21

1.4K 237 11
                                    

{Zawgyi}

[ အကျဉ်းချုပ် : ရှောင်န်းရဲ့ဆေုံးမှု ]

•ရှောင်ဟန်း•

လျှပ်တပြက်အတွင်း အချိန်တွေ ကုန်လွန်လာခဲ့တယ်။

နှင်းတွေပျောက်ကွယ်ကာ ရေခဲတွေအရည်ပျော်သွားပြီး လောကကြီး တစ်ဖန်အသက်ပြန်ဝင်လာတယ်။

ဒါပေမယ့် ကျွန်တော့်ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုနဲ့ နာကျင်မှုအမှတ်တရတွေ ပြည့်နေတဲ့ထိုအိမ်ကတော့ ရေခဲတွေနဲ့ နှင်းကုန်းမြေကြီးတစ်ခု ဖြစ်နေတုန်းပဲ။

လော့ယွီချန်က ခွင့်ရက်မယူဘဲ အလုပ်ကို လဝက်ကျော်ပျက်ကွက်ခဲ့ပြီးနေပြီဖြစ်ပေမယ့် သူကတော့ လုံးဝဂရုမစိုက်ဘဲ သေခါနီးလူလိုမျိုး ဆိုဖာပေါ်မှာသာ လှဲနေနေတယ်။

ဒီလဝက်မှာ ရှမင်ရှုက အားထုတ်ကြိုးပမ်းတာာမျိုး မလုပ်ခဲ့ပေမယ့် (လုပ်ခဲ့ရင်လည်း)အားလုံးက အချည်းနှီးသာဖြစ်နေတာကြောင့် သူ့ကို ဆက်တိုက်ပူပန်နေရုံသာ တတ်နိုင်တယ်။

ဒီရက်ပိုင်းတွေမှာ လော့ယွီချန် နှိုင်းဆလို့မရလောက်တဲ့အထိ စိတ်ဓာတ်ကျနေခဲ့တယ်။ အလုပ်မသွားခင် သူ့ကို ဂရုစိုက်ပေးတဲ့ ရှမင်ရှုကြောင့်သာ မဟုတ်ရင် သူ သေပြီး ပုတ်ပွသွားခဲ့ရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။

ကျွန်တော်ကလည်း ဥက္ကဌတစ်ယောက် မဟုတ်တော့တာကြောင့် အရင်လို သူစိတ်တိုင်းကျနေပြီး သူ့ရဲ့နောက်ကွယ်ကနေ စောင့်ရှောင့်ပေးတာမျိုး မလုပ်နိုင်တော့ဘူး။ အခုချိန်မှာ ဖန်းရှဲ့ယိက တာဝန်ယူနေဖြစ်ကာ သူ့ကို လုပ်ငန်းခွင်မှာရော ကိုယ်ပိုင်အချိန်မှာပါ အချိန်ကောင်းတစ်ခုပေးမှာမဟုတ်လောက်ဘူး။

သူ့ကိုယ်စား ရှမင်ရှု ဘယ်လိုတောင်အတင်းကူရှင်းပြပေးနေရမလဲလို့ ကျွန်တော် တွေးနေမိတယ်။

လော့ယွီချန်က ကျွန်တော့်အပေါ် လုပ်ခဲ့တာက ပြန်ပြောင်းလို့မရတော့တာကြောင့် သူ့ဘေးမှာရှိနေတဲ့ ရှမင်ရှုကို တန်ဖိုးထားသင့်တယ် ဒါမှမဟုတ်ရင်တော့ သူက နောက်ထပ်ပြင်မရတဲ့အမှားတွေ ထပ်ပြီးလုပ်မိနေတော့မယ်လို့ ကျွန်တော် စိတ်ထဲက ယုံကြည်နေမိတယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now