အချစ်ဦး (Completed)

By Ahlaly

209K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၁၈)

3.1K 130 5
By Ahlaly

နှုတ်ခမ်းအထက်တွင် ငယ်ကိုယ်တိုင်တင်နေသော lip stick ၏ colourသည် သူထွက်မသွားခင်ကပဲ ရွေးပေးခဲ့တာဖြစ်သည်။ မှန်ထဲတွင် မြင်နေရသော ငယ့်ပုံစံသည် အညိုဖျော့ရောင်နှုတ်ခမ်းနီဖြင့် ရင့်ကျက်သည့်အသွင်ကို ဖော်ဆောင်နေပြီး ဒီနေ့အတွက်လို့ ငယ်သတ်မှတ်ထားသည့် ရင်ဖုံးနှင့်ထဘီသည် သျှားညိုရောင်ဖြစ်သည်။

အဝတ်အစားလဲပြီးသည့်အချိန်တွင် ငယ့်ဆံပင်အရှည်တွေကို ဒီတိုင်းချထားလိုက်ရင်း ငယ့်ကိုယ်ငယ်မှန်ထဲကို ကြည့်မိသည်။ မနေ့ကအထိ သူ့ရင်ခွင်မှာမှီနွဲ့နေခဲ့သောငယ်ဟာ ဒီနေ့မှာတော့ ဆိပ်ကမ်းကို သူဌေးမကြီးအဖြစ်နဲ့သွားရတော့မည်။

ဖေဖေ့ဆီကို ထမင်းချိုင့်သွားပို့မှာမဟုတ်ပဲ ငယ်ကိုယ်တိုင်ကဖေဖေ့လိုမျိုး အချိန်ပြည့်အလုပ်တွေထဲ ကျင်လည်ဖို့ဖြစ်ခဲ့ပြီဟု တွေးမိရင်း စီးကျချင်လာသည့်မျက်ရည်စီးကြောင်းကို မျက်ခမ်းအောက်မှာထဲက တစ်ခါတည်း ဖိသိပ်ကာဖယ်ရှားပစ်လိုက်သည်။

"မနက်စာစားမယ်....."

စားပွဲပေါ်သို့ မုန့်ပန်းကန်များ စီရီကာနေရာချနေသောသူက ငယ်ရပ်ကြည့်နေတာကို  တစ်ချက်သာကြည့်လာပြီး ပန်းကန်တွေဆီမှာပဲ အာရုံစိုက်ကာ ပြောလာခြင်းဖြစ်သည်။ ထိုကြောင့်ငယ်သည် စားပွဲဆီသို့လျှောက်သွားရင်းကပင်....
"ဒီနေ့မနက်စာက ဘာဖြစ်မလဲ..."

"နန်းကြီးသုပ်၊ ဒီမှာ နင့်အတွက်...."

ငယ့်ရှေ့ကို ပန်းကန်ချပေးရင်း သူကမူပိုင်အာဏာရှင်အကြည့်တွေနဲ့ ကြည့်လာပြီး ဘာမှတော့ထုတ်မပြောသေးပဲ သူထိုင်မည်ဟုသတ်မှတ်ထားသော ခုံမှာဝင်ထိုင်သည်။

ထိုကြောင့် ငယ်လည်း ဘာမှဆက်မပြောတော့ပဲ နန်းကြီးသုပ်ကိုပဲ အာရုံစိုက်လိုက်တော့သည်။

"နို့ကုန်အောင်သောက်..."

နို့ကို မူလအရသာအတိုင်း ဖန်ခွက်ထဲထည့်ထားသည်ကို တစ်ဝက်လောက်ပင်လျှင်ငယ်မနည်းမြိုချထားရတာဖြစ်သော်လည်း စားပြီးသောက်ပြီးချိန်တွင် လက်ကိုင်ပဝါကိုခေါက်သိမ်းနေသူက အမိန့်ပေးလာသည်။

"ဒီနို့ကို ဒီတိုင်းကြီးမသောက်ပဲ သကြားတော့နည်းနည်းထည့်သင့်ပါတယ် ထည်ဝါရယ်။"

"မရဘူး...နင် သွားကိုက်မယ်။"

"အယ် ငါကနင့်မာမီလို အချိုတွေအရမ်းကြိုက်တာမှမဟုတ်တာ။ ဒီနို့အရသာ ညှီစိမ့်စိမ့်ကြီးကို မခံစားနိုင်လို့ သကြားလေးနည်းနည်းပဲထည့်ပေးဖို့ပြောတာ။"

"အရစ်တွေမရှည်နဲ့။ မြန်မြန်သောက်တော့...
ကိုမှိုင်းစောင့်နေတယ်။"

ခပ်ပြတ်ပြတ်သူ့အပြောကြောင့် သူ့ကိုမျက်စောင်းထိုးရင်း ကျန်ရှိသောနွားနို့ကို အတင်းမော့သောက်မြိုချလိုက်သည်။

"ရော့....." ဆိုသော အသံနှင့်အတူ ငယ်နှုတ်ခမ်းညာဘက်အစွန်းကိုရောက်ရှိလာသည့် လက်ကိုင်ပဝါလေးကြောင့် နီးကပ်လာတဲ့အနေအထားမှာ ငယ်သူ့ကိုကြည့်လိုက်သည်။

ဒီနေ့မှာလည်း သူဟာအရင်နေ့တွေလိုပဲ ကျောလယ်လောက်ရှိသည်သူ့ဆံတွေကို ငယ့်ဆံညှပ်ဖြင့် ညှပ်တွယ်ထားတာဖြစ်သည်။ သူဝတ်နေကျ စွပ်ကျယ်နှင့် ဂျင်းဖက်သောဘောင်းဘီအတိုနှင့်ပဲရှိနေသေးသည်မို့....။
"နင်...နင် မလိုက်ဘူးလား။" ဟု အလန့်တကြားနဲ့ပဲမေးလိုက်မိသည်။

သမီးငယ်၏နှုတ်ခမ်းအစွန်းနှစ်ဖက်ကို နှုတ်ခမ်းနီပျက်မသွားအောင် သေချာသုတ်ပေးနေရင်းမှ သမီးငယ်ကရုတ်တရပ်ကြီး မတ်တပ်ရပ်သွားသည်မို့ လေပူတချို့ကိုမှုတ်ထုတ်လိုက်ရင်း လက်ကိုင်ပဝါကို စားပွဲမှာ တင်ချထားလိုက်သည်။

"နင်မလိုက်ရင် ငါမသွားဘူးနော်......။ "

ထမင်းစားခန်းဆီကနေ ပြေးထွက်ဖို့လုပ်တော့မည့် သမီးငယ်၏လက်မောင်းကို သူဆွဲထားလိုက်ရင်း သူကိုယ်တိုင်လည်း ထိုင်ခုံကနေထ,ရပ်ကာ သမီးငယ်၏ကိုယ်သေးသေးလေးကို ရင်ခွင်ထဲထည့်ထားလိုက်တော့သည်။

"ငါ..ငါ မလုပ်ချင်တော့ဘူး။ မသွားတော့ဘူး..."

ငြင်းဆန်နေသူ၏ ဦးခေါင်းလေးကို လက်ဖြင့်ခပ်ဖွဖွပွတ်ပေးရင်း သမီးငယ်ကို ရင်ခွင်ထဲကနေ ဖယ်ခွာစေကာ ကုမ္ပဏီသွားဖို့ ပြင်ထားဆင်ထားသော မျက်နှာလေးကို ခေါင်းအနည်းငယ်ညွှတ်ချ၍ အသေအချာကြည့်မိသည်။

သူ့ဘက်က စိုက်ကြည့်နေသည်ကြောင့် သမီးငယ်က မျက်ဆံလေးတွေ ဘယ်ညာ ထောင့်ဘက်သို့ကပ်သွားရင်းဖြင့် သူ့ထံကို မဝံ့မရဲလေးပြန်ကြည့်နေပေသည်။

"တစ်ယောက်ထဲလည်း ရပ်တည်နိုင်ရမယ် သမီးငယ်။ နင်လုပ်နိုင်တာ ငါသိတယ်။"

ငယ့်လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်လာပြီး ပြောလာသည့် သူ့မျက်ဝန်းညိုညိုတွေရဲ့ ခိုင်မာမှုကြောင့် ငယ်သည် နေရာမှာတင်လူစားထိုးခံလိုက်ရသကဲ့သို့ဖြစ်သွားကာ...
"နင် အိမ်မှာပဲနေမှာမလား။"

"အင်း...နင်ပြန်လာရင် အအေးဖျော်တိုက်ဖို့ အိမ်မှာစောင့်နေမယ်။ ပိုက်ဆံတွေအများကြီးရှာခဲ့ ကြားလား..."

