး.....ပေရာဂ်က္အစည္းအေဝးေတြ ဝင္ပါသည္.....သူတို႔ကုမၸဏီ ေလလံဆြဲတာနဲ႕ ၿခိမ္းေျခာက္သည္...ေ*ာက္က်ိဴးနည္း! သူကေတာ့ သူမိသားစုကုမၸဏီ ေလလံဆြဲေနတာေတာင္ မသိရွာ။ ခ်ဴေရွာင္းနဲ႕ယွည္ရင္ သူကတစ္ေနကုန္ ပိုင္႐ြယ္ေဝ့သြားတဲ့ေနရာတိုင္းကို အေဖာ္ျပဳေပးေနတာပဲရွိသည္။

သူ႕ကိုေနာက္ခ်န္ထားခံရတဲ့ ခံစားခ်က္ႀကီးက စိတ္တိုလာေစတာေၾကာင့္ သူ႕ေရာင္ျပန္ပုံရဲ႕ အလယ္ကိုပဲစူးစူးနစ္နစ္ စိုက္ၾကည့္ေနမိသည္။ လက္သီးကိုလည္း ခပ္တင္းတင္းဆုပ္ထားကာ ေနာက္ဆုံးေတာ့ သူ႕ဆုံးျဖတ္ခ်က္အတိုင္း လုပ္လိုက္၏။

သူ႕ဖုန္းကိုထုတ္ၿပီး ယိက်န့္ဟုန္ကိုေခၚတာေျပာေလသည္။

"အေဖ...ကြၽန္ေတာ္....ကုမၸဏီကို ဝင္ခ်င္တယ္?"

ယိခ်န္ရဲ႕ ဖုန္းေခၚဆိုမႈအဆုံးမွာ က်ယ္ေလာင္တဲ့သီခ်င္းသံကို သတိျပဳမိတာနဲ႕ မ်က္ေမွာင္ၾကဳပ္မႈတို႔သာ အစားထိုးေရာက္လာခဲ့သည္။

"ကုမၸဏီကို ဝင္ခ်င္တယ္ေပါ့? မူးၿပီးေျပာေနတာလား...သနားစရာ အေျခအေနပဲ။"

မ်က္ႏွာကိုသုတ္ရင္း ယိခ်န္ျပန္ေျပာသည္က

"ကြၽန္ေတာ္ကို ခ်ဴေရွာင္း အနိုင္ယူတာ မခံခ်င္႐ုံပါ။ အခု...ေခြးေလေခြးလြင့္ေကာင္လို ခံစားေနရတယ္။"

ယိက်န့္ဟုန္ ေခတၱတိတ္ဆိတ္သြားကာ ေအးစက္စက္ေလသံႏွင့္ ေျပာလာသည္။

"မင္းကိုလာေခၚၿပီး ခ်က္ခ်င္းအိမ္ျပန္ပို႔ဖို႔ ဒရိုက္ဘာကို ေျပာလိုက္မယ္။ နက္ျဖန္က် မင္းကိုငါနဲ႕ ကုမၸဏီအတူ ေခၚသြားမယ္။ ယိခ်န္၊ မင္းရဲ႕စိတ္အနက္ထဲက အဲ့ဒီခံစားခ်က္နဲ႕ စိတ္ခံစားမႈေတြ မီးၿမိဳက္ပစ္လိုက္။ ခ်ဴမိသားစုက က်န္တဲ့သူေတြက မင္းကိုအထင္ေသးမခံနဲ႕။"

စကားဝိုင္းတစ္ခုလုံး ယိက်န့္ဟုန္က အသက္ေအာင့္ထားမိသည္။ သူ႕ရဲ႕အျမင္အရ အိမ္အကူနဲ႕ပတ္သတ္တဲ့ အေျခအေနက သာမန္အေသးအမႊားကိစၥသာ။ သို႔ေပမဲ့ ဒါကသူ႕ရဲ႕ကုမၸဏီအျမတ္ကို ယြမ္တစ္ဘီလီယံထက္ပိုၿပီး ဆုံးရႈံးေစတာေၾကာင့္ သူ႕ရဲ႕ႏွလုံးသားလည္း ေသြးထြက္ၿပီးၿပီ။

