အဲ့ဒီရက်တွေတုန်း က ညီတို့နှစ်ယောက်စလုံးဟာ ခရီးသွားမဲ့ကိစ္စနဲ့အလုပ်ရှုပ်နေခဲ့ကြတာပါ။
သွားမဲ့ ရက်က နီးလာတော့လည်း
ပြင်ဆင်စရာတွေက ပိုပိုပြီးများလာတယ်လို့
ဆိုရလိမ့်မယ်။ဘယ်လောက်ထိလဲမေးရင်
ဆိုင်ဘက်တောင်သိပ်မလာဖြစ်ကြတဲ့အထိပဲ။
ညီကတော့ တစ်နေ့တစ်ခေါက်လောက်
ရောက်အောင်လာတွေ့ပေးပါတယ်။
ကော်ဖီသောက်ရင်း နာရီဝက်၊တစ်နာရီ
လောက်စကားပြောလေ့ရှိတယ်။
ပြီးရင်တော့ သူပြန်တယ်။ဟိုးတုန်းက
ကျွန်တော်မအားလပ်တိုင်း
ကော်ဖီတစ်ခွက် အပြေးအလွှားယူလာပေးတဲ့
အချိန်တွေဆီပြန်ရောက်သွားသလိုပါပဲ။
"ဟေ့ အုန်းသီး မင်းစာမေးပွဲဖြေရတော့မှာ
မဟုတ်လား"
"ဟုတ်တယ်ဗျ ဖြေရတော့မှာ"
"စာတွေ ဘာတွေအကုန် ရပြီလား "
"ဟုတ်ကဲ့ ရသလောက်တော့ရှိပြီ"
ဒီရပ်ကွက် အနီးနားမှာ တက္ကသိုလ်
တစ်ခုရှိတာမို့ အဲ့ဒီက ကျောင်းသူ
လေးတွေကို ကျွန်တော့် ဆိုင်မှာ ခဏခဏ တွေ့ရတက်တယ်။
ကြာလာတာနဲ့အမျှအချင်းချင်း
မျက်မှန်းတန်းမိကြပြီးဂျောင်ကုကို ဆိုသူတို့အားလုံးက သိပ်ချစ်ကြတယ်။အမြဲတမ်းလိုလိုစနောက်လေ့
ရှိတတ်ကြတယ်။နောက်တော့
ဂျောင်ကုဆံပင်ကို သတိထားမိလို့ထင်တာပဲ။အသည်းတယားယား နဲ့"အုန်းသီး" လို့
လည်းခေါ်တတ်ကြပါတယ်။
"စကားမစပ် နင့်ကို ငါတို့မေးရဦးမယ်"
"ဟုတ်ကဲ့ "
"ဒီဆိုင်က ရွှေရောင်နားကပ်လေးဝတ်တဲ့
တစ်ယောက်လေ၊အဲ့ဒီတစ်ယောက်ကို ငါတို့နဲ့ သဘောမတူချင်ဘူးလား"
"မတူပါဘူး "
"ဟယ် ဘာလို့တုံး ငါတို့ကမချောလို့လား"
"ချောတာကချောပါတယ်၊ ဒါပေမယ့်
Jiminshi က ကျွန်တော့်ရည်းစားဗျ"
ဂျောင်ကုစကားကြောင့် ရေသောက်နေရင်း ကျွန်တော်ဖြင့် အံ့ဩသွားမိပါတယ်။
ရုပ်ရှင်တွေထဲကလို ရေနင်တာတို့၊ရေသီး
တာတို့ တော့မဖြစ်ခဲ့ဘူးပေါ့။
" နင်ကလည်း ယောက်ျားလေးအချင်းချင်း
ဘယ်လိုလုပ်ပြီး ရည်းစားဖြစ်သွားရတာလဲ"
"အဲ့ဒီလိုပဲ ဖြစ်သွားတာပေါ့ ၊jimin Shi က
ကျွန်တော့် အပိုင် "
"ထားပါတော့၊ ဒါဆို ပြိုင်ကားနီနီလေးနဲ့
တစ်ယောက်ဆိုရင်ကော ၊
အဲ့ဒီတစ်ယောက်ကတကယ် မိမိုက်လွန်းတယ်
တကယ့်ကို idea typeပဲ "
"စိတ်မကောင်းပါဘူး အဲ့ဒါလည်း ကျွန်တော့်ရည်းစားပဲလေ အစ်မတို့ရဲ့"
"လွန်ကိုလွန်ပါတယ်ဟယ် တစ်ယောက်ဆို
တော်ပြီပေါ့ ဘယ်နှယ့် နှစ်ယောက်လုံး"
ဂျောင်ကုဟာ ဘာမှပြန်မပြောပါဘူး။
ကျွန်တော့် ကောင်တာခုံပေါ်မှာ
စာတွက်လိုက်၊ banana milk သောက်လိုက်နဲ့
သူ့ဘာသာ အလုပ်များနေမြဲပဲဖြစ်
ပါလိမ့်မယ်။
အဲ့ဒီအချိန် တစ်ယောက်ကပြောတယ်။
"ဒါဖြင့် အုန်းသီးရယ် နင့်ရည်းစားတွေကို
မရတော့မဲ့ အတူတူနင့်ပဲယူမယ်ဆိုရင်ရော ဘယ်လိုလဲ "
"အေးဟုတ်သားပဲ ဂျောင်ကုပဲယူလိုက်ကြမယ်"
ဂျောင်ကုကတော့ မိန်းမလှတွေကြား
ဗျာများနေပြီနဲ့တူပါတယ်။
များသောအားဖြင့်
