Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.8K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
45
46
47
48
49
50

44

1.2K 162 10
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : ေဆးအသစ္တခ်ိဳ႕ေၾကာင့္ ေရွာင္ဟန္းရဲ႕မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံး ]

•အခ်ပ္ပို ၃ : အတိတ္သို႔ျပန္လွည့္•

"ဒါက ျပည္ပေဈးကြက္ေတြထဲမွာ ေပါက္လာတဲ့ ေဆးအသစ္ေလ၊ တအားထိေရာက္မႈရွိတယ္၊ တင္းက်ပ္တဲ့ေဆးဝါးစစ္ေဆးမႈကလည္း အဲ့တာက လုံးဝေဘးကင္းတယ္ဆိုၿပီး အတည္ျပဳေပးထားတယ္၊ အျပင္းအထန္မဟုတ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ႏိုင္ေျခကလည္း ေတာ္ေတာ္ေလးနည္းပါးၿပီး အႂကြင္းအက်န္သက္ေရာက္မႈေတြလည္း မရွိဘူးဆိုေတာ့ စိတ္မပူပါနဲ႔"

ျပည္ပက ကြၽမ္းက်င္ပညာရွင္က ဒီေလာက္ေျပာေနမွေတာ့ ကြၽန္ေတာ့္ရဲ႕ခြဲစိတ္မႈလုပ္ၿပီး ႏွစ္ႏွစ္ေက်ာ္ေလာက္အၾကာမွာ ကြၽန္ေတာ့္ရဲ႕ေသြးျဖဴဥပမာဏကို ထိန္းခ်ဳပ္ဖို႔အတြက္ ဒီလိုေဆးနည္းမ်ိဳးကို ကြၽန္ေတာ္ေျပာင္းသုံးလိုက္တယ္။

ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္မွာ ျပႆနာေပၚလာတာမ်ိဳးေတာ့ မရွိဘူး။ ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံးအရာက အဲ့ေဆးကိုစားရတာက ကြၽန္ေတာ့္ရဲ႕စိတ္ခ်မ္းသာရာရမႈအတြက္ အာမခံခ်က္ရေစတယ္။

ဒါေပမယ့္ ေနာက္ပိုင္း ကြၽန္ေတာ္အဲ့အေၾကာင္း ေတြးလိုက္ခ်ိန္မွာ ဒီဟာက ဒီအျဖစ္အပ်က္ရဲ႕ေနာက္ကြယ္က အဓိကတရားခံျဖစ္ေလာက္တယ္ဆိုတာ သိလာရတယ္။

ထိုေန႔မနက္ ကြၽန္ေတာ့္ခႏၶာကိုယ္က တအားေႏြးေနသလိုခံစားရတာေၾကာင့္ မနက္အေစာပိုင္းႀကီး ကြၽန္ေတာ့္မ်က္လုံးေတြကို ဖြင့္လိုက္တယ္။

ေသခ်ာေပါက္ ကြၽန္ေတာ္ ေႏြးေနမွာေပါ့၊ ကြၽန္ေတာ္က လက္ရွိမွာ တစ္စုံတစ္ေယာက္ရဲ႕ရင္ခြင္ေပၚမွာ လွဲေနၿပီး တင္းက်ပ္စြာ ဖက္ထားခံရကာ ကြၽန္ေတာ္တို႔ရဲ႕ ေျခေတြလက္ေတြကလည္း လိမ္ယွက္ေနတယ္။ ကြၽန္ေတာ္ ဒါကို သတိထားမိလိုက္တဲ့အခါ အရမ္းလန႔္သြားၿပီး ေလေအးတစ္ခ်က္ရႈိက္မိသြားၿပီး တတ္ႏိုင္သမွ် ျမန္ျမန္ကုန္းထလိုက္တယ္။

'ငါ ဘာ-ဘာ-ဘာလုပ္မိခဲ့တာလဲ? ငါ ဘယ္ေရာက္ေနတာလဲ?'

ေဘးနားပတ္လည္က ပရိေဘာဂေတြက တအားရင္းႏွီးေနသလိုပဲ။ ဒါက... ကြၽန္ေတာ့္အိမ္နဲ႔တူေနတယ္။

ကြၽန္ေတာ္ စိတ္သက္သာရာရစြာ သက္ျပင္းခ်မိလိုက္တယ္။ ကြၽန္ေတာ္ ငုံ႔ၾကည့္လိုက္ခ်ိန္မွာ ကြၽန္ေတာ့္ေဘးမွာ အိပ္ေနတဲ့လူက တကယ္ႀကီး သူျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။

ေလာ့ယြီခ်န္။

ကြၽန္ေတာ္က အရမ္းစိတ္မတည္မၿငိမ္ျဖစ္ေနၿပီး စိတ္ဓာတ္က်ေနတာေၾကာင့္ ႀကဳံရာက်ပန္းသူစိမ္းတခ်ိဳ႕ကို ေခၚမလာခဲ့မိတာကိုပဲ ေကာင္းကင္ဘုံႀကီးကို ေက်းဇူးတင္ရမယ္။

ဒါေပမယ့္ ဘယ္လိုေတာင္ ထူးဆန္းေနတာလဲ၊ ေလာ့ယြီခ်န္က ဘာျဖစ္လို႔ ကြၽန္ေတာ့္အိပ္ရာေပၚမွာ အိပ္ေနရတာလဲ?

သူ အိပ္ရာေပၚမွာ ဘယ္တုန္းကမွ မအိပ္ခဲ့ဘူးမွတ္လား? ပိုၿပီးထူးဆန္းတဲ့အရာက _ အိပ္ရာေဘးကမီးအိမ္က ဖြင့္မထားသလိုပဲ။

ၿပီးေတာ့ သူအိပ္ေပ်ာ္ေနတုန္း ကြၽန္ေတာ့္ကို ဘာလို႔ဖက္ထားရတာလဲ?

ကြၽန္ေတာ္ေဆး႐ုံတက္လိုက္ရတာေၾကာင့္ ႐ုတ္တရက္ႀကီး အသိတရားရသြားၿပီး အရင္ကဆို ကြၽန္ေတာ့္ကိုအၿမဲတမ္း ဆိုးဆိုးဝါးဝါးဆက္ဆံခဲ့မိတာကို သတိထားမိလိုက္တာေၾကာင့္ေတာ့ မဟုတ္ဘူးမွတ္လား။

မေန႔တုန္းကမွ ခ်ဳပ္႐ိုးေတြျဖည္ထားတာဆိုေတာ့ အခုကြၽန္ေတာ့္ရဲ႕ႏွဖူးေပၚမွာ ဒဏ္ရာေသးေသးေလး ရွိေလာက္တယ္။ သူလည္း ေဒါသထြက္ထြက္နဲ႔ ဘာမွမစဥ္းစားဘဲ ကြၽန္ေတာ့္ကို တြန္းလိုက္တာဆိုေပမယ့္ ကြၽန္ေတာ္လည္း အရမ္းေဒါသထြက္လြန္းလို႔ သူ႔ကို သုံးရက္ေလာက္ စကားမေျပာခဲ့မိဘူး။

... ဟုတ္ပါတယ္ေလ၊ ဒီစကားေတြက တကယ္ေတာ့ ကြၽန္ေတာ့္ဖာသာ ေျဖသိမ့္႐ုံသက္သက္ပါပဲ။

အမွန္ေတာ့ ကြၽန္ေတာ့္ကို သုံးရက္တိုင္တိုင္စကားမေျပာခဲ့တဲ့လူက သူျဖစ္ၿပီး ကြၽန္ေတာ့္ကို ေဆး႐ုံမွာ တစ္ခါေလးေတာင္ လာမၾကည့္ခဲ့ဘူး။ ေဆး႐ုံကဆင္းၿပီးတဲ့ေနာက္ ကြၽန္ေတာ့္ဖာသာပဲ ဒီကိုျပန္လာရတာျဖစ္ၿပီး ညဥ့္နက္သန္းေခါင္ခ်ိန္ေရာက္တာေတာင္ သူက ျပန္မလာေသးဘူး။

ကြၽန္ေတာ္ တကယ့္ကိုစိတ္ဆင္းရဲခဲ့ရတယ္။

အဲ့ေတာ့ သူက ဘာလို႔ ကြၽန္ေတာ့္ေဘးနားမွာ လာအိပ္ေနတာလဲ?

ဘာျဖစ္သြားခဲ့တာလဲ? မေန႔ညတုန္းက သူဘယ္အခ်ိန္ ျပန္ေရာက္လာတာလဲ? ကြၽန္ေတာ္က အၿမဲတမ္းဆိုသလို အအိပ္ဆက္တဲ့လူျဖစ္ေနခဲ့တာကို ဘယ္လိုျဖစ္ၿပီး ဘာသံမွ မၾကားမိခဲ့ရတာလဲ?

ေနာက္ၿပီး... ကြၽန္ေတာ္ သူ႔ကို ေနာက္ဆုံးေတြ႕ခဲ့တာက သုံးရက္ေလာက္ေလးပဲရွိေသးတာကို ဘာျဖစ္လို႔ သူ႔ရဲ႕အိပ္ေနတဲ့မ်က္ႏွာက အေတာ္ေလးကြာျခားသြားရတာလဲ၊ သူ႔အမူအယာက ပုံမွန္ထက္ ပိုႏူးညံ့ေနတယ္။ သူ႔ႏႈတ္ခမ္းေတြက စြဲမက္ဖြယ္အၿပဳံးတစ္ခုေပၚေနတဲ့အထိ ေကြးေနတာေၾကာင့္ သူ႔ၾကည့္ရတာ အိမ္မက္ေကာင္းေကာင္းေလးတစ္ခု မက္ေနတဲ့ပုံပဲ။

သူ႔ဆံပင္က နား႐ြက္ေတြေပၚက်ေနတယ္၊ အဲ့ျမင္ကြင္းက ကြၽန္ေတာ့္ကို ေသြးေဆာင္ျဖားေယာင္းေနသလိုမ်ိဳး ကြၽန္ေတာ့္ႏွလုံးသားကို ယားက်ိက်ိျဖစ္ေစတာေၾကာင့္ ကြၽန္ေတာ္လည္း မေနႏိုင္ေတာ့ဘဲ လက္တစ္ဖက္ကို ဆန႔္ထုတ္ခ်င္လာတယ္။

... ေနအုံး သူ႔နားဆြဲက ဘယ္မွာလဲ! ကြၽန္ေတာ္သူ႔ကို ေပးခဲ့တဲ့ နားဆြဲက ဘယ္ေရာက္သြားတာလဲ? ဘာလို႔ အဲ့တာကို မဝတ္ထားတာလဲ သူ ခြၽတ္ထားတာလား?

အဲ့တာဆို ကြၽန္ေတာ္ေဆး႐ုံမွာေနရတဲ့တစ္ေလွ်ာက္လုံး အဲ့နားဆြဲက သူ႔ကို အျပစ္မကင္းသလို ခံစားရေစလို႔လား၊ ၿပီးေတာ့ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ေဘးမွာ လာအိပ္ေနတာလား? ဒါေပမယ့္ သူက အဲ့လိုလူမ်ိဳးမို႔လို႔လား?

သူ႔အေပၚ ကြၽန္ေတာ္နားလည္ထားသလိုဆိုရင္ သူက ကြၽန္ေတာ့္အေပၚ မဆိုစေလာက္ေလးေတာင္ ေတာင္းပန္ခ်င္စိတ္ ခံစားရေလာက္မွာမဟုတ္ဘူး ဟုတ္တယ္မွတ္လား?

ဒီလိုအေတြးေရယာဥ္ထဲမွာ ေျမာေနတုန္း သူက အသံတစ္ခ်က္ျပဳလာၿပီး ရီေဝေဝနဲ႔ မ်က္လုံးေတြဖြင့္လာတယ္။

"ေမာနင္း" သူက ကြၽန္ေတာ့္ကိုၾကည့္ရင္း ပ်င္းတြဲေက်နပ္မႈအျပည့္နဲ႔ ၿပဳံးျပလာတယ္။ ၿပီးေတာ့ အဲ့ေနာက္မွာ ပုံမွန္အေလ့အက်င့္ျဖစ္ေနတဲ့အတိုင္း သူ႔လက္တစ္ဖက္ကို ဆန႔္ထုတ္လာၿပီး ကြၽန္ေတာ့္ရဲ႕ေခါင္းအေနာက္ဘက္မွာ ေနရာခ်ကာ သူ႔ဘက္ကို လွစ္ခနဲဆြဲလိုက္ၿပီး ကြၽန္ေတာ့္ကို နမ္းလာတယ္။

သူ ထလိုက္တယ္ဆိုတာနဲ႔ သူ႔ေပၚကေန ေစာင္ကေလွ်ာက်သြားၿပီး တုႏႈိင္းမရေအာင္ ဆြဲေဆာင္မႈအျပည့္နဲ႔ခႏၶာကိုယ္က ကြၽန္ေတာ့္စိတ္ကို ခဏတြင္းခ်င္း ေပ်ာ့ေခြသြားေစတယ္။

ဒါက ထင္ေယာင္ထင္မွားျဖစ္တာ၊ ထင္ေယာင္ထင္မွာ၊ ေသခ်ာေပါက္ ထင္ေယာင္ထင္မွား!

ေစာင္ထဲကေန ကြၽန္ေတာ့္ေပါင္ကို မသိမသာဆြဲဆိတ္လိုက္တယ္ _ ထင္တဲ့အတိုင္းပဲ မနာဘူး။

"ေဟး မင္း ဘာလုပ္တာလဲ! နည္း- နည္း- နည္းနည္း ေျဖးေျဖးသက္သာလုပ္ပါ ရမလား!" ကြၽန္ေတာ့္ရဲ႕အျပဳအမူေၾကာင့္ သူ႔ရဲ႕အိပ္ခ်င္မူးတူးျဖစ္ေနတာေတြ လုံးဝေပ်ာက္သြားသေလာက္ျဖစ္သြားၿပီး ကြၽန္ေတာ့္ကို အမ်က္ထြက္ျခင္းသိပ္မရွိဘဲ စိုက္ၾကည့္လာတယ္။

ကြၽန္ေတာ္ မွင္သက္သြားရတယ္။ ကြၽန္ေတာ္ သူ႔ကို နာက်င္ေအာင္လုပ္ခဲ့တာေတာင္ သူက ေဒါသမထြက္ဘူးတဲ့။

သူ လုံးဝေဒါသ မထြက္ဘူး! သူက မနက္ခင္းေတြမွာ အေတာ္ေလးစိတ္တိုတတ္တဲ့လူမ်ိဳး ဘယ္တုန္းကမွ မဟုတ္ခဲ့ေပမယ့္ အခုခ်ိန္မွာ သူက လုံးဝႏိုးႏိုးၾကားၾကားျဖစ္သြားတဲ့ပုံေပၚတာကို ဘာျဖစ္လို႔ ပုံမွန္ျဖစ္ေနက်ထက္ ဒီေလာက္ထိ ကြာျခားေနရတာလဲ?

ဒါေပမယ့္ ေနာက္ဆက္တြဲေတြက ကြၽန္ေတာ့္ကို ပိုၿပီးေတာ့ေတာင္ အံ့ဩေစတယ္။ သူက ကြၽန္ေတာ့္ကို ဖက္လာၿပီး ကြၽန္ေတာ့္ရင္ဘတ္ကို သူ႔ေခါင္းနဲ႔ ခ်စ္စရာေကာင္းေလာက္ေအာင္ လာပြတ္ေနတယ္၊ ပြတ္သပ္ေနလြန္းတာေၾကာင့္ ကြၽန္ေတာ္လည္း မ်က္ႏွာသာအေပးခံရတယ္ဆိုၿပီး လႈိက္ခနဲေပ်ာ္သြားကာ ႏွလုံးသားကေတာင္ ကလိကလိျဖစ္လာတယ္။ အဲ့ေနာက္မွာ သူ႔ရဲ႕ညည္းတြားသံကို ၾကားလိုက္ရတယ္ "အာ~ ငါ မခံစားႏိုင္ေတာ့ဘူး! ဒီလို မနက္ေစာေစာစီးစီး ဆြဲေဆာင္မႈရွိတဲ့ အမူအယာမ်ိဳး မလုပ္စမ္းနဲ႔! မင္းခႏၶာကိုယ္က မခံႏိုင္တာေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ငါ မနက္တိုင္းလည္း အဲ့တာကို တကယ္ထပ္လုပ္မိအုံးမွာ!"

အဲ့ေနာက္မွာ ကေလးတစ္ေယာက္လိုမ်ိဳး ကြၽန္ေတာ့္ကို တြန႔္ဆုတ္ဆုတ္နဲ႔ မလႊတ္ေပးခင္မွာ ဆူပြပြျဖစ္ေနၿပီးမွ ေစာင္ကိုတြန္းဖယ္ကာ ထသြားေတာ့တယ္။

"ဘယ္သြားမလို႔လဲ?" ကြၽန္ေတာ့္ႏွလုံးသားထဲမွာ အေတာ္ေလးေၾကာက္လန႔္သြားတာေၾကာင့္ သူ႔ကိုဆြဲမိလိုက္တယ္။

သူက ရယ္လိုက္ၿပီး ကြၽန္ေတာ့္ကို ေနာက္ထပ္နမ္းဖို႔အတြက္ ကုန္းကြၿပီးျပန္ေရာက္လာတယ္။ ဒါက တကယ့္ကို ခ်ိဳၿမိန္ၿပီး ႏူးညံ့လြန္းကာ ခ်စ္သူႏွစ္ဦးၾကားက ျမတ္ႏိုးမႈဘာသာစကားကို ဖလွယ္ေနတဲ့အတိုင္းပဲ။ ကြၽန္ေတာ္ လုံးဝမိန္းေမာေနၿပီး အိမ္မက္တစ္ခုသာဆိုရင္ေတာင္မွ ဒီအခိုက္အတန႔္ေလးက ေပ်ာ္႐ႊင္ခ်မ္းေျမ့စရာေကာင္းလြန္းတယ္လို႔ ခံစားလိုက္ရတယ္။

ကြၽန္ေတာ္သာ ဒီလိုအိမ္မက္မ်ိဳးကို ေန႔တိုင္းမက္ႏိုင္မယ္ဆိုရင္ ဘယ္ေလာက္​ေတာင္ ေကာင္းလိုက္မလဲ။

"အိပ္ရာကို အခ်ိန္ယူၿပီးမွ ထလည္းရတယ္၊ ျပန္အိပ္ခ်င္တယ္ဆိုရင္ေတာင္ ရတယ္ေနာ္" သူက ကြၽန္ေတာ့္ကို ေစာင္ပုံထဲ ျပန္ထိုးထည့္လိုက္ၿပီး ဖြဖြေလးပုတ္ေပးလာတယ္ "ငါမနက္စာလုပ္ၿပီးတဲ့အခါက်ရင္ မင္းကို လာေခၚမယ္"

"အင္း" ကြၽန္ေတာ္ လိမ္လိမ္မာမာနဲ႔ ေခါင္းၿငိတ္လိုက္ၿပီး သူထြက္သြားတဲ့ေနာက္ေက်ာကိုၾကည့္ကာ ကြၽန္ေတာ့္စိတ္ထဲမွာ ခပ္တိုးတိုးေျပာေနမိတယ္၊ သူက ကြၽန္ေတာ့္ကို အလိုလိုက္ေပးတဲ့ ဒီလိုေန႔မ်ိဳး ရလာတာ၊ ဒါဘယ္ေလာက္​ေတာင္ ေကာင္းလိုက္လဲ၊ ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္သလဲ။ ကြၽန္ေတာ္ အိပ္ရာေပၚမွာ မိန္းေမာစြာ လွဲေနၿပီး ခုေလးတင္ျဖစ္ပ်က္သြားတဲ့ စိတ္ကူးလို႔မရႏိုင္ေလာက္တဲ့အထိ ခ်ိဳၿမိန္တဲ့အရာေတြအားလုံးကို ျပန္ေတြးကာ ကြၽန္ေတာ့္စိတ္က လုံးဝကို ရႈပ္ေထြးေနေတာ့တယ္။

သူက ကြၽန္ေတာ့္ကို အိပ္ေနတုန္း ဖက္ထားတယ္၊ ကြၽန္ေတာ့္ကို နမ္းတယ္ ၿပီးေတာ့ အခု ကြၽန္ေတာ့္အတြက္ မနက္စာလုပ္ေပးေနတယ္။ ကြၽန္ေတာ္ အၿမဲတမ္းဆုေတာင္းေနခဲ့တဲ့အရာေတြနဲ႔ ကြၽန္ေတာ္ ဆုေတာင္းဖို႔ေတာင္ မရဲတဲ့အရာေတြက တစ္ေန႔တည္းမွာတင္ ျဖစ္လာခဲ့တယ္။

ဒါက အေတာ္ေလး အစစ္အမွန္မဟုတ္သလို ခံစားရတယ္။

... ေသခ်ာေပါက္ အမွန္ ဘယ္ဟုတ္မွာလဲ!

ကြၽန္ေတာ္ ႐ုတ္တရက္ သတိကပ္လာတယ္။ ဒါက ဘယ္လိုလုပ္ၿပီး ျပက္လုံးတစ္ခု မဟုတ္ရမွာလဲ? သူ႔ဘဝမွာ ဘယ္တုန္းကမွ တစ္ေနကုန္အလုပ္မလုပ္ဖူး၊ အၿမဲတမ္း အေခ်ာင္ခိုေနခဲ့တဲ့ လူရႈပ္ေလးက တကယ္ႀကီး ဘယ္လိုခ်က္ျပဳတ္ရမယ္ဆိုတာကို သင္ယူခဲ့တယ္ဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?

ကြၽန္ေတာ္ ငုတ္တုပ္ထိုင္လိုက္ၿပီး အရင္ဆုံး ကြၽန္ေတာ့္ႏွဖူးကြၽန္ေတာ္ ႐ိုက္လိုက္တယ္။ ဒါက တကယ္ထူးဆန္းတယ္၊ ဘာေၾကာင့္မ်ား တကယ့္အစစ္အမွန္လို ျဖစ္ေနရေသးတာလဲ?!

ကြၽန္ေတာ္ ျပင္ဆင္ဖို႔ထလိုက္ၿပီး မ်က္ႏွာကို ေရေအးေအးနဲ႔သစ္ခ်လိုက္တာေတာင္ လွပတဲ့အိမ္မက္က အဆုံးမသတ္သြားေသးဘူး။ မွန္ထဲမွာေပၚေနတဲ့ ကြၽန္ေတာ့္အသြင္အျပင္က ကြၽန္ေတာ့္ကိုေတာင္ ခဏတာ ထိတ္လန႔္သြားေစတယ္။ ခုမွ သုံးရက္ပဲရွိေသးတာကို ဘယ္လိုျဖစ္လို႔ ကြၽန္ေတာ့္ဆံပင္ေတြက ဒီေလာက္ထိ ရွည္သြားရတာလဲ ၿပီးေတာ့ မ်ားစြာေသာ ကေသာင္းကနင္းအေျခအေနေတြကို ျဖတ္ေက်ာ္ခဲ့ရတဲ့အတိုင္းျဖစ္ေနတယ္ _ ၿပီးခဲ့တဲ့ရက္အနည္းငယ္ေလာက္က ကြၽန္ေတာ့္စိတ္အေျခအေနက အေတာ္ေလးက်ဆင္းေနခဲ့တယ္ဆိုတာကို ကြၽန္ေတာ္ ဝန္ခံပါတယ္၊ ဒါေပမယ့္ အဲ့တာက ကြၽန္ေတာ့္ကို ႏွစ္ေပါင္းမ်ားစြာျဖတ္ေက်ာ္ခဲ့ရသလိုမ်ိဳး အိုစနာမက်သြားသင့္ဘူးေလ!​

ကြၽန္ေတာ့္ရဲ႕ဆံပင္ေတြကို ပင့္တင္ၾကည့္လိုက္တယ္။ မေန႔တုန္းကေလးတင္ အရမ္းၾကည့္ရဆိုးေနခဲ့တဲ့ဒဏ္ရာက ညတြင္းခ်င္း အေရာင္ေဖ်ာ့က်သြားတယ္၊ တအားေဖ်ာ့လြန္းတာေၾကာင့္ အရမ္းနီးနီးကပ္ကပ္မၾကည့္သေ႐ြ႕ ျမင္ႏိုင္မွာေတာင္ မဟုတ္ဘူး။ ၾကည့္ရတာ ကြၽန္ေတာ့္ရဲ႕ကုသႏိုင္စြမ္းက အေတာ္ေလး ေကာင္းမြန္ပုံရတယ္။

ကြၽန္ေတာ္ ေလွကားေပၚက ေျဖးေျဖးခ်င္းဆင္းသြားလိုက္တယ္။ မီးဖိုေခ်ာင္ဆီကေန စြဲမက္ဖြယ္ရနံ႔ေလးတစ္ခု ပ်ံ႕လြင့္ေနတာေၾကာင့္ ကြၽန္ေတာ္ တံခါးကို တြန္းဖြင့္ၿပီး ဝင္သြားလိုက္တယ္။ အထဲမွာ ေလာ့ယြီခ်န္က ေအပ႐ြတ္တစ္ခု ဝတ္ထားၿပီး လက္ရွိမွာ crepeတခ်ိဳ႕ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ လုပ္ေနတယ္။ တစ္ဖက္မွာ ႏြားႏို႔ပူပူက ပြက္ပြက္ဆူကာ အျမႇဳပ္ေတြထေနတယ္။

ဒါက... ျမန္ျမန္ေလး ႏိုးထပါေတာ့၊ ထေတာ့ ေရွာင္ဟန္း ဒီအိမ္မက္ထဲကေန ျမန္ျမန္ထေတာ့!

"မင္းက ဒီေလာက္ေတာင္ စိတ္မရွည္ေတာ့ဘူးလား? ငါ ၿပီးေတာ့မွာပါ" သူက မီးဖိုေခ်ာင္ထဲမွာ အေရွ႕နဲ႔အေနာက္ သုတ္သုတ္ပ်ာပ်ာျဖစ္ေနတယ္၊ သူ႔ရဲ႕လႈပ္ရွားမႈေတြက အေလာတႀကီးႏိုင္ေပမယ့္ တိက်ေသခ်ာကာ သတိလည္းရွိတယ္။ အလြန္လွ်င္ျမန္စြာနဲ႔ ပူပူေႏြးေႏြးမနက္စာက စားပြဲေပၚေရာက္လာတယ္။ သူက ႏြားႏို႔ကို ေလာင္းထည့္ၿပီး crepeေတြကို လွီးကာ အသီးေတြျပင္ဆင္ၿပီး ကြၽန္ေတာ့္ေရွ႕မွာ ခ်ေပးလာတယ္။

တစ္ဖက္မွာ အံ့ဩစရာေကာင္းေလာက္ေအာင္ ကြၽမ္းက်င္ေနတဲ့သူ႔ေၾကာင့္ ကြၽန္ေတာ္ စိတ္ပ်ံ႕လြင့္ေနၿပီး ေနာက္တစ္ဖက္မွာေတာ့ ဒီေန႔က ဘယ္ေလာက္ေတာင္ ထူးျခားေနတဲ့ေန႔မို႔လို႔လဲဆိုတာကို ကြၽန္ေတာ့္စိတ္ထဲကေန ခန႔္မွန္းႏိုင္ဖို႔ ႀကိဳးစားေနမိတယ္။

ဒါက ကြၽန္ေတာ့္ေမြးေန႔လား? ကြၽန္ေတာ္တို႔ရဲ႕ ႏွစ္ပတ္လည္လား? ကြၽန္စနစ္ဖ်က္သိမ္းျခင္း ႏွစ္၃၀၀ျပည့္လား?

ဒါေပမယ့္ သူဆိုတာက ပုံမွန္အားျဖင့္ ဒီလိုအားလပ္ရက္ေတြမွာေတာင္ ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ ေကာင္းေကာင္းဆက္ဆံေပးခဲ့တဲ့သူ မဟုတ္ဘူး။

"ဘာလဲ? ျပင္သစ္စတိုင္ crepe က မင္းအႀကိဳက္မဟုတ္လား?" ဒီေလာက္အခ်ိန္အၾကာႀကီး ရွိေနၿပီျဖစ္တာေတာင္ ကြၽန္ေတာ့္တူေတြကို မကိုင္ရေသးတာကို သူျမင္သြားတယ္ "ဒါမွမဟုတ္ မင္း တျခားဟာစားခ်င္လို႔လား၊ ငါမင္အတြက္ လုပ္ေပးရမလား?"

