အချစ်ဦး (Completed)

By Ahlaly

211K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၂၁)

3.2K 138 5
By Ahlaly

"မျက်နှာအရင်သစ်...."

ဝမ်းနည်းမှုအရှိန်အဟုန်ကိုမြှင့်တင်လိုက်ပြီး ငယ်သည် သူ့မျက်နှာအား လက်ဖြင့်ဆွဲယူရင်း ငယ့်မျက်နှာအပ်ဖို့ကြံရွယ်ကာရှိသေးသည် သူဟာဤသို့ငယ်တွေးပုံကို စောလျင်စွာပဲ ခန့်မှန်းမိပုံရပြီး သူ့မျက်နှာကို ငယ်ရှိရာနှင့်ဆန့်ကျင်ရာဘက်သို့ယိမ်းသွားသည်။

"ငါလိုက်ပို့ပေးမယ်...."

သူ့အပြုအမူကြောင့် တစ်ဖန်ပြန်လည်လို့ညှိုးငယ်သွားတဲ့ ငယ့်မျက်နှာအရိပ်အကဲကို သူကချက်ချင်းပဲ နားလည်စွာနှင့် ငယ့်အား ထိန်းပေးထားလျက်ကပင် ရေချိုးခန်းရှိရာသို့လျှောက်သွားသည်။

"ရပြီ ရော့...."

အသင့်ထည့်ပေးလိုက်သော သွားတိုက်တံကို ငယ်ကလည်း လက်တစဖက်ဖြင့်လှမ်းယူပြီး ကျန်လက်တစ်ဖက်ကိုတော့မူ သူ့လည်ပင်းအားမြဲမြံစွာနှင့်ပင်တွဲဖက်ထားဆဲဖြစ်သည်။

"ဟ!!!..သွားတိုက်တဲ့ အချိန်တော့ ဆင်းမှပေါ့။
ဒီလိုပုံနဲ့သွားတိုက်ရအောင် နင်က ကလေးလား..."

အပ်ဖျားလေးတဲ့ တို့,မိလျှင်တောင် နှလုံးသားကိုတည့်တည့်ကို ဝင်သွားသည့်မြှားချက်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာနှင့် ဝမ်းပမ်းတနည်းဖြစ်နေမည့် ငယ့်စိတ်အခြေအနေမှာ သူ့စကားကြောင့် ကြေကွဲစွာနှင့်ပင် သူ့ကိုယ်ပေါ်ကနေ ဆင်းပေးလိုက်သည်။

အခုမှတွေ့ရတဲ့ ငယ့်အပေါ်ကိုလုပ်ရက်လေခြင်းဆိုသည့် အတွေးနှင့်ဝမ်းနည်းမှုတွေလှိုင်ထတော့မည့်အခြေအနေမှာပဲ သူဟာငယ့်ရှေ့ကနေပိတ်ရပ်ပြီး ငယ့်အား ကျောပိုးလေတော့သည်။

"မငိုနဲ့ တိုက်တော့၊ ပြီးရင်မျက်နှာသစ်.....။
မြန်မြန်လုပ် အုန်းနို့ခေါက်ဆွဲဟင်းရည် အေးသွားမယ်။"

"အင်း...."

သူ့အပြောတွေအားလုံးက အခုချိန်မှာ ငယ့်အတွက်ဝမ်းနည်းစရာတွေကြည့်ဖြစ်နေသည်။ ထို့ကြောင့်ညှိုးငယ်စွာနှင့်ပင် သွားကိုဖြည်းဖြည်းချင်းတိုက်နေလိုက်သည်။

"သမီးငယ်ရာ...."

ငယ့်မှာ သူများငယ့်ကိုစိတ်မရှည်ဘူးလားလို့ တွေးရင်း တဖြည်းဖြည်းချင်း ပြိုကျချင်လာသည့် မျက်ရည်များနှင့် ရှိနေဆဲ၊ လက်ထဲတွင်ရှိသော သွားတိုက်တံအား ရွေ့လျားမှုပင် မလုပ်နိုင်သည့် အခြေအနေမှာ ထိုသို့ခေါ်သံညှင်းညှင်းနှင့်အတူ ရှေ့သို့ ဆွဲယူခံလိုက်ရသည့်ငယ့်ခန္ဓာကိုယ်ကြောင့် ငယ်သည်သူနှင့်မျက်နှာချင်းဆိုင်မှာ သူ့ခါးတွေကို တွယ်ချိတ်ထားရသည့် အခြေအနေသို့ ရောက်သွားသည်။

"ဟ....၊ နေဦး ပါးစပ်ထဲက အရင်ထွေး..."

Basinနှင့် ငယ်ကြားမှာ သူဟာကန့်လန့်ကန့်လန့်နှင့် ရှိနေသည်တိုင်၊ သူ့လက်ခုံမှာ သွားတိုက်ဆေးတွေပေကျံသည့်တိုင် နောက်ဆုံး မျက်နှာသစ်သည့်အခါမှာလည်း ငယ်မျက်နှာမူရာနှင့် တူညီသောလယ်ဗယ်တွင်ရှိနေသော သူ့ရင်ဘက်ပြင်မှာလည်း ရေစိုသွားသည့်တိုင် သူဟာဘာမှမပြောပဲ ငယ့်ကိုရေချိုးခန်းကနေ ထိုသို့ပုံစံအတိုင်းနဲ့ပဲ ခေါ်ထုတ်လာသည်။

ပြီးနောက်တွင် ငယ့်အားမျက်နှာသုတ်ပေးပြီးသည်နှင့် အခန်းထဲကနေထွက်တော့...

"ဝုတ် ဝုတ်...."

မနက်ခင်းအစောက ငယ့်အနားကိုရောက်လာခဲ့သည့် သေးသေးလေးက သူတစ်ယောက်တည်း အခန်းထဲမှာရှိမည့်အရေးကို အသံပေးကာမနေချင်ကြောင်းပြောတော့သည်။

"မင်းလည်းထွက်...."

စိတ်မရှည်သော သူ့အသံကြောင့် သူအနေနဲ့ဒီလိုခွေးပေါက်လေးကို ဘာကြောင့်ခေါ်လာသလဲဆိုတာကို ငယ်တကယ်ပဲစဥ်းစားလို့မရပါ။

"သမီးငယ်..အဲ့ဒီအနားမှာ ခွက်ရှိတယ်။ နင့်ခွေးကို ထည့်ကျွေးလိုက်....."

သူကိုယ်တိုင်ပြင်ဆင်ပေးထားသော ခေါက်ဆွဲနှင့်ဟင်းရည်အပြင် စုံလင်လှသောအမယ်များကို ငယ်မွှေနှောက်နေသည့်အချိန်မှာပဲ သူဟာသူ့အတွက်ဟင်းရည်ထည့်နေရင်းကနေ ပြောလာသည်။

ငယ်သူ့ကို ဘာမှပြန်မမေးဖြစ်ပဲ ငယ့်ခြေထောက်နားမှာ ပွတ်သပ်နေသည့် သေးသေးလေးကို ချီမလိုက်ပြီး လွတ်နေသည့်ငယ့်အနားက စားပွဲနေရာမှာတင်ပေးလိုက်သည်။

"ဟိတ် ဟိတ်...အဲ့ဒီခွေးကို လက်နဲ့ကိုင်ဖို့ ဘယ်လိုတွေးလိုက်တာလဲ။ အခု အောက်ပြန်ချ....ပြီးရင် လက်သွားဆေး..."

"နင်ပဲ အစာကျွေးဆို..."

"ခွေးကို ခွေးနေရာမှာကျွေးလေ။ စားခါနီးသောက်ခါနီး ခွေးမကိုင်ရဘူးဆိုတာ နင်မသိဘူးလား။"

"ဘာလဲဟ....ဒါ နင်ခေါ်လာတဲ့ခွေးနော် ထည်ဝါ။"

"ငါဘယ်တုန်းက အကောင်တွေပလောင်တွေနဲ့ စိတ်ရှည်ဖူးလို့လဲ။ အဲ့တာနင်ဖို့ ခေါ်လာတာ..."

