Unicode
အပိုင်း ၂၃။ ပန်းရှုစားခြင်း တွေ့ဆုံပွဲ(၁)
သူမက လုကျင်းကို ဘာမှ မလုပ်ထားသော်လည်း လုကျင်းက သူမတို့ စတွေ့သည့် နေ့ကတည်းက သဘောမကျကြောင်း ခံစားမိသည်။ နောက်ဆုံးတွင် လုကျင်းကို ဟန်ပါပါ ကြည့်လိုက်မိ၏။ သူမက မြို့ပေါ်တွင် ကြီးပြင်းလာသောကြောင့် နယ်မြို့တွင် လုယောင်ယောင် လွတ်လပ်စွာ ရှင်သန်ခဲ့ခြင်းကို အထင်သေးနေခဲ့သည်။
လုကျင်းက ငါ့ကို မနာလို ဖြစ်နေတာလား။
"စတုတ်ထညီမက ဘာကို ဆိုလိုတာလဲ"
ယဲ့ကျန်းက စိတ်ရှုပ်ထွေးပြီး လျစ်လျူရှု ခံရသော အမူအရာမျိုးဖြင့် ကြည့်လိုက်သည်။
သို့သော် ထိုအထဲတွင် ဒေါသ မပါပေ။
သူမ၏ နှလုံးသားထဲမှတဆင့် လုကျင်းက ယဲ့ကျန်းကို စိတ်ပျက်နေမိသည်။ ဆရာမရှန်းက သူမကို သင်ကြားပေးကြောင်း ကြားသောအခါ အခန်း တစ်ခုလုံးကိုပင် ဖျက်ဆီး ချင်မိခဲ့သေး၏။
သူမက ဆရာမရှန်းထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သေးကာ သူမ၏ ဆရာမ ဖြစ်လာစေရန် တောင်းဆို ခဲ့သေးသည်။ သို့သော် ထိုအချိန်က သူမကို ဘာကြောင့် သူမ၏ ကျောင်းသူ ဖြစ်ရန် အရည်အချင်း မပြည့်မီကြောင်း မပြောဘဲ ငြင်းဆန်ခံ ခဲ့ရ၏။
လုယောင်ယောင်က ဘာတွေများ လုပ်နိုင်စွမ်းအားရှိနေလို့လဲ။ ငါ့ထက် ဘယ်နေရာကများ သာနေလို့လဲ။
ထိန်းချုပ်၍ မရသော မနာလိုမှုများနှင့် လက်မခံနိုင်လိုမှုများက သူမ၏ ရင်ထဲ ပြည့်ကျပ် လာခဲ့သည်။ လုမိသားစုတွင် အကျော်ကြားဆုံး ဖြစ်သော လုဝူရှန်းကို သူမ အလွန် မနာလိုဖြစ်၏။ သူမက လက်ရှိတွင် ချင်မင်းဆက်၏ ဝမ်ဖေး ဖြစ်သည်။ အခု လုယောင်ယောင်ဟု ခေါ်သော နောက်ထပ် ကောင်မလေး တစ်ယောက် ရောက်လာပြန်ကာ သခင်မကြီးလု၏ သူမအပေါ် ဂရုစိုက်မှု အားလုံးကို ခိုးသွားပြန်သည်။
"မြို့တော်က သူတွေ အားလုံးက ဆရာမရှန်းရဲ့ ကျောင်းသူတွေက အရမ်း ထူးခြားတယ် ဆိုတာကို သိထားတယ်လေ။ အခြားသူတွေကသာ နင်က သူမရဲ့ ကျောင်းသူအဖြစ် ပွဲတော်ကို တက်လာမယ် ဆိုတာကို သိသွားခဲ့မယ် ဆိုရင်..."
