အရင်က တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ချန်းယောလ်ရဲ့အိမ်ဟာလည်း တစ်စတစ်စပြောင်းလဲစပြုလာတယ်....
ဘတ်ဟျွန်းကဝရံတာမှာ အိုးတွေ စနစ်တကျလေးစီရီကာ ပန်းတွေအများကြီးလာစိုက်ထားပေးတယ်။ ပန်းပွင့်သေးသေးလေးတွေ အရောင်စုံပြီးတော့ တစ်ချို့ပန်းတွေကတော့ အဖြူစပ်စွပ် မထိရက်စရာ.....
"ချန်းယောလ် ဒီပန်းတွေကို ရေသေချာဖြန်းပေးနော် မသေစေနဲ့"
"ဒီဗူးလေးရဲ့ ဒီနားကိုလက်နဲ့ဖိရင် ဖြန်းလို့ရပြီ"
"ချန်း ဘာပန်းထပ်စိုက်ချင်လဲ ပြောလေ"
တစ်ခါတစ်ခါဆို ဘတ်ဟျွန်းက သူ့ပန်းတွေနဲ့သူအလုပ်ရှုပ်နေတာပဲ....
ချန်းယောလ်မပျင်းရအောင် ခွေးလေးနှစ်ကောင်ကိုခေါ်လာပေးသေးတယ်။ ခွေးမမွေးဖူးတဲ့ ချန်းယောလ်အတွက်က ထိုအကောင်လေးတွေက မိသားစုလိုပဲ အရမ်းချစ်ဖို့လည်းကောင်းတယ်။
"သူက Mongryoong တဲ့
ဒီအသေးလေးက Zzar တဲ့
ချစ်ဖို့ကောင်းတယ်မလား"
"ဝါးးး အရမ်းချစ်တာပဲ"
ဝကစ်ပြီး တင်ပါးလုံးလေးက အသည်းပုံလိုဖြစ်နေတဲ့ Mongryoong လေးက လုံးဝမငြိမ် တော့ ချန်း ခင်မျာ လိုက်ဖမ်းရတာ အမောတွေဆို့နေရှာသည်။
ခွေးလေးနှစ်ကောင်နဲ့ဆို ချန်းယောလ်က တကယ့်ကလေးလေးအတိုင်းပဲ...ဒါကိုကြည့်ပြီး ဘတ်ဟျွန်း ပီတိဖြစ်ရတယ်။
ချန်းယောလ်အတွက်ဆို အချက်အပြုတ်နဲ့ ကျန်းမာရေးမှအစ အကုန်ဂရုစိုက်ပေးနိုင်တဲ့ ဘတ်ဟျွန်းကို ချန်းယောလ်အရမ်းလည်းကျေးဇူးတင်သလို ချစ်လည်းချစ်တယ်
ချစ်တယ်မပြောလည်း သိသာနေတဲ့ဆက်ဆံရေးကို ချန်းယောလ်သဘောကျတယ်။
ချစ်တယ်ဆိုတဲ့ စကားကို တဖွဖွပြောနေဖို့
မလိုအပ်ဘူးလေ မသိစိတ်ထဲမှာ ငြီးငွေ့သွားရင်လည်း ငြီးငွေ့သွားနိုင်တာမို့...
ချစ်တယ်ဆိုတာ ဒီအတိုင်း စကားလေးတစ်ခွန်းပါပဲ ဘာမှမထူးခြားဘူး
☘️
"အဖေ နေကောင်းပြီလား"
"အင်း အခုတော့စိုးရိမ်စရာမရှိတော့ပါဘူး"
"အော် ချန်း ဒါနဲ့ သုံးလေးရက်လောက်
ကိုယ်လာနိုင်မှာမဟုတ်ဘူး တစ်ယောက်တည်း ဖြစ်မယ်မလား"
"ဖြစ်ပါတယ် ချန်းက ကလေးမှမဟုတ်တာ"
"ဟား ဟုတ်ပါပြီဗျာ"
ကျသွားတဲ့ ဖုန်းကိုကြည့်ပြီး ချန်းယောလ် သက်ပြင်းချရင်း calendar ကိုကြည့်လိုက်တယ်။
"ဘယ်လောက်မှမလိုတော့ဘူးပဲ"
ဖုန်းထဲကနေ cake လုပ်နည်းတွေမှန်သမျှ ရှာကြည့်ပြီး လိုက်လုပ်နေတာ တစ်ခုမှမအောင်မြင်သေးဘူး။ ချန်းယောလ်က ဘတ်ဟျွန်းမွေးနေ့အတွက် ကိုယ်တိုင် cake လုပ်ပေးချင်တာ။
နောက်သုံးရက်ဆို ရောက်ပြီမလို့
လိုအပ်တဲ့ ပစ္စည်းတွေကို အများကြီးထပ်ဝယ်ပြီး မရမချင်းလုပ်ရတော့တယ်။
တစ်ခါတလေ ဘတ်ဟျွန်းဖုန်းခေါ်တာတောင် မကိုင်မိ။မေးလာရင် surprise တိုက်ချင်လို့ ဟိုဟိုဒီဒီပြောပြီး လိမ်ရသေးတယ်။
ဒီနေ့လေးက Dr. Baekhyun ရဲ့မွေးနေ့။
ချန်းယောလ်က internet ကနေ cakeလုပ်နည်းကြည့်ပြီး လိုက်လုပ်ဖို့ စားပွဲပေါ်တင်ထားတဲ့ ဂျုံမုန့်တွေကို အဆော့သန် puppy လေးတွေကြောင့် ဖျက်ဆီးမိသွားပါပြီ -
"Zzar ရယ် ဘယ်လိုလုပ်လိုက်တာလဲကွာ
အကုန်မှောက်ကုန်ပြီ"
လှမ်းဆူလိုက်တော့ Zzar ကငြိမ်ငြိမ်လေးထိုင်နေပြီး တအီအီလုပ်ပြနေတယ်။
"ဆူမှန်းတော့သိသားပဲ
ဒီကိုလာ"
ချန်းယောလ်က Zzar ကိုကောက်ပွေ့လိုက်မှ မျက်နှာကိုလျှာနဲ့ လိုက်လျက်နေတော့သည်။
"ဟား ဟား မလုပ်နဲ့ Zzar ရ"
ထိုအချိန်
"ချန်း ဘာလုပ်နေ"
Surprise တိုက်ချင်တဲ့ ချန်းယောလ်ရဲ့ အိပ်မက်လေး ပျက်စီးသွားလေသည်။ ဘတ်ဟျွန်းက မနက်အစောကြီးရောက်လာခဲ့ခြင်းပင်။
"Cake လုပ်နေတာ အဲ့တာကို
Zzar ကမှောက်ချပစ်တယ် "
"ရပါတယ် ထပ်လုပ်ရင်ဖြစ်တာပဲကို
ချန်း နားနေလေ ကိုယ်ပဲ cakeလုပ်လိုက်မယ်"
"Baekhyunee ရဲ့မွေးနေ့ပဲဟာ
ချန်း လုပ်ပေးရမှာပေါ့"
"အာဟာ
အဲ့ဒီလိုလုပ်ပေးမလား ဒါနဲ့
လုပ်ရောလုပ်တတ်လို့လား"
ဘတ်ဟျွန်း အရင်နေ့တွေကထက်ပိုပြီးပျော်ရွှင်နေတဲ့ ချန်းယောလ်ရဲ့အပြုံးတွေကိုမြင်ရတာဟာ မွေးနေ့မှာရလိုက်တဲ့ အလှပဆုံးလက်ဆောင်ပဲဖြစ်တယ်။
"ဘာတွေဒီလောက်တက်ကြွနေတာလဲ
ကိုယ့်မွေးနေ့မို့လား"
ဂျုံနယ်နေတဲ့ ချန်း ရဲ့ဘေးကနေမေးထောက်ပြီး သူ့မျက်နှာလေးငေးကြည့်နေမိတယ်။
"ဒီလောက်ပဲကြည့်တော့"
အရယ်တစ်ဝက်နဲ့ ချန်းက ပြောတယ်။
"အင်းပါ လုပ်လုပ်
မနှောက်ယှက်တော့ဘူး"
ဘတ်ဟျွန်း ချန်းရဲ့အိမ်ကိုရောက်နေတာ မနက်အစောကြီးကတည်းကပင်။
ချန်းယောလ်နဲ့အတူ အရသာရှိတဲ့မနက်စာအတူစားပြီး အလုပ်ကိုသွားမည်....
အလုပ်ရောက်ရင် ရောက်ကြောင်း ဖုန်းဆက်ပြီး အလွမ်းသယ်ချင်သည်...
နေ့လည် အားရင်အားသလို video call ခေါ်ပြီး ပင်ပန်းတာတွေ ခနမေ့ဖျောက်ထားချင်သည်...
ညနေ ဘတ်ဟျွန်းအိမ်ပြန်ရင် ချန်းယောလ်ကအသင့် စောင့်ကြိုနေမည်
နေရင်တိုင်းကို ချန်းယောလ်နဲ့သာ အတူတူဖြတ်သန်းပြီး ဘတ်ဟျွန်းရဲ့ နေ့ရက်တိုင်းဟာလည်း ချန်းယောလ်ပင်ဖြစ်သည်။
"ဟိတ် ဘာတွေဒီလောက်
စဉ်းစားနေတာလဲ"
"အော် ချန်း"
"Baekhyunee cream ကိုဘယ်လိုပုံစံလေးတင်ရမလဲ "
"Park Chanyeol "
"ဟင်"
"အာ မဟုတ် sorry
ယောင်သွားလို့ 😁"
☘️
“ဘွဲ့ရသွားတာ ဂုဏ်ယူပါတယ်
ချန်း”
“ ကျေးဇူးပါ Baekhyunee ”
“ ဘာကိုလဲ ချန်းရဲ့
ဒီပန်းစည်းအတွက်လား
အဲ့လောက်နဲ့ ကျေးဇူးတင်စရာမလိုပါဘူး
ဖြစ်နိုင်ရင် ကိုယ်က ဒီထက်ပိုပြီး - ”
နှုတ်ခမ်း တစ်စုံမှဆက်ပြောမယ့်စကားတွေက နှုတ်ခမ်းတစ်စုံနဲ့ ဖိကပ်လိုက်မှုကြောင့် ရပ်တန့်သွားတယ်။
“Baekhyunee ကြောင့် ချန်းရဲ့ဘဝကြီး ကပျော်စရာကောင်းလာတာ ”
“ ကိုယ်ရောပဲ ”
ထိုအချိန်
"တော်တော်မှ ပျော်နေကြတယ်ပေါ့"
"ဆယ်ဟွန်း?"
"ဘယ်လိုသိပြီးရောက်လာတာလဲ"
"ဟိုမှာလေ သူ့ကြောင့်ပေါ့"
မျက်မှန်နဲ့ ဖြူသန့်နေသော လူတစ်ယောက်က
ဆယ်ဟွန်း ရဲ့ ခပ်လှမ်းလှမ်းမှာ ကျောင်းသားတွေအများကြီးနဲ့ ဓာတ်ပုံရိုက်နေတယ်။
"အာ Luhan Hyung"
"ဘွဲ့ရသွားလို့ Congratulations ပါ
ချန်းယောလ်"
အရင်ကလိုမဟုတ်ဘဲ ဆယ်ဟွန်းက ချန်းယောလ်ကို ပြုံးပြနှုတ်ဆက်တော့ အံ့ဩနေရှာတယ်။
ချန်းယောလ် သိထားတာထက်ပိုပြီး ဆယ်ဟွန်းက နွေးထွေးတဲ့ ကောင်လေးတစ်ယောက်ဆိုတာ ကြာရင် သိလာမှာပါ။
"ဂျုံအင်နဲ့ ဂယောင်ဆူး
သူတို့နဲ့မတွေ့ဖြစ်တာ ကြာပေါ့"
"သူတို့ ဟိုမှာ အဆင်ပြေပါတယ်
မင်းလည်း အားရင်ဖုန်းလေးဘာလေးဆက်လိုက်ဦး ကောင်လေးနောက်ပဲ တကောက်ကောက်လိုက်မနေနဲ့"
"ဘာ!!!"
ဆယ်ဟွန်းရဲ့ စနောက်မှုကြောင့် ဘတ်ဟျွန်းတစ်ယောက် ရှက်ပြီး မျက်နှာက နီရဲသွားတယ်။
☘️
“ ချန်း
ညကျရင် ခုနကလိုမျိုး ပေးပါလား ”
“ ဘာကိုလဲ ”
“ ဒါကိုလေ ”
ဘတ်ဟျွန်းက နှုတ်ခမ်းလေးထော်ပြီး အမူအရာလုပ်ပြတော့
“ အော် Baekhyunee ကလိုချင်မယ်ဆို ညတိုင်းပေးမှာပေါ့ ”
" ဘာပေးကြမှာလဲ ခုနကလိုလား
ငါမမြင်လိုက်ဘူးနော် ဟီးဟီး"
လူယုတ်မာအပြုံးဆယ်ဟွန်းက ဝင်စ သည်။
ချန်းက ဘတ်ဟျွန်းရဲ့ ပုခုံးလေးပေါ်မှီရင်း ဆုပ်ကိုင်ထားတဲ့ လက်လေးတွေကိုကြည့်နေမိသည်။
တစ်သက်လုံး လက်တွဲမဖြုတ်တော့မယ့် လက်တစ်စုံဆိုတာ သေချာခဲ့ပါပြီ
“ ဒီညနေ ဘာစားကြမလဲ ”
“ Baekhyunee ချက်ကျွေးတာပဲစားမယ် ”
“ အင်းပါ ”
“ ကိုယ့်ကို ချစ်တယ်မလား ”
“ စကားလုံးတွေက ချန်း baekhyunee ကိုဘယ်လောက်ချစ်ကြောင်း ဖော်ပြဖို့မလုံလောက်ဘူး ”
“ ဒါပေမယ့် Baekhyunee နဲ့ထပ်တူ ချန်းလည်း တန်ဖိုးထားပါတယ် I love you more than my life ”
“ အတတ်လေးကွာ ချစ်လိုက်ရတာ ”
_ END _