သူ႔အမူအယာက တကယ့္ကို အလြန္အမင္း အားတက္သေရာျဖစ္ေနတယ္။ ကြၽန္ေတာ္ အံ့ဩလြန္းလို႔ စကားေတာင္ မေျပာႏိုင္ေတာ့ဘူး၊ ဒါကို ကြၽန္ေတာ္က ဘယ္လိုလုပ္ သူ႔ကိုထပ္လုပ္ခိုင္းရဲမွာလဲ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ဖာသာ အေလာတႀကီး အဝအၿပဲစားလိုက္တယ္။

ဒါက စားေကာင္းတယ္၊ တကယ္စားလို႔ေကာင္းတယ္။ ဒီဟင္းပြဲက ကြၽန္ေတာ္ထင္ထားတာထက္ေတာင္ သာလြန္ၿပီး အရသာရွိေနေသးတယ္။

သူက အေတာ္ေလး ဘဝင္ခိုက္သြားပုံေပၚၿပီး ၿပဳံးကာ ေျပာလာတယ္ "ေတြ႕လား? မင္းငါ့ကို သင္ေပးခ်င္စိတ္သာ ရွိလို႔ကေတာ့ ငါကအဲ့တာကို တစ္ပတ္အတြင္း ဆရာက်ေအာင္ ေသခ်ာေပါက္လုပ္ႏိုင္ပါတယ္လို႔ ေျပာသားပဲ"

ကြၽန္ေတာ္ ေခါင္းေမာ့ကာ ဇေဝဇဝါျဖစ္ေနတဲ့အမူအယာမ်ိဳး ျပမိသြားတယ္။ သူ ဘာေတြေျပာေနမွန္း ကြၽန္ေတာ္ သေဘာမေပါက္ဘူး။

"မင္း ေမ့သြားၿပီလား? အတိအက်ဆို အဲ့ေန႔တုန္းကေလ၊ အာ... ငါတို႔ေတြ ခ်င္းမင္ေန႔မွာ ဖန္းရွဲ႕ယိနဲ႔ အုတ္ဂူကို သြားလွဲက်င္းၿပီးေတာ့ အဲ့ေန႔ေလ!" သူက လက္တစ္ဖက္ကို ဆန႔္ထုတ္ကာ က်န္ေတာ့္ရဲ႕ႏႈတ္ခမ္းေထာင့္ကို လာပြတ္သပ္ၿပီး သူ႔မ်က္လုံးေတြထဲမွာ ခိုတြဲေနတဲ့ ႏူးညံ့မႈက ကြၽန္ေတာ့္ကို ရီေဝေဝျဖစ္ေစတယ္ "ငါ မင္းနားမွာပဲ တြယ္ကပ္ၿပီးေတာ့ အဲ့တာကို ဘယ္လိုလုပ္ရလဲဆိုတာ သင္ေပးခိုင္းတာေလ၊ ၿပီးေတာ့ ငါက ပူက်စ္ေနတဲ့ပန္းကန္ျပားကို ထိမိလို႔ မေတာ္တဆ ငါ့ဖာသာေတာင္ အပူေလာင္သြားေသးတယ္ေလ၊ ဒါေပမယ့္ အဲ့ေနာက္ပိုင္း ဒါကို ဘယ္လိုလုပ္ရတယ္ဆိုတာ ငါသင္ႏိုင္သြားတယ္! ဘယ္လိုလဲ? ငါက အေတာ္ေလး သင္လြယ္တတ္လြယ္တဲ့လူမဟုတ္လား?" [ T/N : ခ်င္းမင္ - အုတ္ဂူလွည္းက်င္းတဲ့ေန႔၊ ဘိုးေဘးေတြရဲ႕အုတ္ဂူေတြကို သြားေရာက္ကာ သန႔္ရွင္းေရးလုပ္ေပးရတဲ့ တ႐ုတ္အားလပ္ရက္တစ္ရက္ျဖစ္ပါတယ္ ]

သူက ေျပာေနရင္း သူ႔လက္မေပၚမွာ ပတ္တီးအႀကီးႀကီးစည္းထားရတဲ့ သူ႔ရဲ႕ဘယ္ဘက္လက္ကို ထုတ္ျပလာတယ္။

ပတ္တီးက သက္ေသျဖစ္တယ္၊ ဒါေပမယ့္ သူက ဘယ္လိုလုပ္ အပူေလာင္ရတာလဲ? သူေျပာေနတာေတြကို ဘာျဖစ္လို႔ ကြၽန္ေတာ္က တစ္ခုမွ မမွတ္မိရတာလဲ?

ခ်င္းမင္? ခ်င္းမင္ေန႔ေရာက္ဖို႔ ႏွစ္လေတာင္ လိုေသးတယ္ မဟုတ္ဘူးလား? ၿပီးေတာ့ 'သူ႔ကို ဘယ္လိုခ်က္ျပဳတ္ရမယ္ဆိုတာ သင္ေပးတယ္'ဆိုတာက ဘာကို ေျပာခ်င္တာလဲ!

ကြၽန္ေတာ္က သူေျပာသြားသမွ် နည္းနည္းေလးေတာင္ ဘာျဖစ္လို႔မမွတ္မိရတာလဲ? ကကြၽန္ေတာ္က အဲ့မွတ္ဉာဏ္ေတြကိုပဲ ေ႐ြးၿပီးေမ့သြားခဲ့တာလား? မျဖစ္ႏိုင္တာ။ မေန႔တုန္းကနဲ႔ တျမန္ေန႔တုန္းက ေဆး႐ုံမွာျဖစ္ၿပီး၊ ဖန္းရွဲ႕ယိနဲ႔ ေရွာင္လုတို႔ေတြ ကြၽန္ေတာ့္ကို ေျပာခဲ့သမွ် အားလုံးကို ရွင္းရွင္းလင္းလင္း မွတ္မိေနေသးတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္အတြင္း၊ ၿပီးခဲ့တဲ့လအထိေတာင္မွ ကြၽန္ေတာ္ အရာအားလုံးကို ေတာ္ေတာ္မ်ားမ်ား မွတ္မိေနေသးတယ္။

ကြၽန္ေတာ့္ႏွဖူးကြၽန္ေတာ္ စမ္းၾကည့္လိုက္တယ္၊ ဒါေပမယ့္ အဖ်ားလည္းရွိပုံမေပၚဘူး။ ကြၽန္ေတာ္ သူ႔ႏွဖူးကိုလည္း စမ္းၾကည့္လိုက္တယ္၊ ပုံမွန္မဟုတ္တာလည္း ဘာမွရွိမေနဘူး။

ဒါေပမယ့္ ခ်က္ခ်င္းဆိုသလို သူက စိုးရိမ္တႀကီးျဖစ္လာတယ္ "ေရွာင္ဟန္း ဘာျဖစ္တာလဲ? မင္း ေနလို႔မေကာင္းဘူးလား?"

ကြၽန္ေတာ္ေခါင္းယမ္းလိုက္ေပမယ့္ ေနာက္ဆုံးမွာ တခ်ိဳ႕ကိစၥေတြက အေတာ္ေလး ဟုတ္မေနဘူးဆိုတာကို ကြၽန္ေတာ္ သတိျပဳမိသြားတယ္။ အိပ္ခန္းကေတာ့ မ်ားမ်ားစားစား ေျပာင္းလဲမသြားဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အခုရွိေနတဲ့ ဧည့္ခန္းထဲမွာ နံရံေပၚက ပိုစတာေတြနဲ႔ ဓာတ္ပုံေဘာင္ထဲမွာရွိတဲ့ ဓာတ္ပုံ၊ အားလုံးက ကြၽန္ေတာ္နဲ႔ လုံးဝအကြၽမ္းတဝင္ရွိမေနဘူး။

ေျပာရရင္ ဥပမာအေနနဲ႔ ကြၽန္ေတာ္ လက္ရွိ စိုက္ၾကည့္ေနမိတဲ့ ထိုအ႐ြယ္အစားႀကီးလြန္းလွတဲ့ ပိုစတာႀကီး။ သူက အဲ့ထဲမွာ ရွိတယ္ ဒါေပမယ့္ ကြၽန္ေတာ္ ဘယ္တုန္းကမွ မျမင္ဖူးခဲ့တဲ့ အသြင္အျပင္တစ္မ်ိဳးနဲ႔သာျဖစ္တယ္။ ေ႐ႊေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး သူ႔ရဲ႕ပုံမွန္စတိုင္ကေန​ လုံးဝကြဲထြက္ကာ ခ်စ္စရာေကာင္းတဲ့အၿပဳံးတစ္ပြင့္ရွိေနတယ္၊ ေနာက္ၿပီး ထိုပိုစတာေပၚမွာ ထင္းေနေအာင္ ႐ိုက္ႏွိပ္ထားတဲ့ရက္စြဲက တကယ္ႀကီး... ေဖေဖာ္ဝါရီ ၁၄ရက္၊ ေနာက္ငါးႏွစ္အၾကာမွာ!

သူတို႔ေတြက ေနာက္ႏွစ္အတြက္ ျပကၡဒိန္တစ္ခုလုပ္ဖို႔ စီစဥ္ေနတယ္ဆိုရင္ေတာင္မွ ေနာက္လာမယ့္ငါးႏွစ္အတြက္ဆိုၿပီး လုပ္ေလာက္မွာေတာ့ မဟုတ္ဘူး!

ၿပီးေတာ့ အဲ့တစ္ခုတင္ မဟုတ္ဘူး။ နံရံေပၚမွာရွိတဲ့ တျခားေတာ္ေတာ္မ်ားမ်ားကလည္း ကြၽန္ေတာ့္လို အ႐ိုးစြဲပရိတ္သတ္တစ္ေယာက္ ဘယ္တုန္းကမွ မျမင္ခဲ့ဖူးတာေတြျဖစ္ေနတယ္။ ကြၽန္ေတာ္လည္း သံသယတခ်ိဳ႕ဝင္လာၿပီး မေနႏိုင္စြာ ထူးဆန္းတဲ့အေတြးတစ္ခုကို ေတြးမိလိုက္တယ္ _ ကြၽန္ေတာ္... ဘာမွန္းမသိတဲ့ေခတ္တစ္ခုကို အခ်ိန္ေ႐ႊ႕ေျပာင္းၿပီး ေရာက္လာတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ဟုတ္တယ္မွတ္လား?

အဲ့တာေၾကာင့္ အခုက ဘာႏွစ္လဲဆိုတာ ကြၽန္ေတာ္ ေလာ့ယြီခ်န္ကို ေမးလိုက္တယ္။ ကြၽန္ေတာ္က တကယ့္ခုႏွစ္ကိုေတာင္ တိတိက်က်မသိတဲ့အတြက္ သူလည္း မယုံသကၤာျဖစ္ေနၿပီး အဲ့ေနာက္မွာ သူေျပာလာတဲ့နံပါတ္က ကြၽန္ေတာ့္ကို မွင္သက္သြားေစေတာ့တယ္။

အခုခ်ိန္မွာ ဒါက ကြၽန္ေတာ္ ထင္ထားတာထက္ ခုနစ္ႏွစ္လုံးလုံးေတာင္ ၾကာသြားခဲ့ၿပီ။

ဆိုဖာေပၚမွာထိုင္ေနရင္း သူ႔ထက္ ကြၽန္ေတာ္က ပိုတည္ၿငိမ္ေနေသးတယ္။

"အဲ့ေတာ့ ငါလည္း မင္းရဲ႕စစ္မွန္တဲ့ခံစားခ်က္ေတြကို ရလာႏိုင္မယ့္တစ္ေန႔လည္း ရွိအုံးမွာေပါ့..."

ကြၽန္ေတာ့္နားေတြ ၾကား႐ုံေလာက္ ကြၽန္ေတာ့္ဖာသာ ေရ႐ြတ္လိုက္ၿပီး လုံးဝကို ေက်နပ္ေနသလို ခံစားလိုက္ရတယ္။ "အဲ့ေတာ့ ေနာက္ထပ္ခုနစ္ႏွစ္ေလာက္ၾကာတဲ့အခါ မင္းက ငါ့ကို တကယ္ႀကီး ဒီေလာက္ထိ ေကာင္းေပးမွာေပါ့"

အခုလက္ရွိကြၽန္ေတာ္က ေမွာင္မိုက္တဲ့ႏွစ္ေတြကို ျဖတ္ေက်ာ္လြတ္ေျမာက္လာႏိုင္ခဲ့ၿပီး ႐ုတ္တရက္ လင္းလက္လွပတဲ့အဆုံးသတ္ကို ႀကဳံလိုက္ရသလိုမ်ိဳးျဖစ္ေနတယ္။ အဲ့တာေၾကာင့္ ကြၽန္ေတာ္ လုံးဝ ေပ်ာ္႐ႊင္ဝမ္းေျမာက္မိတယ္။ အဲ့ေတာ့ သူက ကြၽန္ေတာ့္ကို ခ်စ္ႏိုင္တယ္၊ ခုနစ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္အပိုင္ ျဖစ္လာႏိုင္တယ္၊ ခုနစ္ႏွစ္အၾကာမွာ ကြၽန္ေတာ္လည္း ဒီေလာက္ေပ်ာ္႐ႊင္ႏိုင္မယ္ေပါ့။

ဒီလိုအေတြးေၾကာင့္ ကြၽန္ေတာ့္ရဲ႕အရင္က ေစာင့္ဆိုင္းျခင္းနဲ႔ နာၾကည္းခ်က္ေတြအားလုံး အခိုးအေငြ႕လို ေပ်ာက္ကြယ္သြားေတာ့တယ္။

ကြၽန္ေတာ္ တအားေပ်ာ္ေနတာေၾကာင့္၊ ကြၽန္ေတာ္ တခ်ိန္လုံးဆုေတာင္းေနခဲ့ရတဲ့အရာေတြက အမွန္တကယ္ျဖစ္လာတာေၾကာင့္ ျဖစ္တယ္။

" 'ေနာက္ထပ္ ခုနစ္ႏွစ္'ဆိုတာ ဘာလဲ! ငါတို႔ေတြက အဲ့ခုနစ္ႏွစ္ကို ႀကဳံေတြ႕ခဲ့ၿပီးၿပီေလ! ေရွာင္ဟန္း ငါတို႔ေတြ ဆယ့္ရွစ္ႏွစ္တည္းက အတူတူရွိလာခဲ့ၾကတာ ခုဆို ဆယ့္ႏွစ္ႏွစ္၊ ဆယ့္သုံးႏွစ္ရွိၿပီေလ! ေနာက္ပိုင္း ငါမင္းအေပၚ အၿမဲတမ္း ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးခဲ့တယ္ေလ!" သူက ပူပူေလာင္ေလာင္ ေဟာ့ေပါ့အိုးတစ္အိုးေပၚမွာ သုတ္တီးသုတ္ျပာေျပးေနတဲ့ ပု႐ြက္ဆိတ္တစ္ေကာင္လိုျဖစ္ေနၿပီး ကြၽန္ေတာ္ ဒီတိုင္း ေျပာလိုက္တာေလးက မီးထဲ ေလာင္စာထည့္လိုက္သလိုျဖစ္သြားတယ္ "မင္းက ဘယ္လိုလုပ္ၿပီး ဒီေလာက္တည္ၿငိမ္ေနရတာလဲ! မင္းက ႐ုတ္တရက္ႀကီး ေမ့သြား _ မင္းက ႐ုတ္တရက္ႀကီး ၿပီးခဲ့တဲ့ခုနစ္ႏွစ္တုန္းက ကိစၥေတြအားလုံးကို ေမ့သြားတာေလ!"

သူ စိုးရိမ္ေနတယ္ဆိုတာ ကြၽန္ေတာ္သိေပမယ့္ ႏွေျမာစရာေကာင္းတာက ကြၽန္ေတာ္ အမွန္တကယ္ကို မသနားႏိုင္သလို သူ႔ရဲ႕စိုးရိမ္မႈကိုလည္း နားမလည္ႏိုင္ဘူး၊ ဘာေၾကာင့္ဆို ကြၽန္ေတာ့္အတြက္ ဒါက အ​ေျခအျမစ္မရွိတဲ့ အေတြးအေခၚမႈတစ္ခုလိုပဲ၊ ထီေပါက္တယ္ဆိုတဲ့ အေတြးတစ္ခုလိုမ်ိဳးပဲ။

တစ္ညတည္းမွာတင္ ကြၽန္ေတာ္က ႐ုတ္တရက္ႀကီး အလြန္တရာစိတ္ပ်က္စရာေကာင္းတဲ့ လူတစ္ေယာက္အျဖစ္ကေန ႏႈိင္းယွဥ္လို႔မရေအာင္ ကံေကာင္းတဲ့လူတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားတယ္။ ကြၽန္ေတာ္ တေကာက္ေကာက္လိုက္ေနခဲ့ရတဲ့ ဆႏၵက အံ့ဖြယ္ျဖစ္ရပ္တစ္ခုလိုမ်ိဳး အမွန္တကယ္ျဖစ္လာခဲ့ၿပီး ကြၽန္ေတာ္ ေမွ်ာ္မွန္းထားတာေတြထက္ေတာင္ ပိုသာလြန္ေနေသးတယ္။

သူက ကြၽန္ေတာ့္နားမွာရွိေနတယ္၊ သူ႔ကို မွီခြင့္ျပဳထားတယ္၊ ကြၽန္ေတာ့္ကို အလြန္တရာႏူးႏူးညံ့ညံ့ေလး ၾကည့္ေနတယ္။ ေနာက္ၿပီး ကြၽန္ေတာ့္တစ္ေယာက္တည္းကို ၾကည့္တာျဖစ္တယ္။

မေရမတြက္ႏိုင္တဲ့ အေထာက္အထားေတြက ေလာ့ယြီခ်န္ ကြၽန္ေတာ့္ကို လိမ္ညာေနတာမဟုတ္ေၾကာင္း သက္ေသျပေနေပမယ့္လည္း တစ္ညတည္းမွာတင္ ခုနစ္ႏွစ္စာေလာက္ရွိတဲ့ မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးသြားရတာကို ကြၽန္ေတာ္ အေတာ္ေလး မယုံၾကည္ႏိုင္ျဖစ္ေနတုန္းပဲ။ ေနာက္ၿပီး သူ ကြၽန္ေတာ့္ကို လိမ္ညာေနတယ္ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး _ ကြၽန္ေတာ့္ကို လိမ္ညာဖို႔အတြက္နဲ႔ ခဏတာ ကြၽန္ေတာ့္ကို ၾကင္ၾကင္နာနာနဲ႔ ဆက္ဆံေပးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

သူက ကြၽန္ေတာ့္အေပၚ တကယ္ႀကီး ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးေနတာျဖစ္တယ္။

ကြၽန္ေတာ္ ခဏေလာက္ ေတြးၾကည့္လိုက္တယ္။ လြန္ခဲ့တဲ့ခုနစ္ႏွစ္မွာ ဘာေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာကို ကြၽန္ေတာ္ မသိဘူး။ ဒီခုနစ္ႏွစ္ကိုႀကဳံဖူးတဲ့ကြၽန္ေတာ္ကေတာ့ ဒီလိုဆက္ဆံခံရတာက ျဖစ္သင့္တယ္လို႔ ေတြးေကာင္းေတြးေလာက္တယ္၊ အဲ့လိုမွမဟုတ္ရင္လည္း အဲ့တာကို တျဖည္းျဖည္း အသားက်သြားတာလည္း ျဖစ္ေလာက္တယ္။ ဒါေပမယ့္ ဒီခုနစ္ႏွစ္ကို မႀကဳံခဲ့ရတဲ့ ကြၽန္ေတာ့္အဖို႔ wuxia ဝတၳဳတစ္ပုဒ္ထဲက အံ့အားသင့္ဖြယ္သိုင္းစြမ္းရည္တစ္ခုကို ႐ုတ္တရက္ႀကီး က်င့္ႀကံႏိုင္သြားတဲ့ ငတုံးလူငယ္တစ္ေယာက္လိုမ်ိဳးျဖစ္ေနတယ္၊ ယုံႏိုင္စရာမရွိေလာက္ေအာင္ အလြန္အမင္း ကံေကာင္းေနတယ္လို႔ ခံစားရတယ္။

ဒါက အမွန္တကယ္ကို စိတ္ကူးယဥ္ဆန္လြန္းတယ္ အဲ့တာေၾကာင့္ သူ႔စိတ္က ႐ုတ္တရက္ႀကီး ေျပာင္းလဲသြားရေလာက္ေအာင္ ၿပီးခဲ့တဲ့ႏွစ္ေတြထဲမွာ အတိအက်ဘာေတြျဖစ္ခဲ့လဲဆိုတာ သိရဖို႔ ကြၽန္ေတာ္ တကယ္စိတ္မရွည္ႏိုင္ျဖစ္ေနေတာ့တယ္။

"အင္း အဲ့တာဆို မင္းဘာလို႔... ထားလိုက္ပါေတာ့၊ အာ ရွမင္ရႈ သူ" ကြၽန္ေတာ္ ေျပာသင့္တာကို ထုတ္ေျပာမိလိုက္တာေၾကာင့္ ရင္တထိတ္ထိတ္ျဖစ္သြားရေပမယ့္ အဆုံးမွာ စိတ္ကိုတင္းၿပီး ေမးၾကည့္လိုက္တယ္ "သူ အဆင္ေျပလား?"

"ေျပပါတယ္၊ သူ႔႐ုပ္ရွင္က ၿပီးခဲ့တဲ့လတုန္းက ဆုရသြားတယ္ ၿပီးေတာ့ သူ႔ရဲ႕အလုပ္က ထိပ္ဆုံးကိုေရာက္ေနတာ... ဘာလို႔ သူ႔အေၾကာင္းေမးရတာလဲ?!"

ကြၽန္ေတာ္ နားလည္ထားတဲ့အတိုင္းဆို သူ႔အေၾကာင္းမေမးရရင္ ကြၽန္ေတာ္က ဘာအေၾကာင္းေမးရေတာ့မွာလဲ? ေလာ့ယြီခ်န္က သူ႔ကို တကယ္သေဘာက်ခဲ့တာ မဟုတ္ဘူးလား?

"မင္းတို႔ႏွစ္ေယာက္က ဘာလို႔ျပတ္သြားတာလဲ... ငါ့ေၾကာင့္လား?"

သူ ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနၿပီး မ်က္ႏွာႀကီးမည္းေမွာင္လာတယ္။ သူ႔အမူအယာကိုျမင္ေတာ့ ကြၽန္ေတာ္လည္း ထုံးစံအတိုင္း ဆက္မေမးရဲေတာ့ဘူး။

ကြၽန္ေတာ္ သူ႔ကိုေၾကာက္ေနတုန္းပဲ။ ခုနစ္ႏွစ္ၾကာၿပီးေနာက္မွာ သူနဲ႔ကြၽန္ေတာ့္ရဲ႕ဆက္ဆံေရးက မညီမွ်တာမ်ိဳး မဟုတ္ေလာက္ေတာ့ဘူးဆိုတာ သိေပမယ့္ ခုလက္ရွိကြၽန္ေတာ္က သူ႔ရဲ႕စိတ္အေျခအေနေတြကိုလိုက္ၿပီး ကိစၥေတြကို လုပ္ကိုင္ရတာနဲ႔ အသားက်ေနတုန္းပဲျဖစ္တယ္။

သူက ပန္းကန္ေတြနဲ႔ တူေတြကို စတင္ရွင္းလင္းေနတာကိုျမင္ေတာ့ ကြၽန္ေတာ္လည္း မရဲတရဲနဲ႔ ေမးလိုက္တယ္ "မင္း... ဒီေန႔ အလုပ္သြားဖို႔မလိုဘူးလား?"

သူက ကြၽန္ေတာ့္ကို မ်က္ျဖဴလန္ျပကာ "မင္းက ဒီလိုမ်ိဳးျဖစ္ေနတဲ့အခ်ိန္မွာ ငါက ဘယ္လိုလုပ္ အလုပ္သြားႏိုင္မွာလဲ?!"

"ဒါဆို... ဒါဆို ငါတို႔ဘာလုပ္ၾကမလဲ? မင္း အလုပ္ပ်က္ရင္ ဖန္းရွဲ႕ယိက မင္းကို ခက္ခဲေအာင္လုပ္မွာလား?"

"အ႐ူးရဲ႕ ဒီေန႔က မင္းေမြးေန႔ေလ၊ အာ့ေၾကာင့္ ဟိုးအရင္တည္းက ငါ ခြင့္ေတာင္းထားၿပီးသား!" သူက ကြၽန္ေတာ္ေခါင္းကို အသာပုတ္လာၿပီး သူ႔အမူအယာက ရႈပ္ေထြးေနတာေၾကာင့္ သူ႔ကိုၾကည့္ရင္း ကြၽန္ေတာ္ ေပ်ာ္႐ႊင္တာေရာ ပ်ာယာခတ္သလိုမ်ိဳးပါ ခံစားေနရတယ္။ "မင္းေျပာေတာ့ Tokyo Disney Seaကို သြားခ်င္တယ္ဆို၊ ဒါေၾကာင့္ ငါက ေလယာဥ္လက္မွတ္ေတြနဲ႔ ခရီးစဥ္ကိုပါ ျပင္ဆင္ထားၿပီးသြားၿပီ၊ ၿပီးေတာ့မင္းက ဒီလိုကိစၥမ်ိဳးကိုမွ အျဖစ္ခံလိုက္ရတယ္လို႔!"

"အာ? ငါ့ေၾကာင့္ မင္းက ခြင့္ယူတယ္..." ကြၽန္ေတာ္ ၾကည္ႏူးသြားရတယ္။ ကြၽန္ေတာ့္မ်က္ႏွာမွာ မေပၚေအာင္ အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္ သူကေတာ့ ရေအာင္ကို ျမင္သြားေသးတယ္။

"ငါက အဲ့ထက္ေတာင္ အမ်ားႀကီးပိုလုပ္ႏိုင္ေသးတယ္ ဟုတ္ၿပီလား?!" ကြၽန္ေတာ့္ရဲ႕ မ်က္ႏွာေပးခံရတာေၾကာင့္ ေပ်ာ္ေနသလိုမ်ိဳးကို သူက တကယ္ျမင္ခ်င္ပုံမရဘဲ သူဝတ္ထားတဲ့ရွပ္အက်ီေအာက္က လည္ဆြဲကို ထုတ္လိုက္တယ္ "ငါက ခြင့္ေလးပဲတိုင္လိုက္တာ! မင္းအတြက္ဆို ငါ့မွာ အဲ့တာထက္ေတာင္ ပိုလုပ္ေပးႏိုင္စြမ္းရွတယ္! ဘာလို႔ဆို ငါတို႔က လက္ထပ္ၿပီးသြားၿပီမို႔လို႔ပဲ! ၿပီးခဲ့တဲ့ႏွစ္က Switzerland မွာ! ဒီလိုဆိုမွေတာ့ မင္းကို ကိစၥအားလုံးကိုပဲ ေျပာျပမွရေတာ့မယ္ မဟုတ္လို႔ကေတာ့ မင္းက ဘာမဟုတ္တာေလးကို ေရးႀကီးခြင္က်ယ္လုပ္ေနေတာ့မွာ!"

"လက္... လက္ထပ္တယ္?"

ကြၽန္ေတာ္ လန႔္ျဖန႔္သြားရတယ္။ လက္ထပ္တယ္?!