ပြောနေရင်းနှင့် သူသည် ပရာသီးစိပ်ထည့်ထားသောပန်းကန်ကို လက်လှမ်းဖို့ပြင်နေသော ငယ်လက်ကို အနားရှိ ယပ်တောက်ဖြင့် လှမ်းလို့ဟန့်တားသည်။

ထိုကြောင့်ငယ်သည် မျက်နှာမဲ့ပြလိုက်ရင်း...
"ဒီလိုဆိုလည်း ငါ့ထည်ဝါကို ငါဘာငါ ဘယ်နားကျွေးကျွေးပေါ့။ နော့...ငါ့ကလေးလေး...."

သူပြောမှပဲ ပိုလုပ်ပြသည့် သမီးငယ်ဟာ စားပွဲပေါ်တွင်တင်ထားသော ခွေးကို ရှေ့လက်နှစ်ဖက်ကလေး ကလေးချီသလိုမျိုး ချီပွေ့ပြီး ထိုခွေး၏နှာခေါင်းနားကို သူမ၏နှာခေါင်းကပ်ကာ ကလူ၏မြူ၏လုပ်လေသည်။

သူထပ်ပြောလျှင် သမီးငယ်ကပိုလို့လုပ်ပြမည်။ သူပြောသမျှကို အမြဲနားထောင်ချင်ယောင်ဆောင်ခဲ့သော သမီးငယ်ကို ဒီနေ့မှာတော့ ဘာမှထပ်မပြောချင်သေးပေ။ ဒီနေ့အဖို့တော့ ဒီအကောင်အသစ်လေးနှင့် သမီးငယ်နေသားကျသွားဖို့က အရေးကြီးသည်။

"အဲ့လိုဆိုလည်း နင်ရုံးသွားရင် နင်ကလေးနင်ခေါ်သွားလေ။ ထမင်းချိုင့်ကို နှစ်ယောက်စာထုတ်ပေးမယ်။"

"သြ...ထည်ဝါ မမနဲ့လိုက်မှာလား။ ဟင် ထည်ဝါ....မမတို့ရုံးသွားကြမယ်လေ။ ဆိပ်ကမ်းမှာ မမနဲ့အတူလမ်းလျှောက်ကြမယ်လေ....ထည်ဝါလေး သဘောတူရဲ့လား ဟင် ဟင်....."

ခွေးမျက်နှာ တစ်ကမ္ဘာထင်ပြီး ခွေးကိုပဲကြည့်ကာ ထည်ဝါချင်းထပ်နေအောင် တီတာကြူးပြနေသည့် သမီးငယ်ကို သူသိပ်ပြီးကြည့်မရချင်တော့ပေ။ ပြီးတော့ သူနားမလည်နိုင်တာတစ်ခုရှိသေးသည်။

ထိုအရာက...
"ဒီခွေးနာမည်ကလည်း ထည်ဝါပဲလား။ နေပါဦး သမီးငယ်....နင့်ရဲ့ရှဥ့်တုန်းက ထားတော့၊ အခုခွေးအထိပါ ထည်ဝါချင်နေတာတော့ နင်လွန်ပြီမဟုတ်ဘူးလား။ ဘာလဲ ထည်ဝါဆိုတဲ့နာမည်ကိုတော်တော်လေး ကြိုက်နေတယ်လား.."

"အင်း...ကြိုက်တယ်။ ထည်ဝါလို့ ခေါ်ရတာကို အရမ်းကြိုက်တယ်၊ နော့....ထည်ဝါလေး။

အိုး...မမရဲ့သေးသေးလေးရယ်......"

ပြောနေရင်းမှ သမီးငယ်သည် အားမလိုအားမရဖြစ်ဟန်နှင့်အတူ ထိုင်နေသည့်ခုံကနေထ,ကာ ခွေးသေးသေးလေးအား ချီပွေ့ထားလျက်ကပင် အတင်းပဲ ညှစ်ကာ ဖက်တွယ်လေတော့သည်။

"ဒီထည်ဝါလေးက မျက်လုံးလေးတွေအရမ်းလှတာပဲ။ နင့်လို အညိုရောင်လေးတွေ သူ့ဆီမှာ...."

ကားအနားထိ သူလိုက်ပို့တော့ ခွေးကိုချီပွေ့ထားသည့် ခွေးသခင်မက သူ့အားခွေးနှင့်နှိုင်းယှဥ်နေသည်ကို သူ့မှာမပြုံးမချင်ပြုံးချင်နဲ့ပဲ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး...
"အင်း..အင်း၊ သွားတော့နော် ခွေးသခင်မကြီး...."

သမီးငယ်၏ခါးသေးသေးလေးကနေ ကိုင်ကာ အသင့်ဖွင့်ထားသည့် တံခါးကနေ တဆင့်ကားအတွင်းသို့ ဝင်စေလိုက်သည်။ ပြီးနောက်တွင် သူကိုယ်တိုင်ပဲ ကားတံခါးကို ပိတ်ပေးပြီး သမီးငယ်အားလက်ပြနှုတ်ဆက်လိုက်တော့သည်။

သမီးငယ်၏ ကားထွက်သွားသည်နှင့် သူသည် အိမ်ထဲဝင်ခဲ့လိုက်ပြီး သူ့ဖုန်းကိုယူကာ အပြင်ထွက်ခဲ့လိုက်သည်။ သူနဲ့အတူ ပါလာသည်က ကိုတားကြီးဖြစ်သည်။

"သခင်လေး...Royal resortကိုပဲ မောင်းရမှာလားဗျ။"

"ဟုတ်တယ်..ကိုတားကြီး။ တစ်ညလုံးကားစီးလာရတာ ကျွန်တော် ရေကူးချင်ပြီ..."

"ဟုတ်ကဲ့ သခင်လေး..."

သို့နှင့်သူသည် သူရှယ်ယာဝင်ထားသော Royal resort၏ ရေကူးကန်တွင် အနားယူနေသည်။ ခန္ဓာကိုယ်ပင်ပန်းနေသည့် အချိန်မျိုးမှာ ရေကူးရတာကို သူသဘောကျသည်။ ထိုသို့အခါမျိုးမှ သူ့ခန္ဓာကိုယ်က ပြန်လည်ပြီးတက်ကြွလာသလိုခံစားရသည်။

ပေ၆၀ပတ်လည် ရေကူးကန်တွင် ကန်ဘောင်အထက်မှ သူခုန်ချလျှင် အနည်းဆုံး ၇ပေလောက်အထိတော့ ရောက်သည်။ ထိုနေရာမှာ သူအရပ်၏ရှည်လျားမှုကြောင့် တစ်ဖက်ရှိ ဘောင်သို့ရောက်ရန်အတွက် အချိန်သိပ်မယူလိုက်ရပေ။

ဒါတောင် ရေကူးကပေ၆၀ပတ်လည်မိုလို့ဖြစ်သည်။ သူ့အနေနဲ့ အိမ်မှာရှိသည့်ရေကူးကန်ထက် ဒီRoyal resortက ရေကူးကန်ကို ပိုလို့သဘောကျတာကလည်း ထိုသို့ ကြီးမားကျယ်ပြန့်ခြင်းကြောင့်ပင် ဖြစ်သည်။ ဒီကန်မှာဆို သူအမြဲရေ ကြာကြာကူးရသည်ဟု ထင်မိသည်။

တောင်နှင့်မြောက်ကို အစုန်အဆန်နှင့်ကူးခတ်နေတာ အချိန်တော်တော်ကြာပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က အခုထိပင်ပန်းမှုတွေ မပြေလျော့သေးပေ။ သို့သော်လည်း မနားပဲကူးခတ်နေရင် ရေ၏အရသာကိုခံစားလို့ ရမှာမဟုတ်တာကြောင့် သူသည် တာထွက်သည့် ဘောင်အနားမှာ ကျောကပ်လိုက်ရင်း သူ့လက်နှစ်ဖက်ကို ဘောင်ပေါ်ချထားကာ အနီးရှိ ရွှေရောင်ဗန်းလေးအထက်မှ အရက်ခွက်ကို ကောက်ကိုင်လိုက်သည်။

"ရှုတိုင်းယဥ်လေးရယ် မွှေးနံ့သာပြီကွယ်...
ရှေ့ကကြည့်လည်း ယဥ်တယ်၊ နောက်ကကြည့်လည်းယဥ်တယ်...

ဘယ်လိုပဲ ကြည့်ကြည့်ရင်ထဲသူရယ်....."

အသံကြောင့် သူနောက်သို့ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် အမြဲတမ်းမုန်းစရာကောင်းသည့် ဒီမျက်နှာနှင့်လူဟာ bathrobeကို ရင်ဘက်ဟဟဖွင့်ထား၍ လက်ပိုက်ကာ ကြည့်နေသည်က သူ့အားဒေါသထွက်စေသည်။

"မင်း အရက်သောက်တာကအစ ကိုယ့်မှာရင်ခုန်နေရပြီ..."

ထက်ဝေဟင်သည် သူ့အားလှည့်ကြည့်ပြီးခါမှ အရက်ခွက်ကို ကောက်ယူကာ မော့ချသည့် အကြင်လူသား၏ပုံရိပ်အား တစ်စလေးမျှလွတ်မသွားရလေအောင် မျက်တောင်မခတ်စတမ်းကြည့်ရင်း ထိုသို့ရေရွတ်လိုက်တာဖြစ်သည်။

"ခင်ဗျား...."
ဆိုသောအသံနှင့်အတူ ထက်ဝေဟင်မှာ မျက်စိရှေ့က အချစ်ရိပ်လေးကို အခိုးအငွေ့တွေတလူလူထွက်တော့မတတ်အထိကြည့်နေရင်းမှာ ခြေထောက်အနားကို ရောက်လာသည့် ဖန်ခွက်က ကွဲစများဖြင့် ကြေမွလွတ်စင်ကုန်သည်။

ထိုဖြစ်အင်ကြောင့် ထက်ဝေဟင် ထိတ်လန့်သွားရပြီး ထိုနေရာမှာပဲ ရင်ဘက်ပေါ်လက်တင်က ရန်ခုန်ခြင်း၊ ထိတ်လန့်ခြင်းကြောင့်တုန်လှုပ်သွားသည် နှလုံးသားငယ်ကို ဖမ်းဆုပ်ထိန်းချုပ်လိုက်ရသည်။

"ကျုပ်နဲ့ ဘာဖြစ်ချင်တာလဲ ပြောလိုက်တော့။ ကျုပ်စိတ်မရှည်ချင်တော့ဘူး....ပြော"

ရေကူးကန်ဘောင်ဘက်ကို လှည့်လာသည့် သူ့မျက်နှာဟာ ဒေါသကြောင့်မည်းမှောင်လို့နေပြီး ခဏချင်းမှာပဲ ဖွာခနဲလွင့်စင်သွားသာ ရေစက်များနှင့်အတူ ဘောင်ပေါ်သို့တတ်လာသော သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းမှာက ထက်ဝေဟင်ကိုမှင်သက်စေသည်။

ညိုသော အသားအရည်သည် အထက်ပိုင်းတစ်ခုလုံးဗလာကျင်း၍နေပြီး တုတ်ခိုင်သော သူ့ခြေတံတစ်လျှောက်မှာ ယောကျာ်းဆန်ဆန်အမွှေးအမျှင်များသည် ထက်ဝေဟင်၏ဝင်သက်ထွက်သက်ကို အခိုက်အတန့်မျှ ရပ်တန့်သွားစေသည်။ ထက်ဝေဟင်၏မျက်စိရှေ့တွင် ရှိနေသောသူသည် မော်ဒယ်အလားထင်မှတ်ရသည့် အချိုးအဆစ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

အရပ်အမောင်းသည် အာရှသားတို့ထဲတွင် ထူးခြားလှသောအရပ်အမောင်းဖြစ်သော်လည်း အသားအရည်ကမူ နေအပူချိန်ပြင်းလှသော အာရှတိုက်၏ပြရုပ်သဖွယ် ညိုစင်၍ ရေစက်များကြောင့်ဖြစ်မည် ညိုသောအသားအရည်အထက်က ရှင်းသန့်မှုများသည် နတ်ဘုရားများ၏တောက်ပမှုသဖွယ် ထက်ဝေဟင်၏ရှေ့တွင် တည်တင်းစွာရပ်၍နေလေသည်။

အကြောတို့ထင်းနေသော လက်မောင်းမှစ၍ လက်ကောက်ဝတ်အဆုံး ရှည်သွယ်သောလက်ချောင်းတို့မှာ နောက်ထပ်အရက်ခွက်တစ်ခွက်ကိုကိုင်ထားသည်က ပုံထုပြီး ကိုးကွယ်ထားချင်စရာကောင်းလှသည်။

"ဟေ့လူ...."

"ကျစ်....ကိုယ် မင်းရဲ့ခန့်ညားမှုတွေကို ကဗျာတွေသီနေတာ။"

"တောက်...ခင်ဗျား တော်တော်မျက်နှာပြောင်တာပဲ။"

"ဟုတ်တယ်။ အဲ့တာ ကိုယ်မင်းကို ချစ်လို့..."

ထိုသို့ပြောပြီး ထိုလူ၏အကြည့်တို့ရောက်ရှိလာသည့် သူ့ခန္ဓာကိုယ်အလယ်ပိုင်းနေရာကို သူ့မှာဖုံးရခက်၊ ကွယ်ရခက်နဲ့ပဲ...
ခွပ် !!!

မတွေးတတ်တော့သည့် အဆုံးမှာ ထိုလူ၏မျက်နှာကို ထိုးချလိုက်တော့သည်။ သူ့ခန္ဓာကိုယ်ကို တစိမ့်စိမ့်ကြည့်ပြီး စိတ်ထ,ချင်နေသည့် ထိုလူကို သူပိုလို့မုန်းမိသည်။

"ဟား ဟားး....ဘာလို့ မင်းကအဲ့လောက်ထိရှက်နေတာလဲ။ ကြည့်ဦး မင်းနားရွက်လေးတွေက နီညိုရောင်သမ်းလာနေပြီ...."

သူကိုယ်တိုင်ပဲ လက်သီးနဲ့ထိုးပြီး ထက်ဝေဟင်ဘက်ကပြန်မော့ကြည့်လာသည့်အခါတွင်  သူကိုယ်တိုင်ပဲ အရှက်သည်းနေရသည့် အမျိုးသားက ဤနေရာမှာလည်း ယောကျာ်းဆန်ဆန်နဲ့ချစ်ဖို့ကောင်းတာ အမှန်ပင်။

"သခင်လေး...Cctvမှတ်တမ်း ရပါပြီ။"

"သွားမယ်....."

ထက်ဝေဟင်အား ရွံရှာသလိုကြည့်ကာ အနားကနေ ခြေလှမ်းအကျဲများဖြင့် ထွက်သွားသော နှလုံးသားက ကိုးကွယ်ရတဲ့ သက်ရှိလူသားလေးနောက်သို့ ထက်ဝေဟင် လိုက်မသွားမိအောင် မနည်းပဲထိန်းထားမိသည်။

ထိုစဥ်မှာပဲ ထက်ဝေဟင်၏ ဖုန်းက အဝင်ခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိလိုက်တော့သည်။

"အင်း...ဟုတ်တယ် နေခြည်။ အခုတော့ ခွေးတစ်ကောင်ဝယ်ပေးထားတယ်....ငြိမ်ပါတယ်၊ "

"တော်သေးတာပေါ့ဟယ်။ သမီးငယ်လည်း တော်တော်လေးကို ကံမကောင်းတာနော်။ ဒါနဲ့ ထည်ဝါ၊ အဲ့ဒီရှဥ့်က အသတ်ခံလိုက်ရတာဆို။"

"ဟုတ်တယ်..."

"ဘယ်သူသတ်တာလဲ...."

