ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချေ...

By Alice_Yizhan_7012

100K 5K 106

စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credi... More

Story Description
စာစဥ်(၁) [unicode]
စာစဥ်(၁) [Zawgyi]
စာစဥ်(၂) [Unicode]
စာစဥ်(၂) [zawgyi]
စာစဥ် (၃) [Unicode]
စာစဥ် (၃) [zawgyi]
စာစဥ် (၄) [Unicode]
စာစဥ် (၄) [zawgyi ]
စာစဥ် ၅ [Unicode]
စာစဥ် ၅ [zawgyi]
စာစဥ် (၆)
စာစဥ် (၇)
စာစဥ် ၉ ။
သင်္ကြန်ပရိုမိုးရှင်း
1yr Anniversary promotion
Birthday promotion

စာစဥ် ၈

2.4K 293 8
By Alice_Yizhan_7012

Unicode

 

စာစဥ် ၈ ၊ အခန်း ၁ ။ ရှိုးပွဲလေးတစ်ပွဲ လာကြည့်တာ အိမ်တစ်အိမ် အလကားရသွားတယ်

 

နောက်၌ နေနေသည့် သက်လတ်ပိုင်းလူကြီးသည် သူ၏ သတိမေ့နေသော အဖော်ကို သွားစစ်ကြည့်လိုက်၏။ အဖိုးအိုကတော့ တောက်လောင်နေသည့် အကြည့်တို့ဖြင့် ချူးလျိုကို စိုက်ကြည့်နေသည်။

သူသည် သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတို့ကို ဖုံးကွယ်၍ မရခဲ့ချေ။ “ဒီက သူငယ်ချင်းလေးက ဘယ်ဂိုဏ်းကနေလာတာလဲ ဒီဟာကိုဖြေရှင်းဖို့ သမီး ဘာနည်းလမ်းကိုသုံးလိုက်တာလဲ “

ချူးလျိုလဲ သဘောထားပြောင်းလဲသွားသည့် ထိုလူအိုကိုအမြန်ကြည့်လိုက်ကာ ချက်ချင်း ပြန်မဖြေခဲ့ပေ။ ထိုအစား သူမကပဲမေးလိုက်သည်။ ”ဒီအိမ်ထဲမှာ နတ်ဆိုး ရောင်ဝါတွေရှိနေတယ် အဖိုးအို ရှင်ဒါကိုဘယ်လိုနည်းလမ်းနဲ့ ဖယ်ရမလဲ ဆိုတာကို သိသင့်တယ်နော်”

သို့သော်လည်း ထိုအဖိုးကတော့ မှားယွင်းစွာတွေးနှင့်လေပြီ။

သူထင်တာက ချူးလျို ဘာကိုမှ ပြောမပြတာဟာ သူမဂိုဏ်းမှာ စည်းကမ်းတွေရှိနေလို့ဆိုပြီးတော့ပေါ့ ။ ဒါကြောင့်လဲ သူဟာ သူမကိုထပ်မမေးတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

“ဒီအိမ်ရဲ့ အတွင်းပိုင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ လက်ဆော့ထားတာ ခံထားရတယ်လေ ကောင်းချီးတွေနဲ့ ပြည့်နေရမဲ့နေရာက ဆိုးကျိုးတွေပေးတဲ့မြေအဖြစ် ကိုပြောင်းလဲသွားတယ် တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ မမလေးဝူရဲ့ ဂုဏ်ရည်က ယင် ဖြစ်နေတယ်လေ အဲ့တာကပဲ ဆိုးကျိုးပေးတဲ့ ရောင်ဝါတွေကို မွေးမြူဖို့ အကောင်းဆုံးသော သွေးကြောဖြစ်နေခဲ့တာပေါ့”

ထိုလူအိုကြီး ပို၍ ပြောလာလေလေ သူပို၍ပင် ကြောက်လာလေလေ ဖြစ်လာလေသည်။ “ကံကောင်းလို့သာပေါ့ မင်းက သူ့ကိုယ်ထဲကနေ ဆိုးကျိုးရှိ တဲ့ ရောင်ဝါကို ဖယ်နိုင်လောက်တဲ့ထိ စွမ်းဆောင်နေနိုင်လို့သာပဲ မဟုတ်ရင်တော့ ငါလဲ ဒီနေ့မှာ သူ့အသက်ကိုသတ်လိုက်လို့ တာဝန်ယူရတော့မလိုတောင် ဖြစ်နေပြီ” သူကထပ်ပြောလိုက်သည်။ "သူငယ်ချင်းလေး မင်းနဲ့ ငါက တောက်ဆရာ အဖွဲ့ဝင်တွေ ဖြစ်နေမှတော့ ငါတို့တွေ တစ်နေရာမှာ ထိုင်ပြီး ဒီအကြောင်းကိုဆွေးနွေးကြရင် မကောင်းဘူးလား”

ဒီလူ ဒီကိုလာတာက အိမ်တစ်အိမ်ဝယ်ဖို့ လာတာမှန်း ချူးလျို သတိရသွားလေ၏။ ခုနလေးတင်ပဲ စစ်မှန်သော အိမ်ခြံမြေအကျိုးဆောင်က လူတွေက သူမကို တစ်ယောက်မှ အဖက်လုပ်ပြီး ပြောဆိုမနေကြတော့ သူမကိုသာ တစ်ယောက်ယောက်က ကူညီရင် ဒီနေ့တော့ သူမအိမ်ဝယ်လို့ရတော့မှာပဲလေ။

သူမလဲ ဒုက္ခရောက်နေတဲ့ အသံလေးဖြင့် တမင်တကာ ပြောလိုက်သည်။

“ရိုးရိုးသားသားပြောရရင်လေ အဖိုး...”

 

“ငါ့ရဲ့ မျိုးရိုးနာမည်က ကျင်းပါ  သမီးသာ ခေါ်ချင်ရင် ငါ့ကို အဖိုးကျင်း ဆိုပြီး ခေါ်နိုင်ပါတယ်"

ချူးလျိုလဲခေါင်းညိတ်လိုက်ရင်း

“ရိုးရိုးသားသားပြောရရင်လေ အဖိုးကျင်း သမီးမှာနေဖို့ နေရာမရှိသေးဘူးရယ် သမီး အိမ်တစ်လုံးလောက်ဝယ်ဖို့ စီစဥ်နေတာ”

“ဒီကိစ္စက ဖြေရှင်းဖို့ လွယ်ကူပါတယ်သူငယ်ချင်းလေးရဲ့။

သမီးက ဘယ်လိုအိမ်မျိုးကိုဝယ်ချင်တာလဲ  သမီးလို လူငယ်လေးကတစ်ယောက်တည်း  အိမ်ဝယ်ဖို့ဆိုရင်အခက်အခဲတွေ တွေ့နေရမှာပေါ့

ဒီအဖိုးက သမီးလေးအတွက် ကူပြီးစစ်ပေးရဦးမလား သမီးကြိုက်တဲ့ အိမ်အမျိုးအစားကိုသမီးရစေရမယ်လို့ အဖိုးအာမခံတယ်”

ချူးလျိုကတော့ ဒါပေါ့ သူမလဲ လက်ခံလိုက်တယ်လေ။ သူမခေါင်းညိတ်လိုက်ကာ ဒီအိမ်ကို လက်ညိုးထိုးပြလိုက်ပြီး “ဒီအိမ်နဲ့ ပုံစံတူတဲ့ ဘယ်အိမ်မဆို ရတယ်”

 

ချူးလျို စကားပြောပြီးသည်နှင့် သူတို့ဆီလျှောက်လာနေတဲ့ မစ္စတာဝူက အမြန်ဝင်ပြောလာသည်။ “ ဆရာမ ဆရာမသာ စိတ်မရှိဘူးဆို ကျွန်တော်လေ ဒီအိမ်ကြီးကို ဆရာမကိုပေးဖို့ ဆန္ဒရှိပါတယ် “

ချူးလျိုလဲ ရှိုးပွဲလေးတစ်ပွဲလာကြည့်မိပါတယ် အိမ်ပါအလကားရလိုက်မယ်လို့ သူမလုံးဝမျှော်လင့်မထားခဲ့ပါချေ။

မစ္စတာဝူကလဲ သူ့စကားကို ကတိတည်ကာ

ချက်ချင်းပင် ချူးလျိုဆီ ပိုင်ရှင် လွှဲပြောင်းစာရွက်စာတမ်းတွေကို သယ်ချလာလေသည်။

ထောင့်နားလေမှာ ကြောင်အ ရင်းပုန်းနေသည့် အရောင်းဝန်ထမ်းမန်နေဂျာကလဲ တစ်ခုခုကို အနံ့ခံမိလိုက်သည် တူပါ၏။ သူဟာ အမြန်ပင် ပြေးထွက်လာပြီးတော့ “ကျွန်တော်က ဒီကိစ္စမှာ တော်ပါတယ် ကျွန်တော် ပိုင်ရှင်လွှဲပြောင်းပေးမှုမှာ ကူညီပေးမယ်လေ ဘယ်လိုသဘောရလဲဗျ”

ထိုစကားကိုပြောပြီးနောက် သူသည် သူ့ကို ငြင်းလွှတ်လိုက်မည်ကို ကြောက်သွားတာကြောင့် ထပ်တိုးပြောလိုက်သေးသည်။ “ဒီမြို့တော်မှာဆို အမည်လွှဲပြောင်းပေးမှု ဖြစ်စဥ်က အရမ်းကို ပြသာနာများတယ်လေ ပရိုဖက်ရှင်နယ်တွေသာ ဒီကိစ္စကို မကိုင်တွယ်ဘူးဆိုရင် ကျွန်တော် ကြာချိန် အနည်းဆုံးတစ်လ နဲ့ပဲ ဒီကိစ္စကို ဆောင်ရွက်ပေးပါ့မယ်”

မစ္စတာ ဝူကတော့ ဂရုစိုက်မနေချေ။ သူသည် ချူးလျိုကိုကြည့်ကာ “ဆရာမ ဆရာမ ဆုံးဖြတ်လို့ရပါတယ်နော်”

ဒါပေါ့ ချူးလျိုလည်း လက်ခံလိုက်တာပေါ့။

သူမက ဒီလိုကိစ္စမျိုးတွေက သိမှမသိဘဲ ။

တစ်ယောက်ယောက် အကူညီပေးချင်လို့တောင်းဆိုနေတာကို သူမသာ ငြင်းဆိုလိုက်ရင် သူမ ရူးမိုက်ရာကျသွားမှာပေါ့။

သူတို့နှစ်ယောက်စလုံးသဘောတူလိုက်သည်နှင့် မန်နေဂျာကလဲ ချက်ချင်းပင် တက်ကြွလာကာ

“ကောင်းပြီ ဒါဆိုလဲ မစ္စတာဝူနဲ့ ဆရာမက ကိုယ့်ရဲ့ အိမ်ထောင်စုစာရင်းကို ကျွန်တော့်ကို ပေးပါ ဒီကိစ္စဖြစ်စဥ်တွေအားလုံးကို သုံးရက်ထဲနဲ့ အပြီးလုပ်ပေးပါမယ်လို့ ကျွန်တော်ကတိပေးပါတယ်”

 

မစ္စတာ ဝူလဲ ခေါင်းညိတ်လိုက်ပြီး “ကောင်းတာပေါ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါလဲ ဗီလာအသစ်တစ်လုံးကို ဝယ်ချင်နေတာ မန်နေဂျာကြီး မင်းအဲ့တာကိုလဲ ကောင်းကောင်းလေး လုပ်ပေးပါဦးနော့်”

“ရတာပေါ့ ရတာပေါ့”

မန်နေဂျာရဲ့ တက်ကြွမှုရောင်ခြည်တန်းတွေကို ပြောရမယ်ဆိုရင်တော့ သူ့ပါးစပ်တောင် နားရွက်ကိုတက်ချိတ် နေလောက်တဲ့ထိပင်။

မစ္စတာဝူကတော့ အိမ်ထောင်စုစာရင်းကို သွားယူနေပေမဲ့ ချူးလျိုကတော့ အခက်တွေ့နေရလေပြီ။

ထို့နောက်သူမ သတိရလိုက်တာကတော့ သူမရဲ့အိမ်ထောင်စုစာရင်းက လီရန်ဆီမှာ ဆိုတာပါပဲ။

ထိုချိန်၌ အပြင်ကနေ အဆောတလျင် ခြေသံတွေက ရောက်ချလာလေပြီ။ သူကတော့ ကားဒါရိုင်ဘာပင်။

ကားဒါရိုင်ဘာဟာ သူ့လက်ထဲတွင်ဖုန်းကိုကိုင်လျက် သူအထဲကိုဝင်မလာသေးခင် ချူးလျိူကို သူပြောလိုက်သည်။ “မမလေး ချူး ဆရာက မမလေးကို ခေါ်နေတယ်”

ချူးလျိုကတော့ ကားဒါရိုင်ဘာက လီရန်ကို “ဆရာ” လို့ခေါ်လိုက်လို့ အနည်းငယ် ထူးဆန်းသွားလေသည်။ သို့သော်လည်း သူ့လက်ထဲကဖုန်းကို သူမယူလိုက်ကာ သူမနားဘေးနားမှာ ထားလိုက်သည်။

ရင်းနှီးနေကျ အေးတိအေးစက် အသံကတော့ သူမ နားဘေးနားကနေ ထွက်လာသည်။ “မင်းကို ပြန်ပေးဆွဲပြီး ခေါ်လာဖို့ လူတစ်ယောက်ယောက်ကို လွတ်လိုက်ဖို့ ငါလိုသေးလား”

ချူးလျိုကတော့ နှာမှုတ်လိုက်တော့သည်။ “အဲ့ဒါကတော့ ရှင့်လူတွေ လုပ်နိုင်လား ဆိုတာပေါ်မှာ မူတည်နေတယ်လေ”

ထို့နောက် သူမသည် စီးပွားရေးကိစ္စကို တွေးမိလိုက်တာကြောင့် နူးညံ့ညင်သာသည့် အသံဖြင့် “ကျွန်မ အိမ်ထောင်စုစာရင်းကိုသုံးချင်လို့

ကျွန်မကို ပေးဦး”

တူညီသည့် အေးတိအေးစက် နှာမှုတ်သံကိုလဲ ဖုန်း၏ တခြားတစ်ဖက်ကနေ ကြားလိုက်ရပါ၏။

 

“. ..”

ချူးလျိုကတော့ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး

တစ်ခဏအကြာ၌ သူမမေးလိုက်သည်။ “ရှင်ဘာလိုချင်လဲ”

 

တခြားတစ်ဖက်ကတော့ပြန်မဖြေချေ။

 

ချူးလျို စိတ်မရှည် ဖြစ်လာတော့မှ သူကပြောလိုက်သည်။ ”ဒီကိစ္စကို ခုတော့ ချောင်ထိုးထားလိုက်ကြရအောင်”

 

“အိမ်ထောင်စုစာရင်းကရော?”

“အဲ့ဒီ အိမ်ကို နာမည်လွှဲပြောင်းဖို့အတွက် စာရွက်စာတမ်းကိစ္စကိုလုပ်ဖို့ ငါတစ်ယောက်ယောက်ကို လွတ်လိုက်မယ်”

“ဟမ်?”

“ခုတော့ ထျန်လု လမ်းကွေ့ကို လာခဲ့"

“ဟမ်?”

ချူးလျို ကြောင်နေတုံးမှာပဲ လီရန်ကတော့ ဖုန်းချလိုက်လေပြီ။

ချူးလျို အသိပြန်မဝင်လာခင်မှာပဲ သူမဘေးမှာရပ်နေတဲ့ အရောင်းမန်နေဂျာက လက်တွေကိုပွတ်ရင်း မေးလာလေသည်။ “ဆရာမ ဆရာမရဲ့ အိမ်ထောင်စုစာရင်းကို ဘယ်အချိန်လောက်ပို့ဖြစ်မလဲဗျ”

ချူးလျိုကလဲသူ့ကို ကြည့်လိုက်ကာ “အိမ်နာမည်လွှဲပြောင်းဖို့အတွက် ကျွန်မကို တစ်ယောက်ယောက်က ကူညီပေးလိမ့်မယ် ရှင့်ကိုရှင် ဒုက္ခပေးဖို့ မလိုဘူး”

အရောင်းမန်နေဂျာ၏ အပြုံးကတော့ တောင့်ခဲသွားချေပြီ။

သူ့နှလုံးသားထဲမှာတော့ ငိုလုနီးပါးတောင် ဖြစ်နေ၏။

သူက အမြန် ပြန်ပြောလိုက်သည်။ ”အဲ့ဒါက ဒုက္ခမပေးပါဘူးဗျ လုံးဝကို ကျွန်တော့်ကို ဒုက္ခမပေးပါဘူးနော် ဆရာမ နင်....”

မန်နေဂျာစကား ဆုံးအောင်ထိတောင် မပြောလိုက်ရခင် သူ့ဖုန်းကမြည်လာ၏။ သူလည်း ဖုန်းကိုထုတ်ကာ ဖုန်းချပြီး ချူးလျိုကို ပြောဆိုဖို့ စိတ်ကူးလိုက်ပေမဲ့ သူ့ကို ဥက္ကဋ္ဌကိုယ်တိုင် ဖုန်းဆက်လာတာကို သူမြင်လိုက်ရသည့်အခါ သူသည် ချူးလျိုကို အမြန်ပြောလိုက်သည်။ "ဆရာမ ဒီမှာခဏလောက် စောင့်ပေးပါနော် ကျွန်တော် ဒီဖုန်းလေး ပြောလိုက်ပါဦးမယ်ဗျ”

ထို့နောက် သူသည် ဖုန်းပြန်ဖြေထွက်သွားလေသည်။ဘေးမှာရပ်နေသည့် အဖိုးကျင်းကလဲ နောက်ဆုံးတွင်တော့ စကားပြောဖို့ အခွင့်အရေး ရသွားချေပြီ။ သူက မေးလိုက်သည်။ “အဖိုး သမီးရဲ့ နာမည်ကို ခုထိ မသိရသေးဘူး နော် သူငယ်ချင်းလေး “

“သမီးနာမည်က ချူးလျိုပါ”

“သခင်မလေးချူး ငါ့ရဲ့ သူငယ်ချင်းလေး သမီးမှာ အသက်ငယ်ငယ်လေးနဲ့ ဒီလို ပါရမီကောင်းတွေရှိနေတာပဲ လူငယ်တွေကတော့ လူကြီးတွေကို

အချိန်ခဏလေးနဲ့ ဖြတ်ကျော်သွားတော့မှာပဲ သမီး သာစိတ်မရှိရင် အနာဂတ်မှာ သမီးတစ်ခုခုလိုလာခဲ့သည်ရှိသော် အဖိုးကိုအချိန်မရွေး လာရှာလို့ရတယ် “

ထို့နောက် သူသည် သူ၏ နာမည်ကတ်ကို ထုတ်လိုက်ကာ ကြင်နာဖော်ရွေသော အပြုံးလေးဖြင့် သူမကို ပေးလိုက်သည်။

“ငါ့ရဲ့ သူငယ်ချင်းလေး ဒါက ငါ့ရဲ့ နာမည်ကတ်ပါ

ငါတို့တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ သမီးရဲ့ ဖုန်းနံပါတ်လေးများ ရနိုင်မလား နောင် သမီးမှာ အချိန်ရှိလာရင် အဖိုးတို့တွေ ဒီအကြောင်းတွေကို အတူတူ ဆွေးနွေးကြတာပေါ့”

ချူးလျိုလဲ ထိုကတ်ကိုယူလိုက်သည်။ ကတ်ပေါ်တွင် နာမည် “ကျင်းဟွေ့”

ရယ် ၊ သူ့ရဲ့ဂုဏ်ပုဒ် “ စိတ်ပညာ လူမှုအသိုင်းအဝိုင်း၏ ခေါင်းဆောင်”

နဲ့ သူ့ဖုန်းနံပါတ်တို့ကို ရေးသားထားသည်။

ချူးလျိုဖုန်းကို ဝေ့ဝေ့က ယူထားတာကြောင့် သူမလဲ “ သမီးမှာ ဖုန်းမရှိဘူး သမီးအားရင် အဖိုးကို ဆက်သွယ်လိုက်ပါမယ်”

ထို့နောက် သူမလဲသူမအိတ်ကတ်ထဲသို့ နာမည်ကတ်ကို ထည့်ထားလိုက်လေသည်။ ထို့နောက်တွင် အရောင်းမန်နေဂျာကလဲ ပြန်ရောက်လာပြီး ချူးလျိုကို စူပါ သူဋ္ဌေးအကြီးစားကြီးလို ကြည့်နေလေ၏။

“ဆရာမ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကစာရွက်စာတမ်း ကိစ္စမှာ ဆရာမကို ပုဂ္ဂိုလ်ရေးအရ သီးသန့် ကူညီပေးမယ်လို့ပြောပါတယ်၊ နာမည်လွှဲပြောင်းမှု စာရွက်စာတမ်းတွေက ဒီနေ့မှာပဲ ပြီးသွားပါလိမ့်မယ်”

ချူးလျိုကတော့ ဒါဟာ လီရန်ရဲ့ စီစဥ်မှုဆိုတာကို တွေးကြည့်ဖို့တောင် မလိုပါချေ။ သူမလည်း ခေါင်းညိတ်ပြလိုက်သည်။

ထိုချိန်၌ ဘေးနားမှာရပ်နေသည့် ဒါရိုင်ဘာက သူမကိုစိတ်ညစ်စွာဖြင့် သတိပေးရပြန်သည်။ “ မမလေးချူး ကျွန်တော်တို့ သွားသင့်ပြီ မဟုတ်ဘူးလားဟင်”

ချူးလျိုလဲ လီရန်က သူမကို ထျန်လုလမ်းကွေ့ကိုလာခိုင်းစေချင်နေတာကို ပြန်သတိရသွားပြီး အနည်းငယ် သိချင်စိတ်ပြင်းပြသွားပြန်၏။

သူမက အဖိုးကျင်းကို ပြောလိုက်သည်။ “သမီး သွားစရာနေရာလေးတစ်ခုရှိနေသေးလို့ သမီးအရင်သွားလိုက်ပါဦးမယ်နော်”

ထိုချိန်၌ သူဟာ တစ်ခုခုကိုတွေးမိသွားပြီး “မစ္စတာဝူက သမီးကို ဒီအိမ်ပေးလိုက်ပြီဆိုတော့ ဒီအိမ်က မကောင်းဆိုးဝါးအရှိန်အဝါတွေကို ဖယ်ရှားဖို့ သမီးအသင့်ဖြစ်တဲ့အချိန်ကို အဖိုးကိုပြောပြရမယ်နော်”

သူသည် ချူးလျို ဒီမကောင်းဆိုးဝါးရောင်ဝါတွေကို ဘယ်လိုရှင်း ပစ်မလဲဆိုတာကို ကြည့်ချင်နေပါ၏။

ချူးလျိုလဲ ငြင်းဆိုစရာမရှိပေ။ မစ္စတာဝူ အပြင်ထွက်လာသည့်အခါ

သူမ တွေးလိုက်တာကတော့ ဒီလူက သူမကို ဒီအိမ်ကြီး ပေးပြီး သူမရဲ့ အဆောတလျင် လိုအပ်နေတာကို ဖြည့်ဆည်းပေးလိုက်တာကြောင့်

သူမလဲသူ့ကိုပြောသင့်တာကို ပြောရမည်လေ။

“ဒီကို မနက်ဖြန်မနက် လာခဲ့ပါ ကျွန်မ ရှင့်သမီးအားပြန်ပြည့်လာစေဖို့

ဘာဆေးသောက်ရမလဲ ဆိုတာကို ညွှန်းပေးမယ်” မစ္စတာ ဝူလဲ ထိုစကားကိုကြားသည်နှင့် ကျေးဇူးတွေ တင်လိုက်တော့သည်။ “ ကျေးဇူးတင်ပါတယ်ဗျာ ဆရာမရယ် ဆရာမက ကျွန်တော်တို့မိသားစုရဲ့ ကျေးဇူးရှင်ပါ အနာဂတ်မှာ ဆရာမ ကျွန်တော့်ဆီကနေ တစ်ခုခုလိုအပ်လာရင် ကျွန်တော်မီးတွေ ရေတွေကို ဖြတ်ရမယ်ဆိုရင်တောင်မှ ကျွန်တော် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူ”

ချူးလျိုလည်း ခေါင်းညိတ်လိုက်ကာ ကားဒါရိုင်ဘာနှင့်အတူ ထွက်သွားလိုက်တော့သည်။

 

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၂ ။ မမလေးချူး သခင်ကြီးက မမလေးကို စောင့်နေပါတယ်

 

ထျန်လုလမ်းကွေ့ဆိုသည်မှာ မြို့တော်၏ မြောက်ဘက် နယ်နမိတ်မှာရှိသည့် တောင်တစ်လုံးဖြစ်ပြီး လင် နယ်ပယ်လည်း ဖြစ်၏။ အရှည်အားဖြင့် ကီလိုမီတာ ထောင်ကျော်ပြီး မြေပြင်အနေအထားကတော့ ကောက်လိမ်နေသော မျဥ်းကြောင်းတစ်ကြောင်းပမာပင်။လမ်းတိုင်းဟာ ကွေးကောက်နေတာကြောင့် သူ့ကို ထျန်လုလမ်းကွေ့ဟု ခေါ်နေရခြင်း ဖြစ်ပါသည်။

ကားတစ်စီးဟာ တောင်အောက်ခြေရင်းကို ရောက်လာသည့်အခါ တစ်နာရီကျော်ကြာ နောက်ကျနေပြီ ဖြစ်ပါ၏။

ထိုနေရာ၌ ရပ်ထားသောကားစီးရေမှာ ခုနစ်စီးကနေ ရှစ်စီးလောက်ရှိပေ၏။ထိုပတ်ပတ်လည်မှာတော့ အနက်ရောင်ဝတ်စုံနဲ့ လူတွေက မတ်တပ်ရပ်စောင့်နေကြသည်။ သူတို့ရဲ့ အမူအရာတွေကတော့ ခက်ထန်နေကြပြီး သတိအပြည့်ရှိနေကြ၏။

ကားလေး ရပ်သွားရုံရှိသေး ချင်းမင်က ကားဆီသို့လျှောက်လာလေပြီ။

“မမလေး သခင်ကြီးက မမလေးကို စောင့်နေပါတယ်”

ထိုစကားကိုပြောပြီးနောက် သူသည် သူ၏ မျက်လုံးတွေဖြင့် သူမကို အမြန်သွားဖို့ အချက်ပြလိုက်သည်။

ချူးလျိုလဲ ထိုသို့လျှောက်သွားလိုက်ချိန်၌ သူမသည် အေးတိအေးစက်မျက်နှာကြီးဖြင့် ကားပေါ်တွင်ထိုင်ရင်း လက်တော့ သာရိုက်နေသည့် လီရန်ကို တွေ့လိုက်ရသည်။ သူသည် သူမကို လှည့်တောင်ကြည့်ဖို့ စိတ်မဝင်စားနေချေ။

ချူးလျိုလဲ သူ့ကို အပေါ်အောက် အကဲခတ်ကြည့်နေလိုက်ပြီးမှ သူ့ပေါ်က အေးစက်မှုအရှိန်အဝါက နဲနဲလေး ပိုပြင်းနေတာကို သူမသတိထားမိလိုက်သည်။ တစ်ခဏကြာ တွေးတောပြီးနောက်တွင် သူမသည် သူ့ကို ချွေးသိပ်ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူမဟာ လမ်းတစ်လျှောက်သယ်လာခဲ့သည့် စားလို့မပြီးသေးတဲ့ ကိတ်တစ်လုံးကို သူ့ကို ပေးလိုက်ရင်း ရုပ်တည်ကြီးဖြင့်

“ကျွန်မ ဒီကိတ်ကို ရှင့်အတွက်သယ်လာတာ ရှင့်ကိုအကြာကြီးစောင့်စေမိခဲ့တဲ့ ကျွန်မရဲ့တောင်းပန်မှု အတွက် ဒါကိုယူလိုက်ပါ”

နောက်ဆုံးမှာလီရန်သည် သူမလက်ထဲက ကိတ်မုန့်သေးသေးလေးကို မနှစ်မြို့တဲ့ ရုပ်ကြီးဖြင့် လှည့်ကြည့်လာလေပြီဖြစ်သည်။

ချူးလျိုလဲ မကျေမနပ်ဖြင့် နှာရှုံ့လိုက်ပြီး “အဲ့ဒီရုပ်ကြီးက ဘာဖြစ်နေတာလဲ ဒီကိတ်က အရသာရှိပေမဲ့ ကျွန်မ အကုန်မစားနိုင်ဘူးလေ အဲ့တာကြောင့် ကျွန်မက ရှင့်အတွက်ဆိုပြီး ချန်ထားပေးထားတာ ရှင်မစားဘူးဆိုလဲ ကျွန်မပဲစားလိုက်တော့မယ်”။ ထို့နောက် သူမသည်  ကိတ်ကိုစားဖို့ အပြင်သို့ထုတ်လိုက်သည်။

ထိုချိန်၌ လီရန်၏ အေးစက်သည့်အသံက ထွက်လာလေသည်။

“ဒီကို ပေး”

“ဟမ်?” လီရန်သည် သူမကို အေးတိအေးစက်နဲ့ ကြည့်နေချိန် ချူးလျိုကတော့ စိတ်ထဲမှာရယ်နေလေပြီ။ သူမလဲ သူ့အား ကိတ်မုန့်သေးသေးလေးကို စိတ်မပါစွာဖြင့် ပေးလိုက်သည်။

“ရော့”

လီရန်သည် လက်တော့ကို ဘေးမှာချထားလိုက်ကာ ကိတ်ကို တစ်ကိုက်လောက်စားလိုက်သည်။

ချူးလျို သူ့ကို စူးစိုက်ပြီးကြည့်နေလေ၏။

သူထွေးထုတ်တော့မလို လုပ်နေတာကို သူမမြင်လိုက်ရတော့ သူမလဲ အမြန် အသံကိုမြင့်ကာ ” မထွေးထုတ်နဲ့ အစားအစာကိုဖြုန်းတီးတာ ရှက်ဖို့ကောင်းတယ်နော် ဒါ့ပြင် ဒီလိုကိတ်မျိုးက အရမ်းအရသာရှိတာကို ရှင်မစားချင်ဘူးဆိုလဲ ကျွန်မကိုပေး”

သူမ ဗိုက်ပြည့်နေပြီဆိုပေမဲ့လဲ နောက်ထပ်ကိတ်တစ်ခုကိုတော့ သူမစားနိုင်ပါသေးသည်လေ။

လီရန်လဲ သူမကိုကြည့်လိုက်ပြီးနောက် ကိတ်မုန့်ကိုနှစ်လုတ်ထဲနဲ့ မျိုချလိုက်သည်။

ချူးလျိူလဲ လီရန်၏မျိုချနေတာကိုကြည့်ပြီး

သူမလဲ သူမကိုယ်သူမတောင်မသိဘဲ လိုက်မျိုချနေမိ၏။

သူမရဲ့ အစားကြီးတဲ့ သဘောထားကြောင့် လီရန်လဲ သူစားနေရတာဟာ နောက်ထပ်မျိုချဖို့တောင် မခက်ခဲတော့မှန်း သူသိလိုက်ရပါ၏။

ကိတ်မုန့်ကို စားပြီးနောက် လီရန်သည် သူ့နှာခေါင်းစည်းကိုတပ်လိုက်ကာ ကားပြင်သို့ ထွက်လာလိုက်သည်။

 

ချူးလျိုကတော့ သူ့ကိုဗလာကျင်းစွာဖြင့် ကြည့်နေကာ ရုတ်တရက်ဆိုးရွားတဲ့ သတိပေးချက်ကို သူမ ခံစားမိလိုက်ရသည်။

“ရှင်ဘာလုပ်မလို့လဲ”လီရန်လဲ သူ့ကိုကြည့်လိုက်ကာ လူသတ်ချင်နေသည့် အသံတိုးတိုးလေးဖြင့်

“တောင်တွေထဲ ဝင်ပြီး လေ့ကျင့်မလို့"

ချူးလျို : “. ...”

သူမ စွံ့အသွားသော်ငြားလည်း ဘာလို့ သူမက နဲနဲလေး စိတ်လှုပ်ရှားနေရတာလဲ။

ထို့နောက် လီရန်လဲ လမ်းကြားသို့ လျှောက်သွားလိုက်သည်။

ချူးလျိုလဲ သူ့နောက်ကို လိုက်သွားလိုက်သည်။ သူမလဲ လမ်းလျှောက်နေရင်း မေးလိုက်သည်။ “ကျွန်မတို့ ဘယ်ကိုသွားနေကြတာလဲ

ကျွန်မတို့ ဒီနေရာမှာ ဘယ်လောက်ကြာကြာ နေရမှာလဲ” အဲ့တာက ပျော်ဖို့ကောင်းမဲ့ပုံ ပေါ်ပေမဲ့လဲ ဒီနေ့ည မှာသူမ အိမ်အသစ်ကို ပြောင်းရဦးမယ်လေ။ သူမ စောစောပြန်သွားဖို့ လိုသည်။

လီရန်သည် သူမ၏ ခြေတံလက်တံ တိုတိုလေးတွေကို လှည့်ကြည့်လိုက်ကာ “ဒီတောင်ကြားလမ်းတစ်လျှောက်ကိုသာ ဆက်ပြီးလမ်းလျှောက်နေ... မင်းမြန်မြန် လမ်းလျှောက်နိုင်ရင် ရပြီ”

ချူးလျို မျက်လုံးကိုပင့်ကြည့်လိုက်ကာ

“ရှင်ဘာလို့ စောစောစီးစီးမ ပြောခဲ့လဲ”

ထို့နောက် သူမ ခြေဖျားကိုဖော့ကာ သူနဲ့ မီတာအနည်းငယ်အကွာသို့ ခုန်လိုက်သည်။ သူမလဲ သူ့ကိုလှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။ “ကျွန်မချင်းကုံကိုသုံးလို့ရမလား”

“ချင်းကုံ” လီရန်သူမကိုကြည့်ရင်း မျက်လုံးမှေးလိုက်သည်။

ချူးလျိုကတော့ ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူမရဲ့မေးစေ့လေးကို မော့လိုက်ကာ “ချင်းကုံကို ကျွမ်းကျင်ချင်ရင် အတွင်းအားတွေကို ရှင်သုံးရမယ် ရှင့်မှာသာ အတွင်းအားမရှိဖူးဆို ရှင်သင်လို့မရဘူးနော်”

“ငါသင်ချင်တယ်လို့ ဘယ်သူကပြောလဲ”

လီရန်စကားပြောနေစဥ် သူ့ခါးကနေ ကြာပွတ်ကို ထုတ်လိုက်ကာ သူ့ရှေ့က သစ်ပင်တစ်ပင်ကို အမြန်ပစ်လိုက်သည်။ ကြာပွတ်ရဲ့အကူအညီနဲ့ သူဟာ လေထဲတွင် ခုန်လိုက်ပြီး ကြာပွတ်ကို လွှတ်လိုက်ကာ ချူးလျိုဘေးကို ခုန်ချလိုက်သည်။ ချူးလျိုကတော့ ပါးစပ်ကြီးပွင့်ကာ အထိတ်တလန့်နှင့် သူ့ကို ကြည့်နေမိပါ၏။ သူ၏နက်မှောင်နေသော မျက်လုံးသည် သူမပေါ် ကျရောက်သွားသည့်အခါ  သူမသည် သူ့ကိုပြုံးပြလိုက်ကာ “ရှင်က ခုန်တာမှာတကယ်တော်တာပဲ ဒါဆိုလဲ ကျွန်မတို့တွေ ပန်းတိုင်ကိုဘယ်သူအရင်ရောက်မလဲ ဆိုတာကို ပြိုင်ကြမလား”

“ကောင်းပြီလေ”ချူးလျို ထိုစကားကိုကြားသည်နှင့် သူမခြေဖျားကိုဖော့လိုက်ကာ အရင်ပြေးသွားလိုက်သည်။ လီရန်ကတော့ တောအုပ်ထဲတွင် လျင်မြန်စွာပျောက်ကွယ်သွားသည့် ပုံရိပ်ကလေးကို စောင့်ကြည့်နေလိုက်သည်။ သူသည် ဘလူးတုစ် နားကြပ်လေးကို ဖြေးညင်းစွာထုတ်လိုက်ပြီး တပ်လိုက်သည်။

“ဒီကို ကားမောင်းလာခဲ့”

တစ်မိနစ်အောက်မှာပဲ ချင်းမင်က တောင်တက် မော်တော်ဆိုင်ကယ်တစ်စီးကို ထိုသို့မောင်းလာခဲ့သည်။

ချင်းမင် ထိုပေါ်မှ ဆင်းလိုက်ကာ ဆိုင်ကယ်စီးဦးထုပ်ကို လီရန်အား ပေးလိုက်သည်။

လီရန်သည် သူ၏ ခြေထောက်ရှည်ကြီးကို လွှဲယမ်းလိုက်ကာ မော်တော်ဆိုင်ကယ်ပေါ်သို့ ထိုင်လိုက်သည်။ ထို့နောက် သူသည် ချူးလျိုနောက်သို့ လိုက်တော့သည်။

ချူးလျိုကတော့ သူမရဲ့ ချင်းကုံကိုသုံးပြီး ၃မီတာကနေ ၄မီတာလောက်ထိ ပျံသန်းလာခဲ့သည်။ ထို့နောက်မှ သူမရပ်လိုက်ကာ သစ်ပင်ကြီးတစ်ပင်ပေါ်၌ စိတ်အေးလက်အေးဖြင့်ထိုင်ကာ လီရန်ကို စောင့်နေလိုက်သည်။

သူမသည် ခြေထောက်လေးတွေကို လွှဲခတ်ရင်း ပျင်းရိနေသည့်အသံဖြင့် ပြောလိုက်သည်။ “ဒါကိုသာ စောစောစီးစီးသိခဲ့ရင် ငါဖုန်းလေးတစ်လုံးတော့ ဝယ်လိုက်ပါတယ် ဒီလိုမျိုးထိုင်စောင့်နေရမှာက အရမ်းကိုပျင်းဖို့ကောင်းတာပဲ “

သို့သော် သူမစကားပြောပြီးတုန်းရှိသေး လမ်းပေါ်ကနေ ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။

“ဒီအသံကို ဘာလို့ ကြားဖူးနေရတာပါလိမ့်နော်” ချူးလျိုလဲ ထိုအသံက ဘာသံလေးဆိုတာကို စဥ်းစားနေရင်း ယာဥ်တစ်ခုက ထိုသို့မောင်းလာလေသည်။

ချူးလျိုကတော့ သူမ၏ ကြီးမားပြီးတောက်ပတဲ့ မျက်ဝန်းကြီးကို ပြူးရင်း မော်တော်ဆိုင်ကယ်ကိုရပ်လိုက်သည့် လူကို ငုံ့ကြည့်လိုက်သည်။

တစ်ခဏအကြာ၌ သူမသည် အောက်သို့ ခုန်ချလိုက်ကာ သူ့လမ်းကို ပိတ်ရပ်လိုက်သည်။ သူမက စိတ်တိုစွာဖြင့် “ရှင်ညစ်တာလား”

လီရန်ကတော့ သူ့ရဲ့ ဆိုင်ကယ်ဦးထုတ်မှန်ကို မ တင်လိုက်ကာ “မင်းလဲညစ်လို့ရပါတယ် ....ဘေးဖယ်ပါ”

ချူးလျိုလဲ သူမကိုယ်သူမတောင်မသိဘဲ ဘေးသို့ ဖယ်ပေးမိလိုက်၏။

နောက်တစ်စက္ကန့်မှာတော့ ယာဥ်၏ အသံက ဟိန်းထွက်လာကာ လျင်မြန်စွာဖြင့် ထွက်သွားပြီး နောက်တွင်တော့ ဖုန်မှုန့်အတန်းလိုက်ကြီးကိုသာ ချန်ခဲ့လေသည်။

ချူးလျို : “. ..”

တောထဲက အရှိန်ပြိုင်ပွဲတစ်ခုမှာ ဘာတွေကို လိုက်နာရမှာလဲ။

 

မော်တော်ဆိုင်ကယ်ဟာ မြစ်တစ်စင်းသို့ရောက်သွားသည့်အခါ ရပ်သွားလိုက်သည်။ ချူးလျိုက ဘေးမှာရပ်လိုက်ကာ လီရန်ကိုကြည့်ရန် သူမခေါင်းလေးကိုစောင်းလိုက်သည်။ သူမက တမင်တကာမေးလိုက်သည်။ “ရှင်ဘာလို့ရပ်လိုက်တာလဲ”

လီရန်က သူ့ဆိုင်ကယ်ဦးထုတ်ကို ချွတ်လိုက်ကာ ရှေ့သို့ကြည့်လိုက်ပြီး

“ငါတို့ရောက်ပြီ”

ချူးလျို ဘေးပတ်လည်ကိုကြည့်ကြည့်တော့ စိမ်းလန်းနေသောသစ်ပင်တွေဖြင့် ဝန်းရံထားသောလွင်ပြင်ကျယ်ကြီးကိုတွေ့လိုက်ရပြီး ကား ခုနစ်စီး သို့မဟုတ် ရှစ်စီး လောက်က ထိုနေရာတွင် ကားရပ်ထားကြသည်။ ချူးလျိုလဲ ထိုကားတွေဟာ သူမ အစောက မြင်လိုက်ရသည့်ကားတွေမှန်း သိသွားသည့်အချိန်တွင် “ဒါက ဘယ်နေရာလဲ”

လီရန်ကတော့ သူမကိုပြန်မဖြေခဲ့ချေ။ သူဟာ မြစ်ဆီသို့လျှောက်သွားလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ့ကိုယ်မှ ထုတ်လွတ်နေသည့် အေးစက်နေသောအရှိန်အဝါသည် အနည်းငယ်တော့ အေးစက်နေပါ၏။

ချူးလျိုသည် သူ၏ ကျောပြင်ကို သိချင်စိတ်တွေဖြင့် စိုက်ကြည့်နေကာ သူ့နောက်ကို လိုက်လာလိုက်သည်။

မြစ်က အရမ်းကြီးမနက်ပေ။ ထိုထဲတွင် ငေါထွက်နေသည့် ကျောက်တုံးတွေတောင် ရှိနေပါ၏။ သူတို့နှစ်ယောက်စလုံးဟာ ကျောက်တုံးတွေကိုနင်းကာ တစ်ဖက်ကမ်းသို့ သွားလိုက်သည်။ သူတို့ တစ်ဖက်ကမ်းကို ရောက်သွားသည့်အခါ လီရန်ဟာ သိပ်လမ်းကြာကြာ မလျှောက်လိုက်ဘဲနဲ့ သစ်ပင်တစ်ပင်ရှေ့မှာ ရပ်လိုက်သည်။

“တက်နေဖို့ သစ်ပင်တစ် ပင်ကိုရှာလိုက်”

ထို့နောက် သူသည်လဲ သစ်ပင်တစ်ပင်ပေါ်သို့ တက်လိုက်သည်။

ချူးလျိုသည်လဲ သူ့ကိုယ်သူ အမြန်ဖုံးလိုက်သည့် လီရန်ကို မော့ကြည့်လိုက်ပြီးနောက် အနီးအနားမှာရှိသည့် သစ်ပင်တစ်ပင်ဆီသို့ သွားလိုက်သည်။

သူတို့နှစ်ယောက်ဟာ သိပ်အကြာကြီးတော့ မစောင့်လိုက်ရပါချေ။

သစ်ပင်အောက်မှာ လှုပ်ရှားမှုတွေ ရှိလာချေပြီ။

ကျောဘက်မှာ စနိုက်ပါရိုင်ဖယ် တွေနဲ့ လျင်မြန်ဖျတ်လတ်သည့် လူကြီးနှစ်ယောက်ဟာ မျက်နှာတွေကို အစိမ်းရောင်သုတ်ထားပြီး သစ်ပင်တွေရဲ့အကူအညီဖြင့် လျင်မြန်စွာ ချဥ်းကပ်လာနိုင်ခဲ့၏။

တိုက်ဆိုင်စွာဖြင့်ပင် သူတို့နှစ်ယောက်ဟာ လီရန် နေနေသည့် သစ်ပင်အောက်တွင် ရပ်လိုက်ကြသည်။

ချူးလျိုသည် သူတို့ရဲ့ကျောပေါ်က လက်နက်ကြီးကို တောက်ပနေသည့် မျက်လုံးလေးဖြင့် ကြည့်နေလိုက်ပါ၏။ ထို့ပြင် ထိုလက်နက်တွေကိုဟာ ဘယ်လောက်ထိတောင် အားပြင်းမလဲဆိုတာကိုပါ စဥ်းစားတွေးတောနေပါသေး၏။

ထိုချိန်၌ လီရန်ဟာ အောက်သို့ လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး

သူတို့တွေ ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ သူတို့ရဲ့ အကြောမှတ်တို့ကို ထိလိုက်သည်။

ထို့နောက် သူသည် လက်ကိုမြောက်လိုက်ပြီးနောက် အောက်သို့ ဟက်တက်ခွဲချလိုက်ကာ သူတို့ရဲ့ အသက်ကို တစ်စက္ကန့်လေးတောင် မတုံ့ဆိုင်းဘဲ အဆုံးသတ်ပေးလိုက်ပါ၏။

ချူးလျိုလဲ ရက်စက်ကြမ်းကြုတ်တဲ့ လူကြီးကို ကြည့်နေလိုက်သည်။

ထိုချိန်မှာ သူဟာ အလောင်းနှစ်လောင်းရှေ့မှာ ဆောင့်ကြောင့်ထိုင်နေသည့် နတ်ဆိုးတစ်ပါးလိုပင်။ သူ့ရဲ့ စူးရှမှုတွေဟာ အံ့သြမှင်သက်ဖွယ်ကောင်းနေ၏။

လီရန်လဲ မြေပြင်ပေါ်က လက်နက်နှစ်ခုကို ဖျက်ဆီးပစ်ရန် လုပ်စဥ် ချူးလျို အသိပြန်ဝင်လာကာ ပြောလာသည်။

 

“ဟေ့...စောင့်ဦး”

 

သူမသည် သူ့ရှေ့သို့ အမြန်ခုန်ချ လိုက်ပြီး သူ့ရဲ့ အကျီလက်ကို အမြန်ဆွဲလိုက်သည်။ “ဒီလက်နက်တွေက တော်တော်အားပြင်းမဲ့ပုံပဲ  အဲ့ဒါတွေကို မဖျက်စီးပစ်ပါနဲ့ ကျွန်မကို ပေးလိုက်ပါနော်”လီရန်သည် သူမတစ်ကိုယ်လုံးကို အကဲခတ်နေပြီးနောက်

နောက်ဆုံးတွင်တော့ သူ၏ အကြည့်သည်သူ၏ အကျီလက်ကိုဆွဲထားသည့် သူမ၏ လက်သေးသေးလေးတွေဆီ ကျရောက်သွားလေ၏။

သူ့မျက်လုံးအကြည့်ဟာ လင်းလက်တောက်ပသွားပြီးနောက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “လွှတ်လိုက်”

ချူးလျိုလည်း ရှက်ကိုးရှက်ကန်းနဲ့ လွှတ်ချလိုက်သည်။

လီရန်လဲ ဘေးနားကို ကြည့်ကာ တခြားတစ်ဖက်စီသို့ လျှောက်သွားလိုက်တော့သည်။

 

 

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၃ ။ သွေးဆာနေသော ရက်စက်ကြမ်းကြုတ်နေသည့် လီရန်

 

ချူးလျိုသည် သူ့နောက်သို့ ချက်ချင်းတော့ လိုက်မသွားချေ။ ထိုအစား လက်နက်နှစ်ခုရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ တစ်ခဏကြာလောက် စူးစမ်းနေလေ၏။ ဒီပစ္စည်းတွေဟာ ပစ္စည်းကောင်းတွေ ဆိုတာကို သူမ ပို၍ပင် ခံစားမိလာတာကြောင့် ထိုဟာတွေကို ယူသွားဖို့ ဟန်ပြင်နေတော့သည်။

သို့သော်ငြားလည်း သူမသည် ထိုလက်နက်တို့၏ အလေးချိန်ကို လျှော့တွက်မိထားသည်။ သူမ ထိုလက်နက်တစ်ခုကို မ ကြည့်လိုက်သည့်အခါ သူမကိုသာ မြေပြင်ပေါ်သို့ ဆွဲချနေသလိုဖြစ်နေပြီး သူမသည်လဲ မြေပြင်ပေါ်သို့ လဲကျလုနီးပါးတောင် ဖြစ်သွားလေသည်။

ထိုချိန်တွင် ခြေလှမ်းအနဲငယ်လောက် လျှောက်ပြီးသွားပြီဖြစ်သော လီရန်သည် ရုတ်တရက် ရပ်လိုက်ကာ သူမကိုကြည့်လိုက်သည်။

သူဟာ အသံတိုးတိုးလေးဖြင့် “ဒီလိုလက်နက်အမျိုးအစားက ၁၄ကီလိုလောက် လေးတယ် ဒီအလေးချိန်တွေကို ခံနိုင်ဖို့ဆို ပရိုဖက်ရှင်နယ် လေ့ကျင့်ရေးတွေဆင်းပြီး ကျွမ်းကျင်သွားအောင် သင်ဖို့လိုတယ် အဲ့ဒါက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလဲ အများကြီး လိုသေးတယ် မင်းနဲ့ အဲ့ဒါနဲ့က သင့်တော်မှာ မဟုတ်ဘူး” ချူးလျိုလဲ လက်နက်ကို ချလိုက်ကာ လီရန်ကို လှည့်ကြည့်လိုက်ပြီး မကျေမနပ်စွာဖြင့် “ကျွန်မနဲ့ ဘာလို့ မသင့်တော်ရမှာလဲ ကျွန်မ ကြိုးစားတောင်မကြည့်ရသေးဘူးလေ” သူမစကားပြောနေစဥ် သူမသည် လက်နက်ကို သယ်ချင်နေပါ၏။

လီရန်သည်လဲ အရင်တစ်ခါက ဘာဖြစ်ခဲ့လဲ ဆိုတာကို ပြန်သတိရသွားသည့်အခါ သူသည် ပို၍ပင် တိုးသောအသံဖြင့် ချက်ချင်း တားလိုက်သည်။

“မလှုပ်နဲ့”

ထို့နောက် သူသည် နောက်သို့ အမြန်ပြန်သွားကာ သူမလက်ထဲက လက်နက်ကို အောက်သို့ ပစ်ချလိုက်သည်။ ပြီးနောက် ထိုမိန်းကလေး၏ခါးသိမ်သိမ်လေးကို သိမ်းဖက်ဆွဲကာ အရှေ့သို့ လျှောက်လိုက်သည်။

 

“ဟေ့ အမ်....”

 

 

“ပါးစပ်ပိတ်!”

 

“. ..”

ချူးလျိုသည် သူမ၏ ဒေါသထွက်နေသော မျက်ဝန်းကြီးဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကိုကြည့်နေလိုက်သည်။

ထိုစဥ် သူမကိုယ်မှာ အဆိပ်ဘယ်နှမျိုး ရှိနေလဲ ဆိုတာတောင် တွေးလိုက်ပါသေး၏။ ငါ သူ့ကိုအဆိပ်ခတ်ဖို့  အဲ့ အဆိပ်တွေအားလုံးကို သုံးလိုက်ရင်ကောင်းမလား။

“မင်း အဲ့လက်နက်ကိုကြိုက်နေရင် ငါ့အိမ်ကိုသွားပြီး တစ်ခုယူလိုက်”

ထိုမှပဲ ချူးလျိုလဲ  သူ့ကိုအဆိပ်ခတ်မည့် အစီအစဥ်ကို ဘေးဖယ်လိုက်ကာပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေါ့ ဒါပေါ့ ကျွန်မ အဲ့တာကို အရမ်းကြိုက်တယ်”

သူ သူမကို မယုံကြည်မှာ စိုးရိမ်နေသော ကြောင့်

သူမလဲ ပို၍ပင် အလေးထားကာ ပြောဆိုလိုက်သည်။

“ကျွန်မ အဲ့တာကို အရမ်းကြိုက်တယ်”

လီရန်ကတော့ သူ၏ တောက်ပနေသော မျက်လုံးတွေဖြင့် သူမကိုကြည့်လိုက်သည်။ သူသည် သူမခါးလေးကို ပြန်လွှတ်ပေးလိုက်ကာ ရှေ့သို့ လမ်းလျှောက်သွားလိုက်သည်။

ထို့နောက်တွင်တော့ လီရန်သည် လူတစ်သုတ်ကို ရှင်းလင်းပြီးနောက် တည်နေရာကို ထပ်ပြောင်းလိုက်သည်။ သူဟာ တကယ့်ကိုပဲ အဲ့လူတွေ ဘယ်လမ်းက လာမယ် သူတို့ကလဲ ဘယ်လမ်းကနေ သွားရမယ် ဆိုတာကို အကြိမ်တိုင်း တိတိကျကျနဲ့ ခန့်မှန်းရှေးရှုနိုင်ခဲ့သည်။

နှစ်နာရီအကြာတွင်တော့ လီရန်ဟာ လူ ခုနစ်သုတ် ရှစ်သုတ်လောက်ကိုတောင် အပြီးဖြတ်ပြီးနေလေပြီ။

ဘေးကနေ ပွဲထိုင်ကြ ည့်နေသူ တစ်ယောက် အနေဖြင့် သူမ ဝန်ခံစရာရှိပါသည်။

“ရှင့်ရဲ့ သင်ယူမှုနည်းလမ်းတွေက အရမ်းကိုထိရောက်တာပဲ”

လီရန်ကတော့ ချီးမွမ်းခံနေရသော်လည်း မျှော်လင့်ထားသည့်အတိုင်း ဘာကိုမှ ပြန်မတုံ့ပြန်ပါချေ။ ထိုအစား သူသည် နှုတ်ခမ်းတွေကိုစေ့ရင်း လက်ဖဝါးစာလောက်ရှိသည့် ထိန်းချုပ်ကိရိယာကို ထုတ်လိုက်ကာ ထိုပေါ်၌ သူ့လက်ချောင်းတွေကို လျင်မြန်စွာအလုပ်ပေးနေ၏။

ချူးလျို သည် သူ့နားသို့ ချဥ်းကပ်သွားလိုက်ပြီး ခြေဖျားလေးထောက်ကာ ချောင်းကြည့်လိုက်သည်။ ထို့နောက်မှာ သူမသည် အထိတ်တလန့်ဖြစ်သွားရှာ၏။

“ရှင့်ဆီမှာ ဒီတောင်တစ်ကြောလုံးရဲ့ ဂြိုလ်တုတိမ်မြေပုံကြီး တကယ်ကြီးကိုရှိနေတာပေါ့လေ”

"ဒါက ဂြိုလ်တုတိမ်မြေပုံမဟုတ်ဘူး”

 

“ဒါဆို ဒါက ဘာကြီးတုန်း”

...

ချူးလျိုသည် သူပြန်မဖြေလောက်ဘူး ဟုတွေးနေစဥ်မှာပဲ သူဟာ ရုတ်တရက် မှောင်မိုက်နေသောအကြည့်ဖြင့် မော့ကြည့်လာကာ

“ငါက အရင်ကဒီနေရာမှာ တစ်နှစ်နီးပါးလောက်နေခဲ့ဖူးတယ် ဒီက မြေပြင်အနေအထားတွေနဲ့လဲ အရမ်းရင်းနှီးတယ်လေ နောက်တော့ ငါလဲ တစ်ယောက်ယောက်ကို ဒီနေရာမှာ တိမ်ပေါ်စောင့်ကြည့်ရေး အာရုံခံကိရိယာကို တပ်ဆင်ခိုင်းလိုက်တယ်”

“ဒါဆို ရှင်က အဲ့လူတွေ ဘယ်နားကနေ ပေါ်လာမလဲဆိုတာကို ဒီကနေ ကြည့်လို့ရတယ်ပေါ့”

 

“အင်း ဟုတ်တယ်”

ချူးလျိုသည်  သူ့ကို နတ်ဘုရား တစ်ပါးသဖွယ် ကြည့်ရှုနေလိုက်သည်။

လီရန်ကလဲ သူမကိုကြည့်လိုက်တော့ သူမ၏ လင်းလက်နေသော မျက်ဝန်းလေးတစ်စုံဖြင့် အကြည့်ချင်းဆုံသွားလေသည်။ သူလဲ သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ကာ “ နောက်တစ်သုတ်မှာ လူတွေအများကြီးပဲ”

ချူးလျိုသည် သူမ၏ မြင်ကွင်းနယ်ပယ်၌ ပေါ်လာသည့် အရမ်းကိုကျွမ်းကျင်တက်မြောက်နေသည့် လူတွေကို တစ်ဒါဇင်လောက် တွေ့လိုက်ရသောအခါ သူမကိုယ်သူမတောင်သတိမထားမိဘဲ လီရန်ဘယ်မှာ ပုန်းမလဲဆိုတာကို လိုက်ကြည့်မိနေပါသည်။

ထိုချိန်တွင်တော့ လီရန်ဟာ သူ၏ ချုံခိုတိုက်ခိုက်သည့် နည်းစနစ်ကိုပြောင်းလိုက်ပြီး သူတို့ရှေ့ကို ထွက်လာလိုက်သည်။

ထိုလူတွေကလဲ သူတို့ကို တစ်ယောက်ယောက်က ရှာတွေ့သွားဖို့ကို မျှော်မှန်းမထားချေ။ သူတို့က အချင်းချင်းကြောင်ကြည့်နေကြပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

“မင်းက ဘယ်သူလဲ မင်းမှာ ငါတို့နဲ့ တူညီတဲ့ ရည်ရွယ်ချက်ရှိနေရင် ဘေးဖယ်လိုက်ပါ”

လီရန်ဟာ သူတို့ကို အေးတိအေးစက်ကြည့်လိုက်ရင်း စတင်တိုက်ခိုက်ပါတော့သည်။

သူတိုက်ခိုက်လိုက်သည့် ထိုလူတွေထဲက တစ်ယောက်၏ အကြောမှတ်က ပိတ်သွားသည့်အခါ တခြားလူတွေကတော့ အထိတ်တလန့်တွေ ဖြစ်ကုန်ကြလေပြီ။

“သေစမ်း ဒီလူက လီ မျိုးရိုးနဲ့ လူဆိုတာပဲ ဖြစ်ရမယ် အတူတူ တိုက်ကြဟေ့!”

ရန်ပွဲ တစ်ခုဖြစ်ပေါ်လာလေပြီ။

ချူးလျိုကတော့ လီရန်ကိုသာလျှင် စိုက်ကြည့်နေသည်။

ထိုချိန်မှာ သူ့ရဲ့တစ်ကိုယ်လုံးက သွေးဆာနေမှု ရက်စက်ကြမ်းကြုတ်မှုနဲ့ သွေးအေးရက်စက်မှုတွေ ပြည့်နှက်နေ၏။ နတ်ဆိုးတစ်ယောက်ထက်တောင် ပိုပြီးကြောက်ဖို့ကောင်းနေတဲ့ စွမ်းအားကြီးတဲ့အရှိန်အဝါတွေကလဲ ဟိုလူတွေကို အထိတ်တလန့်နဲ့ အကြိမ်ကြိမ် နောက်ဆုတ်မိစေတော့သည်။

ချူးလျို ထိုင်ကြည့်နေစဥ် ရုတ်တရက် သူမ မိန်းမောတွေဝေသွားလေ၏။

ဒီလူရဲ့ နည်းလမ်းတွေ အရှိန်အဝါတွေက သူမစိတ်ထဲက အဲ့တစ်ယောက်နဲ့တစ်ကယ်ကြီးကို အရမ်းဆင်တူနေတာပဲ။

“သူတို့နှစ်ယောက်က အရမ်းကို တူတာပဲ!”

ချူးလျို တွေဝေနေတုံးမှာပဲ တခြားတစ်ဖွဲ့ဟာ သူ့ကို တိတ်တိတ်လေး ဝိုင်းရံနေပြီ။ ထိုအဖွဲ့ဟာ တိုက်ခိုက်နေတဲ့ မြေပြင်ဧရိယာအပြင်မှာ မတ်တပ်ရပ်နေကြပြီး လီရန်ကို သေနတ်နဲ့ ချိန်နေကြသည်။

သေနတ်တွေမှာ အသံတိတ်ကိရိယာ တပ်ဆင်ထားသေး၏။

ချူးလျိုလဲ ထိုအကြောင်းကို သိလိုက်တော့ သူမသည် သူ့ကို သတိပေးချင်နေပါ၏။ သို့သော် သူမ နောက်ကျသွားလေပြီ။

ထိုချိန်တွင် လီရန်က တစ်ခုခုကို အာရုံခံမိလိုက်တာကြောင့် ကျည်ဆန်တွေက သူနဲ့ စင်တာမီတာအနည်းငယ်အကွာ ကွာဝေးနေစဥ်မှာပဲ သူတစ်ဖက်သို့လှည့်ထွက်လိုက်သည်။

ကျည်ဆန်ဟာ သူ့ညာဘက်လမ်းမောင်းကိုရှပ်ထိသွားလေပြီး အပစ်ခံလိုက်ရသည့် နေရာက သူ့အကျီကလဲ ချက်ချင်းပင်မီးလောင်သွားကာ နောက်တစ်ခဏမှာပဲ သူ့မီးလောင်သွားသည့် အကျီအောက်ကနေ သွေးတွေ စီးဆင်းလာသည်။ သို့သော်လည်း သူ့တွင် ဘာတုံ့ပြန်မှုမှရှိ မနေပဲ ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာကာ သူ့အနားက လူတွေကို ရှင်းပစ်တော့သည်။

ချူးလျိုလဲ လီရန်ကို ဆက်တိုက်ပစ်နေသည့် လူဆီလှည့်လိုက်ကာ လေထဲသို့ ခုန်ချလိုက်ပြီး  ထိုလူတွေရဲ့ ခေါင်းတွေကို ဆေးတွေနဲ့ ပစ်ပေါက်လိုက်သည်။

“အား.....”

 

ဆေးတွေကလဲ သူတို့ခေါင်းထက်၌ ပေါက်ကွဲသွားလေသည်။

ချူးလျို သည် သူတို့ရှေ့တွင် ရပ်လိုက်ကာ

သူတိုတွေရဲ့ မျက်လုံးတွေကိုလဲ လက်နဲ့ကာ ၊ခေါင်းတွေကိုလဲ လက်နဲ့ ကာနေရင်း မြေပြင်ပေါ်မှာလူးလိမ့်နေတဲ့ ပုံရိပ်တွေကို ကြည့်နေလိုက်သည်။

သူမဟာ အေးစက်စွာဖြင့် နှာရှုံ့လိုက်ပြီး “ချောင်းမြောင်းတိုက်ခိုက်ရတဲ့ အရသာကတော်တော်ကောင်းတယ်မလား”

ထိုချိန်၌ လေတစ်ချက်ဝှေ့သံဟာ နောက်ကနေ ချဥ်းကပ်လာလေ၏။

ချူးလျိုလဲ တစ်ဖက်သို့ လျင်မြန်စွာ ခုန်လိုက်ကာ ပြန်လှည့်လိုက်ပြီး

သူမလက်ထဲက ဆေးမှုန့်တွေကို ပစ်လိုက်သည်။

မမျှော်လင့်ထားစွာနဲ့ပဲ တစ်ဖက်လူက ပြင်ဆင်ထားပုံရသည်။ ထိုလူဟာ

ရှောင်ရှားလိုက်ပြီး ဓားမြောင်နဲ့ သူမဆီ ချိန်ရွယ်ပြီး လာနေ၏။

“ငရဲကို သွားသေလိုက်တော့”

ချူးလျိုလက်ထဲက ဆေးတွေကိုလဲ အကုန်အသုံးပြုပြီးသွားပြီ။ သူမ သစ်ပင်ဆီသို့ ခုန်လိုက်စဥ် သူမဟာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ဒါဆိုလဲ ဘယ်သူအရင်သေမလဲ ဆိုတာကို ကြည့်ကြတာပေါ့”

ထိုစကားကိုပြောပြီးသည်နှင့် သူမသည် တစ်ဖက်တွင်ရှိသည့် သစ်ရွက်တစ်ရွက်ကို လျင်မြန်စွာ ခူးလိုက်သည်။ ထိုသစ်ရွက်ထဲသို့ သူမရဲ့အတွင်းအားတွေ သွင်းလိုက်ပြီးနောက် ထိုလူ့ကို ပစ်လိုက်တော့သည်။

 

အကြိမ်ရေ အနည်းငယ်လောက် ပစ်ခတ်ပြီးနောက်တွင် ထိုလူဟာ ဘယ်ဘက်ကို ရှောင်လိုက် ၊ ညာဘက်ကို ရှောင်လိုက် လုပ်နေပါသဖြင့် မထိလိုက်ပါချေ။

“ရှင်က တော်တော်ကျွမ်းနေတာပဲ"

ချူးလျို သူ့ကိုချီးမွမ်းလိုက်စဥ် သူမသည် လက်အပြည့်ရှိသည့် သစ်ရွက်တို့ကိုလျင်မြန်စွာ ခူးဆွတ်လိုက်ကာ သူ့ကို ပစ်လိုက်တော့သည်။

ဒီတစ်ခါမှာတော့ သူမဟာ ထိုလူ့ကို ပြန်ပြီးတုံ့ပြန်ဖို့ အခွင့်အရေးတစ်ခုလေးတောင် မပေးတော့ပါချေ။ တိုတောင်းတဲ့ အချိန်တစ်ခဏအတွင်းမှာပဲ တဖောက်ဖောက် မြည်သံအနည်းငယ်လောက်ဖြင့် ထိုလူကြီးဟာ ဖြူကောင်တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားလေပြီ။

ထိုစဥ် လီရန်ကတော့ တိုက်ခိုက်လို့ပြီးတော့မည်ပင်။

သူဟာ လက်မောင်းထိထားပေမဲ့လဲ တခြားတစ်ဘက်ကလူတွေကို လှုပ်ရှားမှုအနည်းငယ်ဖြင့် ဇီဝိန်ချွေလိုက်ချေပြီ။

ထို့နောက်မှ ချူးလျိုလဲ သစ်ပင်ပေါ်ကနေ သူ့ဘေးဆီသို့ ခုန်ချလိုက်ပြီး သူ့လက်မောင်းကိုကြည့်ရင်း မေးလိုက်သည်။ “ရှင့်လက်မောင်းကို ပတ်တီးစည်းပေးဖို့ ကျွန်မကို လိုလား”

လီရန်လဲ သူမကို ကြည့်လိုက်ကာ သူ့လက်မောင်းကို ဆန့်ထုတ်ပေးလိုက်သည်။

ချူးလျိုသည် သူမ၏ လက်ချောင်းတွေဖြင့် သူ၏ မီးတူးနေသည့် အကျီကို ကိုင်လိုက်သည်။ သူမဟာ အသားစတွေလှန်နေတာကိုလဲ တွေ့လိုက်ရသည်။ ကျည်ဆန်ကြောင့် အရေပြားလောင်သွားသည့် နေရာအလယ်တွင် သွေးကွက်ကြီးလဲ ရှိပါသေး၏။

ချူးလျိုလဲ ထိုအရာကိုမြင်တော့ ရုတ်တရက် သူမ သူ့ကိုမော့ကြည့်မိလိုက်၏။

လီရန်ကတော့ သူမ၏ အမူအရာကိုတချိန်လုံး ကြည့်နေတာကြောင့် သူမ သူ့ကိုကြည့်လာသည့်အချိန်၌ သူ့မျက်နှာဟာ မှောင်မိုက်သွားလေသည်။

“ဘာလဲ”

ချူးလျိုကလဲ

”ရှင်အဆိပ်မမိဘူး”

သူမရဲ့ ထင်မြင်ချက်အရဆိုရင် ကျည်ဆန်တွေဆိုတာ ဖုံးကွယ်ထားတဲ့ လက်နက်တွေနဲ့ ညီမျှတယ်။ လီရန့်မှာ ရန်သူတွေ အများကြီး ရှိနေကတည်းက အဲ့လူတွေက သူ့ကို ကျိန်းသေပေါက် သေစေချင်နေမှာပဲလေ ဒီတော့ သူတို့တွေဟာ လက်နက်တွေ အမျိုးမျိုးကို အဆိပ်ရည်ထဲစိမ်ထားမယ်ဆိုတာက ဖြစ်သင့်တယ်လေ။

".....” လီရန် ကတော့ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားချေပြီ။

သူ့အသံကိုတိုးလိုက်ကာ သိသိသာသာကို စိတ်ပျက်နေသည့်အသံဖြင့်

“ကျည်ဆန်တွေပေါ်မှာ ဘာအဆိပ်မှ မရှိဘူး”

“အိုး...”

လီရန်ကတော့ ချူးလျို၏ စိတ်ပျက်သွားသည့် အမူအရာကိုကြည့်ကာ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူမကိုလဲ အေးစက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေသေး၏။

ချူးလျိုလဲ နောက်ဆုံးတွင် သူ၏ စိတ်ပျက်မှုကို ခံစားမိလိုက်ချေပြီ။

သူမ အရင်တစ်ခါက ရလာခဲ့တဲ့ အဝတ်အိတ်ကို လိမ္မာပါးနပ်စွာဖြင့်ထုတ်လိုက်ကာ ထိုထဲမှ ဆေးပုလင်းအနည်းငယ်ကို ထုတ်လိုက်သည်။

ထို့နောက်သူမသည် သူတို့ရဲ့ဆေးညွှန်းကိုဖတ်ကြည့်လိုက်ပြီးနောက် ဘယ်ဟာကမှ ခုချိန်မှာ သုံးဖို့ အသုံးမဝင်မှန်း တွေ့လိုက်ရသည်။

သူမလည်း

“ရှင့် ကို ကျွန်မ ဆေးထည့်ပေးမယ် ဒါပေမဲ့ ပတ်တီးစည်းလို့မရဘူးဖြစ်နေတယ် ရှင့်လူတွေကို ပတ်တီးလာပို့ခိုင်းပေးပါလား”

လီရန်က လဲ အေးဆေးစွာဖြင့် ပြန်ပြောလိုက်သည်။ “သူတို့တွေက တခြားအဖွဲ့နဲ့ ချနေရတယ်”

“ဆေးက ပတ်တီးမစည်းဘူးဆို ဆေးစွမ်းထက်မှာမဟုတ်ဘူး”

ချူးလျို စကားပြောနေစဥ် သူမ၏ အကြည့်က ရုတ်တရက်ကြီး ဒဏ်ရာရထားသည့် သူ၏ လက်မောင်းက အင်္ကျီလက်ဆီ ရောက်သွားလေ၏။ သူမမျက်လုံးကလဲ သူ့ကိုကြည့်ရင်း အကျီလက်ကိုလဲ လက်ညိုးထိုးပြလိုက်ကာ

“ရှင့်အကျီလက်ကိုဖြဲလို့ရမလား"

လီရန်ကလဲ နောက်ဆုံးတော့ ပြန်ပြောလိုက်ရသည်။ “အင်း”

ချူးလျိုဟာ သူ၏ အကျီလက်ကို ဓားမြောင်နဲ့ ဖြတ်လိုက်ပြီးနောက် ဆေးထည့်ကာ ပတ်တီးစည်းပေးလိုက်သည်။

လီရန်၏ အကျီလက်မောင်းမရှိတော့ပေမဲ့လဲ သူ့ရဲ့အစွမ်းကြီးသည့် အရှိန်အဝါကတော့ လုံးဝကို ပျောက်မသွားချေ။

ချူးလျို သူ့ကိုဆေးထည့်ပေးနေချိန်တွင်

သူမသည် သူ့လက်မောင်းပေါ်က အမာရွတ်ဟောင်းတွေကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမလဲမေးလိုက်သည်။ “ရှင့်လက်မောင်းမှာ အမာရွတ်ဟောင်းတွေ အများကြီးပဲနော် ရှင့်အမာရွတ်တွေကို ဖယ်ရှားဖို့

ကျွန်မကို ဆေးဖော်စပ်ခိုင်းစေချင်လား”

“မလိုဘူး”

လီရန်၏ အဖြေကတော့ အရမ်းကို တဲ့တိုးဆန်နေပြီး အေးလည်း အေးစက်နေသေး၏။ ချူးလျိုလဲ သူ့ကို မော့ကြည့်မိလိုက်ပြန်တော့ သူ့ရဲ့ မျက်နှာဟာ အရမ်းကို ခက်ထန်မာကြောနေတာကို သူမတွေ့လိုက်ရသည်။ ထို့ကြောင့် သူမလည်း ဘာကိုမှ ထပ် မပြောတော့ချေ။

ဆေးထည့်ပြီးနောက်တွင် လီရန်ဟာ လွင်ပြင်ကျယ်ဆီ ဦးတည်သွားလိုက်ပြန်သည်။

သူတို့နှစ်ယောက်စလုံး ထိုသို့လျှောက်သွားပြီးနောက် တိုက်ပွဲက ပြီးတောင်သွားလေပြီ။ ချူးလျိုလဲ လီရန်နဲ့ တူသည့် ဝှီးချဲနဲ့လူကို ချက်ချင်းတွေ့လိုက်ရသည်။ သူမလဲ သူမဘေးနားက လူကို အံ့သြတကြီးဖြင့် ကြည့်လိုက်သည်။

“ရှင့်အယောင်ဆောင်ဖို့ ရှင့်မှာ လူရှိတယ်ပေါ့လေ?”

“အင်း”

ထိုအခိုက်အတန့်၌ လီရန်သည် သူ့နားထဲက ဆက်သွယ်ရေးကိရိယာကို ထိလိုက်ကာ “ဒီ ကိစ္စကို မြန်နိုင်သမျှမြန်မြန် အဆုံးသတ်လိုက်တော့”

တစ်ခြားတစ်ဖက်က တိုက်ခိုက်ပွဲကြီးမှာ ပို၍ပင် ပြင်းထန်လာလေပြီ။

တချိန်တည်းမှာပဲ သူတို့တွေဟာ အင်အားကြီး လက်နက်တွေကို ထုတ်သုံးလာလေပြီ။

အချိန် နာရီဝက် အောက်မှာပဲ တိုက်ခိုက်ပွဲကြီး ပြီးသွားချေပြီ။

သူတို့နှစ်ယောက်လဲ ထိုသို့ လျှောက်သွားလိုက်သည့်အခါ လီရန်နဲ့ တထပ်တည်းတူတဲ့ ဝှီးချဲနဲ့လူဟာ သူ့ရဲ့ မျက်နှာဖုံးကို ချွတ်လိုက်ကာ ဘေးနားတွင် ရိုသေလေးစားစွာဖြင့် မတ်တပ်ရပ်နေလိုက်သည်။

လီရန်ကတော့ ဝှိီးချဲကြီးကို ကြည့်ရုံမျှသာ ကြည့်လိုက်ပြီး ကားဆီသို့ လျှောက်သွားလိုက်တော့သည်။

 

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၄ ။ အိမ်ထဲက ဘေးအန္တရာယ်ဖြစ်စေသော ချီဓာတ်ကို ဖယ်ရှားခြင်း

 

ကားမောင်းထွက်လာသည့် အချိန်တွင်ကား နေဝင်ရီတရောတောင် ဖြစ်နေလေပြီ။ လီရန်သည် သူ၏ နှာခေါင်းစည်းကိုချွတ်လိုက်ကာ သူ၏ အေးတိအေးစက် မျက်နှာကို ဖော်ထုတ်လိုက်သည်။

ရှေ့က ပါဆင်ဂျာခုံတွင် ထိုင်နေသော ချင်းမင်က သူ့ကို အချက်အလက်များ တင်ပြနေသည်။

“ဒီနေ့ ဒီကိုလာတိုက်ခိုက်တဲ့ အဖွဲ့က 15ဖွဲ့ ရှိပါတယ်  အဖွဲ့အနည်းငယ်ကတော့

‘ သွေးအဆုံးသတ်ခြင်း ‘ကပါ မိုးကြိုးဂိတ် ၊ ထန်ဂိုဏ်း နဲ့ အမေရိကရဲ့ XX အဖွဲ့စည်းကြီးထဲက လူတွေလဲ ပါပါသေးတယ်....”

ချူးလျိုကတော့ ထိုကလန်တွေ ၊ ဂိုဏ်းတွေဆိုတာကို ဘာတစ်ခုမှ မသိပါချေ။ သူမသည် သာမန်ကာလျှံကာမျှသာ နားထောင်နေပါသော်ငြားလည်း

သူမ စိတ်ထဲတွင်တော့ မပြောပဲမနေနိုင်ပါချေ။

ဒီလူ့ရဲ့ ရန်သူတွေက တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားတာပဲ ဖြစ်ရမယ်!

