unicode
အပိုင်း ( ၁၆ ) ချစ်ခြင်း၏ အလှတရား ( ၂ )
အစပိုင်းကတည်းက မည်သူကမှ ချင်မင်းဆက်မှ ယခင် ဝမ်ဖေးကဲ့သို့ အလှလေးကို ယဲ့ကျန်းနှင့် နှိုင်းယှဉ် လိမ့်မည် မဟုတ်ပေ။
အမြွှာများ ဖြစ်သောကြောင့် ယဲ့ကျန်းနှင့် လုယောင်ယောင်တို့က စစ်မှန်သော အလှလေးများ ဖြစ်ကြ၏။ သို့ရာတွင် သည်နှစ် အတောအတွင်းတွင် လုယောင်ယောင်က သူမ၏ ရုပ်ရည် သွင်ပြင်ကို ထိန်းသိမ်းခဲ့ခြင်း မရှိသည့်အတွက် အသားက မဲပြီး အရေပြားက ကြမ်းတမ်းနေသည်။ အချိန် အတန်ကြာသောအခါ သူမက သတိ လက်လွတ် ဖြစ်လာခဲ့လေပြီး ရုပ်ရည် သွင်ပြင်က အလိုလိုက် အကြိုက်ဆောင် ခံရသော ဝမ်ဖေးနှင့် ယှဉ်နိုင်စွမ်း မရှိတော့ပေ။ ထို့အပြင် ယဲ့ကျန်းက သူမ၏ အလှကို သူမ နှစ်သက်နေခြင်း ဖြစ်သည်။
အရွယ်ရောက်စ ပြုလာသောအခါ သူမက သူမ၏ အသားအရေနှင့် ခန္ဓာကိုယ်ကို အသားပေးကာ အာရုံစိုက်ခဲ့၏။ အထူးသဖြင့် သူမ မိခင်၏ အလှပြင် စားပွဲက သူမ အကြိုက်ဆုံး နေရာဖြစ်ခဲ့သည်။
လက်ရှိ အခါတွင် သူမ၏ ထိုညီမ၏ ဖျက်ဆီးထားသော အလှတရားကို မြင်ပြီး သနားသလိုပင် ဖြစ်နေလေသည်။
ဒါပေမဲ့ ငါ ဒါကို ပြန်ယူနိုင်တာပဲ။
အလှတရားဟာ အမျိုးသမီးများ၏ လက်နက် ဖြစ်သည်။ ဒါကို သူမ ကောင်းစွာ နားလည်နေ၏။ ထို့ကြောင့် သူမ၏ ရုပ်ရည်သွင်ပြင်ကို ဒီလို စုတ်ပြတ်သတ်ခွင့် ပြုတော့မည် မဟုတ်ပေ။
လုကျင်းက ယဲ့ကျန်းက အလှလေးဟု ကိုယ့်ကိုယ်ကိုယ် ပြောနေသော အကြောင်းအရာကို ကြားသောအခါ စိတ်ထဲတွင် လှောင်ရယ်မိသည်။ ထိုအချိန်က သူမ ယဲ့ကျန်း၏ မျက်လုံးများကို လှည့်ကြည့်လိုက်သောအခါ စကား ပြောနေသော မျက်ဝန်းများကဲ့သို့ ပြီးပြည့်စုံကာ လှပသော သွင်ပြင်များ ရှိကြောင်း မြင်လိုက်ရသည်။ အသားက မည်းနေသော်လည်း ရုပ်ရည်သွင်ပြင် လက္ခဏာက ထင်ရှားနေသေး၏။ ရုတ်တရက် သူမက ဘာစကားမှ မဆိုနိုင်တော့ပေ။
တတိယ ညီမသာ အသား ဖြူပြီး အနည်းငယ် ပြည့်လာမယ် ဆိုရင် အာရုံစိုက်မှုတွေ အားလုံးကို ခိုးယူသွားမှာလား။
"လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက မင်းတို့ ညီအစ်မတွေအတွက် အဝတ်အစား တချို့ကို ဒီအဖွားက ပြင်ထားသေးတယ်၊ မင်းတို့အတွက် တစ်စုံစီ ချုပ်ခိုင်းဖို့ ပြောထားတယ်၊ အဲဒီနေ့မှာ ဒီဝတ်စုံ အလှလေးတွေကို မင်းတို့ ဝတ်ဆင်ကြပေါ့"
သခင်မကြီးလုက စိတ်လှုပ်ရှားစွာ ပြောသည်။
ယဲ့ကျန်းက ပြုံးလိုက်၏။
အဝတ်သစ် ရမှာကို ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ။
မိတ်ဆွေဟောင်း တစ်ယောက် ရောက်လာပြီး သခင်မကြီး လု၏ အာရုံစိုက်မှုကို မဆွဲခေါ် သွားသမျှ ကာလပတ်လုံး သူတို့ ထိုအကြောင်းအရာကို ဆက်ပြောနေကြသည်။ ထို့နောက်မှသာ သခင်မလေး သုံးယောက်က နှုတ်ဆက်စကား ဆိုပြီး ပြန်သွားကြ၏။ ယဲ့ကျန်းက ဖေးရှီ၏ ခြံဝန်းထဲသို့ ဝင်တော့မည့် အချိန်တွင်ပင် အေးစက်သော အသံများက သူမ၏ ခြေလှမ်းများကို ရပ်တန့်သွားစေ ခဲ့သည်။
"တတိယအစ်မ နေပါဦး"
ယဲ့ကျန်း၏ အနောက်တွင် မြင့်မား ဂုဏ်ယူစွာ ရပ်တန့်နေသော သူက လုကျင်းဖြစ်သည်။ ရှင်းလင်းသည်မှာ သူမက ယဲ့ကျန်းကို သဘောမကျပေ။ ယဲ့ကျန်းကလည်း သဘောမကျသော်လည်း ဂရုစိုက်ခြင်း မရှိပေ။ သူမက ပြန်လည် မွေးဖွား လာသည်မှာ လုပ်ငန်းတစ်ခု လုပ်ဆောင်ရန် ဖြစ်ကာ သည်လို အရေးမပါသော ကိစ္စများကို ထည့်တွေး စိုးရိမ်ရန် လိုအပ်သည်ဟု မထင်ပေ။
သူမက ဖေးရှီကို သွားတွေ့လိုသော်လည်း သူမ၏ အကြံအစည်က ကြန့်ကြာမည့်ပုံ ရှိသည်။ အေးစက်စွာ ပြုမူဆက်ဆံ နေသောသူကို ကြည့်ပြီးနောက် ယဲ့ကျန်းက အချိုမြိန်ဆုံး ပြုံးကာ ပြောလိုက်၏။
"စတုတ္ထ ညီမလေးက ဘာများ လိုချင်လို့လဲ"
လုကျင်းက ရယ်သည်။ သူမက ယဲ့ကျန်းထက် ပို၍ လက်သီးတစ်ဝက်ခန့် ရှည်သည်။ သူမကို အေးစက်စွာဖြင့် ငုံ့ကြည့်၏။
"တတိယ အစ်မ နင် မြို့တော်ကို ပထမဆုံး ရောက်လာတာ ဆိုတော့ စည်းမျဉ်းတွေကို နားမလည်နေဘူးပဲ။ ပြောရမယ် ဆိုရင် နင်က..."
