မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၄၀)

894 130 1
By ma_roses_are_blue

"ကိုယ်တောင်းပန်ပါတယ် လေဒီ"

"ဘာကိုလဲ"

"အရှင်ဧကရာဇ်ဆီက အမိန့်တစ်ခုဖြစ်နေတယ်ဆိုပေမဲ့ မင်းတို့စကားပြောနေတာကို ပုန်းပြီး ခိုးနားမထောင်သင့်ဘူး ကိုယ် လေဒီကို လှည့်စားမိလိုက်သလိုဖြစ်သွားတယ်"

လုရှန် ခပ်တောင့်တောင့်မျက်နှာထားနှင့် ခေါင်းကိုငုံ ခါးကိုကွေးကာ တောင်းပန်တဲ့အနေနဲ့ ဦးညွှတ်လေသည်
"ကိုယ့်အမှားပါ"

ထိုအခိုက်အတန့်မှာတောင်မှ သူမျက်နှာကအလျော့အတင်းလုံး၀မရှိတဲ့ပုံပေါ်နေပြီး  သူမအတွက် သူ့တောင်းပန်စကားကြောင့် ရင်ထဲ ထိသွားတော့သည် သူမလက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားရင်း စကားပြောဖို့ ရုန်းကန်နေရတော့သည်
"ကိစ္စမရှိပါဘူး စစ်သည်တွေအတွက် သူတို့အရှင်သခင်ရဲ့အမိန့်ကိုလိုက်နာရတာက  ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်မသိပါတယ် ရှင်မလုပ်ချင်ရင်တောင်မှ အမိန့်ကို နာခံနေရအုမ်းမှာပဲ"

'ရှင်က တခါမှမတွေ့မမြင်ဖူးတဲ့မိန်းမတစ်ယောက်နဲ့တောင် စေ့စပ်ခဲ့သေးတာပဲ'

သူမရဲ့စကားတွေကြားပြီးတာတောင်မှ လုရှန်ရဲ့မျက်နှာက အနည်းငယ်တောင်မှ မပေါ့ပါးသွားခဲ့ပေ ပထမတုန်းကတော့ တည်ငြိမ်နေတဲ့ နီရဲရဲမျက်၀န်းတွေထဲမှာ ဒေါသမီးတွေတောက်လောင်နေခဲ့သည် ထိုအရာကိုမြင်လိုက်တော့ သူမရင်ထဲ တင်းမာလာခဲ့သည် ထိုအခိုက်အတန့်၌ လုရှန်ရဲ့ပုံတူပန်းချီကားက တနည်းနည်းဖြင့် သူမ စိတ်ထဲရောက်လာခဲ့သည် နွေဦးကာလက နေရောင်လိုတောက်ပတဲ့အပြုံးနှင့် ထိုမျက်နှာက ယခု သူဖြစ်နေတဲ့အေးစက်စက်မျက်နှာနှင့် အလွန်ကွာခြားနေသည်

အက်စတယ်လာကိုသာ ပြသခဲ့ဖူးးသည့် ထိုအပြုံး

သူအနေနဲ့ သူမကို စေ့စပ်ထားသူတယောက်အနေနဲ့ respect ထားတယ်ဆိုရင်တောင်မှ၊ သူမကိုသဘောကျတယ်ဆိုရင်တောင်မှ၊ အက်စတယ်လာအပေါ်ထားရှိတဲ့ သူရဲ့ခံစားချက်တွေကို ဘယ်တော့အခါမှကျော်လွန်နိုင်မည်မဟုတ်ပေ

'အဲ့လိုဆိုရင်တောင်မှ ဒါက တအားကို ရက်စက်လွန်းတယ် ငါက သူ့ဇနီးလောင်းပါဟ'

တုန်ရင်နေတဲ့အသံကို ထိန်းချုပ်ရင်း သူမမေးလိုက်သည်
"အရှင်ကာဒီယမ်က ကျွန်မ အိမ်ရှေ့စံမင်းသားရဲ့စာတွေကို အက်စတယ်လာဆီကို တိတ်တဆိတ်ပို့ပေးနေတာကို စိတ်ဆိုးနေတာလား"

“….”