"အွန်းး...."

သူ့အပြောကြောင့် ငယ့်မှာ မျက်နှာမချိုမချဥ်ဖြစ်သွားရပြီး သူကိုယ်တိုင်ကလည်းသူ့ပြောကိုသူ ရယ်ချင်နေပုံရသည်။ ပြီးတော့လည်း ပြောပြီးမှ သူရှက်သွားလို့ဖြစ်နိုင်သည်။ ငယ့်ခန္ဓာကိုယ်ကို လှည့်လည်ပြီး သူ့အားကျောခိုင်းသွားစေပြီးချက်ချင်းမှာပဲ...
"သွားတော့.." ဟု ဆိုတော့သည်။

ဒီအခြေအနေမှာ ငယ်ကိုယ်တိုင်လည်း သူ့ကိုပြန်လှည့်ကြည့်မိရင် ဝါးလုံးကွဲမတတ်ရယ်ချမိမှာမို့ တည်တည်တံ့တံ့နဲ့ ဆိပ်ကမ်းကိုသွားနိုင်ဖို့အတွက် သူလှည့်ပေးထားသည့်အတိုင်း တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့လိုက်သည်။

ပေါ်တီကိုအောက်မှာ ကားရပ်ထားသည့်ကိုမှိုင်းက ငယ့်ကိုမြင်သည့် ချက်ချင်းမှာပဲ ကားတံခါးကို အသင့်ဖွင့်ပေးထားသည်မို့ ငယ်သည် ငြိမ့်ခနဲဆိုသလိုနှင့် အိမ်ကနေထွက်လာခဲ့နိုင်သည်။

"နောက်သုံးရက်နေရင် ရှယ်ယာရှင်အစည်အဝေး စ,ဖို့ပြင်ဆင်ထားပါတယ် မမလေး။ ဒီနေ့အတွက်ကတော့ ဝန်ထမ်းအိမ်ရာကို အရင်ဆုံးသွားဖို့အကြံပြုချင်ပါတယ်။ သူဌေးဆုံးသွားပြီးနောက်မှာ  ဝန်ထမ်းတွေကမမလေးကို အများကြီးမျှော်လင့်နေကြပါတယ်။ မမလေးရဲ့ ကောင်းမွန်တဲ့ပုံရိပ်တွေကို ချပြပေးလိုက်ပါ။ ဒီလိုဆို သူတို့က မမလေးဘက်ကိုအလိုလိုရောက်လာပါလိမ့်မယ်"

"ဒါဆိုလည်း အဲ့လိုပဲလုပ်တာပေါ့။ ကိုမှိုင်းကိုပဲ ယုံကြည်ထားလို့ရတယ်မလား။"

"ဟုတ်ကဲ့..."

"ထည်ဝါ့ဆီကို လုံးဝပြန်မသွားတော့ဘူးမလား။ ဘယ်လိုလုပ်ပြီး ငယ့်ဆီ ရောက်လာတာလဲဟင်"

ကိုမှိုင်းနဲ့ ဒရယ်ဂွန်ဆိုတာ ထည်ဝါနဲ့ငယ်ခွဲနေခဲ့ရသည့် အချိန်တွေမှာတောင် ထည်ဝါ့နံဘေးမှာ မခွဲမခွာရှိနေခဲ့သူတွေဖြစ်သည်။ သူတို့ကိုတိုင်ကလည်း ထည်ဝါနဲ့ အန်ကယ်ကောင်းဆိုလျှင်တောင်မှ ထည်ဝါ့အတွက်သာ ရှင်သန်ကြသူတွေဖြစ်သည်။

ဒီလိုကိုမှိုင်းနဲ့ ဒရယ်ဂွန့်အပေါ်တွင်လည်း ထည်ဝါ့ဘက်က သူ့အသက်နှစ်ချောင်းလို့ပင် ညွှန်းဆိုဖူးခဲ့သည်။ အခုအခါမှာ သူ့ရဲ့အသက်တစ်ချောင်းလို့သူမှတ်ယူထားတဲ့ ကိုမှိုင်းကို ငယ့်အနားကို ပို့ပေးခဲ့ပြီဖြစ်သည်။

"ကျွန်တော့်မှာ သခင်တစ်ယောက်ပဲရှိပါတယ်။ ကျွန်တော်က အမြဲတမ်းသခင်လေး ဘက်တော်သားပါ။ "

"ဒါဆို ငယ်ဘယ်လိုယုံကြည်ရမလဲ။ တစ်ချိန်ချိန် ငယ်နဲ့ထည်ဝါသာ အဆင်မပြေတော့ရင်.....။ ငယ့်ဆီကအရာအားလုံးကို ထည်ဝါ့ဆီမှာအကုန်ချပြပေးမှာလား၊ အဲ့လိုလား ကိုမှိုင်း..."

"အဲ့ဒီဘက်တော့ ယုံကြည်လို့ရပါတယ် မမလေး။ ကျွန်တော့်ကိုမဟုတ်ပဲ သခင်လေးကိုပဲယုံကြည်ထားလိုက်ပါ....မမလေးအတွက်ဆို အလောင်းဖျောက်ပေးဖို့တောင် သူကနှစ်ခါတွေးမှာမဟုတ်ပါဘူး။"

"အင်း....။ ငယ့်မှာ သူပဲရှိတော့တာ၊ ငယ်သူ့ကို သိပ်ယုံတာပေါ့လေ...."

ကိုမှိုင်းသည် ငယ့်ဘဝရဲ့ပင်မယုံကြည်ရာကို ပြန်လည်သတိပေးကာ အနေအထားကို ငြိမ်သက်စေသည်။ ဒီလိုပါးနပ်မှုတွေကြောင့်ပဲ ထည်ဝါက ကိုမှိုင်းကို တန်ဖိုးထားတာဖြစ်မည်။

"ဘာပဲဖြစ်ဖြစ် ကျေးဇူး ကိုမှိုင်း၊ ရှေ့လျှောက် ငယ့်အတွက် အင်အားအဖြစ်ရှိပေးပါ။"

"ဟုတ်ကဲ့..."

သို့နှင့် ငယ်နဲ့ကိုမှိုင်းတို့၏ စကားပြောဆိုမှုက အဆုံးသတ်သွားခဲ့ပြီးနောက်တွင် ကိုမှိုင်းပြောခဲ့သည့်အတိုင်း ဝန်ထမ်းအိမ်ရာတွင် ငယ်သည် အားလုံးရဲ့မျှော်လင့်ချက်အသစ်အနေနဲ့ အစပြုပြီး Nge Groupကို ဝင်ရောက်ခဲ့သည်။

"ဟ..မင်းလည်းဖြစ်သားပဲ..."
တောက်ပခဲ့ဖူးသော လက်ရွေးစင်ဘောလုံးသမား တစ်ဦးတစ်ဖြစ်လည်း ယခုအခါတွင် နိုင်ငံအတွက်လက်ရွေးစင်အများအပြားကို မွေးထုတ်ပေးနေသူ စွမ်းပြည့်သည် မိမိ၏သူငယ်ချင်း ကောင်းမြတ်သော၏ သားအငယ်လေး၏ကစားဟန်တို့ကို ကွင်းအပြင်ကနေကြည့်နေခဲ့ပြီး ပွဲပြီးချိန်တွင် ဂုဏ်ယူစွာနှင့်ပြောဆိုခဲ့သည်။

ထိုအပြောနဲ့မလုံလောက်သေးဘူးဟု စွမ်းပြည့်ယူဆသည်ကြောင့် ထည်ဝါ့ပခုံးကို လှမ်းဖက်ရင်းဖြင့်...
"ဒါက ကောင်းမြတ်သောရဲ့ သွေးပဲကွ..." ဟု ကြုံးဝါးမိသည်။

"ဒါလေးနဲ့တော့ မပြောပါးလောက်ပါဘူး အန်ကယ်ရာ၊ ရောင်ဝါကြားရင် ရယ်နေပါဦးမယ်ဗျာ...."
သူသည် ဦးခေါင်းအထက်တွင် ထုံးဖွဲ့ထားခဲ့သော ဆံထုံး၏ မြဲမြံမှုကို ညာလက်မြှောက်၍ ဆုပ်ကိုင်ကြည့်ရင်း ထိုသို့ပြောတော့ အန်ကယ်စွမ်းပြည့်က အကျယ်ကြီးအော်ရယ်တော့သည်။

ပြီးနောက်တွင် ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း...
"ဒီကောင်ကတော့ ကောင်းထက်တောင်ပိုပြီးတော်သေးတယ်လို့ ပြောရမယ်။ ကျန်တာတွေဘာမှမသိရင်တောင် ဘောလုံးအကြောင်းကိုတော့ ကောင်းကောင်းကြီးနာလည်နေတော့တာကွ။"

ဒီအပြောကိုတော့ သူခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။ တကယ်တမ်းမှာလည်းရောင်ဝါသည် အန်ကယ်စွမ်းပြည့်ပြောသလို ဘောလုံးတစ်ခုကိုတော့ ကျွမ်းကျင်စွာသိသူဖြစ်သည်။ အကိုဖြစ်သူသည် မိန်းကလေးတိုင်း ငေးမောရတဲ့အရည်အချင်းတွေပိုင်ဆိုင်ထားသူဖြစ်သည်ကို အကိုကိုယ်တိုင်တောင် မသိပေမယ့်လည်း ထည်ဝါကတော့သိသည်။

ရောင်ဝါ့လို ရိုးရှင်းပြီး ယောကျာ်းပီသသည့်သူဟာ မိန်းကလေးတိုင်းစိတ်ကူးယဥ်ရသော အမျိုးသားဖြစ်ခဲ့သည်။ ယခုအချိန်ထိတိုင်လည်း ထိုသို့အမျိုးသား၏ စန်းပွင့်မှုများက ဒရယ်ဂွန်ပင်လျှင် အနားကမခွာစတမ်း ခွာချပေးနေရတာဖြစ်သည်ဟု တွေးမိပြီး တစ်ဆက်တည်းမှာပဲ သူသည် ကိုမှိုင်းကိုစဥ်းစားမိသွားပြီးနောက်တွင် သူ့ပစ္စည်းများချထားခဲ့သော ခုံတန်းဆီသို့ပြေးလာခဲ့လိုက်သည်။

ခုံပေါ်တွင်ချခဲ့သော နာရီကိုအရင်ရှာဖွေသော်လည်း ရှာမတွေ့ပဲရှိသည်ကြောင့် ပစ္စည်းများကို တစ်ခုချင်းဆီဖယ်ခွာပြီး ရှာဖွေနေမိသည်။

"ဒီနာရီလေး ကိုယ်ကြိုက်တယ်၊"

အသံကြောင့် သူ့အနောက်ဘက်သို့လှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည့် ထိုလူကယောကျာ်းလေးဖြစ်ပါလျက်နှင့် မင်းသမီးအရှုံးပေးရလောက်အောင်အထိ ပြင်ဆင်ထားသည်။

"ဒါပေမယ့် မင်းလက်ကလေးနဲ့ဝတ်ထားတဲ့အချိန်ဆို နာရီကပိုလှသွားတယ်လို့ ထင်တယ်...ရော့ "

ရီသဲ့သဲ့အပြောနှင့်အတူ ရွံစရာမျက်ဝန်းတစ်စုံကြောင့် သူသည်ချက်ချင်းပဲ ထိုလူကမ်းပေးသည့် သူ့နာရီကို မြေပြင်အထက်သို့ ပစ်ပေါက်လိုက်တော့သည်။

"အိုးး.....မင်းက ချမ်းသာမှန်း သိပါတယ်ကွာ။ ဒီလိုချစ်စရာကောင်းအောင် ဒေါသထွက်ပြဖို့မလိုပါဘူး။"

"ခင်များး...."
သူ့မျက်နှာရှိရာဘက်သို့ ရောက်လာသည့်ထိုလူ၏ လက်တစ်ဖက်ကို ဖြတ်ရိုက်ချလိုက်ရင်း သူပိုပြီးဒေါသထွက်လာရတော့သည်။

သူ့အကိုနှင့်အမသည် ယောကျာ်းချင်း၊မိန်းမချင်း လက်ထပ်ခဲ့သူများဖြစ်တာကြောင့် ဒီအသိုင်းအဝိုင်းဟာ သူ့အတွက်စိမ်းသက်မနေခဲ့သော်လည်း ယခုကဲ့သို့ရဲတင်းလွန်းသော ပြုမူပုံများနှင့်ထိုလူကို သူ ရွံမိသည်။

ယောကျာ်းတစ်ယောက်ဖြစ်ပြီး ဒီလောက်ထိ မျက်နှာပြောင်တိုက်ပြီး တခြားယောကျာ်းဆီမှာ ရိသဲ့သဲ့စကားတွေပြောနေသည်က မုန်းဖို့ကောင်းသည်။ ဘယ်လိုရေစက်မှန်းတော့ မသိပေမယ့်လည်း ဒီလူနဲ့ပထမဆုံးအကြိမ်တွေ့ထဲက ဒီလူကိုမုန်းတာဖြစ်သည်။

"မင်းပြန်ရောက်လို့ ဝမ်းသာတဲ့အကြောင်းလာပြောတာ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ပြန်လိုက်မယ်။ နောက်တစ်ခါတွေ့ရင် ငါ့ကိုပြန်ချစ်ဖို့ကြိုးစားရမယ်နော်...."
ထက်ဝေဟင်သည် သူ့အားရွံရှာသလိုကြည့်နေသော ကောင်လေး၏ အကြည့်တွေကို ဆက်ပြီးခံနိုင်ရည်မရှိတော့တာမို့ ထိုမျှသာတွေ့ဆုံမှုကိုကျေနပ်လိုက်ပြီး ပြန်လှည့်ထွက်ခဲ့လိုက်သည်။

ကောင်လေးကို ကျောခိုင်းပြီး လျှောက်နေခဲ့ရင်းမှ သံယောဇဥ်မပြတ်နိုင်သေးပဲ နောက်သို့လှည့်ကာ ကြည့်မိတော့ သူ့အားပြာချစေနိုင်လောက်သော အကြည့်တို့ဖြင့် ကြည့်နေသူနှင့် အကြည့်ချင်းဆုံသည်။

"တောက်....."
နောက်သို့လှည့်ကြည့်ပြီး အရူးတစ်ယောက်လိုပြုံးပြီး လက်သီးဆုပ်ကာထောင်ပြရင်း...
"ကြိုးစားထားနော်.."လို့ ပြောသူ၏ခေါင်းကို နေရာမှာတင်ရိုက်ခွဲလိုက်ချင်သော်လည်း အနီးအနားမှ..
"၄နာရီတောင် ထိုးတော့မယ်" ဆိုသည့်အသံကြောင့် သူသည် ပစ္စည်းများအားလုံးကိုထားခဲ့ကာ နေရာကနေ ပြေးထွက်ခဲ့လိုက်တော့သည်။

အိမ်သို့ပြန်ရောက်သည့်အခါမှာလည်း ဘောလုံးအင်္ကျီကိုတောင် လဲဖို့အချိန်မရတော့ပဲ သမီးငယ်အကြိုက်ဖြစ်သည့် လိမ္မော်သီးဖျော်ရည်အတွက် ကြိုးစားနေမိသည်။

အရည်ညှစ်စက်ဖြင့် အရည်စစ်ထုတ်ပြီးနောက်တွင် နောက်ထပ် လိမ္မော်သီးတစ်လုံးကိုယူ၍ အခေါ်သင်ကာ အမျှင်များကို ဂရုတစိုက်နဲ့ဖယ်ရှားပြီးနောက်တွင် လိမ္မော်သီးတစ်စိပ်ကို ဓားဖြင့်သုံးပိုင်းပိုင်းကာ ဖျော်ရည်ခွက်ထဲကို ထည့်ပေးနေချိန်တွင်...

"ထည်ဝါရေ..."
ဆိုသော ခေါ်သံကြောင့် လုပ်လက်စများကို လက်စသတ်လိုက်သည်။ လိမ္မော်ရည်ခွက်ကိုကိုင်ရင်း အိမ်ရှေ့သို့ထွက်လာခဲ့သည်။

"အို့...ဘောလုံးသွားကန်တာလား။
အရမ်းမိုက်တယ်....သိတယ်မလား၊ ဘောလုံးဝတ်စုံ ဝတ်တဲ့အချိန်ဆို နင်အရမ်းမိုက်တယ်။"

သူ့လက်ထဲရှိဖျော်ရည်ခွက်ကို အာရုံမရသေးပဲ သူ့ဝတ်ထားသော နီညိုရောင်ဘောလုံးအင်္ကျီကိုသာ အာရုံရနေတော့သည်။ ဒီဟာလေးကိုကြည့်ရတာ တစ်နေ့လုံးရုံးမှာ ဘာမှမလုပ်ခဲ့သလိုနဲ့ ပေါ့ပါးနေဆဲဖြစ်နေသည်။

"အသားမဲလည်း နင်ကအနီရောင်ဖက်စပ်တွေနဲ့လိုက်တာပဲ....."

"အင်း....။ ရော့ ဖျော်ရည်သောက်"

သူ့ကိုပဲ ရွှန်းရွှန်းစားစားတွေကြည့်ပြီး မြူးကြွနေသည့် ဒီပုံရိပ်တွေမှာ သူဆက်ပြီးတည်တံ့မနေနိုင်တော့တာမို့ ဖျော်ရည်ခွက်ကို ကမ်းပေးလိုက်ရင်း အနေအထားကိုထိန်းချုပ်လိုက်သည်။

"အရမ်းကောင်းတယ်၊ ကျေးဇူးနော်..."

အအေးသောက်ပြီးချိန်တွင် သူ့လက်ထဲတွင်ကိုင်ထားဆဲဖြစ်သော အောက်ခံပန်းကန်အထက်တွင် ဖန်ခွက်ကို ပြန်လည်ချပေးပြီး ကျေးဇူးတင်စကားဆိုသည့် နှုတ်ခမ်းလှလှလေးမှာ အအေးစက်တချို့က ခိုကပ်နေဆဲဖြစ်သည်။

ထိုအအေးစက်လေးများအား အမြဲအသင့်ဆောင်ထားမြဲဖြစ်သော ဘောင်းဘီအိတ်ကပ်ထဲမှလက်ကိုင်ပဝါကို ထုတ်ယူပြီး ခပ်ဖွဖွလေး သုတ်ပေးမိသည်။

"ငါ ရေသွားချိုးလိုက်ဦးမယ်။ ခဏနော်...." ဆိုကာ အိမ်အပေါ်ထပ်သို့တက်သွားသည့် သမီးငယ်ဟာ သူ့မျက်စိထဲမှာတော့ အခုထိ သူ့အားငိုသည်အထိစ,နောက်ရတာမျိုးကို သဘောကျသည့်၅နှစ်အရွယ်ပဲ ရှိဦးမည်။

"နင်လည်း ဒီနေ့လာမှာမလား။ တစ်ခါတည်းပဲ လိုက်ခဲ့လေ..."

သူပြင်ဆင်ပေးထားသော ပါစတာကိုစားနေရင်းမှ သမီးငယ်သည် ရှယ်ယာရှင်အစည်းအဝေးနဲ့ပက်သတ်ပြီး စိတ်ပူတာမျိုးမရှိသည့်ပုံဖြင့် အေးဆေးစွာပင် ပြောလာသည်။

ဒီနေ့နဲ့ဆို သမီးငယ်ရုံးကိုသွားတာ ၃ရက်မြောက်ပြီဖြစ်သည်။ ဒီသုံးရက်လုံးမှာ သမီးငယ်နှင့်ပက်သတ်သည့် သတင်းတွေကို သူ့ဘက်က စုံစမ်းခြင်းရပ်တန့်ခဲ့သည်မို့ ဒီရက်တွေမှာ သမီးငယ်သည်ကုမ္ပဏီအား မည်သို့ဦးဆောင်နေကြောင်း ဒီနေ့တော့သူသိခွင့်၊ မြင်ခွင့်ရတော့မည်။

ထိုသို့တွေးလိုက်တိုင်း သူသည် ညကလည်းကောင်းကောင်းအိပ်မပျော်ခဲ့သလို အခုမနက်ခင်းမှာလည်း တစ်ခုခုလိုအပ်နေသလိုမျိုးနှင့် နေလို့၊ထိုင်လို့ အဆင်မပြေဖြစ်နေသည်။ သို့သော်လည်း သမီးငယ်ကမူ ဘာမှကိစ္စမရှိသလိုမျိုးနှင့် စားသောက်နေနိုင်သည်။

"စားလေ..စားပြီးမှဖြည်းဖြည်းပဲလာခဲ့၊ ငါတော့သွားတော့မယ်။"

စားလက်စများကို မြန်မြန်ပဲလက်စသတ်ပြီး သမီးငယ်သည် သူ့ဘက်ကလက်ကိုင်ပဝါထုတ်ဖို့ပင် အချိန်မရှိရလောက်အောင် ထိုင်နေရာကနေထ,ထွက်သွားသည်က ကားသံပျောက်ကွယ်သွားပါမှ သူသည်တားဖို့ကို သတိရတော့သည်။


__________________


Zawgyi......


ႏႈတ္ခမ္းအထက္တြင္ ငယ္ကိုယ္တိုင္တင္ေနေသာ lip stick ၏ colourသည္ သူထြက္မသြားခင္ကပဲ ေ႐ြးေပးခဲ့တာျဖစ္သည္။ မွန္ထဲတြင္ ျမင္ေနရေသာ ငယ့္ပုံစံသည္ အညိဳေဖ်ာ့ေရာင္ႏႈတ္ခမ္းနီျဖင့္ ရင့္က်က္သည့္အသြင္ကို ေဖာ္ေဆာင္ေနၿပီး ဒီေန႔အတြက္လို႔ ငယ္သတ္မွတ္ထားသည့္ ရင္ဖုံးႏွင့္ထဘီသည္ သွ်ားညိဳေရာင္ျဖစ္သည္။

အဝတ္အစားလဲၿပီးသည့္အခ်ိန္တြင္ ငယ့္ဆံပင္အရွည္ေတြကို ဒီတိုင္းခ်ထားလိုက္ရင္း ငယ့္ကိုယ္ငယ္မွန္ထဲကို ၾကည့္မိသည္။ မေန႔ကအထိ သူ႔ရင္ခြင္မွာမွီႏြဲ႕ေနခဲ့ေသာငယ္ဟာ ဒီေန႔မွာေတာ့ ဆိပ္ကမ္းကို သူေဌးမႀကီးအျဖစ္နဲ႔သြားရေတာ့မည္။

ေဖေဖ့ဆီကို ထမင္းခ်ိဳင့္သြားပို႔မွာမဟုတ္ပဲ ငယ္ကိုယ္တိုင္ကေဖေဖ့လိုမ်ိဳး အခ်ိန္ျပည့္အလုပ္ေတြထဲ က်င္လည္ဖို႔ျဖစ္ခဲ့ၿပီဟု ေတြးမိရင္း စီးက်ခ်င္လာသည့္မ်က္ရည္စီးေၾကာင္းကို မ်က္ခမ္းေအာက္မွာထဲက တစ္ခါတည္း ဖိသိပ္ကာဖယ္ရွားပစ္လိုက္သည္။

"မနက္စာစားမယ္....."

စားပြဲေပၚသို႔ မုန္႔ပန္းကန္မ်ား စီရီကာေနရာခ်ေနေသာသူက ငယ္ရပ္ၾကည့္ေနတာကို  တစ္ခ်က္သာၾကည့္လာၿပီး ပန္းကန္ေတြဆီမွာပဲ အာ႐ုံစိုက္ကာ ေျပာလာျခင္းျဖစ္သည္။ ထိုေၾကာင့္ငယ္သည္ စားပြဲဆီသို႔ေလွ်ာက္သြားရင္းကပင္....
"ဒီေန႔မနက္စာက ဘာျဖစ္မလဲ..."

"နန္းႀကီးသုပ္၊ ဒီမွာ နင့္အတြက္...."

ငယ့္ေရွ႕ကို ပန္းကန္ခ်ေပးရင္း သူကမူပိုင္အာဏာရွင္အၾကည့္ေတြနဲ႔ ၾကည့္လာၿပီး ဘာမွေတာ့ထုတ္မေျပာေသးပဲ သူထိုင္မည္ဟုသတ္မွတ္ထားေသာ ခုံမွာဝင္ထိုင္သည္။

ထိုေၾကာင့္ ငယ္လည္း ဘာမွဆက္မေျပာေတာ့ပဲ နန္းႀကီးသုပ္ကိုပဲ အာ႐ုံစိုက္လိုက္ေတာ့သည္။

"ႏို႔ကုန္ေအာင္ေသာက္..."

ႏို႔ကို မူလအရသာအတိုင္း ဖန္ခြက္ထဲထည့္ထားသည္ကို တစ္ဝက္ေလာက္ပင္လွ်င္ငယ္မနည္းၿမိဳခ်ထားရတာျဖစ္ေသာ္လည္း စားၿပီးေသာက္ၿပီးခ်ိန္တြင္ လက္ကိုင္ပဝါကိုေခါက္သိမ္းေနသူက အမိန္႔ေပးလာသည္။

"ဒီႏို႔ကို ဒီတိုင္းႀကီးမေသာက္ပဲ သၾကားေတာ့နည္းနည္းထည့္သင့္ပါတယ္ ထည္ဝါရယ္။"

"မရဘူး...နင္ သြားကိုက္မယ္။"

"အယ္ ငါကနင့္မာမီလို အခ်ိဳေတြအရမ္းႀကိဳက္တာမွမဟုတ္တာ။ ဒီႏို႔အရသာ ညႇီစိမ့္စိမ့္ႀကီးကို မခံစားႏိုင္လို႔ သၾကားေလးနည္းနည္းပဲထည့္ေပးဖို႔ေျပာတာ။"

"အရစ္ေတြမရွည္နဲ႔။ ျမန္ျမန္ေသာက္ေတာ့...
ကိုမႈိင္းေစာင့္ေနတယ္။"

ခပ္ျပတ္ျပတ္သူ႔အေျပာေၾကာင့္ သူ႔ကိုမ်က္ေစာင္းထိုးရင္း က်န္ရွိေသာႏြားႏို႔ကို အတင္းေမာ့ေသာက္ၿမိဳခ်လိုက္သည္။

"ေရာ့....." ဆိုေသာ အသံႏွင့္အတူ ငယ္ႏႈတ္ခမ္းညာဘက္အစြန္းကိုေရာက္ရွိလာသည့္ လက္ကိုင္ပဝါေလးေၾကာင့္ နီးကပ္လာတဲ့အေနအထားမွာ ငယ္သူ႔ကိုၾကည့္လိုက္သည္။

ဒီေန႔မွာလည္း သူဟာအရင္ေန႔ေတြလိုပဲ ေက်ာလယ္ေလာက္ရွိသည္သူ႔ဆံေတြကို ငယ့္ဆံညႇပ္ျဖင့္ ညႇပ္တြယ္ထားတာျဖစ္သည္။ သူဝတ္ေနက် စြပ္က်ယ္ႏွင့္ ဂ်င္းဖက္ေသာေဘာင္းဘီအတိုႏွင့္ပဲရွိေနေသးသည္မို႔....။
"နင္...နင္ မလိုက္ဘူးလား။" ဟု အလန္႔တၾကားနဲ႔ပဲေမးလိုက္မိသည္။

သမီးငယ္၏ႏႈတ္ခမ္းအစြန္းႏွစ္ဖက္ကို ႏႈတ္ခမ္းနီပ်က္မသြားေအာင္ ေသခ်ာသုတ္ေပးေနရင္းမွ သမီးငယ္က႐ုတ္တရပ္ႀကီး မတ္တပ္ရပ္သြားသည္မို႔ ေလပူတခ်ိဳ႕ကိုမႈတ္ထုတ္လိုက္ရင္း လက္ကိုင္ပဝါကို စားပြဲမွာ တင္ခ်ထားလိုက္သည္။

"နင္မလိုက္ရင္ ငါမသြားဘူးေနာ္......။ "

ထမင္းစားခန္းဆီကေန ေျပးထြက္ဖို႔လုပ္ေတာ့မည့္ သမီးငယ္၏လက္ေမာင္းကို သူဆြဲထားလိုက္ရင္း သူကိုယ္တိုင္လည္း ထိုင္ခုံကေနထ,ရပ္ကာ သမီးငယ္၏ကိုယ္ေသးေသးေလးကို ရင္ခြင္ထဲထည့္ထားလိုက္ေတာ့သည္။

"ငါ..ငါ မလုပ္ခ်င္ေတာ့ဘူး။ မသြားေတာ့ဘူး..."

ျငင္းဆန္ေနသူ၏ ဦးေခါင္းေလးကို လက္ျဖင့္ခပ္ဖြဖြပြတ္ေပးရင္း သမီးငယ္ကို ရင္ခြင္ထဲကေန ဖယ္ခြာေစကာ ကုမၸဏီသြားဖို႔ ျပင္ထားဆင္ထားေသာ မ်က္ႏွာေလးကို ေခါင္းအနည္းငယ္ၫႊတ္ခ်၍ အေသအခ်ာၾကည့္မိသည္။

သူ႔ဘက္က စိုက္ၾကည့္ေနသည္ေၾကာင့္ သမီးငယ္က မ်က္ဆံေလးေတြ ဘယ္ညာ ေထာင့္ဘက္သို႔ကပ္သြားရင္းျဖင့္ သူ႔ထံကို မဝံ့မရဲေလးျပန္ၾကည့္ေနေပသည္။

"တစ္ေယာက္ထဲလည္း ရပ္တည္ႏိုင္ရမယ္ သမီးငယ္။ နင္လုပ္ႏိုင္တာ ငါသိတယ္။"

ငယ့္လက္ေမာင္းႏွစ္ဖက္ကို တင္းက်ပ္စြာဆုပ္ကိုင္လာၿပီး ေျပာလာသည့္ သူ႔မ်က္ဝန္းညိဳညိဳေတြရဲ႕ ခိုင္မာမႈေၾကာင့္ ငယ္သည္ ေနရာမွာတင္လူစားထိုးခံလိုက္ရသကဲ့သို႔ျဖစ္သြားကာ...
"နင္ အိမ္မွာပဲေနမွာမလား။"

"အင္း...နင္ျပန္လာရင္ အေအးေဖ်ာ္တိုက္ဖို႔ အိမ္မွာေစာင့္ေနမယ္။ ပိုက္ဆံေတြအမ်ားႀကီးရွာခဲ့ ၾကားလား..."

"အြန္းး...."

