unicode
အပိုင်း ၁၄။ အမျိုးသမီးအကယ်ဒမီ
ယဲ့ကျန်းနှင့် သူမ၏အစေခံတို့ တိတ်ဆိတ်သော လျှောက်လမ်းအပေါ်သို့ ရောက်သွားသောအခါ သခင်မကြီးလု၏ရယ်သံက ရုတ်တရက်ကြီး ပျံ့လွင့်လာသည်။ သူမ၏အသက်အရွယ်အရ ထိုသို့ တက်ကြွပျော်ရွှင်သော ခံစားချက်ရလာဟန် မခက်ခဲသေးဟန်ရ၏။
လှေကားထစ် အနည်းငယ်လှမ်းပြီးနောက် သူမ နောက်ဆုံးတွင် ရောက်ရှိသွားလျက် သခင်မကြီးလု၏ စောင့်ဆိုင်းနေသော အစေခံက လိုက်ကာစကို လျင်မြန်စွာမြှင့်တင်ပေးလာသည်။
“တတိယသခင်မလေး ရောက်လာပါပြီ သခင်မ”
ယဲ့ကျန်းက အစေခံကို ခေါင်းညိတ်ပြပြီးနောက် သာမန်ကာလျှံကာ ပြုံးပြလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ အတွင်းသို့ဝင်သွား၏။
“အဖွား သမီး လာပြီး ဂါဝရပြုတာပါ”
အခန်းအတွင်းတွင် လုကျင်းရှိနေပြီးသားဖြစ်သည်။ သူမက သခင်မကြီး၏ ဘယ်ဘက်အခြမ်းတွင် ထိုင်ကာ မကျေမနပ် ကြည့်နေ၏။ ယဲ့ကျန်းအပေါ် သဘောမကျမှုကို သယ်ဆောင်ထားလျက် သူမ ဝင်လာချိန်တွင် ရိုကျိုးမှုကို ထုတ်ဖော်ပြသခဲ့သော်လည်း ယခုအခါတွင် မည်သည့်ရိုကျိုးမှုကိုမှ ထုတ်ပြလာခြင်းမရှိပေ။
သခင်မကြီးလု၏ ထက်ရှသောမျက်ဝန်းများက ဒါကို သတိထားမိသည်။ လုကျင်းက ယဲ့ကျန်းကို ထိုသို့သဘောမကျခြင်းက အကြီးအကဲ၏ထင်မြင်ချက်ကို ဖျက်ဆီးသလိုဖြစ်သွားခဲ့၏။
တည်ငြိမ်သောအမူအရာကို ကိုင်ဆွဲထားသော လုဖန်းကလည်း သခင်မကြီးလု၏ ညာဘက်ခြမ်းတွင် သက်သောင့်သက်သာ ထိုင်လျက် သူမ၏မျက်နှာတစ်ဝက်ခန့်ကို လုံးဝိုင်းသော ယပ်တောင်ဖြင့် ကာထား၏။
“တတိယညီမ ညီမလေးကြည့်ရတာ ဒီနေ့ ပိုပြီးကြည့်ကောင်းနေသားပဲ”
ယဲ့ကျန်းက ရယ်သည်။
“ဟုတ်တယ်၊ ဒါက ဒီစံအိမ်က လူတွေကို ကျန်းမာဝပြောစေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ”
သခင်မကြီးလုက ရယ်သည်။ သူမ သည်းမတတ်ဖြစ်သွား၏။ သူမက ခေါင်းကိုခါကာ မှတ်ချက်ပေးသည်။
“ဟုတ်တယ်၊ ဒီကလေးမ ပိုပြီးကြည့်ကောင်းလာတယ်၊ ဒါပေမဲ့ ပိန်ပါးနေတုန်းပဲ၊ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်နော်”
“အဖွား စိတ်အေးအေးထားပါ၊ သမီးက ကိုယ့်ကိုယ်ကိုယ် အသားဖြူပြီး ဝဖြိုးလာအောင် ကြိုးစားမှာပါ၊ သမီးက အခုမှ ရောက်လာကာစလေ၊ ဒါပေမဲ့ ပျော်ပျော်ရွှင်ရွှင် ရယ်နေတဲ့အသံတွေကို ကြားလိုက်ရတယ်၊ ဘာတွေများ ပျော်ရွှင်နေတာပါလဲ”
“ဒီမှာ စတုတ္ထညီမက အကယ်ဒမီအကြောင်း ပြောပြနေတာလေ၊ အထက်တန်းလွှာ ကျော်ကြားတဲ့မိသားစုက သခင်မလေးတစ်ယောက်က တို့များကို အထင်သေးလို့ ရှက်ဖွယ်ကောင်းတဲ့ အမူအရာမျိုး ဖြစ်ခဲ့တာကို ပြောပြနေတာပေါ့၊ အို ဟုတ်သားပဲ နောက်ဆုံးမှာတော့ အဲဒီနိမ့်ကျတဲ့တစ်ယောက်က ကိုယ့်ကိုယ်ကို အရှက်ခွဲသလို ဖြစ်သွားခဲ့တာပါပဲ”
လုဖန်းက ပြောပြသည်။
မိသားစုတိုင်းက အထက်တန်းလွှာနှင့် မျိုးရိုးမြင့်အထက်တန်းစားများ မဟုတ်ကြပေ။ ဥပမာအားဖြင့် လုမိသားစုကဲ့သို့ ဖြစ်သည်။ လုကျင်း၏ အပြုအမူအရ သူမ၏မွေးဖွားခဲ့သော အဆင့်အတန်းအရ အသုံးချရန်ခက်ခဲနေခဲ့၏။
“ကြည့်ရတာ အကယ်ဒမီက ပျော်ဖို့ကောင်းတဲ့ပုံပဲ”
ယဲ့ကျန်းက ထိုစကားကို ဆိုလိုက်သည်နှင့် လုကျင်း၏မျက်နှာမှ အပြုံးက ပျောက်ရှသွားသည်။
“တတိယအစ်မ တတိယအစ်မက အကယ်ဒမီမှာ မတက်ဖူးဘဲနဲ့ ဘာလို့ စကားကို ဒီလိုသာမန်ကာလျှံကာ ပြောရတာလဲ၊ လူကြားထဲမှာ မပြောနဲ့နော်၊ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလို ဖြစ်သွားလိမ့်မယ်”
လုကျင်း၏မှတ်ချက်က ဆိုးရွားသည်။
ဒီလို တောအုံကနားက ဖရုံသီးမက လာကြွားရဲတယ်လား၊ ဘယ်လိုတောင် လုပ်ရဲတာလဲ။
သို့တိုင်အောင် ယဲ့ကျန်း၏မျက်နှာက အပြစ်ကင်းစင်ကာ သတိထားမိဟန်ပင်မရဘဲ ပြောသည်။
“တို့က အကယ်ဒမီကိုမှ မရောက်ဖူးတာ ဒီတော့ အကယ်ဒမီက ဘာနဲ့တူမှန်း ဘယ်လိုသိမှာတဲ့လဲ၊ နောက်တစ်ကြိမ် စတုတ္ထညီမ တို့ကို တစ်ချက်ခေါ်ပြီး လိုက်ပြသင့်တယ်နော်၊ ဒီလိုဆိုရင် တို့လည်း နားလည်သွားမှာပေါ့”
သခင်မကြီးလုက ပြောလာသည်။ သူမက ခေါင်းညိတ်၏။
“ယောင်ယောင်က နယ်မြို့ကနေ လာတော့ အကယ်ဒမီရဲ့ ဘဝအတွေ့အကြုံ ဘယ်ရှိပါ့မလဲ၊ ဒါပေမဲ့ အခု မင်းရဲ့အစ်ကိုကြီးက အဆင့်အတန်းအချို့ကို ရလာပြီ၊ ဒီအဖွားက သူ့ကိုပြောပြီး မင်းကို အထောက်အပံ့ပေးခိုင်းလို့ အမျိုးသမီးအကယ်ဒမီမှာ စာသင်ကြားခွင့်ရအောင် လုပ်ပေးမယ်၊ မင်း လေ့လာဖို့ ဘယ်လောက်များများ ရှိနေ ရှိနေ ပြဿနာမရှိဘူး၊ မင်း လုပ်ဖို့လိုအပ်တာက လေးစားဖွယ်ကောင်းတဲ့ ဂုဏ်သိက္ခာအဆင့်အတန်းတစ်ခု ပိုင်ဆိုင်အောင် ကြိုးစားရုံပါပဲ၊ အထူးသဖြင့် မင်း လက်ထပ်ဖို့ အသက်အရွယ်ရောက်လာတဲ့အခါ အဆင့်အတန်းပြည့်မီအောင်ပေါ့”
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာခန့်က ချီယန်လင်၏ ကျောင်းတော်များကို တည်ထောင်ခဲ့သော မူလရည်ရွယ်ချက်က အထီးကျန်ဆန်မှု၊ အဆင့်အတန်းနိမ့်ကျမှုတို့ ကြုံတွေ့နေရသော အမျိုးသမီးများကို ကူညီကာ အသက်ရှင်နေထိုင်နိုင်စွမ်းရှိသည့် စွမ်းရည်များကို သင်ကြားနိုင်စေရန် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်မူ မူရင်းရည်ရွယ်ချက်က ပျောက်သွားခဲ့၏။ ထို့အစား ကျော်ကြားမှုကသာ ကြီးမားလာခဲ့ပြီး အမျိုးသမီးအကယ်ဒမီထဲသို့ ဝင်ရောက်လျှောက်လှမ်းခွင့်ရသော အမျိုးသမီးတိုင်းကစပြီး ကောင်းမွန်စွာတတ်ကျွမ်းသော အဆင့်အတန်းမြင့်မိသားစုမှ သခင်မလေးများကိုသာလျှင် လက်ခံတော့သည်။