လုကျင်းက ပါးစပ်ကို အုပ်သည်။ သူမက ရယ်ရသော တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် ဆက်ပြောလာ၏။
"...အရေး အကြီးဆုံးက နင်က သူတို့နဲ့ တိုက်ခိုက်ဖို့ အဆင့် မမီသေးတာပဲ"
သူမ၏ စတုတ္ထညီမက သူမကို လှောင်နေကြောင်း သိရန် အချိန်မယူရပေ။ အသက် ပြင်းပြင်း ရှူပြီးနောက် သာမန် အပြုံးကိုတောင် မထုတ်ဖော်ဘဲ စိုက်ကြည့်လိုက်၏။
လုကျင်းက သူမထက်ပိုပြီး ဟာသတွေ နားလည် နေတာပဲ။
"စတုတ္ထ ညီမက သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဆရာမရှန်းက သေချာပေါက် ဘာမှ ဆိုးရွားတာတွေ ဖြစ်မလာအောင် ငါ့ကို ကာကွယ်ပေးမှာပေါ့"
လုကျင်း၏ မျက်နှာက ဒေါသကြောင့် ပြာနှမ်း သွားသည်။ သူမက ယဲ့ကျန်းကို ခက်ထန်စွာ ကြည့်ပြီးနောက် အကြည့် လွှဲလိုက်တော့၏။
"တတိယ ညီမ ဆရာမရှန်းရဲ့ ကျော်ကြားမှုက နယ်မြို့အထိ မရောက်တော့ ညီမလေးကတော့ သိမယ် မထင်ဘူး၊ ဆရာမရှန်းက အရမ်းကို ကျော်ကြားတဲ့ ပါရမီကြီးတဲ့ အမျိုးသမီး တစ်ယောက်လေ။ ဒီနှစ်တွေမှာ သူမမှာ တပည့် နှစ်ယောက်ပဲ ရှိခဲ့တယ်။ တစ်ယောက်က ချင်မင်းဆက်ရဲ့ ယခင် ဝမ်ဖေးပေါ့၊ တခြား တစ်ယောက်ကတော့ ကျူး နယ်မြေက ကျောက်ယန်လို့ ခေါ်တဲ့ တစ်ယောက်ပဲ။ ကံဆိုးစွာနဲ့ ဝမ်ဖေးက အသက်တိုတယ်၊ ကျောက်ယန်ကတော့ မုဆိုးမ ဖြစ်သွားပြီ"
ဆိုလိုနေသည်မှာ ဆရာမရှန်း၏ ကျောင်းသူတိုင်းက ကံကောင်းခြင်း မရှိကြပေ။ ယဲ့ကျန်းက မင်းသမီး ကျောက်ယန်အကြောင်း တွေးမိသောအခါ ပြုံးလိုက်သည်။ သူမ ဘာစကားမှ မဆိုပေ။
သူမနှင့် ကျောက်ယန်၏ ဆက်ဆံရေးက အကောင်းကြီး မဟုတ်ပေ။ သို့တိုင်အောင် အချင်းချင်း နားလည်မှုတော့ ရှိနေကြ၏။ သူတို့ အားလုံးက အဆင့်အတန်း မြင့်မားသည်၊ တော်သည်၊ အပြုအမူလည်း ကောင်းကြပြီး ဉာဏ်ပညာ မြင့်မားကြသူများ ဖြစ်သည့် အလျောက် တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင် တစ်ခါမှ မလုပ်ခဲ့ကြပေ။
