အချစ်ဦး (Completed)

By Ahlaly

211K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၁၉)

2.8K 123 2
By Ahlaly

သူသည် အပေါ်မှထပ်၍ဝတ်ရမည်ဖြစ်သော ကုတ်ကိုမဝတ်ဖြစ်သေးပဲ လက်ထဲတွင်ကိုင်ဆောင်လျက်ရှိသည့် အတိုင်း အစည်းအဝေးခန်းထဲသို့ဝင်လာလိုက်သည်။

လူပေါင်း ၂၀လောက်ထိုင်နေသော ထိုစားပွဲ၏ထိပ်တွင် အေးဆေးစွာဖြင့်နေရာယူထားသူက ဘေးတွင်ရှိနေသော ကိုမှိုင်းဘက်ကို စောင်းငဲ့ရင်း စကားပြောကာ အလုပ်ရှုပ်နေပုံရသည်။ သို့သော်လည်း ထိုသို့အလုပ်များနေသည့်ပုံစံကိုက သမီးငယ်နှင့်လိုက်ဖက်လွန်းနေသည်။

"ရှယ်ယာရှင်တွေလည်းစုံပြီဆိုတော့ ငယ်တို့အစည်းအဝေးကို စလိုက်ရအောင်ပါ။"

သူ့အတွက်ဟု သတ်မှတ်ထားသော သမီးငယ်နှင့် မလှမ်းမကမ်း အစွန်းထိပ်ဆုံးရှိခုံတွင် သူဝင်ထိုင်လိုက်သည့်အချိန်တွင် စားပွဲထိပ်၌အေးသက်စွာဖြင့်ထိုင်နေသော သမီးငယ်က မတ်တပ်ထ,ရပ်ကာ ပရိုဂျက်တာရှိရာသို့လျှောက်သွားလေသည်။

ခြေတစ်လှမ်းကဋေတစ်သန်းဆိုတာမျိုးထက် ခြေလှမ်းအကျဲများက သမီးငယ်၏ယုံကြည်ချက်တို့ခြေချနေသည့်အတိုင်းပင် ရဲရင့်ထက်မြက်သည့်အမျိုးသမီးတစ်ဦး၏ ခြေချသံများသည် သူ့ရင်ကို တုန်ခါသွားစေသည်။

"ပထမဆုံးအနေနဲ့ ငယ်ပြောချင်တာက ငယ်တို့ကုမ္ပဏီမှာ ရှယ်ယာပိုင်ဆိုင်မှုအရ....."

သမီးငယ်၏အပြောကြောင့် power pointထောက်ပြနေသော ရှယ်ယာပိုင်ဆိုင်မှုစာရင်းဆီသူအကြည့်ရောက်သွားပြီး ချက်ချင်းမှာပဲ သူ့မျက်စိရှေ့တွင်ရှိနေမည့်သူထံကို စူးရဲရဲတစ်ချက်ကြည့်မိတော့သည်။

အမြင်ကတ်ဖို့ကောင်းလှတဲ့ ထိုသူသည် ဘယ်အချိန်မှာတည်းက သူရှိရာသို့စောင့်ကြည့်နေသည်မပြောတတ်ပဲ ချက်ချင်းပဲမျက်နှာတစ်ခုလုံးကိုမုန်းစရာကောင်းအောင်ပြုံးဖြီးသွားပြီး လက်တစ်ဖက်ကိုလည်း မသိမသာနဲ့ထောင်ပြကာ နှုတ်ဆက်နေသေးသည်။

"ဦးထက်ဝေဟင်ရဲ့ ပိုင်ဆိုင်မှုအရတော့ တတိယရှယ်ယာအများဆုံးဖြစ်တဲ့အတွက် ဒီတစ်လစာခွဲဝေမှုကို တတိယမြောက်အများဆုံးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ငယ်ပြောချင်တာတစ်ခုက bankingစနစ်ကိုပဲ အသုံးပြုပြီး လစဥ်30ရက်နေ့မှာ ရှယ်ယာအမြတ်ငွေကို ရပါမယ်။ အဲ့ဒီအမြတ်ငွေထဲမှာ အာမခံငွေကြေးနဲ့ အခွန်ကိုတော့ ကုမ္ပဏီဘက်ကတစ်ခါတည်း ယူထားမှာဖြစ်ပါတယ်။"

ထိုမျှပြောပြီးသည့်အချိန်တွင် ရှယ်ယာရှင် အမျိုးသမီးတစ်ဦးက လက်ထောင်လာသည်ကြောင့် ငယ်သည် ထိုအမျိုးသမီးဘက်သို့ ခေါင်းငြိမ့်ပြရင်း..
"ဟုတ်ကဲ့ ပြောပါ...." ဟု ငြိမ်သိမ်စွာနှင့် ခွင့်ပြုပေးလိုက်သည်။

"ဒီလိုပြောရတာ အားနာပေမယ့် သမီးကိုမေးမှဖြစ်မှာမို့သာ မေးတာပါ။ ရေနံချောင်းဘက်က ရေနံတူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ကြားရတယ်...။ အဲ့ဒီကိစ္စကြောင့် သမီးနဲ့ပက်သတ်ပြီး ကုမ္ပဏီရဲ့ရှေ့ရေးကို တကယ်ပဲကြည့်မယ့်သူလားလို့ ဝေခွဲမရဖြစ်မိတယ်။"

"ရေနံချောင်းဘက်က အားလုံးလည်းသိကြတဲ့အတိုင်း အရင်အချိန်တွေထဲက ရေနံတန်ချိန်သိန်းပေါင်းများစွာထုတ်ယူခဲ့ပြီးသားပါ။ ဒါကြောင့် နာမည်ကသာ ရေနံချောင်းဖြစ်နေတာမို့ အဲ့ဒီနေရာကို ဒီလောက်ထိပဲ သည်းခံဖို့ ပိုင်ရှင်တစ်ယောက်အနေနဲ့ ငယ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အဲ့ဒီနေရာအစား ရွှေတောင်တန်းရေနံတူးဖော်ရေးဆိုတဲ့ လုပ်ကွက်အသစ်ကို ငယ်တို့ဝန်ထမ်းတွေဘက်က စတင်ပြီး အကောင်အထည်ဖော်ဆောင်နေပါပြီ...."

"ဒါဆို အဲ့ဒီအတွက် လုပ်ငန်းသုံးငွေကိစ္စကို..."

သူနဲ့မျက်စောင်းထိုးအနေအထားတွင် ထိုင်နေသော စကားသံထွက်ပေါ်လာသည့် အမျိုးသားကြီးထံသို့ သူသည် စူးရဲစွာဖြင့်စိုက်ကြည့်လိုက်တော့သည်။ ထိုချက်ချင်းမှာပဲ ထိုလူ၏အသံကရပ်တန့်သွားပြီး ပြေလည်ရာပြေလည်ကြောင်းတွေ ပြောပြပေးတော့မည့် လေယူလေသိမ်းလေးဖြင့် သမီးငယ်က...
"ကုမ္ပဏီရဲ့ ရန်ပုံငွေထဲကပဲ ငယ်သုံးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရေနံချောင်းဘက်ကလုပ်ကွက်တွေကို ချက်ချင်းကြီး စွန့်လွှတ်လိုက်ဖို့ကို ငယ့်ဘက်ကချင့်ချိန်ထားတဲ့သဘောပါ။

တပြိုင်တည်းမှာပဲ လုပ်ကွက်အသစ်အတွက် ငွေကြေးသုံးစွဲမှုကို အစည်းအဝေးပြန်ထိုင်ရမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးအတွက်ပဲ ငယ့်ဘက်ကအားလုံးကို နေ့လယ်၂နာရီမှာ နောက်တစ်ချိန် ချိန်းဆိုခဲ့တာပါ။"

"ရန်ပုံငွေကိုထုတ်ပြီး သုံးဖို့ကတော့...."