Screenတစ်ဖက်ရှိ နေခြည့်မျက်နှာက ထိုအမေးမှာ တော်တော်လေးကို အားသွန်ထာပုံရသည်မို့ သူ့ဘက်ကလည်း...
"မသိသေးဘူး" ဟုသာ ဖြေပေးဖြစ်သည်။

"ဟာ....ရွှေပင်လယ်မောင်ကတော့ လုပ်ပြီ။"

နေခြည်သည် သူ့အားစိတ်မရှည်တော့သည့်အခါမျိုးမှာပဲဖြစ်ဖြစ်၊ သူ့ကိုစနောက်ချင်သည့်အခါမျိုးမှာပဲ ဖြစ်ဖြစ်ထိုသို့ခေါ်ဝေါ်တတ်သည်။ သို့သော်လည်း နေခြည့်ဆီက ထိုသို့နာမည်ကိုကြားတိုင်းမှာ သူသည်ဘာရယ်မဟုတ်ပဲ စိတ်ထဲမကျေမလည်ဖြစ်ရသည်။

"ငါ့ကို အဲ့လိုမခေါ်နဲ့.."

"ဘာလဲ..ရွှေပင်လယ်မောင်ဆိုတဲ့ နာမည်ကိုမကြိုက်ဘူးလား။ ဒီလောက်လှတဲ့ နာမည်ကိုနော်.....
ကောင်ကလေးတစ်ယောက်၊ နောက်ကျမှမွေး..ဟော နာမည်ပေး ရွှေပင်လယ်မောင်လေး...."

သမီးငယ်အကြောင်းကို ပြောနေရင်းကနေ နေခြည်သည် ရောက်တတ်အရာရာစကားတို့ကိုပြောဆိုလေတော့သည်။ ထိုကြောင့်သူသည် call endခလုတ်ကိုနှိပ်ကာ ပြန်ရောက်လာတော့မည့်သမီးငယ်အတွက် လိမ္မော်ဖျော်ရည် ဖျော်ပေးဖို့ရန် ထမင်းစားခန်းဘက်သို့ သွားလိုက်တော့သည်။

ကိုတားကြီးသွားဝယ်လာပေးသော စျေးခြင်းထဲမှ လိမ္မော်သီး ၃လုံးခန့်ကိုထုတ်ယူပြီး basinတွင်ရေဆေးနေစဥ်မှာပဲ....
"သခင်လေး...အကိုလေးကောင်းမြတ်သော ဆီကဖုန်းလာပါတယ်။"

"ပေး...."

ဖုန်းကို ကိုတားကြီးဆီကနေလက်လွှဲယူပြီးနောက်တွင် ညာဘက်နားရွက်နှင့် ညာဘက်ပခုံးကြားတွင်ညှပ်လိုက်ထားလိုက်သည်။ သူ့လက်ချောင်းများကမူ လိမ္မော်သီးများကိုသာ ပြောင်စင်အောင်ဆေးလို့နေလိုက်သည်။

"ထည်ဝါ...."

"ဟုတ်ကဲ့ ဒယ်ဒီ....."

"မင်းပြောတဲ့ ကိစ္စက ဦးမိုးကောင်းကင်နဲ့ ဒေါ်ခင်ဖြူနော်။"

"ဟုတ်တယ်လေ ဒယ်ဒီ၊ တစ်ခုခု ထူးလို့လား...."

"အထူးကြီးလည်း မဟုတ်ပါဘူး။ ငါသိရသလောက်ကတော့ ဒေါ်ခင်ဖြူက မိဘမဲ့ကျောင်းမှာကြီးပြင်းလာတာ။ အဲ့တာကြောင့် သူတို့မိသားစုက အေးချမ်းဝေဟင်ဂေဟာကို တည်ထောင်တာပဲ။ "

"ဒါဆို အေးချမ်းဝေဟင် ဂေဟာက သူတို့တည်ထောင်တာပေါ့။ ဒါနဲ့ ဒယ်ဒီ အဓိကစီးပွားလုပ်ငန်းက ဘာတဲ့လဲ...."

ထိုသို့မေးခွန်းကို သူမေးလိုက်သည့် အချိန်မှာပဲသမီးငယ်က သူ့ရှေ့ကိုရောက်လာခဲ့သည်။ ထိုကြောင့်သူသည် အရည်ညှစ်ပြီးသားဖြစ်သော လိမ္မော်ဖျော်ရည်ကို ဇွန်းဖြင့် အဆုံးသတ်မွှေပေးရင်း သမီးငယ်ထံသို့ကမ်းပေးလိုက်သည်။

"ပျစ်ပျစ်လေး ဖျော်ထားတာလား...."

ဖျော်ရည်ခွက်ကိုလှမ်းယူရင်း မေးသည့် သမီးငယ်ကြောင့် သူသည်ကမ်းလင့်ထားသောလက်ကို နောက်သို့ပြန်ဆုတ်လိုက်ပြီး...
"ကျဲရင် မသောက်ဘူးလား။ "

ဖျော်ရည်ခွက်ကို ဘယ်ဘက်သို့အနည်းငယ်တိမ်းပြီး မေးလိုက်တော့ သမီးငယ်က ချက်ချင်းပဲ သူရပ်နေသည့် အတွင်းဘက်သို့ပြေးဝင်လာပြီး ဖိတ်ကျတော့မလိုဖြစ်နေသော သူကိုင်ထားသည့် ဖျော်ရည်ခွက်ကို ဆွဲယူကာ မော့၍သောက်ချလေသည်။

"အားးးးး.......။
အရသာရှိလိုက်တာ...."

ရုတ်တရပ်ဆိုသလိုနဲ့ အကျယ်ကြီးထွက်ပေါ်လာသော အားခနဲအသံကြောင့် သူ့မှာလန့်ဖြန့်သွားရသော်လည်း တည်တင်းထားလိုက်ရသည်။ ဒီဟာလေးက တကယ်မလွယ်ပါ။ သူနည်းနည်းလေးသာ လန့်ပြလိုက်ရင် ဒီနည်းကိုပဲထပ်ကာထပ်ကာသုံးပြီး ဒီဟာလေး အာပြဲအောင်အော်လိမ့်မည်ဖြစ်သည်။

ထိုသို့ နားထဲစူးခနဲဖြစ်စေမည့်အသံမျိုးကို သူ့အနေနဲ့ထပ်ကာထပ်ကာ မကြားချင်တာကြောင့် မလန့်ချင်ယောင်ဆောင်ထားရသည်။


____________________

Zawgyi.....

"မ်က္ႏွာအရင္သစ္...."

ဝမ္းနည္းမႈအရွိန္အဟုန္ကိုျမႇင့္တင္လိုက္ၿပီး ငယ္သည္ သူ႔မ်က္ႏွာအား လက္ျဖင့္ဆြဲယူရင္း ငယ့္မ်က္ႏွာအပ္ဖို႔ႀကံ႐ြယ္ကာရွိေသးသည္ သူဟာဤသို႔ငယ္ေတြးပုံကို ေစာလ်င္စြာပဲ ခန္႔မွန္းမိပုံရၿပီး သူ႔မ်က္ႏွာကို ငယ္ရွိရာႏွင့္ဆန္႔က်င္ရာဘက္သို႔ယိမ္းသြားသည္။

"ငါလိုက္ပို႔ေပးမယ္...."

သူ႔အျပဳအမူေၾကာင့္ တစ္ဖန္ျပန္လည္လို႔ညႇိဳးငယ္သြားတဲ့ ငယ့္မ်က္ႏွာအရိပ္အကဲကို သူကခ်က္ခ်င္းပဲ နားလည္စြာႏွင့္ ငယ့္အား ထိန္းေပးထားလ်က္ကပင္ ေရခ်ိဳးခန္းရွိရာသို႔ေလွ်ာက္သြားသည္။

"ရၿပီ ေရာ့...."

အသင့္ထည့္ေပးလိုက္ေသာ သြားတိုက္တံကို ငယ္ကလည္း လက္တစဖက္ျဖင့္လွမ္းယူၿပီး က်န္လက္တစ္ဖက္ကိုေတာ့မူ သူ႔လည္ပင္းအားၿမဲၿမံစြာႏွင့္ပင္တြဲဖက္ထားဆဲျဖစ္သည္။

"ဟ!!!..သြားတိုက္တဲ့ အခ်ိန္ေတာ့ ဆင္းမွေပါ့။
ဒီလိုပုံနဲ႔သြားတိုက္ရေအာင္ နင္က ကေလးလား..."

အပ္ဖ်ားေလးတဲ့ တို႔,မိလွ်င္ေတာင္ ႏွလုံးသားကိုတည့္တည့္ကို ဝင္သြားသည့္ျမႇားခ်က္ကဲ့သို႔ ႀကီးက်ယ္ခမ္းနားစြာႏွင့္ ဝမ္းပမ္းတနည္းျဖစ္ေနမည့္ ငယ့္စိတ္အေျခအေနမွာ သူ႔စကားေၾကာင့္ ေၾကကြဲစြာႏွင့္ပင္ သူ႔ကိုယ္ေပၚကေန ဆင္းေပးလိုက္သည္။

အခုမွေတြ႕ရတဲ့ ငယ့္အေပၚကိုလုပ္ရက္ေလျခင္းဆိုသည့္ အေတြးႏွင့္ဝမ္းနည္းမႈေတြလႈိင္ထေတာ့မည့္အေျခအေနမွာပဲ သူဟာငယ့္ေရွ႕ကေနပိတ္ရပ္ၿပီး ငယ့္အား ေက်ာပိုးေလေတာ့သည္။

"မငိုနဲ႔ တိုက္ေတာ့၊ ၿပီးရင္မ်က္ႏွာသစ္.....။
ျမန္ျမန္လုပ္ အုန္းႏို႔ေခါက္ဆြဲဟင္းရည္ ေအးသြားမယ္။"

"အင္း...."

သူ႔အေျပာေတြအားလုံးက အခုခ်ိန္မွာ ငယ့္အတြက္ဝမ္းနည္းစရာေတြၾကည့္ျဖစ္ေနသည္။ ထို႔ေၾကာင့္ညႇိဳးငယ္စြာႏွင့္ပင္ သြားကိုျဖည္းျဖည္းခ်င္းတိုက္ေနလိုက္သည္။

"သမီးငယ္ရာ...."

ငယ့္မွာ သူမ်ားငယ့္ကိုစိတ္မရွည္ဘူးလားလို႔ ေတြးရင္း တျဖည္းျဖည္းခ်င္း ၿပိဳက်ခ်င္လာသည့္ မ်က္ရည္မ်ားႏွင့္ ရွိေနဆဲ၊ လက္ထဲတြင္ရွိေသာ သြားတိုက္တံအား ေ႐ြ႕လ်ားမႈပင္ မလုပ္ႏိုင္သည့္ အေျခအေနမွာ ထိုသို႔ေခၚသံညႇင္းညႇင္းႏွင့္အတူ ေရွ႕သို႔ ဆြဲယူခံလိုက္ရသည့္ငယ့္ခႏၶာကိုယ္ေၾကာင့္ ငယ္သည္သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာ သူ႔ခါးေတြကို တြယ္ခ်ိတ္ထားရသည့္ အေျခအေနသို႔ ေရာက္သြားသည္။

"ဟ....၊ ေနဦး ပါးစပ္ထဲက အရင္ေထြး..."

Basinႏွင့္ ငယ္ၾကားမွာ သူဟာကန္႔လန္႔ကန္႔လန္႔ႏွင့္ ရွိေနသည္တိုင္၊ သူ႔လက္ခုံမွာ သြားတိုက္ေဆးေတြေပက်ံသည့္တိုင္ ေနာက္ဆုံး မ်က္ႏွာသစ္သည့္အခါမွာလည္း ငယ္မ်က္ႏွာမူရာႏွင့္ တူညီေသာလယ္ဗယ္တြင္ရွိေနေသာ သူ႔ရင္ဘက္ျပင္မွာလည္း ေရစိုသြားသည့္တိုင္ သူဟာဘာမွမေျပာပဲ ငယ့္ကိုေရခ်ိဳးခန္းကေန ထိုသို႔ပုံစံအတိုင္းနဲ႔ပဲ ေခၚထုတ္လာသည္။

ၿပီးေနာက္တြင္ ငယ့္အားမ်က္ႏွာသုတ္ေပးၿပီးသည္ႏွင့္ အခန္းထဲကေနထြက္ေတာ့...

"ဝုတ္ ဝုတ္...."

မနက္ခင္းအေစာက ငယ့္အနားကိုေရာက္လာခဲ့သည့္ ေသးေသးေလးက သူတစ္ေယာက္တည္း အခန္းထဲမွာရွိမည့္အေရးကို အသံေပးကာမေနခ်င္ေၾကာင္းေျပာေတာ့သည္။

"မင္းလည္းထြက္...."

စိတ္မရွည္ေသာ သူ႔အသံေၾကာင့္ သူအေနနဲ႔ဒီလိုေခြးေပါက္ေလးကို ဘာေၾကာင့္ေခၚလာသလဲဆိုတာကို ငယ္တကယ္ပဲစဥ္းစားလို႔မရပါ။

"သမီးငယ္..အဲ့ဒီအနားမွာ ခြက္ရွိတယ္။ နင့္ေခြးကို ထည့္ေကြၽးလိုက္....."

သူကိုယ္တိုင္ျပင္ဆင္ေပးထားေသာ ေခါက္ဆြဲႏွင့္ဟင္းရည္အျပင္ စုံလင္လွေသာအမယ္မ်ားကို ငယ္ေမႊေႏွာက္ေနသည့္အခ်ိန္မွာပဲ သူဟာသူ႔အတြက္ဟင္းရည္ထည့္ေနရင္းကေန ေျပာလာသည္။

ငယ္သူ႔ကို ဘာမွျပန္မေမးျဖစ္ပဲ ငယ့္ေျခေထာက္နားမွာ ပြတ္သပ္ေနသည့္ ေသးေသးေလးကို ခ်ီမလိုက္ၿပီး လြတ္ေနသည့္ငယ့္အနားက စားပြဲေနရာမွာတင္ေပးလိုက္သည္။

"ဟိတ္ ဟိတ္...အဲ့ဒီေခြးကို လက္နဲ႔ကိုင္ဖို႔ ဘယ္လိုေတြးလိုက္တာလဲ။ အခု ေအာက္ျပန္ခ်....ၿပီးရင္ လက္သြားေဆး..."

"နင္ပဲ အစာေကြၽးဆို..."

"ေခြးကို ေခြးေနရာမွာေကြၽးေလ။ စားခါနီးေသာက္ခါနီး ေခြးမကိုင္ရဘူးဆိုတာ နင္မသိဘူးလား။"

"ဘာလဲဟ....ဒါ နင္ေခၚလာတဲ့ေခြးေနာ္ ထည္ဝါ။"

"ငါဘယ္တုန္းက အေကာင္ေတြပေလာင္ေတြနဲ႔ စိတ္ရွည္ဖူးလို႔လဲ။ အဲ့တာနင္ဖို႔ ေခၚလာတာ..."

ေျပာေနရင္းႏွင့္ သူသည္ ပရာသီးစိပ္ထည့္ထားေသာပန္းကန္ကို လက္လွမ္းဖို႔ျပင္ေနေသာ ငယ္လက္ကို အနားရွိ ယပ္ေတာက္ျဖင့္ လွမ္းလို႔ဟန္႔တားသည္။

ထိုေၾကာင့္ငယ္သည္ မ်က္ႏွာမဲ့ျပလိုက္ရင္း...
"ဒီလိုဆိုလည္း ငါ့ထည္ဝါကို ငါဘာငါ ဘယ္နားေကြၽးေကြၽးေပါ့။ ေနာ့...ငါ့ကေလးေလး...."