"ကျွန်မလဲ မတတ်နိုင်ဘူး မကူညီပဲလဲ မနေနိုင်ဘူး အိမ်ရှေ့မင်းသားနဲ့ စာအပြန်အလှန်ရေးရတာကို အက်စတယ်လာက အရမ်းပျော်နေပုံရတယ်လေ"

လုရှန်ကပြန်မဖြေတာကြောင့် သူမကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေသည်
"ဒါကြောင့် ရှင် သူမကို လက်လျှော့လိုက်သင့်ပြီ ရှင့်ရဲ့ တစ်ဖက်သတ်အချစ်ကို စွန့်လွှတ်လိုက်တော့"

'ဟူးးး ငါပါးစပ်ကနေ ထွက်မိသွားပြန်ပြီ '

ထိခိုက်မှုက ဖြစ်နေပြီးသားမို့ သူမ ပါးစပ်ကိုပိတ်တာနောက်ကျသွားခဲ့လေပြီ
'ငါမပြောလိုက်သင့်ဘူး'

သူမရင်တွေ တဒိတ်ဒိတ်ခုန်နေတော့သည် လုရှန်ကိုကြည့်ဖို့ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လိုက်သည် ထိုစကားလုံးတွေနဲ့ သူရဲ့ Achillesဖနောင့်*ကို သွားထိလိုက်ပုံရသည် ( *က အားနည်းချက်ကို သွားထိလိုက်တယ်လို့ဆိုလိုတာပါ Achilles' heelဆိုတာက overall strength မှာ အားအနည်းဆုံးနေရာပါ တခုခုဖြစ်လိုက်တာနဲ့ ပြိုလဲသွားနိုင်ပါတယ်)

လုရှန်က သူမကို ငေးကြည့်နေပြီး စိတ်ညစ်ညစ်နှင့် ဆံပင်ကို အနောက်သို့သပ်တင်လိုက်သည် သူအခုလို emotional ဖြစ်တာမျိုးမြင်ရတာ သူမအတွက် ဒါက ပထမဆုံးအကြိမ်ပင်
'အိုး နိုး သူအခုပေါက်ကွဲတော့မှာလား ငါဘာတွေလုပ်လုပ် ခွင့်လွှတ်မယ်လို့ ငါကို သူကတိပေးထားတယ်လေ'

အေးစက်နေတဲ့ချွေးတွေကို သုတ်လိုက်သည် ထိုအရာက သူမရဲ့နောက်ဆုံး အသက်ကယ်ကြိုးတစ်ခုလိုပင် လုရှန်ချလိုက်သော သက်ပြင်းတစ်ခုက သူမနှလုံးသားကို တုန်လှုပ်သွားစေသည်
နီရဲရဲမျက်လုံးတွေထဲ၌ ယခင်ကထက် ပိုများသော ခံစားချက်များ ပါ၀င်နေခဲ့သည် လုရှန်သည် ထူးခြားပြတ်သားသောအသံဖြင့် ပြောလိုက်သည်

"မင်းအဲ့အကြောင်းကို ဘာကြောင့်အခုထိ စိတ်ပူနေသေးတာလဲဆိုတာ ကိုယ်တော့နားမလည်တော့ဘူး"

"ဘာကိုလဲ"

"ကိုယ် သူတော်စင်ကို မြတ်နိုးခဲ့တယ်ဆိုတာတော့ မှန်ပါတယ် လေဒီလဲ သတိထားမိခဲ့မယ်ဆိုတာ ကိုယ်သိပါတယ် ဒါပေမဲ့ ဒါတွေအားလုံးက အတိတ်တွေပါ ကိုယ် ဒါကို ဘယ်နှစ်ကြိမ်လောက်အထိ ထုတ်ပြနေခဲ့သလဲ ဒါပေမဲ့ မင်းက ဘယ်တော့မှမယုံကြည်ခဲ့ဘူး"

“….”