ဆံပင်လေးတွေ ကို ဝိုင်းကိုင်တဲ့သူနဲ့ပါးကိုဆွဲညစ်တဲ့သူနဲ့ သူ့အနားမှာ
မဒီတွေ ဝိုင်းအုံနေတက်တယ်။
တစ်ခါတစ်လေ ညီကတောင်တဖွဖွပြောနေသေးတယ်။"ဂျောင်ကုက လူတွေဆီက အချစ်ခံရဖို့
မွေးဖွားလာတာ"တဲ့။
"နော် အုန်းသီး နင့်ပဲယူလိုက်မယ် ဖြစ်တယ်မလား"
"အင်း ဖြစ်ပါတယ်၊ ကျောင်းပြီးအောင်တော့
စောင့်ပေးနော် ၊အဲ့ကျ ယူလို့ရပြီ၊ယူလိုက် "
စကားဆုံး တော့ အုပ်စုလိုက်ကြီး
ရယ်လိုက်ကြပါတယ်။ နောက်ပြီး ဂျောင်ကု ကို
"လူလည် "လေးဆိုပြီး တစ်ယောက်တစ်ပေါက်နဲ့
မှတ်ချက်ပေးကြတယ်။
ရယ်သံတွေစဲသွားတော့မှတစ်ယောက်က
ဝင်မေးပြန်တယ်။
"ဒါနဲ့ နင်က နှစ်ယောက်လုံးနဲ့ တွဲနေတာဆိုတော့
ငါတို့က ဘယ်သူနဲ့ သဘောတူရမှာတုံးဟ၊
ငါကတော့ ရွှေရောင်နားကပ်လေးဝတ်ထားတဲ့
တစ်ယောက်နဲ့ပဲ သဘောတူတာနော် " တဲ့။
ဂျောင်ကုဘက်ကဘယ်လိုတုံ့ပြန် မလဲဆိုတာကိုမကြားရသေးခင်မှာပဲ
"ဟာ သဘောမတူပါဘူး၊ ပြိုင်ကားနီနီ
လေးစီးတဲ့ တစ်ယောက် ကမှ အုန်းသီးနဲ့ပိုလိုက်တာ" ဆိုပြီး
နောက်ထပ်တစ်ယောက်ဆီကကန့်ကွက်သံကိုကြားလိုက်ရပါတယ်။
"နင်က ဘာကိုကြည့်ပြီး လိုက်တယ်ပြောတာတုံး၊
တကယ့်တကယ် ဟိုသေးသေးလေးနဲ့ပိုလိုက်တာ
နော် ဟုတ်တယ်မလား အုန်းသီး "
"မရဘူး ပြိုင်ကားလေးနဲ့ တစ်ယောက်ပဲ "
အချင်းချင်းငြင်းခုံသံတွေဟာဆိုင်ငယ်လေးထဲမှာ
ဆူဆူညံညံပဲ။
ညစာအတွက်ပြင်ဆင် ချက်ပြုတ်နေရင်း
ကျွန်တော်ရယ်လိုက်ပါတယ်။ဒီပြသနာကို
ဂျောင်ကု ဘယ်နည်းလမ်းနဲ့များဖြေရှင်းမလဲ
သိချင်တာကြောင့် အသီးအရွက်တွေ
လှီးဖြတ်နေတဲ့ကြားက
အပြင်ဘက်ကိုလည်း နားစွင့်ထားခဲ့မိပါတယ်။
"ရန်မဖြစ်ပါနဲ့ အစ်မတို့ရယ် ၊ကျွန်တော့
ရည်းစားတွေပဲဟာ
ညီတူညီမျှ ချစ်ပေးရမှာပေါ့၊ကျွန်တော်က ကျွန်တော့်ရည်းစားတွေကို
ချစ်မယ်၊ အစ်မတို့က ကျွန်တော့်ကိုချစ်လေ၊
မဟုတ်ဘူးလား"
အဲ့ဒီအဖြေကိုကြားတော့
"နင်နစ်နာနေဦးမယ်"လို့ ပြောတဲ့ရော၊
"အလကား သူ့အစ်ကိုတွေ ငါတို့
နောက်ပါမှာစိုးပြီး ပဒီးပဒါးတွေလျှောက်
လှိမ့်နေတာ "လို့ ပြောတဲ့သူရော နဲ့
နောက်ထပ်တဖန်ပွဲကျကုန်ကြတယ်။
ရွှေရောင်နားကပ်လေးဆိုမှကျွန်တော်သတိထားမိတယ်။ ညီက ဂျောင်ကုကိုဆို
ဘာမဆို ရက်ရောပေမယ့်
အဲ့ဒီနားကပ်လေးတော့ ထိန်ချန်ထားတယ်။
"Hyung မဝတ်ဖြစ်တော့တဲ့ တစ်နေ့ကျ
ပေးမှာပေါ့"တဲ့ ။
ငြီးငွေ့လွယ်ပြီး အသစ်အဆန်းကို ခုံမင်တဲ့
ညီဟာ ဒီလိုလည်း
စွဲစွဲမြဲမြဲ ရှိတက်တာပဲလားဆိုပြီး
ကျွန်တော် ကိုယ်တိုင် ထူးဆန်းခဲ့ရတယ်။
ပြီးရင် နှစ်ကိုယ်ကြားလေးပြောလိုက်သေးတယ်။
"ညီ မငြီးငွေ့တာ အစ်ကို တစ်ယောက်ထဲပါ "တဲ့။
ညီက တကယ့်ကို မလိမ်မိုးမလိမ်မာရည်းစားမျိုး၊သူ့ကို သွားပြီး ချုပ်ချယ်ကန့်သက်လို့မရဘူး။