သူမက ခပ်တိုးတိုး ရယ်ကာ ယဲ့ကျန်း၏ အနေအထားကို ကြည့်ပြီး လှောင်သည်။
"ကြည့်ရတာ ငါတို့ စကားအများကြီး ပြောဖို့ လိုအပ်တော့မယ် ထင်တယ်"
စကားပြောမယ်။
သူမကို ချဉ်းကပ်လာလေလေ အသံက လှောင်ရယ်သလို ဖြစ်လာလေလေ ဖြစ်သည်။ ဒါက ထောက်ပြနေသည်နှင့် မတူဘဲ သတိ ပေးနေခြင်း မည်၏။
"ကျေးဇူးပြုပြီး စတုတ္ထညီမ တို့မှာ အချိန် ရှိမယ် မထင်ဘူး"
"ဒါပေါ့ နင့်မှာ ရှိပါတယ်"
လုကျင်းက အသံကို အနည်းငယ် မြှင့်ပြီးနောက် ယဲ့ကျန်း အနားသို့ ကပ်လာကာ သူမ လက်ထဲမှ ချော်ထွက်ခွင့် မပေးနိုင်သကဲ့သို့ ပြောသည်။
"တတိယအစ်မ အမျိုးသမီး အကယ်ဒမီရဲ့ ဂုဏ်သိက္ခာက တတိယညီမ ဝင်ရောက်လို့ ရမဲ့ အဆင့်အတန်း မဟုတ်ဘူး၊ အောင်မြင်ချင်တဲ့ သူတိုင်း ဒီနေရာကို ဝင်လို့ ရတာ မဟုတ်ဘူး။ အိပ်မက် မက်နေတာက မမှားဘူး ဆိုပေမဲ့ တတိယအစ်မ သိထားသင့်တာက ကိုယ့် အကန့်အသတ်ကို နားလည် ထားဖို့ပဲ။ နောက်ပြီး အစ်မရဲ့ ဆိုးရွားတဲ့ လုပ်ဆောင်မှုတွေကြောင့် မိသားစုကို အရှက်မရစေနဲ့"
"တို့ နားလည်အောင် ပြောပြပါလား၊ စတုတ္ထညီမ၊ တကယ်ပဲ ဘာများ ပြောချင်နေတာပါလဲ"
ယဲ့ကျန်းက ပြုံးထားကာ လုကျင်ကို ကျေနပ်ခွင့် မပေးပေ။
"အစ်ကိုကြီးရဲ့ စတေးမှုကို နင် ထည့်ပြီး စဉ်းစားထားသင့်တယ်၊ သူ့မှာ စစ်ဝန်ကြီး အဆင့်ကို ရောက်ဖို့အတွက် အများကြီး ခက်ခဲ ပင်ပန်းထားရတာ၊ လက်ထောက် စစ်ဝန်ကြီး ဆိုတာက အကယ်ဒမီရဲ့ စည်းမျဉ်းတွေကို သာမန်ကာလျှံကာ လစ်လျူရှုလို့ ရတဲ့ အဆင့်အတန်း မဟုတ်ဘူး။ နင့်ကို အထဲကို ပို့ပေးဖို့လား၊ ဖြစ်နိုင်ပါ့မလား။ ဒီလို ဆိုရင် လုမိသားစုက မြို့တော်မှာ ဟာသပြက်လုံး တစ်ခု ဖြစ်သွားမဲ့ အပြင် အစ်ကိုကြီးရဲ့ ဂုဏ်သိက္ခာကလည်း ဆွဲချခံရလိမ့်မယ်"
ယဲ့ကျန်းက လုလင်ကျစ်ကို ထည့်ပြောလိုက်သည်နှင့် ထိုသူ၏ လုပ်ဆောင်နိုင်မှုများကို ကြားပြီး စိတ်ထဲတွင် ရွံ့လာမိသည်။
သေချာတာပေါ့၊ သူ့ရဲ့ နေရာအတွက် သူ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ၊ လူပေါင်း ရာကျော်ကို သတ်ဖြတ်ခဲ့ပြီး အကောက်ကြံ လိမ်ညာ လှည့်စားခဲ့တာလေ။ ဒီလို မြောက်မြားလှတဲ့ လူတွေရဲ့ သွေးချွေးနဲ့ သူ အခုလို ရပ်တည် နေနိုင်တာ။ ငါတောင်မှ သူ့လက်ထဲမှာ သေခဲ့ရတာပဲ။