သူ႔ဆြဲႀကိဳးမွာခ်ိတ္ထားတဲ့ လက္စြပ္ေလးက ႐ိုး႐ိုးေလးနဲ႔ ေၾကာ့ရွင္းတယ္၊ အဲ့တာကို ကြၽန္ေတာ္ အရင္ကလုံးဝ မျမင္ဖူးဘူး။ သူက ကြၽန္ေတာ့္လည္ပင္းေအာက္နားကိုလည္း လက္လွမ္းလာၿပီး ဆြဲထုတ္လိုက္တဲ့အခါ ခြၽတ္စြပ္တူတဲ့လက္စြပ္တစ္ကြင္းရွိေနတဲ့ ေနာက္ထပ္ဆြဲႀကိဳးေလးပါလာတယ္။ လက္စြပ္မွာ တစ္စုံတစ္ရာ ေရးထိုးထားသလိုပုံေတာင္ ေပၚေနတယ္။

လက္ထပ္တယ္၊ စုံတြဲလက္စြပ္... အိုး ေကာင္းကင္ဘုံႀကီးေရ၊ ဒါက ကြၽန္ေတာ္ စိတ္ေတာင္မကူးရဲခဲ့တဲ့ အံ့ဖြယ္ျဖစ္ရပ္တစ္ခုပဲ။

ေနာက္ထပ္ ဘယ္လိုအံ့အားသင့္စရာေတြ ရွိေနေသးတာလဲ? ဒီေလာက္မ်ားျပားလွတဲ့ေပ်ာ္႐ႊင္မႈေတြအားလုံးကို လက္ခံဖို႔အတြက္ ကြၽန္ေတာ့္ရဲ႕အားနည္းတဲ့ႏွလုံးသားေလးကေတာင္ စတင္မစြမ္းေဆာင္ႏိုင္ျဖစ္လာၿပီ။ ေနာက္ထပ္သာ ရွိအုံးမယ္ဆိုရင္ ဒီကမာၻေပၚမွာ ေပ်ာ္လြန္းလို႔ေသသြားရတဲ့ လူနည္းစုထဲမွာ ကြၽန္ေတာ္ပါ တစ္ေယာက္အပါအဝင္ျဖစ္သြားႏိုင္ေလာက္တယ္လို႔ ခံစားမိလိုက္တယ္။

"ငါ့ကို ဒါေလးလက္ေဆာင္ေပးထားတာက မင္းပဲေလ! ၿပီးေတာ့ မင္းက မွတ္ေတာင္မမွတ္မိဘူးတဲ့လား!" ကြၽန္ေတာ့္ရဲ႕ အံ့ဩေနတဲ့အမူအယာက သူ႔ကို လုံးဝမေက်မခ်မ္းနဲ႔ အံတႀကိတ္ႀကိတ္ျဖစ္သြားေစတယ္။

"... ငါက မင္းကို လက္ထပ္ဖို႔ေတာင္းဆိုခဲ့တာလား?" ကြၽန္ေတာ္က အဲ့ေလာက္ေတာင္ သတၱိရွိတယ္လား?

"ငါက မင္းကို ေတာင္းဆိုတာကြ! ဒါေပမယ့္ ဒီလက္စြပ္ကေတာ့ မင္းငါ့ကို အရင္က လက္ေဆာင္ေပးခဲ့တာ... ထားလိုက္ပါေတာ့၊ မင္းက ေန႔ရက္ေတြကို ဒီေလာက္ထိ ရႈပ္ေထြးေနမွေတာ့ အားလုံးကိုရွင္းျပဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး၊ လူရႈပ္ေလး!"

"အိုး ဒါဆိုလည္း ရပါတယ္၊ အဲ့ေတာ့... မင္းငါ့ကို လက္ထပ္ဖို႔ေတာင္းဆိုတဲ့အခ်ိန္တုန္းက မင္းငါ့ကို ဘာေျပာခဲ့လဲ?"

"အာ?"

"ငါ နားေထာင္ၾကည့္ခ်င္လို႔၊ ငါ သတိျပန္ရလာေအာင္မ်ား အကူအညီျဖစ္မလားလို႔ အဲ့တာေလး ေနာက္တစ္ခါ ထပ္ေျပာၾကည့္ပါလား..."

ကြၽန္ေတာ္ တကယ္၊ အမွန္တကယ္ကို အဲ့တာေလး ၾကားခ်င္မိတယ္။

သူ႔မ်က္ႏွာက အစတုန္းက နီသြားၿပီး ေနာက္ေတာ့ မည္းေမွာင္သြားေတာ့တယ္ "မေျပာဘူး၊ လုံးဝ ဘယ္ေတာ့မွ ထပ္မေျပာေတာ့ဘူး!"

အာ ႏွေျမာဖို႔ေကာင္းလိုက္တာ။ ကြၽန္ေတာ္ အရမ္းသိခ်င္ေနတာကို။

ဒါေပမယ့္ ကြၽန္ေတာ္ နားမေထာင္ရလည္း အဆင္ေျပပါတယ္။ တစ္ရက္တည္းမွာတင္ ဒီေလာက္မ်ားျပားတဲ့ေပ်ာ္႐ႊင္မႈကို ရမယ္ဆိုရင္ ထြက္ေပၚလာမယ့္ကိစၥေတြအတြက္ေတာင္ နတ္ဘုရားေတြရဲ႕ဒဏ္ခတ္ျခင္းကို ခံလိုက္ႏိုင္တယ္။

"အခုငါတို႔ေတြ အပန္းေျဖဥယ်ာဥ္ကို မသြားႏိုင္ေလာက္ေတာ့ဘူး၊ ထားလိုက္ေတာ့ မင္းဘာလုပ္ခ်င္လဲ? အိမ္မွာပဲေနမလား ဒါမွမဟုတ္ လမ္းထြက္ေလွ်ာက္မလား၊ မင္း ဘာပဲလုပ္ခ်င္ခ်င္ ငါ မင္းနဲ႔ေနေပးမယ္၊ မင္း ဘာမ်ားမွတ္မိႏိုင္မလဲဆိုတာ ၾကည့္တာေပါ့" သူက ပန္းကန္ေတြနဲ႔ တူေတြကို ေနရာခ်ၿပီးေနာက္ ကြၽန္ေတာ့္နားကို ျပန္လာကာ မ်က္ေမွာင္ႀကီးၾကဳတ္ၿပီး ေျပာလာတယ္ "ေသခ်ာေပါက္ တစ္ရက္ႏွစ္ရက္ေနလို႔မွာ မင္း မမွတ္မိေသးဘူးဆိုရင္ မင္းရဲ႕ဆရာဝန္ Germany ကေန သူ႔အားလပ္ရက္ကုန္လို႔ ျပန္လာတာနဲ႔ မင္းငါနဲ႔အတူတူ သူ႔ဆီကို ခ်က္ခ်င္းသြားဖို႔လိုတယ္"

"ငါတို႔ တကယ္လိုလို႔လား? ႏွစ္ေလးနည္းနည္းေလာက္ကို ေမ့သြားတာ ေရးႀကီးခြင္က်ယ္ကိစၥမွမဟုတ္တာ၊ ငါထင္တာေတာ့ အဲ့တာက ေတာ္ေတာ္ေလး..."

သူက ကြၽန္ေတာ့္ကို အလြန္တရာစူးစိုက္ၾကည့္လာတာေၾကာင့္ ကြၽန္ေတာ္ ဆက္မေျပာရဲေတာ့ဘူး။

ဟုတ္တာေပါ့ အခုခ်ိန္မွာ ကြၽန္ေတာ္သူ႔ကို ဘယ္လိုလုပ္ခ်င္တယ္ဆိုတာနဲ႔ပက္သက္လို႔ ဂ႐ုတစိုက္ စဥ္းစားဖို႔လိုမယ္။ ဘယ္ေလာက္ေတာင္ ထူးဆန္းလိုက္သလဲ၊ ကြၽန္ေတာ့္စိတ္ထဲမွာ မေရမတြက္ႏိုင္တဲ့စိတ္ကူးယဥ္မႈေတြနဲ႔ ျပည့္ႏွက္ေနက်၊ တစ္ေန႔ သူကြၽန္ေတာ့္ကို ျပန္ခ်စ္လာႏိုင္ခဲ့ရင္ ကြၽန္ေတာ္တို႔ရဲ႕ ေန႔ရက္ေတြကို ဘယ္လိုမ်ိဳး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္ေက်ာ္မယ္ဆိုတဲ့ စိတ္ကူးေတြျဖစ္တယ္။

ဒါေပမယ့္ အခုခ်ိန္မွာ ထိုေပ်ာ္႐ႊင္မႈက တကယ္လည္းျဖစ္လာေရာ အဲ့လိုထူးဆန္းၿပီး စိတ္ကူးယဥ္ဆန္တဲ့အေတြးေတြကို တစ္ခုေလးေတာင္ မမွတ္မိႏိုင္ျဖစ္ေနတာကို သတိထားမိလိုက္တယ္။

"ဒါဆို ဒီတိုင္းအိမ္မွာပဲေနၿပီး ငါတို႔ႏွစ္ေယာက္လုံး သေဘာက်တဲ့ဟာေတြကို လုပ္ၾကရင္ေရာ"

"ဘာႀကီး?" သူ႔ႏွဖူးက ေသြးေၾကာတစ္ခု ေထာင္ထလာတယ္ "ေရွာင္ဟန္း ဘယ္အခ်ိန္တုန္းက မင္းရဲ႕ေတြးေခၚပုံက ဒီေလာက္ထိ ေျပာင္းလဲသြားရတာလဲ? မင္းက ခုနစ္ႏွစ္လုံးလုံး ေမ့သြားတာကို ဂ႐ုေတာင္မစိုက္ဘဲ အဲ့တာလုပ္ဖို႔အေတြးေတြဆီကို တန္းၿပီးခုန္ဝင္လိုက္တာပဲလား?"

"... ငါေျပာခ်င္တာက ငါတို႔အိမ္မွာေနတဲ့အခ်ိန္ဆို ပုံမွန္လုပ္ေနက်ကိစၥေတြကို လုပ္ၾကမယ္လို႔!" ကြၽန္ေတာ္ မွားယြင္းစြပ္စြဲခံလိုက္ရသလို ခံစားလိုက္ရတယ္။ ေျပာလိုက္တဲ့သူက လုံးဝ႐ိုး႐ိုးသားသား ေျပာလိုက္တာဆိုေပမယ့္ သူ႔စိတ္ထဲမွာ အဲ့လိုကိစၥေတြပဲရွိေနတာေၾကာင့္ အဲ့တာက နားေထာင္တဲ့သူရဲ႕အမွားပဲ။ "ဘာလို႔လဲဆိုေတာ့ ခုနစ္ႏွစ္အတြင္းမွာ မင္းနဲ႔ငါက ဘာေတြအတူတူလုပ္ခဲ့လဲဆိုတာ အခုငါမွ မသိတာ!"

အတိတ္မွာတုန္းက ကြၽန္ေတာ္တို႔ တစ္အိမ္တည္း အတူရွိခ်ိန္ဆိုရင္ သူက ကြၽန္ေတာ့္ကို သေဘာမက်တာေၾကာင့္ သူကအၿမဲတမ္း အိပ္ေနတတ္ၿပီး ကြၽန္ေတာ္ကေတာ့ စိတ္လြင့္ေနတတ္တယ္။ အခုခ်ိန္မွာ သူက ကြၽန္ေတာ့္ကို သေဘာက်ေနၿပီျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔အခ်င္းခ်င္း ေျပာဆိုဆက္ဆံပုံကလည္း ေျပာင္းလဲသြားေလာက္ၿပီ။

ကြၽန္ေတာ့္ရဲ႕ေနာက္ဆုံးစကားလုံးေတြေၾကာင့္ သူလုံးဝလက္ေျမႇာက္သြားသေလာက္ျဖစ္သြားကာ ေခါင္းကိုငုံ႔ထားရင္း ကြၽန္ေတာ့္ေဘးမွာ ထိုင္ခ်လိုက္ၿပီး ဘာတစ္ခြန္းမွ ေျပာမလာဘူး။

"ငါ ဓာတ္ပုံေတြၾကည့္ခ်င္တယ္၊ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ငါတို႔အတူတူ႐ိုက္ထားတဲ့ ဓာတ္ပုံေတြ" ကြၽန္ေတာ္ လက္တစ္ဖက္ဆန႔္ထုတ္လိုက္တယ္ "ၿပီးေတာ့ မင္းရဲ႕အယ္လ္ဘမ္အသစ္ေတြ၊ ဓာတ္ပုံေတြ၊ ပိုစတာေတြ၊ အဲ့တာေတြအားလုံး ယူလာေပး"

"ဘာအတြက္လဲ?"

"ငါ့မွတ္ဉာဏ္ေတြ ျပန္ရလာမလားလို႔ေပါ့ ၿပီးေတာ့ _ ငါ အဲ့တာေတြကို ၾကည့္ခ်င္တယ္"

ကြၽန္ေတာ္ သိခ်င္တယ္၊ ေရွာင္ဟန္းနဲ႔ ေလာ့ယြီခ်န္တို႔ရဲ႕ အတူတူေနရတဲ့ ေပ်ာ္စရာေကာင္းတဲ့ေန႔ရက္ေတြက ဘယ္လိုမ်ိဳးျဖစ္ေနမလဲဆိုတာ သိခ်င္တယ္၊ မတရားသိခ်င္မိတယ္။

အဲ့တာေၾကာင့္ သူလည္း ေခါင္းငိုက္စိုက္ခ်ကာ စိတ္ဓာတ္က်သြားၿပီး ပစၥည္းေတြ တစ္ပုံတစ္ေခါင္းႀကီး သြားသယ္ဖို႔သာ တတ္ႏိုင္ေတာ့တယ္။ ကြၽန္ေတာ္က စိတ္မရွည္ႏိုင္စြာ အဲ့တာေတြကို လွန္ေလွာၾကည့္လိုက္ၿပီး အထဲမွာပါတဲ့အေၾကာင္းအရာေတြကလည္း စိတ္ကူးၾကည့္လို႔ေတာင္မရတဲ့အထိ လွပတဲ့အရာေတြနဲ႔သာ အမွန္တကယ္ ျပည့္ႏွက္ေနတယ္။

"အိုး? ဒါေလးက ဘယ္သူ႔ေခြးေလးလဲ? ခ်စ္ဖို႔ေကာင္းလိုက္တာ၊ မင္းကဘာလို႔ သူ႔အျမႇီးကို နင္းထားရတာလဲ? အဲ့အေကာင္ေလး ဘယ္ေလာက္ေတာင္ မေက်မနပ္ျဖစ္ေနလဲဆိုတာ ၾကည့္စမ္းပါအုံး!"

"အဲ့တာက ဖန္းရွဲ႕ယိရဲ႕ 'ေျမေခြး'ေလ၊ သူ႔မိသားစုက အဲ့တာကို ၿပီးခဲ့တဲ့ႏွစ္တုန္းက ရလိုက္တာ၊ အဲ့အေၾကာင္းမေျပာစမ္းပါနဲ႔၊ အဲ့ေခြးငတုံးက ငါ့ေဘာင္းဘီေတြကို ဘယ္လိုကိုက္ရမယ္ဆိုတာနဲ႔ မင္းဆီက အဖက္ခံရဖို႔ သူ႔ကိုယ္သူ ဘယ္လိုဝင္လုံးရမယ္ဆိုတာကိုပဲသိတာ၊ ၿပီးေတာ့ ဖန္းရွဲ႕ယိကလည္း အဲ့ေကာင္ကို ဘယ္လိုမ်ိဳး အယုတ္တမာရည္႐ြယ္ခ်က္ေတြနဲ႔ ေလ့က်င့္ေပးထားလဲမွမသိတာ၊ ငါ အဲ့ေခြးကို အမုန္းဆုံးပဲ!"

ၾကည့္ရတာ သူနဲ႔ ဖန္းရွဲ႕ယိက ခုနစ္ႏွစ္ၾကာတာေတာင္ အဆင္မေျပၾကေသးတဲ့ပုံပဲ။

ကြၽန္ေတာ္ ေနာက္ထပ္စာမ်က္ႏွာတခ်ိဳ႕ကို လွန္ၾကည့္လိုက္ျပန္တယ္။ "ဒါဆို ဒါကေရာ ဘာလဲ? ဘာျဖစ္လို႔ ေရွာင္လုရဲ႕မ်က္ႏွာကို ပန္ဒါလိုမ်ိဳး ဆြဲထားရတာလဲ?"

"ဘယ္သူက သူ႔ကို မူးမူး႐ူး႐ူးနဲ႔ ေမြးေန႔ပါတီမွာ မင္းကို အသည္းအသန္ လိုက္ဖက္ လိုက္နမ္းခြင့္ျပဳထားလို႔လဲ?"

"အာ? ဒါက မင္းလုပ္ထားတာလား?"

သူက ကြၽန္ေတာ့္ကို စိုက္ၾကည့္ကာ ေနာက္တစ္႐ြက္ကို လွန္လိုက္တယ္။ ေနာက္စာမ်က္ႏွာေရာက္ေတာ့ ကြၽန္ေတာ္ ပိုၿပီးေတာ့ေတာင္ အူလႈိက္သည္းလႈိက္ရယ္မိသြားတယ္။ ဓာတ္ပုံထဲမွာ ေလာ့ယြီခ်န္က ေခြး႐ုပ္အႀကီးႀကီးတစ္႐ုပ္ကိုဖက္ထားတယ္၊ ဓာတ္ပုံထဲမွာ သူ႔အမူအယာက အင္တင္တင္ျဖစ္ေနၿပီး ထိုေခြးရဲ႕အမူအယာကလည္း ရွက္ကိုးရွက္ကန္းလိုမ်ိဳးျဖစ္ေနကာ သူနဲ႔ ထူးထူးဆန္းဆန္း ဆင္တူႀကီးလိုျဖစ္ေနတယ္။

သူက ကြၽန္ေတာ့္ကို ေနာက္တစ္ႀကိမ္ မ်က္ျဖဴလန္ျပၿပီး သူ႔အမူအယာကလည္း မေပ်ာ္မ႐ႊင္ျဖစ္ေနေတာ့တယ္။

အဲ့ေနာက္မွာ မ်ိဳးစုံေသာတိုင္းျပည္ေတြမွာရွိတဲ့ သဲေသာင္ျပင္ကမ္းေျခေတြနဲ႔ ေရွးေဟာင္းရဲတိုက္ေတြဆီက အထင္ကရျမင္ကြင္းတခ်ိဳ႕ပါတဲ့ ဓာတ္ပုံေပါင္းေျမာက္ျမားစြာ ရွိေနတယ္။ ၾကည့္ရတာ မတိုင္ခင္က ကြၽန္ေတာ္တို႔ေတြ ကမာၻေပၚက မ်ိဳးစုံေသာေနရာေတြဆီ အႀကိမ္ေပါင္းမ်ားစြာ လည္ပတ္ခဲ့ၾကတဲ့ပုံေပၚတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ၾကည့္ေနရင္းနဲ႔ ဒီဓာတ္ပုံေတြအားလုံးနီးပါးက လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္ကမွ စတယ္ဆိုတာကို သိလိုက္ရတာေၾကာင့္ ကြၽန္ေတာ္ သူ႔ကိုေမးလိုက္တယ္ "ဒါဆို ဒီမတိုင္ခင္က ဓာတ္ပုံေတြကေရာ?"

သူ႔မ်က္ႏွာက မထင္ရေလာက္ေအာင္ အက်ည္းတန္သြားၿပီး ကြၽန္ေတာ့္ကို ေစြေစာင္းၾကည့္လာတယ္။ သူက တစ္ခုခုေျပာခ်င္ေနတဲ့ပုံေပၚၿပီး သူ႔အမူအယာက အႀကိမ္အနည္းငယ္ ေျပာင္းလဲသြားၿပီးတဲ့ေနာက္မွာ ႐ုတ္တရက္ႀကီး သူ႔စကားေတြကို ေျပာင္းလိုက္ပုံေပၚတယ္ "ငါ့ကို ဒီလိုမ်ိဳးလာေမးတာ မင္းမရွက္ဘူးလား?"

"ဟမ္?"

"အဲ့တာေတြအားလုံးက မင္းေၾကာင့္ပဲေလ!" သူက သူ႔ရဲ႕ခြၽန္ထက္ေနတဲ့ သြားစြယ္ေတြကို ထုတ္ျပလာတယ္ "အဲ့ႏွစ္တုန္းက မင္းငါနဲ႔ စကားမ်ားၿပီး ငါနဲ႔ လမ္းခြဲခ်င္တယ္လို႔ ေျပာခဲ့တယ္၊ အဲ့တာေၾကာင့္ မင္းက ငါတို႔ရဲ႕ဓာတ္ပုံေတြအားလုံးကို ယူသြားၿပီး မီးရႈိ႕ပစ္လိုက္တာ!"

...မျဖစ္ႏိုင္တာ။ ကြၽန္ေတာ္က ဒီေလာက္ထိ ႏွလုံးသားကင္းမဲ့ၿပီး ႐ိုင္းစိုင္းတဲ့ကိစၥမ်ိဳးကို တကယ္ႀကီးလုပ္ခဲ့တယ္ဆိုတာ မယုံႏိုင္ဘူး။

ကြၽန္ေတာ္က အားလုံးကို မီးရႈိ႕လိုက္တယ္? ဒီေလာက္ထိ အဖိုးတန္တာေတြကို မီးရႈိ႕လိုက္တယ္? ကြၽန္ေတာ္ ဘယ္လိုလုပ္ၿပီး လုပ္ႏိုင္မွာလဲ! ဒါေပမယ့္ သူ႔ၾကည့္ရတာလည္း တကယ္ေနာက္ေနပုံမေပၚဘူး အဲ့ေတာ့... ဒီၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္းမွာ ကြၽန္ေတာ္ ေျပာင္းလဲသြားတာလား? သူ႔ရဲ႕အလိုလိုက္မႈေတြေၾကာင့္ စိတ္ႀကီးဝင္လာၿပီး အဲ့တာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြက အၾကင္နာတရားကင္းမဲ့လာတာလား? ေနာက္ၿပီး သူက ကြၽန္ေတာ့္ကို ခ်စ္တာေၾကာင့္ ကြၽန္ေတာ္က သူ႔အေပၚ အထိန္းအကြပ္မရွိ ျပဳမူႏိုင္တယ္လို႔ ခံစားမိလာလို႔လား?

အဲ့တာက ဘယ္လိုပဲျဖစ္ခဲ့ပါေစ၊ လက္ရွိကြၽန္ေတာ္ကေတာ့ အဲ့လိုကိစၥေတြကို လုပ္ႏိုင္တဲ့ကြၽန္ေတာ့္ပုံစံမ်ိဳးကို စိတ္ကူးၾကည့္ဖို႔ေတာင္ မဝံ့ဘူး။

"ေနာက္ၿပီး မင္းလုပ္ခဲ့တဲ့ ေၾကာက္စရာေကာင္းတဲ့ကိစၥေတြက ဒါေတြတင္ မဟုတ္ဘူး!"

မသိရင္ စိတ္ညစ္ေစတဲ့ကိစၥတစ္ရပ္ကို သြားတို႔မိလိုက္သလိုမ်ိဳး သူက သူ႔ရဲ႕ေဝဖန္မႈေတြကို အလြန္တရာ မေက်မနပ္နဲ႔ ဆက္ေျပာလာေတာ့တယ္ "မင္းက ငါ့နားဆြဲကိုလည္း ျပန္ယူသြားၿပီး လႊင့္ပစ္လိုက္တယ္၊ ၿပီးေတာ့ ငါက အဲ့တာေလးကို ေဆာင္းတြင္းႀကီး ေရကန္ထဲခုန္ဆင္းၿပီး ရွာေနရတာကိုေတာင္ ၾကည့္ေနခဲ့ေသးတယ္၊ မင္းက ငါ့ရဲ႕ဖုန္းေတြကိုလည္း ျပန္မေျဖဘူး ၿပီးေတာ့ ငါဘယ္ေလာက္ပဲ ႀကိဳးစားရွာရွာ မင္းကို ရွာလို႔မရခဲ့ဘူး၊ ငါက မင္းအတြက္ အခ်ိဳပြဲ ဘယ္လိုလုပ္ရမယ္ဆိုတာကို သင္ခဲ့ၿပီး အဲ့တာကို ႀကိဳးစားပန္းစားနဲ႔ လုပ္ခဲ့ေပမယ့္ မင္းက တစ္ခ်က္ေလးေတာင္ မၾကည့္ခဲ့ဘူး ငါ..."

ဘုရားေရ! ကြၽန္ေတာ္ ဆက္ၿပီး နားေထာင္ေလေလ ကြၽန္ေတာ္ ေသြးအန္မိေတာ့မလို ေၾကာက္လာေလေလပဲ။ ဒီလိုအနာဂတ္မ်ိဳးက ကြၽန္ေတာ္စိတ္ကူးယဥ္ခဲ့တဲ့ျဖစ္ႏိုင္ေျခနဲ႔ အမ်ားႀကီးကြာျခားလြန္းေနတယ္!

ကြၽန္ေတာ့္စိတ္ကူးထဲမွာ သူ႔ရဲ႕ႏွလုံးသားကို လႈပ္ရွားေစဖို႔ ကြၽန္ေတာ့္ရဲ႕မဆုတ္မနစ္ႀကိဳးစားအားထုတ္မႈေၾကာင့္ ေလာ့ယြီခ်န္က ကြၽန္​ေတာ့္ကို ခ်စ္လာမယ္ဆိုတာသာျဖစ္ၿပီး တျခားျဖစ္ႏိုင္ေျခေတြ ဘာမွမေတြးမိဘူး။ ေနာက္ၿပီး သူ႔ရဲ႕စိတ္လႈပ္ရွားသြားမယ့္ပုံရိပ္ကေတာင္ အေတာ္ေလး မယုံၾကည္ႏိုင္စရာေကာင္းေနၿပီလို႔ ကြၽန္ေတာ့္ဖာသာ ေတြးခဲ့မိတယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ ဒီဇာတ္လမ္းရဲ႕အဆုံးသတ္က ကြၽန္ေတာ္က သူ႔ကိုနင္းေျခၿပီး အႏိုင္က်င့္တယ္ဆိုၿပီး ျဖစ္သြားတာလား?

"မင္းက ေသခ်ာေပါက္ တစ္ခုခုကို အမွားလုပ္ခဲ့တယ္မဟုတ္လား? အဲ့လိုမွမဟုတ္ရင္ ငါက ဒီေလာက္ေၾကာက္စရာေကာင္းတဲ့ ကိစၥေတြကို ဘယ္ေတာ့မွ လုပ္ႏိုင္မွာ မဟုတ္ဘူး" ကြၽန္ေတာ္ ယုံၾကည္သလို ေသလည္းေသခ်ာတယ္။ ကြၽန္ေတာ္က အေၾကာင္းမရွိဘဲ ဒီလိုလြန္ကဲတဲ့ကိစၥေတြကို လုပ္ႏိုင္မွာမဟုတ္ဘူး ေနာက္ၿပီးေတာ့လည္း ဒီလူက ေလာ့ယြီခ်န္ ျဖစ္ေနတယ္၊ ကြၽန္ေတာ့္ရဲ႕အလယ္တန္းပထမႏွစ္တည္းက တိတ္တခိုးခ်စ္လာခဲ့ရတဲ့လူ၊ ကြၽန္ေတာ့္ရဲ႕ေအာက္တန္းက်တဲ့နည္းလမ္းနဲ႔ တမ္းတမ္းတတ ကိုးကြယ္ခဲ့ရတဲ့ ေလာ့ယြီခ်န္ေလ။

ကြၽန္ေတာ္သူ႔ကို အဲ့ေလာက္ထိခ်စ္တာေၾကာင့္ အေၾကာင္းမရွိဘဲ သူ႔ကို ထိခိုက္ေအာင္ လုပ္တယ္ဆိုတာ မျဖစ္ႏိုင္ဘူး။

သူက ခ်က္ခ်င္း ေခ်ပလာတယ္ "ငါ ဘယ္တုန္းကမွ အမွားမလုပ္ခဲ့ဘူး! ငါ့ကို ဘယ္လိုတန္ဖိုးထားေကာင္းမွန္း မသိတာက မင္းေလ! မင္းက ငါ့ကိုရသြားၿပီဆိုေတာ့ ငါ့ကို ဘယ္လိုတန္ဖိုးထားရမွန္း မသိေတာ့ဘူးေပါ့! မင္း ဘယ္ေလာက္ေတာင္ ေမာက္မာၿပီး စိတ္ႀကီးဝင္လိုက္သလဲ ၿပီးေတာ့ ငါ့မွာ ဘယ္ေလာက္ေတာင္ နိမ့္က်ၿပီး မ်က္ႏွာလိုမ်က္ႏွာရလုပ္လိုက္ရသလဲ! မင္းက တြန႔္ဆုတ္တာမ်ိဳးေတာင္မရွိဘဲ ထြက္သြားတာ စကားေလးတစ္ခြန္းေတာင္ ေျပာမသြားဘူး! ငါ့မွာေတာ့ အရမ္းေတြနာက်င္ၿပီး အသည္းေတြကြဲလိုက္ရတာ မင္းကေတာ့ လုံးဝကို ဂ႐ုမစိုက္ဘူးေလ!"

