{Zawgyi}[ အကျဉ်းချုပ် : ဇာတ်ရှိန်တက် ]
•ရှောင်ဟန်း•
လော့ယွီချန်က သူ့ကားကို ကုမ္ပဏီရဲ့မြေအောက်ကားပါကင်မှာ ထိုးခဲ့ပြီးနောက် ညကြီးမင်းကြီး မှောင်မိုက်နက်ရှိုင်းတဲ့ လူလုပ်ရေကန်ဆီကို စတင်လျှောက်သွားတယ်။
ကျွန်တော် သူ့ကို မေးလိုက်တယ် "လော့ယွီချန် မင်း ဘာတွေလုပ်နေတာလဲ?"
အမှောင်ထုထဲမှာ သူ့မျက်လုံးတွေက အမူအယာတစ်စက်ကလေးတောင်မရှိဘဲ ပြတ်သားနေတယ်။
ကျွန်တော် သူ့ကိုဆွဲကာ အော်ဟစ်ရင်း ပြောလိုက်တယ် "လော့ယွီချန် မင်း ရူးသွားပြီပဲ"
သူ တကယ် ရူးနေတာလားဘာလားဆိုတာ ကျွန်တော် မသိခဲ့ပေမယ့် သေချာပေါက် သူက ကမ်းကုန်အောင် မိုက်မဲပြီး လုံးလုံးရူးနေတဲ့လူတစ်ယောက်ဖြစ်ကာ သူ့အတွေးတွေကလည်း ပုံမှန်မဟုတ်တော့ဘူး။
သူ အဲ့တာကို ထပ်ရှာချင်နေတာ၊ ညဘက်ဆို ရေကန်စပ်တောင်မြင်ရတာမဟုတ်တဲ့ ရေကန်အလယ်ထဲက ထိုပစ္စည်းသေးသေးမွှားမွှားလေးကို ရှာချင်နေတယ်?
သူပဲ ရူးသွားတာလား ဒါမှမဟုတ် ဒီလောကကြီးကပဲ ရူးသွားတာလား?
သူက ဖိနပ်မချွတ်ဘဲ ရေစပ်နားကနေ ကန်ထဲကို တန်းပြီး ဖြေးဖြေးချင်းစီ လျှောက်သွားနေတာကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံတော့မယ့် လူတစ်ယောက်နဲ့တောင် တော်တော်လေး တူနေတယ်။
လူလုပ်ရေကန်က အရမ်းအနက်ကြီးတော့မဟုတ်ပေမယ့် အခုက ဧပြီလအစပိုင်းသာ ရှိသေးပြီး ဒီရေကန်ကလည်း ခုတလောမှ ပြန်အရေပျော်သွားတာဖြစ်ကာ နွေဦးရဲ့အေးမြမှုက လေထုထဲမှာ ကျန်နေသေးတယ်။
သူ ထိုနားဆွဲကို ကန်ထဲပစ်ချလိုက်ချိန်တုန်းက တစ်နေ့မှာ သူ ရူးသွားပြီး အဲ့တာကို ပြန်လာကောက်ချင်မိလိမ့်မယ်လို့ သေချာပေါက် စိတ်ကူးမိမှာမဟုတ်ဘူး။ အဲ့တာထက် ဒီလိုကြီးမားကျယ်ပြန့်တဲ့ ရေကန်ကြီးရဲ့အောက်ခြေမှာ နစ်မြုပ်နေတဲ့ ထိုသေးသေးမွှားမွှားငွေထည်လေးကို ရှာမယ်ဆိုတော့ အခုဟာက ကောက်ရိုးပုံထဲ အပ်တစ်ချောင်းရှာနေရတာနဲ့ တူမနေဘူးလား?
أنت تقرأ
Like Love But Not [ ဘာသာပြန် ]
عشوائيTitle - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extras (Completed) Genre - Drama, Romance, Shounen Ai, Supernatural, Tragedy English Translator - emiliers Myanmar Translator - Kay_Wine Arti...