သူ႔အေျပာေၾကာင့္ ငယ့္မွာ မ်က္ႏွာမခ်ိဳမခ်ဥ္ျဖစ္သြားရၿပီး သူကိုယ္တိုင္ကလည္းသူ႔ေျပာကိုသူ ရယ္ခ်င္ေနပုံရသည္။ ၿပီးေတာ့လည္း ေျပာၿပီးမွ သူရွက္သြားလို႔ျဖစ္ႏိုင္သည္။ ငယ့္ခႏၶာကိုယ္ကို လွည့္လည္ၿပီး သူ႔အားေက်ာခိုင္းသြားေစၿပီးခ်က္ခ်င္းမွာပဲ...
"သြားေတာ့.." ဟု ဆိုေတာ့သည္။

ဒီအေျခအေနမွာ ငယ္ကိုယ္တိုင္လည္း သူ႔ကိုျပန္လွည့္ၾကည့္မိရင္ ဝါးလုံးကြဲမတတ္ရယ္ခ်မိမွာမို႔ တည္တည္တံ့တံ့နဲ႔ ဆိပ္ကမ္းကိုသြားႏိုင္ဖို႔အတြက္ သူလွည့္ေပးထားသည့္အတိုင္း တန္းတန္းမတ္မတ္ပင္ ေလွ်ာက္လာခဲ့လိုက္သည္။

ေပၚတီကိုေအာက္မွာ ကားရပ္ထားသည့္ကိုမႈိင္းက ငယ့္ကိုျမင္သည့္ ခ်က္ခ်င္းမွာပဲ ကားတံခါးကို အသင့္ဖြင့္ေပးထားသည္မို႔ ငယ္သည္ ၿငိမ့္ခနဲဆိုသလိုႏွင့္ အိမ္ကေနထြက္လာခဲ့ႏိုင္သည္။

"ေနာက္သုံးရက္ေနရင္ ရွယ္ယာရွင္အစည္အေဝး စ,ဖို႔ျပင္ဆင္ထားပါတယ္ မမေလး။ ဒီေန႔အတြက္ကေတာ့ ဝန္ထမ္းအိမ္ရာကို အရင္ဆုံးသြားဖို႔အႀကံျပဳခ်င္ပါတယ္။ သူေဌးဆုံးသြားၿပီးေနာက္မွာ  ဝန္ထမ္းေတြကမမေလးကို အမ်ားႀကီးေမွ်ာ္လင့္ေနၾကပါတယ္။ မမေလးရဲ႕ ေကာင္းမြန္တဲ့ပုံရိပ္ေတြကို ခ်ျပေပးလိုက္ပါ။ ဒီလိုဆို သူတို႔က မမေလးဘက္ကိုအလိုလိုေရာက္လာပါလိမ့္မယ္"

"ဒါဆိုလည္း အဲ့လိုပဲလုပ္တာေပါ့။ ကိုမႈိင္းကိုပဲ ယုံၾကည္ထားလို႔ရတယ္မလား။"

"ဟုတ္ကဲ့..."

"ထည္ဝါ့ဆီကို လုံးဝျပန္မသြားေတာ့ဘူးမလား။ ဘယ္လိုလုပ္ၿပီး ငယ့္ဆီ ေရာက္လာတာလဲဟင္"

ကိုမႈိင္းနဲ႔ ဒရယ္ဂြန္ဆိုတာ ထည္ဝါနဲ႔ငယ္ခြဲေနခဲ့ရသည့္ အခ်ိန္ေတြမွာေတာင္ ထည္ဝါ့နံေဘးမွာ မခြဲမခြာရွိေနခဲ့သူေတြျဖစ္သည္။ သူတို႔ကိုတိုင္ကလည္း ထည္ဝါနဲ႔ အန္ကယ္ေကာင္းဆိုလွ်င္ေတာင္မွ ထည္ဝါ့အတြက္သာ ရွင္သန္ၾကသူေတြျဖစ္သည္။

ဒီလိုကိုမႈိင္းနဲ႔ ဒရယ္ဂြန္႔အေပၚတြင္လည္း ထည္ဝါ့ဘက္က သူ႔အသက္ႏွစ္ေခ်ာင္းလို႔ပင္ ၫႊန္းဆိုဖူးခဲ့သည္။ အခုအခါမွာ သူ႔ရဲ႕အသက္တစ္ေခ်ာင္းလို႔သူမွတ္ယူထားတဲ့ ကိုမႈိင္းကို ငယ့္အနားကို ပို႔ေပးခဲ့ၿပီျဖစ္သည္။

"ကြၽန္ေတာ့္မွာ သခင္တစ္ေယာက္ပဲရွိပါတယ္။ ကြၽန္ေတာ္က အၿမဲတမ္းသခင္ေလး ဘက္ေတာ္သားပါ။ "

"ဒါဆို ငယ္ဘယ္လိုယုံၾကည္ရမလဲ။ တစ္ခ်ိန္ခ်ိန္ ငယ္နဲ႔ထည္ဝါသာ အဆင္မေျပေတာ့ရင္.....။ ငယ့္ဆီကအရာအားလုံးကို ထည္ဝါ့ဆီမွာအကုန္ခ်ျပေပးမွာလား၊ အဲ့လိုလား ကိုမႈိင္း..."

"အဲ့ဒီဘက္ေတာ့ ယုံၾကည္လို႔ရပါတယ္ မမေလး။ ကြၽန္ေတာ့္ကိုမဟုတ္ပဲ သခင္ေလးကိုပဲယုံၾကည္ထားလိုက္ပါ....မမေလးအတြက္ဆို အေလာင္းေဖ်ာက္ေပးဖို႔ေတာင္ သူကႏွစ္ခါေတြးမွာမဟုတ္ပါဘူး။"

"အင္း....။ ငယ့္မွာ သူပဲရွိေတာ့တာ၊ ငယ္သူ႔ကို သိပ္ယုံတာေပါ့ေလ...."

ကိုမႈိင္းသည္ ငယ့္ဘဝရဲ႕ပင္မယုံၾကည္ရာကို ျပန္လည္သတိေပးကာ အေနအထားကို ၿငိမ္သက္ေစသည္။ ဒီလိုပါးနပ္မႈေတြေၾကာင့္ပဲ ထည္ဝါက ကိုမႈိင္းကို တန္ဖိုးထားတာျဖစ္မည္။

"ဘာပဲျဖစ္ျဖစ္ ေက်းဇူး ကိုမႈိင္း၊ ေရွ႕ေလွ်ာက္ ငယ့္အတြက္ အင္အားအျဖစ္ရွိေပးပါ။"

"ဟုတ္ကဲ့..."

သို႔ႏွင့္ ငယ္နဲ႔ကိုမႈိင္းတို႔၏ စကားေျပာဆိုမႈက အဆုံးသတ္သြားခဲ့ၿပီးေနာက္တြင္ ကိုမႈိင္းေျပာခဲ့သည့္အတိုင္း ဝန္ထမ္းအိမ္ရာတြင္ ငယ္သည္ အားလုံးရဲ႕ေမွ်ာ္လင့္ခ်က္အသစ္အေနနဲ႔ အစျပဳၿပီး Nge Groupကို ဝင္ေရာက္ခဲ့သည္။

"ဟ..မင္းလည္းျဖစ္သားပဲ..."
ေတာက္ပခဲ့ဖူးေသာ လက္ေ႐ြးစင္ေဘာလုံးသမား တစ္ဦးတစ္ျဖစ္လည္း ယခုအခါတြင္ ႏိုင္ငံအတြက္လက္ေ႐ြးစင္အမ်ားအျပားကို ေမြးထုတ္ေပးေနသူ စြမ္းျပည့္သည္ မိမိ၏သူငယ္ခ်င္း ေကာင္းျမတ္ေသာ၏ သားအငယ္ေလး၏ကစားဟန္တို႔ကို ကြင္းအျပင္ကေနၾကည့္ေနခဲ့ၿပီး ပြဲၿပီးခ်ိန္တြင္ ဂုဏ္ယူစြာႏွင့္ေျပာဆိုခဲ့သည္။

ထိုအေျပာနဲ႔မလုံေလာက္ေသးဘူးဟု စြမ္းျပည့္ယူဆသည္ေၾကာင့္ ထည္ဝါ့ပခုံးကို လွမ္းဖက္ရင္းျဖင့္...
"ဒါက ေကာင္းျမတ္ေသာရဲ႕ ေသြးပဲကြ..." ဟု ႀကဳံးဝါးမိသည္။

"ဒါေလးနဲ႔ေတာ့ မေျပာပါးေလာက္ပါဘူး အန္ကယ္ရာ၊ ေရာင္ဝါၾကားရင္ ရယ္ေနပါဦးမယ္ဗ်ာ...."
သူသည္ ဦးေခါင္းအထက္တြင္ ထုံးဖြဲ႕ထားခဲ့ေသာ ဆံထုံး၏ ၿမဲၿမံမႈကို ညာလက္ေျမႇာက္၍ ဆုပ္ကိုင္ၾကည့္ရင္း ထိုသို႔ေျပာေတာ့ အန္ကယ္စြမ္းျပည့္က အက်ယ္ႀကီးေအာ္ရယ္ေတာ့သည္။

