Unicode
အပိုင်း ၂၀။ နင်က တကယ်ပဲ ဘယ်သူလဲ (၂)
“နင်က တကယ်ပဲ ဘယ်သူလဲ”
ဆရာမရှန်းက ခက်ထန်စွာမေးလာသည်။
“ယခင် ဝမ်ဖေးနဲ့နင် ရုပ်တူနေတာနဲ့ပဲ သူမကို တုပလို့ရမယ်လို့ ရမယ် ဘယ်သူပြောလဲ၊ ရိုင်းစိုင်းလိုက်တာ”
ဒါက တိုက်ဆိုင်တာပဲလား၊ သူမရဲ့စိတ်က တကယ်ကိုအနားမရနိုင်တော့ဘူး။
ယဲ့ကျန်းက သူမကို သံသယအပြည့်ဖြင့်ကြည့်သည်။ သို့သော် သူမ၏လက်များကမူ စားပွဲအောက်ခြေတွင် တင်းကြပ်စွာ လက်သီးဆုပ်ထား၏။ သူမ၏ လက်အဆစ်များပင် ဖြူဖျော့လာသည်။
နာမည်ပြောင်က တိုက်ဆိုင်တာလို့ သတ်မှတ်လို့ရသေးတယ်၊ ရုပ်ရည်တူတာကလည်း တိုက်ဆိုင်တာလို့ သတ်မှတ်လို့ရနေသေးတယ်၊ ဒါပေမဲ့ တူညီတဲ့စကားလုံးကို ရေးလာတာကတော့ …။
သို့သော် အနီးကပ် စစ်ဆေးကြည့်သောအခါ လက်ရေးများက ကွာခြားကြောင်း သိလိုက်ရသည်။
မဟုတ်ဘူး၊ လုံးဝကိုမတူနေတာ၊ ယဲ့ကျန်းရဲ့လက်ရေးက လုယောင်ယောင်ရဲ့ စုတ်ပြတ်သတ်နေတဲ့ လက်ရေးထက် အများကြီးသာတယ်၊ သူမရဲ့လက်ရေးတွေက ကြည့်ကောင်းလွန်းနေတဲ့အချိန်မှာ လုယောင်ယောင်ရဲ့ လက်ရေးကတော့ ကလေးတစ်ယောက် ရေးတာထက်တောင် ဆိုးရွားနေပါသေးတယ်။
တကယ်လို့ ငါက အရင်ဝမ်ဖေးနဲ့ ဆက်စပ်နေတာကြောင့် မဟုတ်ရင် ဆရာက ဘာလို့ ဒီကောင်မလေးကို ဂရုစိုက်နေတာလဲ။
ဆရာမရှန်းက ပို၍ သံသယဝင်လာခဲ့သည်။ သို့သော် မေးခွန်းရှိနေစေကာမူ အဖြေက ရလိမ့်မည် မဟုတ်ပေ။ ယဲ့ကျန်းကိုယ်တိုင်ကလည်း သူမ၏ဆရာက ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့အချိန်တစ်ခဏကို စိတ်ပြန်လည်ရောက်ရှိသွားကြောင်း ခံစားမိလိုက်၏။ မည်သို့ပင်ဆိုစေ သူမက မည်သူဖြစ်ကြောင်း သူမ၏ဆရာမ ရှာတွေ့လိမ့်မည်မဟုတ်ပေ။
ထိုအချက်ကို လျစ်လျူရှုထားလိုက်ပြီးနောက် ယဲ့ကျန်းက ဆရာမရှန်းကိုကြည့်လိုက်ကာ ပြောလိုက်၏။
“ဆရာမ ဆရာမ ဘာကိုပြောသလဲဆိုတာ ကျွန်မ နားမလည်ပါဘူး၊ ကျွန်မက ဘယ်သူနဲ့တူနေလို့လဲ”
ယဲ့ကျန်းသည်လည်း သူမ၏ဆရာမရှန်းအား သူမက ယခင်က ကျောင်းသူဖြစ်ကြောင်း ပြောလိုသော်လည်း မပြောနိုင်ပေ။
“နင် စုတ်တံကို ကောင်းကောင်းမကိုင်နိုင်ရင် ကောင်းကောင်းရေးနိုင်မှာ မဟုတ်ဘူး၊ နင် များများလေ့ကျင့်ဖို့လိုအပ်တယ်”
ဆရာမရှန်းက တောင့်တင်းစွာ ပြောလိုက်ရသည်။ လုယောင်ယောင်ကို ယဲ့ကျန်းအကြောင်း မသိစေချင်ပေ။