"စတုတ္ထညီမက ဘာကို စိုးရိမ်နေတာလဲ။ တစ်ခုခုကို စိုးရိမ် နေတယ်ဆိုရင် သေချာပေါက် တို့က နားထောင်ပေးမှာပေါ့။ ဒါပေမဲ့ စိတ်အေးအေး ထားပါ။ တို့က အစ်ကိုကြီးကို အရှက်ရအောင် လုပ်ပါ့မလား"
မနာလိုမှုများအပြင် လုကျင်း အခြားအရာများကို မယုံကြည်နိုင်တော့ပေ။ ယဲ့ကျန်းက ကျရှုံးသွားမည် ဆိုလျှင်ပင် ဒါက သူမအတွက် သတင်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူမ အောင်မြင်သွားလျှင်ပင် လုမိသားစု၏ လုကျင်း ရရှိထားသော အာရုံစိုက်မှု အားလုံးကို ခိုးယူ သွားမည် ဖြစ်၏။ ကျရှုံး သွားပြန်လျှင်လည်း သူမကပါ သိက္ခာ ကျရအုံးပေမည်။
ထို့ကြောင့် ယဲ့ကျန်း လုံးဝ မကြိုးစားသည်က အကောင်းဆုံးဟု လုကျင်းကတော့ မြင်သည်။
လုကျင်း၏ မျက်နှာက ပျက်သွားသည်။
"ဒီတော့ နင် အခုအချိန်အထိ အကယ်ဒမီကို ဝင်ချင် နေတုန်းပဲလား"
သူမက ဒေါသတကြီး မေးလိုက်၏။
"တို့က ဘာလို့ မဝင်ချင်ရမှာလဲ။ စတုတ္ထညီမကတောင် အမျိုးသမီး အကယ်ဒမီထဲမှာ ရှိနေတာ မဟုတ်လား၊ တို့က ဘာလို့ မရရမှာလဲ"
ယဲ့ကျန်းက စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
ငါ ရှုံးနိမ့်သွားရင် ငါ ကလဲ့စားချေဖို့ ကျရှုံသွားတယ်လို့ သတ်မှတ်လို့ ရတယ်။
သူမဘာသာ တွေးလိုက်သည်။
"နင်..."
လုကျင်းက ပြောသည်။ သူမ၏ အသံက တုန်ယင်လာ၏။
"နင် ဝင်ခွင့်ကို အောင်မယ်လို့ ယုံကြည်မှု ရှိနေလို့လား၊ အနုပညာ ၆ မျိုးဆိုတာ နင် ဘာများ နားလည်ထားလို့လဲ။ အဖွားနဲ့ အစ်ကိုကြီးက နင့်ကို ကူညီပေးမယ်ဆိုရင်တောင်မှ နင် ဘယ်တော့မှ အကယ်ဒမီမှာ ရှင်သန်ပြီး ဆေးဝါး ပညာရှင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်ပဲ နင့်ကိုယ်နင် ဘယ်သူများ ထင်နေတာလဲ၊ တောကြိုအုံကြားက မိန်းမရဲ့။ နင်က မိသားစုရဲ့ ဂုဏ်သိက္ခာကို ချနင်းချင်နေတာပဲ"
လုကျင်း၏ စိတ်သဘောထားက ဆိုးရွားသထက် ဆိုးရွားလာခဲ့ကာ ယဲ့ကျန်းကို တိုက်ခိုက်တော့မည့် အချိန်တွင် လုဖန်းက ရှေ့တက်လာကာ တားသည်။
လုမိသားစု တစ်ခုလုံး သူနဲ့အတူ ကျရှုံးသွားမှာ မကြောက်လို့ ပြဿနာ ရှာရဲသေးတာလား။
ယဲ့ကျန်းက ပေါ့ပါးစွာ ပြောသည်။
"စတုတ္ထညီမ ညီမလေးက စိုးရိမ်တာ များနေပါပြီ"
...
