Unicode
“ဒါဘယ်နေရာကြီးလဲ..?”
ဟွမ်ထျန်က ပြောပြီးတာနဲ့ သူ့စကားအတိုင်း ချက်ချင်း အကောင်အထည်ဖော်လိမ့်မည်လို့ ရွှယ်ယို့ရှန်းလည်း ထင်မထားခဲ့ဘူး။ ခုပဲကြည့်လေ၊ သွားမယ်ပြောပြီးတာနဲ့ ချက်ချင်း ထွက်ခွာလာခဲ့ပြီးပြီ။
'မိစ္ဆာနယ်မြေပြန်မယ်' ပြောပြီးတာနဲ့ စက္ကန့်ပိုင်းအတွင်း နေအလင်းနဲ့လအလင်း ဓားနှစ်လက်ကိုသုံးပြီး စင်မြင့်ပေါ်က နေရာကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းသွားလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ..? နည်းလမ်းက ရိုးရှင်းလိုက်တာ..!
ဗြုန်းစားကြီး ဒီလိုလုပ်သွားတာက လူကို သတိလက်လွတ် ဖြစ်စေတယ်..! ဒါနဲ့ တားမြစ်နယ်မြေထဲမှာ နေရာပြောင်းအစီအရင်ရှိနေတာ ယုတ္တိရှိလို့လား..?
ယုတ္တိရှိတာ မရှိတာ၊ အသာထားတော့၊ လောလောဆယ် သူရောက်နေတဲ့နေရာက တော်ဝင်မြို့တော်ထဲမှာ မဟုတ်သလို၊ လူသားမျိုးနွယ်တွေနဲ့ နယ်မြေထဲမှာတောင် မဟုတ်တော့ဘူးဆိုတာ ရွှယ်ယို့ရှန်း အတပ်သိလိုက်တယ်။ ထိုအခိုက် ရွှယ်ယို့ရှန်းလည်း စိတ်မတည်ငြိမ်နိုင်တော့ဘူး။ သူပျောက်ကွယ်သွားတဲ့အချိန် ရင်းဆုယဲ့ရဲ့ အမူအရာက အတော်လေး ကယောင်ခြောက်ခြားဖြစ်နေပြီး လဲပြိုကျတော့မယောင်။ သူပျောက်ကွယ်သွားတာက ရင်းဆုယဲ့အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ဟန်တူတယ်။ ရွှယ်ယို့ရှန်းခမျာ ထိုမြင်ကွင်းကို လုံးဝမေ့မရနိုင်ခဲ့ဘူး။ ပြီးတော့ သူတို့ထွက်မသွားခင် ဟွမ်ထျန်က ရွှယ်ယို့ရှန်းရဲ့ အဓိကလျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်ခဲ့တာကြောင့် ထိုအခြင်းအရာက ရင်းဆုယဲ့အတွက် အဆိုးဝါးဆုံးရိုက်ချက်ဖြစ်နေမှာ အသေအချာပဲ။
ရွှယ်ယို့ရှန်းခမျာ တွေးရင်းတွေးရင်း စိတ်ပူပန်လာရတာကြောင့် ရင်းဆုယဲ့ကို ထပ်မတွေးဝံ့တော့ဘူး။ သူ့ရဲ့ထိမ်ချန်ထားမှုကြောင့် ရင်းဆုယဲ့ အပြစ်တင်နေမှာကို သူကြောက်တယ်။ ဆိုးရွားကြမ်းတမ်းလွန်းတဲ့ ကံကြမ္မာမျိုး ဖန်တီးခဲ့တာကြောင့် ရင်းဆုယဲ့ အပြစ်တင်နေမှာကို သူကြောက်တယ်။ သူ့အပေါ် မကောင်းခဲ့တာကြောင့် ရင်းဆုယဲ့ အပြစ်တင်နေမှာကို သူကြောက်တယ်………
ဘယ်လိုပဲပြောပြော လက်ရှိအနေအထားက ရွှယ်ယို့ရှန်းကို အတွေးလွန်ခွင့်မပေးခဲ့ဘူး။ တော်ဝင်မြို့တော်မဟုတ်တဲ့ နေရာသစ်တစ်ခုကို ရောက်နေခဲ့လေပြီ။
“မင်းနိုးလာတဲ့နေရာ..”
ရွှယ်ယို့ရှန်းနဲ့ စကားပြောနေချိန် ဟွမ်ထျန်ရဲ့ အပြုအမူတိုင်းက အတော်လေး ပုံမှန်ဖြစ်နေတယ်။
“ဒီနေရာက မြူနှင်းတောအုပ်လား..?!”
ရွှယ်ယို့ရှန်းလည်း အသိစိတ်ပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်လိုက်တယ်။ ပထမဆုံး မြင်လိုက်ရတာက သလင်းကျောက်ခေါင်းတလား လှလှလေးပဲ။ ပြီးတော့ ကျောက်သားခန်းမကို မြင်လိုက်ရတာကြောင့် ရွှယ်ယို့ရှန်းလည်း ဘယ်နေရာရောက်နေမှန်း ရိပ်မိသွားခဲ့တယ်။
သလင်းကျောက်ခေါင်းတလားနဲ့ ကျောက်သားခန်းမက အရမ်းဆန်းကြယ်လွန်းလို့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်ရစ်စေတယ်လေ။ ပြီးတော့ သူကိုယ်တိုင်လည်း ဒီကျောက်သားခန်းမရဲ့ သလင်းခေါင်းတလားထဲကနေ နိုးထလာတာမဟုတ်ပါလား။
“အင်း..”
ဟွမ်ထျန်က လိုလိုလားလား ပြန်ဖြေပေးတယ်။
“တားမြစ်နယ်မြေရဲ့ နေရာပြောင်းအစီအရင်က ဘာလို့ဒီနေရာကို ပို့ပေးလိုက်တာလဲ..?”
ထိုအခိုက် ရွှယ်ယို့ရှန်းရဲ့စိတ်ထဲ သံသယတွေ ပိုမိုတိုးပွားလာခဲ့တယ်။
ဟွမ်ထျန်ဆိုတဲ့လူ၊ မဟုတ်သေးဘူး၊ မိစ္ဆာကောင်က အရမ်းလျှို့ဝှက်ချက်များလွန်းတယ်။ ရေးသားဖန်တီးခဲ့တဲ့ သူကိုယ်တိုင်တောင် ဇာတ်ကြောင်းထဲသိပ်မပါတဲ့ ဒီဇာတ်ကောင်အပေါ် လုံးဝနားမလည်နိုင်တော့ဘူး..!
“ဘာလို့လဲဆိုတော့ ဒီနေရာက ငါချိပ်ပိတ်ခံခဲ့ရတဲ့ နေရာဖြစ်နေလို့လေ..”
ထိုသို့ပြောရင်း ဟွမ်ထျန်က အဝေးတစ်နေရာကို ငေးကြည့်နေလေတယ်။ သူရဲ့ဟန်ပန်က တစ်စုံတစ်ရာကို အမှတ်ရသွားသယောင်။
“ဒီကိစ္စနဲ့ တားမြစ်နယ်မြေ၊ နေရာပြောင်းအစီအရင်က အဆက်အစပ်မရှိဘူးလားလို့..?”