ယဲ့ကျန်းသည်လည်း သည်တစ်ကြိမ်တွင် အိုးကိုခွဲ၍ မရမှန်း နားလည်နေသည်။ ထို့ကြောင့် သူမ လက်ရေးကိုသာ လေ့ကျင့်ပါမည်ဟု ကတိပေးလိုက်ပြီး ဘာမှ မဖြစ်ခဲ့သည့်အလား မှတ်ယူထားလိုက်၏။
ဆရာမရှန်းက သူမ၏အနားတွင်ရပ်နေခဲ့သည်။ သူမက ငုံ့ကာ ယဲ့ကျန်း၏လှပလွန်းသော မျက်နှာကို ကြည့်၏။ သူမက အပေါ်ယံတွင်မူ ရေပြင်ကဲ့သို့ တည်ငြိမ်နေသောအမူအရာကိုမြင်ရသည်။ မည်သူကမျှ သူမ ဘာတွေးနေကြောင်း မသိနိုင်ပေ။
ဒီအပြုအမူက သူမကို ယဲ့ကျန်းနဲ့ ကွာခြားစေတဲ့တစ်ခုတည်းသော အချက်ဖြစ်နိုင်တယ်။ ယဲ့ကျန်းက အမြဲတမ်းခံစားချက်တွေကို ထုတ်ဖော်ပြသတတ်တဲ့သူ သူမရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ခံစားချက်အားလုံးက သူမရဲ့မျက်လုံးထဲမှာ အားလုံးကို မြင်နိုင်စွမ်းရှိနေခဲ့တာ။
“နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပါ တတိယသခင်မလေး၊ တတိယသခင်မလေးရဲ့ အစ်ကိုကြီးက သခင်မလေးကို လာတွေ့ပါတယ်”
အစေခံ၏တောင်းပန်လိုသော အသံက စာကြည့်ဆောင်၏တံခါးအပြင်ဘက်မှ ထွက်လာခဲ့သည်။
ရုတ်တရက် သူမ၏ရင်ထဲ ပြင်းထန်သောနာကျင်မှုကို စတင်ခံစားလိုက်ရသည်။ အနည်းဆုံး သူမ အထိတ်လန့်ဆုံးသောကြောက်လန့်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်၏။
လုလင်ကျစ်က သူမကို လာတွေ့သည်။ အကြိမ်ကြိမ်အခါခါ လက်လျှော့ပြီးနောက်တွင် သူနှင့်ရင်ဆိုင်ရတော့ပေမည်။
သူမ၏သတ္တိကို ကြောက်မိသည်။ လုလင်ကျစ် သူမ၏ဟန်ဆောင်ထားမှုကို ဆွဲထုတ်ပြလာမည်ကိုလည်း ကြောက်မိ၏။ သူမက လက်ရှိတွင် လုယောင်ယောင်ဖြစ်သည်။ လုလင်ကျစ်ကသာ သူမ၏ကိုယ်ထဲတွင် ယဲ့ကျန်းရှိကြောင်း မြင်နိုင်မည်ဆိုလျှင် ဘာကိုမှ စိုးရိမ်ရန် လိုအပ်တော့မည် မထင်ပေ။
သို့သော် အနည်းဆုံး သူ မြင်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူမ မစိုးရိမ်သင့်သေးချေ။
သူမ၏ရုပ်ရည်သွင်ပြင်ကြောင့် သူ့ကို ထိတ်လန့်ခြင်းကို ခံစားစေလိုက်မည်။ ကြောက်မက်ဖွယ်ကောင်းသောမျိုးစေ့ကို သူ့ထံ ပြန်လည်ရောက်ရှိလာကြောင်း သူ့ကို သိစေလိုက်မည်။
သို့သော် သည်အဖြစ်အပျက်ကို မည်သူကမျှ သတိထားနိုင်ခြင်းမရှိပေ။ လုလင်ကျစ်ကို မည်သို့ရှောင်ရှားရမည်ဖြစ်ကြောင်း သူမ မတွေးသင့်ပေ။ ထို့အစား သူ၏မိသားစုမှ တတိယသခင်မလေးလုယောင်ယောင်ကို သူမ ယုံကြည်ထားသင့်၏။ သူမကို ယုံကြည်အောင် သူ့ကို ဟန်ဆောင်ပြလိုက်မည်။ သို့မဟုတ်လျှင် သူမ ကလဲ့စားချေနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ သူမအပေါ်ထားမည့်ချစ်ခင်မှု၊ ယုံကြည်မှုများအားလုံးကသာ သူမ ကလဲ့စားချေနိုင်ရန် အခွင့်ကောင်းဖြစ်လာနိုင်၏။ သို့မှသာလျှင် သူမ တစ်ချိန်တည်း အရာအားလုံးကို ကိုင်တွယ်နိုင်ပေလိမ့်မည်။
“မင်း သွားသင့်တယ်”
ဆရာမရှန်းက တည်ငြိမ်စွာ ပြောသည်။ ယဲ့ကျန်း၏စာရွက်ကို ကောက်ကိုင်ပြီးနောက် ဂရုတစိုက် ကြည့်နေ၏။
“ဟုတ်ကဲ့ဆရာမ ကျေးဇူးပြုပြီးခွင့်ပြုပါ”
ယဲ့ကျန်းက ဦးညွှတ်ပြီးနောက် လက်နှစ်ဖက်ကို ယှက်လျက် ပင်မခန်းမအတွင်းသို့ သွားသည်။ သူမ ရောက်လာကတည်းက မိသားစု စုဝေးပွဲတွင် လုလင်ကျစ်ကို မမြင်ရသေးပေ။ ထို့ကြောင့် ဒါက သူမ လုယောင်ယောင်အနေဖြင့် သူမကို တွေ့ရသည့် ပထမဆုံးအကြိမ်လည်းဖြစ်၏။
ခန်းမအတွင်းသို့ ရောက်သွားသောအခါ အပြာရောင်ဝတ်စုံဝတ်ထားပြီး ပြတင်းပေါက်တစ်ခုအနားတွင် ရပ်နေသော လူတစ်ယောက်ကိုမြင်ရသည်။ သူက သူမကို ကျောပေးထား၏။ သူ သူမကို သစ္စာဖောက်ခဲ့သောမှတ်ဉာဏ်များက သူမ၏ခေါင်းအတွင်း ပြုံတိုးဝင်လာသည်။ သူမကိုယ်သူမ ပြင်းထန်စွာ ဖိအားပေးပြီး သူ့ကို ပြတင်းပေါက်မှ တွန်းချလိုက်ချင်သည်။
သို့သော် ထိုသို့လုပ်ရန်ခက်ခဲနေ၏။ မဟုတ်လျှင် လက်ထောက်စစ်ဝန်ကြီးကို သတ်မှုနှင့် သူမ အဆိုးရွားဆုံးသေခြင်းကို ထပ်တွေ့ရအုံးမည် ဖြစ်၏။
ဒီတော့ သူမရဲ့ခွန်အားတွေ သန်မာတိုးမြင့်လာဖို့အတွက် အရာအားလုံးကို ဖိနှိမ့်ထားရအုံးမယ်၊ တည်ငြိမ်တဲ့ပုံစံဟန်ဆောင်ပြီး အရာအားလုံးကို ဖုံးကွယ်ထားရအုံးမယ်။
ထိုသို့ဖြင့် သူမ လုလင်ကျစ်အနားသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားသည်။
“အစ်ကိုကြီး”
သူမ၏အသံထဲတွင် ရိုကျိုးမှုနှင့် ရှက်ရွံ့မှုကပါသည်။ ထို့ကြောင့် အခြားသူများက သူမကို ထူးဆန်းသည်ဟု ခံစားရလိမ့်မည်မဟုတ်ပေ။
လုလင်ကျစ်က နောက်လှည့်လာသောအခါ သူ၏အနောက်တွင် ရပ်နေသော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ ကြောင်သွား၏။ သူ၏ပါးစပ်က အဟောင်းသားဖြစ်သွားကာ သူ၏စိတ်အတွင်းတွင် လှည့်စားမှု မဟုတ်စေရန် မျက်တောင်ပင် တဖျတ်ဖျတ်ခတ်မိသွား၏။
ဒါပေမဲ့ မဖြစ်နိုင်ဘူး။
လုလင်ကျစ်က သူ့စိတ်သူ ထိန်းလိုက်သည်။
သူ့ရှေ့မှ ကောင်မလေးက ပိန်ပါးပြီးအသားမဲသည်။ သူမ၏မျက်ခုံးများကမူ ယဲ့ကျန်းကဲ့သို့ အထက်တန်းလွှာဆန်ဆန်မြင့်၏။ သို့သော် မည်သို့ပင်ဆိုစေကာမူ တစ်ထပ်တည်းအဖြစ် ကိုယ်စားမပြုနိုင်ပေ။
လုလင်ကျစ်၏မျက်နှာအမူအရာကို မြင်သောအခါ ယဲ့ကျန်းကလည်း သူ အံ့ဩသွားကြောင်း နားလည်လိုက်သည်။ သူမက ကျေနပ်စွာ ပြောလိုက်၏။
“အစ်ကိုကြီးက ညီမရဲ့ဝမ်းကွဲလား”
သူ ချက်ချင်းအသိဝင်လာခဲ့ကာ ယဲ့ကျန်း အသက်ရှင်ရန် မဖြစ်နိုင်ကြောင်း နားလည်လိုက်၏။ သူမက သူ့အရှေ့တွင် သူကိုယ်တိုင်ပေးသော အဆိပ်ခွက်ကို သောက်ပြီးသားဖြစ်ကာ အလောင်းကလည်း မီးနှင့် ပါသွားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သူမ မဖြစ်နိုင်တော့ပေ။
သူ၏ရှေ့မှ ထိုကောင်မလေးက သူ့တတိယဦးလေး၏ သမီးဖြစ်သည်။
လုလင်ကျစ်က ယဲ့ကျန်းကို ပြုံးပြသည်။
“ငါ ကြားထားတဲ့အတိုင်းဆိုရင် တတိယညီမလေးက အမျိုးသမီး အကယ်ဒမီကို ဝင်ချင်တယ်ဆို”
“ဟုတ်ပါတယ်၊ အဖွားကပြောတဲ့အတိုင်းဆိုရင် အမျိုးသမီးအကယ်ဒမီကိုဝင်ရင် အနာဂတ်ကောင်း ရှိနိုင်ပါတယ်တဲ့”
ယဲ့ကျန်းက ရှက်ရွံ့စွာပြုံးသည်။
“အကြီးဆုံးအစ်ကို ညီမက ဘာမှကို မသိသေးမှန်းနားလည်ပါတယ်၊ ဒါပေမဲ့ ညီမကသာ သင့်လျော်တဲ့ပညာရေးနောက်ခံ မရှိရင် အနာဂတ်မှာ မိသားစုက လှောင်ပြောင်စရာပြက်လုံး ဖြစ်လာမှာကို စိုးရိမ်မိပါတယ်”
ကောင်မလေး၏ မျှော်လင့်ချက်အပြည့်နှင့် မျက်ဝန်းများက လုလင်ကျစ်ကို စိုက်ကြည့်လာသည်။ ယဲ့ကျန်း၏ရိုးသားသောစကားများကြောင့် လုလင်ကျစ်အမှန်ပင် စိတ်လှုပ်ရှားသွားရ၏။ သို့တိုင်အောင် သူ ခပ်တိုးတိုးပြောမိသေးသည်။
“တကယ်လို့ အစ်ကိုကြီးက မင်းကို အကယ်ဒမီကို သွားခွင့်မပြုခဲ့ရင်ရော”
သူမ၏ရှေ့မှ ထိုလူကို သတ်ချင်စိတ်က ပြင်းထန်လာသည်။ သို့သော် ယဲ့ကျန်းက သူမ၏တာဝန်ကို မှတ်မိနေသည့်အတွက် ချစ်စဖွယ်ကောင်းသော တုန်ယင်နေသည့် လေသံလေးဖြင့် ပြောလိုက်၏။
“ဘာလို့လဲ၊ ယောင်ယောင် လုပ်တာ တစ်ခုခု မှားသွားလို့လား”
...
Zawgyi
အပိုင္း ၂၀။ နင္က တကယ္ပဲ ဘယ္သူလဲ (၂)
“နင္က တကယ္ပဲ ဘယ္သူလဲ”
ဆရာမ႐ွန္းက ခက္ထန္စြာေမးလာသည္။
“ယခင္ ဝမ္ေဖးနဲ႔နင္ ႐ုပ္တူေနတာနဲ႔ပဲ သူမကို တုပလို႔ရမယ္လို႔ ရမယ္ ဘယ္သူေျပာလဲ၊ ႐ိုင္းစိုင္းလိုက္တာ”
ဒါက တိုက္ဆိုင္တာပဲလား၊ သူမရဲ႕စိတ္က တကယ္ကိုအနားမရႏိုင္ေတာ့ဘူး။
ယဲ့က်န္းက သူမကို သံသယအျပည့္ျဖင့္ၾကည့္သည္။ သို႔ေသာ္ သူမ၏လက္မ်ားကမူ စားပြဲေအာက္ေျခတြင္ တင္းၾကပ္စြာ လက္သီးဆုပ္ထား၏။ သူမ၏ လက္အဆစ္မ်ားပင္ ျဖဴေဖ်ာ့လာသည္။
နာမည္ေျပာင္က တိုက္ဆိုင္တာလို႔ သတ္မွတ္လို႔ရေသးတယ္၊ ႐ုပ္ရည္တူတာကလည္း တိုက္ဆိုင္တာလို႔ သတ္မွတ္လို႔ရေနေသးတယ္၊ ဒါေပမဲ့ တူညီတဲ့စကားလုံးကို ေရးလာတာကေတာ့ …။
သို႔ေသာ္ အနီးကပ္ စစ္ေဆးၾကည့္ေသာအခါ လက္ေရးမ်ားက ကြာျခားေၾကာင္း သိလိုက္ရသည္။
မဟုတ္ဘူး၊ လုံးဝကိုမတူေနတာ၊ ယဲ့က်န္းရဲ႕လက္ေရးက လုေယာင္ေယာင္ရဲ႕ စုတ္ျပတ္သတ္ေနတဲ့ လက္ေရးထက္ အမ်ားႀကီးသာတယ္၊ သူမရဲ႕လက္ေရးေတြက ၾကည့္ေကာင္းလြန္းေနတဲ့အခ်ိန္မွာ လုေယာင္ေယာင္ရဲ႕ လက္ေရးကေတာ့ ကေလးတစ္ေယာက္ ေရးတာထက္ေတာင္ ဆိုး႐ြားေနပါေသးတယ္။
တကယ္လို႔ ငါက အရင္ဝမ္ေဖးနဲ႔ ဆက္စပ္ေနတာေၾကာင့္ မဟုတ္ရင္ ဆရာက ဘာလို႔ ဒီေကာင္မေလးကို ဂ႐ုစိုက္ေနတာလဲ။
ဆရာမ႐ွန္းက ပို၍ သံသယဝင္လာခဲ့သည္။ သို႔ေသာ္ ေမးခြန္း႐ွိေနေစကာမူ အေျဖက ရလိမ့္မည္ မဟုတ္ေပ။ ယဲ့က်န္းကိုယ္တိုင္ကလည္း သူမ၏ဆရာက ကမ္းလွမ္းမႈကို လက္ခံခဲ့တဲ့အခ်ိန္တစ္ခဏကို စိတ္ျပန္လည္ေရာက္႐ွိသြားေၾကာင္း ခံစားမိလိုက္၏။ မည္သို႔ပင္ဆိုေစ သူမက မည္သူျဖစ္ေၾကာင္း သူမ၏ဆရာမ ႐ွာေတြ႕လိမ့္မည္မဟုတ္ေပ။
ထိုအခ်က္ကို လ်စ္လ်ဴ႐ႈထားလိုက္ၿပီးေနာက္ ယဲ့က်န္းက ဆရာမ႐ွန္းကိုၾကည့္လိုက္ကာ ေျပာလိုက္၏။
“ဆရာမ ဆရာမ ဘာကိုေျပာသလဲဆိုတာ ကြၽန္မ နားမလည္ပါဘူး၊ ကြၽန္မက ဘယ္သူနဲ႔တူေနလို႔လဲ”
ယဲ့က်န္းသည္လည္း သူမ၏ဆရာမ႐ွန္းအား သူမက ယခင္က ေက်ာင္းသူျဖစ္ေၾကာင္း ေျပာလိုေသာ္လည္း မေျပာႏိုင္ေပ။
“နင္ စုတ္တံကို ေကာင္းေကာင္းမကိုင္ႏိုင္ရင္ ေကာင္းေကာင္းေရးႏိုင္မွာ မဟုတ္ဘူး၊ နင္ မ်ားမ်ားေလ့က်င့္ဖို႔လိုအပ္တယ္”
ဆရာမ႐ွန္းက ေတာင့္တင္းစြာ ေျပာလိုက္ရသည္။ လုေယာင္ေယာင္ကို ယဲ့က်န္းအေၾကာင္း မသိေစခ်င္ေပ။
ယဲ့က်န္းသည္လည္း သည္တစ္ႀကိမ္တြင္ အိုးကိုခြဲ၍ မရမွန္း နားလည္ေနသည္။ ထို႔ေၾကာင့္ သူမ လက္ေရးကိုသာ ေလ့က်င့္ပါမည္ဟု ကတိေပးလိုက္ၿပီး ဘာမွ မျဖစ္ခဲ့သည့္အလား မွတ္ယူထားလိုက္၏။
ဆရာမ႐ွန္းက သူမ၏အနားတြင္ရပ္ေနခဲ့သည္။ သူမက ငုံ႔ကာ ယဲ့က်န္း၏လွပလြန္းေသာ မ်က္ႏွာကို ၾကည့္၏။ သူမက အေပၚယံတြင္မူ ေရျပင္ကဲ့သို႔ တည္ၿငိမ္ေနေသာအမူအရာကိုျမင္ရသည္။ မည္သူကမွ် သူမ ဘာေတြးေနေၾကာင္း မသိႏိုင္ေပ။
ဒီအျပဳအမူက သူမကို ယဲ့က်န္းနဲ႔ ကြာျခားေစတဲ့တစ္ခုတည္းေသာ အခ်က္ျဖစ္ႏိုင္တယ္။ ယဲ့က်န္းက အၿမဲတမ္းခံစားခ်က္ေတြကို ထုတ္ေဖာ္ျပသတတ္တဲ့သူ သူမရဲ႕ေပ်ာ္႐ႊင္မႈ၊ ဝမ္းနည္းမႈ၊ ခံစားခ်က္အားလုံးက သူမရဲ႕မ်က္လုံးထဲမွာ အားလုံးကို ျမင္ႏိုင္စြမ္း႐ွိေနခဲ့တာ။
“ေႏွာင့္ယွက္မိတဲ့အတြက္ ခြင့္လႊတ္ပါ တတိယသခင္မေလး၊ တတိယသခင္မေလးရဲ႕ အစ္ကိုႀကီးက သခင္မေလးကို လာေတြ႕ပါတယ္”
အေစခံ၏ေတာင္းပန္လိုေသာ အသံက စာၾကည့္ေဆာင္၏တံခါးအျပင္ဘက္မွ ထြက္လာခဲ့သည္။
႐ုတ္တရက္ သူမ၏ရင္ထဲ ျပင္းထန္ေသာနာက်င္မႈကို စတင္ခံစားလိုက္ရသည္။ အနည္းဆုံး သူမ အထိတ္လန္႔ဆုံးေသာေၾကာက္လန္႔မႈကို ရင္ဆိုင္ရေတာ့မည္ျဖစ္၏။
လုလင္က်စ္က သူမကို လာေတြ႕သည္။ အႀကိမ္ႀကိမ္အခါခါ လက္ေလွ်ာ့ၿပီးေနာက္တြင္ သူႏွင့္ရင္ဆိုင္ရေတာ့ေပမည္။
သူမ၏သတၱိကို ေၾကာက္မိသည္။ လုလင္က်စ္ သူမ၏ဟန္ေဆာင္ထားမႈကို ဆြဲထုတ္ျပလာမည္ကိုလည္း ေၾကာက္မိ၏။ သူမက လက္႐ွိတြင္ လုေယာင္ေယာင္ျဖစ္သည္။ လုလင္က်စ္ကသာ သူမ၏ကိုယ္ထဲတြင္ ယဲ့က်န္း႐ွိေၾကာင္း ျမင္ႏိုင္မည္ဆိုလွ်င္ ဘာကိုမွ စိုးရိမ္ရန္ လိုအပ္ေတာ့မည္ မထင္ေပ။
သို႔ေသာ္ အနည္းဆုံး သူ ျမင္ႏိုင္လိမ့္မည္မဟုတ္ေပ။ ထို႔ေၾကာင့္ သူမ မစိုးရိမ္သင့္ေသးေခ်။
သူမ၏႐ုပ္ရည္သြင္ျပင္ေၾကာင့္ သူ႕ကို ထိတ္လန္႔ျခင္းကို ခံစားေစလိုက္မည္။ ေၾကာက္မက္ဖြယ္ေကာင္းေသာမ်ိဳးေစ့ကို သူ႕ထံ ျပန္လည္ေရာက္႐ွိလာေၾကာင္း သူ႕ကို သိေစလိုက္မည္။
သို႔ေသာ္ သည္အျဖစ္အပ်က္ကို မည္သူကမွ် သတိထားႏိုင္ျခင္းမ႐ွိေပ။ လုလင္က်စ္ကို မည္သို႔ေ႐ွာင္႐ွားရမည္ျဖစ္ေၾကာင္း သူမ မေတြးသင့္ေပ။ ထို႔အစား သူ၏မိသားစုမွ တတိယသခင္မေလးလုေယာင္ေယာင္ကို သူမ ယုံၾကည္ထားသင့္၏။ သူမကို ယုံၾကည္ေအာင္ သူ႕ကို ဟန္ေဆာင္ျပလိုက္မည္။ သို႔မဟုတ္လွ်င္ သူမ ကလဲ့စားေခ်ႏိုင္လိမ့္မည္ မဟုတ္ေပ။ သူတို႔၏ သူမအေပၚထားမည့္ခ်စ္ခင္မႈ၊ ယုံၾကည္မႈမ်ားအားလုံးကသာ သူမ ကလဲ့စားေခ်ႏိုင္ရန္ အခြင့္ေကာင္းျဖစ္လာႏိုင္၏။ သို႔မွသာလွ်င္ သူမ တစ္ခ်ိန္တည္း အရာအားလုံးကို ကိုင္တြယ္ႏိုင္ေပလိမ့္မည္။
“မင္း သြားသင့္တယ္”
ဆရာမ႐ွန္းက တည္ၿငိမ္စြာ ေျပာသည္။ ယဲ့က်န္း၏စာ႐ြက္ကို ေကာက္ကိုင္ၿပီးေနာက္ ဂ႐ုတစိုက္ ၾကည့္ေန၏။
“ဟုတ္ကဲ့ဆရာမ ေက်းဇူးျပဳၿပီးခြင့္ျပဳပါ”
ယဲ့က်န္းက ဦးၫႊတ္ၿပီးေနာက္ လက္ႏွစ္ဖက္ကို ယွက္လ်က္ ပင္မခန္းမအတြင္းသို႔ သြားသည္။ သူမ ေရာက္လာကတည္းက မိသားစု စုေဝးပြဲတြင္ လုလင္က်စ္ကို မျမင္ရေသးေပ။ ထို႔ေၾကာင့္ ဒါက သူမ လုေယာင္ေယာင္အေနျဖင့္ သူမကို ေတြ႕ရသည့္ ပထမဆုံးအႀကိမ္လည္းျဖစ္၏။
ခန္းမအတြင္းသို႔ ေရာက္သြားေသာအခါ အျပာေရာင္ဝတ္စုံဝတ္ထားၿပီး ျပတင္းေပါက္တစ္ခုအနားတြင္ ရပ္ေနေသာ လူတစ္ေယာက္ကိုျမင္ရသည္။ သူက သူမကို ေက်ာေပးထား၏။ သူ သူမကို သစၥာေဖာက္ခဲ့ေသာမွတ္ဉာဏ္မ်ားက သူမ၏ေခါင္းအတြင္း ျပဳံတိုးဝင္လာသည္။ သူမကိုယ္သူမ ျပင္းထန္စြာ ဖိအားေပးၿပီး သူ႕ကို ျပတင္းေပါက္မွ တြန္းခ်လိုက္ခ်င္သည္။
သို႔ေသာ္ ထိုသို႔လုပ္ရန္ခက္ခဲေန၏။ မဟုတ္လွ်င္ လက္ေထာက္စစ္ဝန္ႀကီးကို သတ္မႈႏွင့္ သူမ အဆိုး႐ြားဆုံးေသျခင္းကို ထပ္ေတြ႕ရအုံးမည္ ျဖစ္၏။
ဒီေတာ့ သူမရဲ႕ခြန္အားေတြ သန္မာတိုးျမင့္လာဖို႔အတြက္ အရာအားလုံးကို ဖိႏွိမ့္ထားရအုံးမယ္၊ တည္ၿငိမ္တဲ့ပုံစံဟန္ေဆာင္ၿပီး အရာအားလုံးကို ဖုံးကြယ္ထားရအုံးမယ္။
ထိုသို႔ျဖင့္ သူမ လုလင္က်စ္အနားသို႔ တိတ္ဆိတ္စြာ ခ်ဥ္းကပ္သြားသည္။
“အစ္ကိုႀကီး”
သူမ၏အသံထဲတြင္ ႐ိုက်ိဳးမႈႏွင့္ ႐ွက္႐ြံ႕မႈကပါသည္။ ထို႔ေၾကာင့္ အျခားသူမ်ားက သူမကို ထူးဆန္းသည္ဟု ခံစားရလိမ့္မည္မဟုတ္ေပ။
လုလင္က်စ္က ေနာက္လွည့္လာေသာအခါ သူ၏အေနာက္တြင္ ရပ္ေနေသာ ေကာင္မေလးတစ္ေယာက္ကို ျမင္လိုက္ရသည္။ သူ ေၾကာင္သြား၏။ သူ၏ပါးစပ္က အေဟာင္းသားျဖစ္သြားကာ သူ၏စိတ္အတြင္းတြင္ လွည့္စားမႈ မဟုတ္ေစရန္ မ်က္ေတာင္ပင္ တဖ်တ္ဖ်တ္ခတ္မိသြား၏။
ဒါေပမဲ့ မျဖစ္ႏိုင္ဘူး။
လုလင္က်စ္က သူ႕စိတ္သူ ထိန္းလိုက္သည္။
သူ႕ေ႐ွ႕မွ ေကာင္မေလးက ပိန္ပါးၿပီးအသားမဲသည္။ သူမ၏မ်က္ခုံးမ်ားကမူ ယဲ့က်န္းကဲ့သို႔ အထက္တန္းလႊာဆန္ဆန္ျမင့္၏။ သို႔ေသာ္ မည္သို႔ပင္ဆိုေစကာမူ တစ္ထပ္တည္းအျဖစ္ ကိုယ္စားမျပဳႏိုင္ေပ။
လုလင္က်စ္၏မ်က္ႏွာအမူအရာကို ျမင္ေသာအခါ ယဲ့က်န္းကလည္း သူ အံ့ဩသြားေၾကာင္း နားလည္လိုက္သည္။ သူမက ေက်နပ္စြာ ေျပာလိုက္၏။
“အစ္ကိုႀကီးက ညီမရဲ႕ဝမ္းကြဲလား”
သူ ခ်က္ခ်င္းအသိဝင္လာခဲ့ကာ ယဲ့က်န္း အသက္႐ွင္ရန္ မျဖစ္ႏိုင္ေၾကာင္း နားလည္လိုက္၏။ သူမက သူ႕အေ႐ွ႕တြင္ သူကိုယ္တိုင္ေပးေသာ အဆိပ္ခြက္ကို ေသာက္ၿပီးသားျဖစ္ကာ အေလာင္းကလည္း မီးႏွင့္ ပါသြားခဲ့ၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ သူမ မျဖစ္ႏိုင္ေတာ့ေပ။
သူ၏ေ႐ွ႕မွ ထိုေကာင္မေလးက သူ႕တတိယဦးေလး၏ သမီးျဖစ္သည္။
လုလင္က်စ္က ယဲ့က်န္းကို ျပဳံးျပသည္။
“ငါ ၾကားထားတဲ့အတိုင္းဆိုရင္ တတိယညီမေလးက အမ်ိဳးသမီး အကယ္ဒမီကို ဝင္ခ်င္တယ္ဆို”
“ဟုတ္ပါတယ္၊ အဖြားကေျပာတဲ့အတိုင္းဆိုရင္ အမ်ိဳးသမီးအကယ္ဒမီကိုဝင္ရင္ အနာဂတ္ေကာင္း ႐ွိႏိုင္ပါတယ္တဲ့”
ယဲ့က်န္းက ႐ွက္႐ြံ႕စြာျပဳံးသည္။
“အႀကီးဆုံးအစ္ကို ညီမက ဘာမွကို မသိေသးမွန္းနားလည္ပါတယ္၊ ဒါေပမဲ့ ညီမကသာ သင့္ေလ်ာ္တဲ့ပညာေရးေနာက္ခံ မ႐ွိရင္ အနာဂတ္မွာ မိသားစုက ေလွာင္ေျပာင္စရာျပက္လုံး ျဖစ္လာမွာကို စိုးရိမ္မိပါတယ္”
ေကာင္မေလး၏ ေမွ်ာ္လင့္ခ်က္အျပည့္ႏွင့္ မ်က္ဝန္းမ်ားက လုလင္က်စ္ကို စိုက္ၾကည့္လာသည္။ ယဲ့က်န္း၏႐ိုးသားေသာစကားမ်ားေၾကာင့္ လုလင္က်စ္အမွန္ပင္ စိတ္လႈပ္႐ွားသြားရ၏။ သို႔တိုင္ေအာင္ သူ ခပ္တိုးတိုးေျပာမိေသးသည္။
“တကယ္လို႔ အစ္ကိုႀကီးက မင္းကို အကယ္ဒမီကို သြားခြင့္မျပဳခဲ့ရင္ေရာ”
သူမ၏ေ႐ွ႕မွ ထိုလူကို သတ္ခ်င္စိတ္က ျပင္းထန္လာသည္။ သို႔ေသာ္ ယဲ့က်န္းက သူမ၏တာဝန္ကို မွတ္မိေနသည့္အတြက္ ခ်စ္စဖြယ္ေကာင္းေသာ တုန္ယင္ေနသည့္ ေလသံေလးျဖင့္ ေျပာလိုက္၏။
“ဘာလို႔လဲ၊ ေယာင္ေယာင္ လုပ္တာ တစ္ခုခု မွားသြားလို႔လား”
...