မလုပ်နဲ့ပြောရင်ပိုလုပ်တတ်တာတွေကြောင့်
တော်ရုံကိုသွားပြီး သဝန်တိုပြလို့မရဘူး။
သူ့ရည်းစားဟောင်းတွေနဲ့ အခင်အမင်မပြတ်၊
အဆက်အသွယ် မပြတ်တာတောင်
ကျွန်တော်ဘာမှ ထုတ်မပြောဖြစ်ခဲ့ဘူး။
ကျွန်တော် သဝန်တိုရင် ချစ်ဖို့
ကောင်းတယ် လို့ပြောပေမယ့်
တကယ် တမ်း စပ်စပ်ထိမခံ လိုက် ပြောမိရင်တော့
သူနဲ့ ကျွန်တော်ဟာ အားတိုင်းရန်ဖြစ်နေရမှာပါ။
သူ့ဟာကမ္ဘာမှာသူသတ်မှတ်ထားတဲ့စည်းကမ်းက
လွဲရင် ဘယ်လိုစည်းမျဉ်းမျိုးကိုမှလည်း
အဖက်လုပ်မှာမဟုတ်ဘူးလေ။
ဒါကိုသိထားတဲ့ ကျွန်တော့်အတွက်
သူ့ကျွန်တော့် ကို ချစ်နေရင်ပြီးတာပါပဲ
ဆိုတာနဲ့တင်ကျေနပ်ခဲ့တယ်။ရောင့်ရဲခဲ့ဖူးပါတယ်။
"နေပါစေတော့ဟာ ၊ဆိုင်ရှင် အစ်ကိုကြီးကိုပဲ
ယူတော့မယ်၊ အားလုံးထဲမှာဆိုင်ရှင်အစ်ကိုကြီးကအချောဆုံးပဲလေ ဟုတ်တယ်ဟုတ်"
ဘယ်ကဘယ်လို ကျွန်တော့ကိုပါဆွဲထည့်
လိုက်ပါလိမ့်။
မီးဖိုချောင်ထဲ ကျွန်တော်ရှိနေတာကို
သူတို့ မသိလို့ လျှောက်စနေကြတာနေမယ်။
အခုနေကျွန်တော်သာ ဆိုင်ထဲကို စွက်ကနဲ ဝင်သွားကြည့်ကြည့်ပါလား။
အုပ်စုလိုက်ကြီး ထွက်ပြေးကြမှာပါ။အခုခေတ် ကလေးတွေ များသိပ်ကို မလွယ်ကူတာပါ။
" Jin Hyung ကို တော့ယူလို့ မရဘူး "
"ဘာလို့လဲ အစ်ကိုကြီးကကော နင်ရည်းစားပဲလား"
"မဟုတ်ပါဘူး ၊Jin Hyung မှာလက်ထပ်မဲ့
မမရှိတယ်တဲ့"
အလုပ်လုပ်နေတဲ့ကျွန်တော့် လက်တွေဟာ တုံ့ဆိုင်းသွားတယ်။
ဟုတ်သားပဲ။ကျွန်တော်ဆိုလေးကို
စကားတွေ အများကြီးပြောရဦးမှာပါပဲ။
***
"Hyung အတွက် လက်ဆောင် "
ညစာစားပြီး ဂျောင်ကု စာကြည့်နေတာကို
အဖော်ပြုပေးနေတုန်း
ထယ်ဟာ ကျွန်တော့် အနားရောက်လာတယ်။
ပြီးတော့ဓာတ်ပုံ အယ်လ်ဘမ်တစ်ခုကို လက်ထဲထည့်ပေးခဲ့ပါတယ်။
ဖွင့်ကြည့်မိတော့ ညီနဲ့ထယ်ရဲ့
ငယ့်ဘဝတုန်းက ဓာတ်ပုံလေးတွေ။
မိုးရေထဲမှာ၊ကမ်းခြေမှာ၊အစရှိသဖြင့်
တစ်ချို့ပုံတွေဆို
ခြေပစ်လက်ပစ်အိပ်ပျော်နေတာလေးတွေ
တောင်ပါသေးတာ။
"အားလုံးက ဖေဖေ လိုက်ရိုက်ပေးထားတာ Hyung"
"အများကြီးပဲ နော်၊ အယ် ဒီပုံကိုကြည့်ပါဦး"
ကလေးနှစ်ယောက်ဟာ
အတွင်းခံဘောင်းဘီကိုယ်စီဝတ်ထားပြီး
အံဩတကြီး
ကင်မရာဆီ ဖျက်ကနဲ ကြည့်လိုက်တဲ့ပုံလေး။
အဲ့ဒီပုံလေးကို စာကြည့်နေတဲ့ ဂျောင်ကုက
စိတ်ဝင်စားသွားတယ်။
သဘောကျလိုက်၊ရယ်လိုက်လုပ်နေတာ
အကြာကြီးပဲ။
"အဲ့ဒါ ခရီးသွားရင်း ဘောင်းဘီ လဲနေတာကို ဖေဖေ ရိုက်သွားတာလေ၊
တစ်ယောက်တစ်နေရာစီလဲပါမယ်ဆိုမှ
မေမေက ကလေးတွေပဲ ဘာရှက်စရာလိုလို့လဲတဲ့"
"ထယ်တို့ ဘယ်သွားကြတာလဲ "
"ကမ်းခြေသွားတာ Hyung ၊
ဟိုလည်းရောက်ရောမုန်တိုင်းနဲ့ တိုးရော၊
မိုးတွေ အရမ်းရွာလို့ ကမ်းစပ်မှာ မဆော့ခဲ့ရဘူး၊
အဲ့ဒါ မိသားစုရဲ့ နောက်ဆုံးခရီးပဲ၊
နောက်တော့ ဖေဖေနဲ့ မေမေ ကွဲသွားခဲ့တာမို့