သို့မဟုတ် စာပေပညာတွင် အလွန်ထူးချွန်သော သာမန်မိသားစုမှ လူအနည်းငယ်ကိုသာလျှင် လက်ခံတော့၏။ ထိုသူများက မကျော်ကြားသော အနုပညာရပ်ခြောက်မျိုးတွင် အောင်မြင်အောင် ဝင်ရောက်ဖြေဆိုခွင့်ရှိ၏။ ယခင်ကကဲ့သို့ အသက်ရှင်နေထိုင်ရန် ခက်ခဲသော သူများအတွက် မဟုတ်တော့ပေ။
လုကျင်း၏မျက်ဝန်းအတွင်း အလင်းရောင်လက်သွားသည်။ သခင်မကြီးလု၏ တည်ရှိမှုကြောင့်သာ မဟုတ်လျှင် သူမက ယဲ့ကျန်းရှေ့တည့်တည့်တွင် လှောင်ရယ်ပေလိမ့်မည်။
သူမ၏စိတ်အတွင်းတွင် တောချုံအုံကြားတွင် ကြီးပြင်းလာခဲ့သော လူမျိုးက အကယ်ဒမီ၏ လုပ်ဆောင်နိုင်စွမ်းကို အမီလိုက်နိုင်လိမ့်မည်ဟု မထင်ထားပေ။ ဂီတ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီဆွဲခြင်းတို့ကို မဆိုထားဘိ သူမက အကယ်ဒမီမှ ကျော်ကြားသောသူတစ်ယောက် အနည်းဆုံးဖြစ်နိုင်ရန်ပင် အရည်အချင်း ပြည့်မီခြင်းမရှိပေ။ သူမက အံ့အားမှင်သက်ဖွယ်ကောင်းစွာ အောင်မြင်သွားခဲ့လျှင် သူမ၏အပြုအမူများကြောင့် အခြားသူများက သေချာပေါက် မောင်းထုတ်မည်မှာလည်း သေချာနေသေး၏။
“အစ်ကိုကြီးက တတိယညီမလေးကို အထောက်အပံ့ပေးမယ်ဆိုရင်တောင်မှ ဝင်ခွင့်စာမေးပွဲတော့ အောင်မြင်အောင် လုပ်ဖို့လိုအပ်လိမ့်မယ်နော်၊ ညီမလေးက အသက် ၁၄ နှစ်ရောက်နေပြီဆိုတော့ အသက်က ကြီးနေပြီ၊ နောက်ကျသွားမှာလည်း စိုးရိမ်မိပါတယ်”
လုဖန်းကလည်း လုကျင်း၏လေသံကို လိုက်လာသည်။
“အကယ်ဒမီက အသက် ၁၅ နှစ် မရောက်မချင်း သွားရောက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ထားတာပဲ၊ လုယောင်ယောင်က အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ်တွေလို အနုပညာလေးရပ်ကို သင်ကြားနိုင်စွမ်းရှိတာပဲ”
သခင်မကြီးလုက ယဲ့ကျန်းကို အလေးအနက်ကြည့်ကာ အခြားသူများ၏ စကားကို အပြင်းအထန် ကန့်ကွက်လိုက်သည်။
“ဒီအဖွားကို ပြောစမ်းပါကလေး၊ ငါ ကြားတာတော့ မင်းက မင်းရဲ့အမေနဲ့အရင်က ဆေးပညာကို လေ့လာခဲ့တယ်ဆို၊ ဒီလိုဆိုရင် ဆေးဝါးအကယ်ဒမီကျောင်းတော်ကို သွားပြီး လေ့လာချင်လား”
သခင်မကြီးလုက မေးသည်။
မူလက ဆေးပညာသည် အထင်သေးခံရသော ကျွမ်းကျင်မှုပညာရပ်ဖြစ်သည်။ အလင်းရောင်မှ မျက်နှာသာပေးခံရသော အမျိုးသားများအတွက် မဆိုထားဘိ အမျိုးသမီးများဆိုလျှင် ပြောရန် မလိုအပ်တော့ပေ။ သို့ရာတွင် အင်ပါယာသွမ့်ဟွိန်၊ ချီယန်လင်တို့၏ လက်ထက်တွင်မူ အရာအားလုံးက ပြောင်းလဲသွားသည်။ သူမတို့က ကျော်ကြားလှသော ဆေးဝါးပညာရှင်များဖြစ်ကြ၏။ သူမတို့က ကုသခြင်းလက်ဆောင်တော် ပိုင်ဆိုင်ထားသည့်အလား လုပ်နိုင်စွမ်းရှိခဲ့လေရာ နောက်ပိုင်းတွင် ဆေးပညာသည် မူဝါဒများနှင့် သက်ဆိုင်ခြင်းမရှိဘဲ အားလုံး၏ မကောင်းသောအမြင်များကို ဖယ်ရှားနိုင်သည်အထိ မြင့်မားလာခဲ့သည်။