တစ်စုံတစ်ယောက်ကသာ အခြား တစ်ယောက်၏ ဒေါသကို သွားစမည် ဆိုလျှင် သူတို့က တပြေးတည်း ပြန်လည် တိုက်ခိုက် ကြမည်သာ ဖြစ်ကာ အခြားသူက သူတို့ အပေါ် ကျောခွင့် ပြုလိမ့်မည် မဟုတ်ပေ။
နှစ်ယောက်လုံးက တူညီသော အပြုအမူ ရှိကြသည်။ အခြားသူများ သိထားသည့် အကြောင်းအရာ အရဆိုလျှင် ကျောက်ယန်က မည်သို့သော အချိန်ကမှ အခြားသူများ ကျေနပ်အောင် လုပ်မည့် သူမျိုး မဟုတ်ပေ။ သူမ၏ ဘဝတွင် သင့်တော်သော ရှုထောင့်များကို ကိုင်စွဲထားကာ ဒါကိုသာ အမှန်ဟု လက်ခံထားပြီး အခြား အရာများကို ငြင်းဆန်ပေလိမ့်မည်။
"ဒုတိယ အစ်မ ဒုတိယ အစ်မ ဆိုလိုတာက ညီမက မုဆိုးမ ဖြစ်လာမှာကို စိုးရိမ်တယ်လို့လား"
ယဲ့ကျန်းက လုဖန်းကို ကြည့်ကာ မေးလိုက်သည်။
လုဖန်းက ရယ်ပြီးနောက် သူမ၏ မျက်ဝန်း ထောင့်များက ကွေးညွတ်သွားကာ ပြန်ဖြေလိုက်သည်။
"တတိယ ညီမ ငါက ဒီအတိုင်း ပြောလိုက်တာပါ၊ တစ်မျိုး မထင်ပါနဲ့"
ယဲ့ကျန်းက ပြုံးပြီး ခေါင်းကို ခါသည်။
"ဒုတိယ အစ်မက တို့ကို အရမ်း ဂရုစိုက်မှန်း တို့သိပါတယ်။ တို့က ဘာလို့ တစ်မျိုး မြင်ရမှာတဲ့လဲ"
သည်တွေ့ဆုံပွဲတွင် ကျောက်ယန်နှင့် တွေ့မည်လား သူမ မသေချာပေ။ သို့သော် အခွင့်အရေးက နည်းပါးခြင်းလည်း မရှိပေ။ အချို့ကိစ္စများကို တွေးတောပြီးနောက် သူမ သတိထားမိလိုက်ရသည်မှာ သူမက မည်သို့သော အချိန်မှ အခြားသူများကို အကူအညီ တောင်းလိမ့်မည် မဟုတ်ကြောင်းဖြစ်သည်။ သူမ ကိုယ်တိုင်သာ ကြိုးစားမည် ဖြစ်သည်။ သူမက ပြန်လည် မွေးဖွားလာပြီး ဘာမှကို မလုပ်နိုင်နေသည့်အတွက် လက်ရှိတွင် သူမက အားအင်မဲ့နေ၏။
ငါက ယဲ့ကျန်းပါလို့ အကူအညီ သွားတောင်းတော့ရော ဘယ်သူက နားလည်ပေးမှာလဲ။
ဘယ်သူမှ မရှိဘူး၊ ဒါပေမဲ့ လုယောင်ယောင်ရဲ့ ကိုယ်ထဲကို ရောက်နေတဲ့ အနေအထားမျိုးနဲ့ မိတ်ဆွေဟောင်း တစ်ယောက်ဆီက အကူအညီ သွားတောင်းရမယ်ဆိုရင် ငါ မွေးဖွား လာတာက အသုံးဝင်ပါဦးမလား။
လုဖန်းက ရယ်နေသည်။ ရထားလုံးက လမ်း အသစ်တစ်ခုသို့ ရုတ်တရက် ကွေ့သွား၏။
_________
နတ်ဆေးသမားတော် ယဲ့ကျန်း
အပိုင်း ၁၅မှ ၁၆၅ထိ
Kpay/Wave 3000ကျပ်
Ooredoo/Telenor/MPT 4000ကျပ်