zawgyi
အပိုင္း ( ၁၆ ) ခ်စ္ျခင္း၏ အလွတရား ( ၂ )
အစပိုင္းကတည္းက မည္သူကမွ ခ်င္မင္းဆက္မွ ယခင္ ဝမ္ေဖးကဲ့သို႔ အလွေလးကို ယဲ့က်န္းႏွင့္ ႏိႈင္းယွဥ္ လိမ့္မည္ မဟုတ္ေပ။
အႁမႊာမ်ား ျဖစ္ေသာေၾကာင့္ ယဲ့က်န္းႏွင့္ လုေယာင္ေယာင္တို႔က စစ္မွန္ေသာ အလွေလးမ်ား ျဖစ္ၾက၏။ သို႔ရာတြင္ သည္ႏွစ္ အေတာအတြင္းတြင္ လုေယာင္ေယာင္က သူမ၏ ႐ုပ္ရည္ သြင္ျပင္ကို ထိန္းသိမ္းခဲ့ျခင္း မ႐ွိသည့္အတြက္ အသားက မဲၿပီး အေရျပားက ၾကမ္းတမ္းေနသည္။ အခ်ိန္ အတန္ၾကာေသာအခါ သူမက သတိ လက္လြတ္ ျဖစ္လာခဲ့ေလၿပီး ႐ုပ္ရည္ သြင္ျပင္က အလိုလိုက္ အႀကိဳက္ေဆာင္ ခံရေသာ ဝမ္ေဖးႏွင့္ ယွဥ္ႏိုင္စြမ္း မ႐ွိေတာ့ေပ။ ထို႔အျပင္ ယဲ့က်န္းက သူမ၏ အလွကို သူမ ႏွစ္သက္ေနျခင္း ျဖစ္သည္။
အ႐ြယ္ေရာက္စ ျပဳလာေသာအခါ သူမက သူမ၏ အသားအေရႏွင့္ ခႏၶာကိုယ္ကို အသားေပးကာ အာ႐ုံစိုက္ခဲ့၏။ အထူးသျဖင့္ သူမ မိခင္၏ အလွျပင္ စားပြဲက သူမ အႀကိဳက္ဆုံး ေနရာျဖစ္ခဲ့သည္။
လက္႐ွိ အခါတြင္ သူမ၏ ထိုညီမ၏ ဖ်က္ဆီးထားေသာ အလွတရားကို ျမင္ၿပီး သနားသလိုပင္ ျဖစ္ေနေလသည္။
ဒါေပမဲ့ ငါ ဒါကို ျပန္ယူႏိုင္တာပဲ။
အလွတရားဟာ အမ်ိဳးသမီးမ်ား၏ လက္နက္ ျဖစ္သည္။ ဒါကို သူမ ေကာင္းစြာ နားလည္ေန၏။ ထို႔ေၾကာင့္ သူမ၏ ႐ုပ္ရည္သြင္ျပင္ကို ဒီလို စုတ္ျပတ္သတ္ခြင့္ ျပဳေတာ့မည္ မဟုတ္ေပ။
လုက်င္းက ယဲ့က်န္းက အလွေလးဟု ကိုယ့္ကိုယ္ကိုယ္ ေျပာေနေသာ အေၾကာင္းအရာကို ၾကားေသာအခါ စိတ္ထဲတြင္ ေလွာင္ရယ္မိသည္။ ထိုအခ်ိန္က သူမ ယဲ့က်န္း၏ မ်က္လုံးမ်ားကို လွည့္ၾကည့္လိုက္ေသာအခါ စကား ေျပာေနေသာ မ်က္ဝန္းမ်ားကဲ့သို႔ ၿပီးျပည့္စုံကာ လွပေသာ သြင္ျပင္မ်ား ႐ွိေၾကာင္း ျမင္လိုက္ရသည္။ အသားက မည္းေနေသာ္လည္း ႐ုပ္ရည္သြင္ျပင္ လကၡဏာက ထင္႐ွားေနေသး၏။ ႐ုတ္တရက္ သူမက ဘာစကားမွ မဆိုႏိုင္ေတာ့ေပ။