ဟွမ်ထျန်နဲ့စကားပြောရတာ ပင်ပန်းလိုက်တာ။ မေးသမျှ ပြန်ဖြေနေပေမယ့် ပြန်မဖြေသလိုပဲ။ ဟွမ်ထျန်ရဲ့အတွေးကို လုံးဝလိုက်မမီဘူးဆိုတာ သူဘက်က ဝန်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း ဟွမ်ထျန်ရဲ့အဖြေတွေကို ဘယ်လိုမှနားမလည်နိုင်တော့ဘူး..!
“သိချင်လား..?”
ဟွမ်ထျန်က ရွှယ်ယို့ရှန်းရဲ့ အထင်သေးသလို အပြုအမူအပေါ် စိတ်ထဲမထားဘူး။ ထိုအစား ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေကို စိတ်ရှည်လက်ရှည် စိုက်ကြည့်ကာ မေးလာတယ်။
“……….”
သိရက်သားနဲ့ မေးနေပြန်ပြီ..?!
ရွှယ်ယို့ရှန်းက တိတ်တဆိတ် မျက်လုံးလှိမ့်လိုက်တယ်။
ဟွမ်ထျန်.. ခင်ဗျား အဓိပ္ပါယ်မရှိတာတွေပဲ ပြောနေတော့မှာလား..? မသိချင်ပဲ ဘာလို့ တကူးတက မေးနေဦးမှာလဲ..? အပိုစာသားတွေလျော့ပြီး မြန်မြန်ဖြေစမ်းပါ..!
ခန္ဓာကိုယ်ထဲ ထိန်းချုပ်ထားတာကလွဲရင် ဘာမှမလုပ်နိုင်မှန်း သိလိုက်တာနဲ့ ဟွမ်ထျန်အပေါ် ရွှယ်ယို့ရှန်းရဲ့ အပြုအမူတွေက အထိန်းအကွပ်မဲ့လာတော့တယ်။ ဟွမ်ထျန်ကို ကြောက်စရာမလိုတော့တာကြောင့် စကားလုံးတွေက ပိုမိုရဲတင်းလာခဲ့တယ်။
သူ,မပျော်ရွှင်ရတဲ့အချိန်မှာ ဟွမ်ထျန်ကိုလည်း မျက်နှာသာမပေးနိုင်ပါဘူး..!
“ဒီသလင်းကျောက်အခေါင်းက တကယ်တော့ ငါ့ကိုချိပ်ပိတ်ဖို့သုံးခဲ့တဲ့ ပစ္စည်းတစ်ခုပဲ..!”
ဟွမ်ထျန်က သလင်းခေါင်းတလားအနား တိုးကပ်သွားတယ်။ ပြီးနောက် လက်လှမ်းကာ ခေါင်းတလားကို အသာထိတွေ့နေလေတယ်။ သူ့ရဲ့မျက်နှာပေါ်မှာ အတိတ်ရဲ့အမှတ်တရတွေက ထိန်းချုပ်လို့မရအောင် ပြန်လည်ထင်ဟပ်လာတယ်။
“ဟီးဟီး..!”
အဲ့စကားက တွေးစရာတွေများလွန်းလို့ ဘယ်ကစတွေးရမလဲတောင် မသိတော့ဘူး..! မရယ်သင့်ဘူးဆိုတာ သူသိပေမယ့် အခေါင်းထဲချိတ်ပိတ်ခဲ့တဲ့လူက တကယ့်ကို စဉ်းစားတွေးခေါ်တတ်တဲ့လူပဲ..!
ဒါနဲ့ ချီးမွမ်းတာမဟုတ်ဘူးနော်..!
လူမသေပဲနဲ့ အခေါင်းကို ဘာလို့သုံးခဲ့တာလဲ..? ချိပ်ပိတ်ရုံအတွက်..? တခြားသင့်လျော်တဲ့အရာတွေ အများကြီး ရွေးလို့ရပါသေးတယ်။
ဝိဉာဉ်ကူးပြောင်းလာတဲ့ အချိန်ကိုတောင် ရုတ်တရက် သတိရသွားပြီ၊ အခေါင်းထဲမှာ နိုးလာရတာဆိုတော့ မူလပိုင်ရှင် သေသွားပြီလို့ ထင်နေခဲ့တာ။ မူလဝိဉာဉ် မရှိတော့ဘူးဆိုပြီး ကြိုတင်ကာကွယ်မှုတွေ မလုပ်ခဲ့မိဘူး။ အဲ့တာကြောင့် ဟွမ်ထျန်က သူ့ရဲ့ခန္ဓာကိုယ်ကို လွယ်လင့်တကူ ပြန်ယူသွားနိုင်ခဲ့တာပေါ့..!
အခေါင်းကိုသုံးပြီး လူတွေကိုလှည့်စားတာက တကယ့်ကို ဆိုးဝါးလွန်းပါတယ်..! အကြံကြီးလွန်းတယ်..!
အခုတော့ သူ့မှာ ဟွမ်ထျန်ရဲ့ခန္ဓာကိုယ်ထဲ ပိတ်မိနေပြီး ဘာမှလုပ်မရတော့ဘူး။ အခေါင်းကိုသုံးပြီး ချိပ်ပိတ်ခဲ့တဲ့'အဲ့လူ'ကို တကယ်ကြီး အပြစ်တင်ချင်တယ်..!
“ခင်ဗျားကို ဘယ်သူချိပ်ပိတ်ခဲ့တာလဲ..?”
သူ့အတွက် ကျင်းတူးခဲ့တဲ့'ထိုလူ'ကို သိထားဖို့လိုတယ်လို့ ရွှယ်ယို့ရှန်းက တွေးလိုက်တယ်။
“ငါ့ကို ဒီနေရာမှာ ချိပ်ပိတ်ခဲ့တဲ့လူက ပထမဆုံးလူသားဘုရင်ပဲ..”
ဟွမ်ထျန်က ရိုးရိုးရှင်းရှင်း ပြန်ဖြေလာတယ်။
“………..”
ဟွမ်ထျန်ရဲ့အဖြေကို ကြားလိုက်တဲ့အချိန် ရွှယ်ယို့ရှန်းတစ်ယောက် အရှည်ကြီး စတွေးတော့တယ်။
လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တွေရဲ့ ဆက်ဆံရေးက ဒီလောက်ဆိုးဝါးနေမှတော့ ပထမဆုံးမိစ္ဆာဘုရင်ကို ပထမဆုံးလူသားဘုရင်ကလွဲရင် တခြားဘယ်သူမှ ချိပ်ပိတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ပထမဆုံးမိစ္ဆာဘုရင်ဖြစ်တဲ့ ဟွမ်ထျန်က အခုချိန်ထိ အသက်ရှင်နေပြီး လူသားဘုရင်ကတော့ မျိုးဆက်များစွာ ပြောင်းလဲသွားခဲ့ပြီ။ ပြောရရင် ပထမဆုံးလူသားဘုရင်က သမိုင်းရေစီးကြောင်းထဲ မျောပါပျောက်ကွယ်သွားခဲ့ပြီ။
အဲ့တော့ ရွှယ်ယို့ရှန်းခမျာ သူ့အတွက် ကျင်းတူးခဲ့တဲ့ ပထမမျိုးဆက် လူသားဘုရင်ကို မကျေမနပ်ဖြစ်ရင်တောင် မျိုးရိုးကိုးဆက်မတိုင်ခင်ထဲက သေဆုံးသွားပြီဖြစ်တဲ့လူကို ဒေါသထွက်လို့မရတော့ဘူးလေ။ ကံမကောင်းဘူးလို့ပဲ ပြောရတော့မှာပေါ့..!