အဲ့ဒါထက္ သူ႕ကို ဘာကမ်ား ေဒါသထြက္ေစတာလဲ? တျခားသူေတြက ခ်ဴမိသားစုရဲ႕သမီးကို ေအာင္ျမင္ၿပီး မိသားစုလုပ္ငန္းကို ဘယ္လိုခန့္ခြဲရမလဲသိတယ္ဆိုၿပီး ခ်ီးက်ဴးလို႔မ်ားလား?

ယွည္ၾကည့္ရင္ သူ႕သားကေတာ့ အိမ္အကူဟာေလာက္နဲ႕ အေတြးေတြပဲရွိေနသည္။ သူ႕သားလုပ္ပုံကို ေၾကာက္လို႔သာ မဟုတ္ခဲ့ရင္ အဲ့အိမ္အကူေလးကို ေျဖရွင္းလိုက္တာၾကာေနၿပီ။

ယိခ်န္က မိသားစုကုမၸဏီမွာ အလုပ္သင္ခ်င္တာ သိသြားေတာ့ သဘာဝက်စြာပင္ ယိက်န့္ဟုတ္လည္း စိတ္သက္သာရာ ရသြားသည္။ ဘာပဲျဖစ္ျဖစ္ သူကယိခ်န္အေပၚ ေမွ်ာ္လင့္ခ်က္ႀကီးႀကီး ထားခဲ့တာပင္။ အခုခ်ဴမိသားစုက သူတို႔အထက္မွာ ရွိေနေပမယ့္ ယိခ်န္သူ႕ေနရာကို ဆက္ခံၿပီးတဲ့ေနာက္ ယိမိသားစုကတစ္ေန႕က် သူတို႔ထက္သာလြန္လာမယ္လို႔ ယုံၾကည္ထာ၏။

ထာဝရခံတဲ့ ေခတ္ကာလဟူသည္မရွိ။ အခ်ိိန္ေတြကုန္လြန္လာတာနဲ႕ တစ္ေယာက္ေယာက္ရဲ႕ ကံၾကမၼာကလည္း အတတ္အက်ရွိလာမည္။

သူ႕ဒရိုင္ဘာရဲ႕ ကားေပၚေရာက္တာနဲ႕ ယိခ်န္လည္း ခ်က္ခ်င္းအိပ္ေပ်ာ္သြားေတာ့သည္။ တစ္ခ်ိန္တည္းမွာပဲ ပိုင္႐ြယ္ေဝ့က ယိခ်န္ဖုန္းကိုေတာက္ေလ်ာက္ ေခၚေနေလသည္။ ဒရိုင္ဘာလည္း ေခၚသူကိုတစ္ခ်က္ၾကည့္ၿပီး သူ႕ဖုန္းကို အသံတိတ္အေျခအေနသို႔ ထားေပးလိုက္သည္။

တစ္ညလုံး ပိုင္႐ြယ္ေဝ့မွာ ယိခ်န္နဲ႕ခ်ဴေရွာင္း အတူတူရွိေနနိုင္မယ့္ ျဖစ္နိုင္ေခ်ေတြကို စိုးရိမ္ရင္း အိမ္မွာထိုင္ေနခဲ့သည္။ သူ႕ကိုမေရမတြက္နိုင္ေအာင္ ဖုန္းေခၚထားတာေတာင္ ဖုန္းတစ္ေကာမွ ဝင္မသြားခဲ့ေပ။

jul 23 2022

Continue Reading

You'll Also Like

46.3K 7.6K 33
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
112K 9.4K 156
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
205K 13.9K 55
Jeon Jungkook x Kim Taehyung