ကားဟာ မြို့ထဲသို့ မောင်းနေစဥ် ချူးလျို အလျင်အမြန်ပြောလိုက်ရသည်။ “ကျွန်မကို ရပ်ကွက်ဟောင်းကိုသာ ပို့ပေးပါ”

 

လီရန်သည် သူမကိုခေါင်းစောင်းကြည့်လိုက်၏။

ချူးလျိုကလဲ သူ့ကိုပြုံးပြလိုက်ရင်း မျက်လုံးကိုမှေးလိုက်ကာ

“မန်နေဂျာကပြောတယ် အမည်လွှဲပြောင်းမှု စာချုပ်က ဒီနေ့တစ်နေ့ထဲနဲ့တင် ကျွန်မ ရနိုင်တယ်တဲ့လေ အဲ့ဒီတော့ ခုကစပြီး အဲ့အိမ်က ကျွန်မအိမ်ဖြစ်သွားပြီလေ”

လီရန်ကတော့ တစ်ခဏတာ တိတ်ဆိတ်သွားရှာပြီး နောက်မှ မေးလိုက်သည်။ “မင်းအဲ့မှာ ချက်ချင်းကြီး နေတော့မလို့လား”

“ဟုတ်တယ်လေ မဟုတ်ရင်တခြား ဘာဖြစ်ရမှာတုံး”

လီရန်သည် သူမ၏ မသိမိုက်မဲနေတဲ့ အမူအရာကိုကြည့်လိုက်ပြီးနောက် ကားဒါရိုင်ဘာကို ကြည့်ပြီး

“ရပ်ကွက်ဟောင်းကို သွားကြတာပေါ့”

ထိုစကားကိုပြောပြီးနောက် သူသည် ချင်းမင်ကိုထပ်ပြောလိုက်သည်။

“သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ကို ပို့လိုက်”

“ဟုတ်ကဲ့” ချင်းမင်လဲပြန်ပြောလိုက်ကာ ချက်ချင်းပင် ဖုန်းခေါ်လိုက်သည်။

ချူးလျိုကတော့ သူ့ကိုစိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

လီရန်ကတော့ ဘာတစ်လုံးမှ ပြန်မပြောပါချေ။

ကားဟာ အိမ်အပြင်ဘက်သို့ ရောက်ရှိသွားသည့်အချိန်၌ ကောင်းကင်ကြီးဟာ မှောင်မဲလို့နေလေပြီ။

ထိုအခိုက်အတန့်၌ ခြံဝင်းတံခါးမှာ ပွင့်ဟနေပြီး အထဲတွင်တော့ ထိန်လင်းနေလေသည်။ ချူးလျိုလဲ အံ့သြမှုကို ထုတ်ပြလိုက်ပြီး

“အမ်”

“မစ္စတာဝူတို့မိသားစုများ ခုချိန်ထိ အိမ်ပြောင်းလို့ မပြီးသေးတာများလား “

ထိုအတွေးဖြင့် သူမသည် အနည်းငယ်သောကိုးရို့ကားရားနိုင်မှုကို ရုတ်တရက်ခံစားမိလိုက်သည်။ သူမ အထဲကိုဝင်ရင်ကောင်းမလား ဒါမှမဟုတ် အထဲမဝင်တာပဲ ကောင်းမလား။

လီရန်သည် သူမ၏ အတွေးများနေသော ရုပ်ကြီးကိုကြည့်ကာ

“ဆင်းလေ”

ချူးလျိူလဲကား ထဲကနေ ဆင်းလိုက်ပြီးနောက် သူမနောက်ကနေ တစ်ယောက်ယောက်က ကားပေါ်ကဆင်းနေသံကိုပါ ကြားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တော့ လီရန်က ဘာတစ်ခွန်းမှမပြောပဲ အထဲသို့ဝင်သွားချေပြီ။

“ဟေ့...” ချူးလျိုတွင် သူ့ကိုတားဖို့ အချိန်မရှိလိုက်ပါ။ သူဝင်သွားတာကို တွေ့မှတော့ သူမလဲ သူ့နောက်ကို သုတ်ခြေတင် လိုက်ရတော့တာပေါ့။

သူမသည် ရှေ့ခြံဝင်းကို ဖြတ်ကျော်လာပြီးနောက် နောက်ခြံဝင်းရဲ့ ခန်းမထဲသို့ ဝင်လိုက်သည်။သူမဘေးက အနီရောင်ခြယ်ထားသည့် လေးထောင့်ပုံစံ သစ်သားစားပွဲတွင် ပူနွေးနေသည့် အစားအသောက်တွေနဲ့ ပြည့်လျှံနေလေသည်။ တံခါးဘေးနားတွင်တော့ အနက်ရောင်ဝတ်စုံနဲ့ လူတွေ အများကြီးပင်။

ချူးလျို သူတို့ကိုကြည့်လိုက်ပြီးနောက် လီရန်ကို ပြောင်းကြည့်လိုက်သည်။

လမ်းမှာတုန်းက လီရန်က ချင်းမင်ကို သန့်ရှင်းဖို့ဆိုတဲ့အကြောင်းကို ဘာလို့ပြောတာလဲဆိုတာကို သူမလဲနောက်ဆုံးတော့ နားလည်သွားချေပြီ။

ကျေးဇူးတင်မှုတွေဟာ သူမ၏ မျက်ဝန်းထဲတွင် ဖြစ်ပေါ်လာသည်။

“ဒီမှာ ကျွန်မအတွက် ဟင်းချက်ထားပေးမဲ့သူ မရှိတာကို ကျွန်မမေ့သွားတယ်”

လီရန်သည် သူ၏ မှောင်မိုက်နေသောမျက်လုံးတွေဖြင့် သူမလေးကို ကြည့်လိုက်သည်။ ဒီကလေးမစုတ်ကလေးက နေ့တိုင်းလိုလို အိမ်အလုပ်တွေ မလုပ်မှန်း သေချာသွားတာပေါ့။

သူဟာ အေးတိအေးစက်လေသံဖြင့် “ငါဒီမှာ ရက်နဲနဲလောက်တော့ လူတွေထားခဲ့ပေးမယ်”

“အင်း”

ချူးလျိုသူ့ကိုကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူမစိတ်ထဲ၌ ပြောလိုက်ပြန်၏။

'ရှင်က အရမ်းကိုကြင်နာတတ်တော့မလိုလိုနဲ့ အေးစက်သွားပြန်ပြီ

ရှင့်မှာ သူငယ်ချင်းမရှိတာ မထူးဆန်းတော့ပါဘူးလေ’

လီရန်သည် ညစာစားပြီးသည်နှင့် ထွက်သွားတော့သည်။

ချူးလျိုသည်လဲ ခြံရှေ့ဝင်းနှင့် ခြံနောက်ဝင်းကို သေချာအနီးကပ် ကြည့်ရှုရန်အတွက် သွားလိုက်သည်။

ခြံဝင်းက သိပ်တော့မကြီးပေမဲ့လဲ အထဲတွင်တော့ စီးဆင်းနေတဲ့ စမ်းချောင်းကို ဖြတ်ကူးရသည့် တံတားလေးတစ်ခုရယ်၊ တောင်တုတွေရယ်၊ ပန်းတွေရယ်နဲ့ ကျောက်စရစ်ခင်းထားတဲ့ လမ်းလေးတွေတောင်ရှိပါသေးသည်။

အရှေ့ခြံဝင်း၏ နှစ်ဘက်စလုံးတွင် ရှည်လျားတဲ့ လူသွားလမ်းရှိနေပြီး သူ့ဘေးတွင်တော့ စပျစ်ပင် တစ်ပင်ရှိသည်။ ဒီအိမ်၏အရင်ပိုင်ရှင်က ရှည်လျားသည့် လူသွားလမ်းနဲ့ ခြံဝင်းနံရံကြားတွင် ချိတ်ဆွဲရန် စင်တစ်ခုကို ပြုလုပ်ထားပြီး စပျစ်ပင်ဟာလဲ ထိုစင်ပေါ်သို့ ကောင်းမွန်စွာနဲ့ တွယ်တက်နေကာ စိမ်းလန်းစိုပြည်နေကြ၏။

မရင့်မှည့်သေးသော အစိမ်းရောင် စပျစ်သီးအခိုင်လိုက်တစ်ခုနဲ့ တွဲယှဥ်ကြည့်လိုက်ပါက အလွန့်ကို စိတ်ကျေနပ်သာယာစေသည့် မြင်ကွင်းလေးတစ်ခုကို မြင်ရပေလိမ့်မည်။

အနောက်ခြံဝင်းတွင်တော့ ကြာပန်းကန်အသေးလေးတစ်ခုရှိပြီး ကြာကန်ဘေးနားတွင်တော့ သေးငယ်ပေမယ့် အထူးကောင်းမွန်နေသည့် အဋ္ဌဂံပုံဇရပ်တစ်ခု လေးလဲ ရှိသေးသည်။ ထိုဇရပ်အလယ်တွင်တော့ ကျောက်တုံးစားပွဲတစ်ခုနဲ့ ထိုင်ခုံလေးတွေရှိရာ အထဲတွင်ထိုင်ပြီး စာလေ့လာလိုရင်တော့ အရမ်းကိုပြီးပြည့်စုံနေတဲ့ နေရာလေးတစ်ခုပါပင်။

ချူးလျို တစ်ခြံလုံးကို ကြည့်ပြီးနောက်မှာတော့ လီရန်ထားခဲ့တဲ့ လူအနည်းငယ်ကိုခေါ်လိုက်ကာ “ခုတော့ဘာမှ လုပ်စရာမရှိသေးဘူးရယ်၊ ရှင်တို့ ဧည့်သည်ခန်းတစ်ခန်းကိုရှာပြီး သွားနားနေလို့ရတယ်နော်”

သူမ ထပ်တိုးပြောလိုက်သည်။

"ညကျရင် အပြင်ကို ထွက်မလာကြနဲ့”

“ဟုတ်ကဲ့”

ထိုလူတွေဟာလဲ ဘာကိုမျှ မေးခွန်းမထုတ်ဘဲ အံ့သြသယောင်လည်း မပြချေ။ ပြန်ဖြေပြီးသည်နှင့် သူတို့ထဲက တစ်ယောက်ကို သူမကိုပြောလေသည်။ “မမလေးချူး မမလေးရဲ့ အိပ်ခန်းက ဒုတိယထပ်မှာပါ

ကျွန်တော် အထဲက အိပ်ရာခင်းတွေကိုလဲ အကုန်လဲပြီးပါပြီ”

ထို့နောက် သူသည် တခြားသူတွေနှင့်အတူ ဧည့်သည်ခန်းတွေဆီသို့ သွားလိုက်တော့သည်။

တခြားသူတွေ ထွက်သွားသည်နှင့်တပြိုင်နက် ချူးလျိုသည်လည်း ရှေ့ခြံဝင်းဆီသို့ ခပ်သွက်သွက်သွားလိုက်သည်။ သူမလမ်းလျှောက်နေစဥ် သူမဟာ ဖီးနစ်ကို ပြောလိုက်သည်။ “ဖီးနစ်အစီအရင် ချလိုက်တော့”

 

ရွှေရောင်မီးတောက်တစ်ခုနှင့်အတူခြံဝင်းတစ်ခုလုံးမှာ အစီအရင်နဲ့ ဝန်းရံခံလိုက်ရလေပြီ။

ချူးလျိုသည် ရှေ့ခြံဝင်းက စပျစ်ပင်အောက်သို့လျှောက်လာလိုက်ပြီး သစ်ပင်အမြစ်ကို တစ်ခဏတာလောက် ရှာနေလိုက်သည်။ နောက်ဆုံးတွေ့သွားတော့ သူမ ပျက်ရယ်ပြုလိုက်ကာ “သစ်ပင်အိုကြီးရဲ့အမြစ်ကို ကပ်တွယ်နေရတဲ့ အကျည်းတန်တဲ့ အရာကများ ဒီအိမ်မှာနေတဲ့သူတွေကို အန္တရာယ်ပေးရဲတယ်ပေါ့လေ နင့်ကို အဲ့လိုသတ္တိတွေ ဘယ်သူကများပေးလိုက်လဲ။

စပျစ်ပင်ကြီးမှာ တ်ိတ်ဆိတ်နေရှာပြီး သူ့ဆီမှာ ဘာမှ မရှိသလိုလောက်ထိတောင် တိတ်ဆိတ်ငြိမ်သက်နေရှာသည်။

“ဖွီ! သေချင်ယောင်ဆောင်နေတယ်ပေါ့ ဟုတ်လား ငါက တစ္ဆေသရဲတွေနဲ့ နတ်ဆိုးတွေအစ အများကြီးကို မြင်ဖူးတယ်နော် သရဲသေးသေးလေးကများ ဒီအိမ်တော်ကြီးကို ဒုက္ခပေးရဲနေတယ်ပေါ့ ဒါဆိုလဲ ငါ့ကိုမယဥ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့နော်”

ထို့နောက် သူမသည် အဆောင်တစ်ခုကိုထုတ်ကာ သစ်ပင်အမြစ်ပေါ်သို့ ရိုက်ချလိုက်သည်။

နောက်တစ်ခဏမှာပဲ စပျစ်ပင် တစ်ခုလုံးဟာ တုန်ရီလာပြီး ငလျင်လှုပ်နေသလိုပင် တုန်ခါနေလေ၏။

စပျစ်ရွက်များနှင့် မမှည့်သေးသော စပျစ်သီးများသည် အောက်သို့ ကျလာကာ ချူးလျို၏ နှလုံးသား အနည်းငယ် နာကျင်သွားအောင် လုပ်နေကြသည်။ “စပျစ်သီးတွေ အများကြီးကျနေတော့ အရမ်းကို သနားဖို့ကောင်းတာပဲနော် ဖီးနစ်ရေ အဲ့တာကို ဆွဲနုတ်ပစ်လိုက်စမ်း”

ရွှေရောင်အလင်းတစ်ခုဟာ တောက်ပလင်းလက်လာပြီး စပျစ်ပင်ကိုကပ်နေတဲ့ အရာ ဆွဲနုတ်ပစ်လိုက်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

လူမျက်နှာနဲ့ မြွေပါကောင်ပုံသဏ္ဍာန်ရှိသည့် အရာမျိုးက ထွက်လာလေသည်။

ချူးလျိုသည် အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ ဒီအရာက ဆွဲထုတ်လိုက်တာနဲ့ ပြေးချင်နေတော့တာပဲလေ။

ထိုအခါ ဖီးနစ် ပေါ်လာပြီး မီးတောက်လုံးတွေ နဲ့ ပစ်တော့သည်။

နားအူစရာ စူးရှတဲ့အော်သံတွေကြားထဲမှာ ထိုအရာကတော့ ပြာမှုန့်အဖြစ် လောင်ကျွမ်းသွားရှာပြီ။

ထို့နောက်တွင် ချူးလျိုသည် တခြားနေရာနည်းနည်းကိုလဲ ထပ်သွားလိုက်ပြီး အလှဆင်ထားသည့် အိုးတွေအချို့ကို ပြောင်းလဲလိုက်သည်။

တချိန်တည်းမှာပဲ သူမအနားမယူခင်လေးမှာ သူမဟာ အိမ်တော်ကြီးအတွက် အစီအရင်သေးသေးလေးတွေ အချိူ့ကိုလဲ ချထားလိုက်သေးသည်။

ထိုညတွင်တော့ အင်ပါယာမြို့တော်ကြီးတွင် လျှပ်စီးလက်ခြင်း၊ မိုးချုန်းခြင်းတို့ ဖြစ်ပေါ်နေပြီး မိုးတွေ သည်းကြီးမည်းကြီး ရွာနေလေ၏။

တခြားတစ်ဖက်တွင်တော့ ........

ဝေ့ အိမ်တော်ကြီး၌

တစ်နေ့လုံးလုံး  အပြင်ဘက်တွင် ပြေးလွှားနေရသည့် ချူးကျန်းယောင်ကတော့ ခက်ခဲမှုတွေကို ခံစားနေရ၏။ သူဝေ့အိမ်တော်ကိုပြန်ရောက်တာနဲ့ ပထမဦးဆုံးလုပ်သည့် အလုပ်ကတော့ ချူးလျိုကို တွေ့ဖို့ပင်။

သူမထွက်သွားပြီ ဆိုတာကို သူသိလိုက်ရသောအခါ သူရူးသွားတော့မတတ် ဖြစ်သွားကာ ဗီလာတစ်ခုလုံးကိုလိုက်ရှာတော့သည်။

ဝေ့ဝေ့ကတော့သူ့နောက်ကနေ လှောင်ပြောင်လိုက်သည်။

“သူဒီမှာနေရတာ ပျင်းနေလို့ အပြင်ထွက်ကစားဖို့ အိမ်ကနေ ထွက်ပြေးတာနေမှာပေါ့ရှင် ရှင်မသိတာလဲ မဟုတ်ဘူး သူအဲ့အကြောင်းကိုသိသွားတော့ ထူးထူးဆန်းဆန်းတွေ ပြုမူလာတယ်လေ ပြီးတော့....”

“ပါးစပ်ပေါက်ကို ပိတ်ထားစမ်း!”

ချူးကျန်းယောင်သည် စိတ်တွေညစ်နေကာ ဒေါသလဲ အလွန်အမင်းထွက်နေသည်။ သူ ဒါကို နားထောင်ဖို့ ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ။

ဝေ့ဝေ့ကလဲ သူအော်လိုက်လို့ ဒေါသထွက်သွားလေ၏။

သူမဟာ သူ့နှာခေါင်းကိုလက်ညိုးထိုးပြီး အော်ပြောလိုက်သည်။

“ချူးကျန်းယောင်  သူအိမ်ကနေ ထွက်သွားတာနဲ့ ရှင်က ဝုန်းဒိုင်းတွေ ကြဲနေတယ်ပေါလေ တင်းတင်းရဲ့ကူကောင်ကို သူ့ကို လွှဲလိုက်ပေမဲ့လဲ သူ့ဆီကနေ ကူကောင်ကို ထုတ်ပေးဖို့ ဆရာရှောင့် ကို ပြန်ခေါ်ပေးမယ်လို့ အကိုကြီး မပြောခဲ့ဘူးလား”

“သူက ကူအဆိပ်လေးမိတာ ရက်နဲနဲလေးပဲ ရှိ ပါသေးတယ် အဲ့တာကိုကု ပြီးသွားရင် သူပြန်ကောင်းသွားမှာပဲဟာကို တင်းတင်းက ခုရိုးတွင်းခြင်ဆီမှာ ဒဏ်ရာဖြစ်နေတယ်လေ ရှင် သမီးလေးကိုရော ဂရုကောစိုက်သေးရဲ့လား”

“ကျွန်မ တကယ်တွေးမိနေတယ်သိလား ချူးလျိုက ရှင့်ညီရဲ့ သမီးမဟုတ်ဘဲ ရှင်နဲ့ အဲ့ဒီမြေခွေးမတို့ရဲ့ တိတ်တိတ်ပုန်းကလေးများလား !”

 

(T/n:ဤနေရာတွင် သုံးထားသော မြေခွေးမ ဟူသည် ချောမောလှပ၍ ဆွဲဆောင်မှုရှိပြီး ကောက်ကျစ်စဥ်းလဲသော ဥာဏ်နီဉာဏ်နက်များသော ဟု အဓိပ္ပါယ်ရပါသည်။)

 

 

ဖောင်း!

“ရှင်ကများ ကျွန်မကို နောက်တစ်ခါ ထပ်ရိုက်ရဲသေးတယ်ပေါ့”

ဝေ့ဝေ့၏ မျက်လုံးတွေသည် ဒေါသတွေကြောင့်အနီရောင်သန်းလာချေပြီ။

ချူးကျန်းယောင်ရဲ့ မျက်လုံးတွေကလဲ နီရဲတွတ်နေ၏။

သူဟာအံကိုကြိတ်ရင်း သူမကို အော်ပြောလိုက်သည်။

“ဝေ့ဝေ့ မင်းရူးနေလား မင်းက သေသွားတဲ့လူတွေကိုတောင် အလွတ်မပေးပါလားကွ”

“ကျွန်မ ဘာတွေများမှားပြောနေလို့လဲ”

ဝေ့ဝေ့သည် သူမ၏ အရိုက်ခံလိုက်ရ၍ ထုံနေသော မျက်နှာကို လက်တစ်ဖက်နဲ့ ကိုင်လျက် ကျန်တစ်ဖက်ကတော့ သူ့ကို ဆွဲကုတ်ဖဲ့ချင်လာသည်။ သူမဟာ အရမ်းကိုဒေါသတွေဖြစ်နေတာကြောင့်် ရူးသွားသလိုပင် စိတ်ကယောင်ချောက်ချားတွေ ဖြစ်ကာ သူ့ကိုပြန်အော်လိုက်သည်။

“ကျွန်မက ဘာတွေများမှားပြောနေလို့လဲ အရင်တုန်းက ကျွန်မနဲ့ သူ့နဲ့ တချိန်တည်းမှာပဲ ကလေးမွေးခဲ့တယ် ရှင်က သူ့မွေးခန်းရှေ့မှာ ဘာလို့ ထိုင်စောင့်နေရတာလဲ ကျွန်မတင်းတင်းကိုမွေးတော့ သေလောက်တဲ့ထိ နာကျင်ခဲ့ရတာ ရှင်ကတော့ တစ်ခါလေးပဲ ကြည့်ဖို့ပြန်လာပြီးတာနဲ့ အဲ့မိန်းမကို ထပ်သွားစောင့်ပေးတယ်လေ ဒါနဲ့များ ရှင်ကအဲ့မိန်းမနဲ့ တခြားအတွေးတွေ မရှိပါဘူးဆိုပြီး ပြောနေသေးတယ်ပေါ့ ဟုတ်လား

ဘယ်သူကများ လိမ်ပြောနေတာလဲ ဆိုတာကို ပြောစမ်းပါဦး”

“ချူးကျန်းယောင် ကျွန်မရှင့်ကိုပြောမယ်

အရင်တုံးကလေ ကျွန်မက ရှင်နဲ့ အဲ့မိန်းမကို သေစေချင်တဲ့ထိ မုန်းခဲ့တာ၊

ရှင်ကတော့ ကျွန်မကို တကယ်ပဲ အဲ့မိန်းမရဲ့ကလေးကို ၁၈နှစ်ကြီး များတောင် ပြုစုပျိုးထောင်ခိုင်းခဲ့တယ်လေ အဲ့နှစ်တွေအားလုံးမှာ ကျွန်မလေ အဲ့ဒီစိတ်ပျက်ဖို့ကောင်းတဲ့ ကောင်မလေးကို ဘယ်လောက်ထိတောင် လည်ပင်းညစ်ပြီး သတ်ပစ်ချင်နေသလဲ ဆိုတာကိုရော ရှင်သိလား”

“မင်း....မင်း....”

ချူးကျန်းယောင်သည် ဝေ့ဝေ့ကိုစိုက်ကြည့်နေရင်း မယုံကြည်နိုင်မှုတွေ၊ စိတ်ပျက်မှုတွေနဲ့နာကျင်မှုတွေကို ထုတ်ဖော်ပြသနေသည်။ အဆုံးတွင်တော့ သူ့ရဲ့မျက်ရည်တွေဟာ အထိန်းအကွပ်မဲ့စွာဖြင့် စီးဆင်းကျရောက်လာလေပြီ။

သူဟာ ဝေ့ဝေ့ကို သူ့မျက်နှာအား ကုတ်ခြစ်ခွင့် အကြိမ်ရေအနည်းငယ်လောက် လုပ်ခွင့်ပေးလိုက်ကာ ကွဲအက်နေသောအသံဖြင့်

“မင်းဘယ်လောက်ထိတောင် မိုက်ရူးရဲဆန်နေရတာလဲ

အဲ့ချိန်တုံးက ရိချန်နဲ့ ငါက သင်္ချိုင်းဂူကိုသွားတဲ့ချိန် သူက ငါ့ကို သူ့အသက်နဲ့လဲပြီး ကာကွယ်ပေးခဲ့တာကွ သူ့အပေါ်မှာ ငါ့အသက်တစ်ချောင်းလုံး ကျေးဇူးကြွေးတင်နေခဲ့တာ အဲ့တော့ ငါတို့တွေက သူ့ဇနီးနဲ့သူ့သမီးငယ်လေးကို ကောင်းကောင်းမွန်မွန်နဲ့ စောင့်ရှောက်မပေးသင့်ဘူးလားကွ”

ဤအခိုက်အတန့်တွင် ချူးကျန်းယောင် စကားဆက်မပြောနိုင်တော့ချေ။ သူစတင်ငိုကြွေးတော့သည်။

သူတို့ရဲ့ အငြင်းပွားရန်ဖြစ်မှုကြီးဟာ လျင်မြန်စွာနဲ့ပဲ ဝေ့မိသားစုဆီ ရောက်သွားလေပြီ။

ဝေ့ယုံချန် က သူတို့ကို မဲပုတ်နေသောမျက်နှာဖြင့် ဆူပူလိုက်သည်။

“မင်းတို့နှစ်ယောက်စလုံးအသက်လေးဆယ်ထဲပဲ ရောက်နေကြပြီ ဒုက္ခတွေ့တိုင်း ရန်ဖြစ်ဖို့ပဲ တက်တယ်လို့တော့ ငါ့ကို မပြောလိုက်နဲ့ ပျောက်နေတဲ့ ကလေးကို ခုချက်ချင်းသွားရှာကြ!”

ထိုစကားကိုပြောပြီးနောက် သူသည် အိမ်တော်ထိန်းကို ချက်ချင်းခေါ်လိုက်ပြီး “စောင့်ကြည့်ရေးကင်မရာမှာ ဒီနေ့ရဲ့မှတ်တမ်းကို သွားကြည့်လိုက် လျိူလျိူ ဗီလာက ထွက်သွားတာကို ရှာ”

သူတို့တွေ စောင့်ကြည့်ရေးကင်မရာကို စစ်ကြည့်တော့မည်ဆိုတာကို ကြားလိုက်ရသည့်အခါ ဝေ့ဝေ့ရဲ့ အမူအရာသည် တဖြေးဖြေးချင်းပြောင်းလဲသွားချေ၏။

အိမ်တော်ထိန်းလဲ စောင့်ကြည့်ရေးကင်မရာကနေ ဒီနေ့မှတ်တမ်းကို အမြန်ကြည့်လိုက်ပြီးနောက် သူသည် ပထမဦးစွာ ဝေ့ဝေ့ကိုကြည့်ပြီးကာမှ

ဝေ့ယုံချန်ကို သေသေချာချာ ပြောလိုက်သည်။

“သခင်ကြီး သခင်မလေးချူးလျိုကို ဒီနေ့သွားတွေ့တာဆိုလို့ သခင်မပဲ ရှိပါတယ် သူတို့တွေ့ပြီးသွားတာနဲ့ မကြာပါဘူး သခင်မလေးချူးလျို အိမ်ကနေ ထွက်သွားပါတော့တယ်"

လူတိုင်းကတော့ ဝေ့ဝေ့ကို ကြည့်နေကြလေပြီ။

ဝေ့ဝေ့သည်လဲ သူမလည်ပင်းကို ဖြောင့်ဖြောင့်တန်းတန်းထားလိုက်ကာ

သူမကိုယ်သူမ မှန်သလိုလိုဖြင့် ပြောလိုက်သည်။ “ညီမ ဘာကိုမှ မပြောခဲ့ပါဘူး သူ့ဘာသာသူ ထွက်သွားချင်နေတာပါ”

ချူးကျန်းယောင်ကတော့ လက်သီးကိုကျစ်ကျစ်ဆုတ်ထားရင်း သူမကို မရိုက်မိဖို့ ကိုယ့်ကိုကိုယ်ထိန်းထားလေသည်။

ဝေ့ယုံချန်ကတော့ ဝေ့ဝေ့ကို သတိပေးနေသည့်အကြည့်ဖြင့် ကြည့်ကာ

“လျိုလျိုရဲ့ ဒီနေ့သုံးစရိတ်ကို သွားကြည့်စမ်း ကလေးကတော့ ဗိုက်ဆာတာနဲ့ ကျိန်းသေပေါက် အစားအစာ ဝယ်စားမှာပဲ”

ဝေ့ကျင်းချန်သည် ချူးကျန်းယောင်၏ ပခုံးကိုပုတ်လိုက်ကာ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “ ကျန်း ယောင် အရမ်းကြီးလဲ စိုးရိမ်မနေပါနဲ့၊

ငါခုချက်ချင်းပဲ လျိုလျိုကိုရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်၊

လျိုလျိုက မြို့တော်နဲ့ သိပ်မရင်းနှီးတော့သိပ်အဝေးကြီးကိုတော့ မသွားနိုင်လောက်ဘူး ....နောက်ပြီး အဲ့ကလေး ဘယ်ကို သွားလောက်လဲဆိုတာကိုသာ စဥ်းစားထား မင်းရှောင်ဝေ့နဲ့ ခုရန်ထပ်ဖြစ်နေတာက အလကားပဲနော်၊

အရေးကြီးဆုံးသောအရာက ကလေးကို ရှာတွေ့ဖို့ပဲ”

ချူးကျန်းယောင်လဲ သူ့ကိုခေါင်းညိတ်ပြလိုက်ကာ တံခါးအပြင်ဘက်သို့ထွက်သွားလိုက်သည်။

လူတိုင်းထွက်သွားသည်နှင့်တပြိုင်နက် ဝေ့ယုံချန်၏ အကြည့်တွေသည် ခက်ထန်သွားလေပြီ။ ဝေ့ဝေ့ဟာ အရမ်းကြောက်လန့်နေပြီး အသံတုန်တုန်ရီရီဖြင့်ရှင်းပြဖို့ကြိုးစားလေသည်။

“အကိုကြီး ညီမက..”

“မင်း ဒီအမှားကိုပဲ သုံးခါထက်ပိုမလုပ်တော့ဖို့

အရင်တစ်ခါက မင်းကို ငါသတိပေးခဲ့တယ်လေ

မင်းနောက်တစ်ခါပြသာနာထပ်ရှာရင်တော့ မင်းကိုငါ ဘာလုပ်မလဲဆိုတာကိုသာ စောင့်ကြည့်နေလိုက်တော့”

ထို့နောက် သူထွက်သွားတော့သည်။

ဝေ့ကျင်းချန်သည်လဲ ထွက်သွားတော့သည်။

 

ဝေ့ဝေ့ စိတ်မသက်မသာဖြစ်မှုတွေကို ခံစားမိရင်း မတ်တပ်ရပ်နေရရင်တောင်မှ သူမသည် တခြားအတွေးတွေကို တွေးဖို့ မရဲပါချေ။

ထောင့်အကွယ်နားတွင် မတ်တပ်ရပ်ကာ ပုန်း၍ ခိုးနားထောင်နေသော ချူးတင်သည် သူ့ဦးလေးက ချူးလျိုဘက်ကို ဘက်လိုက်လိမ့်မည်ဟု

သူမလုံးဝမထင်မှတ်ထားခဲ့ချေ။ သူမ၏ နှလုံးသားဟာ မုန်းတီးမှုတွေနဲ့သာ ပြည့်နှက်နေပြီး သူမရဲ့စိတ်ထဲမှာလဲ ရက်စက်ကြမ်းကြုတ်သည့် အတွေးတွေသည်သာ ပေါ်လာနေပါသည်။ အရင်က ခံစားခဲ့ရတဲ့ ကူကောင်တွေရဲ့ စားခြင်းကိုခံနေရတဲ့ကြောက်ဖို့ကောင်းတဲ့ ခံစားချက်ကြီးဟာ သူမတစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားချေသည်။

 

အစမှာတော့ ချူးတင် ဒူးထောက်ကျသွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူမသည် ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။

“အမေရေ ကယ်ပါဦး”

 

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၅ ။ ငါ့ကို ပိုင်လင်းလို့ခေါ် မဟုတ်ရင်တော့ နင့်ကို ငါ ကိုရင်ရွာကို ပြန်ရောက်သွားတဲ့ထိ သတ်ပစ်လိုက်မယ်

 

ချူးလျိုကတော့ မနေ့ညက ဝေ့မိသားစု ဘာတွေဖြစ်ပျက်သွားသလဲဆိုတာကို သိလဲမသိသလို ဂရုကိုစိုက်မနေပါချေ။

သူမဟာ မနက်ကိုစောစောထလိုက်ပြီး အိပ်ခန်းအပြင်သို့ ထွက်လိုက်ကာ လီရန့်လူတွေ ခြံရှင်းနေတာကို ကြည့်ဖို့ သွားလိုက်သည်။

မနေ့ညက မိုးသည်းသည်းမဲမဲ ရွာခဲ့မှုကြောင့် ခြံထဲတွင် ကြွေကျနေသော ပန်းတွေ၊ သစ်ရွက်တွေနဲ့တင် ပြည့်နေ၏။ ချူးလျိုလဲ ခဏလောက်တွေးလိုက်ပြီးနောက် ဘော့ပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ကိုထုတ်လိုက်ကာ စာရွက်ပေါ်၌ ခပ်မြန်မြန် ရေးလိုက် ဆွဲလိုက်လုပ်နေသည်။

သူမထပ်ထည့်ချင်တဲ့ ပစ္စည်းတွေကို သူမစာရင်းရေးချင်နေသည်လေ။

နောက်ပြီး ဒီအိမ်ကိုပြန်ပြီးအလှဆင်ဖို့ လိုအပ်တဲ့ အချက်တွေကို အသေးစိတ် ရေးသားလိုက်သည်။

ထိုအခိုက်အတန့်၌ တစ်စုံတစ်ယောက်က ဝင်လာပြီး ချူးလျိုကို ပြောလာသည်။ “မမလေးချူး မစ္စတာဝူက မမလေးကို တွေ့ချင်လို့ တံခါးအပြင်ဘက်မှာ စောင့်နေပါတယ်”

ချူးလျိုသည်လဲ မနေ့က သူမဟာ ဒီနေ့မနက်ဆေးညွှန်းလာယူဖို့ မစ္စတာဝူကို ပြောခဲ့တာကို သူမ ပြန်မှတ်မိသွားသည်။ “သူ့ကိုအထဲခေါ်လာခဲ့”

ထိုလူကလဲ မစ္စတာဝူကို လျင်မြန်စွာ ခေါ်ဆောင်လာခဲ့သည်။

မစ္စတာဝူက ချူးလျိုကိုမြင်သည့်အခါ သူ၏ ကျေးဇူးတင်၍ ကျရောက်နေသည့် မျက်ရည်များကိုသုတ်လိုက်ကာ “ဆရာမ မနေ့က ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ”

သူသည် သူမကို လေးလေးနက်နက်ဖြင့် ခါးကိုင်းညွတ်ကာ ကျေးဇူးတင်လိုက်သည်။

“မစ္စတာဝူ အဲ့အကူအညီလေးက ဘာမှမဟုတ်လို့

ရှင့်ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး”

ချူးလျိုသည် သူ့ကို လက်ဟန်ခြေဟန်ပြကာ ပြောဆိုလိုက်သည်။

“မစ္စတာဝူ အရင်ဆုံးထိုင်လိုက်ပါဦး ကျွန်မ ဆေးညွှန်းကို ခုပဲရေးပေးလိုက်ပါမယ်နော်”

ထို့နောက် သူမသည် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်ကာ ဆေးညွှန်းလေးခုစလုံးကို ရေးချလိုက်သည်။ သူမ စာရွက်ကိုဖြဲယူလိုက်ကာ သူ့ကိုပေးလိုက်၏။ “စာမျက်နှာတိုင်းမှာ နံပါတ်လေးတွေရေးပေးထားတယ်၊

သူ့ကို အရင်ဆုံး ပထမဆုံးဆေးညွှန်းကိုသောက်ခိုင်းလိုက်ပါ အဲ့တာကိုအနည်းဆုံး ငါးကြိမ်လောက်တော့သောက်ရမယ် ဒုတိယဟာကတော့ အားပြန်ပြည့်ဖို့ အတွက်ပါ အဲ့တာကိုတော့ သူ အချိန်အကြာကြီးယူနိုင်တယ်”

မစ္စတာဝူသည်လဲ လက်နှစ်ဖက်စလုံးဖြင့် ဆေးညွှန်းတွေကို သေသေချာချာယူလိုက်ကာ အသေးစိတ် မေးလေ၏။

“ဆရာမ ဒီဆေးညွှန်းကိုလုပ်နေတဲ့ချိန် ဘာတွေကို မလုပ်သင့်ဘူး ရှောင်သင့်တယ် ဆိုတာလေးတွေကို ကျွန်တော့်ကိုပြောပြပေးလို့ရမလား၊

နောက်ပြီး ဒုတိယဆေးညွန်းက အတိအကျဆို ဘယ်လောက်လောက် ကြာနိုင်ပါသလဲ ခင်ဗျ”

ချူးလျိုသည် အစားအစာကန့်သတ်ချက်အကြောင်းကို သူ့အားပြောပြလိုက်သည်။ နောက်ဆုံးတော့ သူမသည် “ဒုတိယဆေးညွှန်းကတော့ အမဝူပြည့်ပြည့်ဝဝ နေကောင်းတဲ့ထိ အမဝူရဲ့ကိုယ်ကိုအားဖြည့်ပေးဖို့ သုံးရမယ်၊

မစ္စတာဝူနဲ့ မစ္စဝူတို့လဲ ကိုယ့်ခန္ဓာကိုယ်ကို အားဖြည့်ချင်ရင် ဒီဆေးကို သုံးလို့ရပါတယ် ရှောင်သင့်တဲ့အရာတွေဆိုပြီးတော့ သက်သက်ကြီး ရှိမနေပါဘူး

“ကောင်းပါပြီ!”

မစ္စတာဝူလဲ ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

သူသည် ကျေးဇူးတရားတွေများစွာဖြင့် ပြောလိုက်သည်။

“ဆရာမက ကျွန်တော်တို့မိသားစုရဲ့ ကျေးဇူးရှင်ပါ ရှေ့လျှောက်ဆရာမသာ တစ်ခုခုလိုခဲ့ရင် ကျွန်တော့်ကို သိခွင့်ပေးပါနော် ကျွန်တော် မီးပင်လယ်ဖြစ်ဖြစ်၊ ရေပင်လယ်ဖြစ်ဖြစ် တစ်ခုခုကို ဖြတ်သန်းရမယ်ဆိုရင်တောင် အဲ့တာကို မဖြစ်ဖြစ်လုပ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး”

သူဟာ သူ့နာမည်ကတ်နဲ့ ဖုန်းကိုလျင်မြန်စွာထုတ်လိုက်သည်။

“ဆရာမ မနေ့က ဆရာမမှာ ဖုန်းမရှိသေးဘူးလို့ ပြောလိုက်တယ်မလား၊

အဲ့တာနဲ့ ကျွန်တော်လဲ ဖုန်းတစ်လုံးလောက်ကို မနေ့က သွားဝယ်လိုက်ပါတယ် ဆရာမသာ စိတ်မရှိဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်.....ဒါက ကျွန်တော့်ရဲ့နာမည်ကတ်ပါ ကျွန်တော့်ကိုသာလိုအပ်ခဲ့ရင် ဆရာမ ကျွန်တော့်ကို အချိန်မရွေးခေါ်လို့ရပါတယ်နော်”

ချူးလျိုသည်လဲ မစ္စတာဝူက ဖုန်းဝယ်လာပေးသည်ကိုမြင်တော့ အနည်းငယ် အံ့သြသွားရှာသည်။ သူလဲ ခဏလောက်တွေးလိုက်ကာ ငြင်းဆိုခြင်း မပြုလိုက်ချေ။

 

တစ်ချိန်တည်းမှာပဲ သူမသည် သူ့နာမည်ကတ်ကို ကြည့်လိုက်သည်။

သူမ ထိုကတ်ကိုတွေ့လိုက်ရတော့ အနည်းငယ်အံ့သြ သွားရပြန်သည်။

“ရှင်က အင်ပါယာတက္ကသိုလ်က ပရော်ဖက်ဆာလား”

“ဟုတ်ပါတယ်ဗျ ကျွန်တော်က

အင်ပါယာ တက္ကသိုလ်ကျောင်းရဲ့ နည်းပညာနဲ့သိပ္ပံသတင်းအချက်အလက် ဋ္ဌာနက ပရော်ဖက်ဆာတစ်ယောက်ပါ .....

ဆရာမက အရမ်းငယ်တဲ့ပုံပဲနော် ဆရာမက ကျောင်းမှာရှိနေရမှာ မဟုတ်ဘူးလားဟင်  ဆရာမက ခုဘယ်အတန်းလဲ ဆိုတာကို ကျွန်တော်သိလို့ရမလား”

“ကျွန်မက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးရုံလေးပဲ ရှိပါသေးတယ်”

မစ္စတာဝူဟာ အံ့သြသွားပုံတူသည်။ “ဆရာမ ဆရာမက အရမ်းကြီးကို ငယ်ရွယ်တဲ့ပုံ ပေါက်နေတယ်နော်”

ချူးလျိုလဲ ပြုံးကာ ”ကျွန်မက မငယ်တော့ပါဘူး နောက်လဆိုပဲ ကျွန်မအသက် ၁၈ နှစ် ပြည့်ပြီလေ”

“အိုး အိုး ဒါဆို ဆရာမက ဘယ်ကျောင်းကို တတ်မယ်လို့ စီစဥ်ထားလဲဗျ”

“အင်ပါယာတက္ကသိုလ်ပါ!”

“အင်ပါယာတက္ကသိုလ်က ဆရာမကို လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုနေပါတယ်ခင်ဗျ “

သူတို့တွေဟာ စကားပြောနေရင်းဖြင့် သူတို့ရဲ့ နေ့စဥ်ဘဝအကြောင်းကို စတင်၍ ပြောဆိုနေကြသည်။ မစ္စတာဝူကလဲ သူမကို ဆရာမလို့ခေါ်ရာကနေ ရှောင်ချူး ဆိုပြီး ပြောင်းခေါ်နေလေပြီ။

မစ္စတာဝူက ချူးလျိုဟာ ကွန်ပျူတာသိပ္ပံကို စိတ်ဝင်စားနေတယ်ဆိုတာကို ကြားလိုက်ရတော့ သူသည် “သမီး ဒီနယ်ပယ်ကိုသာ စိတ်ဝင်စားရင်တော့ အဲ့အကြောင်းကို ဆရာ့ကို အချိန်မရွေးလာမေးလို့ရပါတယ်ဗျ”

ထို့နောက် သူထပ်ပြောလိုက်သေးသည်။ “ဆရာ့မှာသင်ခန်းစာ ဗီဒီယိုတွေတောင် ရှိသေးတယ် ရှောင်ချူး သမီးသာ ကြည့်ချင်ရင် ဆရာအဲ့တာတွေကိုရှာပြီး ပို့ပေးမယ်လေ”

“သမီးကြည့်ချင်ပါတယ်" ချူးလျိုလဲအမြန်ခေါင်းညိတ်လိုက်ကာ ထိုလိုချင်တောင့်တနေသည့် မျက်ဝန်းလေးတွေဟာ လူတစ်ယောက်ယောက်၏ နှလုံးသားကို နူးညံ့သိမ်မွေ့သွားစေနိုင်ပါ၏။

သူတို့နှစ်ယောက်လဲ စကားအနည်းငယ်ပြောပြီးသည့်နောက် မစ္စတာဝူလဲထွက်သွားတော့သည်။

ချူးလျိုလဲ သူမရဲ့ အသစ်စက်စက်ရထားတဲ့ ဖုန်းသစ်လေးနဲ့ တစ်ခဏကြာလောက် ဆော့နေလိုက်သည်။ အရင်တစ်ခေါက် လီရန်အိမ်မှာတုံးက ဆော့လိုက်ရတဲ့ ဂိမ်းစက်ကို သူမ တွေးမိလိုက်သည့်အခါ သူမလဲ နောက်ကျရင် တစ်ခုလောက်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

မနက်စာစားပြီးနောက် ချူးလျိုသည် သူမကိုလာကြိုမည့် လီရန်ကားသမားကို စောင့်နေလိုက်သည်။

ကားသမားတော့ မလာသေးပေမဲ့ လီရန်၏ အိမ်တော်ထိန်းကြီးတော့ ရောက်လာလေသည်။

အိမ်တော်ထိန်းနောက်က ကိုယ်ရံတော်တစ်ယောက်ကလဲ သေတ္တာတစ်ခုကို သယ်ရင်းလိုက်လာသည်။

အိမ်တော်ထိန်းက သူမကိုပြောသည်။ “မမလေးချူး သခင်ကြီးဆီမှာ ဒီနှစ်ရက်အတွင်း သွားစရာလေးတွေရှိနေလို့  မမလေးလာစရာမလိုဘူးလို့ သခင်ကြီးက ပြောလိုက်ပါတယ်”

သူဟာ စကားပြောနေရင်းဖြင့် လက်ကိုမြောက်ကာ ကိုယ်ရံတော်လက်ထဲက သေတ္တာကို ယူလိုက်ပြီး သူမကိုပေးလိုက်သည်။ “မမလေးကို ဖုန်းမရှိဘဲ ဆက်သွယ်နေရတာက မလွယ်ကူဘူးလေ အဲ့ဒါကြောင့် ကျွန်တော် ဖုန်းတစ်လုံးရယ် လက်တော့တစ်လုံးရယ်နဲ့ အရင်တစ်ခါက မမလေးဆော့ခဲ့တဲ့ ဂိမ်းစက်လေးတို့ကို ပြင်ဆင်လာခဲ့ပါတယ် မမလေး တစ်ခုခုလိုအပ်သေးရင် ကျွန်တော့်ကို ပြောလို့ရပါတယ်၊ အဲ့တာကို ပြင်ဆင်ခိုင်းဖို့ တစ်ယောက်ယောက်ကို ကျွန်တော်လွှတ်ပေးလို့ ရပါတယ်”

ချူးလျိုလဲ သူ့စကားတွေကိုကြားလိုက်ရတော့ ခဏလောက် ကြောင်သွားလေသည်။ သူမသာ ဒီအကူအညီပေးမှုကို ငြင်းဆိုလိုက်ရင် သူမ ရူးမိုက်ရာကျသွားမှာပေါ့။ ဒါကြောင့်သူမလဲ အပြုံးလေးဖြင့် “လိုနေတာလေးတော့ ရှိတယ်”

ထို့နောက် သူမသည် သူမအစောက ရေးခဲ့သည့် စာရင်းကို သူ့ကို ပေးလိုက်သည်။ “ကျွန်မ ဒါတွေကို ဝယ်ဖို့လိုနေတာ တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ ကျွန်မက ဒီနေရာနဲ့ မရင်းနှီးဘူး ဖြစ်နေတယ် ဒါတွေကို ကျွန်မကို ကူဝယ်ပေးပါဦးနော်”

ထို့နောက် သူမ တစ်ခဏလောက်တွေးလိုက်ပြီး ဝေ့ဝေ့ သူမကိုပေးခဲ့တဲ့ ကတ်ကို သူ့ကိုပေးလိုက်သည်။ “ဒီကတ်ထဲက ငွေလောက်လားကြည့်လိုက်ပါ အဲ့တာက မလောက်ဘူးဆိုလဲ ကျွန်မမှာ.....”

သူမသည် အဝတ်အိတ် အသေးလေးကို ထုတ်လိုက်ကာ ကျောက်မျက်ရတနာနည်းနည်းကို ထုတ်ယူလိုက်သည်။ အိမ်တော်ထိန်းကြီး၏ အံ့သြနေသော အကြည့်အောက်ကနေ သူမ ဆက်ပြောလိုက်သည်။

“ဒါတွေက ပိုက်ဆံနည်းနည်းလောက်တော့ ရလောက်ပါတယ် ပိုက်ဆံမလောက်ဘူးဆိုရင်လဲ ကျွန်မ ဒါတွေကို ရောင်းလိုက်မယ်လေ အဲ့တာတောင် မလောက်သေးဘူး ဆိုရင်တော့....”

သူမလဲ သူမကိုယ်တိုင် ဘာပစ္စည်းတစ်ခု မှမဝယ်ဖူးတော့ ဒီနေရာက ပစ္စည်းစျေးနှုန်းတွေကိုလဲ သူမ မသိချေ။ သူမလည်း ခဏလောက်တွေးပြီး မှ ပြောလိုက်သည်။ “အဲ့ဒါဆိုလဲ ကျွန်မပိုက်ဆံကို အရင်ချေးလိုက်မယ်လေ မကြာခင်တော့ ပိုက်ဆံ ပြန်ဆပ်နိုင်လောက်မှာပါ”

အိမ်တော်ထိန်းကတော့ လေးနက်စွာပြောဆိုနေသည့် ချူးလျိုကိုကြည့်နေပြီး အနည်းငယ်လောက် ခံစားလိုက်ရသည်။

ဘယ်လောက်တောင် ပွင့်လင်းလိုက်တဲ့ မိန်းကလေးလဲ။

ချူးလျိုသည် အိမ်တော်ထိန်း၏ အတွေးကို သိမနေပါချေ။ ကျောက်မျက်ရတနာအိတ်ကို ပြန်ယူပြီးနောက်တွင် ဂိမ်းစက်ဖြင့် သူမဂိမ်းဆော့ချင်လာသည်။

သူမဂိမ်းထဲကို ဝင်လိုက်သည်နှင့် နိုတီဖီကေးရှင်းတွေကတော့ တတောင်တောင်နဲ့ တက်လာချေပြီ။

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] က သူမကို အဖွဲ့ဖိတ်ခေါ်မှု စာပို့လာသည့်အချိန် သူမက မက်ဆေ့ချ်တွေကို ကြည့်နေရုံပဲ ရှိပါသေး၏။

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] : “ရှောင်ပိုင် မြန်မြန်လက်ခံလိုက်လေ  ဒီနေ့ ၂ယောက်-၂ယောက် PK ပြိုင်ပွဲရှိတယ်

နင်နိုင်ရင် အတွေ့အကြုံအမှတ် ၂ဆကြီးတောင်ရမှာနော်၊

နင် levelမတက်ချင်ဘူးလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့ကလဲ အသင်းဖွဲ့နေတာလေ”

ချူးလျိုသည် ဖိတ်ခေါ်မှုကို လက်မခံခင် ခဏလောက်တွေးလိုက်ပြီးနောက် စာအနည်းငယ်ရိုက်လိုက်သည်။

[ပိုင်လင်း] : “ငါ့ကို ပိုင်လင်းလို့ခေါ် မဟုတ်ရင်တော့ နင့်ကို ကိုရင် ရွာကိုပြန်ရောက်သွားတဲ့ထိ ငါနင့်ကိုသတ်ပစ်ပေးမယ်”

 

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] : “

(သွားပေါ်တဲ့ထိ ပြုံးနေသောမျက်နှာ) ...... မင်းနာမည်အပြည့်အစုံကိုခေါ်ရင် အရမ်းကိုမရင်းနှီးသလိုကြီးပဲ”

ချူးလျို စကေးတစ်ခုကို ပစ်လိုက်ပြီးနောက်

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] ဟာ သူ့အသက်အမှတ် သုံးမှတ် လျော့သွားချေပြီ။

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] : “. ..”

ကွန်ပျူတာရှေ့တွင် ထိုင်နေသော ဝမ်မင်ထောင် က တတွတ်တွတ် မပြောပဲမနေနိုင်တော့။ “ သူက ချစ်ဖို့ကောင်းပြီး လှပတဲ့ မိန်းကလေးတစ်ယောက်မှန်း သိသာပါတယ် ဒီဂိမ်းထဲမှာတော့ ဘာလို့ သောက်ရမ်းကြမ်းနေရတာလဲကွ"

ထိုစကားကို ဖွင့်ဟပြောဆိုမည့်အစား သူသည် ချူးလျိုကို ၂ယောက်-၂ယောက် PK တိုက်ပွဲဆီ ခေါ်လိုက်သည်။

ချူးလျိုလဲ သူမ၏ ဂိမ်း ဇာတ်ကောင်ကို PKတိုက်ပွဲနေရာသို့ သွားရန် ထိန်းချူပ်နေစဥ် ဝမ်မင်ထောင်က ယုံကြည်ချက်အပြည့်နဲ့ တစ်ခုခုကို ပြောလာချေ၏။

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] : “ငါနင့်ကို နောင်ကျ ရင် ကာကွယ်ပေးမယ် မင်းအားနည်းနည်းလေးကိုပဲ သုံးတာတောင် အတွေ့အကြုံအမှတ်တွေ အများကြီးရအောင် ငါကူညီပေးမယ်လို့ ကတိပေးတယ်နော်”

ချူးလျို ထိုစာကို တွေ့လိုက်တော့ သူမ၏နှုတ်ခမ်းထောင့်စွန်းလေး ကွေးညွှတ်သွားချေပြီ။

PK နယ်ပယ် systemကလဲ level တူသည့် ပြိုင်ဘက်တွေကို ရွေးထုတ်ပေးလေသည်။

ထို့နောက် သူမသည် စကားကြီးစကားကျယ်ပြောနေသည့် ဝမ်မင်ထောင်ကို ကြည့်ခွင့်ပေးလိုက်သည်။ ထို့ပြင် ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးနေရတယ် ဆိုတာကိုပါ ထင်ရှားစွာ ပြသလိုက်ပါသေး၏။

မနက်ခင်းတစ်ခင်းလုံးတွင် ကွန်ပျူတာရှေ့တွင် ထိုင်နေသော ဝမ်မင်ထောင် တစ်ယောက်ကတော့ ပြောစရာဆိုလို့ စကားနှစ်ခွန်းသာရှိပါသည်။

“ချီးပဲ !”

“သူက လူရောဟုတ်ရဲ့လားကွ

သူတို့နဲ့ PKတိုက်ဖို့ ဝင်လာသည့် တခြားသူတွေတွင်လည်း ပြောစရာစကားသုံးခွန်းသာ ရှိပါသည်။

“ယီးပဲကွာ!”

 

“ဘယ်ဆရာကြီးကများ ဒီလို levelနိမ့်နေတဲ့ အကောင့်လေးနဲ့ လာဆော့နေရတာလဲ”

“ဒီlevelနိမ့်နေတဲ့ အကောင့် က သေချာပေါက် ညစ်နေတာပဲ!”

 

မနက်ခင်း ဟာ လျင်မြန်စွာဖြင့် ကုန်ဆုံးသွားချေပြီ။

ချူးလျိုသည် level45ထိ level တက်သွားသော သူမအကောင့်ကိုကြည့်ရင်း အရမ်းကြီးတော့ကျေနပ်မနေသေးပေ။

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] : “အမပိုင် ကျွန်တော်တို့ နေ့ခင်းကျမှ ဆက်ဆော့ကြမလား”

[ ပိုင်လင်း] : “ system က ပြိုင်ဘက်ကိုမရွေးပေးဘဲနဲ့ ငါတို့ဘာသာငါတို့ ပြိုင်ဘက်ကို ရွေးလို့မရဘူးလား

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] :”ရွေးလို့ရတာပေါ့”

ချူးလျို စိတ်ကျေနပ်သွားလေပြီ။

[ ပိုင်လင်း ] : “ နေ့လည် 2နာရီအတိကျရင် လိုင်းတက်ခဲ့ “

ထို့နောက် သူမဂိမ်းထဲကနေ ထွက်လာလိုက်သည်။

ချူးလျိုသည် ဇရပ်တွင် ဂိမ်းထိုင်ဆော့နေပြီးနောက် သူမမော့ကြည့်လိုက်သည့်အခါ ပရိဘောဂပစ္စည်းတချို့ကို အထဲသယ်နေတဲ့ လူနည်းစုကို သူမတွေ့လိုက်ရသည်။

သူမလဲ ထိုနေရာသို့ ဂိမ်းစက်ဖြင့်သွားလိုက်တော့ ခုမှဝင်လာတဲ့အိမ်တော်ထိန်းကို ဝင်တိုက်မိတော့သည်။

အိမ်တော်ထိန်းကသူမကို မြင်လိုက်သည့်အခိုက် သူသည် သူမကို စာရင်း ပြန်ပေးလိုက်ပြီး ”မမလေးချူး ကျွန်တော် မမလေးလိုချင်တာတွေ အားလုံးကိုဝယ်ခဲ့ပါတယ် ဒါကတော့ ကုန်ကျစရိတ်ဘောင်ချာနဲ့ ကျန်တဲ့ငွေပါ”

သူသည် သူမကို ဘောင်ချာ၊ ဘဏ်ကတ်နှင့် ကျောက်မျက်ရတနာအချို့ကို ပြန်ပေးလိုက်သည်။

 

ချူးလျို ပစ္စည်းတွေကို ယူလိုက်ကာ ဘောင်ချာကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဒီပစ္စည်းတွေက ဒီလောက်ထိ စျေးပေါလိမ့်မယ်လို့ ကျွန်မထင်မထားခဲ့ဘူး”

 

သူမဟာ အကောင်းဆုံးသော ထင်ရှူးသား ၊ သစ်သားဂေါ်နဲ့ မက်မွန်သားပရိဘောဂတို့ကို လိုချင်သည်။ ပရိဘောဂတွေအားလုံးကို ၃သိန်းယွမ်သာ

ကုန်ကျသွားသည်။

အိမ်တော်ထိန်းသည် ချူးလျို၏ အံ့သြနေသောမျက်နှာကိုကြည့်နေရင်း

သူ့ဘာသာတွေးနေလိုက်သည်။ ‘ ဒါတွေအားလုံးက သခင်ကြီးနာမည်အောက်က အလုပ်တွေပဲလေ မင်းကို ဒစ်စကောင့်တွေပေးနေမှတော့ သေချာပေါက် စျေးပေါနေတော့မှာပေါ့’

သို့သော် သူသည် ထိုအကြောင်းကို ထုတ်ဖော်မပြောကြားပါချေ။

ချူးလျို လဲ သူတို့နောက်ကိုလိုက်သွားကာ ပရိဘောဂတွေကို ဘယ်နေရာမှာ ချသင့်ကြောင်း ပြောလိုက်သည်။

နံရံတစ်ခုလုံးကို ဖုံးကွယ်နေသည့် စာအုပ်စင်ကြီးကိုကြည့်ရင်း ချူးလျိုသည် သူမ၏မေးစေ့ကိုပွတ်သပ်ရင်း အစီအစဥ်တစ်ခုကို ချလိုက်သည်။ “ငါ ဒီနေ့တော့ ဂိမ့်ဆော့တာလျှော့ပြီး စာအုပ်နည်းနည်းလောက် သွားဝယ်မှနဲ့တူတယ်”

ဘေးနားမှာရပ်နေသည့် အိမ်တော်ထိန်းကြီးက ထိုစကားကိုကြားသွားသည့်အခါ ပြောလိုက်သည်။ “မမလေးချူး မမလေး စာအုပ်တွေကို အွန်လိုင်းပေါ်ကနေ ဝယ်လို့ရပါတယ် သူတို့က စာအုပ်တွေကို သခင်မလေးဆီ ကိုယ်တိုင်ကိုယ်ကျ လာပို့ကြပါလိမ့်မယ်”

ချူးလျိုမျက်လုံးလဲ ပင့်တက်သွားပြီး “တကယ်လား ဒါဆိုကောင်းတာပေါ့”

နောက်ထပ်နှစ်နာရီလောက်ထိ သူမဟာ ထမင်းစား တာအပြင် သူမရဲ့ တက်ဘလက်တွင် အွန်လိုင်း စာအုပ်ဆိုင်ကနေ စာအုပ်တွေကိုသာ နှိပ်နေတော့သည်။

ဧည့်ခန်းတစ်ခန်းလုံးတွင်လဲ စက်သံတစ်ခုတည်းသာလျှင် ကြားရနေပါ၏။

 

“သင်ဝယ်လိုက်သော XXX စာအုပ်ကို အော်ဒါတင်ပြီးသွားပါပြီ....”

“သင်ဝယ်လိုက်သော YYY စာအုပ်ကို အော်ဒါတင်ပြီးသွားပါပြီ....”

ချူးလျိုသည် စာအုပ်တွေအများကြီးကို ဝယ်ချလိုက်ပြီး တစ်နာရီအတွင်းမှာပင် သူမဟာ စာအုပ်ပေါင်းရာကျော်ထိ ဝယ်ပြီးသွားလေပြီ။

သူမသည်လဲ ၂နာရီအတိ ထိုးသည်နှင့် လိုင်းတက်လိုက်ကာ ဝမ်မင်ထောင်ကတော့ သူမကို စောင့်နေနှင့်ချေပြီ။

[ ပိုင်လင်း] : “ ဒီနေ့ခင်းမှာတော့ ငါ့ပြိုင်ဘက်ကိုငါပဲရွေးမယ်”

[ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] :”ရတာပေါ့”

နေ့ခင်း တစ်နေ့ခင်းလုံးတွင်လဲ ကွန်ပျူတာရှေ့တွင် ထိုင်နေသော ဝမ်မင်ထောင့်တွင် အမူအရာ တစ်ခုသာရှိပါတော့၏။ “!!!”

ကမ္ဘာ့ချန်နယ်တွင်လဲ တစ်ချိန်ပြီးတစ်ချိန် မက်ဆေ့ချ်တွေတစ်စောင်ပြီး တစ်စောင် တက်လာချေပြီ။

...

 

“Level 55 ကစားသမား XX နဲ့ XXX တို့ကို အနိုင်ယူလိုက်သည့်

Level 45 ကစားသမား [ပိုင်လင်း] နဲ့ [ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] တို့ကို ဂုဏ်ပြုပါတယ်”

 

...

 

“Level 7 ကစားသမား YY နဲ့ YYY တို့ကို အနိုင်ယူလိုက်သည့် Level 57 ကစားသမား [ပိုင်လင်း] နဲ့ [ မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး ] တို့ကို ဂုဏ်ပြုပါတယ်”

အစတုံးကတော့ ကမ္ဘာ့ချန်နယ် သည် တိတ်ဆိတ် ငြိမ်သက်နေပါ၏။ အဆုံးတွင်တော့ system၏ ဂုဏ်ပြုကြောင်းမက်ဆေ့ချ်တွေ ရောက်လာပြီးနောက်တွင်တော့ မက်ဆေစ့်ရေစီးကြောင်းကြီး စတင်စီးဆင်းလာလေပြီ။

“ဖာ့ခ်!ဖာ့ခ်!”

“အဲ့တာ ဘယ်သူတုံးကွ တစ်နေ့ခင်းတည်းနဲ့ level10ခုကျော်လောက်ထိ Level တက်သွားတာ ဘယ်သူတုံးကွ”

“အဆင့်နိမ့်တဲ့ အကောင့်ပါလားကွ? အဲ့တာက မဖြစ်နိုင်ဘူး ငါတော့ နတ်ဘုရား Y ကလွဲရင် တစ်နေ့ခင်းလောက်လေးနဲ့ levelဆယ်ခုကျော်လောက် levelတက်သွားတဲ့ သူမျိုးကို တစ်ခါမှ မမြင်ဖူးဘူးကွ”

“ဒါ့ပြင် ကမ္ဘာအဆင့် ပြိုင်ပွဲပေါ်လာကတည်းက သူ့မှာ ဂိမ်းဆော့ဖို့တောင် အချိန်မရှိတော့တာကို ဘယ်လိုလုပ် သူ့မှာ အဆင့်နိမ့်အကောင့်တစ်ခု ရှိမှာလဲ”

“စကားတွေအများကြီးပြောနေတာထက်စာရင် ဟက်ကာဆရာကြီးတချို့ကို အဲ့ဒီ IDကို စစ်ခိုင်းပြီး အဲ့နတ်ဘုရားက ဘယ်သူလဲ ဆိုတာကို ကြည့်ခိုင်းလိုက်ကြပါလား “

ထိုလူ ဘယ်သူပဲ ဖြစ်နေပါစေ သူတို့၏ စိတ်ထဲတွင်တော့ တူညီသည့် အတွေးပန်းတိုင်တစ်ခုရှိနေပါ၏။

 

 

(စာရေးသူ၏ရှင်းလင်းချက် - အဆင့်နိမ့် အကောင့် ဆိုသည်မှာ ကျွမ်းကျင်ပြီးသားသူတစ်ယောက် သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် အသုံးပြုသူတစ်ယောက်ယောက်၏  နောက် အကောင့်တစ်ခုကိုဆိုလိုပါသည်။)

 

(T/n- ဂိမ်းမာစတာကြီးတစ်ယောက်က နောက်အကောင့်တစ်ခုကိုဖွင့်ပြီး Level အနိမ့်ကနေ စဆော့နေတာမျိုးပါ ဂိမ်းကျွမ်းကျင်သူကြီးဆိုတော့ level နိမ့်အကောင့်ဖြစ်နေလဲ Skill တွေ အရမ်းကျွမ်းနေတော့ အမြဲလိုလို နိုင်နေတာကြောင့်ပါ)

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၆ ။ ကျော်ကြားနေသော စစ်ဆေးပြီးသား ID

 

ထျန်ကျိယွင်နှင့် အခြားသူများသည် ဂိမ်းကစားရန် အဆောင်ခန်းသို့ ပြန်လာသောအခါ ကမ္ဘာ့ချန်နယ် မှာ မက်ဆေ့ချ်တွေတစ်တောင်တောင် တက်တက်နေတာကို တွေ့လိုက်ရသည်။

 

“ဘာဖြစ်တာလဲ?”

 

ထျန်ကျိယွင် သည် ကမ္ဘာ့ချန်နယ်ကို လျင်မြန်စွာ ကြည့်ရှုလိုက်ပြီးနောက်

“သေစမ်း”

ထို့နောက် သူသည် အခြားသူများကို ပြောလိုက်သည်။ 

“ကြည့်စမ်း၊ ဟိုနေ့က ငါတို့နဲ့ပူးပေါင်းခဲ့တဲ့ ဒီငါးခူကောင်[ပိုင်လင်း]က တစ်ရက်တည်းနဲ့ အဆင့် ၃၅ ကနေ အဆင့် ၅၇ အထိတောင် တက်လာတယ်!”

ရှဲ့မင်ဟိုင်၊ ယွီလဲ့ နှင့် ရွှီချင်ဖုန်း တို့က ထိုစကားကိုကြားသည့်အခါ ဂိမ်းထဲသို့ အမြန်ဝင်ကြည့်လိုက်ကြသည်။

ရှဲ့မင်ဟိုင်က ကမ္ဘာ့ချန်နယ် ကိုကြည့်ကာ သုံးသပ်လိုက်သည်။

“ဒါက တစ်စုံတစ်ယောက်ရဲ့ အဆင့်နိမ့်အကောင့်ပဲ ဖြစ်ရမယ်။ မဟုတ်ရင်လည်း သူက ဂိမ်းကျွမ်းကျင်သူပဲဖြစ်ရမယ်။”

ယွီလဲ့က ပြောသည်။

“သူက တခြားဆာဗာက ကျွမ်းကျင်သူလည်း ဖြစ်နိုင်တယ်။ မနေ့က ငါတို့ အဖွဲ့ ဖွဲ့ပြီးကတည်းက ငါ တော်တော်လေး သတိထားမိနေတာ။ ဒီလူက ဂိမ်းကို အထင်ကြီးလောက်စရာ လမ်းညွှန်ပေးနိုင်တယ်လေ”

သူတို့ပြောပြီးတဲ့ နောက်မှာတော့ သူတို့ထဲက တစ်ယောက်က PK ကွင်းကို သွားဖို့အတွက် သူ့ရဲ့ ဂိမ်းဇာတ်ကောင်ကို စတင်တော့သည်။ ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ရွှီချင်ဖုန်း က ပြောလိုက်သည်။

“မလိုအပ်ဘူး”

သုံးယောက်သား တစ်ချိန်တည်းမှာပင် သူ့ကိုလှည့်ကြည့်လိုက်ကြသည်။

ရွှီချင်ဖုန်းက ကီးဘုတ်ပေါ်တွင် ခပ်သွက်သွက်လေးရိုက်လိုက်သည်။ ဆယ်စက္ကန့်ကြာပြီးနောက် သူက ပြောလာသည်။ 

“ဒီလူ့ ID ရဲ့ ခန့်မှန်းခြေ တည်နေရာကို ငါရှာတွေ့ပြီးပြီ။ သူခု ရပ်ကွက်ဟောင်းမှာ ရှိနေတယ်။ သူသာ ဂိမ်းထဲမှာ တကယ့် ကျွမ်းကျင်သူဆိုရင် သူ့ ID ကို ဘယ်လိုဖျောက်ရမလဲဆိုတာ သိသင့်တယ်။”

ဒီစကားကိုကြားတဲ့အခါ သုံးယောက်သား တစ်ချိန်တည်းမှာပင် ရွှီချင်ဖုန်းရဲ့ကွန်ပျူတာကိုကြည့်ဖို့ ရောက်လာကြလေသည်။

ရှဲ့မင်ဟိုင်က ထအော်လိုက်သည်။

“သေစမ်း! တကယ်ကြီးကွ.. ချင်ဖုန်းက သူ့ကို ရှာတွေ့တာပဲ ပြီးတော့ ဂိမ်းထဲမှာ အမြဲလိုလို ကျွမ်းကျင်သူတွေက ပေါများလွန်းနေတာ၊ ဒီလူ့အကြောင်း လူတော်တော်များများလည်း သိပြီးသား ဖြစ်နိုင်တယ်။ တကယ်လို့သာ ဒီလူကို ဖော်ထုတ်လိုက်ကြရင် ဒုက္ခရောက်နိုင်တယ်။ ငါတို့သူ့ကိုကူညီသင့်လား”

ယွီလဲ့ကလည်း ပြောလိုက်သည်။

“ဒီလူရဲ့ နောက်ခံအကြောင်းကို ငါတို့ မသိသေးဘူး။ ငါတို့ သူ့ကို သတိပေးသင့်တယ်ထင်တယ်”

ထို့နောက် သူက ထျန်ကျိယွင် ကိုကြည့်လိုက်သည်။

“ဘော့စ် မင်း ရောဘယ်လိုထင်လဲ”

ထျန်ကျိယွင် ခဏလောက်စဉ်းစားပြီး သဘောတူလိုက်သည်။

“ငါတို့ သူ့ကို အရင်သတိပေးရအောင်”

PK သည် နေ့လည်ငါးနာရီတွင် ပြီးဆုံးခဲ့သည်။ ချူးလျိုနှင့် ဝမ်မင်ထောင် သည် PK ကွင်းမှ ထွက်လာသောအခါတွင် လူစည်ကားနေသော ရင်ပြင်တစ်ခုကို တွေ့လိုက်ရသည်။

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး]: “(စိတ်ရှုပ်နေတဲ့မျက်နှာ…) အတိအကျ ဘာဖြစ်သွားတာလဲ။ ဒီနေ့ PK ကွင်းမှာ ဘာလို့ လူတွေ ဒီလောက်များနေရတာလဲ”

ချူးလျို သည် ထိုသူတို့၏ ခေါင်းပေါ်က စကားလုံးများကို အမြန်ကြည့်ကာ အကြောင်းပြချက်ကို ချက်ချင်းသိလိုက်သည်။

ဝမ်မင်ထောင်လည်း အမြန် နားလည်သွားသည်။ သူက ချူးလျိုထံသို့ လျှို့ဝှက်စာတိုတစ်စောင် အမြန်ပို့လိုက်သည်။

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး]:

“ဘော့စ်၊ မင်းတော့ နာမည်ကြီးနေပြီ”

ခဏအကြာတွင် ထပ်ပြောလာပြန်သည်။

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး]: “ဘော့စ်၊ တစ်ခုခုတော့ ဖြစ်သွားပြီ၊ တစ်ယောက်ယောက်က မင်းရဲ့ ID ကို ရှာနေတယ်။ အကာအကွယ်တံတိုင်း ဝယ်ထားတာ ပိုကောင်းမယ်ထင်တယ်။ မဟုတ်ရင် တစ်ယောက်ယောက်က မင်းကို ဟက်လိမ့်မယ်။”

[ပိုင်လင်း]: “ဟမ်? အဲဒါဘာလဲ?"

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး]: “သူဌေး၊ ဒါကိုတောင် မသိဘူးလား။ အဓိပ္ပါယ်က ဘလာဘလာဘလာဘလာဘလာ။”

ဝမ်မင်ထောင်၏ ရှည်လျားသော ရှင်းပြချက်များကို မြင်ပြီးနောက် ချူးလျိုက ပြောလိုက်သည်။

“ငါ လိုင်းပေါ်ကဆင်းတော့မယ်”

သူမ ဂိမ်းထဲက ထွက်သွားလိုက်သည်။

 

[ပိုင်လင်း] ကို စောင့်ကြည့်နေကြသော ကစားသမားများအားလုံး:  “???”

