"ထယ်ကိုဒီရက်ထဲ သိပ်မတွေ့ဘူးနော်၊အဲ့ကလေး ဘယ်တွေများ ရောက်နေလဲ"
"အခု အချိန်တော့ သူ့အိမ်မှာ ရှိမယ်ထင်တယ် "
"ဟုတ်လား ဆိုင်လည်းမလာတာ ကြာနေပြီ၊
နေတွေ ဘာတွေကော ကောင်းရဲ့လား မသိဘူး""အင်း ကောင်းမှာပါ"
သူအသံဟာတိုးတိုးလေးပါပဲ။မကောင်းတတ်လို့
အဖြေတစ်ခုပေးလိုက်ရတဲ့ ပုံစံဆိုတာ
ကျွန်တော် ရိပ်စားမိပါတယ်။
ထယ် ပျောက်နေခဲ့တာ ၁ပတ်ကျော်နေခဲ့ပြီ။
ဒါပေမယ့် ချက်ချင်းထုတ်မမေးဖြစ်ဘူး။
တစ်ရက်လောက်ဆိုင်ရောက်မလာတာနဲ့
ကျွန်တော်တို့အားလုံးပျင်းကျန်ခဲ့ရတယ်
ဆိုရင်တောင်သူ့မှာလည်း
သူ့အကြောင်းတရားနဲ့သူရှိနိုင်တာပါပဲ။" ညီ "
"ဟုတ်ကဲ့ ပြောလေ "
"သူငယ်ချင်းတွေ ရန် ဖြစ်ထားကြသေးလား"
သူ့မျက်လုံးတွေမှာ အံဩရိပ်တွေ ဖြတ်ပြေးသွားတယ်။ဘယ်လိုများသိနေလဲ
ဆိုတဲ့ မေးခွန်းကို အဲ့ဒီမျက်ဝန်းတွေက
တစ်ဆင့် အကဲခတ်လို့ ရခဲ့ပါတယ်။
ခပ်တင်းတင်းစေ့ ပိတ်ထားတက်တဲ့
ဖြူဖျော့ဖျော့နှုတ်ခမ်းတွေလည်း လှုပ်ခတ်သွား
တယ်လို့ထင်တာပါပဲ။"ရန်ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး အစ်ကိုရယ်၊
နည်းနည်း အချေအတင်ဖြစ်သွားတာ။
တကယ်တော့ ညီလွန်တာပါ၊ထယ်မမှားပါဘူး"ညီဟာ မချိ ပြုံးတစ်ခုကို ဆင်မြန်းထားတယ်။
ဝမ်းနည်းနေတယ်လို့ အမြင်မခံချင်တဲ့
သူ့စိတ်ကို အဲ့ဒီအပြုံးက လုံခြုံအောင်
ဖုံးဖိမပေးနိုင်ခဲ့ဘူး။
ဒါကြောင့် နှစ်သိမ့်စရာစကားလုံးတွေကို
ဦးနှောက်ထဲ မြန်မြန်ဆန်ဆန်စီကုံးလိုက်ရပါတယ်။"ဟုတ်ပါပြီ၊ဘာအကြောင်းအရာနဲ့ ကတောက်ကဆ
ဖြစ်ကြသလဲ မသိပေမယ့် ကိုယ်က
အကြီးပဲ လေ၊ လျှော့သင့်တာ လျှော့ပေးပြီး
သင့်မြတ်အောင်နေပေါ့ ""လျှော့ပါတယ် ၊တောင်းလည်းတောင်းပန်ခဲ့တယ်။
သူကစိတ်ဆိုးခဲတယ်အစ်ကို၊ တစ်ခုခုကို စိတ်ခုသွားရင်လည်း တမြေ့မြေ့နဲ့ ခံစားနေတတ်တဲ့သူမျိုးလေ "