အဲ့ခရီးက တကယ့် အမှတ်တရပဲ "
ထယ့်စကားကြောင့်လား၊ ငယ်ဘဝမှာတောင်
ပျော်ရွှင်မူ့အပိုင်းအစနဲ့အရယ်အပြုံးတွေ မတွေ့ရတဲ့ညီ့ဓာတ်ပုံတစ်ချို့ကြောင့်
လားတော့ မသိဘူး။
ကျွန်တော့်ရင်ထဲ လေးကနဲဖြစ်သွားတယ်။
နေပါဦး ဒါသူတို့ နှစ်ယောက်စလုံးရဲ့
တစ်ဘဝလုံးစာ အမှတ်တရတွေမဟုတ်လား။
ဒီလိုအဖိုးတန်တဲ့အရာကိုဘာကြောင့် ကျွန်တော့အတွက်လက်ဆောင်ပေးရတာလဲ။
မသိရင် ဘယ်တော့မှ ပြန်မလာတော့မဲ့
သူတွေ အတိုင်းပဲ။
အဲ့ဒါကြောင့်"နွေဦးမိုးတွေရွာတဲ့ နေ့ရောက်ခဲ့ရင်"ဆိုတဲ့ကတိစကားကိုအလျင်အမြန်တွေးတောပြီး ပြန်ကြားယောင်လိုက်ရတယ်။
အတွေးနဲ့အတူ နားထဲတိုးဝှေ့နေတဲ့
ညီစကားသံဟာ
လေးလံနေတဲ့စိတ်ကိုမဆိုသလောက်လေးတော့ အဆင်ပြေသွားစေခဲ့ပါတယ်။
ညီနဲ့ စသိကတည်းက နှစ်စဉ်၊နှစ်တိုင်း
နွေဦးမိုးတွေ ရွာနေကျလေ။
ဒီနှစ်လည်း
ကျိန်းသေပေါက် နွေဦးမိုးတွေရွာမှဖြစ်လိမ့်မယ်။
"အဲ့ဒီ ပုံလေး ကျွန်တော်ယူချင်လို့ ကျွန်တော့
ကိုပေးပါလား Hyung "
ဓာတ်ပုံငယ်ကိုကိုင်ထားရင်း
ဂျောင်ကုကတောင်းဆိုလာတယ်။
"မလုပ်ပါနဲ့ ကျေးဇူးရှင်ရယ်၊ပြီးရင်မင်းက
ဖွရှုပ်လုပ်မှာ၊
အခုတောင်ဒီ ရပ်ကွက်ထဲ ငါတို့နှစ်ယောက်က
မင်းနဲ့ရည်းစားတွေပါဆိုပြီးသတင်းကြီးနေတာ ၊လူကိုတွေ့တာနဲ့ နာမည်
တောင်မခေါ်ကြတော့ဘူး။ဟော အုန်းသီးရည်းစား တွေ ပဲ ဆိုပြီး တန်းနှုတ်ဆက်တာ"
"အဲ့ဒါ ဘာဖြစ်လို့လဲ ကျွန်တော်ကဖြင့် အနစ်နာခံပြီး
မာမားမတ်မတ်ရပ်တည်ပြီးကာကွယ်ထားရတာ "
ထယ်နဲ့ ဂျောင်ကု စကားတွေကောင်းနေတဲ့
အခိုက်အတန့်မှာပဲ
ညီရောက်လာတယ်။ညီတစ်ယောက်လည်း
မနက်ကတည်းက ပရိဘောက ပစ္စည်းတွေ
နဲ့ အလုပ်မအားနေတာ အခုချိန်အထိပဲ။
"ဒါ ဂျောင်ကု အတွက် "
သစ်သားစားပွဲခုံလေးဟာ ညီ့လက်ရာ
မို့လားမသိ သိပ်ကိုသပ်ရပ်ပါတယ်။
ညီကသင်ပေးရမလားမေးပေမဲ့
ကျွန်တော်ငြင်းဆိုခဲ့ပါတယ်။
ကျွန်တော်က သံတောင်ဖြောင့်အောင်
ရိုက်ရမှာ ပျင်းတဲ့သူလေ။
"jiminshi ဒါ ထမင်းစားဖို့ခုံလား "
"ဘယ်နှယ့် ထမင်းစားဖို့လဲ စာကြည့်ဖို့ကွ၊စိတ်ပါရင်တော့ ထမင်းစားတဲ့ အခါလည်းသုံးပေါ့"
"ထမင်းပဲ စားတော့မယ် ၊ကျွန်တော်က
နောက်တစ်ပတ်ထဲ စာမေးပွဲပြီးတော့မှာပဲဟာ"
"မင်းက တက္ကသိုလ် မတက်တော့ဘူးလား၊
တက္ကသိုလ်ရောက်လို့စာကြည့်ရင်သုံးပေါ့ "
"တက္ကသိုလ်ရောက်ရင် ဘာစာမှ ကျက်စရာမလိုတော့ဘူးတဲ့၊ ကျက်ရတဲ့စာတွေကလည်း လွယ်လွယ်လေးတွေ တဲ့ ၊ပြီးရင် ကန်တင်းလေးထိုင်ပြီး ပေါ့ပေါ့ပါးပါးနေရုံပဲတဲ့ "
"ဟင် ဂျောင်ကုကို ဘယ်သူပြောလဲ "
"ဟိုရည်းစားလေးပြောတာလေ၊
နော်ဟုတ်တယ်မလား ရည်းစားလေး "
ထယ့်ဆီ စစ်ကူတောင်းပြီး လှမ်းမေးတဲ့
ဂျောင်ကုရဲ့ ဝိုင်းစက်စက်မျက်ဝန်းအစုံကို