သူ စကားေျပာေနခ်ိန္မွာ သူ႔မ်က္လုံးေတြရဲ႕ နက္ရႈိင္းတဲ့အထဲမွာ တစ္စုံတစ္ရာက ဆက္တိုက္ဆိုသလို တလက္လက္ျဖစ္ေနၿပီး သူက ကြၽန္ေတာ့္လက္ကိုဆြဲကာ အလြန္တရာတင္းက်ပ္စြာ ဆုပ္ကိုင္လာတယ္။ သူကေတာ့ အေတာ္ေလးအလုပ္ရႈပ္ေနၿပီး ဒါကိုဘာမွ သတိထားမိပုံမေပၚဘူး။

စကၠန႔္ပိုင္းေလးအတြင္းမွာ ကြၽန္ေတာ့္ႏွလုံးသားက မယုံႏိုင္ေလာက္ေအာင္ နာက်င္သြားရတယ္။ ကြၽန္ေတာ္က သူ႔ကို ဘာလို႔ ဒီလိုဆက္ဆံရတာလဲ? ကြၽန္ေတာ့္ျပႆနာက ဘာမ်ားလဲ? ဒီအတိုင္း ကြၽန္ေတာ္က ရက္စက္လြန္းလို႔ ႐ုတ္တရက္ ခုနစ္ႏွစ္စာကြၽန္ေတာ့္မွတ္ဉာဏ္ေတြ ေပ်ာက္သြားရတာလား? အဲ့လိုမွပဲ သူ႔ရဲ႕အခ်စ္ကို မခံရေသးတဲ့အခ်ိန္တုန္းက၊ သူကြၽန္ေတာ့္ကို ဂ႐ုမစိုက္ေသးတဲ့အခ်ိန္တုန္းက ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္ အေဖာ္မဲ့ေနခဲ့လဲဆိုတာကို ျမင္ႏိုင္ေအာင္လား? အဲ့ေတာ့မွ ဒီခုနစ္ႏွစ္အတြင္းကြၽန္ေတာ္က ဘယ္ေလာက္ေတာင္ ေမာက္မာၿပီး အထိန္းအကြပ္မဲ့ေနခဲ့လဲဆိုတာ သိသြားေအာင္လား?

"ငါ ေတာင္းပန္ပါတယ္! ငါ ေတာင္းပန္ပါတယ္! ငါ ဘာလို႔အဲ့လိုျဖစ္သြားခဲ့တာလဲဆိုတာ ငါလည္း မသိဘူး!" ကြၽန္ေတာ္ သူ႔လက္ေတြကိုကိုင္ထားရင္း အလြန္တရာအေလးအနက္ထားကာ ေတာင္းပန္လိုက္တယ္။

သူ႔ရဲ႕လက္ေကာက္ဝတ္ေပၚမွာ အမာ႐ြတ္တစ္ခုရွိေနတယ္။ ကြၽန္ေတာ္ အဲ့တာကို ျမင္ေတာ့ တုန္လႈပ္သြားၿပီး ကြၽန္ေတာ့္ႏွလုံးသားထဲ ေအးစိမ့္မႈတစ္ခု တိုးဝင္လာတယ္။

"ဒါက ဘာ-ဘာလဲ?"

"မင္းက ငါ့ကိုမလိုခ်င္ေတာ့ဘူးဆိုလို႔ ငါ..." သူက ကြၽန္ေတာ့္ကို ေခါင္းေမာ့ၾကည့္လာၿပီး သူ႔မ်က္လုံးေတြထဲမွာ ဖုံးကြယ္ထားတဲ့ခါးသက္မႈတို႔ ျပည့္ေနတယ္။

သူ႔ရဲ႕ေရွာင္လႊဲလို႔မရတဲ့အၾကည့္ေအာက္မွာ ထူးထူးျခားျခား သိမ္ငယ္စိတ္တစ္ခု ကြၽန္ေတာ့္ဆီမွာ ထြက္ေပၚလာတယ္။ ဟုတ္တယ္ အဲ့တာက ေသခ်ာေပါက္ သိမ္ငယ္တဲ့ခံစားခ်က္ပဲျဖစ္ရမယ္၊ ဘာေၾကာင့္ဆို ကြၽန္ေတာ္ တအားအရွက္ရမိတာေၾကာင့္ျဖစ္တယ္၊ အဖတ္ဆယ္လို႔မရေအာင္ အျပစ္ေတြအမ်ားႀကီး ျပဳခဲ့မိတာေၾကာင့္ျဖစ္တယ္ _ ဒီတိုင္းမ်ား႐ုံတင္မကဘူး အဖတ္ျပန္ဆယ္လို႔မရတဲ့ မေရမတြက္ႏိုင္တဲ့ အျပစ္ေတြျဖစ္တယ္။

"ငါေတာင္းပန္ပါတယ္၊ ငါတကယ္ ေတာင္းပန္ပါတယ္... ငါ ကတိျပဳတယ္ ဒီေန႔ကစလို႔ အဲ့လိုကိစၥေတြကို ေသခ်ာေပါက္ ေနာက္ထပ္မလုပ္ေတာ့ပါဘူး၊ အဲ့တာ အမွန္ပဲ၊ မင္းငါ့ကို ခြင့္လႊတ္ေပးႏိုင္မလား?"

"ငါမင္းကို ခြင့္လႊတ္ၿပီးသားပါ" သူ ေျပာလာတယ္။

"တကယ္လား?" ဒီေလာက္ဆိုးဝါးတဲ့ကိစၥေတြ လုပ္ခဲ့ၿပီးတာေတာင္ ကြၽန္ေတာ့္ကို တကယ္ခြင့္လႊတ္ေပးႏိုင္တယ္? ကြၽန္ေတာ္ ယုံေတာင္မယုံႏိုင္ဘူး။ ေလာ့ယြီခ်န္က ဘယ္တုန္းကတည္းက ဒီေလာက္ထိရင့္က်က္ၿပီး သေဘာထားျပည့္ဝတဲ့လူ ျဖစ္သြားရတာလဲ? ၾကည့္ရတာ သူကြၽန္ေတာ့္အေပၚ မွားခဲ့တာေတြထက္ ကြၽန္ေတာ္သူ႔အေပၚ မွားခဲ့တာေတြက ပိုမ်ားမယ့္ပုံပဲ။

"ဒီလိုကိစၥေတြက ခြင့္မလႊတ္ႏိုင္စရာေကာင္းတယ္လို႔ ထင္လား?" သူက ကြၽန္ေတာ့္ကို ေမးခြန္းျပန္လွည့္ေမးလာၿပီး ကြၽန္ေတာ္ေတာင္ အေျဖမေပးႏိုင္ေသးခင္မွာ "ဒါေပါ့" သူက ေနာက္ဆက္တြဲ ေမးလာတယ္ "အဲ့တာကို ဒီလိုေတြးၾကည့္လိုက္၊ တကယ္လို႔ အဲ့တာက မင္းဆိုရင္ မင္းငါ့ကို မင္းရဲ႕ႏွလုံးသားထဲကေန ခြင့္လႊတ္ေပးႏိုင္မလား?"

တကယ္လို႔ ကြၽန္ေတာ္သာဆိုရင္? ကြၽန္ေတာ္ ခဏေလာက္ ေတြးၾကည့္လိုက္တယ္။ တကယ္လို႔ ကြၽန္ေတာ္သာဆိုရင္ ကြၽန္ေတာ္ အဲ့လိုလုပ္ႏိုင္ေလာက္တယ္။ ကြၽန္ေတာ္ကသူ႔ကို တအားခ်စ္တာေၾကာင့္ ဘယ္လိုမွတတ္ႏိုင္မွာမဟုတ္ဘူး။

"တကယ္လား?" ကြၽန္ေတာ္ ေခါင္းၿငိတ္တာကိုျမင္ေတာ့ သူ႔မ်က္ႏွာက ဘာေၾကာင့္ရယ္မသိ ဝင္းလက္သြားတယ္။ "မင္းငါ့ကို ခြင့္လႊတ္ေပးႏိုင္တယ္လို႔ ေျပာတဲ့အခ်ိန္မွာ မင္းရဲ႕စိတ္ရင္းနဲ႔လား?"

... သူကဘာလို႔ ဒီေလာက္ထိ ေပ်ာ္သြားရတာလဲ?

အခုခ်ိန္မွာ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ ဘယ္လိုေနထိုင္ရမွန္း မသိဘူး။ ႐ုတ္တရက္ႀကီး ခုနစ္ႏွစ္စာမွတ္ဉာဏ္ကို ဆုံးရႈံးသြားရၿပီး တစ္ေန႔တည္းမွာတင္ ဒီေလာက္ထိ ရႈပ္ေထြးေပြလီတဲ့အခ်က္အလက္ကို ရလိုက္ရတယ္ _ စိတ္ခ်မ္းေျမ့မႈနဲ႔ အျပစ္မကင္းမႈ၊ ေပ်ာ္႐ႊင္မႈနဲ႔ မေရရာမႈ _ အဲ့တာေတြက ကြၽန္ေတာ့္ကို ၿပိဳလဲေတာ့မလို အနည္းငယ္ခံစားရေစတယ္။

ဒါေပမယ့္ သူက စကားဆက္မေျပာေတာ့ဘူး ထိုအစား သူပုခုံးကို ငွားေပးလာတယ္။ ကြၽန္ေတာ္ သူ႔ကိုမွီလိုက္ခ်ိန္မွာ အဲ့တာက အေတာ္ေလး က်ယ္ၿပီး သက္ေသာင့္သက္သာရွိတယ္ဆိုတာ သိလိုက္ရတယ္။

ျပတင္းေပါက္အျပင္ဘက္မွာ မိုးကစတင္႐ြာလာၿပီး ေတာက္ပလင္းလက္ေနရာက မႈန္ရီဝါးတားတဲ့အျဖစ္ကို ေျပာင္းလဲသြားတယ္။ ေလာ့ယြီခ်န္က ေစာင္တစ္ထည္ဆြဲလာၿပီး ကြၽန္ေတာ္တို႔လည္း ထိုအထဲမွာဝင္ေခြကာ ႏြမ္းလ်ေနတဲ့ေၾကာင္ေပါက္ေလးႏွစ္ေကာင္လိုမ်ိဳး တစ္ေယာက္ကိုတစ္ေယာက္ ပူးကပ္ၿပီးေနေနၾကတယ္။ သစ္႐ြက္ေတြေပၚကို မိုးစက္က်သံေတြကို ကြၽန္ေတာ္တို႔ နားေထာင္ခဲ့ၾကတယ္။

အျပင္ဘက္ေလာကႀကီးက ဘယ္ေလာက္ပဲ မိုးသည္းထန္စြာ႐ြာေနပါေစ အိမ္ထဲမွာေတာ့ အလြန္ေႏြးေထြးၿပီး သက္ေသာင့္သက္သာရွိလွတယ္။ ဒီလိုက်ယ္ေျပာကာ ဖ႐ိုဖရဲႏိုင္လွတဲ့စၾကာဝဠာႀကီးရဲ႕ ခ်ာခ်ာလည္ေနတဲ့ဗဟိုခ်က္မွာ ကြၽန္ေတာ့္ေဘးက အေငြ႕အသက္ကေတာ့ အလြန္စစ္မွန္ၿပီး ထင္ရွားလွတယ္။

"ေရွာင္ဟန္း"

"ဟင္?"

"ငါမင္းကို ခ်စ္တယ္"

"အမ္-ဟမ္၊ ငါသိတယ္၊ ငါလည္းမင္းကိုခ်စ္တယ္"

ကြၽန္ေတာ့္အသံက သိပ္ကိုတည္ၿငိမ္ေနၿပီး ကြၽန္ေတာ့္ရဲ႕လႈိင္းထန္ေနတဲ့ႏွလုံးသားကို ဖုံးကြယ္ထားတယ္။ အာ ဒါက ကြၽန္ေတာ္ အိမ္မက္,မက္ခဲ့ဖူးတဲ့ အျပန္အလွန္ေျပာဆိုမႈျဖစ္ၿပီး အဲ့တာက တကယ္ျဖစ္လာခဲ့ၿပီ!

သူက ခဏေလာက္တိတ္ဆိတ္သြားၿပီးမွ ႐ုတ္တရက္ေျပာလာတယ္ "... ငါအခုေလးတင္ေျပာလိုက္တာက လြန္ခဲ့တဲ့ခုနစ္ႏွစ္ေလာက္က ေရွာင္ဟန္းကိုေျပာတာ"

'ဘာမ်ား ကြာသြားလို႔လဲ? ႏွစ္ေယာက္လုံးက ငါပဲမဟုတ္ဘူးလား?'

"ငါသာ ျပန္သြားလို႔ရႏိုင္မယ္ဆိုရင္ဆိုၿပီး ငါအၿမဲတမ္းေတြးေနခဲ့တာ၊ ငါ့ဖာသာ လူကိုယ္တိုင္ ေျပာမွာ" သူက ေျပာေနရင္းနဲ႔ ကြၽန္ေတာ့္ကို သူ႔ရင္ခြင္ထဲမွာ ပိုလို႔ေတာင္ တင္းက်ပ္စြာ ဖက္လာတယ္ "ငါ အဲ့လိုကိစၥေတြ မလုပ္မိခင္၊ မင္း ငါ့ကိုစိတ္မဝင္စားေသးခင္ ငါကအရင္ဆုံး မင္းကို အဲ့စကားေတြ ေျပာမယ္... ဒါေပမယ့္ ေနာက္ဆုံးေတာ့လည္း အတိတ္ကိုျပန္သြားရမယ့္သူက ငါမပါဘဲမင္းတစ္ေယာက္တည္းပဲျဖစ္ေနလို႔ ေတာင္းပန္ပါတယ္"

ကြၽန္ေတာ္ ရယ္လိုက္တယ္ "ရပါတယ္၊ အနည္းဆုံးေတာ့ လြန္ခဲ့တဲ့ခုနစ္ႏွစ္က ေရွာင္ဟန္းၾကားေအာင္လို႔ မင္းေျပာလိုက္ႏိုင္တာပဲေလ"

သူက ညစာလည္းလုပ္ေပးတာေၾကာင့္ ကြၽန္ေတာ္လည္း မီးဖိုေခ်ာင္ထဲဝင္ၿပီး သူ႔ကိုကူေပးလိုက္တယ္။ ကြၽန္ေတာ္တို႔ ပတ္ပတ္လည္မွာ အရသာရွိတဲ့ဟင္းအနံ႔ေတြ လႈိင္လႈိင္ထြက္ေနၿပီး ကြၽန္ေတာ္ကလည္း သူနဲ႔အတူ ေခါက္တုံ႔ေခါက္ျပန္ သြားလာေနရကာ သူ႔ရဲ႕လွ်ပ္ျပာျပာႏိုင္တဲ့ပုံစံကို ရယ္ေမာၿပီး သူ႔ရဲ႕ပ်ာယာခတ္ေနတဲ့ပုံစံကို ၾကည့္ေနမိတယ္။ ဒီလိုဘဝမ်ိဳးက ကြၽန္ေတာ္ ေတာင့္တခဲ့ရတဲ့ ဘဝမ်ိဳးလို႔ ကြၽန္ေတာ္ ေတြးမိလိုက္တယ္ _ ႐ိုးရွင္းကာ ေအးခ်မ္းၿပီး ခ်ိဳၿမိန္တဲ့ေပ်ာ္႐ႊင္မႈ။

သူ ေျပာလာတယ္ 'ေမြးေန႔ေတြဆိုတာ က်င္းပေပးရတယ္' တဲ့၊ ၿပီးေတာ့ သူက ေမွာ္လွည့္ကြက္တစ္ခုကို တင္ဆက္ခဲ့ၿပီး ေမြးေန႔ကိတ္တစ္လုံးေပၚလာေအာင္လုပ္ကာ ဖေယာင္းတိုင္ေတြ ထြန္းေပးလာတယ္။ အဲ့ေနာက္ နာမည္ေက်ာ္ႀကီးက သူ႔ရဲ႕ဆြဲေဆာင္မႈရွိတဲ့အသံနဲ႔ ေမြးေန႔သီခ်င္းကို ကြၽန္ေတာ္ပဲ ၾကားႏိုင္ေလာက္ေအာင္ ဆိုေပးခဲ့တယ္။

ကြၽန္ေတာ့္ဖာသာ တိတ္တိတ္ေလး ကတိျပဳကာ ေျပာလိုက္တယ္ 'ေရွာင္ဟန္း မင္းသူ႔ကို တန္ဖိုးထားမွျဖစ္မယ္၊ ေလာ့ယြီခ်န္က မင္းကို ဒီေလာက္ထိ ေကာင္းေကာင္းဆက္ဆံေပး၊ ဒီေလာက္ထိခ်စ္ေပးေနတာေၾကာင့္ မင္းသူ႔ကို ေသခ်ာေပါက္ တန္ဖိုးထားရမယ္' ကြၽန္ေတာ့္မွတ္ဉာဏ္ေတြ ျပန္ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ၊ ဒီလိုမ်ိဳး သေဘာထားေသးသိမ္တဲ့ကိစၥမ်ိဳးေတြနဲ႔ သူ႔အေပၚ ဘယ္ေတာ့မွ ထပ္အႏိုင္မက်င့္ေတာ့ဘူး!

ညလယ္ေခါင္ေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ နားလည္ရခက္စြာ အိမ္မက္ေတြထဲက ႏိုးလာၿပီး သူ႔ကိုတြန္းပစ္လိုက္တယ္။

"ေလာ့ယြီခ်န္ ဘာလို႔လဲ?"

"ဟင္?" သူက အိပ္တစ္ဝက္ႏိုးတစ္ဝက္နဲ႔ ကြၽန္ေတာ့္ကိုဖက္ကာ ပြတ္သီးပြတ္သပ္လာလုပ္ေတာ့တယ္။

"မင္းငါ့ကို ေျပာျပတဲ့အခ်ိန္တုန္းက ဘာလို႔ အားလုံးကို ေျပာင္းျပန္လုပ္ပစ္ရတာလဲ?" ကြၽန္ေတာ္သူ႔ကို နည္းနည္းေလးေတာင္ နားမလည္ႏိုင္တာေၾကာင့္ ေမးလိုက္တယ္ "ဘယ္သူက မင္းနားဆြဲကိုခိုးၿပီး ကန္ထဲပစ္ခဲ့တာလဲ? ငါတို႔ဓာတ္ပုံေတြကို မီးရႈိ႕ခဲ့တာ ဘယ္သူလဲ! မင္းအေပၚကို အၾကင္နာတရားမရွိ ဆက္ဆံခဲ့တာ ဘယ္သူလဲ?"

"အာ" သူ ရယ္ေမာလာတယ္ "ေနာက္ဆုံးေတာ့ မင္းမွတ္မိသြားၿပီကိုး အာာာ ေကာင္းလိုက္တာ..."

အမွန္ပဲ ကြၽန္ေတာ့္မွတ္ဉာဏ္ကြယ္ေပ်ာက္မႈက အဆုံးသတ္သြားၿပီး ကြၽန္ေတာ္ အားလုံးကို မွတ္မိသြားၿပီျဖစ္တယ္။ ကြၽန္ေတာ္က ပုံမွန္ေရွာင္ဟန္း၊ ခုနစ္ႏွစ္ေနာက္ပိုင္း ေရွာင္ဟန္းအျဖစ္ ျပန္ေျပာင္းသြားခဲ့ၿပီ။ အဲ့တာေၾကာင့္ မနက္တုန္းက သူေျပာခဲ့တဲ့ကိစၥေတြအားလုံးက အခုခ်ိန္မွာ ကြၽန္ေတာ္ သတိျပန္ရၿပီျဖစ္တာေၾကာင့္ အလြန္တရာရယ္စရာေကာင္းလွတယ္ဆိုတာကို သိသြားၿပီျဖစ္တယ္၊ အဲ့တာက လူကိုလုံးဝ စိတ္ရႈပ္ေထြးေစတယ္။

"ဘာေတြ ရယ္ေနတာလဲ! အဲ့တာ မင္းအတြက္ ရယ္စရာေကာင္းလို႔လား?" သူ႔ကိုယ္သူ ေစာင္နဲ႔ကာထားၿပီး လႈပ္စိစိျဖစ္ေနတာကိုျမင္ေတာ့ ကြၽန္ေတာ္ ေဒါသလည္းထြက္ ရယ္လည္းရယ္ခ်င္ျဖစ္သြားရတယ္ "ငါက ႐ုတ္တရက္ႀကီး ဒီေလာက္ႏွစ္ေတြအမ်ားႀကီးစာ ကိစၥေတြကို ေမ့သြားလို႔ မင္းကို အဲ့ေလာက္ထိ ယုံၾကည္လိုက္ရတာ၊ မင္းကေတာ့ အမွန္တရားေလး တစ္ခုေတာင္ ငါ့ကိုမေျပာခဲ့ဘူး၊ ငါ့ကိုေတာင္ အျပစ္မကင္းျဖစ္ေအာင္ လွည့္စားလိုက္ေသးတယ္! မင္းမွာ ဘယ္လိုေတာင္ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြ ရွိေနရတာလဲ!"

ေနာက္ေတာ့ သူက ေစာင္ကိုဆုပ္ကိုင္ကာ လႈပ္ခါေနေတာ့တယ္ "ဟားဟား ေရွာင္ဟန္း မင္းသိရဲ႕လား မင္း ဒီတစ္ေန႔လုံး မတရားကို ခ်စ္ဖို႔ေကာင္းေနတာ... မင္းသာ နည္းနည္းၾကာၾကာေလး မွတ္ဉာဏ္ေတြေပ်ာက္သြားႏိုင္ရင္ ေကာင္းအုံးမွာ"

ဒါေတြက ဘယ္လိုေတာင္ အၾကင္နာတရားေခါင္းပါးတဲ့စကားေတြလဲ! သူရယ္ေနတဲ့ပုံစံက ကြၽန္ေတာ့္လို ညင္သာတဲ့လူတစ္ေယာက္ကိုေတာင္ သူ႔ကို႐ိုက္ပစ္ခ်င္တဲ့အထိ ျဖစ္ေစတယ္။

အခ်ိန္အၾကာႀကီး ၾကာၿပီးတဲ့ေနာက္ သူလည္းေနာက္ဆုံးေတာ့ အရယ္ရပ္သြားၿပီး ကြၽန္ေတာ့္ကို ေမးလာတယ္ "ေလာ့ယြီခ်န္အျဖစ္ တစ္ရက္ေလာက္ေနလိုက္ရေတာ့ ဘယ္လိုခံစားရလဲ?"

"ဟင္?" ကြၽန္ေတာ့္ေရွ႕က ဒီလူလိမ္ေကာင္ကို ၿဂိဳလ္သားတစ္ေယာက္ကမ်ား အစားထိုးဝင္ေနတာလားလို႔ေတာင္ ကြၽန္ေတာ္ သံသယဝင္လာမိတယ္။ ဘာျဖစ္လို႔ သူလုပ္သမွ် ေျပာသမွ်ေတြအားလုံးက ကြၽန္ေတာ္နားလည္ႏိုင္တဲ့ နယ္ပယ္ထက္ ေက်ာ္လြန္ေနရတာလဲ?

"ငါေျပာခ်င္တာ ဘာလဲဆိုရင္" သူက လက္တစ္ဖက္ဆန႔္ထုတ္ကာ ကြၽန္ေတာ့္ဆံပင္ကို ပြတ္သပ္လာတယ္ "႐ုတ္တရက္ႀကီးကြာ ဘယ္လိုျဖစ္သြားမွန္းမသိဘဲ မင္းလုပ္ခဲ့သမွ်ေတြအားလုံးက မွားယြင္းေနတယ္ဆိုတာကို သိလိုက္ရတယ္ ၿပီးေတာ့ နာက်င္မႈေတြအားလုံးကလည္း ျဖစ္ၿပီးခဲ့ၿပီ၊ တကယ္လို႔ မင္းက 'ငါေတာင္းပန္ပါတယ္'လို႔ ေျပာခ်င္ရင္ေတာင္ ဘယ္ကစေျပာရမွန္း မသိေတာ့ဘူး၊ အဲ့ေနာက္မွာ နားလည္ရခက္တဲ့ ခြင့္လႊတ္မႈကို ရလိုက္တယ္ ဒါေပမယ့္ မင္းက အၿမဲတမ္း မယုံၾကည္ႏိုင္ျဖစ္ေနရတယ္၊ အဲ့တာက မင္းကို ရင္တမမနဲ႔ ဘာလုပ္ရမွန္း လုံးဝမသိျဖစ္သြားေစတဲ့ ခံစားခ်က္မ်ိဳးေလ"

ေနာက္ေတာ့ သူကြၽန္ေတာ့္ကို ဒီအတိုင္းပဲ ၾကည့္ေနခဲ့တယ္။ အေမွာင္ထဲမွာ သူ႔ရဲ႕ေႏြးေထြးတဲ့ေလေငြ႕က ကြၽန္ေတာ့္နားကို ျဖတ္တိုက္သြားတယ္။ ကြၽန္ေတာ္က တကယ့္ကို အသုံးမက်ဘူးပဲ၊ ဒီေလာက္ အခ်ိန္ေတြၾကာေညာင္းေနၿပီျဖစ္တာေတာင္ သူ႔နားမွာဆိုရင္ ကြၽန္ေတာ့္ရဲ႕ျမန္ဆန္လာတဲ့ႏွလုံးခုန္သံေတြကို ထိန္းမခ်ဳပ္ႏိုင္ေသးဘူး။

"... အဲ့တာ ေနလို႔မေကာင္းဘူး" ကြၽန္ေတာ္ ဝန္ခံလိုက္တယ္။

"မင္းသေဘာေပါက္တယ္ဆို ရပါၿပီ"

ဒါက၊ ကြၽန္ေတာ္ ဝန္ခံလိုက္တယ္ဆိုေပမယ့္ အဲ့တာက သူ႔ရဲ႕လုပ္ရပ္ေတြကို အားေပးအားေျမႇာက္လုပ္တယ္လို႔ မဆိုလိုဘူးေလ! သူကေတာ့ ရပါၿပီဆိုတာကို အရွက္ေလးတစ္စက္ေတာင္မရွိဘဲ ေျပာလိုက္ေသးတယ္! 'ကြၽန္ေတာ္ သေဘာေပါက္သေ႐ြ႕ ရပါတယ္'ဆိုတာက ဘာကိုေျပာခ်င္ေနတာလဲ!

"ဒါေပမယ့္ မင္းဘယ္လိုခံစားရလဲဆိုတာကို ငါ့ကိုခံစားၾကည့္ေစခ်င္တာနဲ႔ ဒီလိုမ်ိဳးလာရႈပ္တာက မလြန္လြန္းဘူးလား? ငါ့ရဲ႕မွတ္ဉာဏ္ေတြ ျပန္မရခဲ့ရင္ ဘယ္လိုလုပ္မလဲ? မင္းက ငါ့ကို ဆက္တိုက္အျပစ္မကင္းသလို ခံစားခိုင္းၿပီး ငါက ႏွလုံးသားမဲ့ၿပီး စိတ္ေျပာင္းလြယ္တဲ့လူလို႔ ဆက္တိုက္ထားထားမွာလား? မင္းက 'ဥမေပါက္ခင္ ၾကက္ေတြကို ေရတြက္တယ္'ဆိုတဲ့ ေနာက္ေျပာင္တာမ်ိဳးကို အရမ္းကာေရာ အဆင္အျခင္မရွိ ေဆာ့ခဲ့တာပဲ!"

အာ... စကားေတြေျပာေနလို႔လည္း အသုံးမဝင္ေတာ့ဘူး။ ဒီလိုမ်ိဳး အသိတရားမရွိတဲ့လူလိမ္ကို စကားေျပာရတာက ကြၽန္ေတာ့္ကို ေဒါသထြက္ၿပီးရင္းထြက္ေအာင္ လုပ္ေနသလိုပဲ။

"အင္း ေတာင္းပန္ပါတယ္" သူက ေခါင္းငုံ႔လိုက္ၿပီး ကြၽန္ေတာ့္ႏွာေခါင္းကို ဖြဖြေလးလာနမ္းကာ "ေရွာင္ဟန္း မင္းစိတ္ဆိုးသြားလား?"