သူေျပာမွပဲ ပိုလုပ္ျပသည့္ သမီးငယ္ဟာ စားပြဲေပၚတြင္တင္ထားေသာ ေခြးကို ေရွ႕လက္ႏွစ္ဖက္ကေလး ကေလးခ်ီသလိုမ်ိဳး ခ်ီေပြ႕ၿပီး ထိုေခြး၏ႏွာေခါင္းနားကို သူမ၏ႏွာေခါင္းကပ္ကာ ကလူ၏ျမဴ၏လုပ္ေလသည္။

သူထပ္ေျပာလွ်င္ သမီးငယ္ကပိုလို႔လုပ္ျပမည္။ သူေျပာသမွ်ကို အၿမဲနားေထာင္ခ်င္ေယာင္ေဆာင္ခဲ့ေသာ သမီးငယ္ကို ဒီေန႔မွာေတာ့ ဘာမွထပ္မေျပာခ်င္ေသးေပ။ ဒီေန႔အဖို႔ေတာ့ ဒီအေကာင္အသစ္ေလးႏွင့္ သမီးငယ္ေနသားက်သြားဖို႔က အေရးႀကီးသည္။

"အဲ့လိုဆိုလည္း နင္႐ုံးသြားရင္ နင္ကေလးနင္ေခၚသြားေလ။ ထမင္းခ်ိဳင့္ကို ႏွစ္ေယာက္စာထုတ္ေပးမယ္။"

"ၾသ...ထည္ဝါ မမနဲ႔လိုက္မွာလား။ ဟင္ ထည္ဝါ....မမတို႔႐ုံးသြားၾကမယ္ေလ။ ဆိပ္ကမ္းမွာ မမနဲ႔အတူလမ္းေလွ်ာက္ၾကမယ္ေလ....ထည္ဝါေလး သေဘာတူရဲ႕လား ဟင္ ဟင္....."

ေခြးမ်က္ႏွာ တစ္ကမာၻထင္ၿပီး ေခြးကိုပဲၾကည့္ကာ ထည္ဝါခ်င္းထပ္ေနေအာင္ တီတာၾကဴးျပေနသည့္ သမီးငယ္ကို သူသိပ္ၿပီးၾကည့္မရခ်င္ေတာ့ေပ။ ၿပီးေတာ့ သူနားမလည္ႏိုင္တာတစ္ခုရွိေသးသည္။

ထိုအရာက...
"ဒီေခြးနာမည္ကလည္း ထည္ဝါပဲလား။ ေနပါဦး သမီးငယ္....နင့္ရဲ႕ရွဥ့္တုန္းက ထားေတာ့၊ အခုေခြးအထိပါ ထည္ဝါခ်င္ေနတာေတာ့ နင္လြန္ၿပီမဟုတ္ဘူးလား။ ဘာလဲ ထည္ဝါဆိုတဲ့နာမည္ကိုေတာ္ေတာ္ေလး ႀကိဳက္ေနတယ္လား.."

"အင္း...ႀကိဳက္တယ္။ ထည္ဝါလို႔ ေခၚရတာကို အရမ္းႀကိဳက္တယ္၊ ေနာ့....ထည္ဝါေလး။

အိုး...မမရဲ႕ေသးေသးေလးရယ္......"

ေျပာေနရင္းမွ သမီးငယ္သည္ အားမလိုအားမရျဖစ္ဟန္ႏွင့္အတူ ထိုင္ေနသည့္ခုံကေနထ,ကာ ေခြးေသးေသးေလးအား ခ်ီေပြ႕ထားလ်က္ကပင္ အတင္းပဲ ညႇစ္ကာ ဖက္တြယ္ေလေတာ့သည္။

"ဒီထည္ဝါေလးက မ်က္လုံးေလးေတြအရမ္းလွတာပဲ။ နင့္လို အညိဳေရာင္ေလးေတြ သူ႔ဆီမွာ...."

ကားအနားထိ သူလိုက္ပို႔ေတာ့ ေခြးကိုခ်ီေပြ႕ထားသည့္ ေခြးသခင္မက သူ႔အားေခြးႏွင့္ႏႈိင္းယွဥ္ေနသည္ကို သူ႔မွာမၿပဳံးမခ်င္ၿပဳံးခ်င္နဲ႔ပဲ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္ၿပီး...
"အင္း..အင္း၊ သြားေတာ့ေနာ္ ေခြးသခင္မႀကီး...."

သမီးငယ္၏ခါးေသးေသးေလးကေန ကိုင္ကာ အသင့္ဖြင့္ထားသည့္ တံခါးကေန တဆင့္ကားအတြင္းသို႔ ဝင္ေစလိုက္သည္။ ၿပီးေနာက္တြင္ သူကိုယ္တိုင္ပဲ ကားတံခါးကို ပိတ္ေပးၿပီး သမီးငယ္အားလက္ျပႏႈတ္ဆက္လိုက္ေတာ့သည္။

သမီးငယ္၏ ကားထြက္သြားသည္ႏွင့္ သူသည္ အိမ္ထဲဝင္ခဲ့လိုက္ၿပီး သူ႔ဖုန္းကိုယူကာ အျပင္ထြက္ခဲ့လိုက္သည္။ သူနဲ႔အတူ ပါလာသည္က ကိုတားႀကီးျဖစ္သည္။

"သခင္ေလး...Royal resortကိုပဲ ေမာင္းရမွာလားဗ်။"

"ဟုတ္တယ္..ကိုတားႀကီး။ တစ္ညလုံးကားစီးလာရတာ ကြၽန္ေတာ္ ေရကူးခ်င္ၿပီ..."

"ဟုတ္ကဲ့ သခင္ေလး..."

သို႔ႏွင့္သူသည္ သူရွယ္ယာဝင္ထားေသာ Royal resort၏ ေရကူးကန္တြင္ အနားယူေနသည္။ ခႏၶာကိုယ္ပင္ပန္းေနသည့္ အခ်ိန္မ်ိဳးမွာ ေရကူးရတာကို သူသေဘာက်သည္။ ထိုသို႔အခါမ်ိဳးမွ သူ႔ခႏၶာကိုယ္က ျပန္လည္ၿပီးတက္ႂကြလာသလိုခံစားရသည္။

ေပ၆၀ပတ္လည္ ေရကူးကန္တြင္ ကန္ေဘာင္အထက္မွ သူခုန္ခ်လွ်င္ အနည္းဆုံး ၇ေပေလာက္အထိေတာ့ ေရာက္သည္။ ထိုေနရာမွာ သူအရပ္၏ရွည္လ်ားမႈေၾကာင့္ တစ္ဖက္ရွိ ေဘာင္သို႔ေရာက္ရန္အတြက္ အခ်ိန္သိပ္မယူလိုက္ရေပ။

ဒါေတာင္ ေရကူးကေပ၆၀ပတ္လည္မိုလို႔ျဖစ္သည္။ သူ႔အေနနဲ႔ အိမ္မွာရွိသည့္ေရကူးကန္ထက္ ဒီRoyal resortက ေရကူးကန္ကို ပိုလို႔သေဘာက်တာကလည္း ထိုသို႔ ႀကီးမားက်ယ္ျပန္႔ျခင္းေၾကာင့္ပင္ ျဖစ္သည္။ ဒီကန္မွာဆို သူအၿမဲေရ ၾကာၾကာကူးရသည္ဟု ထင္မိသည္။

ေတာင္ႏွင့္ေျမာက္ကို အစုန္အဆန္ႏွင့္ကူးခတ္ေနတာ အခ်ိန္ေတာ္ေတာ္ၾကာၿပီျဖစ္ေသာ္လည္း သူ႔ခႏၶာကိုယ္က အခုထိပင္ပန္းမႈေတြ မေျပေလ်ာ့ေသးေပ။ သို႔ေသာ္လည္း မနားပဲကူးခတ္ေနရင္ ေရ၏အရသာကိုခံစားလို႔ ရမွာမဟုတ္တာေၾကာင့္ သူသည္ တာထြက္သည့္ ေဘာင္အနားမွာ ေက်ာကပ္လိုက္ရင္း သူ႔လက္ႏွစ္ဖက္ကို ေဘာင္ေပၚခ်ထားကာ အနီးရွိ ေ႐ႊေရာင္ဗန္းေလးအထက္မွ အရက္ခြက္ကို ေကာက္ကိုင္လိုက္သည္။

"ရႈတိုင္းယဥ္ေလးရယ္ ေမႊးနံ႔သာၿပီကြယ္...
ေရွ႕ကၾကည့္လည္း ယဥ္တယ္၊ ေနာက္ကၾကည့္လည္းယဥ္တယ္...

ဘယ္လိုပဲ ၾကည့္ၾကည့္ရင္ထဲသူရယ္....."