သူဘယ်မှာလဲ? ဘာတွေဖြစ်နေတာလဲ? ကြောက်နေပြီလား?။

ချူးလျို လိုင်းပေါ်က ဆင်းပြီးနောက် သူမက ပထမဆုံးအနေနဲ့ အင်တာနက်ကိုပိတ်လိုက်ပြီး ထိုကာလအတွင်း သူဖတ်နေသည့် ကွန်ပျူတာထဲရှိစာအုပ်များကို အမြန်စစ်ထုတ်လိုက်သည်။

နောက်ဆုံးတွင် သူမက ဦးလေးဝူကို ခေါ်လိုက်သည်။ ချူးလျို က သူ့ကို ခေါ်တော့ ဦးလေးဝူက အရမ်းအံ့သြသွားသည်။

“ရှောင်ချူး၊ သမီး ဦးလေး အကူအညီလိုလို့လား”

 

ချူးလျို က အနည်းငယ် ရှက်ရွံ့သောလေသံဖြင့် တုံ့ပြန်လိုက်သည်။

“ဟုတ်”

“ ကျွန်မရဲ့ ID ကို ဟက်ကာတွေ ရှာမတွေ့အောင် အကာအကွယ် တံတိုင်းတစ်ခု ဆောက်ချင်လို့။ ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးလို့ရမလား

တစ်ဖက်က ရုတ်တရတ် ငြိမ်သွားတာကြောင့် ချူးလျို အနည်းငယ် စိတ်ပျက်သွားသည်။

“လုပ်လို့မရဘူးလား”

“မဟုတ်ပါဘူး... တကယ်လို့ ရှောင်ချူး က ID အကာအကွယ် တံတိုင်းတစ်ခု ဆောက်ချင်တယ် ဆိုရင် ငါကူညီနိုင်ပါတယ်။”

ချူးလျိုက ငြင်းလိုက်သည်။ “မဟုတ်ပါဘူး။ သမီးကို ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပေးပါ သမီးကိုယ်တိုင်လုပ်လိုက်ပါမယ်"

“ရှောင်ချူး"

 

ဦးလေးဝူက ချူးလျိုအနေနဲ့ သူ့ကိုယ်သူအပေါ်ထားရှိသည့် ယုံကြည်မှုကို ဖျက်ဆီးမိမှာကို စိုးရိမ်နေပုံရပြီး သူ့လေသံကို အနည်းငယ် သတိထားနေဟန် ပေါ်သည်။

“သာမန်အကာအကွယ်နံရံတွေ ဆောက်ရတာက လွယ်ပေမယ့် ဟက်ကာတွေတောင် မဖောက်ထွင်းနိုင်တဲ့ အကာအကွယ်တံတိုင်းတစ်ခုကို လုပ်ချင်တယ်ဆိုရင်တော့ ဒါက အရမ်းခက်ခဲတဲ့ အဆင့်တစ်ခုကိုရောက်သွားပြီ။ သမီး လေ့လာဖို့ လိုအပ်နေသေးတာက....…”

ထို့နောက် ဦးလေးဝူ က ချူးလျို အား ကွန်ပျူတာသိပ္ပံအကြောင်း လေ့လာရန် လိုအပ်သည်များကို ပြောပြသည်။

ချူးလျိုက ဦးလေးဝူ ၏ သူမကိုယ်သူမအပေါ် ယုံကြည်မှုကို မဖျက်ဆီးစေလိုသည့် ရည်ရွယ်ချက်ကောင်းများကို လုံးဝ သဘောမပေါက်ပေ။ နားထောင်လေလေ သူမ၏ မျက်လုံးများက ပိုတောက်ပလာလေလေ ဖြစ်သည်။

“သမီး သင်ချင်တယ်”

သူမ အားတက်သရော ပြောလိုက်သည်။

တဖန်၊ တစ်ဖက်လူက တိတ်ဆိတ်သည့် အခြေအနေအတွင်း ကျရောက်သွားပြန်သည်။ မိနစ်ဝက်နီးပါး ကြာပြီးနောက် ဤတစ်ကြိမ်တွင် မစ္စတာဝူက ပြောလာသည်။

“ရှောင်ချူးက သင်ယူချင်တာဆိုတော့ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ဒီည ဦးလေး အိမ်ကိုလာခဲ့၊ ဦးလေး သင်ပေးမယ်။”

ချူးလျိုလည်း ဝမ်းသာအားရ သဘောတူလိုက်သည်။

ဦးလေးဝူ ဝယ်ယူခဲ့သော အခြားအိမ်သည် ရပ်ကွက်ဟောင်းထဲတွင်သာ ဖြစ်သော်လည်း ချူးလျို နေထိုင်သည့်နေရာနှင့် အနည်းငယ်ဝေးသည်။ တစ်ခုက အရှေ့ဘက်တွင်ရှိပြီး ကျန်တစ်ခုကတော့ အနောက်ဘက်တွင်ဖြစ်သည်။ ချူးလျို အဲ့ဒီကိုသွားတဲ့အခါ ဦးလေးဝူရဲ့ မိသားစုဝင်သုံးယောက်က သူမကို အိမ်ပေါက်ဝမှာ စောင့်နေကြသည်။

အန်တီဝူက သူမကိုမြင်လိုက်သောအခါ သူမ၏ မျက်လုံးများသည် ဝမ်းသာမျက်ရည်များဖြင့် ပြည့်နှက်နေပြီး ကျေးဇူးတင်ကြောင်းပြောကာ မျက်ရည်ကျပြန်သည်။

ချူးလျိုကလဲ ပြုံးပြီး လက်ကို ဝှေ့ယမ်းပြ လိုက်သည်။ 

“ဒါက ကျွန်မတို့ကြားက ကံကြမ္မာပါပဲ။ အန်တီတို့ ကျွန်မကို ကျေးဇူးတင်နေဖို့ မလိုဘူး။”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ သခင်မလေး ပြောတာမှန်တယ်။ အန်တီတို့မိသားစုရဲ့အခက်အခဲတွေကို ဖြေရှင်းပေးခဲ့တဲ့ သခင်မလေးနဲ့တွေ့ခွင့်ရဖို့ အန်တီတို့ အရင်ဘဝတွေတုန်းက ကောင်းတာတွေ အများကြီးလုပ်ပြီး ကံကောင်းမှုတွေ စုဆောင်းထားတာပဲ ဖြစ်ရမယ်။”

“အန်တီ၊ ကျွန်မကို ပရော်ဖက်ဆာ ဝူ လိုပဲ ရှောင်ချူးလို့ခေါ်နိုင်ပါတယ်။”

“အိုး ဒါကောင်းတယ်။ ရှောင်ချူး၊ အန်တီကိုလည်း အရမ်းယဉ်ကျေးပြီး ဆက်ဆံဖို့မလိုပါဘူး။ အန်တီဝူလို့သာ ခေါ်ပါ”

“ကောင်းပါပြီ။”

အဲ့ဒီအချိန်မှာပဲ ချူးလျိုရဲ့ဘေးမှာ အပြုံးကြီးကြီးနဲ့ ရပ်နေတဲ့ အန်တီဝူကို ဝူသခင်မလေးက စကားပြောလိုက်ပြီး သူမအသံက နူးညံ့ပြီး နားထောင်လို့ ကောင်းလွန်းနေလေသည်။

“ဖေဖေ၊ မေမေ၊ ညီမလေး ချူးကို တံခါးနားမှာပဲ ရပ်ခိုင်းမနေနဲ့လေ။ သူ့ကို စကားပြောဖို့ အိမ်ထဲကို ခေါ်ပါဦး”

 

ဝူသခင်မလေးက ချူးလျို ကိုကြည့်ရင်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

 

“ကျွန်မနာမည်က ဝူရိယောင် ပါ ။ အမ ညီမကို ညီမလေး ချူးလို့ခေါ်ရင် ညီမစိတ်မဆိုးဘူးမို့လား”

ချူးလျို က အပြုံးလေးနဲ့ ခေါင်းခါလိုက်သည်။ 

“စိတ်မဆိုးပါဘူး။”

ထိုသို့ပြောပြီးနောက် သူမမျက်နှာကို ကြည့်လိုက်သည်။

“အစ်မဝူ၊ ဒီအချိန်အတွင်းမှာ အပြင်ထွက်ပြီး လေစိမ်းတွေ မထိတွေ့မိအောင် နေပါ”

“ကောင်းပြီ အမနောက်မှ သေချာ အနားယူလိုက်ပါ့မယ်”

ဝူရိယောင် သည် သူမ၏ ကိုယ်တွင်း ဗဟိုချက်မှာ ဒဏ်ရာရထားခဲ့ပြီး ခြေလှမ်းအနည်းငယ် လှမ်းရုံလောက်နဲ့ အသက်ရှုကျပ်နေခဲ့သည်။

သူတို့လူစုက အတူတူ လျှောက်ဝင်လာကြသည်။ ဦးလေးဝူက လမ်းလျှောက်လာရင်းနဲ့ ပြောသည်။

“ရှောင်ချူး သမီးက ID ဖျောက်တဲ့ အကာအကွယ်လုပ်ဖို့ နည်းပညာကို တကယ်လေ့လာချင်နေတာလား။ ဦးလေး သမီးကို တစ်ညတည်း သင်ပေးနိုင်ပေမယ့် သမီး သင်ယူနိုင်မလားဆိုတာတော့ ဦးလေး အာမမခံနိုင်ဘူး။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့ လိုမယ်။”

ချူးလျိုက မစ္စတာဝူကို ဆိုလိုသည့်အချက်ကို ကောင်းကောင်းသိတာကြောင့် ခေါင်းညိတ်လိုက်သည်။ 

“သမီးသိပါတယ်။ ပရော်ဖက်ဆာ ဝူ၊ လာ သွားသင်ကြစို့”

အန်တီဝူနှင့် ဝူရိယောင်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ သူတို့က ချူးလျိုအနေနဲ့ ကောင်းကောင်း မသင်ယူနိုင်တဲ့အခါ စိတ်ဓာတ်ကျသွားမလားလို့ စိုးရိမ်နေကြခြင်းဖြစ်သည်။ သို့သော် တစ်ညတာ သင်ယူမှု အပြီးမှာတော့ ချူးလျိုဟာ ဝူမိသားစုမှသုံးယောက်အား နတ်ဘုရားနှင့်တူသော တည်ရှိမှုက အဘယ်သို့ဆိုသည်ကို ပြသနိုင်ခဲ့သည်။

မစ္စတာဝူက ချူးလျိုကို စာသင်ပေးနေရသည့်အတွက် အန်တီဝူဟာ သူတို့ကို စိတ်ပူနေသဖြင့် သူတို့နှင့်တစ်ညလုံးအတူနေကာ လက်ဖက်ရည်နှင့် ရေတို့ကို အခါအားလျော်စွာ ပို့ပေးပြီး ချူးလျိုအတွက် ညလယ်စာ အဆာပြေမုန့် အနည်းငယ်ကိုပင် ပြုလုပ်ပေးခဲ့သည်။ သူမဝင်လာတိုင်း ချူးလျို၏ သေးငယ်သောမျက်နှာပေါ်တွင် ပုံမှန်မဟုတ်သည့် လေးနက်သောအမူအရာတစ်ခုကို တွေ့ရမြဲဖြစ်သည်။

ညနှောင်းပိုင်း၌ မစ္စတာဝူနှင့် ချူးလျိုတို့သည် အကာအကွယ် ပရိုဂရမ်ကို အတူတကွ ရေးဆွဲခဲ့ကြသည်။ မိုးကုတ်စက်ဝိုင်းတွင် ပထမဆုံး အလင်းတန်းပေါ်လာသောအခါ ချူးလျိုက သူမ၏ကွန်ပျူတာကို စိုက်ကြည့်နေပြီး တောက်ပသောအပြုံးဖြင့် သူတို့နှစ်ယောက်အတွက် ဂုဏ်ယူစွာ ပြောလိုက်သည်။

“သမီးတို့လုပ်ထားတဲ့ အကာအကွယ်က ကွန်ပျူတာ ဟက်ကာတွေ အများကြီးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်”

 

ဦးလေးဝူက ချူးလျို စိတ်လှုပ်ရှားစွာကြည့်နေတာကြောင့် သူမ၏ သေးသွယ်သော မျက်နှာလေးက နီရဲသွားသည်။ သူ့စိတ်ထဲမှာ ခံစားချက်တွေ ပြည့်နှက်နေပြီး သူမကို အလေးအနက် ဖိတ်ခေါ်လိုက်သည်။

“ရှောင်ချူး ၊ သမီးသာ ဆန္ဒရှိရင် အင်ပါယာတက္ကသိုလ်မှာ ဦးလေးဆီကို သတင်းပို့လို့ရတယ်”

 

ချူးလျိုကတော့ အင်ပါယာတက္ကသိုလ်ရဲ့ ပရော်ဖက်ဆာတစ်ဦးက သတင်းပို့ဖို့ရန်အတွက် လူသစ်တစ်ဦးကို ဖိတ်ကြားရခြင်း၏ အဓိပ္ပါယ်ကို မသိပေ။ သူမက ကွန်ပျူတာသိပ္ပံဘာသာရပ်ကို အလွန်စိတ်ဝင်စားသောကြောင့်သာ ခေါင်းညိတ် အဖြေပေးလိုက်သည်။ 

“ကောင်းပါပြီ”

 

သူမက သူတို့ကို ပြုံးပြလိုက်ရင်း သူမရဲ့ ရည်ရွယ်ချက်ကို ထပ်ပြောလိုက်သည်။

“နောက်ထပ် ဘာသာရပ်အနည်းငယ်ကိုလည်း လေ့လာဖို့ သမီး စီစဉ်ထားသေးတယ်… တက္ကသိုလ်ကျောင်းသား တစ်ယောက်က တစ်ချိန်တည်းမှာ အထူးပြုဘာသာရပ် ဘယ်နှစ်ခုလောက် စာရင်းသွင်းနိုင်မလဲ”

 

“အမ်…” 

မစ္စတာဝူနှင့် မစ္စချူးဝူတို့သည် တစ်ယောက်ကိုတစ်ယောက် ခဏလောက် ကြောင်ကြည့်လိုက်မိကြပြီးနောက် မစ္စဝူက ပြုံးပြီးပြောလိုက်သည်။

“ရှောင်ချူး၊ သမီးသာ ကိုင်တွယ်နိုင်မယ်ဆိုရင် သမီး လိုချင်သလောက် အထူးပြု ဘာသာရပ်တွေကို လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ သမီးအနေနဲ့ ကျောင်းသားတွေကြားမှာ ရေပန်းစားတဲ့ အထူးပြုဘာသာရပ်အချို့ကို ရွေးချယ် စာရင်းသွင်းနိုင်ရင်တောင် စာမေးပွဲကာလမှာတော့ အချိန်ထပ်နေတာ လိုမျိုး နည်းနည်း ရှုပ်ထွေးမှုတွေ ဖြစ်သွားနိုင်တယ်လေ၊ ဒါကြောင့် သမီးက အထူးပြုဘာသာရပ်နှစ်ခု ဒါမှမဟုတ် အဲ့ဒါထက်ပိုတဲ့ အထူးပြုဘာသာရပ်များကို ရွေးမယ်ဆိုရင် သူတို့ရဲ့ စာမေးပွဲအချိန်ကို ထည့်စဉ်းစားဖို့လည်း လိုသေးတယ်”

 

“ဟုတ်၊ သမီး နားလည်ပါပြီ”

 

ချူးလျိုက မတ်တပ်ထရပ်လိုက်သည်။ 

“ဒါဆို သမီး အရင်ပြန်လိုက်ပါဦးမယ်။ ပြီးရင် ဒီည သင်ယူခဲ့တဲ့ ဗဟုသုတတွေကို စမ်းကြည့်ရဦးမယ်”

 

ဦးလေးဝူနှင့် အန်တီဝူတို့က ချူးလျိုကို သူတို့အိမ်မှာ မနက်စာ စားသွားရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ချူးလျိုက ငြင်းဆိုခဲ့သည်။ သူမ ထွက်သွားပြီးနောက် အန်တီဝူက ဦးလေးဝူကို မေးလိုက်သည်။

“ရှောင်ချူးရဲ့ ကွန်ပျူတာကျွမ်းကျင်မှုကို ရှင် ဘယ်လိုထင်လဲ”

 

ဦးလေးဝူက စိတ်လှုပ်ရှားစွာနဲ့ ဖြေလိုက်သည်။

“သူက ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ကျောင်းသားပဲ... သူသာ တကယ်လို့ ကွန်ပျူတာသိပ္ပံနယ်ပယ်ထဲကို ဝင်ခဲ့မယ်ဆိုရင် လုံးဝကို အထင်ကရဖြစ်လာမှာ သေချာတယ်။”

 

ချူးလျို ပြန်လာပြီးနောက် သူမက သူမရဲ့ ID ကို ဖော်ထုတ်လိုသူများ၏ အထောက်အထားများကို အင်တာနက်ပေါ်တွင် တင်ခဲ့ရာ အင်တာနက်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ အပြုအမူများသည် အင်တာနက်ပေါ်တွင် ကြီးမားသော ရိုက်ခတ်မှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်။

 

အင်တာနက်မှာ ဘာဖြစ်သွားတာလဲ။ ကောင်းပြီ၊ ဒါက နောက်မှ ဆွေးနွေးရမယ့်အရာပါ။

 

ချူးလျိုက တစ်မနက်လုံး ဒီကိစ္စအတွက် အချိန်တွေ ကုန်ဆုံးခဲ့ရသည်။ နေ့လည်စာ စားခါနီးမှာ တစ်ယောက်ယောက်က ဝင်လာပြီး သူမကို ပြောသည်။

 

“မမလေး ချူး အပြင်မှာ လူနည်းနည်း ရောက်နေတယ်။ သူတို့က မင်းရဲ့ဦးလေးနဲ့ ဝမ်းကွဲတွေလို့ ပြောကြတယ်”

 

ချူးလျို သည် သူမ၏ လက်ချောင်းများကို ချလိုက်ပြီး ပြုံးလိုက်သည်။ 

“သူတို့က မြန်မြန်ရောက်လာတာပဲ”

 

သူမက မတ်တပ်ထရပ်ကာ တံခါးအပြင်သို့ ထွက်လာခဲ့သည်။ တံခါးဝမှ ထွက်သွားသည်နှင့် တံခါးဝတွင် စောင့်နေသော ချူးကျန်းယောင်ကို တွေ့လိုက်ရပြီး ထိုသူက စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်သည်။

 

“လျိုလျို” 

သူက ချူးလျိုကို လှမ်းခေါ်လိုက်သော အချိန်တွင် ဆုံးရှုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိသကဲ့သို့  ဝမ်းသာမျက်ရည်များပင် ကျတော့မည်ပင်။ သို့သော် ချူးလျိုက ခြံဝင်းအလယ်တွင် ရပ်လိုက်ပြီး မေးလိုက်သည်။

“ဒီကို ဘာကိစ္စရှိလို့ရောက်လာကြတာလဲ”

 

“ဦးလေးက သမီးကို အိမ်ပြန်ဖို့ လာခေါ်တာ”

 

“အိမ်?”  ချူးလျို က ရယ်မောလိုက်သည်။  “ကျွန်မကို မောင်းထုတ်ဖို့အတွက် ရှင်ကသူ့ကို ခွင့်ပြုခဲ့တာပဲ မဟုတ်ဘူးလား”

 

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!” 

ချူးကျန်းယောင်က ဤစကားကိုကြားသောအခါ အသံထွက်လာသည်။ သူဟာ ဒေါသထွက်လွန်းလို့ ရင်ဘတ်တွေတောင် နိမ့်လိုက် မြင့်လိုက် ဖြစ်လာသည်။ သူ အံကြိတ်ကာ မေးလိုက်သည်။

“သမီးအဒေါ်ပြောတာလား”

 

ချူးလျိုက နှုတ်ခမ်းကို ဖွင့်ကာ သူ့ကို ကြည့်နေသည်။ သူမက ဘာအဖြေမှ ပြန်မပေးလိုက်သော်လည်း ချူးကျန်းယောင် ၏အမူအရာက ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။

သူက ချူးလျိုဆီ လျှောက်သွားကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

 

“လျိုလျို ဦးလေး တစ်ခါမှ မပြောဖူးဘူး။ သမီး ဦးလေးကို ယုံရမယ်။”

 

“အဲ့ဒီလိုပေါ့လေ”

ချူးလျိုက ရုတ်တရက်ပြုံးကြည့်လိုက်ပြီး သူ့ စကားကို ရပ်လိုက်သည်။

 

အဲ့ဒီအစား သူမက ထပ်မေးလိုက်သည်။

“ဆရာ့ကို ဒီကို ခေါ်လာခဲ့လား”

 

ချူးကျန်းယောင် ရုတ်တရက်ရပ်တန့်သွားပြီး သူ့မျက်လုံးများက မလုံမလဲဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ ချူးလျိုကို သူ ဆက်မကြည့်နိုင်တော့ဟု ခံစားလိုက်ရသည်။ သူလည်း ဘာ့ကြောင့်မှန်းတော့မသိပေ။ သူ့ယောက်ဖကို အကူအညီတောင်းထားခဲ့သော်လည်း ထိုသူက ဆရာရှောင့်ကို ဖိတ်မခေါ်ခဲ့ပေ။ အခု သူတို့ တခြား ဆရာများကို ရှာဖွေရန် စီစဉ်နေကြရသည်။ 

“မခေါ်ခဲ့ရဘူး”

 

ချူးလျို၏ မျက်လုံးများက လှောင်ပြောင်လိုခြင်းများဖြင့် တောက်ပလာသည်။ 

“ဒါဆို ကျွန်မဆီ ဘာလို့လာတာလဲ။ ကျွန်မကို ပြန်ခေါ်သွားပြီးတော့ သူတို့ ချမှတ်ထားတဲ့ဘောင်တွေထဲမှာ ဖိနှိပ်နေတာကို ဆက်သည်းခံနေဖို့လား။”

 

ချူးလျို၏စကားများက ချူးကျန်းယောင် စကားမပြောနိုင်အောင် ဖြစ်စေသည်။ ဝေ့ဇီဟန် နှင့် ဝေ့ချွယ်ယင်းတို့သည် ချူးကျန်းယောင်နှင့်အတူ ပါလာတာကြောင့် ချူးလျို၏ မေးခွန်းကိုကြားတော့ ဝေ့ဇီဟန်သည် သူ့ဦးလေး ဆက်မထိန်းနိုင်တော့ကြောင်းကို သိလိုက်သည်။ သူဟာ ဝေ့ချွယ်ယင်းကို မျက်လုံးများဖြင့် အချက်ပြလိုက်သည်။

 

 

 

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၇ ။ လျိုလျို၊ ဒါက သမီးရဲ့ ချစ်သူလား

 

ဝေ့ချွယ်ရင်းက သူ့ကို ခေါင်းညိတ်ပြပြီး ချူးလျိုဆီသို့ လျှောက်သွားသည်။

 

“လျိုလျို၊ အန်တီက ခဏလောက် စိတ်ရှုပ်သွားတာပါ ဦးလေးနဲ့ တခြားသူတွေကလဲ သူ့ကို ဆုံးမပြီးပါပြီ၊ ညီမ ဒီမှာ တစ်ယောက်တည်း…” 

 

ဝေ့ချွယ်ရင်း စကားပြောနေစဉ်တွင် သူမက ခြံဝင်းကို ဖြန့်ကျက် ကြည့်ရှုလိုက်ပြီး ခန့်မှန်းလိုက်သည်။

 

“ဒါက ညီမသူငယ်ချင်းရဲ့ နေရာဖြစ်ရမယ်။ ဒီနေရာမှာနေပြီး အခြားသူတွေကို အနှောင့်အယှက်ပေးနေရတာက မကောင်းဘူးလေ။ ပြီးတော့ ညီမရဲ့ ဦးလေးအိမ်နှင့် နှိုင်းယှဉ်လိုက်ရင် အခြားသူရဲ့အိမ်က ပိုသက်တောင့်သက်သာ ရှိမှာလည်း မဟုတ်ဘူး။ အမတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ၊ ညီမ ပြန်သွားပြီးတာနဲ့ ညီမရဲ့ခန္ဓာကိုယ်က ကူကောင်ကို အရင်လွှဲပြောင်း ပေးမယ်။ ပြီးရင် ညီမကို အပြင်လည်း ခေါ်သွားပေးမယ်။ ညီမရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်ကိုလည်း အမတို့အတူ စောင့်ကြတာပေါ့”

 

“ချွယ်ရင်း  ပြောတာမှန်တယ်”

ဝေ့ဇီဟန်က ဝင်ပြောလိုက်သည်။

“ညီမထွက်သွားပြီးကတည်းက အန်ကယ်က ညီမကိုလိုက်ရှာနေတာ...” 

 

ဝေ့ဇီဟန်နှင့် ဝေ့ချွယ်ရင်းတို့က ချူးလျိုကို အလှည့်ကျ စည်းရုံးခဲ့ကြသည်။ ချူးလျိုကလဲ သူတို့ပြောလို့ ပြီးသည်အထိ မျက်လွှာချပြီး နားထောင်နေလိုက်သည်။

 

ထို့နောက် သူမက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ညီမ ပြန်လိုက်မှာမဟုတ်ဘူး”

 

“မင်း…” 

 

“ညီမ ဦးလေးရဲ့ နေရာမှာ နေရတာထက် ဒီမှာနေရတာက ပိုသက်တောင့်သက်သာ ဖြစ်တယ်လို့ ခံစားရတယ်။ တစ်ချိန်လုံး စိတ်ပူနေစရာလည်း မလိုဘူးလေ။ အဲ့တော့ ညီမက ဘာလို့ပြန်သွားရမှာလဲ”

 

ချူးလျို၏ နှုတ်ခမ်းများက လှောင်ပြောင်မှုတစ်ခုအဖြစ် ကွေးကောက်သွားသည်။ 

 

“သူက ညီမကို အနာဂတ်မှာ ဘာမှလုပ်မှာမဟုတ်တော့ဘူးလို့တော့ လာမပြောနဲ့။ ညီမက အရူးမဟုတ်ဘူး။ သူက ဦးလေးရဲ့ နောက်ကွယ်မှာ ချူးတင်းရဲ့ခန္ဓာကိုယ်ထဲက ကူအဆိပ်ကို ညီမဆီ လွှဲပေးခဲ့ သလို သူက ညီမကို နှင်တောင်ထုတ်သေးတယ်လေ။ တခြား ပိုကြောက်စရာကောင်းတဲ့ အရာတွေကိုတောင် လုပ်ချင်လုပ်ဦးမယ်။ ညီမအပေါ်ထားတဲ့ သူ့ရဲ့ ရန်လိုမုန်းတီးမှုတွေကို ညီမ ရှင်းရှင်းလင်းလင်းကို ခံစားလို့ရတယ်။”

 

ထိုသို့ပြောပြီးနောက် ချူးလျိုက ချူးကျန်းယောင် ဘက်သို့ လှည့်ကြည့်လိုက်သည်။ 

“ဦးလေး တကယ်လို့ သမီးအပေါ် အပြစ်ရှိတယ်လို့ ခံစားရရင် အပြင်မှာပဲ အေးအေးဆေးဆေးနေခွင့်ပြုပါ”

 

“ဒါပေမယ့်…” 

 

ချူးကျန်းယောင်သည် ချူးလျို အပေါ် အပြစ်ရှိသည်ဟု ခံစားရရုံသာမက သူမအတွက်လည်း စိတ်ပူနေခဲ့သည်။ 

 

“သမီးက မြို့တော်နဲ့ သိပ်မရင်းနှီးသေးဘူးလေ။ သမီးကို သူတို့အိမ်မှာ နေခွင့်ပေးချင်တဲ့သူတစ်ယောက်နဲ့သမီး ရုတ်တရက်ကြီး ဘယ်လို သိကျွမ်းခဲ့တာလဲ” 

 

ချူးလျို  လိမ်လည်လှည့်ဖြားခံရလိမ့်မည်ဟု သူခံစားနေမိသည်။ ချူးလျိုက သူ့အမူအရာကိုကြည့်လိုက်ပြီးနောက် သူမ မျက်နှာပေါ်ရှိ အပြုံးက ပိုမို နက်ရှိုင်းလာလေ၏။ သူမက မေးကိုပင့်ပြီး မျက်လွှာချ ကြည့်လိုက်သည်။ 

 

“ဘာလို့လဲဆိုတော့ ဒါက သမီးရဲ့…” 

 

“ဘာလို့လဲဆိုတော့ ဒီနေရာက သူ့ကို သက်တောင့်သက်သာ နေခွင့်ပေးထားလို့ပဲ”

 

ရုတ်တရက် အေးစက်သောအသံကြောင့် လူတိုင်းဟာ တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည်။ နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားကို မြင်သောအခါ သူတို့၏ နှလုံးသားများက  ခုန်ပေါက်သွားတော့သည်။

 

“လျိုလျို၊ သူကဘယ်သူလဲ”

 

ချူးကျန်းယောင်သည် ပြင်းထန်သော အန္တရာယ်ရှိသည့် ခံစားချက်ကြောင့် မသိစိတ်အရ အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။ လျိုလျို သည် ထိုကဲ့သို့သော အန္တရာယ်ရှိသောလူကို မည်ကဲ့သို့သိကျွမ်းခဲ့သည်ဆိုသည့် အချက်က သူ့ကို ချက်ချင်းအံ့သြစေပြီး သူ့မျက်နှာက  ဖြူဖပ်ဖြူလျော်ဖြစ်သွားစေသည်။ 

 

“သမီး...ဘယ်တုန်းကတွေ့ခဲ့တာလဲ။......ဒီလိုလူကို…”

 

“ဘာလဲ?” 

 

လီရန် ထိုသို့လျှောက်သွားလိုက်သည်။  

 

သူ့ခြေလှမ်းတွေက မမြန်ပေမယ့် ချူးကျန်းယောင် ကတော့သူ့ရဲ့ နှလုံးသားကို နင်းချေမိနေသလို ခံစားနေရပြီး ရင်ထဲမှာ မွန်းကျပ်လာခဲ့သည်။  ဝေဇီဟန် နှင့် ဝေ့ချွယ်ရင်း  တို့သည်လဲ ၎င်းတို့အပေါ် သို့ မမြင်နိုင်သော ဖိအားကြီး ကျရောက်လာတာကို ခံစားခဲ့ရသည်။

 

ဝေ့ချွယ်ရင်း၏ မျက်နှာဟာ ဖျော့တော့လာလေသည်။

အရာများစွာကို ကြုံတွေ့ခဲ့ရသည့် ဝေ့ မိသားစု၏ မျိုးဆက်သစ်များထဲတွင် အကြီးဆုံးဖြစ်သော ဝေ့ဇီဟန်က အကြောက်တရားကို ဖျောက်ဖျက်ရန် အတတ်နိုင်ဆုံး ကြိုးစား၍ ယဉ်ကျေးစွာ မေးလိုက်သည်။

“ဒီကလူကြီးမင်းက ဘယ်သူများလဲ” 

ဝေ့ဇီဟန် ပြောလိုက်သည့်အခိုက်တွင် ချူးကျန်းယောင် သည်လည်း စိတ်နဲ့ လူနဲ့ ပြန်ကပ်သွားပြီး သူ့မျက်နှာက ပိုလို့တောင် ပြာသွားလေသည်။ သူက ချူးလျို ကိုကြည့်ကာ လက်သီးများကို ဆုပ်ထားပြီး တုန်ရီနေသည့် ခန္ဓာကိုယ်ကို ထိန်းလိုက်သည်။ 

“လျိုလျို သူက သမီးရဲ့ရည်းစားလား။ ဦးလေး သဘောမတူဘူး…” 

“ငါတို့နှစ်ယောက်က ခင်ဗျားရဲ့သဘောတူချက်ကို လိုလို့လား” 

လီရန်သည် ချူးလျိုဆီသို့ လျှောက်လာပြီး ပြင်းထန်တဲ့ အရှိန်အဝါတစ်ခုက သူမကို လွှမ်းခြုံထားလိုက်ရင်း သူသည် သူမ နံဘေးတွင် ရပ်လိုက်သည်။

“အခုချိန်ကစပြီး သူ့ကိစ္စတွေကို ကျွန်တော် ဂရုစိုက်ပေးလိုက်ပါ့မယ်။ ခင်ဗျားတို့ အခုထွက်သွားလို့ရပြီ။”

“မင်း…” 

ချူးကျန်းယောင်သည် ရုတ်တရက် သူ့နှလုံးသားထဲတွင် ဒေါသတဟုန်ထိုး တက်လာသည်။ မျက်နှာကြီး နီရဲလျက် လည်ချောင်းသံကြီးဖြင့် သူ့ကို မကြောက်မလန့် အော်ငေါက်လိုက်တော့သည်။

“ငါ သဘောမတူနိုင်ပါဘူး။ လျိုလျိုက အရမ်းငယ်သေးတယ်။ သူ့မှာ ရည်းစားဘယ်လိုလုပ် ရှိရမှာလဲ... ရည်းစားလိုချင်ရင်တောင် အစွန်းအထင်းကင်းတဲ့ မိသားစုနောက်ခံရှိတဲ့သူနဲ့ပဲ ချိန်းတွေ့ရမယ်။” 

“အစွန်းအထင်းမရှိတဲ့ မိသားစုနောက်ခံတဲ့လား”

 

လီရန်က သူ့စကားနောက်က လိုက်ပြီးပြောလိုက်သည်။ သူ့ရဲ့ နှုတ်ခမ်းများက ရုတ်တရတ် အေးစက်သော အပြုံးတစ်ခုအဖြစ် ကော့တက်လာကာ

“အခု ခင်ဗျားနဲ့ပတ်သက်တဲ့ အရာအားလုံးကကော အညစ်အကြေးတွေ ကင်းစင်နေတယ်လို့များ ထင်နေတာလား”  

 

“မင်း…”

 

ထိုစကားကို ကြားသောအခါ ချူးကျန်းယောင် ၏ သူငယ်အိမ်တို့က အံ့ဩမှုဖြင့် တုန်လှုပ်သွားကြသည်။ သူက ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး ကြောက်စိတ်တွေကို ဖျောက်ဖျက်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ရသည်။

 

“မင်း ဘယ်သူလဲ?”

 

“ခင်ဗျား စော်ကားဖို့ မတတ်နိုင်လောက်တဲ့သူပေါ့” 

 

လီရန်က လွှမ်းမိုးလွန်းစွာ ပြောလိုက်ပြီးနောက် ချူးလျိုကို လက်ကောက်ဝတ်မှ ဆွဲကိုင်ကာ အိမ်ထဲသို့ ဆွဲခေါ်သွားလိုက်သည်။ လမ်းလျှောက်လာရင်း သူ့ဘေးနားက သက်တော်စောင့်တွေကို အမိန့်ပေးလိုက်သည်။

 

“ဧည့်သည်တွေကို ပြန်ပို့လိုက်” 

 

သက်တော်စောင့်တွေက သူတို့ သုံးယောက်ရဲ့ မြင်ကွင်းကို ချက်ချင်း ပိတ်ဆို့လိုက်ကြသည်။ 

 

“ကျေးဇူးပြုပြီး”

 

“မဟုတ်ဘူး…”

 

“ဦးလေး။”

 

ဝေ့ဇီဟန်က ချူးကျန်းယောင် ကို အလျင်အမြန် ဆွဲခေါ် လိုက်သည်။

 

“ကဲပါ ကျွန်တော်တို့ အရင်ထွက်သွားရအောင်” 

 

ပြင်းထန်သော အန္တရာယ်၏ လွှမ်းခြုံမှုမှ ကင်းဝေးရန် ဤနေရာမှ ချက်ချင်းထွက်ခွာရမည်ဟု မသိစိတ်က တိုက်တွန်းနေသည်။ ထို့ကြောင့် သူဟာ ချူးကျန်းယောင် အား အတင်းဆွဲထုတ်လိုက်သည်။

 

မိန်းမောတွေဝေနေသည့် ဝေ့ချွယ်ရင်းက  သူတို့နှစ်ဦး ထွက်သွားသည်ကို မြင်သည်နှင့်တပြိုင်နက် တစ်စုံတစ်ယောက်က သူမကို လိုက်နေသကဲ့သို့ သူတို့နောက်သို့သုတ်ခြေတင် ပြေးလိုက်သွားခဲ့သည်။ ဝေ့ဇီဟန်သည် ချူးကျန်းယောင်ကို ကားပေါ်သို့ ဆွဲမတင်ပြီးမချင်း မရပ်တန့်ရဲပေ။

 

“ဦးလေး၊ အဲ့ဒီလူက အရမ်းအန္တရာယ်များတဲ့ပုံပေါ်တယ်။ သူ့ဆီကနေ လူသတ်ချင်တဲ့ အရိပ်အငွေ့တွေကိုတောင် ခံစားခဲ့ရတယ်။”

 

“အဲဒါကြောင့် ငါ လျိုလျိုကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ခေါ်သွားချင်တာ”

 

ချူးကျန်းယောင် ဒေါသထွက်သွားသည်။

 

“အဲဒီလူက ဖြောင့်မတ်တဲ့လမ်းကို လျှောက်နေတဲ့သူတစ်ယောက် လုံးဝမဟုတ်ဘူး။ လျိုလျိုကို သူ့လက်ထဲမှာ ပျက်ဆီးအောင် ထားခဲ့လို့မဖြစ်ဘူး။”

 

“ဦးလေး!”

ဝေ့ဇီဟန်က မျက်မှောင်ကြုတ်ပြီး သူ့ကိုသတိပေးလိုက်သည်။

 

“အဲဒီလူက သူ့မျက်နှာကို ကျွန်တော်တို့ကိုတောင် ပေးမမြင်ဘူး။ အရေးကြီးတဲ့သူတစ်ယောက် ဖြစ်ရမယ်။ ဒီလောက်ပြင်းထန်တဲ့ ရောင်ဝါရှိတဲ့လူမျိုးကို တစ်ယောက်ပဲ မြင်ဖူးတယ်။”

 

ဒီအချက်ကိုတော့ သူချက်ချင်း ငြင်းဆိုလိုက်သည်။ 

“မဖြစ်နိုင်ဘူး။ အဲဒီလူက အတိအကျကိုပဲ လမ်းမလျှောက်နိုင်ဘူးလေ”

 

“အကိုကြီး။” 

ဝေ့ချွယ်ရင်းက သူပြောနေတာ ဘယ်သူလဲဆိုတာကို ခန့်မှန်းမိပြီး ရုတ်တရက် အသံထွက်လာသည်။

 

“အဲ့ဒီလူ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ လျိုလျိုက အဲဒီလူကို ဘယ်လိုသိကျွမ်းနိုင်ပါ့မလဲ”

 

ဝေ့ဇီဟန်လဲ ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားပြီး သူမကို အဖြေပြန်မပေးနိုင်ဘဲ ဝေ့ချွယ်ရင်းကိုသာ ကြည့်သာနေလိုက်သည်။ ယင်းအစား သူက ချူးကျန်းယောင်နှင့် ဆက်ပြောနေခဲ့သည်။

“ဦးလေး၊ အရင်ပြန်ပြီး ဒီကိစ္စကို အဖေနဲ့  တခြားသူတွေနဲ့အတူ ဆွေးနွေးကြရအောင်၊

အင်ပါယာထဲမှာ ငါတို့ ဝေ့ မိသားစုတောင် မစော်ကားဝံ့တဲ့ အရေးကြီးတဲ့ အဓိကမိသားစုတချို့ ရှိနေသေးတယ်။ တကယ်လို့ ဒီလူက ဒီလို မိသားစုက လာတယ်ဆိုရင် ငါတို့ သူ့ကို စော်ကားဖို့ တတ်နိုင်မှာ မဟုတ်ဘူး။”

 

ချူးကျန်းယောင်၏ အမူအရာက ပို၍ပင် ရုပ်ဆိုးသွားသော်လည်း သူဘာမှပြန်မပြောပေ။ ဝေ့ဇီဟန် က ကားတံခါးကိုဖွင့်ပြီး သူ့ကို တွန်းထည့်လိုက်ကာ ခြံဝင်းထဲမှ အမြန်ဆုံး ကားမောင်းထွက်သွားတော့သည်။

 

ခြံဝင်းထဲတွင်.....

 

လီရန်က ချူးလျိုကို ခြံဝင်းအတွင်းသို့ ဆွဲခေါ်လာခဲ့ပြီးနောက် သူမလက်ကို လွှတ်လိုက်ကာ နှာခေါင်းစည်းကို ချွတ်လိုက်သည်။ ချူးလျိုသည် အလင်းရောင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသော အရပ်ရှည်ရှည် လူကို မျက်လုံးများကို မှေးကျဉ်းပြီး မော့ကြည့်လိုက်သည်။ 

“ရှင် အခု ဘာလုပ်လိုက်တာလဲ”

သူမက တွေဝေစွာဖြင့် မေးလိုက်သည်။

 

လီရန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ဧည့်ခန်းထဲသို့ ဝင်မသွားမီ စက္ကန့်အနည်းငယ်ကြာအောင် သူမကို ငုံ့ကြည့်နေသော်လဲ သူမကို အဖြေပေးရန်တော့ ရည်ရွယ်ချက်မရှိပေ။

 

“ဟေး!” 

ချူးလျိုသည် သူ့နောက်သို့ လျင်မြန်စွာ ပြေးလွှား၍ အမီလိုက်လာသည်။

“ရှင် ကျွန်မကို အကူအညီပေးခဲ့တာ မဟုတ်ဘူးမို့လား” 

 

လီရန်က သူမကို အေးစက်စွာ စိုက်ကြည့်ပြီး အဖြေပေးလိုက်သည်။

“မဟုတ်ဘူး”

 

ချူးလျို : “…”

 

လီရန်တံခါးဆီသို့ လျှောက်သွားပြီး ချူးလျိုက သူ့နောက် လိုက်မလာကြောင်း အတည်ပြုလိုက်သည် ။

 

သူက ရပ်လိုက်ပြီး သူမကို အေးစက်စွာ စိုက်ကြည့်နေပြန်သည်။

 

ထိုအချိန်တွင် ချူးလျိုက သူ့ကို အမိဖမ်းပြီး မေးလိုက်သည်။

“ဒါဆို ရှင်ဘာလို့ လာတာလဲ”

 

“အကြောမှတ်တွေ လေ့လာဖို့”

 

“အယ်? ဒါပေမယ့် ကျွန်မ ဘာမှ မစားရသေးဘူး..”

 

ချူးလျိုက စကားပြောနေစဉ်ကတည်းက ဆာလောင်မှုကို အမှန်တကယ်ခံစားခဲ့ရတာဖြစ်ပြီး စားပွဲဆီသို့ အမြန်လျှောက်သွားခဲ့သည်။ နွေရာသီဆိုတော့ စားပွဲပေါ်က အစားအသောက်တွေက အေးစက်မနေသေးပေ။ သူမက စားပွဲဝိုင်းတွင် ဝင်ထိုင်ပြီး စားစရာတစ်ခုကို ကောက်ယူကာ စားလိုက်သည်။ ထို့နောက် လီရန်ကို မော့ကြည့်လိုက်သည်။

 

“ရှင် ကျွန်မနဲ့ အတူစားချင်လား”

 

လီရန်၏ နှုတ်ခမ်းများ တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားသော်လည်း သူ သူမဆီ လျှောက်သွားလိုက်သည်။

 

သက်တော်စောင့်တစ်ဦးသည် ချက်ချင်းပင် စားပွဲတင် ဇွန်း၊ ခရင်း၊ ဓါး တစ်စုံကို ယူဆောင်လာပေးသည်။ လီရန်က ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်တော့ ချူးလျိုက သူ့ကိုကြည့်ကာ မေးလိုက်သည်။

 

“ရှင် တစ်နေရာရာကနေ ပြန်လာတာလား”

 

“ဟုတ်တယ်။”

 

ချူးလျို ထပ်မေးလိုက်သည်။

“ခုနက ဦးလေးက ရှင့်ကို ကျွန်မရည်းစားလို့  အထင်မှားနေတာ ဘာလို့ မရှင်းပြတာလဲ”

လီရန်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒါက မင်းရဲ့ကိစ္စလေ။ ငါက ဘာလို့ရှင်းပြရမှာလဲ”

“…”

ချူးလျို အသက်ပြင်းပြင်းရှူကာ သူ့ကို အဆိပ်မခတ်မိစေရန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး စိတ်လျှော့ချလိုက်သည်။

သူ့စိတ်တွေက ဒေါသကြောင့် တုန်ခါနေပြီး မေးလိုက်သည်။ 

“ရှင် ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဒီလို ဖျက်ဆီးနေတာလား။ အနာဂတ်မှာ ရှင်က ကျွန်မနဲ့ အိမ်ထောင်ပြုနိုင်မှာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ်မလဲ”

နောက်ဆုံးတွင် လီရန်က အေးစက်နက်နဲသည့် အကြည့်ဖြင့် သူမကို မော့ကြည့်လိုက်သည်။

ချူးလျို က သူ စကား တစ်ခုခုပြောတော့မယ် ထင်သော်လည်း သူကတော့ ဆက်စားနေလေ၏။

 

ချူးလျို:  “…”

ထမင်းစားပြီးနောက် သူတို့ နှစ်ယောက်ဟာ ခြံဝင်းထဲတွင် မတ်တပ်ရပ်လိုက်သည်။

 

ချူးလျို က ပြောသည်။

“အဲဒီနေ့က၊ ရှင် တခြားသူတွေနဲ့ ရန်ဖြစ်တုန်းက အကြောမှတ်တွေကို နှိပ်လိုက်တာကလေ သိပ်ပြီးမတိကျသေးဘူးရယ်  ဒီနေ့ လေ့ကျင့်ကြရအောင်။”

လီရန် သူမကိုကြည့်ကာ ပွင့်ပွင့်လင်းလင်း ပြောသည်။

“မင်းငါ့ကို မရိုက်နိုင်ပါဘူး”

“…”

ချူးလျိုက သူမရဲ့ မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့်ကာပြောလိုက်သည်။

 

“ရှင့်ကို မရိုက်နိုင်ဘူးလို့ ဘယ်သူကပြောလဲ!”

လီရန် သူမ၏ သေးသွယ်သော ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်တာကြောင့် ချူးလျိုက သူ့ကို ကြိမ်းမောင်းလိုက်သည်။

 

“နောက်မှ ရှင့်ကို တိုက်ခိုက်တဲ့ အချိန်ကျရင် တစ်ဖက်လူရဲ့ အကြောမှတ်ကို မြန်မြန်နဲ့ အတိအကျ ဘယ်လို နှိပ်ရမလဲဆိုတာ ပြောပြမယ်… ကျွန်မ တစ်ကြိမ်ပဲ ပြောမယ်။ မမှတ်မိရင် ကျွန်မကို လာအပြစ်မတင်နဲ့။”

ထို့နောက် လီရန်ကို ပြန်ပြောရန် အခွင့်အရေးပင် မပေးတော့ဘဲ သူမက တိုက်ခိုက်လိုက်တော့သည်။

“စမယ်”

သူမက သူ့အာရုံကြောကို ထိမိတော့မည်ကို မြင်လိုက်ရသောအခါ လီရန်က သူ့ခန္ဓာကိုယ်ကို ရွှေ့ကာ အမြန်တုံ့ပြန်လိုက်သည်။

 

ချူးလျိုသည် ရုတ်တရက် မြေခွေးနှင့်တူသော အပြုံးကို ထုတ်ပြပြီး သူမရဲ့ ကိုယ်ဖော့စွမ်းရည်ကို အသုံးပြုလိုက်သည်။

သူမက ခြေချောင်းလေးများကို အသာအယာ လှုပ်ရှားလိုက်ပြီး သူ့နောက်သို့ အမြန်ခုန်ဆင်းကာ သူ့ရဲ့ အကြောမှတ်များကို နှိပ်လိုက်သည်။

သူမက လီရန်၏ လှုပ်ရှားနိုင်သည့် အပ်စိုက်မှတ်ကို ဖိနှိပ်လိုက်တာကြောင့် သူ မလှုပ်နိုင်တော့ပေ။

ချူးလျို က သူ့ဆီ တစ်လှမ်းချင်း လှမ်းလာပြီး ကိုယ့်ကိုယ်ကိုယ်ဘဝင်ခိုက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ရှင့်ကို  ကျွန်မက မတိုက်နိုင်ဘူးလို့ ရှင်ပြောခဲ့တယ်နော်။ မဟုတ်ဘူးလား။ အခုကကော ရှင်ဘာလို့ လှုပ်မရတော့တာလဲ ဟင်”

 

လီရန်က မျက်လုံးများကို မှေးကျဉ်းကာ သူမကို ကြည့်လိုက်သည်။ သူ မလှုပ်နိုင်သော်လည်း သူမကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

 

“ဒါကို ဘယ်လိုပြန်ဖျက်ရမလဲ ပြောပြ”

ချူးလျိုက သူ့ကို ဖုံးကွယ်မထားပေ။ 

“ရှင့်ရဲ့ အကြောဟမှတ်တွေကိုဖွင့်ဖို့အတွက် ရှင့်ရဲ့အတွင်းအားကို သုံးရမယ်။ ဒါပေမယ့် ရှင့်မှာ အတွင်းအား မရှိဘူး။”

“ငါ့ရဲ့ အတွင်းအားကို ဘယ်လိုလေ့ကျင့်ရမလဲ”

 

“ဒါက ရှင့်ကို ကျွန်မသင်ပေးရမယ့် ပညာရပ်ထဲမှာ မပါဘူးလေ”

“ငါ့ကို အတွင်းအားလေ့ကျင့်နည်းပြောပြလေ။ ငါ မင်းကို မင်းအဖေရဲ့မျိုးဆက်အကြောင်း ပြောပြမယ်။”

ချူးလျို ခဏလောက်စဉ်းစားပြီးနောက် ဒါက ကောင်းမွန်တဲ့ သဘောတူညီချက်လို့ ခံစားလိုက်ရတော့ သူမလည်း လက်ခံလိုက်သည်။

“ကောင်းပြီလေ”

သဘောတူညီချက်ရပြီးနောက် သူမက လီရန်ရဲ့ အကြောမှတ်များကို ပြန်ဖွင့်ပေးလိုက်သည်။

“အချိန်တန်ရင် အတွင်းအား ကျင့်ကြံနည်းကို ကျွန်မသင်ပေးမယ်။ အဲ့ဒီအတိုင်း အရင် လေ့ကျင့်ထားလို့ရတယ်”

 

“အင်း… ပြီးတော့ကော”

 

လီရန် စကားပြောပြီးသောအခါ ရုတ်တရက် ချူးလျိုကို အလျင်အမြန် တိုက်ခိုက်လိုက်သည်။

 

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၈ ။  ချူးလျို မင်းက အရူးပဲ

 

ဆယ်ကြိမ်ထက်မနည်း အလှည့်အပြောင်းတွေ လုပ်ကြည့်ပြီးနောက် လီရန်က သူ့ဆီကို ရောက်လာနိုင်တဲ့အရာကို မျှော်မှန်းတတ်နေပြီ ဖြစ်တာကြောင့် ချူးလျိုက သူ၏ အကြောမှတ်များကို လွယ်လွယ်ကူကူ မနှိပ်နိုင်တော့ပေ။

နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် နောက်ကွယ်ကနေ အပြန်ပြန် အလှန်လှန် ကြိမ်ဖန်များစွာ ထိတွေ့တိုက်ခိုက်နိုင်ရန် ကြိုးစားနေကြသည်။

လီရန်က ကျွမ်းကျင်ပြီး သန်မာလွန်းပေသည်။

တစ်နာရီကျော်ကြာပြီးနောက် ချူးလျို အနည်းငယ် မောပန်းလာပြီး ဇရပ်ထဲသို့ အမြန်ပြန်ဆုတ်သွားခဲ့သည်။

လီရန် က သူမလမ်းကို ပိတ်ဆို့တော့မည်ကို မြင်လိုက်ရသဖြင့် ချူးလျိုက ဇရပ်အစွန်းရှိ လက်ရန်းပေါ်သို့ ခုန်တက်လိုက်သည်။

သူမ ခုန်ချချင်သော်လည်း ခြေချရာတွင် ဂရုမစိုက်လိုက်မိသည့်အတွက် ခြေဖဝါးက ချော်ထွက်သွားကာ  ရေကန်ထဲသို့ ကျလုဆဲဆဲ ဖြစ်သွားလေ၏။

“အား…...”

 

ချူးလျိုလဲ မသိစိတ်ကြောင့် လွှတ်ခနဲ အသံထွက်အော်မိသွားသည်။

ထိုအချိန်တွင်ပင် လက်တစ်ဖက်က လျင်မြန်စွာ ဆန့်ထုတ်လိုက်ပြီး သူမ၏ခါးကို ပတ်ကာ သူမကို ပြန်ဆွဲခေါ်လိုက်သည်။

 

ချူးလျိုရဲ့ အမြင်အာရုံများက မှုန်ဝါးသွားကာ သူမကို ကျယ်ပြန့်သော ပွေ့ဖက်မှုထဲသို့ ဆွဲသွင်းလိုက်သလိုပင်။

 

အေးမြသော နံ့သာဖြူရနံ့သည် သူမ၏နှာခေါင်းဖျားသို့ လွင့်ပျံလာခဲ့သည်။ စက္ကန့်ပိုင်းတွင်း သူမဟာ ဆွဲလှည့်ခံလိုက်ရပြီး သူမကလည်း မော့ကြည့်လိုက်မိတော့သည်။

 

တိုက်ဆိုင်စွာပင် လီရန်သည်လည်း သူမကို ငုံ့ကြည့်နေသည်။ သူတို့ မျက်လုံးချင်းဆုံပြီးနောက် သူတို့ပတ်ဝန်းကျင်ရှိ လေထုဟာ ရပ်တန့်သွားတော့သည်။

ကျန်နေတာအားလုံးကတော့ သူတို့ရဲ့ နှလုံးခုန်သံသည်သာ။

ဒီအခိုက်အတန့်တွင် နေရောင်ခြည်က ချူးလျို၏ မျက်နှာပေါ်သို့ ကျရာက်လာပြီး တစ်နေ့တာအတွင်း အလှဆုံးအချိန်ဖြစ်နေသလိုပင်။ သူမ၏ မျက်လုံးရွဲကြီးများကတော့ နေရောင်ထက်ပင် ပို၍တောက်ပနေလေသည်။ သူမ၏ ဦးခေါင်းကို မော့ ထားသောကြောင့်၊ သူမ၏ နဖူးပေါ် ဝဲကျနေလေ့ရှိသော ဆံပင်စုလေးများက ဘေးသို့ ကွဲထက်သွားပြီး  ချောမွေ့သည့်နဖူးပြင်ကို ထင်ရှားလာစေသည်။ ကြောက်စိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုအချိန်မှာတော့ လိပ်ပြာတောင်ပံတွေလို တုန်လှုပ်နေတဲ့ သူမရဲ့မျက်တောင်လေးတွေက သူ့ နှလုံးသားကို ထိန်းမနိုင် သိမ်းမရ ဖြစ်အောင်ထိ လှုပ်ခါစေမိနေ၏။

လီရန်က သူမကို ပွေ့ဖက်ထားစဉ်တွင် အမျိုးအမည်မသိသော ရနံ့တစ်ခုက သူ့နှာခေါင်းဖျားသို့ ပျံ့လွင့်ရောက်ရှိလာလေသည်။ သူမ ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းတွေက အရင်ကထက် ပိုပြီး သိသာပေါ်လွင်လာတာကိုလည်း သူ ခံစားမိနေပြန်သည်။

သူ ရုတ်တရက် သူမကို လွှတ်လိုက်မိလေတော့သည်။ 

ချူးလျို ဟန်ချက်ပျက်သွားပြီး ခုံတန်းလျားပေါ်သို့ နောက်ပြန်ဆုတ်လိုက်ရသည်။ လီရန်က သူမကို အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

 

“မင်းက အရူးလား?”

 

“…”

 

ချူးလျို ကတော့ မျက်တောင်လေး ပေကလပ်ပေကလပ်ဖြင့် ကြည့်နေမိ၏။

 

နောက်ဆုံးတော့ သူမရဲ့ အသိစိတ်တွေ ပြန်လည်ရောက်ရှိလာလေပြီ။ သူမက သူ့ကို ရှုတည်တည်ဖြင့် ကြည့်နေလိုက်သည်။ ထိုစဥ် လီရန်က ဇရပ်ထဲမှ လှည့်ထွက်သွားတော့သည် ။

 

ချူးလျိုက ဒေါသတကြီး ထရပ်လိုက်ပြီး သူ့ကို အပြေးတားလိုက်သည်။

 

သူမက အကျယ်ကြီးအော်ပြောလိုက်သည်။

 

“ရှင်ကသာ အရူး!”

လီရန်က ဒေါသတွေနဲ့ တဖျပ်ဖျပ်တောက်ပနေတဲ့ သူမရဲ့ မျက်ဝန်းတွေကို ငုံ့ကြည့်လိုက်သည်။ သူက နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားပြီး စကားမပြောပေ။

ချူးလျိုက အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ပြီးနောက် အေးစက်နေသည့် သူမ၏ စိတ်နေသဘောထားမှသည် နူးညံ့သည့် သဘောထားသို့ ပြောင်းလဲသွားလေသည်။

 

“ဒီနေ့ လေ့ကျင့်မှုက ဒီမှာပဲ ပြီးပြီ”

 

ထို့နောက် သူမ တံခါးဆီသို့ ပြေးထွက်သွားသည်။

 

ခပ်သေးသေးပုံရိပ်ကလေး ပြေးသွားသည်ကို ကြည့်ပြီး လီရန်ရဲ့ နှုတ်ခမ်းများက မှေးမှိန်သော အပြုံးတစ်ပွင့်အဖြစ် ကွေးတက်သွားလေသည် ။

 

ချူးလျို ဒေါသထွက်နေသော်လည်း လီရန် လေ့လာဖို့အတွက် အတွင်းအား လေ့ကျင့်ရမည့် နည်းလမ်းများကို ရေးပေးနေတုံးပင်။ 

 

လီရန်အတွက် အတွင်းအား လေ့ကျင့်‌ရေး နည်းလမ်းများကို ရေးပေးပြီးသည်နှင့်တပြိုင်နက် သူမက ဂိမ်းစက်ကို ယူကာ ဂိမ်းကစားရန် ဇရပ်ထဲသို့ ပြေးသွားခဲ့လေသည်။

 

သူမအွန်လိုင်းပေါ်ရောက်သည်နှင့်တစ်ပြိုင်နက် သူမကို [ ငါက အရမ်းကိုမာနကြီးတယ်] က အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်လေသည်။

 

အသင်းမှာ အခြားလူ 3 ယောက်ရှိနေနှင့်ပါပြီ။ ၎င်းတို့သည် [ကောက်ညင်းဆန်စေးအရက်]၊ [အိမ်မက်သတ်သူ] နှင့် [မူးယစ်ရီဝေ] တို့ဖြစ်သည်။

 

ဤလူသုံးဦးက အဆင့် 95 အထက် (အမြင့်ဆုံးအဆင့် 100) မှာ ရှိနေသည်။

 

[ငါက အရမ်းကိုမာနကြီးတယ်]: “ပိုင်လင်း မနေ့က မင်းဘာလို့ ဒီလောက်မြန်မြန် လိုင်းဆင်းသွားရ တာလဲ။”

 

[ပိုင်လင်း]: “တစ်ခုခုရှိလို့”

 

[ငါက အရမ်းကိုမာနကြီးတယ်]: “မနေ့က မင်းထက်အဆင့်မြင့်တဲ့ ကစားသမားတွေ အများကြီးကို စိန်ခေါ်ရလောက်အောင်ထိ မင်းက သတ္တိတွေရှိနေတယ်။ မင်း အော့ဖ်လိုင်းဖြစ်သွားပြီးနောက်ပိုင်း အင်ပါယာဆာဗာတစ်ခုလုံး ပေါက်ကွဲသွားတာကိုရော သိလား။ “

 

[ပိုင်လင်း]: “ငါ တကယ် မသိဘူး။”

 

ထိုအချိန်မှာပဲ [ကောက်ညှင်းဆန်စေးအရက်] က

“မာနကြီး၊ မစ်ရှင်တစ်ခုလုပ်ဖို့ မင်းကို ငါတို့တောင်းဆိုခဲ့တာ မဟုတ်ဘူးလား။ မင်းရဲ့ ပင်မအကောင့်ကို ဖွင့်ဦး။ ငြိမ်းချမ်းတဲ့ ညမှာ ငါတို့ အုပ်စုဖွဲ့ တိုက်ခိုက်ပြီး မစ်ရှင်ကို ငါးနာရီအတွင်း ပြီးအောင် ကြိုးစားကြမယ်။”

 

ချူးလျိုက [ငါက အရမ်းကိုမာနကြီးတယ်]တွင် ပင်မအကောင့်ရှိရခြင်းအကြောင်း အံ့သြနေစဉ်မှာပင် [ငါက အရမ်းကိုမာနကြီးတယ်]က အော့ဖ်လိုင်းဖြစ်သွားသည့်အကြောင်းကို System က သူမအား အသိပေးလာခဲ့သည်။

 

ထို့နောက် Level 99 အဆင့်ရှိသည့် [အပူအပင်ကင်းတဲ့ခရီးသွား] သည် သူမတို့၏ အဖွဲ့သို့ ဝင်ရောက်လာခဲ့သည်။

 

ယခုအခါတွင်၊ အဆင့် 57 [ပိုင်လင်း]က အဖွဲ့အတွင်း ရောက်ရှိနေခြင်းသည် အထူးသဖြင့် သဟဇာတ မဖြစ်သလိုပင်။ သို့သော် ချူးလျိုကတော့ မည်သည့်ထူးဆန်းမှုမျိုးကိုမှ မခံစားနိုင်ခဲ့ပေ။

 

[မူးယစ်ရီဝေ] : “ငါတို့က ဘာလို့ လူသစ်တစ်ယောက်ကို ထပ်ထည့်ရမှာလဲ။ ဒီလိုဆိုရင် ငါတို့က လူသစ်တွေကို ဂရုစိုက်ရမှာပေါ့။”

 

[အိပ်မက်သတ်သူ] : “မူးယစ်ရီဝေ၊ ငါတို့မိန်းကလေးတွေနဲ့လည်း ခင်မင်ရမှာပဲ။ အချိန်တန်ရင် သူ့ကို အနောက်ဘက်ကနေ နို့ပေးစို့လိုက်ရုံပေါ့၊ ကျွန်တော်တို့အသင်းမှာ အဆင့်နိမ့်ကစားသမားတစ်ယောက် ရှိနေတာကလည်း ဘစ်ဘော့စ်ကြီးရဲ့ ကိုယ်ရံတော်တွေကို တိုက်ခိုက်ပေးနိုင်တာပဲလေ။”

 

ချူးလျိုက သူတို့စကားဝိုင်းကို ကြည့်နေချိန်မှာ သူမ နှုတ်ခမ်းတွေက မကျေမနပ် တွန့်ကွေးသွားသည်။

ထိုအချိန်မှာပဲ မစ်ရှင်စဖို့ အချိန်ရေတွက်ခြင်းက စခရင် ပေါ်တွင် ပေါ်လာသည်။

 

 

 

 

အချိန် လေးနာရီကျော် ဝန်းကျင်လောက်မှာပဲ မစ်ရှင်ပြီးဆုံးသွားပြီ။ မူလတက်ကြွနေတဲ့သူတွေကတော့ စကားစတွေရပ်သွားကြတော့သည်။

 

တကယ်တော့၊ ကွန်ပျူတာရဲ့ တစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့လူတွေက အရမ်းတုန်လှုပ်ပြီး ကျိန်ဆဲနေကြခြင်းဖြစ်သည်။

 

ထျန်ကျိယွင် (အပူအပင်ကင်းတဲ့ ခရီးသွား)က ပြောသည်။

“ချင်ဖုန်း (မူးယစ်ရီဝေ)က ပိုင်လင်းကို စော်ကားခဲ့တာကြောင့်ဖြစ်မယ်။ မဟုတ်ရင် သူ့ရဲ့ မယုံနိုင်လောက်စရာ အရည်အချင်းတွေနဲ့၊ အကျိုးခံစားခွင့်တွေကို ငါတို့ သုံးယောက်အတွက်ပဲ ပေးပြီး ချင်ဖုန်းကို ဘာလို့ ချန်ထားခဲ့တာလဲ။ ချင်ဖုန်းက ဘစ်ဘော့စ်ဆီက အသတ်ခံရလုနီးပါးပဲ”

 

ရှဲ့မင်ဟိုင် (ကောက်ညှင်းဆန်စေးအရက်)က မသိစိတ်မှ တံတွေးတစ်လုတ်ကို မျိုချလိုက်သည်။

“လောင်ထန်၊ မင်းက မှားတဲ့ အချက်ကိုပဲ အာရုံစိုက်နေတာမဟုတ်ဘူးလား။ အဆင့် ၉၅ အထက် ကစားသမားလေးယောက်က ဘာလို့များ နောက်ဆုံးထိ အဆင့် ၆၀ တောင် မပြည့်သေးတဲ့ ကစားသမားဆီကနေ အကာအကွယ် ခံခဲ့ကြရတာလဲဆိုတာကို မင်း တစ်ခါမှ မတွေးမိဖူးမလား”

“…”  

“…” 

“…”

 

အဆောင်ခန်းသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။

 

 

တခြားဘက်မှာတော့....

 

ချူးလျိုက သူမရဲ့ မစ်ရှင်ပြီးဆုံးပြီးနောက် အစား စားဖို့ လိုင်းပေါ်က ဆင်းသွားခဲ့သည်။ လီရန်က ထိုနေရာတွင် ရှိနေဆဲ ဖြစ်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

 

ထမင်းစား စားပွဲမှာ ထိုင်နေတဲ့ အေးစက်နေတဲ့ အမျိုးသားကို ကြည့်ပြီး သူမက အံ့သြစွာနဲ့ မေးလိုက်သည်။

“ဘာလို့ မသွားသေးတာလဲ”

 

လီရန်သည် သူမကို အေးစက်စွာ စိုက်ကြည့်ကာ ထမင်းစားရန် သူ၏ တူကို ကောက်ယူလိုက်သည်။ လေးထောင့်စားပွဲက ကြီးကြီးမားမားမဟုတ်သည့်အတွက် သူတို့နှစ်ယောက်ရဲ့ ထိုင်ရာနေရာတွေက သိပ် မဝေးလှပေ။ ချူးလျိုက သူ့ကို တစ်ချက်ကြည့်ပြီး နောက် ထမင်းစားလိုက်သည်။

 

သို့သော် သူမက အနည်းငယ်သာစားပြီး ရုတ်တရက် သူမ၏ တူများကို ပစ်ချလိုက်ကာ ကိုးရိုးကားယားအနေအထားဖြင့် ဗိုက်ကို အုပ်ကိုင်ထားလိုက်သည်။

 

လီရန်က သူမကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။

ချူးလျို၏ မျက်နှာသည် တစ်စုံတစ်ခုကို နာကျင်ခံစားနေရပြီး တဖြည်းဖြည်း နီရဲလာခဲ့သည်။ ရုတ်တရက် သူမ တစ်စုံတစ်ခုကို သတိရသွားသည်။ သူမရဲ့ ဓမ္မတာကာလအတွက် သူမဘာမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။

 

ပိုအရေးကြီးတာက သူမရဲ့ ဘောင်းဘီက ပေကျံနေလောက်ပြီဖြစ်ပြီး ဒီနေ့က အရောင်ဖျော့တဲ့ ဘောင်းဘီကို ၀တ်ထားတာပင်။ အရေးကြီးဆုံးကတော့ လီရန်က သူမဘေးမှာ ထိုင်နေသည်။ ဒါကိုတွေးပြီး သူမ အမူအရာက အကြိမ်ကြိမ် ပြောင်းလဲနေလေသည်။

လီရန်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

 

ချူးလျိုသည် ရှက်လွန်းသဖြင့် အသံကျယ်ကျယ်ပြောရန် မတတ်နိုင်တော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလေသည်။

“အင်း… အမ်း…”

 

လီရန်သည် တံခါးအပြင်ဘက်တွင် ရပ်နေသော အကူကို မခေါ်မီ သူမ၏အမူအရာကို ခဏတာ စောင့်ကြည့်နေခဲ့သည်။

“ဆရာဝန်သွားပြရအောင်”

 

သူက အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ ချူးလျို အလန့်တကြား ထရပ်လိုက်မိသည်။

 

“ဘာလို့ ဆရာဝန်ပြရမှာလဲ”

“မင်းဗိုက်နာနေတာ မဟုတ်ဘူးလား”

 

“…”

 

အိမ်တော်ထိန်းက ချူးလျို၏ အမူအယာကို လွှမ်းခြုံ၍ တစ်ချက်ကြည့်လိုက်ပြီးနောက် အကြောင်းရင်းကို ခန့်မှန်းနိုင်သွားသည်။ 

“သခင်မလေး ချူး၊ အဲဒီအချိန်ပဲ မဟုတ်လား။ မင်းအတွက် တစ်ခုခု ပြင်ဆင်ပေးဖို့ လိုသေးလား”

ချူးလျို တအံ့တဩဖြင့် မျက်လုံးပြူးကာကြည့်လိုက်သည်။ 

“ကျွန်မ ဘာလိုအပ်လဲ သိလို့လား”

ရုရှားတော်ဝင်ကောလိပ်မှ ဘွဲ့ရခဲ့သော ထိပ်တန်း အိမ်တော်ထိန်း တစ်ယောက်အနေဖြင့် သခင်မလေး အတွက် လိုအပ်သော ပစ္စည်းမျိုးစုံကို ပြင်ဆင်ထားရန် လိုအပ်သည်။

“သခင်မလေး ချူးက အမျိုးသမီး ထုတ်ကုန်တစ်ချို့ လိုအပ်နေတာပါ”

ချူးလျို က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ မြန်မြန်ဝယ်ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်။”

 

“ကောင်းပါပြီ။”

 

အိမ်တော်ထိန်းက အနားမှ ထွက်သွားသည်။

 

ချူးလျိုက သူမ၏ဗိုက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည့် လီရန်ကို ပြန်ကြည့်လိုက်သည်။

သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုအရိပ်အယောင်တို့ကို မြင်လိုက်ရပြီးနောက် သူမ အလွန်ရှက်ရွံ့သွားသည်။ 

“မြန်မြန်စား၊ စားပြီးရင် ပြန်လို့ရပြီ။”

လီရန် မျက်မှောင်ကြုတ်လိုက်သည်။

ဒီအသေးလေးက သူ့ကို မောင်းထုတ်နေတာလား။

ချူးလျို သူ့ကို ချက်ချင်း ထွက်သွားစေချင်သည်

မဟုတ်ရင် သူမ မတ်တပ်ထရပ်ပြီး အပေါ်ထပ်ကိုတက်ကာ ဘောင်းဘီကို ဘယ်လိုပြင်ဝတ်ရမှာလဲ။

ထို့ကြောင့် သူမက ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ စိတ်အားထက်သန်စွာဖြင့် သူ့ကို စိုက်ကြည့်နေမိသည်။

ထိုတောင့်တသော အကြည့်များက လီရန်၏မျက်နှာကို မည်းမှောင်သွားစေပြီး သူ့ခန္ဓာကိုယ်က အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာစေသည်။

 

သူ့ကို ဒီလောက် ပြောင်ပြောင်တင်းတင်း မောင်းထုတ်ဖို့ ဘယ်သူမှ မဝံ့ရဲခဲ့ကြဘူး။

ချူးလျိုကတော့ သူမနှင့် မျက်နှာချင်းဆိုင်က လူက ယခင်ကထက် အစားစားသည်မှာ နှေးကွေးနေတော့ ခဏအကြာတွင် “စားပြီးပြီလား” မမေးဘဲ မနေနိုင်တော့ပေ။

လီရန်က သူမကို ပြန်စိုက်ကြည့်လိုက်သည်။

 

“မပြီးသေးဘူး”

ချူးလျို နှုတ်ခမ်းစူလိုက်သည်။

သူမ ရုတ်တရက် ဤလူကို ဆွဲထုတ်ပစ်ဖို့ စိတ်အားထက်သန်လာသည်။

 

သူမ ဘာလုပ်သင့်လဲ။

လီရန်က သူမ၏ အမူအရာကိုကြည့်ကာ သူမ၏ ဗိုက်ပေါ်တွင် လက်တစ်ဖက်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သူသည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်လွှာချလိုက်သည်။

သူက နောက်ထပ် နှစ်လုတ် သုံးလုတ် စားပြီးတဲ့အခါ မတ်တပ်ထရပ်လိုက်သည်။

“မနက်ဖြန် မင်းကို‌ ခေါ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်”

ထို့နောက် သူထွက်သွားတော့သည်။

“ဟေ့ လီရန်…”

 

သူက ရပ်တန့်လိုက်ပြီး သူမကို ကြည့်လိုက်သည်။ သူမက ချစ်စရာကောင်းတဲ့ မျက်လုံးရွဲကြီးတွေကို မျက်တောင် တဖျပ်ဖျပ်ခတ်ပြီး မေးလိုက်သည်။

 

“မနက်ဖြန်အစား နောက်မှလာခဲ့လို့ရမလား”

လီရန်က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ရင်း သူမကို စိုက်ကြည့်နေသည်။

ချူးလျိုသည် သူကန့်ကွက်တော့မည်ဟု တွေးထားချိန်မှာ သူက ခေါင်းညိတ်ကာ ထွက်သွားခဲ့သည်။

ချူးလျိုသည် ထွက်သွားသောကျောပြင်ကို ကြည့်နေပြီး နောက်ဆုံးမှာတော့ ပြုံးလိုက်မိလေသည်။

ခြေသံများ ပျောက်ကွယ်သွားပြီးနောက် သူမက မတ်တပ်ထရပ်ကာ အပေါ်ထပ်သို့ ပြေးသွားခဲ့သည်။

လီရန်က ချက်ချင်း မထွက်သွားသေးပေ။ ခြံဝင်းထဲမှာ သူရပ်နေတဲ့အချိန် အိမ်တော်ထိန်းက လမ်းလျှောက်လာသည်။

“သခင်ကြီး “

လီရန် က သူ့နှုတ်ခမ်းတွေကို စက္ကန့်အနည်းငယ်လောက် တင်းတင်းကြပ်ကြပ် စေ့ထားရင်း မေးလိုက်သည်။

“သူ ဘာဖြစ်သွားတာလဲ” 

အိမ်တော်ထိန်းက ခဏလောက် အံ့အားသင့်သွားသည်။

 

သူက ဒီမေးခွန်းကို အဖြေမပေးခင်မှာ စက္ကန့်အနည်းငယ်လောက်အတွင်း စေ့စေ့စပ်စပ် စဉ်းစားနေခဲ့သည်။

“သခင်မလေးချူးက အမျိုးသမီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓမ္မတာကိစ္စ ဖြစ်နေတာပါ”

ဒီအချက်က လီရန်၏ အမူအရာကို လုံးဝပြောင်းလဲသွားစေခြင်းမရှိကြောင်း သူမြင်နေရသည်။

သူသိသလောက်ဆို ထို သခင်ငယ်လေးက ဓမ္မတာကာလအပိုင်းအခြားကို မသိလောက်တာကြောင့် သူက ထိုအကြောင်းကို နည်းနည်းလောက် ပိုပြီး ပြောပြခဲ့သည်။

လီရန်သည် ထိုစကားကို အေးစက်စက်အမူအယာကြီးဖြင့် နားထောင်ပြီး ခြံဝန်းထဲမှာ မထွက်ခွာမီတွင် အိမ်တော်ထိန်းကြီးကို ခြံပြင်မှ ထွက်ခွာသွားကာ မကျေမနပ်ဖြစ်ပြီး ထီမထင်သည့် အကြည့်နှင့်တောင် ကြည့်သွားလိုက်သေးသည်။

စားဖိုမှူးရဲ့ နှလုံးသား တုန်လှုပ်သွားပြီး သူ ထွက်သွားရာနောက်သို့ အလျင်အမြန် လိုက်သွားလေသည်။ သူက ချွေးစေးများကို တိတ်တခိုး သုတ်လိုက်ပြီး သူ့စိတ်ထဲတွင်တော့ ‘ဒါက ငါ့အတွက် အရမ်းခက်တာပဲ’ ဟု တွေးနေမိတော့သည်။

ချူးလျို ဘောင်းဘီပြောင်းဝတ်ကာ ဆင်းလာသည့်အချိန်တွင် လီရန်က ထွက်သွားပြီ ဖြစ်သည်။ သူမသည် သမုဒ္ဒရာမြို့တော်ရှိ အဖိုးတန်သော ဆေးပင် များနှင့် အဆိပ်များကို ရုတ်တရက် တွေးတောရင်း တစ်ယောက်ယောက်ကိုခေါ်ပြီး အလုပ်ပေးလိုက်သည်။

“သမုဒ္ဒရာမြို့က ဆေးပင်တွေနဲ့  ဆေးချက်ဖို့အိုးတွေကို ယူဖို့ ကူညီပေးပါ”

အနာဂတ်တွင် မြို့တော်မှာပဲ ကျောင်းတက်ရတော့မှာဆိုတော့ ဒီအရာတွေအားလုံးကို ရွှေ့ပြောင်းရမှာ သေချာသည်။

ညဘက်တွင် ချူးလျို သည် ဂိမ်းများကို ဆက်ကစားနေသည်။ မနေ့ညက အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့ပြီး အုပ်စုဖွဲ့စစ်ပွဲများသည် အခြားဂိုဏ်းကြီးများနှင့် နယ်မြေလုယူရန်ဖြစ်သည်။ သူမ အွန်လိုင်းပေါ်ရောက်သွားချိန်မှာတော့ သူမဟာ [အပူအပင်ကင်းတဲ့ ခရီးသွား] ရဲ့အဖွဲ့ထဲကို ဆွဲသွင်းခြင်း ခံလိုက်ရပါတော့သည်

[အပူအပင်ကင်းတဲ့ ခရီးသွား] က အတွေ့အကြုံအချို့ စုဆောင်းရန် [ပိုင်လင်း] ကို တောင်းဆိုခဲ့သည်။

[ပိုင်လင်း] သည် မည်သည့်ကန့်ကွက်မှုမျှ မရှိခဲ့ဘဲ သူတို့အဖွဲ့သို့ လိုက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် အခြားလူများက သူမအပေါ် နွေးထွေးလာကြတာကို သတိထားမိသည်။

ထိုအချိန်တွင် ချူးလျိုသည် ထိုလူများက အရင်ကထက်ပို၍ ရိုးသားကြသည်ကို သဘောပေါက်လိုက်ပြီး သူတို့အဖွဲ့နှင့် ပူးပေါင်းလိုက်သည်။

အဆင့် ၅၀ ကျော်လောက်သာရှိသော ကစားသမားတစ်ဦးက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခါနီးဆဲဆဲ ကစားသမားအနည်းငယ်၏နောက်တွင် လိုက်လျှောက်နေသည်ကို တွေ့သောအခါ လူတိုင်းထံမှ မှန်းဆချက်အမျိုးမျိုးနှင့် ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။

အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းက သုံးနာရီခန့်ကြာသည်။ ဆယ်နာရီခန့်တွင် အုပ်စုစစ်ပွဲပြီးဆုံးပြီးနောက်၊ [အပူအပင်ကင်းတဲ့ခရီးသွား]နှင့် အခြားသူများက လိုင်းပေါ်မှ ဆင်းသွားသည်။

ချူးလျိုသည် သူမ၏ ဂိမ်းဇာတ်ကောင်ကို အဖွဲ့ထဲမှ ထွက်ရန် လုပ်ဆောင်နေဆဲတွင် လှပစွာဝတ်ဆင်ထားပြီး အလွန်ချစ်စရာကောင်းသည့် အိမ်မွေး တိရစ္ဆာန်လေးပါရှိနေသည့် အဆင့် ၈၅ အမျိုးသမီးအကောင့် [ယန်လျို့ယီယီ] က သူမကို တားဆီးခံခဲ့ရသည်။

[ယန်လျို့ယီယီ] : “မင်းက ပိုင်လင်း လား။”

 

 

 

 

 

 

 

 

စာစဥ် ၈ ၊ အခန်း ၉ ။  မယုံရင် PK တိုက်လိုက်ကြစို့၊ မဟုတ်ရင် အရှုံးပေးလိုက်

 

[ပိုင်လင်း] : “ကိစ္စရှိလို့လား?”

[ယန်လျို့ယီယီ] က [ပိုင်လင်း] ကို ရန်လိုစွာဖြင့် ပြောလိုက်သည်။

“မနေ့က နင့်ထက်အဆင့်မြင့်တဲ့ ကစားသမားတွေ အများကြီးကို နင်အနိုင်ယူခဲ့တယ်လို့ ငါကြားတယ်။ နင်က အမျိုးသမီးအကောင့်ဖြစ်လို့ အဲ့ဒီလူတွေက နင့်ကို တမင်တကာ လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာလို့လဲ ငါ ထင်တယ်။”

ချူးလျိုက သူမ၏နှုတ်ခမ်းများကို ဖွဖွကိုက်ကာ ဤရယ်စရာကောင်းသော ကစားသမားကို ကြည့်လိုက်ပြီးနောက် မြန်မြန်ပဲ အကြောင်းပြန်လိုက်သည်။

[ပိုင်လင်း] : “နင် မယုံရင်လဲ PK လိုက်ကြရအောင်။ မပြိုင်ရဲရင် အရှုံးပဲ”

 

[ယန်လျို့ယီယီ] : “အဆင့် ၅၀ ကျော်လောက်လေးရှိတဲ့ ကစားသမားကများ ငါ့ကို ဘယ်လိုတောင် စိန်ခေါ်ရဲတာလဲ”

သတိပေးချက် : “ကစားသမား [ပိုင်လင်း] က [ယန်လျို့ယီယီ] ကို PK ဖို့ စိန်ခေါ်လိုက်သည်။

" လက်ခံမည်လား သို့မဟုတ် ငြင်းဆိုမည်လား “

မက်ဆေ့ချ်က အလွန်ကို ရိုးရှင်းပြီး စစ်မှန်လှသည်။

[ယန်လျို့ယီယီ] သည် ဤနေရာတွင် အလွန်ရေပန်းစားခဲ့သည်မှာ သိသာလှသည်။ သူမ [ပိုင်လင်း] ကို ရှာဖို့လာတဲ့အခါ လူတော်တော်များများက စောင့်ကြည့်ဖို့ ရောက်လာကြလေသည်။ [ပိုင်လင်း] က စိန်ခေါ်ချက်ထုတ်ပြီးတာနဲ့ ပတ်ဝန်းကျင်ကလူတွေ ချက်ချင်းစပြီး ဆွေးနွေးကြလေတော့သည်။

[ဝိုင်ကိုကြည့်နေတဲ့ အစ်ကို] : “ဒီ [ပိုင်လင်း] က အရူးပဲ။ သူက [ကျင်းလင်း ဂိုဏ်း] ဂိုဏ်းခေါင်းဆောင်ရဲ့ဇနီးကို စိန်ခေါ်ရဲတာလား။

[အပြစ်ချေရာမြေ] : “ [ယန်လျို့ယီယီ] နဲ့[ကျင်းလင်းဂိုဏ်း] ဂိုဏ်းခေါင်းဆောင်တို့က အပြင်မှာပါ စုံတွဲဖြစ်နေတာကို ဘယ်သူက မသိလို့လဲ။ [ယန်လျို့ယီယီ] ကို စော်ကားတာက [ကျင်းလင်းဂိုဏ်း] တစ်ခုလုံးကို စော်ကားတာနဲ့ တူတူပဲ။ “

[XX နင်က ဝက်]: “[ယန်လျို့ယီယီ] က [ပိုင်လင်း] ထက် အဆင့် ၂၀ ကျော်မြင့်တယ်။ [ပိုင်လင်း] က သေရမှာကို တော်တော်ကြိုက်နေတာလား”

[ယန်လျိုယီယီ] က [ပိုင်လင်း] ကို အလေးအနက်မထားဘဲ PK စိန်ခေါ်မှုကို တိုက်ရိုက်လက်ခံလိုက်သည်။

 

လူအုပ်ကြီးက [ပိုင်လင်း] ၏ ကံဆိုးမှုအတွက် စိတ်လှုပ်ရှားနေပြီး သူမ ဘယ်လို ဆိုးဆိုးရွားရွား ခံရမလဲဆိုတာကို ဆွေးနွေးနေကြဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင်ပဲ စနစ်သတိပေးချက် ထွက်ပေါ်လာသည်။

“[ယန်လျို့ယီယီ] ကိုအနိုင်ယူခဲ့သော ကစားသမား [ပိုင်လင်း] အား ဂုဏ်ပြုပါသည်။”

လူတိုင်း: “…”

[ယန်လျို့ယီယီ] သည် သူမက [ပိုင်လင်း] ကို အနိုင်ယူလိမ့်မည်ဟု ယူဆထားခဲ့သည်။ သူမက စကားလုံးအချို့နှင့် ဆက်လက် တိုက်ခိုက်နေခဲ့သည်။

[ယန်လျို့ယီယီ] : “ငါက နင့်ထက် အဆင့်အများကြီးမြင့်တာပဲဟာ။ နင်က ငါ့ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ။”

[ယန်လျို့ယီယီ] : “နင် လှည့်စားခဲ့တာပဲဖြစ်ရမယ်!”