ကြၽန္ေတာ္သူ႔ကို မသိခ်င္ေယာင္ေဆာင္ေနလိုက္တယ္။ ကြၽန္ေတာ္သူ႔ကို ဆက္ၿပီးစိတ္ဆိုးခ်င္ေပမယ့္ ကြၽန္ေတာ့္ႏွလုံးသားထဲမွာေတာ့ ေဒါသထြက္ဖို႔ အားမခဲထားႏိုင္ဘူး။ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္သာ ေဒါသထြက္ရေတာ့တယ္ 'ေရွာင္ဟန္းေရ မင္းကဘယ္လိုလုပ္ ဒီေလာက္ထိ သုံးစားမရရတာလဲ'

"ငါက ရည္႐ြယ္ခ်က္ရွိရွိ လွည့္စားဖို႔ ႀကိဳးစားခဲ့တာ မဟုတ္ပါဘူး" သူက အသံတိုးတိုးနဲ႔ ေျပာလာတယ္ "အဲ့တာက တကယ္လို႔သာ အရာအားလုံးေျပာင္းလဲလို႔ရမယ္ဆိုရင္ အရာအားလုံးကို ငါေျပာခဲ့သလိုပဲ ျဖစ္ေစခ်င္လို႔ပါ၊ ခံစားရတာက ငါပဲျဖစ္ခ်င္တယ္၊ ၿပီးေတာ့ ဘယ္ေလာက္ပဲ ဆိုးဝါးေနပါေစ ငါအဲ့တာေတြအားလုံးကို ဝမ္းပမ္းတသာနဲ႔ကို လက္ခံလိုက္မွာ၊ ငါအၿမဲတမ္း ေတြးမိတာက တကယ္လို႔သာ ငါတို႔ေတြ ေနာက္ထပ္ျပန္စလို႔ရႏိုင္မယ္ဆိုရင္ မင္းက လူ႔ေပၚေၾကာ့ျဖစ္ၿပီး ငါကေတာ့ မင္းကိုပဲ တစ္စိုက္မတ္မတ္ခ်စ္ေနမိတဲ့သူျဖစ္ခ်င္တယ္၊ မင္းငါ့ကို အၿမဲတမ္း ဆက္ဆံေပးခဲ့သလိုေပါ့"

"အေၾကာင္းေၾကာင္းေၾကာင့္ အခြင့္အေရးရလာၿပီး မင္းက အတိတ္ေမ့သြားတဲ့အခ်ိန္က်ေတာ့ ငါလည္းမေနႏိုင္ဘဲ ဒီလိုဇာတ္လမ္းမ်ိဳး မင္းကို ေျပာျပမိတာ၊ အဲ့တာကို မင္းေမ့သြား႐ုံတင္မကဘူး အဲ့အစား ငါတို႔ေတြ အတိတ္ကို တကယ္ျပန္သြားလို႔ရၿပီး လြန္ခဲ့တဲ့ခုနစ္ႏွစ္ကို ျပန္ေရာက္သြားမယ္ဆို ပိုေတာင္ေကာင္းအုံးမယ္၊ အဲ့အခ်ိန္တုန္းက မင္းက စိတ္ပ်က္တာလည္းမျဖစ္ေသးဘူး၊ ေမွ်ာ္လင့္ခ်က္မဲ့တာလည္း မျဖစ္ေသးဘူး၊ ငါကလည္း ကိစၥေတြအမ်ားႀကီးကို မျဖစ္လာေအာင္ တားလို႔ရတယ္၊ မင္း ဒီေလာက္ထိ နာက်င္ရတာမ်ိဳး မခံစားရေအာင္ ငါတားမိမွာ"

"အရာအားလုံးက ၿပီးသြားခဲ့ၿပီလို႔ ငါေျပာခဲ့ၿပီးသား မဟုတ္ဘူးလား?" ကြၽန္ေတာ္သူ႔ကို ပုတ္ေပးလိုက္ကာ ကြၽန္ေတာ့္စိတ္ထဲမွာ ေတြးေနမိတယ္ 'ဘာေၾကာင့္မ်ား ဒီလိုမ်ိဳးႏုံအတဲ့ပုံနဲ႔ကေလးက တစ္ခါတစ္ေလ သူမ်ားေတြနဲ႔မတူေအာင္ ႏူးညံ့တဲ့ခံစားခ်က္ေတြကို ထုတ္ျပလာရတာလဲ'

"အင္း... ေရွာင္ဟန္း မင္းသိလား၊ လြန္ခဲ့တဲ့ခုနစ္ႏွစ္တုန္းကမင္းက ငါ့ကို ခြင့္လႊတ္ေပးႏိုင္တယ္လို႔ ေျပာတဲ့အခ်ိန္တုန္းက ငါတကယ္ တအားေပ်ာ္သြားခဲ့တာ၊ ဘာလို႔ဆို ေနာက္ဆုံးေတာ့ ငါယုံႏိုင္သြားၿပီေလ"

အ႐ူးေကာင္။ ကြၽန္ေတာ့္ႏွာေခါင္းက အနည္းငယ္ခ်ဥ္စူးလာၿပီး သူ႔ရင္ဘတ္ကို မွီလိုက္တယ္။

သူက ကြၽန္ေတာ့္ကို ေပြ႕ဖက္ထားၿပီး အျမတ္တႏိုးနဲ႔ ႏူးညံ့စြာ ကြၽန္ေတာ့္ႏွဖူးကေနတဆင့္ ကြၽန္ေတာ့္ႏႈတ္ခမ္းေတြေပၚ သူ႔ႏႈတ္ခမ္းေတြက ေလွ်ာဆင္းလာၿပီး အသာအယာပြတ္သပ္ကာ အနမ္းတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီး အဲ့ေနာက္မွာေတာ့... သူက ဆိုးသြမ္းလာျပန္တယ္။

"ဘာလုပ္တာလဲ" ကြၽန္ေတာ္က သူ႔ရဲ႕ခပ္ဆိုးဆိုးလက္ကို ႐ိုက္ထုတ္လိုက္တယ္ "အခုေလာေလာဆယ္ မင္းေၾကာင့္ ငါဝမ္းနည္းေနတယ္ဆိုတာကို မျမင္ဘူးလား?"

ကြၽန္ေတာ့္မွာေတာ့ သူ႔ေၾကာင့္ ရင္နာလိုက္ရတာ သူကေတာ့ အဆင္ကိုေျပလို႔။ သူ႔ေလာက္ မၾကည္ႏူးတတ္တဲ့လူကို ကြၽန္ေတာ္ ဘယ္တုန္းကမွ မျမင္ဖူးခဲ့ဘူး။

"ဟုတ္လား?" သူက ၿပဳံးေနတယ္ "ဝမ္းနည္းတာကို ရွင္းထုတ္ဖို႔ အေကာင္းဆုံးနည္းလမ္းကို မင္းသိလား?"

ကြၽန္ေတာ္ မသိဘူး ဒါေပမယ့္ သူ႔ရဲ႕ရည္႐ြယ္ခ်က္ေတြကို ၾကည့္႐ုံနဲ႔တင္ သူေျပာခ်င္တဲ့နည္းလမ္းက အဲ့တာ 'လုပ္'တာကို ဆိုတာ ကြၽန္ေတာ္ခန႔္မွန္းမိလိုက္တယ္။

"မင္းမွန္းတာ မွန္တယ္၊ မင္းမၾကားဖူးဘူးလား တခ်ိဳ႕လူေတြေျပာတာ မင္း ဝမ္းနည္းေနခ်ိန္ဆို လုပ္ဖို႔အသင့္ေတာ္ဆုံးက ခ်က္ခ်င္း _ အာ႐ုံလႊဲလိုက္တာပဲ" သူက ခပ္ဟဟရယ္ၿပီး ကြၽန္ေတာ့္ကို လွည့္ကာဖိခ်လိုက္တယ္၊ သူ႔မ်က္လုံးေတြက တလက္လက္ေတာက္ပေနၿပီး သူ႔အၿပဳံးက က်ီစယ္လိုမႈတို႔နဲ႔ ျပည့္ေနတယ္။

"မင္းရဲ႕အာ႐ုံကိုလႊဲလို႔ သူတို႔ေျပာတဲ့အခ်ိန္တုန္းက ဒီလိုကိစၥမ်ိဳးလို႔ သူတို႔မွ မဆိုလိုတာ! ေဟး ေဟး ေဟး! ဘယ္ေနရာကို လာထိေနတာလဲ? ေလာ့ယြီခ်န္ မင္း ah..."

ဒီေလာက္ထိ ၾကည့္ေကာင္းလွတဲ့နာမည္ေက်ာ္ႀကီးကို ကြၽန္ေတာ္ တားခ်င္ရင္ေတာင္ တကယ္မတားႏိုင္ပါဘူး။

မဟုတ္မွ ကြၽန္ေတာ္သူ႔အဖို႔ ႏွလုံးသားကို ေပ်ာ့ေပ်ာင္းေပးစရာ မလိုေလာက္ဘူးလို႔ ကြၽန္ေတာ္ထင္မိတယ္။

[ Kay : ဘုရား ဘုရား ေရးရတာ မ်က္လုံးေတြေတာင္ ေျခာက္တယ္။ စာလုံးေရ တစ္ေသာင္းေတာင္ေက်ာ္တယ္ ૮(꒦ິཅ꒦ິ)ა ]


__

{Unicode}

[ အကျဉ်းချုပ် : ဆေးအသစ်တချို့ကြောင့် ရှောင်န်းရဲ့မှတ်ဉာဏ်တွေ ပျောက်ဆုံး ]

•အချပ်ပို ၃ : အတိတ်သို့ပြန်လှည့်•

"ဒါက ပြည်ပဈေးကွက်တွေထဲမှာ ပေါက်လာတဲ့ ဆေးအသစ်လေ၊ တအားထိရောက်မှုရှိတယ်၊ တင်းကျပ်တဲ့ဆေးဝါးစစ်ဆေးမှုကလည်း အဲ့တာက လုံးဝဘေးကင်းတယ်ဆိုပြီး အတည်ပြုပေးထားတယ်၊ အပြင်းအထန်မဟုတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ခြေကလည်း တော်တော်လေးနည်းပါးပြီး အကြွင်းအကျန်သက်ရောက်မှုတွေလည်း မရှိဘူးဆိုတော့ စိတ်မပူပါနဲ့"

ပြည်ပက ကျွမ်းကျင်ပညာရှင်က ဒီလောက်ပြောနေမှတော့ ကျွန်တော့်ရဲ့ခွဲစိတ်မှုလုပ်ပြီး နှစ်နှစ်ကျော်လောက်အကြာမှာ ကျွန်တော့်ရဲ့သွေးဖြူဥပမာဏကို ထိန်းချုပ်ဖို့အတွက် ဒီလိုဆေးနည်းမျိုးကို ကျွန်တော်ပြောင်းသုံးလိုက်တယ်။

ကျွန်တော့်ရဲ့ခန္ဓာကိုယ်မှာ ပြဿနာပေါ်လာတာမျိုးတော့ မရှိဘူး။ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက အဲ့ဆေးကိုစားရတာက ကျွန်တော့်ရဲ့စိတ်ချမ်းသာရာရမှုအတွက် အာမခံချက်ရစေတယ်။

ဒါပေမယ့် နောက်ပိုင်း ကျွန်တော်အဲ့အကြောင်း တွေးလိုက်ချိန်မှာ ဒီဟာက ဒီအဖြစ်အပျက်ရဲ့နောက်ကွယ်က အဓိကတရားခံဖြစ်လောက်တယ်ဆိုတာ သိလာရတယ်။

ထိုနေ့မနက် ကျွန်တော့်ခန္ဓာကိုယ်က တအားနွေးနေသလိုခံစားရတာကြောင့် မနက်အစောပိုင်းကြီး ကျွန်တော့်မျက်လုံးတွေကို ဖွင့်လိုက်တယ်။

သေချာပေါက် ကျွန်တော် နွေးနေမှာပေါ့၊ ကျွန်တော်က လက်ရှိမှာ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ပေါ်မှာ လှဲနေပြီး တင်းကျပ်စွာ ဖက်ထားခံရကာ ကျွန်တော်တို့ရဲ့ ခြေတွေလက်တွေကလည်း လိမ်ယှက်နေတယ်။ ကျွန်တော် ဒါကို သတိထားမိလိုက်တဲ့အခါ အရမ်းလန့်သွားပြီး လေအေးတစ်ချက်ရှိုက်မိသွားပြီး တတ်နိုင်သမျှ မြန်မြန်ကုန်းထလိုက်တယ်။

'ငါ ဘာ-ဘာ-ဘာလုပ်မိခဲ့တာလဲ? ငါ ဘယ်ရောက်နေတာလဲ?'

ဘေးနားပတ်လည်က ပရိဘောဂတွေက တအားရင်းနှီးနေသလိုပဲ။ ဒါက... ကျွန်တော့်အိမ်နဲ့တူနေတယ်။

ကျွန်တော် စိတ်သက်သာရာရစွာ သက်ပြင်းချမိလိုက်တယ်။ ကျွန်တော် ငုံ့ကြည့်လိုက်ချိန်မှာ ကျွန်တော့်ဘေးမှာ အိပ်နေတဲ့လူက တကယ်ကြီး သူဖြစ်နေတာကို တွေ့လိုက်ရတယ်။

လော့ယွီချန်။

ကျွန်တော်က အရမ်းစိတ်မတည်မငြိမ်ဖြစ်နေပြီး စိတ်ဓာတ်ကျနေတာကြောင့် ကြုံရာကျပန်းသူစိမ်းတချို့ကို ခေါ်မလာခဲ့မိတာကိုပဲ ကောင်းကင်ဘုံကြီးကို ကျေးဇူးတင်ရမယ်။

ဒါပေမယ့် ဘယ်လိုတောင် ထူးဆန်းနေတာလဲ၊ လော့ယွီချန်က ဘာဖြစ်လို့ ကျွန်တော့်အိပ်ရာပေါ်မှာ အိပ်နေရတာလဲ?

သူ အိပ်ရာပေါ်မှာ ဘယ်တုန်းကမှ မအိပ်ခဲ့ဘူးမှတ်လား? ပိုပြီးထူးဆန်းတဲ့အရာက _ အိပ်ရာဘေးကမီးအိမ်က ဖွင့်မထားသလိုပဲ။

ပြီးတော့ သူအိပ်ပျော်နေတုန်း ကျွန်တော့်ကို ဘာလို့ဖက်ထားရတာလဲ?

ကျွန်တော်ဆေးရုံတက်လိုက်ရတာကြောင့် ရုတ်တရက်ကြီး အသိတရားရသွားပြီး အရင်ကဆို ကျွန်တော့်ကိုအမြဲတမ်း ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့မိတာကို သတိထားမိလိုက်တာကြောင့်တော့ မဟုတ်ဘူးမှတ်လား။

မနေ့တုန်းကမှ ချုပ်ရိုးတွေဖြည်ထားတာဆိုတော့ အခုကျွန်တော့်ရဲ့နှဖူးပေါ်မှာ ဒဏ်ရာသေးသေးလေး ရှိလောက်တယ်။ သူလည်း ဒေါသထွက်ထွက်နဲ့ ဘာမှမစဉ်းစားဘဲ ကျွန်တော့်ကို တွန်းလိုက်တာဆိုပေမယ့် ကျွန်တော်လည်း အရမ်းဒေါသထွက်လွန်းလို့ သူ့ကို သုံးရက်လောက် စကားမပြောခဲ့မိဘူး။

... ဟုတ်ပါတယ်လေ၊ ဒီစကားတွေက တကယ်တော့ ကျွန်တော့်ဖာသာ ဖြေသိမ့်ရုံသက်သက်ပါပဲ။

အမှန်တော့ ကျွန်တော့်ကို သုံးရက်တိုင်တိုင်စကားမပြောခဲ့တဲ့လူက သူဖြစ်ပြီး ကျွန်တော့်ကို ဆေးရုံမှာ တစ်ခါလေးတောင် လာမကြည့်ခဲ့ဘူး။ ဆေးရုံကဆင်းပြီးတဲ့နောက် ကျွန်တော့်ဖာသာပဲ ဒီကိုပြန်လာရတာဖြစ်ပြီး ညဉ့်နက်သန်းခေါင်ချိန်ရောက်တာတောင် သူက ပြန်မလာသေးဘူး။

ကျွန်တော် တကယ့်ကိုစိတ်ဆင်းရဲခဲ့ရတယ်။

အဲ့တော့ သူက ဘာလို့ ကျွန်တော့်ဘေးနားမှာ လာအိပ်နေတာလဲ?

ဘာဖြစ်သွားခဲ့တာလဲ? မနေ့ညတုန်းက သူဘယ်အချိန် ပြန်ရောက်လာတာလဲ? ကျွန်တော်က အမြဲတမ်းဆိုသလို အအိပ်ဆက်တဲ့လူဖြစ်နေခဲ့တာကို ဘယ်လိုဖြစ်ပြီး ဘာသံမှ မကြားမိခဲ့ရတာလဲ?

နောက်ပြီး... ကျွန်တော် သူ့ကို နောက်ဆုံးတွေ့ခဲ့တာက သုံးရက်လောက်လေးပဲရှိသေးတာကို ဘာဖြစ်လို့ သူ့ရဲ့အိပ်နေတဲ့မျက်နှာက အတော်လေးကွာခြားသွားရတာလဲ၊ သူ့အမူအယာက ပုံမှန်ထက် ပိုနူးညံ့နေတယ်။ သူ့နှုတ်ခမ်းတွေက စွဲမက်ဖွယ်အပြုံးတစ်ခုပေါ်နေတဲ့အထိ ကွေးနေတာကြောင့် သူ့ကြည့်ရတာ အိမ်မက်ကောင်းကောင်းလေးတစ်ခု မက်နေတဲ့ပုံပဲ။

သူ့ဆံပင်က နားရွက်တွေပေါ်ကျနေတယ်၊ အဲ့မြင်ကွင်းက ကျွန်တော့်ကို သွေးဆောင်ဖြားယောင်းနေသလိုမျိုး ကျွန်တော့်နှလုံးသားကို ယားကျိကျိဖြစ်စေတာကြောင့် ကျွန်တော်လည်း မနေနိုင်တော့ဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ချင်လာတယ်။

... နေအုံး သူ့နားဆွဲက ဘယ်မှာလဲ! ကျွန်တော်သူ့ကို ပေးခဲ့တဲ့ နားဆွဲက ဘယ်ရောက်သွားတာလဲ? ဘာလို့ အဲ့တာကို မဝတ်ထားတာလဲ သူ ချွတ်ထားတာလား?

အဲ့တာဆို ကျွန်တော်ဆေးရုံမှာနေရတဲ့တစ်လျှောက်လုံး အဲ့နားဆွဲက သူ့ကို အပြစ်မကင်းသလို ခံစားရစေလို့လား၊ ပြီးတော့ အဲ့တာကြောင့် ကျွန်တော့်ဘေးမှာ လာအိပ်နေတာလား? ဒါပေမယ့် သူက အဲ့လိုလူမျိုးမို့လို့လား?

သူ့အပေါ် ကျွန်တော်နားလည်ထားသလိုဆိုရင် သူက ကျွန်တော့်အပေါ် မဆိုစလောက်လေးတောင် တောင်းပန်ချင်စိတ် ခံစားရလောက်မှာမဟုတ်ဘူး ဟုတ်တယ်မှတ်လား?

ဒီလိုအတွေးရေယာဉ်ထဲမှာ မြောနေတုန်း သူက အသံတစ်ချက်ပြုလာပြီး ရီဝေဝေနဲ့ မျက်လုံးတွေဖွင့်လာတယ်။

"မောနင်း" သူက ကျွန်တော့်ကိုကြည့်ရင်း ပျင်းတွဲကျေနပ်မှုအပြည့်နဲ့ ပြုံးပြလာတယ်။ ပြီးတော့ အဲ့နောက်မှာ ပုံမှန်အလေ့အကျင့်ဖြစ်နေတဲ့အတိုင်း သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လာပြီး ကျွန်တော့်ရဲ့ခေါင်းအနောက်ဘက်မှာ နေရာချကာ သူ့ဘက်ကို လှစ်ခနဲဆွဲလိုက်ပြီး ကျွန်တော့်ကို နမ်းလာတယ်။

သူ ထလိုက်တယ်ဆိုတာနဲ့ သူ့ပေါ်ကနေ စောင်ကလျှောကျသွားပြီး တုနှိုင်းမရအောင် ဆွဲဆောင်မှုအပြည့်နဲ့ခန္ဓာကိုယ်က ကျွန်တော့်စိတ်ကို ခဏတွင်းချင်း ပျော့ခွေသွားစေတယ်။

ဒါက ထင်ယောင်ထင်မှားဖြစ်တာ၊ ထင်ယောင်ထင်မှာ၊ သေချာပေါက် ထင်ယောင်ထင်မှား!

စောင်ထဲကနေ ကျွန်တော့်ပေါင်ကို မသိမသာဆွဲဆိတ်လိုက်တယ် _ ထင်တဲ့အတိုင်းပဲ မနာဘူး။

"ဟေး မင်း ဘာလုပ်တာလဲ! နည်း- နည်း- နည်းနည်း ဖြေးဖြေးသက်သာလုပ်ပါ ရမလား!" ကျွန်တော့်ရဲ့အပြုအမူကြောင့် သူ့ရဲ့အိပ်ချင်မူးတူးဖြစ်နေတာတွေ လုံးဝပျောက်သွားသလောက်ဖြစ်သွားပြီး ကျွန်တော့်ကို အမျက်ထွက်ခြင်းသိပ်မရှိဘဲ စိုက်ကြည့်လာတယ်။

ကျွန်တော် မှင်သက်သွားရတယ်။ ကျွန်တော် သူ့ကို နာကျင်အောင်လုပ်ခဲ့တာတောင် သူက ဒေါသမထွက်ဘူးတဲ့။

သူ လုံးဝဒေါသ မထွက်ဘူး! သူက မနက်ခင်းတွေမှာ အတော်လေးစိတ်တိုတတ်တဲ့လူမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့ပေမယ့် အခုချိန်မှာ သူက လုံးဝနိုးနိုးကြားကြားဖြစ်သွားတဲ့ပုံပေါ်တာကို ဘာဖြစ်လို့ ပုံမှန်ဖြစ်နေကျထက် ဒီလောက်ထိ ကွာခြားနေရတာလဲ?

ဒါပေမယ့် နောက်ဆက်တွဲတွေက ကျွန်တော့်ကို ပိုပြီးတော့တောင် အံ့ဩစေတယ်။ သူက ကျွန်တော့်ကို ဖက်လာပြီး ကျွန်တော့်ရင်ဘတ်ကို သူ့ခေါင်းနဲ့ ချစ်စရာကောင်းလောက်အောင် လာပွတ်နေတယ်၊ ပွတ်သပ်နေလွန်းတာကြောင့် ကျွန်တော်လည်း မျက်နှာသာအပေးခံရတယ်ဆိုပြီး လှိုက်ခနဲပျော်သွားကာ နှလုံးသားကတောင် ကလိကလိဖြစ်လာတယ်။ အဲ့နောက်မှာ သူ့ရဲ့ညည်းတွားသံကို ကြားလိုက်ရတယ် "အာ~ ငါ မခံစားနိုင်တော့ဘူး! ဒီလို မနက်စောစောစီးစီး ဆွဲဆောင်မှုရှိတဲ့ အမူအယာမျိုး မလုပ်စမ်းနဲ့! မင်းခန္ဓာကိုယ်က မခံနိုင်တာကြောင့်သာ မဟုတ်ဘူးဆိုရင် ငါ မနက်တိုင်းလည်း အဲ့တာကို တကယ်ထပ်လုပ်မိအုံးမှာ!"

အဲ့နောက်မှာ ကလေးတစ်ယောက်လိုမျိုး ကျွန်တော့်ကို တွန့်ဆုတ်ဆုတ်နဲ့ မလွှတ်ပေးခင်မှာ ဆူပွပွဖြစ်နေပြီးမှ စောင်ကိုတွန်းဖယ်ကာ ထသွားတော့တယ်။

"ဘယ်သွားမလို့လဲ?" ကျွန်တော့်နှလုံးသားထဲမှာ အတော်လေးကြောက်လန့်သွားတာကြောင့် သူ့ကိုဆွဲမိလိုက်တယ်။

သူက ရယ်လိုက်ပြီး ကျွန်တော့်ကို နောက်ထပ်နမ်းဖို့အတွက် ကုန်းကွပြီးပြန်ရောက်လာတယ်။ ဒါက တကယ့်ကို ချိုမြိန်ပြီး နူးညံ့လွန်းကာ ချစ်သူနှစ်ဦးကြားက မြတ်နိုးမှုဘာသာစကားကို ဖလှယ်နေတဲ့အတိုင်းပဲ။ ကျွန်တော် လုံးဝမိန်းမောနေပြီး အိမ်မက်တစ်ခုသာဆိုရင်တောင်မှ ဒီအခိုက်အတန့်လေးက ပျော်ရွှင်ချမ်းမြေ့စရာကောင်းလွန်းတယ်လို့ ခံစားလိုက်ရတယ်။

ကျွန်တော်သာ ဒီလိုအိမ်မက်မျိုးကို နေ့တိုင်းမက်နိုင်မယ်ဆိုရင် ဘယ်လောက်​တောင် ကောင်းလိုက်မလဲ။

"အိပ်ရာကို အချိန်ယူပြီးမှ ထလည်းရတယ်၊ ပြန်အိပ်ချင်တယ်ဆိုရင်တောင် ရတယ်နော်" သူက ကျွန်တော့်ကို စောင်ပုံထဲ ပြန်ထိုးထည့်လိုက်ပြီး ဖွဖွလေးပုတ်ပေးလာတယ် "ငါမနက်စာလုပ်ပြီးတဲ့အခါကျရင် မင်းကို လာခေါ်မယ်"

"အင်း" ကျွန်တော် လိမ်လိမ်မာမာနဲ့ ခေါင်းငြိတ်လိုက်ပြီး သူထွက်သွားတဲ့နောက်ကျောကိုကြည့်ကာ ကျွန်တော့်စိတ်ထဲမှာ ခပ်တိုးတိုးပြောနေမိတယ်၊ သူက ကျွန်တော့်ကို အလိုလိုက်ပေးတဲ့ ဒီလိုနေ့မျိုး ရလာတာ၊ ဒါဘယ်လောက်​တောင် ကောင်းလိုက်လဲ၊ ကျွန်တော် ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ကျွန်တော် အိပ်ရာပေါ်မှာ မိန်းမောစွာ လှဲနေပြီး ခုလေးတင်ဖြစ်ပျက်သွားတဲ့ စိတ်ကူးလို့မရနိုင်လောက်တဲ့အထိ ချိုမြိန်တဲ့အရာတွေအားလုံးကို ပြန်တွေးကာ ကျွန်တော့်စိတ်က လုံးဝကို ရှုပ်ထွေးနေတော့တယ်။

သူက ကျွန်တော့်ကို အိပ်နေတုန်း ဖက်ထားတယ်၊ ကျွန်တော့်ကို နမ်းတယ် ပြီးတော့ အခု ကျွန်တော့်အတွက် မနက်စာလုပ်ပေးနေတယ်။ ကျွန်တော် အမြဲတမ်းဆုတောင်းနေခဲ့တဲ့အရာတွေနဲ့ ကျွန်တော် ဆုတောင်းဖို့တောင် မရဲတဲ့အရာတွေက တစ်နေ့တည်းမှာတင် ဖြစ်လာခဲ့တယ်။

ဒါက အတော်လေး အစစ်အမှန်မဟုတ်သလို ခံစားရတယ်။

... သေချာပေါက် အမှန် ဘယ်ဟုတ်မှာလဲ!

ကျွန်တော် ရုတ်တရက် သတိကပ်လာတယ်။ ဒါက ဘယ်လိုလုပ်ပြီး ပြက်လုံးတစ်ခု မဟုတ်ရမှာလဲ? သူ့ဘဝမှာ ဘယ်တုန်းကမှ တစ်နေကုန်အလုပ်မလုပ်ဖူး၊ အမြဲတမ်း အချောင်ခိုနေခဲ့တဲ့ လူရှုပ်လေးက တကယ်ကြီး ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကို သင်ယူခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ကျွန်တော် ငုတ်တုပ်ထိုင်လိုက်ပြီး အရင်ဆုံး ကျွန်တော့်နှဖူးကျွန်တော် ရိုက်လိုက်တယ်။ ဒါက တကယ်ထူးဆန်းတယ်၊ ဘာကြောင့်များ တကယ့်အစစ်အမှန်လို ဖြစ်နေရသေးတာလဲ?!