"ရန်ပုံငွေဆိုတာ လိုအပ်တဲ့နေရာမှသုံးဖို့ထားခဲ့တာပါ။ ပြီးတော့ အားလုံးပဲ...အခုထိမှာ ငယ့်ကိုမေးခွန်းတွေအရမ်းများနေကြမှာကို နားလည်ပေးနိုင်ပေမယ့် အရမ်းမမေးကြပဲ စောင့်ကြည့်ကြဖို့ တောင်းဆိုချင်ပါတယ်။"

"ဒါပေမယ့် လုပ်ငန်းကိစ္စတစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့ပါနစ်နာမှာ။ အဲ့တာကြောင့် မင်းကိုစောင့်ကြည့်နေဖို့က...."

ဘုန်း!!!

စားပွဲထိပ်သို့လျှောက်လာပြီးဖြစ်သော သမီးငယ်သည် အနောက်ဘက်အစွန်းမှ လူ၏စကားကြောင့် စားပွဲခုံကို လက်ဖြင့်ရိုက်ချလိုက်သည်က သူအမြဲတွေ့နေရသော လက်ချောင်းသေးသေးလေးတွေ နာသွားလောက်မည်။

ဒီလိုအတွေးနဲ့အတူ ဒီအခန်းထဲမှာရှိနေသည့် လောဘတက်နေကြသော လူအိုကြီးများ၏ လက်ချောင်းများကို တစ်ဆစ်ချင်းစီ ချိုးချပေးချင်သည့်စိတ်တွေဖြစ်ပေါ်လာနေသည်မို့ သူအတင်းပဲအံကြိတ်ကာမြိုသိပ်ထားရသည်။

"တစ်အချက် ငယ့်ကိုသူဌေးမဟုတ်ရင်တောင် ငယ်လို့ပဲခေါ်ပါ။"

အစောကလို နူးညံ့တက်ကြွနေသည့် မျက်ဝန်းတွေမဟုတ်တော့ပဲ အရူးတစ်ယောက်လို ပြောင်းလဲသွားသည့် အကြည့်တွေက သူပင်လျှင်ကြက်သီးမွှေးညှင်းများထ,ချင်လာတော့သည်။

"နှစ်အချက် ငယ့်ဖေဖေမဆုံးခင်က ပြောခဲ့ဖူးတယ်။ ကိုယ့်အတွက်ရှုံးမယ့် စီးပွားရေးကို ဘယ်တော့မှမလုပ်ပါနဲ့တဲ့။ "

စကားတစ်လုံးချင်းစီတိုင်းကို အသေအချာနဲ့ပြောနေပြီး ချက်ချင်းပဲ စားပွဲကိုကျောခိုင်းကာ ပရိုဂျက်တာရှိရာဘက်သို့မျက်နှာမူသည့်အချိန်တွင် သမီးငယ်၏ဆံပင်များက ဝေ့ခနဲယိမ်းနွဲ့သွားလေသည်။

"ဒါက ဖေဖေမဆုံးခင်ကအထိ ရှယ်ယာစျေးအခြေအနေပါ။ ဒါကတော့ ဖေဖေဆုံးပြီးနောက်ပိုင်းကို အခြေပြထားတဲ့ဇယား....ပြီးတော့ ဒါ၊ ဒါက ငယ်လုပ်ထားတဲ့ ဒီသုံးရက်အတွင်းရဲ့ တိုးတက်နှုန်းပါ။" ဆိုပြီး Pointerထောက်ပြသွားသော တိုးတက်မှုရာခိုင်နှုန်းများသည် အန်ကယ်ရှိတုန်းကအခြေအနေကို ပြန်မရောက်သေးသော်လည်း သိပ်ပြီးတော့ ကွာခြားမနေတော့ကြောင်းကို မြင်တွေ့လိုက်ရသည်။

"ငယ်တို့ ရှယ်ယာစျေးကွက်ကို ဖြန့်ချလိုက်ပါမယ်။ အားလုံးမှာရှိတဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေကို ပြန်လည်ရောင်းချနိုင်လောက်တဲ့အထိ ကျေနပ်မှုရအောင် ဒီရွှေပြည်သာသဘာဝဓာတ်ငွေ့လုပ်ကွက်က အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။"

"ရေနံ တင်ပို့ပေးမှာမဟုတ်ဘူးလား။ "

"ဟင်..သူပြောတာ သဘာဝဓာတ်ငွေ့ !!"

"ရေနံက ပို့ကုန်လေ...."

သမီးငယ်၏ စကားအဆုံးတွင် တစ်ယောက်တစ်ပေါက်နဲ့ပြောနေကြသော လူများသည် ထိုအပြောအပေါ်တွင် ဘယ်လောက်ထိအံ့သြတကြီးဖြစ်သွားကြောင်းကို ပေါ်လွင်နေသည်။

သူကိုယ်တိုင်လည်း သဘာဝဓာတ်ငွေ့လို့ကြားလိုက်စဥ်က စိတ်ထဲမှာ အံ့သြသွားသော်လည်း သမီးငယ်၏ သိနိုင်စွမ်းကို အံ့သြတာဖြစ်သည်။ သူများတွေလို သမီးငယ်၏လုပ်ရက်အပေါ်မှာ အံ့သြတာမျိုးမဟုတ်ပဲ ဒီနေ့တွေ့လိုက်ရသည့် သမီးငယ်၏တည်ငြိမ်ရင့်ကျက်ပုံတို့က သူ့ကိုအံ့သြစေတာဖြစ်သည်။

"အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဒီသဘာဝဓာတ်ငွေ့လုပ်ကွက်က ရှယ်ယာရှင်တွေပဲ သိထားသင့်တဲ့အချက်ပါ။ လူမှုအသိုင်းအဝိုင်းကိုတော့ ဓာတ်ငွေ့တင်ပို့မယ့်ရက်မတိုင်ခင် သတင်းထောက်တွေကတဆင့် ကြေငြာဖို့လုပ်ထားပါတယ်။ ဘာလိုပဲဖြစ်ဖြစ် အားလုံးစိတ်မပူပဲ လက်ထဲမှာရှိနေတဲ့ ကိုယ့်ရှယ်ယာပိုင်ဆိုင်မှုကိုပဲ အာရုံစိုက်ထားကြဖို့ မေတ္တာရပ်ခံပါတယ်......"