[ယန်လျို့ယီယီ] : “မဖြစ်တော့ဘူး၊ ထပ်ပြိုင်ကြရအောင်!”

[ယန်လျို့ယီယီ] : “ငါ နင်နဲ့စကားပြောနေတာလေ၊ နင်က ဘယ်လိုတောင် ပြန်မပြောဘဲ နေရဲတာလဲ”

[ယန်လျို့ယီယီ] : “နင်က *ငါးဆာနူပဲ။ နင့်ကို ဂိမ်းထဲမှာ ကူညီပေးဖို့ ကျွမ်းကျင်သူကို အကူအညီတောင်းခဲ့တာမို့လား”

[T/n - ငါးဆာနူ *Chinese slang တစ်ခုဖြစ်ပြီး ပျင်းရိပြီး အသုံးမကျတဲ့သူဟု အဓိပ္ပါယ် ရပါတယ်။]

 

ချူးလျို သည် [ယန်လျို့ယီယီ] ၏ ထိတ်လန့်တကြားအော်သံများကို ကြည့်နေဖို့ စိတ်မ၀င်စားနိုင်ပေ။ သူမက ကျောပိုးအိတ်ကို သယ်ကာ ထွက်ခွာသွားခဲ့သည်။

 

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး] က သူမကို မက်ဆေ့ချ်ပို့တဲ့အခါ သူမရဲ့ ဂိမ်းဇာတ်ကောင်က မြို့ထဲကို ရောက်နေပြီဖြစ်သည်။

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး] : “အစ်မ ပိုင်၊ နင် ဒီည အုပ်စုတိုက်ပွဲမှာ ပါဝင်မှာလား။”

[ပိုင်လင်း] : “အင်း”

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး] : “အစ်မမှာ နောက်ထပ် ဘာအစီအစဉ်တွေ ရှိသေးလဲ။ မစ်ရှင်တစ်ခုလုပ်ဖို့ ကျွန်တော်တို့ အဖွဲ့ ဖွဲ့လိုက်ကြမလား”

ချူးလျို အဖြေပြန်ပေးကာနီးတွင် တစ်စုံတစ်ယောက်က တံခါး လာခေါက်လေသည်။ သူမက ဂိမ်းစက်ကို ချ၍ တံခါးကို ဖွင့်လိုက်သည်။ တံခါးခေါက်သူက ဤနေရာတွင် နေပေးရန် တာဝန်ချထားခံထားရသော လီရန်၏ ကိုယ်ရံတော်တစ်ဦးဖြစ်သည့် ကျန်းကျန် ဖြစ်သည်။ ကျန်းကျန်က သူမကို မေးလာသည်။

“သခင်မလေးချူး၊ အိမ်အနားမှာ လူတစ်စု ရှိနေတယ်။ သခင်မလေးအနေနဲ့ သူတို့ကိစ္စကို ကျွန်တော်တို့ကို ဖြေရှင်းစေချင်ပါလား”

“သူတို့ကို ဘယ်သူပို့လိုက်တာလဲ”

“ဝေ့မိသားစု”

ချူးလျို ခဏလောက် စဉ်းစားလိုက်၏။ သူမသည် ဝေ့မိသားစု နေထိုင်ရာသို့ ပြန်သွားပြီး ချူးတင်နှင့် ဝေ့ဝေ့တို့ ကို နောက်ဆုံးအကြိမ် ထိုးနှက်ရန် အစီအစဉ်ရှိနေသေးသည့်အတွက် ဝေ့မိသားစု၏ သံသယများကို နှိုးဆော်တာမျိုးတော့ မလုပ်သင့်ပေ။ ထို့ကြောင့် သူမက “မလိုပါဘူး” ဟုပြောလိုက်သည်။

ကျန်းကျန်သည် ထိုစကားကိုကြားပြီးနောက် ထွက်သွားလေသည်။ ချူးလျိုက တံခါးကိုပိတ်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ကိုကြည့်လိုက်သည်။ ဤနေရာမှနေ၍ အိမ်ရာ၏ အပြင်ဘက်လမ်းကို မြင်နိုင်သည်။ ရပ်ကွက်ဟောင်းရှိ လူများသည် စောစောအနားယူလေ့ ရှိကြသည်။ ဒီအချိန်ဆို လမ်းပေါ်မှာ လူတွေ၊ ကားတွေ သိပ်မရှိတော့ပေ

ပြတင်းပေါက်မပိတ်ခင်မှာ သူမဟာ အဲဒီလူတွေရဲ့တည်နေရာကို ဇာမဏီမှတစ်ဆင့် သိရှိနိုင်ခဲ့သည်။ သူမက ဂိမ်းစက်ကိုပြန်ယူပြီး ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်ခဲ့သည်။ မမျှော်လင့်ဘဲ ဖန်သားပြင်ပေါ်တွင် သူမကို [မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး] ကဲ့သို့သော ‘ပိတ်မိနေတာလား’ဟု မေးထားသည့် မေးခွန်းများစွာကို ပြသခဲ့သည်။

[ပိုင်လင်း]: “ငါ့မှာ ကိစ္စရှိနေလို့”

[နတ်ဆိုးနဂါးမြစ်ကိုဖြတ်ခြင်း]: “ဟူး၊ နင်က ငါ့ကို လန့်သေအောင်လုပ်နေတာပဲ”

[နတ်ဆိုးနဂါးမြစ်ကိုဖြတ်ခြင်း]: “အစ်မ ပိုင်၊ မစ်ရှင်တစ်ခုအတွက် ပူးပေါင်းလိုက်ကြရအောင်။ ငါတို့ ဘာလို့များ တစ်ညလုံး မနေနိုင်ရမှာလဲ”

[ပိုင်လင်း]: “ဟင့်အင်း။ ငါ ညဘက်ကျ အနားယူဖို့လိုတယ်။”

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး]: “ကောင်းပြီ… ဒါပေမယ့် အစ်မပိုင် နင်က မြို့တော်က လူနဲ့ မတူဘူး။ တစ်ရက်လောက် မြို့တော်ရဲ့ နာမည်ကြီး ရှေးဟောင်းနေရာတွေကို မင်းကို ဘာလို့ ခေါ်မသွားရမှာလဲ။

ချူးလျိုက သူမ၏ အစီအစဉ်များထဲမှ တစ်ခုဖြစ်သည့် အင်ပါယာတက္ကသိုလ်ကို သွားလည်ဖို့ အစီအစဉ်ကို ချက်ခြင်း သတိရသွားသည်။ ဒါနဲ့ သူမ မေးလိုက်သည်။

“နင်က အင်ပါယာတက္ကသိုလ်နဲ့ အကျွမ်းတဝင်ရှိလား”

[မြစ်ကိုဖြတ်ကျော်နေသော နတ်ဆိုးနဂါး]: 

“သိတာပေါ့။ ကျွန်တော့်အိမ်က အင်ပါယာတက္ကသိုလ် နဲ့ နီးတယ်လေ။ ကျွန်တော့်မှာ ဘာမှလုပ်စရာမရှိတဲ့အခါ အဲ့ဒီကို သွားတယ်”

[ပိုင်လင်း]: “ငါ အင်ပါယာတက္ကသိုလ်ကို သွားလည်ဖို့ စီစဉ်ထားတယ်။”

[နတ်ဆိုးနဂါးမြစ်ကိုဖြတ်ခြင်း]: “ငါ မင်းရဲ့လမ်းပြလုပ်ပေးမယ်လေ။ အင်ပါယာတက္ကသိုလ်မှာ အကျော်ကြားဆုံးသော နေရာတွေနဲ့ အထင်ကရနေရာတွေကို မဖြစ်မနေ ရောက်ရစေမယ်လို့ အာမခံတယ်”

ချူးလျို ခဏလောက် စဉ်းစားလိုက်သည်။ သူမရဲ့ ဓမ္မတာကာလကြောင့် နောက်နှစ်ရက်လောက်အထိ နည်းနည်းအဆင်မပြေဖြစ်နေတဲ့အတွက် သူမက ရက်ကို ချိန်ညှိ၍ ပြောလိုက်သည်။

“ကောင်းပြီ၊ ငါမင်းကို နှစ်ရက်အတွင်း ရှာလိုက်မယ်”

[နတ်ဆိုးနဂါးမြစ်ကိုဖြတ်ခြင်း]: “ကောင်းပြီ၊ ကောင်းပြီ။”

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်က နှစ်နာရီကြာ မစ်ရှင်တစ်ခုပြုလုပ်ရန်အတွက် ပူးပေါင်းခဲ့ကြသည်။ မစ်ရှင်ပြီးဆုံးပြီးနောက်၊ ချူးလျိုက လိုင်းပေါ်က ဆင်းပြီး အိပ်ပျော်သွားခဲ့သည်။

မနက် ၂နာရီ ၌.....

ချူးလျို ရုတ်တရက်နိုးလာသည်။

သူမ၏ လက်ကောက်ဝတ်ရှိ ဇာမဏီတံဆိပ်က  အနီရောင်တောက်လာပြီး တစ်ချိန်တည်းမှာပင် ဇာမဏီ၏ အသံသည်လည်း သူမ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

“သခင်မလေး၊ တစ်ယောက်ယောက်က အိမ်ထဲကို ဝင်ဖို့ ကြိုးစားနေတယ် “

ချူးလျို ထထိုင်လိုက်ပြီး အဝတ်အစားဝတ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားကြည့်လိုက်တော့ အပြင်ဘက်ရှိ စွမ်းအင်အတက်အကျကို သူမ လျင်မြန်စွာ ခံစားလိုက်ရသည်။

ဖီးနစ် : "ရောက်လာတဲ့သူက သရဲတစ္ဆေတွေကို ထိန်းချုပ်နိုင်တယ်။”

“ဟက်!”

ချူးလျို ရယ်မောလိုက်သည်။

“ဒီကမ္ဘာမှာ ဒီလိုအရာတွေကို ထိန်းချုပ်နိုင်တဲ့သူ တစ်ယောက်ယောက် ရှိနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ တစ်ချက်ကြည့်လိုက်ရအောင်။”

ထိုစကားကို ပြောပြီးနောက် ပြတင်းပေါက်ကို ဖွင့်ကာ ချက်ချင်း ခုန်ချလိုက်သည်။ ထိုလူက သူမကို စမ်းသပ်နေမှန်း သိသာသည်။ သူမ ထွက်လာတာကို မြင်တော့ အဲဒီလူက အမြန်ပြန်ဆုတ်သွားလေသည်။

ချူးလျိုက နေအိမ်အပြင်ဘက်တွင်  ခဏလောက်ရပ်နေစဉ် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။ သို့သော် ခဏအတွင်း ပြန်ပျောက်သွားပြီး ထိုလူရဲ့ စွမ်းအင်အတက်အကျကို သူမ နားမလည်နိုင်တော့ပေ။

ထိုအစား သူမဟာ တခြားအရာတစ်ခုကို ခံစားလိုက်ရတယ်။ သူမက ထောင့်တစ်နေရာသို့ လျှောက်သွားပြီး လက်သီးအရွယ် ကျောက်စိမ်းပုလင်းတစ်လုံးကို ကောက်ယူလိုက်သည်။ ချူးလျို ကျောက်စိမ်းပုလင်း၏ လည်ပင်းကိုကိုင်ကာ ကြည့်လိုက်သည်။ အထဲမှာ ရွှေရောင်သဲမှုန်လေးတွေ ရှိနေပုံရသည်။ သူမလက်ကို လှုပ်ခါလိုက်သည်နှင့် သဲများက စီးဆင်းသွားလေသည်။ ထိုအရာက တော်တော်လေး လှပနေသည်။

သို့သော်၊ ထိုအရာက ဘာလဲဆိုတာကို သိသူများအတွက်တော့ အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အရာရှိနေသည်ကို သိနိုင်ပေလိမ့်မည်။ ချူးလျို ထိုဟာလေးကို ခဏလောက်ကြည့်ပြီး ပြုံးလိုက်သည်။

“ဒါက တကယ်ကောင်းတဲ့ အရာပဲ။ မင်းက ဒီမှာ အဆိုးတွေကို စုဆောင်းပေးခဲ့ချင်ရင် မင်းမှာ အရည်အချင်း ရှိမရှိ ကြည့်ရအောင်။”

ထိုသို့ပြောပြီးနောက် ကျောက်စိမ်းပုလင်းကို အဝတ်အိတ်ထဲထည့်ကာ ဘေးဘက်သို့ အမြန်လျှောက်သွားခဲ့သည်။ အိမ်ရာဘေးက လမ်းသေးသေးလေးမှာ ဝေ့မိသားစုက လိုက်ပို့တဲ့လူတွေ အားလုံး ဝိုင်းအုံနေကြသည်။ ဒီလူတွေက စိုးရိမ်ထိတ်လန့်နေတဲ့ အမူအရာတွေ ရှိပြီး သူတို့ မလွတ်မြောက်နိုင်ကြပေ။

ချူးလျို လမ်းလျှောက်သွားပြီး လက်ကိုမြှောက်ကာ ဘေးနံရံပေါ်ကို စည်းချက်ညီညီ ခေါက်လိုက်သည်။ ထို့နောက် သူမက အံ့သြသောလေသံဖြင့် မေးလိုက်သည်။

“ရှင်တို့ ကျွန်မအိမ်နားမှာ ဘာလုပ်နေတာလဲ”

ချူးလျို ပြောပြီးတာနဲ့ မမြင်ရတဲ့ အတားအဆီးက ပျောက်ကွယ်သွားလေသည်။ ထိုလူများ၏ မျက်နှာပေါ်တွင်တော့ ထိတ်လန့်တကြား အမူအယာတွေ ရှိနေသေးသည်။ ချူးလျိုကို ဒီနေရာတွင် ရပ်နေတာ တွေ့လိုက်သည့်အခါမှာတော့ သူတို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာလေတော့သည်။

“သခင်မလေးချူး”

ချူးလျို ခေါင်းကို ငုံ့ကာ မကျေနပ်သည့် အမူအရာဖြင့် သူတို့ကို ကြည့်လိုက်သည်။

“အစကတည်းက ကျွန်မ ကောင်းကောင်းအိပ်မပျော်တာမဟုတ်ဘူး။ ရှင်တို့ ကျွန်မကို စောင့်ကြည့်ချင်နေရင်တော့ ရှင်တို့ရဲ့ အသံတွေကို လျှော့ထားသင့်တယ်။ မဟုတ်ရင်တော့ ရှင်တို့အားလုံးကို ဖမ်းပြီး ရိုက်နှက်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်။”

ဝေ့မိသားစု၏ သက်တော်စောင့်များ ကြားသောအခါတွင် သူတို့၏အမူအရာများက အကြိမ်ကြိမ်ပြောင်းလဲသွားတော့သည်။ သူတို့ထဲက တစ်ယောက်က ပြောလာသည်။

“သခင်မလေးချူး။ သခင်မလေး မှားနေပြီ။ ကျွန်တော်တို့က သခင်မလေးကို စောင့်ကြည့်ဖို့ ရှိနေတာ မဟုတ်ပါဘူး။ သခင်မလေးကို ကာကွယ်ဖို့ အတွက်ပါ”

“အိုး တကယ်ကြီး”

ချူးလျိုက သူတို့ရဲ့ ရှင်းပြချက်ကို လက်ခံလိုက်ပုံရသော်လည်း သူမက မပျော်မရွှင် ဖြစ်နေသေးသည်။

“ကျွန်မအတွက် အကာအကွယ် မလိုဘူး။ ပြန်သွားလိုက်ကြတော့။ နောက်ပြီး ကျွန်မရဲ့ ဦးလေးကိုလည်း ပြောပေးပါဦး။ ကျွန်မ ပြန်မလာဘူး။ ဒီမှာ နေရတာ အဆင်ပြေတယ်လို့”

ထိုစကားကို ပြောပြီးနောက် သူမက သူမနေထိုင်ရာ အိမ်၏ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ချူးလျို ထွက်သွားချိန်မှာ သက်တော်စောင့်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ခဏကြာတော့ တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ဒီနေ့ည အဖြစ်အပျက်ကို သခင့်ဆီ ဘာလို့ ပြန်မပြောပြရမှာလဲ”

စောစောက ကြောက်စရာကောင်းပြီး မမြင်ရတဲ့ အတားအဆီးကို တွေ့ကြုံပြီးနောက်မှာတော့ တခြားသူတွေက မဆိုင်းမတွ သဘောတူလိုက်ကြပြီး ပြန်သွားကြလေသည်။

သက်တော်စောင့်များ၏ အစီရင်ခံစာကို ကြားပြီးနောက် ဝေ့မိသားစု အကြီးအကဲများ မည်သို့တုံ့ပြန်ခဲ့သည်နှင့် ပတ်သက်၍တော့ ချူးလျိုက စိုးရိမ်နေမည် မဟုတ်ပေ။ နောက်နှစ်ရက်လောက်ထိ လီရန်သည်လည်း ရောက်မလာခဲ့ပေ။

ချူးလျိုကတော့  ဘယ်မှမသွားဘဲ အိမ်တွင်နေပြီး ဂိမ်းသာ ဆော့နေခဲ့လေသည်။ ဤနှစ်ရက်အတွင်း၊ [ပိုင်လင်း] သည် ဆာဗာရှိ ကစားသမားအားလုံးကြားတွင် “မကောင်းဆိုးဝါး” ဟူသော နာမည်ကို ရရှိခဲ့သည်။ သူမကို PK ဖူးသူတိုင်း နောင်တွင် သူမနှင့်တွေ့ပါက လမ်းလွှဲသွားမည်ဖြစ်ကြောင်း ကတိပြုပါလိမ့်မည်။ သေခြင်းတရားကို မကြောက်ဘဲ ရန်စလာသူတွေကိုတော့ [ပိုင်လင်း] က စမှတ်ကို ပြန်ပို့ပေးလိုက်သည်ပင်။ ချက်ခြင်းပင်၊ လူအများက [ပိုင်လင်း] က ငါးဆာနူဖြစ်သည်ဟု ခန့်မှန်းကြပြန်သည်။ ထျန်ကျိယွင်နှင့် အခြားသူများပင်လျှင် [ပိုင်လင်း]က အမျိုးသားတစ်ဦးမှ ဖန်တီးထားသော အမျိုးသမီးအကောင့်ဖြစ်ရမည်ဟု ခံစားမိနေကြသည်။

ရှဲ့မင်ဟိုင်ကပြောသည်။

“ငါတို့မစ်ရှင်အတူ လုပ်တဲ့အခါ သူ့ကို ဘာလို့အသံမဖွင့်ခိုင်းတာလဲ။ သူက ယောက်ျားလား၊ မိန်းမလား နားထောင်ကြည့်လို့ရတယ်။” 

ယွီလဲ့သဘောမတူ။

“ဒီလူက အသံပြောင်းစက်ကို ဖွင့်ထားရင်ကော ဘယ်လိုလုပ်မလဲ။ အဲ့လို စက်သံမျိုး မကြားချင်ဘူး။ မုန်းဖို့ကောင်းတယ်။”

ဒါဟာ ကွန်ပျူတာသိပ္ပံကို လေ့လာနေတဲ့ ယောက်ျားလေးတွေရဲ့ အကြီးမားဆုံး နာကျင်မှုတစ်ခုပင်။ သူတို့က ကွန်ပျူတာမှ ထွက်ပေါ်လာသော အသံများကို အလွယ်အတူ အာရုံခံစားနိုင်ကြသည်။ တစ်ကြိမ်ပဲ ကြားဖူးရင်တောင် ထိုအသံက တကယ့်လူဟုတ်မဟုတ် ခွဲခြားနိုင်နေလိမ့်မည်။

 

ထျန်ကျိယွင်သည် ယွီလဲ့နှင့်ပါ တိုင်ပင်ပြီးနောက် အသံဖွင့်မည့် အစီအစဉ်ကို ကန့်ကွက်ခဲ့သည်။

“အဲ့ဒါက အကြံကောင်းလို့ မထင်ဘူးနော် [ပိုင်လင်း] က စကားသိပ်မပြောဘူး။ အသံကိုဖွင့်ခိုင်းထားရင်တောင် သူက စကားပြောချင်မှပြောမှာလေ”

ရှဲ့မင်ဟိုင်ကတော့ လက်လျှော့ရန် ငြင်းဆန်ခဲ့သည်။ 

“ဒီလူက ဂိမ်းဆော့တာ အရမ်းအံ့သြစရာကောင်းတယ်။ သူ့ IDက ရုတ်တရက် ပြောင်းသွားပေမယ့် သူ့ ID ကို ရိုးရိုးရှင်းရှင်းလေး ဝှက်ထားတယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတယ်။ ငါတို့ ဘာလို့ တွေ့မကြည့်ရမှာလဲ”

“ငါတို့က ဘာလို့ သူ့ကိုတွေ့ရမှာလဲ။ ဟင့်အင်း စိတ်မဝင်စားဘူး”

ယွီလဲ့လည်း လုံးဝ စိတ်မဝင်စားပေ။ ရွှီချင်ဖုန်း ကလည်း ပြောလိုက်သည်။

“ငါ့ကိုပါ ထည့်တွက်လိုက်”

“ဟေး! ငါပြောမယ်… ‘စကြဝဠာ  အလင်းနှစ်တိုက်ပွဲ’ ပြိုင်ပွဲက အင်ပါယာမှာ စတော့မယ်။ အသင်းလိုက်ပြိုင်ပွဲမှာက အနည်းဆုံး လူခြောက်ဦး လိုတယ်။ [ပိုင်လင်း] က အရမ်းအထင်ကြီးစရာ ကောင်းတယ်လေ။ သူ့ကိုတွေ့ပြီး ငါတို့အသင်းဖော်ဖြစ်အောင် လုပ်နိုင်မလား ကြည့်ကြရအောင်။”

ထိုအချိန်တွင်တော့ ရှဲ့မင်ဟိုင်က ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ 

“ဒီ ကမ္ဘာ့ဖလားပြိုင်ပွဲက သုံးနှစ်မှ တစ်ခါပဲ ရှိတာ။ ငါတို့ရဲ့ အချိန်တွေကို သုံးနှစ်လောက် ပေးဆပ်ထားခဲ့ပြီးပြီ။ အဲ့ဒီ သစ္စာဖောက်ကောင်ကို လက်တုံ့ပြန်ဖို့ အချိန်ပဲ”

“အခုချိန်မှာတော့ ငါတို့က လူတစ်ယောက်ပဲလိုနေတာ။ ငါတို့မှာ အရံကစားသမား တစ်ယောက်ရှိပေမဲ့ သူက [ပိုင်လင်း] လို အစွမ်းထက်တဲ့ ပုံစံမဟုတ်ဘူးလေ”

ရှဲ့မင်ဟိုင်၏ စကားကြောင့် အခြားလူ ၃ ဦး နှုတ်ဆိတ်သွားခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်က ဖိုင်နယ်တွင် ပါဝင်ခဲ့ကြစဉ်က သူတို့သည် အခြားအသင်းဖော်များ၏ နောက်ကျောဓားထိုးတာကို ခံခဲ့ကြရသည်။ သူတို့က အင်ပါယာ၏ ပြိုင်ပွဲတွင် ပထမဆု ဆုဖလားကို ဆုံးရှုံးခဲ့ရရုံသာမက ထိုပုဂ္ဂိုလ်၏ အစီအစဉ်ကြောင့် သူတို့၏ ယခင်အကောင့်များကိုလည်း ပိတ်ပင်ခံခဲ့ရသည်။ ဤနာကျင်မှုသည် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း သူတို့သုံးယောက်၏ နှလုံးသားထဲတွင် ရှိနေခဲ့သည်။

ခဏအကြာတွင်တော့ ထျန်ကျိယွင်က ပြောလိုက်သည်။

“သူအွန်လိုင်းလာတဲ့အခါ သူ့ကိုမေးကြည့်ကြတာပေါ့”

 

 

 

စာစဥ် ၈ ၊ အခန်း ၁၀ ။  ချူးလျိုရဲ့ ပထမဆုံး စက်ဘီးစီးခြင်း

 

ချူးလျိုသည် နှစ်ရက်ကြာအောင် ဂိမ်းကိုသာ ကစားနေခဲ့ပြီး သုံးရက်မြောက်သောနေ့တွင် လီရန်က သူမကို လာမတွေ့သေးတာကြောင့် သူမက အင်ပါယာ တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်။

 

အင်ပါယာ တက္ကသိုလ် တံခါးဝသို့ ရောက်သောအခါ ဝမ်မင်ထောင်က  သူမကို စောင့်နေပြီဖြစ်သည်။ သူက ချူးလျို ကိုမြင်တာနဲ့ ပေါ်လွင်ထင်ရှားလှတဲ့ အနီရောင်ဆံပင်များနဲ့အတူ စိတ်အားထက်သန်စွာ လက်လှမ်းပြသည်။

 

“အစ်မ ပိုင်၊ ဒီမှာ”

 

ချူးလျို မတုံ့ပြန်နိုင်ခင်မှာပဲ ဖြတ်သွားတဲ့လူတွေက သူတို့နှစ်ယောက်ကို လှည့်ကြည့်လာကြသည်။ ချူးလျိုကို မြင်သည့်အခါမှာတော့ သူတို့ရဲ့ မျက်လုံးတွေကို မခွာနိုင်အောင် ဖြစ်သွားလေတော့သည်။

 

ချူးလျိုကတော့ ထိုလူတွေရဲ့ အကြည့်တွေကို ဂရုစိုက်မနေနိုင်ပေ။ သူမက ပြုံးပြနေသော ဝမ်မင်ထောင်ဆီသို့ လျှောက်သွားလိုက်သည်။

 

“ငါ့နာမည်က ချူးလျိုပါ”

 

သူမက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ အခု ဝမ်မင်ထောင်က ချူးလျိုကို ယုံကြည်ကိုးကွယ်သူနှင့် တူနေခဲ့သည်။ သူမစကားပြောလာသည်ကိုကြားသောအခါ ချက်ခြင်းပင် သူမကို သွားများပေါ်နေသည့် အပြုံးကြီးကြီးတစ်ခုကို ပေးလာပြီး ချက်ချင်းပင် အခေါ်အဝေါ်ကို ပြင်လိုက်သည်။

 

“အစ်မချူး”

 

ချူးလျို: “…”

 

သူမ မှားပြီး မှတ်မိနေတာသာ မဟုတ်ရင် သူမရှေ့က ဒီလူက  သူမထက် လအနည်းငယ်ပင် အသက်ကြီးသေးသည်။ ဝမ်မင်းထောင်က သူမအား စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။

 

“အစ်မချူး၊ ဘယ် ဌာနခွဲကို အရင်သွားချင်လဲ။ မင်းကို ခေါ်သွားပေးမယ်။”

 

ချူးလျို ယခင်က အင်ပါယာတက္ကသိုလ် အကြောင်း ဖတ်ခဲ့ဖူးသည်။ ဤနေရာသည် ဧက ခုနစ်ထောင်ကျော် ကျယ်ဝန်းပြီး ဌာနခွဲ ဆယ်ခုကျော်ရှိ၍ ၎င်းတို့၏ ဘွဲ့ကြိုသင်တန်းများတွင် အထူးပြုဘာသာရပ် ရှစ်ဆယ်မှ ကိုးဆယ်အထိရှိသည်။ အကယ်၍ သူမသည် ၎င်းတို့အားလုံးကို လည်ပတ်ရန် အမှန်တကယ် ပြီးဆုံးလိုပါက ရက်အနည်းငယ်လောက် ထပ်၍ အချိန်ယူရပေဦးမည်။ သူမက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

 

“သမိုင်းနဲ့ အင်ဂျင်နီယာကောလိပ်တွေကို ကြည့်ချင်တယ်”

 

ဝမ်မင်ထောင်က ချူးလျိုကို အံ့အားသင့်စွာ ကြည့်လိုက်တာကြောင့် ချူးလျိုသည် စိတ်ရှုပ်သွားသည်။

 

“ဘာလို့လဲ”

 

ဝမ်မင်ထောင် သူ့လက်ကို မြှောက်ပြီး ခေါင်းကုတ်လိုက်သည်။ သူက ရိုးရိုးသားသားပြောလိုက်သည်။

 

“မင်းတို့ မိန်းကလေးတွေက စီးပွားရေးနဲ့ ဘာသာစကားကို သဘောကျတာလို့ ထင်ခဲ့တာ။ မင်း အင်ဂျင်နီယာဘာသာရပ်ကို ကြိုက်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။”

 

“မှားတယ်။ အထူးပြုဘာသာရပ်တွေ အများကြီးကို ငါကြိုက်တာ။ ဒါပေမယ့် ဒီနေ့ ဒီဌာနနှစ်ခုကိုပဲ သွားကြည့်ဖို့ ရည်ရွယ်ထားတယ်။”

 

ဝမ်မင်ထောင်သည် ခဏတာမျှ တုန်လှုပ်သွားသည်။ ဂိမ်းထဲတွင် ချူးလျို၏ အင်အားကြီးမားလွန်းသည့် စွမ်းဆောင်ရည်ကို တွေးလိုက်မိသောအခါတွင် သူက ချက်ချင်းပင် သူမကို မော့ကြည့်လိုက်သည်။

 

“အစ်မချူးက မျှော်လင့်ထားသလိုပဲ။ အစ်မရဲ့ဂိမ်း ကစားပုံက အရမ်းအံ့သြစရာကောင်းပြီး အစ်မကြိုက်တဲ့ အထူးပြု ဘာသာရပ်တွေကလည်း သာမန်မိန်းကလေးတွေနဲ့ လုံးဝကို ကွဲပြားခြားနားတယ်”

 

ချူးလျိုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။

 

“ဟေး! အစ်မချူး ကျွန်တော့်ကိုစောင့်ပါဦး။”

 

ဝမ်မင်ထောင် က သူမနောက်ကို လိုက်လာသည်။

 

“အစ်မချူး။ အင်ပါယာတက္ကသိုလ်က အရမ်းကျယ်တယ်။ ကျွန်တော်တို့ စက်ဘီးစီးဖို့လိုတယ်”

 

ချူးလျိုသည် ဝမ်မင်ထောင်နှင့်အတူ စက်ဘီး ပါကင်သို့ လိုက်ပါသွားခဲ့သည်။ ဝမ်မင်ထောင်က အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်လိုက်ပြီး စက်ဘီးကို မတွန်းထုတ်မီ အာရုံခံကိရိယာပေါ်တွင် တင်လိုက်သည်။ ထို့နောက် နောက်ခုံကို ပုတ်လိုက်သည်။

 

“အစ်မချူး၊ တက်ပါ။ အစ်မကို ကျွန်တော် တင်နင်းပေးမယ်။”

 

ချူးလျို သည်မျက်လုံးများကို မှေးကျဉ်း၍ စက်ဘီးနောက်ခုံကို ကြည့်လိုက်သည်။ အဲ့ဒီနေရာမှာ ထိုင်ဖို့က သူမအတွက် အလွန် စိမ်းသက်နေသလိုမို့ သူမ လုံးဝမလှုပ်ပေ။ ဝမ်မင်ထောင် က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည် ။ ချူးလျို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။

 

“အဲဒါကို ဘယ်လိုထုတ်လိုက်တာလဲ” 

“အစ်မရဲ့ ကျောင်းဝင်ခွင့်ကတ်ကို စကင်န်ဖတ်ရမှာ”

 

“ဒါဆို ငါ့ကို စကင်န်ဖတ်ပေးဦး။”

 

“ဒါပေမယ့် ကတ်တစ်ကတ်က စက်ဘီးတစ်စီးအတွက်ပဲ စကင်န်ဖတ်လို့ရတယ်။”

 

“…”

 

နှစ်ယောက်သား မတ်တပ်ရပ်ကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် လက်ဆွဲအိတ်တစ်လုံးနှင့် အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က သူမတို့ရှိရာသို့ လမ်းလျှောက်လာသည်။ ကောင်လေးက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတဲ့ ကလေးနှစ်ယောက်ကို မသိစိတ်က တစ်ချက်ကြည့်လိုက်တယ်။

 

သူက ချူးလျိုကို စိုက်ကြည့်နေမိပြီးနောက် ဤမိန်းကလေးက တကယ်လှသည်ဟု တွေးလိုက်မိသည်။

 

ထို့နောက် နှစ်ယောက်သားကို ကွေ့ပတ်ကာ စက်ဘီးစီးရန်အတွက် သူ့ကျောင်းဝင်ခွင့်ကတ်ကို စကင်ဖတ်လိုက်သည်။ သို့သော် ၎င်းကို တွန်းထုတ်လိုက်သောအခါ ချူးလျိုက သူ့လမ်းကြောင်းကို ပိတ်ဆို့နေမှန်း သိလိုက်ရလေသည်။

 

“တဆိတ်လောက်…”

 

ချူးလျိုက သူ့နောက်မှာ ရပ်နေတဲ့ ကောင်လေးကို လှည့်ကြည့်လိုက်၏။ ကောင်လေးက သူမ ရပ်နေတဲ့နေရာကို ညွှန်ပြလာလေသည်။

 

“ညီမလေး၊ ကျေးဇူးပြုပြီး ဘေးကို ရွှေ့ပေးပါ။”

 

ချူးလျို ဘေးဘက်သို့ ရွှေ့လိုက်သည်။ ဝမ်မင်ထောင်က တစ်ချိန်တည်းမှာပဲ ပြောလိုက်သည်။

 

“အစ်မ ချူး၊ ကျွန်တော်တို့ တစ်စီးတည်း စီးရတာ အဆင်မပြေဘူးလား။ မင်းကို စက်ဘီးပေါ်မတင်နင်းနိုင်မှာကို စိုးရိမ်နေတာလား။”

 

“အဲ့ဒီမှာ မထိုင်ချင်တာ”

 

ချူးလျို မျက်နှာတည်တည်နဲ့ ပြောလိုက်သည်။

“စက်ဘီးကို ငါနင်းမယ်၊ နင်က နောက်ကထိုင်လိုက်ခဲ့လေ”

 

ဝမ်မင်ထောင် သည် ထိုစကားကိုကြားသောအခါ ရုတ်တရက် အသံထွက်လာသည်။

 

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အစ်မကို ဘယ်လိုလုပ်ပြီးတော့များ ကျွန်တော့်ကို တင်နင်းခိုင်းလို့ဖြစ်ပါ့မလဲ”

 

“ဘာလို့မဖြစ်ရမလဲ? ငါ နင့်ကို တင်မနင်းနိုင်မှာကို စိုးရိမ်နေတာလား။”

 

ချူးလျိုသည် မကျေမနပ်ဖြစ်သွားလေသည်။

သူမ အရင်က စက်ဘီးမစီးဖူးပေမယ့် သင်ယူရတာ လွယ်ကူမယ်လို့ ထင်သည်။ ဝမ်မင်ထောင်က စက်ဘီးကို ကြည့်ပြီး ချူးလျို ကို ပြန်ကြည့်သည်။ နောက်ဆုံးသူ့ကိုယ်သူပြန် ကြည့်လိုက်လေသည်။

 

“အစ်မကိုသာ နင်းခိုင်းလိုက်မိရင် ကျွန်တော့်ကို တခြားသူတွေ လှောင်ရယ်နေကြမှာ သေချာတယ်”

 

“နင်သာ တခြားလူတွေကို မကြည့်ရင် တခြားလူက နင့်ကို လှောင်နေမှန်း ဘယ်လိုသိမှာလဲ”

 

“ခွီး…”

 

သူ့စက်ဘီးသူ စီး၍ ထွက်သွားခါနီး ကောင်လေးက နောက်ဆုံးတော့ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူတို့နှစ်ယောက်က သူ့ကို တစ်ပြိုင်နက်တည်း ကြည့်နေတာကိုမြင်တော့ မေးလိုက်သည်။

 

“ဒီက ညီမလေး၊ တစ်ယောက်တည်း စက်ဘီးစီးချင်တာလား”

 

ချူးလျိုက လူကောင်းတစ်ယောက်လို နူးညံ့ချောမောသော ကောင်လေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ကောင်လေးက ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။

 

“ဘယ်သွားကြမှာလဲ”

 

“ကျွန်တော်တို့ သမိုင်းနဲ့ အင်ဂျင်နီယာဌာနကို သွားလေ့လာမှာ”

 

ဝမ်မင်ထောင် က ပြန်ဖြေသည်။ 

“တိုက်ဆိုင်လိုက်တာ။”

 

ကောင်လေး၏ အပြုံးသည် နက်နဲလာသည်။

 

“ကျွန်တော်လည်း အင်ဂျင်နီယာဌာနကို သွားမလို့။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ငါမင်းကို စက်ဘီးစကင်န်ကူဖတ်ပေးမယ်။ အတူတူသွားရအောင်။”

 

ကောင်လေးက စကားပြောပြီးတာနဲ့ အိတ်ကပ်ထဲက နောက်ထပ် ကတ်တစ်ခုကို ထုတ်ပြီး စက်ဘီးနားမှာစကင်ဖတ် ကြည့်လိုက်သည်။

“ မင်းမှာ တကယ်ကြီး ကျောင်းဝင်ခွင့်ကတ် နှစ်ခုရှိတယ်!”

 

ဝမ်မင်ထောင် အံ့သြသွားသည်။ ကောင်လေးက ရယ်လိုက်သည်။ သူက သူ့ကတ်ကို ဖယ်လိုက်ပြီး ပြောပြသည်။

 

“တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ငါ့မှာ ငါ့အခန်းဖော်ရဲ့ ကတ် ရှိနေတယ်”

 

ချူးလျို သူတို့နှစ်ယောက် စကားပြောနေစဉ် စက်ဘီးကို ထုတ်ယူလိုက်သည်။ ဝမ်မင်းထောင် နဲ့ ကောင်လေးက စက်ဘီးပေါ်တက်ပြီး သူမကို ကြည့်လိုက်သည်။

 

ချူးလျိုက နောက်ကလိုက်လာပြီး စက်ဘီးပေါ်တက်လိုက်သည်။ ဒါပေမယ့် ကောင်လေးနှစ်ယောက်က သူမကို အရင်စီးဖို့ စောင့်နေတာ သိသာနေပြီး သူတို့နောက်ကို လိုက်သွားနိုင်ပါသည်။ ချူးလျို က မစီးသေးတာကြောင့် သူတို့လည်း မစီးသေးပေ။

 

ချူးလျို သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

 

“နင်တို့ အရင်နင်းသွားလိုက်”

 

သူတို့စက်ဘီးနင်းကြပုံကို ကြည့်၍ သူမ အတုယူချင်မိသည်။ ဝမ်မင်ထောင်က အစကတည်းက တည့်တိုးသမားဖြစ်သည်။ ချူးလျို နင်းသွားဆိုတာနဲ့ သူက ချက်ချင်းပင် စက်ဘီးနင်းပြီး ထွက်သွားတော့သည်။ သူ့ကိုကြည့်၍ ချူးလျိုက စက်ဘီးကို မည်သို့နင်းရမည်ကို နားလည်လာသလိုပင်။

 

သူမသည် သူ့ကို အတုယူပြီး စက်ဘီးနင်းကာ ခြေချကြည့်သည်။ သို့သော် စက်ဘီးက မရွေ့မီမှာပင် ဘေးသို့ လဲကျသွားလေသည်။ သူမကို စောင့်နေတဲ့ ကောင်လေးက လန့်ဖျပ်သွားပြီး သူ့စက်ဘီးကို ထောက်ပင့်ပေးဖို့ သူ့စက်ဘီးဘေးကို အမြန်ပစ်ချလိုက်သည်။ ချူးလျိုက သူမကိုယ်သူမတော့ လဲကျမသွားအောင် ထိန်းထားခဲ့သည်။

 

စက်ဘီး ပြုတ်ကျတော့မည်ကို မြင်ကတည်းက သူမဟာ ခုန်ဆင်းသွားခဲ့ပြီး  သူမစက်ဘီးကို ဖမ်းထားပေးသည်။ ထို့နောက် သူမကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။

 

“မင်းက တကယ်ကို အခုန် ကောင်းတာပဲ”

 

ထိုကောင်လေး ဟာ ချူးလျိုရဲ့ ပုံစံကိုကြည့်ပြီးရုတ်တရက် မေးလိုက်သည်။

 

“မင်းစက်ဘီးမစီးတတ်ဘူးမို့လား?”

 

ချူးလျိုက သူမ၏ နှုတ်ခမ်းများကို မျဉ်းဖြောင့်ကဲ့သို့ ဆွဲဖိထားလိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် သူမသည် အနည်းငယ် ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

 

“ငါမစီးတတ်ဘူးလို့ ဘယ်သူပြောလဲ”

 

သူမ မလုပ်နိုင်တာ တစ်ခုမှမရှိပေ။ ထိုသို့ပြောပြီးနောက် ချူးလျိုက သူ့ထံမှ စက်ဘီးကိုပြန်ယူကာ စီးနင်းရန်အတွက် ဆက်လက်ကြိုးစားခဲ့သည်။ ချူးလျို၏ ထိုကဲ့သို့သော ပုံစံလေးဟာ ချစ်စရာကောင်းသည်ဟု ကောင်လေးက ခံစားမိသည်။ သူက စက်ဘီးနောက်ကျောကို အမြန်ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။

 

“ခဏနေဦး စက်ဘီးကို ဘယ်လို နင်းရမယ်ဆိုတာ ပြောပြမယ်။ စက်ဘီးနင်းမယ်ဆို၊ မင်းရဲ့ ခန္ဓာကိုယ်ကို အရင် balance ညီအောင် လုပ်ရမယ်..... ”

 

ခဏလောက် စကားပြောပြီးတဲ့အခါ ကောင်လေးက သူက စက်ဘီးစီးတာကို ဂိမ်းဆော့တာနဲ့ နှိုင်းယှဉ်ပြီး ပြောနေမိတာကို ရုတ်တရက် သတိထားမိသွားသည်။ သူ့ရှေ့က ကလေးမလေးက သေချာနားလည်နိုင်မှာ မဟုတ်တဲ့အတွက် တခြားနည်းနဲ့ ရှင်းပြဖို့ တွေးလိုက်သည်။ ချူးလျို သူ့ကို ခေါင်းညိတ်ပြသည်။

 

“ကောင်းပြီ၊ ရပြီ။”

 

ထိုသို့ပြောပြီးနောက် စက်ဘီးနင်းကာ စက်ဘီးကို နင်းကာ ထွက်လာခဲ့သည်။ ဟန်ချက်နှင့် အရှိန်က အလွန်တည်ငြိမ်ခဲ့သည်။

 

ကောင်လေး : “…”

 

ချူးလျိုက ခဏလေးအတွင်းမှာပဲ ဝမ်မင်ထောင်ကို မီသွားသည်။ ဝမ်မင်ထောင် က အံ့အားသင့်စွာ မေးလိုက်သည်။

 

“အစ်မချူး ဘာလို့ အခုမှ ဒီကို ရောက်လာတာလဲ”

 

သူမနောက်ကို လှမ်းကြည့်လိုက်ရာ ကောင်လေးကနောက်မှ လိုက်လာသည်ကို တွေ့လိုက်ရသည်။

 

သူမက အပြုံးလေးဖြင့် မေးလိုက်သည်။

“စီနီယာ၊ အစ်ကို့နာမည်နဲ့ အစ်ကိုတက်နေတဲ့ မေဂျာကို သိလို့ရမလား”

 

“စီနီယာ?” ကောင်လေးက စက်ဘီးစီးနေရင်းနဲ့ သူတို့ နှစ်ယောက်ကို ကြည့်ကာ အပြုံးနဲ့ ပြန်မေးလိုက်သည်။

 

“မင်းတို့ က အင်ပါယာတက္ကသိုလ် ကျောင်းသားတွေပဲလား”

 

ချူးလျိုက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

 

“မဟုတ်သေးဘူး၊ ဒါပေမယ့် မကြာခင်မှာတော့ ဖြစ်တော့မှာပါ”

 

ဝမ်မင်ထောင် ခေါင်းညိတ်လိုက်သည်။

 

“ဟုတ်တယ်။ ကောလိပ်ဝင်ခွင့် စာမေးပွဲ ရလဒ် ထွက်လာဖို့ပဲ လိုတော့တယ်။”

 

ကောင်လေးက ယုံကြည်မှုရှိတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး အပြုံးနဲ့ ဆိုလိုက်သည်။

 

“ဒါဆို မင်းတို့ရဲ့စီနီယာအနေနဲ့ အင်ပါယာ  တက္ကသိုလ်ကနေ ကြိုဆိုနေပါတယ်”

 

ထို့နောက် သူတို့နှစ်ယောက်ကို မိတ်ဆက်လိုက်သည်။

 

“ငါ့နာမည်က ထျန်ကျိယွင်။ ငါက အင်ဂျင်နီယာမေဂျာ အီလက်ထရွန်းနစ်နဲ့ ကွန်ပျူတာသိပ္ပံဌာနက စတုတ္ထနှစ် ကျောင်းသားပါ။”

 

ဝမ်မင်ထောင်သည် ထိုစကားကိုကြားလိုက်သောအခါတွင် သူသည် ချက်ချင်းပင် လေးစားအားကျသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

 

“ဒါဆို စီနီယာက ကွန်ပျူတာ သိပ္ပံကို လေ့လာနေတာပေါ့လေ။ ကျွန်တော့် အိပ်မက်ကလည်း ကွန်ပျူတာ သိပ္ပံကို လေ့လာဖို့ပါပဲ။ ကျွန်တော် အင်ပါယာတက္ကသိုလ်ကိုရောက်ရင် စီနီယာရဲ့ တိုက်ရိုက် အငယ်တန်းဂျူနီယာ ဖြစ်မှာပေါ့ ဟီးဟီး။”

 

ချူးလျိုသည် ဝမ်မင်းထောင်၏  အူကြောင်ကြောင်အကြည့်ကို မမြင်နိုင်တော့သဖြင့် သူတို့နှစ်ယောက်ကို လောလိုက်သည်။

 

“အချိန်ကုန်သက်သာအောင်လို့ မြန်မြန်သွားရမယ်”

 

“ကောင်းပြီ။”

 

သူတို့ သုံးယောက် ချက်ခြင်း အရှိန်ပိုမြန်လာကြသည်။

 

သူတို့က ၁၅ မိနစ် မပြည့်ခင်မှာပဲ အင်ဂျင်နီယာဌာနရဲ့ ဂိတ်ပေါက်ကို ရောက်လာကြသည်။ သုံးယောက်သား စက်ဘီးကို စက်ဘီးရပ်နားရန် သတ်မှတ်ထားသည့် နေရာတွင် ရပ်ကာ ဝင်သွားကြသည်။ စာသင်ချိန်စနေပြီမို့၊ လမ်းပေါ်မှာ လူတွေက သိပ်မရှိတော့ပေ။ စစ်မှန်သော တက္ကသိုလ်ကျောင်းသား ထျန်ကျိယွင်နှင့်အတူ ဝမ်မင်ထောင်သည် နောက်နားကခုံတွင် နေရာဝင်ယူလိုက်ကြသည်။

 

ချူးလျိုသည် မေးခွန်းအနည်းငယ်လောက် မေးနေခဲ့စဉ်တွင် ထျန်ကျိယွင်၏ ဖုန်းက မြည်လာခဲ့သည်။ သူက ဖုန်းကို မြန်မြန် ကိုင်လိုက်သည်။ တစ်ဖက်က လူက ဘာပြောသည်ဆိုတာကို မသိပေမဲ့ သူတို့ကတော့ သူ ပြန်ပြောလိုက်တာကိုတော့ ကြားလိုက်သည်။

 

“တကယ်လား။ ငါအဲ့ဒီကို လာခဲ့မယ်။ ငါ့ကို ထိုင်ခုံတစ်နေရာလောက် အရင်ရအောင် ဦးထားပေးဦး” 

 

ထိုသို့ပြောပြီးနောက်တွင် သူက ဖုန်းချသွားကာ ချူးလျို နှင့် အခြားသူများအား တောင်းပန်လိုက်သည်။

 

“တောင်းပန်ပါတယ်၊ ငါ အရမ်းအရေးကြီးတဲ့ လူထုဟောပြောပွဲကို သွားရမယ်။ မင်းတို့ အရင်ဆုံး လျှောက်ကြည့်ထားကြပေါ့”

 

ထို့နောက် သူ့ဖုန်းနံပါတ်ကို ပေးလာသည်။

 

“နှစ်နာရီအတွင်း ပြန်မထွက်သေးဘူးဆိုရင် ငါ့ကို ဖုန်းဆက်လိုက်။ နောက်ပိုင်းချိန်မှာ လုပ်စရာမရှိဘူးဆိုတော့ မင်းတို့ကို လိုက်ပြပေးလို့ရတယ်။”

 

ချူးလျိုက သူ့နံပါတ်ကို အမြန်ယူထားလိုက်သည်။ ဝမ်မင်ထောင်ကလည်း ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။

 

ချူးလျို ကို ဘယ်နာမည်ကြီးနေရာတွေကို ခေါ်ဆောင်ရမလဲ စဉ်းစားနေတုန်းမှာပဲ ချူးလျိုက မေးလိုက်သည်။

 

“လူထုဟောပြောပွဲတက်ဖို့ ရှင့် နောက်လိုက်လို့ရမလား”

 

ဝမ်မင်ထောင်က ချူးလျို ကို အလျင်အမြန် မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်သည်။ ချူးလျိုကတော့ မမြင်ချင်ယောင်ဆောင်ကာ ထျန်ကျိယွင်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ ထျန်ကျိယွင်က ချူးလျို၏ မျှော်လင့်တကြီး မျက်လုံးများအောက်တွင် ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့သည်။

 

“ကောင်းပြီ၊ ဒါပေမယ့် ငါက ဘွဲ့ရကျောင်းသားတွေအတွက် လူထုဟောပြောပွဲကို သွားမှာ။ မင်းတို့ နားလည်နိုင်ပါ့မလားတော့ မသိဘူး”

 

“အဆင်ပြေပါတယ်။ ငါတို့သွားနားထောင်ကြမယ်။”

 

ချူးလျို ပြောလိုက်တာနဲ့ ထျန်ကျိယွင် က တခြားဘာမှ မပြောတော့ဘဲ လူထုဟောပြောပွဲကို ခေါ်သွားလိုက်သည်။ လူထုဟောပြောပွဲကို လူတစ်ရာကျော်ဆံ့သော မာလ်တီမီဒီယာ စာသင်ခန်းကြီးတစ်ခုတွင် ကျင်းပခြင်းဖြစ်သည်။ ထိုနေရာတွင် လူတော်တော်များများ ရောက်နေပြီဖြစ်သည်။

 

ဟောပြောပွဲကို လာရောက်နားထောင်ကြတဲ့ ကျောင်းသားတွေ အားလုံးက စတုတ္ထနှစ် ကျောင်းသားတွေဖြစ်သည်။ ထန်ကျီယွင်သည် ချူးလျိုနှင့် ဝမ်မင်ထောင်တို့ကို ခေါ်လာသောအခါ မူလက ဆူညံနေသော စာသင်ခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

 

ရုတ်တရက် လှောင် ရယ်သံလေးတစ်ခုထွက်လာသည်။ 

“ခွီး..တချို့လူတွေက ဒါက သူငယ်တန်းလို့ ထင်နေကြတယ်။ ဒီလိုအရေးကြီးတဲ့ လူထုဟောပြောပွဲတစ်ခုမှာ ကလေးနှစ်ယောက်ကို အရူးလုပ်ဖို့ ခေါ်လာလိုက်သေးတာပဲ”

 

 

 

 

........

Zawgyi


 

စာစဥ္ ၈ ၊ အခန္း ၁ ။ ရွိုးပြဲေလးတစ္ပြဲ လာၾကည့္တာ အိမ္တစ္အိမ္ အလကားရသြားတယ္

 

ေနာက္၌ ေနေနသည့္ သက္လတ္ပိုင္းလူႀကီးသည္ သူ၏ သတိေမ့ေနေသာ အေဖာ္ကို သြားစစ္ၾကည့္လိုက္၏။ အဖိုးအိုကေတာ့ ေတာက္ေလာင္ေနသည့္ အၾကည့္တို႔ျဖင့္ ခ်ဴးလ်ိဳကို စိုက္ၾကည့္ေနသည္။

သူသည္ သူ႕မ်က္ႏွာေပၚက စိတ္လႈပ္ရွားမႈတို႔ကို ဖုံးကြယ္၍ မရခဲ့ေခ်။ “ဒီက သူငယ္ခ်င္းေလးက ဘယ္ဂိုဏ္းကေနလာတာလဲ ဒီဟာကိုေျဖရွင္းဖို႔ သမီး ဘာနည္းလမ္းကိုသုံးလိုက္တာလဲ “

ခ်ဴးလ်ိဳလဲ သေဘာထားေျပာင္းလဲသြားသည့္ ထိုလူအိုကိုအျမန္ၾကည့္လိုက္ကာ ခ်က္ခ်င္း ျပန္မေျဖခဲ့ေပ။ ထိုအစား သူမကပဲေမးလိုက္သည္။ ”ဒီအိမ္ထဲမွာ နတ္ဆိုး ေရာင္ဝါေတြရွိေနတယ္ အဖိုးအို ရွင္ဒါကိုဘယ္လိုနည္းလမ္းနဲ႕ ဖယ္ရမလဲ ဆိုတာကို သိသင့္တယ္ေနာ္”

သို႔ေသာ္လည္း ထိုအဖိုးကေတာ့ မွားယြင္းစြာေတြးႏွင့္ေလၿပီ။

သူထင္တာက ခ်ဴးလ်ိဳ ဘာကိုမွ ေျပာမျပတာဟာ သူမဂိုဏ္းမွာ စည္းကမ္းေတြရွိေနလို႔ဆိုၿပီးေတာ့ေပါ့ ။ ဒါေၾကာင့္လဲ သူဟာ သူမကိုထပ္မေမးေတာ့ဘဲ ေခါင္းသာညိတ္ျပလိုက္သည္။

“ဒီအိမ္ရဲ႕ အတြင္းပိုင္းက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကပဲ လက္ေဆာ့ထားတာ ခံထားရတယ္ေလ ေကာင္းခ်ီးေတြနဲ႕ ျပည့္ေနရမဲ့ေနရာက ဆိုးက်ိဳးေတြေပးတဲ့ေျမအျဖစ္ ကိုေျပာင္းလဲသြားတယ္ တိုက္တိုက္ဆိုင္ဆိုင္ကိုပဲ မမေလးဝူရဲ႕ ဂုဏ္ရည္က ယင္ ျဖစ္ေနတယ္ေလ အဲ့တာကပဲ ဆိုးက်ိဳးေပးတဲ့ ေရာင္ဝါေတြကို ေမြးျမဴဖို႔ အေကာင္းဆုံးေသာ ေသြးေၾကာျဖစ္ေနခဲ့တာေပါ့”

ထိုလူအိုႀကီး ပို၍ ေျပာလာေလေလ သူပို၍ပင္ ေၾကာက္လာေလေလ ျဖစ္လာေလသည္။ “ကံေကာင္းလို႔သာေပါ့ မင္းက သူ႕ကိုယ္ထဲကေန ဆိုးက်ိဳးရွိ တဲ့ ေရာင္ဝါကို ဖယ္နိုင္ေလာက္တဲ့ထိ စြမ္းေဆာင္ေနနိုင္လို႔သာပဲ မဟုတ္ရင္ေတာ့ ငါလဲ ဒီေန႕မွာ သူ႕အသက္ကိုသတ္လိုက္လို႔ တာဝန္ယူရေတာ့မလိုေတာင္ ျဖစ္ေနၿပီ” သူကထပ္ေျပာလိုက္သည္။ "သူငယ္ခ်င္းေလး မင္းနဲ႕ ငါက ေတာက္ဆရာ အဖြဲ႕ဝင္ေတြ ျဖစ္ေနမွေတာ့ ငါတို႔ေတြ တစ္ေနရာမွာ ထိုင္ၿပီး ဒီအေၾကာင္းကိုေဆြးေႏြးၾကရင္ မေကာင္းဘူးလား”

ဒီလူ ဒီကိုလာတာက အိမ္တစ္အိမ္ဝယ္ဖို႔ လာတာမွန္း ခ်ဴးလ်ိဳ သတိရသြားေလ၏။ ခုနေလးတင္ပဲ စစ္မွန္ေသာ အိမ္ၿခံေျမအက်ိဳးေဆာင္က လူေတြက သူမကို တစ္ေယာက္မွ အဖက္လုပ္ၿပီး ေျပာဆိုမေနၾကေတာ့ သူမကိုသာ တစ္ေယာက္ေယာက္က ကူညီရင္ ဒီေန႕ေတာ့ သူမအိမ္ဝယ္လို႔ရေတာ့မွာပဲေလ။

သူမလဲ ဒုကၡေရာက္ေနတဲ့ အသံေလးျဖင့္ တမင္တကာ ေျပာလိုက္သည္။

“ရိုးရိုးသားသားေျပာရရင္ေလ အဖိုး...”

 

“ငါ့ရဲ႕ မ်ိဳးရိုးနာမည္က က်င္းပါ  သမီးသာ ေခၚခ်င္ရင္ ငါ့ကို အဖိုးက်င္း ဆိုၿပီး ေခၚနိုင္ပါတယ္"

ခ်ဴးလ်ိဳလဲေခါင္းညိတ္လိုက္ရင္း

“ရိုးရိုးသားသားေျပာရရင္ေလ အဖိုးက်င္း သမီးမွာေနဖို႔ ေနရာမရွိေသးဘူးရယ္ သမီး အိမ္တစ္လုံးေလာက္ဝယ္ဖို႔ စီစဥ္ေနတာ”

“ဒီကိစၥက ေျဖရွင္းဖို႔ လြယ္ကူပါတယ္သူငယ္ခ်င္းေလးရဲ႕။

သမီးက ဘယ္လိုအိမ္မ်ိဳးကိုဝယ္ခ်င္တာလဲ  သမီးလို လူငယ္ေလးကတစ္ေယာက္တည္း  အိမ္ဝယ္ဖို႔ဆိုရင္အခက္အခဲေတြ ေတြ႕ေနရမွာေပါ့

ဒီအဖိုးက သမီးေလးအတြက္ ကူၿပီးစစ္ေပးရဦးမလား သမီးႀကိဳက္တဲ့ အိမ္အမ်ိဳးအစားကိုသမီးရေစရမယ္လို႔ အဖိုးအာမခံတယ္”

ခ်ဴးလ်ိဳကေတာ့ ဒါေပါ့ သူမလဲ လက္ခံလိုက္တယ္ေလ။ သူမေခါင္းညိတ္လိုက္ကာ ဒီအိမ္ကို လက္ညိုးထိုးျပလိုက္ၿပီး “ဒီအိမ္နဲ႕ ပုံစံတူတဲ့ ဘယ္အိမ္မဆို ရတယ္”

 

ခ်ဴးလ်ိဳ စကားေျပာၿပီးသည္ႏွင့္ သူတို႔ဆီေလွ်ာက္လာေနတဲ့ မစၥတာဝူက အျမန္ဝင္ေျပာလာသည္။ “ ဆရာမ ဆရာမသာ စိတ္မရွိဘူးဆို ကြၽန္ေတာ္ေလ ဒီအိမ္ႀကီးကို ဆရာမကိုေပးဖို႔ ဆႏၵရွိပါတယ္ “

ခ်ဴးလ်ိဳလဲ ရွိုးပြဲေလးတစ္ပြဲလာၾကည့္မိပါတယ္ အိမ္ပါအလကားရလိုက္မယ္လို႔ သူမလုံးဝေမွ်ာ္လင့္မထားခဲ့ပါေခ်။

မစၥတာဝူကလဲ သူ႕စကားကို ကတိတည္ကာ

ခ်က္ခ်င္းပင္ ခ်ဴးလ်ိဳဆီ ပိုင္ရွင္ လႊဲေျပာင္းစာ႐ြက္စာတမ္းေတြကို သယ္ခ်လာေလသည္။

ေထာင့္နားေလမွာ ေၾကာင္အ ရင္းပုန္းေနသည့္ အေရာင္းဝန္ထမ္းမန္ေနဂ်ာကလဲ တစ္ခုခုကို အနံ႕ခံမိလိုက္သည္ တူပါ၏။ သူဟာ အျမန္ပင္ ေျပးထြက္လာၿပီးေတာ့ “ကြၽန္ေတာ္က ဒီကိစၥမွာ ေတာ္ပါတယ္ ကြၽန္ေတာ္ ပိုင္ရွင္လႊဲေျပာင္းေပးမႈမွာ ကူညီေပးမယ္ေလ ဘယ္လိုသေဘာရလဲဗ်”

ထိုစကားကိုေျပာၿပီးေနာက္ သူသည္ သူ႕ကို ျငင္းလႊတ္လိုက္မည္ကို ေၾကာက္သြားတာေၾကာင့္ ထပ္တိုးေျပာလိုက္ေသးသည္။ “ဒီၿမိဳ႕ေတာ္မွာဆို အမည္လႊဲေျပာင္းေပးမႈ ျဖစ္စဥ္က အရမ္းကို ျပသာနာမ်ားတယ္ေလ ပရိုဖက္ရွင္နယ္ေတြသာ ဒီကိစၥကို မကိုင္တြယ္ဘူးဆိုရင္ ကြၽန္ေတာ္ ၾကာခ်ိန္ အနည္းဆုံးတစ္လ နဲ႕ပဲ ဒီကိစၥကို ေဆာင္႐ြက္ေပးပါ့မယ္”

မစၥတာ ဝူကေတာ့ ဂ႐ုစိုက္မေနေခ်။ သူသည္ ခ်ဴးလ်ိဳကိုၾကည့္ကာ “ဆရာမ ဆရာမ ဆုံးျဖတ္လို႔ရပါတယ္ေနာ္”

ဒါေပါ့ ခ်ဴးလ်ိဳလည္း လက္ခံလိုက္တာေပါ့။

သူမက ဒီလိုကိစၥမ်ိဳးေတြက သိမွမသိဘဲ ။

တစ္ေယာက္ေယာက္ အကူညီေပးခ်င္လို႔ေတာင္းဆိုေနတာကို သူမသာ ျငင္းဆိုလိုက္ရင္ သူမ ႐ူးမိုက္ရာက်သြားမွာေပါ့။

သူတို႔ႏွစ္ေယာက္စလုံးသေဘာတူလိုက္သည္ႏွင့္ မန္ေနဂ်ာကလဲ ခ်က္ခ်င္းပင္ တက္ႂကြလာကာ

“ေကာင္းၿပီ ဒါဆိုလဲ မစၥတာဝူနဲ႕ ဆရာမက ကိုယ့္ရဲ႕ အိမ္ေထာင္စုစာရင္းကို ကြၽန္ေတာ့္ကို ေပးပါ ဒီကိစၥျဖစ္စဥ္ေတြအားလုံးကို သုံးရက္ထဲနဲ႕ အၿပီးလုပ္ေပးပါမယ္လို႔ ကြၽန္ေတာ္ကတိေပးပါတယ္”

 

မစၥတာ ဝူလဲ ေခါင္းညိတ္လိုက္ၿပီး “ေကာင္းတာေပါ့ တိုက္တိုက္ဆိုင္ဆိုင္ပဲ ငါလဲ ဗီလာအသစ္တစ္လုံးကို ဝယ္ခ်င္ေနတာ မန္ေနဂ်ာႀကီး မင္းအဲ့တာကိုလဲ ေကာင္းေကာင္းေလး လုပ္ေပးပါဦးေနာ့္”

“ရတာေပါ့ ရတာေပါ့”

မန္ေနဂ်ာရဲ႕ တက္ႂကြမႈေရာင္ျခည္တန္းေတြကို ေျပာရမယ္ဆိုရင္ေတာ့ သူ႕ပါးစပ္ေတာင္ နား႐ြက္ကိုတက္ခ်ိတ္ ေနေလာက္တဲ့ထိပင္။

မစၥတာဝူကေတာ့ အိမ္ေထာင္စုစာရင္းကို သြားယူေနေပမဲ့ ခ်ဴးလ်ိဳကေတာ့ အခက္ေတြ႕ေနရေလၿပီ။

ထို႔ေနာက္သူမ သတိရလိုက္တာကေတာ့ သူမရဲ႕အိမ္ေထာင္စုစာရင္းက လီရန္ဆီမွာ ဆိုတာပါပဲ။

ထိုခ်ိန္၌ အျပင္ကေန အေဆာတလ်င္ ေျခသံေတြက ေရာက္ခ်လာေလၿပီ။ သူကေတာ့ ကားဒါရိုင္ဘာပင္။

ကားဒါရိုင္ဘာဟာ သူ႕လက္ထဲတြင္ဖုန္းကိုကိုင္လ်က္ သူအထဲကိုဝင္မလာေသးခင္ ခ်ဴးလ်ိဴကို သူေျပာလိုက္သည္။ “မမေလး ခ်ဴး ဆရာက မမေလးကို ေခၚေနတယ္”

ခ်ဴးလ်ိဳကေတာ့ ကားဒါရိုင္ဘာက လီရန္ကို “ဆရာ” လို႔ေခၚလိုက္လို႔ အနည္းငယ္ ထူးဆန္းသြားေလသည္။ သို႔ေသာ္လည္း သူ႕လက္ထဲကဖုန္းကို သူမယူလိုက္ကာ သူမနားေဘးနားမွာ ထားလိုက္သည္။

ရင္းႏွီးေနက် ေအးတိေအးစက္ အသံကေတာ့ သူမ နားေဘးနားကေန ထြက္လာသည္။ “မင္းကို ျပန္ေပးဆြဲၿပီး ေခၚလာဖို႔ လူတစ္ေယာက္ေယာက္ကို လြတ္လိုက္ဖို႔ ငါလိုေသးလား”

ခ်ဴးလ်ိဳကေတာ့ ႏွာမႈတ္လိုက္ေတာ့သည္။ “အဲ့ဒါကေတာ့ ရွင့္လူေတြ လုပ္နိုင္လား ဆိုတာေပၚမွာ မူတည္ေနတယ္ေလ”

ထို႔ေနာက္ သူမသည္ စီးပြားေရးကိစၥကို ေတြးမိလိုက္တာေၾကာင့္ ႏူးညံ့ညင္သာသည့္ အသံျဖင့္ “ကြၽန္မ အိမ္ေထာင္စုစာရင္းကိုသုံးခ်င္လို႔

ကြၽန္မကို ေပးဦး”

တူညီသည့္ ေအးတိေအးစက္ ႏွာမႈတ္သံကိုလဲ ဖုန္း၏ တျခားတစ္ဖက္ကေန ၾကားလိုက္ရပါ၏။

 

“. ..”

ခ်ဴးလ်ိဳကေတာ့ အသက္ျပင္းျပင္းတစ္ခ်က္ ရႉသြင္းလိုက္ၿပီး

တစ္ခဏအၾကာ၌ သူမေမးလိုက္သည္။ “ရွင္ဘာလိုခ်င္လဲ”

 

တျခားတစ္ဖက္ကေတာ့ျပန္မေျဖေခ်။

 

ခ်ဴးလ်ိဳ စိတ္မရွည္ ျဖစ္လာေတာ့မွ သူကေျပာလိုက္သည္။ ”ဒီကိစၥကို ခုေတာ့ ေခ်ာင္ထိုးထားလိုက္ၾကရေအာင္”

 

“အိမ္ေထာင္စုစာရင္းကေရာ?”

“အဲ့ဒီ အိမ္ကို နာမည္လႊဲေျပာင္းဖို႔အတြက္ စာ႐ြက္စာတမ္းကိစၥကိုလုပ္ဖို႔ ငါတစ္ေယာက္ေယာက္ကို လြတ္လိုက္မယ္”

“ဟမ္?”

“ခုေတာ့ ထ်န္လု လမ္းေကြ႕ကို လာခဲ့"

“ဟမ္?”

ခ်ဴးလ်ိဳ ေၾကာင္ေနတုံးမွာပဲ လီရန္ကေတာ့ ဖုန္းခ်လိဳက္ေလၿပီ။

ခ်ဴးလ်ိဳ အသိျပန္မဝင္လာခင္မွာပဲ သူမေဘးမွာရပ္ေနတဲ့ အေရာင္းမန္ေနဂ်ာက လက္ေတြကိုပြတ္ရင္း ေမးလာေလသည္။ “ဆရာမ ဆရာမရဲ႕ အိမ္ေထာင္စုစာရင္းကို ဘယ္အခ်ိန္ေလာက္ပို႔ျဖစ္မလဲဗ်”

ခ်ဴးလ်ိဳကလဲသူ႕ကို ၾကည့္လိုက္ကာ “အိမ္နာမည္လႊဲေျပာင္းဖို႔အတြက္ ကြၽန္မကို တစ္ေယာက္ေယာက္က ကူညီေပးလိမ့္မယ္ ရွင့္ကိုရွင္ ဒုကၡေပးဖို႔ မလိုဘူး”

အေရာင္းမန္ေနဂ်ာ၏ အၿပဳံးကေတာ့ ေတာင့္ခဲသြားေခ်ၿပီ။

သူ႕ႏွလုံးသားထဲမွာေတာ့ ငိုလုနီးပါးေတာင္ ျဖစ္ေန၏။

သူက အျမန္ ျပန္ေျပာလိုက္သည္။ ”အဲ့ဒါက ဒုကၡမေပးပါဘူးဗ် လုံးဝကို ကြၽန္ေတာ့္ကို ဒုကၡမေပးပါဘူးေနာ္ ဆရာမ နင္....”

