Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
40
41
42
43
44
45
46
47
48
49
50

39

1.2K 201 22
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : ကြၽန္ေတာ္ ဒီေလာက္ထိျစ္ေတာေတာင္ သူကထြက္သြားေသးတာလား? ]

•ေလာ့ယြီခ်န္•

"အခု ထြက္သြား" ဖန္းရွဲ႕ယိက ကြၽန္ေတာ့္ကို ေမာက္မာစြာၾကည့္ရင္း ေျပာလာတယ္။

"ခင္ဗ်ား လာေနာက္ေနတာလား? အနည္းဆုံးေတာ့ ကြၽန္ေတာ့္ကို ခြဲစိတ္မႈၿပီးတဲ့အထိ ေနခြင့္ေပးပါ!"

ကြၽန္ေတာ္ မတ္တပ္ထရပ္လိုက္ၿပီး ဒီအယုတ္တမာေကာင္မွာ တကယ္ေရာ အသည္းႏွလုံးရွိရဲ႕လားလို႔ ေတြးေနမိတယ္။

"ငါ ဂ်ာမနီဘက္က အထင္ကရေဆးပညာအသင္းကို ရွာခဲ့တာ၊ ခြဲစိတ္မႈရလဒ္နဲ႔ပက္သက္လို႔ မင္း စိုးရိမ္ေနစရာမလိုဘူး" သူက သူဝတ္ဆင္ထားတဲ့ တန္ဖိုးႀကီးအမွတ္တံဆိပ္အဝတ္အစားေတြ ေပက်ံကုန္မွာကို လုံးဝစိုးရိမ္ျခင္းမရွိ နံရံကို မွီလိုက္တယ္။

"ငါ မင္းကို လာေျပာေပးတာ၊ မခြဲစိတ္ေသးခင္ ေရွာင္ဟန္းက မင္းအတြက္ တဆင့္ေျပာခိုင္းထားတဲ့ စကားေတြရွိတယ္ _ မင္းအခု လြတ္လပ္သြားၿပီ၊ ရလဒ္က ဘာပဲျဖစ္ေနေန လစ္လိုက္ေတာ့ တဲ့"

ကြၽန္ေတာ္ က်ယ္ေလာင္စြာ ေအာ္လိုက္တယ္ "စိတ္ဝမ္းကြဲျပားေအာင္လုပ္ၿပီး အမွန္တရားကို လွည့္ပတ္ဖို႔ ႀကိဳးစားမေနနဲ႔!"

"အာ ဒါေပမယ့္ ေရွာင္ဟန္းက အဲ့လိုမ်ိဳး တကယ္ေျပာခဲ့တာပဲေလ၊ ငါက 'လစ္လိုက္ေတာ့'ဆိုတဲ့အပိုင္းေလးပဲ ထည့္ေပးထားတာ"

ထိုေသာက္က်ိဳးနည္းေျမေခြးေကာင္က သူ႔ရင္ဘတ္အိတ္ကပ္ထဲကေန စာတစ္ေစာင္ထုတ္ကာ ကြၽန္ေတာ့္ဆီ ေပးလာတယ္။

အဲ့တာက ေကာင္းတဲ့အရာ ဘယ္လိုမွ မျဖစ္ႏိုင္မွန္းသိတာေၾကာင့္ မယူလိုက္ဘူး။ အဲ့ေနာက္မွာ သူက အဲ့တာကို တိုက္႐ိုက္ဖြင့္ေဖာက္ၿပီး အသံထြက္ကာ စတင္ဖတ္ေတာ့တယ္။

စာေၾကာင္းေလး ႏွစ္ေၾကာင္းဆိုေပမယ့္ ေရွာင္ဟန္းရဲ႕ စာေရးဟန္ကို ကြၽန္ေတာ္ ေျပာႏိုင္တာေၾကာင့္ ဒါက အမွားမရွိဘူး။ ဒါေပမယ့္ 'ကြၽန္ေတာ္ လြတ္လပ္သြားၿပီ'ဆိုတာနဲ႔ 'ကိစၥေတြကို အလုံးစုံ ေတြးဖို႔အတြက္ ကြၽန္ေတာ္တို႔ အခ်ိန္တစ္ခုေလာက္ ခြဲေနလိုက္တာက ပိုေကာင္းေလာက္မယ္'ဆိုတာက ဘာလဲ _ လြန္ခဲ့တဲ့ရက္အနည္းငယ္ေလာက္က ေႏြးေထြးတဲ့အၿပဳံးေတြလိုမ်ိဳး သူသုံးထားတဲ့ စကားလုံးေတြက သိပ္ကို ပညာသားပါလွတယ္။

ဒါေပမယ့္ အဆုံးမွာေတာ့ သူက ကြၽန္ေတာ့္ကို ေမာင္းထုတ္ဖို႔ ဆုံးျဖတ္လိုက္တုန္းပဲျဖစ္တယ္။

ဒီလိုမ်ိဳး ေသဒဏ္ခ်ၿပီးၿပီးခ်င္း ကြပ္မ်က္ဖို႔ ခ်က္ခ်င္း ေခၚသြားခံလိုက္ရသလို ခံစားခ်က္ႀကီးက ေသာက္က်ိဳးနည္းေအာင္ကို စိတ္မခ်မ္းေျမ့စရာေကာင္းလွတယ္။

ဒီစာကို ဘယ္တုန္းကမွ မသိခဲ့သလိုမ်ိဳး ကြၽန္ေတာ္ ဟန္ေဆာင္ခ်င္တယ္။

ကြၽန္ေတာ္ဒီမွာ အရွက္အေၾကာက္မရွိ ေခ်ာ့ေမာ့ၿပီး နားပူနားဆာလုပ္ေနမယ္ဆိုရင္ သူက ေသခ်ာေပါက္ ကြၽန္ေတာ့္ကို လက္ခံေပးမွာပဲ။ ကြၽန္ေတာ္က သူ႔ရဲ႕ႏွလုံးသားကို နာက်င္ေအာင္ လုပ္ႏိုင္ဆဲ ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေအာင္ လုပ္ႏိုင္ဆဲပဲ။

ဒါေပမယ့္ အရင္လိုမ်ိဳး ကြၽန္ေတာ့္ကိုျပန္ခ်စ္ေအာင္ လုပ္ႏိုင္ပါအုံးမလား?

သူက စိတ္တည္ၿငိမ္ဖို႔ အခ်ိန္တခ်ိဳ႕လိုေၾကာင္းနဲ႔ ထိုအေၾကာင္းကို အလုံးစုံအေလးအနက္ထားၿပီး ေတြးၾကည့္မယ္လို႔ ေျပာခဲ့ေပမယ့္ အလုံးစုံကို ေတြးေတာၿပီးတဲ့ေနာက္မွာ သူ ကြၽန္ေတာ့္ကို လိုခ်င္ပါအုံးမလား?

"မင္းလည္း ေရွာင္ဟန္းေျပာတာကို တစ္ခါေလာက္ေတာ့ နားေထာင္ၾကည့္သင့္တယ္"

"ဒါမွမဟုတ္လည္း အနည္းဆုံးေတာ့ သူ႔ဆုံးျဖတ္ခ်က္ကို ေလးစားသင့္တယ္"

ဖန္းရွဲ႕ယိ "ေသေသခ်ာခ်ာ ေတြးၾကည့္လိုက္၊ ေရွာင္ဟန္း ႏိုးလာကတည္းက မင္းရဲ႕တြယ္ကပ္မႈေတြေၾကာင့္ တစ္ခ်က္ကေလးေတာင္ အနားမရခဲ့ဘူး၊ မင္း သူ႔ကို အခ်ိန္ေလးနည္းနည္းေလာက္ ေပးသင့္တယ္ _ ဆိုပါစို႔ တစ္ႏွစ္ကြာ _ ၿပီးရင္ သူတကယ္လိုခ်င္တာ ဘာလဲဆိုတာကို သူ႔ကိုေတြးခြင့္ေပးလိုက္ အဆင္ေျပတယ္မွတ္လား?"

ကြၽန္ေတာ္ကေတာ့ အဲ့တာကို အဆင္ေျပတယ္လို႔ မထင္ဘူး။ ကြၽန္ေတာ္ အရမ္းေၾကာက္တယ္။

တစ္ႏွစ္ဆိုတာ သိပ္ကိုရွည္ၾကာတဲ့အခ်ိန္။

ကြၽန္ေတာ္က စက္ဆုပ္ဖို႔ေကာင္းၿပီး ထိုအဖိုးတန္ဆယ္ႏွစ္ကို ျဖဳန္းတီးခဲ့တဲ့သူက ကြၽန္ေတာ္သာျဖစ္တယ္ဆိုတာကိုလည္း သိတယ္၊ သို႔ေပမယ့္...

"မင္းက ဘာေတြစိုးရိမ္ေနတာလဲ?" ဖန္းရွဲ႕ယိက ကြၽန္ေတာ့္ကိုေမးလာတယ္ "ေရွာင္ဟန္းက ဘယ္ေလာက္ေတာင္ ေခါင္းမာၿပီး ကယ္တင္ႏိုင္တဲ့အတိုင္းအတာ ေက်ာ္လြန္ေနလဲဆိုတာ မင္းသိသင့္တယ္ ၿပီးေတာ့ မင္းက တစ္ႏွစ္ေလးေတာင္ မေစာင့္ႏိုင္ဘူးလား? ကမာၻႀကီးက မင္းကိုတည္ၿပီး လည္ပတ္ေနလို႔လား ေလာ့ယြီခ်န္?"

"မင္းသူ႔အေပၚ ဆယ္ႏွစ္ အေႂကြးတင္ခဲ့တယ္ ေလာ့ယြီခ်န္၊ ၿပီးေတာ့ မင္းက တစ္ႏွစ္တာ စမ္းသပ္ခ်က္ေလးတစ္ခုေတာင္ သည္းမခံႏိုင္ဘူးတဲ့လား?"

"အဲ့တာထက္ ဒါေတြအားလုံးမတိုင္ခင္ မင္း တကယ္ေျပာင္းလဲသြားတယ္ဆိုရင္ေတာင္မွ အတိတ္က မင္းလုပ္ခဲ့တဲ့ ကိစၥေတြအားလုံးအတြက္ တာဝန္ယူစရာမလိုဘူးလို႔ မဆိုလိုဘူးမွတ္လား?"

ကြၽန္ေတာ္ ေျပာစရာစကားလုံးေတြ ေပ်ာက္ရွကုန္တယ္။

ဟုတ္တာေပါ့၊ ဒီတစ္ႀကိမ္မွာ ေရွာင္ဟန္းက ကြၽန္ေတာ့္ကို သက္ေသျပဖို႔ ေျပာပိုင္ခြင့္ရွိတယ္။

တစ္ႏွစ္ဆိုတာကေတာင္ အေတာ္ေလးတိုေတာင္းေနၿပီ။ သူက သူ႔ရဲ႕ခံစားခ်က္ေတြကို သက္ေသျပဖို႔ ဆယ္ႏွစ္ေတာင္ သုံးခဲ့ရတယ္။ ဒီလိုသာဆို ကြၽန္ေတာ့္ကို သူေတာင္းဆိုတဲ့ တစ္ႏွစ္ဆိုတာက အဲ့ေလာက္မၾကာေတာ့ဘူး။

ဒီတစ္ႀကိမ္ ကြၽန္ေတာ့္ဆီမွာ သူ႔ကိုေပးအပ္ဖို႔ တာဝန္တစ္ခုရွိတယ္။

"ငါ မင္းရဲ႕စာခ်ဳပ္ကို ရွင္းေဝ့ဆီ ေရာင္းလိုက္ၿပီ၊ သူက မင္းကို ေကာင္းေကာင္း 'ေလ့က်င့္'ေပးလိမ့္မယ္၊ ဒီႏွစ္ မင္းရဲ႕အေကာင္းဆုံးအမူအက်င့္ကို ထိန္းထားႏိုင္တယ္ဆိုရင္ ငါ သူေဌးရွင္းကို စကားလာေျပာၿပီး မင္းရဲ႕စာခ်ဳပ္ကို ျပန္ယူဖို႔ စဥ္းစားေပးမယ္" [ T/N : ဒီေနရာမွာ ေျပာတဲ့စာခ်ဳပ္က သူတို႔ႏွစ္ေယာက္ၾကားခ်ဳပ္ထားတဲ့စာခ်ဳပ္မဟုတ္ဘဲ ကုမၸဏီနဲ႔ခ်ဳပ္ထားတဲ့ ေလာ့ယြီခ်န္ရဲ႕ အလုပ္စာခ်ဳပ္ကို ေျပာတာပါ ]

"စိတ္မပူနဲ႔၊ ဒီအေတာအတြင္း မင္းမရွိတဲ့အခ်ိန္မွာ ငါေသခ်ာေပါက္ ေရွာင္ဟန္းကို ေကာင္းေကာင္း ေစာင့္ေရွာက္ေပးထားမယ္"

ကြၽန္ေတာ္ သက္မ,ရႈိက္မိလိုက္တယ္။

ကြၽန္ေတာ့္ရဲ႕ႏွလုံးသားထဲမွာ ကြၽန္ေတာ့္ဖာသာ တိတ္တိတ္ေလး ေရ႐ြတ္ေနမိတယ္ 'သူတို႔ကသြးသားေတာ္ပ္တဲ့ ညီစ္ကိုေတြ၊ သူက ေရွာင္န္းရဲ႕သြးသားေတာ္ပ္တဲ့စ္ကိုႀကီး'

သူသာ ေရွာင္ဟန္းရဲ႕ ေသြးသားေတာ္စပ္တဲ့ အစ္ကိုႀကီးသာ မဟုတ္ဘူးဆိုရင္ ကြၽန္ေတာ္...

****

ေကာင္းကင္ဘုံရဲ႕ ေက်းဇူးေတာ္ေၾကာင့္ ခြဲစိတ္မႈက လုံးဝေအာင္ျမင္ခဲ့တယ္။

ေရွာင္ဟန္းကေတာ့ ႏိုးမလာေသးဘူး။ သူ ႏိုးလာခ်ိန္မွာ ပိုးသတ္ထားတဲ့ သီးသန႔္ခန္းထဲမွာ ေနာက္ႏွစ္ပတ္ေလာက္ ဆက္ေနလိုက္ရၿပီး အဲ့ေနာက္မွာေတာ့ ႐ိုး႐ိုးလူနာေဆာင္မွာ ေစာင့္ၾကည့္ကာလတစ္ခုေလာက္အထိ ေနရတယ္။ သူ ေဆး႐ုံက အၿပီးတိုင္မဆင္းႏိုင္ေသးခင္ လအနည္းငယ္ေလာက္ေတာ့ ထပ္ေနရအုံးမွာ ေသခ်ာတယ္။

ေနာက္ၿပီး ကုမၸဏီကလည္း ကြၽန္ေတာ့္ကို ဆက္တိုက္ အေလာတႀကီးေတြပဲ လုပ္ေနခဲ့တယ္။

ဒါက တိုက္ဆိုင္တာလားဆိုတာ ကြၽန္ေတာ္ မသိေပမယ့္ ဖန္းရွဲ႕ယိ ကြၽန္ေတာ့္ကို ရွင္းေကာ္ပိုေရးရွင္းဆီ ေရာင္းခ်ၿပီးေနာက္ သုံးရက္အၾကာမွာတင္ ေဖ်ာ္ေျဖေရးေလာကထဲက လူတိုင္းအိမ္မက္,မက္ေလာက္တဲ့ လက္ေဆာင္တစ္ခု ရရွိခဲ့တယ္ _ ေဟာလီးဝုဒ္႐ုပ္ရွင္တစ္ခုမွာ အဓိကဇာတ္ပို႔ေနရာတစ္ခု။

ေရာင္းအားအေကာင္းဆုံး အလြန္နာမည္ႀကီးတဲ့ စြန႔္စားခန္းဝတၳဳတစ္ပုဒ္ကို (႐ုပ္ရွင္ကားတစ္ကားအျဖစ္) ေျပာင္းလဲထားတာျဖစ္ၿပီး နာမည္ေက်ာ္ အေမရိကန္ဒါ႐ိုက္တာတစ္ေယာက္က ႐ိုက္ကူးမွာျဖစ္တယ္။ အတူ႐ိုက္ကူးၾကမယ့္သူေတြအားလုံးကလည္း ကမာၻေက်ာ္ေဟာလိဝုဒ္႐ုပ္ရွင္ၾကယ္ပြင့္ေတြပဲျဖစ္တယ္။

ဇာတ္ၫႊန္းကို လွန္ေလွာၾကည့္ၿပီးတဲ့ေနာက္မွသာ ဘာေၾကာင့္ အခြင့္အေရးက ကြၽန္ေတာ့္ေပါင္ေပၚ က်လာတာလဲဆိုတာကို ကြၽန္ေတာ္သိလိုက္ရတယ္။ ဒီဇာတ္လမ္းထဲမွာ ေရးသားထားတဲ့ အာရွသားဇာတ္ေကာင္ေတြထဲကတစ္ေယာက္က မသိရင္ ကြၽန္ေတာ့္ကို စာအုပ္ထဲ ေရးထည့္ထားတဲ့အတိုင္းပဲ။

တိုတိုေျပာရရင္ ေဖာ္ျပထားခ်က္အရ : တသီးတသန႔္နဲ႔ ဘာကိုမွ ဂ႐ုမစိုက္တတ္တဲ့ ႏွစ္လိုဖြယ္ေကာင္းတဲ့အသံနဲ႔ နာမည္ေက်ာ္တစ္ေယာက္၊ အၿမဲတမ္းဆိုသလို သူ႔ကိုယ္သူ အမွားမရွိဘူးလို႔ ယုံၾကည္ခဲ့တယ္၊ တျခားသူေတြနဲ႔လည္း ဘယ္တုန္းကမွ အဆင္ေျပေျပမရွိခဲ့ဘူး၊ သူက အမ်ိဳးသမီးဇာတ္လိုက္ Ella နဲ႔ ႏွစ္ဦးႏွစ္ဖက္ ခ်စ္ေနၾကတယ္ဆိုတာ သိသာလွေပမယ့္လည္း သူက သူ႔ရဲ႕ဝင့္ႂကြားမႈနဲ႔ ေခါင္းမာမႈကို မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး။

ၿပီးေတာ့ အဆုံးသတ္က သဘာဝက်စြာပဲ တစ္ေယာက္တည္းေနတတ္တာေၾကာင့္ သဲကႏၲာရတစ္ခုထဲမွာ အသက္ဆုံးရႈံးခဲ့ရတယ္။ အဲ့တာေၾကာင့္ ႐ိုးသားၿပီးသတၱိရွိတဲ့ အမ်ိဳးသမီးဇာတ္လိုက္ Ella နဲ႔ အင္အားႀကီးဇာတ္လိုက္တို႔အတြက္ ေပ်ာ္႐ႊင္ခ်မ္းေျမ့စရာေကာင္းတဲ့ ဘဝေလးတစ္ခုကို လမ္းခင္းေပးသလိုျဖစ္ခဲ့တယ္။

ကြၽန္ေတာ္ ေတြးလိုက္မိတယ္၊ ဒီဇာတ္ၫႊန္းက ငါ့ကို လာေျပာင္ေနတာလား ဘာလား?

ေရွာင္ဟန္းနဲ႔ ေဆး႐ုံမွာေနဖို႔ အလုပ္ပ်က္ကြက္ခဲ့တဲ့ အခ်ိန္အေတာအတြင္းမွာ သတင္းစာေတြက စိတ္လႈပ္ရွားစြာ ပြက္ေလာ႐ိုက္ေနခဲ့တယ္ "တကယ္ပဲ ေလာ့ယြီခ်န္ ဘာေတြလုပ္ေနလဲ"

မေရမတြက္ႏိုင္တဲ့ ေကာလဟလေတြနဲ႔ သီအိုရီေတြ ပ်ံ႕ႏွံ႔လာတယ္။ တခ်ိဳ႕ကိစၥေတြကေတာ့ လုံးဝအေျခအျမစ္မရွိေပမယ့္ အနည္းငယ္ေလာက္ကေတာ့ ဇာတ္လမ္းတစ္ခုလုံးကို အမွန္တကယ္မွန္းဆႏိုင္ခဲ့ၾကတယ္။

သတင္းစာေတြက ကြၽန္ေတာ္ ေခါင္းကိုပဲ ဆက္တိုက္ငုံ႔ထားတယ္လို႔ ေျပာၾကေပမယ့္ တကယ္ေတာ့ ကုမၸဏီကသာ ကြၽန္ေတာ့္ကို အတင္းအက်ပ္ ဖိအားေပးတာမ်ိဳး မလုပ္ရင္ ဒီေလာက္ခရီးအေဝးႀကီးထိ သြားဖို႔လိုတဲ့ ႐ုပ္ရွင္ကို လက္ခံလိုက္မွာ မဟုတ္ဘူး။

ကြၽန္ေတာ္ မထြက္ခြာခင္ ေနာက္ဆုံးအႀကိမ္ ေရွာင္ဟန္းကို သြားထပ္ၾကည့္ခဲ့တယ္။

သူက ႏိုးေနၿပီျဖစ္ကာ စိတ္ေပ်ာ္ေနပုံလည္းရတယ္။ ကြၽန္ေတာ္ ထိုေခြး႐ုပ္ကို ပိုက္ထားၿပီး ျပတင္းေပါက္အျပင္ကေန သူ႔ကို လက္လွမ္းျပလိုက္တယ္။

သူ ကြၽန္ေတာ့္ကို ၾကည့္တဲ့အမူအယာက သိပ္ကိုႏူးညံ့လွေပမယ့္ အဲ့တာက တကယ္ေတာ့ ကြၽန္ေတာ့္ကို အေတာ္ေလး ရင္ကြဲနာက်ေစတယ္ _ သူ ဘယ္တုန္းက ဒီလိုျပဳမူရမယ္ဆိုတာကို သင္ယူခဲ့တာလဲ? သူက ကြၽန္ေတာ့္ကို ေမာင္းထုတ္လိုက္တယ္ဆိုေပမယ့္ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ျပဳမူေနတယ္။

ကြၽန္ေတာ္က ဒီအေမႊးပြေခြး႐ုပ္၊ အိမ္ေသာ့ေတြနဲ႔ စုံတြဲလက္စြပ္ကို ဖန္းရွဲ႕ယိကို ေပးခဲ့လိုက္တယ္။

အဲ့တာေတြကို ေရွာင္ဟန္းဆီ ေပးေပးဖို႔ ေတာင္းဆိုခဲ့ၿပီး တစ္ႏွစ္ၾကာၿပီးရင္ အဲ့တာေတြကို ေသခ်ာေပါက္ ျပန္လာယူမွာျဖစ္ေၾကာင္း ေျပာခဲ့လိုက္တယ္။

ကြၽန္ေတာ့္ကို ေစာင့္ေစခ်င္တယ္ဆိုတာမ်ိဳး ကြၽန္ေတာ္ မေျပာရဲခဲ့ဘူး။

ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ေသခ်ာေပါက္ ျပန္လာမွာပဲျဖစ္တယ္။

ထို႔ေနာက္ ကြၽန္ေတာ္ ေလယာဥ္ေပၚတက္ကာ အေမရိကားကို ထြက္ခြာလာခဲ့ေတာ့တယ္။

ဒါက ေဟာလိဝုဒ္ရဲ႕ ဘတ္ဂ်က္ကို အလွ်ံအပယ္သုံးထားတဲ့ ႐ုပ္ရွင္တစ္ကားျဖစ္တာေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးခ်ိန္က ဆယ္လေလာက္ထိ ၾကာျမင့္ခဲ့တယ္။ တည္ေနရာေတြကလည္း ကမာၻအႏွံ႔မွာျဖစ္ၿပီး ႏိုင္ငံေပါင္းစုံရဲ႕ ေတာအုပ္ေတြနဲ႔ ကြၽန္းဆြယ္ေတြလည္း ပါတယ္။

ကြၽန္ေတာ္ စိတ္ကူးေရယာဥ္ထဲေတြထဲမွာ ေမ်ာမေနႏိုင္တဲ့အထိ အလုပ္မ်ားေနခဲ့ၿပီး ဒီ႐ုပ္ရွင္ ႐ိုက္ကူးလို႔ၿပီးသြားခ်ိန္မွာေတာ့ ကြၽန္ေတာ္ သူ႔ေဘးနားကို ခ်က္ခ်င္း ျပန္ႏိုင္ၿပီပဲျဖစ္တယ္။

႐ိုက္ကြင္းက ကြၽန္ေတာ္ မွန္းထားတာထက္ ပိုၿပီးခက္ခဲပင္ပန္းလွတယ္။ ဒါ႐ိုက္တာက ေစ့စပ္ေသခ်ာတဲ့လူတစ္ေယာက္ ျဖစ္ေနတာေၾကာင့္ အထူးျပဳလုပ္ခ်က္ေတြ ထည့္လို႔ရႏိုင္တဲ့ ေနရာေတြမွာေတာင္ တကယ့္ေနာက္ခံေတြကိုသာ သုံးမယ္ဆိုၿပီး မရမကလုပ္ခဲ့တယ္။

႐ိုက္ကြင္းတစ္ခုမွာဆိုရင္ ကြၽန္ေတာ္က သံႀကိဳးမတပ္ထားတဲ့ က်ားသစ္တစ္ေကာင္နဲ႔ တစ္မိနစ္လုံးလုံး ရင္ဆိုင္ခဲ့ရၿပီး အကြာအေဝးကလည္း သုံးမီတာေလာက္ ေဝးတယ္ဆို႐ုံသာ ရွိတယ္၊ ထိုတစ္မိနစ္က ကြၽန္ေတာ့္ဘဝမွာ ႀကဳံခဲ့ဖူးတဲ့ အရွည္ၾကာဆုံးမိနစ္သာျဖစ္တယ္။ ထို႔အတူ အကန႔္အသတ္မရွိတဲ့ ဆာဟာရသဲကႏၲာရထဲမွာ ကြၽန္ေတာ့္ေနာက္ကို လိုက္လာတာဆိုလို႔ ကင္မရာေတြသာရွိၿပီး ကြၽန္ေတာ္ ထိုကႏၲာရထဲမွာ တကယ္ေသေတာ့မလိုျဖစ္ခါနီးအခ်ိန္ထိေတာင္ ဒါ႐ိုက္တာက cutဆိုၿပီးေအာ္ဖို႔ ျငင္းဆန္ခဲ့ေသးတယ္။

အိမ္မဟုတ္တဲ့ ေနရာတစ္ခုမွာ အိပ္ရတာကလည္း တကယ့္ကို ခက္ခဲလွတယ္။

ကြၽန္ေတာ္တို႔ သ႐ုပ္ေဆာင္ေတြနဲ႔ ဝန္ထမ္းေတြက မၾကာခဏဆိုသလို လူမေနတဲ့ေဒသေတြကို သြားရတာေၾကာင့္ မၾကာခဏ လူသူကင္းမဲ့တဲ့ ေတာေတြထဲမွာ ႐ြက္ဖ်င္တဲေတြထိုးၿပီး အိပ္လိုက္ရတာမ်ိဳးေတြလည္း ရွိတယ္။

ထိုညေတြမွာဆို ဒီလိုမ်ိဳးမရင္းႏွီးတဲ့ေနရာျဖစ္ေနတာေၾကာင့္ ဟိုလွိမ့္ဒီလွိမ့္သာျဖစ္ေနခဲ့ၿပီး အရင္က သူ ကြၽန္ေတာ့္ကို အလိုလိုက္ကာ ညမီးအိမ္ေလး ဖြင့္ထားခြင့္ေပးခဲ့တာေတြကို ပိုပိုၿပီး သတိရမိလာတယ္။ ကြၽန္ေတာ့္မွတ္ဉာဏ္ေတြထဲက ထိုမွိန္ေဖ်ာ့ေဖ်ာ့အဝါေရာင္မီးေလးက တစ္ေန႔ထက္တစ္ေန႔ ကြၽန္ေတာ့္ရဲ႕အ႐ိုးေတြထဲထိ နက္ရႈိင္းစြာ စိမ့္ဝင္လာတယ္။

ထင္ရွားေက်ာ္ၾကားတဲ့ အမ်ိဳးသမီးသ႐ုပ္ေဆာင္က အရင္တုန္းက တစ္ခါမွသ႐ုပ္မေဆာင္ဖူးသေလာက္ရွိတဲ့ အဆိုေတာ္တျဖစ္လဲ ကြၽန္ေတာ့္ကို ကြၽန္ေတာ့္ရဲ႕သ႐ုပ္ေဆာင္မႈေၾကာင့္ အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ခ်ီးက်ဴးခဲ့တယ္။

ကြၽန္ေတာ္က လူ႔ေပၚေၾကာ့အျဖစ္ သ႐ုပ္ေဆာင္တဲ့ပုံစံက တကယ့္ကို စိတ္လႈပ္ရွားစရာေကာင္းတယ္လို႔ ေျပာလာတယ္။ ကြၽန္ေတာ္သူ႔ကိုၾကည့္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္မ်က္လုံးထဲက ခံစားခ်က္ေတြက ေမာ္ႂကြားမႈနဲ႔ လူေတြရဲ႕ႏွလုံးသားေတြကို နာက်င္ေစတဲ့ ကြဲအက္လြယ္မႈ အစရွိတာေတြနဲ႔ ျပည့္ေနတယ္လို႔ ေျပာတယ္။ အဲ့တာက သူ႔အဖို႔ သူ႔ရဲ႕အမ်ိဳးသမီးဇာတ္ေကာင္ Ellaရဲ႕ အခ်စ္ေတြက ရင့္က်က္ၿပီး ရဲရင့္တဲ့အမ်ိဳးသားဇာတ္ေကာင္ဆီ ေျပာင္းလဲလိုက္သင့္တယ္ဆိုေပမယ့္လည္း ကြၽန္ေတာ့္ရဲ႕လက္ကို အတင္းဆြဲကာ လြတ္ေျမာက္ေအာင္ ေျပးသြားခ်င္တာမ်ိဳးလည္း ျဖစ္ေစတဲ့ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း နားလည္ေစတယ္လို႔ ေျပာတယ္။

ကြၽန္ေတာ္ ေသသြားတဲ့အပိုင္းမွာတုန္းကဆိုရင္ သူက ေၾကကြဲစြာ ငိုခဲ့တယ္။ ေဘးနားမွာရွိတဲ့ဘယ္သူမွ သူ႔ကို ႏွစ္သိမ့္မေပးႏိုင္တဲ့အထိကို သူ အရမ္းငိုေႂကြးခဲ့တယ္။

သူက သ႐ုပ္ေဆာင္တဲ့ေနရာမွာ တအားနစ္ေျမာသြားတာေၾကာင့္လို႔ ေျပာတယ္။

သူက Ella ျဖစ္ၿပီး Ella အမွန္တကယ္ခ်စ္ျမတ္ႏိုးတဲ့လူက ေသသြားခဲ့ၿပီ။

ကြၽန္ေတာ္က သ႐ုပ္ေဆာင္တဲ့အပိုင္းမွာ ထူးခြၽန္တဲ့သူတစ္ေယာက္လို႔ ေျပာလာတယ္။ သူမသိတာက ကြၽန္ေတာ္က ကြၽန္ေတာ့္ပုံစံအတိုင္းသာ သ႐ုပ္ေဆာင္ေနခဲ့တာျဖစ္တယ္။ ကြၽန္ေတာ့္ရဲ႕ကလန္ကဆန္အမူအယာေတြ၊ ကြၽန္ေတာ့္ရဲ႕လက္ေတြ႕၊ ထိုအရာေတြအားလုံးက ကြၽန္ေတာ့္ကို တစ္စုံတစ္ေယာက္ ေပးခဲ့တာျဖစ္ၿပီး အခ်ိန္အၾကာႀကီးေနမွ ဒီအမူအယာေတြကို ထုတ္ေဖာ္ခြင့္ရလာခဲ့တာျဖစ္တယ္။

ဇာတ္ေကာင္နဲ႔ ကြၽန္ေတာ့္ၾကားမွာ ကြာျခားတာဆိုလို႔ တစ္ခုတည္းသာရွိတယ္ : သူက ထာဝရ တစ္ကိုယ္တည္း လွည့္လည္သြားလာသူျဖစ္သြားခဲ့တယ္။

ဒါေပမယ့္ ကြၽန္ေတာ့္မွာ အိမ္ရွိတယ္ဆိုတာကို ကြၽန္ေတာ္သိတယ္။

ကြၽန္ေတာ္ ျပန္သြားခ်င္တဲ့ေနရာ တစ္ေနရာရွိတယ္။ ကြၽန္ေတာ္ ကာကြယ္ေပးခ်င္တဲ့ လူတစ္ေယာက္ရွိတယ္။

ဆယ္လ၊ သုံးရာ့သုံးရက္၊ နာရီေပါင္း ခုနစ္ေထာင့္ႏွစ္ရာ ခုနစ္ဆယ့္ႏွစ္နာရီ။ ကြၽန္ေတာ္ သူ႔အေၾကာင္း မိနစ္တိုင္း စကၠန႔္တိုင္းမွာ ေတြးေနခဲ့မိတယ္။

အခက္အခဲမ်ားစြာနဲ႔ ႐ိုက္ကြင္းၿပီးဆုံးသြားတဲ့ေနာက္မွာ ေနာက္တစ္ႀကိမ္ ရွည္လ်ားလွတဲ့အလုပ္တသီတတန္းႀကီးထဲမွာ ကြၽန္ေတာ္ဆက္ၿပီး နစ္ေျမာကာ အလုပ္မ်ားေနခဲ့တယ္။