ကျွန်တော် ပြင်ဆင်ဖို့ထလိုက်ပြီး မျက်နှာကို ရေအေးအေးနဲ့သစ်ချလိုက်တာတောင် လှပတဲ့အိမ်မက်က အဆုံးမသတ်သွားသေးဘူး။ မှန်ထဲမှာပေါ်နေတဲ့ ကျွန်တော့်အသွင်အပြင်က ကျွန်တော့်ကိုတောင် ခဏတာ ထိတ်လန့်သွားစေတယ်။ ခုမှ သုံးရက်ပဲရှိသေးတာကို ဘယ်လိုဖြစ်လို့ ကျွန်တော့်ဆံပင်တွေက ဒီလောက်ထိ ရှည်သွားရတာလဲ ပြီးတော့ များစွာသော ကသောင်းကနင်းအခြေအနေတွေကို ဖြတ်ကျော်ခဲ့ရတဲ့အတိုင်းဖြစ်နေတယ် _ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က ကျွန်တော့်စိတ်အခြေအနေက အတော်လေးကျဆင်းနေခဲ့တယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်၊ ဒါပေမယ့် အဲ့တာက ကျွန်တော့်ကို နှစ်ပေါင်းများစွာဖြတ်ကျော်ခဲ့ရသလိုမျိုး အိုစနာမကျသွားသင့်ဘူးလေ!​

ကျွန်တော့်ရဲ့ဆံပင်တွေကို ပင့်တင်ကြည့်လိုက်တယ်။ မနေ့တုန်းကလေးတင် အရမ်းကြည့်ရဆိုးနေခဲ့တဲ့ဒဏ်ရာက ညတွင်းချင်း အရောင်ဖျော့ကျသွားတယ်၊ တအားဖျော့လွန်းတာကြောင့် အရမ်းနီးနီးကပ်ကပ်မကြည့်သရွေ့ မြင်နိုင်မှာတောင် မဟုတ်ဘူး။ ကြည့်ရတာ ကျွန်တော့်ရဲ့ကုသနိုင်စွမ်းက အတော်လေး ကောင်းမွန်ပုံရတယ်။

ကျွန်တော် လှေကားပေါ်က ဖြေးဖြေးချင်းဆင်းသွားလိုက်တယ်။ မီးဖိုချောင်ဆီကနေ စွဲမက်ဖွယ်ရနံ့လေးတစ်ခု ပျံ့လွင့်နေတာကြောင့် ကျွန်တော် တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်တယ်။ အထဲမှာ လော့ယွီချန်က အေပရွတ်တစ်ခု ဝတ်ထားပြီး လက်ရှိမှာ crepeတချို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နေတယ်။ တစ်ဖက်မှာ နွားနို့ပူပူက ပွက်ပွက်ဆူကာ အမြှုပ်တွေထနေတယ်။

ဒါက... မြန်မြန်လေး နိုးထပါတော့၊ ထတော့ ရှောင်ဟန်း ဒီအိမ်မက်ထဲကနေ မြန်မြန်ထတော့!

"မင်းက ဒီလောက်တောင် စိတ်မရှည်တော့ဘူးလား? ငါ ပြီးတော့မှာပါ" သူက မီးဖိုချောင်ထဲမှာ အရှေ့နဲ့အနောက် သုတ်သုတ်ပျာပျာဖြစ်နေတယ်၊ သူ့ရဲ့လှုပ်ရှားမှုတွေက အလောတကြီးနိုင်ပေမယ့် တိကျသေချာကာ သတိလည်းရှိတယ်။ အလွန်လျှင်မြန်စွာနဲ့ ပူပူနွေးနွေးမနက်စာက စားပွဲပေါ်ရောက်လာတယ်။ သူက နွားနို့ကို လောင်းထည့်ပြီး crepeတွေကို လှီးကာ အသီးတွေပြင်ဆင်ပြီး ကျွန်တော့်ရှေ့မှာ ချပေးလာတယ်။

တစ်ဖက်မှာ အံ့ဩစရာကောင်းလောက်အောင် ကျွမ်းကျင်နေတဲ့သူ့ကြောင့် ကျွန်တော် စိတ်ပျံ့လွင့်နေပြီး နောက်တစ်ဖက်မှာတော့ ဒီနေ့က ဘယ်လောက်တောင် ထူးခြားနေတဲ့နေ့မို့လို့လဲဆိုတာကို ကျွန်တော့်စိတ်ထဲကနေ ခန့်မှန်းနိုင်ဖို့ ကြိုးစားနေမိတယ်။

ဒါက ကျွန်တော့်မွေးနေ့လား? ကျွန်တော်တို့ရဲ့ နှစ်ပတ်လည်လား? ကျွန်စနစ်ဖျက်သိမ်းခြင်း နှစ်၃၀၀ပြည့်လား?

ဒါပေမယ့် သူဆိုတာက ပုံမှန်အားဖြင့် ဒီလိုအားလပ်ရက်တွေမှာတောင် ကျွန်တော့်ကို ဘယ်တော့မှ ကောင်းကောင်းဆက်ဆံပေးခဲ့တဲ့သူ မဟုတ်ဘူး။

"ဘာလဲ? ပြင်သစ်စတိုင် crepe က မင်းအကြိုက်မဟုတ်လား?" ဒီလောက်အချိန်အကြာကြီး ရှိနေပြီဖြစ်တာတောင် ကျွန်တော့်တူတွေကို မကိုင်ရသေးတာကို သူမြင်သွားတယ် "ဒါမှမဟုတ် မင်း တခြားဟာစားချင်လို့လား၊ ငါမင်အတွက် လုပ်ပေးရမလား?"

သူ့အမူအယာက တကယ့်ကို အလွန်အမင်း အားတက်သရောဖြစ်နေတယ်။ ကျွန်တော် အံ့ဩလွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး၊ ဒါကို ကျွန်တော်က ဘယ်လိုလုပ် သူ့ကိုထပ်လုပ်ခိုင်းရဲမှာလဲ အဲ့တာကြောင့် ကျွန်တော့်ဖာသာ အလောတကြီး အဝအပြဲစားလိုက်တယ်။

ဒါက စားကောင်းတယ်၊ တကယ်စားလို့ကောင်းတယ်။ ဒီဟင်းပွဲက ကျွန်တော်ထင်ထားတာထက်တောင် သာလွန်ပြီး အရသာရှိနေသေးတယ်။

သူက အတော်လေး ဘဝင်ခိုက်သွားပုံပေါ်ပြီး ပြုံးကာ ပြောလာတယ် "တွေ့လား? မင်းငါ့ကို သင်ပေးချင်စိတ်သာ ရှိလို့ကတော့ ငါကအဲ့တာကို တစ်ပတ်အတွင်း ဆရာကျအောင် သေချာပေါက်လုပ်နိုင်ပါတယ်လို့ ပြောသားပဲ"

ကျွန်တော် ခေါင်းမော့ကာ ဇဝေဇဝါဖြစ်နေတဲ့အမူအယာမျိုး ပြမိသွားတယ်။ သူ ဘာတွေပြောနေမှန်း ကျွန်တော် သဘောမပေါက်ဘူး။

"မင်း မေ့သွားပြီလား? အတိအကျဆို အဲ့နေ့တုန်းကလေ၊ အာ... ငါတို့တွေ ချင်းမင်နေ့မှာ ဖန်းရှဲ့ယိနဲ့ အုတ်ဂူကို သွားလှဲကျင်းပြီးတော့ အဲ့နေ့လေ!" သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်တော့်ရဲ့နှုတ်ခမ်းထောင့်ကို လာပွတ်သပ်ပြီး သူ့မျက်လုံးတွေထဲမှာ ခိုတွဲနေတဲ့ နူးညံ့မှုက ကျွန်တော့်ကို ရီဝေဝေဖြစ်စေတယ် "ငါ မင်းနားမှာပဲ တွယ်ကပ်ပြီးတော့ အဲ့တာကို ဘယ်လိုလုပ်ရလဲဆိုတာ သင်ပေးခိုင်းတာလေ၊ ပြီးတော့ ငါက ပူကျစ်နေတဲ့ပန်းကန်ပြားကို ထိမိလို့ မတော်တဆ ငါ့ဖာသာတောင် အပူလောင်သွားသေးတယ်လေ၊ ဒါပေမယ့် အဲ့နောက်ပိုင်း ဒါကို ဘယ်လိုလုပ်ရတယ်ဆိုတာ ငါသင်နိုင်သွားတယ်! ဘယ်လိုလဲ? ငါက အတော်လေး သင်လွယ်တတ်လွယ်တဲ့လူမဟုတ်လား?" [ T/N : ချင်းမင် - အုတ်ဂူလှည်းကျင်းတဲ့နေ့၊ ဘိုးဘေးတွေရဲ့အုတ်ဂူတွေကို သွားရောက်ကာ သန့်ရှင်းရေးလုပ်ပေးရတဲ့ တရုတ်အားလပ်ရက်တစ်ရက်ဖြစ်ပါတယ် ]

သူက ပြောနေရင်း သူ့လက်မပေါ်မှာ ပတ်တီးအကြီးကြီးစည်းထားရတဲ့ သူ့ရဲ့ဘယ်ဘက်လက်ကို ထုတ်ပြလာတယ်။

ပတ်တီးက သက်သေဖြစ်တယ်၊ ဒါပေမယ့် သူက ဘယ်လိုလုပ် အပူလောင်ရတာလဲ? သူပြောနေတာတွေကို ဘာဖြစ်လို့ ကျွန်တော်က တစ်ခုမှ မမှတ်မိရတာလဲ?

ချင်းမင်? ချင်းမင်နေ့ရောက်ဖို့ နှစ်လတောင် လိုသေးတယ် မဟုတ်ဘူးလား? ပြီးတော့ 'သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ သင်ပေးတယ်'ဆိုတာက ဘာကို ပြောချင်တာလဲ!

ကျွန်တော်က သူပြောသွားသမျှ နည်းနည်းလေးတောင် ဘာဖြစ်လို့မမှတ်မိရတာလဲ? ကကျွန်တော်က အဲ့မှတ်ဉာဏ်တွေကိုပဲ ရွေးပြီးမေ့သွားခဲ့တာလား? မဖြစ်နိုင်တာ။ မနေ့တုန်းကနဲ့ တမြန်နေ့တုန်းက ဆေးရုံမှာဖြစ်ပြီး၊ ဖန်းရှဲ့ယိနဲ့ ရှောင်လုတို့တွေ ကျွန်တော့်ကို ပြောခဲ့သမျှ အားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း၊ ပြီးခဲ့တဲ့လအထိတောင်မှ ကျွန်တော် အရာအားလုံးကို တော်တော်များများ မှတ်မိနေသေးတယ်။

ကျွန်တော့်နှဖူးကျွန်တော် စမ်းကြည့်လိုက်တယ်၊ ဒါပေမယ့် အဖျားလည်းရှိပုံမပေါ်ဘူး။ ကျွန်တော် သူ့နှဖူးကိုလည်း စမ်းကြည့်လိုက်တယ်၊ ပုံမှန်မဟုတ်တာလည်း ဘာမှရှိမနေဘူး။

ဒါပေမယ့် ချက်ချင်းဆိုသလို သူက စိုးရိမ်တကြီးဖြစ်လာတယ် "ရှောင်ဟန်း ဘာဖြစ်တာလဲ? မင်း နေလို့မကောင်းဘူးလား?"

ကျွန်တော်ခေါင်းယမ်းလိုက်ပေမယ့် နောက်ဆုံးမှာ တချို့ကိစ္စတွေက အတော်လေး ဟုတ်မနေဘူးဆိုတာကို ကျွန်တော် သတိပြုမိသွားတယ်။ အိပ်ခန်းကတော့ များများစားစား ပြောင်းလဲမသွားဘူး။ ဒါပေမယ့် ကျွန်တော်တို့အခုရှိနေတဲ့ ဧည့်ခန်းထဲမှာ နံရံပေါ်က ပိုစတာတွေနဲ့ ဓာတ်ပုံဘောင်ထဲမှာရှိတဲ့ ဓာတ်ပုံ၊ အားလုံးက ကျွန်တော်နဲ့ လုံးဝအကျွမ်းတဝင်ရှိမနေဘူး။

ပြောရရင် ဥပမာအနေနဲ့ ကျွန်တော် လက်ရှိ စိုက်ကြည့်နေမိတဲ့ ထိုအရွယ်အစားကြီးလွန်းလှတဲ့ ပိုစတာကြီး။ သူက အဲ့ထဲမှာ ရှိတယ် ဒါပေမယ့် ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ အသွင်အပြင်တစ်မျိုးနဲ့သာဖြစ်တယ်။ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့ပုံမှန်စတိုင်ကနေ​ လုံးဝကွဲထွက်ကာ ချစ်စရာကောင်းတဲ့အပြုံးတစ်ပွင့်ရှိနေတယ်၊ နောက်ပြီး ထိုပိုစတာပေါ်မှာ ထင်းနေအောင် ရိုက်နှိပ်ထားတဲ့ရက်စွဲက တကယ်ကြီး... ဖေဖော်ဝါရီ ၁၄ရက်၊ နောက်ငါးနှစ်အကြာမှာ!

သူတို့တွေက နောက်နှစ်အတွက် ပြက္ခဒိန်တစ်ခုလုပ်ဖို့ စီစဉ်နေတယ်ဆိုရင်တောင်မှ နောက်လာမယ့်ငါးနှစ်အတွက်ဆိုပြီး လုပ်လောက်မှာတော့ မဟုတ်ဘူး!

ပြီးတော့ အဲ့တစ်ခုတင် မဟုတ်ဘူး။ နံရံပေါ်မှာရှိတဲ့ တခြားတော်တော်များများကလည်း ကျွန်တော့်လို အရိုးစွဲပရိတ်သတ်တစ်ယောက် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတာတွေဖြစ်နေတယ်။ ကျွန်တော်လည်း သံသယတချို့ဝင်လာပြီး မနေနိုင်စွာ ထူးဆန်းတဲ့အတွေးတစ်ခုကို တွေးမိလိုက်တယ် _ ကျွန်တော်... ဘာမှန်းမသိတဲ့ခေတ်တစ်ခုကို အချိန်ရွှေ့ပြောင်းပြီး ရောက်လာတာတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မှတ်လား?

အဲ့တာကြောင့် အခုက ဘာနှစ်လဲဆိုတာ ကျွန်တော် လော့ယွီချန်ကို မေးလိုက်တယ်။ ကျွန်တော်က တကယ့်ခုနှစ်ကိုတောင် တိတိကျကျမသိတဲ့အတွက် သူလည်း မယုံသင်္ကာဖြစ်နေပြီး အဲ့နောက်မှာ သူပြောလာတဲ့နံပါတ်က ကျွန်တော့်ကို မှင်သက်သွားစေတော့တယ်။

အခုချိန်မှာ ဒါက ကျွန်တော် ထင်ထားတာထက် ခုနစ်နှစ်လုံးလုံးတောင် ကြာသွားခဲ့ပြီ။

ဆိုဖာပေါ်မှာထိုင်နေရင်း သူ့ထက် ကျွန်တော်က ပိုတည်ငြိမ်နေသေးတယ်။

"အဲ့တော့ ငါလည်း မင်းရဲ့စစ်မှန်တဲ့ခံစားချက်တွေကို ရလာနိုင်မယ့်တစ်နေ့လည်း ရှိအုံးမှာပေါ့..."

ကျွန်တော့်နားတွေ ကြားရုံလောက် ကျွန်တော့်ဖာသာ ရေရွတ်လိုက်ပြီး လုံးဝကို ကျေနပ်နေသလို ခံစားလိုက်ရတယ်။ "အဲ့တော့ နောက်ထပ်ခုနစ်နှစ်လောက်ကြာတဲ့အခါ မင်းက ငါ့ကို တကယ်ကြီး ဒီလောက်ထိ ကောင်းပေးမှာပေါ့"

အခုလက်ရှိကျွန်တော်က မှောင်မိုက်တဲ့နှစ်တွေကို ဖြတ်ကျော်လွတ်မြောက်လာနိုင်ခဲ့ပြီး ရုတ်တရက် လင်းလက်လှပတဲ့အဆုံးသတ်ကို ကြုံလိုက်ရသလိုမျိုးဖြစ်နေတယ်။ အဲ့တာကြောင့် ကျွန်တော် လုံးဝ ပျော်ရွှင်ဝမ်းမြောက်မိတယ်။ အဲ့တော့ သူက ကျွန်တော့်ကို ချစ်နိုင်တယ်၊ ခုနစ်နှစ်အကြာမှာ ကျွန်တော့်အပိုင် ဖြစ်လာနိုင်တယ်၊ ခုနစ်နှစ်အကြာမှာ ကျွန်တော်လည်း ဒီလောက်ပျော်ရွှင်နိုင်မယ်ပေါ့။

ဒီလိုအတွေးကြောင့် ကျွန်တော့်ရဲ့အရင်က စောင့်ဆိုင်းခြင်းနဲ့ နာကြည်းချက်တွေအားလုံး အခိုးအငွေ့လို ပျောက်ကွယ်သွားတော့တယ်။

ကျွန်တော် တအားပျော်နေတာကြောင့်၊ ကျွန်တော် တချိန်လုံးဆုတောင်းနေခဲ့ရတဲ့အရာတွေက အမှန်တကယ်ဖြစ်လာတာကြောင့် ဖြစ်တယ်။

" 'နောက်ထပ် ခုနစ်နှစ်'ဆိုတာ ဘာလဲ! ငါတို့တွေက အဲ့ခုနစ်နှစ်ကို ကြုံတွေ့ခဲ့ပြီးပြီလေ! ရှောင်ဟန်း ငါတို့တွေ ဆယ့်ရှစ်နှစ်တည်းက အတူတူရှိလာခဲ့ကြတာ ခုဆို ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ရှိပြီလေ! နောက်ပိုင်း ငါမင်းအပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်လေ!" သူက ပူပူလောင်လောင် ဟော့ပေါ့အိုးတစ်အိုးပေါ်မှာ သုတ်တီးသုတ်ပြာပြေးနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုဖြစ်နေပြီး ကျွန်တော် ဒီတိုင်း ပြောလိုက်တာလေးက မီးထဲ လောင်စာထည့်လိုက်သလိုဖြစ်သွားတယ် "မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တည်ငြိမ်နေရတာလဲ! မင်းက ရုတ်တရက်ကြီး မေ့သွား _ မင်းက ရုတ်တရက်ကြီး ပြီးခဲ့တဲ့ခုနစ်နှစ်တုန်းက ကိစ္စတွေအားလုံးကို မေ့သွားတာလေ!"

သူ စိုးရိမ်နေတယ်ဆိုတာ ကျွန်တော်သိပေမယ့် နှမြောစရာကောင်းတာက ကျွန်တော် အမှန်တကယ်ကို မသနားနိုင်သလို သူ့ရဲ့စိုးရိမ်မှုကိုလည်း နားမလည်နိုင်ဘူး၊ ဘာကြောင့်ဆို ကျွန်တော့်အတွက် ဒါက အ​ခြေအမြစ်မရှိတဲ့ အတွေးအခေါ်မှုတစ်ခုလိုပဲ၊ ထီပေါက်တယ်ဆိုတဲ့ အတွေးတစ်ခုလိုမျိုးပဲ။

တစ်ညတည်းမှာတင် ကျွန်တော်က ရုတ်တရက်ကြီး အလွန်တရာစိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ်ကနေ နှိုင်းယှဉ်လို့မရအောင် ကံကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ ကျွန်တော် တကောက်ကောက်လိုက်နေခဲ့ရတဲ့ ဆန္ဒက အံ့ဖွယ်ဖြစ်ရပ်တစ်ခုလိုမျိုး အမှန်တကယ်ဖြစ်လာခဲ့ပြီး ကျွန်တော် မျှော်မှန်းထားတာတွေထက်တောင် ပိုသာလွန်နေသေးတယ်။

သူက ကျွန်တော့်နားမှာရှိနေတယ်၊ သူ့ကို မှီခွင့်ပြုထားတယ်၊ ကျွန်တော့်ကို အလွန်တရာနူးနူးညံ့ညံ့လေး ကြည့်နေတယ်။ နောက်ပြီး ကျွန်တော့်တစ်ယောက်တည်းကို ကြည့်တာဖြစ်တယ်။

မရေမတွက်နိုင်တဲ့ အထောက်အထားတွေက လော့ယွီချန် ကျွန်တော့်ကို လိမ်ညာနေတာမဟုတ်ကြောင်း သက်သေပြနေပေမယ့်လည်း တစ်ညတည်းမှာတင် ခုနစ်နှစ်စာလောက်ရှိတဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရတာကို ကျွန်တော် အတော်လေး မယုံကြည်နိုင်ဖြစ်နေတုန်းပဲ။ နောက်ပြီး သူ ကျွန်တော့်ကို လိမ်ညာနေတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး _ ကျွန်တော့်ကို လိမ်ညာဖို့အတွက်နဲ့ ခဏတာ ကျွန်တော့်ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။

သူက ကျွန်တော့်အပေါ် တကယ်ကြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာဖြစ်တယ်။

ကျွန်တော် ခဏလောက် တွေးကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ခုနစ်နှစ်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကျွန်တော် မသိဘူး။ ဒီခုနစ်နှစ်ကိုကြုံဖူးတဲ့ကျွန်တော်ကတော့ ဒီလိုဆက်ဆံခံရတာက ဖြစ်သင့်တယ်လို့ တွေးကောင်းတွေးလောက်တယ်၊ အဲ့လိုမှမဟုတ်ရင်လည်း အဲ့တာကို တဖြည်းဖြည်း အသားကျသွားတာလည်း ဖြစ်လောက်တယ်။ ဒါပေမယ့် ဒီခုနစ်နှစ်ကို မကြုံခဲ့ရတဲ့ ကျွန်တော့်အဖို့ wuxia ဝတ္ထုတစ်ပုဒ်ထဲက အံ့အားသင့်ဖွယ်သိုင်းစွမ်းရည်တစ်ခုကို ရုတ်တရက်ကြီး ကျင့်ကြံနိုင်သွားတဲ့ ငတုံးလူငယ်တစ်ယောက်လိုမျိုးဖြစ်နေတယ်၊ ယုံနိုင်စရာမရှိလောက်အောင် အလွန်အမင်း ကံကောင်းနေတယ်လို့ ခံစားရတယ်။

ဒါက အမှန်တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းတယ် အဲ့တာကြောင့် သူ့စိတ်က ရုတ်တရက်ကြီး ပြောင်းလဲသွားရလောက်အောင် ပြီးခဲ့တဲ့နှစ်တွေထဲမှာ အတိအကျဘာတွေဖြစ်ခဲ့လဲဆိုတာ သိရဖို့ ကျွန်တော် တကယ်စိတ်မရှည်နိုင်ဖြစ်နေတော့တယ်။

"အင်း အဲ့တာဆို မင်းဘာလို့... ထားလိုက်ပါတော့၊ အာ ရှမင်ရှု သူ" ကျွန်တော် ပြောသင့်တာကို ထုတ်ပြောမိလိုက်တာကြောင့် ရင်တထိတ်ထိတ်ဖြစ်သွားရပေမယ့် အဆုံးမှာ စိတ်ကိုတင်းပြီး မေးကြည့်လိုက်တယ် "သူ အဆင်ပြေလား?"

"ပြေပါတယ်၊ သူ့ရုပ်ရှင်က ပြီးခဲ့တဲ့လတုန်းက ဆုရသွားတယ် ပြီးတော့ သူ့ရဲ့အလုပ်က ထိပ်ဆုံးကိုရောက်နေတာ... ဘာလို့ သူ့အကြောင်းမေးရတာလဲ?!"

ကျွန်တော် နားလည်ထားတဲ့အတိုင်းဆို သူ့အကြောင်းမမေးရရင် ကျွန်တော်က ဘာအကြောင်းမေးရတော့မှာလဲ? လော့ယွီချန်က သူ့ကို တကယ်သဘောကျခဲ့တာ မဟုတ်ဘူးလား?

"မင်းတို့နှစ်ယောက်က ဘာလို့ပြတ်သွားတာလဲ... ငါ့ကြောင့်လား?"

သူ ကျွန်တော့်ကို စိုက်ကြည့်နေပြီး မျက်နှာကြီးမည်းမှောင်လာတယ်။ သူ့အမူအယာကိုမြင်တော့ ကျွန်တော်လည်း ထုံးစံအတိုင်း ဆက်မမေးရဲတော့ဘူး။

ကျွန်တော် သူ့ကိုကြောက်နေတုန်းပဲ။ ခုနစ်နှစ်ကြာပြီးနောက်မှာ သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးက မညီမျှတာမျိုး မဟုတ်လောက်တော့ဘူးဆိုတာ သိပေမယ့် ခုလက်ရှိကျွန်တော်က သူ့ရဲ့စိတ်အခြေအနေတွေကိုလိုက်ပြီး ကိစ္စတွေကို လုပ်ကိုင်ရတာနဲ့ အသားကျနေတုန်းပဲဖြစ်တယ်။

သူက ပန်းကန်တွေနဲ့ တူတွေကို စတင်ရှင်းလင်းနေတာကိုမြင်တော့ ကျွန်တော်လည်း မရဲတရဲနဲ့ မေးလိုက်တယ် "မင်း... ဒီနေ့ အလုပ်သွားဖို့မလိုဘူးလား?"

သူက ကျွန်တော့်ကို မျက်ဖြူလန်ပြကာ "မင်းက ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ ငါက ဘယ်လိုလုပ် အလုပ်သွားနိုင်မှာလဲ?!"

"ဒါဆို... ဒါဆို ငါတို့ဘာလုပ်ကြမလဲ? မင်း အလုပ်ပျက်ရင် ဖန်းရှဲ့ယိက မင်းကို ခက်ခဲအောင်လုပ်မှာလား?"

"အရူးရဲ့ ဒီနေ့က မင်းမွေးနေ့လေ၊ အာ့ကြောင့် ဟိုးအရင်တည်းက ငါ ခွင့်တောင်းထားပြီးသား!" သူက ကျွန်တော်ခေါင်းကို အသာပုတ်လာပြီး သူ့အမူအယာက ရှုပ်ထွေးနေတာကြောင့် သူ့ကိုကြည့်ရင်း ကျွန်တော် ပျော်ရွှင်တာရော ပျာယာခတ်သလိုမျိုးပါ ခံစားနေရတယ်။ "မင်းပြောတော့ Tokyo Disney Seaကို သွားချင်တယ်ဆို၊ ဒါကြောင့် ငါက လေယာဉ်လက်မှတ်တွေနဲ့ ခရီးစဉ်ကိုပါ ပြင်ဆင်ထားပြီးသွားပြီ၊ ပြီးတော့မင်းက ဒီလိုကိစ္စမျိုးကိုမှ အဖြစ်ခံလိုက်ရတယ်လို့!"

"အာ? ငါ့ကြောင့် မင်းက ခွင့်ယူတယ်..." ကျွန်တော် ကြည်နူးသွားရတယ်။ ကျွန်တော့်မျက်နှာမှာ မပေါ်အောင် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူကတော့ ရအောင်ကို မြင်သွားသေးတယ်။

"ငါက အဲ့ထက်တောင် အများကြီးပိုလုပ်နိုင်သေးတယ် ဟုတ်ပြီလား?!" ကျွန်တော့်ရဲ့ မျက်နှာပေးခံရတာကြောင့် ပျော်နေသလိုမျိုးကို သူက တကယ်မြင်ချင်ပုံမရဘဲ သူဝတ်ထားတဲ့ရှပ်အကျီအောက်က လည်ဆွဲကို ထုတ်လိုက်တယ် "ငါက ခွင့်လေးပဲတိုင်လိုက်တာ! မင်းအတွက်ဆို ငါ့မှာ အဲ့တာထက်တောင် ပိုလုပ်ပေးနိုင်စွမ်းရှတယ်! ဘာလို့ဆို ငါတို့က လက်ထပ်ပြီးသွားပြီမို့လို့ပဲ! ပြီးခဲ့တဲ့နှစ်က Switzerland မှာ! ဒီလိုဆိုမှတော့ မင်းကို ကိစ္စအားလုံးကိုပဲ ပြောပြမှရတော့မယ် မဟုတ်လို့ကတော့ မင်းက ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ်လုပ်နေတော့မှာ!"

"လက်... လက်ထပ်တယ်?"

ကျွန်တော် လန့်ဖြန့်သွားရတယ်။ လက်ထပ်တယ်?!

သူ့ဆွဲကြိုးမှာချိတ်ထားတဲ့ လက်စွပ်လေးက ရိုးရိုးလေးနဲ့ ကြော့ရှင်းတယ်၊ အဲ့တာကို ကျွန်တော် အရင်ကလုံးဝ မမြင်ဖူးဘူး။ သူက ကျွန်တော့်လည်ပင်းအောက်နားကိုလည်း လက်လှမ်းလာပြီး ဆွဲထုတ်လိုက်တဲ့အခါ ချွတ်စွပ်တူတဲ့လက်စွပ်တစ်ကွင်းရှိနေတဲ့ နောက်ထပ်ဆွဲကြိုးလေးပါလာတယ်။ လက်စွပ်မှာ တစ်စုံတစ်ရာ ရေးထိုးထားသလိုပုံတောင် ပေါ်နေတယ်။

လက်ထပ်တယ်၊ စုံတွဲလက်စွပ်... အိုး ကောင်းကင်ဘုံကြီးရေ၊ ဒါက ကျွန်တော် စိတ်တောင်မကူးရဲခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ။

နောက်ထပ် ဘယ်လိုအံ့အားသင့်စရာတွေ ရှိနေသေးတာလဲ? ဒီလောက်များပြားလှတဲ့ပျော်ရွှင်မှုတွေအားလုံးကို လက်ခံဖို့အတွက် ကျွန်တော့်ရဲ့အားနည်းတဲ့နှလုံးသားလေးကတောင် စတင်မစွမ်းဆောင်နိုင်ဖြစ်လာပြီ။ နောက်ထပ်သာ ရှိအုံးမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ပျော်လွန်းလို့သေသွားရတဲ့ လူနည်းစုထဲမှာ ကျွန်တော်ပါ တစ်ယောက်အပါအဝင်ဖြစ်သွားနိုင်လောက်တယ်လို့ ခံစားမိလိုက်တယ်။

"ငါ့ကို ဒါလေးလက်ဆောင်ပေးထားတာက မင်းပဲလေ! ပြီးတော့ မင်းက မှတ်တောင်မမှတ်မိဘူးတဲ့လား!" ကျွန်တော့်ရဲ့ အံ့ဩနေတဲ့အမူအယာက သူ့ကို လုံးဝမကျေမချမ်းနဲ့ အံတကြိတ်ကြိတ်ဖြစ်သွားစေတယ်။

"... ငါက မင်းကို လက်ထပ်ဖို့တောင်းဆိုခဲ့တာလား?" ကျွန်တော်က အဲ့လောက်တောင် သတ္တိရှိတယ်လား?