အက်စတယ်လာပေါ်ထားတဲ့ သူရဲ့ခံစားချက်တွေ ပြောင်းလဲသွားပြီလို့ သူမတွေးခဲ့ပါတယ် ဒါပေမဲ့ သူမ မသေချာဘူးထင်ခဲ့လေသည် ဘာကြောင့်လဲဆိုတော့ အက်စတယ်လာ အပေါ်မှာ သူ့ရဲ့ခံစားချက်တွေ ဘယ်လောက်အထိနက်ရှိုင်းသည်ဆိုတာ သူမသိနေတာကြောင့်ပင်

ဒါကြောင့် အက်စတယ်လာအပေါ်ထားရှိတဲ့ခံစားချက်အကြောင်း ငြင်းဆန်မှုကို သူဆီကနေ တိုက်ရိုက် ကြားလိုက်ရတာက အံဩစရာဖြစ်နေခဲ့သည် သူမပါးစပ်ကိုကျယ်ကျယ်ဖွင့်လျက်နှင့် သူကိုစိုက်ကြည့်ကာ စကားတွေထစ်ရင်း ပြောလိုက်သည်

"ဒါ ဒါဆို ရှင်က ဘာကြောင့် ဒေါသထွက်နေရတာလဲ အက်စတယ်လာအပေါ် ဘာခံစားချက်မှမရှိတော့ဘူးဆိုကထဲက ကျွန်မကို စိတ်ဆိုးစရာ ဘာကိစ္စမှ မရှိတော့ဘူးလေ"

"ကိုယ်စိတ်ဆိုးရတာက လေဒီက အိမ်ရှေ့စံမင်းသားနဲ့ တစ်ယောက်ထဲသွားတွေ့တာကြောင့်လေ"
(သေပါပြီ လင်းမူအတွဲ🤣 စိတ်ဆိုးချင်ရာစိတ်ဆိုးနေကြတာဟယ်)

“….”

"စာလှဲပေးရုံပဲဆိုတာ ကိုယ်သိပါတယ် ဒါပေမဲ့လည်း အဲ့ဒါက အရမ်းးး...
စိတ်မသက်မသာဖြစ်ရတယ် လေဒီက ကိုယ်မသိတဲ့နေရာတစ်ခုမှာ တခြားယောကျာ်းတစ်ယောက်နဲ့ တစ်ယောက်ထဲရှိနေတယ်ဆိုတဲ့အချက်ကို တွေးမိလိုက်ရင်လေ အရမ်းညစ်ညမ်းတယ်လို့ ခံစားရတယ်"
သူ့ရဲ့အမူအကျင့်နှင့် မကိုက်ညီတဲ့ ကြမ်းတမ်းတဲ့စကားတွေကြားရတာ ထူးဆန်းနေလေသည် ထိုအတွက် ကြောက်တာလိုလို ရှက်ကိုးရှက်ကန်းဖြစ်ဖို့ အချိန်မရှိလိုက်ပေ သူမရင်တွေက အရမ်းတွေခုန်နေလေသည် သူပြောလာတဲ့နောက်ထပ်စကားတွေက တအားပြင်းလွန်းတာကြောင့်ပင်

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရင်နေခဲ့သည် သူကိုကြည့်နေခဲ့ပေမဲ့ ဘာဆိုဘာမှ ပြန်မပြောနိုင်ခဲ့ပေ နီရဲရဲမျက်လုံးတွေထဲ၌ ချစ်ခြင်းတွေ နက်ရှိုင်းစွာပါ၀င်နေပြီး သူပြောလာခဲ့သည်

"မင်းနားမလည်သေးဘူးလား ကိုယ့်နှလုံးသားထဲမှာ ရှိနေတဲ့တစ်‌ယောက်ထဲသောသူက မင်းပဲ ပါနေးရား" (အားးးးးး🙈)
Side Story
(I’m the Regretful Male Lead’s Father)

"အရှင်, အရှင်ကာဒီယမ်ရောက်လာပါပြီ"

အစေခံရဲ့အသံကြောင့် ဧကရာဇ်ခေါင်းမော့လာခဲ့သည်

လုရှန် အိပ်ရာပေါ်မှာလဲနေတဲ့ဧကရာဇ်အရှေ့မှာရပ်လိုက်သည် ဒူးထောက်ပြီး အရိုအသေပေးလိုက်သည် အဝါရောင် ပန်းထိုးထားတဲ့ ၀တ်ရုံရှည်တစ်ခုက  ငွေရောင်ချပ်ဝတ်တန်ဆာအပေါ်တွင် ရှိနေခဲ့သည် ထိုအသွင်အပြင်၀တ်ထားသောလည်း လုရှန်ပုံစံက ကြည့်ကောင်းနေလေသည်

ဧကရာဇ်ရဲ့ဖြူဖျော့ဖျော့မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာခဲ့သည်
"ကြိုဆိုပါတယ်လုရှန်"

"အရှင့်ရဲ့ခန္ဓာကိုယ်အခြေအနေကဘယ်လိုနေလဲ"

"အရင်လိုပါပဲ ဘာမှမထူးခြားပါဘူး"

မျက်လွှာချထားရင်း ဧကရာဇ်ပုံစံက နေမကောင်းဖြစ်နေမှန်းထင်ရှားလေသည်
သို့သော်လည်း ထူးခြားတဲ့အသွင်အပြင်ရဲ့ ကျေးဇူးကြောင့် သူ၏ပြိုင်ဘက်ကင်းတဲ့အလှတရားက ကျန်ရှိနေသေးသည် ဒါပေမဲ့ နေမကောင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုက သူမျက်နှာပေါ်တွင်ထင်ရှားနေလေသည် အချိန်ကြာကြာအဆိပ်မိခဲ့တာကြောင့် အူတွေ ပျက်စီးနေခဲ့ပြီဖြစ်သည် သူတော်စင်၏စွမ်းအားကို အသုံးပြုပြီး ကုသပေးခဲ့တဲ့အက်စတယ်လာကြောင့် အသက်ဘေးကနေ ကသီလေးလွတ်လာခဲ့သည် ဒါပေမဲ့ သူမ၏စွမ်းအားက ကြာရှည်စွာမခံပေ သူ့အား ထိုအကြောင်းကို မည်သူကမျှမပြောပြခဲ့သော်လည်း ဧကရာဇ် သူကိုယ်တိုင် ရှာဖွေသိရှိသွားခဲ့သည်မှာသေချာသည် သို့သော်လည်း သေဆုံးခြင်းအိပ်ရာပေါ်မှာလဲလျောင်းနေပေမဲ့ ဧကရာဇ်ထံ၌ သမာသမတ်ကျမှုကျန်ရှိနေသေးသည် တခြားသူတွေကြောင့်မဟုတ်ဘဲ သူ့အရှေ့မှာရပ်နေတဲ့ လုရှန်ကြောင့်ပင်

"စစ်သည်လေ့ကျင့်ရေးက ဘယ်လိုအခြေအနေရှိလဲ"

"စစ်သည်တိုင်းက ကြိုးစားတာကြောင့် အမှားတစ်ခုကြောင့်မပါပဲ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်"
လုရှန်၏တင်ပြမှုကို နားထောင်ရတာ စိတ်ကျေနပ်ပြီး ဧကရာဇ်ပြုံးလာခဲ့သည်

မကြာသေးမီက လုရှန် အင်ပါယာ၏စစ်သည်တွေကို လေ့ကျင့်ပေးဖို့ ဧကရာဇ်ဆီက အမိန့်ပေးခံခဲ့ရသည် ခါတိုင်းလို စနစ်တကျစစ်ရေးလေ့ကျင့်ရေးမျိုးမဟုတ်ပဲ စစ်သည်တွေကို လေ့ကျင်ပေးဖို့ ပွဲတစ်ခုဖြစ်ပြီး ပြည်သူတွေကို နိုင်ငံ၏အင်အားကိုပြသသည့် ပွဲဖြစ်သည် ထိုပွဲက အလွန်အားစိုက်ရသောအလုပ်တစ်ခုဖြစ်သည် စစ်သည်များ၏ ဂုဏ်သိက္ခာနှင့် အင်အားကို ချပြရင်း စစ်သည်တွေကို လူသိရှင်ကြား လေ့ကျင်ပေးမှုလဲ ပါ၀င်တာကြောင့်ပင် လုရှန်က ထိုကဲ့သို့ခက်ခဲသောအရာတစ်ခုကို ပြဿနာတစ်ခုမှမရှိပဲ လုပ်ဆောင်နိုင်ခဲ့သည် ဧကရာဇ်မျှော်လင့်ထားခဲ့သည့်အတိုင်းပင်

"မင်း အလုပ်ကြိုးစားခဲ့တာပဲ"

လုရှန်က ဧကရာဇ်ရဲ့ချီးကျူးစကားကို တည်ငြိမ်သောမျက်နှာတစ်ခုနှင့် ပြန်ဖြေလိုက်သည်
"ကျွန်တော်က  အမိန့်ပေးတဲ့အတိုင်းလုပ်ခဲ့ရုံပါ"

သူကနှိမ့်ချစွာ ပြန်ဖြေသော်လည်း လုရှန်သည် ဧကရာဇ်အတွက် မဖြစ်မနေလိုအပ်သော တည်ရှိမှုတစ်ခုပင် လုရှန်သည် အိပ်ရာထဲ၌လဲနေတဲ့ အုပ်ချုပ်သူအစား အလုပ်များ အစားထိုးထမ်းဆောင်ပေးခဲ့သည် လုရှန်၏ ကျေးဇူးကြောင့် ရည်မှန်းချက်ကြီးသောစစ်သည်တွေနှင့် ဧကရာဇ်ရာထူးကိုလိုချင်နေသော မောက်မာသည့်အထက်တန်းလွှာတွေကို အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့သည်

အင်ပါယာရဲ့ အနီရောင်မျက်၀န်းတွေနှင့် အကောင်းဆုံးစစ်သည် သူသာ ဧကရာဇ်ဆီ၌ အမှုတော်ထမ်းဆောင်နေသမျှကာလပတ်လုံး ဘယ်သူကမှ ပုန်ကန်မှုကို လွယ်ကူစွာ စတင်နိုင်မည်မဟုတ်ပေ ထို့အပြင် လုရှန်သည် ရှည်လျားသောစစ်ပွဲကို အောင်ပွဲရရန် ဦးဆောင်ခဲ့သဖြင့် အင်ပါယာသည် မကြုံစဖူးငြိမ်းချမ်းရေးကာလတွင် ရှိနေခဲ့သည် ဒါကြောင့် ဧကရာဇ်က လုရှန်ကို လေးလေးနက်နက်ဂရုစိုက်လေသည်

"ငါမင်းကိုဆုချမလို့ မင်းလိုချင်တာဘာရှိလဲ"

ဒါပေမဲ့ လုရှန်ရဲ့အဖြေက အမြဲတမ်းလိုလို တူနေခဲ့သည်
"အရှင် ကျွန်တော်ကို ဆုတွေအများကြီးပေးပြီးပါပြီ"

ဧကရာဇ်သည် သူ့အားကမ်းလှမ်းချက်များစွာပေးသော်လည်း လုရှန် သည်အမြဲတမ်းစိတ်မ၀င်စားခဲ့ပေ ဧကရာဇ်သည် သူ့အားများစွာ ပေးကမ်းချင်လေသည် ဒါကြောင့် ဧကရာဇ်က လုရှန်ကို ပစ္စည်းများစွာပေးအပ်လေသည် ဘွဲလေးတစ်ခုဆိုသော်ငှားလည်း သူက သာမာန်လူတန်းစားဖြစ်တဲ့လုရှန်ကို "အရှင်" ဆိုသည့်ဘွဲ့အမည်တပ်ပေးခဲ့ပြီး မြို့တော်နှင့်အတော်ဝေးသော်လည်း ဧကရာဇ်က သူအား စံအိမ်လေးတစ်ခုပေးအပ်ခဲ့သည် သို့သော်လည်း ဧကရာဇ်ကကျေနပ်ပုံမရပေ ဒါတွေအားလုံးက လုရှန် အတွက် သူပေးခဲ့သော အရာတွေဖြစ်ပေမဲ့ လုရှန်လိုချင်ခဲ့တာမျိုးမဟုတ်ပေ

ဧကရာဇ်က ၀မ်းနည်းသောအမူအရာနှင့်ပြောလာခဲ့သည်
"မင်းအဲ့လိုပြောမှတော့ ဒီတစ်ခါလဲ မင်းကို ကျောက်မျက်ရတနာတွေ နဲ့ ဓားတွေပေးဖိုပဲ တတ်နိုင်တော့တယ် မင်းတကယ်လိုချင်တာကို ငါကိုပြောပြတာမျိုး ဖြစ်စေချင်တယ် ဒါပေမဲ့ ကြည့်ရတာ ငါတအား လောဘကြီးသွားတဲ့ပုံပဲ"
ဧကရာဇ်ရဲ့စကားတွေကြောင့် လုရှန်မျက်နှာ နီရဲလာတော့သည်
───── 〔✿〕─────

အိမ်ရှေ့စံမင်းသား၏မွေးနေ့ကပွဲအပြီး နောက်တနေ့၌ လုရှန် ဧကရာဇ်ကို သွားတွေ့ခဲ့သည်

ဧကရာဇ်ပင် အလွန်အံအားသင့်သွားခဲ့ရသည် လုရှန်က ဧကရာဇ်ကိုလာတွေ့တဲ့အချိန်ဆိုတာက တင်ပြချက်တွေရှိတဲ့အချိန်တစ်ခုပင်ရှိသည် ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက်နဲ့ သူ့ကိုလာတွေ့တာ ဒါပထမဆုံးအကြိမ်ပင် လုရှန်ဘာပြောမယ်ဆိုတာကို သိချင်နေသောဧကရာဇ်ကို လုရှန်ပြောလိုက်သည်

[အရှင် ဧကရာဇ် မနေ့ည ကပွဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သိပါသလား]

[မင်းဘာအကြောင်းကိုပြောတာလဲ]
လုရှန်က စိတ်၀င်တစားဖြစ်နေတဲ့ ဧကရာဇ်ကိုပြောပြလိုက်သည်

[ဧကရီဘွားတော်ပုံစံက ကျွန်တော်ရဲ့ဇနီးလောင်းကို သိပ်ကြိုက်တဲ့ပုံမပေါ်ဘူး]

'မင်း ဒီအကြောင်းပြောလာမယ်လို့ ငါမထင်ထားခဲ့ဘူး'

ပြောရရင် မနေ့ညက ဖြစ်ခဲ့တဲ့အရာအားလုံးကို ဧကရာဇ်ကသိနေခဲ့သည်

လုရှန်သည် ဒီနေရာကိုဘာကြောင့်လာတယ်ဆိုတာကို သူ၏တင်ပြချက်ကိုကြည့်ရုံနှင့် ခန့်မှန်းကြည့်ရလျှင် ဧကရီဘွားတော်သည် ပါနေးရားကို ပြဿနာရှာဖို့ရွေးချယ်လိုက်သည့်အဖြစ်အပျက်နှင့်သက်ဆိုင်လိမ့်မည် ဧကရာဇ်သည် ထိုကိစ္စ၏မီးပွားကိုသိလိုက်သည်

ဧကရီဘွားတော် သူမသဘောမကျတဲ့ အထက်တန်းလွှာတွေကို ပြဿနာရှာတာက ပထမဆုံးအကြိမ်လဲမဟုတ်သလို ဒုတိယအကြိမ်လဲမဟုတ်တာကြောင့်ပင် ပုံမှန်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့အက်စတယ်လာပင် ဧကရီဘွားတော်ကို ပါနေးရားအားအနှောင့်အယှက်မပေးဖို့ ပြန်‌ခံပြောခဲ့တာက အနည်းငယ်အံဩစရာပင်

ဒါပေမဲ့ ဒါက ဧကရာဇ်၏အမြင်သက်သက်ပါ

မနေ့ကဖြစ်ခဲ့တဲ့အကြောင်းကိုပြန်ပြောရင်း လုရှန်၏မျက်နှာမှာ အရမ်းအေးစက်လာခဲ့သည်

ဧကရာဇ်ကသတိထားပြီးမေးလာခဲ့သည်
[မင်းရဲ့ဇနီးလောင်းအပေါ် ငါအမေပြဿနာရှာတာကို မြင်လိုက်‌ရတော့ အရမ်းစိတ်မသက်မသာဖြစ်သွားလား]

ဟုတ်ကြောင်းဖြေမဲ့အစား လုရှန်က သူ့ခံစားချက်ကို စကားတစ်ခွန်းထဲနဲ့ဖော်ပြလိုက်သည်

[သူမကသာ ဧကရီဘွားတော်ဟုတ်မနေဘူးဆိုရင် ကျွန်တော် အရှင့်ကို လာတောင်တွေ့မှာမဟုတ်ဘူး]

တခြားစကားအရပြောရရင် ပြဿနာရှာသူက ဧကရီဘွားတော်သာမဟုတ်ခဲ့လျှင် ရန်သူအပေါ်တုံဆိုင်းနေမည်မဟုတ်ပေ လုရှန် သည် သူ့အရှင်သခင်၏မိခင်အပေါ် ခံစားရသောခံစားချက်များကို မျိုသိပ်ကာ ဧကရာဇ်ထံသို့လာခဲ့သည်

'မင်းဒီကိစ္စကို ဂရုစိုက်ပေးဖို့လာအကူအညီတောင်းနေတာက မင်းကိုယ်တိုင်ဘာမှမလုပ်နိုင်လို့လေ'

ဧကရာဇ်က မျက်ခုံးတွေကိုနှိမ့်ချရင်း ရယ်လိုက်သည်
'လုရှန်အခုလိုမျိုး အကူအညီတောင်းလာလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး'

ဒါက ရှက်စရာပင် သူဆီကနေ ပထမဆုံးတောင်းဆိုတာက သူ့အမေကို ဆူပူကြိမ်းမောင်းခိုင်းတာပင်

'အမေ ဒီတချိန်တော့ လူရွေးတာမှားသွားပြီ'

သို့သော်လည်း ဧကရီဘွားတော်က စည်းမဲ့ကမ်းမဲ့ဖြစ်နေခဲ့သည် စည်းမှန်ကမ်းမှန်နေရုံလောက်အတွက်နဲ့ အပြစ်မဲ့တဲ့သူတွေကို အနိုင်ကျင့်တာက မဖြစ်သင့်ပေဧကရီဘွားတော်၏ စရိုက်ကို ဖြေလျှော့အောင် ကူညီပေးနိုင်သောကြောင့် ထိုကိစ္စက သိပ်တော့မဆိုးပေ ဒါကြောင့် ဧကရာဇ်က ခေါင်းညိမ့်လိုက်သည်

[အမေကို လေဒီပါနေးရားဆီ ယဉ်ကျေးတဲ့တောင်းပန်စာတစ်ခုရေးလိုက်ဖို့ ငါပြောလိုက်ပါမယ် အ‌နာဂတ်မှာ ဒါမျိုးထပ်မဖြစ်စေရပါဘူး ဒါကြောင့် စိတ်ချထားလိုက်ပါ]

ဧကရာဇ်စကားတွေကြားပြီးနောက် လုရှန်ခေါင်းငြိမ့်လိုက်သည်
(ဘာလိုလိုနဲ့‌သုံးပုံတစ်ပုံတောင် ဘာသာပြန်ပြီးခဲ့ပါပြီ အိုင်ရဲ့မတောက်တခေါက်လေးကိုဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်❤️)

Continue Reading

You'll Also Like

926K 68.8K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...
118K 22.6K 87
Title -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in...
102K 5.6K 117
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann