ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

Por Melinoe_Megami

1.6M 290K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... Mais

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

159

4.5K 904 34
Por Melinoe_Megami

Unicode

ဟွမ်ထျန်နဲ့ရဲ့ဝူဟွားအကြောင်း နားထောင်ပြီးနောက် ရွှယ်ယို့ရှန်းလည်း သက်ပြင်းသာချလိုက်မိတယ်။

သာမာန်ခွေးသွေးဇာတ်လမ်း မဟုတ်ဘူးပဲ..!

အို့.. ရဲ့ဝူဟွားဆိုတာ ပထမဆုံးလူသားဘုရင်ရဲ့ နာမည်ပေါ့။ တကယ်တော့ သူတို့ရဲ့ဇာတ်ကြောင်းက အတော်လေး ရိုးရှင်းပါတယ်။ ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်တို့လိုပဲ၊ ဒါပေမဲ့ နည်းနည်းတော့ ကွာတယ်။

အဲ့အချိန်တုန်းက လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က သင့်မြတ်နေကြတုန်းပဲ။ မျိုးနွယ်မတူလည်းပဲ အပေါင်းအသင်း လုပ်တာတွေ၊ အတူပူးပေါင်းပြီး ခရီးထွက်ကြတာတွေ၊ စွန့်စားခန်းထွက်တာတွေ လုပ်လေ့ရှိတယ်။ အဲ့တော့ ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားတို့လည်း လူသားနဲ့ မိစ္ဆာဆိုပေမယ့် သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြတယ်။ သွားလည်းအတူ၊ စားလည်းအတူ၊ ကျင့်ကြံရင်လည်း အတူတူပဲ။

မျိုးနွယ်စုတွေကြားမှာ ဘယ်လိုပဲ ငြိမ်းချမ်းနေပါစေ၊ တစ်ရက်ရက်မှာတော့ သဘောထားမတိုက်ဆိုင်တာမျိုး ရှိလာတတ်တာပဲ..!

အငြင်းပွားမှုသေးသေးလေးကနေ ရန်ပွဲအကြီးကြီး ဖြစ်လာခဲ့တယ်။ နောက်တော့ ရန်ပွဲအကြီးကြီးကနေ လူမျိုးရေးတွေ၊ နိုင်ငံရေးပြဿနာတွေပါ ပါဝင်ပက်သက်လာရော။ ဒီလိုနဲ့ ရန်ပွဲရဲ့အရှိန်က တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး အမျိုးမျိုးသော ပဋိပက္ခတွေကြောင့် လူသားတွေရော၊ မိစ္ဆာမျိုးနွယ်တွေပါ စစ်ပွဲကို ရှောင်လွှဲလို့မရနိုင်ခဲ့ဘူး။

အဲ့အချိန်တုန်းက ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားတို့နှစ်ယောက်လုံး တော်ဝင်ရွှေရောင်အဆင့်တောင် မရောက်ကြသေးဘူး။ သူတို့အချင်းချင်း မျိုးနွယ်အကြောင်း မပြော​ဖြစ်ကြပေမယ့် မျိုးနွယ်စုထဲမှာ သူတို့နှစ်ယောက်ရဲ့အဆင့်က သိပ်မနိမ့်ကျခဲ့ဘူး။ အဲ့တော့ စစ်ပွဲစတင်တာနဲ့ သူတို့နှစ်ယောက်လည်း ကိုယ့်မျိုးနွယ်ကိုယ်ပြန်ပြီး တိုက်ပွဲဝင်ကြရတယ်။

နှစ်ယောက်သား စစ်မြေပြင်မှာ မရေမတွက်နိုင်အောင် ရင်ဆိုင်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲဆိုပေမယ့် ကိုယ့်ဘက်ကိုယ်ကြည့်ပြီး တစ်ဦးကိုတစ်ဦး မငဲ့ညှာခဲ့ကြဘူး။

စစ်ပွဲကြီးပြီးနောက် မျိုးနွယ်စုနှစ်ခုရဲ့ ဆက်ဆံရေးက ရေခဲမှတ်အထိ ကျဆင်းသွားခဲ့ပြီ။ နောက်တော့ ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားတို့လည်း အချိန်တစ်ခုအထိ မတွေ့ဖြစ်ကြတော့ဘူး။ သူတို့နှစ်ယောက်လုံး ဘုရင်အဆင့် မရောက်ခင်အချိန်အထိပေါ့။

ဘုရင်တွေဖြစ်လာတဲ့အချိန် နှစ်ယောက်သား တိုင်ပင်ပြီး မျိုးနွယ်စုနှစ်ခုကြားက ဆက်ဆံရေးကို ဖြည်းဖြည်းချင်း ပြန်လည်ညှိနှိုင်းပေးခဲ့တယ်။ ဒါပေမဲ့လည်း အရာမထင်ခဲ့ပါဘူး။ စစ်ပွဲကြောင့် သေကြေပျက်ဆီးမှုတွေ အရမ်းများခဲ့တာဆိုတော့ နှစ်ဖက်လုံးက သံသယတွေ၊ ရန်လိုစိတ်တွေနဲ့ အရင်လို ပြန်လည်သင့်မြတ်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။

ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားလည်း ဒီပြဿနာကို ကောင်းကောင်းနားလည်ထားခဲ့တယ်။ ဟွမ်ထျန်က သိပ်ပြီးဂရုမစိုက်ပေမယ့် ရဲ့ဝူဟွားကတော့ မျိုးနွယ်စုအချင်းချင်း ဆက်ပြီးအမုန်းပွားနေတာမျိုး မဖြစ်စေချင်ခဲ့ဘူး။ အဲ့တာကြောင့် တင်းမာမှုတွေ ပြေလျော့သွားရအောင် လူသားဘုရင်ဆိုတဲ့ အခွင့်အာဏာကို အသုံးပြုပြီး ဆန့်ကျင်သူတွေရဲ့ စကားမှန်သမျှကို ပိတ်ဆို့ခဲ့တယ်။ အဲ့နောက်မှာတော့ ဥပဒေသစ်တစ်ခု အထူးတလည် ပြဌာန်းခဲ့တယ်၊ အဲ့ဥပဒေကတော့ ‘ကံကြမ္မာကူးပြောင်းခြင်း စမ်းသပ်ချက်’ပါပဲ။

ထိုဥပဒေပြဌာန်းပြီးနောက်မှာ ရဲ့ဝူဟွားက တစ်လောကလုံးရှေ့မှောက် ‘ကံကြမ္မာကူးပြောင်းခြင်း’ကို ပထမဦးဆုံး အသက်သွင်းတဲ့လူ ဖြစ်လာခဲ့တယ်။ ဟွမ်ထျန်အတွက်ပေါ့။

‘ကံကြမ္မာကူးပြောင်းခြင်း’က မျိုးနွယ်စုနှစ်ခုကြားက အမုန်းတရားကို ပြေလျော့စေလိမ့်မယ်လို့ ရဲ့ဝူဟွားက မျှော်လင့်ထားခဲ့တယ်။ ပြီးတော့ ဟွမ်ထျန်ကိုလည်း လူသားနယ်မြေထဲ ဘယ်သူ့မျက်နှာမှမကြည့်ပဲ သွားလာနိုင်အောင် သတ်မှတ်ချက်တစ်ခု ဖန်တီးပေးတဲ့သဘောပေါ့။ အဲ့နောက်မှာတော့ ရဲ့ဝူဟွားက ဟွမ်ထျန်ကို တော်ဝင်မြို့တော်ဆီ ဖိတ်ကြားခဲ့တယ်။ ဟွမ်ထျန်ဘက်ကလည်း သဘောတူခဲ့တယ်။