"ငါက မင်းကို တောင်းဆိုတာကွ! ဒါပေမယ့် ဒီလက်စွပ်ကတော့ မင်းငါ့ကို အရင်က လက်ဆောင်ပေးခဲ့တာ... ထားလိုက်ပါတော့၊ မင်းက နေ့ရက်တွေကို ဒီလောက်ထိ ရှုပ်ထွေးနေမှတော့ အားလုံးကိုရှင်းပြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ လူရှုပ်လေး!"

"အိုး ဒါဆိုလည်း ရပါတယ်၊ အဲ့တော့... မင်းငါ့ကို လက်ထပ်ဖို့တောင်းဆိုတဲ့အချိန်တုန်းက မင်းငါ့ကို ဘာပြောခဲ့လဲ?"

"အာ?"

"ငါ နားထောင်ကြည့်ချင်လို့၊ ငါ သတိပြန်ရလာအောင်များ အကူအညီဖြစ်မလားလို့ အဲ့တာလေး နောက်တစ်ခါ ထပ်ပြောကြည့်ပါလား..."

ကျွန်တော် တကယ်၊ အမှန်တကယ်ကို အဲ့တာလေး ကြားချင်မိတယ်။

သူ့မျက်နှာက အစတုန်းက နီသွားပြီး နောက်တော့ မည်းမှောင်သွားတော့တယ် "မပြောဘူး၊ လုံးဝ ဘယ်တော့မှ ထပ်မပြောတော့ဘူး!"

အာ နှမြောဖို့ကောင်းလိုက်တာ။ ကျွန်တော် အရမ်းသိချင်နေတာကို။

ဒါပေမယ့် ကျွန်တော် နားမထောင်ရလည်း အဆင်ပြေပါတယ်။ တစ်ရက်တည်းမှာတင် ဒီလောက်များပြားတဲ့ပျော်ရွှင်မှုကို ရမယ်ဆိုရင် ထွက်ပေါ်လာမယ့်ကိစ္စတွေအတွက်တောင် နတ်ဘုရားတွေရဲ့ဒဏ်ခတ်ခြင်းကို ခံလိုက်နိုင်တယ်။

"အခုငါတို့တွေ အပန်းဖြေဥယျာဉ်ကို မသွားနိုင်လောက်တော့ဘူး၊ ထားလိုက်တော့ မင်းဘာလုပ်ချင်လဲ? အိမ်မှာပဲနေမလား ဒါမှမဟုတ် လမ်းထွက်လျှောက်မလား၊ မင်း ဘာပဲလုပ်ချင်ချင် ငါ မင်းနဲ့နေပေးမယ်၊ မင်း ဘာများမှတ်မိနိုင်မလဲဆိုတာ ကြည့်တာပေါ့" သူက ပန်းကန်တွေနဲ့ တူတွေကို နေရာချပြီးနောက် ကျွန်တော့်နားကို ပြန်လာကာ မျက်မှောင်ကြီးကြုတ်ပြီး ပြောလာတယ် "သေချာပေါက် တစ်ရက်နှစ်ရက်နေလို့မှာ မင်း မမှတ်မိသေးဘူးဆိုရင် မင်းရဲ့ဆရာဝန် Germany ကနေ သူ့အားလပ်ရက်ကုန်လို့ ပြန်လာတာနဲ့ မင်းငါနဲ့အတူတူ သူ့ဆီကို ချက်ချင်းသွားဖို့လိုတယ်"

"ငါတို့ တကယ်လိုလို့လား? နှစ်လေးနည်းနည်းလောက်ကို မေ့သွားတာ ရေးကြီးခွင်ကျယ်ကိစ္စမှမဟုတ်တာ၊ ငါထင်တာတော့ အဲ့တာက တော်တော်လေး..."

သူက ကျွန်တော့်ကို အလွန်တရာစူးစိုက်ကြည့်လာတာကြောင့် ကျွန်တော် ဆက်မပြောရဲတော့ဘူး။

ဟုတ်တာပေါ့ အခုချိန်မှာ ကျွန်တော်သူ့ကို ဘယ်လိုလုပ်ချင်တယ်ဆိုတာနဲ့ပက်သက်လို့ ဂရုတစိုက် စဉ်းစားဖို့လိုမယ်။ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ၊ ကျွန်တော့်စိတ်ထဲမှာ မရေမတွက်နိုင်တဲ့စိတ်ကူးယဉ်မှုတွေနဲ့ ပြည့်နှက်နေကျ၊ တစ်နေ့ သူကျွန်တော့်ကို ပြန်ချစ်လာနိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့ နေ့ရက်တွေကို ဘယ်လိုမျိုး ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်မယ်ဆိုတဲ့ စိတ်ကူးတွေဖြစ်တယ်။

ဒါပေမယ့် အခုချိန်မှာ ထိုပျော်ရွှင်မှုက တကယ်လည်းဖြစ်လာရော အဲ့လိုထူးဆန်းပြီး စိတ်ကူးယဉ်ဆန်တဲ့အတွေးတွေကို တစ်ခုလေးတောင် မမှတ်မိနိုင်ဖြစ်နေတာကို သတိထားမိလိုက်တယ်။

"ဒါဆို ဒီတိုင်းအိမ်မှာပဲနေပြီး ငါတို့နှစ်ယောက်လုံး သဘောကျတဲ့ဟာတွေကို လုပ်ကြရင်ရော"

"ဘာကြီး?" သူ့နှဖူးက သွေးကြောတစ်ခု ထောင်ထလာတယ် "ရှောင်ဟန်း ဘယ်အချိန်တုန်းက မင်းရဲ့တွေးခေါ်ပုံက ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ? မင်းက ခုနစ်နှစ်လုံးလုံး မေ့သွားတာကို ဂရုတောင်မစိုက်ဘဲ အဲ့တာလုပ်ဖို့အတွေးတွေဆီကို တန်းပြီးခုန်ဝင်လိုက်တာပဲလား?"

"... ငါပြောချင်တာက ငါတို့အိမ်မှာနေတဲ့အချိန်ဆို ပုံမှန်လုပ်နေကျကိစ္စတွေကို လုပ်ကြမယ်လို့!" ကျွန်တော် မှားယွင်းစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရတယ်။ ပြောလိုက်တဲ့သူက လုံးဝရိုးရိုးသားသား ပြောလိုက်တာဆိုပေမယ့် သူ့စိတ်ထဲမှာ အဲ့လိုကိစ္စတွေပဲရှိနေတာကြောင့် အဲ့တာက နားထောင်တဲ့သူရဲ့အမှားပဲ။ "ဘာလို့လဲဆိုတော့ ခုနစ်နှစ်အတွင်းမှာ မင်းနဲ့ငါက ဘာတွေအတူတူလုပ်ခဲ့လဲဆိုတာ အခုငါမှ မသိတာ!"

အတိတ်မှာတုန်းက ကျွန်တော်တို့ တစ်အိမ်တည်း အတူရှိချိန်ဆိုရင် သူက ကျွန်တော့်ကို သဘောမကျတာကြောင့် သူကအမြဲတမ်း အိပ်နေတတ်ပြီး ကျွန်တော်ကတော့ စိတ်လွင့်နေတတ်တယ်။ အခုချိန်မှာ သူက ကျွန်တော့်ကို သဘောကျနေပြီဖြစ်တာကြောင့် ကျွန်တော်တို့အချင်းချင်း ပြောဆိုဆက်ဆံပုံကလည်း ပြောင်းလဲသွားလောက်ပြီ။

ကျွန်တော့်ရဲ့နောက်ဆုံးစကားလုံးတွေကြောင့် သူလုံးဝလက်မြှောက်သွားသလောက်ဖြစ်သွားကာ ခေါင်းကိုငုံ့ထားရင်း ကျွန်တော့်ဘေးမှာ ထိုင်ချလိုက်ပြီး ဘာတစ်ခွန်းမှ ပြောမလာဘူး။

"ငါ ဓာတ်ပုံတွေကြည့်ချင်တယ်၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက ငါတို့အတူတူရိုက်ထားတဲ့ ဓာတ်ပုံတွေ" ကျွန်တော် လက်တစ်ဖက်ဆန့်ထုတ်လိုက်တယ် "ပြီးတော့ မင်းရဲ့အယ်လ်ဘမ်အသစ်တွေ၊ ဓာတ်ပုံတွေ၊ ပိုစတာတွေ၊ အဲ့တာတွေအားလုံး ယူလာပေး"

"ဘာအတွက်လဲ?"

"ငါ့မှတ်ဉာဏ်တွေ ပြန်ရလာမလားလို့ပေါ့ ပြီးတော့ _ ငါ အဲ့တာတွေကို ကြည့်ချင်တယ်"

ကျွန်တော် သိချင်တယ်၊ ရှောင်ဟန်းနဲ့ လော့ယွီချန်တို့ရဲ့ အတူတူနေရတဲ့ ပျော်စရာကောင်းတဲ့နေ့ရက်တွေက ဘယ်လိုမျိုးဖြစ်နေမလဲဆိုတာ သိချင်တယ်၊ မတရားသိချင်မိတယ်။

အဲ့တာကြောင့် သူလည်း ခေါင်းငိုက်စိုက်ချကာ စိတ်ဓာတ်ကျသွားပြီး ပစ္စည်းတွေ တစ်ပုံတစ်ခေါင်းကြီး သွားသယ်ဖို့သာ တတ်နိုင်တော့တယ်။ ကျွန်တော်က စိတ်မရှည်နိုင်စွာ အဲ့တာတွေကို လှန်လှောကြည့်လိုက်ပြီး အထဲမှာပါတဲ့အကြောင်းအရာတွေကလည်း စိတ်ကူးကြည့်လို့တောင်မရတဲ့အထိ လှပတဲ့အရာတွေနဲ့သာ အမှန်တကယ် ပြည့်နှက်နေတယ်။

"အိုး? ဒါလေးက ဘယ်သူ့ခွေးလေးလဲ? ချစ်ဖို့ကောင်းလိုက်တာ၊ မင်းကဘာလို့ သူ့အမြှီးကို နင်းထားရတာလဲ? အဲ့အကောင်လေး ဘယ်လောက်တောင် မကျေမနပ်ဖြစ်နေလဲဆိုတာ ကြည့်စမ်းပါအုံး!"

"အဲ့တာက ဖန်းရှဲ့ယိရဲ့ 'မြေခွေး'လေ၊ သူ့မိသားစုက အဲ့တာကို ပြီးခဲ့တဲ့နှစ်တုန်းက ရလိုက်တာ၊ အဲ့အကြောင်းမပြောစမ်းပါနဲ့၊ အဲ့ခွေးငတုံးက ငါ့ဘောင်းဘီတွေကို ဘယ်လိုကိုက်ရမယ်ဆိုတာနဲ့ မင်းဆီက အဖက်ခံရဖို့ သူ့ကိုယ်သူ ဘယ်လိုဝင်လုံးရမယ်ဆိုတာကိုပဲသိတာ၊ ပြီးတော့ ဖန်းရှဲ့ယိကလည်း အဲ့ကောင်ကို ဘယ်လိုမျိုး အယုတ်တမာရည်ရွယ်ချက်တွေနဲ့ လေ့ကျင့်ပေးထားလဲမှမသိတာ၊ ငါ အဲ့ခွေးကို အမုန်းဆုံးပဲ!"

ကြည့်ရတာ သူနဲ့ ဖန်းရှဲ့ယိက ခုနစ်နှစ်ကြာတာတောင် အဆင်မပြေကြသေးတဲ့ပုံပဲ။

ကျွန်တော် နောက်ထပ်စာမျက်နှာတချို့ကို လှန်ကြည့်လိုက်ပြန်တယ်။ "ဒါဆို ဒါကရော ဘာလဲ? ဘာဖြစ်လို့ ရှောင်လုရဲ့မျက်နှာကို ပန်ဒါလိုမျိုး ဆွဲထားရတာလဲ?"

"ဘယ်သူက သူ့ကို မူးမူးရူးရူးနဲ့ မွေးနေ့ပါတီမှာ မင်းကို အသည်းအသန် လိုက်ဖက် လိုက်နမ်းခွင့်ပြုထားလို့လဲ?"

"အာ? ဒါက မင်းလုပ်ထားတာလား?"

သူက ကျွန်တော့်ကို စိုက်ကြည့်ကာ နောက်တစ်ရွက်ကို လှန်လိုက်တယ်။ နောက်စာမျက်နှာရောက်တော့ ကျွန်တော် ပိုပြီးတော့တောင် အူလှိုက်သည်းလှိုက်ရယ်မိသွားတယ်။ ဓာတ်ပုံထဲမှာ လော့ယွီချန်က ခွေးရုပ်အကြီးကြီးတစ်ရုပ်ကိုဖက်ထားတယ်၊ ဓာတ်ပုံထဲမှာ သူ့အမူအယာက အင်တင်တင်ဖြစ်နေပြီး ထိုခွေးရဲ့အမူအယာကလည်း ရှက်ကိုးရှက်ကန်းလိုမျိုးဖြစ်နေကာ သူနဲ့ ထူးထူးဆန်းဆန်း ဆင်တူကြီးလိုဖြစ်နေတယ်။

သူက ကျွန်တော့်ကို နောက်တစ်ကြိမ် မျက်ဖြူလန်ပြပြီး သူ့အမူအယာကလည်း မပျော်မရွှင်ဖြစ်နေတော့တယ်။

အဲ့နောက်မှာ မျိုးစုံသောတိုင်းပြည်တွေမှာရှိတဲ့ သဲသောင်ပြင်ကမ်းခြေတွေနဲ့ ရှေးဟောင်းရဲတိုက်တွေဆီက အထင်ကရမြင်ကွင်းတချို့ပါတဲ့ ဓာတ်ပုံပေါင်းမြောက်မြားစွာ ရှိနေတယ်။ ကြည့်ရတာ မတိုင်ခင်က ကျွန်တော်တို့တွေ ကမ္ဘာပေါ်က မျိုးစုံသောနေရာတွေဆီ အကြိမ်ပေါင်းများစွာ လည်ပတ်ခဲ့ကြတဲ့ပုံပေါ်တယ်။

ဒါပေမယ့် ကျွန်တော်ကြည့်နေရင်းနဲ့ ဒီဓာတ်ပုံတွေအားလုံးနီးပါးက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှ စတယ်ဆိုတာကို သိလိုက်ရတာကြောင့် ကျွန်တော် သူ့ကိုမေးလိုက်တယ် "ဒါဆို ဒီမတိုင်ခင်က ဓာတ်ပုံတွေကရော?"

သူ့မျက်နှာက မထင်ရလောက်အောင် အကျည်းတန်သွားပြီး ကျွန်တော့်ကို စွေစောင်းကြည့်လာတယ်။ သူက တစ်ခုခုပြောချင်နေတဲ့ပုံပေါ်ပြီး သူ့အမူအယာက အကြိမ်အနည်းငယ် ပြောင်းလဲသွားပြီးတဲ့နောက်မှာ ရုတ်တရက်ကြီး သူ့စကားတွေကို ပြောင်းလိုက်ပုံပေါ်တယ် "ငါ့ကို ဒီလိုမျိုးလာမေးတာ မင်းမရှက်ဘူးလား?"

"ဟမ်?"

"အဲ့တာတွေအားလုံးက မင်းကြောင့်ပဲလေ!" သူက သူ့ရဲ့ချွန်ထက်နေတဲ့ သွားစွယ်တွေကို ထုတ်ပြလာတယ် "အဲ့နှစ်တုန်းက မင်းငါနဲ့ စကားများပြီး ငါနဲ့ လမ်းခွဲချင်တယ်လို့ ပြောခဲ့တယ်၊ အဲ့တာကြောင့် မင်းက ငါတို့ရဲ့ဓာတ်ပုံတွေအားလုံးကို ယူသွားပြီး မီးရှို့ပစ်လိုက်တာ!"

...မဖြစ်နိုင်တာ။ ကျွန်တော်က ဒီလောက်ထိ နှလုံးသားကင်းမဲ့ပြီး ရိုင်းစိုင်းတဲ့ကိစ္စမျိုးကို တကယ်ကြီးလုပ်ခဲ့တယ်ဆိုတာ မယုံနိုင်ဘူး။

ကျွန်တော်က အားလုံးကို မီးရှို့လိုက်တယ်? ဒီလောက်ထိ အဖိုးတန်တာတွေကို မီးရှို့လိုက်တယ်? ကျွန်တော် ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ! ဒါပေမယ့် သူ့ကြည့်ရတာလည်း တကယ်နောက်နေပုံမပေါ်ဘူး အဲ့တော့... ဒီပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ကျွန်တော် ပြောင်းလဲသွားတာလား? သူ့ရဲ့အလိုလိုက်မှုတွေကြောင့် စိတ်ကြီးဝင်လာပြီး အဲ့တာကြောင့် ကျွန်တော့်ရဲ့ခံစားချက်တွေက အကြင်နာတရားကင်းမဲ့လာတာလား? နောက်ပြီး သူက ကျွန်တော့်ကို ချစ်တာကြောင့် ကျွန်တော်က သူ့အပေါ် အထိန်းအကွပ်မရှိ ပြုမူနိုင်တယ်လို့ ခံစားမိလာလို့လား?

အဲ့တာက ဘယ်လိုပဲဖြစ်ခဲ့ပါစေ၊ လက်ရှိကျွန်တော်ကတော့ အဲ့လိုကိစ္စတွေကို လုပ်နိုင်တဲ့ကျွန်တော့်ပုံစံမျိုးကို စိတ်ကူးကြည့်ဖို့တောင် မဝံ့ဘူး။

"နောက်ပြီး မင်းလုပ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ကိစ္စတွေက ဒါတွေတင် မဟုတ်ဘူး!"

မသိရင် စိတ်ညစ်စေတဲ့ကိစ္စတစ်ရပ်ကို သွားတို့မိလိုက်သလိုမျိုး သူက သူ့ရဲ့ဝေဖန်မှုတွေကို အလွန်တရာ မကျေမနပ်နဲ့ ဆက်ပြောလာတော့တယ် "မင်းက ငါ့နားဆွဲကိုလည်း ပြန်ယူသွားပြီး လွှင့်ပစ်လိုက်တယ်၊ ပြီးတော့ ငါက အဲ့တာလေးကို ဆောင်းတွင်းကြီး ရေကန်ထဲခုန်ဆင်းပြီး ရှာနေရတာကိုတောင် ကြည့်နေခဲ့သေးတယ်၊ မင်းက ငါ့ရဲ့ဖုန်းတွေကိုလည်း ပြန်မဖြေဘူး ပြီးတော့ ငါဘယ်လောက်ပဲ ကြိုးစားရှာရှာ မင်းကို ရှာလို့မရခဲ့ဘူး၊ ငါက မင်းအတွက် အချိုပွဲ ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ခဲ့ပြီး အဲ့တာကို ကြိုးစားပန်းစားနဲ့ လုပ်ခဲ့ပေမယ့် မင်းက တစ်ချက်လေးတောင် မကြည့်ခဲ့ဘူး ငါ..."

ဘုရားရေ! ကျွန်တော် ဆက်ပြီး နားထောင်လေလေ ကျွန်တော် သွေးအန်မိတော့မလို ကြောက်လာလေလေပဲ။ ဒီလိုအနာဂတ်မျိုးက ကျွန်တော်စိတ်ကူးယဉ်ခဲ့တဲ့ဖြစ်နိုင်ခြေနဲ့ အများကြီးကွာခြားလွန်းနေတယ်!

ကျွန်တော့်စိတ်ကူးထဲမှာ သူ့ရဲ့နှလုံးသားကို လှုပ်ရှားစေဖို့ ကျွန်တော့်ရဲ့မဆုတ်မနစ်ကြိုးစားအားထုတ်မှုကြောင့် လော့ယွီချန်က ကျွန်​တော့်ကို ချစ်လာမယ်ဆိုတာသာဖြစ်ပြီး တခြားဖြစ်နိုင်ခြေတွေ ဘာမှမတွေးမိဘူး။ နောက်ပြီး သူ့ရဲ့စိတ်လှုပ်ရှားသွားမယ့်ပုံရိပ်ကတောင် အတော်လေး မယုံကြည်နိုင်စရာကောင်းနေပြီလို့ ကျွန်တော့်ဖာသာ တွေးခဲ့မိတယ်။ ဒါပေမယ့် အဆုံးမှာတော့ ဒီဇာတ်လမ်းရဲ့အဆုံးသတ်က ကျွန်တော်က သူ့ကိုနင်းခြေပြီး အနိုင်ကျင့်တယ်ဆိုပြီး ဖြစ်သွားတာလား?

"မင်းက သေချာပေါက် တစ်ခုခုကို အမှားလုပ်ခဲ့တယ်မဟုတ်လား? အဲ့လိုမှမဟုတ်ရင် ငါက ဒီလောက်ကြောက်စရာကောင်းတဲ့ ကိစ္စတွေကို ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး" ကျွန်တော် ယုံကြည်သလို သေလည်းသေချာတယ်။ ကျွန်တော်က အကြောင်းမရှိဘဲ ဒီလိုလွန်ကဲတဲ့ကိစ္စတွေကို လုပ်နိုင်မှာမဟုတ်ဘူး နောက်ပြီးတော့လည်း ဒီလူက လော့ယွီချန် ဖြစ်နေတယ်၊ ကျွန်တော့်ရဲ့အလယ်တန်းပထမနှစ်တည်းက တိတ်တခိုးချစ်လာခဲ့ရတဲ့လူ၊ ကျွန်တော့်ရဲ့အောက်တန်းကျတဲ့နည်းလမ်းနဲ့ တမ်းတမ်းတတ ကိုးကွယ်ခဲ့ရတဲ့ လော့ယွီချန်လေ။

ကျွန်တော်သူ့ကို အဲ့လောက်ထိချစ်တာကြောင့် အကြောင်းမရှိဘဲ သူ့ကို ထိခိုက်အောင် လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

သူက ချက်ချင်း ချေပလာတယ် "ငါ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ဘူး! ငါ့ကို ဘယ်လိုတန်ဖိုးထားကောင်းမှန်း မသိတာက မင်းလေ! မင်းက ငါ့ကိုရသွားပြီဆိုတော့ ငါ့ကို ဘယ်လိုတန်ဖိုးထားရမှန်း မသိတော့ဘူးပေါ့! မင်း ဘယ်လောက်တောင် မောက်မာပြီး စိတ်ကြီးဝင်လိုက်သလဲ ပြီးတော့ ငါ့မှာ ဘယ်လောက်တောင် နိမ့်ကျပြီး မျက်နှာလိုမျက်နှာရလုပ်လိုက်ရသလဲ! မင်းက တွန့်ဆုတ်တာမျိုးတောင်မရှိဘဲ ထွက်သွားတာ စကားလေးတစ်ခွန်းတောင် ပြောမသွားဘူး! ငါ့မှာတော့ အရမ်းတွေနာကျင်ပြီး အသည်းတွေကွဲလိုက်ရတာ မင်းကတော့ လုံးဝကို ဂရုမစိုက်ဘူးလေ!"

သူ စကားပြောနေချိန်မှာ သူ့မျက်လုံးတွေရဲ့ နက်ရှိုင်းတဲ့အထဲမှာ တစ်စုံတစ်ရာက ဆက်တိုက်ဆိုသလို တလက်လက်ဖြစ်နေပြီး သူက ကျွန်တော့်လက်ကိုဆွဲကာ အလွန်တရာတင်းကျပ်စွာ ဆုပ်ကိုင်လာတယ်။ သူကတော့ အတော်လေးအလုပ်ရှုပ်နေပြီး ဒါကိုဘာမှ သတိထားမိပုံမပေါ်ဘူး။

စက္ကန့်ပိုင်းလေးအတွင်းမှာ ကျွန်တော့်နှလုံးသားက မယုံနိုင်လောက်အောင် နာကျင်သွားရတယ်။ ကျွန်တော်က သူ့ကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ? ကျွန်တော့်ပြဿနာက ဘာများလဲ? ဒီအတိုင်း ကျွန်တော်က ရက်စက်လွန်းလို့ ရုတ်တရက် ခုနစ်နှစ်စာကျွန်တော့်မှတ်ဉာဏ်တွေ ပျောက်သွားရတာလား? အဲ့လိုမှပဲ သူ့ရဲ့အချစ်ကို မခံရသေးတဲ့အချိန်တုန်းက၊ သူကျွန်တော့်ကို ဂရုမစိုက်သေးတဲ့အချိန်တုန်းက ကျွန်တော် ဘယ်လောက်တောင် အဖော်မဲ့နေခဲ့လဲဆိုတာကို မြင်နိုင်အောင်လား? အဲ့တော့မှ ဒီခုနစ်နှစ်အတွင်းကျွန်တော်က ဘယ်လောက်တောင် မောက်မာပြီး အထိန်းအကွပ်မဲ့နေခဲ့လဲဆိုတာ သိသွားအောင်လား?

"ငါ တောင်းပန်ပါတယ်! ငါ တောင်းပန်ပါတယ်! ငါ ဘာလို့အဲ့လိုဖြစ်သွားခဲ့တာလဲဆိုတာ ငါလည်း မသိဘူး!" ကျွန်တော် သူ့လက်တွေကိုကိုင်ထားရင်း အလွန်တရာအလေးအနက်ထားကာ တောင်းပန်လိုက်တယ်။

သူ့ရဲ့လက်ကောက်ဝတ်ပေါ်မှာ အမာရွတ်တစ်ခုရှိနေတယ်။ ကျွန်တော် အဲ့တာကို မြင်တော့ တုန်လှုပ်သွားပြီး ကျွန်တော့်နှလုံးသားထဲ အေးစိမ့်မှုတစ်ခု တိုးဝင်လာတယ်။

"ဒါက ဘာ-ဘာလဲ?"

"မင်းက ငါ့ကိုမလိုချင်တော့ဘူးဆိုလို့ ငါ..." သူက ကျွန်တော့်ကို ခေါင်းမော့ကြည့်လာပြီး သူ့မျက်လုံးတွေထဲမှာ ဖုံးကွယ်ထားတဲ့ခါးသက်မှုတို့ ပြည့်နေတယ်။

သူ့ရဲ့ရှောင်လွှဲလို့မရတဲ့အကြည့်အောက်မှာ ထူးထူးခြားခြား သိမ်ငယ်စိတ်တစ်ခု ကျွန်တော့်ဆီမှာ ထွက်ပေါ်လာတယ်။ ဟုတ်တယ် အဲ့တာက သေချာပေါက် သိမ်ငယ်တဲ့ခံစားချက်ပဲဖြစ်ရမယ်၊ ဘာကြောင့်ဆို ကျွန်တော် တအားအရှက်ရမိတာကြောင့်ဖြစ်တယ်၊ အဖတ်ဆယ်လို့မရအောင် အပြစ်တွေအများကြီး ပြုခဲ့မိတာကြောင့်ဖြစ်တယ် _ ဒီတိုင်းများရုံတင်မကဘူး အဖတ်ပြန်ဆယ်လို့မရတဲ့ မရေမတွက်နိုင်တဲ့ အပြစ်တွေဖြစ်တယ်။

"ငါတောင်းပန်ပါတယ်၊ ငါတကယ် တောင်းပန်ပါတယ်... ငါ ကတိပြုတယ် ဒီနေ့ကစလို့ အဲ့လိုကိစ္စတွေကို သေချာပေါက် နောက်ထပ်မလုပ်တော့ပါဘူး၊ အဲ့တာ အမှန်ပဲ၊ မင်းငါ့ကို ခွင့်လွှတ်ပေးနိုင်မလား?"