ပထမမျိုးဆက်ဘုရင်တွေအပေါ် ဘာအပြစ်ကျူးလွန်မိလို့ သူ့ကို ဒီလိုတွေလုပ်နေရတာလဲ..? တကယ်ကြီး သံသယဝင်လာမိပြီ..!
မဟုတ်ရင် ပထမဆုံးလူသားဘုရင်က သူ့အတွက် ကျင်းတူးသွားပြီး ပထမဆုံးမိစ္ဆာဘုရင်က သူ့ဝိညဉ်ကို ဘာလို့လှောင်ပိတ်ထားရတာလဲ..? ဒီထက်ဝမ်းနည်းစရာကောင်းတဲ့အဖြစ်မျိုး မရှိတော့ဘူး..!
နေစမ်းပါဦး.. စကားလမ်းကြောင်း လွဲသွားပြန်ပြီ၊ အခုလေးတင် ဟွမ်ထျန်နဲ့ နေရာပြောင်းအစီအရင်အကြောင်း ပြောနေတာမဟုတ်ဘူးလား..?
“တော်ဝင်မြို့တော်နဲ့ ဒီအခန်းကို ဆက်သွယ်ထားတဲ့ နေရာပြောင်းအစီအရင်ကို ပထမမျိုးဆက် လူသားဘုရင် တည်ဆောက်ခဲ့တာလို့ ခင်ဗျားပြောချင်တာလား..?”
ရွှယ်ယို့ရှန်းက ထိုအချက်အပေါ် ခပ်မြန်မြန် တုံ့ပြန်လိုက်တယ်။
ပထမဆုံးလူသားဘုရင်က ဟွမ်ထျန်ကို ချိပ်ပိတ်ခဲ့တာဆိုတော့ နေရာပြောင်းအစီအရင်ကိုလည်း သူပဲ တည်ဆောက်ခဲ့တာ ဖြစ်ရမယ်။ ဟွမ်ထျန် ဖန်တီးထားတာတော့ မဖြစ်နိုင်ဘူးလေ။ တော်ဝင်မြို့တော်အထိ ပေါက်ရောက်တဲ့ နေရာပြောင်းအစီအရင်ကို ကိုယ်တိုင်တည်ဆောက်ထားရတဲ့အထိ ဟွမ်ထျန်က မရူးမိုက်လောက်ပါဘူး၊ ဟုတ်တယ်မလား..?!
“အင်း.. ဒီနေရာပြောင်းအစီအရင်ကို ပထမဆုံးလူသားဘုရင်က အထူးတလည် တည်ဆောက်ထားခဲ့တာ..”
ဟွမ်ထျန်က တိကျသေချာစွာ ခေါင်းညိတ်ပြလာတယ်။
“ခင်ဗျားကို စောင့်ကြည့်နိုင်အောင်ပေါ့..?”
ဟွမ်ထျန်ကို မြူနှင်းတောအုပ်ထဲ ချိပ်ပိတ်ထားပြီးတာတောင် ပထမဆုံးလူသားဘုရင်က စိတ်မချသေးတာ ဖြစ်နိုင်တယ်။ အဲ့တာကြောင့် ချိပ်ပိတ်ထားတဲ့နေရာကို အချိန်မရွေး စစ်ဆေးနိုင်အောင် လူအင်အား၊ ပစ္စည်းအင်အား အကုန်ကျခံပြီး နေရာပြောင်းအစီအရင် တည်ဆောက်ထားခဲ့တာပေါ့။
“ငါ့ကို အချိန်မရွေး လာတွေ့လို့ရအောင် နေရာပြောင်းအစီအရင် ဆောက်လုပ်ခဲ့တာ..”
ဟွမ်ထျန်ရဲ့ဟန်ပန်က ရွှယ်ယို့ရှန်းရဲ့ ‘စောင့်ကြည့်ခြင်း’ ဆိုတဲ့စကားလုံးကို မကျေမနပ် ဖြစ်နေဟန်တူတယ်။ မသိမသာ မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလာခဲ့တယ်။
“…………”
‘သူ့အဖြေကမှ အမှန်..’ ဆိုတဲ့ပုံစံမျိုးနဲ့ ပြန်ဖြေလာတဲ့ ဟွမ်ထျန်ကို ရွှယ်ယို့ရှန်းလည်း မျက်စောင်းထိုးလိုက်မိတယ်။ ရုတ်တရက် ဟွမ်ထျန်ကို စေ့စေ့မကြည့်ရဲတော့သလိုပဲ။
သူပြောလိုက်တဲ့စကားက လူတွေကို အတွေးများစေတယ်ဆိုတာ ဟွမ်ထျန် သိရောသိရဲ့လား..?
“မဟုတ်သေးပါဘူး..! ခင်ဗျားကို စောင့်ကြည့်ချင်တာပဲဖြစ်ဖြစ်၊ တွေ့ချင်လို့ပဲဖြစ်ဖြစ်၊ မြူနှင်းတောအုပ်ထဲမှာ ချိပ်မပိတ်ထားသင့်ဘူးလေ၊ တော်ဝင်မြို့တော်ထဲ ချိပ်ပိတ်ထားတာ ပိုအဆင်ပြေတယ်လို့ မထင်မိဘူးလား..?!”
ရွှယ်ယို့ရှန်းက ယုတ္တိမရှိသလို ခံစားလိုက်ရတယ်။ အခုလေးတင် ဟွမ်ထျန်ပြောခဲ့သမျှကို မယုံကြည်မှန်း သိသာနေတော့တယ်။
အရာအားလုံးက ဟွမ်ထျန်ရဲ့ တစ်ဖက်သတ်စကားတွေချည်းပဲလေ။ ပထမဆုံးလူသားဘုရင်က ဟွမ်ထျန်နဲ့ အတွေးတူချင်မှတူမှာပေါ့။
“တကယ်တော့ လူသားဘုရင်အနေနဲ့ ခင်ဗျားကို ချိပ်ပိတ်တာထက် သတ်ပစ်လိုက်တာ ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်..!”
သေချာတွေးကြည့်လေ အရာအားလုံးက ယုတ္တိမရှိသလိုပဲ။ ပထမဆုံးလူသားဘုရင်အနေနဲ့ ဟွမ်ထျန်အပေါ် သနားငဲ့ညှာနေစရာ မလိုအပ်ဘူးလေ..!