သိပ်မကြာခင်အချိန်တွင် သူမက အမျိုးသမီးအကယ်ဒမီကို ကျော်လွန်အောင် ပထမဆုံးသော အမျိုးသမီးများအကြားတွင် ယေဘူယျအားဖြင့် အမြင့်မားဆုံး အဆင့်အတန်းရှိမည့် ကျွမ်းကျင်မှုပညာရပ်နယ်ပယ် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သူမက ဆေးဝါးပညာ အကယ်ဒမီကျောင်းတော်ကို တည်ထောင်ခဲ့ပြီး အမျိုးသမီးအကယ်ဒမီအခွဲအဖြစ် တည်ထောင်ခဲ့၏။ ထိုကဲ့သို့သောသူများက တော်ဝင်ဆေးဝါးပညာရှင်များ ဖြစ်လာနိုင်လေသည်။
သူမကသာ တော်ဝင်ဆေးဝါးပညာရှင်ဖြစ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ကလဲ့စားချေဖို့ ဖြစ်လာနိုင်မှာလား၊ ငါသာ ကလဲ့စားချေနိုင်မယ်ဆိုရင် သေချာပေါက် မြင့်မားတဲ့ အဆင့်အတန်းတစ်ခုရဲ့ နောက်ခံလိုအပ်လိမ့်မယ်။
မြို့တော်တစ်ခုလုံးကို ခြုံကြည့်မည်ဆိုလျှင် ယဲ့ကျန်းအနေဖြင့် မည်သူက ထိုသို့ လုပ်နိုင်စွမ်းရှိကြောင်းသိနေသည်။ ဒါက ချင်မင်းဆက်၏ မယ်တော်ကြီး မော့ရုန်ကျန်း၏ မယ်တော် ဖြစ်သည်။
ယဲ့ကျန်း မော့ရုန်ကျန်းကို လက်ထပ်ခဲ့ချိန်သို့ ပြန်ပြောင်းကြည့်ရသော် မယ်တော်ကြီးက သူမအပေါ် အလွန်ကြင်နာခဲ့သည်။
“အဖွား သမီး စဉ်းစားလိုက်ပါ့မယ်”
သူမက ပြောသည်။
သူမ မည်သို့သောနည်းလမ်းကို အသုံးပြုစေကာမူ နန်းတော်အတွင်းသို့ ဝင်ရောက်ရမည်ဖြစ်သည်။ သည်လိုနည်းလမ်းမှသာ ကလဲ့စားချေရန် အခွင့်အရေးရရှိလာမည်ဖြစ်၏။ သူမ နန်းတော်အတွင်းသို့ ဝင်ရောက်မှသာလျှင် သူမ လိုချင်သောအာဏာကို ရပေလိမ့်မည်။
သူမ အမျိုးသမီးဆေးဝါးပညာရှင်ဖြစ်ရန် လိုအပ်ရုံသာမကလေဘဲ လုမိသားစု၏ အဆင့်အတန်းကို သုံးပြီး သူမအတွက် ပိုကောင်းသည့် အနေအထားမျိုး ရောက်အောင် လုပ်ရန်လိုအပ်သေးသည်။
လုလင်ကျစ်က သူမအပေါ် ဆိုးရွားစွာ ဆက်ဆံခဲ့သည်။ နာကျင်မှုနှင့် ဒေါသကြောင့် ကန်းပြီး သူတို့လုပ်ခဲ့သမျှအရာအားလုံးကို သူတို့ တန်ပြန်ခံစားရစေရန် သူမ မျှော်လင့်၏။ လက်ရှိအချိန်တွင်မူ သူမကို လုလင်ကျစ်ပေးခဲ့သော အဆိပ် သို့မဟုတ် သူမ၏နောက်ခံကို ခိုးသွားခဲ့သော လုဝူရှန်းတို့အားလုံးအတွက် အနည်းငယ် ကလဲ့စားချေရုံဖြင့် လုံလောက်တော့မည် မဟုတ်ပေ။ သူတို့အားလုံးကို သူမကို ဆက်ဆံခဲ့သည်ထက် ဆိုးရွားသောနည်းလမ်းများဖြင့် ပြန်ခံစားရအောင် လုပ်ရပေလိမ့်မည်။
နောက်တစ်ကြိမ် လုလင်ကျစ်နှင့် သူမတွေ့သောအခါ သူမက တည်ငြိမ်ကာ မကြောက်လန့်သောသူ ဖြစ်ရမည်။ သူမ၏စိတ်အတွင်းတွင် သူမ၏ညီမ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး ကြာရှည်စွာနေထိုင်လာပြီးသည်နှင့်အမျှ သူမတို့က ဝမ်းကွဲဖြစ်ကြောင်း သတိထားမိလာစေ၏။ ရန်သူ၏တည်ရှိမှုအရ သူမ သေချာပေါက် ယဲ့ကျန်း၏နောက်ခံကို မေ့ထားရပေလိမ့်မည်။