"ငါမင်းကို ခွင့်လွှတ်ပြီးသားပါ" သူ ပြောလာတယ်။

"တကယ်လား?" ဒီလောက်ဆိုးဝါးတဲ့ကိစ္စတွေ လုပ်ခဲ့ပြီးတာတောင် ကျွန်တော့်ကို တကယ်ခွင့်လွှတ်ပေးနိုင်တယ်? ကျွန်တော် ယုံတောင်မယုံနိုင်ဘူး။ လော့ယွီချန်က ဘယ်တုန်းကတည်းက ဒီလောက်ထိရင့်ကျက်ပြီး သဘောထားပြည့်ဝတဲ့လူ ဖြစ်သွားရတာလဲ? ကြည့်ရတာ သူကျွန်တော့်အပေါ် မှားခဲ့တာတွေထက် ကျွန်တော်သူ့အပေါ် မှားခဲ့တာတွေက ပိုများမယ့်ပုံပဲ။

"ဒီလိုကိစ္စတွေက ခွင့်မလွှတ်နိုင်စရာကောင်းတယ်လို့ ထင်လား?" သူက ကျွန်တော့်ကို မေးခွန်းပြန်လှည့်မေးလာပြီး ကျွန်တော်တောင် အဖြေမပေးနိုင်သေးခင်မှာ "ဒါပေါ့" သူက နောက်ဆက်တွဲ မေးလာတယ် "အဲ့တာကို ဒီလိုတွေးကြည့်လိုက်၊ တကယ်လို့ အဲ့တာက မင်းဆိုရင် မင်းငါ့ကို မင်းရဲ့နှလုံးသားထဲကနေ ခွင့်လွှတ်ပေးနိုင်မလား?"

တကယ်လို့ ကျွန်တော်သာဆိုရင်? ကျွန်တော် ခဏလောက် တွေးကြည့်လိုက်တယ်။ တကယ်လို့ ကျွန်တော်သာဆိုရင် ကျွန်တော် အဲ့လိုလုပ်နိုင်လောက်တယ်။ ကျွန်တော်ကသူ့ကို တအားချစ်တာကြောင့် ဘယ်လိုမှတတ်နိုင်မှာမဟုတ်ဘူး။

"တကယ်လား?" ကျွန်တော် ခေါင်းငြိတ်တာကိုမြင်တော့ သူ့မျက်နှာက ဘာကြောင့်ရယ်မသိ ဝင်းလက်သွားတယ်။ "မင်းငါ့ကို ခွင့်လွှတ်ပေးနိုင်တယ်လို့ ပြောတဲ့အချိန်မှာ မင်းရဲ့စိတ်ရင်းနဲ့လား?"

... သူကဘာလို့ ဒီလောက်ထိ ပျော်သွားရတာလဲ?

အခုချိန်မှာ ကျွန်တော်ကိုယ်တိုင်တောင် ဘယ်လိုနေထိုင်ရမှန်း မသိဘူး။ ရုတ်တရက်ကြီး ခုနစ်နှစ်စာမှတ်ဉာဏ်ကို ဆုံးရှုံးသွားရပြီး တစ်နေ့တည်းမှာတင် ဒီလောက်ထိ ရှုပ်ထွေးပွေလီတဲ့အချက်အလက်ကို ရလိုက်ရတယ် _ စိတ်ချမ်းမြေ့မှုနဲ့ အပြစ်မကင်းမှု၊ ပျော်ရွှင်မှုနဲ့ မရေရာမှု _ အဲ့တာတွေက ကျွန်တော့်ကို ပြိုလဲတော့မလို အနည်းငယ်ခံစားရစေတယ်။

ဒါပေမယ့် သူက စကားဆက်မပြောတော့ဘူး ထိုအစား သူပုခုံးကို ငှားပေးလာတယ်။ ကျွန်တော် သူ့ကိုမှီလိုက်ချိန်မှာ အဲ့တာက အတော်လေး ကျယ်ပြီး သက်သောင့်သက်သာရှိတယ်ဆိုတာ သိလိုက်ရတယ်။

ပြတင်းပေါက်အပြင်ဘက်မှာ မိုးကစတင်ရွာလာပြီး တောက်ပလင်းလက်နေရာက မှုန်ရီဝါးတားတဲ့အဖြစ်ကို ပြောင်းလဲသွားတယ်။ လော့ယွီချန်က စောင်တစ်ထည်ဆွဲလာပြီး ကျွန်တော်တို့လည်း ထိုအထဲမှာဝင်ခွေကာ နွမ်းလျနေတဲ့ကြောင်ပေါက်လေးနှစ်ကောင်လိုမျိုး တစ်ယောက်ကိုတစ်ယောက် ပူးကပ်ပြီးနေနေကြတယ်။ သစ်ရွက်တွေပေါ်ကို မိုးစက်ကျသံတွေကို ကျွန်တော်တို့ နားထောင်ခဲ့ကြတယ်။

အပြင်ဘက်လောကကြီးက ဘယ်လောက်ပဲ မိုးသည်းထန်စွာရွာနေပါစေ အိမ်ထဲမှာတော့ အလွန်နွေးထွေးပြီး သက်သောင့်သက်သာရှိလှတယ်။ ဒီလိုကျယ်ပြောကာ ဖရိုဖရဲနိုင်လှတဲ့စကြာဝဠာကြီးရဲ့ ချာချာလည်နေတဲ့ဗဟိုချက်မှာ ကျွန်တော့်ဘေးက အငွေ့အသက်ကတော့ အလွန်စစ်မှန်ပြီး ထင်ရှားလှတယ်။

"ရှောင်ဟန်း"

"ဟင်?"

"ငါမင်းကို ချစ်တယ်"

"အမ်-ဟမ်၊ ငါသိတယ်၊ ငါလည်းမင်းကိုချစ်တယ်"

ကျွန်တော့်အသံက သိပ်ကိုတည်ငြိမ်နေပြီး ကျွန်တော့်ရဲ့လှိုင်းထန်နေတဲ့နှလုံးသားကို ဖုံးကွယ်ထားတယ်။ အာ ဒါက ကျွန်တော် အိမ်မက်,မက်ခဲ့ဖူးတဲ့ အပြန်အလှန်ပြောဆိုမှုဖြစ်ပြီး အဲ့တာက တကယ်ဖြစ်လာခဲ့ပြီ!

သူက ခဏလောက်တိတ်ဆိတ်သွားပြီးမှ ရုတ်တရက်ပြောလာတယ် "... ငါအခုလေးတင်ပြောလိုက်တာက လွန်ခဲ့တဲ့ခုနစ်နှစ်လောက်က ရှောင်ဟန်းကိုပြောတာ"

'ဘာများ ကွာသွားလို့လဲ? နှစ်ယောက်လုံးက ငါပဲမဟုတ်ဘူးလား?'

"ငါသာ ပြန်သွားလို့ရနိုင်မယ်ဆိုရင်ဆိုပြီး ငါအမြဲတမ်းတွေးနေခဲ့တာ၊ ငါ့ဖာသာ လူကိုယ်တိုင် ပြောမှာ" သူက ပြောနေရင်းနဲ့ ကျွန်တော့်ကို သူ့ရင်ခွင်ထဲမှာ ပိုလို့တောင် တင်းကျပ်စွာ ဖက်လာတယ် "ငါ အဲ့လိုကိစ္စတွေ မလုပ်မိခင်၊ မင်း ငါ့ကိုစိတ်မဝင်စားသေးခင် ငါကအရင်ဆုံး မင်းကို အဲ့စကားတွေ ပြောမယ်... ဒါပေမယ့် နောက်ဆုံးတော့လည်း အတိတ်ကိုပြန်သွားရမယ့်သူက ငါမပါဘဲမင်းတစ်ယောက်တည်းပဲဖြစ်နေလို့ တောင်းပန်ပါတယ်"

ကျွန်တော် ရယ်လိုက်တယ် "ရပါတယ်၊ အနည်းဆုံးတော့ လွန်ခဲ့တဲ့ခုနစ်နှစ်က ရှောင်ဟန်းကြားအောင်လို့ မင်းပြောလိုက်နိုင်တာပဲလေ"

သူက ညစာလည်းလုပ်ပေးတာကြောင့် ကျွန်တော်လည်း မီးဖိုချောင်ထဲဝင်ပြီး သူ့ကိုကူပေးလိုက်တယ်။ ကျွန်တော်တို့ ပတ်ပတ်လည်မှာ အရသာရှိတဲ့ဟင်းအနံ့တွေ လှိုင်လှိုင်ထွက်နေပြီး ကျွန်တော်ကလည်း သူနဲ့အတူ ခေါက်တုံ့ခေါက်ပြန် သွားလာနေရကာ သူ့ရဲ့လျှပ်ပြာပြာနိုင်တဲ့ပုံစံကို ရယ်မောပြီး သူ့ရဲ့ပျာယာခတ်နေတဲ့ပုံစံကို ကြည့်နေမိတယ်။ ဒီလိုဘဝမျိုးက ကျွန်တော် တောင့်တခဲ့ရတဲ့ ဘဝမျိုးလို့ ကျွန်တော် တွေးမိလိုက်တယ် _ ရိုးရှင်းကာ အေးချမ်းပြီး ချိုမြိန်တဲ့ပျော်ရွှင်မှု။

သူ ပြောလာတယ် 'မွေးနေ့တွေဆိုတာ ကျင်းပပေးရတယ်' တဲ့၊ ပြီးတော့ သူက မှော်လှည့်ကွက်တစ်ခုကို တင်ဆက်ခဲ့ပြီး မွေးနေ့ကိတ်တစ်လုံးပေါ်လာအောင်လုပ်ကာ ဖယောင်းတိုင်တွေ ထွန်းပေးလာတယ်။ အဲ့နောက် နာမည်ကျော်ကြီးက သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အသံနဲ့ မွေးနေ့သီချင်းကို ကျွန်တော်ပဲ ကြားနိုင်လောက်အောင် ဆိုပေးခဲ့တယ်။

ကျွန်တော့်ဖာသာ တိတ်တိတ်လေး ကတိပြုကာ ပြောလိုက်တယ် 'ရှောင်ဟန်း မင်းသူ့ကို တန်ဖိုးထားမှဖြစ်မယ်၊ လော့ယွီချန်က မင်းကို ဒီလောက်ထိ ကောင်းကောင်းဆက်ဆံပေး၊ ဒီလောက်ထိချစ်ပေးနေတာကြောင့် မင်းသူ့ကို သေချာပေါက် တန်ဖိုးထားရမယ်' ကျွန်တော့်မှတ်ဉာဏ်တွေ ပြန်ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ဒီလိုမျိုး သဘောထားသေးသိမ်တဲ့ကိစ္စမျိုးတွေနဲ့ သူ့အပေါ် ဘယ်တော့မှ ထပ်အနိုင်မကျင့်တော့ဘူး!

ညလယ်ခေါင်ရောက်တဲ့အချိန်မှာ ကျွန်တော် နားလည်ရခက်စွာ အိမ်မက်တွေထဲက နိုးလာပြီး သူ့ကိုတွန်းပစ်လိုက်တယ်။

"လော့ယွီချန် ဘာလို့လဲ?"

"ဟင်?" သူက အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ ကျွန်တော့်ကိုဖက်ကာ ပွတ်သီးပွတ်သပ်လာလုပ်တော့တယ်။

"မင်းငါ့ကို ပြောပြတဲ့အချိန်တုန်းက ဘာလို့ အားလုံးကို ပြောင်းပြန်လုပ်ပစ်ရတာလဲ?" ကျွန်တော်သူ့ကို နည်းနည်းလေးတောင် နားမလည်နိုင်တာကြောင့် မေးလိုက်တယ် "ဘယ်သူက မင်းနားဆွဲကိုခိုးပြီး ကန်ထဲပစ်ခဲ့တာလဲ? ငါတို့ဓာတ်ပုံတွေကို မီးရှို့ခဲ့တာ ဘယ်သူလဲ! မင်းအပေါ်ကို အကြင်နာတရားမရှိ ဆက်ဆံခဲ့တာ ဘယ်သူလဲ?"

"အာ" သူ ရယ်မောလာတယ် "နောက်ဆုံးတော့ မင်းမှတ်မိသွားပြီကိုး အာာာ ကောင်းလိုက်တာ..."

အမှန်ပဲ ကျွန်တော့်မှတ်ဉာဏ်ကွယ်ပျောက်မှုက အဆုံးသတ်သွားပြီး ကျွန်တော် အားလုံးကို မှတ်မိသွားပြီဖြစ်တယ်။ ကျွန်တော်က ပုံမှန်ရှောင်ဟန်း၊ ခုနစ်နှစ်နောက်ပိုင်း ရှောင်ဟန်းအဖြစ် ပြန်ပြောင်းသွားခဲ့ပြီ။ အဲ့တာကြောင့် မနက်တုန်းက သူပြောခဲ့တဲ့ကိစ္စတွေအားလုံးက အခုချိန်မှာ ကျွန်တော် သတိပြန်ရပြီဖြစ်တာကြောင့် အလွန်တရာရယ်စရာကောင်းလှတယ်ဆိုတာကို သိသွားပြီဖြစ်တယ်၊ အဲ့တာက လူကိုလုံးဝ စိတ်ရှုပ်ထွေးစေတယ်။

"ဘာတွေ ရယ်နေတာလဲ! အဲ့တာ မင်းအတွက် ရယ်စရာကောင်းလို့လား?" သူ့ကိုယ်သူ စောင်နဲ့ကာထားပြီး လှုပ်စိစိဖြစ်နေတာကိုမြင်တော့ ကျွန်တော် ဒေါသလည်းထွက် ရယ်လည်းရယ်ချင်ဖြစ်သွားရတယ် "ငါက ရုတ်တရက်ကြီး ဒီလောက်နှစ်တွေအများကြီးစာ ကိစ္စတွေကို မေ့သွားလို့ မင်းကို အဲ့လောက်ထိ ယုံကြည်လိုက်ရတာ၊ မင်းကတော့ အမှန်တရားလေး တစ်ခုတောင် ငါ့ကိုမပြောခဲ့ဘူး၊ ငါ့ကိုတောင် အပြစ်မကင်းဖြစ်အောင် လှည့်စားလိုက်သေးတယ်! မင်းမှာ ဘယ်လိုတောင် မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေရတာလဲ!"

နောက်တော့ သူက စောင်ကိုဆုပ်ကိုင်ကာ လှုပ်ခါနေတော့တယ် "ဟားဟား ရှောင်ဟန်း မင်းသိရဲ့လား မင်း ဒီတစ်နေ့လုံး မတရားကို ချစ်ဖို့ကောင်းနေတာ... မင်းသာ နည်းနည်းကြာကြာလေး မှတ်ဉာဏ်တွေပျောက်သွားနိုင်ရင် ကောင်းအုံးမှာ"

ဒါတွေက ဘယ်လိုတောင် အကြင်နာတရားခေါင်းပါးတဲ့စကားတွေလဲ! သူရယ်နေတဲ့ပုံစံက ကျွန်တော့်လို ညင်သာတဲ့လူတစ်ယောက်ကိုတောင် သူ့ကိုရိုက်ပစ်ချင်တဲ့အထိ ဖြစ်စေတယ်။

အချိန်အကြာကြီး ကြာပြီးတဲ့နောက် သူလည်းနောက်ဆုံးတော့ အရယ်ရပ်သွားပြီး ကျွန်တော့်ကို မေးလာတယ် "လော့ယွီချန်အဖြစ် တစ်ရက်လောက်နေလိုက်ရတော့ ဘယ်လိုခံစားရလဲ?"

"ဟင်?" ကျွန်တော့်ရှေ့က ဒီလူလိမ်ကောင်ကို ဂြိုလ်သားတစ်ယောက်ကများ အစားထိုးဝင်နေတာလားလို့တောင် ကျွန်တော် သံသယဝင်လာမိတယ်။ ဘာဖြစ်လို့ သူလုပ်သမျှ ပြောသမျှတွေအားလုံးက ကျွန်တော်နားလည်နိုင်တဲ့ နယ်ပယ်ထက် ကျော်လွန်နေရတာလဲ?

"ငါပြောချင်တာ ဘာလဲဆိုရင်" သူက လက်တစ်ဖက်ဆန့်ထုတ်ကာ ကျွန်တော့်ဆံပင်ကို ပွတ်သပ်လာတယ် "ရုတ်တရက်ကြီးကွာ ဘယ်လိုဖြစ်သွားမှန်းမသိဘဲ မင်းလုပ်ခဲ့သမျှတွေအားလုံးက မှားယွင်းနေတယ်ဆိုတာကို သိလိုက်ရတယ် ပြီးတော့ နာကျင်မှုတွေအားလုံးကလည်း ဖြစ်ပြီးခဲ့ပြီ၊ တကယ်လို့ မင်းက 'ငါတောင်းပန်ပါတယ်'လို့ ပြောချင်ရင်တောင် ဘယ်ကစပြောရမှန်း မသိတော့ဘူး၊ အဲ့နောက်မှာ နားလည်ရခက်တဲ့ ခွင့်လွှတ်မှုကို ရလိုက်တယ် ဒါပေမယ့် မင်းက အမြဲတမ်း မယုံကြည်နိုင်ဖြစ်နေရတယ်၊ အဲ့တာက မင်းကို ရင်တမမနဲ့ ဘာလုပ်ရမှန်း လုံးဝမသိဖြစ်သွားစေတဲ့ ခံစားချက်မျိုးလေ"

နောက်တော့ သူကျွန်တော့်ကို ဒီအတိုင်းပဲ ကြည့်နေခဲ့တယ်။ အမှောင်ထဲမှာ သူ့ရဲ့နွေးထွေးတဲ့လေငွေ့က ကျွန်တော့်နားကို ဖြတ်တိုက်သွားတယ်။ ကျွန်တော်က တကယ့်ကို အသုံးမကျဘူးပဲ၊ ဒီလောက် အချိန်တွေကြာညောင်းနေပြီဖြစ်တာတောင် သူ့နားမှာဆိုရင် ကျွန်တော့်ရဲ့မြန်ဆန်လာတဲ့နှလုံးခုန်သံတွေကို ထိန်းမချုပ်နိုင်သေးဘူး။

"... အဲ့တာ နေလို့မကောင်းဘူး" ကျွန်တော် ဝန်ခံလိုက်တယ်။

"မင်းသဘောပေါက်တယ်ဆို ရပါပြီ"

ဒါက၊ ကျွန်တော် ဝန်ခံလိုက်တယ်ဆိုပေမယ့် အဲ့တာက သူ့ရဲ့လုပ်ရပ်တွေကို အားပေးအားမြှောက်လုပ်တယ်လို့ မဆိုလိုဘူးလေ! သူကတော့ ရပါပြီဆိုတာကို အရှက်လေးတစ်စက်တောင်မရှိဘဲ ပြောလိုက်သေးတယ်! 'ကျွန်တော် သဘောပေါက်သရွေ့ ရပါတယ်'ဆိုတာက ဘာကိုပြောချင်နေတာလဲ!

"ဒါပေမယ့် မင်းဘယ်လိုခံစားရလဲဆိုတာကို ငါ့ကိုခံစားကြည့်စေချင်တာနဲ့ ဒီလိုမျိုးလာရှုပ်တာက မလွန်လွန်းဘူးလား? ငါ့ရဲ့မှတ်ဉာဏ်တွေ ပြန်မရခဲ့ရင် ဘယ်လိုလုပ်မလဲ? မင်းက ငါ့ကို ဆက်တိုက်အပြစ်မကင်းသလို ခံစားခိုင်းပြီး ငါက နှလုံးသားမဲ့ပြီး စိတ်ပြောင်းလွယ်တဲ့လူလို့ ဆက်တိုက်ထားထားမှာလား? မင်းက 'ဥမပေါက်ခင် ကြက်တွေကို ရေတွက်တယ်'ဆိုတဲ့ နောက်ပြောင်တာမျိုးကို အရမ်းကာရော အဆင်အခြင်မရှိ ဆော့ခဲ့တာပဲ!"

အာ... စကားတွေပြောနေလို့လည်း အသုံးမဝင်တော့ဘူး။ ဒီလိုမျိုး အသိတရားမရှိတဲ့လူလိမ်ကို စကားပြောရတာက ကျွန်တော့်ကို ဒေါသထွက်ပြီးရင်းထွက်အောင် လုပ်နေသလိုပဲ။

"အင်း တောင်းပန်ပါတယ်" သူက ခေါင်းငုံ့လိုက်ပြီး ကျွန်တော့်နှာခေါင်းကို ဖွဖွလေးလာနမ်းကာ "ရှောင်ဟန်း မင်းစိတ်ဆိုးသွားလား?"

ကျွန်တော်သူ့ကို မသိချင်ယောင်ဆောင်နေလိုက်တယ်။ ကျွန်တော်သူ့ကို ဆက်ပြီးစိတ်ဆိုးချင်ပေမယ့် ကျွန်တော့်နှလုံးသားထဲမှာတော့ ဒေါသထွက်ဖို့ အားမခဲထားနိုင်ဘူး။ အဲ့တာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်သာ ဒေါသထွက်ရတော့တယ် 'ရှောင်ဟန်းရေ မင်းကဘယ်လိုလုပ် ဒီလောက်ထိ သုံးစားမရရတာလဲ'

"ငါက ရည်ရွယ်ချက်ရှိရှိ လှည့်စားဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး" သူက အသံတိုးတိုးနဲ့ ပြောလာတယ် "အဲ့တာက တကယ်လို့သာ အရာအားလုံးပြောင်းလဲလို့ရမယ်ဆိုရင် အရာအားလုံးကို ငါပြောခဲ့သလိုပဲ ဖြစ်စေချင်လို့ပါ၊ ခံစားရတာက ငါပဲဖြစ်ချင်တယ်၊ ပြီးတော့ ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ ငါအဲ့တာတွေအားလုံးကို ဝမ်းပမ်းတသာနဲ့ကို လက်ခံလိုက်မှာ၊ ငါအမြဲတမ်း တွေးမိတာက တကယ်လို့သာ ငါတို့တွေ နောက်ထပ်ပြန်စလို့ရနိုင်မယ်ဆိုရင် မင်းက လူ့ပေါ်ကြော့ဖြစ်ပြီး ငါကတော့ မင်းကိုပဲ တစ်စိုက်မတ်မတ်ချစ်နေမိတဲ့သူဖြစ်ချင်တယ်၊ မင်းငါ့ကို အမြဲတမ်း ဆက်ဆံပေးခဲ့သလိုပေါ့"

"အကြောင်းကြောင်းကြောင့် အခွင့်အရေးရလာပြီး မင်းက အတိတ်မေ့သွားတဲ့အချိန်ကျတော့ ငါလည်းမနေနိုင်ဘဲ ဒီလိုဇာတ်လမ်းမျိုး မင်းကို ပြောပြမိတာ၊ အဲ့တာကို မင်းမေ့သွားရုံတင်မကဘူး အဲ့အစား ငါတို့တွေ အတိတ်ကို တကယ်ပြန်သွားလို့ရပြီး လွန်ခဲ့တဲ့ခုနစ်နှစ်ကို ပြန်ရောက်သွားမယ်ဆို ပိုတောင်ကောင်းအုံးမယ်၊ အဲ့အချိန်တုန်းက မင်းက စိတ်ပျက်တာလည်းမဖြစ်သေးဘူး၊ မျှော်လင့်ချက်မဲ့တာလည်း မဖြစ်သေးဘူး၊ ငါကလည်း ကိစ္စတွေအများကြီးကို မဖြစ်လာအောင် တားလို့ရတယ်၊ မင်း ဒီလောက်ထိ နာကျင်ရတာမျိုး မခံစားရအောင် ငါတားမိမှာ"

"အရာအားလုံးက ပြီးသွားခဲ့ပြီလို့ ငါပြောခဲ့ပြီးသား မဟုတ်ဘူးလား?" ကျွန်တော်သူ့ကို ပုတ်ပေးလိုက်ကာ ကျွန်တော့်စိတ်ထဲမှာ တွေးနေမိတယ် 'ဘာကြောင့်များ ဒီလိုမျိုးနုံအတဲ့ပုံနဲ့ကလေးက တစ်ခါတစ်လေ သူများတွေနဲ့မတူအောင် နူးညံ့တဲ့ခံစားချက်တွေကို ထုတ်ပြလာရတာလဲ'

"အင်း... ရှောင်ဟန်း မင်းသိလား၊ လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းကမင်းက ငါ့ကို ခွင့်လွှတ်ပေးနိုင်တယ်လို့ ပြောတဲ့အချိန်တုန်းက ငါတကယ် တအားပျော်သွားခဲ့တာ၊ ဘာလို့ဆို နောက်ဆုံးတော့ ငါယုံနိုင်သွားပြီလေ"

အရူးကောင်။ ကျွန်တော့်နှာခေါင်းက အနည်းငယ်ချဉ်စူးလာပြီး သူ့ရင်ဘတ်ကို မှီလိုက်တယ်။

သူက ကျွန်တော့်ကို ပွေ့ဖက်ထားပြီး အမြတ်တနိုးနဲ့ နူးညံ့စွာ ကျွန်တော့်နှဖူးကနေတဆင့် ကျွန်တော့်နှုတ်ခမ်းတွေပေါ် သူ့နှုတ်ခမ်းတွေက လျှောဆင်းလာပြီး အသာအယာပွတ်သပ်ကာ အနမ်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဲ့နောက်မှာတော့... သူက ဆိုးသွမ်းလာပြန်တယ်။

"ဘာလုပ်တာလဲ" ကျွန်တော်က သူ့ရဲ့ခပ်ဆိုးဆိုးလက်ကို ရိုက်ထုတ်လိုက်တယ် "အခုလောလောဆယ် မင်းကြောင့် ငါဝမ်းနည်းနေတယ်ဆိုတာကို မမြင်ဘူးလား?"

ကျွန်တော့်မှာတော့ သူ့ကြောင့် ရင်နာလိုက်ရတာ သူကတော့ အဆင်ကိုပြေလို့။ သူ့လောက် မကြည်နူးတတ်တဲ့လူကို ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။

"ဟုတ်လား?" သူက ပြုံးနေတယ် "ဝမ်းနည်းတာကို ရှင်းထုတ်ဖို့ အကောင်းဆုံးနည်းလမ်းကို မင်းသိလား?"

ကျွန်တော် မသိဘူး ဒါပေမယ့် သူ့ရဲ့ရည်ရွယ်ချက်တွေကို ကြည့်ရုံနဲ့တင် သူပြောချင်တဲ့နည်းလမ်းက အဲ့တာ 'လုပ်'တာကို ဆိုတာ ကျွန်တော်ခန့်မှန်းမိလိုက်တယ်။

"မင်းမှန်းတာ မှန်တယ်၊ မင်းမကြားဖူးဘူးလား တချို့လူတွေပြောတာ မင်း ဝမ်းနည်းနေချိန်ဆို လုပ်ဖို့အသင့်တော်ဆုံးက ချက်ချင်း _ အာရုံလွှဲလိုက်တာပဲ" သူက ခပ်ဟဟရယ်ပြီး ကျွန်တော့်ကို လှည့်ကာဖိချလိုက်တယ်၊ သူ့မျက်လုံးတွေက တလက်လက်တောက်ပနေပြီး သူ့အပြုံးက ကျီစယ်လိုမှုတို့နဲ့ ပြည့်နေတယ်။

"မင်းရဲ့အာရုံကိုလွှဲလို့ သူတို့ပြောတဲ့အချိန်တုန်းက ဒီလိုကိစ္စမျိုးလို့ သူတို့မှ မဆိုလိုတာ! ဟေး ဟေး ဟေး! ဘယ်နေရာကို လာထိနေတာလဲ? လော့ယွီချန် မင်း ah..."

ဒီလောက်ထိ ကြည့်ကောင်းလှတဲ့နာမည်ကျော်ကြီးကို ကျွန်တော် တားချင်ရင်တောင် တကယ်မတားနိုင်ပါဘူး။

မဟုတ်မှ ကျွန်တော်သူ့အဖို့ နှလုံးသားကို ပျော့ပျောင်းပေးစရာ မလိုလောက်ဘူးလို့ ကျွန်တော်ထင်မိတယ်။

[ Kay : ဘုရား ဘုရား ရေးရတာ မျက်လုံးတွေတောင် ခြောက်တယ်။ စာလုံးရေ တစ်သောင်းတောင်ကျော်တယ် ૮(꒦ິཅ꒦ິ)ა ]

_____


Thanks 🌹

Continue Reading

You'll Also Like

880K 17.5K 83
ကောင်မလေးကိုချစ်ပါသည်။
321K 28.6K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
1.5M 191K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
927K 42.5K 51
Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 mont...