{Zawgyi}
[ အကျဉ်းချုပ် : Gong's POV ]
[ Eng Tran's Note : အတန်သင့် သတိပေးရမယ်ဆိုရင် နောက်ထပ် chapterနည်းနည်းလောက်အထိ မင်းတို့တွေ လော့ယွီချန်ကို သေချာပေါက် မုန်းကြမှာပဲ၊ မင်းတို့ရဲ့ ကောက်ဆွတွေကို အသင့်ပြင်ထားတော့!
နောက်ပြီး ဒီchapterက လုပ်ငန်းခွင်အတွက် 'မဆိုစလောက်လေး' လုံခြုံမှုမရှိဘူး။ အဲ့တာက ဆင်ဆာမပျက်ပဲ ကျော်လာနိုင်တာကို ငါအံ့ဩနေတာ တကယ်ပြောတာ! ]
•လော့ယွီချန်•
ဒီနေ့ သူအိမ်က ထွက်သွားတယ်။
ကျွန်တော် တံခါးကို တွန်းဖွင့်ပြီး သူ့အခန်းဆီသွားလိုက်တယ်။ လုံးဝကို ပြောင်ရှင်းနေတဲ့အိပ်ရာနဲ့ အသစ်အတိုင်းဖြစ်နေတဲ့ စာအုပ်စင်က မသိရင် ဒီမှာ တစ်ယောက်မှ မနေခဲ့ဘူးတဲ့ပုံပေါ်တယ်။
ဆယ်နှစ်စာချုပ်က ပြီးဆုံးသွားခဲ့ပြီ။
အဲ့လောက်တောင် ကြာသွားခဲ့ပြီလား? အစကတော့ ဆယ်နှစ်ဆိုတာက သိပ်ကိုကြာညောင်းတဲ့အချိန်တစ်ခုလို့ ကျွန်တော် ထင်ခဲ့တာ။ တစ်နေ့မှာ အဆုံးသတ်ကို ရောက်လာလိမ့်မယ်လို့ ကျွန်တော် တကယ်မတွေးခဲ့မိဘူး။
****
"အလဲအလှယ်အနေနဲ့ လိုချင်တာက... မင်း"
သူ ကျွန်တော့်ကို ကြည့်နေခဲ့ပြီး သူ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုနဲ့ သောကတွေ ပြည့်နေတယ်။
"ငါ ဆယ်နှစ်လောက်ပဲ လိုတယ်၊ ဆယ်နှစ်တည်းဆို အဆင်ပြေတယ်"
သူ ဆယ်နှစ်ပဲလိုချင်တယ်လို့ သူ ပြောခဲ့တယ်။
မသိရင်ပဲ ဆယ်နှစ်ဆိုတာက မျက်တောင်တစ်ခတ်အတွင်း ကုန်သွားမလိုမျိုး ပြောနေခဲ့တယ်။
YOU ARE READING
Like Love But Not [ ဘာသာပြန် ]
RandomTitle - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extras (Completed) Genre - Drama, Romance, Shounen Ai, Supernatural, Tragedy English Translator - emiliers Myanmar Translator - Kay_Wine Arti...