“ဘာလို့လဲဆိုတော့ သူငါ့ကို မသတ်ချင်လို့လေ.. အဲ့တာကြောင့် ချိပ်ပိတ်ဖို့ပဲ ရွေးချယ်ခဲ့တာ..”
ထိုစကားကို ပြောနေတဲ့အချိန် ဟွမ်ထျန်ရဲ့မျက်နှာထားက အတော်လေး ကြည်နူးပျော်ရွှင်နေဟန်။
“ချိပ်ပိတ်ထားဖို့ ရွေးချယ်ခဲ့ပေမယ့် တခြားလူတွေ ငါကိုထိခိုက်အောင်လုပ်မှာမျိုး မဖြစ်စေချင်ခဲ့ဘူး.. အဲ့တာကြောင့် ငါ့ရဲ့လုံခြုံရေးအတွက် ဘယ်သူမှရှာမတွေ့နိုင်မယ့် နေရာတစ်ခုမှာ လျှို့ဝှက်ချိပ်ပိတ်ထားခဲ့တာ..”
အဲ့တာကြောင့် တော်ဝင်မြို့တော်နဲ့ အလှမ်းဝေးတဲ့ မြူနှင်းတောအုပ်ထဲမှာ ချိပ်ပိတ်ထားခဲ့တာပေါ့။ လူသားတွေက သူ့ကို မုန်းတယ်လေ၊ သူချိပ်ပိတ်ခံရမှန်းသာ လူသားတွေ သိသွားခဲ့ရင် လုံးဝအလွတ်ပေးမှာမဟုတ်ဘူး..!
“…………”
ထိုစကားကြောင့် ရွှယ်ယို့ရှန်းလည်း ဟွမ်ထျန်နဲ့ ပထမမျိုးဆက် လူသားဘုရင်ကြားမှာ ထုတ်ပြောလို့မရတဲ့ ကိစ္စတစ်ခုရှိနေတယ်လို့ တွေးထင်လာခဲ့တယ်။
ဟွမ်ထျန်ရဲ့အဖြေက လူတွေကို အတွေးမှားစေတယ်လေ..!
“လူသားဘုရင်က ခင်ဗျားအတွက် တွေးတယ်ဆိုရင် ဘာလို့ချိပ်ပိတ်ခဲ့ဦးမှာလဲ..?”
ဒီမိစ္ဆာဘုရင်ရဲ့ အပြုအမူတိုင်းက ဝိရောဓိဖြစ်စရာတွေချည်းပဲ။ ဒါပေမဲ့ ဟွမ်ထျန်က အမေးအဖြေလုပ်ရတာ ကြိုက်ပုံရတယ်။
“ဘာလို့လဲဆိုတော့ ကြောက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခု ငါလုပ်ခဲ့မိလို့..”
ဟွမ်ထျန်က အမှုမထားသလို ပြန်ဖြေလိုက်ပေမယ့် သူ့ရဲ့မျက်ဝန်းထဲမှာ ဝမ်းနည်းရပ်တချို့ လှစ်ခနဲ့ ဖြတ်သန်းသွားတယ်။ ဒါပေမဲ့ ချက်ချင်း ဖုံးကွယ်ခံလိုက်ရတယ်။
“ခင်ဗျားက ဒီလောက်စွမ်းအားကြီးတာ.. ပထမဆုံးလူသားဘုရင်က ခင်ဗျားကို ဘယ်လိုလုပ်ချိပ်ပိတ်နိုင်ခဲ့တာလဲ..?”
ဟွမ်ထျန် ထုတ်ဖော်ပြခဲ့တဲ့ စွမ်းအားအရှိန်အဝါက အလွယ်တကူ ရင်ဆိုင်နိုင်တဲ့စွမ်းအားမျိုး မဟုတ်ဘူး။ ချိပ်ပိတ်ခံရတုန်းက အခုလောက် စွမ်းအားမကြီးသေးရင်တောင် အရမ်းကွာမှာမဟုတ်ဘူး။ အဲ့တော့ ပထမမျိုးဆက် လူသားဘုရင်က ဟွမ်ထျန်ကို ဘယ်လိုနည်းလမ်းသုံးပြီး ချိပ်ပိတ်နိုင်ခဲ့တာလဲ..?
“ငါကိုယ်တိုင် ချိပ်ပိတ်ခံခဲ့တာ..”
ဟွမ်ထျန်က ပြန်ဖြေလာတယ်။
“…………”
ဟွမ်ထျန်နဲ့ ပထမမျိုးဆက် လူသားဘုရင်ကြားမှာ တစ်ခုခုရှိနေတယ်လို့ ပိုခံစားလာရပြီ..!
“သူနဲ့ငါ့အကြောင်း သိချင်လား..?”
ဟွမ်ထျန်က ဘာကြောင့်ရယ်မသိ ရွှယ်ယို့ရှန်းအား သူ့အကြောင်းပြောပြမယ်လို့ ဆိုလာတယ်။
“ကောင်းပြီလေ..”
ရွှယ်ယို့ရှန်းလည်း ပုံပြင်ကို ဂရုတစိုက် နားထောင်တော့မယ့် နားဆင်သူအလိမ္မာလေးလို ပြုမူလိုက်တော့တယ်။
………………………………………………..
Zawgyi
“ဒါဘယ္ေနရာႀကီးလဲ..?”
ဟြမ္ထ်န္က ေျပာၿပီးတာနဲ႔ သူ႔စကားအတိုင္း ခ်က္ခ်င္း အေကာင္အထည္ေဖာ္လိမ့္မည္လို႔ ႐ႊယ္ယို႔ရွန္းလည္း ထင္မထားခဲ့ဘူး။ ခုပဲၾကည့္ေလ၊ သြားမယ္ေျပာၿပီးတာနဲ႔ ခ်က္ခ်င္း ထြက္ခြာလာခဲ့ၿပီးၿပီ။
'မိစာၦနယ္ေျမျပန္မယ္' ေျပာၿပီးတာနဲ႔ စကၠန႔္ပိုင္းအတြင္း ေနအလင္းနဲ႔လအလင္း ဓားႏွစ္လက္ကိုသုံးၿပီး စင္ျမင့္ေပၚက ေနရာကူးေျပာင္းျခင္းအစီအရင္ကို အသက္သြင္းသြားလိမ့္မယ္လို႔ ဘယ္သူထင္ထားခဲ့မွာလဲ..? နည္းလမ္းက ႐ိုးရွင္းလိုက္တာ..!
ျဗဳန္းစားႀကီး ဒီလိုလုပ္သြားတာက လူကို သတိလက္လြတ္ ျဖစ္ေစတယ္..! ဒါနဲ႔ တားျမစ္နယ္ေျမထဲမွာ ေနရာေျပာင္းအစီအရင္ရွိေနတာ ယုတၱိရွိလို႔လား..?
ယုတၱိရွိတာ မရွိတာ၊ အသာထားေတာ့၊ ေလာေလာဆယ္ သူေရာက္ေနတဲ့ေနရာက ေတာ္ဝင္ၿမိဳ႕ေတာ္ထဲမွာ မဟုတ္သလို၊ လူသားမ်ိဳးႏြယ္ေတြနဲ႔ နယ္ေျမထဲမွာေတာင္ မဟုတ္ေတာ့ဘူးဆိုတာ ႐ႊယ္ယို႔ရွန္း အတပ္သိလိုက္တယ္။ ထိုအခိုက္ ႐ႊယ္ယို႔ရွန္းလည္း စိတ္မတည္ၿငိမ္ႏိုင္ေတာ့ဘူး။ သူေပ်ာက္ကြယ္သြားတဲ့အခ်ိန္ ရင္းဆုယဲ့ရဲ႕ အမူအရာက အေတာ္ေလး ကေယာင္ေျခာက္ျခားျဖစ္ေနၿပီး လဲၿပိဳက်ေတာ့မေယာင္။ သူေပ်ာက္ကြယ္သြားတာက ရင္းဆုယဲ့အတြက္ ထိုးႏွက္ခ်က္ႀကီးတစ္ခု ျဖစ္ဟန္တူတယ္။ ႐ႊယ္ယို႔ရွန္းခမ်ာ ထိုျမင္ကြင္းကို လုံးဝေမ့မရႏိုင္ခဲ့ဘူး။ ၿပီးေတာ့ သူတို႔ထြက္မသြားခင္ ဟြမ္ထ်န္က ႐ႊယ္ယို႔ရွန္းရဲ႕ အဓိကလွ်ိဳ႕ဝွက္ခ်က္ႀကီးကို ေဖာ္ထုတ္ခဲ့တာေၾကာင့္ ထိုအျခင္းအရာက ရင္းဆုယဲ့အတြက္ အဆိုးဝါးဆုံး႐ိုက္ခ်က္ျဖစ္ေနမွာ အေသအခ်ာပဲ။
႐ႊယ္ယို႔ရွန္းခမ်ာ ေတြးရင္းေတြးရင္း စိတ္ပူပန္လာရတာေၾကာင့္ ရင္းဆုယဲ့ကို ထပ္မေတြးဝံ့ေတာ့ဘူး။ သူ႔ရဲ႕ထိမ္ခ်န္ထားမႈေၾကာင့္ ရင္းဆုယဲ့ အျပစ္တင္ေနမွာကို သူေၾကာက္တယ္။ ဆိုး႐ြားၾကမ္းတမ္းလြန္းတဲ့ ကံၾကမၼာမ်ိဳး ဖန္တီးခဲ့တာေၾကာင့္ ရင္းဆုယဲ့ အျပစ္တင္ေနမွာကို သူေၾကာက္တယ္။ သူ႔အေပၚ မေကာင္းခဲ့တာေၾကာင့္ ရင္းဆုယဲ့ အျပစ္တင္ေနမွာကို သူေၾကာက္တယ္………
ဘယ္လိုပဲေျပာေျပာ လက္ရွိအေနအထားက ႐ႊယ္ယို႔ရွန္းကို အေတြးလြန္ခြင့္မေပးခဲ့ဘူး။ ေတာ္ဝင္ၿမိဳ႕ေတာ္မဟုတ္တဲ့ ေနရာသစ္တစ္ခုကို ေရာက္ေနခဲ့ေလၿပီ။
“မင္းႏိုးလာတဲ့ေနရာ..”
႐ႊယ္ယို႔ရွန္းနဲ႔ စကားေျပာေနခ်ိန္ ဟြမ္ထ်န္ရဲ႕ အျပဳအမူတိုင္းက အေတာ္ေလး ပုံမွန္ျဖစ္ေနတယ္။
“ဒီေနရာက ျမဴႏွင္းေတာအုပ္လား..?!”
႐ႊယ္ယို႔ရွန္းလည္း အသိစိတ္ျပန္ဝင္လာၿပီး ပတ္ဝန္းက်င္ကို ေသေသခ်ာခ်ာ အကဲခတ္လိုက္တယ္။ ပထမဆုံး ျမင္လိုက္ရတာက သလင္းေက်ာက္ေခါင္းတလား လွလွေလးပဲ။ ၿပီးေတာ့ ေက်ာက္သားခန္းမကို ျမင္လိုက္ရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ဘယ္ေနရာေရာက္ေနမွန္း ရိပ္မိသြားခဲ့တယ္။
သလင္းေက်ာက္ေခါင္းတလားနဲ႔ ေက်ာက္သားခန္းမက အရမ္းဆန္းၾကယ္လြန္းလို႔ လူတိုင္းရဲ႕စိတ္ထဲမွာ စြဲက်န္ရစ္ေစတယ္ေလ။ ၿပီးေတာ့ သူကိုယ္တိုင္လည္း ဒီေက်ာက္သားခန္းမရဲ႕ သလင္းေခါင္းတလားထဲကေန ႏိုးထလာတာမဟုတ္ပါလား။
“အင္း..”
ဟြမ္ထ်န္က လိုလိုလားလား ျပန္ေျဖေပးတယ္။
“တားျမစ္နယ္ေျမရဲ႕ ေနရာေျပာင္းအစီအရင္က ဘာလို႔ဒီေနရာကို ပို႔ေပးလိုက္တာလဲ..?”
ထိုအခိုက္ ႐ႊယ္ယို႔ရွန္းရဲ႕စိတ္ထဲ သံသယေတြ ပိုမိုတိုးပြားလာခဲ့တယ္။
ဟြမ္ထ်န္ဆိုတဲ့လူ၊ မဟုတ္ေသးဘူး၊ မိစာၦေကာင္က အရမ္းလွ်ိဳ႕ဝွက္ခ်က္မ်ားလြန္းတယ္။ ေရးသားဖန္တီးခဲ့တဲ့ သူကိုယ္တိုင္ေတာင္ ဇာတ္ေၾကာင္းထဲသိပ္မပါတဲ့ ဒီဇာတ္ေကာင္အေပၚ လုံးဝနားမလည္ႏိုင္ေတာ့ဘူး..!
“ဘာလို႔လဲဆိုေတာ့ ဒီေနရာက ငါခ်ိပ္ပိတ္ခံခဲ့ရတဲ့ ေနရာျဖစ္ေနလို႔ေလ..”
ထိုသို႔ေျပာရင္း ဟြမ္ထ်န္က အေဝးတစ္ေနရာကို ေငးၾကည့္ေနေလတယ္။ သူရဲ႕ဟန္ပန္က တစ္စုံတစ္ရာကို အမွတ္ရသြားသေယာင္။
“ဒီကိစၥနဲ႔ တားျမစ္နယ္ေျမ၊ ေနရာေျပာင္းအစီအရင္က အဆက္အစပ္မရွိဘူးလားလို႔..?”
ဟြမ္ထ်န္နဲ႔စကားေျပာရတာ ပင္ပန္းလိုက္တာ။ ေမးသမွ် ျပန္ေျဖေနေပမယ့္ ျပန္မေျဖသလိုပဲ။ ဟြမ္ထ်န္ရဲ႕အေတြးကို လုံးဝလိုက္မမီဘူးဆိုတာ သူဘက္က ဝန္ခံမွာမဟုတ္ဘူး။ ဒါေပမဲ့လည္း ဟြမ္ထ်န္ရဲ႕အေျဖေတြကို ဘယ္လိုမွနားမလည္ႏိုင္ေတာ့ဘူး..!
“သိခ်င္လား..?”
ဟြမ္ထ်န္က ႐ႊယ္ယို႔ရွန္းရဲ႕ အထင္ေသးသလို အျပဳအမူအေပၚ စိတ္ထဲမထားဘူး။ ထိုအစား ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ဝန္းေတြကို စိတ္ရွည္လက္ရွည္ စိုက္ၾကည့္ကာ ေမးလာတယ္။
“……….”
သိရက္သားနဲ႔ ေမးေနျပန္ၿပီ..?!
႐ႊယ္ယို႔ရွန္းက တိတ္တဆိတ္ မ်က္လုံးလွိမ့္လိုက္တယ္။
ဟြမ္ထ်န္.. ခင္ဗ်ား အဓိပၸါယ္မရွိတာေတြပဲ ေျပာေနေတာ့မွာလား..? မသိခ်င္ပဲ ဘာလို႔ တကူးတက ေမးေနဦးမွာလဲ..? အပိုစာသားေတြေလ်ာ့ၿပီး ျမန္ျမန္ေျဖစမ္းပါ..!
ခႏၶာကိုယ္ထဲ ထိန္းခ်ဳပ္ထားတာကလြဲရင္ ဘာမွမလုပ္ႏိုင္မွန္း သိလိုက္တာနဲ႔ ဟြမ္ထ်န္အေပၚ ႐ႊယ္ယို႔ရွန္းရဲ႕ အျပဳအမူေတြက အထိန္းအကြပ္မဲ့လာေတာ့တယ္။ ဟြမ္ထ်န္ကို ေၾကာက္စရာမလိုေတာ့တာေၾကာင့္ စကားလုံးေတြက ပိုမိုရဲတင္းလာခဲ့တယ္။
သူ,မေပ်ာ္႐ႊင္ရတဲ့အခ်ိန္မွာ ဟြမ္ထ်န္ကိုလည္း မ်က္ႏွာသာမေပးႏိုင္ပါဘူး..!
“ဒီသလင္းေက်ာက္အေခါင္းက တကယ္ေတာ့ ငါ့ကိုခ်ိပ္ပိတ္ဖို႔သုံးခဲ့တဲ့ ပစၥည္းတစ္ခုပဲ..!”
ဟြမ္ထ်န္က သလင္းေခါင္းတလားအနား တိုးကပ္သြားတယ္။ ၿပီးေနာက္ လက္လွမ္းကာ ေခါင္းတလားကို အသာထိေတြ႕ေနေလတယ္။ သူ႔ရဲ႕မ်က္ႏွာေပၚမွာ အတိတ္ရဲ႕အမွတ္တရေတြက ထိန္းခ်ဳပ္လို႔မရေအာင္ ျပန္လည္ထင္ဟပ္လာတယ္။
“ဟီးဟီး..!”
အဲ့စကားက ေတြးစရာေတြမ်ားလြန္းလို႔ ဘယ္ကစေတြးရမလဲေတာင္ မသိေတာ့ဘူး..! မရယ္သင့္ဘူးဆိုတာ သူသိေပမယ့္ အေခါင္းထဲခ်ိတ္ပိတ္ခဲ့တဲ့လူက တကယ့္ကို စဥ္းစားေတြးေခၚတတ္တဲ့လူပဲ..!
ဒါနဲ႔ ခ်ီးမြမ္းတာမဟုတ္ဘူးေနာ္..!
လူမေသပဲနဲ႔ အေခါင္းကို ဘာလို႔သုံးခဲ့တာလဲ..? ခ်ိပ္ပိတ္႐ုံအတြက္..? တျခားသင့္ေလ်ာ္တဲ့အရာေတြ အမ်ားႀကီး ေ႐ြးလို႔ရပါေသးတယ္။
ဝိဉာဥ္ကူးေျပာင္းလာတဲ့ အခ်ိန္ကိုေတာင္ ႐ုတ္တရက္ သတိရသြားၿပီ၊ အေခါင္းထဲမွာ ႏိုးလာရတာဆိုေတာ့ မူလပိုင္ရွင္ ေသသြားၿပီလို႔ ထင္ေနခဲ့တာ။ မူလဝိဉာဥ္ မရွိေတာ့ဘူးဆိုၿပီး ႀကိဳတင္ကာကြယ္မႈေတြ မလုပ္ခဲ့မိဘူး။ အဲ့တာေၾကာင့္ ဟြမ္ထ်န္က သူ႔ရဲ႕ခႏၶာကိုယ္ကို လြယ္လင့္တကူ ျပန္ယူသြားႏိုင္ခဲ့တာေပါ့..!
အေခါင္းကိုသုံးၿပီး လူေတြကိုလွည့္စားတာက တကယ့္ကို ဆိုးဝါးလြန္းပါတယ္..! အႀကံႀကီးလြန္းတယ္..!
အခုေတာ့ သူ႔မွာ ဟြမ္ထ်န္ရဲ႕ခႏၶာကိုယ္ထဲ ပိတ္မိေနၿပီး ဘာမွလုပ္မရေတာ့ဘူး။ အေခါင္းကိုသုံးၿပီး ခ်ိပ္ပိတ္ခဲ့တဲ့'အဲ့လူ'ကို တကယ္ႀကီး အျပစ္တင္ခ်င္တယ္..!
“ခင္ဗ်ားကို ဘယ္သူခ်ိပ္ပိတ္ခဲ့တာလဲ..?”
သူ႔အတြက္ က်င္းတူးခဲ့တဲ့'ထိုလူ'ကို သိထားဖို႔လိုတယ္လို႔ ႐ႊယ္ယို႔ရွန္းက ေတြးလိုက္တယ္။
“ငါ့ကို ဒီေနရာမွာ ခ်ိပ္ပိတ္ခဲ့တဲ့လူက ပထမဆုံးလူသားဘုရင္ပဲ..”
ဟြမ္ထ်န္က ႐ိုး႐ိုးရွင္းရွင္း ျပန္ေျဖလာတယ္။
“………..”