အစမှာတော့ ဘုရင်နှစ်ပါးလုံးဟာ ကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖန်တီးနိုင်ဖို့ရာ သူငယ်ချင်းကောင်းတွေအနေနဲ့ တွေ့ဆုံခဲ့ကြတယ်။ ဒါပေမဲ့ ပြဿနာက ဟွမ်ထျန်ရဲ့ ညှို့ယူဖမ်းစားနိုင်လွန်းတဲ့ ရုပ်ရည်သွင်ပြင်ပဲ။

ရဲ့ဝူဟွားမှာ အစကတည်းက ဇနီးလောင်းလှလှလေးတစ်ယောက် ရှိခဲ့တယ်။ အဲ့မိန်းကလေးကလည်း ရဲ့ဝူဟွားကို အရမ်းချစ်တယ်။ ဒါပေမဲ့ ရဲ့ဝူဟွားရဲ့ သူ့သူငယ်ချင်းကောင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာကိုမြင်ပြီး အဲ့မိန်းကလေးရဲ့စိတ်ထဲမှာ မုန်တိုင်းထန်လာခဲ့တယ်။

အဲ့အချိန်တုန်းကဆို ဟွမ်ထျန်ကို သဘောကျတဲ့လူ၊ စိတ်ဝင်စားနေတဲ့လူတွေ တစ်ပုံကြီးပဲ။ ရဲ့ဝူဟွားရဲ့ဇနီးလောင်းက အဲ့လူတွေထဲက အာဏာရှိ၊ မျိုးရိုးမြင့်သူတွေကို စည်းရုံးသိမ်းသွင်းခဲ့ပြီး ဟွမ်ထျန်အပေါ် မကောင်းကြံစည်ခဲ့တယ်။

ဟွမ်ထျန်က လူသားတွေအပေါ် သိပ်မယုံကြည်သေးတာတော့ အဲ့မိန်းကလေးက သူမရဲ့နာမည်အစား ရဲ့ဝူဟွားရဲ့လက်ကိုငှားပြီး အရောင်မရှိ၊ အနံ့မရှိတဲ့ စိတ်ကြွဆေးနဲ့စွမ်းအင်ထိန်းဆေး ထည့်ထားတဲ့ အစားအစာတွေကို ဟွမ်ထျန်ဆီ ပို့ပေးခဲ့တယ်။

ဟွမ်ထျန်ကလည်း ရဲ့ဝူဟွားအပေါ် အဆုံးမဲ့ယုံကြည်ထားတော့ သတိလက်လွတ်ဖြစ်သွားခဲ့တယ်။ သူ့ကိုယ်သူလည်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းပြလွန်းတော့ အစားအသောက်တွေကို စားလိုက်မိတယ်။ နောက်တော့ ဆေးမိသွားတာပါပဲ။

ဟွမ်ထျန် ဆေးမိသွားတာ သေချာတော့မှ ရဲ့ဝူဟွားရဲ့ဇနီးလောင်းက သူမရဲ့အဆက်အသွယ်တွေကိုသုံးပြီး ရဲ့ဝူဟွားကို ဟွမ်ထျန်အနား ရောက်မသွားအောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ဟွမ်ထျန်ကိုလည်း လှည့်ကွက်တချို့သုံးပြီး ဟိုတဏှာရူးတွေ စောင့်နေတဲ့နေရာ ရောက်အောင် လှည့်စားခဲ့တယ်။

ဟွမ်ထျန်တစ်ယောက် ‘ရေကရားထဲက လိပ်လေးလို’ ပြေးစရာလမ်းမရှိပဲ တဏှာရူးတွေရဲ့လက်ထဲ တစ်စစီဖျက်ဆီးခံရမှာကို အဲ့မိန်းမက ကိုယ်တိုင်စောင့်ကြည့်နေခဲ့တယ်။

ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့အားလုံး ဘုရင်တစ်ပါးရဲ့ စွမ်းအင်အရှိန်အဝါကို သိပ်နားမလည်ပဲ ဟွမ်ထျန်ရဲ့စွမ်းအားကို လျော့တွက်ခဲ့မိကြတယ်..!

ဟွမ်ထျန်က ဆေးမိနေတယ်ဆိုပေမယ့် ကြက်ကလေးတစ်ကောင်လို လည်စင်းခံမယ့်လူမျိုး မဟုတ်ခဲ့ဘူး။ လူတိုင်းရဲ့အကြံအစည်တွေ၊ စိတ်ယုတ်မာတွေကို သိသွားပြီးနောက်မှာ ဟွမ်ထျန်က ဆေးအစွမ်းကို အတတ်နိုင်ဆုံး ဖိနှိပ်ထားခဲ့ပြီး သူ့ကိုလှည့်စားခဲ့တဲ့ လူတွေအကုန်လုံးကို သတ်ပစ်လိုက်တယ်။ ရဲ့ဝူဟွားရဲ့ဇနီးလောင်းကိုတောင် ချွင်းချက်မပေးခဲ့ဘူး။

ပြစ်မှုကျူးလွန်သူတွေကို သတ်ဖြတ်နိုင်ခဲ့ပေမယ့် အမျက်ဒေါသနဲ့ ဆေးအရှိန်ကြောင့် ဟွမ်ထျန်ခမျာ စိတ်မပြေသွားတဲ့အပြင် ပိုပြီးရူးသွပ်လုမတတ် ဖြစ်လာခဲ့တယ်။ ဒီကြံစည်မှုမှာ ရဲ့ဝူဟွား ပါလား၊ မပါဘူးလားဆိုတာ သူ,မသိဘူး။ ဒါပေမဲ့ သူ့ဆီကို ဆေးခပ်ထားတဲ့ အစားအစာတွေပို့လိုက်တဲ့လူက ရဲ့ဝူဟွားဆိုတာ ပြောင်းလဲလို့မရတဲ့အချက်ပဲ။

အဲ့တော့ ဟွမ်ထျန်က ရဲ့ဝူဟွားဆီ စာရင်းရှင်းဖို့သွားခဲ့တယ်။ ဆေးရဲ့အရှိန်ကြောင့် ဟွမ်ထျန်လည်း အတော်လေး စိတ်ရှုပ်ထွေးနေတာဆိုတော့ သတိလက်လွတ်ဖြစ်သွားတဲ့ ရဲ့ဝူဟွားကို ချုပ်ပြီးလုပ်ခဲ့မိတယ်။ ဆေးအရှိန်ပြယ်သွားတော့မှ ‘အရိုင်းဆန်တဲ့ လုပ်ရပ်တွေ’ကြောင့် ပင်ပန်းနွမ်းနယ်ပြီး သတိလစ်နေတဲ့ ရဲ့ဝူဟွားကိုကြည့်ရင်း ဟွမ်ထျန်းလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူး။ နောက်တော့ ပြဿနာအရှုပ်အထွေးတွေကို ချန်ထားရစ်ပြီး မိစ္ဆာနယ်မြေကို ပြန်လာခဲ့လိုက်တော့တယ်။

ရဲ့ဝူဟွား သတိပြန်ရလာတဲ့အချိန်မှာ တော်ဝင်မြို့တော်တစ်ခုလုံး ဟွမ်ထျန်လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် ပွက်လာရိုက်နေခဲ့ပြီ။ ဟွမ်ထျန်သတ်ခဲ့တဲ့လူတွေက တော်ဝင်မြို့တော်ရဲ့ ထိပ်တန်းအိမ်တော်တွေကဆိုတော့ သူတို့မိသားစုဝင်တွေကလည်း လူသတ်သမားကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ။ အဲ့တော့ မျိုးနွယ်စုနှစ်ခုကြား ဆက်ဆံရေးက နောက်တစ်ကြိမ် ထပ်မံဆိုးရွားလာခဲ့ပြန်တယ်။

ဒီတစ်ခေါက်တော့ ဟွမ်ထျန်ရဲ့ ရက်စက်လွန်းတဲ့စရိုက်ကြောင့် ရဲ့ဝူဟွားလည်း မကန့်ကွက်တော့ဘူး။ ဒီလိုနဲ့ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ကြား စစ်ပွဲကြီးတစ်ခု စတင်လာခဲ့တော့တယ်။ စစ်ပွဲက တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး သေကြေပျက်ဆီးမှုလည်း အရမ်းများပြားလာခဲ့တယ်။

နောက်ဆုံးတော့ ဘုရင်နှစ်ပါးရဲ့ တိုက်ပွဲပေါ်မူတည်ပြီး အနိုင်အရှုံးကိုဆုံးဖြတ်ဖို့ လူတိုင်း သဘောတူလိုက်တယ်။ ရလဒ်ကတော့ ရဲ့ဝူဟွားက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး ဟွမ်ထျန်ကတော့ ချိပ်ပိတ်ခံလိုက်ရတာပါပဲ။

……

“အဲ့တော့ ခင်ဗျားရဲ့အတိတ်အကြောင်း အကျယ်တဝင့် ပြောပြနေတာ ဘာလိုချင်လို့လဲ..?”

ရွှယ်ယို့ရှန်းက ဟွမ်ထျန်ရဲ့အတိတ်ကို စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့တယ်။ ဒါပေမဲ့ အချိန်အကြာကြီး စဉ်းစားကြည့်တာတောင် ဟွမ်ထျန် သူ့ကို ဘာလို့ဒီအကြောင်းတွေ ပြောပြနေမှန်း နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ အတည်ပြုနိင်ခဲ့တယ်။

ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားကြားမှာ တစ်ခုခုရှိနေတာ သေချာပြီ..!

မဟုတ်ရင် ဆေးအရှိန်ကြောင့် လူတိုင်းကိုသတ်ပစ်ခဲ့တဲ့ ဟွမ်ထျန်က ရဲ့ဝူဟွားကျတော့ ဘာလို့တက်လုပ်ပစ်လိုက်တာလဲ..?

ဟွမ်ထျန်က ဒီလောက် မိန်းကလေးရှုံးအောင် လှရက်တာ၊ ‘Gong’ အနေနဲ့ ဘယ်လိုမှမြင်ယောင်ကြည့်လို့မရဘူး..!

“မသိဘူးလေ..”

ဟွမ်ထျန်က ပေါ့ပျက်ပျက် ပြန်ဖြေလာတယ်။

“…………”

‘မသိဘူးလေ..’ ဆိုတဲ့အဖြေက ပြင်းထန်လွန်းလို့ ရွှယ်ယို့ရှန်းခမျာ ဘာဆက်ပြောလို့ပြောရမှန်း မသိတော့ဘူး။

တာဝန်မဲ့လိုက်တဲ့ အဖြေစကား..!

ဟွမ်ထျန်က ဖြစ်သလိုပြန်ဖြေနေတာ မဟုတ်ဘူးလား..? ထားပါတော့.. သူကိုယ်တိုင်က တာဝန်မဲ့တဲ့လူမျိုးပဲလေ..! မဟုတ်ရင် စိတ်မပျော်ရွှင်ရုံနဲ့ မျိုးနွယ်နှစ်ခုကြား စစ်ပွဲပြန်ဖြစ်အောင် တော်ဝင်မြို့တော်ထဲမှာ လူတွေအများကြီး သတ်ပစ်ခဲ့ပါ့မလား..?

ဒါပေမဲ့ နောက်တော့ ရဲ့ဝူဟွားအပေါ် အမှားလုပ်ခဲ့မိတာ နားလည်သွားပုံရတယ်။ အဲ့ကြောင့်ပဲ ဟွမ်ထျန်က ရဲ့ဝူဟွားရဲ့လက်အောက်မှာ တမင်အရှုံးခံခဲ့ပြီး ချိပ်ပိတ်ခံခဲ့တာပေါ့။ ဟွမ်ထျန်ရဲ့ရှုံးနိမ့်မှုကြောင့် အမေ့လျော့ခံ မိစ္ဆာမျိုးနွယ်တွေခမျာ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ကြရတယ်။ ဒါပေမဲ့ ဟွမ်ထျန်က သေဆုံးသွားတာမဟုတ်ပဲ ချိပ်ပိတ်ခံရရုံဆိုတော့ မိစ္ဆာဘုရင်အသစ် ပေါ်ထွက်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူး။ မိစ္ဆာဘုရင်မရှိတော့ မိစ္ဆာမျိုးနွယ်ကို ခေါင်းဆောင်မယ့်လူလည်း မရှိတော့ဘူး။ အဲ့လိုနဲ့ သမိုင်းကြောင်းမှာ မိစ္ဆာမျိုးနွယ်က တဖြည်းဖြည်း အားနည်းလာခဲ့တော့တယ်။

သေသေချာချာတွေးကြည့်ရင် မိစ္ဆာမျိုးနွယ်ရဲ့ကျရှုံးမှုအပေါ် ဟွမ်ထျန်မှာ တာဝန်အကြီးကြီးရှိတယ်။ ဒီဟွမ်ထျန်က တကယ့်ကို တစ်ကိုယ်ကောင်းသမားပဲ၊ Psycho Style နဲ့ လိုက်ဖက်လွန်းတယ်..! အားလုံးရဲ့နောက်ကွယ်က Final Boss ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်လွန်းပါတယ်..!

“အဲ့တာဆို ဒီတစ်ခုတော့ပြောပြ.. ခင်ဗျားတို့နှစ်ယောက်က ဘာတွေလဲ..?”

ရွှယ်ယို့ရှန်းက အတင်းအဖျင်းသမား မဟုတ်ပေမယ့်၊ သဘောကျလောက်စရာ အတင်းအဖျင်းတစ်ခုက သူ့အရှေ့မှာ အတိုင်းသားရှိနေတော့ ရွှယ်ယို့ရှန်းလည်း ဂရုမစိုက်ပဲ မနေနိုင်ခဲ့ဘူး။ ဝတ္ထုတွေအများကြီး ဖတ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားဆိုတာ ‘အချစ်အမုန်း’ဆက်ဆံရေးရဲ့ အကောင်းဆုံးပြယုဒ်ပဲ..!

“သေချာမသိဘူး..”

ဟွမ်ထျန်က ရှင်းရှင်းလင်းလင်း ပြန်မဖြေခဲ့ဘူး။ တကယ်တော့ သူကိုယ်တိုင်လည်း မသေချာဘူးဖြစ်နေတယ်။

သူနဲ့ရဲ့ဝူဟွားက ဘာတွေလဲ..? အရင်ကတော့ သူငယ်ချင်းတွေပဲ၊ ဒါပေမဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပြီးနောက်မှာ ဘာကိုမှ မဆုံးဖြတ်နိုင်တော့ဘူး..!

သူတို့နှစ်ဦးကြားမှာ ခံစားချက်မရှိဘူးလို့ပြောရင် လိမ်နေတာပဲ။ မဟုတ်ရင် သူ့ဘက်က လိုလိုလားလား ချိပ်ပိတ်ခံဖို့ ဆန္ဒရှိခဲ့မှာမဟုတ်သလို၊ ချိပ်ပိတ်ခံရပြီးနောက်မှာ ရဲ့ဝူဟွားကလည်း သူ့ရဲ့အသက်ကိုကယ်တင်ဖို့ နည်းလမ်းရှာနေခဲ့မှာမဟုတ်ဘူး..!

ဒါဆို ခံစားချက်တွေရှိနေတာလား..? ဒီလိုလည်း မဟုတ်သေးဘူး။  သူတို့နှစ်ဦးလုံး အလျော့မပေးတမ်း တိုက်ခိုက်ခဲ့ကြတယ်။ အမုန်းတရားတွေကြား မျိုးနွယ်စုနှစ်ခုလုံးကို ဆွဲချမိခဲ့တဲ့အထိ တိုက်ခိုက်ခဲ့မိကြတယ်။

တကယ့်ကို ရှုပ်ထွေးလွန်းတဲ့ ဆက်ဆံရေးပဲ..!

“………..”

အခြေအနေ သိပ်မကောင်းလို့သာပေါ့၊ မဟုတ်ရင် ရွှယ်ယို့ရှန်းတို့ကတော့ ဟွမ်ထျန်ရဲ့မျက်နှာကို တံတွေးထွေးပစ်လိုက်ပြီ။ အဖြေက ဟိုလိုလိုဒီလိုလိုနဲ့ ရေရေရာရာကို မရှိဘူး။

မသေချာဘူး..? အဲ့တာ ဘာအဖြေကြီးလဲ..? ‘မရေရာဘူး’ ဆိုတဲ့စကားလုံးလေးပါ ထပ်ဖြည့်ပြောလိုက်ပါလား..? အဲ့တော့ ‘မသေချာ မရေရာ’ ဆိုတဲ့စကားလုံးလေးနဲ့ ခင်ဗျားတို့ဆက်ဆံရေးကို ဖော်ပြလို့ရတာပေါ့..!

“ခင်ဗျားတို့အကြောင်း မပြောပြနိုင်ရင်လည်း ဘာလို့ဒီကိုလာသလဲဆိုတာ ပြောပြလို့ရမလား..?”

ရွှယ်ယို့ရှန်းလည်း ဟွမ်ထျန်ကို ဖျောင်းဖျလို့မရနိုင်မှန်း သိနေတာကြောင့် မေးခွန်းနောက်တစ်မျိုး ပြောင်းလိုက်တယ်။ ဟွမ်ထျန်ရဲ့ စိတ်ချလို့မရတဲ့ အကျင့်စရိုက်ကြောင့် စကားတစ်ခွန်းပါ ထပ်ဖြည့်ပြောလိုက်တယ်။

“ခင်ဗျား… အမှတ်တရတွေကို လွမ်းဆွတ်လို့ လာကြည့်တာလို့တော့ မပြောနဲ့နော်..”

“မဟုတ်ပါဘူး.. ဒီကနေ မိစ္ဆာနယ်မြေထဲ ပြန်မလို့..”

ဟွမ်ထျန်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလာတယ်။

အစတည်းက မိစ္ဆာနယ်မြေပြန်ပါမယ်လို့ ပြောထားပြီးသားကို ရွှယ်ယို့ရှန်းက ထပ်မေးလာတော့ နည်းနည်းတော့ အံ့ဩမိတာပေါ့။ ရွှယ်ယို့ရှန်းက ဘာလို့ထပ်တလဲလဲ မေးနေရတာလဲ..?

“မြူနှင်းတောအုပ်ကနေ မိစ္ဆာနယ်မြေကို ပြန်လို့ရမှန်း ကျွန်တော် ဘာလို့မသိရတာလဲ..?”

ဟွမ်ထျန်ရဲ့ ‘မင်းဘာလို့ အရမ်းတုံးတာလဲ..?’ ဆိုတဲ့အကြည့်ကြောင့် ရွှယ်ယို့ရှန်းမှာ ဒေါသထွက်ပြီး ဆွေ့ဆွေ့ခုန်နေတော့တယ်။

သူ့ကိုနားလည်မှုလွဲအောင်လုပ်တာ အကုန်လုံး ဟွမ်ထျန်အမှားချည်းပဲ..!

မိစ္ဆာနယ်မြေထဲ လမ်းလျှောက်ပြန်ချင်နေသလားဆိုတာ ဘယ်သူသိမှာလဲ..? မိစ္ဆာနယ်မြေဆိုတာ မြူနှင်းတောအုပ်ကနေ မိုင်ပေါင်း ထောင်နဲ့သောင်းနဲ့ချီဝေးတဲ့နေရာမှာ ရှိနေတာလေ။ အဲ့တော့ သူဘယ်လိုလုပ် ဆက်စပ်မိမှာလဲ..?

“မြူနှင်းတောအုပ်ကနေ မိစ္ဆာနယ်မြေကို သွားလို့မရဘူး.. ဒါပေမဲ့ တန်းရောက်တဲ့ နေရာပြောင်းအစီအရင်တစ်ခုတော့ ဒီနေရာမှာရှိတယ်..”

ဟွမ်ထျန်က သလင်းကျောက်အခေါင်းကို လက်ညှိုးညွှန်ကာ နေရာပြောင်းအစီအရင်ရှိနေကြောင်း ပြောလာတယ်။

“………..”

ဟွမ်ထျန်ရဲ့ ပေါ့ပေါ့ပါးပါး အမူအရာကြောင့် ရွှယ်ယို့ရှန်းရဲ့ မျက်နှာပေါ်မှာ အနက်ရောင်လိုင်းတွေ ပေါ်ထွက်လာခဲ့တယ်။

[-_-lll]

နေရာပြောင်းအစီအရင်..?

ထပ်ပြီး နေရာပြောင်းအစီအရင်ပဲလား..?

ငရဲပြည်ကိုသာ ဒိုးလိုက်တော့..!

………………………………………………..

Zawgyi

ဟြမ္ထ်န္နဲ႔ရဲ႕ဝူဟြားအေၾကာင္း နားေထာင္ၿပီးေနာက္ ႐ႊယ္ယို႔ရွန္းလည္း သက္ျပင္းသာခ်လိုက္မိတယ္။

သာမာန္ေခြးေသြးဇာတ္လမ္း မဟုတ္ဘူးပဲ..!

အို႔.. ရဲ႕ဝူဟြားဆိုတာ ပထမဆုံးလူသားဘုရင္ရဲ႕ နာမည္ေပါ့။ တကယ္ေတာ့ သူတို႔ရဲ႕ဇာတ္ေၾကာင္းက အေတာ္ေလး ႐ိုးရွင္းပါတယ္။ ရင္းဆုယဲ့နဲ႔ ဟြမ္ေပ့ခ်န္တို႔လိုပဲ၊ ဒါေပမဲ့ နည္းနည္းေတာ့ ကြာတယ္။

အဲ့အခ်ိန္တုန္းက လူသားမ်ိဳးႏြယ္နဲ႔ မိစာၦမ်ိဳးႏြယ္က သင့္ျမတ္ေနၾကတုန္းပဲ။ မ်ိဳးႏြယ္မတူလည္းပဲ အေပါင္းအသင္း လုပ္တာေတြ၊ အတူပူးေပါင္းၿပီး ခရီးထြက္ၾကတာေတြ၊ စြန႔္စားခန္းထြက္တာေတြ လုပ္ေလ့ရွိတယ္။ အဲ့ေတာ့ ဟြမ္ထ်န္နဲ႔ ရဲ႕ဝူဟြားတို႔လည္း လူသားနဲ႔ မိစာၦဆိုေပမယ့္ သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာခဲ့ၾကတယ္။ သြားလည္းအတူ၊ စားလည္းအတူ၊ က်င့္ႀကံရင္လည္း အတူတူပဲ။

မ်ိဳးႏြယ္စုေတြၾကားမွာ ဘယ္လိုပဲ ၿငိမ္းခ်မ္းေနပါေစ၊ တစ္ရက္ရက္မွာေတာ့ သေဘာထားမတိုက္ဆိုင္တာမ်ိဳး ရွိလာတတ္တာပဲ..!

အျငင္းပြားမႈေသးေသးေလးကေန ရန္ပြဲအႀကီးႀကီး ျဖစ္လာခဲ့တယ္။ ေနာက္ေတာ့ ရန္ပြဲအႀကီးႀကီးကေန လူမ်ိဳးေရးေတြ၊ ႏိုင္ငံေရးျပႆနာေတြပါ ပါဝင္ပက္သက္လာေရာ။ ဒီလိုနဲ႔ ရန္ပြဲရဲ႕အရွိန္က တျဖည္းျဖည္း ႀကီးထြားလာခဲ့ၿပီး အမ်ိဳးမ်ိဳးေသာ ပဋိပကၡေတြေၾကာင့္ လူသားေတြေရာ၊ မိစာၦမ်ိဳးႏြယ္ေတြပါ စစ္ပြဲကို ေရွာင္လႊဲလို႔မရႏိုင္ခဲ့ဘူး။

အဲ့အခ်ိန္တုန္းက ဟြမ္ထ်န္နဲ႔ ရဲ႕ဝူဟြားတို႔ႏွစ္ေယာက္လုံး ေတာ္ဝင္ေ႐ႊေရာင္အဆင့္ေတာင္ မေရာက္ၾကေသးဘူး။ သူတို႔အခ်င္းခ်င္း မ်ိဳးႏြယ္အေၾကာင္း မေျပာ​ျဖစ္ၾကေပမယ့္ မ်ိဳးႏြယ္စုထဲမွာ သူတို႔ႏွစ္ေယာက္ရဲ႕အဆင့္က သိပ္မနိမ့္က်ခဲ့ဘူး။ အဲ့ေတာ့ စစ္ပြဲစတင္တာနဲ႔ သူတို႔ႏွစ္ေယာက္လည္း ကိုယ့္မ်ိဳးႏြယ္ကိုယ္ျပန္ၿပီး တိုက္ပြဲဝင္ၾကရတယ္။

ႏွစ္ေယာက္သား စစ္ေျမျပင္မွာ မေရမတြက္ႏိုင္ေအာင္ ရင္ဆိုင္ေတြ႕ခဲ့ၾကတယ္။ သူငယ္ခ်င္းေတြ ျဖစ္ေနတုန္းပဲဆိုေပမယ့္ ကိုယ့္ဘက္ကိုယ္ၾကည့္ၿပီး တစ္ဦးကိုတစ္ဦး မငဲ့ညႇာခဲ့ၾကဘူး။

စစ္ပြဲႀကီးၿပီးေနာက္ မ်ိဳးႏြယ္စုႏွစ္ခုရဲ႕ ဆက္ဆံေရးက ေရခဲမွတ္အထိ က်ဆင္းသြားခဲ့ၿပီ။ ေနာက္ေတာ့ ဟြမ္ထ်န္နဲ႔ ရဲ႕ဝူဟြားတို႔လည္း အခ်ိန္တစ္ခုအထိ မေတြ႕ျဖစ္ၾကေတာ့ဘူး။ သူတို႔ႏွစ္ေယာက္လုံး ဘုရင္အဆင့္ မေရာက္ခင္အခ်ိန္အထိေပါ့။

ဘုရင္ေတြျဖစ္လာတဲ့အခ်ိန္ ႏွစ္ေယာက္သား တိုင္ပင္ၿပီး မ်ိဳးႏြယ္စုႏွစ္ခုၾကားက ဆက္ဆံေရးကို ျဖည္းျဖည္းခ်င္း ျပန္လည္ညႇိႏႈိင္းေပးခဲ့တယ္။ ဒါေပမဲ့လည္း အရာမထင္ခဲ့ပါဘူး။ စစ္ပြဲေၾကာင့္ ေသေၾကပ်က္ဆီးမႈေတြ အရမ္းမ်ားခဲ့တာဆိုေတာ့ ႏွစ္ဖက္လုံးက သံသယေတြ၊ ရန္လိုစိတ္ေတြနဲ႔ အရင္လို ျပန္လည္သင့္ျမတ္ဖို႔ဆိုတာ မျဖစ္ႏိုင္ခဲ့ဘူး။

ဟြမ္ထ်န္နဲ႔ ရဲ႕ဝူဟြားလည္း ဒီျပႆနာကို ေကာင္းေကာင္းနားလည္ထားခဲ့တယ္။ ဟြမ္ထ်န္က သိပ္ၿပီးဂ႐ုမစိုက္ေပမယ့္ ရဲ႕ဝူဟြားကေတာ့ မ်ိဳးႏြယ္စုအခ်င္းခ်င္း ဆက္ၿပီးအမုန္းပြားေနတာမ်ိဳး မျဖစ္ေစခ်င္ခဲ့ဘူး။ အဲ့တာေၾကာင့္ တင္းမာမႈေတြ ေျပေလ်ာ့သြားရေအာင္ လူသားဘုရင္ဆိုတဲ့ အခြင့္အာဏာကို အသုံးျပဳၿပီး ဆန႔္က်င္သူေတြရဲ႕ စကားမွန္သမွ်ကို ပိတ္ဆို႔ခဲ့တယ္။ အဲ့ေနာက္မွာေတာ့ ဥပေဒသစ္တစ္ခု အထူးတလည္ ျပဌာန္းခဲ့တယ္၊ အဲ့ဥပေဒကေတာ့ ‘ကံၾကမၼာကူးေျပာင္းျခင္း စမ္းသပ္ခ်က္’ပါပဲ။

ထိုဥပေဒျပဌာန္းၿပီးေနာက္မွာ ရဲ႕ဝူဟြားက တစ္ေလာကလုံးေရွ႕ေမွာက္ ‘ကံၾကမၼာကူးေျပာင္းျခင္း’ကို ပထမဦးဆုံး အသက္သြင္းတဲ့လူ ျဖစ္လာခဲ့တယ္။ ဟြမ္ထ်န္အတြက္ေပါ့။

‘ကံၾကမၼာကူးေျပာင္းျခင္း’က မ်ိဳးႏြယ္စုႏွစ္ခုၾကားက အမုန္းတရားကို ေျပေလ်ာ့ေစလိမ့္မယ္လို႔ ရဲ႕ဝူဟြားက ေမွ်ာ္လင့္ထားခဲ့တယ္။ ၿပီးေတာ့ ဟြမ္ထ်န္ကိုလည္း လူသားနယ္ေျမထဲ ဘယ္သူ႔မ်က္ႏွာမွမၾကည့္ပဲ သြားလာႏိုင္ေအာင္ သတ္မွတ္ခ်က္တစ္ခု ဖန္တီးေပးတဲ့သေဘာေပါ့။ အဲ့ေနာက္မွာေတာ့ ရဲ႕ဝူဟြားက ဟြမ္ထ်န္ကို ေတာ္ဝင္ၿမိဳ႕ေတာ္ဆီ ဖိတ္ၾကားခဲ့တယ္။ ဟြမ္ထ်န္ဘက္ကလည္း သေဘာတူခဲ့တယ္။

အစမွာေတာ့ ဘုရင္ႏွစ္ပါးလုံးဟာ ေကာင္းမြန္တဲ့ အေျခအေနတစ္ခု ဖန္တီးႏိုင္ဖို႔ရာ သူငယ္ခ်င္းေကာင္းေတြအေနနဲ႔ ေတြ႕ဆုံခဲ့ၾကတယ္။ ဒါေပမဲ့ ျပႆနာက ဟြမ္ထ်န္ရဲ႕ ညႇိဳ႕ယူဖမ္းစားႏိုင္လြန္းတဲ့ ႐ုပ္ရည္သြင္ျပင္ပဲ။

ရဲ႕ဝူဟြားမွာ အစကတည္းက ဇနီးေလာင္းလွလွေလးတစ္ေယာက္ ရွိခဲ့တယ္။ အဲ့မိန္းကေလးကလည္း ရဲ႕ဝူဟြားကို အရမ္းခ်စ္တယ္။ ဒါေပမဲ့ ရဲ႕ဝူဟြားရဲ႕ သူ႔သူငယ္ခ်င္းေကာင္းအေပၚ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးတာကိုျမင္ၿပီး အဲ့မိန္းကေလးရဲ႕စိတ္ထဲမွာ မုန္တိုင္းထန္လာခဲ့တယ္။

အဲ့အခ်ိန္တုန္းကဆို ဟြမ္ထ်န္ကို သေဘာက်တဲ့လူ၊ စိတ္ဝင္စားေနတဲ့လူေတြ တစ္ပုံႀကီးပဲ။ ရဲ႕ဝူဟြားရဲ႕ဇနီးေလာင္းက အဲ့လူေတြထဲက အာဏာရွိ၊ မ်ိဳး႐ိုးျမင့္သူေတြကို စည္း႐ုံးသိမ္းသြင္းခဲ့ၿပီး ဟြမ္ထ်န္အေပၚ မေကာင္းႀကံစည္ခဲ့တယ္။

ဟြမ္ထ်န္က လူသားေတြအေပၚ သိပ္မယုံၾကည္ေသးတာေတာ့ အဲ့မိန္းကေလးက သူမရဲ႕နာမည္အစား ရဲ႕ဝူဟြားရဲ႕လက္ကိုငွားၿပီး အေရာင္မရွိ၊ အနံ႔မရွိတဲ့ စိတ္ႂကြေဆးနဲ႔စြမ္းအင္ထိန္းေဆး ထည့္ထားတဲ့ အစားအစာေတြကို ဟြမ္ထ်န္ဆီ ပို႔ေပးခဲ့တယ္။

ဟြမ္ထ်န္ကလည္း ရဲ႕ဝူဟြားအေပၚ အဆုံးမဲ့ယုံၾကည္ထားေတာ့ သတိလက္လြတ္ျဖစ္သြားခဲ့တယ္။ သူ႔ကိုယ္သူလည္း ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ျပင္းျပလြန္းေတာ့ အစားအေသာက္ေတြကို စားလိုက္မိတယ္။ ေနာက္ေတာ့ ေဆးမိသြားတာပါပဲ။

ဟြမ္ထ်န္ ေဆးမိသြားတာ ေသခ်ာေတာ့မွ ရဲ႕ဝူဟြားရဲ႕ဇနီးေလာင္းက သူမရဲ႕အဆက္အသြယ္ေတြကိုသုံးၿပီး ရဲ႕ဝူဟြားကို ဟြမ္ထ်န္အနား ေရာက္မသြားေအာင္ ႀကိဳးစားခဲ့တယ္။ ၿပီးေတာ့ ဟြမ္ထ်န္ကိုလည္း လွည့္ကြက္တခ်ိဳ႕သုံးၿပီး ဟိုတဏွာ႐ူးေတြ ေစာင့္ေနတဲ့ေနရာ ေရာက္ေအာင္ လွည့္စားခဲ့တယ္။

ဟြမ္ထ်န္တစ္ေယာက္ ‘ေရကရားထဲက လိပ္ေလးလို’ ေျပးစရာလမ္းမရွိပဲ တဏွာ႐ူးေတြရဲ႕လက္ထဲ တစ္စစီဖ်က္ဆီးခံရမွာကို အဲ့မိန္းမက ကိုယ္တိုင္ေစာင့္ၾကည့္ေနခဲ့တယ္။

ဒါေပမဲ့ ႏွေျမာစရာေကာင္းတာက သူတို႔အားလုံး ဘုရင္တစ္ပါးရဲ႕ စြမ္းအင္အရွိန္အဝါကို သိပ္နားမလည္ပဲ ဟြမ္ထ်န္ရဲ႕စြမ္းအားကို ေလ်ာ့တြက္ခဲ့မိၾကတယ္..!

ဟြမ္ထ်န္က ေဆးမိေနတယ္ဆိုေပမယ့္ ၾကက္ကေလးတစ္ေကာင္လို လည္စင္းခံမယ့္လူမ်ိဳး မဟုတ္ခဲ့ဘူး။ လူတိုင္းရဲ႕အႀကံအစည္ေတြ၊ စိတ္ယုတ္မာေတြကို သိသြားၿပီးေနာက္မွာ ဟြမ္ထ်န္က ေဆးအစြမ္းကို အတတ္ႏိုင္ဆုံး ဖိႏွိပ္ထားခဲ့ၿပီး သူ႔ကိုလွည့္စားခဲ့တဲ့ လူေတြအကုန္လုံးကို သတ္ပစ္လိုက္တယ္။ ရဲ႕ဝူဟြားရဲ႕ဇနီးေလာင္းကိုေတာင္ ခြၽင္းခ်က္မေပးခဲ့ဘူး။

ျပစ္မႈက်ဴးလြန္သူေတြကို သတ္ျဖတ္ႏိုင္ခဲ့ေပမယ့္ အမ်က္ေဒါသနဲ႔ ေဆးအရွိန္ေၾကာင့္ ဟြမ္ထ်န္ခမ်ာ စိတ္မေျပသြားတဲ့အျပင္ ပိုၿပီး႐ူးသြပ္လုမတတ္ ျဖစ္လာခဲ့တယ္။ ဒီႀကံစည္မႈမွာ ရဲ႕ဝူဟြား ပါလား၊ မပါဘူးလားဆိုတာ သူ,မသိဘူး။ ဒါေပမဲ့ သူ႔ဆီကို ေဆးခပ္ထားတဲ့ အစားအစာေတြပို႔လိုက္တဲ့လူက ရဲ႕ဝူဟြားဆိုတာ ေျပာင္းလဲလို႔မရတဲ့အခ်က္ပဲ။

အဲ့ေတာ့ ဟြမ္ထ်န္က ရဲ႕ဝူဟြားဆီ စာရင္းရွင္းဖို႔သြားခဲ့တယ္။ ေဆးရဲ႕အရွိန္ေၾကာင့္ ဟြမ္ထ်န္လည္း အေတာ္ေလး စိတ္ရႈပ္ေထြးေနတာဆိုေတာ့ သတိလက္လြတ္ျဖစ္သြားတဲ့ ရဲ႕ဝူဟြားကို ခ်ဳပ္ၿပီးလုပ္ခဲ့မိတယ္။ ေဆးအရွိန္ျပယ္သြားေတာ့မွ ‘အ႐ိုင္းဆန္တဲ့ လုပ္ရပ္ေတြ’ေၾကာင့္ ပင္ပန္းႏြမ္းနယ္ၿပီး သတိလစ္ေနတဲ့ ရဲ႕ဝူဟြားကိုၾကည့္ရင္း ဟြမ္ထ်န္းလည္း ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိေတာ့ဘူး။ ေနာက္ေတာ့ ျပႆနာအရႈပ္အေထြးေတြကို ခ်န္ထားရစ္ၿပီး မိစာၦနယ္ေျမကို ျပန္လာခဲ့လိုက္ေတာ့တယ္။

ရဲ႕ဝူဟြား သတိျပန္ရလာတဲ့အခ်ိန္မွာ ေတာ္ဝင္ၿမိဳ႕ေတာ္တစ္ခုလုံး ဟြမ္ထ်န္လုပ္ခဲ့တဲ့ ကိစၥေတြေၾကာင့္ ပြက္လာ႐ိုက္ေနခဲ့ၿပီ။ ဟြမ္ထ်န္သတ္ခဲ့တဲ့လူေတြက ေတာ္ဝင္ၿမိဳ႕ေတာ္ရဲ႕ ထိပ္တန္းအိမ္ေတာ္ေတြကဆိုေတာ့ သူတို႔မိသားစုဝင္ေတြကလည္း လူသတ္သမားကို ေတြ႕ရာသခ်ႋဳင္း ဓားမဆိုင္းပဲ။ အဲ့ေတာ့ မ်ိဳးႏြယ္စုႏွစ္ခုၾကား ဆက္ဆံေရးက ေနာက္တစ္ႀကိမ္ ထပ္မံဆိုး႐ြားလာခဲ့ျပန္တယ္။

ဒီတစ္ေခါက္ေတာ့ ဟြမ္ထ်န္ရဲ႕ ရက္စက္လြန္းတဲ့စ႐ိုက္ေၾကာင့္ ရဲ႕ဝူဟြားလည္း မကန႔္ကြက္ေတာ့ဘူး။ ဒီလိုနဲ႔ လူသားမ်ိဳးႏြယ္နဲ႔ မိစာၦမ်ိဳးႏြယ္ၾကား စစ္ပြဲႀကီးတစ္ခု စတင္လာခဲ့ေတာ့တယ္။ စစ္ပြဲက တျဖည္းျဖည္း ႀကီးထြားလာခဲ့ၿပီး ေသေၾကပ်က္ဆီးမႈလည္း အရမ္းမ်ားျပားလာခဲ့တယ္။

ေနာက္ဆုံးေတာ့ ဘုရင္ႏွစ္ပါးရဲ႕ တိုက္ပြဲေပၚမူတည္ၿပီး အႏိုင္အရႈံးကိုဆုံးျဖတ္ဖို႔ လူတိုင္း သေဘာတူလိုက္တယ္။ ရလဒ္ကေတာ့ ရဲ႕ဝူဟြားက ဒဏ္ရာျပင္းျပင္းထန္ထန္ရသြားၿပီး ဟြမ္ထ်န္ကေတာ့ ခ်ိပ္ပိတ္ခံလိုက္ရတာပါပဲ။

……

“အဲ့ေတာ့ ခင္ဗ်ားရဲ႕အတိတ္အေၾကာင္း အက်ယ္တဝင့္ ေျပာျပေနတာ ဘာလိုခ်င္လို႔လဲ..?”

႐ႊယ္ယို႔ရွန္းက ဟြမ္ထ်န္ရဲ႕အတိတ္ကို စိတ္ရွည္လက္ရွည္ နားေထာင္ေပးခဲ့တယ္။ ဒါေပမဲ့ အခ်ိန္အၾကာႀကီး စဥ္းစားၾကည့္တာေတာင္ ဟြမ္ထ်န္ သူ႔ကို ဘာလို႔ဒီအေၾကာင္းေတြ ေျပာျပေနမွန္း နားမလည္ႏိုင္ခဲ့ဘူး။ ဒါေပမဲ့ အခ်က္တစ္ခ်က္ကိုေတာ့ အတည္ျပဳနိင္ခဲ့တယ္။

ဟြမ္ထ်န္နဲ႔ ရဲ႕ဝူဟြားၾကားမွာ တစ္ခုခုရွိေနတာ ေသခ်ာၿပီ..!

မဟုတ္ရင္ ေဆးအရွိန္ေၾကာင့္ လူတိုင္းကိုသတ္ပစ္ခဲ့တဲ့ ဟြမ္ထ်န္က ရဲ႕ဝူဟြားက်ေတာ့ ဘာလို႔တက္လုပ္ပစ္လိုက္တာလဲ..?

ဟြမ္ထ်န္က ဒီေလာက္ မိန္းကေလးရႈံးေအာင္ လွရက္တာ၊ ‘Gong’ အေနနဲ႔ ဘယ္လိုမွျမင္ေယာင္ၾကည့္လို႔မရဘူး..!

“မသိဘူးေလ..”

ဟြမ္ထ်န္က ေပါ့ပ်က္ပ်က္ ျပန္ေျဖလာတယ္။

“…………”

‘မသိဘူးေလ..’ ဆိုတဲ့အေျဖက ျပင္းထန္လြန္းလို႔ ႐ႊယ္ယို႔ရွန္းခမ်ာ ဘာဆက္ေျပာလို႔ေျပာရမွန္း မသိေတာ့ဘူး။

တာဝန္မဲ့လိုက္တဲ့ အေျဖစကား..!

ဟြမ္ထ်န္က ျဖစ္သလိုျပန္ေျဖေနတာ မဟုတ္ဘူးလား..? ထားပါေတာ့.. သူကိုယ္တိုင္က တာဝန္မဲ့တဲ့လူမ်ိဳးပဲေလ..! မဟုတ္ရင္ စိတ္မေပ်ာ္႐ႊင္႐ုံနဲ႔ မ်ိဳးႏြယ္ႏွစ္ခုၾကား စစ္ပြဲျပန္ျဖစ္ေအာင္ ေတာ္ဝင္ၿမိဳ႕ေတာ္ထဲမွာ လူေတြအမ်ားႀကီး သတ္ပစ္ခဲ့ပါ့မလား..?

ဒါေပမဲ့ ေနာက္ေတာ့ ရဲ႕ဝူဟြားအေပၚ အမွားလုပ္ခဲ့မိတာ နားလည္သြားပုံရတယ္။ အဲ့ေၾကာင့္ပဲ ဟြမ္ထ်န္က ရဲ႕ဝူဟြားရဲ႕လက္ေအာက္မွာ တမင္အရႈံးခံခဲ့ၿပီး ခ်ိပ္ပိတ္ခံခဲ့တာေပါ့။ ဟြမ္ထ်န္ရဲ႕ရႈံးနိမ့္မႈေၾကာင့္ အေမ့ေလ်ာ့ခံ မိစာၦမ်ိဳးႏြယ္ေတြခမ်ာ ခက္ခက္ခဲခဲ က်င့္ႀကံခဲ့ၾကရတယ္။ ဒါေပမဲ့ ဟြမ္ထ်န္က ေသဆုံးသြားတာမဟုတ္ပဲ ခ်ိပ္ပိတ္ခံရ႐ုံဆိုေတာ့ မိစာၦဘုရင္အသစ္ ေပၚထြက္လာဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ခဲ့ဘူး။ မိစာၦဘုရင္မရွိေတာ့ မိစာၦမ်ိဳးႏြယ္ကို ေခါင္းေဆာင္မယ့္လူလည္း မရွိေတာ့ဘူး။ အဲ့လိုနဲ႔ သမိုင္းေၾကာင္းမွာ မိစာၦမ်ိဳးႏြယ္က တျဖည္းျဖည္း အားနည္းလာခဲ့ေတာ့တယ္။

ေသေသခ်ာခ်ာေတြးၾကည့္ရင္ မိစာၦမ်ိဳးႏြယ္ရဲ႕က်ရႈံးမႈအေပၚ ဟြမ္ထ်န္မွာ တာဝန္အႀကီးႀကီးရွိတယ္။ ဒီဟြမ္ထ်န္က တကယ့္ကို တစ္ကိုယ္ေကာင္းသမားပဲ၊ Psycho Style နဲ႔ လိုက္ဖက္လြန္းတယ္..! အားလုံးရဲ႕ေနာက္ကြယ္က Final Boss ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ထိုက္တန္လြန္းပါတယ္..!

“အဲ့တာဆို ဒီတစ္ခုေတာ့ေျပာျပ.. ခင္ဗ်ားတို႔ႏွစ္ေယာက္က ဘာေတြလဲ..?”

႐ႊယ္ယို႔ရွန္းက အတင္းအဖ်င္းသမား မဟုတ္ေပမယ့္၊ သေဘာက်ေလာက္စရာ အတင္းအဖ်င္းတစ္ခုက သူ႔အေရွ႕မွာ အတိုင္းသားရွိေနေတာ့ ႐ႊယ္ယို႔ရွန္းလည္း ဂ႐ုမစိုက္ပဲ မေနႏိုင္ခဲ့ဘူး။ ဝတၳဳေတြအမ်ားႀကီး ဖတ္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံေတြအရ ဟြမ္ထ်န္နဲ႔ ရဲ႕ဝူဟြားဆိုတာ ‘အခ်စ္အမုန္း’ဆက္ဆံေရးရဲ႕ အေကာင္းဆုံးျပယုဒ္ပဲ..!

“ေသခ်ာမသိဘူး..”

ဟြမ္ထ်န္က ရွင္းရွင္းလင္းလင္း ျပန္မေျဖခဲ့ဘူး။ တကယ္ေတာ့ သူကိုယ္တိုင္လည္း မေသခ်ာဘူးျဖစ္ေနတယ္။

သူနဲ႔ရဲ႕ဝူဟြားက ဘာေတြလဲ..? အရင္ကေတာ့ သူငယ္ခ်င္းေတြပဲ၊ ဒါေပမဲ့ အလွည့္အေျပာင္းေတြ ျဖစ္ခဲ့ၿပီးေနာက္မွာ ဘာကိုမွ မဆုံးျဖတ္ႏိုင္ေတာ့ဘူး..!

သူတို႔ႏွစ္ဦးၾကားမွာ ခံစားခ်က္မရွိဘူးလို႔ေျပာရင္ လိမ္ေနတာပဲ။ မဟုတ္ရင္ သူ႔ဘက္က လိုလိုလားလား ခ်ိပ္ပိတ္ခံဖို႔ ဆႏၵရွိခဲ့မွာမဟုတ္သလို၊ ခ်ိပ္ပိတ္ခံရၿပီးေနာက္မွာ ရဲ႕ဝူဟြားကလည္း သူ႔ရဲ႕အသက္ကိုကယ္တင္ဖို႔ နည္းလမ္းရွာေနခဲ့မွာမဟုတ္ဘူး..!

ဒါဆို ခံစားခ်က္ေတြရွိေနတာလား..? ဒီလိုလည္း မဟုတ္ေသးဘူး။  သူတို႔ႏွစ္ဦးလုံး အေလ်ာ့မေပးတမ္း တိုက္ခိုက္ခဲ့ၾကတယ္။ အမုန္းတရားေတြၾကား မ်ိဳးႏြယ္စုႏွစ္ခုလုံးကို ဆြဲခ်မိခဲ့တဲ့အထိ တိုက္ခိုက္ခဲ့မိၾကတယ္။

တကယ့္ကို ရႈပ္ေထြးလြန္းတဲ့ ဆက္ဆံေရးပဲ..!

“………..”

အေျခအေန သိပ္မေကာင္းလို႔သာေပါ့၊ မဟုတ္ရင္ ႐ႊယ္ယို႔ရွန္းတို႔ကေတာ့ ဟြမ္ထ်န္ရဲ႕မ်က္ႏွာကို တံေတြးေထြးပစ္လိုက္ၿပီ။ အေျဖက ဟိုလိုလိုဒီလိုလိုနဲ႔ ေရေရရာရာကို မရွိဘူး။

မေသခ်ာဘူး..? အဲ့တာ ဘာအေျဖႀကီးလဲ..? ‘မေရရာဘူး’ ဆိုတဲ့စကားလုံးေလးပါ ထပ္ျဖည့္ေျပာလိုက္ပါလား..? အဲ့ေတာ့ ‘မေသခ်ာ မေရရာ’ ဆိုတဲ့စကားလုံးေလးနဲ႔ ခင္ဗ်ားတို႔ဆက္ဆံေရးကို ေဖာ္ျပလို႔ရတာေပါ့..!

“ခင္ဗ်ားတို႔အေၾကာင္း မေျပာျပႏိုင္ရင္လည္း ဘာလို႔ဒီကိုလာသလဲဆိုတာ ေျပာျပလို႔ရမလား..?”

႐ႊယ္ယို႔ရွန္းလည္း ဟြမ္ထ်န္ကို ေဖ်ာင္းဖ်လို႔မရႏိုင္မွန္း သိေနတာေၾကာင့္ ေမးခြန္းေနာက္တစ္မ်ိဳး ေျပာင္းလိုက္တယ္။ ဟြမ္ထ်န္ရဲ႕ စိတ္ခ်လို႔မရတဲ့ အက်င့္စ႐ိုက္ေၾကာင့္ စကားတစ္ခြန္းပါ ထပ္ျဖည့္ေျပာလိုက္တယ္။

“ခင္ဗ်ား… အမွတ္တရေတြကို လြမ္းဆြတ္လို႔ လာၾကည့္တာလို႔ေတာ့ မေျပာနဲ႔ေနာ္..”

“မဟုတ္ပါဘူး.. ဒီကေန မိစာၦနယ္ေျမထဲ ျပန္မလို႔..”

ဟြမ္ထ်န္က ယုံၾကည္ခ်က္ရွိရွိ ျပန္ေျဖလာတယ္။

အစတည္းက မိစာၦနယ္ေျမျပန္ပါမယ္လို႔ ေျပာထားၿပီးသားကို ႐ႊယ္ယို႔ရွန္းက ထပ္ေမးလာေတာ့ နည္းနည္းေတာ့ အံ့ဩမိတာေပါ့။ ႐ႊယ္ယို႔ရွန္းက ဘာလို႔ထပ္တလဲလဲ ေမးေနရတာလဲ..?

“ျမဴႏွင္းေတာအုပ္ကေန မိစာၦနယ္ေျမကို ျပန္လို႔ရမွန္း ကြၽန္ေတာ္ ဘာလို႔မသိရတာလဲ..?”

ဟြမ္ထ်န္ရဲ႕ ‘မင္းဘာလို႔ အရမ္းတုံးတာလဲ..?’ ဆိုတဲ့အၾကည့္ေၾကာင့္ ႐ႊယ္ယို႔ရွန္းမွာ ေဒါသထြက္ၿပီး ေဆြ႕ေဆြ႕ခုန္ေနေတာ့တယ္။

သူ႔ကိုနားလည္မႈလြဲေအာင္လုပ္တာ အကုန္လုံး ဟြမ္ထ်န္အမွားခ်ည္းပဲ..!

မိစာၦနယ္ေျမထဲ လမ္းေလွ်ာက္ျပန္ခ်င္ေနသလားဆိုတာ ဘယ္သူသိမွာလဲ..? မိစာၦနယ္ေျမဆိုတာ ျမဴႏွင္းေတာအုပ္ကေန မိုင္ေပါင္း ေထာင္နဲ႔ေသာင္းနဲ႔ခ်ီေဝးတဲ့ေနရာမွာ ရွိေနတာေလ။ အဲ့ေတာ့ သူဘယ္လိုလုပ္ ဆက္စပ္မိမွာလဲ..?

“ျမဴႏွင္းေတာအုပ္ကေန မိစာၦနယ္ေျမကို သြားလို႔မရဘူး.. ဒါေပမဲ့ တန္းေရာက္တဲ့ ေနရာေျပာင္းအစီအရင္တစ္ခုေတာ့ ဒီေနရာမွာရွိတယ္..”

ဟြမ္ထ်န္က သလင္းေက်ာက္အေခါင္းကို လက္ညႇိဳးၫႊန္ကာ ေနရာေျပာင္းအစီအရင္ရွိေနေၾကာင္း ေျပာလာတယ္။

“………..”

ဟြမ္ထ်န္ရဲ႕ ေပါ့ေပါ့ပါးပါး အမူအရာေၾကာင့္ ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ႏွာေပၚမွာ အနက္ေရာင္လိုင္းေတြ ေပၚထြက္လာခဲ့တယ္။

[-_-lll]

ေနရာေျပာင္းအစီအရင္..?

ထပ္ၿပီး ေနရာေျပာင္းအစီအရင္ပဲလား..?

ငရဲျပည္ကိုသာ ဒိုးလိုက္ေတာ့..!

………………………………………………..

Continuar a ler

Também vai Gostar

718K 31.7K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
129K 12.7K 59
မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......
200K 4.9K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