Swae Nyoe Sales Channel တွင် ယခုဝယ်ယူနိုင်ပါပြီ။
m.me/swaenyoesaleschannel
Zawgyi
အပိုင္း ၂၃။ ပန္း႐ႈစားျခင္း ေတြ႕ဆုံပြဲ(၁)
သူမက လုက်င္းကို ဘာမွ မလုပ္ထားေသာ္လည္း လုက်င္းက သူမတို႔ စေတြ႕သည့္ ေန႔ကတည္းက သေဘာမက်ေၾကာင္း ခံစားမိသည္။ ေနာက္ဆုံးတြင္ လုက်င္းကို ဟန္ပါပါ ၾကည့္လိုက္မိ၏။ သူမက ၿမိဳ႕ေပၚတြင္ ႀကီးျပင္းလာေသာေၾကာင့္ နယ္ၿမိဳ႕တြင္ လုေယာင္ေယာင္ လြတ္လပ္စြာ ႐ွင္သန္ခဲ့ျခင္းကို အထင္ေသးေနခဲ့သည္။
လုက်င္းက ငါ့ကို မနာလို ျဖစ္ေနတာလား။
"စတုတ္ထညီမက ဘာကို ဆိုလိုတာလဲ"
ယဲ့က်န္းက စိတ္႐ႈပ္ေထြးၿပီး လ်စ္လ်ဴ႐ႈ ခံရေသာ အမူအရာမ်ိဳးျဖင့္ ၾကည့္လိုက္သည္။
သို႔ေသာ္ ထိုအထဲတြင္ ေဒါသ မပါေပ။
သူမ၏ ႏွလုံးသားထဲမွတဆင့္ လုက်င္းက ယဲ့က်န္းကို စိတ္ပ်က္ေနမိသည္။ ဆရာမ႐ွန္းက သူမကို သင္ၾကားေပးေၾကာင္း ၾကားေသာအခါ အခန္း တစ္ခုလုံးကိုပင္ ဖ်က္ဆီး ခ်င္မိခဲ့ေသး၏။
သူမက ဆရာမ႐ွန္းထံ ကိုယ္တိုင္ကိုယ္က် သြားေရာက္ခဲ့ေသးကာ သူမ၏ ဆရာမ ျဖစ္လာေစရန္ ေတာင္းဆို ခဲ့ေသးသည္။ သို႔ေသာ္ ထိုအခ်ိန္က သူမကို ဘာေၾကာင့္ သူမ၏ ေက်ာင္းသူ ျဖစ္ရန္ အရည္အခ်င္း မျပည့္မီေၾကာင္း မေျပာဘဲ ျငင္းဆန္ခံ ခဲ့ရ၏။
လုေယာင္ေယာင္က ဘာေတြမ်ား လုပ္ႏိုင္စြမ္းအား႐ွိေနလို႔လဲ။ ငါ့ထက္ ဘယ္ေနရာကမ်ား သာေနလို႔လဲ။
ထိန္းခ်ဳပ္၍ မရေသာ မနာလိုမႈမ်ားႏွင့္ လက္မခံႏိုင္လိုမႈမ်ားက သူမ၏ ရင္ထဲ ျပည့္က်ပ္ လာခဲ့သည္။ လုမိသားစုတြင္ အေက်ာ္ၾကားဆုံး ျဖစ္ေသာ လုဝူ႐ွန္းကို သူမ အလြန္ မနာလိုျဖစ္၏။ သူမက လက္႐ွိတြင္ ခ်င္မင္းဆက္၏ ဝမ္ေဖး ျဖစ္သည္။ အခု လုေယာင္ေယာင္ဟု ေခၚေသာ ေနာက္ထပ္ ေကာင္မေလး တစ္ေယာက္ ေရာက္လာျပန္ကာ သခင္မႀကီးလု၏ သူမအေပၚ ဂ႐ုစိုက္မႈ အားလုံးကို ခိုးသြားျပန္သည္။
"ၿမိဳ႕ေတာ္က သူေတြ အားလုံးက ဆရာမ႐ွန္းရဲ႕ ေက်ာင္းသူေတြက အရမ္း ထူးျခားတယ္ ဆိုတာကို သိထားတယ္ေလ။ အျခားသူေတြကသာ နင္က သူမရဲ႕ ေက်ာင္းသူအျဖစ္ ပြဲေတာ္ကို တက္လာမယ္ ဆိုတာကို သိသြားခဲ့မယ္ ဆိုရင္..."