ကြည့်ငေးရင်း အထက်တန်းကျောင်းသားဆိုရင်လူကြီးအများစုက ဒီလိုမျိုး ပုံပြင်တွေ ပြောနေကျပဲလားလို့တွေးမိပါတယ်။ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝမှာလည်း အဲ့စကားတွေကိုယုံစားခဲ့မိကြတာပါပဲ။
"ငါအဲ့လိုပြောမိလို့လားကွ "
"ရည်းစားလေးက မေ့တက်တယ်နဲ့တူပါတယ်"
"မင်း အဲ့လိုတွေ ကြပ်ကြပ်လုပ် ၊ငါ
ရည်းစားမရရင် မင်းကြောင့်ပဲ "
ထယ်က စိတ်လည်းမဆိုးဘဲနဲ့ ရန်စကားဆိုပါတယ်။
"အော် ကျွန်တော် ရှိနေတာကို ရည်းစားက
လိုချင်နေသေးတယ် တကယ်ပါပဲ ၊
Jiminshi လည်း တစ်ခါတည်းမှာမယ်နော်
အဖြူမလေးတွေနဲ့ ဘာသံညာသံမကြားချင်ဘူး "
ပက်ကနဲ ပြောလိုက်တဲ့ စကားမှာ
ညီ နဲ့ ကျွန်တော် မျက်လုံးချင်ဆုံမိသွားကြတယ်။
ဂျောင်ကုကို လူကြီးပေါက်စလေး လို့
သက်မှတ်ရင်လည်းလွန်မယ်တော့မထင်ပါဘူး။
တကယ်တမ်း အဲ့ဒီစကားက ကျွန်တော်ညီ့ကို
မှာချင်ပေမယ့် ပြောမထွက်လို့
မမှာဖြစ်ခဲ့တဲ့စကားရယ်ပါ။ညီဟာ
ဂျောင်ကု နဖူးကို လက်နဲ့တောက်လိုက်ပြီး
"အေးပါကွာ "တဲ့။
"စာကြိုးစားနော် ၊ Hyungတို့ ပြန်လာရင်
ဂျောင်ကု လိုချင်တဲ့ နားကပ်ပေးမယ်၊
ဒီကြားထဲ ဆေးလိပ်တွေဘာတွေ
လုံးဝမလုပ်နဲ့ မင်းအရမ်းငယ်သေးတယ် "
"ဟုတ်ကဲ့ "
ညီက တည်ကြည်ခန့်ငြားပြီး အရာအားလုံးကိုလွမ်းမိုးနိုင်တဲ့၊ဩဇာအာဏာဓာတ်အပြည့်ရှိတဲ့
အမျိုးသားလေးပါ။သဘောကောင်းသလောက် စိတ်ကလည်းကြီးသေးတာမလား။
သူ စိတ်တိုပြီဆို စိုက်ကြည့်တာခံလိုက်ရရုံနဲ့
တစ်ဖက်လူမှာဖျားချင်ချင်ဖြစ်ရတယ်။
တစ်ချိန်တည်းမှာ အရှိန်အဝါကြီးမားတဲ့
အလင်းတန်းတစ်ခုလိုဆူးရှတောက်ပပြီး
တစ်ချိန်တည်းမှာပဲ ဆောင်းမနက်ခင်းနေခြည်လို နွေးနွေးထွေးထွေးနူးနူးညံ့ညံ့လေး။
အဲဒီခြုံလွှာပါးပါးအောက်မှာ
ညီ့အကြည့်တွေနဲ့
အပြုမူတွေကသိပ်ကိုသန်မာတယ်။
ယောက်ျားပီသတဲ့ အရိပ်အငွေ့တွေက
ညီနားကနေ
တစ်ချက်ကလေးတောင်ပျောက်ကွယ်မသွားဘူး။
ညီက အလှတရားတွေနဲ့ပြည့်နှက်နေတာ
တောင်နုနယ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘဲ
ကြံခိုင်လှပတဲ့ သစ်ပင်တစ်ပင်လိုဖြစ်တည်မူ့မျိုး။
ဘုရားသခင်က ညီ့ကို ဖန်ဆင်းခဲ့တုန်းက
ဘယ်လို ဂါထာတွေများရွတ်ဖတ်ခဲ့သလဲ။
စိတ်ရောခန္ဓာပါပြည့်စုံခြင်းတွေနဲ့
ကောင်လေးလူ့လောကထဲရောက်လာဖို့
ဘယ်လိုအရာတွေကများစေစားခဲ့သလဲ။
တစ်ခါတစ်ရံဂျစ်တူးလေးဆိုပေမဲ့
ကြင်နာတက်တာတွေကတော့ နှိုင်းယှဉ်ပြစရာတောင်ရှာမတွေ့ဘူး။
ညီကကြည်လင်တဲ့ရေပေါက်လေး၊ညီ့ကိုချစ်တဲ့သူတွေကိုပါအေးချမ်းစေတာမျိုး။
ပက်သက်မိရင်ရုန်းထွက်ဖို့ခက်သွားတာမျိုးပေါ့။
"အစ်ကို့ အတွက်ညီ ကောင်တာခုံ
အသစ်လုပ်ပေးထားတယ်၊
အောက်မှာ လိုက်ကြည့်ဦးနော် "
"ဟုတ်ပါပြီ အစ်ကိုအခုပဲလိုက်ကြည့်ပါ့မယ် "
