Part-7 (U)

698 131 45
                                    

"ဆေးခန်းပြဖြစ်ရဲ့လားညီ "

"ဟုတ်ပြခဲ့ပြီ၊ မနေ့ကတည်းကပြခဲ့လိုက်တာ"

" ဆရာဝန်က ဘာတဲ့လဲ"

ကျွန်တော့်အမေးကို သူကချက်ချင်းအဖြေမပေးသေးဘူး။အချိန်အကြာကြီး‌ ငိုင်နေခဲ့တယ်။

လည်ပင်းကို ခပ်ဖွဖွပွတ်ပြီး စဉ်းစားနေပုံက
မသိရင်တစ်ခုခုခိုးလုပ်လာတဲ့ ကလေး
တစ်ယောက် အိမ်ကမိဘနဲ့ပက်ပင်းတိုးသ
လိုပုံစံမျိူးပဲ။

သူဟာဘယ်တော့မဆို သူ့စိတ်ကလေးနဲ့သူပြန်
လုံနေတတ်တဲ့သူမျိုးဆို‌ပေမဲ့အခုကျတော့သူ့
မျက်လုံးလေးတွေဂဏာမငြိမ်ဘူးဖြစ်နေပါတယ်။
ခါတိုင်းသူ့အပြုအမူက ဒီလိုမှ မဟုတ်တာ။
ဒါကိုကောင်းကောင်းသိထားတော့
သူဘာပြောမလဲ စိတ်ဝင်စားမိပါတယ်။
အဲ့ဒီနောက်မှာ
စိုးထိတ်ခြင်းတွေလည်းပါလာခဲ့တယ်။

"အဆုတ်လေပြွန်ယောင်နေလို့
ဆေးလိပ်ဖြတ်မှရမယ်ပြောတာပဲ "

သူ့အပြစ်သူသိထားတာကြောင့်ထင်ပါတယ်။
အဖြေတစ်ခုပြန်ပေးပြီး
ရယ်ကျဲကျဲလုပ်နေလေရဲ့။
ကျွန်တော်ကတော့ ဖြည့်တွေးပါတယ်။
သူဟာ ကလေးတစ်ယောက်ပဲဆိုပြီးတော့လေ။

"သောက်ဆေးကော ပေးလိုက်သေးလား ။
ဂရုတစိုက်နဲ့ ဆေးပတ်လည်အောင်
သောက်နော် ပေါ့မနေနဲ့"

"ဟုတ်ကဲ့ အစ်ကို "

စိတ်ထဲမှာ စကားတွေပြောချင်
နေပေမယ့်သင့်လျော်တဲ့ စကားလုံးတွေက ဦးနှောက်ဆီရောက်မလာခဲ့ဘူး။

အပြင်သွားတဲ့အခါ ထီးယူသွားဖို့မှာတာမျိုး၊
အအေးမမိစေဖို့ မှာတာမျိုး ကို
ပြောသင့်ရဲ့သားနဲ့ မပြောမိလိုက်ပါဘူး။

"အစ်ကို့ကတ်ဆက်လေး
ညီ့ကို ခဏလောက်ငှားပေးလို့ ဖြစ်လား။
ထယ့်ဆီက တိတ်ခွေတစ်ခုရထားလို့။
ညီနားထောင်ကြည့်ချင်လို့ "

"ယူပါဗျာ ပြောစရာမှမလိုတာ "

"ဟုတ်ကျေးဇူးတင်ပါတယ် အစ်ကို"

***

ကတ်ဆက် ထဲ တိတ်ခွေထည့်ပြီး ခလုတ်
နှိပ်လိုက်တာနဲ့သံစဉ် တစ်ခုထွက်ပေါ်လာတာ
ငြိမ့်ငြိမ့်ငြောင်းငြောင်းပဲ။

Anchor in the heartWhere stories live. Discover now