အသံေၾကာင့္ သူေနာက္သို႔ျပန္လွည့္ၾကည့္လိုက္သည့္အခ်ိန္တြင္ အၿမဲတမ္းမုန္းစရာေကာင္းသည့္ ဒီမ်က္ႏွာႏွင့္လူဟာ bathrobeကို ရင္ဘက္ဟဟဖြင့္ထား၍ လက္ပိုက္ကာ ၾကည့္ေနသည္က သူ႔အားေဒါသထြက္ေစသည္။

"မင္း အရက္ေသာက္တာကအစ ကိုယ့္မွာရင္ခုန္ေနရၿပီ..."

ထက္ေဝဟင္သည္ သူ႔အားလွည့္ၾကည့္ၿပီးခါမွ အရက္ခြက္ကို ေကာက္ယူကာ ေမာ့ခ်သည့္ အၾကင္လူသား၏ပုံရိပ္အား တစ္စေလးမွ်လြတ္မသြားရေလေအာင္ မ်က္ေတာင္မခတ္စတမ္းၾကည့္ရင္း ထိုသို႔ေရ႐ြတ္လိုက္တာျဖစ္သည္။

"ခင္ဗ်ား...."
ဆိုေသာအသံႏွင့္အတူ ထက္ေဝဟင္မွာ မ်က္စိေရွ႕က အခ်စ္ရိပ္ေလးကို အခိုးအေငြ႕ေတြတလူလူထြက္ေတာ့မတတ္အထိၾကည့္ေနရင္းမွာ ေျခေထာက္အနားကို ေရာက္လာသည့္ ဖန္ခြက္က ကြဲစမ်ားျဖင့္ ေၾကမြလြတ္စင္ကုန္သည္။

ထိုျဖစ္အင္ေၾကာင့္ ထက္ေဝဟင္ ထိတ္လန္႔သြားရၿပီး ထိုေနရာမွာပဲ ရင္ဘက္ေပၚလက္တင္က ရန္ခုန္ျခင္း၊ ထိတ္လန္႔ျခင္းေၾကာင့္တုန္လႈပ္သြားသည္ ႏွလုံးသားငယ္ကို ဖမ္းဆုပ္ထိန္းခ်ဳပ္လိုက္ရသည္။

"က်ဳပ္နဲ႔ ဘာျဖစ္ခ်င္တာလဲ ေျပာလိုက္ေတာ့။ က်ဳပ္စိတ္မရွည္ခ်င္ေတာ့ဘူး....ေျပာ"

ေရကူးကန္ေဘာင္ဘက္ကို လွည့္လာသည့္ သူ႔မ်က္ႏွာဟာ ေဒါသေၾကာင့္မည္းေမွာင္လို႔ေနၿပီး ခဏခ်င္းမွာပဲ ဖြာခနဲလြင့္စင္သြားသာ ေရစက္မ်ားႏွင့္အတူ ေဘာင္ေပၚသို႔တတ္လာေသာ သူ႔ခႏၶာကိုယ္ရွိ အစိတ္အပိုင္းမွာက ထက္ေဝဟင္ကိုမွင္သက္ေစသည္။

ညိဳေသာ အသားအရည္သည္ အထက္ပိုင္းတစ္ခုလုံးဗလာက်င္း၍ေနၿပီး တုတ္ခိုင္ေသာ သူ႔ေျခတံတစ္ေလွ်ာက္မွာ ေယာက်ာ္းဆန္ဆန္အေမႊးအမွ်င္မ်ားသည္ ထက္ေဝဟင္၏ဝင္သက္ထြက္သက္ကို အခိုက္အတန္႔မွ် ရပ္တန္႔သြားေစသည္။ ထက္ေဝဟင္၏မ်က္စိေရွ႕တြင္ ရွိေနေသာသူသည္ ေမာ္ဒယ္အလားထင္မွတ္ရသည့္ အခ်ိဳးအဆစ္ကို ပိုင္ဆိုင္ထားသူျဖစ္သည္။

အရပ္အေမာင္းသည္ အာရွသားတို႔ထဲတြင္ ထူးျခားလွေသာအရပ္အေမာင္းျဖစ္ေသာ္လည္း အသားအရည္ကမူ ေနအပူခ်ိန္ျပင္းလွေသာ အာရွတိုက္၏ျပ႐ုပ္သဖြယ္ ညိဳစင္၍ ေရစက္မ်ားေၾကာင့္ျဖစ္မည္ ညိဳေသာအသားအရည္အထက္က ရွင္းသန္႔မႈမ်ားသည္ နတ္ဘုရားမ်ား၏ေတာက္ပမႈသဖြယ္ ထက္ေဝဟင္၏ေရွ႕တြင္ တည္တင္းစြာရပ္၍ေနေလသည္။

အေၾကာတို႔ထင္းေနေသာ လက္ေမာင္းမွစ၍ လက္ေကာက္ဝတ္အဆုံး ရွည္သြယ္ေသာလက္ေခ်ာင္းတို႔မွာ ေနာက္ထပ္အရက္ခြက္တစ္ခြက္ကိုကိုင္ထားသည္က ပုံထုၿပီး ကိုးကြယ္ထားခ်င္စရာေကာင္းလွသည္။

"ေဟ့လူ...."

"က်စ္....ကိုယ္ မင္းရဲ႕ခန္႔ညားမႈေတြကို ကဗ်ာေတြသီေနတာ။"

"ေတာက္...ခင္ဗ်ား ေတာ္ေတာ္မ်က္ႏွာေျပာင္တာပဲ။"

"ဟုတ္တယ္။ အဲ့တာ ကိုယ္မင္းကို ခ်စ္လို႔..."

ထိုသို႔ေျပာၿပီး ထိုလူ၏အၾကည့္တို႔ေရာက္ရွိလာသည့္ သူ႔ခႏၶာကိုယ္အလယ္ပိုင္းေနရာကို သူ႔မွာဖုံးရခက္၊ ကြယ္ရခက္နဲ႔ပဲ...
ခြပ္ !!!

မေတြးတတ္ေတာ့သည့္ အဆုံးမွာ ထိုလူ၏မ်က္ႏွာကို ထိုးခ်လိုက္ေတာ့သည္။ သူ႔ခႏၶာကိုယ္ကို တစိမ့္စိမ့္ၾကည့္ၿပီး စိတ္ထ,ခ်င္ေနသည့္ ထိုလူကို သူပိုလို႔မုန္းမိသည္။

"ဟား ဟားး....ဘာလို႔ မင္းကအဲ့ေလာက္ထိရွက္ေနတာလဲ။ ၾကည့္ဦး မင္းနား႐ြက္ေလးေတြက နီညိဳေရာင္သမ္းလာေနၿပီ...."

သူကိုယ္တိုင္ပဲ လက္သီးနဲ႔ထိုးၿပီး ထက္ေဝဟင္ဘက္ကျပန္ေမာ့ၾကည့္လာသည့္အခါတြင္  သူကိုယ္တိုင္ပဲ အရွက္သည္းေနရသည့္ အမ်ိဳးသားက ဤေနရာမွာလည္း ေယာက်ာ္းဆန္ဆန္နဲ႔ခ်စ္ဖို႔ေကာင္းတာ အမွန္ပင္။

"သခင္ေလး...Cctvမွတ္တမ္း ရပါၿပီ။"

"သြားမယ္....."

ထက္ေဝဟင္အား ႐ြံရွာသလိုၾကည့္ကာ အနားကေန ေျခလွမ္းအက်ဲမ်ားျဖင့္ ထြက္သြားေသာ ႏွလုံးသားက ကိုးကြယ္ရတဲ့ သက္ရွိလူသားေလးေနာက္သို႔ ထက္ေဝဟင္ လိုက္မသြားမိေအာင္ မနည္းပဲထိန္းထားမိသည္။

ထိုစဥ္မွာပဲ ထက္ေဝဟင္၏ ဖုန္းက အဝင္ေခၚဆိုမႈတစ္ခုကိုလက္ခံရရွိလိုက္ေတာ့သည္။

"အင္း...ဟုတ္တယ္ ေနျခည္။ အခုေတာ့ ေခြးတစ္ေကာင္ဝယ္ေပးထားတယ္....ၿငိမ္ပါတယ္၊ "

"ေတာ္ေသးတာေပါ့ဟယ္။ သမီးငယ္လည္း ေတာ္ေတာ္ေလးကို ကံမေကာင္းတာေနာ္။ ဒါနဲ႔ ထည္ဝါ၊ အဲ့ဒီရွဥ့္က အသတ္ခံလိုက္ရတာဆို။"

"ဟုတ္တယ္..."