တတိယ ညီမသာ အသား ျဖဴၿပီး အနည္းငယ္ ျပည့္လာမယ္ ဆိုရင္ အာ႐ုံစိုက္မႈေတြ အားလုံးကို ခိုးယူသြားမွာလား။
"လြန္ခဲ့တဲ့ ရက္ အနည္းငယ္တုန္းက မင္းတို႔ ညီအစ္မေတြအတြက္ အဝတ္အစား တခ်ိဳ႕ကို ဒီအဖြားက ျပင္ထားေသးတယ္၊ မင္းတို႔အတြက္ တစ္စုံစီ ခ်ဳပ္ခိုင္းဖို႔ ေျပာထားတယ္၊ အဲဒီေန႔မွာ ဒီဝတ္စုံ အလွေလးေတြကို မင္းတို႔ ဝတ္ဆင္ၾကေပါ့"
သခင္မႀကီးလုက စိတ္လႈပ္႐ွားစြာ ေျပာသည္။
ယဲ့က်န္းက ျပဳံးလိုက္၏။
အဝတ္သစ္ ရမွာကို ဘယ္သူက စိတ္မလႈပ္႐ွားဘဲ ေနမွာလဲ။
မိတ္ေဆြေဟာင္း တစ္ေယာက္ ေရာက္လာၿပီး သခင္မႀကီး လု၏ အာ႐ုံစိုက္မႈကို မဆြဲေခၚ သြားသမွ် ကာလပတ္လုံး သူတို႔ ထိုအေၾကာင္းအရာကို ဆက္ေျပာေနၾကသည္။ ထို႔ေနာက္မွသာ သခင္မေလး သုံးေယာက္က ႏႈတ္ဆက္စကား ဆိုၿပီး ျပန္သြားၾက၏။ ယဲ့က်န္းက ေဖး႐ွီ၏ ျခံဝန္းထဲသို႔ ဝင္ေတာ့မည့္ အခ်ိန္တြင္ပင္ ေအးစက္ေသာ အသံမ်ားက သူမ၏ ေျခလွမ္းမ်ားကို ရပ္တန္႔သြားေစ ခဲ့သည္။
"တတိယအစ္မ ေနပါဦး"
ယဲ့က်န္း၏ အေနာက္တြင္ ျမင့္မား ဂုဏ္ယူစြာ ရပ္တန္႔ေနေသာ သူက လုက်င္းျဖစ္သည္။ ႐ွင္းလင္းသည္မွာ သူမက ယဲ့က်န္းကို သေဘာမက်ေပ။ ယဲ့က်န္းကလည္း သေဘာမက်ေသာ္လည္း ဂ႐ုစိုက္ျခင္း မ႐ွိေပ။ သူမက ျပန္လည္ ေမြးဖြား လာသည္မွာ လုပ္ငန္းတစ္ခု လုပ္ေဆာင္ရန္ ျဖစ္ကာ သည္လို အေရးမပါေသာ ကိစၥမ်ားကို ထည့္ေတြး စိုးရိမ္ရန္ လိုအပ္သည္ဟု မထင္ေပ။
သူမက ေဖး႐ွီကို သြားေတြ႕လိုေသာ္လည္း သူမ၏ အၾကံအစည္က ၾကန္႔ၾကာမည့္ပုံ ႐ွိသည္။ ေအးစက္စြာ ျပဳမူဆက္ဆံ ေနေသာသူကို ၾကည့္ၿပီးေနာက္ ယဲ့က်န္းက အခ်ိဳၿမိန္ဆုံး ျပဳံးကာ ေျပာလိုက္၏။
"စတုတၳ ညီမေလးက ဘာမ်ား လိုခ်င္လို႔လဲ"
လုက်င္းက ရယ္သည္။ သူမက ယဲ့က်န္းထက္ ပို၍ လက္သီးတစ္ဝက္ခန္႔ ႐ွည္သည္။ သူမကို ေအးစက္စြာျဖင့္ ငုံ႔ၾကည့္၏။
"တတိယ အစ္မ နင္ ၿမိဳ႕ေတာ္ကို ပထမဆုံး ေရာက္လာတာ ဆိုေတာ့ စည္းမ်ဥ္းေတြကို နားမလည္ေနဘူးပဲ။ ေျပာရမယ္ ဆိုရင္ နင္က..."