ၿပီးေနာက္တြင္ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္း...
"ဒီေကာင္ကေတာ့ ေကာင္းထက္ေတာင္ပိုၿပီးေတာ္ေသးတယ္လို႔ ေျပာရမယ္။ က်န္တာေတြဘာမွမသိရင္ေတာင္ ေဘာလုံးအေၾကာင္းကိုေတာ့ ေကာင္းေကာင္းႀကီးနာလည္ေနေတာ့တာကြ။"

ဒီအေျပာကိုေတာ့ သူေခါင္းၿငိမ့္ကာ ေထာက္ခံလိုက္သည္။ တကယ္တမ္းမွာလည္းေရာင္ဝါသည္ အန္ကယ္စြမ္းျပည့္ေျပာသလို ေဘာလုံးတစ္ခုကိုေတာ့ ကြၽမ္းက်င္စြာသိသူျဖစ္သည္။ အကိုျဖစ္သူသည္ မိန္းကေလးတိုင္း ေငးေမာရတဲ့အရည္အခ်င္းေတြပိုင္ဆိုင္ထားသူျဖစ္သည္ကို အကိုကိုယ္တိုင္ေတာင္ မသိေပမယ့္လည္း ထည္ဝါကေတာ့သိသည္။

ေရာင္ဝါ့လို ႐ိုးရွင္းၿပီး ေယာက်ာ္းပီသသည့္သူဟာ မိန္းကေလးတိုင္းစိတ္ကူးယဥ္ရေသာ အမ်ိဳးသားျဖစ္ခဲ့သည္။ ယခုအခ်ိန္ထိတိုင္လည္း ထိုသို႔အမ်ိဳးသား၏ စန္းပြင့္မႈမ်ားက ဒရယ္ဂြန္ပင္လွ်င္ အနားကမခြာစတမ္း ခြာခ်ေပးေနရတာျဖစ္သည္ဟု ေတြးမိၿပီး တစ္ဆက္တည္းမွာပဲ သူသည္ ကိုမႈိင္းကိုစဥ္းစားမိသြားၿပီးေနာက္တြင္ သူ႔ပစၥည္းမ်ားခ်ထားခဲ့ေသာ ခုံတန္းဆီသို႔ေျပးလာခဲ့လိုက္သည္။

ခုံေပၚတြင္ခ်ခဲ့ေသာ နာရီကိုအရင္ရွာေဖြေသာ္လည္း ရွာမေတြ႕ပဲရွိသည္ေၾကာင့္ ပစၥည္းမ်ားကို တစ္ခုခ်င္းဆီဖယ္ခြာၿပီး ရွာေဖြေနမိသည္။

"ဒီနာရီေလး ကိုယ္ႀကိဳက္တယ္၊"

အသံေၾကာင့္ သူ႔အေနာက္ဘက္သို႔လွည့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရသည့္ ထိုလူကေယာက်ာ္းေလးျဖစ္ပါလ်က္ႏွင့္ မင္းသမီးအရႈံးေပးရေလာက္ေအာင္အထိ ျပင္ဆင္ထားသည္။

"ဒါေပမယ့္ မင္းလက္ကေလးနဲ႔ဝတ္ထားတဲ့အခ်ိန္ဆို နာရီကပိုလွသြားတယ္လို႔ ထင္တယ္...ေရာ့ "

ရီသဲ့သဲ့အေျပာႏွင့္အတူ ႐ြံစရာမ်က္ဝန္းတစ္စုံေၾကာင့္ သူသည္ခ်က္ခ်င္းပဲ ထိုလူကမ္းေပးသည့္ သူ႔နာရီကို ေျမျပင္အထက္သို႔ ပစ္ေပါက္လိုက္ေတာ့သည္။

"အိုးး.....မင္းက ခ်မ္းသာမွန္း သိပါတယ္ကြာ။ ဒီလိုခ်စ္စရာေကာင္းေအာင္ ေဒါသထြက္ျပဖို႔မလိုပါဘူး။"

"ခင္မ်ားး...."
သူ႔မ်က္ႏွာရွိရာဘက္သို႔ ေရာက္လာသည့္ထိုလူ၏ လက္တစ္ဖက္ကို ျဖတ္႐ိုက္ခ်လိုက္ရင္း သူပိုၿပီးေဒါသထြက္လာရေတာ့သည္။

သူ႔အကိုႏွင့္အမသည္ ေယာက်ာ္းခ်င္း၊မိန္းမခ်င္း လက္ထပ္ခဲ့သူမ်ားျဖစ္တာေၾကာင့္ ဒီအသိုင္းအဝိုင္းဟာ သူ႔အတြက္စိမ္းသက္မေနခဲ့ေသာ္လည္း ယခုကဲ့သို႔ရဲတင္းလြန္းေသာ ျပဳမူပုံမ်ားႏွင့္ထိုလူကို သူ ႐ြံမိသည္။

ေယာက်ာ္းတစ္ေယာက္ျဖစ္ၿပီး ဒီေလာက္ထိ မ်က္ႏွာေျပာင္တိုက္ၿပီး တျခားေယာက်ာ္းဆီမွာ ရိသဲ့သဲ့စကားေတြေျပာေနသည္က မုန္းဖို႔ေကာင္းသည္။ ဘယ္လိုေရစက္မွန္းေတာ့ မသိေပမယ့္လည္း ဒီလူနဲ႔ပထမဆုံးအႀကိမ္ေတြ႕ထဲက ဒီလူကိုမုန္းတာျဖစ္သည္။

"မင္းျပန္ေရာက္လို႔ ဝမ္းသာတဲ့အေၾကာင္းလာေျပာတာ။ ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲ ျပန္လိုက္မယ္။ ေနာက္တစ္ခါေတြ႕ရင္ ငါ့ကိုျပန္ခ်စ္ဖို႔ႀကိဳးစားရမယ္ေနာ္...."
ထက္ေဝဟင္သည္ သူ႔အား႐ြံရွာသလိုၾကည့္ေနေသာ ေကာင္ေလး၏ အၾကည့္ေတြကို ဆက္ၿပီးခံႏိုင္ရည္မရွိေတာ့တာမို႔ ထိုမွ်သာေတြ႕ဆုံမႈကိုေက်နပ္လိုက္ၿပီး ျပန္လွည့္ထြက္ခဲ့လိုက္သည္။

ေကာင္ေလးကို ေက်ာခိုင္းၿပီး ေလွ်ာက္ေနခဲ့ရင္းမွ သံေယာဇဥ္မျပတ္ႏိုင္ေသးပဲ ေနာက္သို႔လွည့္ကာ ၾကည့္မိေတာ့ သူ႔အားျပာခ်ေစႏိုင္ေလာက္ေသာ အၾကည့္တို႔ျဖင့္ ၾကည့္ေနသူႏွင့္ အၾကည့္ခ်င္းဆုံသည္။

"ေတာက္....."
ေနာက္သို႔လွည့္ၾကည့္ၿပီး အ႐ူးတစ္ေယာက္လိုၿပဳံးၿပီး လက္သီးဆုပ္ကာေထာင္ျပရင္း...
"ႀကိဳးစားထားေနာ္.."လို႔ ေျပာသူ၏ေခါင္းကို ေနရာမွာတင္႐ိုက္ခြဲလိုက္ခ်င္ေသာ္လည္း အနီးအနားမွ..
"၄နာရီေတာင္ ထိုးေတာ့မယ္" ဆိုသည့္အသံေၾကာင့္ သူသည္ ပစၥည္းမ်ားအားလုံးကိုထားခဲ့ကာ ေနရာကေန ေျပးထြက္ခဲ့လိုက္ေတာ့သည္။

အိမ္သို႔ျပန္ေရာက္သည့္အခါမွာလည္း ေဘာလုံးအက်ႌကိုေတာင္ လဲဖို႔အခ်ိန္မရေတာ့ပဲ သမီးငယ္အႀကိဳက္ျဖစ္သည့္ လိေမၼာ္သီးေဖ်ာ္ရည္အတြက္ ႀကိဳးစားေနမိသည္။

အရည္ညႇစ္စက္ျဖင့္ အရည္စစ္ထုတ္ၿပီးေနာက္တြင္ ေနာက္ထပ္ လိေမၼာ္သီးတစ္လုံးကိုယူ၍ အေခၚသင္ကာ အမွ်င္မ်ားကို ဂ႐ုတစိုက္နဲ႔ဖယ္ရွားၿပီးေနာက္တြင္ လိေမၼာ္သီးတစ္စိပ္ကို ဓားျဖင့္သုံးပိုင္းပိုင္းကာ ေဖ်ာ္ရည္ခြက္ထဲကို ထည့္ေပးေနခ်ိန္တြင္...