ဟြမ္ထ်န္ရဲ႕အေျဖကို ၾကားလိုက္တဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ အရွည္ႀကီး စေတြးေတာ့တယ္။
လူသားမ်ိဳးႏြယ္နဲ႔ မိစာၦမ်ိဳးႏြယ္ေတြရဲ႕ ဆက္ဆံေရးက ဒီေလာက္ဆိုးဝါးေနမွေတာ့ ပထမဆုံးမိစာၦဘုရင္ကို ပထမဆုံးလူသားဘုရင္ကလြဲရင္ တျခားဘယ္သူမွ ခ်ိပ္ပိတ္ႏိုင္မွာမဟုတ္ဘူး။ ဒါေပမဲ့ စိတ္မေကာင္းစရာကေတာ့ ပထမဆုံးမိစာၦဘုရင္ျဖစ္တဲ့ ဟြမ္ထ်န္က အခုခ်ိန္ထိ အသက္ရွင္ေနၿပီး လူသားဘုရင္ကေတာ့ မ်ိဳးဆက္မ်ားစြာ ေျပာင္းလဲသြားခဲ့ၿပီ။ ေျပာရရင္ ပထမဆုံးလူသားဘုရင္က သမိုင္းေရစီးေၾကာင္းထဲ ေမ်ာပါေပ်ာက္ကြယ္သြားခဲ့ၿပီ။
အဲ့ေတာ့ ႐ႊယ္ယို႔ရွန္းခမ်ာ သူ႔အတြက္ က်င္းတူးခဲ့တဲ့ ပထမမ်ိဳးဆက္ လူသားဘုရင္ကို မေက်မနပ္ျဖစ္ရင္ေတာင္ မ်ိဳး႐ိုးကိုးဆက္မတိုင္ခင္ထဲက ေသဆုံးသြားၿပီျဖစ္တဲ့လူကို ေဒါသထြက္လို႔မရေတာ့ဘူးေလ။ ကံမေကာင္းဘူးလို႔ပဲ ေျပာရေတာ့မွာေပါ့..!
ပထမမ်ိဳးဆက္ဘုရင္ေတြအေပၚ ဘာအျပစ္က်ဴးလြန္မိလို႔ သူ႔ကို ဒီလိုေတြလုပ္ေနရတာလဲ..? တကယ္ႀကီး သံသယဝင္လာမိၿပီ..!
မဟုတ္ရင္ ပထမဆုံးလူသားဘုရင္က သူ႔အတြက္ က်င္းတူးသြားၿပီး ပထမဆုံးမိစာၦဘုရင္က သူ႔ဝိညဥ္ကို ဘာလို႔ေလွာင္ပိတ္ထားရတာလဲ..? ဒီထက္ဝမ္းနည္းစရာေကာင္းတဲ့အျဖစ္မ်ိဳး မရွိေတာ့ဘူး..!
ေနစမ္းပါဦး.. စကားလမ္းေၾကာင္း လြဲသြားျပန္ၿပီ၊ အခုေလးတင္ ဟြမ္ထ်န္နဲ႔ ေနရာေျပာင္းအစီအရင္အေၾကာင္း ေျပာေနတာမဟုတ္ဘူးလား..?
“ေတာ္ဝင္ၿမိဳ႕ေတာ္နဲ႔ ဒီအခန္းကို ဆက္သြယ္ထားတဲ့ ေနရာေျပာင္းအစီအရင္ကို ပထမမ်ိဳးဆက္ လူသားဘုရင္ တည္ေဆာက္ခဲ့တာလို႔ ခင္ဗ်ားေျပာခ်င္တာလား..?”
႐ႊယ္ယို႔ရွန္းက ထိုအခ်က္အေပၚ ခပ္ျမန္ျမန္ တုံ႔ျပန္လိုက္တယ္။
ပထမဆုံးလူသားဘုရင္က ဟြမ္ထ်န္ကို ခ်ိပ္ပိတ္ခဲ့တာဆိုေတာ့ ေနရာေျပာင္းအစီအရင္ကိုလည္း သူပဲ တည္ေဆာက္ခဲ့တာ ျဖစ္ရမယ္။ ဟြမ္ထ်န္ ဖန္တီးထားတာေတာ့ မျဖစ္ႏိုင္ဘူးေလ။ ေတာ္ဝင္ၿမိဳ႕ေတာ္အထိ ေပါက္ေရာက္တဲ့ ေနရာေျပာင္းအစီအရင္ကို ကိုယ္တိုင္တည္ေဆာက္ထားရတဲ့အထိ ဟြမ္ထ်န္က မ႐ူးမိုက္ေလာက္ပါဘူး၊ ဟုတ္တယ္မလား..?!
“အင္း.. ဒီေနရာေျပာင္းအစီအရင္ကို ပထမဆုံးလူသားဘုရင္က အထူးတလည္ တည္ေဆာက္ထားခဲ့တာ..”
ဟြမ္ထ်န္က တိက်ေသခ်ာစြာ ေခါင္းညိတ္ျပလာတယ္။
“ခင္ဗ်ားကို ေစာင့္ၾကည့္ႏိုင္ေအာင္ေပါ့..?”
ဟြမ္ထ်န္ကို ျမဴႏွင္းေတာအုပ္ထဲ ခ်ိပ္ပိတ္ထားၿပီးတာေတာင္ ပထမဆုံးလူသားဘုရင္က စိတ္မခ်ေသးတာ ျဖစ္ႏိုင္တယ္။ အဲ့တာေၾကာင့္ ခ်ိပ္ပိတ္ထားတဲ့ေနရာကို အခ်ိန္မေ႐ြး စစ္ေဆးႏိုင္ေအာင္ လူအင္အား၊ ပစၥည္းအင္အား အကုန္က်ခံၿပီး ေနရာေျပာင္းအစီအရင္ တည္ေဆာက္ထားခဲ့တာေပါ့။
“ငါ့ကို အခ်ိန္မေ႐ြး လာေတြ႕လို႔ရေအာင္ ေနရာေျပာင္းအစီအရင္ ေဆာက္လုပ္ခဲ့တာ..”
ဟြမ္ထ်န္ရဲ႕ဟန္ပန္က ႐ႊယ္ယို႔ရွန္းရဲ႕ ‘ေစာင့္ၾကည့္ျခင္း’ ဆိုတဲ့စကားလုံးကို မေက်မနပ္ ျဖစ္ေနဟန္တူတယ္။ မသိမသာ မ်က္ေမွာင္ၾကဳတ္ၿပီး ျပန္ေျဖလာခဲ့တယ္။
“…………”
‘သူ႔အေျဖကမွ အမွန္..’ ဆိုတဲ့ပုံစံမ်ိဳးနဲ႔ ျပန္ေျဖလာတဲ့ ဟြမ္ထ်န္ကို ႐ႊယ္ယို႔ရွန္းလည္း မ်က္ေစာင္းထိုးလိုက္မိတယ္။ ႐ုတ္တရက္ ဟြမ္ထ်န္ကို ေစ့ေစ့မၾကည့္ရဲေတာ့သလိုပဲ။
သူေျပာလိုက္တဲ့စကားက လူေတြကို အေတြးမ်ားေစတယ္ဆိုတာ ဟြမ္ထ်န္ သိေရာသိရဲ႕လား..?
“မဟုတ္ေသးပါဘူး..! ခင္ဗ်ားကို ေစာင့္ၾကည့္ခ်င္တာပဲျဖစ္ျဖစ္၊ ေတြ႕ခ်င္လို႔ပဲျဖစ္ျဖစ္၊ ျမဴႏွင္းေတာအုပ္ထဲမွာ ခ်ိပ္မပိတ္ထားသင့္ဘူးေလ၊ ေတာ္ဝင္ၿမိဳ႕ေတာ္ထဲ ခ်ိပ္ပိတ္ထားတာ ပိုအဆင္ေျပတယ္လို႔ မထင္မိဘူးလား..?!”