လုလင်ကျစ်နဲ့ လုဝူရှန်း ငါ ပြန်လာပြီ၊ နင်တို့အဆင်သင့်ပဲလား။
...
zawgyi
အပိုင္း ၁၄။ အမ်ိဳးသမီးအကယ္ဒမီ
ယဲ့က်န္းႏွင့္ သူမ၏အေစခံတို႔ တိတ္ဆိတ္ေသာ ေလွ်ာက္လမ္းအေပၚသို႔ ေရာက္သြားေသာအခါ သခင္မႀကီးလု၏ရယ္သံက ႐ုတ္တရက္ႀကီး ပ်ံ႕လြင့္လာသည္။ သူမ၏အသက္အ႐ြယ္အရ ထိုသို႔ တက္ႂကြေပ်ာ္႐ႊင္ေသာ ခံစားခ်က္ရလာဟန္ မခက္ခဲေသးဟန္ရ၏။
ေလွကားထစ္ အနည္းငယ္လွမ္းၿပီးေနာက္ သူမ ေနာက္ဆုံးတြင္ ေရာက္႐ွိသြားလ်က္ သခင္မႀကီးလု၏ ေစာင့္ဆိုင္းေနေသာ အေစခံက လိုက္ကာစကို လ်င္ျမန္စြာျမႇင့္တင္ေပးလာသည္။
“တတိယသခင္မေလး ေရာက္လာပါၿပီ သခင္မ”
ယဲ့က်န္းက အေစခံကို ေခါင္းညိတ္ျပၿပီးေနာက္ သာမန္ကာလွ်ံကာ ျပဳံးျပလိုက္သည္။ ထို႔ေနာက္ ေခါင္းကိုငုံ႔ကာ အတြင္းသို႔ဝင္သြား၏။
“အဖြား သမီး လာၿပီး ဂါဝရျပဳတာပါ”
အခန္းအတြင္းတြင္ လုက်င္း႐ွိေနၿပီးသားျဖစ္သည္။ သူမက သခင္မႀကီး၏ ဘယ္ဘက္အျခမ္းတြင္ ထိုင္ကာ မေက်မနပ္ ၾကည့္ေန၏။ ယဲ့က်န္းအေပၚ သေဘာမက်မႈကို သယ္ေဆာင္ထားလ်က္ သူမ ဝင္လာခ်ိန္တြင္ ႐ိုက်ိဳးမႈကို ထုတ္ေဖာ္ျပသခဲ့ေသာ္လည္း ယခုအခါတြင္ မည္သည့္႐ိုက်ိဳးမႈကိုမွ ထုတ္ျပလာျခင္းမ႐ွိေပ။
သခင္မႀကီးလု၏ ထက္႐ွေသာမ်က္ဝန္းမ်ားက ဒါကို သတိထားမိသည္။ လုက်င္းက ယဲ့က်န္းကို ထိုသို႔သေဘာမက်ျခင္းက အႀကီးအကဲ၏ထင္ျမင္ခ်က္ကို ဖ်က္ဆီးသလိုျဖစ္သြားခဲ့၏။
တည္ၿငိမ္ေသာအမူအရာကို ကိုင္ဆြဲထားေသာ လုဖန္းကလည္း သခင္မႀကီးလု၏ ညာဘက္ျခမ္းတြင္ သက္ေသာင့္သက္သာ ထိုင္လ်က္ သူမ၏မ်က္ႏွာတစ္ဝက္ခန္႔ကို လုံးဝိုင္းေသာ ယပ္ေတာင္ျဖင့္ ကာထား၏။
“တတိယညီမ ညီမေလးၾကည့္ရတာ ဒီေန႔ ပိုၿပီးၾကည့္ေကာင္းေနသားပဲ”
ယဲ့က်န္းက ရယ္သည္။
“ဟုတ္တယ္၊ ဒါက ဒီစံအိမ္က လူေတြကို က်န္းမာဝေျပာေစတယ္ဆိုတဲ့ အဓိပၸာယ္ပဲေလ”
သခင္မႀကီးလုက ရယ္သည္။ သူမ သည္းမတတ္ျဖစ္သြား၏။ သူမက ေခါင္းကိုခါကာ မွတ္ခ်က္ေပးသည္။
“ဟုတ္တယ္၊ ဒီကေလးမ ပိုၿပီးၾကည့္ေကာင္းလာတယ္၊ ဒါေပမဲ့ ပိန္ပါးေနတုန္းပဲ၊ ခႏၶာကိုယ္ကို ေကာင္းေကာင္း ဂ႐ုစိုက္ရမယ္ေနာ္”
“အဖြား စိတ္ေအးေအးထားပါ၊ သမီးက ကိုယ့္ကိုယ္ကိုယ္ အသားျဖဴၿပီး ဝၿဖိဳးလာေအာင္ ႀကိဳးစားမွာပါ၊ သမီးက အခုမွ ေရာက္လာကာစေလ၊ ဒါေပမဲ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရယ္ေနတဲ့အသံေတြကို ၾကားလိုက္ရတယ္၊ ဘာေတြမ်ား ေပ်ာ္႐ႊင္ေနတာပါလဲ”
“ဒီမွာ စတုတၳညီမက အကယ္ဒမီအေၾကာင္း ေျပာျပေနတာေလ၊ အထက္တန္းလႊာ ေက်ာ္ၾကားတဲ့မိသားစုက သခင္မေလးတစ္ေယာက္က တို႔မ်ားကို အထင္ေသးလို႔ ႐ွက္ဖြယ္ေကာင္းတဲ့ အမူအရာမ်ိဳး ျဖစ္ခဲ့တာကို ေျပာျပေနတာေပါ့၊ အို ဟုတ္သားပဲ ေနာက္ဆုံးမွာေတာ့ အဲဒီနိမ့္က်တဲ့တစ္ေယာက္က ကိုယ့္ကိုယ္ကို အ႐ွက္ခြဲသလို ျဖစ္သြားခဲ့တာပါပဲ”