ကြၽန္ေတာ့္ႏွလုံးသားက ေသာကေတြနဲ႔ ေလာင္ၿမိဳက္ေနရေပမယ့္ ခ်က္ခ်င္းလည္း အိမ္ကို ျပန္သြားလို႔မရဘူး။ ျပႆနာေတြအားလုံး ေျဖရွင္းလို႔ၿပီးတဲ့အခ်ိန္မွာ ခရစ္စမတ္ကိုေတာင္ ေရာက္ေနၿပီျဖစ္ကာ အဲ့ေတာ့မွပဲ ကြၽန္ေတာ္လည္း Sၿမိဳ႕ေတာ္ကို ျပန္လို႔ရေတာ့တယ္။

ကြၽန္ေတာ္ ေလယာဥ္ေပၚက ဆင္းလာခ်ိန္မွာ ေလယာဥ္ကြင္းအျပင္ဘက္က ပ်ားပန္းခတ္ေနတဲ့လမ္းေတြမွာ သက္တံ့ေရာင္မီးေရာင္ေတြ၊ ဒရယ္႐ုပ္ေတြနဲ႔ တညီတညာတည္း ေတာက္ပေနခဲ့တယ္။

ကြၽန္ေတာ္လည္း ျပည္တြင္းဖုန္းကဒ္ကို ျပန္ေျပာင္းကာ မွတ္ဉာဏ္ထဲမွာမွတ္ထားတဲ့ သူ႔ဖုန္းနံပါတ္ကို ႐ိုက္ႏွိပ္ၿပီး ေခၚမိေတာ့မလိုျဖစ္သြားတယ္။

အဲ့ေနာက္မွာ ကြၽန္ေတာ္က အရမ္းတက္ႂကြေနတာ ၾကည့္ရမ်ား ဆိုးေနမလားလို႔ ေတြးမိသြားတယ္ _ ကြၽန္ေတာ္က ခုေလးတင္ ဆယ္နာရီစီးခဲ့ရတဲ့ေလယာဥ္ေပၚကေန ဆင္းလာတာျဖစ္ၿပီး ကြၽန္ေတာ့္ရဲ႕ပုံစံက အေတာ္ေလး ေၾကာက္စရာေကာင္းေနတယ္။ ကြၽန္ေတာ္ အရင္ဆုံးအိမ္ျပန္ၿပီး နည္းနည္းေလာက္ျဖစ္ျဖစ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္လိုက္သင့္တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ အင္အားျပန္ျပည့္တဲ့အခ်ိန္က်မွ သူ႔ကိုသြားေတြ႕လိုက္ေတာ့မယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ ကြၽန္ေတာ္က တခ်ိန္လုံး အျပင္မွာ စား၊ အျပင္မွာ အိပ္ျဖစ္ခဲ့တယ္။ ကိုယ္အေလးခ်ိန္အမ်ားႀကီးက်သြားသလို ဆာဟာရသဲကႏၲာရရဲ႕ အားျပင္းတဲ့ေရာင္ျခည္တန္းေတြနဲ႔ ထိေတြ႕ခဲ့တာေၾကာင့္ ကြၽန္ေတာ္လည္း ထင္းေခ်ာင္းတစ္ေခ်ာင္းလို မည္းေျခာက္ပိန္လိန္သြားၿပီျဖစ္တယ္။

ကြၽန္ေတာ့္မွာ အခ်ိန္မွီ စားေသာက္လိုက္ရတယ္ဆိုတာ တစ္ရက္ေလးေတာင္ မရွိခဲ့ဘူး။ ဒီဆယ္လအတြင္းမွာ အနည္းဆုံး သုံးႀကိမ္ေလာက္ေတာ့ အစာအိမ္နာခဲ့ေသးတယ္။ မွန္ထဲက ကြၽန္ေတာ့္ပုံစံက အရမ္းျဖဴေလ်ာ္ကာ လူမမာ႐ုပ္ေပါက္ေနတာေၾကာင့္ ၾကည့္ဖို႔ေတာင္ ခက္ခဲလွတယ္။

ဒါေပမယ့္ ဒါ႐ိုက္တာကေတာ့ ေျပာမျပတတ္ေအာင္ ေပ်ာ္႐ႊင္ေနပုံေပါက္တယ္။ ဘာေၾကာင့္ဆို ကြၽန္ေတာ့္ရဲ႕ေသခါနီးအသြင္အျပင္က ကႏၲာရထဲမွာ ကြၽန္ေတာ့္ရဲ႕ေသသြားတဲ့ေနာက္ဆုံးခန္းနဲ႔ တအားကို ကိုက္ညီေနတာေၾကာင့္ျဖစ္တယ္။

ကြၽန္ေတာ္ တက္စီတစ္စီးငွားကာ ၿမိဳ႕ထဲက ျဖတ္လာခဲ့လိုက္တယ္။ ၾကည့္ရတာ ဒီႏွစ္ေဆာင္းရာသီအတြက္ ခုခ်ိန္ထိ ႏွင္းမက်ရေသးတဲ့ပုံေပၚေပမယ့္ အဆမတန္ ေအးေနတုန္းပဲ။ ကြၽန္ေတာ္လည္း ျပတင္းေပါက္ အျပင္ဘက္က တစ္ႏွစ္နီးပါးေလာက္ ခြဲခြာခဲ့ရတဲ့ ရင္းႏွီးေနတဲ့ၿမိဳ႕ေတာ္ကို တိတ္တိတ္ေလး ၾကည့္ေနမိတယ္။

လူေတြ မၾကာခဏေျပာၾကတယ္၊ ညအခ်ိန္ေရာက္လာၿပီဆိုရင္ ဆူညံေနတဲ့ၿမိဳ႕ေတာ္အလယ္က တစ္ကိုယ္တည္းသမားက ပိုၿပီးေတာ့ေတာင္ အထီးက်န္တာကို ခံစားရတယ္တဲ့၊ ၿပီးေတာ့ အဲ့တာေၾကာင့္ပဲ ဘားေတြက အမ်ားႀကီးအက်ိဳးအျမတ္ျဖစ္ထြန္းေနတာျဖစ္တယ္။ အခုခ်ိန္မွာ ကြၽန္ေတာ္ အဲ့လိုခံစားခ်က္ကို ေတာ္ေတာ္ေလး နားလည္ေနၿပီျဖစ္တယ္။

႐ုတ္တရက္ဆိုသလို ရင္းႏွီးေနတဲ့ပုံရိပ္တစ္ခုကို ကားမွန္ျပတင္းေပါက္ကေန လ်ပ္တျပက္ျမင္လိုက္ရတယ္။

"ကားရပ္! ကားရပ္ေပးပါ!"

ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကို ထိန္းခ်ဳပ္လို႔မရေတာ့ဘူး။ ေရခဲတမွ်ေအးစက္ေနတဲ့ေလေတြက ကြၽန္ေတာ့္ရဲ႕အဆုတ္ေတြကို ႐ိုက္ခတ္ေနၿပီး ထိုခဏမွာ ကြၽန္ေတာ့္စိတ္က လုံးဝရႈပ္ေထြးသြားရတယ္။ ကြၽန္ေတာ္ လမ္းမီးေတြဆီ ေျပးသြားကာ ေဟာဟဲလိုက္ေနရင္း စည္ကားက်ပ္သိပ္ကာ လႈပ္ရွားသက္ဝင္ေနတဲ့လမ္းေတြေပၚ လွည့္ပတ္ၾကည့္လိုက္ေပမယ့္ အဲ့မွာဘာဆိုဘာမွ... ဘာမွရွိမေနဘူး။

အာ ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး ဒီေလာက္ေတာင္ ရယ္စရာေကာင္းေနရတာလဲ။ အနည္းငယ္ဆင္တူေနတဲ့ တစ္စုံတစ္ေယာက္ကို ရိပ္ခနဲျမင္လိုက္႐ုံနဲ႔တင္ ကြၽန္ေတာ္ အေျပးအလႊားလိုက္ရွာ...

သို႔ေပမယ့္ ဒီအခိုက္မွာတင္ ေရွာင္ဟန္းက ကြၽန္ေတာ့္ေရွ႕တည့္တည့္မွာရွိတဲ့ စတိုးဆိုင္တစ္ခုကေန ထြက္လာေတာ့တယ္။ ဒီေလာက္ နီးကပ္ေနတဲ့အကြာအေဝးကေနဆိုရင္ေတာ့ ေသခ်ာေပါက္ ကြၽန္ေတာ္ မမွားႏိုင္ေတာ့ဘူး။ ဘယ္လိုေတာင္ တိုက္ဆိုင္ရတာလဲ။ တကယ္ေတာ့ ဒီေလာက္ထိ တိုက္ဆိုင္ေနတာက မသိရင္ ေကာင္းကင္ဘုံက စီမံေပးလိုက္သလားလို႔ေတာင္ ထင္ရတယ္။

ထို႔ေနာက္ ကြၽန္ေတာ္ အၿပဳံးတစ္ပြင့္ေတာင္ မျပသႏိုင္ေသးခင္ သူ႔ရဲ႕ညာဘက္လက္ကိုကိုင္ထားကာ ရယ္ရယ္ေမာေမာနဲ႔ စကားေျပာေနတဲ့ တစ္စုံတစ္ေယာက္ကို ကြၽန္ေတာ္ ေတြ႕လိုက္ရတယ္။

သူတို႔ေတြက အခ်င္းခ်င္းနီးကပ္လြန္းတာေၾကာင့္ ၾကည္ႏူးေနၾကတဲ့ ခ်စ္သူစုံတြဲတစ္တြဲနဲ႔ေတာင္ ဆင္တူေနတယ္။

ပိန္ပါးရွည္သြယ္တဲ့ ကိုယ္ေနဟန္ထားနဲ႔ ေ႐ႊေရာင္ဆံပင္ မ်က္လုံးျပာျပာေတြ။ အဲ့တာက စိတ္ရႈပ္စရာေကာင္းေလာက္ေအာင္ ၾကည့္ေကာင္းလြန္းတဲ့ ႏိုင္ငံျခားသားပဲျဖစ္တယ္။

ကြၽန္ေတာ္က ေပ်ာ္႐ႊင္လႈပ္ရွားေနၾကတဲ့ လမ္းေတြေပၚမွာ မ်က္စိဆံပင္ေမႊးစူးစရာေကာင္းတဲ့ ေက်ာက္တိုင္ႀကီးတစ္ခုလိုမ်ိဳး ထင္းထင္းႀကီး ရပ္ေနမိတယ္။

ဒါေပမယ့္ သူကေတာ့ ကြၽန္ေတာ့္ကို ျမင္မသြားဘူး။

သူတို႔ႏွစ္ေယာက္သား လူကူးမ်ဥ္းက်ားေရွ႕မွာ ရပ္ေနၾကၿပီး မီးစိမ္းလာမွာကို ေစာင့္ေနရင္းနဲ႔ ရယ္ရယ္ေမာေမာ စကားေျပာေနၾကတယ္။

တစ္ခါက သူေျပာခဲ့တယ္ မဟုတ္ဘူးလား... ကြၽန္ေတာ္ သူ႔အနားမွာရွိေနသေ႐ြ႕ အၾကည့္တစ္ခ်က္နဲ႔တင္ ကြၽန္ေတာ့္ကို သတိထားမိတယ္လို႔ ေျပာခဲ့တယ္ မဟုတ္ဘူးလား။

ဒါေပမယ့္ အခုခ်ိန္မွာ ကြၽန္ေတာ္ ဒီမွာရွိေနၿပီေလ!

သူ ကြၽန္ေတာ့္ကို မျမင္ေပမယ့္ လုေဝ့ရွီက ျမင္သြားတယ္။

ႏိုင္ငံျခားသားက လန႔္သြားၿပီး ေရွာင္ဟန္းကို ဆြဲကာ ျမန္ျမန္ထြက္သြားခ်င္ေနေတာ့တယ္။

ဒီစကၠန႔္ပိုင္းေလးအတြင္းမွာတင္ ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္ တုံးအလဲဆိုတာကို ေနာက္တစ္ႀကိမ္ သတိျပဳမိလိုက္တယ္ _ ေရွာင္ဟန္းရဲ႕ေဘးမွာ သူ႔ကို ခုန္အုပ္ဖို႔ ေစာင့္ေနၾကတဲ့ ထင္ရွားတဲ့လူေတြအမ်ားႀကီးရွိတယ္ဆိုတာနဲ႔ စစခ်င္းတည္းက ကြၽန္ေတာ့္ေနရာက မေရမရာလွဘူးဆိုတာ ဟိုးတုန္းကတည္းက ကြၽန္ေတာ္ သိထားၿပီးသားျဖစ္တယ္၊ အဲ့တာကို ဘာေၾကာင့္မ်ား ကြၽန္ေတာ္ကိုယ္တိုင္ အဲ့ေနရာကေန ႐ူး႐ူးမိုက္မိုက္နဲ႔ ထြက္ေပးခဲ့ရတာလဲ?

တစ္ႏွစ္ဆိုတာ ဒီေလာက္ၾကာေညာင္းတယ္။ ကြၽန္ေတာ့္ကို အစားထိုးလိုက္ၿပီးတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

ကြၽန္ေတာ္ လုေဝ့ရွီနဲ႔ ဘယ္တုန္းကမွ သေဘာထားခ်င္း မတိုက္ဆိုင္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ျပန္ေမးမိတယ္ _ ငါက သူနဲ႔ေရာ ယွဥ္လို႔ရလို႔လား? ေကာင္းကင္ဘုံက ေကာင္းခ်ီးေပးလိုက္သလိုမ်ိဳး ပုံစံလား? စိတ္ေနစိတ္ထားလား? စြမ္းေဆာင္ရည္လား? ေနာက္ခံအသိုင္းအဝိုင္းလား? ဒါမွမဟုတ္ ေရွာင္ဟန္းအေပၚထားတဲ့ ငါတို႔ရဲ႕ခံစားခ်က္ေတြ ဘယ္ေလာက္ နက္ရႈိင္းလဲဆိုတာနဲ႔လား?

တစ္ႏွစ္ေလာက္ စဥ္းစားလိုက္ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ဆုံးျဖတ္ခ်က္က ကြၽန္ေတာ့္ကို... မလိုခ်င္ေတာ့တာလား?

ဟုတ္တာေပါ့ ေလာ့ယြီခ်န္ဆိုတာ ဘယ္ေလာက္မ်ား ေကာင္းေနလို႔လဲ။

သူ႔နားမွာရွိတဲ့လူေတြနဲ႔ ကြၽန္ေတာ္က ဘယ္လိုလုပ္ ၿပိဳင္ႏိုင္မွာလဲ။

ကြၽန္ေတာ္ မၿပိဳင္ႏိုင္ဘူး။

ဒါေပမယ့္ သူက ကြၽန္ေတာ့္အပိုင္။

****

သူ႔နာမည္ကို လွမ္းေအာ္လိုက္တာ ကြၽန္ေတာ့္ဖာသာ ၾကားလိုက္ရၿပီး ကြၽန္ေတာ့္အသံက အေတာ့္ကိုမတည္မၿငိမ္ျဖစ္ေနတယ္။

သူ႔ခႏၶာကိုယ္က ေတာင့္တင္းသြားၿပီး ရပ္လိုက္ကာ ကြၽန္ေတာ့္ကို လွည့္ၾကည့္လာတယ္။

မီးက အစိမ္းေရာင္ကို ေျပာင္းသြားၿပီျဖစ္တယ္။ လုေဝ့ရွီက သူ႔ကိုဆြဲကာ လမ္းကူးခ်င္ေနေပမယ့္ သူကေတာ့ ေနာက္ျပန္လွည့္လာၿပီး ကြၽန္ေတာ့္ေရွ႕မွာ ရပ္ေနတယ္။

ေတာ္ေသးတာေပါ့ သူ႔ရဲ႕ပုံပန္းသြင္ျပင္က အဆင္ေျပေနပုံေပၚတယ္၊ ၿပီးေတာ့ သူ႔ဆီမွာ စိတ္ပူစရာပုံစံမ်ိဳးေတြလည္း ဘာမွရွိမေနဘူး။ သူ႔ဆံပင္က နည္းနည္းေလာက္ထပ္ရွည္လာၿပီး ဒီလိုေဆာင္းရာသီမွာ သူ႔ကိုၾကည့္ရတာ တအားကို ေႏြးေႏြးေထြးေထြးရွိလွတယ္။

သူ ၿပဳံးမေနသလို ဘာအမူအယာမွလည္း ရွိမေနဘူး။ သူက ႏႈတ္ဆက္စကားတစ္ခြန္းေျပာၿပီးေနာက္ 'မေတြ႕တာၾကာၿပီ'လို႔သာ ေျပာလာတယ္။

သူ ေျပာလို႔ၿပီးတာနဲ႔ ျပန္လွည့္ၿပီး ထြက္သြားဖို႔လုပ္ေတာ့တယ္။

"ေရွာင္ဟန္း!"

"တစ္ႏွစ္ေတာင္ရွိၿပီေလ ၿပီးေတာ့ ငါ ျပန္လာၿပီ"

သူ ရပ္လိုက္တယ္ "အင္း ဂုဏ္ယူပါတယ္"

အဲ့ေနာက္မွာ သူက ကြၽန္ေတာ့္ကို ေနာက္တစ္ခ်က္ေတာင္ လွည့္မၾကည့္ဘဲ စတင္ေလွ်ာက္သြားျပန္တယ္။ အခုခ်ိန္မွာ ကြၽန္ေတာ္အရမ္း႐ုပ္ဆိုးေနတယ္ဆိုတာ ကြၽန္ေတာ္သိတယ္။ ဒီေလာက္အခ်ိန္အၾကာႀကီး ႐ိုက္ကူးၿပီးခဲ့တဲ့ေနာက္မွာ ကြၽန္ေတာ့္ရဲ႕႐ုပ္ဆင္းအဂၤါက အေတာ္ေလး လက္မခံႏိုင္စရာေကာင္းေနတယ္။ ကြၽန္ေတာ္ စိုးရိမ္ႀကီးစြာနဲ႔ သူ႔ကို ေနာက္တစ္ႀကိမ္ လွမ္းေခၚမိျပန္တယ္။

အတိတ္မွာတုန္းကဆို ကြၽန္ေတာ္လုပ္ဖို႔လိုတာဆိုလို႔ သူ႔နာမည္ကို ေခၚလိုက္ဖို႔သာျဖစ္ၿပီး သူက ကြၽန္ေတာ့္အတြက္ အၿမဲတမ္း ရပ္ေပးတယ္။

အဲ့ေနာက္မွာ သူက ကြၽန္ေတာ္နဲ႔ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ၿပီး ကြၽန္ေတာ္ စကားေျပာလာဖို႔အတြက္ အားတက္သေရာ ေစာင့္ေပးတယ္။

ကြၽန္ေတာ္က အဲ့လိုအထူးအခြင့္အေရးကို ေက်နပ္ေနခ်ိန္မွာတုန္းက အကယ္၍ သူ ကြၽန္ေတာ့္ကို တုံ႔ျပန္မႈမေပးေတာ့မယ့္ တစ္ေန႔ေန႔ကိုသာ ေရာက္လာခဲ့ရင္ သူကြၽန္ေတာ့္ကို လ်စ္လ်ဴမရႈသြားေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာမ်ိဳး တစ္ခါေလးေတာင္ မစဥ္းစားခဲ့ဖူးဘူး။

သူ႔ကို ေခၚလိုက္ၿပီးတဲ့ေနာက္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ သနားစိတ္ဝင္ေနခ်ိန္မွာ ကြၽန္ေတာ္က ဘယ္ေလာက္ေတာင္ ျမင္မေကာင္းရႈမေကာင္းျဖစ္သလဲဆိုတာ ေနာက္ဆက္တြဲ ႀကဳံလာေတာ့တယ္။

ကြၽန္ေတာ္ သူ႔ကိုဆြဲလိုက္ၿပီး ကြၽန္ေတာ့္စိတ္ထဲမွာ သူနဲ႔လုေဝ့ရွီ တြဲေနၾကတာလားဆိုတဲ့ အေတြးေတြနဲ႔သာ ျပည့္ႏွက္သြားတယ္။ ကြၽန္ေတာ္ ေတြးေလေလ ပိုၿပီးစိုးရိမ္လာေလေလပဲျဖစ္တယ္။ ကြၽန္ေတာ္ သူ႔ကို ေပြ႕ဖက္ထားၿပီး ဘယ္ေတာ့မွ ျပန္မလႊတ္ေပးခ်င္ေတာ့ဘူး : ဒီလမ္းေပၚမွာတင္ ကြၽန္ေတာ္သူ႔ကို ခိုးေျပးသြားလိုက္ခ်င္တယ္။

"ေရွာင္ဟန္း ေရွာင္ဟန္း"

သူ တုန္တက္သြားၿပီးေနာက္ စတင္႐ုန္းကန္လာေပမယ့္ ကြၽန္ေတာ္ကေတာ့ လႊတ္ေပးဖို႔ ျငင္းဆန္ေနမိတယ္။

"ေလာ့ယြီခ်န္ မင္း ဘာလုပ္ေနတာလဲ!"

"ငါ ျပန္လာၿပီေလ" ကြၽန္ေတာ္ေျပာလိုက္တယ္ "မင္းက ငါ့အပိုင္ပဲ၊ မင္း ထြက္သြားလို႔မရဘူး"

သူက ျပက္လုံးတခ်ိဳ႕ကို ၾကားလိုက္ရတဲ့ပုံစံမ်ိဳးျဖစ္သြားၿပီး ဒီ့ထက္ပိုၿပီး ၾကမ္းတမ္းစြာ ႐ုန္းကန္လာတာေၾကာင့္ သူ႔တံေတာင္ဆစ္နဲ႔ ကြၽန္ေတာ့္ဗိုက္ကို တြတ္မိသြားတယ္။ [ T/N : ဒီေနရာမွာ အူလို႔ သုံးထားပါတယ္။ ဒါေပမယ့္ အူလို႔ ထည့္ေရးလိုက္ရင္ နည္းနည္းတမ်ိဳးျဖစ္ေနလို႔ပါ ]

နာတယ္။

"လႊတ္စမ္း!"

"လႊတ္စမ္း? မင္းေျပာေတာ့ မင္းငါ့ကို ေစာင့္မယ္ဆို တစ္ႏွစ္ေလ၊ မင္းငါ့ကို ေစာင့္မယ္လို႔ မင္းပဲေျပာၿပီးေတာ့!"

"ေလာ့ယြီခ်န္!"

သူက ကြၽန္ေတာ့္ကို ေကာ္လာကေန ကိုင္ကာ လမ္းေထာင့္နားကို ဆြဲေခၚသြားၿပီး နံရံဆီ တြန္းပို႔လိုက္တယ္။ သူက ကြၽန္ေတာ့္ပုခုံးေတြကို ကိုင္ထားရင္း ေလကိုရႈိက္ရႈေနကာ သူ႔အမူအယာကလည္း ေဒါသကို ထိန္းခ်ဳပ္ေနပုံေပၚတယ္။

ကြၽန္ေတာ္ အလြန႔္အလြန္ ေနလို႔မေကာင္းျဖစ္လာတယ္။ သူက ဘာလို႔ ဒီေလာက္ထိ စိတ္တိုေနရတာလဲ?

ကြၽန္ေတာ့္ခႏၶာကိုယ္က နံရံဆီ အတြန္းခံလိုက္ရတာေၾကာင့္ နာက်င္ေနၿပီး ကြၽန္ေတာ့္ဗိုက္ထဲက သည္းေျခကလည္း ဂြၽမ္းျပန္ေနသလိုျဖစ္ေနၿပီ။ ကြၽန္ေတာ့္အစာအိမ္ကလည္း နာက်င္ေနၿပီး နားထဲမွာ ဝီေခၚေနေတာ့တယ္။

"ငါမင္းကို ေစာင့္ေနမယ္လို႔ ဘယ္သူေျပာလဲ?"

"ေလာ့ယြီခ်န္ မင္းတကယ္ပဲ ငါ့ကို ဘယ္လိုသေဘာထားေနတာလဲ? လမ္းေဘးမိုတယ္တစ္လုံးလား? မင္းစိတ္တိုင္းက် လာခ်င္လာ သြားခ်င္သြား လုပ္လို႔ရတဲ့ေနရာလား? ငါက မင္းကို ဘာလို႔ ေစာင့္ရမွာလဲ? ငါက တစ္သက္လုံး တစ္ေနရာတည္းမွာေနၿပီး နည္းနည္းေလးေတာင္ မ႐ိုးသားတဲ့လူတစ္ေယာက္ကို ေစာင့္ေနမယ္လို႔ မင္းက ဘာလို႔မ်ား ယုံသြားရတာလဲ?"

ေသခ်ာေပါက္ သူ တစ္ခုခုကို နားလည္မႈလြဲေနၿပီဆိုတာ ကြၽန္ေတာ္ ခ်က္ခ်င္းသတိထားမိလိုက္တယ္။

ကြၽန္ေတာ္၊ ကြၽန္ေတာ္တို႔ေတြ ႏွစ္ေယာက္စလုံး လွည့္စားခံလိုက္ရၿပီ။

ဖန္းရွဲ႕ယိ အဲ့ေျမေခြးေကာင္။ သူက ေသခ်ာေပါက္ ကြၽန္ေတာ္သူ႔အတြက္ ထားခဲ့ေပးတဲ့ပစၥည္းေတြကို မေပးခဲ့ဘူး! ကြၽန္ေတာ္က ႏႈတ္ဆက္စကားေတာင္မေျပာဘဲ ထြက္သြားတယ္လို႔ ေရွာင္ဟန္းထင္သြားတာ!

တစ္ႏွစ္လုံးလုံး ကြၽန္ေတာ္က ႏႈတ္ဆက္စကားေလးေတာင္မေျပာဘဲ ထြက္သြားခဲ့တာ!

ကြၽန္ေတာ္ သူ႔ကို မယုံခဲ့သင့္ဘူး၊ ကြၽန္ေတာ္ တကယ္ တုံးအလြန္းခဲ့တယ္။

ကြၽန္ေတာ္ ႏိုင္ငံရပ္ျခားမွာ ႐ုပ္ရွင္တစ္ကား႐ိုက္လို႔ ၿပီးသြားခ်ိန္မွ သူ႔ကို လာျပန္ရွာတယ္? သူဘယ္လိုလုပ္ ကြၽန္ေတာ့္ကို ေသေလာက္ေအာင္ မမုန္းဘဲ ေနမွာလဲ?

ကြၽန္ေတာ္ တစ္ခုခုေျပာခ်င္ေပမယ့္ အသံေလးတစ္ခ်က္ေတာင္ မထြက္ႏိုင္ေတာ့တာကို သိလိုက္ရတယ္။

ဒီအေတာအတြင္းမွာ အလုပ္ဒဏ္ေၾကာင့္ ကြၽန္ေတာ့္ခႏၶာကိုယ္က မေကာင္းေတာ့ဘူး။ ကြၽန္ေတာ္ ရွင္းျပခ်င္ေပမယ့္ သူ႔ကို ေနရာမွာတင္ ဆြဲထားဖို႔ေတာင္ အားမရွိေတာ့ဘူး။

မူးေဝေနတုန္းမွာ လုေဝ့ရွီရဲ႕အသံကို ၾကားလိုက္ရတယ္။ ထိုႏိုင္ငံျခားသားက ဒီလိုလူမ်ိဳးအတြက္ အခ်ိန္ေတြကို မျဖဳန္းတီးသင့္ေၾကာင္း သူ႔ကိုေျပာၿပီးေနာက္ ႏွစ္ေယာက္လုံး ထြက္သြားၾကတယ္။ ကြၽန္ေတာ္ ေနာက္ကလိုက္သြားခ်င္ေပမယ့္ ကြၽန္ေတာ့္မွာ အားအင္လည္းမရွိသလို ခႏၶာကိုယ္ကလည္း တအားနာက်င္ေနတယ္။ ဘယ္ဒဏ္ရာေတြက ႐ုပ္ပိုင္းဆိုင္ရာလဲ ဘယ္ဒဏ္ရာေတြက စိတ္ပိုင္းဆိုင္ရာလဲဆိုတာကိုေတာင္ မေျပာႏိုင္ေတာ့ဘူး။

ကြၽန္ေတာ္ ေမွာင္မည္းေနတဲ့ေထာင့္နားေလးမွာ အခ်ိန္အၾကာႀကီး ေကြးေကြးေလး ေနေနမိတယ္။ ကြၽန္ေတာ့္ခႏၶာကိုယ္ေပၚက စူးရွနာက်င္မႈက တျဖည္းျဖည္းနဲ႔ ထုံထိုင္းလာတဲ့အထိ ျဖစ္လာေပမယ့္ ကြၽန္ေတာ့္ရဲ႕ႏွလုံးသားနဲ႔ အစာအိမ္ကေတာ့ ေျပာမျပတတ္ေအာင္ စူးရွနာက်င္ေနတုန္းျဖစ္တယ္။

ကြၽန္ေတာ့္အစာအိမ္က အရမ္းနာေနတယ္။

ခုေလးတင္ တံေတာင္နဲ႔ တြတ္မိလိုက္တာက ၿပီးခဲ့တဲ့ ဆယ္လေက်ာ္ေလာက္တည္းက ကြၽန္ေတာ္ အလြန္အမင္း ညႇင္းပန္းထားတာေၾကာင့္ ပုံမွန္မဟုတ္ေလာက္ေအာင္ အားနည္းလာၿပီျဖစ္တဲ့ ကြၽန္ေတာ့္အစာအိမ္ကို လုံးလုံးလ်ားလ်ား ယိုယြင္းသြားေစတယ္။

ကြၽန္ေတာ့္အစာအိမ္က နာသထက္နာလာၿပီး ကြၽန္ေတာ္လုပ္ႏိုင္တာဆိုလို႔ ကြၽန္ေတာ့္ဒူးေတြနဲ႔ ဗိုက္ကို ကာထားတာသာရွိတယ္။

အဆင္ေျပပါတယ္ အဆင္ေျပတယ္။

ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ႏွစ္သိမ့္လိုက္တယ္။

ေနာက္က်ရင္ ကြၽန္ေတာ္ ရွင္းျပလို႔ရမွာပါ။ ကြၽန္ေတာ့္ရဲ႕ရွင္းျပခ်က္ကို သူနားမေထာင္ဘဲ ေနမွာမဟုတ္ေလာက္ဘူး... ဒါေပမယ့္ နားေရာေထာင္ပါ့မလား? တစ္ႏွစ္တာလည္း ကုန္လြန္ခဲ့ၿပီျဖစ္ကာ လုေဝ့ရွီကလည္း ဒီေလာက္ထိ ေကာင္းတဲ့လူတစ္ေယာက္ ၊ သူက ကြၽန္ေတာ့္ထက္ အမ်ားႀကီးပိုသာတယ္။

ၿပီးေတာ့ ေရွာင္ဟန္းအတြက္၊ သူ႔အတြက္ ခ်စ္ဖို႔ဆိုတာ သိပ္ကိုခဲယဥ္းလွတယ္၊ ဒါေပမယ့္ သူ တစ္စုံတစ္ေယာက္ကို ခ်စ္သြားၿပီဆိုရင္။

သူ တစ္စုံတစ္ေယာက္ကို ခ်စ္သြားၿပီဆိုရင္ အဲ့လူက တိမ္ေပၚေတြထိေတာင္ ေျမာက္တက္သြားေလာက္တယ္။

ၿပီးေတာ့ အတိတ္မွာ သူခ်စ္ခဲ့ဖူးတဲ့လူကေတာ့ ေသခ်ာေပါက္ ငရဲျပည္အထိ က်သြားမွာပဲျဖစ္တယ္။

****

ဒီလိုမ်ိဳးေအးစက္တဲ့လမ္းေပၚက ေမွာင္မည္းေနတဲ့ေထာင့္ေလးမွာ ကြၽန္ေတာ့္ရဲ႕အသိစိတ္ကလည္း တျဖည္းျဖည္းနဲ႔ ေဝဝါးလာေတာ့တယ္။

တကယ္ေတာ့ ကြၽန္ေတာ့္ဆီမွာ ဖုန္းရွိတယ္။

ကြၽန္ေတာ့္ကိုကယ္ဖို႔ ကြၽန္ေတာ့္လက္ေထာက္ကို ေခၚလို႔မရတာမ်ိဳးေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ကြၽန္ေတာ္... ဒီအခိုက္အတန႔္ေလးမွာ ကြၽန္ေတာ္တကယ္ ေတြးမိလိုက္တာက ကြၽန္ေတာ္ ဒီေနရာမွာ တကယ္ေသသြားႏိုင္ေလာက္တယ္၊ အဲ့တာဆို မနက္ျဖန္ လမ္းေပၚမွာ အေလာင္းကို ရွာေတြ႕တဲ့အခ်ိန္က်ရင္ သူလည္း ေဒါသေတာ့ ေျပေလ်ာ့သြားေလာက္မွာပဲဆိုၿပီးျဖစ္တယ္။

"ေရွာင္ဟန္း..."

ကြၽန္ေတာ္ သူ႔နာမည္ကို ထပ္တလဲလဲ ေခၚေနၿပီး ကြၽန္ေတာ့္အသံကလည္း အားေလ်ာ့သထက္ေလ်ာ့လာတယ္။

နာက်င္မႈေၾကာင့္ ကြၽန္ေတာ့္မ်က္လုံးေရွ႕က ျမင္ကြင္းေတြကလည္း အေတာ္ေလးမူမမွန္ျဖစ္လာကာ အေမွာင္အတိ ေျပာင္းသြားေတာ့တယ္။ ကြၽန္ေတာ္က ဒီေနရာမွာ လွဲေနမိတာ အၾကာႀကီးရွိေနသလိုလို ခဏေလးပဲ ရွိေသးသလိုလိုျဖစ္လာတယ္။ ကြၽန္ေတာ္ ဘာမွမၾကားႏိုင္ေတာ့သလို ကြၽန္ေတာ့္ရဲ႕အသိစိတ္က အေဝးကို လြင့္ေျမာေနၿပီဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း သိလိုက္ရတယ္။

ကြၽန္ေတာ္ ေဆး႐ုံေပၚက ေသြးနီေရာင္အသည္းပုံကို ေတြးမိလိုက္တယ္။

ကြၽန္ေတာ္သူ႔ကို ထိုအသည္းပုံေလးဆြဲေပးခဲ့ၿပီး ဘယ္ႏွႀကိမ္ေျမာက္မွန္း မသိေလာက္တဲ့အထိလည္း ေတာင္းပန္ခဲ့တယ္။

ဒါေပမယ့္ ကိစၥေတြကို ဒီေလာက္ထိသြားၿပီတာေတာင္မွ ကြၽန္ေတာ့္ဘက္က "ငါမင္းကို ခ်စ္တယ္"ဆိုတဲ့စကားကို တကယ္ႀကီး မေျပာခဲ့မိတာကို သတိရသြားတယ္။

ကြၽန္ေတာ္ မေျပာရဲခဲ့တာ။

ကြၽန္ေတာ့္မွာ အဲ့တာကို ေျပာပိုင္ခြင့္မရွိဘူး။ ေနာက္ဆုံး ကြၽန္ေတာ္ ေျပာလိုက္ခ်ိန္မွာ အရမ္း၊ အရမ္းေနာက္က်သြားမွာကို ေၾကာက္ခဲ့တယ္။

နိမ့္က်လြန္းလွတဲ့အခ်စ္။

ကြၽန္ေတာ္သိတယ္၊ ကြၽန္ေတာ္ ႀကိဳးစားၾကည့္ခဲ့တယ္၊ ကြၽန္ေတာ့္ထက္ ပိုၿပီးနိမ့္က်တာ ဘယ္သူမွေတာင္ မရွိေတာ့ဘူး။

တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္နား,နားမွာ ေအာ္ေနတယ္၊ စကားလုံးေတြကို ျပတ္ျပတ္သားသား မၾကားရေပမယ့္ သူ႔မ်က္ႏွာကိုေတာ့ ျမင္လိုက္ရသလိုရွိတယ္။

ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္သူ႔ကို ၿပဳံးျပႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားလိုက္တယ္။ သူက ကြၽန္ေတာ့္ကို သူ႔လက္ေမာင္းေတြထဲမွာ ေပြ႕ဖက္ထားပုံရၿပီး ထိုေႏြးေထြးမႈက ေကာင္းကင္ဘုံလိုမ်ိဳးပဲ။

သူက အေတာ္ေလးစိတ္တိုေနပုံေပၚတယ္။ ကြၽန္ေတာ္ အခ်ိန္အၾကာႀကီး နားေထာင္ၾကည့္လိုက္ေတာ့မွ သူ ဘာကိုေအာ္ေနတာလဲဆိုတာ နားလည္သြားရတယ္။

"ေလာ့ယြီခ်န္ မင္း ဘယ္လိုေနလဲ? ထပါအုံး! ဘယ္နားကနာတာလဲဆိုတာ ငါ့ကိုေျပာ!"

ကြၽန္ေတာ္တစ္ခုခုေျပာခ်င္ေပမယ့္ ကြၽန္ေတာ့္ခႏၶာကိုယ္က ကြၽန္ေတာ့္အစာအိမ္ရဲ႕ညႇင္းပန္းမႈဒဏ္ကို ဆက္မခံႏိုင္ေတာ့ဘူး။ စိတ္သက္သာရာရစြာ သူ႔ရင္ခြင္ထဲ မွီကာ သူ႔လက္ေမာင္းေတြထဲမွာပဲ သတိလစ္သြားရတယ္။

ကြၽန္ေတာ္ ႏိုးလာခ်ိန္မွာ အံ့ဩစရာမလိုေလာက္ေအာင္ ကြၽန္ေတာ္က ေဆး႐ုံထဲမွာ IVခ်ိတ္ခံထားရတယ္... ကြၽန္ေတာ္ ေဆး႐ုံကို ေရာက္ေနၿပီပဲ မဟုတ္ဘူးလား၊ အဲ့တာဆို ဘာလို႔ ကြၽန္ေတာ့္အစာအိမ္က နာေနရေသးတာလဲ? ဘယ္လိုေတာင္ စိတ္ဓာတ္က်စရာေကာင္းလိုက္သလဲ။

"အဲ့... ကြၽန္ေတာ့္ကို ဒီေခၚလာေပးတဲ့ အဲ့လူ..."

ဆရာဝန္က အရမ္းအလုပ္မ်ားေနတာေၾကာင့္ စိတ္မရွည္စြာ​ ေျပာလာေတာ့တယ္ "က်ဳပ္လည္းမသိဘူး! ထြက္သြားေလာက္ၿပီေပါ့!"

ကြၽန္ေတာ္ ဒီေလာက္ထိျဖစ္ေနတာေတာင္ သူက ထြက္သြားေသးတာလား?


_____

{Unicode}

[ အကျဉ်းချုပ် : ကျွန်တော် ဒီလောက်ထိဖြစ်နေတာတောင် သူကထွက်သွားသေးတာလား? ]

•လော့ယွီချန်•

"အခု ထွက်သွား" ဖန်းရှဲ့ယိက ကျွန်တော့်ကို မောက်မာစွာကြည့်ရင်း ပြောလာတယ်။

"ခင်ဗျား လာနောက်နေတာလား? အနည်းဆုံးတော့ ကျွန်တော့်ကို ခွဲစိတ်မှုပြီးတဲ့အထိ နေခွင့်ပေးပါ!"

ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး ဒီအယုတ်တမာကောင်မှာ တကယ်ရော အသည်းနှလုံးရှိရဲ့လားလို့ တွေးနေမိတယ်။

"ငါ ဂျာမနီဘက်က အထင်ကရဆေးပညာအသင်းကို ရှာခဲ့တာ၊ ခွဲစိတ်မှုရလဒ်နဲ့ပက်သက်လို့ မင်း စိုးရိမ်နေစရာမလိုဘူး" သူက သူဝတ်ဆင်ထားတဲ့ တန်ဖိုးကြီးအမှတ်တံဆိပ်အဝတ်အစားတွေ ပေကျံကုန်မှာကို လုံးဝစိုးရိမ်ခြင်းမရှိ နံရံကို မှီလိုက်တယ်။

"ငါ မင်းကို လာပြောပေးတာ၊ မခွဲစိတ်သေးခင် ရှောင်ဟန်းက မင်းအတွက် တဆင့်ပြောခိုင်းထားတဲ့ စကားတွေရှိတယ် _ မင်းအခု လွတ်လပ်သွားပြီ၊ ရလဒ်က ဘာပဲဖြစ်နေနေ လစ်လိုက်တော့ တဲ့"

ကျွန်တော် ကျယ်လောင်စွာ အော်လိုက်တယ် "စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး အမှန်တရားကို လှည့်ပတ်ဖို့ ကြိုးစားမနေနဲ့!"

"အာ ဒါပေမယ့် ရှောင်ဟန်းက အဲ့လိုမျိုး တကယ်ပြောခဲ့တာပဲလေ၊ ငါက 'လစ်လိုက်တော့'ဆိုတဲ့အပိုင်းလေးပဲ ထည့်ပေးထားတာ"

ထိုသောက်ကျိုးနည်းမြေခွေးကောင်က သူ့ရင်ဘတ်အိတ်ကပ်ထဲကနေ စာတစ်စောင်ထုတ်ကာ ကျွန်တော့်ဆီ ပေးလာတယ်။

အဲ့တာက ကောင်းတဲ့အရာ ဘယ်လိုမှ မဖြစ်နိုင်မှန်းသိတာကြောင့် မယူလိုက်ဘူး။ အဲ့နောက်မှာ သူက အဲ့တာကို တိုက်ရိုက်ဖွင့်ဖောက်ပြီး အသံထွက်ကာ စတင်ဖတ်တော့တယ်။

စာကြောင်းလေး နှစ်ကြောင်းဆိုပေမယ့် ရှောင်ဟန်းရဲ့ စာရေးဟန်ကို ကျွန်တော် ပြောနိုင်တာကြောင့် ဒါက အမှားမရှိဘူး။ ဒါပေမယ့် 'ကျွန်တော် လွတ်လပ်သွားပြီ'ဆိုတာနဲ့ 'ကိစ္စတွေကို အလုံးစုံ တွေးဖို့အတွက် ကျွန်တော်တို့ အချိန်တစ်ခုလောက် ခွဲနေလိုက်တာက ပိုကောင်းလောက်မယ်'ဆိုတာက ဘာလဲ _ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က နွေးထွေးတဲ့အပြုံးတွေလိုမျိုး သူသုံးထားတဲ့ စကားလုံးတွေက သိပ်ကို ပညာသားပါလှတယ်။

ဒါပေမယ့် အဆုံးမှာတော့ သူက ကျွန်တော့်ကို မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တုန်းပဲဖြစ်တယ်။

ဒီလိုမျိုး သေဒဏ်ချပြီးပြီးချင်း ကွပ်မျက်ဖို့ ချက်ချင်း ခေါ်သွားခံလိုက်ရသလို ခံစားချက်ကြီးက သောက်ကျိုးနည်းအောင်ကို စိတ်မချမ်းမြေ့စရာကောင်းလှတယ်။

ဒီစာကို ဘယ်တုန်းကမှ မသိခဲ့သလိုမျိုး ကျွန်တော် ဟန်ဆောင်ချင်တယ်။

ကျွန်တော်ဒီမှာ အရှက်အကြောက်မရှိ ချော့မော့ပြီး နားပူနားဆာလုပ်နေမယ်ဆိုရင် သူက သေချာပေါက် ကျွန်တော့်ကို လက်ခံပေးမှာပဲ။ ကျွန်တော်က သူ့ရဲ့နှလုံးသားကို နာကျင်အောင် လုပ်နိုင်ဆဲ ကျွန်တော့်ကို ဂရုစိုက်အောင် လုပ်နိုင်ဆဲပဲ။

ဒါပေမယ့် အရင်လိုမျိုး ကျွန်တော့်ကိုပြန်ချစ်အောင် လုပ်နိုင်ပါအုံးမလား?

သူက စိတ်တည်ငြိမ်ဖို့ အချိန်တချို့လိုကြောင်းနဲ့ ထိုအကြောင်းကို အလုံးစုံအလေးအနက်ထားပြီး တွေးကြည့်မယ်လို့ ပြောခဲ့ပေမယ့် အလုံးစုံကို တွေးတောပြီးတဲ့နောက်မှာ သူ ကျွန်တော့်ကို လိုချင်ပါအုံးမလား?

"မင်းလည်း ရှောင်ဟန်းပြောတာကို တစ်ခါလောက်တော့ နားထောင်ကြည့်သင့်တယ်"

"ဒါမှမဟုတ်လည်း အနည်းဆုံးတော့ သူ့ဆုံးဖြတ်ချက်ကို လေးစားသင့်တယ်"

ဖန်းရှဲ့ယိ "သေသေချာချာ တွေးကြည့်လိုက်၊ ရှောင်ဟန်း နိုးလာကတည်းက မင်းရဲ့တွယ်ကပ်မှုတွေကြောင့် တစ်ချက်ကလေးတောင် အနားမရခဲ့ဘူး၊ မင်း သူ့ကို အချိန်လေးနည်းနည်းလောက် ပေးသင့်တယ် _ ဆိုပါစို့ တစ်နှစ်ကွာ _ ပြီးရင် သူတကယ်လိုချင်တာ ဘာလဲဆိုတာကို သူ့ကိုတွေးခွင့်ပေးလိုက် အဆင်ပြေတယ်မှတ်လား?"

ကျွန်တော်ကတော့ အဲ့တာကို အဆင်ပြေတယ်လို့ မထင်ဘူး။ ကျွန်တော် အရမ်းကြောက်တယ်။

တစ်နှစ်ဆိုတာ သိပ်ကိုရှည်ကြာတဲ့အချိန်။

ကျွန်တော်က စက်ဆုပ်ဖို့ကောင်းပြီး ထိုအဖိုးတန်ဆယ်နှစ်ကို ဖြုန်းတီးခဲ့တဲ့သူက ကျွန်တော်သာဖြစ်တယ်ဆိုတာကိုလည်း သိတယ်၊ သို့ပေမယ့်...

"မင်းက ဘာတွေစိုးရိမ်နေတာလဲ?" ဖန်းရှဲ့ယိက ကျွန်တော့်ကိုမေးလာတယ် "ရှောင်ဟန်းက ဘယ်လောက်တောင် ခေါင်းမာပြီး ကယ်တင်နိုင်တဲ့အတိုင်းအတာ ကျော်လွန်နေလဲဆိုတာ မင်းသိသင့်တယ် ပြီးတော့ မင်းက တစ်နှစ်လေးတောင် မစောင့်နိုင်ဘူးလား? ကမ္ဘာကြီးက မင်းကိုတည်ပြီး လည်ပတ်နေလို့လား လော့ယွီချန်?"

"မင်းသူ့အပေါ် ဆယ်နှစ် အကြွေးတင်ခဲ့တယ် လော့ယွီချန်၊ ပြီးတော့ မင်းက တစ်နှစ်တာ စမ်းသပ်ချက်လေးတစ်ခုတောင် သည်းမခံနိုင်ဘူးတဲ့လား?"

"အဲ့တာထက် ဒါတွေအားလုံးမတိုင်ခင် မင်း တကယ်ပြောင်းလဲသွားတယ်ဆိုရင်တောင်မှ အတိတ်က မင်းလုပ်ခဲ့တဲ့ ကိစ္စတွေအားလုံးအတွက် တာဝန်ယူစရာမလိုဘူးလို့ မဆိုလိုဘူးမှတ်လား?"

ကျွန်တော် ပြောစရာစကားလုံးတွေ ပျောက်ရှကုန်တယ်။

ဟုတ်တာပေါ့၊ ဒီတစ်ကြိမ်မှာ ရှောင်ဟန်းက ကျွန်တော့်ကို သက်သေပြဖို့ ပြောပိုင်ခွင့်ရှိတယ်။

တစ်နှစ်ဆိုတာကတောင် အတော်လေးတိုတောင်းနေပြီ။ သူက သူ့ရဲ့ခံစားချက်တွေကို သက်သေပြဖို့ ဆယ်နှစ်တောင် သုံးခဲ့ရတယ်။ ဒီလိုသာဆို ကျွန်တော့်ကို သူတောင်းဆိုတဲ့ တစ်နှစ်ဆိုတာက အဲ့လောက်မကြာတော့ဘူး။

ဒီတစ်ကြိမ် ကျွန်တော့်ဆီမှာ သူ့ကိုပေးအပ်ဖို့ တာဝန်တစ်ခုရှိတယ်။

"ငါ မင်းရဲ့စာချုပ်ကို ရှင်းဝေ့ဆီ ရောင်းလိုက်ပြီ၊ သူက မင်းကို ကောင်းကောင်း 'လေ့ကျင့်'ပေးလိမ့်မယ်၊ ဒီနှစ် မင်းရဲ့အကောင်းဆုံးအမူအကျင့်ကို ထိန်းထားနိုင်တယ်ဆိုရင် ငါ သူဌေးရှင်းကို စကားလာပြောပြီး မင်းရဲ့စာချုပ်ကို ပြန်ယူဖို့ စဉ်းစားပေးမယ်" [ T/N : ဒီနေရာမှာ ပြောတဲ့စာချုပ်က သူတို့နှစ်ယောက်ကြားချုပ်ထားတဲ့စာချုပ်မဟုတ်ဘဲ ကုမ္ပဏီနဲ့ချုပ်ထားတဲ့ လော့ယွီချန်ရဲ့ အလုပ်စာချုပ်ကို ပြောတာပါ ]

"စိတ်မပူနဲ့၊ ဒီအတောအတွင်း မင်းမရှိတဲ့အချိန်မှာ ငါသေချာပေါက် ရှောင်ဟန်းကို ကောင်းကောင်း စောင့်ရှောက်ပေးထားမယ်"

ကျွန်တော် သက်မ,ရှိုက်မိလိုက်တယ်။

ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ကျွန်တော့်ဖာသာ တိတ်တိတ်လေး ရေရွတ်နေမိတယ် 'သူတို့က သွေးသားတော်စပ်တဲ့ ညီအစ်ကိုတွေ၊ သူက ရှောင်ဟန်းရဲ့ သွေးသားတော်စပ်တဲ့ အစ်ကိုကြီး'

သူသာ ရှောင်ဟန်းရဲ့ သွေးသားတော်စပ်တဲ့ အစ်ကိုကြီးသာ မဟုတ်ဘူးဆိုရင် ကျွန်တော်...

****

ကောင်းကင်ဘုံရဲ့ ကျေးဇူးတော်ကြောင့် ခွဲစိတ်မှုက လုံးဝအောင်မြင်ခဲ့တယ်။

ရှောင်ဟန်းကတော့ နိုးမလာသေးဘူး။ သူ နိုးလာချိန်မှာ ပိုးသတ်ထားတဲ့ သီးသန့်ခန်းထဲမှာ နောက်နှစ်ပတ်လောက် ဆက်နေလိုက်ရပြီး အဲ့နောက်မှာတော့ ရိုးရိုးလူနာဆောင်မှာ စောင့်ကြည့်ကာလတစ်ခုလောက်အထိ နေရတယ်။ သူ ဆေးရုံက အပြီးတိုင်မဆင်းနိုင်သေးခင် လအနည်းငယ်လောက်တော့ ထပ်နေရအုံးမှာ သေချာတယ်။

နောက်ပြီး ကုမ္ပဏီကလည်း ကျွန်တော့်ကို ဆက်တိုက် အလောတကြီးတွေပဲ လုပ်နေခဲ့တယ်။

ဒါက တိုက်ဆိုင်တာလားဆိုတာ ကျွန်တော် မသိပေမယ့် ဖန်းရှဲ့ယိ ကျွန်တော့်ကို ရှင်းကော်ပိုရေးရှင်းဆီ ရောင်းချပြီးနောက် သုံးရက်အကြာမှာတင် ဖျော်ဖြေရေးလောကထဲက လူတိုင်းအိမ်မက်,မက်လောက်တဲ့ လက်ဆောင်တစ်ခု ရရှိခဲ့တယ် _ ဟောလီးဝုဒ်ရုပ်ရှင်တစ်ခုမှာ အဓိကဇာတ်ပို့နေရာတစ်ခု။

ရောင်းအားအကောင်းဆုံး အလွန်နာမည်ကြီးတဲ့ စွန့်စားခန်းဝတ္ထုတစ်ပုဒ်ကို (ရုပ်ရှင်ကားတစ်ကားအဖြစ်) ပြောင်းလဲထားတာဖြစ်ပြီး နာမည်ကျော် အမေရိကန်ဒါရိုက်တာတစ်ယောက်က ရိုက်ကူးမှာဖြစ်တယ်။ အတူရိုက်ကူးကြမယ့်သူတွေအားလုံးကလည်း ကမ္ဘာကျော်ဟောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့်တွေပဲဖြစ်တယ်။

ဇာတ်ညွှန်းကို လှန်လှောကြည့်ပြီးတဲ့နောက်မှသာ ဘာကြောင့် အခွင့်အရေးက ကျွန်တော့်ပေါင်ပေါ် ကျလာတာလဲဆိုတာကို ကျွန်တော်သိလိုက်ရတယ်။ ဒီဇာတ်လမ်းထဲမှာ ရေးသားထားတဲ့ အာရှသားဇာတ်ကောင်တွေထဲကတစ်ယောက်က မသိရင် ကျွန်တော့်ကို စာအုပ်ထဲ ရေးထည့်ထားတဲ့အတိုင်းပဲ။

တိုတိုပြောရရင် ဖော်ပြထားချက်အရ : တသီးတသန့်နဲ့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ နှစ်လိုဖွယ်ကောင်းတဲ့အသံနဲ့ နာမည်ကျော်တစ်ယောက်၊ အမြဲတမ်းဆိုသလို သူ့ကိုယ်သူ အမှားမရှိဘူးလို့ ယုံကြည်ခဲ့တယ်၊ တခြားသူတွေနဲ့လည်း ဘယ်တုန်းကမှ အဆင်ပြေပြေမရှိခဲ့ဘူး၊ သူက အမျိုးသမီးဇာတ်လိုက် Ella နဲ့ နှစ်ဦးနှစ်ဖက် ချစ်နေကြတယ်ဆိုတာ သိသာလှပေမယ့်လည်း သူက သူ့ရဲ့ဝင့်ကြွားမှုနဲ့ ခေါင်းမာမှုကို မထိန်းချုပ်နိုင်ခဲ့ဘူး။

ပြီးတော့ အဆုံးသတ်က သဘာဝကျစွာပဲ တစ်ယောက်တည်းနေတတ်တာကြောင့် သဲကန္တာရတစ်ခုထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲ့တာကြောင့် ရိုးသားပြီးသတ္တိရှိတဲ့ အမျိုးသမီးဇာတ်လိုက် Ella နဲ့ အင်အားကြီးဇာတ်လိုက်တို့အတွက် ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ဘဝလေးတစ်ခုကို လမ်းခင်းပေးသလိုဖြစ်ခဲ့တယ်။

ကျွန်တော် တွေးလိုက်မိတယ်၊ ဒီဇာတ်ညွှန်းက ငါ့ကို လာပြောင်နေတာလား ဘာလား?

ရှောင်ဟန်းနဲ့ ဆေးရုံမှာနေဖို့ အလုပ်ပျက်ကွက်ခဲ့တဲ့ အချိန်အတောအတွင်းမှာ သတင်းစာတွေက စိတ်လှုပ်ရှားစွာ ပွက်လောရိုက်နေခဲ့တယ် "တကယ်ပဲ လော့ယွီချန် ဘာတွေလုပ်နေလဲ"

မရေမတွက်နိုင်တဲ့ ကောလဟလတွေနဲ့ သီအိုရီတွေ ပျံ့နှံ့လာတယ်။ တချို့ကိစ္စတွေကတော့ လုံးဝအခြေအမြစ်မရှိပေမယ့် အနည်းငယ်လောက်ကတော့ ဇာတ်လမ်းတစ်ခုလုံးကို အမှန်တကယ်မှန်းဆနိုင်ခဲ့ကြတယ်။

သတင်းစာတွေက ကျွန်တော် ခေါင်းကိုပဲ ဆက်တိုက်ငုံ့ထားတယ်လို့ ပြောကြပေမယ့် တကယ်တော့ ကုမ္ပဏီကသာ ကျွန်တော့်ကို အတင်းအကျပ် ဖိအားပေးတာမျိုး မလုပ်ရင် ဒီလောက်ခရီးအဝေးကြီးထိ သွားဖို့လိုတဲ့ ရုပ်ရှင်ကို လက်ခံလိုက်မှာ မဟုတ်ဘူး။

ကျွန်တော် မထွက်ခွာခင် နောက်ဆုံးအကြိမ် ရှောင်ဟန်းကို သွားထပ်ကြည့်ခဲ့တယ်။

သူက နိုးနေပြီဖြစ်ကာ စိတ်ပျော်နေပုံလည်းရတယ်။ ကျွန်တော် ထိုခွေးရုပ်ကို ပိုက်ထားပြီး ပြတင်းပေါက်အပြင်ကနေ သူ့ကို လက်လှမ်းပြလိုက်တယ်။

သူ ကျွန်တော့်ကို ကြည့်တဲ့အမူအယာက သိပ်ကိုနူးညံ့လှပေမယ့် အဲ့တာက တကယ်တော့ ကျွန်တော့်ကို အတော်လေး ရင်ကွဲနာကျစေတယ် _ သူ ဘယ်တုန်းက ဒီလိုပြုမူရမယ်ဆိုတာကို သင်ယူခဲ့တာလဲ? သူက ကျွန်တော့်ကို မောင်းထုတ်လိုက်တယ်ဆိုပေမယ့် ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုမူနေတယ်။

ကျွန်တော်က ဒီအမွှေးပွခွေးရုပ်၊ အိမ်သော့တွေနဲ့ စုံတွဲလက်စွပ်ကို ဖန်းရှဲ့ယိကို ပေးခဲ့လိုက်တယ်။

အဲ့တာတွေကို ရှောင်ဟန်းဆီ ပေးပေးဖို့ တောင်းဆိုခဲ့ပြီး တစ်နှစ်ကြာပြီးရင် အဲ့တာတွေကို သေချာပေါက် ပြန်လာယူမှာဖြစ်ကြောင်း ပြောခဲ့လိုက်တယ်။

ကျွန်တော့်ကို စောင့်စေချင်တယ်ဆိုတာမျိုး ကျွန်တော် မပြောရဲခဲ့ဘူး။

ဒါပေမယ့် ကျွန်တော်ကတော့ သေချာပေါက် ပြန်လာမှာပဲဖြစ်တယ်။

ထို့နောက် ကျွန်တော် လေယာဉ်ပေါ်တက်ကာ အမေရိကားကို ထွက်ခွာလာခဲ့တော့တယ်။

ဒါက ဟောလိဝုဒ်ရဲ့ ဘတ်ဂျက်ကို အလျှံအပယ်သုံးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကူးချိန်က ဆယ်လလောက်ထိ ကြာမြင့်ခဲ့တယ်။ တည်နေရာတွေကလည်း ကမ္ဘာအနှံ့မှာဖြစ်ပြီး နိုင်ငံပေါင်းစုံရဲ့ တောအုပ်တွေနဲ့ ကျွန်းဆွယ်တွေလည်း ပါတယ်။

ကျွန်တော် စိတ်ကူးရေယာဉ်ထဲတွေထဲမှာ မျောမနေနိုင်တဲ့အထိ အလုပ်များနေခဲ့ပြီး ဒီရုပ်ရှင် ရိုက်ကူးလို့ပြီးသွားချိန်မှာတော့ ကျွန်တော် သူ့ဘေးနားကို ချက်ချင်း ပြန်နိုင်ပြီပဲဖြစ်တယ်။

ရိုက်ကွင်းက ကျွန်တော် မှန်းထားတာထက် ပိုပြီးခက်ခဲပင်ပန်းလှတယ်။ ဒါရိုက်တာက စေ့စပ်သေချာတဲ့လူတစ်ယောက် ဖြစ်နေတာကြောင့် အထူးပြုလုပ်ချက်တွေ ထည့်လို့ရနိုင်တဲ့ နေရာတွေမှာတောင် တကယ့်နောက်ခံတွေကိုသာ သုံးမယ်ဆိုပြီး မရမကလုပ်ခဲ့တယ်။

ရိုက်ကွင်းတစ်ခုမှာဆိုရင် ကျွန်တော်က သံကြိုးမတပ်ထားတဲ့ ကျားသစ်တစ်ကောင်နဲ့ တစ်မိနစ်လုံးလုံး ရင်ဆိုင်ခဲ့ရပြီး အကွာအဝေးကလည်း သုံးမီတာလောက် ဝေးတယ်ဆိုရုံသာ ရှိတယ်၊ ထိုတစ်မိနစ်က ကျွန်တော့်ဘဝမှာ ကြုံခဲ့ဖူးတဲ့ အရှည်ကြာဆုံးမိနစ်သာဖြစ်တယ်။ ထို့အတူ အကန့်အသတ်မရှိတဲ့ ဆာဟာရသဲကန္တာရထဲမှာ ကျွန်တော့်နောက်ကို လိုက်လာတာဆိုလို့ ကင်မရာတွေသာရှိပြီး ကျွန်တော် ထိုကန္တာရထဲမှာ တကယ်သေတော့မလိုဖြစ်ခါနီးအချိန်ထိတောင် ဒါရိုက်တာက cutဆိုပြီးအော်ဖို့ ငြင်းဆန်ခဲ့သေးတယ်။

အိမ်မဟုတ်တဲ့ နေရာတစ်ခုမှာ အိပ်ရတာကလည်း တကယ့်ကို ခက်ခဲလှတယ်။

ကျွန်တော်တို့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေက မကြာခဏဆိုသလို လူမနေတဲ့ဒေသတွေကို သွားရတာကြောင့် မကြာခဏ လူသူကင်းမဲ့တဲ့ တောတွေထဲမှာ ရွက်ဖျင်တဲတွေထိုးပြီး အိပ်လိုက်ရတာမျိုးတွေလည်း ရှိတယ်။

ထိုညတွေမှာဆို ဒီလိုမျိုးမရင်းနှီးတဲ့နေရာဖြစ်နေတာကြောင့် ဟိုလှိမ့်ဒီလှိမ့်သာဖြစ်နေခဲ့ပြီး အရင်က သူ ကျွန်တော့်ကို အလိုလိုက်ကာ ညမီးအိမ်လေး ဖွင့်ထားခွင့်ပေးခဲ့တာတွေကို ပိုပိုပြီး သတိရမိလာတယ်။ ကျွန်တော့်မှတ်ဉာဏ်တွေထဲက ထိုမှိန်ဖျော့ဖျော့အဝါရောင်မီးလေးက တစ်နေ့ထက်တစ်နေ့ ကျွန်တော့်ရဲ့အရိုးတွေထဲထိ နက်ရှိုင်းစွာ စိမ့်ဝင်လာတယ်။

ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးသရုပ်ဆောင်က အရင်တုန်းက တစ်ခါမှသရုပ်မဆောင်ဖူးသလောက်ရှိတဲ့ အဆိုတော်တဖြစ်လဲ ကျွန်တော့်ကို ကျွန်တော့်ရဲ့သရုပ်ဆောင်မှုကြောင့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ချီးကျူးခဲ့တယ်။

ကျွန်တော်က လူ့ပေါ်ကြော့အဖြစ် သရုပ်ဆောင်တဲ့ပုံစံက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောလာတယ်။ ကျွန်တော်သူ့ကိုကြည့်တဲ့အချိန်မှာ ကျွန်တော့်မျက်လုံးထဲက ခံစားချက်တွေက မော်ကြွားမှုနဲ့ လူတွေရဲ့နှလုံးသားတွေကို နာကျင်စေတဲ့ ကွဲအက်လွယ်မှု အစရှိတာတွေနဲ့ ပြည့်နေတယ်လို့ ပြောတယ်။ အဲ့တာက သူ့အဖို့ သူ့ရဲ့အမျိုးသမီးဇာတ်ကောင် Ellaရဲ့ အချစ်တွေက ရင့်ကျက်ပြီး ရဲရင့်တဲ့အမျိုးသားဇာတ်ကောင်ဆီ ပြောင်းလဲလိုက်သင့်တယ်ဆိုပေမယ့်လည်း ကျွန်တော့်ရဲ့လက်ကို အတင်းဆွဲကာ လွတ်မြောက်အောင် ပြေးသွားချင်တာမျိုးလည်း ဖြစ်စေတဲ့ခံစားချက်ကို ရှင်းရှင်းလင်းလင်း နားလည်စေတယ်လို့ ပြောတယ်။

ကျွန်တော် သေသွားတဲ့အပိုင်းမှာတုန်းကဆိုရင် သူက ကြေကွဲစွာ ငိုခဲ့တယ်။ ဘေးနားမှာရှိတဲ့ဘယ်သူမှ သူ့ကို နှစ်သိမ့်မပေးနိုင်တဲ့အထိကို သူ အရမ်းငိုကြွေးခဲ့တယ်။

သူက သရုပ်ဆောင်တဲ့နေရာမှာ တအားနစ်မြောသွားတာကြောင့်လို့ ပြောတယ်။

သူက Ella ဖြစ်ပြီး Ella အမှန်တကယ်ချစ်မြတ်နိုးတဲ့လူက သေသွားခဲ့ပြီ။

ကျွန်တော်က သရုပ်ဆောင်တဲ့အပိုင်းမှာ ထူးချွန်တဲ့သူတစ်ယောက်လို့ ပြောလာတယ်။ သူမသိတာက ကျွန်တော်က ကျွန်တော့်ပုံစံအတိုင်းသာ သရုပ်ဆောင်နေခဲ့တာဖြစ်တယ်။ ကျွန်တော့်ရဲ့ကလန်ကဆန်အမူအယာတွေ၊ ကျွန်တော့်ရဲ့လက်တွေ့၊ ထိုအရာတွေအားလုံးက ကျွန်တော့်ကို တစ်စုံတစ်ယောက် ပေးခဲ့တာဖြစ်ပြီး အချိန်အကြာကြီးနေမှ ဒီအမူအယာတွေကို ထုတ်ဖော်ခွင့်ရလာခဲ့တာဖြစ်တယ်။

ဇာတ်ကောင်နဲ့ ကျွန်တော့်ကြားမှာ ကွာခြားတာဆိုလို့ တစ်ခုတည်းသာရှိတယ် : သူက ထာဝရ တစ်ကိုယ်တည်း လှည့်လည်သွားလာသူဖြစ်သွားခဲ့တယ်။

ဒါပေမယ့် ကျွန်တော့်မှာ အိမ်ရှိတယ်ဆိုတာကို ကျွန်တော်သိတယ်။

ကျွန်တော် ပြန်သွားချင်တဲ့နေရာ တစ်နေရာရှိတယ်။ ကျွန်တော် ကာကွယ်ပေးချင်တဲ့ လူတစ်ယောက်ရှိတယ်။

ဆယ်လ၊ သုံးရာ့သုံးရက်၊ နာရီပေါင်း ခုနစ်ထောင့်နှစ်ရာ ခုနစ်ဆယ့်နှစ်နာရီ။ ကျွန်တော် သူ့အကြောင်း မိနစ်တိုင်း စက္ကန့်တိုင်းမှာ တွေးနေခဲ့မိတယ်။

အခက်အခဲများစွာနဲ့ ရိုက်ကွင်းပြီးဆုံးသွားတဲ့နောက်မှာ နောက်တစ်ကြိမ် ရှည်လျားလှတဲ့အလုပ်တသီတတန်းကြီးထဲမှာ ကျွန်တော်ဆက်ပြီး နစ်မြောကာ အလုပ်များနေခဲ့တယ်။

ကျွန်တော့်နှလုံးသားက သောကတွေနဲ့ လောင်မြိုက်နေရပေမယ့် ချက်ချင်းလည်း အိမ်ကို ပြန်သွားလို့မရဘူး။ ပြဿနာတွေအားလုံး ဖြေရှင်းလို့ပြီးတဲ့အချိန်မှာ ခရစ်စမတ်ကိုတောင် ရောက်နေပြီဖြစ်ကာ အဲ့တော့မှပဲ ကျွန်တော်လည်း Sမြို့တော်ကို ပြန်လို့ရတော့တယ်။

ကျွန်တော် လေယာဉ်ပေါ်က ဆင်းလာချိန်မှာ လေယာဉ်ကွင်းအပြင်ဘက်က ပျားပန်းခတ်နေတဲ့လမ်းတွေမှာ သက်တံ့ရောင်မီးရောင်တွေ၊ ဒရယ်ရုပ်တွေနဲ့ တညီတညာတည်း တောက်ပနေခဲ့တယ်။

ကျွန်တော်လည်း ပြည်တွင်းဖုန်းကဒ်ကို ပြန်ပြောင်းကာ မှတ်ဉာဏ်ထဲမှာမှတ်ထားတဲ့ သူ့ဖုန်းနံပါတ်ကို ရိုက်နှိပ်ပြီး ခေါ်မိတော့မလိုဖြစ်သွားတယ်။

အဲ့နောက်မှာ ကျွန်တော်က အရမ်းတက်ကြွနေတာ ကြည့်ရများ ဆိုးနေမလားလို့ တွေးမိသွားတယ် _ ကျွန်တော်က ခုလေးတင် ဆယ်နာရီစီးခဲ့ရတဲ့လေယာဉ်ပေါ်ကနေ ဆင်းလာတာဖြစ်ပြီး ကျွန်တော့်ရဲ့ပုံစံက အတော်လေး ကြောက်စရာကောင်းနေတယ်။ ကျွန်တော် အရင်ဆုံးအိမ်ပြန်ပြီး နည်းနည်းလောက်ဖြစ်ဖြစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်သင့်တယ်လို့ ထင်တယ်။ ကျွန်တော် အင်အားပြန်ပြည့်တဲ့အချိန်ကျမှ သူ့ကိုသွားတွေ့လိုက်တော့မယ်။

ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်က တချိန်လုံး အပြင်မှာ စား၊ အပြင်မှာ အိပ်ဖြစ်ခဲ့တယ်။ ကိုယ်အလေးချိန်အများကြီးကျသွားသလို ဆာဟာရသဲကန္တာရရဲ့ အားပြင်းတဲ့ရောင်ခြည်တန်းတွေနဲ့ ထိတွေ့ခဲ့တာကြောင့် ကျွန်တော်လည်း ထင်းချောင်းတစ်ချောင်းလို မည်းခြောက်ပိန်လိန်သွားပြီဖြစ်တယ်။

ကျွန်တော့်မှာ အချိန်မှီ စားသောက်လိုက်ရတယ်ဆိုတာ တစ်ရက်လေးတောင် မရှိခဲ့ဘူး။ ဒီဆယ်လအတွင်းမှာ အနည်းဆုံး သုံးကြိမ်လောက်တော့ အစာအိမ်နာခဲ့သေးတယ်။ မှန်ထဲက ကျွန်တော့်ပုံစံက အရမ်းဖြူလျော်ကာ လူမမာရုပ်ပေါက်နေတာကြောင့် ကြည့်ဖို့တောင် ခက်ခဲလှတယ်။

ဒါပေမယ့် ဒါရိုက်တာကတော့ ပြောမပြတတ်အောင် ပျော်ရွှင်နေပုံပေါက်တယ်။ ဘာကြောင့်ဆို ကျွန်တော့်ရဲ့သေခါနီးအသွင်အပြင်က ကန္တာရထဲမှာ ကျွန်တော့်ရဲ့သေသွားတဲ့နောက်ဆုံးခန်းနဲ့ တအားကို ကိုက်ညီနေတာကြောင့်ဖြစ်တယ်။

ကျွန်တော် တက်စီတစ်စီးငှားကာ မြို့ထဲက ဖြတ်လာခဲ့လိုက်တယ်။ ကြည့်ရတာ ဒီနှစ်ဆောင်းရာသီအတွက် ခုချိန်ထိ နှင်းမကျရသေးတဲ့ပုံပေါ်ပေမယ့် အဆမတန် အေးနေတုန်းပဲ။ ကျွန်တော်လည်း ပြတင်းပေါက် အပြင်ဘက်က တစ်နှစ်နီးပါးလောက် ခွဲခွာခဲ့ရတဲ့ ရင်းနှီးနေတဲ့မြို့တော်ကို တိတ်တိတ်လေး ကြည့်နေမိတယ်။

လူတွေ မကြာခဏပြောကြတယ်၊ ညအချိန်ရောက်လာပြီဆိုရင် ဆူညံနေတဲ့မြို့တော်အလယ်က တစ်ကိုယ်တည်းသမားက ပိုပြီးတော့တောင် အထီးကျန်တာကို ခံစားရတယ်တဲ့၊ ပြီးတော့ အဲ့တာကြောင့်ပဲ ဘားတွေက အများကြီးအကျိုးအမြတ်ဖြစ်ထွန်းနေတာဖြစ်တယ်။ အခုချိန်မှာ ကျွန်တော် အဲ့လိုခံစားချက်ကို တော်တော်လေး နားလည်နေပြီဖြစ်တယ်။

ရုတ်တရက်ဆိုသလို ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကို ကားမှန်ပြတင်းပေါက်ကနေ လျပ်တပြက်မြင်လိုက်ရတယ်။

"ကားရပ်! ကားရပ်ပေးပါ!"

ကျွန်တော့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်လို့မရတော့ဘူး။ ရေခဲတမျှအေးစက်နေတဲ့လေတွေက ကျွန်တော့်ရဲ့အဆုတ်တွေကို ရိုက်ခတ်နေပြီး ထိုခဏမှာ ကျွန်တော့်စိတ်က လုံးဝရှုပ်ထွေးသွားရတယ်။ ကျွန်တော် လမ်းမီးတွေဆီ ပြေးသွားကာ ဟောဟဲလိုက်နေရင်း စည်ကားကျပ်သိပ်ကာ လှုပ်ရှားသက်ဝင်နေတဲ့လမ်းတွေပေါ် လှည့်ပတ်ကြည့်လိုက်ပေမယ့် အဲ့မှာဘာဆိုဘာမှ... ဘာမှရှိမနေဘူး။

အာ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရယ်စရာကောင်းနေရတာလဲ။ အနည်းငယ်ဆင်တူနေတဲ့ တစ်စုံတစ်ယောက်ကို ရိပ်ခနဲမြင်လိုက်ရုံနဲ့တင် ကျွန်တော် အပြေးအလွှားလိုက်ရှာ...

သို့ပေမယ့် ဒီအခိုက်မှာတင် ရှောင်ဟန်းက ကျွန်တော့်ရှေ့တည့်တည့်မှာရှိတဲ့ စတိုးဆိုင်တစ်ခုကနေ ထွက်လာတော့တယ်။ ဒီလောက် နီးကပ်နေတဲ့အကွာအဝေးကနေဆိုရင်တော့ သေချာပေါက် ကျွန်တော် မမှားနိုင်တော့ဘူး။ ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ။ တကယ်တော့ ဒီလောက်ထိ တိုက်ဆိုင်နေတာက မသိရင် ကောင်းကင်ဘုံက စီမံပေးလိုက်သလားလို့တောင် ထင်ရတယ်။

ထို့နောက် ကျွန်တော် အပြုံးတစ်ပွင့်တောင် မပြသနိုင်သေးခင် သူ့ရဲ့ညာဘက်လက်ကိုကိုင်ထားကာ ရယ်ရယ်မောမောနဲ့ စကားပြောနေတဲ့ တစ်စုံတစ်ယောက်ကို ကျွန်တော် တွေ့လိုက်ရတယ်။

သူတို့တွေက အချင်းချင်းနီးကပ်လွန်းတာကြောင့် ကြည်နူးနေကြတဲ့ ချစ်သူစုံတွဲတစ်တွဲနဲ့တောင် ဆင်တူနေတယ်။

ပိန်ပါးရှည်သွယ်တဲ့ ကိုယ်နေဟန်ထားနဲ့ ရွှေရောင်ဆံပင် မျက်လုံးပြာပြာတွေ။ အဲ့တာက စိတ်ရှုပ်စရာကောင်းလောက်အောင် ကြည့်ကောင်းလွန်းတဲ့ နိုင်ငံခြားသားပဲဖြစ်တယ်။

ကျွန်တော်က ပျော်ရွှင်လှုပ်ရှားနေကြတဲ့ လမ်းတွေပေါ်မှာ မျက်စိဆံပင်မွှေးစူးစရာကောင်းတဲ့ ကျောက်တိုင်ကြီးတစ်ခုလိုမျိုး ထင်းထင်းကြီး ရပ်နေမိတယ်။

ဒါပေမယ့် သူကတော့ ကျွန်တော့်ကို မြင်မသွားဘူး။

သူတို့နှစ်ယောက်သား လူကူးမျဉ်းကျားရှေ့မှာ ရပ်နေကြပြီး မီးစိမ်းလာမှာကို စောင့်နေရင်းနဲ့ ရယ်ရယ်မောမော စကားပြောနေကြတယ်။

တစ်ခါက သူပြောခဲ့တယ် မဟုတ်ဘူးလား... ကျွန်တော် သူ့အနားမှာရှိနေသရွေ့ အကြည့်တစ်ချက်နဲ့တင် ကျွန်တော့်ကို သတိထားမိတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။

ဒါပေမယ့် အခုချိန်မှာ ကျွန်တော် ဒီမှာရှိနေပြီလေ!

သူ ကျွန်တော့်ကို မမြင်ပေမယ့် လုဝေ့ရှီက မြင်သွားတယ်။

နိုင်ငံခြားသားက လန့်သွားပြီး ရှောင်ဟန်းကို ဆွဲကာ မြန်မြန်ထွက်သွားချင်နေတော့တယ်။

ဒီစက္ကန့်ပိုင်းလေးအတွင်းမှာတင် ကျွန်တော် ဘယ်လောက်တောင် တုံးအလဲဆိုတာကို နောက်တစ်ကြိမ် သတိပြုမိလိုက်တယ် _ ရှောင်ဟန်းရဲ့ဘေးမှာ သူ့ကို ခုန်အုပ်ဖို့ စောင့်နေကြတဲ့ ထင်ရှားတဲ့လူတွေအများကြီးရှိတယ်ဆိုတာနဲ့ စစချင်းတည်းက ကျွန်တော့်နေရာက မရေမရာလှဘူးဆိုတာ ဟိုးတုန်းကတည်းက ကျွန်တော် သိထားပြီးသားဖြစ်တယ်၊ အဲ့တာကို ဘာကြောင့်များ ကျွန်တော်ကိုယ်တိုင် အဲ့နေရာကနေ ရူးရူးမိုက်မိုက်နဲ့ ထွက်ပေးခဲ့ရတာလဲ?

တစ်နှစ်ဆိုတာ ဒီလောက်ကြာညောင်းတယ်။ ကျွန်တော့်ကို အစားထိုးလိုက်ပြီးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ကျွန်တော် လုဝေ့ရှီနဲ့ ဘယ်တုန်းကမှ သဘောထားချင်း မတိုက်ဆိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မေးမိတယ် _ ငါက သူနဲ့ရော ယှဉ်လို့ရလို့လား? ကောင်းကင်ဘုံက ကောင်းချီးပေးလိုက်သလိုမျိုး ပုံစံလား? စိတ်နေစိတ်ထားလား? စွမ်းဆောင်ရည်လား? နောက်ခံအသိုင်းအဝိုင်းလား? ဒါမှမဟုတ် ရှောင်ဟန်းအပေါ်ထားတဲ့ ငါတို့ရဲ့ခံစားချက်တွေ ဘယ်လောက် နက်ရှိုင်းလဲဆိုတာနဲ့လား?

တစ်နှစ်လောက် စဉ်းစားလိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ဆုံးဖြတ်ချက်က ကျွန်တော့်ကို... မလိုချင်တော့တာလား?

ဟုတ်တာပေါ့ လော့ယွီချန်ဆိုတာ ဘယ်လောက်များ ကောင်းနေလို့လဲ။

သူ့နားမှာရှိတဲ့လူတွေနဲ့ ကျွန်တော်က ဘယ်လိုလုပ် ပြိုင်နိုင်မှာလဲ။

ကျွန်တော် မပြိုင်နိုင်ဘူး။

ဒါပေမယ့် သူက ကျွန်တော့်အပိုင်။

****

သူ့နာမည်ကို လှမ်းအော်လိုက်တာ ကျွန်တော့်ဖာသာ ကြားလိုက်ရပြီး ကျွန်တော့်အသံက အတော့်ကိုမတည်မငြိမ်ဖြစ်နေတယ်။

သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ရပ်လိုက်ကာ ကျွန်တော့်ကို လှည့်ကြည့်လာတယ်။

မီးက အစိမ်းရောင်ကို ပြောင်းသွားပြီဖြစ်တယ်။ လုဝေ့ရှီက သူ့ကိုဆွဲကာ လမ်းကူးချင်နေပေမယ့် သူကတော့ နောက်ပြန်လှည့်လာပြီး ကျွန်တော့်ရှေ့မှာ ရပ်နေတယ်။

တော်သေးတာပေါ့ သူ့ရဲ့ပုံပန်းသွင်ပြင်က အဆင်ပြေနေပုံပေါ်တယ်၊ ပြီးတော့ သူ့ဆီမှာ စိတ်ပူစရာပုံစံမျိုးတွေလည်း ဘာမှရှိမနေဘူး။ သူ့ဆံပင်က နည်းနည်းလောက်ထပ်ရှည်လာပြီး ဒီလိုဆောင်းရာသီမှာ သူ့ကိုကြည့်ရတာ တအားကို နွေးနွေးထွေးထွေးရှိလှတယ်။

သူ ပြုံးမနေသလို ဘာအမူအယာမှလည်း ရှိမနေဘူး။ သူက နှုတ်ဆက်စကားတစ်ခွန်းပြောပြီးနောက် 'မတွေ့တာကြာပြီ'လို့သာ ပြောလာတယ်။

သူ ပြောလို့ပြီးတာနဲ့ ပြန်လှည့်ပြီး ထွက်သွားဖို့လုပ်တော့တယ်။

"ရှောင်ဟန်း!"

"တစ်နှစ်တောင်ရှိပြီလေ ပြီးတော့ ငါ ပြန်လာပြီ"

သူ ရပ်လိုက်တယ် "အင်း ဂုဏ်ယူပါတယ်"

အဲ့နောက်မှာ သူက ကျွန်တော့်ကို နောက်တစ်ချက်တောင် လှည့်မကြည့်ဘဲ စတင်လျှောက်သွားပြန်တယ်။ အခုချိန်မှာ ကျွန်တော်အရမ်းရုပ်ဆိုးနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ဒီလောက်အချိန်အကြာကြီး ရိုက်ကူးပြီးခဲ့တဲ့နောက်မှာ ကျွန်တော့်ရဲ့ရုပ်ဆင်းအင်္ဂါက အတော်လေး လက်မခံနိုင်စရာကောင်းနေတယ်။ ကျွန်တော် စိုးရိမ်ကြီးစွာနဲ့ သူ့ကို နောက်တစ်ကြိမ် လှမ်းခေါ်မိပြန်တယ်။

အတိတ်မှာတုန်းကဆို ကျွန်တော်လုပ်ဖို့လိုတာဆိုလို့ သူ့နာမည်ကို ခေါ်လိုက်ဖို့သာဖြစ်ပြီး သူက ကျွန်တော့်အတွက် အမြဲတမ်း ရပ်ပေးတယ်။

အဲ့နောက်မှာ သူက ကျွန်တော်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ကျွန်တော် စကားပြောလာဖို့အတွက် အားတက်သရော စောင့်ပေးတယ်။

ကျွန်တော်က အဲ့လိုအထူးအခွင့်အရေးကို ကျေနပ်နေချိန်မှာတုန်းက အကယ်၍ သူ ကျွန်တော့်ကို တုံ့ပြန်မှုမပေးတော့မယ့် တစ်နေ့နေ့ကိုသာ ရောက်လာခဲ့ရင် သူကျွန်တော့်ကို လျစ်လျူမရှုသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာမျိုး တစ်ခါလေးတောင် မစဉ်းစားခဲ့ဖူးဘူး။

သူ့ကို ခေါ်လိုက်ပြီးတဲ့နောက် ကျွန်တော့်ကိုယ်ကျွန်တော် သနားစိတ်ဝင်နေချိန်မှာ ကျွန်တော်က ဘယ်လောက်တောင် မြင်မကောင်းရှုမကောင်းဖြစ်သလဲဆိုတာ နောက်ဆက်တွဲ ကြုံလာတော့တယ်။

ကျွန်တော် သူ့ကိုဆွဲလိုက်ပြီး ကျွန်တော့်စိတ်ထဲမှာ သူနဲ့လုဝေ့ရှီ တွဲနေကြတာလားဆိုတဲ့ အတွေးတွေနဲ့သာ ပြည့်နှက်သွားတယ်။ ကျွန်တော် တွေးလေလေ ပိုပြီးစိုးရိမ်လာလေလေပဲဖြစ်တယ်။ ကျွန်တော် သူ့ကို ပွေ့ဖက်ထားပြီး ဘယ်တော့မှ ပြန်မလွှတ်ပေးချင်တော့ဘူး : ဒီလမ်းပေါ်မှာတင် ကျွန်တော်သူ့ကို ခိုးပြေးသွားလိုက်ချင်တယ်။

"ရှောင်ဟန်း ရှောင်ဟန်း"

သူ တုန်တက်သွားပြီးနောက် စတင်ရုန်းကန်လာပေမယ့် ကျွန်တော်ကတော့ လွှတ်ပေးဖို့ ငြင်းဆန်နေမိတယ်။

"လော့ယွီချန် မင်း ဘာလုပ်နေတာလဲ!"

"ငါ ပြန်လာပြီလေ" ကျွန်တော်ပြောလိုက်တယ် "မင်းက ငါ့အပိုင်ပဲ၊ မင်း ထွက်သွားလို့မရဘူး"

သူက ပြက်လုံးတချို့ကို ကြားလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားပြီး ဒီ့ထက်ပိုပြီး ကြမ်းတမ်းစွာ ရုန်းကန်လာတာကြောင့် သူ့တံတောင်ဆစ်နဲ့ ကျွန်တော့်ဗိုက်ကို တွတ်မိသွားတယ်။ [ T/N : ဒီနေရာမှာ အူလို့ သုံးထားပါတယ်။ ဒါပေမယ့် အူလို့ ထည့်ရေးလိုက်ရင် နည်းနည်းတမျိုးဖြစ်နေလို့ပါ ]

နာတယ်။

"လွှတ်စမ်း!"

"လွှတ်စမ်း? မင်းပြောတော့ မင်းငါ့ကို စောင့်မယ်ဆို တစ်နှစ်လေ၊ မင်းငါ့ကို စောင့်မယ်လို့ မင်းပဲပြောပြီးတော့!"

"လော့ယွီချန်!"

သူက ကျွန်တော့်ကို ကော်လာကနေ ကိုင်ကာ လမ်းထောင့်နားကို ဆွဲခေါ်သွားပြီး နံရံဆီ တွန်းပို့လိုက်တယ်။ သူက ကျွန်တော့်ပုခုံးတွေကို ကိုင်ထားရင်း လေကိုရှိုက်ရှုနေကာ သူ့အမူအယာကလည်း ဒေါသကို ထိန်းချုပ်နေပုံပေါ်တယ်။

ကျွန်တော် အလွန့်အလွန် နေလို့မကောင်းဖြစ်လာတယ်။ သူက ဘာလို့ ဒီလောက်ထိ စိတ်တိုနေရတာလဲ?

ကျွန်တော့်ခန္ဓာကိုယ်က နံရံဆီ အတွန်းခံလိုက်ရတာကြောင့် နာကျင်နေပြီး ကျွန်တော့်ဗိုက်ထဲက သည်းခြေကလည်း ဂျွမ်းပြန်နေသလိုဖြစ်နေပြီ။ ကျွန်တော့်အစာအိမ်ကလည်း နာကျင်နေပြီး နားထဲမှာ ဝီခေါ်နေတော့တယ်။

"ငါမင်းကို စောင့်နေမယ်လို့ ဘယ်သူပြောလဲ?"

"လော့ယွီချန် မင်းတကယ်ပဲ ငါ့ကို ဘယ်လိုသဘောထားနေတာလဲ? လမ်းဘေးမိုတယ်တစ်လုံးလား? မင်းစိတ်တိုင်းကျ လာချင်လာ သွားချင်သွား လုပ်လို့ရတဲ့နေရာလား? ငါက မင်းကို ဘာလို့ စောင့်ရမှာလဲ? ငါက တစ်သက်လုံး တစ်နေရာတည်းမှာနေပြီး နည်းနည်းလေးတောင် မရိုးသားတဲ့လူတစ်ယောက်ကို စောင့်နေမယ်လို့ မင်းက ဘာလို့များ ယုံသွားရတာလဲ?"

သေချာပေါက် သူ တစ်ခုခုကို နားလည်မှုလွဲနေပြီဆိုတာ ကျွန်တော် ချက်ချင်းသတိထားမိလိုက်တယ်။

ကျွန်တော်၊ ကျွန်တော်တို့တွေ နှစ်ယောက်စလုံး လှည့်စားခံလိုက်ရပြီ။

ဖန်းရှဲ့ယိ အဲ့မြေခွေးကောင်။ သူက သေချာပေါက် ကျွန်တော်သူ့အတွက် ထားခဲ့ပေးတဲ့ပစ္စည်းတွေကို မပေးခဲ့ဘူး! ကျွန်တော်က နှုတ်ဆက်စကားတောင်မပြောဘဲ ထွက်သွားတယ်လို့ ရှောင်ဟန်းထင်သွားတာ!

တစ်နှစ်လုံးလုံး ကျွန်တော်က နှုတ်ဆက်စကားလေးတောင်မပြောဘဲ ထွက်သွားခဲ့တာ!

ကျွန်တော် သူ့ကို မယုံခဲ့သင့်ဘူး၊ ကျွန်တော် တကယ် တုံးအလွန်းခဲ့တယ်။

ကျွန်တော် နိုင်ငံရပ်ခြားမှာ ရုပ်ရှင်တစ်ကားရိုက်လို့ ပြီးသွားချိန်မှ သူ့ကို လာပြန်ရှာတယ်? သူဘယ်လိုလုပ် ကျွန်တော့်ကို သေလောက်အောင် မမုန်းဘဲ နေမှာလဲ?

ကျွန်တော် တစ်ခုခုပြောချင်ပေမယ့် အသံလေးတစ်ချက်တောင် မထွက်နိုင်တော့တာကို သိလိုက်ရတယ်။

ဒီအတောအတွင်းမှာ အလုပ်ဒဏ်ကြောင့် ကျွန်တော့်ခန္ဓာကိုယ်က မကောင်းတော့ဘူး။ ကျွန်တော် ရှင်းပြချင်ပေမယ့် သူ့ကို နေရာမှာတင် ဆွဲထားဖို့တောင် အားမရှိတော့ဘူး။

မူးဝေနေတုန်းမှာ လုဝေ့ရှီရဲ့အသံကို ကြားလိုက်ရတယ်။ ထိုနိုင်ငံခြားသားက ဒီလိုလူမျိုးအတွက် အချိန်တွေကို မဖြုန်းတီးသင့်ကြောင်း သူ့ကိုပြောပြီးနောက် နှစ်ယောက်လုံး ထွက်သွားကြတယ်။ ကျွန်တော် နောက်ကလိုက်သွားချင်ပေမယ့် ကျွန်တော့်မှာ အားအင်လည်းမရှိသလို ခန္ဓာကိုယ်ကလည်း တအားနာကျင်နေတယ်။ ဘယ်ဒဏ်ရာတွေက ရုပ်ပိုင်းဆိုင်ရာလဲ ဘယ်ဒဏ်ရာတွေက စိတ်ပိုင်းဆိုင်ရာလဲဆိုတာကိုတောင် မပြောနိုင်တော့ဘူး။

ကျွန်တော် မှောင်မည်းနေတဲ့ထောင့်နားလေးမှာ အချိန်အကြာကြီး ကွေးကွေးလေး နေနေမိတယ်။ ကျွန်တော့်ခန္ဓာကိုယ်ပေါ်က စူးရှနာကျင်မှုက တဖြည်းဖြည်းနဲ့ ထုံထိုင်းလာတဲ့အထိ ဖြစ်လာပေမယ့် ကျွန်တော့်ရဲ့နှလုံးသားနဲ့ အစာအိမ်ကတော့ ပြောမပြတတ်အောင် စူးရှနာကျင်နေတုန်းဖြစ်တယ်။

ကျွန်တော့်အစာအိမ်က အရမ်းနာနေတယ်။

ခုလေးတင် တံတောင်နဲ့ တွတ်မိလိုက်တာက ပြီးခဲ့တဲ့ ဆယ်လကျော်လောက်တည်းက ကျွန်တော် အလွန်အမင်း ညှင်းပန်းထားတာကြောင့် ပုံမှန်မဟုတ်လောက်အောင် အားနည်းလာပြီဖြစ်တဲ့ ကျွန်တော့်အစာအိမ်ကို လုံးလုံးလျားလျား ယိုယွင်းသွားစေတယ်။

ကျွန်တော့်အစာအိမ်က နာသထက်နာလာပြီး ကျွန်တော်လုပ်နိုင်တာဆိုလို့ ကျွန်တော့်ဒူးတွေနဲ့ ဗိုက်ကို ကာထားတာသာရှိတယ်။

အဆင်ပြေပါတယ် အဆင်ပြေတယ်။

ကျွန်တော့်ကိုယ်ကျွန်တော် နှစ်သိမ့်လိုက်တယ်။

နောက်ကျရင် ကျွန်တော် ရှင်းပြလို့ရမှာပါ။ ကျွန်တော့်ရဲ့ရှင်းပြချက်ကို သူနားမထောင်ဘဲ နေမှာမဟုတ်လောက်ဘူး... ဒါပေမယ့် နားရောထောင်ပါ့မလား? တစ်နှစ်တာလည်း ကုန်လွန်ခဲ့ပြီဖြစ်ကာ လုဝေ့ရှီကလည်း ဒီလောက်ထိ ကောင်းတဲ့လူတစ်ယောက် ၊ သူက ကျွန်တော့်ထက် အများကြီးပိုသာတယ်။

ပြီးတော့ ရှောင်ဟန်းအတွက်၊ သူ့အတွက် ချစ်ဖို့ဆိုတာ သိပ်ကိုခဲယဉ်းလှတယ်၊ ဒါပေမယ့် သူ တစ်စုံတစ်ယောက်ကို ချစ်သွားပြီဆိုရင်။

သူ တစ်စုံတစ်ယောက်ကို ချစ်သွားပြီဆိုရင် အဲ့လူက တိမ်ပေါ်တွေထိတောင် မြောက်တက်သွားလောက်တယ်။

ပြီးတော့ အတိတ်မှာ သူချစ်ခဲ့ဖူးတဲ့လူကတော့ သေချာပေါက် ငရဲပြည်အထိ ကျသွားမှာပဲဖြစ်တယ်။

****

ဒီလိုမျိုးအေးစက်တဲ့လမ်းပေါ်က မှောင်မည်းနေတဲ့ထောင့်လေးမှာ ကျွန်တော့်ရဲ့အသိစိတ်ကလည်း တဖြည်းဖြည်းနဲ့ ဝေဝါးလာတော့တယ်။

တကယ်တော့ ကျွန်တော့်ဆီမှာ ဖုန်းရှိတယ်။

ကျွန်တော့်ကိုကယ်ဖို့ ကျွန်တော့်လက်ထောက်ကို ခေါ်လို့မရတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်... ဒီအခိုက်အတန့်လေးမှာ ကျွန်တော်တကယ် တွေးမိလိုက်တာက ကျွန်တော် ဒီနေရာမှာ တကယ်သေသွားနိုင်လောက်တယ်၊ အဲ့တာဆို မနက်ဖြန် လမ်းပေါ်မှာ အလောင်းကို ရှာတွေ့တဲ့အချိန်ကျရင် သူလည်း ဒေါသတော့ ပြေလျော့သွားလောက်မှာပဲဆိုပြီးဖြစ်တယ်။

"ရှောင်ဟန်း..."

ကျွန်တော် သူ့နာမည်ကို ထပ်တလဲလဲ ခေါ်နေပြီး ကျွန်တော့်အသံကလည်း အားလျော့သထက်လျော့လာတယ်။

နာကျင်မှုကြောင့် ကျွန်တော့်မျက်လုံးရှေ့က မြင်ကွင်းတွေကလည်း အတော်လေးမူမမှန်ဖြစ်လာကာ အမှောင်အတိ ပြောင်းသွားတော့တယ်။ ကျွန်တော်က ဒီနေရာမှာ လှဲနေမိတာ အကြာကြီးရှိနေသလိုလို ခဏလေးပဲ ရှိသေးသလိုလိုဖြစ်လာတယ်။ ကျွန်တော် ဘာမှမကြားနိုင်တော့သလို ကျွန်တော့်ရဲ့အသိစိတ်က အဝေးကို လွင့်မြောနေပြီဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။

ကျွန်တော် ဆေးရုံပေါ်က သွေးနီရောင်အသည်းပုံကို တွေးမိလိုက်တယ်။

ကျွန်တော်သူ့ကို ထိုအသည်းပုံလေးဆွဲပေးခဲ့ပြီး ဘယ်နှကြိမ်မြောက်မှန်း မသိလောက်တဲ့အထိလည်း တောင်းပန်ခဲ့တယ်။

ဒါပေမယ့် ကိစ္စတွေကို ဒီလောက်ထိသွားပြီတာတောင်မှ ကျွန်တော့်ဘက်က "ငါမင်းကို ချစ်တယ်"ဆိုတဲ့စကားကို တကယ်ကြီး မပြောခဲ့မိတာကို သတိရသွားတယ်။

ကျွန်တော် မပြောရဲခဲ့တာ။

ကျွန်တော့်မှာ အဲ့တာကို ပြောပိုင်ခွင့်မရှိဘူး။ နောက်ဆုံး ကျွန်တော် ပြောလိုက်ချိန်မှာ အရမ်း၊ အရမ်းနောက်ကျသွားမှာကို ကြောက်ခဲ့တယ်။

နိမ့်ကျလွန်းလှတဲ့အချစ်။

ကျွန်တော်သိတယ်၊ ကျွန်တော် ကြိုးစားကြည့်ခဲ့တယ်၊ ကျွန်တော့်ထက် ပိုပြီးနိမ့်ကျတာ ဘယ်သူမှတောင် မရှိတော့ဘူး။

တစ်စုံတစ်ယောက်က ကျွန်တော့်နား,နားမှာ အော်နေတယ်၊ စကားလုံးတွေကို ပြတ်ပြတ်သားသား မကြားရပေမယ့် သူ့မျက်နှာကိုတော့ မြင်လိုက်ရသလိုရှိတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်သူ့ကို ပြုံးပြနိုင်အောင် အကောင်းဆုံးကြိုးစားလိုက်တယ်။ သူက ကျွန်တော့်ကို သူ့လက်မောင်းတွေထဲမှာ ပွေ့ဖက်ထားပုံရပြီး ထိုနွေးထွေးမှုက ကောင်းကင်ဘုံလိုမျိုးပဲ။

သူက အတော်လေးစိတ်တိုနေပုံပေါ်တယ်။ ကျွန်တော် အချိန်အကြာကြီး နားထောင်ကြည့်လိုက်တော့မှ သူ ဘာကိုအော်နေတာလဲဆိုတာ နားလည်သွားရတယ်။

"လော့ယွီချန် မင်း ဘယ်လိုနေလဲ? ထပါအုံး! ဘယ်နားကနာတာလဲဆိုတာ ငါ့ကိုပြော!"

ကျွန်တော်တစ်ခုခုပြောချင်ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်က ကျွန်တော့်အစာအိမ်ရဲ့ညှင်းပန်းမှုဒဏ်ကို ဆက်မခံနိုင်တော့ဘူး။ စိတ်သက်သာရာရစွာ သူ့ရင်ခွင်ထဲ မှီကာ သူ့လက်မောင်းတွေထဲမှာပဲ သတိလစ်သွားရတယ်။

ကျွန်တော် နိုးလာချိန်မှာ အံ့ဩစရာမလိုလောက်အောင် ကျွန်တော်က ဆေးရုံထဲမှာ IVချိတ်ခံထားရတယ်... ကျွန်တော် ဆေးရုံကို ရောက်နေပြီပဲ မဟုတ်ဘူးလား၊ အဲ့တာဆို ဘာလို့ ကျွန်တော့်အစာအိမ်က နာနေရသေးတာလဲ? ဘယ်လိုတောင် စိတ်ဓာတ်ကျစရာကောင်းလိုက်သလဲ။

"အဲ့... ကျွန်တော့်ကို ဒီခေါ်လာပေးတဲ့ အဲ့လူ..."

ဆရာဝန်က အရမ်းအလုပ်များနေတာကြောင့် စိတ်မရှည်စွာ​ ပြောလာတော့တယ် "ကျုပ်လည်းမသိဘူး! ထွက်သွားလောက်ပြီပေါ့!"

ကျွန်တော် ဒီလောက်ထိဖြစ်နေတာတောင် သူက ထွက်သွားသေးတာလား?

_____


Thanks 🌹

Continue Reading

You'll Also Like

467K 87.1K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
86.7K 5K 200
Đệ tử đời thứ 13 của Đại Hoa Sơn Phái, Mai Hoa Kiếm Tôn - Chong Myung, người đã liều mình cùng chết với Thiên Ma, kết thúc một thời đại đen tối của v...
405K 13.2K 17
My priority /property/privacy