႐ႊယ္ယို႔ရွန္းက ယုတၱိမရွိသလို ခံစားလိုက္ရတယ္။ အခုေလးတင္ ဟြမ္ထ်န္ေျပာခဲ့သမွ်ကို မယုံၾကည္မွန္း သိသာေနေတာ့တယ္။
အရာအားလုံးက ဟြမ္ထ်န္ရဲ႕ တစ္ဖက္သတ္စကားေတြခ်ည္းပဲေလ။ ပထမဆုံးလူသားဘုရင္က ဟြမ္ထ်န္နဲ႔ အေတြးတူခ်င္မွတူမွာေပါ့။
“တကယ္ေတာ့ လူသားဘုရင္အေနနဲ႔ ခင္ဗ်ားကို ခ်ိပ္ပိတ္တာထက္ သတ္ပစ္လိုက္တာ ပိုေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္တယ္..!”
ေသခ်ာေတြးၾကည့္ေလ အရာအားလုံးက ယုတၱိမရွိသလိုပဲ။ ပထမဆုံးလူသားဘုရင္အေနနဲ႔ ဟြမ္ထ်န္အေပၚ သနားငဲ့ညႇာေနစရာ မလိုအပ္ဘူးေလ..!
“ဘာလို႔လဲဆိုေတာ့ သူငါ့ကို မသတ္ခ်င္လို႔ေလ.. အဲ့တာေၾကာင့္ ခ်ိပ္ပိတ္ဖို႔ပဲ ေ႐ြးခ်ယ္ခဲ့တာ..”
ထိုစကားကို ေျပာေနတဲ့အခ်ိန္ ဟြမ္ထ်န္ရဲ႕မ်က္ႏွာထားက အေတာ္ေလး ၾကည္ႏူးေပ်ာ္႐ႊင္ေနဟန္။
“ခ်ိပ္ပိတ္ထားဖို႔ ေ႐ြးခ်ယ္ခဲ့ေပမယ့္ တျခားလူေတြ ငါကိုထိခိုက္ေအာင္လုပ္မွာမ်ိဳး မျဖစ္ေစခ်င္ခဲ့ဘူး.. အဲ့တာေၾကာင့္ ငါ့ရဲ႕လုံၿခဳံေရးအတြက္ ဘယ္သူမွရွာမေတြ႕ႏိုင္မယ့္ ေနရာတစ္ခုမွာ လွ်ိဳ႕ဝွက္ခ်ိပ္ပိတ္ထားခဲ့တာ..”
အဲ့တာေၾကာင့္ ေတာ္ဝင္ၿမိဳ႕ေတာ္နဲ႔ အလွမ္းေဝးတဲ့ ျမဴႏွင္းေတာအုပ္ထဲမွာ ခ်ိပ္ပိတ္ထားခဲ့တာေပါ့။ လူသားေတြက သူ႔ကို မုန္းတယ္ေလ၊ သူခ်ိပ္ပိတ္ခံရမွန္းသာ လူသားေတြ သိသြားခဲ့ရင္ လုံးဝအလြတ္ေပးမွာမဟုတ္ဘူး..!
“…………”
ထိုစကားေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ဟြမ္ထ်န္နဲ႔ ပထမမ်ိဳးဆက္ လူသားဘုရင္ၾကားမွာ ထုတ္ေျပာလို႔မရတဲ့ ကိစၥတစ္ခုရွိေနတယ္လို႔ ေတြးထင္လာခဲ့တယ္။
ဟြမ္ထ်န္ရဲ႕အေျဖက လူေတြကို အေတြးမွားေစတယ္ေလ..!
“လူသားဘုရင္က ခင္ဗ်ားအတြက္ ေတြးတယ္ဆိုရင္ ဘာလို႔ခ်ိပ္ပိတ္ခဲ့ဦးမွာလဲ..?”
ဒီမိစာၦဘုရင္ရဲ႕ အျပဳအမူတိုင္းက ဝိေရာဓိျဖစ္စရာေတြခ်ည္းပဲ။ ဒါေပမဲ့ ဟြမ္ထ်န္က အေမးအေျဖလုပ္ရတာ ႀကိဳက္ပုံရတယ္။
“ဘာလို႔လဲဆိုေတာ့ ေၾကာက္ဖို႔ေကာင္းတဲ့ ကိစၥတစ္ခု ငါလုပ္ခဲ့မိလို႔..”
ဟြမ္ထ်န္က အမႈမထားသလို ျပန္ေျဖလိုက္ေပမယ့္ သူ႔ရဲ႕မ်က္ဝန္းထဲမွာ ဝမ္းနည္းရပ္တခ်ိဳ႕ လွစ္ခနဲ႔ ျဖတ္သန္းသြားတယ္။ ဒါေပမဲ့ ခ်က္ခ်င္း ဖုံးကြယ္ခံလိုက္ရတယ္။
“ခင္ဗ်ားက ဒီေလာက္စြမ္းအားႀကီးတာ.. ပထမဆုံးလူသားဘုရင္က ခင္ဗ်ားကို ဘယ္လိုလုပ္ခ်ိပ္ပိတ္ႏိုင္ခဲ့တာလဲ..?”
ဟြမ္ထ်န္ ထုတ္ေဖာ္ျပခဲ့တဲ့ စြမ္းအားအရွိန္အဝါက အလြယ္တကူ ရင္ဆိုင္ႏိုင္တဲ့စြမ္းအားမ်ိဳး မဟုတ္ဘူး။ ခ်ိပ္ပိတ္ခံရတုန္းက အခုေလာက္ စြမ္းအားမႀကီးေသးရင္ေတာင္ အရမ္းကြာမွာမဟုတ္ဘူး။ အဲ့ေတာ့ ပထမမ်ိဳးဆက္ လူသားဘုရင္က ဟြမ္ထ်န္ကို ဘယ္လိုနည္းလမ္းသုံးၿပီး ခ်ိပ္ပိတ္ႏိုင္ခဲ့တာလဲ..?
“ငါကိုယ္တိုင္ ခ်ိပ္ပိတ္ခံခဲ့တာ..”
ဟြမ္ထ်န္က ျပန္ေျဖလာတယ္။
“…………”
ဟြမ္ထ်န္နဲ႔ ပထမမ်ိဳးဆက္ လူသားဘုရင္ၾကားမွာ တစ္ခုခုရွိေနတယ္လို႔ ပိုခံစားလာရၿပီ..!
“သူနဲ႔ငါ့အေၾကာင္း သိခ်င္လား..?”
ဟြမ္ထ်န္က ဘာေၾကာင့္ရယ္မသိ ႐ႊယ္ယို႔ရွန္းအား သူ႔အေၾကာင္းေျပာျပမယ္လို႔ ဆိုလာတယ္။
“ေကာင္းၿပီေလ..”
႐ႊယ္ယို႔ရွန္းလည္း ပုံျပင္ကို ဂ႐ုတစိုက္ နားေထာင္ေတာ့မယ့္ နားဆင္သူအလိမၼာေလးလို ျပဳမူလိုက္ေတာ့တယ္။
………………………………………………..