လုဖန္းက ေျပာျပသည္။
မိသားစုတိုင္းက အထက္တန္းလႊာႏွင့္ မ်ိဳး႐ိုးျမင့္အထက္တန္းစားမ်ား မဟုတ္ၾကေပ။ ဥပမာအားျဖင့္ လုမိသားစုကဲ့သို႔ ျဖစ္သည္။ လုက်င္း၏ အျပဳအမူအရ သူမ၏ေမြးဖြားခဲ့ေသာ အဆင့္အတန္းအရ အသုံးခ်ရန္ခက္ခဲေနခဲ့၏။
“ၾကည့္ရတာ အကယ္ဒမီက ေပ်ာ္ဖို႔ေကာင္းတဲ့ပုံပဲ”
ယဲ့က်န္းက ထိုစကားကို ဆိုလိုက္သည္ႏွင့္ လုက်င္း၏မ်က္ႏွာမွ အျပဳံးက ေပ်ာက္႐ွသြားသည္။
“တတိယအစ္မ တတိယအစ္မက အကယ္ဒမီမွာ မတက္ဖူးဘဲနဲ႔ ဘာလို႔ စကားကို ဒီလိုသာမန္ကာလွ်ံကာ ေျပာရတာလဲ၊ လူၾကားထဲမွာ မေျပာနဲ႔ေနာ္၊ ကိုယ့္ကိုယ္ကိုယ္ အ႐ွက္ခြဲသလို ျဖစ္သြားလိမ့္မယ္”
လုက်င္း၏မွတ္ခ်က္က ဆိုး႐ြားသည္။
ဒီလို ေတာအုံကနားက ဖ႐ုံသီးမက လာႂကြားရဲတယ္လား၊ ဘယ္လိုေတာင္ လုပ္ရဲတာလဲ။
သို႔တိုင္ေအာင္ ယဲ့က်န္း၏မ်က္ႏွာက အျပစ္ကင္းစင္ကာ သတိထားမိဟန္ပင္မရဘဲ ေျပာသည္။
“တို႔က အကယ္ဒမီကိုမွ မေရာက္ဖူးတာ ဒီေတာ့ အကယ္ဒမီက ဘာနဲ႔တူမွန္း ဘယ္လိုသိမွာတဲ့လဲ၊ ေနာက္တစ္ႀကိမ္ စတုတၳညီမ တို႔ကို တစ္ခ်က္ေခၚၿပီး လိုက္ျပသင့္တယ္ေနာ္၊ ဒီလိုဆိုရင္ တို႔လည္း နားလည္သြားမွာေပါ့”
သခင္မႀကီးလုက ေျပာလာသည္။ သူမက ေခါင္းညိတ္၏။
“ေယာင္ေယာင္က နယ္ၿမိဳ႕ကေန လာေတာ့ အကယ္ဒမီရဲ႕ ဘဝအေတြ႕အၾကဳံ ဘယ္႐ွိပါ့မလဲ၊ ဒါေပမဲ့ အခု မင္းရဲ႕အစ္ကိုႀကီးက အဆင့္အတန္းအခ်ိဳ႕ကို ရလာၿပီ၊ ဒီအဖြားက သူ႕ကိုေျပာၿပီး မင္းကို အေထာက္အပံ့ေပးခိုင္းလို႔ အမ်ိဳးသမီးအကယ္ဒမီမွာ စာသင္ၾကားခြင့္ရေအာင္ လုပ္ေပးမယ္၊ မင္း ေလ့လာဖို႔ ဘယ္ေလာက္မ်ားမ်ား ႐ွိေန ႐ွိေန ျပႆနာမ႐ွိဘူး၊ မင္း လုပ္ဖို႔လိုအပ္တာက ေလးစားဖြယ္ေကာင္းတဲ့ ဂုဏ္သိကၡာအဆင့္အတန္းတစ္ခု ပိုင္ဆိုင္ေအာင္ ႀကိဳးစား႐ုံပါပဲ၊ အထူးသျဖင့္ မင္း လက္ထပ္ဖို႔ အသက္အ႐ြယ္ေရာက္လာတဲ့အခါ အဆင့္အတန္းျပည့္မီေအာင္ေပါ့”
လြန္ခဲ့ေသာ ရာစုႏွစ္ေပါင္းမ်ားစြာခန္႔က ခ်ီယန္လင္၏ ေက်ာင္းေတာ္မ်ားကို တည္ေထာင္ခဲ့ေသာ မူလရည္႐ြယ္ခ်က္က အထီးက်န္ဆန္မႈ၊ အဆင့္အတန္းနိမ့္က်မႈတို႔ ၾကဳံေတြ႕ေနရေသာ အမ်ိဳးသမီးမ်ားကို ကူညီကာ အသက္႐ွင္ေနထိုင္ႏိုင္စြမ္း႐ွိသည့္ စြမ္းရည္မ်ားကို သင္ၾကားႏိုင္ေစရန္ ျဖစ္သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္မူ မူရင္းရည္႐ြယ္ခ်က္က ေပ်ာက္သြားခဲ့၏။ ထို႔အစား ေက်ာ္ၾကားမႈကသာ ႀကီးမားလာခဲ့ၿပီး အမ်ိဳးသမီးအကယ္ဒမီထဲသို႔ ဝင္ေရာက္ေလွ်ာက္လွမ္းခြင့္ရေသာ အမ်ိဳးသမီးတိုင္းကစၿပီး ေကာင္းမြန္စြာတတ္ကြၽမ္းေသာ အဆင့္အတန္းျမင့္မိသားစုမွ သခင္မေလးမ်ားကိုသာလွ်င္ လက္ခံေတာ့သည္။