အောက်ထပ်ဆင်းတဲ့ လှေကားက
ကျဉ်းပေမယ့် နှစ်ယောက်သား
လက်တွဲထားခဲ့ကြတယ်။
ကလေးတွေ မမြင်အောင်ပေါ့။
ကျွန်တော့်လက်ကိုဆုပ်ကိုင်ပြီး
ပြုံးပြတဲ့ ညီ့ကြောင့် ဝဲဘက်ရင်အုံက
ဂနာမငြိမ်တွေဖြစ်ခဲ့ရပါသေးတယ်။
အမှန်တိုင်းဝန်ခံရရင်
ညီ့အပြုံးက ကျွန်တော့် ကိုသိပ်လုံခြုံစေတာ။
အဆင်ပြေသည်ဖြစ်စေ၊အဆင်မပြေဘူးဖြစ်စေ
ဘယ်အချိန်မှာမဆို
ဝင်ခိုနားလို့ရတဲ့အခန်းငယ်တစ်ခုအတိုင်းပဲ။
တံခါးမရှိဓားမရှိဝင်ထွက်လို့ရတဲ့ရင်ခွင်ရယ်ဆိုပေမဲ့ ဘယ်တုန်းကမှ ပေါပေါပဲပဲမဆန်ခဲ့ဘူး။
ညီကဆုတောင်းတွေကိုယုံတယ်။
ကျွန်တော် က ညီ့ကိုယုံတယ်။
ဆုတောင်းတွေသာပြည့်ရမယ်ဆိုရင်
ကျွန်တော့် ဆုတောင်းက ညီ့ဆုတောင်းတွေကို
ဖြည့်ဆည်းပေးတဲ့သူဖြစ်ချင်တယ်။
နောက်တစ်ကြိမ်မွေးဖွားခြင်းမှာ ကျွန်တော် ဟာ
ညီ ဆောင်းတဲ့ဦးထုပ်လှလှလေးဖြစ်ရင်
သိပ်ကောင်းမှာပဲ။
အေးတဲ့အခါနွေးထွေးစေမယ်။
ပူတဲ့အခါတော့ ကာကွယ်ပေးမယ်လေ။
မြတ်နိုးရတဲ့ဆံနွယ်တွေနဲ့လည်းအနီးဆုံးမှာ
ထိကပ်ခွင့်ရမယ်။
ဟောင်းနွမ်းသွားတဲ့အခါ ညီ့ အငွေ့
အသက်တွေနဲ့အတူတူ တိတ်တဆိတ်
ပျက်ဆီးပျောက်ကွယ်သွားပေးမယ်။
ညီနဲ့ပက်သက်ရင်အဲ့ဒီလောက်ထိ
အတ္တကင်းပါတယ်။
ဒါ ကြောင့်ပြုံးစေချင်တယ်။
ဦးထုတ်လေးမဖြစ်ရရင်တောင်၊ဆုတောင်း
တွေမပြည့်သေးရင်တောင်ပြုံးပြုံးလေးပဲ
နေစေချင်ပါတယ်။
"ဒီည ထယ်နဲ့ မြစ်ဘေးမှာ သွားထိုင်
မလို့ လိုက်ဦးမလား "
"မလိုက်တော့ပါဘူးညီရယ် ၊ ကိုယ့်မှာစာရင်း
တွေလုပ်စရာ ရှိသေးတယ် "
" ညီ နောက်ရက်တွေ ကူပေးမယ်နော် "
"ကျေးဇူးပါဗျာ ၊ဒါနဲ့ ညီတို့သွားရင်းဂျောင်ကု ကိုပါ ပြန်လိုက်ပို့ပေးဦးသိလား၊သူဒီည အိမ်ပြန်မှာတဲ့ "
"ဟုတ်ကဲ့ "
***
Hyung....Jin Hyung"
လူခေါ်ဘဲလ်ကို တရစပ်နှိပ်ပြီး ကျွန်တော့်နာမည်ကိုပါ အော်ခေါ်နေတဲ့ ထယ့်အသံကြောင့်
အိပ်နေရာက ဆက်ကနဲ နိုးသွားတယ်။
နာရီကြည့်မိတော့ ညတစ်နာရီတောင်ကျော်နေပြီ။
ဘာဖြစ်လို့ပါလဲ။
"Hyung လာပြီ ထယ် "
တံခါးဖွင့်လိုက်ချိန်မှာ တစ်ကိုယ်လုံးစိုရွဲနေတဲ့
ထယ်ဟာ မောပန်းတကြီးနဲ့။
"Hyung "
"အင်းထယ် ဒီအချိန်ကြီး ဘာများ"
ထယ်က စကားဆုံးတဲ့အထိ
တောင်မစောင့်ခဲ့ပါဘူး။
စသိတုန်းကလိုမျိုးကျွန်တော့် လက်မောင်းကိုကိုင်ပြီး
"Hyung အခု ဆေးရုံ လိုက်ခဲ့ရမယ် " တဲ့။
"ဆေးရုံ .. ထယ် ဘာဖြစ်လို့လဲ"
"ကျွန်တော် ဘာမှမဖြစ်ပါဘူး "
"ဒါဆို ညီလား ညီဘာဖြစ်လို့လဲ "
"သူလည်း ဘာမှမဖြစ်ဘူး၊ ဖြစ်တာက
Hyung ညီမဆိုတဲ့တစ်ယောက်၊
အခု သူ့ကို ဆေးရုံတင်ထားရတယ် "
နားထင်နှစ်ဖက်ဆီဆောင့်တက်လာတဲ့
သွေးတွေက တဒိန်းဒိန်းပဲ။စိုနေတဲ့
ထယ့်လက်ကို တဖန်ပြန်ကိုင်ထားမိပါတယ်။
"ဆိုလေးက ဘယ်လို "