လုက်င္းက ပါးစပ္ကို အုပ္သည္။ သူမက ရယ္ရေသာ တစ္စုံတစ္ရာကို ေတြးမိဟန္ျဖင့္ ဆက္ေျပာလာ၏။
"...အေရး အႀကီးဆုံးက နင္က သူတို႔နဲ႔ တိုက္ခိုက္ဖို႔ အဆင့္ မမီေသးတာပဲ"
သူမ၏ စတုတၳညီမက သူမကို ေလွာင္ေနေၾကာင္း သိရန္ အခ်ိန္မယူရေပ။ အသက္ ျပင္းျပင္း ႐ွဴၿပီးေနာက္ သာမန္ အျပဳံးကိုေတာင္ မထုတ္ေဖာ္ဘဲ စိုက္ၾကည့္လိုက္၏။
လုက်င္းက သူမထက္ပိုၿပီး ဟာသေတြ နားလည္ ေနတာပဲ။
"စတုတၳ ညီမက သတိေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ဒါေပမဲ့ ဆရာမ႐ွန္းက ေသခ်ာေပါက္ ဘာမွ ဆိုး႐ြားတာေတြ ျဖစ္မလာေအာင္ ငါ့ကို ကာကြယ္ေပးမွာေပါ့"
လုက်င္း၏ မ်က္ႏွာက ေဒါသေၾကာင့္ ျပာႏွမ္း သြားသည္။ သူမက ယဲ့က်န္းကို ခက္ထန္စြာ ၾကည့္ၿပီးေနာက္ အၾကည့္ လႊဲလိုက္ေတာ့၏။
"တတိယ ညီမ ဆရာမ႐ွန္းရဲ႕ ေက်ာ္ၾကားမႈက နယ္ၿမိဳ႕အထိ မေရာက္ေတာ့ ညီမေလးကေတာ့ သိမယ္ မထင္ဘူး၊ ဆရာမ႐ွန္းက အရမ္းကို ေက်ာ္ၾကားတဲ့ ပါရမီႀကီးတဲ့ အမ်ိဳးသမီး တစ္ေယာက္ေလ။ ဒီႏွစ္ေတြမွာ သူမမွာ တပည့္ ႏွစ္ေယာက္ပဲ ႐ွိခဲ့တယ္။ တစ္ေယာက္က ခ်င္မင္းဆက္ရဲ႕ ယခင္ ဝမ္ေဖးေပါ့၊ တျခား တစ္ေယာက္ကေတာ့ က်ဴး နယ္ေျမက ေက်ာက္ယန္လို႔ ေခၚတဲ့ တစ္ေယာက္ပဲ။ ကံဆိုးစြာနဲ႔ ဝမ္ေဖးက အသက္တိုတယ္၊ ေက်ာက္ယန္ကေတာ့ မုဆိုးမ ျဖစ္သြားၿပီ"
ဆိုလိုေနသည္မွာ ဆရာမ႐ွန္း၏ ေက်ာင္းသူတိုင္းက ကံေကာင္းျခင္း မ႐ွိၾကေပ။ ယဲ့က်န္းက မင္းသမီး ေက်ာက္ယန္အေၾကာင္း ေတြးမိေသာအခါ ျပဳံးလိုက္သည္။ သူမ ဘာစကားမွ မဆိုေပ။
သူမႏွင့္ ေက်ာက္ယန္၏ ဆက္ဆံေရးက အေကာင္းႀကီး မဟုတ္ေပ။ သို႔တိုင္ေအာင္ အခ်င္းခ်င္း နားလည္မႈေတာ့ ႐ွိေနၾက၏။ သူတို႔ အားလုံးက အဆင့္အတန္း ျမင့္မားသည္၊ ေတာ္သည္၊ အျပဳအမူလည္း ေကာင္းၾကၿပီး ဉာဏ္ပညာ ျမင့္မားၾကသူမ်ား ျဖစ္သည့္ အေလ်ာက္ တစ္ေယာက္ကို တစ္ေယာက္ ထိခိုက္ေအာင္ တစ္ခါမွ မလုပ္ခဲ့ၾကေပ။
တစ္စုံတစ္ေယာက္ကသာ အျခား တစ္ေယာက္၏ ေဒါသကို သြားစမည္ ဆိုလွ်င္ သူတို႔က တေျပးတည္း ျပန္လည္ တိုက္ခိုက္ ၾကမည္သာ ျဖစ္ကာ အျခားသူက သူတို႔ အေပၚ ေက်ာခြင့္ ျပဳလိမ့္မည္ မဟုတ္ေပ။
ႏွစ္ေယာက္လုံးက တူညီေသာ အျပဳအမူ ႐ွိၾကသည္။ အျခားသူမ်ား သိထားသည့္ အေၾကာင္းအရာ အရဆိုလွ်င္ ေက်ာက္ယန္က မည္သို႔ေသာ အခ်ိန္ကမွ အျခားသူမ်ား ေက်နပ္ေအာင္ လုပ္မည့္ သူမ်ိဳး မဟုတ္ေပ။ သူမ၏ ဘဝတြင္ သင့္ေတာ္ေသာ ႐ႈေထာင့္မ်ားကို ကိုင္စြဲထားကာ ဒါကိုသာ အမွန္ဟု လက္ခံထားၿပီး အျခား အရာမ်ားကို ျငင္းဆန္ေပလိမ့္မည္။
"ဒုတိယ အစ္မ ဒုတိယ အစ္မ ဆိုလိုတာက ညီမက မုဆိုးမ ျဖစ္လာမွာကို စိုးရိမ္တယ္လို႔လား"
ယဲ့က်န္းက လုဖန္းကို ၾကည့္ကာ ေမးလိုက္သည္။
လုဖန္းက ရယ္ၿပီးေနာက္ သူမ၏ မ်က္ဝန္း ေထာင့္မ်ားက ေကြးၫြတ္သြားကာ ျပန္ေျဖလိုက္သည္။
"တတိယ ညီမ ငါက ဒီအတိုင္း ေျပာလိုက္တာပါ၊ တစ္မ်ိဳး မထင္ပါနဲ႔"
ယဲ့က်န္းက ျပဳံးၿပီး ေခါင္းကို ခါသည္။
"ဒုတိယ အစ္မက တို႔ကို အရမ္း ဂ႐ုစိုက္မွန္း တို႔သိပါတယ္။ တို႔က ဘာလို႔ တစ္မ်ိဳး ျမင္ရမွာတဲ့လဲ"
သည္ေတြ႕ဆုံပြဲတြင္ ေက်ာက္ယန္ႏွင့္ ေတြ႕မည္လား သူမ မေသခ်ာေပ။ သို႔ေသာ္ အခြင့္အေရးက နည္းပါးျခင္းလည္း မ႐ွိေပ။ အခ်ိဳ႕ကိစၥမ်ားကို ေတြးေတာၿပီးေနာက္ သူမ သတိထားမိလိုက္ရသည္မွာ သူမက မည္သို႔ေသာ အခ်ိန္မွ အျခားသူမ်ားကို အကူအညီ ေတာင္းလိမ့္မည္ မဟုတ္ေၾကာင္းျဖစ္သည္။ သူမ ကိုယ္တိုင္သာ ႀကိဳးစားမည္ ျဖစ္သည္။ သူမက ျပန္လည္ ေမြးဖြားလာၿပီး ဘာမွကို မလုပ္ႏိုင္ေနသည့္အတြက္ လက္႐ွိတြင္ သူမက အားအင္မဲ့ေန၏။
ငါက ယဲ့က်န္းပါလို႔ အကူအညီ သြားေတာင္းေတာ့ေရာ ဘယ္သူက နားလည္ေပးမွာလဲ။
ဘယ္သူမွ မ႐ွိဘူး၊ ဒါေပမဲ့ လုေယာင္ေယာင္ရဲ႕ ကိုယ္ထဲကို ေရာက္ေနတဲ့ အေနအထားမ်ိဳးနဲ႔ မိတ္ေဆြေဟာင္း တစ္ေယာက္ဆီက အကူအညီ သြားေတာင္းရမယ္ဆိုရင္ ငါ ေမြးဖြား လာတာက အသုံးဝင္ပါဦးမလား။
လုဖန္းက ရယ္ေနသည္။ ရထားလုံးက လမ္း အသစ္တစ္ခုသို႔ ႐ုတ္တရက္ ေကြ႕သြား၏။
_________
နတ္ေဆးသမားေတာ္ ယဲ့က်န္း
အပိုင္း ၁၅မွ ၁၆၅ထိ
Kpay/Wave 3000က်ပ္
Ooredoo/Telenor/MPT 4000က်ပ္
Swae Nyoe Sales Channel တြင္ ယခုဝယ္ယူႏိုင္ပါၿပီ။
m.me/swaenyoesaleschannel