သို႔မဟုတ္ စာေပပညာတြင္ အလြန္ထူးခြၽန္ေသာ သာမန္မိသားစုမွ လူအနည္းငယ္ကိုသာလွ်င္ လက္ခံေတာ့၏။ ထိုသူမ်ားက မေက်ာ္ၾကားေသာ အႏုပညာရပ္ေျခာက္မ်ိဳးတြင္ ေအာင္ျမင္ေအာင္ ဝင္ေရာက္ေျဖဆိုခြင့္႐ွိ၏။ ယခင္ကကဲ့သို႔ အသက္႐ွင္ေနထိုင္ရန္ ခက္ခဲေသာ သူမ်ားအတြက္ မဟုတ္ေတာ့ေပ။
လုက်င္း၏မ်က္ဝန္းအတြင္း အလင္းေရာင္လက္သြားသည္။ သခင္မႀကီးလု၏ တည္႐ွိမႈေၾကာင့္သာ မဟုတ္လွ်င္ သူမက ယဲ့က်န္းေ႐ွ႕တည့္တည့္တြင္ ေလွာင္ရယ္ေပလိမ့္မည္။
သူမ၏စိတ္အတြင္းတြင္ ေတာခ်ံဳအုံၾကားတြင္ ႀကီးျပင္းလာခဲ့ေသာ လူမ်ိဳးက အကယ္ဒမီ၏ လုပ္ေဆာင္ႏိုင္စြမ္းကို အမီလိုက္ႏိုင္လိမ့္မည္ဟု မထင္ထားေပ။ ဂီတ၊ စစ္တုရင္၊ စာေပႏွင့္ ပန္းခ်ီဆြဲျခင္းတို႔ကို မဆိုထားဘိ သူမက အကယ္ဒမီမွ ေက်ာ္ၾကားေသာသူတစ္ေယာက္ အနည္းဆုံးျဖစ္ႏိုင္ရန္ပင္ အရည္အခ်င္း ျပည့္မီျခင္းမ႐ွိေပ။ သူမက အံ့အားမွင္သက္ဖြယ္ေကာင္းစြာ ေအာင္ျမင္သြားခဲ့လွ်င္ သူမ၏အျပဳအမူမ်ားေၾကာင့္ အျခားသူမ်ားက ေသခ်ာေပါက္ ေမာင္းထုတ္မည္မွာလည္း ေသခ်ာေနေသး၏။
“အစ္ကိုႀကီးက တတိယညီမေလးကို အေထာက္အပံ့ေပးမယ္ဆိုရင္ေတာင္မွ ဝင္ခြင့္စာေမးပြဲေတာ့ ေအာင္ျမင္ေအာင္ လုပ္ဖို႔လိုအပ္လိမ့္မယ္ေနာ္၊ ညီမေလးက အသက္ ၁၄ ႏွစ္ေရာက္ေနၿပီဆိုေတာ့ အသက္က ႀကီးေနၿပီ၊ ေနာက္က်သြားမွာလည္း စိုးရိမ္မိပါတယ္”
လုဖန္းကလည္း လုက်င္း၏ေလသံကို လိုက္လာသည္။
“အကယ္ဒမီက အသက္ ၁၅ ႏွစ္ မေရာက္မခ်င္း သြားေရာက္ခြင့္႐ွိတယ္လို႔ ထုတ္ျပန္ထားတာပဲ၊ လုေယာင္ေယာင္က အသက္ ၁၁ ႏွစ္၊ ၁၂ ႏွစ္အ႐ြယ္ေတြလို အႏုပညာေလးရပ္ကို သင္ၾကားႏိုင္စြမ္း႐ွိတာပဲ”
သခင္မႀကီးလုက ယဲ့က်န္းကို အေလးအနက္ၾကည့္ကာ အျခားသူမ်ား၏ စကားကို အျပင္းအထန္ ကန္႔ကြက္လိုက္သည္။
“ဒီအဖြားကို ေျပာစမ္းပါကေလး၊ ငါ ၾကားတာေတာ့ မင္းက မင္းရဲ႕အေမနဲ႔အရင္က ေဆးပညာကို ေလ့လာခဲ့တယ္ဆို၊ ဒီလိုဆိုရင္ ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္ကို သြားၿပီး ေလ့လာခ်င္လား”
သခင္မႀကီးလုက ေမးသည္။
မူလက ေဆးပညာသည္ အထင္ေသးခံရေသာ ကြၽမ္းက်င္မႈပညာရပ္ျဖစ္သည္။ အလင္းေရာင္မွ မ်က္ႏွာသာေပးခံရေသာ အမ်ိဳးသားမ်ားအတြက္ မဆိုထားဘိ အမ်ိဳးသမီးမ်ားဆိုလွ်င္ ေျပာရန္ မလိုအပ္ေတာ့ေပ။ သို႔ရာတြင္ အင္ပါယာသြမ့္ဟြိန္၊ ခ်ီယန္လင္တို႔၏ လက္ထက္တြင္မူ အရာအားလုံးက ေျပာင္းလဲသြားသည္။ သူမတို႔က ေက်ာ္ၾကားလွေသာ ေဆးဝါးပညာ႐ွင္မ်ားျဖစ္ၾက၏။ သူမတို႔က ကုသျခင္းလက္ေဆာင္ေတာ္ ပိုင္ဆိုင္ထားသည့္အလား လုပ္ႏိုင္စြမ္း႐ွိခဲ့ေလရာ ေနာက္ပိုင္းတြင္ ေဆးပညာသည္ မူဝါဒမ်ားႏွင့္ သက္ဆိုင္ျခင္းမ႐ွိဘဲ အားလုံး၏ မေကာင္းေသာအျမင္မ်ားကို ဖယ္႐ွားႏိုင္သည္အထိ ျမင့္မားလာခဲ့သည္။