သူမက ခပ္တိုးတိုး ရယ္ကာ ယဲ့က်န္း၏ အေနအထားကို ၾကည့္ၿပီး ေလွာင္သည္။
"ၾကည့္ရတာ ငါတို႔ စကားအမ်ားႀကီး ေျပာဖို႔ လိုအပ္ေတာ့မယ္ ထင္တယ္"
စကားေျပာမယ္။
သူမကို ခ်ဥ္းကပ္လာေလေလ အသံက ေလွာင္ရယ္သလို ျဖစ္လာေလေလ ျဖစ္သည္။ ဒါက ေထာက္ျပေနသည္ႏွင့္ မတူဘဲ သတိ ေပးေနျခင္း မည္၏။
"ေက်းဇူးျပဳၿပီး စတုတၳညီမ တို႔မွာ အခ်ိန္ ႐ွိမယ္ မထင္ဘူး"
"ဒါေပါ့ နင့္မွာ ႐ွိပါတယ္"
လုက်င္းက အသံကို အနည္းငယ္ ျမႇင့္ၿပီးေနာက္ ယဲ့က်န္း အနားသို႔ ကပ္လာကာ သူမ လက္ထဲမွ ေခ်ာ္ထြက္ခြင့္ မေပးႏိုင္သကဲ့သို႔ ေျပာသည္။
"တတိယအစ္မ အမ်ိဳးသမီး အကယ္ဒမီရဲ႕ ဂုဏ္သိကၡာက တတိယညီမ ဝင္ေရာက္လို႔ ရမဲ့ အဆင့္အတန္း မဟုတ္ဘူး၊ ေအာင္ျမင္ခ်င္တဲ့ သူတိုင္း ဒီေနရာကို ဝင္လို႔ ရတာ မဟုတ္ဘူး။ အိပ္မက္ မက္ေနတာက မမွားဘူး ဆိုေပမဲ့ တတိယအစ္မ သိထားသင့္တာက ကိုယ့္ အကန္႔အသတ္ကို နားလည္ ထားဖို႔ပဲ။ ေနာက္ၿပီး အစ္မရဲ႕ ဆိုး႐ြားတဲ့ လုပ္ေဆာင္မႈေတြေၾကာင့္ မိသားစုကို အ႐ွက္မရေစနဲ႔"
"တို႔ နားလည္ေအာင္ ေျပာျပပါလား၊ စတုတၳညီမ၊ တကယ္ပဲ ဘာမ်ား ေျပာခ်င္ေနတာပါလဲ"
ယဲ့က်န္းက ျပဳံးထားကာ လုက်င္ကို ေက်နပ္ခြင့္ မေပးေပ။
"အစ္ကိုႀကီးရဲ႕ စေတးမႈကို နင္ ထည့္ၿပီး စဥ္းစားထားသင့္တယ္၊ သူ႕မွာ စစ္ဝန္ႀကီး အဆင့္ကို ေရာက္ဖို႔အတြက္ အမ်ားႀကီး ခက္ခဲ ပင္ပန္းထားရတာ၊ လက္ေထာက္ စစ္ဝန္ႀကီး ဆိုတာက အကယ္ဒမီရဲ႕ စည္းမ်ဥ္းေတြကို သာမန္ကာလွ်ံကာ လစ္လ်ဴ႐ႈလို႔ ရတဲ့ အဆင့္အတန္း မဟုတ္ဘူး။ နင့္ကို အထဲကို ပို႔ေပးဖို႔လား၊ ျဖစ္ႏိုင္ပါ့မလား။ ဒီလို ဆိုရင္ လုမိသားစုက ၿမိဳ႕ေတာ္မွာ ဟာသျပက္လုံး တစ္ခု ျဖစ္သြားမဲ့ အျပင္ အစ္ကိုႀကီးရဲ႕ ဂုဏ္သိကၡာကလည္း ဆြဲခ်ခံရလိမ့္မယ္"
ယဲ့က်န္းက လုလင္က်စ္ကို ထည့္ေျပာလိုက္သည္ႏွင့္ ထိုသူ၏ လုပ္ေဆာင္ႏိုင္မႈမ်ားကို ၾကားၿပီး စိတ္ထဲတြင္ ႐ြံ႕လာမိသည္။
ေသခ်ာတာေပါ့၊ သူ႕ရဲ႕ ေနရာအတြက္ သူ ဘယ္ေလာက္ေတာင္ ႀကိဳးစားခဲ့ရသလဲ၊ လူေပါင္း ရာေက်ာ္ကို သတ္ျဖတ္ခဲ့ၿပီး အေကာက္ၾကံ လိမ္ညာ လွည့္စားခဲ့တာေလ။ ဒီလို ေျမာက္ျမားလွတဲ့ လူေတြရဲ႕ ေသြးေခြၽးနဲ႔ သူ အခုလို ရပ္တည္ ေနႏိုင္တာ။ ငါေတာင္မွ သူ႕လက္ထဲမွာ ေသခဲ့ရတာပဲ။