"ရှယ်ယာစျေးကွက်ကစားမယ်လို့ ဆိုလိုချင်တာလား။"

သူ့မှာတွေးဆဆနဲ့ပဲ မှန်းဆပြောရသည်မို့ နဂိုသူ့ပုံစံနှင့်ယုံကြည်ချက်တို့က ဝေဝါးလို့နေမှာ အမှန်ပင်။ သူအမြဲတမ်း မခန့်မှန်းနိုင်ခဲ့သော သမီးငယ်ဟာ ဒီတစ်ကြိမ်မှာလည်း သူ့ကိုအမြင်ကျယ်စေပြန်သည်။

"မဟုတ်ဘူး...ရှယ်ယာတွေအကုန်လုံးကို ပြန်ယူမှာ..."

အစည်းအဝေးအခန်းအတွင်းမှာတုန်းက အားလုံးကို ရှယ်ယာတွေအသေအချာကိုင်ထားဖို့ အထပ်ထပ်ပြောကြားခဲ့သောသမီးငယ်သည် အားလုံး၏နောက်ကွယ်တွင် ကြောက်စရာကောင်းလောက်အောင်ပြုံးပြီး ထိုသို့ပြောလာသည်။

"ငါ့ဖေဖေ သေတဲ့အမှုအတွက် ငါစုံစမ်းမယ် ထည်ဝါ။ ငါ့ဖေဖေကိုတောင် သတ်နိုင်တဲ့သူက တော်ရုံတော့ဘယ်ဟုတ်ပါ့မလဲ...အဲ့ဒီတော့ ငါကလည်းအခုတည်းက အင်အားတွေစုထားဖို့လိုအပ်ပြီလေ..."

အလုပ်စားပွဲအထက်မှာ လက်တင်ထားရင်း စားပွဲခုံကို လက်ချောင်းများဖြင့် စည်းချက်မှန်မှန်ထိတွေ့နေသည်က မုန်တိုင်းမလာခင် ငြိမ်သက်နေသည့်ရာသီဥတုလိုပင်။

"နင့်ဘက်က ရှယ်ယာပြန်ဝယ်မှာဆို ဘာဖြစ်လို့စျေးကွက်ကိုမြှင့်တင်မှာလဲ။ စျေးလျော့နေတဲ့ အခုချိန်မှာပဲ တိုးတိုးတိတ်တိတ် ဝယ်ထားလိုက်တာပိုမကောင်းဘူးလား။"

"ဟင့်အင်း....ရှယ်ယာစျေးကွက်ကို ဟိုးအမြင့်ဆုံးအထိမြှင့်ပေးမှာ။ အဲ့ဒီအခါကျမှ ပြန်ဝယ်မယ်။"

သူ့မျက်စိရှေ့တွင် ရှိနေသော သမီးငယ်သည်ကျားတစ်ကောင်လို မျက်လုံးများရှိသော်လည်း နှုတ်ခမ်းတို့က တုန်ယီချင်နေသည်။ ပြီးတော့ သမီးငယ်၏အပြုံးများက ဒီမနက်ကအထိသူတွေ့မြင်ခဲ့သလို ဖြူစင်ပေါ့ပါးမှုတို့ ကင်းဝေးနေလေသည်။

ဒီလို ပြောင်းလဲနေသည့် သမီးငယ်ကို သူ့မှာနားလည်ရခက်စွာနဲ့ပဲ ထုတ်မေးမိသည်က...
"ဘာဖြစ်လို့ အဲ့လိုလုပ်မှာလဲ"

"ဒီလူတွေကို မုန်းလို့။ ငါဖေဖေ့ရဲ့အချိန်တွေကို စိတ်ရှုပ်စရာတွေနဲ့ ကုန်ဆုံးစေခဲ့လို့ ဒီလူတွေကို ငါမုန်းတယ် ထည်ဝါ။"

"ဒီလိုမုန်းရင် ဘာဖြစ်လို့ ရှယ်ယာစျေးကိုမြှင့်မှာလဲ။ ငါပြောမယ် သမီးငယ်၊ စျေးကွက်မှာ အဓိကအရေးအကြီးဆုံးက ဘာလဲသိလား။"

သူ့အမေးကြောင့် သူ့ထံသို့ကြည့်လာသော သမီးငယ်၏မျက်ဝန်းများတွင် အရည်ကြည်တစ်ချို့ကိုမြင်တွေ့လိုက်ရသည်ကြောင့် သူခပ်မြန်မြန်ပဲ စားပွဲပေါ်မှာရှိနေသည့် သမီးငယ်၏လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားလိုက်သည်။

"မငိုနဲ့....မျက်ရည်မကျနဲ့။
နင်ဖြစ်ချင်တာ အကုန်လုံး လုပ်လိုက်၊ လုပ်လိုက်လို့ရတယ် ငယ်.........."

စီးပွားရေးလုပ်ကိုင်ရင် အဓိက အရေးကြီးဆုံးက ငွေပဲဖြစ်သည်။ ရှယ်ယာစျေးကွက်ကို အမြင့်ဆုံးရောက်အောင်လုပ်ပြီးမှ ရှယ်ယာတွေလိုက်ဝယ်မယ်ဆိုလျှင် အခန့်မသင့်လျှင် သမီးငယ်တွင်ရှိသမျှ အကုန်ကုန်သွားနိုင်သည်။

ထိုသို့ပြောပြပေးချင်တာဖြစ်သော်လည်း အရည်ကြည်တစ်ချို့ ခိုဝင်လာသောမျက်ဝန်းအစုံကြောင့် သမီးငယ်မှာရှိတာတွေကုန်သွားတော့ရော ဘာအရေးလဲ သူ့မှာ ရှိနေတာပဲ။ သမီးငယ် ဘယ်လောက်ပဲဖြုန်းဖြုန်း သူရှာပေးနိုင်နေတာပဲ။ ထို့ကြောင့် သမီးငယ် စိတ်ကြိုက်အရာအားလုံးကို လုပ်ခွင့်ပေးလိုက်တော့မည်။

ထိုမှသမီးငယ် စိတ်ချမ်းသာမည်ဆိုလျှင် ပိုက်ဆံက သူ့အတွက် ဘာအရေးကြီးမှာတဲ့လဲ။ သူ့အတွက်အရေးကြီးဆုံးက သမီးငယ် မ,ငိုဖို့ပဲဖြစ်သည်။

"ငါ ငါ ဆိပ်ကမ်းဘက်သွားတော့မယ်။ နေ့လယ်အစည်းအဝေးကျမှတွေ့မယ်နော်...."

အရည်ကြည်များ လွင့်စင်သွားအောင် သမီးငယ်က ခေါင်းအနည်းငယ်ခါယမ်းလိုက်ရင်း ထိုင်ခုံကနေ ချက်ချင်းထ,ကာ ရုံးခန်းထဲကနေ ထွက်သွားလေသည်။ ထိုစဥ်မှာ သူ့အနေနဲ့ နောက်ကနေလိုက်ဖို့လုပ်သော်လည်း ဖုန်းဝင်လာသည်ကြောင့်...
"အင်း ပြော...."

ဒရယ်ဂွန်အပြင် ကိုမှိုင်းထိပါ မရှိတော့သည့် ရတနာရွှေထိုက်လုပ်ကွက်တွင် လက်ရှိ ဦးဆောင်ပေးနေသော ကိုနန္ဒဆီမှ ဖုန်းဆက်လာသည်က အရေးကြီးကိစ္စပဲဖြစ်နေသည်ဟု ထင်ထားသည့်အတိုင်းပင်...

"သခင်လေး၊ မနေ့ညက တောင်မြို့အစွန်းမှာရှိတဲ့ အင်းသုံးအင်းလုံး ပြိုကျသွားပါတယ်။ အဲ့တာ သခင်လေးလာမှရတော့မယ်...အင်းထဲဆင်းသွားတဲ့လူတွေအတွက် အင်းပြန်ဖော်ဖို့ စနေပြီဆိုပေမယ့်လည်း သခင်လေးလာမှပိုအဆင်ပြေမယ်ထင်တယ်။"

"ကျွန်တော် အခုပဲလာခဲ့မယ်ကိုနန္ဒ...."

ဖုန်းချပြီးချက်ချင်းပဲ သူသည် သမီးငယ်ကိုတောင်နှုတ်မဆက်နိုင်တော့ပဲ ကားပေါ်အမြန်တက်ခဲ့ရသည်။ သူကားထွက်ပြီး သိပ်မကြာခင်မှာပဲ ကားမှန်မှတဆင့်မြင်လိုက်ရသော အရိပ်လေးကြောင့် ထိုနေရာမှာတင်ကားကိုရပ်ခဲ့ပြီး နောက်သို့ပြန်ပြေးခဲ့ရလေသည်။

"ထည်ဝါ......"

စီးထားသော ၆လက်မဒေါက်သည် ငယ့်ခြေသန်းအား ပွတ်တိုက်ထိခိုက်နေသည်က ဓားဖြင့်မွှန်းနေသလိုဖြစ်သော်လည်း ဒီတစ်ခါလည်း သူ့ကိုနှုတ်မဆက်ရပဲ ငယ်ကျန်ခဲ့ရမှာက ပိုပြီးနာကျင်ဖို့ကောင်းသည်မို့ သင်္ဘောဘေးမှာရပ်နေရင်းကနေ ထွက်ပေါက်သို့သွားရာသို့ အားကုန်သုံးရင်းသူ့ကားနောက်သို့ ပြေးလိုက်နေခဲ့တာဖြစ်သည်။

"ဘာဖြစ်လို့ ပြေးလိုက်နေတာလဲ၊ နင်အရူးလား..."

"ဟင့်အင်း နင်နဲ့လိုက်မှာ၊ "

"ငါက အိမ်ပြန်မှာလေ...ဘာတွေဖြစ်နေတာလဲ။"

"မလိမ်နဲ့...နင်သွားမှာကို ငါသိတယ်၊ ငါ့ကိုမလိမ်နဲ့...မသိဘူး နင်နဲ့လိုက်မှာ"

သူ့လက်မောင်းကို ဆွဲထားရင်း ကလေးတစ်ယောက်လို ဂျီကျနေသည့် သမီးငယ်သည် လွန်ခဲ့သည့်အချိန်များက ဖေဖေကြီးရှိရာသို့ သူလိုက်မည်ဆိုတုန်းက အတိုင်းပင်။ အဲ့ဒီအချိန်တုန်းက သမီးငယ်သည် အလယ်တန်းနောက်ဆုံးနှစ်ဖြစ်သော်လည်း အခုအခါ သမီးငယ်သည် ထိုသို့ကလေးအရွယ်မဟုတ်တော့။

သို့သော်လည်း သမီးငယ်သည် အခုထိတိုင် တဇွတ်ထိုးဆန်နေဆဲပင်။ ထိုသို့ တဇွတ်ထိုးဆန်တာမျိုးကို သူလုံးဝမကြိုက်ပေ။

"ဇွတ်ပြောနေတာတွေ ရပ်လိုက်တော့။ လွှတ်..ငါ့လက်ကို"
ပြောပြီးချက်ချင်းပဲ သူ့လက်ကိုရုန်းလိုက်တော့ သမီးငယ်သည် သူ့အားကြောင်ငယ်လေးတစ်ကောင်လိုကြည့်လာတော့သည်။

ထိုအကြည့်ကြောင့်ပဲ သူ့မှာ လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်ရသည်။

"အင်းထဲမှာလူတွေပိတ်မိနေတယ် သမီးငယ်။ အဲ့ဒီနေရာထိ နင့်ကိုငါခေါ်သွားလို့ရမယ်ထင်နေလား.....။ ပြီးတော့ ကိစ္စတွေရှင်းပြီးရင် ငါပြန်လာမှာ၊ အဲ့ဒီအထိပဲ စောင့်နေပေးရင်ရပြီလေ...."

အဲ့ဒီအထိပဲ စောင့်နေပေးရင်ရပြီတဲ့။
ဘယ်အဲ့ဒီအထိလဲ ဘယ်အချိန်ထိလဲ။
ငယ်သူ့ကို ဘယ်အချိန်ထိစောင့်နေပေးရမှာလဲ။

အခုဆို သူသွားခဲ့တာ ၄လကျော်ခဲ့ပြီ။ ငယ့်မှာအချိန်တိုင်း သူပြောခဲ့တဲ့ အဲ့ဒီအထိဆိုတဲ့အချိန်ကို စောင့်ဆိုင်းနေရဆဲဖြစ်လေသည်။


___________________

Zawgyi....


သူသည္ အေပၚမွထပ္၍ဝတ္ရမည္ျဖစ္ေသာ ကုတ္ကိုမဝတ္ျဖစ္ေသးပဲ လက္ထဲတြင္ကိုင္ေဆာင္လ်က္ရွိသည့္ အတိုင္း အစည္းအေဝးခန္းထဲသို႔ဝင္လာလိုက္သည္။

လူေပါင္း ၂၀ေလာက္ထိုင္ေနေသာ ထိုစားပြဲ၏ထိပ္တြင္ ေအးေဆးစြာျဖင့္ေနရာယူထားသူက ေဘးတြင္ရွိေနေသာ ကိုမႈိင္းဘက္ကို ေစာင္းငဲ့ရင္း စကားေျပာကာ အလုပ္ရႈပ္ေနပုံရသည္။ သို႔ေသာ္လည္း ထိုသို႔အလုပ္မ်ားေနသည့္ပုံစံကိုက သမီးငယ္ႏွင့္လိုက္ဖက္လြန္းေနသည္။

"ရွယ္ယာရွင္ေတြလည္းစုံၿပီဆိုေတာ့ ငယ္တို႔အစည္းအေဝးကို စလိုက္ရေအာင္ပါ။"

သူ႔အတြက္ဟု သတ္မွတ္ထားေသာ သမီးငယ္ႏွင့္ မလွမ္းမကမ္း အစြန္းထိပ္ဆုံးရွိခုံတြင္ သူဝင္ထိုင္လိုက္သည့္အခ်ိန္တြင္ စားပြဲထိပ္၌ေအးသက္စြာျဖင့္ထိုင္ေနေသာ သမီးငယ္က မတ္တပ္ထ,ရပ္ကာ ပ႐ိုဂ်က္တာရွိရာသို႔ေလွ်ာက္သြားေလသည္။

ေျခတစ္လွမ္းကေဋတစ္သန္းဆိုတာမ်ိဳးထက္ ေျခလွမ္းအက်ဲမ်ားက သမီးငယ္၏ယုံၾကည္ခ်က္တို႔ေျခခ်ေနသည့္အတိုင္းပင္ ရဲရင့္ထက္ျမက္သည့္အမ်ိဳးသမီးတစ္ဦး၏ ေျခခ်သံမ်ားသည္ သူ႔ရင္ကို တုန္ခါသြားေစသည္။

"ပထမဆုံးအေနနဲ႔ ငယ္ေျပာခ်င္တာက ငယ္တို႔ကုမၸဏီမွာ ရွယ္ယာပိုင္ဆိုင္မႈအရ....."

သမီးငယ္၏အေျပာေၾကာင့္ power pointေထာက္ျပေနေသာ ရွယ္ယာပိုင္ဆိုင္မႈစာရင္းဆီသူအၾကည့္ေရာက္သြားၿပီး ခ်က္ခ်င္းမွာပဲ သူ႔မ်က္စိေရွ႕တြင္ရွိေနမည့္သူထံကို စူးရဲရဲတစ္ခ်က္ၾကည့္မိေတာ့သည္။

အျမင္ကတ္ဖို႔ေကာင္းလွတဲ့ ထိုသူသည္ ဘယ္အခ်ိန္မွာတည္းက သူရွိရာသို႔ေစာင့္ၾကည့္ေနသည္မေျပာတတ္ပဲ ခ်က္ခ်င္းပဲမ်က္ႏွာတစ္ခုလုံးကိုမုန္းစရာေကာင္းေအာင္ၿပဳံးၿဖီးသြားၿပီး လက္တစ္ဖက္ကိုလည္း မသိမသာနဲ႔ေထာင္ျပကာ ႏႈတ္ဆက္ေနေသးသည္။

"ဦးထက္ေဝဟင္ရဲ႕ ပိုင္ဆိုင္မႈအရေတာ့ တတိယရွယ္ယာအမ်ားဆုံးျဖစ္တဲ့အတြက္ ဒီတစ္လစာခြဲေဝမႈကို တတိယေျမာက္အမ်ားဆုံးရမွာျဖစ္ပါတယ္။ ဒီေနရာမွာ ငယ္ေျပာခ်င္တာတစ္ခုက bankingစနစ္ကိုပဲ အသုံးျပဳၿပီး လစဥ္30ရက္ေန႔မွာ ရွယ္ယာအျမတ္ေငြကို ရပါမယ္။ အဲ့ဒီအျမတ္ေငြထဲမွာ အာမခံေငြေၾကးနဲ႔ အခြန္ကိုေတာ့ ကုမၸဏီဘက္ကတစ္ခါတည္း ယူထားမွာျဖစ္ပါတယ္။"

ထိုမွ်ေျပာၿပီးသည့္အခ်ိန္တြင္ ရွယ္ယာရွင္ အမ်ိဳးသမီးတစ္ဦးက လက္ေထာင္လာသည္ေၾကာင့္ ငယ္သည္ ထိုအမ်ိဳးသမီးဘက္သို႔ ေခါင္းၿငိမ့္ျပရင္း..
"ဟုတ္ကဲ့ ေျပာပါ...." ဟု ၿငိမ္သိမ္စြာႏွင့္ ခြင့္ျပဳေပးလိုက္သည္။

"ဒီလိုေျပာရတာ အားနာေပမယ့္ သမီးကိုေမးမွျဖစ္မွာမို႔သာ ေမးတာပါ။ ေရနံေခ်ာင္းဘက္က ေရနံတူးေဖာ္ေရးလုပ္ငန္းေတြကို ရပ္ဆိုင္းလိုက္တယ္လို႔ ၾကားရတယ္...။ အဲ့ဒီကိစၥေၾကာင့္ သမီးနဲ႔ပက္သတ္ၿပီး ကုမၸဏီရဲ႕ေရွ႕ေရးကို တကယ္ပဲၾကည့္မယ့္သူလားလို႔ ေဝခြဲမရျဖစ္မိတယ္။"

"ေရနံေခ်ာင္းဘက္က အားလုံးလည္းသိၾကတဲ့အတိုင္း အရင္အခ်ိန္ေတြထဲက ေရနံတန္ခ်ိန္သိန္းေပါင္းမ်ားစြာထုတ္ယူခဲ့ၿပီးသားပါ။ ဒါေၾကာင့္ နာမည္ကသာ ေရနံေခ်ာင္းျဖစ္ေနတာမို႔ အဲ့ဒီေနရာကို ဒီေလာက္ထိပဲ သည္းခံဖို႔ ပိုင္ရွင္တစ္ေယာက္အေနနဲ႔ ငယ္ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

အဲ့ဒီေနရာအစား ေ႐ႊေတာင္တန္းေရနံတူးေဖာ္ေရးဆိုတဲ့ လုပ္ကြက္အသစ္ကို ငယ္တို႔ဝန္ထမ္းေတြဘက္က စတင္ၿပီး အေကာင္အထည္ေဖာ္ေဆာင္ေနပါၿပီ...."

"ဒါဆို အဲ့ဒီအတြက္ လုပ္ငန္းသုံးေငြကိစၥကို..."

သူနဲ႔မ်က္ေစာင္းထိုးအေနအထားတြင္ ထိုင္ေနေသာ စကားသံထြက္ေပၚလာသည့္ အမ်ိဳးသားႀကီးထံသို႔ သူသည္ စူးရဲစြာျဖင့္စိုက္ၾကည့္လိုက္ေတာ့သည္။ ထိုခ်က္ခ်င္းမွာပဲ ထိုလူ၏အသံကရပ္တန္႔သြားၿပီး ေျပလည္ရာေျပလည္ေၾကာင္းေတြ ေျပာျပေပးေတာ့မည့္ ေလယူေလသိမ္းေလးျဖင့္ သမီးငယ္က...
"ကုမၸဏီရဲ႕ ရန္ပုံေငြထဲကပဲ ငယ္သုံးမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေရနံေခ်ာင္းဘက္ကလုပ္ကြက္ေတြကို ခ်က္ခ်င္းႀကီး စြန္႔လႊတ္လိုက္ဖို႔ကို ငယ့္ဘက္ကခ်င့္ခ်ိန္ထားတဲ့သေဘာပါ။

တၿပိဳင္တည္းမွာပဲ လုပ္ကြက္အသစ္အတြက္ ေငြေၾကးသုံးစြဲမႈကို အစည္းအေဝးျပန္ထိုင္ရမွာျဖစ္ပါတယ္။ ဒီအစည္းအေဝးအတြက္ပဲ ငယ့္ဘက္ကအားလုံးကို ေန႔လယ္၂နာရီမွာ ေနာက္တစ္ခ်ိန္ ခ်ိန္းဆိုခဲ့တာပါ။"

"ရန္ပုံေငြကိုထုတ္ၿပီး သုံးဖို႔ကေတာ့...."

"ရန္ပုံေငြဆိုတာ လိုအပ္တဲ့ေနရာမွသုံးဖို႔ထားခဲ့တာပါ။ ၿပီးေတာ့ အားလုံးပဲ...အခုထိမွာ ငယ့္ကိုေမးခြန္းေတြအရမ္းမ်ားေနၾကမွာကို နားလည္ေပးႏိုင္ေပမယ့္ အရမ္းမေမးၾကပဲ ေစာင့္ၾကည့္ၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္။"

"ဒါေပမယ့္ လုပ္ငန္းကိစၥတစ္ခုခုျဖစ္သြားခဲ့ရင္ ငါတို႔ပါနစ္နာမွာ။ အဲ့တာေၾကာင့္ မင္းကိုေစာင့္ၾကည့္ေနဖို႔က...."

ဘုန္း!!!

စားပြဲထိပ္သို႔ေလွ်ာက္လာၿပီးျဖစ္ေသာ သမီးငယ္သည္ အေနာက္ဘက္အစြန္းမွ လူ၏စကားေၾကာင့္ စားပြဲခုံကို လက္ျဖင့္႐ိုက္ခ်လိုက္သည္က သူအၿမဲေတြ႕ေနရေသာ လက္ေခ်ာင္းေသးေသးေလးေတြ နာသြားေလာက္မည္။

ဒီလိုအေတြးနဲ႔အတူ ဒီအခန္းထဲမွာရွိေနသည့္ ေလာဘတက္ေနၾကေသာ လူအိုႀကီးမ်ား၏ လက္ေခ်ာင္းမ်ားကို တစ္ဆစ္ခ်င္းစီ ခ်ိဳးခ်ေပးခ်င္သည့္စိတ္ေတြျဖစ္ေပၚလာေနသည္မို႔ သူအတင္းပဲအံႀကိတ္ကာၿမိဳသိပ္ထားရသည္။

"တစ္အခ်က္ ငယ့္ကိုသူေဌးမဟုတ္ရင္ေတာင္ ငယ္လို႔ပဲေခၚပါ။"

အေစာကလို ႏူးညံ့တက္ႂကြေနသည့္ မ်က္ဝန္းေတြမဟုတ္ေတာ့ပဲ အ႐ူးတစ္ေယာက္လို ေျပာင္းလဲသြားသည့္ အၾကည့္ေတြက သူပင္လွ်င္ၾကက္သီးေမႊးညႇင္းမ်ားထ,ခ်င္လာေတာ့သည္။

"ႏွစ္အခ်က္ ငယ့္ေဖေဖမဆုံးခင္က ေျပာခဲ့ဖူးတယ္။ ကိုယ့္အတြက္ရႈံးမယ့္ စီးပြားေရးကို ဘယ္ေတာ့မွမလုပ္ပါနဲ႔တဲ့။ "

စကားတစ္လုံးခ်င္းစီတိုင္းကို အေသအခ်ာနဲ႔ေျပာေနၿပီး ခ်က္ခ်င္းပဲ စားပြဲကိုေက်ာခိုင္းကာ ပ႐ိုဂ်က္တာရွိရာဘက္သို႔မ်က္ႏွာမူသည့္အခ်ိန္တြင္ သမီးငယ္၏ဆံပင္မ်ားက ေဝ့ခနဲယိမ္းႏြဲ႕သြားေလသည္။

"ဒါက ေဖေဖမဆုံးခင္ကအထိ ရွယ္ယာေစ်းအေျခအေနပါ။ ဒါကေတာ့ ေဖေဖဆုံးၿပီးေနာက္ပိုင္းကို အေျချပထားတဲ့ဇယား....ၿပီးေတာ့ ဒါ၊ ဒါက ငယ္လုပ္ထားတဲ့ ဒီသုံးရက္အတြင္းရဲ႕ တိုးတက္ႏႈန္းပါ။" ဆိုၿပီး Pointerေထာက္ျပသြားေသာ တိုးတက္မႈရာခိုင္ႏႈန္းမ်ားသည္ အန္ကယ္ရွိတုန္းကအေျခအေနကို ျပန္မေရာက္ေသးေသာ္လည္း သိပ္ၿပီးေတာ့ ကြာျခားမေနေတာ့ေၾကာင္းကို ျမင္ေတြ႕လိုက္ရသည္။

"ငယ္တို႔ ရွယ္ယာေစ်းကြက္ကို ျဖန္႔ခ်လိုက္ပါမယ္။ အားလုံးမွာရွိတဲ့ ရွယ္ယာပိုင္ဆိုင္မႈေတြကို ျပန္လည္ေရာင္းခ်ႏိုင္ေလာက္တဲ့အထိ ေက်နပ္မႈရေအာင္ ဒီေ႐ႊျပည္သာသဘာဝဓာတ္ေငြ႕လုပ္ကြက္က အက်ိဳးျဖစ္ထြန္းေစပါလိမ့္မယ္။"

"ေရနံ တင္ပို႔ေပးမွာမဟုတ္ဘူးလား။ "

"ဟင္..သူေျပာတာ သဘာဝဓာတ္ေငြ႕ !!"

"ေရနံက ပို႔ကုန္ေလ...."

သမီးငယ္၏ စကားအဆုံးတြင္ တစ္ေယာက္တစ္ေပါက္နဲ႔ေျပာေနၾကေသာ လူမ်ားသည္ ထိုအေျပာအေပၚတြင္ ဘယ္ေလာက္ထိအံ့ၾသတႀကီးျဖစ္သြားေၾကာင္းကို ေပၚလြင္ေနသည္။

သူကိုယ္တိုင္လည္း သဘာဝဓာတ္ေငြ႕လို႔ၾကားလိုက္စဥ္က စိတ္ထဲမွာ အံ့ၾသသြားေသာ္လည္း သမီးငယ္၏ သိႏိုင္စြမ္းကို အံ့ၾသတာျဖစ္သည္။ သူမ်ားေတြလို သမီးငယ္၏လုပ္ရက္အေပၚမွာ အံ့ၾသတာမ်ိဳးမဟုတ္ပဲ ဒီေန႔ေတြ႕လိုက္ရသည့္ သမီးငယ္၏တည္ၿငိမ္ရင့္က်က္ပုံတို႔က သူ႔ကိုအံ့ၾသေစတာျဖစ္သည္။

"အားလုံးပဲ စိတ္ေအးေအးထားၾကပါ။ ဒီသဘာဝဓာတ္ေငြ႕လုပ္ကြက္က ရွယ္ယာရွင္ေတြပဲ သိထားသင့္တဲ့အခ်က္ပါ။ လူမႈအသိုင္းအဝိုင္းကိုေတာ့ ဓာတ္ေငြ႕တင္ပို႔မယ့္ရက္မတိုင္ခင္ သတင္းေထာက္ေတြကတဆင့္ ေၾကျငာဖို႔လုပ္ထားပါတယ္။ ဘာလိုပဲျဖစ္ျဖစ္ အားလုံးစိတ္မပူပဲ လက္ထဲမွာရွိေနတဲ့ ကိုယ့္ရွယ္ယာပိုင္ဆိုင္မႈကိုပဲ အာ႐ုံစိုက္ထားၾကဖို႔ ေမတၱာရပ္ခံပါတယ္......"

"ရွယ္ယာေစ်းကြက္ကစားမယ္လို႔ ဆိုလိုခ်င္တာလား။"

သူ႔မွာေတြးဆဆနဲ႔ပဲ မွန္းဆေျပာရသည္မို႔ နဂိုသူ႔ပုံစံႏွင့္ယုံၾကည္ခ်က္တို႔က ေဝဝါးလို႔ေနမွာ အမွန္ပင္။ သူအၿမဲတမ္း မခန္႔မွန္းႏိုင္ခဲ့ေသာ သမီးငယ္ဟာ ဒီတစ္ႀကိမ္မွာလည္း သူ႔ကိုအျမင္က်ယ္ေစျပန္သည္။

"မဟုတ္ဘူး...ရွယ္ယာေတြအကုန္လုံးကို ျပန္ယူမွာ..."

အစည္းအေဝးအခန္းအတြင္းမွာတုန္းက အားလုံးကို ရွယ္ယာေတြအေသအခ်ာကိုင္ထားဖို႔ အထပ္ထပ္ေျပာၾကားခဲ့ေသာသမီးငယ္သည္ အားလုံး၏ေနာက္ကြယ္တြင္ ေၾကာက္စရာေကာင္းေလာက္ေအာင္ၿပဳံးၿပီး ထိုသို႔ေျပာလာသည္။

"ငါ့ေဖေဖ ေသတဲ့အမႈအတြက္ ငါစုံစမ္းမယ္ ထည္ဝါ။ ငါ့ေဖေဖကိုေတာင္ သတ္ႏိုင္တဲ့သူက ေတာ္႐ုံေတာ့ဘယ္ဟုတ္ပါ့မလဲ...အဲ့ဒီေတာ့ ငါကလည္းအခုတည္းက အင္အားေတြစုထားဖို႔လိုအပ္ၿပီေလ..."

အလုပ္စားပြဲအထက္မွာ လက္တင္ထားရင္း စားပြဲခုံကို လက္ေခ်ာင္းမ်ားျဖင့္ စည္းခ်က္မွန္မွန္ထိေတြ႕ေနသည္က မုန္တိုင္းမလာခင္ ၿငိမ္သက္ေနသည့္ရာသီဥတုလိုပင္။

"နင့္ဘက္က ရွယ္ယာျပန္ဝယ္မွာဆို ဘာျဖစ္လို႔ေစ်းကြက္ကိုျမႇင့္တင္မွာလဲ။ ေစ်းေလ်ာ့ေနတဲ့ အခုခ်ိန္မွာပဲ တိုးတိုးတိတ္တိတ္ ဝယ္ထားလိုက္တာပိုမေကာင္းဘူးလား။"

"ဟင့္အင္း....ရွယ္ယာေစ်းကြက္ကို ဟိုးအျမင့္ဆုံးအထိျမႇင့္ေပးမွာ။ အဲ့ဒီအခါက်မွ ျပန္ဝယ္မယ္။"

သူ႔မ်က္စိေရွ႕တြင္ ရွိေနေသာ သမီးငယ္သည္က်ားတစ္ေကာင္လို မ်က္လုံးမ်ားရွိေသာ္လည္း ႏႈတ္ခမ္းတို႔က တုန္ယီခ်င္ေနသည္။ ၿပီးေတာ့ သမီးငယ္၏အၿပဳံးမ်ားက ဒီမနက္ကအထိသူေတြ႕ျမင္ခဲ့သလို ျဖဴစင္ေပါ့ပါးမႈတို႔ ကင္းေဝးေနေလသည္။

ဒီလို ေျပာင္းလဲေနသည့္ သမီးငယ္ကို သူ႔မွာနားလည္ရခက္စြာနဲ႔ပဲ ထုတ္ေမးမိသည္က...
"ဘာျဖစ္လို႔ အဲ့လိုလုပ္မွာလဲ"

"ဒီလူေတြကို မုန္းလို႔။ ငါေဖေဖ့ရဲ႕အခ်ိန္ေတြကို စိတ္ရႈပ္စရာေတြနဲ႔ ကုန္ဆုံးေစခဲ့လို႔ ဒီလူေတြကို ငါမုန္းတယ္ ထည္ဝါ။"

"ဒီလိုမုန္းရင္ ဘာျဖစ္လို႔ ရွယ္ယာေစ်းကိုျမႇင့္မွာလဲ။ ငါေျပာမယ္ သမီးငယ္၊ ေစ်းကြက္မွာ အဓိကအေရးအႀကီးဆုံးက ဘာလဲသိလား။"

သူ႔အေမးေၾကာင့္ သူ႔ထံသို႔ၾကည့္လာေသာ သမီးငယ္၏မ်က္ဝန္းမ်ားတြင္ အရည္ၾကည္တစ္ခ်ိဳ႕ကိုျမင္ေတြ႕လိုက္ရသည္ေၾကာင့္ သူခပ္ျမန္ျမန္ပဲ စားပြဲေပၚမွာရွိေနသည့္ သမီးငယ္၏လက္ေခ်ာင္းေလးေတြကို ဆုပ္ကိုင္ထားလိုက္သည္။

"မငိုနဲ႔....မ်က္ရည္မက်နဲ႔။
နင္ျဖစ္ခ်င္တာ အကုန္လုံး လုပ္လိုက္၊ လုပ္လိုက္လို႔ရတယ္ ငယ္.........."

စီးပြားေရးလုပ္ကိုင္ရင္ အဓိက အေရးႀကီးဆုံးက ေငြပဲျဖစ္သည္။ ရွယ္ယာေစ်းကြက္ကို အျမင့္ဆုံးေရာက္ေအာင္လုပ္ၿပီးမွ ရွယ္ယာေတြလိုက္ဝယ္မယ္ဆိုလွ်င္ အခန္႔မသင့္လွ်င္ သမီးငယ္တြင္ရွိသမွ် အကုန္ကုန္သြားႏိုင္သည္။

ထိုသို႔ေျပာျပေပးခ်င္တာျဖစ္ေသာ္လည္း အရည္ၾကည္တစ္ခ်ိဳ႕ ခိုဝင္လာေသာမ်က္ဝန္းအစုံေၾကာင့္ သမီးငယ္မွာရွိတာေတြကုန္သြားေတာ့ေရာ ဘာအေရးလဲ သူ႔မွာ ရွိေနတာပဲ။ သမီးငယ္ ဘယ္ေလာက္ပဲျဖဳန္းျဖဳန္း သူရွာေပးႏိုင္ေနတာပဲ။ ထို႔ေၾကာင့္ သမီးငယ္ စိတ္ႀကိဳက္အရာအားလုံးကို လုပ္ခြင့္ေပးလိုက္ေတာ့မည္။

ထိုမွသမီးငယ္ စိတ္ခ်မ္းသာမည္ဆိုလွ်င္ ပိုက္ဆံက သူ႔အတြက္ ဘာအေရးႀကီးမွာတဲ့လဲ။ သူ႔အတြက္အေရးႀကီးဆုံးက သမီးငယ္ မ,ငိုဖို႔ပဲျဖစ္သည္။

"ငါ ငါ ဆိပ္ကမ္းဘက္သြားေတာ့မယ္။ ေန႔လယ္အစည္းအေဝးက်မွေတြ႕မယ္ေနာ္...."

အရည္ၾကည္မ်ား လြင့္စင္သြားေအာင္ သမီးငယ္က ေခါင္းအနည္းငယ္ခါယမ္းလိုက္ရင္း ထိုင္ခုံကေန ခ်က္ခ်င္းထ,ကာ ႐ုံးခန္းထဲကေန ထြက္သြားေလသည္။ ထိုစဥ္မွာ သူ႔အေနနဲ႔ ေနာက္ကေနလိုက္ဖို႔လုပ္ေသာ္လည္း ဖုန္းဝင္လာသည္ေၾကာင့္...
"အင္း ေျပာ...."

ဒရယ္ဂြန္အျပင္ ကိုမႈိင္းထိပါ မရွိေတာ့သည့္ ရတနာေ႐ႊထိုက္လုပ္ကြက္တြင္ လက္ရွိ ဦးေဆာင္ေပးေနေသာ ကိုနႏၵဆီမွ ဖုန္းဆက္လာသည္က အေရးႀကီးကိစၥပဲျဖစ္ေနသည္ဟု ထင္ထားသည့္အတိုင္းပင္...

"သခင္ေလး၊ မေန႔ညက ေတာင္ၿမိဳ႕အစြန္းမွာရွိတဲ့ အင္းသုံးအင္းလုံး ၿပိဳက်သြားပါတယ္။ အဲ့တာ သခင္ေလးလာမွရေတာ့မယ္...အင္းထဲဆင္းသြားတဲ့လူေတြအတြက္ အင္းျပန္ေဖာ္ဖို႔ စေနၿပီဆိုေပမယ့္လည္း သခင္ေလးလာမွပိုအဆင္ေျပမယ္ထင္တယ္။"

"ကြၽန္ေတာ္ အခုပဲလာခဲ့မယ္ကိုနႏၵ...."

ဖုန္းခ်ၿပီးခ်က္ခ်င္းပဲ သူသည္ သမီးငယ္ကိုေတာင္ႏႈတ္မဆက္ႏိုင္ေတာ့ပဲ ကားေပၚအျမန္တက္ခဲ့ရသည္။ သူကားထြက္ၿပီး သိပ္မၾကာခင္မွာပဲ ကားမွန္မွတဆင့္ျမင္လိုက္ရေသာ အရိပ္ေလးေၾကာင့္ ထိုေနရာမွာတင္ကားကိုရပ္ခဲ့ၿပီး ေနာက္သို႔ျပန္ေျပးခဲ့ရေလသည္။

"ထည္ဝါ......"

စီးထားေသာ ၆လက္မေဒါက္သည္ ငယ့္ေျခသန္းအား ပြတ္တိုက္ထိခိုက္ေနသည္က ဓားျဖင့္မႊန္းေနသလိုျဖစ္ေသာ္လည္း ဒီတစ္ခါလည္း သူ႔ကိုႏႈတ္မဆက္ရပဲ ငယ္က်န္ခဲ့ရမွာက ပိုၿပီးနာက်င္ဖို႔ေကာင္းသည္မို႔ သေဘၤာေဘးမွာရပ္ေနရင္းကေန ထြက္ေပါက္သို႔သြားရာသို႔ အားကုန္သုံးရင္းသူ႔ကားေနာက္သို႔ ေျပးလိုက္ေနခဲ့တာျဖစ္သည္။

"ဘာျဖစ္လို႔ ေျပးလိုက္ေနတာလဲ၊ နင္အ႐ူးလား..."

"ဟင့္အင္း နင္နဲ႔လိုက္မွာ၊ "

"ငါက အိမ္ျပန္မွာေလ...ဘာေတြျဖစ္ေနတာလဲ။"

"မလိမ္နဲ႔...နင္သြားမွာကို ငါသိတယ္၊ ငါ့ကိုမလိမ္နဲ႔...မသိဘူး နင္နဲ႔လိုက္မွာ"

သူ႔လက္ေမာင္းကို ဆြဲထားရင္း ကေလးတစ္ေယာက္လို ဂ်ီက်ေနသည့္ သမီးငယ္သည္ လြန္ခဲ့သည့္အခ်ိန္မ်ားက ေဖေဖႀကီးရွိရာသို႔ သူလိုက္မည္ဆိုတုန္းက အတိုင္းပင္။ အဲ့ဒီအခ်ိန္တုန္းက သမီးငယ္သည္ အလယ္တန္းေနာက္ဆုံးႏွစ္ျဖစ္ေသာ္လည္း အခုအခါ သမီးငယ္သည္ ထိုသို႔ကေလးအ႐ြယ္မဟုတ္ေတာ့။

သို႔ေသာ္လည္း သမီးငယ္သည္ အခုထိတိုင္ တဇြတ္ထိုးဆန္ေနဆဲပင္။ ထိုသို႔ တဇြတ္ထိုးဆန္တာမ်ိဳးကို သူလုံးဝမႀကိဳက္ေပ။

"ဇြတ္ေျပာေနတာေတြ ရပ္လိုက္ေတာ့။ လႊတ္..ငါ့လက္ကို"
ေျပာၿပီးခ်က္ခ်င္းပဲ သူ႔လက္ကို႐ုန္းလိုက္ေတာ့ သမီးငယ္သည္ သူ႔အားေၾကာင္ငယ္ေလးတစ္ေကာင္လိုၾကည့္လာေတာ့သည္။

ထိုအၾကည့္ေၾကာင့္ပဲ သူ႔မွာ ေလပူတစ္ခ်ိဳ႕ကို မႈတ္ထုတ္လိုက္ရသည္။

"အင္းထဲမွာလူေတြပိတ္မိေနတယ္ သမီးငယ္။ အဲ့ဒီေနရာထိ နင့္ကိုငါေခၚသြားလို႔ရမယ္ထင္ေနလား.....။ ၿပီးေတာ့ ကိစၥေတြရွင္းၿပီးရင္ ငါျပန္လာမွာ၊ အဲ့ဒီအထိပဲ ေစာင့္ေနေပးရင္ရၿပီေလ...."

အဲ့ဒီအထိပဲ ေစာင့္ေနေပးရင္ရၿပီတဲ့။
ဘယ္အဲ့ဒီအထိလဲ ဘယ္အခ်ိန္ထိလဲ။
ငယ္သူ႔ကို ဘယ္အခ်ိန္ထိေစာင့္ေနေပးရမွာလဲ။

အခုဆို သူသြားခဲ့တာ ၄လေက်ာ္ခဲ့ၿပီ။ ငယ့္မွာအခ်ိန္တိုင္း သူေျပာခဲ့တဲ့ အဲ့ဒီအထိဆိုတဲ့အခ်ိန္ကို ေစာင့္ဆိုင္းေနရဆဲျဖစ္ေလသည္။

Continue Reading

You'll Also Like

211K 7.6K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
14.8K 849 15
❗არის +18 ❗ რა მოხდება მაშინ, როცა შენი მასწავლებელი შენთან სწავლის ნაცვლად , სულ სხვა მიზეზის გამო დაიწყებს ცხოვრებას? და თუ მის მიმართ გრძნობები გი...
380K 30.2K 43
_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ္ရင္ ငါကိုယ္ေတာ္က မိစၦာျဖစ္ေစၿပီး မင္းကိုကယ္တင္မယ္ _ Start date - Octo...