မန္ေနဂ်ာစကား ဆုံးေအာင္ထိေတာင္ မေျပာလိုက္ရခင္ သူ႕ဖုန္းကျမည္လာ၏။ သူလည္း ဖုန္းကိုထုတ္ကာ ဖုန္းခ်ၿပီး ခ်ဴးလ်ိဳကို ေျပာဆိုဖို႔ စိတ္ကူးလိုက္ေပမဲ့ သူ႕ကို ဥကၠ႒ကိုယ္တိုင္ ဖုန္းဆက္လာတာကို သူျမင္လိုက္ရသည့္အခါ သူသည္ ခ်ဴးလ်ိဳကို အျမန္ေျပာလိုက္သည္။ "ဆရာမ ဒီမွာခဏေလာက္ ေစာင့္ေပးပါေနာ္ ကြၽန္ေတာ္ ဒီဖုန္းေလး ေျပာလိုက္ပါဦးမယ္ဗ်”

ထို႔ေနာက္ သူသည္ ဖုန္းျပန္ေျဖထြက္သြားေလသည္။ေဘးမွာရပ္ေနသည့္ အဖိုးက်င္းကလဲ ေနာက္ဆုံးတြင္ေတာ့ စကားေျပာဖို႔ အခြင့္အေရး ရသြားေခ်ၿပီ။ သူက ေမးလိုက္သည္။ “အဖိုး သမီးရဲ႕ နာမည္ကို ခုထိ မသိရေသးဘူး ေနာ္ သူငယ္ခ်င္းေလး “

“သမီးနာမည္က ခ်ဴးလ်ိဳပါ”

“သခင္မေလးခ်ဴး ငါ့ရဲ႕ သူငယ္ခ်င္းေလး သမီးမွာ အသက္ငယ္ငယ္ေလးနဲ႕ ဒီလို ပါရမီေကာင္းေတြရွိေနတာပဲ လူငယ္ေတြကေတာ့ လူႀကီးေတြကို

အခ်ိန္ခဏေလးနဲ႕ ျဖတ္ေက်ာ္သြားေတာ့မွာပဲ သမီး သာစိတ္မရွိရင္ အနာဂတ္မွာ သမီးတစ္ခုခုလိုလာခဲ့သည္ရွိေသာ္ အဖိုးကိုအခ်ိန္မေ႐ြး လာရွာလို႔ရတယ္ “

ထို႔ေနာက္ သူသည္ သူ၏ နာမည္ကတ္ကို ထုတ္လိုက္ကာ ၾကင္နာေဖာ္ေ႐ြေသာ အၿပဳံးေလးျဖင့္ သူမကို ေပးလိုက္သည္။

“ငါ့ရဲ႕ သူငယ္ခ်င္းေလး ဒါက ငါ့ရဲ႕ နာမည္ကတ္ပါ

ငါတို႔တစ္ေယာက္နဲ႕တစ္ေယာက္ ဆက္သြယ္ဖို႔ သမီးရဲ႕ ဖုန္းနံပါတ္ေလးမ်ား ရနိုင္မလား ေနာင္ သမီးမွာ အခ်ိန္ရွိလာရင္ အဖိုးတို႔ေတြ ဒီအေၾကာင္းေတြကို အတူတူ ေဆြးေႏြးၾကတာေပါ့”

ခ်ဴးလ်ိဳလဲ ထိုကတ္ကိုယူလိုက္သည္။ ကတ္ေပၚတြင္ နာမည္ “က်င္းေဟြ႕”

ရယ္ ၊ သူ႕ရဲ႕ဂုဏ္ပုဒ္ “ စိတ္ပညာ လူမႈအသိုင္းအဝိုင္း၏ ေခါင္းေဆာင္”

နဲ႕ သူ႕ဖုန္းနံပါတ္တို႔ကို ေရးသားထားသည္။

ခ်ဴးလ်ိဳဖုန္းကို ေဝ့ေဝ့က ယူထားတာေၾကာင့္ သူမလဲ “ သမီးမွာ ဖုန္းမရွိဘူး သမီးအားရင္ အဖိုးကို ဆက္သြယ္လိုက္ပါမယ္”

ထို႔ေနာက္ သူမလဲသူမအိတ္ကတ္ထဲသို႔ နာမည္ကတ္ကို ထည့္ထားလိုက္ေလသည္။ ထို႔ေနာက္တြင္ အေရာင္းမန္ေနဂ်ာကလဲ ျပန္ေရာက္လာၿပီး ခ်ဴးလ်ိဳကို စူပါ သူ႒ေးအႀကီးစားႀကီးလို ၾကည့္ေနေလ၏။

“ဆရာမ ကြၽန္ေတာ္တို႔ရဲ႕ ဥကၠ႒ကစာ႐ြက္စာတမ္း ကိစၥမွာ ဆရာမကို ပုဂၢိဳလ္ေရးအရ သီးသန့္ ကူညီေပးမယ္လို႔ေျပာပါတယ္၊ နာမည္လႊဲေျပာင္းမႈ စာ႐ြက္စာတမ္းေတြက ဒီေန႕မွာပဲ ၿပီးသြားပါလိမ့္မယ္”

ခ်ဴးလ်ိဳကေတာ့ ဒါဟာ လီရန္ရဲ႕ စီစဥ္မႈဆိုတာကို ေတြးၾကည့္ဖို႔ေတာင္ မလိုပါေခ်။ သူမလည္း ေခါင္းညိတ္ျပလိုက္သည္။

ထိုခ်ိန္၌ ေဘးနားမွာရပ္ေနသည့္ ဒါရိုင္ဘာက သူမကိုစိတ္ညစ္စြာျဖင့္ သတိေပးရျပန္သည္။ “ မမေလးခ်ဴး ကြၽန္ေတာ္တို႔ သြားသင့္ၿပီ မဟုတ္ဘူးလားဟင္”

ခ်ဴးလ်ိဳလဲ လီရန္က သူမကို ထ်န္လုလမ္းေကြ႕ကိုလာခိုင္းေစခ်င္ေနတာကို ျပန္သတိရသြားၿပီး အနည္းငယ္ သိခ်င္စိတ္ျပင္းျပသြားျပန္၏။

သူမက အဖိုးက်င္းကို ေျပာလိုက္သည္။ “သမီး သြားစရာေနရာေလးတစ္ခုရွိေနေသးလို႔ သမီးအရင္သြားလိုက္ပါဦးမယ္ေနာ္”

ထိုခ်ိန္၌ သူဟာ တစ္ခုခုကိုေတြးမိသြားၿပီး “မစၥတာဝူက သမီးကို ဒီအိမ္ေပးလိုက္ၿပီဆိုေတာ့ ဒီအိမ္က မေကာင္းဆိုးဝါးအရွိန္အဝါေတြကို ဖယ္ရွားဖို႔ သမီးအသင့္ျဖစ္တဲ့အခ်ိန္ကို အဖိုးကိုေျပာျပရမယ္ေနာ္”

သူသည္ ခ်ဴးလ်ိဳ ဒီမေကာင္းဆိုးဝါးေရာင္ဝါေတြကို ဘယ္လိုရွင္း ပစ္မလဲဆိုတာကို ၾကည့္ခ်င္ေနပါ၏။

ခ်ဴးလ်ိဳလဲ ျငင္းဆိုစရာမရွိေပ။ မစၥတာဝူ အျပင္ထြက္လာသည့္အခါ

သူမ ေတြးလိုက္တာကေတာ့ ဒီလူက သူမကို ဒီအိမ္ႀကီး ေပးၿပီး သူမရဲ႕ အေဆာတလ်င္ လိုအပ္ေနတာကို ျဖည့္ဆည္းေပးလိုက္တာေၾကာင့္

သူမလဲသူ႕ကိုေျပာသင့္တာကို ေျပာရမည္ေလ။

“ဒီကို မနက္ျဖန္မနက္ လာခဲ့ပါ ကြၽန္မ ရွင့္သမီးအားျပန္ျပည့္လာေစဖို႔

ဘာေဆးေသာက္ရမလဲ ဆိုတာကို ၫႊန္းေပးမယ္” မစၥတာ ဝူလဲ ထိုစကားကိုၾကားသည္ႏွင့္ ေက်းဇူးေတြ တင္လိုက္ေတာ့သည္။ “ ေက်းဇူးတင္ပါတယ္ဗ်ာ ဆရာမရယ္ ဆရာမက ကြၽန္ေတာ္တို႔မိသားစုရဲ႕ ေက်းဇူးရွင္ပါ အနာဂတ္မွာ ဆရာမ ကြၽန္ေတာ့္ဆီကေန တစ္ခုခုလိုအပ္လာရင္ ကြၽန္ေတာ္မီးေတြ ေရေတြကို ျဖတ္ရမယ္ဆိုရင္ေတာင္မွ ကြၽန္ေတာ္ တုံ႕ဆိုင္းေနမွာ မဟုတ္ပါဘူ”

ခ်ဴးလ်ိဳလည္း ေခါင္းညိတ္လိုက္ကာ ကားဒါရိုင္ဘာႏွင့္အတူ ထြက္သြားလိုက္ေတာ့သည္။

 

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၂ ။ မမေလးခ်ဴး သခင္ႀကီးက မမေလးကို ေစာင့္ေနပါတယ္

 

ထ်န္လုလမ္းေကြ႕ဆိုသည္မွာ ၿမိဳ႕ေတာ္၏ ေျမာက္ဘက္ နယ္နမိတ္မွာရွိသည့္ ေတာင္တစ္လုံးျဖစ္ၿပီး လင္ နယ္ပယ္လည္း ျဖစ္၏။ အရွည္အားျဖင့္ ကီလိုမီတာ ေထာင္ေက်ာ္ၿပီး ေျမျပင္အေနအထားကေတာ့ ေကာက္လိမ္ေနေသာ မ်ဥ္းေၾကာင္းတစ္ေၾကာင္းပမာပင္။လမ္းတိုင္းဟာ ေကြးေကာက္ေနတာေၾကာင့္ သူ႕ကို ထ်န္လုလမ္းေကြ႕ဟု ေခၚေနရျခင္း ျဖစ္ပါသည္။

ကားတစ္စီးဟာ ေတာင္ေအာက္ေျခရင္းကို ေရာက္လာသည့္အခါ တစ္နာရီေက်ာ္ၾကာ ေနာက္က်ေနၿပီ ျဖစ္ပါ၏။

ထိုေနရာ၌ ရပ္ထားေသာကားစီးေရမွာ ခုနစ္စီးကေန ရွစ္စီးေလာက္ရွိေပ၏။ထိုပတ္ပတ္လည္မွာေတာ့ အနက္ေရာင္ဝတ္စုံနဲ႕ လူေတြက မတ္တပ္ရပ္ေစာင့္ေနၾကသည္။ သူတို႔ရဲ႕ အမူအရာေတြကေတာ့ ခက္ထန္ေနၾကၿပီး သတိအျပည့္ရွိေနၾက၏။

ကားေလး ရပ္သြား႐ုံရွိေသး ခ်င္းမင္က ကားဆီသို႔ေလွ်ာက္လာေလၿပီ။

“မမေလး သခင္ႀကီးက မမေလးကို ေစာင့္ေနပါတယ္”

ထိုစကားကိုေျပာၿပီးေနာက္ သူသည္ သူ၏ မ်က္လုံးေတြျဖင့္ သူမကို အျမန္သြားဖို႔ အခ်က္ျပလိုက္သည္။

ခ်ဴးလ်ိဳလဲ ထိုသို႔ေလွ်ာက္သြားလိုက္ခ်ိန္၌ သူမသည္ ေအးတိေအးစက္မ်က္ႏွာႀကီးျဖင့္ ကားေပၚတြင္ထိုင္ရင္း လက္ေတာ့ သာရိုက္ေနသည့္ လီရန္ကို ေတြ႕လိုက္ရသည္။ သူသည္ သူမကို လွည့္ေတာင္ၾကည့္ဖို႔ စိတ္မဝင္စားေနေခ်။

ခ်ဴးလ်ိဳလဲ သူ႕ကို အေပၚေအာက္ အကဲခတ္ၾကည့္ေနလိုက္ၿပီးမွ သူ႕ေပၚက ေအးစက္မႈအရွိန္အဝါက နဲနဲေလး ပိုျပင္းေနတာကို သူမသတိထားမိလိုက္သည္။ တစ္ခဏၾကာ ေတြးေတာၿပီးေနာက္တြင္ သူမသည္ သူ႕ကို ေခြၽးသိပ္ေပးဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

သူမဟာ လမ္းတစ္ေလွ်ာက္သယ္လာခဲ့သည့္ စားလို႔မၿပီးေသးတဲ့ ကိတ္တစ္လုံးကို သူ႕ကို ေပးလိုက္ရင္း ႐ုပ္တည္ႀကီးျဖင့္

“ကြၽန္မ ဒီကိတ္ကို ရွင့္အတြက္သယ္လာတာ ရွင့္ကိုအၾကာႀကီးေစာင့္ေစမိခဲ့တဲ့ ကြၽန္မရဲ႕ေတာင္းပန္မႈ အတြက္ ဒါကိုယူလိုက္ပါ”

ေနာက္ဆုံးမွာလီရန္သည္ သူမလက္ထဲက ကိတ္မုန့္ေသးေသးေလးကို မႏွစ္ၿမိဳ႕တဲ့ ႐ုပ္ႀကီးျဖင့္ လွည့္ၾကည့္လာေလၿပီျဖစ္သည္။

ခ်ဴးလ်ိဳလဲ မေက်မနပ္ျဖင့္ ႏွာရႈံ႕လိုက္ၿပီး “အဲ့ဒီ႐ုပ္ႀကီးက ဘာျဖစ္ေနတာလဲ ဒီကိတ္က အရသာရွိေပမဲ့ ကြၽန္မ အကုန္မစားနိုင္ဘူးေလ အဲ့တာေၾကာင့္ ကြၽန္မက ရွင့္အတြက္ဆိုၿပီး ခ်န္ထားေပးထားတာ ရွင္မစားဘူးဆိုလဲ ကြၽန္မပဲစားလိုက္ေတာ့မယ္”။ ထို႔ေနာက္ သူမသည္  ကိတ္ကိုစားဖို႔ အျပင္သို႔ထုတ္လိုက္သည္။

ထိုခ်ိန္၌ လီရန္၏ ေအးစက္သည့္အသံက ထြက္လာေလသည္။

“ဒီကို ေပး”

“ဟမ္?” လီရန္သည္ သူမကို ေအးတိေအးစက္နဲ႕ ၾကည့္ေနခ်ိန္ ခ်ဴးလ်ိဳကေတာ့ စိတ္ထဲမွာရယ္ေနေလၿပီ။ သူမလဲ သူ႕အား ကိတ္မုန့္ေသးေသးေလးကို စိတ္မပါစြာျဖင့္ ေပးလိုက္သည္။

“ေရာ့”

လီရန္သည္ လက္ေတာ့ကို ေဘးမွာခ်ထားလိုက္ကာ ကိတ္ကို တစ္ကိုက္ေလာက္စားလိုက္သည္။

ခ်ဴးလ်ိဳ သူ႕ကို စူးစိုက္ၿပီးၾကည့္ေနေလ၏။

သူေထြးထုတ္ေတာ့မလို လုပ္ေနတာကို သူမျမင္လိုက္ရေတာ့ သူမလဲ အျမန္ အသံကိုျမင့္ကာ ” မေထြးထုတ္နဲ႕ အစားအစာကိုျဖဳန္းတီးတာ ရွက္ဖို႔ေကာင္းတယ္ေနာ္ ဒါ့ျပင္ ဒီလိုကိတ္မ်ိဳးက အရမ္းအရသာရွိတာကို ရွင္မစားခ်င္ဘူးဆိုလဲ ကြၽန္မကိုေပး”

သူမ ဗိုက္ျပည့္ေနၿပီဆိုေပမဲ့လဲ ေနာက္ထပ္ကိတ္တစ္ခုကိုေတာ့ သူမစားနိုင္ပါေသးသည္ေလ။

လီရန္လဲ သူမကိုၾကည့္လိုက္ၿပီးေနာက္ ကိတ္မုန့္ကိုႏွစ္လုတ္ထဲနဲ႕ မ်ိဳခ်လိဳက္သည္။

ခ်ဴးလ်ိဴလဲ လီရန္၏မ်ိဳခ်ေနတာကိုၾကည့္ၿပီး

သူမလဲ သူမကိုယ္သူမေတာင္မသိဘဲ လိုက္မ်ိဳခ်ေနမိ၏။

သူမရဲ႕ အစားႀကီးတဲ့ သေဘာထားေၾကာင့္ လီရန္လဲ သူစားေနရတာဟာ ေနာက္ထပ္မ်ိဳခ်ဖိဳ႕ေတာင္ မခက္ခဲေတာ့မွန္း သူသိလိုက္ရပါ၏။

ကိတ္မုန့္ကို စားၿပီးေနာက္ လီရန္သည္ သူ႕ႏွာေခါင္းစည္းကိုတပ္လိုက္ကာ ကားျပင္သို႔ ထြက္လာလိုက္သည္။

 

ခ်ဴးလ်ိဳကေတာ့ သူ႕ကိုဗလာက်င္းစြာျဖင့္ ၾကည့္ေနကာ ႐ုတ္တရက္ဆိုး႐ြားတဲ့ သတိေပးခ်က္ကို သူမ ခံစားမိလိုက္ရသည္။

“ရွင္ဘာလုပ္မလို႔လဲ”လီရန္လဲ သူ႕ကိုၾကည့္လိုက္ကာ လူသတ္ခ်င္ေနသည့္ အသံတိုးတိုးေလးျဖင့္

“ေတာင္ေတြထဲ ဝင္ၿပီး ေလ့က်င့္မလို႔"

ခ်ဴးလ်ိဳ : “. ...”

သူမ စြံ႕အသြားေသာ္ျငားလည္း ဘာလို႔ သူမက နဲနဲေလး စိတ္လႈပ္ရွားေနရတာလဲ။

ထို႔ေနာက္ လီရန္လဲ လမ္းၾကားသို႔ ေလွ်ာက္သြားလိုက္သည္။

ခ်ဴးလ်ိဳလဲ သူ႕ေနာက္ကို လိုက္သြားလိုက္သည္။ သူမလဲ လမ္းေလွ်ာက္ေနရင္း ေမးလိုက္သည္။ “ကြၽန္မတို႔ ဘယ္ကိုသြားေနၾကတာလဲ

ကြၽန္မတို႔ ဒီေနရာမွာ ဘယ္ေလာက္ၾကာၾကာ ေနရမွာလဲ” အဲ့တာက ေပ်ာ္ဖို႔ေကာင္းမဲ့ပုံ ေပၚေပမဲ့လဲ ဒီေန႕ည မွာသူမ အိမ္အသစ္ကို ေျပာင္းရဦးမယ္ေလ။ သူမ ေစာေစာျပန္သြားဖို႔ လိုသည္။

လီရန္သည္ သူမ၏ ေျခတံလက္တံ တိုတိုေလးေတြကို လွည့္ၾကည့္လိုက္ကာ “ဒီေတာင္ၾကားလမ္းတစ္ေလွ်ာက္ကိုသာ ဆက္ၿပီးလမ္းေလွ်ာက္ေန... မင္းျမန္ျမန္ လမ္းေလွ်ာက္နိုင္ရင္ ရၿပီ”

ခ်ဴးလ်ိဳ မ်က္လုံးကိုပင့္ၾကည့္လိုက္ကာ

“ရွင္ဘာလို႔ ေစာေစာစီးစီးမ ေျပာခဲ့လဲ”

ထို႔ေနာက္ သူမ ေျခဖ်ားကိုေဖာ့ကာ သူနဲ႕ မီတာအနည္းငယ္အကြာသို႔ ခုန္လိုက္သည္။ သူမလဲ သူ႕ကိုလွည့္ၾကည့္လိုက္ရင္း ေမးလိုက္သည္။ “ကြၽန္မခ်င္းကုံကိုသုံးလို႔ရမလား”

“ခ်င္းကုံ” လီရန္သူမကိုၾကည့္ရင္း မ်က္လုံးေမွးလိုက္သည္။

ခ်ဴးလ်ိဳကေတာ့ ဂုဏ္ယူဝံ့ႂကြားစြာျဖင့္ သူမရဲ႕ေမးေစ့ေလးကို ေမာ့လိုက္ကာ “ခ်င္းကုံကို ကြၽမ္းက်င္ခ်င္ရင္ အတြင္းအားေတြကို ရွင္သုံးရမယ္ ရွင့္မွာသာ အတြင္းအားမရွိဖူးဆို ရွင္သင္လို႔မရဘူးေနာ္”

“ငါသင္ခ်င္တယ္လို႔ ဘယ္သူကေျပာလဲ”

လီရန္စကားေျပာေနစဥ္ သူ႕ခါးကေန ၾကာပြတ္ကို ထုတ္လိုက္ကာ သူ႕ေရွ႕က သစ္ပင္တစ္ပင္ကို အျမန္ပစ္လိုက္သည္။ ၾကာပြတ္ရဲ႕အကူအညီနဲ႕ သူဟာ ေလထဲတြင္ ခုန္လိုက္ၿပီး ၾကာပြတ္ကို လႊတ္လိုက္ကာ ခ်ဴးလ်ိဳေဘးကို ခုန္ခ်လိဳက္သည္။ ခ်ဴးလ်ိဳကေတာ့ ပါးစပ္ႀကီးပြင့္ကာ အထိတ္တလန့္ႏွင့္ သူ႕ကို ၾကည့္ေနမိပါ၏။ သူ၏နက္ေမွာင္ေနေသာ မ်က္လုံးသည္ သူမေပၚ က်ေရာက္သြားသည့္အခါ  သူမသည္ သူ႕ကိုၿပဳံးျပလိုက္ကာ “ရွင္က ခုန္တာမွာတကယ္ေတာ္တာပဲ ဒါဆိုလဲ ကြၽန္မတို႔ေတြ ပန္းတိုင္ကိုဘယ္သူအရင္ေရာက္မလဲ ဆိုတာကို ၿပိဳင္ၾကမလား”

“ေကာင္းၿပီေလ”ခ်ဴးလ်ိဳ ထိုစကားကိုၾကားသည္ႏွင့္ သူမေျခဖ်ားကိုေဖာ့လိုက္ကာ အရင္ေျပးသြားလိုက္သည္။ လီရန္ကေတာ့ ေတာအုပ္ထဲတြင္ လ်င္ျမန္စြာေပ်ာက္ကြယ္သြားသည့္ ပုံရိပ္ကေလးကို ေစာင့္ၾကည့္ေနလိုက္သည္။ သူသည္ ဘလူးတုစ္ နားၾကပ္ေလးကို ေျဖးညင္းစြာထုတ္လိုက္ၿပီး တပ္လိုက္သည္။

“ဒီကို ကားေမာင္းလာခဲ့”

တစ္မိနစ္ေအာက္မွာပဲ ခ်င္းမင္က ေတာင္တက္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးကို ထိုသို႔ေမာင္းလာခဲ့သည္။

ခ်င္းမင္ ထိုေပၚမွ ဆင္းလိုက္ကာ ဆိုင္ကယ္စီးဦးထုပ္ကို လီရန္အား ေပးလိုက္သည္။

လီရန္သည္ သူ၏ ေျခေထာက္ရွည္ႀကီးကို လႊဲယမ္းလိုက္ကာ ေမာ္ေတာ္ဆိုင္ကယ္ေပၚသို႔ ထိုင္လိုက္သည္။ ထို႔ေနာက္ သူသည္ ခ်ဴးလ်ိဳေနာက္သို႔ လိုက္ေတာ့သည္။

ခ်ဴးလ်ိဳကေတာ့ သူမရဲ႕ ခ်င္းကုံကိုသုံးၿပီး ၃မီတာကေန ၄မီတာေလာက္ထိ ပ်ံသန္းလာခဲ့သည္။ ထို႔ေနာက္မွ သူမရပ္လိုက္ကာ သစ္ပင္ႀကီးတစ္ပင္ေပၚ၌ စိတ္ေအးလက္ေအးျဖင့္ထိုင္ကာ လီရန္ကို ေစာင့္ေနလိုက္သည္။

သူမသည္ ေျခေထာက္ေလးေတြကို လႊဲခတ္ရင္း ပ်င္းရိေနသည့္အသံျဖင့္ ေျပာလိုက္သည္။ “ဒါကိုသာ ေစာေစာစီးစီးသိခဲ့ရင္ ငါဖုန္းေလးတစ္လုံးေတာ့ ဝယ္လိုက္ပါတယ္ ဒီလိုမ်ိဳးထိုင္ေစာင့္ေနရမွာက အရမ္းကိုပ်င္းဖို႔ေကာင္းတာပဲ “

သို႔ေသာ္ သူမစကားေျပာၿပီးတုန္းရွိေသး လမ္းေပၚကေန ဆူညံသံတစ္ခုကို ၾကားလိုက္ရသည္။

“ဒီအသံကို ဘာလို႔ ၾကားဖူးေနရတာပါလိမ့္ေနာ္” ခ်ဴးလ်ိဳလဲ ထိုအသံက ဘာသံေလးဆိုတာကို စဥ္းစားေနရင္း ယာဥ္တစ္ခုက ထိုသို႔ေမာင္းလာေလသည္။

ခ်ဴးလ်ိဳကေတာ့ သူမ၏ ႀကီးမားၿပီးေတာက္ပတဲ့ မ်က္ဝန္းႀကီးကို ျပဴးရင္း ေမာ္ေတာ္ဆိုင္ကယ္ကိုရပ္လိုက္သည့္ လူကို ငုံ႕ၾကည့္လိုက္သည္။

တစ္ခဏအၾကာ၌ သူမသည္ ေအာက္သို႔ ခုန္ခ်လိဳက္ကာ သူ႕လမ္းကို ပိတ္ရပ္လိုက္သည္။ သူမက စိတ္တိုစြာျဖင့္ “ရွင္ညစ္တာလား”

လီရန္ကေတာ့ သူ႕ရဲ႕ ဆိုင္ကယ္ဦးထုတ္မွန္ကို မ တင္လိုက္ကာ “မင္းလဲညစ္လို႔ရပါတယ္ ....ေဘးဖယ္ပါ”

ခ်ဴးလ်ိဳလဲ သူမကိုယ္သူမေတာင္မသိဘဲ ေဘးသို႔ ဖယ္ေပးမိလိုက္၏။

ေနာက္တစ္စကၠန့္မွာေတာ့ ယာဥ္၏ အသံက ဟိန္းထြက္လာကာ လ်င္ျမန္စြာျဖင့္ ထြက္သြားၿပီး ေနာက္တြင္ေတာ့ ဖုန္မႈန့္အတန္းလိုက္ႀကီးကိုသာ ခ်န္ခဲ့ေလသည္။

ခ်ဴးလ်ိဳ : “. ..”

ေတာထဲက အရွိန္ၿပိဳင္ပြဲတစ္ခုမွာ ဘာေတြကို လိုက္နာရမွာလဲ။

 

ေမာ္ေတာ္ဆိုင္ကယ္ဟာ ျမစ္တစ္စင္းသို႔ေရာက္သြားသည့္အခါ ရပ္သြားလိုက္သည္။ ခ်ဴးလ်ိဳက ေဘးမွာရပ္လိုက္ကာ လီရန္ကိုၾကည့္ရန္ သူမေခါင္းေလးကိုေစာင္းလိုက္သည္။ သူမက တမင္တကာေမးလိုက္သည္။ “ရွင္ဘာလို႔ရပ္လိုက္တာလဲ”

လီရန္က သူ႕ဆိုင္ကယ္ဦးထုတ္ကို ခြၽတ္လိုက္ကာ ေရွ႕သို႔ၾကည့္လိုက္ၿပီး

“ငါတို႔ေရာက္ၿပီ”

ခ်ဴးလ်ိဳ ေဘးပတ္လည္ကိုၾကည့္ၾကည့္ေတာ့ စိမ္းလန္းေနေသာသစ္ပင္ေတြျဖင့္ ဝန္းရံထားေသာလြင္ျပင္က်ယ္ႀကီးကိုေတြ႕လိုက္ရၿပီး ကား ခုနစ္စီး သို႔မဟုတ္ ရွစ္စီး ေလာက္က ထိုေနရာတြင္ ကားရပ္ထားၾကသည္။ ခ်ဴးလ်ိဳလဲ ထိုကားေတြဟာ သူမ အေစာက ျမင္လိုက္ရသည့္ကားေတြမွန္း သိသြားသည့္အခ်ိန္တြင္ “ဒါက ဘယ္ေနရာလဲ”

လီရန္ကေတာ့ သူမကိုျပန္မေျဖခဲ့ေခ်။ သူဟာ ျမစ္ဆီသို႔ေလွ်ာက္သြားလိုက္၏။ မည္သို႔ပင္ဆိုေစကာမူ သူ႕ကိုယ္မွ ထုတ္လြတ္ေနသည့္ ေအးစက္ေနေသာအရွိန္အဝါသည္ အနည္းငယ္ေတာ့ ေအးစက္ေနပါ၏။

ခ်ဴးလ်ိဳသည္ သူ၏ ေက်ာျပင္ကို သိခ်င္စိတ္ေတြျဖင့္ စိုက္ၾကည့္ေနကာ သူ႕ေနာက္ကို လိုက္လာလိုက္သည္။

ျမစ္က အရမ္းႀကီးမနက္ေပ။ ထိုထဲတြင္ ေငါထြက္ေနသည့္ ေက်ာက္တုံးေတြေတာင္ ရွိေနပါ၏။ သူတို႔ႏွစ္ေယာက္စလုံးဟာ ေက်ာက္တုံးေတြကိုနင္းကာ တစ္ဖက္ကမ္းသို႔ သြားလိုက္သည္။ သူတို႔ တစ္ဖက္ကမ္းကို ေရာက္သြားသည့္အခါ လီရန္ဟာ သိပ္လမ္းၾကာၾကာ မေလွ်ာက္လိုက္ဘဲနဲ႕ သစ္ပင္တစ္ပင္ေရွ႕မွာ ရပ္လိုက္သည္။

“တက္ေနဖို႔ သစ္ပင္တစ္ ပင္ကိုရွာလိုက္”

ထို႔ေနာက္ သူသည္လဲ သစ္ပင္တစ္ပင္ေပၚသို႔ တက္လိုက္သည္။

ခ်ဴးလ်ိဳသည္လဲ သူ႕ကိုယ္သူ အျမန္ဖုံးလိုက္သည့္ လီရန္ကို ေမာ့ၾကည့္လိုက္ၿပီးေနာက္ အနီးအနားမွာရွိသည့္ သစ္ပင္တစ္ပင္ဆီသို႔ သြားလိုက္သည္။

သူတို႔ႏွစ္ေယာက္ဟာ သိပ္အၾကာႀကီးေတာ့ မေစာင့္လိုက္ရပါေခ်။

သစ္ပင္ေအာက္မွာ လႈပ္ရွားမႈေတြ ရွိလာေခ်ၿပီ။

ေက်ာဘက္မွာ စနိုက္ပါရိုင္ဖယ္ ေတြနဲ႕ လ်င္ျမန္ဖ်တ္လတ္သည့္ လူႀကီးႏွစ္ေယာက္ဟာ မ်က္ႏွာေတြကို အစိမ္းေရာင္သုတ္ထားၿပီး သစ္ပင္ေတြရဲ႕အကူအညီျဖင့္ လ်င္ျမန္စြာ ခ်ဥ္းကပ္လာနိုင္ခဲ့၏။

တိုက္ဆိုင္စြာျဖင့္ပင္ သူတို႔ႏွစ္ေယာက္ဟာ လီရန္ ေနေနသည့္ သစ္ပင္ေအာက္တြင္ ရပ္လိုက္ၾကသည္။

ခ်ဴးလ်ိဳသည္ သူတို႔ရဲ႕ေက်ာေပၚက လက္နက္ႀကီးကို ေတာက္ပေနသည့္ မ်က္လုံးေလးျဖင့္ ၾကည့္ေနလိုက္ပါ၏။ ထို႔ျပင္ ထိုလက္နက္ေတြကိုဟာ ဘယ္ေလာက္ထိေတာင္ အားျပင္းမလဲဆိုတာကိုပါ စဥ္းစားေတြးေတာေနပါေသး၏။

ထိုခ်ိန္၌ လီရန္ဟာ ေအာက္သို႔ လ်င္ျမန္စြာ ခုန္ဆင္းလိုက္ၿပီး

သူတို႔ေတြ ျပန္မတုံ႕ျပန္နိုင္ခင္မွာပဲ သူတို႔ရဲ႕ အေၾကာမွတ္တို႔ကို ထိလိုက္သည္။

ထို႔ေနာက္ သူသည္ လက္ကိုေျမာက္လိုက္ၿပီးေနာက္ ေအာက္သို႔ ဟက္တက္ခြဲခ်လိဳက္ကာ သူတို႔ရဲ႕ အသက္ကို တစ္စကၠန့္ေလးေတာင္ မတုံ႕ဆိုင္းဘဲ အဆုံးသတ္ေပးလိုက္ပါ၏။

ခ်ဴးလ်ိဳလဲ ရက္စက္ၾကမ္းၾကဳတ္တဲ့ လူႀကီးကို ၾကည့္ေနလိုက္သည္။

ထိုခ်ိန္မွာ သူဟာ အေလာင္းႏွစ္ေလာင္းေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္ေနသည့္ နတ္ဆိုးတစ္ပါးလိုပင္။ သူ႕ရဲ႕ စူးရွမႈေတြဟာ အံ့ၾသမွင္သက္ဖြယ္ေကာင္းေန၏။

လီရန္လဲ ေျမျပင္ေပၚက လက္နက္ႏွစ္ခုကို ဖ်က္ဆီးပစ္ရန္ လုပ္စဥ္ ခ်ဴးလ်ိဳ အသိျပန္ဝင္လာကာ ေျပာလာသည္။

 

“ေဟ့...ေစာင့္ဦး”

 

သူမသည္ သူ႕ေရွ႕သို႔ အျမန္ခုန္ခ် လိုက္ၿပီး သူ႕ရဲ႕ အက်ီလက္ကို အျမန္ဆြဲလိုက္သည္။ “ဒီလက္နက္ေတြက ေတာ္ေတာ္အားျပင္းမဲ့ပုံပဲ  အဲ့ဒါေတြကို မဖ်က္စီးပစ္ပါနဲ႕ ကြၽန္မကို ေပးလိုက္ပါေနာ္”လီရန္သည္ သူမတစ္ကိုယ္လုံးကို အကဲခတ္ေနၿပီးေနာက္

ေနာက္ဆုံးတြင္ေတာ့ သူ၏ အၾကည့္သည္သူ၏ အက်ီလက္ကိုဆြဲထားသည့္ သူမ၏ လက္ေသးေသးေလးေတြဆီ က်ေရာက္သြားေလ၏။

သူ႕မ်က္လုံးအၾကည့္ဟာ လင္းလက္ေတာက္ပသြားၿပီးေနာက္ အသံတိုးတိုးေလးျဖင့္ ေျပာလိုက္သည္။ “လႊတ္လိုက္”

ခ်ဴးလ်ိဳလည္း ရွက္ကိုးရွက္ကန္းနဲ႕ လႊတ္ခ်လိဳက္သည္။

လီရန္လဲ ေဘးနားကို ၾကည့္ကာ တျခားတစ္ဖက္စီသို႔ ေလွ်ာက္သြားလိုက္ေတာ့သည္။

 

 

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၃ ။ ေသြးဆာေနေသာ ရက္စက္ၾကမ္းၾကဳတ္ေနသည့္ လီရန္

 

ခ်ဴးလ်ိဳသည္ သူ႕ေနာက္သို႔ ခ်က္ခ်င္းေတာ့ လိုက္မသြားေခ်။ ထိုအစား လက္နက္ႏွစ္ခုေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္ကာ တစ္ခဏၾကာေလာက္ စူးစမ္းေနေလ၏။ ဒီပစၥည္းေတြဟာ ပစၥည္းေကာင္းေတြ ဆိုတာကို သူမ ပို၍ပင္ ခံစားမိလာတာေၾကာင့္ ထိုဟာေတြကို ယူသြားဖို႔ ဟန္ျပင္ေနေတာ့သည္။

သို႔ေသာ္ျငားလည္း သူမသည္ ထိုလက္နက္တို႔၏ အေလးခ်ိန္ကို ေလွ်ာ့တြက္မိထားသည္။ သူမ ထိုလက္နက္တစ္ခုကို မ ၾကည့္လိုက္သည့္အခါ သူမကိုသာ ေျမျပင္ေပၚသို႔ ဆြဲခ်ေနသလိုျဖစ္ေနၿပီး သူမသည္လဲ ေျမျပင္ေပၚသို႔ လဲက်လဳနီးပါးေတာင္ ျဖစ္သြားေလသည္။

ထိုခ်ိန္တြင္ ေျခလွမ္းအနဲငယ္ေလာက္ ေလွ်ာက္ၿပီးသြားၿပီျဖစ္ေသာ လီရန္သည္ ႐ုတ္တရက္ ရပ္လိုက္ကာ သူမကိုၾကည့္လိုက္သည္။

သူဟာ အသံတိုးတိုးေလးျဖင့္ “ဒီလိုလက္နက္အမ်ိဳးအစားက ၁၄ကီလိုေလာက္ ေလးတယ္ ဒီအေလးခ်ိန္ေတြကို ခံနိုင္ဖို႔ဆို ပရိုဖက္ရွင္နယ္ ေလ့က်င့္ေရးေတြဆင္းၿပီး ကြၽမ္းက်င္သြားေအာင္ သင္ဖို႔လိုတယ္ အဲ့ဒါက ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈလဲ အမ်ားႀကီး လိုေသးတယ္ မင္းနဲ႕ အဲ့ဒါနဲ႕က သင့္ေတာ္မွာ မဟုတ္ဘူး” ခ်ဴးလ်ိဳလဲ လက္နက္ကို ခ်လိဳက္ကာ လီရန္ကို လွည့္ၾကည့္လိုက္ၿပီး မေက်မနပ္စြာျဖင့္ “ကြၽန္မနဲ႕ ဘာလို႔ မသင့္ေတာ္ရမွာလဲ ကြၽန္မ ႀကိဳးစားေတာင္မၾကည့္ရေသးဘူးေလ” သူမစကားေျပာေနစဥ္ သူမသည္ လက္နက္ကို သယ္ခ်င္ေနပါ၏။

လီရန္သည္လဲ အရင္တစ္ခါက ဘာျဖစ္ခဲ့လဲ ဆိုတာကို ျပန္သတိရသြားသည့္အခါ သူသည္ ပို၍ပင္ တိုးေသာအသံျဖင့္ ခ်က္ခ်င္း တားလိုက္သည္။

“မလႈပ္နဲ႕”

ထို႔ေနာက္ သူသည္ ေနာက္သို႔ အျမန္ျပန္သြားကာ သူမလက္ထဲက လက္နက္ကို ေအာက္သို႔ ပစ္ခ်လိဳက္သည္။ ၿပီးေနာက္ ထိုမိန္းကေလး၏ခါးသိမ္သိမ္ေလးကို သိမ္းဖက္ဆြဲကာ အေရွ႕သို႔ ေလွ်ာက္လိုက္သည္။

 

“ေဟ့ အမ္....”

 

 

“ပါးစပ္ပိတ္!”

 

“. ..”

ခ်ဴးလ်ိဳသည္ သူမ၏ ေဒါသထြက္ေနေသာ မ်က္ဝန္းႀကီးျဖင့္ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ သူ႕ကိုၾကည့္ေနလိုက္သည္။

ထိုစဥ္ သူမကိုယ္မွာ အဆိပ္ဘယ္ႏွမ်ိဳး ရွိေနလဲ ဆိုတာေတာင္ ေတြးလိုက္ပါေသး၏။ ငါ သူ႕ကိုအဆိပ္ခတ္ဖို႔  အဲ့ အဆိပ္ေတြအားလုံးကို သုံးလိုက္ရင္ေကာင္းမလား။

“မင္း အဲ့လက္နက္ကိုႀကိဳက္ေနရင္ ငါ့အိမ္ကိုသြားၿပီး တစ္ခုယူလိုက္”

ထိုမွပဲ ခ်ဴးလ်ိဳလဲ  သူ႕ကိုအဆိပ္ခတ္မည့္ အစီအစဥ္ကို ေဘးဖယ္လိုက္ကာေပ်ာ္႐ႊင္စြာျဖင့္ ေခါင္းညိတ္ျပလိုက္သည္။

“ဒါေပါ့ ဒါေပါ့ ကြၽန္မ အဲ့တာကို အရမ္းႀကိဳက္တယ္”

သူ သူမကို မယုံၾကည္မွာ စိုးရိမ္ေနေသာ ေၾကာင့္

သူမလဲ ပို၍ပင္ အေလးထားကာ ေျပာဆိုလိုက္သည္။

“ကြၽန္မ အဲ့တာကို အရမ္းႀကိဳက္တယ္”

လီရန္ကေတာ့ သူ၏ ေတာက္ပေနေသာ မ်က္လုံးေတြျဖင့္ သူမကိုၾကည့္လိုက္သည္။ သူသည္ သူမခါးေလးကို ျပန္လႊတ္ေပးလိုက္ကာ ေရွ႕သို႔ လမ္းေလွ်ာက္သြားလိုက္သည္။

ထို႔ေနာက္တြင္ေတာ့ လီရန္သည္ လူတစ္သုတ္ကို ရွင္းလင္းၿပီးေနာက္ တည္ေနရာကို ထပ္ေျပာင္းလိုက္သည္။ သူဟာ တကယ့္ကိုပဲ အဲ့လူေတြ ဘယ္လမ္းက လာမယ္ သူတို႔ကလဲ ဘယ္လမ္းကေန သြားရမယ္ ဆိုတာကို အႀကိမ္တိုင္း တိတိက်က်နဲ႕ ခန့္မွန္းေရွးရႈနိုင္ခဲ့သည္။

ႏွစ္နာရီအၾကာတြင္ေတာ့ လီရန္ဟာ လူ ခုနစ္သုတ္ ရွစ္သုတ္ေလာက္ကိုေတာင္ အၿပီးျဖတ္ၿပီးေနေလၿပီ။

ေဘးကေန ပြဲထိုင္ၾက ည့္ေနသူ တစ္ေယာက္ အေနျဖင့္ သူမ ဝန္ခံစရာရွိပါသည္။

“ရွင့္ရဲ႕ သင္ယူမႈနည္းလမ္းေတြက အရမ္းကိုထိေရာက္တာပဲ”

လီရန္ကေတာ့ ခ်ီးမြမ္းခံေနရေသာ္လည္း ေမွ်ာ္လင့္ထားသည့္အတိုင္း ဘာကိုမွ ျပန္မတုံ႕ျပန္ပါေခ်။ ထိုအစား သူသည္ ႏႈတ္ခမ္းေတြကိုေစ့ရင္း လက္ဖဝါးစာေလာက္ရွိသည့္ ထိန္းခ်ဳပ္ကိရိယာကို ထုတ္လိုက္ကာ ထိုေပၚ၌ သူ႕လက္ေခ်ာင္းေတြကို လ်င္ျမန္စြာအလုပ္ေပးေန၏။

ခ်ဴးလ်ိဳ သည္ သူ႕နားသို႔ ခ်ဥ္းကပ္သြားလိုက္ၿပီး ေျခဖ်ားေလးေထာက္ကာ ေခ်ာင္းၾကည့္လိုက္သည္။ ထို႔ေနာက္မွာ သူမသည္ အထိတ္တလန့္ျဖစ္သြားရွာ၏။

“ရွင့္ဆီမွာ ဒီေတာင္တစ္ေၾကာလုံးရဲ႕ ၿဂိဳလ္တုတိမ္ေျမပုံႀကီး တကယ္ႀကီးကိုရွိေနတာေပါ့ေလ”

"ဒါက ၿဂိဳလ္တုတိမ္ေျမပုံမဟုတ္ဘူး”

 

“ဒါဆို ဒါက ဘာႀကီးတုန္း”

...

ခ်ဴးလ်ိဳသည္ သူျပန္မေျဖေလာက္ဘူး ဟုေတြးေနစဥ္မွာပဲ သူဟာ ႐ုတ္တရက္ ေမွာင္မိုက္ေနေသာအၾကည့္ျဖင့္ ေမာ့ၾကည့္လာကာ

“ငါက အရင္ကဒီေနရာမွာ တစ္ႏွစ္နီးပါးေလာက္ေနခဲ့ဖူးတယ္ ဒီက ေျမျပင္အေနအထားေတြနဲ႕လဲ အရမ္းရင္းႏွီးတယ္ေလ ေနာက္ေတာ့ ငါလဲ တစ္ေယာက္ေယာက္ကို ဒီေနရာမွာ တိမ္ေပၚေစာင့္ၾကည့္ေရး အာ႐ုံခံကိရိယာကို တပ္ဆင္ခိုင္းလိုက္တယ္”

“ဒါဆို ရွင္က အဲ့လူေတြ ဘယ္နားကေန ေပၚလာမလဲဆိုတာကို ဒီကေန ၾကည့္လို႔ရတယ္ေပါ့”

 

“အင္း ဟုတ္တယ္”

ခ်ဴးလ်ိဳသည္  သူ႕ကို နတ္ဘုရား တစ္ပါးသဖြယ္ ၾကည့္ရႈေနလိုက္သည္။

လီရန္ကလဲ သူမကိုၾကည့္လိုက္ေတာ့ သူမ၏ လင္းလက္ေနေသာ မ်က္ဝန္းေလးတစ္စုံျဖင့္ အၾကည့္ခ်င္းဆုံသြားေလသည္။ သူလဲ သူ႕အၾကည့္ကိုျပန္႐ုတ္သိမ္းလိုက္ကာ “ ေနာက္တစ္သုတ္မွာ လူေတြအမ်ားႀကီးပဲ”

ခ်ဴးလ်ိဳသည္ သူမ၏ ျမင္ကြင္းနယ္ပယ္၌ ေပၚလာသည့္ အရမ္းကိုကြၽမ္းက်င္တက္ေျမာက္ေနသည့္ လူေတြကို တစ္ဒါဇင္ေလာက္ ေတြ႕လိုက္ရေသာအခါ သူမကိုယ္သူမေတာင္သတိမထားမိဘဲ လီရန္ဘယ္မွာ ပုန္းမလဲဆိုတာကို လိုက္ၾကည့္မိေနပါသည္။

ထိုခ်ိန္တြင္ေတာ့ လီရန္ဟာ သူ၏ ခ်ဳံခိုတိုက္ခိုက္သည့္ နည္းစနစ္ကိုေျပာင္းလိုက္ၿပီး သူတို႔ေရွ႕ကို ထြက္လာလိုက္သည္။

ထိုလူေတြကလဲ သူတို႔ကို တစ္ေယာက္ေယာက္က ရွာေတြ႕သြားဖို႔ကို ေမွ်ာ္မွန္းမထားေခ်။ သူတို႔က အခ်င္းခ်င္းေၾကာင္ၾကည့္ေနၾကၿပီး အသံတိုးတိုးေလးျဖင့္ ေျပာလိုက္သည္။

“မင္းက ဘယ္သူလဲ မင္းမွာ ငါတို႔နဲ႕ တူညီတဲ့ ရည္႐ြယ္ခ်က္ရွိေနရင္ ေဘးဖယ္လိုက္ပါ”

လီရန္ဟာ သူတို႔ကို ေအးတိေအးစက္ၾကည့္လိုက္ရင္း စတင္တိုက္ခိုက္ပါေတာ့သည္။

သူတိုက္ခိုက္လိုက္သည့္ ထိုလူေတြထဲက တစ္ေယာက္၏ အေၾကာမွတ္က ပိတ္သြားသည့္အခါ တျခားလူေတြကေတာ့ အထိတ္တလန့္ေတြ ျဖစ္ကုန္ၾကေလၿပီ။

“ေသစမ္း ဒီလူက လီ မ်ိဳးရိုးနဲ႕ လူဆိုတာပဲ ျဖစ္ရမယ္ အတူတူ တိုက္ၾကေဟ့!”

ရန္ပြဲ တစ္ခုျဖစ္ေပၚလာေလၿပီ။

ခ်ဴးလ်ိဳကေတာ့ လီရန္ကိုသာလွ်င္ စိုက္ၾကည့္ေနသည္။

ထိုခ်ိန္မွာ သူ႕ရဲ႕တစ္ကိုယ္လုံးက ေသြးဆာေနမႈ ရက္စက္ၾကမ္းၾကဳတ္မႈနဲ႕ ေသြးေအးရက္စက္မႈေတြ ျပည့္ႏွက္ေန၏။ နတ္ဆိုးတစ္ေယာက္ထက္ေတာင္ ပိုၿပီးေၾကာက္ဖို႔ေကာင္းေနတဲ့ စြမ္းအားႀကီးတဲ့အရွိန္အဝါေတြကလဲ ဟိုလူေတြကို အထိတ္တလန့္နဲ႕ အႀကိမ္ႀကိမ္ ေနာက္ဆုတ္မိေစေတာ့သည္။

ခ်ဴးလ်ိဳ ထိုင္ၾကည့္ေနစဥ္ ႐ုတ္တရက္ သူမ မိန္းေမာေတြေဝသြားေလ၏။

ဒီလူရဲ႕ နည္းလမ္းေတြ အရွိန္အဝါေတြက သူမစိတ္ထဲက အဲ့တစ္ေယာက္နဲ႕တစ္ကယ္ႀကီးကို အရမ္းဆင္တူေနတာပဲ။

“သူတို႔ႏွစ္ေယာက္က အရမ္းကို တူတာပဲ!”

ခ်ဴးလ်ိဳ ေတြေဝေနတုံးမွာပဲ တျခားတစ္ဖြဲ႕ဟာ သူ႕ကို တိတ္တိတ္ေလး ဝိုင္းရံေနၿပီ။ ထိုအဖြဲ႕ဟာ တိုက္ခိုက္ေနတဲ့ ေျမျပင္ဧရိယာအျပင္မွာ မတ္တပ္ရပ္ေနၾကၿပီး လီရန္ကို ေသနတ္နဲ႕ ခ်ိန္ေနၾကသည္။

ေသနတ္ေတြမွာ အသံတိတ္ကိရိယာ တပ္ဆင္ထားေသး၏။

ခ်ဴးလ်ိဳလဲ ထိုအေၾကာင္းကို သိလိုက္ေတာ့ သူမသည္ သူ႕ကို သတိေပးခ်င္ေနပါ၏။ သို႔ေသာ္ သူမ ေနာက္က်သြားေလၿပီ။

ထိုခ်ိန္တြင္ လီရန္က တစ္ခုခုကို အာ႐ုံခံမိလိုက္တာေၾကာင့္ က်ည္ဆန္ေတြက သူနဲ႕ စင္တာမီတာအနည္းငယ္အကြာ ကြာေဝးေနစဥ္မွာပဲ သူတစ္ဖက္သို႔လွည့္ထြက္လိုက္သည္။

က်ည္ဆန္ဟာ သူ႕ညာဘက္လမ္းေမာင္းကိုရွပ္ထိသြားေလၿပီး အပစ္ခံလိုက္ရသည့္ ေနရာက သူ႕အက်ီကလဲ ခ်က္ခ်င္းပင္မီးေလာင္သြားကာ ေနာက္တစ္ခဏမွာပဲ သူ႕မီးေလာင္သြားသည့္ အက်ီေအာက္ကေန ေသြးေတြ စီးဆင္းလာသည္။ သို႔ေသာ္လည္း သူ႕တြင္ ဘာတုံ႕ျပန္မႈမွရွိ မေနပဲ ပိုၿပီးေတာ့ ရက္စက္ၾကမ္းၾကဳတ္လာကာ သူ႕အနားက လူေတြကို ရွင္းပစ္ေတာ့သည္။

ခ်ဴးလ်ိဳလဲ လီရန္ကို ဆက္တိုက္ပစ္ေနသည့္ လူဆီလွည့္လိုက္ကာ ေလထဲသို႔ ခုန္ခ်လိဳက္ၿပီး  ထိုလူေတြရဲ႕ ေခါင္းေတြကို ေဆးေတြနဲ႕ ပစ္ေပါက္လိုက္သည္။

“အား.....”

 

ေဆးေတြကလဲ သူတို႔ေခါင္းထက္၌ ေပါက္ကြဲသြားေလသည္။

ခ်ဴးလ်ိဳ သည္ သူတို႔ေရွ႕တြင္ ရပ္လိုက္ကာ

သူတိုေတြရဲ႕ မ်က္လုံးေတြကိုလဲ လက္နဲ႕ကာ ၊ေခါင္းေတြကိုလဲ လက္နဲ႕ ကာေနရင္း ေျမျပင္ေပၚမွာလူးလိမ့္ေနတဲ့ ပုံရိပ္ေတြကို ၾကည့္ေနလိုက္သည္။

သူမဟာ ေအးစက္စြာျဖင့္ ႏွာရႈံ႕လိုက္ၿပီး “ေခ်ာင္းေျမာင္းတိုက္ခိုက္ရတဲ့ အရသာကေတာ္ေတာ္ေကာင္းတယ္မလား”

ထိုခ်ိန္၌ ေလတစ္ခ်က္ေဝွ႕သံဟာ ေနာက္ကေန ခ်ဥ္းကပ္လာေလ၏။

ခ်ဴးလ်ိဳလဲ တစ္ဖက္သို႔ လ်င္ျမန္စြာ ခုန္လိုက္ကာ ျပန္လွည့္လိုက္ၿပီး

သူမလက္ထဲက ေဆးမႈန့္ေတြကို ပစ္လိုက္သည္။

မေမွ်ာ္လင့္ထားစြာနဲ႕ပဲ တစ္ဖက္လူက ျပင္ဆင္ထားပုံရသည္။ ထိုလူဟာ

ေရွာင္ရွားလိုက္ၿပီး ဓားေျမာင္နဲ႕ သူမဆီ ခ်ိန္႐ြယ္ၿပီး လာေန၏။

“ငရဲကို သြားေသလိုက္ေတာ့”

ခ်ဴးလ်ိဳလက္ထဲက ေဆးေတြကိုလဲ အကုန္အသုံးျပဳၿပီးသြားၿပီ။ သူမ သစ္ပင္ဆီသို႔ ခုန္လိုက္စဥ္ သူမဟာ အၿပဳံးေလးျဖင့္ ေျပာလိုက္သည္။ “ဒါဆိုလဲ ဘယ္သူအရင္ေသမလဲ ဆိုတာကို ၾကည့္ၾကတာေပါ့”

ထိုစကားကိုေျပာၿပီးသည္ႏွင့္ သူမသည္ တစ္ဖက္တြင္ရွိသည့္ သစ္႐ြက္တစ္႐ြက္ကို လ်င္ျမန္စြာ ခူးလိုက္သည္။ ထိုသစ္႐ြက္ထဲသို႔ သူမရဲ႕အတြင္းအားေတြ သြင္းလိုက္ၿပီးေနာက္ ထိုလူ႕ကို ပစ္လိုက္ေတာ့သည္။

 

အႀကိမ္ေရ အနည္းငယ္ေလာက္ ပစ္ခတ္ၿပီးေနာက္တြင္ ထိုလူဟာ ဘယ္ဘက္ကို ေရွာင္လိုက္ ၊ ညာဘက္ကို ေရွာင္လိုက္ လုပ္ေနပါသျဖင့္ မထိလိုက္ပါေခ်။

“ရွင္က ေတာ္ေတာ္ကြၽမ္းေနတာပဲ"

ခ်ဴးလ်ိဳ သူ႕ကိုခ်ီးမြမ္းလိုက္စဥ္ သူမသည္ လက္အျပည့္ရွိသည့္ သစ္႐ြက္တို႔ကိုလ်င္ျမန္စြာ ခူးဆြတ္လိုက္ကာ သူ႕ကို ပစ္လိုက္ေတာ့သည္။

ဒီတစ္ခါမွာေတာ့ သူမဟာ ထိုလူ႕ကို ျပန္ၿပီးတုံ႕ျပန္ဖို႔ အခြင့္အေရးတစ္ခုေလးေတာင္ မေပးေတာ့ပါေခ်။ တိုေတာင္းတဲ့ အခ်ိန္တစ္ခဏအတြင္းမွာပဲ တေဖာက္ေဖာက္ ျမည္သံအနည္းငယ္ေလာက္ျဖင့္ ထိုလူႀကီးဟာ ျဖဴေကာင္တစ္ေကာင္အျဖစ္သို႔ အသြင္ေျပာင္းသြားေလၿပီ။

ထိုစဥ္ လီရန္ကေတာ့ တိုက္ခိုက္လို႔ၿပီးေတာ့မည္ပင္။

သူဟာ လက္ေမာင္းထိထားေပမဲ့လဲ တျခားတစ္ဘက္ကလူေတြကို လႈပ္ရွားမႈအနည္းငယ္ျဖင့္ ဇီဝိန္ေခြၽလိုက္ေခ်ၿပီ။

ထို႔ေနာက္မွ ခ်ဴးလ်ိဳလဲ သစ္ပင္ေပၚကေန သူ႕ေဘးဆီသို႔ ခုန္ခ်လိဳက္ၿပီး သူ႕လက္ေမာင္းကိုၾကည့္ရင္း ေမးလိုက္သည္။ “ရွင့္လက္ေမာင္းကို ပတ္တီးစည္းေပးဖို႔ ကြၽန္မကို လိုလား”

လီရန္လဲ သူမကို ၾကည့္လိုက္ကာ သူ႕လက္ေမာင္းကို ဆန့္ထုတ္ေပးလိုက္သည္။

ခ်ဴးလ်ိဳသည္ သူမ၏ လက္ေခ်ာင္းေတြျဖင့္ သူ၏ မီးတူးေနသည့္ အက်ီကို ကိုင္လိုက္သည္။ သူမဟာ အသားစေတြလွန္ေနတာကိုလဲ ေတြ႕လိုက္ရသည္။ က်ည္ဆန္ေၾကာင့္ အေရျပားေလာင္သြားသည့္ ေနရာအလယ္တြင္ ေသြးကြက္ႀကီးလဲ ရွိပါေသး၏။

ခ်ဴးလ်ိဳလဲ ထိုအရာကိုျမင္ေတာ့ ႐ုတ္တရက္ သူမ သူ႕ကိုေမာ့ၾကည့္မိလိုက္၏။

လီရန္ကေတာ့ သူမ၏ အမူအရာကိုတခ်ိန္လုံး ၾကည့္ေနတာေၾကာင့္ သူမ သူ႕ကိုၾကည့္လာသည့္အခ်ိန္၌ သူ႕မ်က္ႏွာဟာ ေမွာင္မိုက္သြားေလသည္။

“ဘာလဲ”

ခ်ဴးလ်ိဳကလဲ

”ရွင္အဆိပ္မမိဘူး”

သူမရဲ႕ ထင္ျမင္ခ်က္အရဆိုရင္ က်ည္ဆန္ေတြဆိုတာ ဖုံးကြယ္ထားတဲ့ လက္နက္ေတြနဲ႕ ညီမွ်တယ္။ လီရန့္မွာ ရန္သူေတြ အမ်ားႀကီး ရွိေနကတည္းက အဲ့လူေတြက သူ႕ကို က်ိန္းေသေပါက္ ေသေစခ်င္ေနမွာပဲေလ ဒီေတာ့ သူတို႔ေတြဟာ လက္နက္ေတြ အမ်ိဳးမ်ိဳးကို အဆိပ္ရည္ထဲစိမ္ထားမယ္ဆိုတာက ျဖစ္သင့္တယ္ေလ။

".....” လီရန္ ကေတာ့ စကၠန့္အနည္းငယ္ေလာက္ တိတ္ဆိတ္သြားေခ်ၿပီ။

သူ႕အသံကိုတိုးလိုက္ကာ သိသိသာသာကို စိတ္ပ်က္ေနသည့္အသံျဖင့္

“က်ည္ဆန္ေတြေပၚမွာ ဘာအဆိပ္မွ မရွိဘူး”

“အိုး...”

လီရန္ကေတာ့ ခ်ဴးလ်ိဳ၏ စိတ္ပ်က္သြားသည့္ အမူအရာကိုၾကည့္ကာ သူ႕ႏႈတ္ခမ္းကို တင္းတင္းေစ့ထားလိုက္သည္။ သူမကိုလဲ ေအးစက္တဲ့ အၾကည့္ေတြနဲ႕ စိုက္ၾကည့္ေနေသး၏။

ခ်ဴးလ်ိဳလဲ ေနာက္ဆုံးတြင္ သူ၏ စိတ္ပ်က္မႈကို ခံစားမိလိုက္ေခ်ၿပီ။

သူမ အရင္တစ္ခါက ရလာခဲ့တဲ့ အဝတ္အိတ္ကို လိမၼာပါးနပ္စြာျဖင့္ထုတ္လိုက္ကာ ထိုထဲမွ ေဆးပုလင္းအနည္းငယ္ကို ထုတ္လိုက္သည္။

ထို႔ေနာက္သူမသည္ သူတို႔ရဲ႕ေဆးၫႊန္းကိုဖတ္ၾကည့္လိုက္ၿပီးေနာက္ ဘယ္ဟာကမွ ခုခ်ိန္မွာ သုံးဖို႔ အသုံးမဝင္မွန္း ေတြ႕လိုက္ရသည္။

သူမလည္း

“ရွင့္ ကို ကြၽန္မ ေဆးထည့္ေပးမယ္ ဒါေပမဲ့ ပတ္တီးစည္းလို႔မရဘူးျဖစ္ေနတယ္ ရွင့္လူေတြကို ပတ္တီးလာပို႔ခိုင္းေပးပါလား”

လီရန္က လဲ ေအးေဆးစြာျဖင့္ ျပန္ေျပာလိုက္သည္။ “သူတို႔ေတြက တျခားအဖြဲ႕နဲ႕ ခ်ေနရတယ္”

“ေဆးက ပတ္တီးမစည္းဘူးဆို ေဆးစြမ္းထက္မွာမဟုတ္ဘူး”

ခ်ဴးလ်ိဳ စကားေျပာေနစဥ္ သူမ၏ အၾကည့္က ႐ုတ္တရက္ႀကီး ဒဏ္ရာရထားသည့္ သူ၏ လက္ေမာင္းက အကၤ်ီလက္ဆီ ေရာက္သြားေလ၏။ သူမမ်က္လုံးကလဲ သူ႕ကိုၾကည့္ရင္း အက်ီလက္ကိုလဲ လက္ညိုးထိုးျပလိုက္ကာ

“ရွင့္အက်ီလက္ကိုၿဖဲလို႔ရမလား"

လီရန္ကလဲ ေနာက္ဆုံးေတာ့ ျပန္ေျပာလိုက္ရသည္။ “အင္း”

ခ်ဴးလ်ိဳဟာ သူ၏ အက်ီလက္ကို ဓားေျမာင္နဲ႕ ျဖတ္လိုက္ၿပီးေနာက္ ေဆးထည့္ကာ ပတ္တီးစည္းေပးလိုက္သည္။

လီရန္၏ အက်ီလက္ေမာင္းမရွိေတာ့ေပမဲ့လဲ သူ႕ရဲ႕အစြမ္းႀကီးသည့္ အရွိန္အဝါကေတာ့ လုံးဝကို ေပ်ာက္မသြားေခ်။

ခ်ဴးလ်ိဳ သူ႕ကိုေဆးထည့္ေပးေနခ်ိန္တြင္

သူမသည္ သူ႕လက္ေမာင္းေပၚက အမာ႐ြတ္ေဟာင္းေတြကို ျမင္လိုက္ရသည္။ ထို႔ေၾကာင့္ သူမလဲေမးလိုက္သည္။ “ရွင့္လက္ေမာင္းမွာ အမာ႐ြတ္ေဟာင္းေတြ အမ်ားႀကီးပဲေနာ္ ရွင့္အမာ႐ြတ္ေတြကို ဖယ္ရွားဖို႔

ကြၽန္မကို ေဆးေဖာ္စပ္ခိုင္းေစခ်င္လား”

“မလိုဘူး”

လီရန္၏ အေျဖကေတာ့ အရမ္းကို တဲ့တိုးဆန္ေနၿပီး ေအးလည္း ေအးစက္ေနေသး၏။ ခ်ဴးလ်ိဳလဲ သူ႕ကို ေမာ့ၾကည့္မိလိုက္ျပန္ေတာ့ သူ႕ရဲ႕ မ်က္ႏွာဟာ အရမ္းကို ခက္ထန္မာေၾကာေနတာကို သူမေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ သူမလည္း ဘာကိုမွ ထပ္ မေျပာေတာ့ေခ်။

ေဆးထည့္ၿပီးေနာက္တြင္ လီရန္ဟာ လြင္ျပင္က်ယ္ဆီ ဦးတည္သြားလိုက္ျပန္သည္။

သူတို႔ႏွစ္ေယာက္စလုံး ထိုသို႔ေလွ်ာက္သြားၿပီးေနာက္ တိုက္ပြဲက ၿပီးေတာင္သြားေလၿပီ။ ခ်ဴးလ်ိဳလဲ လီရန္နဲ႕ တူသည့္ ဝွီးခ်ဲနဲ႕လူကို ခ်က္ခ်င္းေတြ႕လိုက္ရသည္။ သူမလဲ သူမေဘးနားက လူကို အံ့ၾသတႀကီးျဖင့္ ၾကည့္လိုက္သည္။

“ရွင့္အေယာင္ေဆာင္ဖို႔ ရွင့္မွာ လူရွိတယ္ေပါ့ေလ?”

“အင္း”

ထိုအခိုက္အတန့္၌ လီရန္သည္ သူ႕နားထဲက ဆက္သြယ္ေရးကိရိယာကို ထိလိုက္ကာ “ဒီ ကိစၥကို ျမန္နိုင္သမွ်ျမန္ျမန္ အဆုံးသတ္လိုက္ေတာ့”

တစ္ျခားတစ္ဖက္က တိုက္ခိုက္ပြဲႀကီးမွာ ပို၍ပင္ ျပင္းထန္လာေလၿပီ။

တခ်ိန္တည္းမွာပဲ သူတို႔ေတြဟာ အင္အားႀကီး လက္နက္ေတြကို ထုတ္သုံးလာေလၿပီ။

အခ်ိန္ နာရီဝက္ ေအာက္မွာပဲ တိုက္ခိုက္ပြဲႀကီး ၿပီးသြားေခ်ၿပီ။

သူတို႔ႏွစ္ေယာက္လဲ ထိုသို႔ ေလွ်ာက္သြားလိုက္သည့္အခါ လီရန္နဲ႕ တထပ္တည္းတူတဲ့ ဝွီးခ်ဲနဲ႕လူဟာ သူ႕ရဲ႕ မ်က္ႏွာဖုံးကို ခြၽတ္လိုက္ကာ ေဘးနားတြင္ ရိုေသေလးစားစြာျဖင့္ မတ္တပ္ရပ္ေနလိုက္သည္။

လီရန္ကေတာ့ ဝွိီးခ်ဲႀကီးကို ၾကည့္႐ုံမွ်သာ ၾကည့္လိုက္ၿပီး ကားဆီသို႔ ေလွ်ာက္သြားလိုက္ေတာ့သည္။

 

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၄ ။ အိမ္ထဲက ေဘးအႏၲရာယ္ျဖစ္ေစေသာ ခ်ီဓာတ္ကို ဖယ္ရွားျခင္း

 

ကားေမာင္းထြက္လာသည့္ အခ်ိန္တြင္ကား ေနဝင္ရီတေရာေတာင္ ျဖစ္ေနေလၿပီ။ လီရန္သည္ သူ၏ ႏွာေခါင္းစည္းကိုခြၽတ္လိုက္ကာ သူ၏ ေအးတိေအးစက္ မ်က္ႏွာကို ေဖာ္ထုတ္လိုက္သည္။

ေရွ႕က ပါဆင္ဂ်ာခုံတြင္ ထိုင္ေနေသာ ခ်င္းမင္က သူ႕ကို အခ်က္အလက္မ်ား တင္ျပေနသည္။

“ဒီေန႕ ဒီကိုလာတိုက္ခိုက္တဲ့ အဖြဲ႕က 15ဖြဲ႕ ရွိပါတယ္  အဖြဲ႕အနည္းငယ္ကေတာ့

‘ ေသြးအဆုံးသတ္ျခင္း ‘ကပါ မိုးႀကိဳးဂိတ္ ၊ ထန္ဂိုဏ္း နဲ႕ အေမရိကရဲ႕ XX အဖြဲ႕စည္းႀကီးထဲက လူေတြလဲ ပါပါေသးတယ္....”

ခ်ဴးလ်ိဳကေတာ့ ထိုကလန္ေတြ ၊ ဂိုဏ္းေတြဆိုတာကို ဘာတစ္ခုမွ မသိပါေခ်။ သူမသည္ သာမန္ကာလွ်ံကာမွ်သာ နားေထာင္ေနပါေသာ္ျငားလည္း

သူမ စိတ္ထဲတြင္ေတာ့ မေျပာပဲမေနနိုင္ပါေခ်။

ဒီလူ႕ရဲ႕ ရန္သူေတြက တစ္ကမာၻလုံးကို ျဖန့္က်က္ထားတာပဲ ျဖစ္ရမယ္!

ကားဟာ ၿမိဳ႕ထဲသို႔ ေမာင္းေနစဥ္ ခ်ဴးလ်ိဳ အလ်င္အျမန္ေျပာလိုက္ရသည္။ “ကြၽန္မကို ရပ္ကြက္ေဟာင္းကိုသာ ပို႔ေပးပါ”

 

လီရန္သည္ သူမကိုေခါင္းေစာင္းၾကည့္လိုက္၏။

ခ်ဴးလ်ိဳကလဲ သူ႕ကိုၿပဳံးျပလိုက္ရင္း မ်က္လုံးကိုေမွးလိုက္ကာ

“မန္ေနဂ်ာကေျပာတယ္ အမည္လႊဲေျပာင္းမႈ စာခ်ဳပ္က ဒီေန႕တစ္ေန႕ထဲနဲ႕တင္ ကြၽန္မ ရနိုင္တယ္တဲ့ေလ အဲ့ဒီေတာ့ ခုကစၿပီး အဲ့အိမ္က ကြၽန္မအိမ္ျဖစ္သြားၿပီေလ”

လီရန္ကေတာ့ တစ္ခဏတာ တိတ္ဆိတ္သြားရွာၿပီး ေနာက္မွ ေမးလိုက္သည္။ “မင္းအဲ့မွာ ခ်က္ခ်င္းႀကီး ေနေတာ့မလို႔လား”

“ဟုတ္တယ္ေလ မဟုတ္ရင္တျခား ဘာျဖစ္ရမွာတုံး”

လီရန္သည္ သူမ၏ မသိမိုက္မဲေနတဲ့ အမူအရာကိုၾကည့္လိုက္ၿပီးေနာက္ ကားဒါရိုင္ဘာကို ၾကည့္ၿပီး

“ရပ္ကြက္ေဟာင္းကို သြားၾကတာေပါ့”

ထိုစကားကိုေျပာၿပီးေနာက္ သူသည္ ခ်င္းမင္ကိုထပ္ေျပာလိုက္သည္။

“သန့္ရွင္းေရးလုပ္ဖို႔ တစ္ေယာက္ေယာက္ကို ပို႔လိုက္”

“ဟုတ္ကဲ့” ခ်င္းမင္လဲျပန္ေျပာလိုက္ကာ ခ်က္ခ်င္းပင္ ဖုန္းေခၚလိုက္သည္။

ခ်ဴးလ်ိဳကေတာ့ သူ႕ကိုစိတ္ရႈပ္ေထြးစြာျဖင့္ ၾကည့္လိုက္သည္။

လီရန္ကေတာ့ ဘာတစ္လုံးမွ ျပန္မေျပာပါေခ်။

ကားဟာ အိမ္အျပင္ဘက္သို႔ ေရာက္ရွိသြားသည့္အခ်ိန္၌ ေကာင္းကင္ႀကီးဟာ ေမွာင္မဲလို႔ေနေလၿပီ။

ထိုအခိုက္အတန့္၌ ၿခံဝင္းတံခါးမွာ ပြင့္ဟေနၿပီး အထဲတြင္ေတာ့ ထိန္လင္းေနေလသည္။ ခ်ဴးလ်ိဳလဲ အံ့ၾသမႈကို ထုတ္ျပလိုက္ၿပီး

“အမ္”

“မစၥတာဝူတို႔မိသားစုမ်ား ခုခ်ိန္ထိ အိမ္ေျပာင္းလို႔ မၿပီးေသးတာမ်ားလား “

ထိုအေတြးျဖင့္ သူမသည္ အနည္းငယ္ေသာကိုးရို႔ကားရားနိုင္မႈကို ႐ုတ္တရက္ခံစားမိလိုက္သည္။ သူမ အထဲကိုဝင္ရင္ေကာင္းမလား ဒါမွမဟုတ္ အထဲမဝင္တာပဲ ေကာင္းမလား။

လီရန္သည္ သူမ၏ အေတြးမ်ားေနေသာ ႐ုပ္ႀကီးကိုၾကည့္ကာ

“ဆင္းေလ”

ခ်ဴးလ်ိဴလဲကား ထဲကေန ဆင္းလိုက္ၿပီးေနာက္ သူမေနာက္ကေန တစ္ေယာက္ေယာက္က ကားေပၚကဆင္းေနသံကိုပါ ၾကားလိုက္ရသည္။

သူမ လွည့္ၾကည့္လိုက္ေတာ့ လီရန္က ဘာတစ္ခြန္းမွမေျပာပဲ အထဲသို႔ဝင္သြားေခ်ၿပီ။

“ေဟ့...” ခ်ဴးလ်ိဳတြင္ သူ႕ကိုတားဖို႔ အခ်ိန္မရွိလိုက္ပါ။ သူဝင္သြားတာကို ေတြ႕မွေတာ့ သူမလဲ သူ႕ေနာက္ကို သုတ္ေျခတင္ လိုက္ရေတာ့တာေပါ့။

သူမသည္ ေရွ႕ၿခံဝင္းကို ျဖတ္ေက်ာ္လာၿပီးေနာက္ ေနာက္ၿခံဝင္းရဲ႕ ခန္းမထဲသို႔ ဝင္လိုက္သည္။သူမေဘးက အနီေရာင္ျခယ္ထားသည့္ ေလးေထာင့္ပုံစံ သစ္သားစားပြဲတြင္ ပူေႏြးေနသည့္ အစားအေသာက္ေတြနဲ႕ ျပည့္လွ်ံေနေလသည္။ တံခါးေဘးနားတြင္ေတာ့ အနက္ေရာင္ဝတ္စုံနဲ႕ လူေတြ အမ်ားႀကီးပင္။

ခ်ဴးလ်ိဳ သူတို႔ကိုၾကည့္လိုက္ၿပီးေနာက္ လီရန္ကို ေျပာင္းၾကည့္လိုက္သည္။

လမ္းမွာတုန္းက လီရန္က ခ်င္းမင္ကို သန့္ရွင္းဖို႔ဆိုတဲ့အေၾကာင္းကို ဘာလို႔ေျပာတာလဲဆိုတာကို သူမလဲေနာက္ဆုံးေတာ့ နားလည္သြားေခ်ၿပီ။

ေက်းဇူးတင္မႈေတြဟာ သူမ၏ မ်က္ဝန္းထဲတြင္ ျဖစ္ေပၚလာသည္။

“ဒီမွာ ကြၽန္မအတြက္ ဟင္းခ်က္ထားေပးမဲ့သူ မရွိတာကို ကြၽန္မေမ့သြားတယ္”

လီရန္သည္ သူ၏ ေမွာင္မိုက္ေနေသာမ်က္လုံးေတြျဖင့္ သူမေလးကို ၾကည့္လိုက္သည္။ ဒီကေလးမစုတ္ကေလးက ေန႕တိုင္းလိုလို အိမ္အလုပ္ေတြ မလုပ္မွန္း ေသခ်ာသြားတာေပါ့။

သူဟာ ေအးတိေအးစက္ေလသံျဖင့္ “ငါဒီမွာ ရက္နဲနဲေလာက္ေတာ့ လူေတြထားခဲ့ေပးမယ္”

“အင္း”

ခ်ဴးလ်ိဳသူ႕ကိုၾကည့္လိုက္ကာ ေခါင္းညိတ္ျပလိုက္သည္။

တစ္ခ်ိန္တည္းမွာပဲ သူမစိတ္ထဲ၌ ေျပာလိုက္ျပန္၏။

'ရွင္က အရမ္းကိုၾကင္နာတတ္ေတာ့မလိုလိုနဲ႕ ေအးစက္သြားျပန္ၿပီ

ရွင့္မွာ သူငယ္ခ်င္းမရွိတာ မထူးဆန္းေတာ့ပါဘူးေလ’

လီရန္သည္ ညစာစားၿပီးသည္ႏွင့္ ထြက္သြားေတာ့သည္။

ခ်ဴးလ်ိဳသည္လဲ ၿခံေရွ႕ဝင္းႏွင့္ ၿခံေနာက္ဝင္းကို ေသခ်ာအနီးကပ္ ၾကည့္ရႈရန္အတြက္ သြားလိုက္သည္။

ၿခံဝင္းက သိပ္ေတာ့မႀကီးေပမဲ့လဲ အထဲတြင္ေတာ့ စီးဆင္းေနတဲ့ စမ္းေခ်ာင္းကို ျဖတ္ကူးရသည့္ တံတားေလးတစ္ခုရယ္၊ ေတာင္တုေတြရယ္၊ ပန္းေတြရယ္နဲ႕ ေက်ာက္စရစ္ခင္းထားတဲ့ လမ္းေလးေတြေတာင္ရွိပါေသးသည္။

အေရွ႕ၿခံဝင္း၏ ႏွစ္ဘက္စလုံးတြင္ ရွည္လ်ားတဲ့ လူသြားလမ္းရွိေနၿပီး သူ႕ေဘးတြင္ေတာ့ စပ်စ္ပင္ တစ္ပင္ရွိသည္။ ဒီအိမ္၏အရင္ပိုင္ရွင္က ရွည္လ်ားသည့္ လူသြားလမ္းနဲ႕ ၿခံဝင္းနံရံၾကားတြင္ ခ်ိတ္ဆြဲရန္ စင္တစ္ခုကို ျပဳလုပ္ထားၿပီး စပ်စ္ပင္ဟာလဲ ထိုစင္ေပၚသို႔ ေကာင္းမြန္စြာနဲ႕ တြယ္တက္ေနကာ စိမ္းလန္းစိုျပည္ေနၾက၏။

မရင့္မွည့္ေသးေသာ အစိမ္းေရာင္ စပ်စ္သီးအခိုင္လိုက္တစ္ခုနဲ႕ တြဲယွဥ္ၾကည့္လိုက္ပါက အလြန့္ကို စိတ္ေက်နပ္သာယာေစသည့္ ျမင္ကြင္းေလးတစ္ခုကို ျမင္ရေပလိမ့္မည္။

အေနာက္ၿခံဝင္းတြင္ေတာ့ ၾကာပန္းကန္အေသးေလးတစ္ခုရွိၿပီး ၾကာကန္ေဘးနားတြင္ေတာ့ ေသးငယ္ေပမယ့္ အထူးေကာင္းမြန္ေနသည့္ အ႒ဂံပုံဇရပ္တစ္ခု ေလးလဲ ရွိေသးသည္။ ထိုဇရပ္အလယ္တြင္ေတာ့ ေက်ာက္တုံးစားပြဲတစ္ခုနဲ႕ ထိုင္ခုံေလးေတြရွိရာ အထဲတြင္ထိုင္ၿပီး စာေလ့လာလိုရင္ေတာ့ အရမ္းကိုၿပီးျပည့္စုံေနတဲ့ ေနရာေလးတစ္ခုပါပင္။

ခ်ဴးလ်ိဳ တစ္ၿခံလုံးကို ၾကည့္ၿပီးေနာက္မွာေတာ့ လီရန္ထားခဲ့တဲ့ လူအနည္းငယ္ကိုေခၚလိုက္ကာ “ခုေတာ့ဘာမွ လုပ္စရာမရွိေသးဘူးရယ္၊ ရွင္တို႔ ဧည့္သည္ခန္းတစ္ခန္းကိုရွာၿပီး သြားနားေနလို႔ရတယ္ေနာ္”

သူမ ထပ္တိုးေျပာလိုက္သည္။

"ညက်ရင္ အျပင္ကို ထြက္မလာၾကနဲ႕”

“ဟုတ္ကဲ့”

ထိုလူေတြဟာလဲ ဘာကိုမွ် ေမးခြန္းမထုတ္ဘဲ အံ့ၾသသေယာင္လည္း မျပေခ်။ ျပန္ေျဖၿပီးသည္ႏွင့္ သူတို႔ထဲက တစ္ေယာက္ကို သူမကိုေျပာေလသည္။ “မမေလးခ်ဴး မမေလးရဲ႕ အိပ္ခန္းက ဒုတိယထပ္မွာပါ

ကြၽန္ေတာ္ အထဲက အိပ္ရာခင္းေတြကိုလဲ အကုန္လဲၿပီးပါၿပီ”

ထို႔ေနာက္ သူသည္ တျခားသူေတြႏွင့္အတူ ဧည့္သည္ခန္းေတြဆီသို႔ သြားလိုက္ေတာ့သည္။

တျခားသူေတြ ထြက္သြားသည္ႏွင့္တၿပိဳင္နက္ ခ်ဴးလ်ိဳသည္လည္း ေရွ႕ၿခံဝင္းဆီသို႔ ခပ္သြက္သြက္သြားလိုက္သည္။ သူမလမ္းေလွ်ာက္ေနစဥ္ သူမဟာ ဖီးနစ္ကို ေျပာလိုက္သည္။ “ဖီးနစ္အစီအရင္ ခ်လိဳက္ေတာ့”

 

ေ႐ႊေရာင္မီးေတာက္တစ္ခုႏွင့္အတူၿခံဝင္းတစ္ခုလုံးမွာ အစီအရင္နဲ႕ ဝန္းရံခံလိုက္ရေလၿပီ။

ခ်ဴးလ်ိဳသည္ ေရွ႕ၿခံဝင္းက စပ်စ္ပင္ေအာက္သို႔ေလွ်ာက္လာလိုက္ၿပီး သစ္ပင္အျမစ္ကို တစ္ခဏတာေလာက္ ရွာေနလိုက္သည္။ ေနာက္ဆုံးေတြ႕သြားေတာ့ သူမ ပ်က္ရယ္ျပဳလိုက္ကာ “သစ္ပင္အိုႀကီးရဲ႕အျမစ္ကို ကပ္တြယ္ေနရတဲ့ အက်ည္းတန္တဲ့ အရာကမ်ား ဒီအိမ္မွာေနတဲ့သူေတြကို အႏၲရာယ္ေပးရဲတယ္ေပါ့ေလ နင့္ကို အဲ့လိုသတၱိေတြ ဘယ္သူကမ်ားေပးလိုက္လဲ။

စပ်စ္ပင္ႀကီးမွာ တ္ိတ္ဆိတ္ေနရွာၿပီး သူ႕ဆီမွာ ဘာမွ မရွိသလိုေလာက္ထိေတာင္ တိတ္ဆိတ္ၿငိမ္သက္ေနရွာသည္။

“ဖြီ! ေသခ်င္ေယာင္ေဆာင္ေနတယ္ေပါ့ ဟုတ္လား ငါက တေစၦသရဲေတြနဲ႕ နတ္ဆိုးေတြအစ အမ်ားႀကီးကို ျမင္ဖူးတယ္ေနာ္ သရဲေသးေသးေလးကမ်ား ဒီအိမ္ေတာ္ႀကီးကို ဒုကၡေပးရဲေနတယ္ေပါ့ ဒါဆိုလဲ ငါ့ကိုမယဥ္ေက်းလို႔ဆိုၿပီး အျပစ္မတင္နဲ႕ေနာ္”

ထို႔ေနာက္ သူမသည္ အေဆာင္တစ္ခုကိုထုတ္ကာ သစ္ပင္အျမစ္ေပၚသို႔ ရိုက္ခ်လိဳက္သည္။

ေနာက္တစ္ခဏမွာပဲ စပ်စ္ပင္ တစ္ခုလုံးဟာ တုန္ရီလာၿပီး ငလ်င္လႈပ္ေနသလိုပင္ တုန္ခါေနေလ၏။

စပ်စ္႐ြက္မ်ားႏွင့္ မမွည့္ေသးေသာ စပ်စ္သီးမ်ားသည္ ေအာက္သို႔ က်လာကာ ခ်ဴးလ်ိဳ၏ ႏွလုံးသား အနည္းငယ္ နာက်င္သြားေအာင္ လုပ္ေနၾကသည္။ “စပ်စ္သီးေတြ အမ်ားႀကီးက်ေနေတာ့ အရမ္းကို သနားဖို႔ေကာင္းတာပဲေနာ္ ဖီးနစ္ေရ အဲ့တာကို ဆြဲႏုတ္ပစ္လိုက္စမ္း”

ေ႐ႊေရာင္အလင္းတစ္ခုဟာ ေတာက္ပလင္းလက္လာၿပီး စပ်စ္ပင္ကိုကပ္ေနတဲ့ အရာ ဆြဲႏုတ္ပစ္လိုက္ကာ ေျမျပင္ေပၚသို႔ ပစ္ခ်လိဳက္သည္။

လူမ်က္ႏွာနဲ႕ ေႁမြပါေကာင္ပုံသ႑ာန္ရွိသည့္ အရာမ်ိဳးက ထြက္လာေလသည္။

ခ်ဴးလ်ိဳသည္ ေအးစက္စြာျဖင့္ ႏွာမႈတ္လိုက္သည္။ ဒီအရာက ဆြဲထုတ္လိုက္တာနဲ႕ ေျပးခ်င္ေနေတာ့တာပဲေလ။

ထိုအခါ ဖီးနစ္ ေပၚလာၿပီး မီးေတာက္လုံးေတြ နဲ႕ ပစ္ေတာ့သည္။

နားအူစရာ စူးရွတဲ့ေအာ္သံေတြၾကားထဲမွာ ထိုအရာကေတာ့ ျပာမႈန့္အျဖစ္ ေလာင္ကြၽမ္းသြားရွာၿပီ။

ထို႔ေနာက္တြင္ ခ်ဴးလ်ိဳသည္ တျခားေနရာနည္းနည္းကိုလဲ ထပ္သြားလိုက္ၿပီး အလွဆင္ထားသည့္ အိုးေတြအခ်ိဳ႕ကို ေျပာင္းလဲလိုက္သည္။

တခ်ိန္တည္းမွာပဲ သူမအနားမယူခင္ေလးမွာ သူမဟာ အိမ္ေတာ္ႀကီးအတြက္ အစီအရင္ေသးေသးေလးေတြ အခ်ိဴ႕ကိုလဲ ခ်ထားလိုက္ေသးသည္။

ထိုညတြင္ေတာ့ အင္ပါယာၿမိဳ႕ေတာ္ႀကီးတြင္ လွ်ပ္စီးလက္ျခင္း၊ မိုးခ်ဳန္းျခင္းတို႔ ျဖစ္ေပၚေနၿပီး မိုးေတြ သည္းႀကီးမည္းႀကီး ႐ြာေနေလ၏။

တျခားတစ္ဖက္တြင္ေတာ့ ........