"ဘယ္သူသတ္တာလဲ...."

Screenတစ္ဖက္ရွိ ေနျခည့္မ်က္ႏွာက ထိုအေမးမွာ ေတာ္ေတာ္ေလးကို အားသြန္ထာပုံရသည္မို႔ သူ႔ဘက္ကလည္း...
"မသိေသးဘူး" ဟုသာ ေျဖေပးျဖစ္သည္။

"ဟာ....ေ႐ႊပင္လယ္ေမာင္ကေတာ့ လုပ္ၿပီ။"

ေနျခည္သည္ သူ႔အားစိတ္မရွည္ေတာ့သည့္အခါမ်ိဳးမွာပဲျဖစ္ျဖစ္၊ သူ႔ကိုစေနာက္ခ်င္သည့္အခါမ်ိဳးမွာပဲ ျဖစ္ျဖစ္ထိုသို႔ေခၚေဝၚတတ္သည္။ သို႔ေသာ္လည္း ေနျခည့္ဆီက ထိုသို႔နာမည္ကိုၾကားတိုင္းမွာ သူသည္ဘာရယ္မဟုတ္ပဲ စိတ္ထဲမေက်မလည္ျဖစ္ရသည္။

"ငါ့ကို အဲ့လိုမေခၚနဲ႔.."

"ဘာလဲ..ေ႐ႊပင္လယ္ေမာင္ဆိုတဲ့ နာမည္ကိုမႀကိဳက္ဘူးလား။ ဒီေလာက္လွတဲ့ နာမည္ကိုေနာ္.....
ေကာင္ကေလးတစ္ေယာက္၊ ေနာက္က်မွေမြး..ေဟာ နာမည္ေပး ေ႐ႊပင္လယ္ေမာင္ေလး...."

သမီးငယ္အေၾကာင္းကို ေျပာေနရင္းကေန ေနျခည္သည္ ေရာက္တတ္အရာရာစကားတို႔ကိုေျပာဆိုေလေတာ့သည္။ ထိုေၾကာင့္သူသည္ call endခလုတ္ကိုႏွိပ္ကာ ျပန္ေရာက္လာေတာ့မည့္သမီးငယ္အတြက္ လိေမၼာ္ေဖ်ာ္ရည္ ေဖ်ာ္ေပးဖို႔ရန္ ထမင္းစားခန္းဘက္သို႔ သြားလိုက္ေတာ့သည္။

ကိုတားႀကီးသြားဝယ္လာေပးေသာ ေစ်းျခင္းထဲမွ လိေမၼာ္သီး ၃လုံးခန္႔ကိုထုတ္ယူၿပီး basinတြင္ေရေဆးေနစဥ္မွာပဲ....
"သခင္ေလး...အကိုေလးေကာင္းျမတ္ေသာ ဆီကဖုန္းလာပါတယ္။"

"ေပး...."

ဖုန္းကို ကိုတားႀကီးဆီကေနလက္လႊဲယူၿပီးေနာက္တြင္ ညာဘက္နား႐ြက္ႏွင့္ ညာဘက္ပခုံးၾကားတြင္ညႇပ္လိုက္ထားလိုက္သည္။ သူ႔လက္ေခ်ာင္းမ်ားကမူ လိေမၼာ္သီးမ်ားကိုသာ ေျပာင္စင္ေအာင္ေဆးလို႔ေနလိုက္သည္။

"ထည္ဝါ...."

"ဟုတ္ကဲ့ ဒယ္ဒီ....."

"မင္းေျပာတဲ့ ကိစၥက ဦးမိုးေကာင္းကင္နဲ႔ ေဒၚခင္ျဖဴေနာ္။"

"ဟုတ္တယ္ေလ ဒယ္ဒီ၊ တစ္ခုခု ထူးလို႔လား...."

"အထူးႀကီးလည္း မဟုတ္ပါဘူး။ ငါသိရသေလာက္ကေတာ့ ေဒၚခင္ျဖဴက မိဘမဲ့ေက်ာင္းမွာႀကီးျပင္းလာတာ။ အဲ့တာေၾကာင့္ သူတို႔မိသားစုက ေအးခ်မ္းေဝဟင္ေဂဟာကို တည္ေထာင္တာပဲ။ "

"ဒါဆို ေအးခ်မ္းေဝဟင္ ေဂဟာက သူတို႔တည္ေထာင္တာေပါ့။ ဒါနဲ႔ ဒယ္ဒီ အဓိကစီးပြားလုပ္ငန္းက ဘာတဲ့လဲ...."

ထိုသို႔ေမးခြန္းကို သူေမးလိုက္သည့္ အခ်ိန္မွာပဲသမီးငယ္က သူ႔ေရွ႕ကိုေရာက္လာခဲ့သည္။ ထိုေၾကာင့္သူသည္ အရည္ညႇစ္ၿပီးသားျဖစ္ေသာ လိေမၼာ္ေဖ်ာ္ရည္ကို ဇြန္းျဖင့္ အဆုံးသတ္ေမႊေပးရင္း သမီးငယ္ထံသို႔ကမ္းေပးလိုက္သည္။

"ပ်စ္ပ်စ္ေလး ေဖ်ာ္ထားတာလား...."

ေဖ်ာ္ရည္ခြက္ကိုလွမ္းယူရင္း ေမးသည့္ သမီးငယ္ေၾကာင့္ သူသည္ကမ္းလင့္ထားေသာလက္ကို ေနာက္သို႔ျပန္ဆုတ္လိုက္ၿပီး...
"က်ဲရင္ မေသာက္ဘူးလား။ "

ေဖ်ာ္ရည္ခြက္ကို ဘယ္ဘက္သို႔အနည္းငယ္တိမ္းၿပီး ေမးလိုက္ေတာ့ သမီးငယ္က ခ်က္ခ်င္းပဲ သူရပ္ေနသည့္ အတြင္းဘက္သို႔ေျပးဝင္လာၿပီး ဖိတ္က်ေတာ့မလိုျဖစ္ေနေသာ သူကိုင္ထားသည့္ ေဖ်ာ္ရည္ခြက္ကို ဆြဲယူကာ ေမာ့၍ေသာက္ခ်ေလသည္။

"အားးးးး.......။
အရသာရွိလိုက္တာ...."

႐ုတ္တရပ္ဆိုသလိုနဲ႔ အက်ယ္ႀကီးထြက္ေပၚလာေသာ အားခနဲအသံေၾကာင့္ သူ႔မွာလန္႔ျဖန္႔သြားရေသာ္လည္း တည္တင္းထားလိုက္ရသည္။ ဒီဟာေလးက တကယ္မလြယ္ပါ။ သူနည္းနည္းေလးသာ လန္႔ျပလိုက္ရင္ ဒီနည္းကိုပဲထပ္ကာထပ္ကာသုံးၿပီး ဒီဟာေလး အာၿပဲေအာင္ေအာ္လိမ့္မည္ျဖစ္သည္။

ထိုသို႔ နားထဲစူးခနဲျဖစ္ေစမည့္အသံမ်ိဳးကို သူ႔အေနနဲ႔ထပ္ကာထပ္ကာ မၾကားခ်င္တာေၾကာင့္ မလန္႔ခ်င္ေယာင္ေဆာင္ထားရသည္။

Continue Reading

You'll Also Like

55.1K 4.6K 16
_ ကိုရင်ငယ်လေးရယ် ကလေးလေးရယ် နောက်ပြီး နောင်တတစ်ပွေ့တစ်ပိုက်နဲ့ ထိုအမျိုးသားရယ် Start date: 5 march 2023 End date: ....
174K 13.7K 38
....
1.4K 227 20
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio