Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
41
42
43
44
45
46
47
48
49
50

40

1.6K 196 18
By Kay_Wine

{ Zawgyi }

[ အက်ဥ္းခ်ဳပ္ : အဆုံးတ္ ]

•ေလာ့ယြီခ်န္•

ကြၽန္ေတာ့္ႏွလုံးသားက ႐ုတ္ျခည္း ရပ္တန႔္သြားရတယ္။

သို႔ေပမယ့္ သူက အံ့အားသင့္ဖြယ္ေကာင္းစြာ တံခါးေပါက္နားမွာ မ်က္ေမွာင္အနည္းငယ္ၾကဳတ္ထားရင္းနဲ႔ ေပၚလာေတာ့တယ္ "မင္း ႏိုးၿပီလား?"

သူ႔အမူအယာက အရမ္းေအးစက္လြန္းေနတယ္ဆိုေပမယ့္ ကြၽန္ေတာ္ကေတာ့ သခင္ျပန္ေရာက္လာတဲ့ ေခြးတစ္ေကာင္လိုမ်ိဳး ေျပာမျပတတ္ေအာင္စိတ္လႈပ္ရွားသြားရတယ္။

"မင္း ခုနက ဘယ္သြားေနတာလဲ?"

"ဘယ္သြားရအုံးမွာလဲ? ေဆး႐ုံခ သြားေပးတာေပါ့" သူက သာမန္ကာလွ်ံကာေလာက္သာ ေျပာၿပီးတဲ့ေနာက္ ကြၽန္ေတာ့္ကို ျပင္းျပင္းထန္ထန္ စတင္ဆူေငါက္ေတာ့တယ္ "ငါမင္းကို ဘယ္ႏွႀကိမ္ေျပာေနရမွာလဲ? မင္းရဲ႕အစာအိမ္အတြက္ ထမင္းသုံးနပ္လုံးကို အခ်ိန္မွန္စားဖို႔ လိုတယ္လို႔၊ မင္းကိုမင္း ပိုၿပီးဂ႐ုစိုက္ဖို႔လိုတယ္၊ မင္းနားမေထာင္ခ်င္ဘူးဆိုရင္လည္း ထားလိုက္ေတာ့ ဒါေပမယ့္ ငါ့မ်က္ႏွာေရွ႕(ငါ့မ်က္စိေရွ႕)မွာလာၿပီး ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ဖ႐ိုဖရဲေတြ လာမလုပ္ေပးလို႔ရမလား? ေလာ့ယြီခ်န္ မင္း ဘာလုပ္ခ်င္ေနမွန္းေတာ့ ငါမသိဘူး၊ ဒါေပမယ့္ မင္း ေက်းဇူးျပဳၿပီးေတာ့..."

"ေရွာင္ဟန္း" ကြၽန္ေတာ္ သူ႔ဆီလက္တစ္ဖက္ ဆန႔္ထုတ္လိုက္တယ္။

ကြၽန္ေတာ္က ေသခ်ာေပါက္ စိတ္ပ်က္စရာေကာင္းေနေလာက္ၿပီး သူကေတာ့ စိတ္မဝင္စားတဲ့အတိုင္း ရွိေနတုန္းပဲ "မင္း ဘာလုပ္ေနတာလဲ?"

"ငါ မင္းကိုခ်စ္တယ္"

"..."

ကြၽန္ေတာ္ ဦးေႏွာက္ပ်က္ေနၿပီလို႔ သူ ေတြးသြားေလာက္တယ္။

ကြၽန္ေတာ္ကိုယ္တိုင္လည္း ကြၽန္ေတာ့္ဦးေႏွာက္က ေသခ်ာေပါက္ ပ်က္သြားၿပီလို႔ ေတြးမိေနတယ္။

ဒီေလာက္ႏွစ္ေတြအမ်ားႀကီး ဒီေလာက္အခြင့္အေရးေတြအမ်ားႀကီးမွာ အဲ့တာကို ကြၽန္ေတာ္ေျပာလို႔ရတဲ့ အခိုက္အတန႔္ေတြ အခြင့္အေရးေတြအႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ ရွိခဲ့ေပမယ့္ အဆုံးမွာ ဒီလိုေသးေကြးညစ္ပတ္တဲ့ ေဆး႐ုံရဲ႕ ဒီေလာက္ေသးေကြးညစ္ပတ္တဲ့အခန္းထဲမွာ နည္းနည္းေလးေတာင္ မစဥ္းစားဘဲ ၾကည္ႏူးစရာ တစ္စက္ကေလးေတာင္မရွိဘဲ ေျပာခ်မိလိုက္တယ္။

ၿပီးေတာ့ ကြၽန္ေတာ္က စိတ္အားထက္သန္လြန္းေနေသးကာ သူ႔သခင္ရဲ႕ သနားဂ႐ုဏာကို ေတာင္းခံေနတဲ့ ေခြးေလးတစ္ေကာင္လိုမ်ိဳး လက္ကိုေတာင္ ဆန႔္ထုတ္ေပးထားလိုက္ေသးတယ္။

အိမ္မက္ဆန္ဆန္ စိတ္ကူးယဥ္မႈတစ္ခုလိုပဲ။

သူ႔အမူအယာက စိတ္ရႈပ္ေထြးရာကေန အံ့ဩတဲ့အသြင္ကို ေျပာင္းသြားတယ္။ အဲ့ေနာက္ သူ႔မ်က္လႊာကိုခ်ကာ ၿမိဳသိပ္လိုက္သလိုမ်ိဳး အေတာ္ေလးနာက်င္ကာ အနည္းငယ္ေဒါသထြက္ေနပုံလည္း ေပၚတယ္။

ကြၽန္ေတာ္က ဒါနဲ႔ပဲ ထိုက္တန္တယ္ဆိုတာ ကြၽန္ေတာ္သိတယ္။

ဒီေလာက္အေရးပါတဲ့စကားလုံးေတြကို ဒီလိုမ်ိဳး ႀကဳံရာက်ပန္းေနရာနဲ႔ အေလးမထားသလိုပုံမ်ိဳးနဲ႔ ေသခ်ာေပါက္ မေျပာလိုက္သင့္ဘူး။

ကြၽန္ေတာ္ကိုယ္တိုင္ေတာင္မွ မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး။

ဒါေပမယ့္...

"ငါ မင္းကိုခ်စ္တယ္"

ကြၽန္ေတာ္ ေနာက္တစ္ခါ ထပ္ေျပာလိုက္ေတာ့ အသံေတြပါ တုန္ေနတယ္။

ကြၽန္ေတာ္ သူ႔အမူအယာကို ေခ်ာင္းၾကည့္လိုက္ၿပီး ကြၽန္ေတာ့္လက္ထဲက IVကို တိတ္တိတ္ကေလး ခိုးျဖဳတ္လိုက္တယ္။

အကယ္၍ သူသာ အခုခ်ိန္ လွည့္ထြက္သြားမယ္ဆိုရင္ ကြၽန္ေတာ္ အိပ္ရာေပၚကခုန္ထၿပီး ခ်က္ခ်င္း ေနာက္ကလိုက္သြားႏိုင္မွာျဖစ္တယ္။

နာက်င္မႈနဲ႔ နားလည္မႈလြဲတာေတြအားလုံးက ဒီေလာက္အခ်ိန္အၾကာႀကီး နက္ရႈိင္းစြာ ထိုးစိုက္ခံထားရတာေၾကာင့္ ကြၽန္ေတာ့္အတြက္ နည္းနည္းေလာက္ေလး ထပ္ၿပီးေတာ့ေတာင္... ခြင့္ျပဳခ်က္မရေတာ့ဘူး၊ နည္းနည္ေလးပဲ ဆိုရင္ေတာင္မွေပါ့။

****

သူ ထြက္မသြားသလို သူ႔ရဲ႕ခံစားခ်က္ေတြကိုလည္း ေကာင္းေကာင္း ခ်ဳပ္ထိန္းထားတယ္။

သူ အဆင္ေျပေနပုံရေပမယ့္ သူလုံးဝအဆင္ေျပေနတာမဟုတ္ဘဲ အေကာင္းဆုံး ခ်ဳပ္တည္းေနတယ္ဆိုတာကို ကြၽန္ေတာ္ သိတယ္။

ကြၽန္ေတာ္ အိပ္ရာေပၚက ဆင္းလိုက္တယ္။

ကြၽန္ေတာ္လည္း မနည္းလွတဲ့ေသာကတို႔နဲ႔ သူ႔နားကိုဂ႐ုတစိုက္ကပ္သြားကာ ကြၽန္ေတာ့္လက္ေမာင္းေတြထဲ သိုင္းဖက္လိုက္ေတာ့တယ္။ သူကလည္း မ႐ုန္းခဲ့ဘူး။

ပိုးသတ္ေဆးနံ႔၊ တိမ္ထူထပ္ကာ ေနေရာင္ကင္းစင္တဲ့ မနက္ခင္းတစ္ခု။

ကြၽန္ေတာ့္ဘဝမွာ ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္ၿပီးလက္မလႊတ္ခ်င္ေတာ့တဲ့ လူတစ္ေယာက္ကို ဘယ္ေလာက္ေတာင္ ေကာင္းတဲ့အခ်ိန္မ်ိဳးမွာ ဖက္ဖို႔ ေ႐ြးျခယ္မိတာပါလိမ့္။

ကြၽန္ေတာ့္လက္ေမာင္းေတြထဲမွာ သူ အနည္းငယ္ လိမ္တြန႔္သြားၿပီးမွ ျဖည္းျဖည္းခ်င္း တည္ၿငိမ္လာတယ္။ ထို႔ေနာက္ အံကိုႀကိတ္ကာ တိုးတိုးေလး ေျပာလာတယ္ "ေလာ့ယြီခ်န္ လူယုတ္မာ"

"အင္း" ကြၽန္ေတာ္ ေခါင္းၿငိတ္လိုက္တယ္။ ကြၽန္ေတာ္က လူယုတ္မာတစ္ေယာက္။ အဲ့တာကို ကြၽန္ေတာ္ ဝန္ခံတယ္။

ကြၽန္ေတာ္ဆိုသည္မွာလည္း ပေဝႆဏီတည္းက လူယုတ္မာတစ္ေယာက္ျဖစ္ခဲ့ၿပီး ၾကာလြန္းလွၿပီျဖစ္တာေၾကာင့္ အဲ့တာကို ထုတ္ေျပာေနစရာေတာင္ မလိုေတာ့တဲ့အထိပဲ။

"ငါ အစကေတာ့" သူ ေျပာလာတယ္ "ငါ အစကေတာ့ မင္းကိုထပ္ၿပီး ယုံၾကည္ခ်င္ခဲ့မိတာ၊ ဓာတုကုထုံးက တအားနာၿပီး သည္းခံဖို႔ အရမ္းခက္တယ္ ဒါေပမယ့္ မင္းက အဲ့မွန္ရဲ႕တစ္ဖက္ကေန ငါ့ကိုၿပဳံးျပေနတာျမင္ရင္ ပင္ပန္းလို႔ ထိုင္ခုံေပၚမွာ မင္းအိပ္ေပ်ာ္ေနတာကိုျမင္ရင္..."

"အစကေတာ့ ငါခြဲစိတ္ၿပီးလို႔ ႏိုးလာတဲ့အခါက်ရင္ မင္းကို အရင္ဆုံးျမင္ရလိမ့္မယ္လို႔ ထင္ထားခဲ့တာ"

"ဒါေပမယ့္ မင္းက..."

သူက ေျပာရင္း မ်က္လုံးေတြ ရဲတက္လာတယ္။

သူ ကြၽန္ေတာ့္ကို စတင္တြန္းထုတ္ေတာ့တယ္ "ေတာ္ေလာက္ၿပီ၊ ငါ ထပ္မေစာင့္ခ်င္ေတာ့ဘူး"

"ငါပင္ပန္းေနၿပီ အဲ့တာက အရမ္းၾကာလြန္းတယ္ ၿပီးေတာ့ ငါ ထပ္ၿပီး မေစာင့္ခ်င္ေတာ့ဘူး"

"ေရွာင္ဟန္း"

ကြၽန္ေတာ့္(သိကၡာ)ကို လႊင့္ပစ္ကာ သူ႔ကိုဖက္လိုက္တယ္။ သူ ႐ုန္းေနခဲ့ေပမယ့္ ကြၽန္ေတာ္ကေတာ့ လႊတ္မေပးခဲ့ဘူး။ ကြၽန္ေတာ္ တတ္ႏိုင္သမွ် အသည္းအသန္ဖက္ထားတာေၾကာင့္ အဆုံးမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး ၾကမ္းျပင္ေပၚ လဲက်သြားေတာ့တယ္။

ကြၽန္ေတာ္ ပင့္သက္ရႈိက္မိသြားတယ္။

'ဒါဆို လုံေလာက္ၿပီ၊ ငါ သြားခြင့္မေပးႏိုင္ေတာ့ဘူး၊ ငါ မင္းကို ဒီလိုမ်ိဳး ကိုင္ထားၿပီး ေနာက္ထပ္ ဘယ္ေတာ့မွ လႊတ္မေပးေတာ့ဘူး!'

'ဒါေတြအားလုံးက ငါ့အမွားေတြခ်ည္းပဲ'

'အဲ့တာေၾကာင့္ မင္းကို ေနာက္ထပ္ ေရွာင္ေျပးခြင့္မေပးေတာ့ဘူး၊ အဲ့တာထပ္ မင္းက ငါ့ကို ထြက္ေျပးခြင့္ျပဳလိုက္တာမ်ိဳး ေနာက္ထပ္ အျဖစ္မခံေတာ့ဘူး'

ဒါေတြအားလုံးက ကြၽန္ေတာ့္ရဲ႕တုံးအမႈေတြေၾကာင့္ပဲ။ ဒါေတြအားလုံးက ကြၽန္ေတာ့္ရဲ႕ တုံးအမႈတို႔ေၾကာင့္သာျဖစ္တယ္။

သူက ကြၽန္ေတာ့္လက္ေမာင္းေတြထဲမွာ ရွိေနတယ္။ ဒီလိုသက္ဝင္လႈပ္ရွားေနၿပီး စစ္မွန္တဲ့သူကမွ ကြၽန္ေတာ့္ရဲ႕ အဖိုးတန္ရတနာေလးျဖစ္တယ္။ ကြၽန္ေတာ့္ႏွလုံးသားက ခုန္ေပါက္ေနၿပီး သူ႔ကို ကာကြယ္ဖို႔၊ အျမတ္တႏိုးထားဖို႔နဲ႔ ဒီေလာက္ထိ နာက်င္ရတာမ်ိဳး ေနာက္ထပ္မျဖစ္ေတာ့ေအာင္ လုပ္ေပးႏိုင္ဖို႔ အရာအားလုံးထက္ လုံေလာက္တဲ့အားအင္၊ လုံေလာက္တဲ့ ေႏြးေထြးမႈကို လိုခ်င္ေနမိတယ္။

ကြၽန္ေတာ္ အသံတိုးတိုးေလးနဲ႔ ေျပာလိုက္တယ္ 'ေရွာင္ဟန္း ငါမင္းကို ခ်စ္တယ္'

'ငါ ႏႈတ္ဆက္စကားမေျပာဘဲနဲ႔ မထြက္သြားခဲ့ပါဘူး'

ကြၽန္ေတာ့္မ်က္ႏွာကို သူ႔မ်က္ႏွာနဲ႔ ပြတ္သပ္ကာ သူ႔ပါးေတြေပၚကို ထပ္ကာထပ္ကာ တရႈံ႕ရႈံ႕နမ္းေနမိတယ္။ ထိုအခ်ိန္အတြင္းမွာပဲ ကြၽန္ေတာ္ ႐ုတ္တရက္ ေတြးမိလိုက္တယ္၊ မဟုတ္မွ သူတကယ္ သိေနခဲ့တယ္ _ ကြၽန္ေတာ္က ႏႈတ္ဆက္စကားမေျပာဘဲ ထြက္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ေလာက္မွန္း သူသိခဲ့တယ္ ၿပီးေတာ့ အဲ့တာက ဖန္းရွဲ႕ယိရဲ႕လွည့္ကြက္ေတြထဲက တစ္ခုျဖစ္တယ္ဆိုတာ ခန႔္မွန္းမိေလာက္တယ္၊ ဒါေပမယ့္ အဲ့တာကို စုံစမ္းၾကည့္ဖို႔ ေခါင္းမာမာနဲ႔သာ ျငင္းဆန္ခဲ့တာပဲ။

တစ္ႏွစ္လုံး သူ႔ကိုယ္သူ အဆိုးဆုံးကို ေတြးခြင့္ျပဳထားခဲ့တယ္။

ေနာက္ၿပီး ဒီလိုနဲ႔ပဲ သူ႔ကိုယ္သူ ညႇင္းဆဲခဲ့တယ္။

အဲ့တာေတြအားလုံးက ကြၽန္ေတာ္ ျပတ္ျပတ္သားသားမရွိလို႔၊ လုံေလာက္တဲ့ ခြန္အားမရွိလို႔၊ ကြၽန္ေတာ္က သူ႔ကို ကြၽန္ေတာ့္အေပၚ စိတ္ေအးလက္ေအး ယုံၾကည္ႏိုင္ေအာင္ မလုပ္ေပးခဲ့လို႔၊ ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကို ယုံၾကည္ေအာင္ မလုပ္ေပးႏိုင္ခဲ့လို႔သာျဖစ္တယ္။

အခုခ်ိန္ထိေတာင္မွ ကြၽန္ေတာ္က လူေတြ စိတ္ဆိုးေဒါသထြက္ေစေလာက္တဲ့အထိ တုံးအေနဆဲပဲ။

****

ညေရာက္ေတာ့ သူလက္ရွိေနေနတဲ့ေနရာကို ကြၽန္ေတာ္ သူ႔ေနာက္ကေန လိုက္ခဲ့လိုက္တယ္။

တကယ္ေတာ့ ကြၽန္ေတာ္သူ႔ကို တစ္ေနကုန္ တြယ္ကပ္ေနခဲ့တာျဖစ္တယ္။

သူကေတာ့ ကြၽန္ေတာ့္ကို လ်စ္လ်ဴရႈလ်က္ပဲ။

သူက ကြၽန္ေတာ့္ကို မၾကည့္ေပမယ့္ ကြၽန္ေတာ္ကေတာ့ လုံးဝကို ရွက္ေၾကာျပတ္ေနၿပီျဖစ္ကာ သူ႔လက္ေမာင္းတစ္ဖက္ကို မရမက ဖက္တြယ္ထားၿပီး လႊတ္မေပးခဲ့ဘူး။ သူစားေနတုန္းလည္း သူ႔ကို ကပ္ေနတယ္၊ သူအလုပ္လုပ္ေနလည္း ကပ္ေနတယ္ ၿပီးေတာ့ အိမ္ကို လမ္းေလွ်ာက္ျပန္တဲ့အခါမွာလည္း တစ္လမ္းလုံး သူ႔တံခါးေပါက္ဝထိ တြယ္ကပ္ေနခဲ့တယ္။

သူက ကြၽန္ေတာ့္ကို သူ႔အိမ္ထဲ မဝင္ေစခ်င္တာ သိသာေပမယ့္ ကြၽန္ေတာ္ကေတာ့ သူ႔ကိုဆြဲထားကာ လႊတ္ေပးဖို႔ ျငင္းဆန္ခဲ့လိုက္တယ္။

သူလည္း တျခားေ႐ြးျခယ္စရာမရွိေတာ့ဘူး။ သူ တံခါးေရွ႕မွာ ထိုင္ခ်လိုက္ၿပီး ဝင္လည္းမဝင္သြားဘဲ ေျမႀကီးကိုစိုက္ၾကည့္ကာ ဘာတစ္ခြန္းမွမေျပာဘဲ ေနေနတယ္။

ဒီလိုဒီဇင္ဘာလရဲ႕ ရာသီဥတုမ်ိဳးမွာ ကြၽန္ေတာ္က သူ႔ကိုလိုက္ကပ္ေနၿပီး သူကေတာ့ ကြၽန္ေတာ့္ကို တြန္းထုတ္ေနတယ္။ တကယ္ေတာ့ တျခားအေဆာက္အအုံေတြမရွိတာေၾကာင့္ ဒီစႀကႍလမ္းက အေတာ္ေလးေအးေနတုန္းျဖစ္တယ္။

ကြၽန္ေတာ့္ရဲ႕အေပၚကုတ္ကိုခြၽတ္ၿပီး သူ႔ကို လႊမ္းေပးထားလိုက္တယ္။

ကြၽန္ေတာ္ကိုယ္တိုင္လည္း အနည္းငယ္တုန္ယင္ကာ အစာအိမ္က ျပန္ၿပီးနာက်င္လာတဲ့အထိ စိမ့္ေနေအာင္ ေအးလွတယ္။ ကြၽန္ေတာ္က ေဆး႐ုံမွာ ေနာက္ထပ္ႏွစ္ရက္ေလာက္ ေနသင့္တယ္လို႔ ဆရာဝန္ေျပာခဲ့ေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီတိုင္း ေျပးထြက္လာခဲ့မိတယ္။

ကြၽန္ေတာ္ နာက်င္ေနတဲ့ေနရာကို လူမသိေအာင္ ခိုးၿပီးဖိလိုက္ခ်ိန္မွာပဲ သူ မတ္တပ္ရပ္သြားတယ္။

သူ႔ကိုဆြဲထားတဲ့ ကြၽန္ေတာ့္လက္ကလည္း ႐ုတ္တရက္ ဘာမွမရွိျဖစ္သြားတယ္။ သူ တံခါးဖြင့္လိုက္တယ္ဆိုရင္ပဲ ေငြေရာင္အလင္းေလးတစ္ခု ေပၚထြက္လာတယ္။ သူက ထိုအေပၚကုတ္ကို ကြၽန္ေတာ့္ဆီျပန္ပစ္လိုက္ကာ သူ႔ဖာသာ အိမ္ထဲဝင္သြားေတာ့တယ္။

ကြၽန္ေတာ့္အတြက္ ကြၽန္ေတာ့္လက္ေတြက ႐ုတ္တရက္ႀကီး ဘာမွကိုင္စရာမရွိေတာ့ဘဲ စြန႔္ပစ္ခံလိုက္ရတဲ့ ေခြးတစ္ေကာင္လို စိတ္မခ်မ္းမသာျဖစ္သြားေတာ့တယ္။

ဒါေပမယ့္ ဂ႐ုတစိုက္ စမ္းစစ္ၾကည့္လိုက္တဲ့အခါမွာေတာ့ တံခါးက လုံးဝႀကီးပိတ္မသြားဘူးဆိုတာ ေတြ႕လိုက္ရတယ္။

သူက ကြၽန္ေတာ့္ကို ဝင္ခြင့္ေပးတယ္မေပးဘူးဆိုတာ ရွင္းရွင္းလင္းလင္း မေျပာသြားတာေၾကာင့္ သူ စိတ္ဆိုးမွာ ေၾကာက္တာရယ္ ဝင္ဖို႔မရဲတာရယ္ေၾကာင့္ ကြၽန္ေတာ္လည္း ထိုတံခါးအျပင္ဘက္မွာ တုံးအစြာရပ္ေနမိတယ္။ ေရခ်ိဳးတဲ့အသံ၊ အဲ့ေနာက္မွာ အနည္းငယ္လႈပ္ရွားေနတဲ့အသံတခ်ိဳ႕နဲ႔ ေနာက္ဆုံး ကြၽန္ေတာ့္နားထဲမွာ ဘာသံမွမၾကားရေတာ့ဘဲ တိတ္ဆိတ္သြားတဲ့အထိ ကြၽန္ေတာ္ ေစာင့္ေနလိုက္တယ္။

ကြၽန္ေတာ္ ခဏေလာက္အခ်ိန္ဆြဲေနၿပီးမွ တံခါးကို အသာေလးတြန္းဖြင့္လိုက္တယ္။

အျပင္ဘက္က ကြၽန္ေတာ့္ကို ခိုက္ခိုက္တုန္ေနေစတဲ့ အပူခ်ိန္ကေန ႐ုတ္တရက္ ေႏြးေထြးမႈအျဖစ္ ေျပာင္းလဲသြားတယ္။

သူ အိပ္ေပ်ာ္သြားၿပီလို႔ ကြၽန္ေတာ္ ထင္လိုက္ေပမယ့္ သူက လက္ရွိမွာ ေရခ်ိဳးဝတ္စုံဝတ္ထားၿပီး ေထာင့္နားက ထိုင္ခုံတစ္ခုံမွာထိုင္ကာ ေရေသာက္ေနမယ္လို႔ ကြၽန္ေတာ္ စိတ္မကူးမိခဲ့ဘူး။ ေရခ်ိဳးဝတ္စုံက သူ႔ရင္ဘတ္ကို ေပၚေနေစၿပီး ထိုအေပၚမွာ ေရစက္တခ်ိဳ႕ တင္က်န္ေနတုန္းပဲျဖစ္တယ္။

ရႈေထာင့္တိုင္းက သူ႔ကို ေျပာမျပႏိုင္ေအာင္ ဆြဲေဆာင္မႈရွိေနေစတယ္။

ကြၽန္ေတာ္ စိုက္ၾကည့္ေနရင္းနဲ႔ ကြၽန္ေတာ့္ဦးေႏွာက္ေတာင္ ေပ်ာ့ၿပဲက်လာသလိုပဲ။

သူကေတာ့ ကြၽန္ေတာ့္ကို လ်စ္လ်ဴရႈကာ ေနေနတယ္။ ေရခဲတမွ် ေအးစက္ေနတဲ့အေနအထားနဲ႔ သူက ကြၽန္ေတာ့္ဆီ သဘတ္တစ္ထည္ လွမ္းပစ္ေပးလိုက္ၿပီးေနာက္ ျပန္လွည့္ကာ သူ႔ဖာသာ အိပ္ခန္းထဲ ဝင္သြားေတာ့တယ္။

ကြၽန္ေတာ့္ဖာသာ ကတိုက္က႐ိုက္ ေရခ်ိဳးသန႔္စင္လိုက္ၿပီး ေရခ်ိဳးဝတ္စုံတစ္ထည္ကို လဲလိုက္တယ္။ ကြၽန္ေတာ္ အိပ္ခန္းထဲ ဝင္လိုက္ခ်ိန္မွာ သူက ေစာင္ပါးေလးတစ္ထည္တည္းနဲ႔ အိပ္ေတာင္ေပ်ာ္ေနၿပီဆိုတာ ေတြ႕လိုက္ရတယ္။ ေရခ်ိဳးဝတ္စုံရဲ႕ခါးစည္းက ေျပက်ေနၿပီး သူ႔ရဲ႕ညႇပ္႐ိုးေတြ၊ ရင္ဘတ္နဲ႔ ရွည္သြယ္သြယ္ေျခေထာက္ေတြအားလုံးကို အတိုင္းသား ျမင္ေနရတယ္။

ကြၽန္ေတာ္ အေတာ္ေလး ကူကယ္ရာမဲ့ေနေတာ့တယ္။

သူ ကြၽန္ေတာ့္ကို အိမ္ထဲဝင္ခြင့္ျပဳလိုက္မွေတာ့ ဒီလိုမ်ိဳး အကာအကြယ္မဲ့ေနတာမ်ိဳး မျဖစ္သင့္ဘူး။

ကြၽန္ေတာ္ တံေတြးၿမိဳခ်ကာ သူ႔နားကပ္လိုက္တယ္။

သူ႔ၾကည့္ရတာ အိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖစ္ေနပုံရတယ္၊ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ရဲ႕လႈပ္ရွားမႈေတြေၾကာင့္ ႏိုးသြားခ်ိန္မွာ မ်က္လုံးေတြ အနည္းငယ္ပြင့္ဟလာၿပီး အၿပဳံးမမည္တဲ့ အၿပဳံးတစ္ပြင့္ ျပသလာတယ္။

သူ ကြၽန္ေတာ့္ကို ၿပဳံးျပလာခ်ိန္မွာ ကြၽန္ေတာ္ စိတ္ေက်နပ္တာေရာ စိတ္ရႈပ္ေထြးတာကိုပါ ခံစားလိုက္ရတယ္။ ထို႔ေနာက္ သူက ကြၽန္ေတာ့္ရဲ႕ေရခ်ိဳးဝတ္စုံကို လက္တစ္ဖက္နဲ႔လွမ္းကိုင္ကာ ကြၽန္ေတာ့္ကို ဆြဲခ်ၿပီး ဒီအတိုင္း နမ္းလာတယ္။ ထိုခဏမွာ သူ႔ရဲ႕ႏႈတ္ခမ္းေတြေပၚက အယ္လ္ကိုေဟာအရသာကို ရလိုက္တာေၾကာင့္ ကြၽန္ေတာ္ အားလုံးကို နားလည္သြားေတာ့တယ္။ ခုနက သူေရေသာက္ေနတာမဟုတ္ဘဲ အယ္လ္ကိုေဟာကို တက်ိဳက္က်ိဳက္နဲ႔ ေမာ့ခ်ခဲ့တာပဲျဖစ္တယ္။

သူ...

ကြၽန္ေတာ္ အနည္းငယ္စိုးရိမ္သြားရတယ္။ သူ႔ခႏၶာကိုယ္က အဲ့ေလာက္ ေသာက္ႏိုင္ရဲ႕လားဆိုတာကို ကြၽန္ေတာ္ ေမးခ်င္မိတယ္။ အခုခ်ိန္မွာ သူက အရမ္းပိန္ေနတုန္းျဖစ္ၿပီး အသားအေရကလည္း လုံးဝက်န္းမာေနတဲ့ပုံမ်ိဳး မဟုတ္ေသးဘူး၊ အဲ့တာေၾကာင့္ သူ႔ကို ေစာင့္ေရွာက္ဖို႔ တစ္စုံတစ္ေယာက္လိုတယ္၊ အယ္လ္ကိုေဟာလိုတာ မဟုတ္ဘူး။

ဒါေပမယ့္ သူက ကြၽန္ေတာ္ေျပာတာ နားမေထာင္ဘူး။

သူက အရင္စကာ လက္တစ္ဖက္ဆန႔္ထုတ္ၿပီး ကြၽန္ေတာ့္ရဲ႕ေရခ်ိဳးဝတ္စုံကို ဆြဲဖြင့္လာတယ္။

သူ႔ႏႈတ္ခမ္းေတြက နီးကပ္လာတယ္။ သူက ကြၽန္ေတာ့္ကို ၾကည့္ေနၿပီး အမူအယာကလည္း ဟန္ေဆာင္မႈတို႔ ကင္းစင္ေနတယ္။

ကြၽန္ေတာ္က ယုံၾကည္ခ်က္ရွိရွိနဲ႔ ေခါင္းကို မငုံ႔ခ်လိုက္ႏိုင္တာေၾကာင့္ သူ႔ကို ဖြဖြေလးသာ နမ္းလိုက္တယ္။

ကြၽန္ေတာ္တို႔ႏႈတ္ခမ္းေတြ ႏူးညံ့စြာ ထိကပ္သြားၿပီး သူ႔ရဲ႕လႈပ္ရွားမႈေတြက ဘာကိုဆိုလိုခ်င္တာလဲဆိုတာကို ေတြးၾကည့္ႏိုင္ဖို႔ ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားလိုက္တယ္။ အယ္လ္ကိုေဟာေၾကာင့္ သတၱိေတြရလာၿပီး ကြၽန္ေတာ့္ကို ေနာက္ထပ္ခြင့္လႊတ္ေပးဖို႔ ႀကိဳးစားေနတာလား? ဒါမွမဟုတ္ သူ အိပ္ခ်င္မူးတူးျဖစ္ေနတဲ့အခ်ိန္မွာ အရာအားလုံးကို ေမ့ႏိုင္သြားၿပီး ကြၽန္ေတာ့္ကို ေနာက္တစ္ႀကိမ္ လက္ခံလာတာလား?

ကြၽန္ေတာ့္ႏွလုံးသားက ထိုးကိုက္နာက်င္လာတယ္။

ကြၽန္ေတာ့္ရဲ႕ျပစ္မႈေတြေၾကာင့္ သူက သူ႔ရဲ႕ႏူးညံ့မႈေတြအားလုံးကို ဖုံးကြယ္ထားရတာ။

ကြၽန္ေတာ္သူ႔ခါးကို လွမ္းဆြဲကာ ျပန္မလႊတ္ေပးႏိုင္ျဖစ္ေနတယ္။

ကြၽန္ေတာ္တို႔ေတြ တစ္ေယာက္ကိုတစ္ေယာက္ ေရလို ညင္သာစြာ သြားနဲ႔တတိတိကိုက္ေနၾကၿပီး ကြၽန္ေတာ္ကလည္း အစြမ္းကုန္ ဂ႐ုတစိုက္ရွိခဲ့ၿပီး အင္အားနည္းနည္းေလးေတာင္ မသုံးရဲဘူး။

ဒီလိုအိမ္မက္ဆန္တဲ့အခိုက္အတန႔္အတြင္းမွာ ကြၽန္ေတာ့္လက္က အိပ္ရာေဘးနားကို ေခ်ာ္က်သြားၿပီး ႏူးညံတဲ့ခပ္ပြပြတစ္စုံတစ္ရာကို ထိမိသြားတယ္။ အထိအေတြ႕က သိပ္ကို တရင္းတႏွီးရွိလွတယ္။ ဘာေၾကာင့္ဆို ကြၽန္ေတာ္ တစ္ခ်ိန္က ဒီလိုအရာမ်ိဳးကို ရက္ေပါင္းမ်ားစြာ ေပြ႕ဖက္ရင္း ကြၽန္ေတာ့္အတြက္ အေရးအပါဆုံးလူကို ဆုံးရႈံးရမွာ အထိတ္တလန႔္နဲ႔ ေစာင့္ေနခဲ့ဖူးတာေၾကာင့္ ခံစားခ်က္က အေတာ့္ကို နက္ရႈိင္းလွတယ္။

ၿပီးေတာ့ ကုတင္ေအာက္မွာ ျပဳတ္က်ေနတဲ့အရာက ထိုအေမႊးပြေခြး႐ုပ္ႀကီးသာျဖစ္တယ္။

သူ အဲ့တာကို သိမ္းထားတုန္းပဲ။

သူ ဒီေခြး႐ုပ္ကို ဘယ္တုန္းကမွ လႊင့္မပစ္ခဲ့ဘူးပဲ။

ကြၽန္ေတာ့္မ်က္လုံးေတြကလည္း ႏွလုံးသားနည္းတူ အရမ္းနာက်င္လာရတယ္။

ထိုသို႔ နာက်င္ေနရင္းနဲ႔ပဲ အေႏြးဓာတ္ေလးတစ္ခုက ဗလုံစီကာ ထြက္ေပၚလာတယ္။ ကြၽန္ေတာ္ ေနာက္တစ္ဖန္ အသက္ျပန္ရွင္လာရသလိုမ်ိဳး ထိုအလင္းတန္းအေသးေလးက အေမွာင္ထုထဲကို ျဖတ္ေက်ာ္ကာ ေတာက္ပေနသလိုေတာင္ ထင္ရတယ္။

****

ကြၽန္ေတာ္ စဥ္းစားလို႔ရသမွ် နည္းလမ္းေတြကိုသုံးကာ သူခံစားလို႔ေကာင္းေစဖို႔ ကြၽန္ေတာ္ အေကာင္းဆုံးလုပ္ေပးခဲ့တယ္။

ကြၽန္ေတာ္တို႔ေခြၽးေတြေၾကာင့္ အိပ္ရာခင္းေတြလည္း ႐ႊဲ႐ႊဲစိုကုန္တယ္။

ေနာက္တစ္ေန႔ ကြၽန္ေတာ္ ႏိုးလာခ်ိန္မွာ ေန႔လည္ေတာင္ျဖစ္ေနၿပီ။

ေနေရာင္က ျပတင္းေပါက္ကို ျဖတ္ေက်ာ္ကာ အိပ္ရာခင္းစေတြေပၚ ျဖာက်ေနၿပီး အျပင္ဘက္ေကာင္းကင္းကေတာ့ ေအးခ်မ္းကာ တိမ္ကင္းစင္ေနတယ္။

ကြၽန္ေတာ္ ကုတင္ေအာက္က အေမႊးပြေခြး႐ုပ္ကို ဆြဲယူလိုက္ေတာ့ အဲ့တာက အရင္အတိုင္း ႐ူးေၾကာင္ေၾကာင္အမူအယာနဲ႔ ရွိေနတုန္းပဲဆိုတာ​ ေတြ႕လိုက္ရတယ္။ ေရွာင္ဟန္းက ျပတင္းေပါက္နားမွာ စာအုပ္တစ္အုပ္ဖတ္ေနၿပီး ပူပူေႏြးေႏြး ေကာ္ဖီတစ္ခြက္ကို စားပြဲခုံအေသးေလးေပၚမွာ တင္ထားကာ ရနံ႔ကလည္း ေမႊးပ်ံ႕လို႔ေနတယ္။

ကြၽန္ေတာ္ ႏိုးလာတာကိုျမင္ေတာ့ သူက ကြၽန္ေတာ့္ဆီ ထိုေကာ္ဖီကို လွမ္းေပးလာတယ္။

"ဒီမွာ"

မ်က္ႏွာသာ ေပးခံရတာေၾကာင့္ ကြၽန္ေတာ္ လႈိက္ခနဲျဖစ္သြားရတယ္။

ကြၽန္ေတာ္ တကယ္တုန္လႈပ္မိတယ္။ သူ ဘာကိုဆိုလိုခ်င္မွန္း ကြၽန္ေတာ္ မသိဘူး။ မေန႔ညတုန္းက အလြန္တရာသိမ္ေမြ႕ၿပီး ခ်ိဳၿမိန္ခဲ့တယ္ဆိုေပမယ့္ အဓိကအခ်က္က ကြၽန္ေတာ့္ကို ေဘာင္ေက်ာ္တယ္လို႔ မသတ္မွတ္တာေၾကာင့္ သူ စိတ္ဆိုးမေနတာလား?

ကြၽန္ေတာ့္ကို မနက္စာလုပ္ေပးတယ္ဆိုမွေတာ့ ကြၽန္ေတာ့္ကို ထပ္ၿပီး အျပစ္မတင္ေတာ့ဘူးလို႔ ေျပာခ်င္တာလား? ကြၽန္ေတာ့္ကို ခြင့္လႊတ္လိုက္တာလား?

ဒါေပမယ့္ ဘယ္လို... ကြၽန္ေတာ္က ခြင့္လႊတ္မႈနဲ႔ ထိုက္တန္လို႔လား?

ကြၽန္ေတာ္လည္း ရင္တမမနဲ႔ ေကာ္ဖီေသာက္လိုက္တယ္။

ကြၽန္ေတာ္ ေသာက္ၿပီးတဲ့အခါ သူက ေပါင္မုန႔္တခ်ိဳ႕ ေပးလာျပန္တယ္။

အဲ့တာက တအားႏူးညံ့တယ္ဆိုေပမယ့္ ကြၽန္ေတာ္ကေတာ့ ဘာအရသာမွေတာင္ မခံႏိုင္ဘဲ စားျဖစ္သြားတယ္။

ထို႔ေနာက္ သူက ကြၽန္ေတာ့္ကို ေမးလာတယ္ "မင္းမွာ ဘာမွေျပာစရာမရွိဘူးလား? မေန႔ညတုန္းကအေၾကာင္း?"

ကြၽန္ေတာ္ စိုးရိမ္တႀကီးနဲ႔ ထိတ္လန႔္ေနၿပီး သူမေပ်ာ္မ႐ႊင္ျဖစ္မွာကို ေၾကာက္႐ြံ႕ေနမိတယ္ "မင္း ေသာက္တာ အရမ္းမ်ားသြားလို႔ မမွတ္မိတာျဖစ္ေလာက္မယ္၊ ဒါေပမယ့္ ငါ၊ ငါတကယ္ မင္းကို အတင္းအက်ပ္မလုပ္ခဲ့ပါဘူး"

"..."

"..."

မဟုတ္တဲ့ကိစၥကိုမွ ေနာက္ထပ္ စြဲေနရေလာက္တဲ့အထိ ကြၽန္ေတာ္က အ႐ူးတစ္ေယာက္ဆိုတာ ရွင္းလင္းလွတယ္။

သူက အေတာ့္ကို ေဒါသထြက္ေနၿပီး မ်က္ႏွာကလည္း ေတာ္ေတာ္ေလး နီရဲေနတယ္။

ကြၽန္ေတာ္လည္း အေကာင္းဆုံးႀကိဳးစားကာ တျခားတစ္ခုကို ေျပာမလို႔လုပ္လိုက္ေပမယ့္ သူက လက္တစ္ဖက္ေျမႇာက္လာကာ ကြၽန္ေတာ့္ရဲ႕ႏွဖူးမွာ လက္ဖဝါးလာကပ္ေတာ့တယ္ "မေန႔ညတုန္းက မင္း အဖ်ားနည္းနည္းရွိေနေပမယ့္ ၾကည့္ရတာ က်သြားတဲ့ပုံပဲ"

သူ႔လက္က အနည္းငယ္ေအးစက္ေနတယ္။ ကြၽန္ေတာ္လည္း လွမ္းကိုင္ကာ ဆြဲထားလိုက္ၿပီး ျပန္မလႊတ္ေပးခ်င္ျဖစ္ေနမိတယ္။

သူက ကြၽန္ေတာ့္ကို ၾကည့္ေနၿပီး ကြၽန္ေတာ္ကလည္း သူ႔ကို ၾကည့္ေနမိတယ္။

"ေကာင္းၿပီေလ" အၾကာႀကီးေနမွ သူေျပာလာတယ္ "ငါ အားလုံးသိတယ္"

သူက ကြၽန္ေတာ့္ေဘးမွာထိုင္ကာ သက္ျပင္းတစ္ခ်က္ခ်ရင္း ေျပာလာတယ္ :

"ငါက ဒီတိုင္း ေဒါသထြက္သြားတာ"

"..."