"စတုတၳညီမက ဘာကို စိုးရိမ္ေနတာလဲ။ တစ္ခုခုကို စိုးရိမ္ ေနတယ္ဆိုရင္ ေသခ်ာေပါက္ တို႔က နားေထာင္ေပးမွာေပါ့။ ဒါေပမဲ့ စိတ္ေအးေအး ထားပါ။ တို႔က အစ္ကိုႀကီးကို အ႐ွက္ရေအာင္ လုပ္ပါ့မလား"
မနာလိုမႈမ်ားအျပင္ လုက်င္း အျခားအရာမ်ားကို မယုံၾကည္ႏိုင္ေတာ့ေပ။ ယဲ့က်န္းက က်႐ႈံးသြားမည္ ဆိုလွ်င္ပင္ ဒါက သူမအတြက္ သတင္းေကာင္း ျဖစ္လာလိမ့္မည္ မဟုတ္ေပ။ သူမ ေအာင္ျမင္သြားလွ်င္ပင္ လုမိသားစု၏ လုက်င္း ရ႐ွိထားေသာ အာ႐ုံစိုက္မႈ အားလုံးကို ခိုးယူ သြားမည္ ျဖစ္၏။ က်႐ႈံး သြားျပန္လွ်င္လည္း သူမကပါ သိကၡာ က်ရအုံးေပမည္။
ထို႔ေၾကာင့္ ယဲ့က်န္း လုံးဝ မႀကိဳးစားသည္က အေကာင္းဆုံးဟု လုက်င္းကေတာ့ ျမင္သည္။
လုက်င္း၏ မ်က္ႏွာက ပ်က္သြားသည္။
"ဒီေတာ့ နင္ အခုအခ်ိန္အထိ အကယ္ဒမီကို ဝင္ခ်င္ ေနတုန္းပဲလား"
သူမက ေဒါသတႀကီး ေမးလိုက္၏။
"တို႔က ဘာလို႔ မဝင္ခ်င္ရမွာလဲ။ စတုတၳညီမကေတာင္ အမ်ိဳးသမီး အကယ္ဒမီထဲမွာ ႐ွိေနတာ မဟုတ္လား၊ တို႔က ဘာလို႔ မရရမွာလဲ"
ယဲ့က်န္းက စိုးရိမ္ေသာ ေလသံျဖင့္ ေမးလိုက္သည္။
ငါ ႐ႈံးနိမ့္သြားရင္ ငါ ကလဲ့စားေခ်ဖို႔ က်႐ႈံသြားတယ္လို႔ သတ္မွတ္လို႔ ရတယ္။
သူမဘာသာ ေတြးလိုက္သည္။
"နင္..."
လုက်င္းက ေျပာသည္။ သူမ၏ အသံက တုန္ယင္လာ၏။
"နင္ ဝင္ခြင့္ကို ေအာင္မယ္လို႔ ယုံၾကည္မႈ ႐ွိေနလို႔လား၊ အႏုပညာ ၆ မ်ိဳးဆိုတာ နင္ ဘာမ်ား နားလည္ထားလို႔လဲ။ အဖြားနဲ႔ အစ္ကိုႀကီးက နင့္ကို ကူညီေပးမယ္ဆိုရင္ေတာင္မွ နင္ ဘယ္ေတာ့မွ အကယ္ဒမီမွာ ႐ွင္သန္ၿပီး ေဆးဝါး ပညာ႐ွင္တစ္ေယာက္ ျဖစ္လာမွာ မဟုတ္ဘူး။ တကယ္ပဲ နင့္ကိုယ္နင္ ဘယ္သူမ်ား ထင္ေနတာလဲ၊ ေတာႀကိဳအုံၾကားက မိန္းမရဲ႕။ နင္က မိသားစုရဲ႕ ဂုဏ္သိကၡာကို ခ်နင္းခ်င္ေနတာပဲ"
လုက်င္း၏ စိတ္သေဘာထားက ဆိုး႐ြားသထက္ ဆိုး႐ြားလာခဲ့ကာ ယဲ့က်န္းကို တိုက္ခိုက္ေတာ့မည့္ အခ်ိန္တြင္ လုဖန္းက ေ႐ွ႕တက္လာကာ တားသည္။
လုမိသားစု တစ္ခုလုံး သူနဲ႔အတူ က်႐ႈံးသြားမွာ မေၾကာက္လို႔ ျပႆနာ ႐ွာရဲေသးတာလား။
ယဲ့က်န္းက ေပါ့ပါးစြာ ေျပာသည္။
"စတုတၳညီမ ညီမေလးက စိုးရိမ္တာ မ်ားေနပါၿပီ"
...