ရင်ထဲ တလှပ်လှပ်ဖြစ်လာပြီးစကားပြောတောင် မနည်းအားယူနေရတဲ့ အခြေနေကို
ထယ်က သဘောပေါက်နားလည်သွားတယ်
ထင်ပါရဲ့။ ဖြစ်စဉ်အစအဆုံးကို
သူကိုယ်တိုင်မောနေတဲ့ကြားက
မြင်သာအောင်ရှင်းပြတော့တယ်။
"ကျွန်တော်နဲ့ ဂျီမင်းနဲ့ မြစ်ဘေးမှာ
အရက်သွားသောက်ရင်း
မိန်းကလေးတစ်ယောက် ရေထဲဆင်းသွားတာတွေ့လို့ လိုက်ဆွဲတာ ၊အဲ့မှာ Hyung ညီမဖြစ်နေတာ၊ အဲ့ဒါနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး
သူသတိလစ်သွားလို့
ကျွန်တော်တို့ ဆေးရုံတင်ပေးလိုက်တယ်၊
ဂျီမင်းတော့ ဆေးရုံမှာကျန်ခဲ့တယ်၊
Hyung ကို သွားခေါ်ဆိုလို့ ကျွန်တော်လာခေါ်တာ"
ဆိုလေးက ရေထဲဆင်းပြီးဘာလုပ်တာလဲ၊
မဟုတ်မှလွဲ
ကျွန်တော်ထင်တာတော့ မဖြစ်ပါစေနဲ့။
အဲ့ဒီလောက်ထိ လုပ်သွားစရာ
ဘာအကြောင်းများရှိလို့လဲ။
ကျွန်တော့်ဆီ လာငို ကတည်းက မေးခဲ့ရမှာ။
အဲ့ဒီကတည်းက ပြီးပြီးရော ပြန်မလွှတ်ခဲ့မှာပါ။
"Hyung အိမ်ကို ဖုန်းဆက်ရမှာမို့ ခဏလောက် စောင့်ပေးပါ ထယ် "
"ကျွန်တော့မှာ ဖုန်းပါတယ်၊ကျွန်တော့ ဖုန်းနဲ့ပဲ
ဆက်လိုက် Hyung "
"အင်းအင်း ထယ် "
***
ဆေးရုံရောက်တော့ မြေကြီးနဲ့
တရွတ်တိုက်မလို ဖြစ်နေတဲ့ခြေလှမ်းတွေကို အတင်းလုပ်ယူ အားခဲထားရတယ်။
ဒီညီမ အပေါ်ချစ်တဲ့အချစ်ကအစ်ကိုကြီး အဖရာလို မျိုးမို့ စိုးရိမ်စိတ်ကို ဖော်မပြနိုင်အောင်ပါပဲ။
ကိုယ့်ကိုကိုယ် လည်းအပြစ်တွေတင်မိတယ်။
တစ်ခုခုများသာဆို
ကျွန်တော် ဖြေသိမ့်နိုင်မယ်မထင်ဘူး။
ကျွန်တော့်ကိုယ်ကျွန်တော်လည်း ခွင့်လွှတ်နိုင်
မယ် မထင် ပါဘူး။
"ညီ"
ညီ့ကိုတွေ့တွေ့ချင်း အနားရောက်အောင်
ပြေးသွားပြီး သူ့လက်ဖျားတွေကို
ဆုပ်ကိုင်လိုက်မိတယ်။
"ဆိုလေး ဘာဖြစ်တာလဲ ညီ "
ညီ့မျက်ဝန်းတွေက ညို့ညို့မှိုင်းမှိုင်းဖြစ်နေသလားပဲ။
အဲ့ဒီမျက်ဝန်းတွေကိုဘာသာပြန်ကြည့်ဖို့ ဦးနှောက်က လက်တလောမှာမအားလပ်သေးဘူး။ကျွန်တော့်စိတ်တွေ ကယောင်ကတမ်းဖြစ်နေတုန်းပါပဲ။
ညီဟာကျွန်တော့ကိုကြည့်နေရင်း
ထယ့်ကိုပါ တစ်ချက်ကြည့်လိုက်တယ်။
နောက်တော့
"ထယ် ငါအခုပဲ လိုက်လာခဲ့မှာမို့
ဆေးရုံရှေ့ကစောင့်နေပါ " တဲ့။
အလိုက်တသိ ထွက်ခွာသွားတဲ့
ထယ်ကျောပြင်ကို
ညီကော ကျွန်တော်ပါ စက္ကန့်ပိုင်းလောက်
ငေးမိခဲ့ကြတယ်။
"ညီ ခုနကလေးတင် ဆရာဝန်နဲ့စကားပြောပြီး
ပြီ အစ်ကို "
ညီကခုံတန်းရှည်မှာ ထိုင်ချရင်း
တိုးတိုးလေးပြောတယ်။ညီ့စကားသံကြားမှ စိတ်နဲ့ကိုယ်ဟာ ပြန်လည်တွဲမိတော့တယ်။
"ဆရာဝန်ဘာပြောသွားလဲ"ဆိုပြီးမေးချင်ခဲ့တယ်။
မေးဖို့လည်းရည်ရွယ်ထားခဲ့ပေမဲ့
လက်တွေ့ကျ တော့ မမေးမိတော့ဘူး။
ရူးလောက်အောင် ဂယောက်ဂယက်ဖြစ်ခဲ့တဲ့
ကျွန်တော်က ဘာကြောင့်များ
ညီရှေ့မှာ ငြိမ်ကျသွားရတာပါလဲ။
သူပြောလာမဲ့စကားကိုသာ
ရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့မိပါတယ်။
"အစ်ကို့ ညီမမှာ ကိုယ်ဝန်ရှိနေတယ် တဲ့ "
အံ့သြမူ့ နဲ့ မယုံကြည်နိုင်မူ့ဟာ ဝင်သက်ထွက်သက်ကို ခက်ခဲသွားစေတယ်။အသက်ရှုနေရင်း
လေပြွန်နားကစို့တက်ပြီးတင်းတင်းကြပ်ကြပ်ဖြစ်လာခဲ့တယ်။မသိရင်
တစ်ဦးတစ်ယောက်က ကျွန်တော့်လည်ပင်းကို
မညှာမတာဆွဲညစ်နေတဲ့အတိုင်းပဲ။
ဒီလောက် လိမ်မာရေးခြားရှိတဲ့ ကလေးက
ဘယ်နှယ့်ကြောင့်ကိုယ်ဝန်ရှိသွားတာရလဲ။
ကျွန်တော့် မျက်လုံးထဲမှာ
ဆိုလေးက အခုထိ ကလေးပဲရှိသေးတာလေ။
"လူနာက အားနည်းလွန်းပြီး စိတ်ပင်ပန်းမူ့
တွေများနေလို့ သတိလစ်သွားပေမဲ့
ကလေးကိုတော့ မထိခိုက်ပါဘူးလို့ ပြောတယ်"
စိတ်ကို ထိန်းချုပ်တဲ့ အနေနဲ့ အသက်ကို
ခပ်ပြင်းပြင်း ရှူလိုက်ရတယ်။
နားသယ်စပ်နားက စိမ့်ထွက်နေတဲ့ ချွေးစတွေကို
လက်ဖမိုးနဲ့သုတ်ပြီး
ညီ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။
ရှေ့မှာ မြင်နေရတဲ့ နံရံဖြူဖြူကိုပဲ
နှစ်ယောက်စလုံးငေးမောရင်း
တိတ်ဆိတ်သွားခဲ့ကြတယ်။
ကျွန်တော့်မှာ ဘာစကားမှ မရှိနေဘူး။
ညီကိုလည်း ဘာမှပြန်မပြောနိုင်သလို
အိမ်မက်လား၊တကယ့်အဖြစ်အပျက်တွေလား
ဆိုပြီးတော့လည်း အခုထိ မဝေခွဲနိုင်သေးဘူး။
ညီပြောတာတွေကိုအကြွင်းယုံပေမယ့်
ယုံလည်းမယုံချင်ဘူး။မယုံလည်းမယုံရဲဘူး။
ညီကျွန်တော့်ကို စနောက်နေတာဆိုရင်ကောင်းမယ်။
ဒါမှမဟုတ် အိမ်မက်မက်နေတာဆိုရင်လည်း
ကောင်းလိမ့်မယ်။
"ညီ ပြန်တော့မယ်နော် ၊ထယ်လေး
စောင့်နေရမှာစိုးလို့၊
လူနာကို ဂရုစိုက်လိုက်ပါ၊
သူအစ်ကို့ကို လိုအပ်နေမှာ၊စောစောလေးက
ယောင်ပြီး တော့ အစ်ကို့ကိုရှာနေတယ်၊ ညီ့ကို
လည်း "ကိုကို " ဆိုပြီး ဖက်ထားသေးတယ်"
ထပြန်ဖို့ လုပ်နေတဲ့ ညီ့ကို လက်ကို
ဆွဲထားမိလိုက်တယ်။
အကြောင်းပြချက်မရှိဘဲ
ဆွဲထားချင်လို့ သက်သက်ကို ဆွဲထား
ခဲ့တဲ့ ဖြစ်ရပ်တွေ ကျွန်တော်တို့
ကြားမှာ အများကြီးမှ အများကြီးပါပဲ။
"ဘာပဲ ဖြစ်ဖြစ် ပြောစရာရှိရင်တောင်
နောက်မှပဲပြောရအောင်၊
အစ်ကို့မှာ အစ်ကိုတစ်ယောက်အနေနဲ့လုပ်စရာတွေအများကြီးရှိနေမှာလေ၊ဒီဆေးရုံမှာ
Amelia ရော ထယ့်မေမေရောရှိတာမို့
အစစအရာရာ သူတို့ကူညီပေးကြလိမ့်မယ်၊
အခု တော့ ညီသွားပြီ "
ညီဟာကျွန်တော့် လက်ကို အသာအယာဖြုတ်ချသွားသလိုနဖူးကိုလည်း ညင်သာစွာ
နမ်းရှိုက်သွားခဲ့တယ်။အဲ့ဒီ ခဏလေးမှာ
ကမ္ဘာမြေကြီးက ကျွန်တော့တစ်နေရာစာ
ကွက်ပြီး လှုပ်ခါသွားတဲ့ အတိုင်းပါပဲ။
ဘာကြောင့်မှန်းမသိပေမဲ့
ထယ့်ကျောပြင်ကိုငေးကြည့်မိသလိုမျိုး
သူ့ကျောပြင်ကို ကျွန်တော်မကြည့်ဖြစ်ခဲ့ဘူး။
အရှင်းဆုံးပြောရရင်မကြည့်ရဲခဲ့ဘူး။
ဝေးကွာသွားတဲ့ခြေသံတွေကိုလည်း
ကျွန်တော် မကြားရဲခဲ့ပါဘူး။