သိပ္မၾကာခင္အခ်ိန္တြင္ သူမက အမ်ိဳးသမီးအကယ္ဒမီကို ေက်ာ္လြန္ေအာင္ ပထမဆုံးေသာ အမ်ိဳးသမီးမ်ားအၾကားတြင္ ေယဘူယ်အားျဖင့္ အျမင့္မားဆုံး အဆင့္အတန္း႐ွိမည့္ ကြၽမ္းက်င္မႈပညာရပ္နယ္ပယ္ တစ္ခုအျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။ သူမက ေဆးဝါးပညာ အကယ္ဒမီေက်ာင္းေတာ္ကို တည္ေထာင္ခဲ့ၿပီး အမ်ိဳးသမီးအကယ္ဒမီအခြဲအျဖစ္ တည္ေထာင္ခဲ့၏။ ထိုကဲ့သို႔ေသာသူမ်ားက ေတာ္ဝင္ေဆးဝါးပညာ႐ွင္မ်ား ျဖစ္လာႏိုင္ေလသည္။
သူမကသာ ေတာ္ဝင္ေဆးဝါးပညာ႐ွင္ျဖစ္ဖို႔ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ကလဲ့စားေခ်ဖို႔ ျဖစ္လာႏိုင္မွာလား၊ ငါသာ ကလဲ့စားေခ်ႏိုင္မယ္ဆိုရင္ ေသခ်ာေပါက္ ျမင့္မားတဲ့ အဆင့္အတန္းတစ္ခုရဲ႕ ေနာက္ခံလိုအပ္လိမ့္မယ္။
ၿမိဳ႕ေတာ္တစ္ခုလုံးကို ျခဳံၾကည့္မည္ဆိုလွ်င္ ယဲ့က်န္းအေနျဖင့္ မည္သူက ထိုသို႔ လုပ္ႏိုင္စြမ္း႐ွိေၾကာင္းသိေနသည္။ ဒါက ခ်င္မင္းဆက္၏ မယ္ေတာ္ႀကီး ေမာ့႐ုန္က်န္း၏ မယ္ေတာ္ ျဖစ္သည္။
ယဲ့က်န္း ေမာ့႐ုန္က်န္းကို လက္ထပ္ခဲ့ခ်ိန္သို႔ ျပန္ေျပာင္းၾကည့္ရေသာ္ မယ္ေတာ္ႀကီးက သူမအေပၚ အလြန္ၾကင္နာခဲ့သည္။
“အဖြား သမီး စဥ္းစားလိုက္ပါ့မယ္”
သူမက ေျပာသည္။
သူမ မည္သို႔ေသာနည္းလမ္းကို အသုံးျပဳေစကာမူ နန္းေတာ္အတြင္းသို႔ ဝင္ေရာက္ရမည္ျဖစ္သည္။ သည္လိုနည္းလမ္းမွသာ ကလဲ့စားေခ်ရန္ အခြင့္အေရးရ႐ွိလာမည္ျဖစ္၏။ သူမ နန္းေတာ္အတြင္းသို႔ ဝင္ေရာက္မွသာလွ်င္ သူမ လိုခ်င္ေသာအာဏာကို ရေပလိမ့္မည္။
သူမ အမ်ိဳးသမီးေဆးဝါးပညာ႐ွင္ျဖစ္ရန္ လိုအပ္႐ုံသာမကေလဘဲ လုမိသားစု၏ အဆင့္အတန္းကို သုံးၿပီး သူမအတြက္ ပိုေကာင္းသည့္ အေနအထားမ်ိဳး ေရာက္ေအာင္ လုပ္ရန္လိုအပ္ေသးသည္။
လုလင္က်စ္က သူမအေပၚ ဆိုး႐ြားစြာ ဆက္ဆံခဲ့သည္။ နာက်င္မႈႏွင့္ ေဒါသေၾကာင့္ ကန္းၿပီး သူတို႔လုပ္ခဲ့သမွ်အရာအားလုံးကို သူတို႔ တန္ျပန္ခံစားရေစရန္ သူမ ေမွ်ာ္လင့္၏။ လက္႐ွိအခ်ိန္တြင္မူ သူမကို လုလင္က်စ္ေပးခဲ့ေသာ အဆိပ္ သို႔မဟုတ္ သူမ၏ေနာက္ခံကို ခိုးသြားခဲ့ေသာ လုဝူ႐ွန္းတို႔အားလုံးအတြက္ အနည္းငယ္ ကလဲ့စားေခ်႐ုံျဖင့္ လုံေလာက္ေတာ့မည္ မဟုတ္ေပ။ သူတို႔အားလုံးကို သူမကို ဆက္ဆံခဲ့သည္ထက္ ဆိုး႐ြားေသာနည္းလမ္းမ်ားျဖင့္ ျပန္ခံစားရေအာင္ လုပ္ရေပလိမ့္မည္။
ေနာက္တစ္ႀကိမ္ လုလင္က်စ္ႏွင့္ သူမေတြ႕ေသာအခါ သူမက တည္ၿငိမ္ကာ မေၾကာက္လန္႔ေသာသူ ျဖစ္ရမည္။ သူမ၏စိတ္အတြင္းတြင္ သူမ၏ညီမ ခႏၶာကိုယ္အတြင္းသို႔ ဝင္ေရာက္ၿပီး ၾကာ႐ွည္စြာေနထိုင္လာၿပီးသည္ႏွင့္အမွ် သူမတို႔က ဝမ္းကြဲျဖစ္ေၾကာင္း သတိထားမိလာေစ၏။ ရန္သူ၏တည္႐ွိမႈအရ သူမ ေသခ်ာေပါက္ ယဲ့က်န္း၏ေနာက္ခံကို ေမ့ထားရေပလိမ့္မည္။
လုလင္က်စ္နဲ႔ လုဝူ႐ွန္း ငါ ျပန္လာၿပီ၊ နင္တို႔အဆင္သင့္ပဲလား။
...