"မင္းက ဖန္းရွဲ႕ယိဆီမွာ အလွည့္စားခံလိုက္ရတဲ့အထိ တုံးလို႔ ေဒါသထြက္တာ"

"မသိရင္ ငါက ေသခ်ာေပါက္ ေစာင့္ေနမယ့္အတိုင္း မင္းက သိပ္ကိုေသခ်ာေနၿပီး ငါ့ကို ေစာင့္လို႔ေျပာသြားခဲ့လို႔ စိတ္တိုတာ၊ ဟုတ္တာေပါ့ ငါက ေစာင့္ေနမွာေပါ့ ၿပီးေတာ့ ငါက ဟိုးတုန္းကတည္းက ေစာင့္ေနရတာနဲ႔ အသားက်ေနၿပီပဲဟာကို၊ ဒါေပမယ့္ ဘယ္သူသိမွာလဲ _ မင္း အခ်ိန္မွီ တကယ္ျပန္လာပါ့မလားဆိုတာ ဘယ္သူသိမွာလဲ၊ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် မင္းက မင္းကတိကို ေနာက္တစ္ႀကိမ္ ထပ္မျဖတ္ဘူးလို႔ ဘယ္သူသိမွာလဲ"

ကြၽန္ေတာ့္လက္ေခ်ာင္းထိပ္ေတြ အနည္းငယ္တုန္ယင္သြားတယ္။

ကြၽန္ေတာ့္ႏႈတ္ခမ္းေဘးမွာ သူ႔လက္ကို ေနရာခ်ေပးလိုက္ၿပီးေနာက္ ေခါင္းသာ ငုံ႔မိလိုက္ေတာ့တယ္။

ဟုတ္တာေပါ့ ကြၽန္ေတာ္ ဘယ္လိုလုပ္ၿပီး အဲ့ေလာက္ေတာင္ တုံးအႏိုင္ရတာလဲ။ ဖန္းရွဲ႕ယိက ကြၽန္ေတာ့္ကို ဘယ္ေလာက္ပဲ လွည့္စားဖို႔ ႀကိဳးစားေနခဲ့ပါေစ ကြၽန္ေတာ္ ေနေနခဲ့သင့္တာ။

အဲ့တာ ကြၽန္ေတာ့္အမွားပဲ။ ကြၽန္ေတာ္က ဘယ္လိုလုပ္ ကိစၥေလးတစ္ခုေတာင္ မွန္ကန္ေအာင္ မလုပ္ႏိုင္ရတာလဲ။ ဘာေၾကာင့္မ်ား ဆုံးျဖတ္ခ်က္ေလးတစ္ခုေတာင္ မည္မည္ရရမခ်ႏိုင္ရတာလဲ။

ကြၽန္ေတာ့္ရဲ႕ဗ႐ုတ္သုတ္ခႏိုင္မႈက ခုခ်ိန္ထိေတာင္ သူ႔ႏွလုံးသားကို နာက်င္ေစတုန္းပဲ။

ထိုအခိုက္အတန႔္မွာ ကြၽန္ေတာ္ ႐ုတ္တရက္ ေတြးမိလိုက္တာက၊ တကယ့္ကိုအမွန္တကယ္ ေတြးမိလိုက္တာက၊ ေတာင္အေမရိကလြင္ျပင္ထဲမွာ အဲ့က်ားသစ္ရဲ႕ အစားသာခံခဲ့ရရင္ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲလို႔သာျဖစ္တယ္။

အဲ့လိုသာဆို သူလည္း ကြၽန္ေတာ့္ကို ေမ့သြားၿပီး အသစ္တစ္ေယာက္ ရွာသြားႏိုင္လိမ့္မယ္။

ဉာဏ္ေကာင္းကာ ခ်စ္ဖို႔လည္းေကာင္းၿပီး စဥ္းစားေပးတတ္တဲ့ ခ်စ္သူတစ္ေယာက္။

ေရွာင္လုလိုမ်ိဳး။

ေနာက္ၿပီး ကြၽန္ေတာ့္ကို တစ္သက္စာ ေမ့သြားလိမ့္မယ္။

ေနာက္ၿပီး သူမျမင္ႏိုင္တဲ့ တစ္ေနရာမွာ ကြၽန္ေတာ္လည္း စိတ္ဆင္းရဲမႈေတြကို တစ္သက္တာ ခံသြား႐ုံပဲ။

"ရပါတယ္၊ အဲ့တာေတြအားလုံး... ၿပီးသြားခဲ့ၿပီပဲ" သူက လက္ကိုဆန႔္ထုတ္ကာ ကြၽန္ေတာ့္ပါးေတြကို အသာေလးညႇစ္လာတယ္ "အခုေတာ့ မင္းျပန္လာၿပီေလ"

သူက ကြၽန္ေတာ့္ကိုၾကည့္ေနၿပီး သူ႔အၾကည့္က ႏူးညံ့ေနဆဲပဲ။

"ေလာ့ယြီခ်န္"

"ဟင္?"

"မင္း အမ်ားႀကီးပိန္သြားတယ္ ၿပီးေတာ့ မည္းလည္းမည္းသြားတယ္"

"ဒါက အရမ္းကိုခက္ခဲတဲ့ ျပည္ပခရီးေတြ ျဖစ္ခဲ့ေလာက္တယ္ ဟုတ္လား?"

သူက ၿပဳံးေနၿပီး ေနာက္တစ္ႀကိမ္ သက္ျပင္းအသာခ်ျပန္တယ္။

"တခ်ိန္လုံး ငိုခ်ေတာ့မယ့္ပုံမ်ိဳး လုပ္မေနနဲ႔၊ မင္းၾကည့္ရတာ အဲ့ေခြး႐ုပ္ထက္ေတာင္ ပိုၿပီး ေပါေၾကာင္ေၾကာင္႐ုပ္ေပါက္ေနေသးတယ္"

"ငါတို႔ခ်င္း သိလာတာပဲ ဒီေလာက္အၾကာႀကီးရွိေနၿပီ အဲ့တာေၾကာင့္မို႔ မင္းတုံးတာေရာ ငါၾကားခ်င္တဲ့စကားလုံးေတြကို မေျပာႏိုင္ဘူးဆိုတာကိုေရာ ငါသိတယ္"

"အဲ့တာေၾကာင့္ ငါ့ဖာသာပဲ မင္းကို ေမးေတာ့မယ္"

"ေလာ့ယြီခ်န္၊ ဒီမွာေနၿပီး ေနာက္တစ္ေခါက္ ငါနဲ႔တြဲၾကမလား? ငါတို႔ ေနာက္ထပ္ ျပန္စလို႔ရတယ္၊ ၿပီးေတာ့ အဲ့တာက အဆင္ေျပတယ္ဆိုရင္ ငါတို႔ အၿမဲတမ္း တစ္ေလွ်ာက္လုံး အတူေနသြားလို႔ရမလား?"

"..."

ေနာက္မိနစ္ပိုင္းအတြင္းမွာပဲ ကြၽန္ေတာ္သူ႔ကိုဖက္လိုက္ကာ အသည္းအသန္နမ္းရႈံ႕ၿပီး သူ႔ႏႈတ္ခမ္းေတြကိုပါ ကိုက္ေတာ့တယ္။

ကြၽန္ေတာ္တို႔ ေလဆက္ျပတ္တဲ့အထိ နမ္းၿပီးတဲ့ေနာက္မွသာ ကြၽန္ေတာ္ စိတ္မပါတပါနဲ႔ ျပန္လႊတ္လိုက္ေပမယ့္ သူ႔ကိုေတာ့ တင္းတင္းက်ပ္က်ပ္ဖက္ထားတုန္းျဖစ္ၿပီး အသက္ရႈလို႔မရႏိုင္တဲ့အထိ ခ်ဳပ္ေႏွာင္ခံထားရသလို ခံစားေနရတုန္းပဲ။

ကြၽန္ေတာ္ ေခါင္းၿငိတ္လိုက္တယ္။ ကြၽန္ေတာ္ တတ္ႏိုင္သမွ် ေခါင္းကို ၿငိတ္ျပလိုက္တယ္။

ဒါေပမယ့္ ကြၽန္ေတာ့္ရင္ဘတ္ကေတာ့ အရမ္းနာက်င္ေနတုန္းပဲ။

အၿမဲတမ္း တစ္ေလွ်ာက္လုံး အတူေနသြားၾကမယ္။

"ေရွာင္ဟန္း"

"ဟုတ္တယ္ ေရွ႕ေလွ်ာက္ ငါတို႔ေတြ အၿမဲတမ္းအတူေနသြားၾကရေအာင္"

'ငါ့ရဲ႕စိတ္င္းနဲ႔အားင္ေတြအားလုံး ခမ္းေျခာက္တဲ့အထိင္းကို ခ်စ္သြားမယ္'

'မင္းကို လုပ္ေပးလို႔ရတာမွန္မွ် အားလုံးလုပ္ေပးမယ္'

'ဒါေပမယ့္ ဒါေပမယ့္'

'မင္း သိမွာဟုတ္ဘူး'

'ငါကေတာ့ ငါ့ကိုယ္ငါ ဘယ္ေတာ့မွ ခြင့္လႊတ္ေပးႏိုင္မွာဟုတ္ဘူး'

ကြၽန္ေတာ္ရလိုက္တဲ့အခ်စ္ေၾကာင့္ အ႐ူးအမူးဝမ္းသာသြားရၿပီး ကြၽန္ေတာ္ရလိုက္တဲ့ ခြင့္လႊတ္မႈေၾကာင့္ ကြၽန္ေတာ္ ေၾကာက္လန႔္ေနမိတယ္။ ကြၽန္ေတာ္က မသင့္ေလ်ာ္မွန္း ကြၽန္ေတာ္သိတယ္။ ဘယ္ေလာက္ေတာင္ မ်ားျပားတဲ့ကံေကာင္းမႈကို ေပးအပ္ခံလိုက္ရလဲဆိုတာ ကြၽန္ေတာ္သိတယ္။

'အဲ့တာေၾကာင့္ရွာင္န္း၊ ငါမင္းကို အရာအားလုံးထက္ ပိုပီးခ်စ္သြားေပးယ္ ဒါေပမယ့္ ငါ့ကိုယ္ငါေတာ့ယ္ေတာ့မွ ခြင့္လႊတ္ေပးႏိုင္ဘူး'

'လုံးဝပဲထာဝရစာ'

****

****

ကြၽန္ေတာ္တို႔ ျပန္စတင္ဖို႔ ဆုံးျဖတ္ၿပီးတဲ့ေနာက္မွာ ေန႔ရက္ေတြက အိမ္မက္တစ္ခုလို႔ပဲ။

ကြၽန္ေတာ္ အရာအားလုံးကို သတိႀကီးႀကီးထားကာ ကြၽန္ေတာ့္ရဲ႕ပူပန္မႈကို သူသတိမထားမိေအာင္ အေကာင္းဆုံးႀကိဳးစားခဲ့တယ္။

ဒါေပမယ့္ သူက ကြၽန္ေတာ့္ကို ေကာင္းေကာင္းႀကီး နားလည္ေနတယ္။ သူသိေနတာေၾကာင့္ တစ္ခါတစ္ရံ ၿပဳံးျပတတ္ၿပီး၊ ကြၽန္ေတာ္အဖို႔ အစိတ္အပိုင္းေလးေတြကအစ ခ်စ္ရတဲ့ အဆုံးမရွိစိတ္လႈပ္ရွားေစတဲ့ အကူအကယ္မဲ့ကာ အလိုလိုက္ခံေနရတယ္ဆိုတဲ့ အမူအယာမ်ိဳးေလးလုပ္ကာ ေျပာတတ္တယ္ "ဒါက ဘာျဖစ္တာလဲ? မင္း ပုံမွန္အတိုင္း ဘယ္လိုေနရမလဲဆိုတာ မသိေတာ့တာလား?"

"ငါတို႔ေတြ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ပဲ ခြဲခဲ့ရတာပါကြာ၊ မင္းက ၿပီးခဲ့တဲ့ဆယ္ႏွစ္တုန္းက ငါတို႔ဘယ္လိုေက်ာ္ျဖတ္ခဲ့တယ္ဆိုတာ ေမ့သြားၿပီလား?"

ကြၽန္ေတာ္ ဘယ္ေမ့ပါ့မလဲ။

ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ကြၽန္ေတာ္ တတ္ႏိုင္သမွ် ႏွိမ့္ခ်ၿပီးေနေနမိတယ္။ ထိုဆယ္ႏွစ္အတြင္း ကြၽန္ေတာ္လုပ္ခဲ့သလိုမ်ိဳး ဘယ္လိုလုပ္ အထိန္းအကြပ္မရွိ ျပဳမူရဲပါအုံးေတာ့မလဲ။

ကြၽန္ေတာ္ အမွန္တကယ္ကို ႐ြက္သစ္တစ္ခုအျဖစ္ေျပာင္းလဲၿပီး ခ်စ္သူေကာင္းတစ္ေယာက္အျဖစ္ ျပဳမူခ်င္တယ္။

သူ႔ကို ဘာေနာင္တတရားမွ မခံစားေစခ်င္ဘူး၊ ေနာက္ၿပီး တစ္ေန႔မွာ ကြၽန္ေတာ့္ကို တံခါးကေန ေမာင္းထုတ္လိုက္တာမ်ိဳးလည္း မျဖစ္ေစခ်င္ေတာ့ဘူး၊ အဲ့လိုသာဆို ကြၽန္ေတာ္ တကယ္ ႐ူးသြားေလာက္တယ္။

ဘယ္လိုခ်က္ျပဳတ္ရမယ္ဆိုတာနဲ႔ မ်ိဳးစုံေသာအိမ္မႈကိစၥေတြကို ဘယ္လိုမ်ိဳး ထိန္းသိမ္းရမယ္ဆိုတာကို ကြၽန္ေတာ္ အစြမ္းကုန္ စတင္သင္ယူေတာ့တယ္။

ရလဒ္ေတြကေတာ့ ကြၽန္ေတာ္စိတ္ကူးထားတာေတြနဲ႔ အေတာ္ေလးေတာ့ ထပ္တူမက်လွဘူး။ ကြၽန္ေတာ္ဘယ္ေလာက္ေတာင္ အရႈပ္ထုပ္ေတြလုပ္ေနလဲဆိုတာ ေရွာင္ဟန္းျမင္ေပမယ့္ သူ ေဒါသမထြက္ဘူး၊ ဒါေပမယ့္ အဲ့အေပၚ သူကြၽန္ေတာ့္ကို အလြယ္တကူ ေလွာင္ေျပာင္တာမ်ိဳးကေတာ့ ကြၽန္ေတာ့္အဖို႔ ေရွာင္ရခက္လွတယ္။

"အဲ့တာေလး ျမည္းၾကည့္"

ကြၽန္ေတာ္ နာရီေပါင္းမ်ားစြာ အခ်ိန္ကုန္ခံၿပီးလုပ္ခဲ့ရတဲ့ဟင္းပြဲကို သူ႔ဘက္က အဆုံးအျဖတ္ေပးလာမွာကို ကြၽန္ေတာ္ စိတ္လႈပ္ရွားစြာ ေမွ်ာ္လင့္ေစာင့္စားေနမိတယ္။

သူက ကြၽန္ေတာ့္ကို တကယ္ခ်ီးက်ဴးခ်င္ေနေလာက္ေပမယ့္ သူ႔ရဲ႕အသိစိတ္ကိုလည္း မလြန္ဆန္ႏိုင္တာေၾကာင့္ "ဒါက တကယ္ ထူးျခားတာပဲ"လို႔သာ ေျပာလာတယ္။

ဒါက တကယ္ထူးျခားတယ္။

ကြၽန္ေတာ္အဲ့တာကို ဘယ္ႏွႀကိမ္ေလာက္ ျပန္လုပ္ခဲ့ရလဲဆိုတာ ေကာင္းကင္ဘုံႀကီးပဲ သိလိမ့္မယ္...

လုေဝ့ရွီအေၾကာင္း ကြၽန္ေတာ္ ေနာက္တစ္ခါ ေတြးမိလိုက္တယ္။ သူေျပာဖူးတယ္ "ဘယ္လိုခ်က္ျပဳတ္ရမလဲဆိုတာ မသိတဲ့ေယာက်ာ္းေတြက ေယာက်ာ္းေကာင္းေတြ မဟုတ္ဘူး"တဲ့၊ ၿပီးေတာ့ အဲ့အတုေယာင္ႏိုင္ငံျခားသားက တကယ္ႀကီး ဘယ္လိုခ်က္ျပဳတ္ရမလဲဆိုတာ ေကာင္းေကာင္းသိေနေသးတယ္!

ကြၽန္ေတာ္ လုေဝ့ရွီအေၾကာင္း ေတြးမိတယ္ဆိုတာနဲ႔ သူတို႔ေတြ လက္ခ်င္းတြဲကာ ေလွ်ာက္ေနခဲ့တဲ့ ထိုေန႔ကို ထပ္ေတြးမိသြားျပန္တယ္။

ကြၽန္ေတာ့္ထက္ ပိုၾကည့္ေကာင္းတဲ့ ေယာက်ာ္းတစ္ေယာက္က ကြၽန္ေတာ့္လူရဲ႕လက္ကို ကိုင္ထားခဲ့တာ!

ေရွာင္ဟန္း "မင္း ဘယ္လိုျဖစ္ၿပီး သူ႔ကို သြားသဝန္တိုေနရတာလဲ? ေရွာင္လုက အၿမဲတမ္း အဲ့လိုမ်ိဳးပဲဆိုတာ မသိတဲ့သူ ဘယ္သူရွိလို႔လဲ?"

"သူက အေတာ့္ကို တက္ႂကြတာ၊ ၿပီးေတာ့ သူျမင္သမွ် ဘယ္သူ႔ျဖစ္ျဖစ္ အၿမဲတမ္း လက္လိုက္ကိုင္ၿပီး သူေတြ႕သမွ်လူတိုင္းကိုလည္း ဖက္ေနက်!"

ကြၽန္ေတာ္ အလန႔္တၾကားျဖစ္သြားတယ္။

သူျမင္သမွ် ဘယ္သူ႔ျဖစ္ျဖစ္ လက္ကိုင္တယ္? သူေတြ႕သမွ် လူတိုင္းကိုလည္း ဖက္တယ္? ဘယ္လိုေတာင္ ေပါက္ကရေတြလဲ။ တကယ္လို႔ လုေဝ့ရွီက အဲ့လိုလူစားမ်ိဳးသာဆိုရင္ ဘာလို႔ ကြၽန္ေတာ့္ကို တစ္ခါမွမဖက္ခဲ့တာလဲ ၿပီးေတာ့ ကြၽန္ေတာ့္ကို ဟက္ဟက္ပက္ပက္ တရင္းတႏွီးေတာင္ မရွိခဲ့ရတာလဲ? [ T/N : ဪ တစ္ေယာက္နဲ႔တစ္ေယာက္က သိပ္ခ်စ္ၾကတာဆိုေတာ့ေလ ]

အဲ့လိုသာဆို ေနစမ္းပါအုံး...

သူျမင္သမွ် ဘယ္သူ႔ျဖစ္ျဖစ္ လက္ကိုင္တယ္၊ သူေတြ႕သမွ် လူတိုင္းကိုလည္း ဖက္တယ္ _ အဲ့တာဆို ေျပာခ်င္တာက သူ ေရွာင္ဟန္းရဲ႕လက္ေတြကို ခဏခဏကိုင္ခဲ့တယ္ေပါ့? ၿပီးေတာ့ ေရွာင္ဟန္းကို မၾကာခဏ ဖက္တယ္ေပါ့? ဒီေလာက္ႏွစ္ေတြအမ်ားႀကီး ကြၽန္ေတာ္ မေတြ႕ႏိုင္တဲ့ ေနရာေတြမွာေလ?

သူက ေခြးလား!

"ဒါမေကာင္းေတာ့ဘူး ေရွာင္ဟန္း! ေရွ႕ေလွ်ာက္ မင္းသူနဲ႔ ေဝးေဝးမွာပဲ ေနသင့္တယ္! အထူးသျဖင့္အဲ့တာ _ မင္းကိုယ္မင္း ထိုးေကြၽးေနရသလိုမ်ိဳး သူ႔ကိုဘာမွ လုပ္ခြင့္ေပးလို႔မရေတာ့ဘူး!" ကလိမ္ကက်စ္ေကာင္! ကြၽန္ေတာ့္ေနာက္ကြယ္မွာ ေရွာင္ဟန္းကို ဘယ္ႏွႀကိမ္ေတာင္ အခြင့္အေရးယူခဲ့ၿပီးၿပီလဲ! ကြၽန္ေတာ္ေတြးေလေလ ကြၽန္ေတာ့္ရဲ႕ဟာကြက္ေတြကို မုန္းလာေလေလပဲ။

ေရွာင္ဟန္း ၿပဳံးသြားတယ္ "မင္းက ေရွာင္လုကို သက္သက္မဲ့ အမုန္းလိုက္ပြားေနတယ္"

အမုန္းပြားတယ္?

ကြၽန္ေတာ္ ေငါင္ေတာင္ေတာင္ စိုက္ၾကည့္ရင္း စိုးရိမ္တာေရာ စိတ္ထိခိုက္တာေရာ ခံစားေနရတယ္။ အရင္တုန္းကဆို သူက အၿမဲတမ္း ကြၽန္ေတာ့္ဘက္က ခုခံေပးခဲ့ေပမယ့္ အခုေတာ့ သူက အဲ့လုမ်ိဳး႐ိုးကို ခုခံေပးေနတယ္။ ဘာလို႔လဲ၊ ကြၽန္ေတာ္က ခ်စ္ဖို႔မေကာင္းလို႔လား၊ မေဖာ္ေ႐ြလို႔လား၊ စကားကို ဘယ္လိုေျပာရမွန္း မသိလို႔လား ၿပီးေတာ့ လူေတြ ကြၽန္ေတာ့္ကို သေဘာက်လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ မသိလို႔လား?

"ေလာ့ယြီခ်န္ မင္းနဲ႔ေရွာင္လုလည္း သိပ္မၾကာခင္ ေျပလည္သြားေအာင္ လုပ္သင့္တယ္၊ မင္းတို႔ႏွစ္ေယာက္ အဆင္ေျပေအာင္ နည္းလမ္းမရွာႏိုင္ဘူးဆိုရင္... ငါ့အတြက္ အရမ္းအခက္ေတြ႕ရလိမ့္မယ္" သူေျပာလာတယ္ "အဲ့လိုမွ မဟုတ္ရင္ ေရွ႕ေလွ်ာက္ ငါမင္းကို 'ေတြ႕ဆုံပြဲ'ေခၚသြားခ်င္တယ္ဆိုရင္ ငါဘယ္လိုလုပ္ရမလဲ?"

****

ေရွာင္ဟန္းရဲ႕ 'ေတြ႕ဆုံပြဲ'ဆိုတာက ေထြေထြထူးထူးတစ္စုံတစ္ခုကို ရည္ၫႊန္းတာျဖစ္ၿပီး အရင္ကေတာ့ ကြၽန္ေတာ္ ဘယ္တုန္းကမွ သတ္သတ္မွတ္မွတ္ မတက္ျဖစ္ခဲ့ဘူး။

တက္ေရာက္လာတဲ့သူေတြက ဖန္းရွဲ႕ယိ၊ လုေဝ့ရွီ၊ ရွင္းေကာ္ပိုေရးရွင္းရဲ႕သခင္ေလးတျဖစ္လဲ ကြၽန္ေတာ့္ရဲ႕လက္ရွိသူေဌးနဲ႔ လူတခ်ိဳ႕သာ ပါတယ္ဆိုတာေလာက္သာ ကြၽန္ေတာ္ သိခဲ့တယ္။ တိုတိုေျပာရရင္ အဲ့တာက ေဖ်ာ္ေျဖေရးေလာကထဲကလူေတြနဲ႔ တန္းတူေလာက္ရွိသူေတြ ၿပီးေတာ့ ခ်မ္းသာၿပီးအင္အားႀကီးတဲ့ မိသားစုေတြကလာတဲ့ အထက္တန္းလႊာ သခင္ေလးေတြ ေတြ႕ဆုံတဲ့ပြဲသာျဖစ္တယ္။

သူတို႔ေတြက ကြၽန္ေတာ့္ကို စိတ္အေႏွာင့္အယွက္ေပးသလို ကြၽန္ေတာ္ကလည္း... သူတို႔ကို မျမင္ခ်င္ဘူး။

ဒါေပမယ့္ အဲ့တာအရင္က!

အခုခ်ိန္မွာေတာ့ ဒီ'ေတြ႕ဆုံပြဲ'တက္တာက ကြၽန္ေတာ္ဆိုတာ သူ႔ရဲ႕အတည္တက်ခ်စ္သူျဖစ္ေၾကာင္း သက္ေသျပတာပဲဆိုတာ ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္းသိတယ္။

ကြၽန္ေတာ္ သြားဖို႔လိုတယ္။ သူ႔ေဘးမွာ ေကာင္းမြန္ၿပီးထင္ရွားတဲ့ေယာက်ာ္းေတြ အမ်ားႀကီးရွိတာေၾကာင့္ ကြၽန္ေတာ္ ႐ုပ္လုံးထြက္ျပဖို႔လိုတယ္။ အဲ့ေတာ့မွ လက္သရမ္းေနၾကတဲ့ လူရႈပ္ေတြ နည္းနည္းေလာက္လက္တြန႔္သြားေအာင္ လုပ္ႏိုင္မွာ။

"ငါ သြားမယ္! ငါ သြားခ်င္တယ္!"

ကြၽန္ေတာ္ အရမ္းစိတ္လႈပ္ရွားၿပီး စိတ္မရွည္ႏိုင္ျဖစ္သြားတာ ျဖစ္ေလာက္မယ္။

ကြၽန္ေတာ္ ဒီလိုျဖစ္ေနတာကို သူျမင္ေတာ့ အရမ္းရယ္စရာေကာင္းတယ္လို႔ ထင္သြားၿပီး ကြၽန္ေတာ့္ေနာက္ကို လက္ညႇိဳးထိုးျပလာတယ္ "မင္း 'အဲ့တာ'နဲ႔ ေန႔တိုင္း တူသထက္တူလာတယ္"

'အဲ့တာ'ဆိုတာ ထုံးစံအတိုင္း ထိုေခြး႐ုပ္ႀကီးကိုေျပာတာျဖစ္တယ္။

အခုေလာေလာဆယ္ သူက ကြၽန္ေတာ့္ေနာက္မွာ ၿငိမ္ၿငိမ္ေလးထိုင္ေနတာျဖစ္ၿပီး ေပါေတာေတာ အရွက္မရွိတဲ့မ်က္ႏွာနဲ႔ ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနတယ္။

ဒါေပမယ့္ အဲ့တာေတြထက္။

အခုဆို ကြၽန္ေတာ္က ပိုလို႔ေတာင္ အေရးမပါျဖစ္ေနၿပီး အဲ့တာထက္ေတာင္ ေခြးနဲ႔ပိုတူေနေသးတယ္ ဒါေပမယ့္ ကြၽန္ေတာ္က တစ္စုံတစ္ေယာက္ရဲ႕လက္ဖဝါးထဲမွာ ဆုပ္ကိုင္ခံခဲ့ရတဲ့ ခံစားခ်က္ကို ျမည္းစမ္းခဲ့ဖူးၿပီျဖစ္သလို ထိုခံစားခ်က္က အရမ္းေကာင္းတယ္လို႔ ေျပာလို႔မရဘူး။ ကြၽန္ေတာ့္ႏွလုံးသားတစ္ခုလုံးက တစ္ျခားသူရဲ႕လက္ေတြထဲ ဆုပ္ကိုင္ခံခဲ့ရၿပီး ဂ႐ုတစိုက္ျဖစ္ျဖစ္ ဂ႐ုမစိုက္မိလိုက္တာျဖစ္ျဖစ္ စကားေလးတစ္ခြန္းနဲ႔တင္ အဲ့တာက အျမင့္ေပၚေရာက္သြားႏိုင္သလို ေျမႀကီးေအာက္ထိလည္း ျပဳတ္က်သြားႏိုင္တယ္။

ေက်းဇူးတင္စရာေကာင္းတာက ကြၽန္ေတာ့္အပိုင္ကို ကိုင္ေပးထားတဲပလူက အလြန္တရာႏူးညံ့တဲ့လူတစ္ေယာက္ ျဖစ္ေနခဲ့တယ္။

သူက ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးၿပီး နာက်င္ေအာင္မလုပ္ဘူး။

သူ႔ရဲ႕တည္ရွိမႈက ကြၽန္ေတာ့္ရဲ႕ကမာၻႀကီးတစ္ခုလုံးပဲ။ သူ႔အတြက္ေၾကာင့္ပဲ ကြၽန္ေတာ္ အလြန႔္အလြန္ေတာ္တဲ့ခ်စ္သူတစ္ေယာက္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ သင္ယူခ်င္မိတယ္။

****

ကြၽန္ေတာ္တို႔ရဲ႕မူလအိမ္ကိုေတာ့ အဲ့ေနရာက ကြၽန္ေတာ္တို႔ရဲ႕အမွတ္တရေတြနဲ႔ ျပည့္ေနတဲ့ေနရာတစ္ခုလို႔ ေရွာင္ဟန္းက ေျပာေပမယ့္ ကြၽန္ေတာ္ကေတာ့ အလုံးစုံ သေဘာမတူဝံ့ဘူး။

အဲ့ေနရာက ကြၽန္ေတာ့္တစ္ဘဝလုံးစာ ေနာင္တရသြားေစမယ့္ ကိစၥေတြကို ေျပာခဲ့လုပ္ခဲ့တဲ့ေနရာလို႔သာ ခံစားရတယ္။ ေနာက္ၿပီး အဲ့လိုေနရာကို ျပန္သြားတာက ထိုမွတ္ဉာဏ္ေတြကို ေနာက္တစ္ႀကိမ္ ျပန္ဆြေပးႏိုင္လိမ့္မယ္လို႔သာ ခံစားမိေနတယ္။

"ဒါေပမယ့္ အဲ့မွာ အမွတ္တရေကာင္းေတြအမ်ားႀကီး ရွိခဲ့တာပဲ မဟုတ္ဘူးလား?"

ကြၽန္ေတာ္ စကားမေျပာရဲဘူး။

ကြၽန္ေတာ္ မွတ္မိတာဆိုလို႔ သူ႔ကို နာက်င္ေအာင္လုပ္ခဲ့တဲ့ကိစၥေတြသာျဖစ္တယ္။

"တကယ္ေတာ့ အဲ့မွာ ငါ့အတြက္ ကိစၥေတြအမ်ားႀကီရွိခဲ့တယ္... ငါ့ကို တအားစိတ္ေပ်ာ္ေစတဲ့ ကိစၥေသးေသးမႊားမႊားေလးေတြ အမ်ားႀကီးရွိတယ္" သူေျပာလာတယ္။

"အေရးအႀကီးဆုံးက အဲ့ေနရာမွာေနခဲ့တဲ့ ဆယ္ႏွစ္ဆိုတဲ့အခ်ိန္က... ငါတို႔ကို ေနာက္ဆုံး အခ်င္းခ်င္း အမွန္တကယ္နားလည္ၿပီး လက္ခံေစခဲ့တယ္ေလ၊ ငါ့အတြက္ေတာ့ အဲ့တာက ငါ့ဘဝမွာ ႀကဳံေတြ႕ခဲ့ရတဲ့အထဲမွာ အလွပဆုံးနဲ႔ စိတ္ကူးလို႔ေတာင္မရတဲ့ ကိစၥျဖစ္ႏိုင္တယ္"

လွပတယ္။

"ဘာက ဒီေလာက္လွေနလို႔လဲ" ကြၽန္ေတာ္ ခါးသက္စြာ ၿပဳံးလိုက္တယ္ "ငါ့လိုလူတစ္ေယာက္နဲ႔..."

သူ ၿပဳံးသြားတယ္။

"မင္းကလည္း အေတာ္ေလးေကာင္းပါတယ္"

"အဲ့တာ ဘာမွမတတ္ႏိုင္ဘူးေလ၊ မင္းကို ဒီေလာက္ထိ သေဘာက်ပါလို႔ ငါ့ကို ဘယ္သူခိုင္းေနလို႔လဲ၊ ဟိုးအၾကာႀကီးတုန္းကတည္းက အခုခ်ိန္ထိ မင္းက... ငါ့ဘဝမွာ ငါအတြယ္တာဆုံးအရာျဖစ္ေလာက္တယ္"

ကြၽန္ေတာ္ သူ႔ကို ၾကည့္လိုက္ၿပီးေနာက္ နမ္းလိုက္ေတာ့တယ္။

သူ႔ရဲ႕အေႏြးဓာတ္ေလးထဲမွာ ကြၽန္ေတာ္ကိုယ္တိုင္ လုံးလုံးလ်ားလ်ား နစ္ျမဳပ္သြားကာ ႀကိဳးနီေလးတစ္ေခ်ာင္းနဲ႔ တင္းက်ပ္စြာ ခ်ည္ေႏွာင္ခံလိုက္ရသလိုမ်ိဳးပဲ။

ဒီေန႔ကစလို႔ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ပိုလို႔ေတာင္ ခြင့္လႊတ္ေပးလို႔မရႏိုင္ျဖစ္လာတယ္လို႔ ေတြးမိလိုက္တယ္။

ဒါေပမယ့္ အဲ့တာက သကာရည္လို ခ်ိဳျမေနတုန္းပဲ။

အံဆြဲထဲကေန သူက အိမ္ေဟာင္းရဲ႕ေသာ့ေတြပါတဲ့ စာအိတ္တစ္လုံးကို ဆြဲထုတ္လိုက္တယ္။ သူ ေသာ့ေတြကို ထုတ္လိုက္ခ်ိန္မွာ တစ္ခ်ိန္တည္းမွာပဲ ဆြဲႀကိဳးနဲ႔ခ်ိတ္လ်က္ရွိတဲ့ လက္စြပ္ေလးႏွစ္ကြင္းလည္း ေလွ်ာထြက္လာၿပီး စားပြဲခုံေပၚကို ကလစ္ကနဲ က်သြားတယ္။

ကြၽန္ေတာ္လန႔္သြားၿပီး အဲ့တာေတြကိုေကာက္ဖို႔ ခ်က္ခ်င္းလက္ဆန႔္ထုတ္လိုက္တယ္။

သူက ေခါင္းတယမ္းယမ္းနဲ႔ ၿပဳံးကာ "အခုမွ မင္းအဲ့တာေတြကို တန္ဖိုးထားရေကာင္းမွန္းသိတာလား? အဲ့တာေတြ ငါ့ဆီ ျပန္ေပးတဲ့အခ်ိန္တုန္းက မင္းဘာလို႔ အဲ့ေလာက္ထိ တုံးခဲ့ရတာလဲ? အဲ့တာေတြကို ဖန္းရွဲ႕ယိဆီက ငါရလိုက္တဲ့အခ်ိန္တုန္းက ငါမင္းကို တကယ္ အရမ္းေဒါသထြက္ခဲ့တာ _ ကုမၸဏီက လူလုပ္ေရကန္နား ေလွ်ာက္မိတုန္းကလည္း ေဒါသထြက္လြန္းလို႔ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး အဲ့တာေတြကို ေရကန္ထဲပစ္ခ်ဖို႔ အႀကိမ္နည္းနည္းေလာက္ လုပ္မိေသးတယ္၊ ဒါေပမယ့္ ေနာက္ဆုံးက်ေတာ့လည္း ငါ မလုပ္ႏိုင္ခဲ့ဘူး"

ထိုေရကန္အေၾကာင္း ပါလာတာနဲ႔ ကြၽန္ေတာ္ ခ်က္ခ်င္းဆိုသလို အျပစ္မကင္းျဖစ္သြားၿပီး ေနာက္ထပ္ ဘာဆက္လာမယ္ဆိုတာကို ေၾကာက္ေနမိတယ္။

သူက ကြၽန္ေတာ့္ကို ႐ုတ္တရက္ ေမးလာတယ္ "အဲ့လက္ဝါးကပ္တိုင္နားဆြဲ၊ မင္း အဲ့ထဲကို ပစ္ခ်ခဲ့ေသးလား?"

"..."

"ေတာင္းပန္ပါတယ္... အရင္က... ပစၥည္းေတြအမ်ားႀကီး... အခုမရွိေတာ့ဘူး"

သူက လက္တစ္ဖက္ဆန႔္ထုတ္ကာ ကြၽန္ေတာ့္ေခါင္းကို လာပြတ္ေပးတယ္ "ငါသိတယ္၊ မင္းကိုယ္မင္း တအားအျပစ္တင္မေနနဲ႔ ေလာ့ယြီခ်န္၊ ငါတို႔ေတြ ျပန္စေနၾကၿပီဆိုမွေတာ့ အဲ့တာက အမွတ္တရေတြျဖစ္ျဖစ္ ပစၥည္းေတြျဖစ္ျဖစ္၊ ငါတို႔ေတြ အဲ့တာေတြကို ေပ်ာက္သြားခဲ့တယ္ဆိုရင္ေတာင္မွ ငါတို႔ေတြ အသစ္တစ္ခု ျပန္လုပ္လိုက္လို႔ရတာပဲေလ ဟုတ္တယ္မွတ္လား?"

"မင္းကိုယ္မင္း အျပစ္တင္ေနစရာ ဘာမွမလိုဘူး၊ လူသားတိုင္း အမွားလုပ္မိၾကတာပဲ"

"ေရွာင္ဟန္း ငါ... ဒါေပမယ့္_"

"ငါတို႔က အတူတူပဲ ေလာ့ယြီခ်န္၊ ငါလည္း အမွားေတြလုပ္ခဲ့တာပဲ ၿပီးေတာ့ ငါလည္း တစ္ခါက အရမ္းတစ္ကိုယ္ေကာင္းဆန္ခဲ့တာပဲေလ" သူက ညင္သာစြာ ကြၽန္ေတာ့္ကို ၾကားျဖတ္ေျပာလာတယ္ "ဒါေပမယ့္အခုေတာ့ အဲ့တာေတြအားလုံးက ငါတို႔ေနာက္မွာက်န္ခဲ့ၿပီ၊ ငါတို႔ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေတြ၊ နားလည္မႈလြဲတာေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြအားလုံးက တျဖည္းျဖည္းနဲ႔ တူညီတဲ့အရာျဖစ္လာခဲ့ၿပီဆိုမွေတာ့ ငါတို႔ေတြ အတိတ္မွာပဲ အၿမဲတမ္း ရစ္ေႏွာင္ေနဖို႔ မသင့္ေတာ့ဘူး၊ အနာဂတ္ကို ငါတို႔ေတြ အေကာင္းဆုံးႀကိဳဆိုၾကမယ္ေလ အဆင္ေျပလား?"

ဒီလိုနက္ေမွာင္ေနတဲ့မ်က္လုံးေတြထဲမွာ တြန႔္ဆုတ္မႈေလးတစ္မွ်င္ေတာင္ ကြၽန္ေတာ္ မေတြ႕ရဘူး။

လုံးဝၿငိမ္သက္ေနၿပီး သံသယေလးတစ္မႈန္ေတာင္ မရွိတာေၾကာင့္ ကြၽန္ေတာ္ခ်စ္တဲ့လူက လိုက္မမွီေလာက္ေအာင္ နက္နဲလြန္းလွတယ္လို႔ေတာင္ ကြၽန္ေတာ့္ကို ခံစားရေစတယ္_

ဒဏ္ရာခဲ့ဖူးတဲ့ခ႐ုေတာင္မွ သူ႔အခြံထဲ ဝင္ပုန္းရမယ္ဆိုတာ သိေသးတယ္၊ အဲ့တာကို သူက ဘာေၾကာင့္ ဒီေလာက္ထိ မိုက္မဲရတာလဲ!

သူ ရယ္ေမာလိုက္ၿပီး ေနာက္တစ္ႀကိမ္ ကြၽန္ေတာ့္ကို အားတက္သေရာၾကည့္လာတယ္ "ေလာ့ယြီခ်န္ တကယ္ေတာ့ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ငါ မၾကာခဏ ထူးဆန္းတဲ့အိမ္မက္ေတြ မက္ခဲ့တယ္၊ တခ်ိဳ႕ကိစၥေတြက တကယ္ျဖစ္ခဲ့တာေတာ့ မဟုတ္ေပမယ့္ အဲ့တာေတြက တကယ့္အစစ္လိုပဲ..."

"တစ္ခါတစ္ေလ... ငါ အဲ့အိမ္မွာရပ္ေနၿပီး မင္းအိပ္ေနတာကို ၾကည့္ေနတတ္တယ္လို႔ မက္တယ္၊ တစ္ခါတစ္ေလ မင္းတစ္ေယာက္တည္းငိုေနတာကို အိမ္မက္,မက္တယ္ ၿပီးေတာ့ တစ္ခါတစ္ေလ ေၾကာက္ဖို႔ေကာင္းမွန္း သိသာလြန္းတာေတြကို မက္တယ္၊ အဲ့တာေတြအားလုံးက ဘာလဲဆိုတာကို ငါေသခ်ာမေတြးရဲေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ အဲ့တာက အရမ္းအရမ္း ဝမ္းနည္းစရာေကာင္းတယ္လို႔ ခံစားရတယ္"

"မင္း ေပ်ာ္ဖို႔ ငါတကယ္ဆုေတာင္းတယ္"

"ငါနဲ႔ပက္သက္သမွ်အားလုံးက မင္းကို ၿပဳံးေစၿပီး မင္းဝမ္းနည္းေအာင္ နာက်င္ေအာင္မလုပ္ေစဖို႔ ငါ ေမွ်ာ္လင့္တယ္"

"အဲ့တာဆို လုံေလာက္ၿပီ၊ အတိတ္မွာျဖစ္ခဲ့သမွ်အားလုံးက အတိတ္ပဲျဖစ္သြားၿပီ"

"ငါတို႔ႏွစ္ေယာက္လုံး ဘာေနာင္တမွ မရေစခ်င္ဘူး"

"အခ်ိန္ရွိပါေသးတယ္၊ ေရွ႕ေလွ်ာက္ ငါတို႔ေတြအတူတူ ေပ်ာ္ဖို႔အတြက္ ရွည္လ်ားတဲ့ရက္ေတြအမ်ားႀကီးနဲ႔ အခ်ိန္ေတြ တစ္ပုံႀကီးက်န္ေသးတယ္"

ေန႔လည္ခင္းေနေရာင္က ကြၽန္ေတာ္တို႔အေနာက္ဘက္က ျပတင္းေပါက္ကေန ဝင္ေရာက္ေနၿပီး တလက္လက္ေတာက္ပေနတဲ့ သလင္းေက်ာက္သံစုံေခါင္းေလာင္းေလးကေန အလင္းျပန္ကာ ၾကမ္းျပင္ေပၚ ပုံရိပ္ေယာင္ထင္ေနေစတယ္။

ခရစ္ယာန္ေက်ာင္းထဲက တလက္လက္ေတာက္ေနတဲ့ ေရာင္စုံမွန္ကပ္ေတြလိုပဲ။

ကြၽန္ေတာ့္လက္ထဲမွာကိုင္ထားတဲ့ ႐ိုးရွင္းတဲ့ေငြလက္စြပ္ေလးႏွစ္ကြင္းေပၚမွာ ကြၽန္ေတာ့္အေပၚထားတဲ့ သူ႔ရဲ႕ခံစားခ်က္ေတြကို မတူညီစြာ ေရးထိုးထားတယ္။

ေနာက္ၿပီး သူ႔အေပၚထားတဲ့ ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကေရာ?

အဲ့ေပၚမွာ ေရးစရာေနရာမရွိတာေၾကာင့္ ကြၽန္ေတာ့္ႏွလုံးသားေပၚမွာ ေရးထိုးလိုက္တာကိုပဲ လုပ္ႏိုင္ေတာ့တယ္။ ဒီေန႔ကစလို႔ သူ႔ကို တစ္ရက္ခ်င္းစီ ေျဖးေျဖးခ်င္း သိသြားေအာင္လုပ္ေပးမယ္။

ကြၽန္ေတာ္ သူ႔ကို ထိုလက္စြပ္ေလး စြပ္ေပးလိုက္ၿပီးေနာက္ ကြၽန္ေတာ္လည္း ကိုယ့္ဖာသာ ကြၽန္ေတာ့္ရဲ႕ဘယ္ဘက္လက္သန္းႂကြယ္မွာ စြပ္လိုက္တယ္။

တိတ္ဆိတ္တဲ့အခန္းေလးထဲမွာ ႐ိုးရွင္းကာ ေအးခ်မ္းတဲ့ ေန႔လည္ခင္းေလးတစ္ခုျဖစ္ေပမယ့္ ေနေရာင္ျခည္က ပတ္ပတ္လည္ေနရာေတြကို ေႏြးေထြးစြာဖ်န္းပက္ေပးေနတာေၾကာင့္ ကြၽန္ေတာ့္ရဲ႕လက္ရွိအျပဳအမူေတြက တရားဝင္အခမ္းအနားတစ္ခုနဲ႔ ဆင္တူသြားေစၿပီး ထိုအခိုက္မွာတင္ ကြၽန္ေတာ့္စိတ္ကူးထဲမွာ မဂၤလာေဆာင္ဓမၼေတးေတြကိုေတာင္ ၾကားလိုက္ရသလိုပဲ။

အလင္းေရာင္ကို ေက်ာခိုင္းကာ ကြၽန္ေတာ့္ရဲ႕လက္ေခ်ာင္းကို ငုံ႔ၾကည့္ၿပီး ခပ္တိုးတိုးေျပာလိုက္တယ္ "...ငါတို႔ မဂၤလာေဆာင္လိုက္ရတဲ့အတိုင္းပဲ"

သူ ရယ္သြားတယ္။ အစကေတာ့ ကြၽန္ေတာ့္ရဲ႕ခိုင္းႏႈိင္းမႈကို ရယ္ေနတယ္လို႔ ထင္သြားေပမယ့္ ေနာက္ေတာ့မွသာ သူက ကြၽန္ေတာ့္ပုံစံကို ရယ္ေနတာမွန္း သတိထားမိလိုက္တယ္ "အဲ့ေတာ့ မင္းက လက္စြပ္ဝတ္ထားတာနဲ႔ တကယ္ကိုမလိုက္ဖက္တာပဲ... အရမ္းထူးဆန္းေနသလိုႀကီး"

"အဲ့တာက ထူးဆန္းေနတယ္ဆိုရင္ေတာင္ ငါမခြၽတ္ဘူး" ကြၽန္ေတာ္ လႈပ္ျပလိုက္တယ္ "မင္း တျဖည္းျဖည္းနဲ႔ အသားက်သြားလိမ့္မယ္"

"ငါ့အတြက္ ဒီလိုမ်ိဳးေတြ လုပ္ေနစရာမလိုပါဘူး... ေဟး ခြၽတ္လိုက္ေတာ့၊ မင္း ဒီညေန အသံသြင္းစရာရွိေသးတယ္ မွတ္လား? ဒါနဲ႔ပက္သက္လို႔ ေမးလာခဲ့ရင္ _"

"ငါ့ကိုေမးလာခဲ့ရင္ ငါက ဒီတိုင္း ဝန္ခံလိုက္လို႔မရဘူးလား?"

"ငါခ်စ္တဲ့တစ္ေယာက္ ရွိပါတယ္လို႔ ေျပာလိုက္မယ္ေလ"

"ဘယ္လိုေနေန မင္းက ငါ့သူေဌးမွမဟုတ္ေတာ့တာ၊ အားလုံး ေပၚသြားတယ္ဆိုလည္း မင္းက ဘာမွမျဖစ္ဘူး၊ ဖန္းရွဲ႕ယိပဲ ေခါင္းကိုက္ရမွာ"

သူ ရယ္ေမာသြားတယ္။

ကြၽန္ေတာ္က ဒီလိုမ်ိဳး အာဃာတဖြဲ႕ထားတာ ဖန္းရွဲ႕ယိအတြက္ တကယ္ဆိုးတာပဲလို႔ သူေျပာခဲ့တယ္။

ကြၽန္ေတာ္က ထိုေခြး႐ုပ္ကို သူ႔လက္ေမာင္းေတြထဲ ထိုးထည့္ေပးလိုက္ၿပီး ေသေသခ်ာခ်ာကိုင္ခိုင္းထားကာ တံခါးအျပင္ကို ဆြဲေခၚလာၿပီး သူ႔ရဲ႕အားေနတဲ့ေနာက္လက္တစ္ဖက္ကို တင္းက်ပ္စြာ ကိုင္ထားလိုက္တယ္။

ပရိေဘာဂနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ထုပ္ပိုးထားတဲ့ အိတ္ေတြအားလုံးကို ေျပာင္းေ႐ႊ႕ေရးကုမၸဏီလက္ထဲသာ အပ္ခဲ့ၿပီး ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္အတြက္ အေရးအပါဆုံးလူကိုသာ ဆြဲလာခဲ့တယ္။

ကြၽန္ေတာ္တို႔ေတြ အကြၽမ္းတဝင္ရွိတဲ့ ဦးတည္ရာဆီ ေလွ်ာက္လာခဲ့ၾကတယ္။

ကြၽန္ေတာ္တို႔ရဲ႕ ေနာင္လာမယ့္ဆယ္ႏွစ္နဲ႔ ဒီ့ထက္ ပိုရွည္ၾကာမယ့္ အနာဂတ္ကို ေရွးရႈရင္း...

စာေရးသူမွာ ေျပာစရာရွိေနပါတယ္ :

တင္လိုက္ၿပီ! တင္လို႔ၿပီးသြားၿပီ! =w=

အာ _ ဆန္ကုန္ေျမေလး gong!

ငါသာအခု ဒါကိုေရးရမယ္ဆိုရင္ QvQ သူ႔ကို ေသတဲ့အထိ ႏွိပ္စက္မိမွာ

ေလာ့ယြီခ်န္ နင္ ပိုေကာင္းတဲ့ေခတ္မွာ ေမြးခဲ့တာပဲ ေပ်ာ္သင့္တယ္ေနာ္

Extraေလးေတြ က်န္ပါေသးတယ္ ဟီးဟီး

_____

{ Unicode }

[ အကျဉ်းချုပ် : အဆုံးသတ် ]

•လော့ယွီချန်•

ကျွန်တော့်နှလုံးသားက ရုတ်ခြည်း ရပ်တန့်သွားရတယ်။

သို့ပေမယ့် သူက အံ့အားသင့်ဖွယ်ကောင်းစွာ တံခါးပေါက်နားမှာ မျက်မှောင်အနည်းငယ်ကြုတ်ထားရင်းနဲ့ ပေါ်လာတော့တယ် "မင်း နိုးပြီလား?"

သူ့အမူအယာက အရမ်းအေးစက်လွန်းနေတယ်ဆိုပေမယ့် ကျွန်တော်ကတော့ သခင်ပြန်ရောက်လာတဲ့ ခွေးတစ်ကောင်လိုမျိုး ပြောမပြတတ်အောင်စိတ်လှုပ်ရှားသွားရတယ်။

"မင်း ခုနက ဘယ်သွားနေတာလဲ?"

"ဘယ်သွားရအုံးမှာလဲ? ဆေးရုံခ သွားပေးတာပေါ့" သူက သာမန်ကာလျှံကာလောက်သာ ပြောပြီးတဲ့နောက် ကျွန်တော့်ကို ပြင်းပြင်းထန်ထန် စတင်ဆူငေါက်တော့တယ် "ငါမင်းကို ဘယ်နှကြိမ်ပြောနေရမှာလဲ? မင်းရဲ့အစာအိမ်အတွက် ထမင်းသုံးနပ်လုံးကို အချိန်မှန်စားဖို့ လိုတယ်လို့၊ မင်းကိုမင်း ပိုပြီးဂရုစိုက်ဖို့လိုတယ်၊ မင်းနားမထောင်ချင်ဘူးဆိုရင်လည်း ထားလိုက်တော့ ဒါပေမယ့် ငါ့မျက်နှာရှေ့(ငါ့မျက်စိရှေ့)မှာလာပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဖရိုဖရဲတွေ လာမလုပ်ပေးလို့ရမလား? လော့ယွီချန် မင်း ဘာလုပ်ချင်နေမှန်းတော့ ငါမသိဘူး၊ ဒါပေမယ့် မင်း ကျေးဇူးပြုပြီးတော့..."

"ရှောင်ဟန်း" ကျွန်တော် သူ့ဆီလက်တစ်ဖက် ဆန့်ထုတ်လိုက်တယ်။

ကျွန်တော်က သေချာပေါက် စိတ်ပျက်စရာကောင်းနေလောက်ပြီး သူကတော့ စိတ်မဝင်စားတဲ့အတိုင်း ရှိနေတုန်းပဲ "မင်း ဘာလုပ်နေတာလဲ?"

"ငါ မင်းကိုချစ်တယ်"

"..."

ကျွန်တော် ဦးနှောက်ပျက်နေပြီလို့ သူ တွေးသွားလောက်တယ်။

ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ဦးနှောက်က သေချာပေါက် ပျက်သွားပြီလို့ တွေးမိနေတယ်။

ဒီလောက်နှစ်တွေအများကြီး ဒီလောက်အခွင့်အရေးတွေအများကြီးမှာ အဲ့တာကို ကျွန်တော်ပြောလို့ရတဲ့ အခိုက်အတန့်တွေ အခွင့်အရေးတွေအကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပေမယ့် အဆုံးမှာ ဒီလိုသေးကွေးညစ်ပတ်တဲ့ ဆေးရုံရဲ့ ဒီလောက်သေးကွေးညစ်ပတ်တဲ့အခန်းထဲမှာ နည်းနည်းလေးတောင် မစဉ်းစားဘဲ ကြည်နူးစရာ တစ်စက်ကလေးတောင်မရှိဘဲ ပြောချမိလိုက်တယ်။

ပြီးတော့ ကျွန်တော်က စိတ်အားထက်သန်လွန်းနေသေးကာ သူ့သခင်ရဲ့ သနားဂရုဏာကို တောင်းခံနေတဲ့ ခွေးလေးတစ်ကောင်လိုမျိုး လက်ကိုတောင် ဆန့်ထုတ်ပေးထားလိုက်သေးတယ်။

အိမ်မက်ဆန်ဆန် စိတ်ကူးယဉ်မှုတစ်ခုလိုပဲ။

သူ့အမူအယာက စိတ်ရှုပ်ထွေးရာကနေ အံ့ဩတဲ့အသွင်ကို ပြောင်းသွားတယ်။ အဲ့နောက် သူ့မျက်လွှာကိုချကာ မြိုသိပ်လိုက်သလိုမျိုး အတော်လေးနာကျင်ကာ အနည်းငယ်ဒေါသထွက်နေပုံလည်း ပေါ်တယ်။

ကျွန်တော်က ဒါနဲ့ပဲ ထိုက်တန်တယ်ဆိုတာ ကျွန်တော်သိတယ်။

ဒီလောက်အရေးပါတဲ့စကားလုံးတွေကို ဒီလိုမျိုး ကြုံရာကျပန်းနေရာနဲ့ အလေးမထားသလိုပုံမျိုးနဲ့ သေချာပေါက် မပြောလိုက်သင့်ဘူး။

ကျွန်တော်ကိုယ်တိုင်တောင်မှ မထိန်းချုပ်နိုင်ခဲ့ဘူး။

ဒါပေမယ့်...

"ငါ မင်းကိုချစ်တယ်"

ကျွန်တော် နောက်တစ်ခါ ထပ်ပြောလိုက်တော့ အသံတွေပါ တုန်နေတယ်။

ကျွန်တော် သူ့အမူအယာကို ချောင်းကြည့်လိုက်ပြီး ကျွန်တော့်လက်ထဲက IVကို တိတ်တိတ်ကလေး ခိုးဖြုတ်လိုက်တယ်။

အကယ်၍ သူသာ အခုချိန် လှည့်ထွက်သွားမယ်ဆိုရင် ကျွန်တော် အိပ်ရာပေါ်ကခုန်ထပြီး ချက်ချင်း နောက်ကလိုက်သွားနိုင်မှာဖြစ်တယ်။

နာကျင်မှုနဲ့ နားလည်မှုလွဲတာတွေအားလုံးက ဒီလောက်အချိန်အကြာကြီး နက်ရှိုင်းစွာ ထိုးစိုက်ခံထားရတာကြောင့် ကျွန်တော့်အတွက် နည်းနည်းလောက်လေး ထပ်ပြီးတော့တောင်... ခွင့်ပြုချက်မရတော့ဘူး၊ နည်းနည်လေးပဲ ဆိုရင်တောင်မှပေါ့။

****

သူ ထွက်မသွားသလို သူ့ရဲ့ခံစားချက်တွေကိုလည်း ကောင်းကောင်း ချုပ်ထိန်းထားတယ်။

သူ အဆင်ပြေနေပုံရပေမယ့် သူလုံးဝအဆင်ပြေနေတာမဟုတ်ဘဲ အကောင်းဆုံး ချုပ်တည်းနေတယ်ဆိုတာကို ကျွန်တော် သိတယ်။

ကျွန်တော် အိပ်ရာပေါ်က ဆင်းလိုက်တယ်။

ကျွန်တော်လည်း မနည်းလှတဲ့သောကတို့နဲ့ သူ့နားကိုဂရုတစိုက်ကပ်သွားကာ ကျွန်တော့်လက်မောင်းတွေထဲ သိုင်းဖက်လိုက်တော့တယ်။ သူကလည်း မရုန်းခဲ့ဘူး။

ပိုးသတ်ဆေးနံ့၊ တိမ်ထူထပ်ကာ နေရောင်ကင်းစင်တဲ့ မနက်ခင်းတစ်ခု။

ကျွန်တော့်ဘဝမှာ ကျွန်တော် ဘယ်တော့မှ ထပ်ပြီးလက်မလွှတ်ချင်တော့တဲ့ လူတစ်ယောက်ကို ဘယ်လောက်တောင် ကောင်းတဲ့အချိန်မျိုးမှာ ဖက်ဖို့ ရွေးခြယ်မိတာပါလိမ့်။

ကျွန်တော့်လက်မောင်းတွေထဲမှာ သူ အနည်းငယ် လိမ်တွန့်သွားပြီးမှ ဖြည်းဖြည်းချင်း တည်ငြိမ်လာတယ်။ ထို့နောက် အံကိုကြိတ်ကာ တိုးတိုးလေး ပြောလာတယ် "လော့ယွီချန် လူယုတ်မာ"

"အင်း" ကျွန်တော် ခေါင်းငြိတ်လိုက်တယ်။ ကျွန်တော်က လူယုတ်မာတစ်ယောက်။ အဲ့တာကို ကျွန်တော် ဝန်ခံတယ်။

ကျွန်တော်ဆိုသည်မှာလည်း ပဝေဿဏီတည်းက လူယုတ်မာတစ်ယောက်ဖြစ်ခဲ့ပြီး ကြာလွန်းလှပြီဖြစ်တာကြောင့် အဲ့တာကို ထုတ်ပြောနေစရာတောင် မလိုတော့တဲ့အထိပဲ။

"ငါ အစကတော့" သူ ပြောလာတယ် "ငါ အစကတော့ မင်းကိုထပ်ပြီး ယုံကြည်ချင်ခဲ့မိတာ၊ ဓာတုကုထုံးက တအားနာပြီး သည်းခံဖို့ အရမ်းခက်တယ် ဒါပေမယ့် မင်းက အဲ့မှန်ရဲ့တစ်ဖက်ကနေ ငါ့ကိုပြုံးပြနေတာမြင်ရင် ပင်ပန်းလို့ ထိုင်ခုံပေါ်မှာ မင်းအိပ်ပျော်နေတာကိုမြင်ရင်..."

"အစကတော့ ငါခွဲစိတ်ပြီးလို့ နိုးလာတဲ့အခါကျရင် မင်းကို အရင်ဆုံးမြင်ရလိမ့်မယ်လို့ ထင်ထားခဲ့တာ"

"ဒါပေမယ့် မင်းက..."

သူက ပြောရင်း မျက်လုံးတွေ ရဲတက်လာတယ်။

သူ ကျွန်တော့်ကို စတင်တွန်းထုတ်တော့တယ် "တော်လောက်ပြီ၊ ငါ ထပ်မစောင့်ချင်တော့ဘူး"

"ငါပင်ပန်းနေပြီ အဲ့တာက အရမ်းကြာလွန်းတယ် ပြီးတော့ ငါ ထပ်ပြီး မစောင့်ချင်တော့ဘူး"

"ရှောင်ဟန်း"

ကျွန်တော့်(သိက္ခာ)ကို လွှင့်ပစ်ကာ သူ့ကိုဖက်လိုက်တယ်။ သူ ရုန်းနေခဲ့ပေမယ့် ကျွန်တော်ကတော့ လွှတ်မပေးခဲ့ဘူး။ ကျွန်တော် တတ်နိုင်သမျှ အသည်းအသန်ဖက်ထားတာကြောင့် အဆုံးမှာ ကျွန်တော်တို့နှစ်ယောက်လုံး ကြမ်းပြင်ပေါ် လဲကျသွားတော့တယ်။

ကျွန်တော် ပင့်သက်ရှိုက်မိသွားတယ်။

'ဒါဆို လုံလောက်ပြီ၊ ငါ သွားခွင့်မပေးနိုင်တော့ဘူး၊ ငါ မင်းကို ဒီလိုမျိုး ကိုင်ထားပြီး နောက်ထပ် ဘယ်တော့မှ လွှတ်မပေးတော့ဘူး!'

'ဒါတွေအားလုံးက ငါ့အမှားတွေချည်းပဲ'

'အဲ့တာကြောင့် မင်းကို နောက်ထပ် ရှောင်ပြေးခွင့်မပေးတော့ဘူး၊ အဲ့တာထပ် မင်းက ငါ့ကို ထွက်ပြေးခွင့်ပြုလိုက်တာမျိုး နောက်ထပ် အဖြစ်မခံတော့ဘူး'

ဒါတွေအားလုံးက ကျွန်တော့်ရဲ့တုံးအမှုတွေကြောင့်ပဲ။ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ တုံးအမှုတို့ကြောင့်သာဖြစ်တယ်။

သူက ကျွန်တော့်လက်မောင်းတွေထဲမှာ ရှိနေတယ်။ ဒီလိုသက်ဝင်လှုပ်ရှားနေပြီး စစ်မှန်တဲ့သူကမှ ကျွန်တော့်ရဲ့ အဖိုးတန်ရတနာလေးဖြစ်တယ်။ ကျွန်တော့်နှလုံးသားက ခုန်ပေါက်နေပြီး သူ့ကို ကာကွယ်ဖို့၊ အမြတ်တနိုးထားဖို့နဲ့ ဒီလောက်ထိ နာကျင်ရတာမျိုး နောက်ထပ်မဖြစ်တော့အောင် လုပ်ပေးနိုင်ဖို့ အရာအားလုံးထက် လုံလောက်တဲ့အားအင်၊ လုံလောက်တဲ့ နွေးထွေးမှုကို လိုချင်နေမိတယ်။

ကျွန်တော် အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ် 'ရှောင်ဟန်း ငါမင်းကို ချစ်တယ်'

'ငါ နှုတ်ဆက်စကားမပြောဘဲနဲ့ မထွက်သွားခဲ့ပါဘူး'

ကျွန်တော့်မျက်နှာကို သူ့မျက်နှာနဲ့ ပွတ်သပ်ကာ သူ့ပါးတွေပေါ်ကို ထပ်ကာထပ်ကာ တရှုံ့ရှုံ့နမ်းနေမိတယ်။ ထိုအချိန်အတွင်းမှာပဲ ကျွန်တော် ရုတ်တရက် တွေးမိလိုက်တယ်၊ မဟုတ်မှ သူတကယ် သိနေခဲ့တယ် _ ကျွန်တော်က နှုတ်ဆက်စကားမပြောဘဲ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်လောက်မှန်း သူသိခဲ့တယ် ပြီးတော့ အဲ့တာက ဖန်းရှဲ့ယိရဲ့လှည့်ကွက်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာ ခန့်မှန်းမိလောက်တယ်၊ ဒါပေမယ့် အဲ့တာကို စုံစမ်းကြည့်ဖို့ ခေါင်းမာမာနဲ့သာ ငြင်းဆန်ခဲ့တာပဲ။

တစ်နှစ်လုံး သူ့ကိုယ်သူ အဆိုးဆုံးကို တွေးခွင့်ပြုထားခဲ့တယ်။

နောက်ပြီး ဒီလိုနဲ့ပဲ သူ့ကိုယ်သူ ညှင်းဆဲခဲ့တယ်။

အဲ့တာတွေအားလုံးက ကျွန်တော် ပြတ်ပြတ်သားသားမရှိလို့၊ လုံလောက်တဲ့ ခွန်အားမရှိလို့၊ ကျွန်တော်က သူ့ကို ကျွန်တော့်အပေါ် စိတ်အေးလက်အေး ယုံကြည်နိုင်အောင် မလုပ်ပေးခဲ့လို့၊ ကျွန်တော့်ရဲ့ခံစားချက်တွေကို ယုံကြည်အောင် မလုပ်ပေးနိုင်ခဲ့လို့သာဖြစ်တယ်။

အခုချိန်ထိတောင်မှ ကျွန်တော်က လူတွေ စိတ်ဆိုးဒေါသထွက်စေလောက်တဲ့အထိ တုံးအနေဆဲပဲ။

****

ညရောက်တော့ သူလက်ရှိနေနေတဲ့နေရာကို ကျွန်တော် သူ့နောက်ကနေ လိုက်ခဲ့လိုက်တယ်။

တကယ်တော့ ကျွန်တော်သူ့ကို တစ်နေကုန် တွယ်ကပ်နေခဲ့တာဖြစ်တယ်။

သူကတော့ ကျွန်တော့်ကို လျစ်လျူရှုလျက်ပဲ။

သူက ကျွန်တော့်ကို မကြည့်ပေမယ့် ကျွန်တော်ကတော့ လုံးဝကို ရှက်ကြောပြတ်နေပြီဖြစ်ကာ သူ့လက်မောင်းတစ်ဖက်ကို မရမက ဖက်တွယ်ထားပြီး လွှတ်မပေးခဲ့ဘူး။ သူစားနေတုန်းလည်း သူ့ကို ကပ်နေတယ်၊ သူအလုပ်လုပ်နေလည်း ကပ်နေတယ် ပြီးတော့ အိမ်ကို လမ်းလျှောက်ပြန်တဲ့အခါမှာလည်း တစ်လမ်းလုံး သူ့တံခါးပေါက်ဝထိ တွယ်ကပ်နေခဲ့တယ်။

သူက ကျွန်တော့်ကို သူ့အိမ်ထဲ မဝင်စေချင်တာ သိသာပေမယ့် ကျွန်တော်ကတော့ သူ့ကိုဆွဲထားကာ လွှတ်ပေးဖို့ ငြင်းဆန်ခဲ့လိုက်တယ်။

သူလည်း တခြားရွေးခြယ်စရာမရှိတော့ဘူး။ သူ တံခါးရှေ့မှာ ထိုင်ချလိုက်ပြီး ဝင်လည်းမဝင်သွားဘဲ မြေကြီးကိုစိုက်ကြည့်ကာ ဘာတစ်ခွန်းမှမပြောဘဲ နေနေတယ်။

ဒီလိုဒီဇင်ဘာလရဲ့ ရာသီဥတုမျိုးမှာ ကျွန်တော်က သူ့ကိုလိုက်ကပ်နေပြီး သူကတော့ ကျွန်တော့်ကို တွန်းထုတ်နေတယ်။ တကယ်တော့ တခြားအဆောက်အအုံတွေမရှိတာကြောင့် ဒီစင်္ကြံလမ်းက အတော်လေးအေးနေတုန်းဖြစ်တယ်။

ကျွန်တော့်ရဲ့အပေါ်ကုတ်ကိုချွတ်ပြီး သူ့ကို လွှမ်းပေးထားလိုက်တယ်။

ကျွန်တော်ကိုယ်တိုင်လည်း အနည်းငယ်တုန်ယင်ကာ အစာအိမ်က ပြန်ပြီးနာကျင်လာတဲ့အထိ စိမ့်နေအောင် အေးလှတယ်။ ကျွန်တော်က ဆေးရုံမှာ နောက်ထပ်နှစ်ရက်လောက် နေသင့်တယ်လို့ ဆရာဝန်ပြောခဲ့ပေမယ့် ကျွန်တော်ကတော့ ဒီတိုင်း ပြေးထွက်လာခဲ့မိတယ်။

ကျွန်တော် နာကျင်နေတဲ့နေရာကို လူမသိအောင် ခိုးပြီးဖိလိုက်ချိန်မှာပဲ သူ မတ်တပ်ရပ်သွားတယ်။

သူ့ကိုဆွဲထားတဲ့ ကျွန်တော့်လက်ကလည်း ရုတ်တရက် ဘာမှမရှိဖြစ်သွားတယ်။ သူ တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ ငွေရောင်အလင်းလေးတစ်ခု ပေါ်ထွက်လာတယ်။ သူက ထိုအပေါ်ကုတ်ကို ကျွန်တော့်ဆီပြန်ပစ်လိုက်ကာ သူ့ဖာသာ အိမ်ထဲဝင်သွားတော့တယ်။

ကျွန်တော့်အတွက် ကျွန်တော့်လက်တွေက ရုတ်တရက်ကြီး ဘာမှကိုင်စရာမရှိတော့ဘဲ စွန့်ပစ်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လို စိတ်မချမ်းမသာဖြစ်သွားတော့တယ်။

ဒါပေမယ့် ဂရုတစိုက် စမ်းစစ်ကြည့်လိုက်တဲ့အခါမှာတော့ တံခါးက လုံးဝကြီးပိတ်မသွားဘူးဆိုတာ တွေ့လိုက်ရတယ်။

သူက ကျွန်တော့်ကို ဝင်ခွင့်ပေးတယ်မပေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း မပြောသွားတာကြောင့် သူ စိတ်ဆိုးမှာ ကြောက်တာရယ် ဝင်ဖို့မရဲတာရယ်ကြောင့် ကျွန်တော်လည်း ထိုတံခါးအပြင်ဘက်မှာ တုံးအစွာရပ်နေမိတယ်။ ရေချိုးတဲ့အသံ၊ အဲ့နောက်မှာ အနည်းငယ်လှုပ်ရှားနေတဲ့အသံတချို့နဲ့ နောက်ဆုံး ကျွန်တော့်နားထဲမှာ ဘာသံမှမကြားရတော့ဘဲ တိတ်ဆိတ်သွားတဲ့အထိ ကျွန်တော် စောင့်နေလိုက်တယ်။

ကျွန်တော် ခဏလောက်အချိန်ဆွဲနေပြီးမှ တံခါးကို အသာလေးတွန်းဖွင့်လိုက်တယ်။

အပြင်ဘက်က ကျွန်တော့်ကို ခိုက်ခိုက်တုန်နေစေတဲ့ အပူချိန်ကနေ ရုတ်တရက် နွေးထွေးမှုအဖြစ် ပြောင်းလဲသွားတယ်။

သူ အိပ်ပျော်သွားပြီလို့ ကျွန်တော် ထင်လိုက်ပေမယ့် သူက လက်ရှိမှာ ရေချိုးဝတ်စုံဝတ်ထားပြီး ထောင့်နားက ထိုင်ခုံတစ်ခုံမှာထိုင်ကာ ရေသောက်နေမယ်လို့ ကျွန်တော် စိတ်မကူးမိခဲ့ဘူး။ ရေချိုးဝတ်စုံက သူ့ရင်ဘတ်ကို ပေါ်နေစေပြီး ထိုအပေါ်မှာ ရေစက်တချို့ တင်ကျန်နေတုန်းပဲဖြစ်တယ်။

ရှုထောင့်တိုင်းက သူ့ကို ပြောမပြနိုင်အောင် ဆွဲဆောင်မှုရှိနေစေတယ်။

ကျွန်တော် စိုက်ကြည့်နေရင်းနဲ့ ကျွန်တော့်ဦးနှောက်တောင် ပျော့ပြဲကျလာသလိုပဲ။

သူကတော့ ကျွန်တော့်ကို လျစ်လျူရှုကာ နေနေတယ်။ ရေခဲတမျှ အေးစက်နေတဲ့အနေအထားနဲ့ သူက ကျွန်တော့်ဆီ သဘတ်တစ်ထည် လှမ်းပစ်ပေးလိုက်ပြီးနောက် ပြန်လှည့်ကာ သူ့ဖာသာ အိပ်ခန်းထဲ ဝင်သွားတော့တယ်။

ကျွန်တော့်ဖာသာ ကတိုက်ကရိုက် ရေချိုးသန့်စင်လိုက်ပြီး ရေချိုးဝတ်စုံတစ်ထည်ကို လဲလိုက်တယ်။ ကျွန်တော် အိပ်ခန်းထဲ ဝင်လိုက်ချိန်မှာ သူက စောင်ပါးလေးတစ်ထည်တည်းနဲ့ အိပ်တောင်ပျော်နေပြီဆိုတာ တွေ့လိုက်ရတယ်။ ရေချိုးဝတ်စုံရဲ့ခါးစည်းက ပြေကျနေပြီး သူ့ရဲ့ညှပ်ရိုးတွေ၊ ရင်ဘတ်နဲ့ ရှည်သွယ်သွယ်ခြေထောက်တွေအားလုံးကို အတိုင်းသား မြင်နေရတယ်။

ကျွန်တော် အတော်လေး ကူကယ်ရာမဲ့နေတော့တယ်။

သူ ကျွန်တော့်ကို အိမ်ထဲဝင်ခွင့်ပြုလိုက်မှတော့ ဒီလိုမျိုး အကာအကွယ်မဲ့နေတာမျိုး မဖြစ်သင့်ဘူး။

ကျွန်တော် တံတွေးမြိုချကာ သူ့နားကပ်လိုက်တယ်။

သူ့ကြည့်ရတာ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေပုံရတယ်၊ အဲ့တာကြောင့် ကျွန်တော့်ရဲ့လှုပ်ရှားမှုတွေကြောင့် နိုးသွားချိန်မှာ မျက်လုံးတွေ အနည်းငယ်ပွင့်ဟလာပြီး အပြုံးမမည်တဲ့ အပြုံးတစ်ပွင့် ပြသလာတယ်။

သူ ကျွန်တော့်ကို ပြုံးပြလာချိန်မှာ ကျွန်တော် စိတ်ကျေနပ်တာရော စိတ်ရှုပ်ထွေးတာကိုပါ ခံစားလိုက်ရတယ်။ ထို့နောက် သူက ကျွန်တော့်ရဲ့ရေချိုးဝတ်စုံကို လက်တစ်ဖက်နဲ့လှမ်းကိုင်ကာ ကျွန်တော့်ကို ဆွဲချပြီး ဒီအတိုင်း နမ်းလာတယ်။ ထိုခဏမှာ သူ့ရဲ့နှုတ်ခမ်းတွေပေါ်က အယ်လ်ကိုဟောအရသာကို ရလိုက်တာကြောင့် ကျွန်တော် အားလုံးကို နားလည်သွားတော့တယ်။ ခုနက သူရေသောက်နေတာမဟုတ်ဘဲ အယ်လ်ကိုဟောကို တကျိုက်ကျိုက်နဲ့ မော့ချခဲ့တာပဲဖြစ်တယ်။

သူ...

ကျွန်တော် အနည်းငယ်စိုးရိမ်သွားရတယ်။ သူ့ခန္ဓာကိုယ်က အဲ့လောက် သောက်နိုင်ရဲ့လားဆိုတာကို ကျွန်တော် မေးချင်မိတယ်။ အခုချိန်မှာ သူက အရမ်းပိန်နေတုန်းဖြစ်ပြီး အသားအရေကလည်း လုံးဝကျန်းမာနေတဲ့ပုံမျိုး မဟုတ်သေးဘူး၊ အဲ့တာကြောင့် သူ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ယောက်လိုတယ်၊ အယ်လ်ကိုဟောလိုတာ မဟုတ်ဘူး။

ဒါပေမယ့် သူက ကျွန်တော်ပြောတာ နားမထောင်ဘူး။

သူက အရင်စကာ လက်တစ်ဖက်ဆန့်ထုတ်ပြီး ကျွန်တော့်ရဲ့ရေချိုးဝတ်စုံကို ဆွဲဖွင့်လာတယ်။

သူ့နှုတ်ခမ်းတွေက နီးကပ်လာတယ်။ သူက ကျွန်တော့်ကို ကြည့်နေပြီး အမူအယာကလည်း ဟန်ဆောင်မှုတို့ ကင်းစင်နေတယ်။

ကျွန်တော်က ယုံကြည်ချက်ရှိရှိနဲ့ ခေါင်းကို မငုံ့ချလိုက်နိုင်တာကြောင့် သူ့ကို ဖွဖွလေးသာ နမ်းလိုက်တယ်။

ကျွန်တော်တို့နှုတ်ခမ်းတွေ နူးညံ့စွာ ထိကပ်သွားပြီး သူ့ရဲ့လှုပ်ရှားမှုတွေက ဘာကိုဆိုလိုချင်တာလဲဆိုတာကို တွေးကြည့်နိုင်ဖို့ ကျွန်တော် အကောင်းဆုံးကြိုးစားလိုက်တယ်။ အယ်လ်ကိုဟောကြောင့် သတ္တိတွေရလာပြီး ကျွန်တော့်ကို နောက်ထပ်ခွင့်လွှတ်ပေးဖို့ ကြိုးစားနေတာလား? ဒါမှမဟုတ် သူ အိပ်ချင်မူးတူးဖြစ်နေတဲ့အချိန်မှာ အရာအားလုံးကို မေ့နိုင်သွားပြီး ကျွန်တော့်ကို နောက်တစ်ကြိမ် လက်ခံလာတာလား?

ကျွန်တော့်နှလုံးသားက ထိုးကိုက်နာကျင်လာတယ်။

ကျွန်တော့်ရဲ့ပြစ်မှုတွေကြောင့် သူက သူ့ရဲ့နူးညံ့မှုတွေအားလုံးကို ဖုံးကွယ်ထားရတာ။

ကျွန်တော်သူ့ခါးကို လှမ်းဆွဲကာ ပြန်မလွှတ်ပေးနိုင်ဖြစ်နေတယ်။

ကျွန်တော်တို့တွေ တစ်ယောက်ကိုတစ်ယောက် ရေလို ညင်သာစွာ သွားနဲ့တတိတိကိုက်နေကြပြီး ကျွန်တော်ကလည်း အစွမ်းကုန် ဂရုတစိုက်ရှိခဲ့ပြီး အင်အားနည်းနည်းလေးတောင် မသုံးရဲဘူး။

ဒီလိုအိမ်မက်ဆန်တဲ့အခိုက်အတန့်အတွင်းမှာ ကျွန်တော့်လက်က အိပ်ရာဘေးနားကို ချော်ကျသွားပြီး နူးညံတဲ့ခပ်ပွပွတစ်စုံတစ်ရာကို ထိမိသွားတယ်။ အထိအတွေ့က သိပ်ကို တရင်းတနှီးရှိလှတယ်။ ဘာကြောင့်ဆို ကျွန်တော် တစ်ချိန်က ဒီလိုအရာမျိုးကို ရက်ပေါင်းများစွာ ပွေ့ဖက်ရင်း ကျွန်တော့်အတွက် အရေးအပါဆုံးလူကို ဆုံးရှုံးရမှာ အထိတ်တလန့်နဲ့ စောင့်နေခဲ့ဖူးတာကြောင့် ခံစားချက်က အတော့်ကို နက်ရှိုင်းလှတယ်။

ပြီးတော့ ကုတင်အောက်မှာ ပြုတ်ကျနေတဲ့အရာက ထိုအမွှေးပွခွေးရုပ်ကြီးသာဖြစ်တယ်။

သူ အဲ့တာကို သိမ်းထားတုန်းပဲ။

သူ ဒီခွေးရုပ်ကို ဘယ်တုန်းကမှ လွှင့်မပစ်ခဲ့ဘူးပဲ။

ကျွန်တော့်မျက်လုံးတွေကလည်း နှလုံးသားနည်းတူ အရမ်းနာကျင်လာရတယ်။

ထိုသို့ နာကျင်နေရင်းနဲ့ပဲ အနွေးဓာတ်လေးတစ်ခုက ဗလုံစီကာ ထွက်ပေါ်လာတယ်။ ကျွန်တော် နောက်တစ်ဖန် အသက်ပြန်ရှင်လာရသလိုမျိုး ထိုအလင်းတန်းအသေးလေးက အမှောင်ထုထဲကို ဖြတ်ကျော်ကာ တောက်ပနေသလိုတောင် ထင်ရတယ်။

****

ကျွန်တော် စဉ်းစားလို့ရသမျှ နည်းလမ်းတွေကိုသုံးကာ သူခံစားလို့ကောင်းစေဖို့ ကျွန်တော် အကောင်းဆုံးလုပ်ပေးခဲ့တယ်။

ကျွန်တော်တို့ချွေးတွေကြောင့် အိပ်ရာခင်းတွေလည်း ရွှဲရွှဲစိုကုန်တယ်။

နောက်တစ်နေ့ ကျွန်တော် နိုးလာချိန်မှာ နေ့လည်တောင်ဖြစ်နေပြီ။

နေရောင်က ပြတင်းပေါက်ကို ဖြတ်ကျော်ကာ အိပ်ရာခင်းစတွေပေါ် ဖြာကျနေပြီး အပြင်ဘက်ကောင်းကင်းကတော့ အေးချမ်းကာ တိမ်ကင်းစင်နေတယ်။

ကျွန်တော် ကုတင်အောက်က အမွှေးပွခွေးရုပ်ကို ဆွဲယူလိုက်တော့ အဲ့တာက အရင်အတိုင်း ရူးကြောင်ကြောင်အမူအယာနဲ့ ရှိနေတုန်းပဲဆိုတာ​ တွေ့လိုက်ရတယ်။ ရှောင်ဟန်းက ပြတင်းပေါက်နားမှာ စာအုပ်တစ်အုပ်ဖတ်နေပြီး ပူပူနွေးနွေး ကော်ဖီတစ်ခွက်ကို စားပွဲခုံအသေးလေးပေါ်မှာ တင်ထားကာ ရနံ့ကလည်း မွှေးပျံ့လို့နေတယ်။

ကျွန်တော် နိုးလာတာကိုမြင်တော့ သူက ကျွန်တော့်ဆီ ထိုကော်ဖီကို လှမ်းပေးလာတယ်။

"ဒီမှာ"

မျက်နှာသာ ပေးခံရတာကြောင့် ကျွန်တော် လှိုက်ခနဲဖြစ်သွားရတယ်။

ကျွန်တော် တကယ်တုန်လှုပ်မိတယ်။ သူ ဘာကိုဆိုလိုချင်မှန်း ကျွန်တော် မသိဘူး။ မနေ့ညတုန်းက အလွန်တရာသိမ်မွေ့ပြီး ချိုမြိန်ခဲ့တယ်ဆိုပေမယ့် အဓိကအချက်က ကျွန်တော့်ကို ဘောင်ကျော်တယ်လို့ မသတ်မှတ်တာကြောင့် သူ စိတ်ဆိုးမနေတာလား?

ကျွန်တော့်ကို မနက်စာလုပ်ပေးတယ်ဆိုမှတော့ ကျွန်တော့်ကို ထပ်ပြီး အပြစ်မတင်တော့ဘူးလို့ ပြောချင်တာလား? ကျွန်တော့်ကို ခွင့်လွှတ်လိုက်တာလား?

ဒါပေမယ့် ဘယ်လို... ကျွန်တော်က ခွင့်လွှတ်မှုနဲ့ ထိုက်တန်လို့လား?

ကျွန်တော်လည်း ရင်တမမနဲ့ ကော်ဖီသောက်လိုက်တယ်။

ကျွန်တော် သောက်ပြီးတဲ့အခါ သူက ပေါင်မုန့်တချို့ ပေးလာပြန်တယ်။

အဲ့တာက တအားနူးညံ့တယ်ဆိုပေမယ့် ကျွန်တော်ကတော့ ဘာအရသာမှတောင် မခံနိုင်ဘဲ စားဖြစ်သွားတယ်။

ထို့နောက် သူက ကျွန်တော့်ကို မေးလာတယ် "မင်းမှာ ဘာမှပြောစရာမရှိဘူးလား? မနေ့ညတုန်းကအကြောင်း?"

ကျွန်တော် စိုးရိမ်တကြီးနဲ့ ထိတ်လန့်နေပြီး သူမပျော်မရွှင်ဖြစ်မှာကို ကြောက်ရွံ့နေမိတယ် "မင်း သောက်တာ အရမ်းများသွားလို့ မမှတ်မိတာဖြစ်လောက်မယ်၊ ဒါပေမယ့် ငါ၊ ငါတကယ် မင်းကို အတင်းအကျပ်မလုပ်ခဲ့ပါဘူး"

"..."

"..."

မဟုတ်တဲ့ကိစ္စကိုမှ နောက်ထပ် စွဲနေရလောက်တဲ့အထိ ကျွန်တော်က အရူးတစ်ယောက်ဆိုတာ ရှင်းလင်းလှတယ်။

သူက အတော့်ကို ဒေါသထွက်နေပြီး မျက်နှာကလည်း တော်တော်လေး နီရဲနေတယ်။

ကျွန်တော်လည်း အကောင်းဆုံးကြိုးစားကာ တခြားတစ်ခုကို ပြောမလို့လုပ်လိုက်ပေမယ့် သူက လက်တစ်ဖက်မြှောက်လာကာ ကျွန်တော့်ရဲ့နှဖူးမှာ လက်ဖဝါးလာကပ်တော့တယ် "မနေ့ညတုန်းက မင်း အဖျားနည်းနည်းရှိနေပေမယ့် ကြည့်ရတာ ကျသွားတဲ့ပုံပဲ"

သူ့လက်က အနည်းငယ်အေးစက်နေတယ်။ ကျွန်တော်လည်း လှမ်းကိုင်ကာ ဆွဲထားလိုက်ပြီး ပြန်မလွှတ်ပေးချင်ဖြစ်နေမိတယ်။

သူက ကျွန်တော့်ကို ကြည့်နေပြီး ကျွန်တော်ကလည်း သူ့ကို ကြည့်နေမိတယ်။

"ကောင်းပြီလေ" အကြာကြီးနေမှ သူပြောလာတယ် "ငါ အားလုံးသိတယ်"

သူက ကျွန်တော့်ဘေးမှာထိုင်ကာ သက်ပြင်းတစ်ချက်ချရင်း ပြောလာတယ် :

"ငါက ဒီတိုင်း ဒေါသထွက်သွားတာ"

"..."

"မင်းက ဖန်းရှဲ့ယိဆီမှာ အလှည့်စားခံလိုက်ရတဲ့အထိ တုံးလို့ ဒေါသထွက်တာ"

"မသိရင် ငါက သေချာပေါက် စောင့်နေမယ့်အတိုင်း မင်းက သိပ်ကိုသေချာနေပြီး ငါ့ကို စောင့်လို့ပြောသွားခဲ့လို့ စိတ်တိုတာ၊ ဟုတ်တာပေါ့ ငါက စောင့်နေမှာပေါ့ ပြီးတော့ ငါက ဟိုးတုန်းကတည်းက စောင့်နေရတာနဲ့ အသားကျနေပြီပဲဟာကို၊ ဒါပေမယ့် ဘယ်သူသိမှာလဲ _ မင်း အချိန်မှီ တကယ်ပြန်လာပါ့မလားဆိုတာ ဘယ်သူသိမှာလဲ၊ အချိန်တွေကြာလာတာနဲ့အမျှ မင်းက မင်းကတိကို နောက်တစ်ကြိမ် ထပ်မဖြတ်ဘူးလို့ ဘယ်သူသိမှာလဲ"

ကျွန်တော့်လက်ချောင်းထိပ်တွေ အနည်းငယ်တုန်ယင်သွားတယ်။

ကျွန်တော့်နှုတ်ခမ်းဘေးမှာ သူ့လက်ကို နေရာချပေးလိုက်ပြီးနောက် ခေါင်းသာ ငုံ့မိလိုက်တော့တယ်။

ဟုတ်တာပေါ့ ကျွန်တော် ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် တုံးအနိုင်ရတာလဲ။ ဖန်းရှဲ့ယိက ကျွန်တော့်ကို ဘယ်လောက်ပဲ လှည့်စားဖို့ ကြိုးစားနေခဲ့ပါစေ ကျွန်တော် နေနေခဲ့သင့်တာ။

အဲ့တာ ကျွန်တော့်အမှားပဲ။ ကျွန်တော်က ဘယ်လိုလုပ် ကိစ္စလေးတစ်ခုတောင် မှန်ကန်အောင် မလုပ်နိုင်ရတာလဲ။ ဘာကြောင့်များ ဆုံးဖြတ်ချက်လေးတစ်ခုတောင် မည်မည်ရရမချနိုင်ရတာလဲ။

ကျွန်တော့်ရဲ့ဗရုတ်သုတ်ခနိုင်မှုက ခုချိန်ထိတောင် သူ့နှလုံးသားကို နာကျင်စေတုန်းပဲ။

ထိုအခိုက်အတန့်မှာ ကျွန်တော် ရုတ်တရက် တွေးမိလိုက်တာက၊ တကယ့်ကိုအမှန်တကယ် တွေးမိလိုက်တာက၊ တောင်အမေရိကလွင်ပြင်ထဲမှာ အဲ့ကျားသစ်ရဲ့ အစားသာခံခဲ့ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့သာဖြစ်တယ်။

အဲ့လိုသာဆို သူလည်း ကျွန်တော့်ကို မေ့သွားပြီး အသစ်တစ်ယောက် ရှာသွားနိုင်လိမ့်မယ်။

ဉာဏ်ကောင်းကာ ချစ်ဖို့လည်းကောင်းပြီး စဉ်းစားပေးတတ်တဲ့ ချစ်သူတစ်ယောက်။

ရှောင်လုလိုမျိုး။

နောက်ပြီး ကျွန်တော့်ကို တစ်သက်စာ မေ့သွားလိမ့်မယ်။

နောက်ပြီး သူမမြင်နိုင်တဲ့ တစ်နေရာမှာ ကျွန်တော်လည်း စိတ်ဆင်းရဲမှုတွေကို တစ်သက်တာ ခံသွားရုံပဲ။

"ရပါတယ်၊ အဲ့တာတွေအားလုံး... ပြီးသွားခဲ့ပြီပဲ" သူက လက်ကိုဆန့်ထုတ်ကာ ကျွန်တော့်ပါးတွေကို အသာလေးညှစ်လာတယ် "အခုတော့ မင်းပြန်လာပြီလေ"

သူက ကျွန်တော့်ကိုကြည့်နေပြီး သူ့အကြည့်က နူးညံ့နေဆဲပဲ။

"လော့ယွီချန်"

"ဟင်?"

"မင်း အများကြီးပိန်သွားတယ် ပြီးတော့ မည်းလည်းမည်းသွားတယ်"

"ဒါက အရမ်းကိုခက်ခဲတဲ့ ပြည်ပခရီးတွေ ဖြစ်ခဲ့လောက်တယ် ဟုတ်လား?"

သူက ပြုံးနေပြီး နောက်တစ်ကြိမ် သက်ပြင်းအသာချပြန်တယ်။

"တချိန်လုံး ငိုချတော့မယ့်ပုံမျိုး လုပ်မနေနဲ့၊ မင်းကြည့်ရတာ အဲ့ခွေးရုပ်ထက်တောင် ပိုပြီး ပေါကြောင်ကြောင်ရုပ်ပေါက်နေသေးတယ်"

"ငါတို့ချင်း သိလာတာပဲ ဒီလောက်အကြာကြီးရှိနေပြီ အဲ့တာကြောင့်မို့ မင်းတုံးတာရော ငါကြားချင်တဲ့စကားလုံးတွေကို မပြောနိုင်ဘူးဆိုတာကိုရော ငါသိတယ်"

"အဲ့တာကြောင့် ငါ့ဖာသာပဲ မင်းကို မေးတော့မယ်"

"လော့ယွီချန်၊ ဒီမှာနေပြီး နောက်တစ်ခေါက် ငါနဲ့တွဲကြမလား? ငါတို့ နောက်ထပ် ပြန်စလို့ရတယ်၊ ပြီးတော့ အဲ့တာက အဆင်ပြေတယ်ဆိုရင် ငါတို့ အမြဲတမ်း တစ်လျှောက်လုံး အတူနေသွားလို့ရမလား?"

"..."

နောက်မိနစ်ပိုင်းအတွင်းမှာပဲ ကျွန်တော်သူ့ကိုဖက်လိုက်ကာ အသည်းအသန်နမ်းရှုံ့ပြီး သူ့နှုတ်ခမ်းတွေကိုပါ ကိုက်တော့တယ်။

ကျွန်တော်တို့ လေဆက်ပြတ်တဲ့အထိ နမ်းပြီးတဲ့နောက်မှသာ ကျွန်တော် စိတ်မပါတပါနဲ့ ပြန်လွှတ်လိုက်ပေမယ့် သူ့ကိုတော့ တင်းတင်းကျပ်ကျပ်ဖက်ထားတုန်းဖြစ်ပြီး အသက်ရှုလို့မရနိုင်တဲ့အထိ ချုပ်နှောင်ခံထားရသလို ခံစားနေရတုန်းပဲ။

ကျွန်တော် ခေါင်းငြိတ်လိုက်တယ်။ ကျွန်တော် တတ်နိုင်သမျှ ခေါင်းကို ငြိတ်ပြလိုက်တယ်။

ဒါပေမယ့် ကျွန်တော့်ရင်ဘတ်ကတော့ အရမ်းနာကျင်နေတုန်းပဲ။

အမြဲတမ်း တစ်လျှောက်လုံး အတူနေသွားကြမယ်။

"ရှောင်ဟန်း"

"ဟုတ်တယ် ရှေ့လျှောက် ငါတို့တွေ အမြဲတမ်းအတူနေသွားကြရအောင်"

'ငါ့ရဲ့စိတ်ရင်းနဲ့အားအင်တွေအားလုံး ခမ်းခြောက်တဲ့အထိ မင်းကို ချစ်သွားမယ်'

'မင်းကို လုပ်ပေးလို့ရတာမှန်သမျှ အားလုံးလုပ်ပေးမယ်'

'ဒါပေမယ့် ဒါပေမယ့်'

'မင်း သိမှာမဟုတ်ဘူး'

'ငါကတော့ ငါ့ကိုယ်ငါ ဘယ်တော့မှ ခွင့်လွှတ်ပေးနိုင်မှာမဟုတ်ဘူး'

ကျွန်တော်ရလိုက်တဲ့အချစ်ကြောင့် အရူးအမူးဝမ်းသာသွားရပြီး ကျွန်တော်ရလိုက်တဲ့ ခွင့်လွှတ်မှုကြောင့် ကျွန်တော် ကြောက်လန့်နေမိတယ်။ ကျွန်တော်က မသင့်လျော်မှန်း ကျွန်တော်သိတယ်။ ဘယ်လောက်တောင် များပြားတဲ့ကံကောင်းမှုကို ပေးအပ်ခံလိုက်ရလဲဆိုတာ ကျွန်တော်သိတယ်။

'အဲ့တာကြောင့် ရှောင်ဟန်း၊ ငါမင်းကို အရာအားလုံးထက် ပိုပြီးချစ်သွားပေးမယ် ဒါပေမယ့် ငါ့ကိုယ်ငါတော့ ဘယ်တော့မှ ခွင့်မလွှတ်ပေးနိုင်ဘူး'

'လုံးဝပဲ၊ ထာဝရစာ'

****

****

ကျွန်တော်တို့ ပြန်စတင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ နေ့ရက်တွေက အိမ်မက်တစ်ခုလို့ပဲ။

ကျွန်တော် အရာအားလုံးကို သတိကြီးကြီးထားကာ ကျွန်တော့်ရဲ့ပူပန်မှုကို သူသတိမထားမိအောင် အကောင်းဆုံးကြိုးစားခဲ့တယ်။

ဒါပေမယ့် သူက ကျွန်တော့်ကို ကောင်းကောင်းကြီး နားလည်နေတယ်။ သူသိနေတာကြောင့် တစ်ခါတစ်ရံ ပြုံးပြတတ်ပြီး၊ ကျွန်တော်အဖို့ အစိတ်အပိုင်းလေးတွေကအစ ချစ်ရတဲ့ အဆုံးမရှိစိတ်လှုပ်ရှားစေတဲ့ အကူအကယ်မဲ့ကာ အလိုလိုက်ခံနေရတယ်ဆိုတဲ့ အမူအယာမျိုးလေးလုပ်ကာ ပြောတတ်တယ် "ဒါက ဘာဖြစ်တာလဲ? မင်း ပုံမှန်အတိုင်း ဘယ်လိုနေရမလဲဆိုတာ မသိတော့တာလား?"

"ငါတို့တွေ တစ်နှစ် နှစ်နှစ်လောက်ပဲ ခွဲခဲ့ရတာပါကွာ၊ မင်းက ပြီးခဲ့တဲ့ဆယ်နှစ်တုန်းက ငါတို့ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာ မေ့သွားပြီလား?"

ကျွန်တော် ဘယ်မေ့ပါ့မလဲ။

ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော် တတ်နိုင်သမျှ နှိမ့်ချပြီးနေနေမိတယ်။ ထိုဆယ်နှစ်အတွင်း ကျွန်တော်လုပ်ခဲ့သလိုမျိုး ဘယ်လိုလုပ် အထိန်းအကွပ်မရှိ ပြုမူရဲပါအုံးတော့မလဲ။

ကျွန်တော် အမှန်တကယ်ကို ရွက်သစ်တစ်ခုအဖြစ်ပြောင်းလဲပြီး ချစ်သူကောင်းတစ်ယောက်အဖြစ် ပြုမူချင်တယ်။

သူ့ကို ဘာနောင်တတရားမှ မခံစားစေချင်ဘူး၊ နောက်ပြီး တစ်နေ့မှာ ကျွန်တော့်ကို တံခါးကနေ မောင်းထုတ်လိုက်တာမျိုးလည်း မဖြစ်စေချင်တော့ဘူး၊ အဲ့လိုသာဆို ကျွန်တော် တကယ် ရူးသွားလောက်တယ်။

ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာနဲ့ မျိုးစုံသောအိမ်မှုကိစ္စတွေကို ဘယ်လိုမျိုး ထိန်းသိမ်းရမယ်ဆိုတာကို ကျွန်တော် အစွမ်းကုန် စတင်သင်ယူတော့တယ်။

ရလဒ်တွေကတော့ ကျွန်တော်စိတ်ကူးထားတာတွေနဲ့ အတော်လေးတော့ ထပ်တူမကျလှဘူး။ ကျွန်တော်ဘယ်လောက်တောင် အရှုပ်ထုပ်တွေလုပ်နေလဲဆိုတာ ရှောင်ဟန်းမြင်ပေမယ့် သူ ဒေါသမထွက်ဘူး၊ ဒါပေမယ့် အဲ့အပေါ် သူကျွန်တော့်ကို အလွယ်တကူ လှောင်ပြောင်တာမျိုးကတော့ ကျွန်တော့်အဖို့ ရှောင်ရခက်လှတယ်။

"အဲ့တာလေး မြည်းကြည့်"

ကျွန်တော် နာရီပေါင်းများစွာ အချိန်ကုန်ခံပြီးလုပ်ခဲ့ရတဲ့ဟင်းပွဲကို သူ့ဘက်က အဆုံးအဖြတ်ပေးလာမှာကို ကျွန်တော် စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားနေမိတယ်။

သူက ကျွန်တော့်ကို တကယ်ချီးကျူးချင်နေလောက်ပေမယ့် သူ့ရဲ့အသိစိတ်ကိုလည်း မလွန်ဆန်နိုင်တာကြောင့် "ဒါက တကယ် ထူးခြားတာပဲ"လို့သာ ပြောလာတယ်။

ဒါက တကယ်ထူးခြားတယ်။

ကျွန်တော်အဲ့တာကို ဘယ်နှကြိမ်လောက် ပြန်လုပ်ခဲ့ရလဲဆိုတာ ကောင်းကင်ဘုံကြီးပဲ သိလိမ့်မယ်...

လုဝေ့ရှီအကြောင်း ကျွန်တော် နောက်တစ်ခါ တွေးမိလိုက်တယ်။ သူပြောဖူးတယ် "ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ မသိတဲ့ယောကျာ်းတွေက ယောကျာ်းကောင်းတွေ မဟုတ်ဘူး"တဲ့၊ ပြီးတော့ အဲ့အတုယောင်နိုင်ငံခြားသားက တကယ်ကြီး ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ ကောင်းကောင်းသိနေသေးတယ်!

ကျွန်တော် လုဝေ့ရှီအကြောင်း တွေးမိတယ်ဆိုတာနဲ့ သူတို့တွေ လက်ချင်းတွဲကာ လျှောက်နေခဲ့တဲ့ ထိုနေ့ကို ထပ်တွေးမိသွားပြန်တယ်။

ကျွန်တော့်ထက် ပိုကြည့်ကောင်းတဲ့ ယောကျာ်းတစ်ယောက်က ကျွန်တော့်လူရဲ့လက်ကို ကိုင်ထားခဲ့တာ!

ရှောင်ဟန်း "မင်း ဘယ်လိုဖြစ်ပြီး သူ့ကို သွားသဝန်တိုနေရတာလဲ? ရှောင်လုက အမြဲတမ်း အဲ့လိုမျိုးပဲဆိုတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ?"

"သူက အတော့်ကို တက်ကြွတာ၊ ပြီးတော့ သူမြင်သမျှ ဘယ်သူ့ဖြစ်ဖြစ် အမြဲတမ်း လက်လိုက်ကိုင်ပြီး သူတွေ့သမျှလူတိုင်းကိုလည်း ဖက်နေကျ!"

ကျွန်တော် အလန့်တကြားဖြစ်သွားတယ်။

သူမြင်သမျှ ဘယ်သူ့ဖြစ်ဖြစ် လက်ကိုင်တယ်? သူတွေ့သမျှ လူတိုင်းကိုလည်း ဖက်တယ်? ဘယ်လိုတောင် ပေါက်ကရတွေလဲ။ တကယ်လို့ လုဝေ့ရှီက အဲ့လိုလူစားမျိုးသာဆိုရင် ဘာလို့ ကျွန်တော့်ကို တစ်ခါမှမဖက်ခဲ့တာလဲ ပြီးတော့ ကျွန်တော့်ကို ဟက်ဟက်ပက်ပက် တရင်းတနှီးတောင် မရှိခဲ့ရတာလဲ? [ T/N : ဪ တစ်ယောက်နဲ့တစ်ယောက်က သိပ်ချစ်ကြတာဆိုတော့လေ ]

အဲ့လိုသာဆို နေစမ်းပါအုံး...

သူမြင်သမျှ ဘယ်သူ့ဖြစ်ဖြစ် လက်ကိုင်တယ်၊ သူတွေ့သမျှ လူတိုင်းကိုလည်း ဖက်တယ် _ အဲ့တာဆို ပြောချင်တာက သူ ရှောင်ဟန်းရဲ့လက်တွေကို ခဏခဏကိုင်ခဲ့တယ်ပေါ့? ပြီးတော့ ရှောင်ဟန်းကို မကြာခဏ ဖက်တယ်ပေါ့? ဒီလောက်နှစ်တွေအများကြီး ကျွန်တော် မတွေ့နိုင်တဲ့ နေရာတွေမှာလေ?

သူက ခွေးလား!

"ဒါမကောင်းတော့ဘူး ရှောင်ဟန်း! ရှေ့လျှောက် မင်းသူနဲ့ ဝေးဝေးမှာပဲ နေသင့်တယ်! အထူးသဖြင့်အဲ့တာ _ မင်းကိုယ်မင်း ထိုးကျွေးနေရသလိုမျိုး သူ့ကိုဘာမှ လုပ်ခွင့်ပေးလို့မရတော့ဘူး!" ကလိမ်ကကျစ်ကောင်! ကျွန်တော့်နောက်ကွယ်မှာ ရှောင်ဟန်းကို ဘယ်နှကြိမ်တောင် အခွင့်အရေးယူခဲ့ပြီးပြီလဲ! ကျွန်တော်တွေးလေလေ ကျွန်တော့်ရဲ့ဟာကွက်တွေကို မုန်းလာလေလေပဲ။

ရှောင်ဟန်း ပြုံးသွားတယ် "မင်းက ရှောင်လုကို သက်သက်မဲ့ အမုန်းလိုက်ပွားနေတယ်"

အမုန်းပွားတယ်?

ကျွန်တော် ငေါင်တောင်တောင် စိုက်ကြည့်ရင်း စိုးရိမ်တာရော စိတ်ထိခိုက်တာရော ခံစားနေရတယ်။ အရင်တုန်းကဆို သူက အမြဲတမ်း ကျွန်တော့်ဘက်က ခုခံပေးခဲ့ပေမယ့် အခုတော့ သူက အဲ့လုမျိုးရိုးကို ခုခံပေးနေတယ်။ ဘာလို့လဲ၊ ကျွန်တော်က ချစ်ဖို့မကောင်းလို့လား၊ မဖော်ရွေလို့လား၊ စကားကို ဘယ်လိုပြောရမှန်း မသိလို့လား ပြီးတော့ လူတွေ ကျွန်တော့်ကို သဘောကျလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိလို့လား?

"လော့ယွီချန် မင်းနဲ့ရှောင်လုလည်း သိပ်မကြာခင် ပြေလည်သွားအောင် လုပ်သင့်တယ်၊ မင်းတို့နှစ်ယောက် အဆင်ပြေအောင် နည်းလမ်းမရှာနိုင်ဘူးဆိုရင်... ငါ့အတွက် အရမ်းအခက်တွေ့ရလိမ့်မယ်" သူပြောလာတယ် "အဲ့လိုမှ မဟုတ်ရင် ရှေ့လျှောက် ငါမင်းကို 'တွေ့ဆုံပွဲ'ခေါ်သွားချင်တယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲ?"

****

ရှောင်ဟန်းရဲ့ 'တွေ့ဆုံပွဲ'ဆိုတာက ထွေထွေထူးထူးတစ်စုံတစ်ခုကို ရည်ညွှန်းတာဖြစ်ပြီး အရင်ကတော့ ကျွန်တော် ဘယ်တုန်းကမှ သတ်သတ်မှတ်မှတ် မတက်ဖြစ်ခဲ့ဘူး။

တက်ရောက်လာတဲ့သူတွေက ဖန်းရှဲ့ယိ၊ လုဝေ့ရှီ၊ ရှင်းကော်ပိုရေးရှင်းရဲ့သခင်လေးတဖြစ်လဲ ကျွန်တော့်ရဲ့လက်ရှိသူဌေးနဲ့ လူတချို့သာ ပါတယ်ဆိုတာလောက်သာ ကျွန်တော် သိခဲ့တယ်။ တိုတိုပြောရရင် အဲ့တာက ဖျော်ဖြေရေးလောကထဲကလူတွေနဲ့ တန်းတူလောက်ရှိသူတွေ ပြီးတော့ ချမ်းသာပြီးအင်အားကြီးတဲ့ မိသားစုတွေကလာတဲ့ အထက်တန်းလွှာ သခင်လေးတွေ တွေ့ဆုံတဲ့ပွဲသာဖြစ်တယ်။

သူတို့တွေက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးသလို ကျွန်တော်ကလည်း... သူတို့ကို မမြင်ချင်ဘူး။

ဒါပေမယ့် အဲ့တာအရင်က!

အခုချိန်မှာတော့ ဒီ'တွေ့ဆုံပွဲ'တက်တာက ကျွန်တော်ဆိုတာ သူ့ရဲ့အတည်တကျချစ်သူဖြစ်ကြောင်း သက်သေပြတာပဲဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်းသိတယ်။

ကျွန်တော် သွားဖို့လိုတယ်။ သူ့ဘေးမှာ ကောင်းမွန်ပြီးထင်ရှားတဲ့ယောကျာ်းတွေ အများကြီးရှိတာကြောင့် ကျွန်တော် ရုပ်လုံးထွက်ပြဖို့လိုတယ်။ အဲ့တော့မှ လက်သရမ်းနေကြတဲ့ လူရှုပ်တွေ နည်းနည်းလောက်လက်တွန့်သွားအောင် လုပ်နိုင်မှာ။

"ငါ သွားမယ်! ငါ သွားချင်တယ်!"

ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး စိတ်မရှည်နိုင်ဖြစ်သွားတာ ဖြစ်လောက်မယ်။

ကျွန်တော် ဒီလိုဖြစ်နေတာကို သူမြင်တော့ အရမ်းရယ်စရာကောင်းတယ်လို့ ထင်သွားပြီး ကျွန်တော့်နောက်ကို လက်ညှိုးထိုးပြလာတယ် "မင်း 'အဲ့တာ'နဲ့ နေ့တိုင်း တူသထက်တူလာတယ်"

'အဲ့တာ'ဆိုတာ ထုံးစံအတိုင်း ထိုခွေးရုပ်ကြီးကိုပြောတာဖြစ်တယ်။

အခုလောလောဆယ် သူက ကျွန်တော့်နောက်မှာ ငြိမ်ငြိမ်လေးထိုင်နေတာဖြစ်ပြီး ပေါတောတော အရှက်မရှိတဲ့မျက်နှာနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။

ဒါပေမယ့် အဲ့တာတွေထက်။

အခုဆို ကျွန်တော်က ပိုလို့တောင် အရေးမပါဖြစ်နေပြီး အဲ့တာထက်တောင် ခွေးနဲ့ပိုတူနေသေးတယ် ဒါပေမယ့် ကျွန်တော်က တစ်စုံတစ်ယောက်ရဲ့လက်ဖဝါးထဲမှာ ဆုပ်ကိုင်ခံခဲ့ရတဲ့ ခံစားချက်ကို မြည်းစမ်းခဲ့ဖူးပြီဖြစ်သလို ထိုခံစားချက်က အရမ်းကောင်းတယ်လို့ ပြောလို့မရဘူး။ ကျွန်တော့်နှလုံးသားတစ်ခုလုံးက တစ်ခြားသူရဲ့လက်တွေထဲ ဆုပ်ကိုင်ခံခဲ့ရပြီး ဂရုတစိုက်ဖြစ်ဖြစ် ဂရုမစိုက်မိလိုက်တာဖြစ်ဖြစ် စကားလေးတစ်ခွန်းနဲ့တင် အဲ့တာက အမြင့်ပေါ်ရောက်သွားနိုင်သလို မြေကြီးအောက်ထိလည်း ပြုတ်ကျသွားနိုင်တယ်။

ကျေးဇူးတင်စရာကောင်းတာက ကျွန်တော့်အပိုင်ကို ကိုင်ပေးထားတဲပလူက အလွန်တရာနူးညံ့တဲ့လူတစ်ယောက် ဖြစ်နေခဲ့တယ်။

သူက ကျွန်တော့်ကို ဂရုစိုက်ပေးပြီး နာကျင်အောင်မလုပ်ဘူး။

သူ့ရဲ့တည်ရှိမှုက ကျွန်တော့်ရဲ့ကမ္ဘာကြီးတစ်ခုလုံးပဲ။ သူ့အတွက်ကြောင့်ပဲ ကျွန်တော် အလွန့်အလွန်တော်တဲ့ချစ်သူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူချင်မိတယ်။

****

ကျွန်တော်တို့ရဲ့မူလအိမ်ကိုတော့ အဲ့နေရာက ကျွန်တော်တို့ရဲ့အမှတ်တရတွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုလို့ ရှောင်ဟန်းက ပြောပေမယ့် ကျွန်တော်ကတော့ အလုံးစုံ သဘောမတူဝံ့ဘူး။

အဲ့နေရာက ကျွန်တော့်တစ်ဘဝလုံးစာ နောင်တရသွားစေမယ့် ကိစ္စတွေကို ပြောခဲ့လုပ်ခဲ့တဲ့နေရာလို့သာ ခံစားရတယ်။ နောက်ပြီး အဲ့လိုနေရာကို ပြန်သွားတာက ထိုမှတ်ဉာဏ်တွေကို နောက်တစ်ကြိမ် ပြန်ဆွပေးနိုင်လိမ့်မယ်လို့သာ ခံစားမိနေတယ်။

"ဒါပေမယ့် အဲ့မှာ အမှတ်တရကောင်းတွေအများကြီး ရှိခဲ့တာပဲ မဟုတ်ဘူးလား?"

ကျွန်တော် စကားမပြောရဲဘူး။

ကျွန်တော် မှတ်မိတာဆိုလို့ သူ့ကို နာကျင်အောင်လုပ်ခဲ့တဲ့ကိစ္စတွေသာဖြစ်တယ်။

"တကယ်တော့ အဲ့မှာ ငါ့အတွက် ကိစ္စတွေအများကြီရှိခဲ့တယ်... ငါ့ကို တအားစိတ်ပျော်စေတဲ့ ကိစ္စသေးသေးမွှားမွှားလေးတွေ အများကြီးရှိတယ်" သူပြောလာတယ်။

"အရေးအကြီးဆုံးက အဲ့နေရာမှာနေခဲ့တဲ့ ဆယ်နှစ်ဆိုတဲ့အချိန်က... ငါတို့ကို နောက်ဆုံး အချင်းချင်း အမှန်တကယ်နားလည်ပြီး လက်ခံစေခဲ့တယ်လေ၊ ငါ့အတွက်တော့ အဲ့တာက ငါ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အထဲမှာ အလှပဆုံးနဲ့ စိတ်ကူးလို့တောင်မရတဲ့ ကိစ္စဖြစ်နိုင်တယ်"

လှပတယ်။

"ဘာက ဒီလောက်လှနေလို့လဲ" ကျွန်တော် ခါးသက်စွာ ပြုံးလိုက်တယ် "ငါ့လိုလူတစ်ယောက်နဲ့..."

သူ ပြုံးသွားတယ်။

"မင်းကလည်း အတော်လေးကောင်းပါတယ်"

"အဲ့တာ ဘာမှမတတ်နိုင်ဘူးလေ၊ မင်းကို ဒီလောက်ထိ သဘောကျပါလို့ ငါ့ကို ဘယ်သူခိုင်းနေလို့လဲ၊ ဟိုးအကြာကြီးတုန်းကတည်းက အခုချိန်ထိ မင်းက... ငါ့ဘဝမှာ ငါအတွယ်တာဆုံးအရာဖြစ်လောက်တယ်"

ကျွန်တော် သူ့ကို ကြည့်လိုက်ပြီးနောက် နမ်းလိုက်တော့တယ်။

သူ့ရဲ့အနွေးဓာတ်လေးထဲမှာ ကျွန်တော်ကိုယ်တိုင် လုံးလုံးလျားလျား နစ်မြုပ်သွားကာ ကြိုးနီလေးတစ်ချောင်းနဲ့ တင်းကျပ်စွာ ချည်နှောင်ခံလိုက်ရသလိုမျိုးပဲ။

ဒီနေ့ကစလို့ ကျွန်တော့်ကိုယ်ကျွန်တော် ပိုလို့တောင် ခွင့်လွှတ်ပေးလို့မရနိုင်ဖြစ်လာတယ်လို့ တွေးမိလိုက်တယ်။

ဒါပေမယ့် အဲ့တာက သကာရည်လို ချိုမြနေတုန်းပဲ။

အံဆွဲထဲကနေ သူက အိမ်ဟောင်းရဲ့သော့တွေပါတဲ့ စာအိတ်တစ်လုံးကို ဆွဲထုတ်လိုက်တယ်။ သူ သော့တွေကို ထုတ်လိုက်ချိန်မှာ တစ်ချိန်တည်းမှာပဲ ဆွဲကြိုးနဲ့ချိတ်လျက်ရှိတဲ့ လက်စွပ်လေးနှစ်ကွင်းလည်း လျှောထွက်လာပြီး စားပွဲခုံပေါ်ကို ကလစ်ကနဲ ကျသွားတယ်။

ကျွန်တော်လန့်သွားပြီး အဲ့တာတွေကိုကောက်ဖို့ ချက်ချင်းလက်ဆန့်ထုတ်လိုက်တယ်။

သူက ခေါင်းတယမ်းယမ်းနဲ့ ပြုံးကာ "အခုမှ မင်းအဲ့တာတွေကို တန်ဖိုးထားရကောင်းမှန်းသိတာလား? အဲ့တာတွေ ငါ့ဆီ ပြန်ပေးတဲ့အချိန်တုန်းက မင်းဘာလို့ အဲ့လောက်ထိ တုံးခဲ့ရတာလဲ? အဲ့တာတွေကို ဖန်းရှဲ့ယိဆီက ငါရလိုက်တဲ့အချိန်တုန်းက ငါမင်းကို တကယ် အရမ်းဒေါသထွက်ခဲ့တာ _ ကုမ္ပဏီက လူလုပ်ရေကန်နား လျှောက်မိတုန်းကလည်း ဒေါသထွက်လွန်းလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အဲ့တာတွေကို ရေကန်ထဲပစ်ချဖို့ အကြိမ်နည်းနည်းလောက် လုပ်မိသေးတယ်၊ ဒါပေမယ့် နောက်ဆုံးကျတော့လည်း ငါ မလုပ်နိုင်ခဲ့ဘူး"

ထိုရေကန်အကြောင်း ပါလာတာနဲ့ ကျွန်တော် ချက်ချင်းဆိုသလို အပြစ်မကင်းဖြစ်သွားပြီး နောက်ထပ် ဘာဆက်လာမယ်ဆိုတာကို ကြောက်နေမိတယ်။

သူက ကျွန်တော့်ကို ရုတ်တရက် မေးလာတယ် "အဲ့လက်ဝါးကပ်တိုင်နားဆွဲ၊ မင်း အဲ့ထဲကို ပစ်ချခဲ့သေးလား?"

"..."

"တောင်းပန်ပါတယ်... အရင်က... ပစ္စည်းတွေအများကြီး... အခုမရှိတော့ဘူး"

သူက လက်တစ်ဖက်ဆန့်ထုတ်ကာ ကျွန်တော့်ခေါင်းကို လာပွတ်ပေးတယ် "ငါသိတယ်၊ မင်းကိုယ်မင်း တအားအပြစ်တင်မနေနဲ့ လော့ယွီချန်၊ ငါတို့တွေ ပြန်စနေကြပြီဆိုမှတော့ အဲ့တာက အမှတ်တရတွေဖြစ်ဖြစ် ပစ္စည်းတွေဖြစ်ဖြစ်၊ ငါတို့တွေ အဲ့တာတွေကို ပျောက်သွားခဲ့တယ်ဆိုရင်တောင်မှ ငါတို့တွေ အသစ်တစ်ခု ပြန်လုပ်လိုက်လို့ရတာပဲလေ ဟုတ်တယ်မှတ်လား?"

"မင်းကိုယ်မင်း အပြစ်တင်နေစရာ ဘာမှမလိုဘူး၊ လူသားတိုင်း အမှားလုပ်မိကြတာပဲ"

"ရှောင်ဟန်း ငါ... ဒါပေမယ့်_"

"ငါတို့က အတူတူပဲ လော့ယွီချန်၊ ငါလည်း အမှားတွေလုပ်ခဲ့တာပဲ ပြီးတော့ ငါလည်း တစ်ခါက အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာပဲလေ" သူက ညင်သာစွာ ကျွန်တော့်ကို ကြားဖြတ်ပြောလာတယ် "ဒါပေမယ့်အခုတော့ အဲ့တာတွေအားလုံးက ငါတို့နောက်မှာကျန်ခဲ့ပြီ၊ ငါတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ နားလည်မှုလွဲတာတွေနဲ့ ပျော်ရွှင်မှုတွေအားလုံးက တဖြည်းဖြည်းနဲ့ တူညီတဲ့အရာဖြစ်လာခဲ့ပြီဆိုမှတော့ ငါတို့တွေ အတိတ်မှာပဲ အမြဲတမ်း ရစ်နှောင်နေဖို့ မသင့်တော့ဘူး၊ အနာဂတ်ကို ငါတို့တွေ အကောင်းဆုံးကြိုဆိုကြမယ်လေ အဆင်ပြေလား?"

ဒီလိုနက်မှောင်နေတဲ့မျက်လုံးတွေထဲမှာ တွန့်ဆုတ်မှုလေးတစ်မျှင်တောင် ကျွန်တော် မတွေ့ရဘူး။

လုံးဝငြိမ်သက်နေပြီး သံသယလေးတစ်မှုန်တောင် မရှိတာကြောင့် ကျွန်တော်ချစ်တဲ့လူက လိုက်မမှီလောက်အောင် နက်နဲလွန်းလှတယ်လို့တောင် ကျွန်တော့်ကို ခံစားရစေတယ်_

ဒဏ်ရာခဲ့ဖူးတဲ့ခရုတောင်မှ သူ့အခွံထဲ ဝင်ပုန်းရမယ်ဆိုတာ သိသေးတယ်၊ အဲ့တာကို သူက ဘာကြောင့် ဒီလောက်ထိ မိုက်မဲရတာလဲ!

သူ ရယ်မောလိုက်ပြီး နောက်တစ်ကြိမ် ကျွန်တော့်ကို အားတက်သရောကြည့်လာတယ် "လော့ယွီချန် တကယ်တော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ငါ မကြာခဏ ထူးဆန်းတဲ့အိမ်မက်တွေ မက်ခဲ့တယ်၊ တချို့ကိစ္စတွေက တကယ်ဖြစ်ခဲ့တာတော့ မဟုတ်ပေမယ့် အဲ့တာတွေက တကယ့်အစစ်လိုပဲ..."

"တစ်ခါတစ်လေ... ငါ အဲ့အိမ်မှာရပ်နေပြီး မင်းအိပ်နေတာကို ကြည့်နေတတ်တယ်လို့ မက်တယ်၊ တစ်ခါတစ်လေ မင်းတစ်ယောက်တည်းငိုနေတာကို အိမ်မက်,မက်တယ် ပြီးတော့ တစ်ခါတစ်လေ ကြောက်ဖို့ကောင်းမှန်း သိသာလွန်းတာတွေကို မက်တယ်၊ အဲ့တာတွေအားလုံးက ဘာလဲဆိုတာကို ငါသေချာမတွေးရဲပေမယ့် အကြောင်းကြောင်းကြောင့် အဲ့တာက အရမ်းအရမ်း ဝမ်းနည်းစရာကောင်းတယ်လို့ ခံစားရတယ်"

"မင်း ပျော်ဖို့ ငါတကယ်ဆုတောင်းတယ်"

"ငါနဲ့ပက်သက်သမျှအားလုံးက မင်းကို ပြုံးစေပြီး မင်းဝမ်းနည်းအောင် နာကျင်အောင်မလုပ်စေဖို့ ငါ မျှော်လင့်တယ်"

"အဲ့တာဆို လုံလောက်ပြီ၊ အတိတ်မှာဖြစ်ခဲ့သမျှအားလုံးက အတိတ်ပဲဖြစ်သွားပြီ"

"ငါတို့နှစ်ယောက်လုံး ဘာနောင်တမှ မရစေချင်ဘူး"

"အချိန်ရှိပါသေးတယ်၊ ရှေ့လျှောက် ငါတို့တွေအတူတူ ပျော်ဖို့အတွက် ရှည်လျားတဲ့ရက်တွေအများကြီးနဲ့ အချိန်တွေ တစ်ပုံကြီးကျန်သေးတယ်"

နေ့လည်ခင်းနေရောင်က ကျွန်တော်တို့အနောက်ဘက်က ပြတင်းပေါက်ကနေ ဝင်ရောက်နေပြီး တလက်လက်တောက်ပနေတဲ့ သလင်းကျောက်သံစုံခေါင်းလောင်းလေးကနေ အလင်းပြန်ကာ ကြမ်းပြင်ပေါ် ပုံရိပ်ယောင်ထင်နေစေတယ်။

ခရစ်ယာန်ကျောင်းထဲက တလက်လက်တောက်နေတဲ့ ရောင်စုံမှန်ကပ်တွေလိုပဲ။

ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ ရိုးရှင်းတဲ့ငွေလက်စွပ်လေးနှစ်ကွင်းပေါ်မှာ ကျွန်တော့်အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကို မတူညီစွာ ရေးထိုးထားတယ်။

နောက်ပြီး သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေကရော?

အဲ့ပေါ်မှာ ရေးစရာနေရာမရှိတာကြောင့် ကျွန်တော့်နှလုံးသားပေါ်မှာ ရေးထိုးလိုက်တာကိုပဲ လုပ်နိုင်တော့တယ်။ ဒီနေ့ကစလို့ သူ့ကို တစ်ရက်ချင်းစီ ဖြေးဖြေးချင်း သိသွားအောင်လုပ်ပေးမယ်။

ကျွန်တော် သူ့ကို ထိုလက်စွပ်လေး စွပ်ပေးလိုက်ပြီးနောက် ကျွန်တော်လည်း ကိုယ့်ဖာသာ ကျွန်တော့်ရဲ့ဘယ်ဘက်လက်သန်းကြွယ်မှာ စွပ်လိုက်တယ်။

တိတ်ဆိတ်တဲ့အခန်းလေးထဲမှာ ရိုးရှင်းကာ အေးချမ်းတဲ့ နေ့လည်ခင်းလေးတစ်ခုဖြစ်ပေမယ့် နေရောင်ခြည်က ပတ်ပတ်လည်နေရာတွေကို နွေးထွေးစွာဖျန်းပက်ပေးနေတာကြောင့် ကျွန်တော့်ရဲ့လက်ရှိအပြုအမူတွေက တရားဝင်အခမ်းအနားတစ်ခုနဲ့ ဆင်တူသွားစေပြီး ထိုအခိုက်မှာတင် ကျွန်တော့်စိတ်ကူးထဲမှာ မင်္ဂလာဆောင်ဓမ္မတေးတွေကိုတောင် ကြားလိုက်ရသလိုပဲ။

အလင်းရောင်ကို ကျောခိုင်းကာ ကျွန်တော့်ရဲ့လက်ချောင်းကို ငုံ့ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်တယ် "...ငါတို့ မင်္ဂလာဆောင်လိုက်ရတဲ့အတိုင်းပဲ"

သူ ရယ်သွားတယ်။ အစကတော့ ကျွန်တော့်ရဲ့ခိုင်းနှိုင်းမှုကို ရယ်နေတယ်လို့ ထင်သွားပေမယ့် နောက်တော့မှသာ သူက ကျွန်တော့်ပုံစံကို ရယ်နေတာမှန်း သတိထားမိလိုက်တယ် "အဲ့တော့ မင်းက လက်စွပ်ဝတ်ထားတာနဲ့ တကယ်ကိုမလိုက်ဖက်တာပဲ... အရမ်းထူးဆန်းနေသလိုကြီး"

"အဲ့တာက ထူးဆန်းနေတယ်ဆိုရင်တောင် ငါမချွတ်ဘူး" ကျွန်တော် လှုပ်ပြလိုက်တယ် "မင်း တဖြည်းဖြည်းနဲ့ အသားကျသွားလိမ့်မယ်"

"ငါ့အတွက် ဒီလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး... ဟေး ချွတ်လိုက်တော့၊ မင်း ဒီညနေ အသံသွင်းစရာရှိသေးတယ် မှတ်လား? ဒါနဲ့ပက်သက်လို့ မေးလာခဲ့ရင် _"

"ငါ့ကိုမေးလာခဲ့ရင် ငါက ဒီတိုင်း ဝန်ခံလိုက်လို့မရဘူးလား?"

"ငါချစ်တဲ့တစ်ယောက် ရှိပါတယ်လို့ ပြောလိုက်မယ်လေ"

"ဘယ်လိုနေနေ မင်းက ငါ့သူဌေးမှမဟုတ်တော့တာ၊ အားလုံး ပေါ်သွားတယ်ဆိုလည်း မင်းက ဘာမှမဖြစ်ဘူး၊ ဖန်းရှဲ့ယိပဲ ခေါင်းကိုက်ရမှာ"

သူ ရယ်မောသွားတယ်။

ကျွန်တော်က ဒီလိုမျိုး အာဃာတဖွဲ့ထားတာ ဖန်းရှဲ့ယိအတွက် တကယ်ဆိုးတာပဲလို့ သူပြောခဲ့တယ်။

ကျွန်တော်က ထိုခွေးရုပ်ကို သူ့လက်မောင်းတွေထဲ ထိုးထည့်ပေးလိုက်ပြီး သေသေချာချာကိုင်ခိုင်းထားကာ တံခါးအပြင်ကို ဆွဲခေါ်လာပြီး သူ့ရဲ့အားနေတဲ့နောက်လက်တစ်ဖက်ကို တင်းကျပ်စွာ ကိုင်ထားလိုက်တယ်။

ပရိဘောဂနဲ့ ကျွန်တော်တို့ရဲ့ထုပ်ပိုးထားတဲ့ အိတ်တွေအားလုံးကို ပြောင်းရွှေ့ရေးကုမ္ပဏီလက်ထဲသာ အပ်ခဲ့ပြီး ကျွန်တော်ကတော့ ကျွန်တော့်အတွက် အရေးအပါဆုံးလူကိုသာ ဆွဲလာခဲ့တယ်။

ကျွန်တော်တို့တွေ အကျွမ်းတဝင်ရှိတဲ့ ဦးတည်ရာဆီ လျှောက်လာခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့ နောင်လာမယ့်ဆယ်နှစ်နဲ့ ဒီ့ထက် ပိုရှည်ကြာမယ့် အနာဂတ်ကို ရှေးရှုရင်း...

စာရေးသူမှာ ပြောစရာရှိနေပါတယ် :

တင်လိုက်ပြီ! တင်လို့ပြီးသွားပြီ! =w=

အာ _ ဆန်ကုန်မြေလေး gong!

ငါသာအခု ဒါကိုရေးရမယ်ဆိုရင် QvQ သူ့ကို သေတဲ့အထိ နှိပ်စက်မိမှာ

လော့ယွီချန် နင် ပိုကောင်းတဲ့ခေတ်မှာ မွေးခဲ့တာပဲ ပျော်သင့်တယ်နော်

Extraလေးတွေ ကျန်ပါသေးတယ် ဟီးဟီး


_____

Thanks 🌹


Continue Reading

You'll Also Like

478K 16.1K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
87K 5K 200
Đệ tử đời thứ 13 của Đại Hoa Sơn Phái, Mai Hoa Kiếm Tôn - Chong Myung, người đã liều mình cùng chết với Thiên Ma, kết thúc một thời đại đen tối của v...