ေဝ့ အိမ္ေတာ္ႀကီး၌

တစ္ေန႕လုံးလုံး  အျပင္ဘက္တြင္ ေျပးလႊားေနရသည့္ ခ်ဴးက်န္းေယာင္ကေတာ့ ခက္ခဲမႈေတြကို ခံစားေနရ၏။ သူေဝ့အိမ္ေတာ္ကိုျပန္ေရာက္တာနဲ႕ ပထမဦးဆုံးလုပ္သည့္ အလုပ္ကေတာ့ ခ်ဴးလ်ိဳကို ေတြ႕ဖို႔ပင္။

သူမထြက္သြားၿပီ ဆိုတာကို သူသိလိုက္ရေသာအခါ သူ႐ူးသြားေတာ့မတတ္ ျဖစ္သြားကာ ဗီလာတစ္ခုလုံးကိုလိုက္ရွာေတာ့သည္။

ေဝ့ေဝ့ကေတာ့သူ႕ေနာက္ကေန ေလွာင္ေျပာင္လိုက္သည္။

“သူဒီမွာေနရတာ ပ်င္းေနလို႔ အျပင္ထြက္ကစားဖို႔ အိမ္ကေန ထြက္ေျပးတာေနမွာေပါ့ရွင္ ရွင္မသိတာလဲ မဟုတ္ဘူး သူအဲ့အေၾကာင္းကိုသိသြားေတာ့ ထူးထူးဆန္းဆန္းေတြ ျပဳမူလာတယ္ေလ ၿပီးေတာ့....”

“ပါးစပ္ေပါက္ကို ပိတ္ထားစမ္း!”

ခ်ဴးက်န္းေယာင္သည္ စိတ္ေတြညစ္ေနကာ ေဒါသလဲ အလြန္အမင္းထြက္ေနသည္။ သူ ဒါကို နားေထာင္ဖို႔ ဘယ္လိုလုပ္ ဆႏၵရွိမွာလဲ။

ေဝ့ေဝ့ကလဲ သူေအာ္လိုက္လို႔ ေဒါသထြက္သြားေလ၏။

သူမဟာ သူ႕ႏွာေခါင္းကိုလက္ညိုးထိုးၿပီး ေအာ္ေျပာလိုက္သည္။

“ခ်ဴးက်န္းေယာင္  သူအိမ္ကေန ထြက္သြားတာနဲ႕ ရွင္က ဝုန္းဒိုင္းေတြ ႀကဲေနတယ္ေပါေလ တင္းတင္းရဲ႕ကူေကာင္ကို သူ႕ကို လႊဲလိုက္ေပမဲ့လဲ သူ႕ဆီကေန ကူေကာင္ကို ထုတ္ေပးဖို႔ ဆရာေရွာင့္ ကို ျပန္ေခၚေပးမယ္လို႔ အကိုႀကီး မေျပာခဲ့ဘူးလား”

“သူက ကူအဆိပ္ေလးမိတာ ရက္နဲနဲေလးပဲ ရွိ ပါေသးတယ္ အဲ့တာကိုကု ၿပီးသြားရင္ သူျပန္ေကာင္းသြားမွာပဲဟာကို တင္းတင္းက ခုရိုးတြင္းျခင္ဆီမွာ ဒဏ္ရာျဖစ္ေနတယ္ေလ ရွင္ သမီးေလးကိုေရာ ဂ႐ုေကာစိုက္ေသးရဲ႕လား”

“ကြၽန္မ တကယ္ေတြးမိေနတယ္သိလား ခ်ဴးလ်ိဳက ရွင့္ညီရဲ႕ သမီးမဟုတ္ဘဲ ရွင္နဲ႕ အဲ့ဒီေျမေခြးမတို႔ရဲ႕ တိတ္တိတ္ပုန္းကေလးမ်ားလား !”

 

(T/n:ဤေနရာတြင္ သုံးထားေသာ ေျမေခြးမ ဟူသည္ ေခ်ာေမာလွပ၍ ဆြဲေဆာင္မႈရွိၿပီး ေကာက္က်စ္စဥ္းလဲေသာ ဥာဏ္နီဉာဏ္နက္မ်ားေသာ ဟု အဓိပၸါယ္ရပါသည္။)

 

 

ေဖာင္း!

“ရွင္ကမ်ား ကြၽန္မကို ေနာက္တစ္ခါ ထပ္ရိုက္ရဲေသးတယ္ေပါ့”

ေဝ့ေဝ့၏ မ်က္လုံးေတြသည္ ေဒါသေတြေၾကာင့္အနီေရာင္သန္းလာေခ်ၿပီ။

ခ်ဴးက်န္းေယာင္ရဲ႕ မ်က္လုံးေတြကလဲ နီရဲတြတ္ေန၏။

သူဟာအံကိုႀကိတ္ရင္း သူမကို ေအာ္ေျပာလိုက္သည္။

“ေဝ့ေဝ့ မင္း႐ူးေနလား မင္းက ေသသြားတဲ့လူေတြကိုေတာင္ အလြတ္မေပးပါလားကြ”

“ကြၽန္မ ဘာေတြမ်ားမွားေျပာေနလို႔လဲ”

ေဝ့ေဝ့သည္ သူမ၏ အရိုက္ခံလိုက္ရ၍ ထုံေနေသာ မ်က္ႏွာကို လက္တစ္ဖက္နဲ႕ ကိုင္လ်က္ က်န္တစ္ဖက္ကေတာ့ သူ႕ကို ဆြဲကုတ္ဖဲ့ခ်င္လာသည္။ သူမဟာ အရမ္းကိုေဒါသေတြျဖစ္ေနတာေၾကာင့္္ ႐ူးသြားသလိုပင္ စိတ္ကေယာင္ေခ်ာက္ခ်ားေတြ ျဖစ္ကာ သူ႕ကိုျပန္ေအာ္လိုက္သည္။

“ကြၽန္မက ဘာေတြမ်ားမွားေျပာေနလို႔လဲ အရင္တုန္းက ကြၽန္မနဲ႕ သူ႕နဲ႕ တခ်ိန္တည္းမွာပဲ ကေလးေမြးခဲ့တယ္ ရွင္က သူ႕ေမြးခန္းေရွ႕မွာ ဘာလို႔ ထိုင္ေစာင့္ေနရတာလဲ ကြၽန္မတင္းတင္းကိုေမြးေတာ့ ေသေလာက္တဲ့ထိ နာက်င္ခဲ့ရတာ ရွင္ကေတာ့ တစ္ခါေလးပဲ ၾကည့္ဖို႔ျပန္လာၿပီးတာနဲ႕ အဲ့မိန္းမကို ထပ္သြားေစာင့္ေပးတယ္ေလ ဒါနဲ႕မ်ား ရွင္ကအဲ့မိန္းမနဲ႕ တျခားအေတြးေတြ မရွိပါဘူးဆိုၿပီး ေျပာေနေသးတယ္ေပါ့ ဟုတ္လား

ဘယ္သူကမ်ား လိမ္ေျပာေနတာလဲ ဆိုတာကို ေျပာစမ္းပါဦး”

“ခ်ဴးက်န္းေယာင္ ကြၽန္မရွင့္ကိုေျပာမယ္

အရင္တုံးကေလ ကြၽန္မက ရွင္နဲ႕ အဲ့မိန္းမကို ေသေစခ်င္တဲ့ထိ မုန္းခဲ့တာ၊

ရွင္ကေတာ့ ကြၽန္မကို တကယ္ပဲ အဲ့မိန္းမရဲ႕ကေလးကို ၁၈ႏွစ္ႀကီး မ်ားေတာင္ ျပဳစုပ်ိဳးေထာင္ခိုင္းခဲ့တယ္ေလ အဲ့ႏွစ္ေတြအားလုံးမွာ ကြၽန္မေလ အဲ့ဒီစိတ္ပ်က္ဖို႔ေကာင္းတဲ့ ေကာင္မေလးကို ဘယ္ေလာက္ထိေတာင္ လည္ပင္းညစ္ၿပီး သတ္ပစ္ခ်င္ေနသလဲ ဆိုတာကိုေရာ ရွင္သိလား”

“မင္း....မင္း....”

ခ်ဴးက်န္းေယာင္သည္ ေဝ့ေဝ့ကိုစိုက္ၾကည့္ေနရင္း မယုံၾကည္နိုင္မႈေတြ၊ စိတ္ပ်က္မႈေတြနဲ႕နာက်င္မႈေတြကို ထုတ္ေဖာ္ျပသေနသည္။ အဆုံးတြင္ေတာ့ သူ႕ရဲ႕မ်က္ရည္ေတြဟာ အထိန္းအကြပ္မဲ့စြာျဖင့္ စီးဆင္းက်ေရာက္လာေလၿပီ။

သူဟာ ေဝ့ေဝ့ကို သူ႕မ်က္ႏွာအား ကုတ္ျခစ္ခြင့္ အႀကိမ္ေရအနည္းငယ္ေလာက္ လုပ္ခြင့္ေပးလိုက္ကာ ကြဲအက္ေနေသာအသံျဖင့္

“မင္းဘယ္ေလာက္ထိေတာင္ မိုက္႐ူးရဲဆန္ေနရတာလဲ

အဲ့ခ်ိန္တုံးက ရိခ်န္နဲ႕ ငါက သခၤ်ိဳင္းဂူကိုသြားတဲ့ခ်ိန္ သူက ငါ့ကို သူ႕အသက္နဲ႕လဲၿပီး ကာကြယ္ေပးခဲ့တာကြ သူ႕အေပၚမွာ ငါ့အသက္တစ္ေခ်ာင္းလုံး ေက်းဇူးေႂကြးတင္ေနခဲ့တာ အဲ့ေတာ့ ငါတို႔ေတြက သူ႕ဇနီးနဲ႕သူ႕သမီးငယ္ေလးကို ေကာင္းေကာင္းမြန္မြန္နဲ႕ ေစာင့္ေရွာက္မေပးသင့္ဘူးလားကြ”

ဤအခိုက္အတန့္တြင္ ခ်ဴးက်န္းေယာင္ စကားဆက္မေျပာနိုင္ေတာ့ေခ်။ သူစတင္ငိုေႂကြးေတာ့သည္။

သူတို႔ရဲ႕ အျငင္းပြားရန္ျဖစ္မႈႀကီးဟာ လ်င္ျမန္စြာနဲ႕ပဲ ေဝ့မိသားစုဆီ ေရာက္သြားေလၿပီ။

ေဝ့ယုံခ်န္ က သူတို႔ကို မဲပုတ္ေနေသာမ်က္ႏွာျဖင့္ ဆူပူလိုက္သည္။

“မင္းတို႔ႏွစ္ေယာက္စလုံးအသက္ေလးဆယ္ထဲပဲ ေရာက္ေနၾကၿပီ ဒုကၡေတြ႕တိုင္း ရန္ျဖစ္ဖို႔ပဲ တက္တယ္လို႔ေတာ့ ငါ့ကို မေျပာလိုက္နဲ႕ ေပ်ာက္ေနတဲ့ ကေလးကို ခုခ်က္ခ်င္းသြားရွာၾက!”

ထိုစကားကိုေျပာၿပီးေနာက္ သူသည္ အိမ္ေတာ္ထိန္းကို ခ်က္ခ်င္းေခၚလိုက္ၿပီး “ေစာင့္ၾကည့္ေရးကင္မရာမွာ ဒီေန႕ရဲ႕မွတ္တမ္းကို သြားၾကည့္လိုက္ လ်ိဴလ်ိဴ ဗီလာက ထြက္သြားတာကို ရွာ”

သူတို႔ေတြ ေစာင့္ၾကည့္ေရးကင္မရာကို စစ္ၾကည့္ေတာ့မည္ဆိုတာကို ၾကားလိုက္ရသည့္အခါ ေဝ့ေဝ့ရဲ႕ အမူအရာသည္ တေျဖးေျဖးခ်င္းေျပာင္းလဲသြားေခ်၏။

အိမ္ေတာ္ထိန္းလဲ ေစာင့္ၾကည့္ေရးကင္မရာကေန ဒီေန႕မွတ္တမ္းကို အျမန္ၾကည့္လိုက္ၿပီးေနာက္ သူသည္ ပထမဦးစြာ ေဝ့ေဝ့ကိုၾကည့္ၿပီးကာမွ

ေဝ့ယုံခ်န္ကို ေသေသခ်ာခ်ာ ေျပာလိုက္သည္။

“သခင္ႀကီး သခင္မေလးခ်ဴးလ်ိဳကို ဒီေန႕သြားေတြ႕တာဆိုလို႔ သခင္မပဲ ရွိပါတယ္ သူတို႔ေတြ႕ၿပီးသြားတာနဲ႕ မၾကာပါဘူး သခင္မေလးခ်ဴးလ်ိဳ အိမ္ကေန ထြက္သြားပါေတာ့တယ္"

လူတိုင္းကေတာ့ ေဝ့ေဝ့ကို ၾကည့္ေနၾကေလၿပီ။

ေဝ့ေဝ့သည္လဲ သူမလည္ပင္းကို ေျဖာင့္ေျဖာင့္တန္းတန္းထားလိုက္ကာ

သူမကိုယ္သူမ မွန္သလိုလိုျဖင့္ ေျပာလိုက္သည္။ “ညီမ ဘာကိုမွ မေျပာခဲ့ပါဘူး သူ႕ဘာသာသူ ထြက္သြားခ်င္ေနတာပါ”

ခ်ဴးက်န္းေယာင္ကေတာ့ လက္သီးကိုက်စ္က်စ္ဆုတ္ထားရင္း သူမကို မရိုက္မိဖို႔ ကိုယ့္ကိုကိုယ္ထိန္းထားေလသည္။

ေဝ့ယုံခ်န္ကေတာ့ ေဝ့ေဝ့ကို သတိေပးေနသည့္အၾကည့္ျဖင့္ ၾကည့္ကာ

“လ်ိဳလ်ိဳရဲ႕ ဒီေန႕သုံးစရိတ္ကို သြားၾကည့္စမ္း ကေလးကေတာ့ ဗိုက္ဆာတာနဲ႕ က်ိန္းေသေပါက္ အစားအစာ ဝယ္စားမွာပဲ”

ေဝ့က်င္းခ်န္သည္ ခ်ဴးက်န္းေယာင္၏ ပခုံးကိုပုတ္လိုက္ကာ သူ႕ကို ႏွစ္သိမ့္ေပးလိုက္သည္။ “ က်န္း ေယာင္ အရမ္းႀကီးလဲ စိုးရိမ္မေနပါနဲ႕၊

ငါခုခ်က္ခ်င္းပဲ လ်ိဳလ်ိဳကိုရွာဖို႔ တစ္ေယာက္ေယာက္ကို လႊတ္လိုက္မယ္၊

လ်ိဳလ်ိဳက ၿမိဳ႕ေတာ္နဲ႕ သိပ္မရင္းႏွီးေတာ့သိပ္အေဝးႀကီးကိုေတာ့ မသြားနိုင္ေလာက္ဘူး ....ေနာက္ၿပီး အဲ့ကေလး ဘယ္ကို သြားေလာက္လဲဆိုတာကိုသာ စဥ္းစားထား မင္းေရွာင္ေဝ့နဲ႕ ခုရန္ထပ္ျဖစ္ေနတာက အလကားပဲေနာ္၊

အေရးႀကီးဆုံးေသာအရာက ကေလးကို ရွာေတြ႕ဖို႔ပဲ”

ခ်ဴးက်န္းေယာင္လဲ သူ႕ကိုေခါင္းညိတ္ျပလိုက္ကာ တံခါးအျပင္ဘက္သို႔ထြက္သြားလိုက္သည္။

လူတိုင္းထြက္သြားသည္ႏွင့္တၿပိဳင္နက္ ေဝ့ယုံခ်န္၏ အၾကည့္ေတြသည္ ခက္ထန္သြားေလၿပီ။ ေဝ့ေဝ့ဟာ အရမ္းေၾကာက္လန့္ေနၿပီး အသံတုန္တုန္ရီရီျဖင့္ရွင္းျပဖို႔ႀကိဳးစားေလသည္။

“အကိုႀကီး ညီမက..”

“မင္း ဒီအမွားကိုပဲ သုံးခါထက္ပိုမလုပ္ေတာ့ဖို႔

အရင္တစ္ခါက မင္းကို ငါသတိေပးခဲ့တယ္ေလ

မင္းေနာက္တစ္ခါျပသာနာထပ္ရွာရင္ေတာ့ မင္းကိုငါ ဘာလုပ္မလဲဆိုတာကိုသာ ေစာင့္ၾကည့္ေနလိုက္ေတာ့”

ထို႔ေနာက္ သူထြက္သြားေတာ့သည္။

ေဝ့က်င္းခ်န္သည္လဲ ထြက္သြားေတာ့သည္။

 

ေဝ့ေဝ့ စိတ္မသက္မသာျဖစ္မႈေတြကို ခံစားမိရင္း မတ္တပ္ရပ္ေနရရင္ေတာင္မွ သူမသည္ တျခားအေတြးေတြကို ေတြးဖို႔ မရဲပါေခ်။

ေထာင့္အကြယ္နားတြင္ မတ္တပ္ရပ္ကာ ပုန္း၍ ခိုးနားေထာင္ေနေသာ ခ်ဴးတင္သည္ သူ႕ဦးေလးက ခ်ဴးလ်ိဳဘက္ကို ဘက္လိုက္လိမ့္မည္ဟု

သူမလုံးဝမထင္မွတ္ထားခဲ့ေခ်။ သူမ၏ ႏွလုံးသားဟာ မုန္းတီးမႈေတြနဲ႕သာ ျပည့္ႏွက္ေနၿပီး သူမရဲ႕စိတ္ထဲမွာလဲ ရက္စက္ၾကမ္းၾကဳတ္သည့္ အေတြးေတြသည္သာ ေပၚလာေနပါသည္။ အရင္က ခံစားခဲ့ရတဲ့ ကူေကာင္ေတြရဲ႕ စားျခင္းကိုခံေနရတဲ့ေၾကာက္ဖို႔ေကာင္းတဲ့ ခံစားခ်က္ႀကီးဟာ သူမတစ္ကိုယ္လုံးသို႔ ပ်ံ့ႏွံ႕သြားေခ်သည္။

 

အစမွာေတာ့ ခ်ဴးတင္ ဒူးေထာက္က်သြားၿပီးေနာက္ ေျမျပင္ေပၚသို႔ လဲက်သြားေတာ့သည္။ သူမသည္ ေၾကာက္႐ြံ႕စြာျဖင့္ ေအာ္ဟစ္လိုက္သည္။

“အေမေရ ကယ္ပါဦး”

 

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၅ ။ ငါ့ကို ပိုင္လင္းလို႔ေခၚ မဟုတ္ရင္ေတာ့ နင့္ကို ငါ ကိုရင္႐ြာကို ျပန္ေရာက္သြားတဲ့ထိ သတ္ပစ္လိုက္မယ္

 

ခ်ဴးလ်ိဳကေတာ့ မေန႕ညက ေဝ့မိသားစု ဘာေတြျဖစ္ပ်က္သြားသလဲဆိုတာကို သိလဲမသိသလို ဂ႐ုကိုစိုက္မေနပါေခ်။

သူမဟာ မနက္ကိုေစာေစာထလိုက္ၿပီး အိပ္ခန္းအျပင္သို႔ ထြက္လိုက္ကာ လီရန့္လူေတြ ၿခံရွင္းေနတာကို ၾကည့္ဖို႔ သြားလိုက္သည္။

မေန႕ညက မိုးသည္းသည္းမဲမဲ ႐ြာခဲ့မႈေၾကာင့္ ၿခံထဲတြင္ ေႂကြက်ေနေသာ ပန္းေတြ၊ သစ္႐ြက္ေတြနဲ႕တင္ ျပည့္ေန၏။ ခ်ဴးလ်ိဳလဲ ခဏေလာက္ေတြးလိုက္ၿပီးေနာက္ ေဘာ့ပင္တစ္ေခ်ာင္းႏွင့္ စာ႐ြက္တစ္႐ြက္ကိုထုတ္လိုက္ကာ စာ႐ြက္ေပၚ၌ ခပ္ျမန္ျမန္ ေရးလိုက္ ဆြဲလိုက္လုပ္ေနသည္။

သူမထပ္ထည့္ခ်င္တဲ့ ပစၥည္းေတြကို သူမစာရင္းေရးခ်င္ေနသည္ေလ။

ေနာက္ၿပီး ဒီအိမ္ကိုျပန္ၿပီးအလွဆင္ဖို႔ လိုအပ္တဲ့ အခ်က္ေတြကို အေသးစိတ္ ေရးသားလိုက္သည္။

ထိုအခိုက္အတန့္၌ တစ္စုံတစ္ေယာက္က ဝင္လာၿပီး ခ်ဴးလ်ိဳကို ေျပာလာသည္။ “မမေလးခ်ဴး မစၥတာဝူက မမေလးကို ေတြ႕ခ်င္လို႔ တံခါးအျပင္ဘက္မွာ ေစာင့္ေနပါတယ္”

ခ်ဴးလ်ိဳသည္လဲ မေန႕က သူမဟာ ဒီေန႕မနက္ေဆးၫႊန္းလာယူဖို႔ မစၥတာဝူကို ေျပာခဲ့တာကို သူမ ျပန္မွတ္မိသြားသည္။ “သူ႕ကိုအထဲေခၚလာခဲ့”

ထိုလူကလဲ မစၥတာဝူကို လ်င္ျမန္စြာ ေခၚေဆာင္လာခဲ့သည္။

မစၥတာဝူက ခ်ဴးလ်ိဳကိုျမင္သည့္အခါ သူ၏ ေက်းဇူးတင္၍ က်ေရာက္ေနသည့္ မ်က္ရည္မ်ားကိုသုတ္လိုက္ကာ “ဆရာမ မေန႕က ကူညီမႈအတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ”

သူသည္ သူမကို ေလးေလးနက္နက္ျဖင့္ ခါးကိုင္းၫြတ္ကာ ေက်းဇူးတင္လိုက္သည္။

“မစၥတာဝူ အဲ့အကူအညီေလးက ဘာမွမဟုတ္လို႔

ရွင့္ကြၽန္မကို ေက်းဇူးတင္ဖို႔ မလိုပါဘူး”

ခ်ဴးလ်ိဳသည္ သူ႕ကို လက္ဟန္ေျခဟန္ျပကာ ေျပာဆိုလိုက္သည္။

“မစၥတာဝူ အရင္ဆုံးထိုင္လိုက္ပါဦး ကြၽန္မ ေဆးၫႊန္းကို ခုပဲေရးေပးလိုက္ပါမယ္ေနာ္”

ထို႔ေနာက္ သူမသည္ မွတ္စုစာအုပ္တစ္အုပ္ကို ထုတ္လိုက္ကာ ေဆးၫႊန္းေလးခုစလုံးကို ေရးခ်လိဳက္သည္။ သူမ စာ႐ြက္ကိုၿဖဲယူလိုက္ကာ သူ႕ကိုေပးလိုက္၏။ “စာမ်က္ႏွာတိုင္းမွာ နံပါတ္ေလးေတြေရးေပးထားတယ္၊

သူ႕ကို အရင္ဆုံး ပထမဆုံးေဆးၫႊန္းကိုေသာက္ခိုင္းလိုက္ပါ အဲ့တာကိုအနည္းဆုံး ငါးႀကိမ္ေလာက္ေတာ့ေသာက္ရမယ္ ဒုတိယဟာကေတာ့ အားျပန္ျပည့္ဖို႔ အတြက္ပါ အဲ့တာကိုေတာ့ သူ အခ်ိန္အၾကာႀကီးယူနိုင္တယ္”

မစၥတာဝူသည္လဲ လက္ႏွစ္ဖက္စလုံးျဖင့္ ေဆးၫႊန္းေတြကို ေသေသခ်ာခ်ာယူလိုက္ကာ အေသးစိတ္ ေမးေလ၏။

“ဆရာမ ဒီေဆးၫႊန္းကိုလုပ္ေနတဲ့ခ်ိန္ ဘာေတြကို မလုပ္သင့္ဘူး ေရွာင္သင့္တယ္ ဆိုတာေလးေတြကို ကြၽန္ေတာ့္ကိုေျပာျပေပးလို႔ရမလား၊

ေနာက္ၿပီး ဒုတိယေဆးၫြန္းက အတိအက်ဆိဳ ဘယ္ေလာက္ေလာက္ ၾကာနိုင္ပါသလဲ ခင္ဗ်”

ခ်ဴးလ်ိဳသည္ အစားအစာကန့္သတ္ခ်က္အေၾကာင္းကို သူ႕အားေျပာျပလိုက္သည္။ ေနာက္ဆုံးေတာ့ သူမသည္ “ဒုတိယေဆးၫႊန္းကေတာ့ အမဝူျပည့္ျပည့္ဝဝ ေနေကာင္းတဲ့ထိ အမဝူရဲ႕ကိုယ္ကိုအားျဖည့္ေပးဖို႔ သုံးရမယ္၊

မစၥတာဝူနဲ႕ မစၥဝူတို႔လဲ ကိုယ့္ခႏၶာကိုယ္ကို အားျဖည့္ခ်င္ရင္ ဒီေဆးကို သုံးလို႔ရပါတယ္ ေရွာင္သင့္တဲ့အရာေတြဆိုၿပီးေတာ့ သက္သက္ႀကီး ရွိမေနပါဘူး

“ေကာင္းပါၿပီ!”

မစၥတာဝူလဲ ၿပဳံးလိုက္ကာ ေခါင္းညိတ္ျပလိုက္သည္။

သူသည္ ေက်းဇူးတရားေတြမ်ားစြာျဖင့္ ေျပာလိုက္သည္။

“ဆရာမက ကြၽန္ေတာ္တို႔မိသားစုရဲ႕ ေက်းဇူးရွင္ပါ ေရွ႕ေလွ်ာက္ဆရာမသာ တစ္ခုခုလိုခဲ့ရင္ ကြၽန္ေတာ့္ကို သိခြင့္ေပးပါေနာ္ ကြၽန္ေတာ္ မီးပင္လယ္ျဖစ္ျဖစ္၊ ေရပင္လယ္ျဖစ္ျဖစ္ တစ္ခုခုကို ျဖတ္သန္းရမယ္ဆိုရင္ေတာင္ အဲ့တာကို မျဖစ္ျဖစ္လုပ္ဖို႔ တုံ႕ဆိုင္းေနမွာ မဟုတ္ပါဘူး”

သူဟာ သူ႕နာမည္ကတ္နဲ႕ ဖုန္းကိုလ်င္ျမန္စြာထုတ္လိုက္သည္။

“ဆရာမ မေန႕က ဆရာမမွာ ဖုန္းမရွိေသးဘူးလို႔ ေျပာလိုက္တယ္မလား၊

အဲ့တာနဲ႕ ကြၽန္ေတာ္လဲ ဖုန္းတစ္လုံးေလာက္ကို မေန႕က သြားဝယ္လိုက္ပါတယ္ ဆရာမသာ စိတ္မရွိဘူးလို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္.....ဒါက ကြၽန္ေတာ့္ရဲ႕နာမည္ကတ္ပါ ကြၽန္ေတာ့္ကိုသာလိုအပ္ခဲ့ရင္ ဆရာမ ကြၽန္ေတာ့္ကို အခ်ိန္မေ႐ြးေခၚလို႔ရပါတယ္ေနာ္”

ခ်ဴးလ်ိဳသည္လဲ မစၥတာဝူက ဖုန္းဝယ္လာေပးသည္ကိုျမင္ေတာ့ အနည္းငယ္ အံ့ၾသသြားရွာသည္။ သူလဲ ခဏေလာက္ေတြးလိုက္ကာ ျငင္းဆိုျခင္း မျပဳလိုက္ေခ်။

 

တစ္ခ်ိန္တည္းမွာပဲ သူမသည္ သူ႕နာမည္ကတ္ကို ၾကည့္လိုက္သည္။

သူမ ထိုကတ္ကိုေတြ႕လိုက္ရေတာ့ အနည္းငယ္အံ့ၾသ သြားရျပန္သည္။

“ရွင္က အင္ပါယာတကၠသိုလ္က ပေရာ္ဖက္ဆာလား”

“ဟုတ္ပါတယ္ဗ် ကြၽန္ေတာ္က

အင္ပါယာ တကၠသိုလ္ေက်ာင္းရဲ႕ နည္းပညာနဲ႕သိပၸံသတင္းအခ်က္အလက္ ႒ာနက ပေရာ္ဖက္ဆာတစ္ေယာက္ပါ .....

ဆရာမက အရမ္းငယ္တဲ့ပုံပဲေနာ္ ဆရာမက ေက်ာင္းမွာရွိေနရမွာ မဟုတ္ဘူးလားဟင္  ဆရာမက ခုဘယ္အတန္းလဲ ဆိုတာကို ကြၽန္ေတာ္သိလို႔ရမလား”

“ကြၽန္မက တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖၿပီး႐ုံေလးပဲ ရွိပါေသးတယ္”

မစၥတာဝူဟာ အံ့ၾသသြားပုံတူသည္။ “ဆရာမ ဆရာမက အရမ္းႀကီးကို ငယ္႐ြယ္တဲ့ပုံ ေပါက္ေနတယ္ေနာ္”

ခ်ဴးလ်ိဳလဲ ၿပဳံးကာ ”ကြၽန္မက မငယ္ေတာ့ပါဘူး ေနာက္လဆိုပဲ ကြၽန္မအသက္ ၁၈ ႏွစ္ ျပည့္ၿပီေလ”

“အိုး အိုး ဒါဆို ဆရာမက ဘယ္ေက်ာင္းကို တတ္မယ္လို႔ စီစဥ္ထားလဲဗ်”

“အင္ပါယာတကၠသိုလ္ပါ!”

“အင္ပါယာတကၠသိုလ္က ဆရာမကို လွိုက္လွိုက္လွဲလွဲနဲ႕ ႀကိဳဆိုေနပါတယ္ခင္ဗ် “

သူတို႔ေတြဟာ စကားေျပာေနရင္းျဖင့္ သူတို႔ရဲ႕ ေန႕စဥ္ဘဝအေၾကာင္းကို စတင္၍ ေျပာဆိုေနၾကသည္။ မစၥတာဝူကလဲ သူမကို ဆရာမလို႔ေခၚရာကေန ေရွာင္ခ်ဴး ဆိုၿပီး ေျပာင္းေခၚေနေလၿပီ။

မစၥတာဝူက ခ်ဴးလ်ိဳဟာ ကြန္ပ်ဴတာသိပၸံကို စိတ္ဝင္စားေနတယ္ဆိုတာကို ၾကားလိုက္ရေတာ့ သူသည္ “သမီး ဒီနယ္ပယ္ကိုသာ စိတ္ဝင္စားရင္ေတာ့ အဲ့အေၾကာင္းကို ဆရာ့ကို အခ်ိန္မေ႐ြးလာေမးလို႔ရပါတယ္ဗ်”

ထို႔ေနာက္ သူထပ္ေျပာလိုက္ေသးသည္။ “ဆရာ့မွာသင္ခန္းစာ ဗီဒီယိုေတြေတာင္ ရွိေသးတယ္ ေရွာင္ခ်ဴး သမီးသာ ၾကည့္ခ်င္ရင္ ဆရာအဲ့တာေတြကိုရွာၿပီး ပို႔ေပးမယ္ေလ”

“သမီးၾကည့္ခ်င္ပါတယ္" ခ်ဴးလ်ိဳလဲအျမန္ေခါင္းညိတ္လိုက္ကာ ထိုလိုခ်င္ေတာင့္တေနသည့္ မ်က္ဝန္းေလးေတြဟာ လူတစ္ေယာက္ေယာက္၏ ႏွလုံးသားကို ႏူးညံ့သိမ္ေမြ႕သြားေစနိုင္ပါ၏။

သူတို႔ႏွစ္ေယာက္လဲ စကားအနည္းငယ္ေျပာၿပီးသည့္ေနာက္ မစၥတာဝူလဲထြက္သြားေတာ့သည္။

ခ်ဴးလ်ိဳလဲ သူမရဲ႕ အသစ္စက္စက္ရထားတဲ့ ဖုန္းသစ္ေလးနဲ႕ တစ္ခဏၾကာေလာက္ ေဆာ့ေနလိုက္သည္။ အရင္တစ္ေခါက္ လီရန္အိမ္မွာတုံးက ေဆာ့လိုက္ရတဲ့ ဂိမ္းစက္ကို သူမ ေတြးမိလိုက္သည့္အခါ သူမလဲ ေနာက္က်ရင္ တစ္ခုေလာက္ဝယ္ဖို႔ ဆုံးျဖတ္လိုက္သည္။

မနက္စာစားၿပီးေနာက္ ခ်ဴးလ်ိဳသည္ သူမကိုလာႀကိဳမည့္ လီရန္ကားသမားကို ေစာင့္ေနလိုက္သည္။

ကားသမားေတာ့ မလာေသးေပမဲ့ လီရန္၏ အိမ္ေတာ္ထိန္းႀကီးေတာ့ ေရာက္လာေလသည္။

အိမ္ေတာ္ထိန္းေနာက္က ကိုယ္ရံေတာ္တစ္ေယာက္ကလဲ ေသတၱာတစ္ခုကို သယ္ရင္းလိုက္လာသည္။

အိမ္ေတာ္ထိန္းက သူမကိုေျပာသည္။ “မမေလးခ်ဴး သခင္ႀကီးဆီမွာ ဒီႏွစ္ရက္အတြင္း သြားစရာေလးေတြရွိေနလို႔  မမေလးလာစရာမလိုဘူးလို႔ သခင္ႀကီးက ေျပာလိုက္ပါတယ္”

သူဟာ စကားေျပာေနရင္းျဖင့္ လက္ကိုေျမာက္ကာ ကိုယ္ရံေတာ္လက္ထဲက ေသတၱာကို ယူလိုက္ၿပီး သူမကိုေပးလိုက္သည္။ “မမေလးကို ဖုန္းမရွိဘဲ ဆက္သြယ္ေနရတာက မလြယ္ကူဘူးေလ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ဖုန္းတစ္လုံးရယ္ လက္ေတာ့တစ္လုံးရယ္နဲ႕ အရင္တစ္ခါက မမေလးေဆာ့ခဲ့တဲ့ ဂိမ္းစက္ေလးတို႔ကို ျပင္ဆင္လာခဲ့ပါတယ္ မမေလး တစ္ခုခုလိုအပ္ေသးရင္ ကြၽန္ေတာ့္ကို ေျပာလို႔ရပါတယ္၊ အဲ့တာကို ျပင္ဆင္ခိုင္းဖို႔ တစ္ေယာက္ေယာက္ကို ကြၽန္ေတာ္လႊတ္ေပးလို႔ ရပါတယ္”

ခ်ဴးလ်ိဳလဲ သူ႕စကားေတြကိုၾကားလိုက္ရေတာ့ ခဏေလာက္ ေၾကာင္သြားေလသည္။ သူမသာ ဒီအကူအညီေပးမႈကို ျငင္းဆိုလိုက္ရင္ သူမ ႐ူးမိုက္ရာက်သြားမွာေပါ့။ ဒါေၾကာင့္သူမလဲ အၿပဳံးေလးျဖင့္ “လိုေနတာေလးေတာ့ ရွိတယ္”

ထို႔ေနာက္ သူမသည္ သူမအေစာက ေရးခဲ့သည့္ စာရင္းကို သူ႕ကို ေပးလိုက္သည္။ “ကြၽန္မ ဒါေတြကို ဝယ္ဖို႔လိုေနတာ တိုက္တိုက္ဆိုင္ဆိုင္ကိုပဲ ကြၽန္မက ဒီေနရာနဲ႕ မရင္းႏွီးဘူး ျဖစ္ေနတယ္ ဒါေတြကို ကြၽန္မကို ကူဝယ္ေပးပါဦးေနာ္”

ထို႔ေနာက္ သူမ တစ္ခဏေလာက္ေတြးလိုက္ၿပီး ေဝ့ေဝ့ သူမကိုေပးခဲ့တဲ့ ကတ္ကို သူ႕ကိုေပးလိုက္သည္။ “ဒီကတ္ထဲက ေငြေလာက္လားၾကည့္လိုက္ပါ အဲ့တာက မေလာက္ဘူးဆိုလဲ ကြၽန္မမွာ.....”

သူမသည္ အဝတ္အိတ္ အေသးေလးကို ထုတ္လိုက္ကာ ေက်ာက္မ်က္ရတနာနည္းနည္းကို ထုတ္ယူလိုက္သည္။ အိမ္ေတာ္ထိန္းႀကီး၏ အံ့ၾသေနေသာ အၾကည့္ေအာက္ကေန သူမ ဆက္ေျပာလိုက္သည္။

“ဒါေတြက ပိုက္ဆံနည္းနည္းေလာက္ေတာ့ ရေလာက္ပါတယ္ ပိုက္ဆံမေလာက္ဘူးဆိုရင္လဲ ကြၽန္မ ဒါေတြကို ေရာင္းလိုက္မယ္ေလ အဲ့တာေတာင္ မေလာက္ေသးဘူး ဆိုရင္ေတာ့....”

သူမလဲ သူမကိုယ္တိုင္ ဘာပစၥည္းတစ္ခု မွမဝယ္ဖူးေတာ့ ဒီေနရာက ပစၥည္းေစ်းႏႈန္းေတြကိုလဲ သူမ မသိေခ်။ သူမလည္း ခဏေလာက္ေတြးၿပီး မွ ေျပာလိုက္သည္။ “အဲ့ဒါဆိုလဲ ကြၽန္မပိုက္ဆံကို အရင္ေခ်းလိုက္မယ္ေလ မၾကာခင္ေတာ့ ပိုက္ဆံ ျပန္ဆပ္နိုင္ေလာက္မွာပါ”

အိမ္ေတာ္ထိန္းကေတာ့ ေလးနက္စြာေျပာဆိုေနသည့္ ခ်ဴးလ်ိဳကိုၾကည့္ေနၿပီး အနည္းငယ္ေလာက္ ခံစားလိုက္ရသည္။

ဘယ္ေလာက္ေတာင္ ပြင့္လင္းလိုက္တဲ့ မိန္းကေလးလဲ။

ခ်ဴးလ်ိဳသည္ အိမ္ေတာ္ထိန္း၏ အေတြးကို သိမေနပါေခ်။ ေက်ာက္မ်က္ရတနာအိတ္ကို ျပန္ယူၿပီးေနာက္တြင္ ဂိမ္းစက္ျဖင့္ သူမဂိမ္းေဆာ့ခ်င္လာသည္။

သူမဂိမ္းထဲကို ဝင္လိုက္သည္ႏွင့္ နိုတီဖီေကးရွင္းေတြကေတာ့ တေတာင္ေတာင္နဲ႕ တက္လာေခ်ၿပီ။

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] က သူမကို အဖြဲ႕ဖိတ္ေခၚမႈ စာပို႔လာသည့္အခ်ိန္ သူမက မက္ေဆ့ခ်္ေတြကို ၾကည့္ေန႐ုံပဲ ရွိပါေသး၏။

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] : “ေရွာင္ပိုင္ ျမန္ျမန္လက္ခံလိုက္ေလ  ဒီေန႕ ၂ေယာက္-၂ေယာက္ PK ၿပိဳင္ပြဲရွိတယ္

နင္နိုင္ရင္ အေတြ႕အႀကဳံအမွတ္ ၂ဆႀကီးေတာင္ရမွာေနာ္၊

နင္ levelမတက္ခ်င္ဘူးလား၊ တိုက္တိုက္ဆိုင္ဆိုင္ပဲ ငါတို႔ကလဲ အသင္းဖြဲ႕ေနတာေလ”

ခ်ဴးလ်ိဳသည္ ဖိတ္ေခၚမႈကို လက္မခံခင္ ခဏေလာက္ေတြးလိုက္ၿပီးေနာက္ စာအနည္းငယ္ရိုက္လိုက္သည္။

[ပိုင္လင္း] : “ငါ့ကို ပိုင္လင္းလို႔ေခၚ မဟုတ္ရင္ေတာ့ နင့္ကို ကိုရင္ ႐ြာကိုျပန္ေရာက္သြားတဲ့ထိ ငါနင့္ကိုသတ္ပစ္ေပးမယ္”

 

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] : “

(သြားေပၚတဲ့ထိ ၿပဳံးေနေသာမ်က္ႏွာ) ...... မင္းနာမည္အျပည့္အစုံကိုေခၚရင္ အရမ္းကိုမရင္းႏွီးသလိုႀကီးပဲ”

ခ်ဴးလ်ိဳ စေကးတစ္ခုကို ပစ္လိုက္ၿပီးေနာက္

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] ဟာ သူ႕အသက္အမွတ္ သုံးမွတ္ ေလ်ာ့သြားေခ်ၿပီ။

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] : “. ..”

ကြန္ပ်ဴတာေရွ႕တြင္ ထိုင္ေနေသာ ဝမ္မင္ေထာင္ က တတြတ္တြတ္ မေျပာပဲမေနနိုင္ေတာ့။ “ သူက ခ်စ္ဖို႔ေကာင္းၿပီး လွပတဲ့ မိန္းကေလးတစ္ေယာက္မွန္း သိသာပါတယ္ ဒီဂိမ္းထဲမွာေတာ့ ဘာလို႔ ေသာက္ရမ္းၾကမ္းေနရတာလဲကြ"

ထိုစကားကို ဖြင့္ဟေျပာဆိုမည့္အစား သူသည္ ခ်ဴးလ်ိဳကို ၂ေယာက္-၂ေယာက္ PK တိုက္ပြဲဆီ ေခၚလိုက္သည္။

ခ်ဴးလ်ိဳလဲ သူမ၏ ဂိမ္း ဇာတ္ေကာင္ကို PKတိုက္ပြဲေနရာသို႔ သြားရန္ ထိန္းခ်ဴပ္ေနစဥ္ ဝမ္မင္ေထာင္က ယုံၾကည္ခ်က္အျပည့္နဲ႕ တစ္ခုခုကို ေျပာလာေခ်၏။

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] : “ငါနင့္ကို ေနာင္က် ရင္ ကာကြယ္ေပးမယ္ မင္းအားနည္းနည္းေလးကိုပဲ သုံးတာေတာင္ အေတြ႕အႀကဳံအမွတ္ေတြ အမ်ားႀကီးရေအာင္ ငါကူညီေပးမယ္လို႔ ကတိေပးတယ္ေနာ္”

ခ်ဴးလ်ိဳ ထိုစာကို ေတြ႕လိုက္ေတာ့ သူမ၏ႏႈတ္ခမ္းေထာင့္စြန္းေလး ေကြးၫႊတ္သြားေခ်ၿပီ။

PK နယ္ပယ္ systemကလဲ level တူသည့္ ၿပိဳင္ဘက္ေတြကို ေ႐ြးထုတ္ေပးေလသည္။

ထို႔ေနာက္ သူမသည္ စကားႀကီးစကားက်ယ္ေျပာေနသည့္ ဝမ္မင္ေထာင္ကို ၾကည့္ခြင့္ေပးလိုက္သည္။ ထို႔ျပင္ ဘယ္သူက ဘယ္သူ႕ကို ကာကြယ္ေပးေနရတယ္ ဆိုတာကိုပါ ထင္ရွားစြာ ျပသလိုက္ပါေသး၏။

မနက္ခင္းတစ္ခင္းလုံးတြင္ ကြန္ပ်ဴတာေရွ႕တြင္ ထိုင္ေနေသာ ဝမ္မင္ေထာင္ တစ္ေယာက္ကေတာ့ ေျပာစရာဆိုလို႔ စကားႏွစ္ခြန္းသာရွိပါသည္။

“ခ်ီးပဲ !”

“သူက လူေရာဟုတ္ရဲ႕လားကြ

သူတို႔နဲ႕ PKတိုက္ဖို႔ ဝင္လာသည့္ တျခားသူေတြတြင္လည္း ေျပာစရာစကားသုံးခြန္းသာ ရွိပါသည္။

“ယီးပဲကြာ!”

 

“ဘယ္ဆရာႀကီးကမ်ား ဒီလို levelနိမ့္ေနတဲ့ အေကာင့္ေလးနဲ႕ လာေဆာ့ေနရတာလဲ”

“ဒီlevelနိမ့္ေနတဲ့ အေကာင့္ က ေသခ်ာေပါက္ ညစ္ေနတာပဲ!”

 

မနက္ခင္း ဟာ လ်င္ျမန္စြာျဖင့္ ကုန္ဆုံးသြားေခ်ၿပီ။

ခ်ဴးလ်ိဳသည္ level45ထိ level တက္သြားေသာ သူမအေကာင့္ကိုၾကည့္ရင္း အရမ္းႀကီးေတာ့ေက်နပ္မေနေသးေပ။

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] : “အမပိုင္ ကြၽန္ေတာ္တို႔ ေန႕ခင္းက်မွ ဆက္ေဆာ့ၾကမလား”

[ ပိုင္လင္း] : “ system က ၿပိဳင္ဘက္ကိုမေ႐ြးေပးဘဲနဲ႕ ငါတို႔ဘာသာငါတို႔ ၿပိဳင္ဘက္ကို ေ႐ြးလို႔မရဘူးလား

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] :”ေ႐ြးလို႔ရတာေပါ့”

ခ်ဴးလ်ိဳ စိတ္ေက်နပ္သြားေလၿပီ။

[ ပိုင္လင္း ] : “ ေန႕လည္ 2နာရီအတိက်ရင္ လိုင္းတက္ခဲ့ “

ထို႔ေနာက္ သူမဂိမ္းထဲကေန ထြက္လာလိုက္သည္။

ခ်ဴးလ်ိဳသည္ ဇရပ္တြင္ ဂိမ္းထိုင္ေဆာ့ေနၿပီးေနာက္ သူမေမာ့ၾကည့္လိုက္သည့္အခါ ပရိေဘာဂပစၥည္းတခ်ိဳ႕ကို အထဲသယ္ေနတဲ့ လူနည္းစုကို သူမေတြ႕လိုက္ရသည္။

သူမလဲ ထိုေနရာသို႔ ဂိမ္းစက္ျဖင့္သြားလိုက္ေတာ့ ခုမွဝင္လာတဲ့အိမ္ေတာ္ထိန္းကို ဝင္တိုက္မိေတာ့သည္။

အိမ္ေတာ္ထိန္းကသူမကို ျမင္လိုက္သည့္အခိုက္ သူသည္ သူမကို စာရင္း ျပန္ေပးလိုက္ၿပီး ”မမေလးခ်ဴး ကြၽန္ေတာ္ မမေလးလိုခ်င္တာေတြ အားလုံးကိုဝယ္ခဲ့ပါတယ္ ဒါကေတာ့ ကုန္က်စရိတ္ေဘာင္ခ်ာနဲ႕ က်န္တဲ့ေငြပါ”

သူသည္ သူမကို ေဘာင္ခ်ာ၊ ဘဏ္ကတ္ႏွင့္ ေက်ာက္မ်က္ရတနာအခ်ိဳ႕ကို ျပန္ေပးလိုက္သည္။

 

ခ်ဴးလ်ိဳ ပစၥည္းေတြကို ယူလိုက္ကာ ေဘာင္ခ်ာကိုၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ “ဒီပစၥည္းေတြက ဒီေလာက္ထိ ေစ်းေပါလိမ့္မယ္လို႔ ကြၽန္မထင္မထားခဲ့ဘူး”

 

သူမဟာ အေကာင္းဆုံးေသာ ထင္ရႉးသား ၊ သစ္သားေဂၚနဲ႕ မက္မြန္သားပရိေဘာဂတို႔ကို လိုခ်င္သည္။ ပရိေဘာဂေတြအားလုံးကို ၃သိန္းယြမ္သာ

ကုန္က်သြားသည္။

အိမ္ေတာ္ထိန္းသည္ ခ်ဴးလ်ိဳ၏ အံ့ၾသေနေသာမ်က္ႏွာကိုၾကည့္ေနရင္း

သူ႕ဘာသာေတြးေနလိုက္သည္။ ‘ ဒါေတြအားလုံးက သခင္ႀကီးနာမည္ေအာက္က အလုပ္ေတြပဲေလ မင္းကို ဒစ္စေကာင့္ေတြေပးေနမွေတာ့ ေသခ်ာေပါက္ ေစ်းေပါေနေတာ့မွာေပါ့’

သို႔ေသာ္ သူသည္ ထိုအေၾကာင္းကို ထုတ္ေဖာ္မေျပာၾကားပါေခ်။

ခ်ဴးလ်ိဳ လဲ သူတို႔ေနာက္ကိုလိုက္သြားကာ ပရိေဘာဂေတြကို ဘယ္ေနရာမွာ ခ်သင့္ေၾကာင္း ေျပာလိုက္သည္။

နံရံတစ္ခုလုံးကို ဖုံးကြယ္ေနသည့္ စာအုပ္စင္ႀကီးကိုၾကည့္ရင္း ခ်ဴးလ်ိဳသည္ သူမ၏ေမးေစ့ကိုပြတ္သပ္ရင္း အစီအစဥ္တစ္ခုကို ခ်လိဳက္သည္။ “ငါ ဒီေန႕ေတာ့ ဂိမ့္ေဆာ့တာေလွ်ာ့ၿပီး စာအုပ္နည္းနည္းေလာက္ သြားဝယ္မွနဲ႕တူတယ္”

ေဘးနားမွာရပ္ေနသည့္ အိမ္ေတာ္ထိန္းႀကီးက ထိုစကားကိုၾကားသြားသည့္အခါ ေျပာလိုက္သည္။ “မမေလးခ်ဴး မမေလး စာအုပ္ေတြကို အြန္လိုင္းေပၚကေန ဝယ္လို႔ရပါတယ္ သူတို႔က စာအုပ္ေတြကို သခင္မေလးဆီ ကိုယ္တိုင္ကိုယ္က် လာပို႔ၾကပါလိမ့္မယ္”

ခ်ဴးလ်ိဳမ်က္လုံးလဲ ပင့္တက္သြားၿပီး “တကယ္လား ဒါဆိုေကာင္းတာေပါ့”

ေနာက္ထပ္ႏွစ္နာရီေလာက္ထိ သူမဟာ ထမင္းစား တာအျပင္ သူမရဲ႕ တက္ဘလက္တြင္ အြန္လိုင္း စာအုပ္ဆိုင္ကေန စာအုပ္ေတြကိုသာ ႏွိပ္ေနေတာ့သည္။

ဧည့္ခန္းတစ္ခန္းလုံးတြင္လဲ စက္သံတစ္ခုတည္းသာလွ်င္ ၾကားရေနပါ၏။

 

“သင္ဝယ္လိုက္ေသာ XXX စာအုပ္ကို ေအာ္ဒါတင္ၿပီးသြားပါၿပီ....”

“သင္ဝယ္လိုက္ေသာ YYY စာအုပ္ကို ေအာ္ဒါတင္ၿပီးသြားပါၿပီ....”

ခ်ဴးလ်ိဳသည္ စာအုပ္ေတြအမ်ားႀကီးကို ဝယ္ခ်လိဳက္ၿပီး တစ္နာရီအတြင္းမွာပင္ သူမဟာ စာအုပ္ေပါင္းရာေက်ာ္ထိ ဝယ္ၿပီးသြားေလၿပီ။

သူမသည္လဲ ၂နာရီအတိ ထိုးသည္ႏွင့္ လိုင္းတက္လိုက္ကာ ဝမ္မင္ေထာင္ကေတာ့ သူမကို ေစာင့္ေနႏွင့္ေခ်ၿပီ။

[ ပိုင္လင္း] : “ ဒီေန႕ခင္းမွာေတာ့ ငါ့ၿပိဳင္ဘက္ကိုငါပဲေ႐ြးမယ္”

[ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] :”ရတာေပါ့”

ေန႕ခင္း တစ္ေန႕ခင္းလုံးတြင္လဲ ကြန္ပ်ဴတာေရွ႕တြင္ ထိုင္ေနေသာ ဝမ္မင္ေထာင့္တြင္ အမူအရာ တစ္ခုသာရွိပါေတာ့၏။ “!!!”

ကမာၻ႔ခ်န္နယ္တြင္လဲ တစ္ခ်ိန္ၿပီးတစ္ခ်ိန္ မက္ေဆ့ခ်္ေတြတစ္ေစာင္ၿပီး တစ္ေစာင္ တက္လာေခ်ၿပီ။

...

 

“Level 55 ကစားသမား XX နဲ႕ XXX တို႔ကို အနိုင္ယူလိုက္သည့္

Level 45 ကစားသမား [ပိုင္လင္း] နဲ႕ [ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] တို႔ကို ဂုဏ္ျပဳပါတယ္”

 

...

 

“Level 7 ကစားသမား YY နဲ႕ YYY တို႔ကို အနိုင္ယူလိုက္သည့္ Level 57 ကစားသမား [ပိုင္လင္း] နဲ႕ [ ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး ] တို႔ကို ဂုဏ္ျပဳပါတယ္”

အစတုံးကေတာ့ ကမာၻ႔ခ်န္နယ္ သည္ တိတ္ဆိတ္ ၿငိမ္သက္ေနပါ၏။ အဆုံးတြင္ေတာ့ system၏ ဂုဏ္ျပဳေၾကာင္းမက္ေဆ့ခ်္ေတြ ေရာက္လာၿပီးေနာက္တြင္ေတာ့ မက္ေဆစ့္ေရစီးေၾကာင္းႀကီး စတင္စီးဆင္းလာေလၿပီ။

“ဖာ့ခ္!ဖာ့ခ္!”

“အဲ့တာ ဘယ္သူတုံးကြ တစ္ေန႕ခင္းတည္းနဲ႕ level10ခုေက်ာ္ေလာက္ထိ Level တက္သြားတာ ဘယ္သူတုံးကြ”

“အဆင့္နိမ့္တဲ့ အေကာင့္ပါလားကြ? အဲ့တာက မျဖစ္နိုင္ဘူး ငါေတာ့ နတ္ဘုရား Y ကလြဲရင္ တစ္ေန႕ခင္းေလာက္ေလးနဲ႕ levelဆယ္ခုေက်ာ္ေလာက္ levelတက္သြားတဲ့ သူမ်ိဳးကို တစ္ခါမွ မျမင္ဖူးဘူးကြ”

“ဒါ့ျပင္ ကမာၻအဆင့္ ၿပိဳင္ပြဲေပၚလာကတည္းက သူ႕မွာ ဂိမ္းေဆာ့ဖို႔ေတာင္ အခ်ိန္မရွိေတာ့တာကို ဘယ္လိုလုပ္ သူ႕မွာ အဆင့္နိမ့္အေကာင့္တစ္ခု ရွိမွာလဲ”

“စကားေတြအမ်ားႀကီးေျပာေနတာထက္စာရင္ ဟက္ကာဆရာႀကီးတခ်ိဳ႕ကို အဲ့ဒီ IDကို စစ္ခိုင္းၿပီး အဲ့နတ္ဘုရားက ဘယ္သူလဲ ဆိုတာကို ၾကည့္ခိုင္းလိုက္ၾကပါလား “

ထိုလူ ဘယ္သူပဲ ျဖစ္ေနပါေစ သူတို႔၏ စိတ္ထဲတြင္ေတာ့ တူညီသည့္ အေတြးပန္းတိုင္တစ္ခုရွိေနပါ၏။

 

 

(စာေရးသူ၏ရွင္းလင္းခ်က္ - အဆင့္နိမ့္ အေကာင့္ ဆိုသည္မွာ ကြၽမ္းက်င္ၿပီးသားသူတစ္ေယာက္ သို႔မဟုတ္ ထင္ေပၚေက်ာ္ၾကားသည့္ အသုံးျပဳသူတစ္ေယာက္ေယာက္၏  ေနာက္ အေကာင့္တစ္ခုကိုဆိုလိုပါသည္။)

 

(T/n- ဂိမ္းမာစတာႀကီးတစ္ေယာက္က ေနာက္အေကာင့္တစ္ခုကိုဖြင့္ၿပီး Level အနိမ့္ကေန စေဆာ့ေနတာမ်ိဳးပါ ဂိမ္းကြၽမ္းက်င္သူႀကီးဆိုေတာ့ level နိမ့္အေကာင့္ျဖစ္ေနလဲ Skill ေတြ အရမ္းကြၽမ္းေနေတာ့ အၿမဲလိုလို နိုင္ေနတာေၾကာင့္ပါ)

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၆ ။ ေက်ာ္ၾကားေနေသာ စစ္ေဆးၿပီးသား ID

 

ထ်န္က်ိယြင္ႏွင့္ အျခားသူမ်ားသည္ ဂိမ္းကစားရန္ အေဆာင္ခန္းသို႔ ျပန္လာေသာအခါ ကမာၻ႔ခ်န္နယ္ မွာ မက္ေဆ့ခ်္ေတြတစ္ေတာင္ေတာင္ တက္တက္ေနတာကို ေတြ႕လိုက္ရသည္။

 

“ဘာျဖစ္တာလဲ?”

 

ထ်န္က်ိယြင္ သည္ ကမာၻ႔ခ်န္နယ္ကို လ်င္ျမန္စြာ ၾကည့္ရႈလိုက္ၿပီးေနာက္

“ေသစမ္း”

ထို႔ေနာက္ သူသည္ အျခားသူမ်ားကို ေျပာလိုက္သည္။ 

“ၾကည့္စမ္း၊ ဟိုေန႕က ငါတို႔နဲ႕ပူးေပါင္းခဲ့တဲ့ ဒီငါးခူေကာင္[ပိုင္လင္း]က တစ္ရက္တည္းနဲ႕ အဆင့္ ၃၅ ကေန အဆင့္ ၅၇ အထိေတာင္ တက္လာတယ္!”

ရွဲ႕မင္ဟိုင္၊ ယြီလဲ့ ႏွင့္ ႐ႊီခ်င္ဖုန္း တို႔က ထိုစကားကိုၾကားသည့္အခါ ဂိမ္းထဲသို႔ အျမန္ဝင္ၾကည့္လိုက္ၾကသည္။

ရွဲ႕မင္ဟိုင္က ကမာၻ႔ခ်န္နယ္ ကိုၾကည့္ကာ သုံးသပ္လိုက္သည္။

“ဒါက တစ္စုံတစ္ေယာက္ရဲ႕ အဆင့္နိမ့္အေကာင့္ပဲ ျဖစ္ရမယ္။ မဟုတ္ရင္လည္း သူက ဂိမ္းကြၽမ္းက်င္သူပဲျဖစ္ရမယ္။”

ယြီလဲ့က ေျပာသည္။

“သူက တျခားဆာဗာက ကြၽမ္းက်င္သူလည္း ျဖစ္နိုင္တယ္။ မေန႕က ငါတို႔ အဖြဲ႕ ဖြဲ႕ၿပီးကတည္းက ငါ ေတာ္ေတာ္ေလး သတိထားမိေနတာ။ ဒီလူက ဂိမ္းကို အထင္ႀကီးေလာက္စရာ လမ္းၫႊန္ေပးနိုင္တယ္ေလ”

သူတို႔ေျပာၿပီးတဲ့ ေနာက္မွာေတာ့ သူတို႔ထဲက တစ္ေယာက္က PK ကြင္းကို သြားဖို႔အတြက္ သူ႕ရဲ႕ ဂိမ္းဇာတ္ေကာင္ကို စတင္ေတာ့သည္။ ထိုအခ်ိန္တြင္ တစ္ခ်ိန္လုံး တိတ္ဆိတ္ေနေသာ ႐ႊီခ်င္ဖုန္း က ေျပာလိုက္သည္။

“မလိုအပ္ဘူး”

သုံးေယာက္သား တစ္ခ်ိန္တည္းမွာပင္ သူ႕ကိုလွည့္ၾကည့္လိုက္ၾကသည္။

႐ႊီခ်င္ဖုန္းက ကီးဘုတ္ေပၚတြင္ ခပ္သြက္သြက္ေလးရိုက္လိုက္သည္။ ဆယ္စကၠန႔္ၾကာၿပီးေနာက္ သူက ေျပာလာသည္။ 

“ဒီလူ႕ ID ရဲ႕ ခန႔္မွန္းေျခ တည္ေနရာကို ငါရွာေတြ႕ၿပီးၿပီ။ သူခု ရပ္ကြက္ေဟာင္းမွာ ရွိေနတယ္။ သူသာ ဂိမ္းထဲမွာ တကယ့္ ကြၽမ္းက်င္သူဆိုရင္ သူ႕ ID ကို ဘယ္လိုေဖ်ာက္ရမလဲဆိုတာ သိသင့္တယ္။”

ဒီစကားကိုၾကားတဲ့အခါ သုံးေယာက္သား တစ္ခ်ိန္တည္းမွာပင္ ႐ႊီခ်င္ဖုန္းရဲ႕ကြန္ပ်ဴတာကိုၾကည့္ဖို႔ ေရာက္လာၾကေလသည္။

ရွဲ႕မင္ဟိုင္က ထေအာ္လိုက္သည္။

“ေသစမ္း! တကယ္ႀကီးကြ.. ခ်င္ဖုန္းက သူ႕ကို ရွာေတြ႕တာပဲ ၿပီးေတာ့ ဂိမ္းထဲမွာ အၿမဲလိုလို ကြၽမ္းက်င္သူေတြက ေပါမ်ားလြန္းေနတာ၊ ဒီလူ႕အေၾကာင္း လူေတာ္ေတာ္မ်ားမ်ားလည္း သိၿပီးသား ျဖစ္နိုင္တယ္။ တကယ္လို႔သာ ဒီလူကို ေဖာ္ထုတ္လိုက္ၾကရင္ ဒုကၡေရာက္နိုင္တယ္။ ငါတို႔သူ႕ကိုကူညီသင့္လား”

ယြီလဲ့ကလည္း ေျပာလိုက္သည္။

“ဒီလူရဲ႕ ေနာက္ခံအေၾကာင္းကို ငါတို႔ မသိေသးဘူး။ ငါတို႔ သူ႕ကို သတိေပးသင့္တယ္ထင္တယ္”

ထို႔ေနာက္ သူက ထ်န္က်ိယြင္ ကိုၾကည့္လိုက္သည္။

“ေဘာ့စ္ မင္း ေရာဘယ္လိုထင္လဲ”

ထ်န္က်ိယြင္ ခဏေလာက္စဥ္းစားၿပီး သေဘာတူလိုက္သည္။

“ငါတို႔ သူ႕ကို အရင္သတိေပးရေအာင္”

PK သည္ ေန႕လည္ငါးနာရီတြင္ ၿပီးဆုံးခဲ့သည္။ ခ်ဴးလ်ိဳႏွင့္ ဝမ္မင္ေထာင္ သည္ PK ကြင္းမွ ထြက္လာေသာအခါတြင္ လူစည္ကားေနေသာ ရင္ျပင္တစ္ခုကို ေတြ႕လိုက္ရသည္။

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး]: “(စိတ္ရႈပ္ေနတဲ့မ်က္ႏွာ…) အတိအက် ဘာျဖစ္သြားတာလဲ။ ဒီေန႕ PK ကြင္းမွာ ဘာလို႔ လူေတြ ဒီေလာက္မ်ားေနရတာလဲ”

ခ်ဴးလ်ိဳ သည္ ထိုသူတို႔၏ ေခါင္းေပၚက စကားလုံးမ်ားကို အျမန္ၾကည့္ကာ အေၾကာင္းျပခ်က္ကို ခ်က္ခ်င္းသိလိုက္သည္။

ဝမ္မင္ေထာင္လည္း အျမန္ နားလည္သြားသည္။ သူက ခ်ဴးလ်ိဳထံသို႔ လွ်ို႔ဝွက္စာတိုတစ္ေစာင္ အျမန္ပို႔လိုက္သည္။

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး]:

“ေဘာ့စ္၊ မင္းေတာ့ နာမည္ႀကီးေနၿပီ”

ခဏအၾကာတြင္ ထပ္ေျပာလာျပန္သည္။

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး]: “ေဘာ့စ္၊ တစ္ခုခုေတာ့ ျဖစ္သြားၿပီ၊ တစ္ေယာက္ေယာက္က မင္းရဲ႕ ID ကို ရွာေနတယ္။ အကာအကြယ္တံတိုင္း ဝယ္ထားတာ ပိုေကာင္းမယ္ထင္တယ္။ မဟုတ္ရင္ တစ္ေယာက္ေယာက္က မင္းကို ဟက္လိမ့္မယ္။”

[ပိုင္လင္း]: “ဟမ္? အဲဒါဘာလဲ?"

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး]: “သူေဌး၊ ဒါကိုေတာင္ မသိဘူးလား။ အဓိပၸါယ္က ဘလာဘလာဘလာဘလာဘလာ။”

ဝမ္မင္ေထာင္၏ ရွည္လ်ားေသာ ရွင္းျပခ်က္မ်ားကို ျမင္ၿပီးေနာက္ ခ်ဴးလ်ိဳက ေျပာလိုက္သည္။

“ငါ လိုင္းေပၚကဆင္းေတာ့မယ္”

သူမ ဂိမ္းထဲက ထြက္သြားလိုက္သည္။

 

[ပိုင္လင္း] ကို ေစာင့္ၾကည့္ေနၾကေသာ ကစားသမားမ်ားအားလုံး:  “???”

သူဘယ္မွာလဲ? ဘာေတြျဖစ္ေနတာလဲ? ေၾကာက္ေနၿပီလား?။

ခ်ဴးလ်ိဳ လိုင္းေပၚက ဆင္းၿပီးေနာက္ သူမက ပထမဆုံးအေနနဲ႕ အင္တာနက္ကိုပိတ္လိုက္ၿပီး ထိုကာလအတြင္း သူဖတ္ေနသည့္ ကြန္ပ်ဴတာထဲရွိစာအုပ္မ်ားကို အျမန္စစ္ထုတ္လိုက္သည္။

ေနာက္ဆုံးတြင္ သူမက ဦးေလးဝူကို ေခၚလိုက္သည္။ ခ်ဴးလ်ိဳ က သူ႕ကို ေခၚေတာ့ ဦးေလးဝူက အရမ္းအံ့ၾသသြားသည္။

“ေရွာင္ခ်ဴး၊ သမီး ဦးေလး အကူအညီလိုလို႔လား”

 

ခ်ဴးလ်ိဳ က အနည္းငယ္ ရွက္႐ြံ႕ေသာေလသံျဖင့္ တုံ႕ျပန္လိုက္သည္။

“ဟုတ္”

“ ကြၽန္မရဲ႕ ID ကို ဟက္ကာေတြ ရွာမေတြ႕ေအာင္ အကာအကြယ္ တံတိုင္းတစ္ခု ေဆာက္ခ်င္လို႔။ ဘယ္လို လုပ္ရမလဲဆိုတာ ေျပာျပေပးလို႔ရမလား

တစ္ဖက္က ႐ုတ္တရတ္ ၿငိမ္သြားတာေၾကာင့္ ခ်ဴးလ်ိဳ အနည္းငယ္ စိတ္ပ်က္သြားသည္။

“လုပ္လို႔မရဘူးလား”

“မဟုတ္ပါဘူး... တကယ္လို႔ ေရွာင္ခ်ဴး က ID အကာအကြယ္ တံတိုင္းတစ္ခု ေဆာက္ခ်င္တယ္ ဆိုရင္ ငါကူညီနိုင္ပါတယ္။”

ခ်ဴးလ်ိဳက ျငင္းလိုက္သည္။ “မဟုတ္ပါဘူး။ သမီးကို ဘယ္လိုလုပ္ရမလဲဆိုတာ ေျပာေပးပါ သမီးကိုယ္တိုင္လုပ္လိုက္ပါမယ္"

“ေရွာင္ခ်ဴး"

 

ဦးေလးဝူက ခ်ဴးလ်ိဳအေနနဲ႕ သူ႕ကိုယ္သူအေပၚထားရွိသည့္ ယုံၾကည္မႈကို ဖ်က္ဆီးမိမွာကို စိုးရိမ္ေနပုံရၿပီး သူ႕ေလသံကို အနည္းငယ္ သတိထားေနဟန္ ေပၚသည္။

“သာမန္အကာအကြယ္နံရံေတြ ေဆာက္ရတာက လြယ္ေပမယ့္ ဟက္ကာေတြေတာင္ မေဖာက္ထြင္းနိုင္တဲ့ အကာအကြယ္တံတိုင္းတစ္ခုကို လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒါက အရမ္းခက္ခဲတဲ့ အဆင့္တစ္ခုကိုေရာက္သြားၿပီ။ သမီး ေလ့လာဖို႔ လိုအပ္ေနေသးတာက....…”

ထို႔ေနာက္ ဦးေလးဝူ က ခ်ဴးလ်ိဳ အား ကြန္ပ်ဴတာသိပၸံအေၾကာင္း ေလ့လာရန္ လိုအပ္သည္မ်ားကို ေျပာျပသည္။

ခ်ဴးလ်ိဳက ဦးေလးဝူ ၏ သူမကိုယ္သူမအေပၚ ယုံၾကည္မႈကို မဖ်က္ဆီးေစလိုသည့္ ရည္႐ြယ္ခ်က္ေကာင္းမ်ားကို လုံးဝ သေဘာမေပါက္ေပ။ နားေထာင္ေလေလ သူမ၏ မ်က္လုံးမ်ားက ပိုေတာက္ပလာေလေလ ျဖစ္သည္။

“သမီး သင္ခ်င္တယ္”

သူမ အားတက္သေရာ ေျပာလိုက္သည္။

တဖန္၊ တစ္ဖက္လူက တိတ္ဆိတ္သည့္ အေျခအေနအတြင္း က်ေရာက္သြားျပန္သည္။ မိနစ္ဝက္နီးပါး ၾကာၿပီးေနာက္ ဤတစ္ႀကိမ္တြင္ မစၥတာဝူက ေျပာလာသည္။

“ေရွာင္ခ်ဴးက သင္ယူခ်င္တာဆိုေတာ့ ဒီလိုဆိုရင္ေကာ ဘယ္လိုလဲ။ ဒီည ဦးေလး အိမ္ကိုလာခဲ့၊ ဦးေလး သင္ေပးမယ္။”

ခ်ဴးလ်ိဳလည္း ဝမ္းသာအားရ သေဘာတူလိုက္သည္။

ဦးေလးဝူ ဝယ္ယူခဲ့ေသာ အျခားအိမ္သည္ ရပ္ကြက္ေဟာင္းထဲတြင္သာ ျဖစ္ေသာ္လည္း ခ်ဴးလ်ိဳ ေနထိုင္သည့္ေနရာႏွင့္ အနည္းငယ္ေဝးသည္။ တစ္ခုက အေရွ႕ဘက္တြင္ရွိၿပီး က်န္တစ္ခုကေတာ့ အေနာက္ဘက္တြင္ျဖစ္သည္။ ခ်ဴးလ်ိဳ အဲ့ဒီကိုသြားတဲ့အခါ ဦးေလးဝူရဲ႕ မိသားစုဝင္သုံးေယာက္က သူမကို အိမ္ေပါက္ဝမွာ ေစာင့္ေနၾကသည္။

အန္တီဝူက သူမကိုျမင္လိုက္ေသာအခါ သူမ၏ မ်က္လုံးမ်ားသည္ ဝမ္းသာမ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး ေက်းဇူးတင္ေၾကာင္းေျပာကာ မ်က္ရည္က်ျပန္သည္။

ခ်ဴးလ်ိဳကလဲ ၿပဳံးၿပီး လက္ကို ေဝွ႕ယမ္းျပ လိုက္သည္။ 

“ဒါက ကြၽန္မတို႔ၾကားက ကံၾကမၼာပါပဲ။ အန္တီတို႔ ကြၽန္မကို ေက်းဇူးတင္ေနဖို႔ မလိုဘူး။”

“ဟုတ္တယ္၊ ဟုတ္တယ္၊ ဟုတ္တယ္။ သခင္မေလး ေျပာတာမွန္တယ္။ အန္တီတို႔မိသားစုရဲ႕အခက္အခဲေတြကို ေျဖရွင္းေပးခဲ့တဲ့ သခင္မေလးနဲ႕ေတြ႕ခြင့္ရဖို႔ အန္တီတို႔ အရင္ဘဝေတြတုန္းက ေကာင္းတာေတြ အမ်ားႀကီးလုပ္ၿပီး ကံေကာင္းမႈေတြ စုေဆာင္းထားတာပဲ ျဖစ္ရမယ္။”

“အန္တီ၊ ကြၽန္မကို ပေရာ္ဖက္ဆာ ဝူ လိုပဲ ေရွာင္ခ်ဴးလို႔ေခၚနိုင္ပါတယ္။”

“အိုး ဒါေကာင္းတယ္။ ေရွာင္ခ်ဴး၊ အန္တီကိုလည္း အရမ္းယဥ္ေက်းၿပီး ဆက္ဆံဖို႔မလိုပါဘူး။ အန္တီဝူလို႔သာ ေခၚပါ”

“ေကာင္းပါၿပီ။”

အဲ့ဒီအခ်ိန္မွာပဲ ခ်ဴးလ်ိဳရဲ႕ေဘးမွာ အၿပဳံးႀကီးႀကီးနဲ႕ ရပ္ေနတဲ့ အန္တီဝူကို ဝူသခင္မေလးက စကားေျပာလိုက္ၿပီး သူမအသံက ႏူးညံ့ၿပီး နားေထာင္လို႔ ေကာင္းလြန္းေနေလသည္။

“ေဖေဖ၊ ေမေမ၊ ညီမေလး ခ်ဴးကို တံခါးနားမွာပဲ ရပ္ခိုင္းမေနနဲ႕ေလ။ သူ႕ကို စကားေျပာဖို႔ အိမ္ထဲကို ေခၚပါဦး”

 

ဝူသခင္မေလးက ခ်ဴးလ်ိဳ ကိုၾကည့္ရင္း သူမကိုယ္သူမ မိတ္ဆက္လိုက္သည္။

 

“ကြၽန္မနာမည္က ဝူရိေယာင္ ပါ ။ အမ ညီမကို ညီမေလး ခ်ဴးလို႔ေခၚရင္ ညီမစိတ္မဆိုးဘူးမို႔လား”

ခ်ဴးလ်ိဳ က အၿပဳံးေလးနဲ႕ ေခါင္းခါလိုက္သည္။ 

“စိတ္မဆိုးပါဘူး။”

ထိုသို႔ေျပာၿပီးေနာက္ သူမမ်က္ႏွာကို ၾကည့္လိုက္သည္။

“အစ္မဝူ၊ ဒီအခ်ိန္အတြင္းမွာ အျပင္ထြက္ၿပီး ေလစိမ္းေတြ မထိေတြ႕မိေအာင္ ေနပါ”

“ေကာင္းၿပီ အမေနာက္မွ ေသခ်ာ အနားယူလိုက္ပါ့မယ္”

ဝူရိေယာင္ သည္ သူမ၏ ကိုယ္တြင္း ဗဟိုခ်က္မွာ ဒဏ္ရာရထားခဲ့ၿပီး ေျခလွမ္းအနည္းငယ္ လွမ္း႐ုံေလာက္နဲ႕ အသက္ရႈက်ပ္ေနခဲ့သည္။

သူတို႔လူစုက အတူတူ ေလွ်ာက္ဝင္လာၾကသည္။ ဦးေလးဝူက လမ္းေလွ်ာက္လာရင္းနဲ႕ ေျပာသည္။

“ေရွာင္ခ်ဴး သမီးက ID ေဖ်ာက္တဲ့ အကာအကြယ္လုပ္ဖို႔ နည္းပညာကို တကယ္ေလ့လာခ်င္ေနတာလား။ ဦးေလး သမီးကို တစ္ညတည္း သင္ေပးနိုင္ေပမယ့္ သမီး သင္ယူနိုင္မလားဆိုတာေတာ့ ဦးေလး အာမမခံနိုင္ဘူး။ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားဖို႔ေတာ့ လိုမယ္။”

ခ်ဴးလ်ိဳက မစၥတာဝူကို ဆိုလိုသည့္အခ်က္ကို ေကာင္းေကာင္းသိတာေၾကာင့္ ေခါင္းညိတ္လိုက္သည္။ 

“သမီးသိပါတယ္။ ပေရာ္ဖက္ဆာ ဝူ၊ လာ သြားသင္ၾကစို႔”

အန္တီဝူႏွင့္ ဝူရိေယာင္တို႔က တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္သည္။ သူတို႔က ခ်ဴးလ်ိဳအေနနဲ႕ ေကာင္းေကာင္း မသင္ယူနိုင္တဲ့အခါ စိတ္ဓာတ္က်သြားမလားလို႔ စိုးရိမ္ေနၾကျခင္းျဖစ္သည္။ သို႔ေသာ္ တစ္ညတာ သင္ယူမႈ အၿပီးမွာေတာ့ ခ်ဴးလ်ိဳဟာ ဝူမိသားစုမွသုံးေယာက္အား နတ္ဘုရားႏွင့္တူေသာ တည္ရွိမႈက အဘယ္သို႔ဆိုသည္ကို ျပသနိုင္ခဲ့သည္။

မစၥတာဝူက ခ်ဴးလ်ိဳကို စာသင္ေပးေနရသည့္အတြက္ အန္တီဝူဟာ သူတို႔ကို စိတ္ပူေနသျဖင့္ သူတို႔ႏွင့္တစ္ညလုံးအတူေနကာ လက္ဖက္ရည္ႏွင့္ ေရတို႔ကို အခါအားေလ်ာ္စြာ ပို႔ေပးၿပီး ခ်ဴးလ်ိဳအတြက္ ညလယ္စာ အဆာေျပမုန႔္ အနည္းငယ္ကိုပင္ ျပဳလုပ္ေပးခဲ့သည္။ သူမဝင္လာတိုင္း ခ်ဴးလ်ိဳ၏ ေသးငယ္ေသာမ်က္ႏွာေပၚတြင္ ပုံမွန္မဟုတ္သည့္ ေလးနက္ေသာအမူအရာတစ္ခုကို ေတြ႕ရၿမဲျဖစ္သည္။

ညေႏွာင္းပိုင္း၌ မစၥတာဝူႏွင့္ ခ်ဴးလ်ိဳတို႔သည္ အကာအကြယ္ ပရိုဂရမ္ကို အတူတကြ ေရးဆြဲခဲ့ၾကသည္။ မိုးကုတ္စက္ဝိုင္းတြင္ ပထမဆုံး အလင္းတန္းေပၚလာေသာအခါ ခ်ဴးလ်ိဳက သူမ၏ကြန္ပ်ဴတာကို စိုက္ၾကည့္ေနၿပီး ေတာက္ပေသာအၿပဳံးျဖင့္ သူတို႔ႏွစ္ေယာက္အတြက္ ဂုဏ္ယူစြာ ေျပာလိုက္သည္။

“သမီးတို႔လုပ္ထားတဲ့ အကာအကြယ္က ကြန္ပ်ဴတာ ဟက္ကာေတြ အမ်ားႀကီးကို ၾကားျဖတ္ဟန႔္တားနိုင္ခဲ့တယ္”

 

ဦးေလးဝူက ခ်ဴးလ်ိဳ စိတ္လႈပ္ရွားစြာၾကည့္ေနတာေၾကာင့္ သူမ၏ ေသးသြယ္ေသာ မ်က္ႏွာေလးက နီရဲသြားသည္။ သူ႕စိတ္ထဲမွာ ခံစားခ်က္ေတြ ျပည့္ႏွက္ေနၿပီး သူမကို အေလးအနက္ ဖိတ္ေခၚလိုက္သည္။

“ေရွာင္ခ်ဴး ၊ သမီးသာ ဆႏၵရွိရင္ အင္ပါယာတကၠသိုလ္မွာ ဦးေလးဆီကို သတင္းပို႔လို႔ရတယ္”

 

ခ်ဴးလ်ိဳကေတာ့ အင္ပါယာတကၠသိုလ္ရဲ႕ ပေရာ္ဖက္ဆာတစ္ဦးက သတင္းပို႔ဖို႔ရန္အတြက္ လူသစ္တစ္ဦးကို ဖိတ္ၾကားရျခင္း၏ အဓိပၸါယ္ကို မသိေပ။ သူမက ကြန္ပ်ဴတာသိပၸံဘာသာရပ္ကို အလြန္စိတ္ဝင္စားေသာေၾကာင့္သာ ေခါင္းညိတ္ အေျဖေပးလိုက္သည္။ 

“ေကာင္းပါၿပီ”

 

သူမက သူတို႔ကို ၿပဳံးျပလိုက္ရင္း သူမရဲ႕ ရည္႐ြယ္ခ်က္ကို ထပ္ေျပာလိုက္သည္။

“ေနာက္ထပ္ ဘာသာရပ္အနည္းငယ္ကိုလည္း ေလ့လာဖို႔ သမီး စီစဥ္ထားေသးတယ္… တကၠသိုလ္ေက်ာင္းသား တစ္ေယာက္က တစ္ခ်ိန္တည္းမွာ အထူးျပဳဘာသာရပ္ ဘယ္ႏွစ္ခုေလာက္ စာရင္းသြင္းနိုင္မလဲ”

 

“အမ္…” 

မစၥတာဝူႏွင့္ မစၥခ်ဴးဝူတို႔သည္ တစ္ေယာက္ကိုတစ္ေယာက္ ခဏေလာက္ ေၾကာင္ၾကည့္လိုက္မိၾကၿပီးေနာက္ မစၥဝူက ၿပဳံးၿပီးေျပာလိုက္သည္။

“ေရွာင္ခ်ဴး၊ သမီးသာ ကိုင္တြယ္နိုင္မယ္ဆိုရင္ သမီး လိုခ်င္သေလာက္ အထူးျပဳ ဘာသာရပ္ေတြကို ေလွ်ာက္ထားနိုင္ပါတယ္။ ဒါေပမဲ့ သမီးအေနနဲ႕ ေက်ာင္းသားေတြၾကားမွာ ေရပန္းစားတဲ့ အထူးျပဳဘာသာရပ္အခ်ိဳ႕ကို ေ႐ြးခ်ယ္ စာရင္းသြင္းနိုင္ရင္ေတာင္ စာေမးပြဲကာလမွာေတာ့ အခ်ိန္ထပ္ေနတာ လိုမ်ိဳး နည္းနည္း ရႈပ္ေထြးမႈေတြ ျဖစ္သြားနိုင္တယ္ေလ၊ ဒါေၾကာင့္ သမီးက အထူးျပဳဘာသာရပ္ႏွစ္ခု ဒါမွမဟုတ္ အဲ့ဒါထက္ပိုတဲ့ အထူးျပဳဘာသာရပ္မ်ားကို ေ႐ြးမယ္ဆိုရင္ သူတို႔ရဲ႕ စာေမးပြဲအခ်ိန္ကို ထည့္စဥ္းစားဖို႔လည္း လိုေသးတယ္”

 

“ဟုတ္၊ သမီး နားလည္ပါၿပီ”

 

ခ်ဴးလ်ိဳက မတ္တပ္ထရပ္လိုက္သည္။ 

“ဒါဆို သမီး အရင္ျပန္လိုက္ပါဦးမယ္။ ၿပီးရင္ ဒီည သင္ယူခဲ့တဲ့ ဗဟုသုတေတြကို စမ္းၾကည့္ရဦးမယ္”

 

ဦးေလးဝူႏွင့္ အန္တီဝူတို႔က ခ်ဴးလ်ိဳကို သူတို႔အိမ္မွာ မနက္စာ စားသြားရန္အတြက္ အစြမ္းကုန္ႀကိဳးစားခဲ့ေသာ္လည္း ခ်ဴးလ်ိဳက ျငင္းဆိုခဲ့သည္။ သူမ ထြက္သြားၿပီးေနာက္ အန္တီဝူက ဦးေလးဝူကို ေမးလိုက္သည္။

“ေရွာင္ခ်ဴးရဲ႕ ကြန္ပ်ဴတာကြၽမ္းက်င္မႈကို ရွင္ ဘယ္လိုထင္လဲ”

 

ဦးေလးဝူက စိတ္လႈပ္ရွားစြာနဲ႕ ေျဖလိုက္သည္။

“သူက ငါေတြ႕ဖူးသမွ်ထဲမွာ အေကာင္းဆုံး ေက်ာင္းသားပဲ... သူသာ တကယ္လို႔ ကြန္ပ်ဴတာသိပၸံနယ္ပယ္ထဲကို ဝင္ခဲ့မယ္ဆိုရင္ လုံးဝကို အထင္ကရျဖစ္လာမွာ ေသခ်ာတယ္။”

 

ခ်ဴးလ်ိဳ ျပန္လာၿပီးေနာက္ သူမက သူမရဲ႕ ID ကို ေဖာ္ထုတ္လိုသူမ်ား၏ အေထာက္အထားမ်ားကို အင္တာနက္ေပၚတြင္ တင္ခဲ့ရာ အင္တာနက္တစ္ခုလုံး တုန္လႈပ္သြားခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ သူမ၏ အျပဳအမူမ်ားသည္ အင္တာနက္ေပၚတြင္ ႀကီးမားေသာ ရိုက္ခတ္မႈအခ်ိဳ႕ကို ျဖစ္ေပၚေစခဲ့သည္။

 

အင္တာနက္မွာ ဘာျဖစ္သြားတာလဲ။ ေကာင္းၿပီ၊ ဒါက ေနာက္မွ ေဆြးေႏြးရမယ့္အရာပါ။

 

ခ်ဴးလ်ိဳက တစ္မနက္လုံး ဒီကိစၥအတြက္ အခ်ိန္ေတြ ကုန္ဆုံးခဲ့ရသည္။ ေန႕လည္စာ စားခါနီးမွာ တစ္ေယာက္ေယာက္က ဝင္လာၿပီး သူမကို ေျပာသည္။

 

“မမေလး ခ်ဴး အျပင္မွာ လူနည္းနည္း ေရာက္ေနတယ္။ သူတို႔က မင္းရဲ႕ဦးေလးနဲ႕ ဝမ္းကြဲေတြလို႔ ေျပာၾကတယ္”

 

ခ်ဴးလ်ိဳ သည္ သူမ၏ လက္ေခ်ာင္းမ်ားကို ခ်လိဳက္ၿပီး ၿပဳံးလိုက္သည္။ 

“သူတို႔က ျမန္ျမန္ေရာက္လာတာပဲ”

 

သူမက မတ္တပ္ထရပ္ကာ တံခါးအျပင္သို႔ ထြက္လာခဲ့သည္။ တံခါးဝမွ ထြက္သြားသည္ႏွင့္ တံခါးဝတြင္ ေစာင့္ေနေသာ ခ်ဴးက်န္းေယာင္ကို ေတြ႕လိုက္ရၿပီး ထိုသူက စိတ္လႈပ္ရွားစြာျဖင့္ ေအာ္ေခၚလိုက္သည္။

 

“လ်ိဳလ်ိဳ” 

သူက ခ်ဴးလ်ိဳကို လွမ္းေခၚလိုက္ေသာ အခ်ိန္တြင္ ဆုံးရႈံးသြားေသာ အရာတစ္ခုကို ျပန္လည္ရရွိသကဲ့သို႔  ဝမ္းသာမ်က္ရည္မ်ားပင္ က်ေတာ့မည္ပင္။ သို႔ေသာ္ ခ်ဴးလ်ိဳက ၿခံဝင္းအလယ္တြင္ ရပ္လိုက္ၿပီး ေမးလိုက္သည္။

“ဒီကို ဘာကိစၥရွိလို႔ေရာက္လာၾကတာလဲ”

 

“ဦးေလးက သမီးကို အိမ္ျပန္ဖို႔ လာေခၚတာ”

 

“အိမ္?”  ခ်ဴးလ်ိဳ က ရယ္ေမာလိုက္သည္။  “ကြၽန္မကို ေမာင္းထုတ္ဖို႔အတြက္ ရွင္ကသူ႕ကို ခြင့္ျပဳခဲ့တာပဲ မဟုတ္ဘူးလား”

 

“ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ!” 

ခ်ဴးက်န္းေယာင္က ဤစကားကိုၾကားေသာအခါ အသံထြက္လာသည္။ သူဟာ ေဒါသထြက္လြန္းလို႔ ရင္ဘတ္ေတြေတာင္ နိမ့္လိုက္ ျမင့္လိုက္ ျဖစ္လာသည္။ သူ အံႀကိတ္ကာ ေမးလိုက္သည္။

“သမီးအေဒၚေျပာတာလား”

 

ခ်ဴးလ်ိဳက ႏႈတ္ခမ္းကို ဖြင့္ကာ သူ႕ကို ၾကည့္ေနသည္။ သူမက ဘာအေျဖမွ ျပန္မေပးလိုက္ေသာ္လည္း ခ်ဴးက်န္းေယာင္ ၏အမူအရာက ပို၍ပင္ ႐ုပ္ဆိုးသြားခဲ့သည္။

သူက ခ်ဴးလ်ိဳဆီ ေလွ်ာက္သြားကာ စိုးရိမ္တႀကီးျဖင့္ ေျပာလိုက္သည္။

 

“လ်ိဳလ်ိဳ ဦးေလး တစ္ခါမွ မေျပာဖူးဘူး။ သမီး ဦးေလးကို ယုံရမယ္။”

 

“အဲ့ဒီလိုေပါ့ေလ”

ခ်ဴးလ်ိဳက ႐ုတ္တရက္ၿပဳံးၾကည့္လိုက္ၿပီး သူ႕ စကားကို ရပ္လိုက္သည္။

 

အဲ့ဒီအစား သူမက ထပ္ေမးလိုက္သည္။

“ဆရာ့ကို ဒီကို ေခၚလာခဲ့လား”

 

ခ်ဴးက်န္းေယာင္ ႐ုတ္တရက္ရပ္တန႔္သြားၿပီး သူ႕မ်က္လုံးမ်ားက မလုံမလဲျဖင့္ မ်က္ေတာင္တဖ်တ္ဖ်တ္ ခတ္လိုက္သည္။ ခ်ဴးလ်ိဳကို သူ ဆက္မၾကည့္နိုင္ေတာ့ဟု ခံစားလိုက္ရသည္။ သူလည္း ဘာ့ေၾကာင့္မွန္းေတာ့မသိေပ။ သူ႕ေယာက္ဖကို အကူအညီေတာင္းထားခဲ့ေသာ္လည္း ထိုသူက ဆရာေရွာင့္ကို ဖိတ္မေခၚခဲ့ေပ။ အခု သူတို႔ တျခား ဆရာမ်ားကို ရွာေဖြရန္ စီစဥ္ေနၾကရသည္။ 

“မေခၚခဲ့ရဘူး”

 

ခ်ဴးလ်ိဳ၏ မ်က္လုံးမ်ားက ေလွာင္ေျပာင္လိုျခင္းမ်ားျဖင့္ ေတာက္ပလာသည္။ 

“ဒါဆို ကြၽန္မဆီ ဘာလို႔လာတာလဲ။ ကြၽန္မကို ျပန္ေခၚသြားၿပီးေတာ့ သူတို႔ ခ်မွတ္ထားတဲ့ေဘာင္ေတြထဲမွာ ဖိႏွိပ္ေနတာကို ဆက္သည္းခံေနဖို႔လား။”

 

ခ်ဴးလ်ိဳ၏စကားမ်ားက ခ်ဴးက်န္းေယာင္ စကားမေျပာနိုင္ေအာင္ ျဖစ္ေစသည္။ ေဝ့ဇီဟန္ ႏွင့္ ေဝ့ခြၽယ္ယင္းတို႔သည္ ခ်ဴးက်န္းေယာင္ႏွင့္အတူ ပါလာတာေၾကာင့္ ခ်ဴးလ်ိဳ၏ ေမးခြန္းကိုၾကားေတာ့ ေဝ့ဇီဟန္သည္ သူ႕ဦးေလး ဆက္မထိန္းနိုင္ေတာ့ေၾကာင္းကို သိလိုက္သည္။ သူဟာ ေဝ့ခြၽယ္ယင္းကို မ်က္လုံးမ်ားျဖင့္ အခ်က္ျပလိုက္သည္။

 

 

 

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၇ ။ လ်ိဳလ်ိဳ၊ ဒါက သမီးရဲ႕ ခ်စ္သူလား

 

ေဝ့ခြၽယ္ရင္းက သူ႕ကို ေခါင္းညိတ္ျပၿပီး ခ်ဴးလ်ိဳဆီသို႔ ေလွ်ာက္သြားသည္။

 

“လ်ိဳလ်ိဳ၊ အန္တီက ခဏေလာက္ စိတ္ရႈပ္သြားတာပါ ဦးေလးနဲ႕ တျခားသူေတြကလဲ သူ႕ကို ဆုံးမၿပီးပါၿပီ၊ ညီမ ဒီမွာ တစ္ေယာက္တည္း…” 

 

ေဝ့ခြၽယ္ရင္း စကားေျပာေနစဥ္တြင္ သူမက ၿခံဝင္းကို ျဖန႔္က်က္ ၾကည့္ရႈလိုက္ၿပီး ခန႔္မွန္းလိုက္သည္။

 

“ဒါက ညီမသူငယ္ခ်င္းရဲ႕ ေနရာျဖစ္ရမယ္။ ဒီေနရာမွာေနၿပီး အျခားသူေတြကို အေႏွာင့္အယွက္ေပးေနရတာက မေကာင္းဘူးေလ။ ၿပီးေတာ့ ညီမရဲ႕ ဦးေလးအိမ္ႏွင့္ ႏွိုင္းယွဥ္လိုက္ရင္ အျခားသူရဲ႕အိမ္က ပိုသက္ေတာင့္သက္သာ ရွိမွာလည္း မဟုတ္ဘူး။ အမတို႔နဲ႕အတူ ျပန္လိုက္ခဲ့ပါ၊ ညီမ ျပန္သြားၿပီးတာနဲ႕ ညီမရဲ႕ခႏၶာကိုယ္က ကူေကာင္ကို အရင္လႊဲေျပာင္း ေပးမယ္။ ၿပီးရင္ ညီမကို အျပင္လည္း ေခၚသြားေပးမယ္။ ညီမရဲ႕ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲရလဒ္ကိုလည္း အမတို႔အတူ ေစာင့္ၾကတာေပါ့”

 

“ခြၽယ္ရင္း  ေျပာတာမွန္တယ္”

ေဝ့ဇီဟန္က ဝင္ေျပာလိုက္သည္။

“ညီမထြက္သြားၿပီးကတည္းက အန္ကယ္က ညီမကိုလိုက္ရွာေနတာ...” 

 

ေဝ့ဇီဟန္ႏွင့္ ေဝ့ခြၽယ္ရင္းတို႔က ခ်ဴးလ်ိဳကို အလွည့္က် စည္း႐ုံးခဲ့ၾကသည္။ ခ်ဴးလ်ိဳကလဲ သူတို႔ေျပာလို႔ ၿပီးသည္အထိ မ်က္လႊာခ်ၿပီး နားေထာင္ေနလိုက္သည္။

 

ထို႔ေနာက္ သူမက ျပတ္ျပတ္သားသား ေျပာလိုက္သည္။

“ညီမ ျပန္လိုက္မွာမဟုတ္ဘူး”

 

“မင္း…” 

 

“ညီမ ဦးေလးရဲ႕ ေနရာမွာ ေနရတာထက္ ဒီမွာေနရတာက ပိုသက္ေတာင့္သက္သာ ျဖစ္တယ္လို႔ ခံစားရတယ္။ တစ္ခ်ိန္လုံး စိတ္ပူေနစရာလည္း မလိုဘူးေလ။ အဲ့ေတာ့ ညီမက ဘာလို႔ျပန္သြားရမွာလဲ”

 

ခ်ဴးလ်ိဳ၏ ႏႈတ္ခမ္းမ်ားက ေလွာင္ေျပာင္မႈတစ္ခုအျဖစ္ ေကြးေကာက္သြားသည္။ 

 

“သူက ညီမကို အနာဂတ္မွာ ဘာမွလုပ္မွာမဟုတ္ေတာ့ဘူးလို႔ေတာ့ လာမေျပာနဲ႕။ ညီမက အ႐ူးမဟုတ္ဘူး။ သူက ဦးေလးရဲ႕ ေနာက္ကြယ္မွာ ခ်ဴးတင္းရဲ႕ခႏၶာကိုယ္ထဲက ကူအဆိပ္ကို ညီမဆီ လႊဲေပးခဲ့ သလို သူက ညီမကို ႏွင္ေတာင္ထုတ္ေသးတယ္ေလ။ တျခား ပိုေၾကာက္စရာေကာင္းတဲ့ အရာေတြကိုေတာင္ လုပ္ခ်င္လုပ္ဦးမယ္။ ညီမအေပၚထားတဲ့ သူ႕ရဲ႕ ရန္လိုမုန္းတီးမႈေတြကို ညီမ ရွင္းရွင္းလင္းလင္းကို ခံစားလို႔ရတယ္။”

 

ထိုသို႔ေျပာၿပီးေနာက္ ခ်ဴးလ်ိဳက ခ်ဴးက်န္းေယာင္ ဘက္သို႔ လွည့္ၾကည့္လိုက္သည္။ 

“ဦးေလး တကယ္လို႔ သမီးအေပၚ အျပစ္ရွိတယ္လို႔ ခံစားရရင္ အျပင္မွာပဲ ေအးေအးေဆးေဆးေနခြင့္ျပဳပါ”

 

“ဒါေပမယ့္…” 

 

ခ်ဴးက်န္းေယာင္သည္ ခ်ဴးလ်ိဳ အေပၚ အျပစ္ရွိသည္ဟု ခံစားရ႐ုံသာမက သူမအတြက္လည္း စိတ္ပူေနခဲ့သည္။ 

 

“သမီးက ၿမိဳ႕ေတာ္နဲ႕ သိပ္မရင္းႏွီးေသးဘူးေလ။ သမီးကို သူတို႔အိမ္မွာ ေနခြင့္ေပးခ်င္တဲ့သူတစ္ေယာက္နဲ႕သမီး ႐ုတ္တရက္ႀကီး ဘယ္လို သိကြၽမ္းခဲ့တာလဲ” 

 

ခ်ဴးလ်ိဳ  လိမ္လည္လွည့္ျဖားခံရလိမ့္မည္ဟု သူခံစားေနမိသည္။ ခ်ဴးလ်ိဳက သူ႕အမူအရာကိုၾကည့္လိုက္ၿပီးေနာက္ သူမ မ်က္ႏွာေပၚရွိ အၿပဳံးက ပိုမို နက္ရွိုင္းလာေလ၏။ သူမက ေမးကိုပင့္ၿပီး မ်က္လႊာခ် ၾကည့္လိုက္သည္။ 

 

“ဘာလို႔လဲဆိုေတာ့ ဒါက သမီးရဲ႕…” 

 

“ဘာလို႔လဲဆိုေတာ့ ဒီေနရာက သူ႕ကို သက္ေတာင့္သက္သာ ေနခြင့္ေပးထားလို႔ပဲ”

 

႐ုတ္တရက္ ေအးစက္ေသာအသံေၾကာင့္ လူတိုင္းဟာ တံခါးဆီသို႔ လွမ္းၾကည့္လိုက္ၾကသည္။ ႏွာေခါင္းစည္းတပ္ထားသည့္ အမ်ိဳးသားကို ျမင္ေသာအခါ သူတို႔၏ ႏွလုံးသားမ်ားက  ခုန္ေပါက္သြားေတာ့သည္။

 

“လ်ိဳလ်ိဳ၊ သူကဘယ္သူလဲ”

 

ခ်ဴးက်န္းေယာင္သည္ ျပင္းထန္ေသာ အႏၲရာယ္ရွိသည့္ ခံစားခ်က္ေၾကာင့္ မသိစိတ္အရ အလိုလို မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ လ်ိဳလ်ိဳ သည္ ထိုကဲ့သို႔ေသာ အႏၲရာယ္ရွိေသာလူကို မည္ကဲ့သို႔သိကြၽမ္းခဲ့သည္ဆိုသည့္ အခ်က္က သူ႕ကို ခ်က္ခ်င္းအံ့ၾသေစၿပီး သူ႕မ်က္ႏွာက  ျဖဴဖပ္ျဖဴေလ်ာ္ျဖစ္သြားေစသည္။ 

 

“သမီး...ဘယ္တုန္းကေတြ႕ခဲ့တာလဲ။......ဒီလိုလူကို…”

 

“ဘာလဲ?” 

 

လီရန္ ထိုသို႔ေလွ်ာက္သြားလိုက္သည္။  

 

သူ႕ေျခလွမ္းေတြက မျမန္ေပမယ့္ ခ်ဴးက်န္းေယာင္ ကေတာ့သူ႕ရဲ႕ ႏွလုံးသားကို နင္းေခ်မိေနသလို ခံစားေနရၿပီး ရင္ထဲမွာ မြန္းက်ပ္လာခဲ့သည္။  ေဝဇီဟန္ ႏွင့္ ေဝ့ခြၽယ္ရင္း  တို႔သည္လဲ ၎တို႔အေပၚ သို႔ မျမင္နိုင္ေသာ ဖိအားႀကီး က်ေရာက္လာတာကို ခံစားခဲ့ရသည္။

 

ေဝ့ခြၽယ္ရင္း၏ မ်က္ႏွာဟာ ေဖ်ာ့ေတာ့လာေလသည္။

အရာမ်ားစြာကို ႀကဳံေတြ႕ခဲ့ရသည့္ ေဝ့ မိသားစု၏ မ်ိဳးဆက္သစ္မ်ားထဲတြင္ အႀကီးဆုံးျဖစ္ေသာ ေဝ့ဇီဟန္က အေၾကာက္တရားကို ေဖ်ာက္ဖ်က္ရန္ အတတ္နိုင္ဆုံး ႀကိဳးစား၍ ယဥ္ေက်းစြာ ေမးလိုက္သည္။

“ဒီကလူႀကီးမင္းက ဘယ္သူမ်ားလဲ” 

ေဝ့ဇီဟန္ ေျပာလိုက္သည့္အခိုက္တြင္ ခ်ဴးက်န္းေယာင္ သည္လည္း စိတ္နဲ႕ လူနဲ႕ ျပန္ကပ္သြားၿပီး သူ႕မ်က္ႏွာက ပိုလို႔ေတာင္ ျပာသြားေလသည္။ သူက ခ်ဴးလ်ိဳ ကိုၾကည့္ကာ လက္သီးမ်ားကို ဆုပ္ထားၿပီး တုန္ရီေနသည့္ ခႏၶာကိုယ္ကို ထိန္းလိုက္သည္။ 

“လ်ိဳလ်ိဳ သူက သမီးရဲ႕ရည္းစားလား။ ဦးေလး သေဘာမတူဘူး…” 

“ငါတို႔ႏွစ္ေယာက္က ခင္ဗ်ားရဲ႕သေဘာတူခ်က္ကို လိုလို႔လား” 

လီရန္သည္ ခ်ဴးလ်ိဳဆီသို႔ ေလွ်ာက္လာၿပီး ျပင္းထန္တဲ့ အရွိန္အဝါတစ္ခုက သူမကို လႊမ္းၿခဳံထားလိုက္ရင္း သူသည္ သူမ နံေဘးတြင္ ရပ္လိုက္သည္။

“အခုခ်ိန္ကစၿပီး သူ႕ကိစၥေတြကို ကြၽန္ေတာ္ ဂ႐ုစိုက္ေပးလိုက္ပါ့မယ္။ ခင္ဗ်ားတို႔ အခုထြက္သြားလို႔ရၿပီ။”

“မင္း…” 

ခ်ဴးက်န္းေယာင္သည္ ႐ုတ္တရက္ သူ႕ႏွလုံးသားထဲတြင္ ေဒါသတဟုန္ထိုး တက္လာသည္။ မ်က္ႏွာႀကီး နီရဲလ်က္ လည္ေခ်ာင္းသံႀကီးျဖင့္ သူ႕ကို မေၾကာက္မလန႔္ ေအာ္ေငါက္လိုက္ေတာ့သည္။

“ငါ သေဘာမတူနိုင္ပါဘူး။ လ်ိဳလ်ိဳက အရမ္းငယ္ေသးတယ္။ သူ႕မွာ ရည္းစားဘယ္လိုလုပ္ ရွိရမွာလဲ... ရည္းစားလိုခ်င္ရင္ေတာင္ အစြန္းအထင္းကင္းတဲ့ မိသားစုေနာက္ခံရွိတဲ့သူနဲ႕ပဲ ခ်ိန္းေတြ႕ရမယ္။” 

“အစြန္းအထင္းမရွိတဲ့ မိသားစုေနာက္ခံတဲ့လား”

 

လီရန္က သူ႕စကားေနာက္က လိုက္ၿပီးေျပာလိုက္သည္။ သူ႕ရဲ႕ ႏႈတ္ခမ္းမ်ားက ႐ုတ္တရတ္ ေအးစက္ေသာ အၿပဳံးတစ္ခုအျဖစ္ ေကာ့တက္လာကာ

“အခု ခင္ဗ်ားနဲ႕ပတ္သက္တဲ့ အရာအားလုံးကေကာ အညစ္အေၾကးေတြ ကင္းစင္ေနတယ္လို႔မ်ား ထင္ေနတာလား”  

 

“မင္း…”

 

ထိုစကားကို ၾကားေသာအခါ ခ်ဴးက်န္းေယာင္ ၏ သူငယ္အိမ္တို႔က အံ့ဩမႈျဖင့္ တုန္လႈပ္သြားၾကသည္။ သူက ႐ုတ္တရက္ ေနာက္ျပန္ဆုတ္သြားၿပီး ေၾကာက္စိတ္ေတြကို ေဖ်ာက္ဖ်က္နိုင္ဖို႔ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့ရသည္။

 

“မင္း ဘယ္သူလဲ?”

 

“ခင္ဗ်ား ေစာ္ကားဖို႔ မတတ္နိုင္ေလာက္တဲ့သူေပါ့” 

 

လီရန္က လႊမ္းမိုးလြန္းစြာ ေျပာလိုက္ၿပီးေနာက္ ခ်ဴးလ်ိဳကို လက္ေကာက္ဝတ္မွ ဆြဲကိုင္ကာ အိမ္ထဲသို႔ ဆြဲေခၚသြားလိုက္သည္။ လမ္းေလွ်ာက္လာရင္း သူ႕ေဘးနားက သက္ေတာ္ေစာင့္ေတြကို အမိန႔္ေပးလိုက္သည္။

 

“ဧည့္သည္ေတြကို ျပန္ပို႔လိုက္” 

 

သက္ေတာ္ေစာင့္ေတြက သူတို႔ သုံးေယာက္ရဲ႕ ျမင္ကြင္းကို ခ်က္ခ်င္း ပိတ္ဆို႔လိုက္ၾကသည္။ 

 

“ေက်းဇူးျပဳၿပီး”

 

“မဟုတ္ဘူး…”

 

“ဦးေလး။”

 

ေဝ့ဇီဟန္က ခ်ဴးက်န္းေယာင္ ကို အလ်င္အျမန္ ဆြဲေခၚ လိုက္သည္။

 

“ကဲပါ ကြၽန္ေတာ္တို႔ အရင္ထြက္သြားရေအာင္” 

 

ျပင္းထန္ေသာ အႏၲရာယ္၏ လႊမ္းၿခဳံမႈမွ ကင္းေဝးရန္ ဤေနရာမွ ခ်က္ခ်င္းထြက္ခြာရမည္ဟု မသိစိတ္က တိုက္တြန္းေနသည္။ ထို႔ေၾကာင့္ သူဟာ ခ်ဴးက်န္းေယာင္ အား အတင္းဆြဲထုတ္လိုက္သည္။

 

မိန္းေမာေတြေဝေနသည့္ ေဝ့ခြၽယ္ရင္းက  သူတို႔ႏွစ္ဦး ထြက္သြားသည္ကို ျမင္သည္ႏွင့္တၿပိဳင္နက္ တစ္စုံတစ္ေယာက္က သူမကို လိုက္ေနသကဲ့သို႔ သူတို႔ေနာက္သို႔သုတ္ေျခတင္ ေျပးလိုက္သြားခဲ့သည္။ ေဝ့ဇီဟန္သည္ ခ်ဴးက်န္းေယာင္ကို ကားေပၚသို႔ ဆြဲမတင္ၿပီးမခ်င္း မရပ္တန႔္ရဲေပ။

 

“ဦးေလး၊ အဲ့ဒီလူက အရမ္းအႏၲရာယ္မ်ားတဲ့ပုံေပၚတယ္။ သူ႕ဆီကေန လူသတ္ခ်င္တဲ့ အရိပ္အေငြ႕ေတြကိုေတာင္ ခံစားခဲ့ရတယ္။”

 

“အဲဒါေၾကာင့္ ငါ လ်ိဳလ်ိဳကို ဘယ္လိုနည္းနဲ႕ပဲျဖစ္ျဖစ္ ေခၚသြားခ်င္တာ”

 

ခ်ဴးက်န္းေယာင္ ေဒါသထြက္သြားသည္။

 

“အဲဒီလူက ေျဖာင့္မတ္တဲ့လမ္းကို ေလွ်ာက္ေနတဲ့သူတစ္ေယာက္ လုံးဝမဟုတ္ဘူး။ လ်ိဳလ်ိဳကို သူ႕လက္ထဲမွာ ပ်က္ဆီးေအာင္ ထားခဲ့လို႔မျဖစ္ဘူး။”

 

“ဦးေလး!”

ေဝ့ဇီဟန္က မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕ကိုသတိေပးလိုက္သည္။

 

“အဲဒီလူက သူ႕မ်က္ႏွာကို ကြၽန္ေတာ္တို႔ကိုေတာင္ ေပးမျမင္ဘူး။ အေရးႀကီးတဲ့သူတစ္ေယာက္ ျဖစ္ရမယ္။ ဒီေလာက္ျပင္းထန္တဲ့ ေရာင္ဝါရွိတဲ့လူမ်ိဳးကို တစ္ေယာက္ပဲ ျမင္ဖူးတယ္။”

 

ဒီအခ်က္ကိုေတာ့ သူခ်က္ခ်င္း ျငင္းဆိုလိုက္သည္။ 

“မျဖစ္နိုင္ဘူး။ အဲဒီလူက အတိအက်ကိဳပဲ လမ္းမေလွ်ာက္နိုင္ဘူးေလ”

 

“အကိုႀကီး။” 

ေဝ့ခြၽယ္ရင္းက သူေျပာေနတာ ဘယ္သူလဲဆိုတာကို ခန႔္မွန္းမိၿပီး ႐ုတ္တရက္ အသံထြက္လာသည္။

 

“အဲ့ဒီလူ ဘယ္လိုျဖစ္နိုင္ပါ့မလဲ။ လ်ိဳလ်ိဳက အဲဒီလူကို ဘယ္လိုသိကြၽမ္းနိုင္ပါ့မလဲ”

 

ေဝ့ဇီဟန္လဲ ႐ုတ္တရက္ အနည္းငယ္ ထိတ္လန႔္သြားၿပီး သူမကို အေျဖျပန္မေပးနိုင္ဘဲ ေဝ့ခြၽယ္ရင္းကိုသာ ၾကည့္သာေနလိုက္သည္။ ယင္းအစား သူက ခ်ဴးက်န္းေယာင္ႏွင့္ ဆက္ေျပာေနခဲ့သည္။

“ဦးေလး၊ အရင္ျပန္ၿပီး ဒီကိစၥကို အေဖနဲ႕  တျခားသူေတြနဲ႕အတူ ေဆြးေႏြးၾကရေအာင္၊

အင္ပါယာထဲမွာ ငါတို႔ ေဝ့ မိသားစုေတာင္ မေစာ္ကားဝံ့တဲ့ အေရးႀကီးတဲ့ အဓိကမိသားစုတခ်ိဳ႕ ရွိေနေသးတယ္။ တကယ္လို႔ ဒီလူက ဒီလို မိသားစုက လာတယ္ဆိုရင္ ငါတို႔ သူ႕ကို ေစာ္ကားဖို႔ တတ္နိုင္မွာ မဟုတ္ဘူး။”

 

ခ်ဴးက်န္းေယာင္၏ အမူအရာက ပို၍ပင္ ႐ုပ္ဆိုးသြားေသာ္လည္း သူဘာမွျပန္မေျပာေပ။ ေဝ့ဇီဟန္ က ကားတံခါးကိုဖြင့္ၿပီး သူ႕ကို တြန္းထည့္လိုက္ကာ ၿခံဝင္းထဲမွ အျမန္ဆုံး ကားေမာင္းထြက္သြားေတာ့သည္။

 

ၿခံဝင္းထဲတြင္.....

 

လီရန္က ခ်ဴးလ်ိဳကို ၿခံဝင္းအတြင္းသို႔ ဆြဲေခၚလာခဲ့ၿပီးေနာက္ သူမလက္ကို လႊတ္လိုက္ကာ ႏွာေခါင္းစည္းကို ခြၽတ္လိုက္သည္။ ခ်ဴးလ်ိဳသည္ အလင္းေရာင္ႏွင့္ ဆန႔္က်င္ဘက္တြင္ ရပ္ေနေသာ အရပ္ရွည္ရွည္ လူကို မ်က္လုံးမ်ားကို ေမွးက်ဥ္းၿပီး ေမာ့ၾကည့္လိုက္သည္။ 

“ရွင္ အခု ဘာလုပ္လိုက္တာလဲ”

သူမက ေတြေဝစြာျဖင့္ ေမးလိုက္သည္။

 

လီရန္သည္ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားကာ ဧည့္ခန္းထဲသို႔ ဝင္မသြားမီ စကၠန႔္အနည္းငယ္ၾကာေအာင္ သူမကို ငုံ႕ၾကည့္ေနေသာ္လဲ သူမကို အေျဖေပးရန္ေတာ့ ရည္႐ြယ္ခ်က္မရွိေပ။

 

“ေဟး!” 

ခ်ဴးလ်ိဳသည္ သူ႕ေနာက္သို႔ လ်င္ျမန္စြာ ေျပးလႊား၍ အမီလိုက္လာသည္။

“ရွင္ ကြၽန္မကို အကူအညီေပးခဲ့တာ မဟုတ္ဘူးမို႔လား” 

 

လီရန္က သူမကို ေအးစက္စြာ စိုက္ၾကည့္ၿပီး အေျဖေပးလိုက္သည္။

“မဟုတ္ဘူး”

 

ခ်ဴးလ်ိဳ : “…”

 

လီရန္တံခါးဆီသို႔ ေလွ်ာက္သြားၿပီး ခ်ဴးလ်ိဳက သူ႕ေနာက္ လိုက္မလာေၾကာင္း အတည္ျပဳလိုက္သည္ ။

 

သူက ရပ္လိုက္ၿပီး သူမကို ေအးစက္စြာ စိုက္ၾကည့္ေနျပန္သည္။

 

ထိုအခ်ိန္တြင္ ခ်ဴးလ်ိဳက သူ႕ကို အမိဖမ္းၿပီး ေမးလိုက္သည္။

“ဒါဆို ရွင္ဘာလို႔ လာတာလဲ”

 

“အေၾကာမွတ္ေတြ ေလ့လာဖို႔”

 

“အယ္? ဒါေပမယ့္ ကြၽန္မ ဘာမွ မစားရေသးဘူး..”

 

ခ်ဴးလ်ိဳက စကားေျပာေနစဥ္ကတည္းက ဆာေလာင္မႈကို အမွန္တကယ္ခံစားခဲ့ရတာျဖစ္ၿပီး စားပြဲဆီသို႔ အျမန္ေလွ်ာက္သြားခဲ့သည္။ ေႏြရာသီဆိုေတာ့ စားပြဲေပၚက အစားအေသာက္ေတြက ေအးစက္မေနေသးေပ။ သူမက စားပြဲဝိုင္းတြင္ ဝင္ထိုင္ၿပီး စားစရာတစ္ခုကို ေကာက္ယူကာ စားလိုက္သည္။ ထို႔ေနာက္ လီရန္ကို ေမာ့ၾကည့္လိုက္သည္။

 

“ရွင္ ကြၽန္မနဲ႕ အတူစားခ်င္လား”

 

လီရန္၏ ႏႈတ္ခမ္းမ်ား တင္းတင္းက်ပ္က်ပ္ ေစ့ပိတ္ထားေသာ္လည္း သူ သူမဆီ ေလွ်ာက္သြားလိုက္သည္။

 

သက္ေတာ္ေစာင့္တစ္ဦးသည္ ခ်က္ခ်င္းပင္ စားပြဲတင္ ဇြန္း၊ ခရင္း၊ ဓါး တစ္စုံကို ယူေဆာင္လာေပးသည္။ လီရန္က ထမင္းစားပြဲတြင္ ဝင္ထိုင္လိုက္ေတာ့ ခ်ဴးလ်ိဳက သူ႕ကိုၾကည့္ကာ ေမးလိုက္သည္။

 

“ရွင္ တစ္ေနရာရာကေန ျပန္လာတာလား”

 

“ဟုတ္တယ္။”

 

ခ်ဴးလ်ိဳ ထပ္ေမးလိုက္သည္။

“ခုနက ဦးေလးက ရွင့္ကို ကြၽန္မရည္းစားလို႔  အထင္မွားေနတာ ဘာလို႔ မရွင္းျပတာလဲ”

လီရန္က ေအးစက္ေသာေလသံျဖင့္ ေျပာလိုက္သည္။

“ဒါက မင္းရဲ႕ကိစၥေလ။ ငါက ဘာလို႔ရွင္းျပရမွာလဲ”

“…”

ခ်ဴးလ်ိဳ အသက္ျပင္းျပင္းရႉကာ သူ႕ကို အဆိပ္မခတ္မိေစရန္ ကိုယ့္ကိုယ္ကိုယ္ တြန္းအားေပးၿပီး စိတ္ေလွ်ာ့ခ်လိဳက္သည္။

သူ႕စိတ္ေတြက ေဒါသေၾကာင့္ တုန္ခါေနၿပီး ေမးလိုက္သည္။ 

“ရွင္ ကြၽန္မရဲ႕ ဂုဏ္သိကၡာကို ဒီလို ဖ်က္ဆီးေနတာလား။ အနာဂတ္မွာ ရွင္က ကြၽန္မနဲ႕ အိမ္ေထာင္ျပဳနိုင္မွာ မဟုတ္ဘူးေလ။ ဘယ္လိုလုပ္မလဲ”

ေနာက္ဆုံးတြင္ လီရန္က ေအးစက္နက္နဲသည့္ အၾကည့္ျဖင့္ သူမကို ေမာ့ၾကည့္လိုက္သည္။

ခ်ဴးလ်ိဳ က သူ စကား တစ္ခုခုေျပာေတာ့မယ္ ထင္ေသာ္လည္း သူကေတာ့ ဆက္စားေနေလ၏။

 

ခ်ဴးလ်ိဳ:  “…”

ထမင္းစားၿပီးေနာက္ သူတို႔ ႏွစ္ေယာက္ဟာ ၿခံဝင္းထဲတြင္ မတ္တပ္ရပ္လိုက္သည္။

 

ခ်ဴးလ်ိဳ က ေျပာသည္။

“အဲဒီေန႕က၊ ရွင္ တျခားသူေတြနဲ႕ ရန္ျဖစ္တုန္းက အေၾကာမွတ္ေတြကို ႏွိပ္လိုက္တာကေလ သိပ္ၿပီးမတိက်ေသးဘူးရယ္  ဒီေန႕ ေလ့က်င့္ၾကရေအာင္။”

လီရန္ သူမကိုၾကည့္ကာ ပြင့္ပြင့္လင္းလင္း ေျပာသည္။

“မင္းငါ့ကို မရိုက္နိုင္ပါဘူး”

“…”

ခ်ဴးလ်ိဳက သူမရဲ႕ မ်က္လုံး႐ြဲႀကီးမ်ားျဖင့္ စိုက္ၾကည့္ကာေျပာလိုက္သည္။

 

“ရွင့္ကို မရိုက္နိုင္ဘူးလို႔ ဘယ္သူကေျပာလဲ!”

လီရန္ သူမ၏ ေသးသြယ္ေသာ ခႏၶာကိုယ္ကို စိုက္ၾကည့္လိုက္တာေၾကာင့္ ခ်ဴးလ်ိဳက သူ႕ကို ႀကိမ္းေမာင္းလိုက္သည္။

 

“ေနာက္မွ ရွင့္ကို တိုက္ခိုက္တဲ့ အခ်ိန္က်ရင္ တစ္ဖက္လူရဲ႕ အေၾကာမွတ္ကို ျမန္ျမန္နဲ႕ အတိအက် ဘယ္လို ႏွိပ္ရမလဲဆိုတာ ေျပာျပမယ္… ကြၽန္မ တစ္ႀကိမ္ပဲ ေျပာမယ္။ မမွတ္မိရင္ ကြၽန္မကို လာအျပစ္မတင္နဲ႕။”

ထို႔ေနာက္ လီရန္ကို ျပန္ေျပာရန္ အခြင့္အေရးပင္ မေပးေတာ့ဘဲ သူမက တိုက္ခိုက္လိုက္ေတာ့သည္။

“စမယ္”

သူမက သူ႕အာ႐ုံေၾကာကို ထိမိေတာ့မည္ကို ျမင္လိုက္ရေသာအခါ လီရန္က သူ႕ခႏၶာကိုယ္ကို ေ႐ႊ႕ကာ အျမန္တုံ႕ျပန္လိုက္သည္။

 

ခ်ဴးလ်ိဳသည္ ႐ုတ္တရက္ ေျမေခြးႏွင့္တူေသာ အၿပဳံးကို ထုတ္ျပၿပီး သူမရဲ႕ ကိုယ္ေဖာ့စြမ္းရည္ကို အသုံးျပဳလိုက္သည္။

သူမက ေျခေခ်ာင္းေလးမ်ားကို အသာအယာ လႈပ္ရွားလိုက္ၿပီး သူ႕ေနာက္သို႔ အျမန္ခုန္ဆင္းကာ သူ႕ရဲ႕ အေၾကာမွတ္မ်ားကို ႏွိပ္လိုက္သည္။

သူမက လီရန္၏ လႈပ္ရွားနိုင္သည့္ အပ္စိုက္မွတ္ကို ဖိႏွိပ္လိုက္တာေၾကာင့္ သူ မလႈပ္နိုင္ေတာ့ေပ။

ခ်ဴးလ်ိဳ က သူ႕ဆီ တစ္လွမ္းခ်င္း လွမ္းလာၿပီး ကိုယ့္ကိုယ္ကိုယ္ဘဝင္ခိုက္ေနေသာ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။

“ရွင့္ကို  ကြၽန္မက မတိုက္နိုင္ဘူးလို႔ ရွင္ေျပာခဲ့တယ္ေနာ္။ မဟုတ္ဘူးလား။ အခုကေကာ ရွင္ဘာလို႔ လႈပ္မရေတာ့တာလဲ ဟင္”

 

လီရန္က မ်က္လုံးမ်ားကို ေမွးက်ဥ္းကာ သူမကို ၾကည့္လိုက္သည္။ သူ မလႈပ္နိုင္ေသာ္လည္း သူမကို အသံတိုးတိုးျဖင့္ ေမးလိုက္သည္။

 

“ဒါကို ဘယ္လိုျပန္ဖ်က္ရမလဲ ေျပာျပ”

ခ်ဴးလ်ိဳက သူ႕ကို ဖုံးကြယ္မထားေပ။ 

“ရွင့္ရဲ႕ အေၾကာဟမွတ္ေတြကိုဖြင့္ဖို႔အတြက္ ရွင့္ရဲ႕အတြင္းအားကို သုံးရမယ္။ ဒါေပမယ့္ ရွင့္မွာ အတြင္းအား မရွိဘူး။”

“ငါ့ရဲ႕ အတြင္းအားကို ဘယ္လိုေလ့က်င့္ရမလဲ”

 

“ဒါက ရွင့္ကို ကြၽန္မသင္ေပးရမယ့္ ပညာရပ္ထဲမွာ မပါဘူးေလ”

“ငါ့ကို အတြင္းအားေလ့က်င့္နည္းေျပာျပေလ။ ငါ မင္းကို မင္းအေဖရဲ႕မ်ိဳးဆက္အေၾကာင္း ေျပာျပမယ္။”

ခ်ဴးလ်ိဳ ခဏေလာက္စဥ္းစားၿပီးေနာက္ ဒါက ေကာင္းမြန္တဲ့ သေဘာတူညီခ်က္လို႔ ခံစားလိုက္ရေတာ့ သူမလည္း လက္ခံလိုက္သည္။

“ေကာင္းၿပီေလ”

သေဘာတူညီခ်က္ရၿပီးေနာက္ သူမက လီရန္ရဲ႕ အေၾကာမွတ္မ်ားကို ျပန္ဖြင့္ေပးလိုက္သည္။

“အခ်ိန္တန္ရင္ အတြင္းအား က်င့္ႀကံနည္းကို ကြၽန္မသင္ေပးမယ္။ အဲ့ဒီအတိုင္း အရင္ ေလ့က်င့္ထားလို႔ရတယ္”

 

“အင္း… ၿပီးေတာ့ေကာ”

 

လီရန္ စကားေျပာၿပီးေသာအခါ ႐ုတ္တရက္ ခ်ဴးလ်ိဳကို အလ်င္အျမန္ တိုက္ခိုက္လိုက္သည္။

 

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၈ ။  ခ်ဴးလ်ိဳ မင္းက အ႐ူးပဲ

 

ဆယ္ႀကိမ္ထက္မနည္း အလွည့္အေျပာင္းေတြ လုပ္ၾကည့္ၿပီးေနာက္ လီရန္က သူ႕ဆီကို ေရာက္လာနိုင္တဲ့အရာကို ေမွ်ာ္မွန္းတတ္ေနၿပီ ျဖစ္တာေၾကာင့္ ခ်ဴးလ်ိဳက သူ၏ အေၾကာမွတ္မ်ားကို လြယ္လြယ္ကူကူ မႏွိပ္နိုင္ေတာ့ေပ။

ႏွစ္ေယာက္သားက တစ္ေယာက္ကိုတစ္ေယာက္ ေနာက္ကြယ္ကေန အျပန္ျပန္ အလွန္လွန္ ႀကိမ္ဖန္မ်ားစြာ ထိေတြ႕တိုက္ခိုက္နိုင္ရန္ ႀကိဳးစားေနၾကသည္။

လီရန္က ကြၽမ္းက်င္ၿပီး သန္မာလြန္းေပသည္။

တစ္နာရီေက်ာ္ၾကာၿပီးေနာက္ ခ်ဴးလ်ိဳ အနည္းငယ္ ေမာပန္းလာၿပီး ဇရပ္ထဲသို႔ အျမန္ျပန္ဆုတ္သြားခဲ့သည္။

လီရန္ က သူမလမ္းကို ပိတ္ဆို႔ေတာ့မည္ကို ျမင္လိုက္ရသျဖင့္ ခ်ဴးလ်ိဳက ဇရပ္အစြန္းရွိ လက္ရန္းေပၚသို႔ ခုန္တက္လိုက္သည္။

သူမ ခုန္ခ်ခ်င္ေသာ္လည္း ေျခခ်ရာတြင္ ဂ႐ုမစိုက္လိုက္မိသည့္အတြက္ ေျခဖဝါးက ေခ်ာ္ထြက္သြားကာ  ေရကန္ထဲသို႔ က်လဳဆဲဆဲ ျဖစ္သြားေလ၏။

“အား…...”

 

ခ်ဴးလ်ိဳလဲ မသိစိတ္ေၾကာင့္ လႊတ္ခနဲ အသံထြက္ေအာ္မိသြားသည္။

ထိုအခ်ိန္တြင္ပင္ လက္တစ္ဖက္က လ်င္ျမန္စြာ ဆန႔္ထုတ္လိုက္ၿပီး သူမ၏ခါးကို ပတ္ကာ သူမကို ျပန္ဆြဲေခၚလိုက္သည္။

 

ခ်ဴးလ်ိဳရဲ႕ အျမင္အာ႐ုံမ်ားက မႈန္ဝါးသြားကာ သူမကို က်ယ္ျပန႔္ေသာ ေပြ႕ဖက္မႈထဲသို႔ ဆြဲသြင္းလိုက္သလိုပင္။

 

ေအးျမေသာ နံ႕သာျဖဴရနံ႕သည္ သူမ၏ႏွာေခါင္းဖ်ားသို႔ လြင့္ပ်ံလာခဲ့သည္။ စကၠန႔္ပိုင္းတြင္း သူမဟာ ဆြဲလွည့္ခံလိုက္ရၿပီး သူမကလည္း ေမာ့ၾကည့္လိုက္မိေတာ့သည္။

 

တိုက္ဆိုင္စြာပင္ လီရန္သည္လည္း သူမကို ငုံ႕ၾကည့္ေနသည္။ သူတို႔ မ်က္လုံးခ်င္းဆုံၿပီးေနာက္ သူတို႔ပတ္ဝန္းက်င္ရွိ ေလထုဟာ ရပ္တန႔္သြားေတာ့သည္။

က်န္ေနတာအားလုံးကေတာ့ သူတို႔ရဲ႕ ႏွလုံးခုန္သံသည္သာ။

ဒီအခိုက္အတန႔္တြင္ ေနေရာင္ျခည္က ခ်ဴးလ်ိဳ၏ မ်က္ႏွာေပၚသို႔ က်ရာက္လာၿပီး တစ္ေန႕တာအတြင္း အလွဆုံးအခ်ိန္ျဖစ္ေနသလိုပင္။ သူမ၏ မ်က္လုံး႐ြဲႀကီးမ်ားကေတာ့ ေနေရာင္ထက္ပင္ ပို၍ေတာက္ပေနေလသည္။ သူမ၏ ဦးေခါင္းကို ေမာ့ ထားေသာေၾကာင့္၊ သူမ၏ နဖူးေပၚ ဝဲက်ေနေလ့ရွိေသာ ဆံပင္စုေလးမ်ားက ေဘးသို႔ ကြဲထက္သြားၿပီး  ေခ်ာေမြ႕သည့္နဖူးျပင္ကို ထင္ရွားလာေစသည္။ ေၾကာက္စိတ္ေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္ေပမဲ့ အခုအခ်ိန္မွာေတာ့ လိပ္ျပာေတာင္ပံေတြလို တုန္လႈပ္ေနတဲ့ သူမရဲ႕မ်က္ေတာင္ေလးေတြက သူ႕ ႏွလုံးသားကို ထိန္းမနိုင္ သိမ္းမရ ျဖစ္ေအာင္ထိ လႈပ္ခါေစမိေန၏။

လီရန္က သူမကို ေပြ႕ဖက္ထားစဥ္တြင္ အမ်ိဳးအမည္မသိေသာ ရနံ႕တစ္ခုက သူ႕ႏွာေခါင္းဖ်ားသို႔ ပ်ံ့လြင့္ေရာက္ရွိလာေလသည္။ သူမ ခႏၶာကိုယ္ရဲ႕ ေကာက္ေၾကာင္းေတြက အရင္ကထက္ ပိုၿပီး သိသာေပၚလြင္လာတာကိုလည္း သူ ခံစားမိေနျပန္သည္။

သူ ႐ုတ္တရက္ သူမကို လႊတ္လိုက္မိေလေတာ့သည္။ 

ခ်ဴးလ်ိဳ ဟန္ခ်က္ပ်က္သြားၿပီး ခုံတန္းလ်ားေပၚသို႔ ေနာက္ျပန္ဆုတ္လိုက္ရသည္။ လီရန္က သူမကို အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

 

“မင္းက အ႐ူးလား?”

 

“…”

 

ခ်ဴးလ်ိဳ ကေတာ့ မ်က္ေတာင္ေလး ေပကလပ္ေပကလပ္ျဖင့္ ၾကည့္ေနမိ၏။

 

ေနာက္ဆုံးေတာ့ သူမရဲ႕ အသိစိတ္ေတြ ျပန္လည္ေရာက္ရွိလာေလၿပီ။ သူမက သူ႕ကို ရႈတည္တည္ျဖင့္ ၾကည့္ေနလိုက္သည္။ ထိုစဥ္ လီရန္က ဇရပ္ထဲမွ လွည့္ထြက္သြားေတာ့သည္ ။

 

ခ်ဴးလ်ိဳက ေဒါသတႀကီး ထရပ္လိုက္ၿပီး သူ႕ကို အေျပးတားလိုက္သည္။

 

သူမက အက်ယ္ႀကီးေအာ္ေျပာလိုက္သည္။

 

“ရွင္ကသာ အ႐ူး!”

လီရန္က ေဒါသေတြနဲ႕ တဖ်ပ္ဖ်ပ္ေတာက္ပေနတဲ့ သူမရဲ႕ မ်က္ဝန္းေတြကို ငုံ႕ၾကည့္လိုက္သည္။ သူက ႏႈတ္ခမ္းကို တင္းတင္းက်ပ္က်ပ္ ေစ့ပိတ္ထားၿပီး စကားမေျပာေပ။

ခ်ဴးလ်ိဳက အသက္ျပင္းျပင္း ရွိုက္ရႉလိုက္ၿပီးေနာက္ ေအးစက္ေနသည့္ သူမ၏ စိတ္ေနသေဘာထားမွသည္ ႏူးညံ့သည့္ သေဘာထားသို႔ ေျပာင္းလဲသြားေလသည္။

 

“ဒီေန႕ ေလ့က်င့္မႈက ဒီမွာပဲ ၿပီးၿပီ”

 

ထို႔ေနာက္ သူမ တံခါးဆီသို႔ ေျပးထြက္သြားသည္။

 

ခပ္ေသးေသးပုံရိပ္ကေလး ေျပးသြားသည္ကို ၾကည့္ၿပီး လီရန္ရဲ႕ ႏႈတ္ခမ္းမ်ားက ေမွးမွိန္ေသာ အၿပဳံးတစ္ပြင့္အျဖစ္ ေကြးတက္သြားေလသည္ ။

 

ခ်ဴးလ်ိဳ ေဒါသထြက္ေနေသာ္လည္း လီရန္ ေလ့လာဖို႔အတြက္ အတြင္းအား ေလ့က်င့္ရမည့္ နည္းလမ္းမ်ားကို ေရးေပးေနတုံးပင္။ 

 

လီရန္အတြက္ အတြင္းအား ေလ့က်င့္‌ေရး နည္းလမ္းမ်ားကို ေရးေပးၿပီးသည္ႏွင့္တၿပိဳင္နက္ သူမက ဂိမ္းစက္ကို ယူကာ ဂိမ္းကစားရန္ ဇရပ္ထဲသို႔ ေျပးသြားခဲ့ေလသည္။

 

သူမအြန္လိုင္းေပၚေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ သူမကို [ ငါက အရမ္းကိုမာနႀကီးတယ္] က အဖြဲ႕ထဲသို႔ ဆြဲသြင္းလိုက္ေလသည္။

 

အသင္းမွာ အျခားလူ 3 ေယာက္ရွိေနႏွင့္ပါၿပီ။ ၎တို႔သည္ [ေကာက္ညင္းဆန္ေစးအရက္]၊ [အိမ္မက္သတ္သူ] ႏွင့္ [မူးယစ္ရီေဝ] တို႔ျဖစ္သည္။

 

ဤလူသုံးဦးက အဆင့္ 95 အထက္ (အျမင့္ဆုံးအဆင့္ 100) မွာ ရွိေနသည္။

 

[ငါက အရမ္းကိုမာနႀကီးတယ္]: “ပိုင္လင္း မေန႕က မင္းဘာလို႔ ဒီေလာက္ျမန္ျမန္ လိုင္းဆင္းသြားရ တာလဲ။”

 

[ပိုင္လင္း]: “တစ္ခုခုရွိလို႔”

 

[ငါက အရမ္းကိုမာနႀကီးတယ္]: “မေန႕က မင္းထက္အဆင့္ျမင့္တဲ့ ကစားသမားေတြ အမ်ားႀကီးကို စိန္ေခၚရေလာက္ေအာင္ထိ မင္းက သတၱိေတြရွိေနတယ္။ မင္း ေအာ့ဖ္လိုင္းျဖစ္သြားၿပီးေနာက္ပိုင္း အင္ပါယာဆာဗာတစ္ခုလုံး ေပါက္ကြဲသြားတာကိုေရာ သိလား။ “

 

[ပိုင္လင္း]: “ငါ တကယ္ မသိဘူး။”

 

ထိုအခ်ိန္မွာပဲ [ေကာက္ညွင္းဆန္ေစးအရက္] က

“မာနႀကီး၊ မစ္ရွင္တစ္ခုလုပ္ဖို႔ မင္းကို ငါတို႔ေတာင္းဆိုခဲ့တာ မဟုတ္ဘူးလား။ မင္းရဲ႕ ပင္မအေကာင့္ကို ဖြင့္ဦး။ ၿငိမ္းခ်မ္းတဲ့ ညမွာ ငါတို႔ အုပ္စုဖြဲ႕ တိုက္ခိုက္ၿပီး မစ္ရွင္ကို ငါးနာရီအတြင္း ၿပီးေအာင္ ႀကိဳးစားၾကမယ္။”

 

ခ်ဴးလ်ိဳက [ငါက အရမ္းကိုမာနႀကီးတယ္]တြင္ ပင္မအေကာင့္ရွိရျခင္းအေၾကာင္း အံ့ၾသေနစဥ္မွာပင္ [ငါက အရမ္းကိုမာနႀကီးတယ္]က ေအာ့ဖ္လိုင္းျဖစ္သြားသည့္အေၾကာင္းကို System က သူမအား အသိေပးလာခဲ့သည္။

 

ထို႔ေနာက္ Level 99 အဆင့္ရွိသည့္ [အပူအပင္ကင္းတဲ့ခရီးသြား] သည္ သူမတို႔၏ အဖြဲ႕သို႔ ဝင္ေရာက္လာခဲ့သည္။

 

ယခုအခါတြင္၊ အဆင့္ 57 [ပိုင္လင္း]က အဖြဲ႕အတြင္း ေရာက္ရွိေနျခင္းသည္ အထူးသျဖင့္ သဟဇာတ မျဖစ္သလိုပင္။ သို႔ေသာ္ ခ်ဴးလ်ိဳကေတာ့ မည္သည့္ထူးဆန္းမႈမ်ိဳးကိုမွ မခံစားနိုင္ခဲ့ေပ။

 

[မူးယစ္ရီေဝ] : “ငါတို႔က ဘာလို႔ လူသစ္တစ္ေယာက္ကို ထပ္ထည့္ရမွာလဲ။ ဒီလိုဆိုရင္ ငါတို႔က လူသစ္ေတြကို ဂ႐ုစိုက္ရမွာေပါ့။”

 

[အိပ္မက္သတ္သူ] : “မူးယစ္ရီေဝ၊ ငါတို႔မိန္းကေလးေတြနဲ႕လည္း ခင္မင္ရမွာပဲ။ အခ်ိန္တန္ရင္ သူ႕ကို အေနာက္ဘက္ကေန နို႔ေပးစို႔လိုက္႐ုံေပါ့၊ ကြၽန္ေတာ္တို႔အသင္းမွာ အဆင့္နိမ့္ကစားသမားတစ္ေယာက္ ရွိေနတာကလည္း ဘစ္ေဘာ့စ္ႀကီးရဲ႕ ကိုယ္ရံေတာ္ေတြကို တိုက္ခိုက္ေပးနိုင္တာပဲေလ။”

 

ခ်ဴးလ်ိဳက သူတို႔စကားဝိုင္းကို ၾကည့္ေနခ်ိန္မွာ သူမ ႏႈတ္ခမ္းေတြက မေက်မနပ္ တြန႔္ေကြးသြားသည္။

ထိုအခ်ိန္မွာပဲ မစ္ရွင္စဖို႔ အခ်ိန္ေရတြက္ျခင္းက စခရင္ ေပၚတြင္ ေပၚလာသည္။

 

 

 

 

အခ်ိန္ ေလးနာရီေက်ာ္ ဝန္းက်င္ေလာက္မွာပဲ မစ္ရွင္ၿပီးဆုံးသြားၿပီ။ မူလတက္ႂကြေနတဲ့သူေတြကေတာ့ စကားစေတြရပ္သြားၾကေတာ့သည္။

 

တကယ္ေတာ့၊ ကြန္ပ်ဴတာရဲ႕ တစ္ဖက္ျခမ္းမွာ ထိုင္ေနတဲ့လူေတြက အရမ္းတုန္လႈပ္ၿပီး က်ိန္ဆဲေနၾကျခင္းျဖစ္သည္။

 

ထ်န္က်ိယြင္ (အပူအပင္ကင္းတဲ့ ခရီးသြား)က ေျပာသည္။

“ခ်င္ဖုန္း (မူးယစ္ရီေဝ)က ပိုင္လင္းကို ေစာ္ကားခဲ့တာေၾကာင့္ျဖစ္မယ္။ မဟုတ္ရင္ သူ႕ရဲ႕ မယုံနိုင္ေလာက္စရာ အရည္အခ်င္းေတြနဲ႕၊ အက်ိဳးခံစားခြင့္ေတြကို ငါတို႔ သုံးေယာက္အတြက္ပဲ ေပးၿပီး ခ်င္ဖုန္းကို ဘာလို႔ ခ်န္ထားခဲ့တာလဲ။ ခ်င္ဖုန္းက ဘစ္ေဘာ့စ္ဆီက အသတ္ခံရလုနီးပါးပဲ”

 

ရွဲ႕မင္ဟိုင္ (ေကာက္ညွင္းဆန္ေစးအရက္)က မသိစိတ္မွ တံေတြးတစ္လုတ္ကို မ်ိဳခ်လိဳက္သည္။

“ေလာင္ထန္၊ မင္းက မွားတဲ့ အခ်က္ကိုပဲ အာ႐ုံစိုက္ေနတာမဟုတ္ဘူးလား။ အဆင့္ ၉၅ အထက္ ကစားသမားေလးေယာက္က ဘာလို႔မ်ား ေနာက္ဆုံးထိ အဆင့္ ၆၀ ေတာင္ မျပည့္ေသးတဲ့ ကစားသမားဆီကေန အကာအကြယ္ ခံခဲ့ၾကရတာလဲဆိုတာကို မင္း တစ္ခါမွ မေတြးမိဖူးမလား”

“…”  

“…” 

“…”

 

အေဆာင္ခန္းသည္ ႐ုတ္တရက္ တိတ္ဆိတ္ၿငိမ္သက္ သြားေလေတာ့သည္။

 

 

တျခားဘက္မွာေတာ့....

 

ခ်ဴးလ်ိဳက သူမရဲ႕ မစ္ရွင္ၿပီးဆုံးၿပီးေနာက္ အစား စားဖို႔ လိုင္းေပၚက ဆင္းသြားခဲ့သည္။ လီရန္က ထိုေနရာတြင္ ရွိေနဆဲ ျဖစ္မည္ဟု သူမ မေမွ်ာ္လင့္ခဲ့ေပ။

 

ထမင္းစား စားပြဲမွာ ထိုင္ေနတဲ့ ေအးစက္ေနတဲ့ အမ်ိဳးသားကို ၾကည့္ၿပီး သူမက အံ့ၾသစြာနဲ႕ ေမးလိုက္သည္။

“ဘာလို႔ မသြားေသးတာလဲ”

 

လီရန္သည္ သူမကို ေအးစက္စြာ စိုက္ၾကည့္ကာ ထမင္းစားရန္ သူ၏ တူကို ေကာက္ယူလိုက္သည္။ ေလးေထာင့္စားပြဲက ႀကီးႀကီးမားမားမဟုတ္သည့္အတြက္ သူတို႔ႏွစ္ေယာက္ရဲ႕ ထိုင္ရာေနရာေတြက သိပ္ မေဝးလွေပ။ ခ်ဴးလ်ိဳက သူ႕ကို တစ္ခ်က္ၾကည့္ၿပီး ေနာက္ ထမင္းစားလိုက္သည္။

 

သို႔ေသာ္ သူမက အနည္းငယ္သာစားၿပီး ႐ုတ္တရက္ သူမ၏ တူမ်ားကို ပစ္ခ်လိဳက္ကာ ကိုးရိုးကားယားအေနအထားျဖင့္ ဗိုက္ကို အုပ္ကိုင္ထားလိုက္သည္။

 

လီရန္က သူမကို ထူးဆန္းစြာ စိုက္ၾကည့္ေနသည္။

ခ်ဴးလ်ိဳ၏ မ်က္ႏွာသည္ တစ္စုံတစ္ခုကို နာက်င္ခံစားေနရၿပီး တျဖည္းျဖည္း နီရဲလာခဲ့သည္။ ႐ုတ္တရက္ သူမ တစ္စုံတစ္ခုကို သတိရသြားသည္။ သူမရဲ႕ ဓမၼတာကာလအတြက္ သူမဘာမွ ႀကိဳတင္ျပင္ဆင္ထားျခင္း မရွိေပ။

 

ပိုအေရးႀကီးတာက သူမရဲ႕ ေဘာင္းဘီက ေပက်ံေနေလာက္ၿပီျဖစ္ၿပီး ဒီေန႕က အေရာင္ေဖ်ာ့တဲ့ ေဘာင္းဘီကို ၀တ္ထားတာပင္။ အေရးႀကီးဆုံးကေတာ့ လီရန္က သူမေဘးမွာ ထိုင္ေနသည္။ ဒါကိုေတြးၿပီး သူမ အမူအရာက အႀကိမ္ႀကိမ္ ေျပာင္းလဲေနေလသည္။

လီရန္သည္ ေနာက္ဆုံးတြင္ သည္းမခံနိုင္ေတာ့ဘဲ ေမးလိုက္သည္။

“ဘာျဖစ္တာလဲ”

 

ခ်ဴးလ်ိဳသည္ ရွက္လြန္းသျဖင့္ အသံက်ယ္က်ယ္ေျပာရန္ မတတ္နိုင္ေတာ့ဘဲ အထစ္ထစ္အေငါ့ေငါ့ျဖင့္ ျပန္ေျဖေလသည္။

“အင္း… အမ္း…”

 

လီရန္သည္ တံခါးအျပင္ဘက္တြင္ ရပ္ေနေသာ အကူကို မေခၚမီ သူမ၏အမူအရာကို ခဏတာ ေစာင့္ၾကည့္ေနခဲ့သည္။

“ဆရာဝန္သြားျပရေအာင္”

 

သူက အသံတိုးတိုးျဖင့္ အမိန႔္ေပးလိုက္သည္။ ခ်ဴးလ်ိဳ အလန႔္တၾကား ထရပ္လိုက္မိသည္။

 

“ဘာလို႔ ဆရာဝန္ျပရမွာလဲ”

“မင္းဗိုက္နာေနတာ မဟုတ္ဘူးလား”

 

“…”

 

အိမ္ေတာ္ထိန္းက ခ်ဴးလ်ိဳ၏ အမူအယာကို လႊမ္းၿခဳံ၍ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ အေၾကာင္းရင္းကို ခန႔္မွန္းနိုင္သြားသည္။ 

“သခင္မေလး ခ်ဴး၊ အဲဒီအခ်ိန္ပဲ မဟုတ္လား။ မင္းအတြက္ တစ္ခုခု ျပင္ဆင္ေပးဖို႔ လိုေသးလား”

ခ်ဴးလ်ိဳ တအံ့တဩျဖင့္ မ်က္လုံးျပဴးကာၾကည့္လိုက္သည္။ 

“ကြၽန္မ ဘာလိုအပ္လဲ သိလို႔လား”

႐ုရွားေတာ္ဝင္ေကာလိပ္မွ ဘြဲ႕ရခဲ့ေသာ ထိပ္တန္း အိမ္ေတာ္ထိန္း တစ္ေယာက္အေနျဖင့္ သခင္မေလး အတြက္ လိုအပ္ေသာ ပစၥည္းမ်ိဳးစုံကို ျပင္ဆင္ထားရန္ လိုအပ္သည္။

“သခင္မေလး ခ်ဴးက အမ်ိဳးသမီး ထုတ္ကုန္တစ္ခ်ိဳ႕ လိုအပ္ေနတာပါ”

ခ်ဴးလ်ိဳ က ကမန္းကတန္း ေခါင္းညိတ္လိုက္သည္။

“ဟုတ္တယ္၊ ဟုတ္တယ္၊ ဟုတ္တယ္။ ျမန္ျမန္ဝယ္ဖို႔ တစ္ေယာက္ေယာက္ကို ေခၚလိုက္။”

 

“ေကာင္းပါၿပီ။”

 

အိမ္ေတာ္ထိန္းက အနားမွ ထြက္သြားသည္။

 

ခ်ဴးလ်ိဳက သူမ၏ဗိုက္ကို တင္းတင္းဆုပ္ကိုင္လိုက္ၿပီး သူမကို ေလးေလးနက္နက္ စိုက္ၾကည့္ေနသည့္ လီရန္ကို ျပန္ၾကည့္လိုက္သည္။

သူ႕မ်က္လုံးမ်ားတြင္ ရႈပ္ေထြးမႈအရိပ္အေယာင္တို႔ကို ျမင္လိုက္ရၿပီးေနာက္ သူမ အလြန္ရွက္႐ြံ႕သြားသည္။ 

“ျမန္ျမန္စား၊ စားၿပီးရင္ ျပန္လို႔ရၿပီ။”

လီရန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ဒီအေသးေလးက သူ႕ကို ေမာင္းထုတ္ေနတာလား။

ခ်ဴးလ်ိဳ သူ႕ကို ခ်က္ခ်င္း ထြက္သြားေစခ်င္သည္

မဟုတ္ရင္ သူမ မတ္တပ္ထရပ္ၿပီး အေပၚထပ္ကိုတက္ကာ ေဘာင္းဘီကို ဘယ္လိုျပင္ဝတ္ရမွာလဲ။

ထို႔ေၾကာင့္ သူမက ကိုယ့္ကိုယ္ကိုယ္ေတာင္ မသိလိုက္ဘဲ စိတ္အားထက္သန္စြာျဖင့္ သူ႕ကို စိုက္ၾကည့္ေနမိသည္။

ထိုေတာင့္တေသာ အၾကည့္မ်ားက လီရန္၏မ်က္ႏွာကို မည္းေမွာင္သြားေစၿပီး သူ႕ခႏၶာကိုယ္က ေအးစက္ေသာ အေငြ႕အသက္မ်ား ထြက္ေပၚလာေစသည္။

 

သူ႕ကို ဒီေလာက္ ေျပာင္ေျပာင္တင္းတင္း ေမာင္းထုတ္ဖို႔ ဘယ္သူမွ မဝံ့ရဲခဲ့ၾကဘူး။

ခ်ဴးလ်ိဳကေတာ့ သူမႏွင့္ မ်က္ႏွာခ်င္းဆိုင္က လူက ယခင္ကထက္ အစားစားသည္မွာ ေႏွးေကြးေနေတာ့ ခဏအၾကာတြင္ “စားၿပီးၿပီလား” မေမးဘဲ မေနနိုင္ေတာ့ေပ။

လီရန္က သူမကို ျပန္စိုက္ၾကည့္လိုက္သည္။

 

“မၿပီးေသးဘူး”

ခ်ဴးလ်ိဳ ႏႈတ္ခမ္းစူလိုက္သည္။

သူမ ႐ုတ္တရက္ ဤလူကို ဆြဲထုတ္ပစ္ဖို႔ စိတ္အားထက္သန္လာသည္။

 

သူမ ဘာလုပ္သင့္လဲ။

လီရန္က သူမ၏ အမူအရာကိုၾကည့္ကာ သူမ၏ ဗိုက္ေပၚတြင္ လက္တစ္ဖက္ရွိေနေသးသည္ကို ေတြ႕လိုက္ရသည္။ သူသည္ အၾကည့္ကို ျပန္႐ုတ္သိမ္းလိုက္ၿပီး မ်က္လႊာခ်လိဳက္သည္။

သူက ေနာက္ထပ္ ႏွစ္လုတ္ သုံးလုတ္ စားၿပီးတဲ့အခါ မတ္တပ္ထရပ္လိုက္သည္။

“မနက္ျဖန္ မင္းကို‌ ေခၚဖို႔ တစ္ေယာက္ေယာက္ လႊတ္လိုက္မယ္”

ထို႔ေနာက္ သူထြက္သြားေတာ့သည္။

“ေဟ့ လီရန္…”

 

သူက ရပ္တန႔္လိုက္ၿပီး သူမကို ၾကည့္လိုက္သည္။ သူမက ခ်စ္စရာေကာင္းတဲ့ မ်က္လုံး႐ြဲႀကီးေတြကို မ်က္ေတာင္ တဖ်ပ္ဖ်ပ္ခတ္ၿပီး ေမးလိုက္သည္။

 

“မနက္ျဖန္အစား ေနာက္မွလာခဲ့လို႔ရမလား”

လီရန္က သူ႕ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ရင္း သူမကို စိုက္ၾကည့္ေနသည္။

ခ်ဴးလ်ိဳသည္ သူကန႔္ကြက္ေတာ့မည္ဟု ေတြးထားခ်ိန္မွာ သူက ေခါင္းညိတ္ကာ ထြက္သြားခဲ့သည္။

ခ်ဴးလ်ိဳသည္ ထြက္သြားေသာေက်ာျပင္ကို ၾကည့္ေနၿပီး ေနာက္ဆုံးမွာေတာ့ ၿပဳံးလိုက္မိေလသည္။

ေျခသံမ်ား ေပ်ာက္ကြယ္သြားၿပီးေနာက္ သူမက မတ္တပ္ထရပ္ကာ အေပၚထပ္သို႔ ေျပးသြားခဲ့သည္။

လီရန္က ခ်က္ခ်င္း မထြက္သြားေသးေပ။ ၿခံဝင္းထဲမွာ သူရပ္ေနတဲ့အခ်ိန္ အိမ္ေတာ္ထိန္းက လမ္းေလွ်ာက္လာသည္။

“သခင္ႀကီး “

လီရန္ က သူ႕ႏႈတ္ခမ္းေတြကို စကၠန႔္အနည္းငယ္ေလာက္ တင္းတင္းၾကပ္ၾကပ္ ေစ့ထားရင္း ေမးလိုက္သည္။

“သူ ဘာျဖစ္သြားတာလဲ” 

အိမ္ေတာ္ထိန္းက ခဏေလာက္ အံ့အားသင့္သြားသည္။

 

သူက ဒီေမးခြန္းကို အေျဖမေပးခင္မွာ စကၠန႔္အနည္းငယ္ေလာက္အတြင္း ေစ့ေစ့စပ္စပ္ စဥ္းစားေနခဲ့သည္။

“သခင္မေလးခ်ဴးက အမ်ိဳးသမီးေတြ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဓမၼတာကိစၥ ျဖစ္ေနတာပါ”

ဒီအခ်က္က လီရန္၏ အမူအရာကို လုံးဝေျပာင္းလဲသြားေစျခင္းမရွိေၾကာင္း သူျမင္ေနရသည္။

သူသိသေလာက္ဆို ထို သခင္ငယ္ေလးက ဓမၼတာကာလအပိုင္းအျခားကို မသိေလာက္တာေၾကာင့္ သူက ထိုအေၾကာင္းကို နည္းနည္းေလာက္ ပိုၿပီး ေျပာျပခဲ့သည္။

လီရန္သည္ ထိုစကားကို ေအးစက္စက္အမူအယာႀကီးျဖင့္ နားေထာင္ၿပီး ၿခံဝန္းထဲမွာ မထြက္ခြာမီတြင္ အိမ္ေတာ္ထိန္းႀကီးကို ၿခံျပင္မွ ထြက္ခြာသြားကာ မေက်မနပ္ျဖစ္ၿပီး ထီမထင္သည့္ အၾကည့္ႏွင့္ေတာင္ ၾကည့္သြားလိုက္ေသးသည္။

စားဖိုမႉးရဲ႕ ႏွလုံးသား တုန္လႈပ္သြားၿပီး သူ ထြက္သြားရာေနာက္သို႔ အလ်င္အျမန္ လိုက္သြားေလသည္။ သူက ေခြၽးေစးမ်ားကို တိတ္တခိုး သုတ္လိုက္ၿပီး သူ႕စိတ္ထဲတြင္ေတာ့ ‘ဒါက ငါ့အတြက္ အရမ္းခက္တာပဲ’ ဟု ေတြးေနမိေတာ့သည္။

ခ်ဴးလ်ိဳ ေဘာင္းဘီေျပာင္းဝတ္ကာ ဆင္းလာသည့္အခ်ိန္တြင္ လီရန္က ထြက္သြားၿပီ ျဖစ္သည္။ သူမသည္ သမုဒၵရာၿမိဳ႕ေတာ္ရွိ အဖိုးတန္ေသာ ေဆးပင္ မ်ားႏွင့္ အဆိပ္မ်ားကို ႐ုတ္တရက္ ေတြးေတာရင္း တစ္ေယာက္ေယာက္ကိုေခၚၿပီး အလုပ္ေပးလိုက္သည္။

“သမုဒၵရာၿမိဳ႕က ေဆးပင္ေတြနဲ႕  ေဆးခ်က္ဖို႔အိုးေတြကို ယူဖို႔ ကူညီေပးပါ”

အနာဂတ္တြင္ ၿမိဳ႕ေတာ္မွာပဲ ေက်ာင္းတက္ရေတာ့မွာဆိုေတာ့ ဒီအရာေတြအားလုံးကို ေ႐ႊ႕ေျပာင္းရမွာ ေသခ်ာသည္။

ညဘက္တြင္ ခ်ဴးလ်ိဳ သည္ ဂိမ္းမ်ားကို ဆက္ကစားေနသည္။ မေန႕ညက အုပ္စုဖြဲ႕ တိုက္ခိုက္ခဲ့ၿပီး အုပ္စုဖြဲ႕စစ္ပြဲမ်ားသည္ အျခားဂိုဏ္းႀကီးမ်ားႏွင့္ နယ္ေျမလုယူရန္ျဖစ္သည္။ သူမ အြန္လိုင္းေပၚေရာက္သြားခ်ိန္မွာေတာ့ သူမဟာ [အပူအပင္ကင္းတဲ့ ခရီးသြား] ရဲ႕အဖြဲ႕ထဲကို ဆြဲသြင္းျခင္း ခံလိုက္ရပါေတာ့သည္

[အပူအပင္ကင္းတဲ့ ခရီးသြား] က အေတြ႕အႀကဳံအခ်ိဳ႕ စုေဆာင္းရန္ [ပိုင္လင္း] ကို ေတာင္းဆိုခဲ့သည္။

[ပိုင္လင္း] သည္ မည္သည့္ကန႔္ကြက္မႈမွ် မရွိခဲ့ဘဲ သူတို႔အဖြဲ႕သို႔ လိုက္သြားခဲ့သည္။ လမ္းတစ္ေလွ်ာက္တြင္ အျခားလူမ်ားက သူမအေပၚ ေႏြးေထြးလာၾကတာကို သတိထားမိသည္။

ထိုအခ်ိန္တြင္ ခ်ဴးလ်ိဳသည္ ထိုလူမ်ားက အရင္ကထက္ပို၍ ရိုးသားၾကသည္ကို သေဘာေပါက္လိုက္ၿပီး သူတို႔အဖြဲ႕ႏွင့္ ပူးေပါင္းလိုက္သည္။

အဆင့္ ၅၀ ေက်ာ္ေလာက္သာရွိေသာ ကစားသမားတစ္ဦးက အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိခါနီးဆဲဆဲ ကစားသမားအနည္းငယ္၏ေနာက္တြင္ လိုက္ေလွ်ာက္ေနသည္ကို ေတြ႕ေသာအခါ လူတိုင္းထံမွ မွန္းဆခ်က္အမ်ိဳးမ်ိဳးႏွင့္ ေဆြးေႏြးမႈမ်ား ထြက္ေပၚလာသည္။

အုပ္စုဖြဲ႕ တိုက္ခိုက္ျခင္းက သုံးနာရီခန႔္ၾကာသည္။ ဆယ္နာရီခန႔္တြင္ အုပ္စုစစ္ပြဲၿပီးဆုံးၿပီးေနာက္၊ [အပူအပင္ကင္းတဲ့ခရီးသြား]ႏွင့္ အျခားသူမ်ားက လိုင္းေပၚမွ ဆင္းသြားသည္။

ခ်ဴးလ်ိဳသည္ သူမ၏ ဂိမ္းဇာတ္ေကာင္ကို အဖြဲ႕ထဲမွ ထြက္ရန္ လုပ္ေဆာင္ေနဆဲတြင္ လွပစြာဝတ္ဆင္ထားၿပီး အလြန္ခ်စ္စရာေကာင္းသည့္ အိမ္ေမြး တိရစာၦန္ေလးပါရွိေနသည့္ အဆင့္ ၈၅ အမ်ိဳးသမီးအေကာင့္ [ယန္လ်ိဳ႕ယီယီ] က သူမကို တားဆီးခံခဲ့ရသည္။

[ယန္လ်ိဳ႕ယီယီ] : “မင္းက ပိုင္လင္း လား။”

 

 

 

 

 

 

 

 

စာစဥ္ ၈ ၊ အခန္း ၉ ။  မယုံရင္ PK တိုက္လိုက္ၾကစို႔၊ မဟုတ္ရင္ အရႈံးေပးလိုက္

 

[ပိုင္လင္း] : “ကိစၥရွိလို႔လား?”

[ယန္လ်ိဳ႕ယီယီ] က [ပိုင္လင္း] ကို ရန္လိုစြာျဖင့္ ေျပာလိုက္သည္။

“မေန႕က နင့္ထက္အဆင့္ျမင့္တဲ့ ကစားသမားေတြ အမ်ားႀကီးကို နင္အနိုင္ယူခဲ့တယ္လို႔ ငါၾကားတယ္။ နင္က အမ်ိဳးသမီးအေကာင့္ျဖစ္လို႔ အဲ့ဒီလူေတြက နင့္ကို တမင္တကာ လြယ္လြယ္နဲ႕ လႊတ္ေပးလိုက္တာလို႔လဲ ငါ ထင္တယ္။”

ခ်ဴးလ်ိဳက သူမ၏ႏႈတ္ခမ္းမ်ားကို ဖြဖြကိုက္ကာ ဤရယ္စရာေကာင္းေသာ ကစားသမားကို ၾကည့္လိုက္ၿပီးေနာက္ ျမန္ျမန္ပဲ အေၾကာင္းျပန္လိုက္သည္။

[ပိုင္လင္း] : “နင္ မယုံရင္လဲ PK လိုက္ၾကရေအာင္။ မၿပိဳင္ရဲရင္ အရႈံးပဲ”

 

[ယန္လ်ိဳ႕ယီယီ] : “အဆင့္ ၅၀ ေက်ာ္ေလာက္ေလးရွိတဲ့ ကစားသမားကမ်ား ငါ့ကို ဘယ္လိုေတာင္ စိန္ေခၚရဲတာလဲ”

သတိေပးခ်က္ : “ကစားသမား [ပိုင္လင္း] က [ယန္လ်ိဳ႕ယီယီ] ကို PK ဖို႔ စိန္ေခၚလိုက္သည္။

" လက္ခံမည္လား သို႔မဟုတ္ ျငင္းဆိုမည္လား “

မက္ေဆ့ခ်္က အလြန္ကို ရိုးရွင္းၿပီး စစ္မွန္လွသည္။

[ယန္လ်ိဳ႕ယီယီ] သည္ ဤေနရာတြင္ အလြန္ေရပန္းစားခဲ့သည္မွာ သိသာလွသည္။ သူမ [ပိုင္လင္း] ကို ရွာဖို႔လာတဲ့အခါ လူေတာ္ေတာ္မ်ားမ်ားက ေစာင့္ၾကည့္ဖို႔ ေရာက္လာၾကေလသည္။ [ပိုင္လင္း] က စိန္ေခၚခ်က္ထုတ္ၿပီးတာနဲ႕ ပတ္ဝန္းက်င္ကလူေတြ ခ်က္ခ်င္းစၿပီး ေဆြးေႏြးၾကေလေတာ့သည္။

[ဝိုင္ကိုၾကည့္ေနတဲ့ အစ္ကို] : “ဒီ [ပိုင္လင္း] က အ႐ူးပဲ။ သူက [က်င္းလင္း ဂိုဏ္း] ဂိုဏ္းေခါင္းေဆာင္ရဲ႕ဇနီးကို စိန္ေခၚရဲတာလား။

[အျပစ္ေခ်ရာေျမ] : “ [ယန္လ်ိဳ႕ယီယီ] နဲ႕[က်င္းလင္းဂိုဏ္း] ဂိုဏ္းေခါင္းေဆာင္တို႔က အျပင္မွာပါ စုံတြဲျဖစ္ေနတာကို ဘယ္သူက မသိလို႔လဲ။ [ယန္လ်ိဳ႕ယီယီ] ကို ေစာ္ကားတာက [က်င္းလင္းဂိုဏ္း] တစ္ခုလုံးကို ေစာ္ကားတာနဲ႕ တူတူပဲ။ “

[XX နင္က ဝက္]: “[ယန္လ်ိဳ႕ယီယီ] က [ပိုင္လင္း] ထက္ အဆင့္ ၂၀ ေက်ာ္ျမင့္တယ္။ [ပိုင္လင္း] က ေသရမွာကို ေတာ္ေတာ္ႀကိဳက္ေနတာလား”

[ယန္လ်ိဳယီယီ] က [ပိုင္လင္း] ကို အေလးအနက္မထားဘဲ PK စိန္ေခၚမႈကို တိုက္ရိုက္လက္ခံလိုက္သည္။

 

လူအုပ္ႀကီးက [ပိုင္လင္း] ၏ ကံဆိုးမႈအတြက္ စိတ္လႈပ္ရွားေနၿပီး သူမ ဘယ္လို ဆိုးဆိုး႐ြား႐ြား ခံရမလဲဆိုတာကို ေဆြးေႏြးေနၾကဆဲျဖစ္သည္။ ဤအခိုက္အတန႔္တြင္ပဲ စနစ္သတိေပးခ်က္ ထြက္ေပၚလာသည္။

“[ယန္လ်ိဳ႕ယီယီ] ကိုအနိုင္ယူခဲ့ေသာ ကစားသမား [ပိုင္လင္း] အား ဂုဏ္ျပဳပါသည္။”

လူတိုင္း: “…”

[ယန္လ်ိဳ႕ယီယီ] သည္ သူမက [ပိုင္လင္း] ကို အနိုင္ယူလိမ့္မည္ဟု ယူဆထားခဲ့သည္။ သူမက စကားလုံးအခ်ိဳ႕ႏွင့္ ဆက္လက္ တိုက္ခိုက္ေနခဲ့သည္။

[ယန္လ်ိဳ႕ယီယီ] : “ငါက နင့္ထက္ အဆင့္အမ်ားႀကီးျမင့္တာပဲဟာ။ နင္က ငါ့ကို ဘယ္လို အနိုင္ယူနိုင္မွာလဲ။”

[ယန္လ်ိဳ႕ယီယီ] : “နင္ လွည့္စားခဲ့တာပဲျဖစ္ရမယ္!”

[ယန္လ်ိဳ႕ယီယီ] : “မျဖစ္ေတာ့ဘူး၊ ထပ္ၿပိဳင္ၾကရေအာင္!”

[ယန္လ်ိဳ႕ယီယီ] : “ငါ နင္နဲ႕စကားေျပာေနတာေလ၊ နင္က ဘယ္လိုေတာင္ ျပန္မေျပာဘဲ ေနရဲတာလဲ”

[ယန္လ်ိဳ႕ယီယီ] : “နင္က *ငါးဆာႏူပဲ။ နင့္ကို ဂိမ္းထဲမွာ ကူညီေပးဖို႔ ကြၽမ္းက်င္သူကို အကူအညီေတာင္းခဲ့တာမို႔လား”

[T/n - ငါးဆာႏူ *Chinese slang တစ္ခုျဖစ္ၿပီး ပ်င္းရိၿပီး အသုံးမက်တဲ့သူဟု အဓိပၸါယ္ ရပါတယ္။]

 

ခ်ဴးလ်ိဳ သည္ [ယန္လ်ိဳ႕ယီယီ] ၏ ထိတ္လန႔္တၾကားေအာ္သံမ်ားကို ၾကည့္ေနဖို႔ စိတ္မ၀င္စားနိုင္ေပ။ သူမက ေက်ာပိုးအိတ္ကို သယ္ကာ ထြက္ခြာသြားခဲ့သည္။

 

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး] က သူမကို မက္ေဆ့ခ်္ပို႔တဲ့အခါ သူမရဲ႕ ဂိမ္းဇာတ္ေကာင္က ၿမိဳ႕ထဲကို ေရာက္ေနၿပီျဖစ္သည္။

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး] : “အစ္မ ပိုင္၊ နင္ ဒီည အုပ္စုတိုက္ပြဲမွာ ပါဝင္မွာလား။”

[ပိုင္လင္း] : “အင္း”

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး] : “အစ္မမွာ ေနာက္ထပ္ ဘာအစီအစဥ္ေတြ ရွိေသးလဲ။ မစ္ရွင္တစ္ခုလုပ္ဖို႔ ကြၽန္ေတာ္တို႔ အဖြဲ႕ ဖြဲ႕လိုက္ၾကမလား”

ခ်ဴးလ်ိဳ အေျဖျပန္ေပးကာနီးတြင္ တစ္စုံတစ္ေယာက္က တံခါး လာေခါက္ေလသည္။ သူမက ဂိမ္းစက္ကို ခ်၍ တံခါးကို ဖြင့္လိုက္သည္။ တံခါးေခါက္သူက ဤေနရာတြင္ ေနေပးရန္ တာဝန္ခ်ထားခံထားရေသာ လီရန္၏ ကိုယ္ရံေတာ္တစ္ဦးျဖစ္သည့္ က်န္းက်န္ ျဖစ္သည္။ က်န္းက်န္က သူမကို ေမးလာသည္။

“သခင္မေလးခ်ဴး၊ အိမ္အနားမွာ လူတစ္စု ရွိေနတယ္။ သခင္မေလးအေနနဲ႕ သူတို႔ကိစၥကို ကြၽန္ေတာ္တို႔ကို ေျဖရွင္းေစခ်င္ပါလား”

“သူတို႔ကို ဘယ္သူပို႔လိုက္တာလဲ”

“ေဝ့မိသားစု”

ခ်ဴးလ်ိဳ ခဏေလာက္ စဥ္းစားလိုက္၏။ သူမသည္ ေဝ့မိသားစု ေနထိုင္ရာသို႔ ျပန္သြားၿပီး ခ်ဴးတင္ႏွင့္ ေဝ့ေဝ့တို႔ ကို ေနာက္ဆုံးအႀကိမ္ ထိုးႏွက္ရန္ အစီအစဥ္ရွိေနေသးသည့္အတြက္ ေဝ့မိသားစု၏ သံသယမ်ားကို ႏွိုးေဆာ္တာမ်ိဳးေတာ့ မလုပ္သင့္ေပ။ ထို႔ေၾကာင့္ သူမက “မလိုပါဘူး” ဟုေျပာလိုက္သည္။

က်န္းက်န္သည္ ထိုစကားကိုၾကားၿပီးေနာက္ ထြက္သြားေလသည္။ ခ်ဴးလ်ိဳက တံခါးကိုပိတ္ၿပီး ျပတင္းေပါက္ကိုဖြင့္ကာ အျပင္ကိုၾကည့္လိုက္သည္။ ဤေနရာမွေန၍ အိမ္ရာ၏ အျပင္ဘက္လမ္းကို ျမင္နိုင္သည္။ ရပ္ကြက္ေဟာင္းရွိ လူမ်ားသည္ ေစာေစာအနားယူေလ့ ရွိၾကသည္။ ဒီအခ်ိန္ဆို လမ္းေပၚမွာ လူေတြ၊ ကားေတြ သိပ္မရွိေတာ့ေပ

ျပတင္းေပါက္မပိတ္ခင္မွာ သူမဟာ အဲဒီလူေတြရဲ႕တည္ေနရာကို ဇာမဏီမွတစ္ဆင့္ သိရွိနိုင္ခဲ့သည္။ သူမက ဂိမ္းစက္ကိုျပန္ယူၿပီး ဆက္လက္လုပ္ေဆာင္ရန္ ျပင္ဆင္ခဲ့သည္။ မေမွ်ာ္လင့္ဘဲ ဖန္သားျပင္ေပၚတြင္ သူမကို [ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး] ကဲ့သို႔ေသာ ‘ပိတ္မိေနတာလား’ဟု ေမးထားသည့္ ေမးခြန္းမ်ားစြာကို ျပသခဲ့သည္။

[ပိုင္လင္း]: “ငါ့မွာ ကိစၥရွိေနလို႔”

[နတ္ဆိုးနဂါးျမစ္ကိုျဖတ္ျခင္း]: “ဟူး၊ နင္က ငါ့ကို လန႔္ေသေအာင္လုပ္ေနတာပဲ”

[နတ္ဆိုးနဂါးျမစ္ကိုျဖတ္ျခင္း]: “အစ္မ ပိုင္၊ မစ္ရွင္တစ္ခုအတြက္ ပူးေပါင္းလိုက္ၾကရေအာင္။ ငါတို႔ ဘာလို႔မ်ား တစ္ညလုံး မေနနိုင္ရမွာလဲ”

[ပိုင္လင္း]: “ဟင့္အင္း။ ငါ ညဘက္က် အနားယူဖို႔လိုတယ္။”

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး]: “ေကာင္းၿပီ… ဒါေပမယ့္ အစ္မပိုင္ နင္က ၿမိဳ႕ေတာ္က လူနဲ႕ မတူဘူး။ တစ္ရက္ေလာက္ ၿမိဳ႕ေတာ္ရဲ႕ နာမည္ႀကီး ေရွးေဟာင္းေနရာေတြကို မင္းကို ဘာလို႔ ေခၚမသြားရမွာလဲ။

ခ်ဴးလ်ိဳက သူမ၏ အစီအစဥ္မ်ားထဲမွ တစ္ခုျဖစ္သည့္ အင္ပါယာတကၠသိုလ္ကို သြားလည္ဖို႔ အစီအစဥ္ကို ခ်က္ျခင္း သတိရသြားသည္။ ဒါနဲ႕ သူမ ေမးလိုက္သည္။

“နင္က အင္ပါယာတကၠသိုလ္နဲ႕ အကြၽမ္းတဝင္ရွိလား”

[ျမစ္ကိုျဖတ္ေက်ာ္ေနေသာ နတ္ဆိုးနဂါး]: 

“သိတာေပါ့။ ကြၽန္ေတာ့္အိမ္က အင္ပါယာတကၠသိုလ္ နဲ႕ နီးတယ္ေလ။ ကြၽန္ေတာ့္မွာ ဘာမွလုပ္စရာမရွိတဲ့အခါ အဲ့ဒီကို သြားတယ္”

[ပိုင္လင္း]: “ငါ အင္ပါယာတကၠသိုလ္ကို သြားလည္ဖို႔ စီစဥ္ထားတယ္။”

[နတ္ဆိုးနဂါးျမစ္ကိုျဖတ္ျခင္း]: “ငါ မင္းရဲ႕လမ္းျပလုပ္ေပးမယ္ေလ။ အင္ပါယာတကၠသိုလ္မွာ အေက်ာ္ၾကားဆုံးေသာ ေနရာေတြနဲ႕ အထင္ကရေနရာေတြကို မျဖစ္မေန ေရာက္ရေစမယ္လို႔ အာမခံတယ္”

ခ်ဴးလ်ိဳ ခဏေလာက္ စဥ္းစားလိုက္သည္။ သူမရဲ႕ ဓမၼတာကာလေၾကာင့္ ေနာက္ႏွစ္ရက္ေလာက္အထိ နည္းနည္းအဆင္မေျပျဖစ္ေနတဲ့အတြက္ သူမက ရက္ကို ခ်ိန္ညွိ၍ ေျပာလိုက္သည္။

“ေကာင္းၿပီ၊ ငါမင္းကို ႏွစ္ရက္အတြင္း ရွာလိုက္မယ္”

[နတ္ဆိုးနဂါးျမစ္ကိုျဖတ္ျခင္း]: “ေကာင္းၿပီ၊ ေကာင္းၿပီ။”

ထိုသို႔ေျပာၿပီးေနာက္ သူတို႔ႏွစ္ေယာက္က ႏွစ္နာရီၾကာ မစ္ရွင္တစ္ခုျပဳလုပ္ရန္အတြက္ ပူးေပါင္းခဲ့ၾကသည္။ မစ္ရွင္ၿပီးဆုံးၿပီးေနာက္၊ ခ်ဴးလ်ိဳက လိုင္းေပၚက ဆင္းၿပီး အိပ္ေပ်ာ္သြားခဲ့သည္။

မနက္ ၂နာရီ ၌.....

ခ်ဴးလ်ိဳ ႐ုတ္တရက္နိုးလာသည္။

သူမ၏ လက္ေကာက္ဝတ္ရွိ ဇာမဏီတံဆိပ္က  အနီေရာင္ေတာက္လာၿပီး တစ္ခ်ိန္တည္းမွာပင္ ဇာမဏီ၏ အသံသည္လည္း သူမ၏ စိတ္ထဲတြင္ ထြက္ေပၚလာသည္။

“သခင္မေလး၊ တစ္ေယာက္ေယာက္က အိမ္ထဲကို ဝင္ဖို႔ ႀကိဳးစားေနတယ္ “

ခ်ဴးလ်ိဳ ထထိုင္လိုက္ၿပီး အဝတ္အစားဝတ္ကာ ျပတင္းေပါက္ဆီသို႔ ေလွ်ာက္သြားၾကည့္လိုက္ေတာ့ အျပင္ဘက္ရွိ စြမ္းအင္အတက္အက်ကိဳ သူမ လ်င္ျမန္စြာ ခံစားလိုက္ရသည္။

ဖီးနစ္ : "ေရာက္လာတဲ့သူက သရဲတေစၦေတြကို ထိန္းခ်ဳပ္နိုင္တယ္။”

“ဟက္!”

ခ်ဴးလ်ိဳ ရယ္ေမာလိုက္သည္။

“ဒီကမာၻမွာ ဒီလိုအရာေတြကို ထိန္းခ်ဳပ္နိုင္တဲ့သူ တစ္ေယာက္ေယာက္ ရွိေနမယ္လို႔ ငါ မေမွ်ာ္လင့္ထားခဲ့ဘူး။ တစ္ခ်က္ၾကည့္လိုက္ရေအာင္။”

ထိုစကားကို ေျပာၿပီးေနာက္ ျပတင္းေပါက္ကို ဖြင့္ကာ ခ်က္ခ်င္း ခုန္ခ်လိဳက္သည္။ ထိုလူက သူမကို စမ္းသပ္ေနမွန္း သိသာသည္။ သူမ ထြက္လာတာကို ျမင္ေတာ့ အဲဒီလူက အျမန္ျပန္ဆုတ္သြားေလသည္။

ခ်ဴးလ်ိဳက ေနအိမ္အျပင္ဘက္တြင္  ခဏေလာက္ရပ္ေနစဥ္ တစ္စုံတစ္ခုကို သတိထားမိလိုက္သည္။ သို႔ေသာ္ ခဏအတြင္း ျပန္ေပ်ာက္သြားၿပီး ထိုလူရဲ႕ စြမ္းအင္အတက္အက်ကိဳ သူမ နားမလည္နိုင္ေတာ့ေပ။

ထိုအစား သူမဟာ တျခားအရာတစ္ခုကို ခံစားလိုက္ရတယ္။ သူမက ေထာင့္တစ္ေနရာသို႔ ေလွ်ာက္သြားၿပီး လက္သီးအ႐ြယ္ ေက်ာက္စိမ္းပုလင္းတစ္လုံးကို ေကာက္ယူလိုက္သည္။ ခ်ဴးလ်ိဳ ေက်ာက္စိမ္းပုလင္း၏ လည္ပင္းကိုကိုင္ကာ ၾကည့္လိုက္သည္။ အထဲမွာ ေ႐ႊေရာင္သဲမႈန္ေလးေတြ ရွိေနပုံရသည္။ သူမလက္ကို လႈပ္ခါလိုက္သည္ႏွင့္ သဲမ်ားက စီးဆင္းသြားေလသည္။ ထိုအရာက ေတာ္ေတာ္ေလး လွပေနသည္။

သို႔ေသာ္၊ ထိုအရာက ဘာလဲဆိုတာကို သိသူမ်ားအတြက္ေတာ့ အတြင္း၌ ေၾကာက္မက္ဖြယ္ေကာင္းေသာ အရာရွိေနသည္ကို သိနိုင္ေပလိမ့္မည္။ ခ်ဴးလ်ိဳ ထိုဟာေလးကို ခဏေလာက္ၾကည့္ၿပီး ၿပဳံးလိုက္သည္။

“ဒါက တကယ္ေကာင္းတဲ့ အရာပဲ။ မင္းက ဒီမွာ အဆိုးေတြကို စုေဆာင္းေပးခဲ့ခ်င္ရင္ မင္းမွာ အရည္အခ်င္း ရွိမရွိ ၾကည့္ရေအာင္။”

ထိုသို႔ေျပာၿပီးေနာက္ ေက်ာက္စိမ္းပုလင္းကို အဝတ္အိတ္ထဲထည့္ကာ ေဘးဘက္သို႔ အျမန္ေလွ်ာက္သြားခဲ့သည္။ အိမ္ရာေဘးက လမ္းေသးေသးေလးမွာ ေဝ့မိသားစုက လိုက္ပို႔တဲ့လူေတြ အားလုံး ဝိုင္းအုံေနၾကသည္။ ဒီလူေတြက စိုးရိမ္ထိတ္လန႔္ေနတဲ့ အမူအရာေတြ ရွိၿပီး သူတို႔ မလြတ္ေျမာက္နိုင္ၾကေပ။

ခ်ဴးလ်ိဳ လမ္းေလွ်ာက္သြားၿပီး လက္ကိုျမႇောက္ကာ ေဘးနံရံေပၚကို စည္းခ်က္ညီညီ ေခါက္လိုက္သည္။ ထို႔ေနာက္ သူမက အံ့ၾသေသာေလသံျဖင့္ ေမးလိုက္သည္။

“ရွင္တို႔ ကြၽန္မအိမ္နားမွာ ဘာလုပ္ေနတာလဲ”

ခ်ဴးလ်ိဳ ေျပာၿပီးတာနဲ႕ မျမင္ရတဲ့ အတားအဆီးက ေပ်ာက္ကြယ္သြားေလသည္။ ထိုလူမ်ား၏ မ်က္ႏွာေပၚတြင္ေတာ့ ထိတ္လန႔္တၾကား အမူအယာေတြ ရွိေနေသးသည္။ ခ်ဴးလ်ိဳကို ဒီေနရာတြင္ ရပ္ေနတာ ေတြ႕လိုက္သည့္အခါမွာေတာ့ သူတို႔က တစ္ေယာက္ကို တစ္ေယာက္ ျပန္ၾကည့္ကာ ထူးဆန္းေသာ ခံစားခ်က္တစ္ခု ထြက္ေပၚလာေလေတာ့သည္။

“သခင္မေလးခ်ဴး”

ခ်ဴးလ်ိဳ ေခါင္းကို ငုံ႕ကာ မေက်နပ္သည့္ အမူအရာျဖင့္ သူတို႔ကို ၾကည့္လိုက္သည္။

“အစကတည္းက ကြၽန္မ ေကာင္းေကာင္းအိပ္မေပ်ာ္တာမဟုတ္ဘူး။ ရွင္တို႔ ကြၽန္မကို ေစာင့္ၾကည့္ခ်င္ေနရင္ေတာ့ ရွင္တို႔ရဲ႕ အသံေတြကို ေလွ်ာ့ထားသင့္တယ္။ မဟုတ္ရင္ေတာ့ ရွင္တို႔အားလုံးကို ဖမ္းၿပီး ရိုက္ႏွက္ဖို႔ တစ္ေယာက္ေယာက္ကို ခိုင္းလိုက္မယ္။”

ေဝ့မိသားစု၏ သက္ေတာ္ေစာင့္မ်ား ၾကားေသာအခါတြင္ သူတို႔၏အမူအရာမ်ားက အႀကိမ္ႀကိမ္ေျပာင္းလဲသြားေတာ့သည္။ သူတို႔ထဲက တစ္ေယာက္က ေျပာလာသည္။

“သခင္မေလးခ်ဴး။ သခင္မေလး မွားေနၿပီ။ ကြၽန္ေတာ္တို႔က သခင္မေလးကို ေစာင့္ၾကည့္ဖို႔ ရွိေနတာ မဟုတ္ပါဘူး။ သခင္မေလးကို ကာကြယ္ဖို႔ အတြက္ပါ”

“အိုး တကယ္ႀကီး”

ခ်ဴးလ်ိဳက သူတို႔ရဲ႕ ရွင္းျပခ်က္ကို လက္ခံလိုက္ပုံရေသာ္လည္း သူမက မေပ်ာ္မ႐ႊင္ ျဖစ္ေနေသးသည္။

“ကြၽန္မအတြက္ အကာအကြယ္ မလိုဘူး။ ျပန္သြားလိုက္ၾကေတာ့။ ေနာက္ၿပီး ကြၽန္မရဲ႕ ဦးေလးကိုလည္း ေျပာေပးပါဦး။ ကြၽန္မ ျပန္မလာဘူး။ ဒီမွာ ေနရတာ အဆင္ေျပတယ္လို႔”

ထိုစကားကို ေျပာၿပီးေနာက္ သူမက သူမေနထိုင္ရာ အိမ္၏ တံခါးဆီသို႔ ေလွ်ာက္သြားလိုက္သည္။ ခ်ဴးလ်ိဳ ထြက္သြားခ်ိန္မွာ သက္ေတာ္ေစာင့္ေတြက တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနၾကသည္။ ခဏၾကာေတာ့ တစ္စုံတစ္ေယာက္က ေမးလိုက္သည္။

“ဒီေန႕ည အျဖစ္အပ်က္ကို သခင့္ဆီ ဘာလို႔ ျပန္မေျပာျပရမွာလဲ”

ေစာေစာက ေၾကာက္စရာေကာင္းၿပီး မျမင္ရတဲ့ အတားအဆီးကို ေတြ႕ႀကဳံၿပီးေနာက္မွာေတာ့ တျခားသူေတြက မဆိုင္းမတြ သေဘာတူလိုက္ၾကၿပီး ျပန္သြားၾကေလသည္။

သက္ေတာ္ေစာင့္မ်ား၏ အစီရင္ခံစာကို ၾကားၿပီးေနာက္ ေဝ့မိသားစု အႀကီးအကဲမ်ား မည္သို႔တုံ႕ျပန္ခဲ့သည္ႏွင့္ ပတ္သက္၍ေတာ့ ခ်ဴးလ်ိဳက စိုးရိမ္ေနမည္ မဟုတ္ေပ။ ေနာက္ႏွစ္ရက္ေလာက္ထိ လီရန္သည္လည္း ေရာက္မလာခဲ့ေပ။

ခ်ဴးလ်ိဳကေတာ့  ဘယ္မွမသြားဘဲ အိမ္တြင္ေနၿပီး ဂိမ္းသာ ေဆာ့ေနခဲ့ေလသည္။ ဤႏွစ္ရက္အတြင္း၊ [ပိုင္လင္း] သည္ ဆာဗာရွိ ကစားသမားအားလုံးၾကားတြင္ “မေကာင္းဆိုးဝါး” ဟူေသာ နာမည္ကို ရရွိခဲ့သည္။ သူမကို PK ဖူးသူတိုင္း ေနာင္တြင္ သူမႏွင့္ေတြ႕ပါက လမ္းလႊဲသြားမည္ျဖစ္ေၾကာင္း ကတိျပဳပါလိမ့္မည္။ ေသျခင္းတရားကို မေၾကာက္ဘဲ ရန္စလာသူေတြကိုေတာ့ [ပိုင္လင္း] က စမွတ္ကို ျပန္ပို႔ေပးလိုက္သည္ပင္။ ခ်က္ျခင္းပင္၊ လူအမ်ားက [ပိုင္လင္း] က ငါးဆာႏူျဖစ္သည္ဟု ခန႔္မွန္းၾကျပန္သည္။ ထ်န္က်ိယြင္ႏွင့္ အျခားသူမ်ားပင္လွ်င္ [ပိုင္လင္း]က အမ်ိဳးသားတစ္ဦးမွ ဖန္တီးထားေသာ အမ်ိဳးသမီးအေကာင့္ျဖစ္ရမည္ဟု ခံစားမိေနၾကသည္။

ရွဲ႕မင္ဟိုင္ကေျပာသည္။

“ငါတို႔မစ္ရွင္အတူ လုပ္တဲ့အခါ သူ႕ကို ဘာလို႔အသံမဖြင့္ခိုင္းတာလဲ။ သူက ေယာက္်ားလား၊ မိန္းမလား နားေထာင္ၾကည့္လို႔ရတယ္။” 

ယြီလဲ့သေဘာမတူ။

“ဒီလူက အသံေျပာင္းစက္ကို ဖြင့္ထားရင္ေကာ ဘယ္လိုလုပ္မလဲ။ အဲ့လို စက္သံမ်ိဳး မၾကားခ်င္ဘူး။ မုန္းဖို႔ေကာင္းတယ္။”

ဒါဟာ ကြန္ပ်ဴတာသိပၸံကို ေလ့လာေနတဲ့ ေယာက္်ားေလးေတြရဲ႕ အႀကီးမားဆုံး နာက်င္မႈတစ္ခုပင္။ သူတို႔က ကြန္ပ်ဴတာမွ ထြက္ေပၚလာေသာ အသံမ်ားကို အလြယ္အတူ အာ႐ုံခံစားနိုင္ၾကသည္။ တစ္ႀကိမ္ပဲ ၾကားဖူးရင္ေတာင္ ထိုအသံက တကယ့္လူဟုတ္မဟုတ္ ခြဲျခားနိုင္ေနလိမ့္မည္။

 

ထ်န္က်ိယြင္သည္ ယြီလဲ့ႏွင့္ပါ တိုင္ပင္ၿပီးေနာက္ အသံဖြင့္မည့္ အစီအစဥ္ကို ကန႔္ကြက္ခဲ့သည္။

“အဲ့ဒါက အႀကံေကာင္းလို႔ မထင္ဘူးေနာ္ [ပိုင္လင္း] က စကားသိပ္မေျပာဘူး။ အသံကိုဖြင့္ခိုင္းထားရင္ေတာင္ သူက စကားေျပာခ်င္မွေျပာမွာေလ”

ရွဲ႕မင္ဟိုင္ကေတာ့ လက္ေလွ်ာ့ရန္ ျငင္းဆန္ခဲ့သည္။ 

“ဒီလူက ဂိမ္းေဆာ့တာ အရမ္းအံ့ၾသစရာေကာင္းတယ္။ သူ႕ IDက ႐ုတ္တရက္ ေျပာင္းသြားေပမယ့္ သူ႕ ID ကို ရိုးရိုးရွင္းရွင္းေလး ဝွက္ထားတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရေနတယ္။ ငါတို႔ ဘာလို႔ ေတြ႕မၾကည့္ရမွာလဲ”

“ငါတို႔က ဘာလို႔ သူ႕ကိုေတြ႕ရမွာလဲ။ ဟင့္အင္း စိတ္မဝင္စားဘူး”

ယြီလဲ့လည္း လုံးဝ စိတ္မဝင္စားေပ။ ႐ႊီခ်င္ဖုန္း ကလည္း ေျပာလိုက္သည္။

“ငါ့ကိုပါ ထည့္တြက္လိုက္”

“ေဟး! ငါေျပာမယ္… ‘စၾကဝဠာ  အလင္းႏွစ္တိုက္ပြဲ’ ၿပိဳင္ပြဲက အင္ပါယာမွာ စေတာ့မယ္။ အသင္းလိုက္ၿပိဳင္ပြဲမွာက အနည္းဆုံး လူေျခာက္ဦး လိုတယ္။ [ပိုင္လင္း] က အရမ္းအထင္ႀကီးစရာ ေကာင္းတယ္ေလ။ သူ႕ကိုေတြ႕ၿပီး ငါတို႔အသင္းေဖာ္ျဖစ္ေအာင္ လုပ္နိုင္မလား ၾကည့္ၾကရေအာင္။”

ထိုအခ်ိန္တြင္ေတာ့ ရွဲ႕မင္ဟိုင္က ႐ုတ္တရက္ အနည္းငယ္ စိတ္လႈပ္ရွားလာသည္။ 

“ဒီ ကမာၻ႔ဖလားၿပိဳင္ပြဲက သုံးႏွစ္မွ တစ္ခါပဲ ရွိတာ။ ငါတို႔ရဲ႕ အခ်ိန္ေတြကို သုံးႏွစ္ေလာက္ ေပးဆပ္ထားခဲ့ၿပီးၿပီ။ အဲ့ဒီ သစၥာေဖာက္ေကာင္ကို လက္တုံ႕ျပန္ဖို႔ အခ်ိန္ပဲ”

“အခုခ်ိန္မွာေတာ့ ငါတို႔က လူတစ္ေယာက္ပဲလိုေနတာ။ ငါတို႔မွာ အရံကစားသမား တစ္ေယာက္ရွိေပမဲ့ သူက [ပိုင္လင္း] လို အစြမ္းထက္တဲ့ ပုံစံမဟုတ္ဘူးေလ”

ရွဲ႕မင္ဟိုင္၏ စကားေၾကာင့္ အျခားလူ ၃ ဦး ႏႈတ္ဆိတ္သြားခဲ့သည္။ လြန္ခဲ့သည့္ သုံးႏွစ္က ဖိုင္နယ္တြင္ ပါဝင္ခဲ့ၾကစဥ္က သူတို႔သည္ အျခားအသင္းေဖာ္မ်ား၏ ေနာက္ေက်ာဓားထိုးတာကို ခံခဲ့ၾကရသည္။ သူတို႔က အင္ပါယာ၏ ၿပိဳင္ပြဲတြင္ ပထမဆု ဆုဖလားကို ဆုံးရႈံးခဲ့ရ႐ုံသာမက ထိုပုဂၢိဳလ္၏ အစီအစဥ္ေၾကာင့္ သူတို႔၏ ယခင္အေကာင့္မ်ားကိုလည္း ပိတ္ပင္ခံခဲ့ရသည္။ ဤနာက်င္မႈသည္ လြန္ခဲ့သည့္ သုံးႏွစ္တာကာလအတြင္း သူတို႔သုံးေယာက္၏ ႏွလုံးသားထဲတြင္ ရွိေနခဲ့သည္။

ခဏအၾကာတြင္ေတာ့ ထ်န္က်ိယြင္က ေျပာလိုက္သည္။

“သူအြန္လိုင္းလာတဲ့အခါ သူ႕ကိုေမးၾကည့္ၾကတာေပါ့”

 

 

 

စာစဥ္ ၈ ၊ အခန္း ၁၀ ။  ခ်ဴးလ်ိဳရဲ႕ ပထမဆုံး စက္ဘီးစီးျခင္း

 

ခ်ဴးလ်ိဳသည္ ႏွစ္ရက္ၾကာေအာင္ ဂိမ္းကိုသာ ကစားေနခဲ့ၿပီး သုံးရက္ေျမာက္ေသာေန႕တြင္ လီရန္က သူမကို လာမေတြ႕ေသးတာေၾကာင့္ သူမက အင္ပါယာ တကၠသိုလ္သို႔ သြားေရာက္ၾကည့္ရႈရန္ ဆုံးျဖတ္ခဲ့သည္။

 

အင္ပါယာ တကၠသိုလ္ တံခါးဝသို႔ ေရာက္ေသာအခါ ဝမ္မင္ေထာင္က  သူမကို ေစာင့္ေနၿပီျဖစ္သည္။ သူက ခ်ဴးလ်ိဳ ကိုျမင္တာနဲ႕ ေပၚလြင္ထင္ရွားလွတဲ့ အနီေရာင္ဆံပင္မ်ားနဲ႕အတူ စိတ္အားထက္သန္စြာ လက္လွမ္းျပသည္။

 

“အစ္မ ပိုင္၊ ဒီမွာ”

 

ခ်ဴးလ်ိဳ မတုံ႕ျပန္နိုင္ခင္မွာပဲ ျဖတ္သြားတဲ့လူေတြက သူတို႔ႏွစ္ေယာက္ကို လွည့္ၾကည့္လာၾကသည္။ ခ်ဴးလ်ိဳကို ျမင္သည့္အခါမွာေတာ့ သူတို႔ရဲ႕ မ်က္လုံးေတြကို မခြာနိုင္ေအာင္ ျဖစ္သြားေလေတာ့သည္။

 

ခ်ဴးလ်ိဳကေတာ့ ထိုလူေတြရဲ႕ အၾကည့္ေတြကို ဂ႐ုစိုက္မေနနိုင္ေပ။ သူမက ၿပဳံးျပေနေသာ ဝမ္မင္ေထာင္ဆီသို႔ ေလွ်ာက္သြားလိုက္သည္။

 

“ငါ့နာမည္က ခ်ဴးလ်ိဳပါ”

 

သူမက ေလးနက္ေသာ အမူအရာျဖင့္ ေျပာလိုက္သည္။ အခု ဝမ္မင္ေထာင္က ခ်ဴးလ်ိဳကို ယုံၾကည္ကိုးကြယ္သူႏွင့္ တူေနခဲ့သည္။ သူမစကားေျပာလာသည္ကိုၾကားေသာအခါ ခ်က္ျခင္းပင္ သူမကို သြားမ်ားေပၚေနသည့္ အၿပဳံးႀကီးႀကီးတစ္ခုကို ေပးလာၿပီး ခ်က္ခ်င္းပင္ အေခၚအေဝၚကို ျပင္လိုက္သည္။

 

“အစ္မခ်ဴး”

 

ခ်ဴးလ်ိဳ: “…”

 

သူမ မွားၿပီး မွတ္မိေနတာသာ မဟုတ္ရင္ သူမေရွ႕က ဒီလူက  သူမထက္ လအနည္းငယ္ပင္ အသက္ႀကီးေသးသည္။ ဝမ္မင္းေထာင္က သူမအား စိတ္လႈပ္ရွားစြာျဖင့္ ေျပာလာသည္။

 

“အစ္မခ်ဴး၊ ဘယ္ ဌာနခြဲကို အရင္သြားခ်င္လဲ။ မင္းကို ေခၚသြားေပးမယ္။”

 

ခ်ဴးလ်ိဳ ယခင္က အင္ပါယာတကၠသိုလ္ အေၾကာင္း ဖတ္ခဲ့ဖူးသည္။ ဤေနရာသည္ ဧက ခုနစ္ေထာင္ေက်ာ္ က်ယ္ဝန္းၿပီး ဌာနခြဲ ဆယ္ခုေက်ာ္ရွိ၍ ၎တို႔၏ ဘြဲ႕ႀကိဳသင္တန္းမ်ားတြင္ အထူးျပဳဘာသာရပ္ ရွစ္ဆယ္မွ ကိုးဆယ္အထိရွိသည္။ အကယ္၍ သူမသည္ ၎တို႔အားလုံးကို လည္ပတ္ရန္ အမွန္တကယ္ ၿပီးဆုံးလိုပါက ရက္အနည္းငယ္ေလာက္ ထပ္၍ အခ်ိန္ယူရေပဦးမည္။ သူမက ခဏေလာက္စဥ္းစားၿပီး ေျပာလိုက္သည္။

 

“သမိုင္းနဲ႕ အင္ဂ်င္နီယာေကာလိပ္ေတြကို ၾကည့္ခ်င္တယ္”

 

ဝမ္မင္ေထာင္က ခ်ဴးလ်ိဳကို အံ့အားသင့္စြာ ၾကည့္လိုက္တာေၾကာင့္ ခ်ဴးလ်ိဳသည္ စိတ္ရႈပ္သြားသည္။

 

“ဘာလို႔လဲ”

 

ဝမ္မင္ေထာင္ သူ႕လက္ကို ျမႇောက္ၿပီး ေခါင္းကုတ္လိုက္သည္။ သူက ရိုးရိုးသားသားေျပာလိုက္သည္။

 

“မင္းတို႔ မိန္းကေလးေတြက စီးပြားေရးနဲ႕ ဘာသာစကားကို သေဘာက်တာလို႔ ထင္ခဲ့တာ။ မင္း အင္ဂ်င္နီယာဘာသာရပ္ကို ႀကိဳက္မယ္လို႔ ငါ မေမွ်ာ္လင့္ထားခဲ့ဘူး။”

 

“မွားတယ္။ အထူးျပဳဘာသာရပ္ေတြ အမ်ားႀကီးကို ငါႀကိဳက္တာ။ ဒါေပမယ့္ ဒီေန႕ ဒီဌာနႏွစ္ခုကိုပဲ သြားၾကည့္ဖို႔ ရည္႐ြယ္ထားတယ္။”

 

ဝမ္မင္ေထာင္သည္ ခဏတာမွ် တုန္လႈပ္သြားသည္။ ဂိမ္းထဲတြင္ ခ်ဴးလ်ိဳ၏ အင္အားႀကီးမားလြန္းသည့္ စြမ္းေဆာင္ရည္ကို ေတြးလိုက္မိေသာအခါတြင္ သူက ခ်က္ခ်င္းပင္ သူမကို ေမာ့ၾကည့္လိုက္သည္။

 

“အစ္မခ်ဴးက ေမွ်ာ္လင့္ထားသလိုပဲ။ အစ္မရဲ႕ဂိမ္း ကစားပုံက အရမ္းအံ့ၾသစရာေကာင္းၿပီး အစ္မႀကိဳက္တဲ့ အထူးျပဳ ဘာသာရပ္ေတြကလည္း သာမန္မိန္းကေလးေတြနဲ႕ လုံးဝကို ကြဲျပားျခားနားတယ္”

 

ခ်ဴးလ်ိဳက သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး တံခါးဆီသို႔ ေလွ်ာက္သြားလိုက္သည္။

 

“ေဟး! အစ္မခ်ဴး ကြၽန္ေတာ့္ကိုေစာင့္ပါဦး။”

 

ဝမ္မင္ေထာင္ က သူမေနာက္ကို လိုက္လာသည္။

 

“အစ္မခ်ဴး။ အင္ပါယာတကၠသိုလ္က အရမ္းက်ယ္တယ္။ ကြၽန္ေတာ္တို႔ စက္ဘီးစီးဖို႔လိုတယ္”

 

ခ်ဴးလ်ိဳသည္ ဝမ္မင္ေထာင္ႏွင့္အတူ စက္ဘီး ပါကင္သို႔ လိုက္ပါသြားခဲ့သည္။ ဝမ္မင္ေထာင္က အိတ္ကပ္ထဲမွ ကတ္တစ္ကတ္ကို ထုတ္လိုက္ၿပီး စက္ဘီးကို မတြန္းထုတ္မီ အာ႐ုံခံကိရိယာေပၚတြင္ တင္လိုက္သည္။ ထို႔ေနာက္ ေနာက္ခုံကို ပုတ္လိုက္သည္။

 

“အစ္မခ်ဴး၊ တက္ပါ။ အစ္မကို ကြၽန္ေတာ္ တင္နင္းေပးမယ္။”

 

ခ်ဴးလ်ိဳ သည္မ်က္လုံးမ်ားကို ေမွးက်ဥ္း၍ စက္ဘီးေနာက္ခုံကို ၾကည့္လိုက္သည္။ အဲ့ဒီေနရာမွာ ထိုင္ဖို႔က သူမအတြက္ အလြန္ စိမ္းသက္ေနသလိုမို႔ သူမ လုံးဝမလႈပ္ေပ။ ဝမ္မင္ေထာင္ က သူမကို စိတ္ရႈပ္ေထြးစြာ ၾကည့္ေနသည္ ။ ခ်ဴးလ်ိဳ ေမာ့ၾကည့္လိုက္ၿပီး ေမးလိုက္သည္။

 

“အဲဒါကို ဘယ္လိုထုတ္လိုက္တာလဲ” 

“အစ္မရဲ႕ ေက်ာင္းဝင္ခြင့္ကတ္ကို စကင္န္ဖတ္ရမွာ”

 

“ဒါဆို ငါ့ကို စကင္န္ဖတ္ေပးဦး။”

 

“ဒါေပမယ့္ ကတ္တစ္ကတ္က စက္ဘီးတစ္စီးအတြက္ပဲ စကင္န္ဖတ္လို႔ရတယ္။”

 

“…”

 

ႏွစ္ေယာက္သား မတ္တပ္ရပ္ကာ တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနၾကသည္။ ထိုအခ်ိန္တြင္ လက္ဆြဲအိတ္တစ္လုံးႏွင့္ အရပ္ရွည္ရွည္ ေကာင္ေလးတစ္ေယာက္က သူမတို႔ရွိရာသို႔ လမ္းေလွ်ာက္လာသည္။ ေကာင္ေလးက တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနတဲ့ ကေလးႏွစ္ေယာက္ကို မသိစိတ္က တစ္ခ်က္ၾကည့္လိုက္တယ္။

 

သူက ခ်ဴးလ်ိဳကို စိုက္ၾကည့္ေနမိၿပီးေနာက္ ဤမိန္းကေလးက တကယ္လွသည္ဟု ေတြးလိုက္မိသည္။

 

ထို႔ေနာက္ ႏွစ္ေယာက္သားကို ေကြ႕ပတ္ကာ စက္ဘီးစီးရန္အတြက္ သူ႕ေက်ာင္းဝင္ခြင့္ကတ္ကို စကင္ဖတ္လိုက္သည္။ သို႔ေသာ္ ၎ကို တြန္းထုတ္လိုက္ေသာအခါ ခ်ဴးလ်ိဳက သူ႕လမ္းေၾကာင္းကို ပိတ္ဆို႔ေနမွန္း သိလိုက္ရေလသည္။

 

“တဆိတ္ေလာက္…”

 

ခ်ဴးလ်ိဳက သူ႕ေနာက္မွာ ရပ္ေနတဲ့ ေကာင္ေလးကို လွည့္ၾကည့္လိုက္၏။ ေကာင္ေလးက သူမ ရပ္ေနတဲ့ေနရာကို ၫႊန္ျပလာေလသည္။

 

“ညီမေလး၊ ေက်းဇူးျပဳၿပီး ေဘးကို ေ႐ႊ႕ေပးပါ။”

 

ခ်ဴးလ်ိဳ ေဘးဘက္သို႔ ေ႐ႊ႕လိုက္သည္။ ဝမ္မင္ေထာင္က တစ္ခ်ိန္တည္းမွာပဲ ေျပာလိုက္သည္။

 

“အစ္မ ခ်ဴး၊ ကြၽန္ေတာ္တို႔ တစ္စီးတည္း စီးရတာ အဆင္မေျပဘူးလား။ မင္းကို စက္ဘီးေပၚမတင္နင္းနိုင္မွာကို စိုးရိမ္ေနတာလား။”

 

“အဲ့ဒီမွာ မထိုင္ခ်င္တာ”

 

ခ်ဴးလ်ိဳ မ်က္ႏွာတည္တည္နဲ႕ ေျပာလိုက္သည္။

“စက္ဘီးကို ငါနင္းမယ္၊ နင္က ေနာက္ကထိုင္လိုက္ခဲ့ေလ”

 

ဝမ္မင္ေထာင္ သည္ ထိုစကားကိုၾကားေသာအခါ ႐ုတ္တရက္ အသံထြက္လာသည္။

 

“ဒါက ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ? အစ္မကို ဘယ္လိုလုပ္ၿပီးေတာ့မ်ား ကြၽန္ေတာ့္ကို တင္နင္းခိုင္းလို႔ျဖစ္ပါ့မလဲ”

 

“ဘာလို႔မျဖစ္ရမလဲ? ငါ နင့္ကို တင္မနင္းနိုင္မွာကို စိုးရိမ္ေနတာလား။”

 

ခ်ဴးလ်ိဳသည္ မေက်မနပ္ျဖစ္သြားေလသည္။

သူမ အရင္က စက္ဘီးမစီးဖူးေပမယ့္ သင္ယူရတာ လြယ္ကူမယ္လို႔ ထင္သည္။ ဝမ္မင္ေထာင္က စက္ဘီးကို ၾကည့္ၿပီး ခ်ဴးလ်ိဳ ကို ျပန္ၾကည့္သည္။ ေနာက္ဆုံးသူ႕ကိုယ္သူျပန္ ၾကည့္လိုက္ေလသည္။

 

“အစ္မကိုသာ နင္းခိုင္းလိုက္မိရင္ ကြၽန္ေတာ့္ကို တျခားသူေတြ ေလွာင္ရယ္ေနၾကမွာ ေသခ်ာတယ္”

 

“နင္သာ တျခားလူေတြကို မၾကည့္ရင္ တျခားလူက နင့္ကို ေလွာင္ေနမွန္း ဘယ္လိုသိမွာလဲ”

 

“ခြီး…”

 

သူ႕စက္ဘီးသူ စီး၍ ထြက္သြားခါနီး ေကာင္ေလးက ေနာက္ဆုံးေတာ့ ရယ္ခ်င္စိတ္ကို မထိန္းနိုင္ေတာ့ေပ။ သူတို႔ႏွစ္ေယာက္က သူ႕ကို တစ္ၿပိဳင္နက္တည္း ၾကည့္ေနတာကိုျမင္ေတာ့ ေမးလိုက္သည္။

 

“ဒီက ညီမေလး၊ တစ္ေယာက္တည္း စက္ဘီးစီးခ်င္တာလား”

 

ခ်ဴးလ်ိဳက လူေကာင္းတစ္ေယာက္လို ႏူးညံ့ေခ်ာေမာေသာ ေကာင္ေလးကို ၾကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။ ေကာင္ေလးက ခဏေလာက္စဥ္းစားၿပီး ေမးလိုက္သည္။

 

“ဘယ္သြားၾကမွာလဲ”

 

“ကြၽန္ေတာ္တို႔ သမိုင္းနဲ႕ အင္ဂ်င္နီယာဌာနကို သြားေလ့လာမွာ”

 

ဝမ္မင္ေထာင္ က ျပန္ေျဖသည္။ 

“တိုက္ဆိုင္လိုက္တာ။”

 

ေကာင္ေလး၏ အၿပဳံးသည္ နက္နဲလာသည္။

 

“ကြၽန္ေတာ္လည္း အင္ဂ်င္နီယာဌာနကို သြားမလို႔။ ဒီလိုဆိုရင္ေကာ ဘယ္လိုလဲ။ ငါမင္းကို စက္ဘီးစကင္န္ကူဖတ္ေပးမယ္။ အတူတူသြားရေအာင္။”

 

ေကာင္ေလးက စကားေျပာၿပီးတာနဲ႕ အိတ္ကပ္ထဲက ေနာက္ထပ္ ကတ္တစ္ခုကို ထုတ္ၿပီး စက္ဘီးနားမွာစကင္ဖတ္ ၾကည့္လိုက္သည္။

“ မင္းမွာ တကယ္ႀကီး ေက်ာင္းဝင္ခြင့္ကတ္ ႏွစ္ခုရွိတယ္!”

 

ဝမ္မင္ေထာင္ အံ့ၾသသြားသည္။ ေကာင္ေလးက ရယ္လိုက္သည္။ သူက သူ႕ကတ္ကို ဖယ္လိုက္ၿပီး ေျပာျပသည္။

 

“တိုက္တိုက္ဆိုင္ဆိုင္ပဲ။ ငါ့မွာ ငါ့အခန္းေဖာ္ရဲ႕ ကတ္ ရွိေနတယ္”

 

ခ်ဴးလ်ိဳ သူတို႔ႏွစ္ေယာက္ စကားေျပာေနစဥ္ စက္ဘီးကို ထုတ္ယူလိုက္သည္။ ဝမ္မင္းေထာင္ နဲ႕ ေကာင္ေလးက စက္ဘီးေပၚတက္ၿပီး သူမကို ၾကည့္လိုက္သည္။

 

ခ်ဴးလ်ိဳက ေနာက္ကလိုက္လာၿပီး စက္ဘီးေပၚတက္လိုက္သည္။ ဒါေပမယ့္ ေကာင္ေလးႏွစ္ေယာက္က သူမကို အရင္စီးဖို႔ ေစာင့္ေနတာ သိသာေနၿပီး သူတို႔ေနာက္ကို လိုက္သြားနိုင္ပါသည္။ ခ်ဴးလ်ိဳ က မစီးေသးတာေၾကာင့္ သူတို႔လည္း မစီးေသးေပ။

 

ခ်ဴးလ်ိဳ သူတို႔ႏွစ္ေယာက္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေလးေလးနက္နက္ ေျပာလိုက္သည္။

 

“နင္တို႔ အရင္နင္းသြားလိုက္”

 

သူတို႔စက္ဘီးနင္းၾကပုံကို ၾကည့္၍ သူမ အတုယူခ်င္မိသည္။ ဝမ္မင္ေထာင္က အစကတည္းက တည့္တိုးသမားျဖစ္သည္။ ခ်ဴးလ်ိဳ နင္းသြားဆိုတာနဲ႕ သူက ခ်က္ခ်င္းပင္ စက္ဘီးနင္းၿပီး ထြက္သြားေတာ့သည္။ သူ႕ကိုၾကည့္၍ ခ်ဴးလ်ိဳက စက္ဘီးကို မည္သို႔နင္းရမည္ကို နားလည္လာသလိုပင္။

 

သူမသည္ သူ႕ကို အတုယူၿပီး စက္ဘီးနင္းကာ ေျခခ်ၾကည့္သည္။ သို႔ေသာ္ စက္ဘီးက မေ႐ြ႕မီမွာပင္ ေဘးသို႔ လဲက်သြားေလသည္။ သူမကို ေစာင့္ေနတဲ့ ေကာင္ေလးက လန႔္ဖ်ပ္သြားၿပီး သူ႕စက္ဘီးကို ေထာက္ပင့္ေပးဖို႔ သူ႕စက္ဘီးေဘးကို အျမန္ပစ္ခ်လိဳက္သည္။ ခ်ဴးလ်ိဳက သူမကိုယ္သူမေတာ့ လဲက်မသြားေအာင္ ထိန္းထားခဲ့သည္။

 

စက္ဘီး ျပဳတ္က်ေတာ့မည္ကို ျမင္ကတည္းက သူမဟာ ခုန္ဆင္းသြားခဲ့ၿပီး  သူမစက္ဘီးကို ဖမ္းထားေပးသည္။ ထို႔ေနာက္ သူမကို အံ့ၾသစြာျဖင့္ ၾကည့္လိုက္သည္။

 

“မင္းက တကယ္ကို အခုန္ ေကာင္းတာပဲ”

 

ထိုေကာင္ေလး ဟာ ခ်ဴးလ်ိဳရဲ႕ ပုံစံကိုၾကည့္ၿပီး႐ုတ္တရက္ ေမးလိုက္သည္။

 

“မင္းစက္ဘီးမစီးတတ္ဘူးမို႔လား?”

 

ခ်ဴးလ်ိဳက သူမ၏ ႏႈတ္ခမ္းမ်ားကို မ်ဥ္းေျဖာင့္ကဲ့သို႔ ဆြဲဖိထားလိုက္ၿပီး စကၠန႔္အနည္းငယ္အၾကာတြင္ သူမသည္ အနည္းငယ္ ဂ႐ုမစိုက္ဟန္ျဖင့္ ျပန္ေျဖလိုက္သည္။

 

“ငါမစီးတတ္ဘူးလို႔ ဘယ္သူေျပာလဲ”

 

သူမ မလုပ္နိုင္တာ တစ္ခုမွမရွိေပ။ ထိုသို႔ေျပာၿပီးေနာက္ ခ်ဴးလ်ိဳက သူ႕ထံမွ စက္ဘီးကိုျပန္ယူကာ စီးနင္းရန္အတြက္ ဆက္လက္ႀကိဳးစားခဲ့သည္။ ခ်ဴးလ်ိဳ၏ ထိုကဲ့သို႔ေသာ ပုံစံေလးဟာ ခ်စ္စရာေကာင္းသည္ဟု ေကာင္ေလးက ခံစားမိသည္။ သူက စက္ဘီးေနာက္ေက်ာကို အျမန္ဆြဲကိုင္လိုက္ၿပီး ေျပာလိုက္သည္။

 

“ခဏေနဦး စက္ဘီးကို ဘယ္လို နင္းရမယ္ဆိုတာ ေျပာျပမယ္။ စက္ဘီးနင္းမယ္ဆို၊ မင္းရဲ႕ ခႏၶာကိုယ္ကို အရင္ balance ညီေအာင္ လုပ္ရမယ္..... ”

 

ခဏေလာက္ စကားေျပာၿပီးတဲ့အခါ ေကာင္ေလးက သူက စက္ဘီးစီးတာကို ဂိမ္းေဆာ့တာနဲ႕ ႏွိုင္းယွဥ္ၿပီး ေျပာေနမိတာကို ႐ုတ္တရက္ သတိထားမိသြားသည္။ သူ႕ေရွ႕က ကေလးမေလးက ေသခ်ာနားလည္နိုင္မွာ မဟုတ္တဲ့အတြက္ တျခားနည္းနဲ႕ ရွင္းျပဖို႔ ေတြးလိုက္သည္။ ခ်ဴးလ်ိဳ သူ႕ကို ေခါင္းညိတ္ျပသည္။

 

“ေကာင္းၿပီ၊ ရၿပီ။”

 

ထိုသို႔ေျပာၿပီးေနာက္ စက္ဘီးနင္းကာ စက္ဘီးကို နင္းကာ ထြက္လာခဲ့သည္။ ဟန္ခ်က္ႏွင့္ အရွိန္က အလြန္တည္ၿငိမ္ခဲ့သည္။

 

ေကာင္ေလး : “…”

 

ခ်ဴးလ်ိဳက ခဏေလးအတြင္းမွာပဲ ဝမ္မင္ေထာင္ကို မီသြားသည္။ ဝမ္မင္ေထာင္ က အံ့အားသင့္စြာ ေမးလိုက္သည္။

 

“အစ္မခ်ဴး ဘာလို႔ အခုမွ ဒီကို ေရာက္လာတာလဲ”

 

သူမေနာက္ကို လွမ္းၾကည့္လိုက္ရာ ေကာင္ေလးကေနာက္မွ လိုက္လာသည္ကို ေတြ႕လိုက္ရသည္။

 

သူမက အၿပဳံးေလးျဖင့္ ေမးလိုက္သည္။

“စီနီယာ၊ အစ္ကို႔နာမည္နဲ႕ အစ္ကိုတက္ေနတဲ့ ေမဂ်ာကို သိလို႔ရမလား”

 

“စီနီယာ?” ေကာင္ေလးက စက္ဘီးစီးေနရင္းနဲ႕ သူတို႔ ႏွစ္ေယာက္ကို ၾကည့္ကာ အၿပဳံးနဲ႕ ျပန္ေမးလိုက္သည္။

 

“မင္းတို႔ က အင္ပါယာတကၠသိုလ္ ေက်ာင္းသားေတြပဲလား”

 

ခ်ဴးလ်ိဳက ယုံၾကည္မႈအျပည့္ျဖင့္ေျပာလိုက္သည္။

 

“မဟုတ္ေသးဘူး၊ ဒါေပမယ့္ မၾကာခင္မွာေတာ့ ျဖစ္ေတာ့မွာပါ”

 

ဝမ္မင္ေထာင္ ေခါင္းညိတ္လိုက္သည္။

 

“ဟုတ္တယ္။ ေကာလိပ္ဝင္ခြင့္ စာေမးပြဲ ရလဒ္ ထြက္လာဖို႔ပဲ လိုေတာ့တယ္။”

 

ေကာင္ေလးက ယုံၾကည္မႈရွိတဲ့ ကေလးႏွစ္ေယာက္ကို ၾကည့္ၿပီး အၿပဳံးနဲ႕ ဆိုလိုက္သည္။

 

“ဒါဆို မင္းတို႔ရဲ႕စီနီယာအေနနဲ႕ အင္ပါယာ  တကၠသိုလ္ကေန ႀကိဳဆိုေနပါတယ္”

 

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ကို မိတ္ဆက္လိုက္သည္။

 

“ငါ့နာမည္က ထ်န္က်ိယြင္။ ငါက အင္ဂ်င္နီယာေမဂ်ာ အီလက္ထ႐ြန္းနစ္နဲ႕ ကြန္ပ်ဴတာသိပၸံဌာနက စတုတၳႏွစ္ ေက်ာင္းသားပါ။”

 

ဝမ္မင္ေထာင္သည္ ထိုစကားကိုၾကားလိုက္ေသာအခါတြင္ သူသည္ ခ်က္ခ်င္းပင္ ေလးစားအားက်ေသာ အၾကည့္တို႔ျဖင့္ ၾကည့္လိုက္သည္။

 

“ဒါဆို စီနီယာက ကြန္ပ်ဴတာ သိပၸံကို ေလ့လာေနတာေပါ့ေလ။ ကြၽန္ေတာ့္ အိပ္မက္ကလည္း ကြန္ပ်ဴတာ သိပၸံကို ေလ့လာဖို႔ပါပဲ။ ကြၽန္ေတာ္ အင္ပါယာတကၠသိုလ္ကိုေရာက္ရင္ စီနီယာရဲ႕ တိုက္ရိုက္ အငယ္တန္းဂ်ဴနီယာ ျဖစ္မွာေပါ့ ဟီးဟီး။”

 

ခ်ဴးလ်ိဳသည္ ဝမ္မင္းေထာင္၏  အူေၾကာင္ေၾကာင္အၾကည့္ကို မျမင္နိုင္ေတာ့သျဖင့္ သူတို႔ႏွစ္ေယာက္ကို ေလာလိုက္သည္။

 

“အခ်ိန္ကုန္သက္သာေအာင္လို႔ ျမန္ျမန္သြားရမယ္”

 

“ေကာင္းၿပီ။”

 

သူတို႔ သုံးေယာက္ ခ်က္ျခင္း အရွိန္ပိုျမန္လာၾကသည္။

 

သူတို႔က ၁၅ မိနစ္ မျပည့္ခင္မွာပဲ အင္ဂ်င္နီယာဌာနရဲ႕ ဂိတ္ေပါက္ကို ေရာက္လာၾကသည္။ သုံးေယာက္သား စက္ဘီးကို စက္ဘီးရပ္နားရန္ သတ္မွတ္ထားသည့္ ေနရာတြင္ ရပ္ကာ ဝင္သြားၾကသည္။ စာသင္ခ်ိန္စေနၿပီမို႔၊ လမ္းေပၚမွာ လူေတြက သိပ္မရွိေတာ့ေပ။ စစ္မွန္ေသာ တကၠသိုလ္ေက်ာင္းသား ထ်န္က်ိယြင္ႏွင့္အတူ ဝမ္မင္ေထာင္သည္ ေနာက္နားကခုံတြင္ ေနရာဝင္ယူလိုက္ၾကသည္။

 

ခ်ဴးလ်ိဳသည္ ေမးခြန္းအနည္းငယ္ေလာက္ ေမးေနခဲ့စဥ္တြင္ ထ်န္က်ိယြင္၏ ဖုန္းက ျမည္လာခဲ့သည္။ သူက ဖုန္းကို ျမန္ျမန္ ကိုင္လိုက္သည္။ တစ္ဖက္က လူက ဘာေျပာသည္ဆိုတာကို မသိေပမဲ့ သူတို႔ကေတာ့ သူ ျပန္ေျပာလိုက္တာကိုေတာ့ ၾကားလိုက္သည္။

 

“တကယ္လား။ ငါအဲ့ဒီကို လာခဲ့မယ္။ ငါ့ကို ထိုင္ခုံတစ္ေနရာေလာက္ အရင္ရေအာင္ ဦးထားေပးဦး” 

 

ထိုသို႔ေျပာၿပီးေနာက္တြင္ သူက ဖုန္းခ်သြားကာ ခ်ဴးလ်ိဳ ႏွင့္ အျခားသူမ်ားအား ေတာင္းပန္လိုက္သည္။

 

“ေတာင္းပန္ပါတယ္၊ ငါ အရမ္းအေရးႀကီးတဲ့ လူထုေဟာေျပာပြဲကို သြားရမယ္။ မင္းတို႔ အရင္ဆုံး ေလွ်ာက္ၾကည့္ထားၾကေပါ့”

 

ထို႔ေနာက္ သူ႕ဖုန္းနံပါတ္ကို ေပးလာသည္။

 

“ႏွစ္နာရီအတြင္း ျပန္မထြက္ေသးဘူးဆိုရင္ ငါ့ကို ဖုန္းဆက္လိုက္။ ေနာက္ပိုင္းခ်ိန္မွာ လုပ္စရာမရွိဘူးဆိုေတာ့ မင္းတို႔ကို လိုက္ျပေပးလို႔ရတယ္။”

 

ခ်ဴးလ်ိဳက သူ႕နံပါတ္ကို အျမန္ယူထားလိုက္သည္။ ဝမ္မင္ေထာင္ကလည္း ျပင္းျပင္းထန္ထန္ ေခါင္းညိတ္လိုက္သည္။

 

ခ်ဴးလ်ိဳ ကို ဘယ္နာမည္ႀကီးေနရာေတြကို ေခၚေဆာင္ရမလဲ စဥ္းစားေနတုန္းမွာပဲ ခ်ဴးလ်ိဳက ေမးလိုက္သည္။

 

“လူထုေဟာေျပာပြဲတက္ဖို႔ ရွင့္ ေနာက္လိုက္လို႔ရမလား”

 

ဝမ္မင္ေထာင္က ခ်ဴးလ်ိဳ ကို အလ်င္အျမန္ မ်က္လုံးတစ္ခ်က္ ပင့္ၾကည့္လိုက္သည္။ ခ်ဴးလ်ိဳကေတာ့ မျမင္ခ်င္ေယာင္ေဆာင္ကာ ထ်န္က်ိယြင္ကို ေမွ်ာ္လင့္တႀကီး ၾကည့္လိုက္သည္။ ထ်န္က်ိယြင္က ခ်ဴးလ်ိဳ၏ ေမွ်ာ္လင့္တႀကီး မ်က္လုံးမ်ားေအာက္တြင္ ခ်က္ခ်င္းပင္ ရႈံးနိမ့္သြားခဲ့သည္။

 

“ေကာင္းၿပီ၊ ဒါေပမယ့္ ငါက ဘြဲ႕ရေက်ာင္းသားေတြအတြက္ လူထုေဟာေျပာပြဲကို သြားမွာ။ မင္းတို႔ နားလည္နိုင္ပါ့မလားေတာ့ မသိဘူး”

 

“အဆင္ေျပပါတယ္။ ငါတို႔သြားနားေထာင္ၾကမယ္။”

 

ခ်ဴးလ်ိဳ ေျပာလိုက္တာနဲ႕ ထ်န္က်ိယြင္ က တျခားဘာမွ မေျပာေတာ့ဘဲ လူထုေဟာေျပာပြဲကို ေခၚသြားလိုက္သည္။ လူထုေဟာေျပာပြဲကို လူတစ္ရာေက်ာ္ဆံ့ေသာ မာလ္တီမီဒီယာ စာသင္ခန္းႀကီးတစ္ခုတြင္ က်င္းပျခင္းျဖစ္သည္။ ထိုေနရာတြင္ လူေတာ္ေတာ္မ်ားမ်ား ေရာက္ေနၿပီျဖစ္သည္။

 

ေဟာေျပာပြဲကို လာေရာက္နားေထာင္ၾကတဲ့ ေက်ာင္းသားေတြ အားလုံးက စတုတၳႏွစ္ ေက်ာင္းသားေတြျဖစ္သည္။ ထန္က်ီယြင္သည္ ခ်ဴးလ်ိဳႏွင့္ ဝမ္မင္ေထာင္တို႔ကို ေခၚလာေသာအခါ မူလက ဆူညံေနေသာ စာသင္ခန္းသည္ ႐ုတ္တရက္ တိတ္ဆိတ္သြားေတာ့သည္။

 

႐ုတ္တရက္ ေလွာင္ ရယ္သံေလးတစ္ခုထြက္လာသည္။ 

“ခြီး..တခ်ိဳ႕လူေတြက ဒါက သူငယ္တန္းလို႔ ထင္ေနၾကတယ္။ ဒီလိုအေရးႀကီးတဲ့ လူထုေဟာေျပာပြဲတစ္ခုမွာ ကေလးႏွစ္ေယာက္ကို အ႐ူးလုပ္ဖို႔ ေခၚလာလိုက္ေသးတာပဲ”

 

 

 

 

........

Continue Reading

You'll Also Like

324K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
770K 46.5K 30
A love contest between a boy who likes to kick football and a little doctor.
465K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...