"ထည္ဝါေရ..."
ဆိုေသာ ေခၚသံေၾကာင့္ လုပ္လက္စမ်ားကို လက္စသတ္လိုက္သည္။ လိေမၼာ္ရည္ခြက္ကိုကိုင္ရင္း အိမ္ေရွ႕သို႔ထြက္လာခဲ့သည္။

"အို႔...ေဘာလုံးသြားကန္တာလား။
အရမ္းမိုက္တယ္....သိတယ္မလား၊ ေဘာလုံးဝတ္စုံ ဝတ္တဲ့အခ်ိန္ဆို နင္အရမ္းမိုက္တယ္။"

သူ႔လက္ထဲရွိေဖ်ာ္ရည္ခြက္ကို အာ႐ုံမရေသးပဲ သူ႔ဝတ္ထားေသာ နီညိဳေရာင္ေဘာလုံးအက်ႌကိုသာ အာ႐ုံရေနေတာ့သည္။ ဒီဟာေလးကိုၾကည့္ရတာ တစ္ေန႔လုံး႐ုံးမွာ ဘာမွမလုပ္ခဲ့သလိုနဲ႔ ေပါ့ပါးေနဆဲျဖစ္ေနသည္။

"အသားမဲလည္း နင္ကအနီေရာင္ဖက္စပ္ေတြနဲ႔လိုက္တာပဲ....."

"အင္း....။ ေရာ့ ေဖ်ာ္ရည္ေသာက္"

သူ႔ကိုပဲ ႐ႊန္း႐ႊန္းစားစားေတြၾကည့္ၿပီး ျမဴးႂကြေနသည့္ ဒီပုံရိပ္ေတြမွာ သူဆက္ၿပီးတည္တံ့မေနႏိုင္ေတာ့တာမို႔ ေဖ်ာ္ရည္ခြက္ကို ကမ္းေပးလိုက္ရင္း အေနအထားကိုထိန္းခ်ဳပ္လိုက္သည္။

"အရမ္းေကာင္းတယ္၊ ေက်းဇူးေနာ္..."

အေအးေသာက္ၿပီးခ်ိန္တြင္ သူ႔လက္ထဲတြင္ကိုင္ထားဆဲျဖစ္ေသာ ေအာက္ခံပန္းကန္အထက္တြင္ ဖန္ခြက္ကို ျပန္လည္ခ်ေပးၿပီး ေက်းဇူးတင္စကားဆိုသည့္ ႏႈတ္ခမ္းလွလွေလးမွာ အေအးစက္တခ်ိဳ႕က ခိုကပ္ေနဆဲျဖစ္သည္။

ထိုအေအးစက္ေလးမ်ားအား အၿမဲအသင့္ေဆာင္ထားၿမဲျဖစ္ေသာ ေဘာင္းဘီအိတ္ကပ္ထဲမွလက္ကိုင္ပဝါကို ထုတ္ယူၿပီး ခပ္ဖြဖြေလး သုတ္ေပးမိသည္။

"ငါ ေရသြားခ်ိဳးလိုက္ဦးမယ္။ ခဏေနာ္...." ဆိုကာ အိမ္အေပၚထပ္သို႔တက္သြားသည့္ သမီးငယ္ဟာ သူ႔မ်က္စိထဲမွာေတာ့ အခုထိ သူ႔အားငိုသည္အထိစ,ေနာက္ရတာမ်ိဳးကို သေဘာက်သည့္၅ႏွစ္အ႐ြယ္ပဲ ရွိဦးမည္။

"နင္လည္း ဒီေန႔လာမွာမလား။ တစ္ခါတည္းပဲ လိုက္ခဲ့ေလ..."

သူျပင္ဆင္ေပးထားေသာ ပါစတာကိုစားေနရင္းမွ သမီးငယ္သည္ ရွယ္ယာရွင္အစည္းအေဝးနဲ႔ပက္သတ္ၿပီး စိတ္ပူတာမ်ိဳးမရွိသည့္ပုံျဖင့္ ေအးေဆးစြာပင္ ေျပာလာသည္။

ဒီေန႔နဲ႔ဆို သမီးငယ္႐ုံးကိုသြားတာ ၃ရက္ေျမာက္ၿပီျဖစ္သည္။ ဒီသုံးရက္လုံးမွာ သမီးငယ္ႏွင့္ပက္သတ္သည့္ သတင္းေတြကို သူ႔ဘက္က စုံစမ္းျခင္းရပ္တန္႔ခဲ့သည္မို႔ ဒီရက္ေတြမွာ သမီးငယ္သည္ကုမၸဏီအား မည္သို႔ဦးေဆာင္ေနေၾကာင္း ဒီေန႔ေတာ့သူသိခြင့္၊ ျမင္ခြင့္ရေတာ့မည္။

ထိုသို႔ေတြးလိုက္တိုင္း သူသည္ ညကလည္းေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့သလို အခုမနက္ခင္းမွာလည္း တစ္ခုခုလိုအပ္ေနသလိုမ်ိဳးႏွင့္ ေနလို႔၊ထိုင္လို႔ အဆင္မေျပျဖစ္ေနသည္။ သို႔ေသာ္လည္း သမီးငယ္ကမူ ဘာမွကိစၥမရွိသလိုမ်ိဳးႏွင့္ စားေသာက္ေနႏိုင္သည္။

"စားေလ..စားၿပီးမွျဖည္းျဖည္းပဲလာခဲ့၊ ငါေတာ့သြားေတာ့မယ္။"

စားလက္စမ်ားကို ျမန္ျမန္ပဲလက္စသတ္ၿပီး သမီးငယ္သည္ သူ႔ဘက္ကလက္ကိုင္ပဝါထုတ္ဖို႔ပင္ အခ်ိန္မရွိရေလာက္ေအာင္ ထိုင္ေနရာကေနထ,ထြက္သြားသည္က ကားသံေပ်ာက္ကြယ္သြားပါမွ သူသည္တားဖို႔ကို သတိရေတာ့သည္။

Continue Reading

You'll Also Like

38.7K 1.7K 23
ၾကယ္​စင္​ နဲ႔ အလင္​း​ေရာင္​ က အခ်င္​းခ်င္​း သိ႐ုံတင္​ သိခဲ့ၾကတဲ့ သူပါ... မိဘခ်င္​း ခင္​မင္​ ရင္​းႏွီးၾကလို႔ပါ... ၾကယ္​စင္​ က အလင္​း​ေရာင္​ ကို ခိုးခ်...
26K 711 18
ကွန်❤️ဆရီနာရောင်အိုင် မိဘမဲ့ဂေဟာကခလေးတွေမို့ငယ်ငယ်ကတည်းကတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတာ။ အရွယ်ရောက်လာပြီးနောက်.. ဆရီဆိုတဲ့ကောင်မလေးက ချစ်ရတဲ့ကွန်အတွ...
219K 6.1K 26
🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်‌ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်...
31.1K 1.7K 24
"နောင်တနဲ့အတူ ချစ်တက်လာတဲ့ နှလုံးသားက ဘာနဲ့မှ မတူအောင် နက်ရှိုင်းတယ်" သစ္စာဖောက်ခံရတဲ့သူထက် သစ္စာဖောက်တဲ့သူဘဝက ပိုသနားစရာကောင်းတယ်ဆိုတာ မသိကြဘူး သူတ...