မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

92.1K 10.6K 167

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၃၈)

877 123 0
By ma_roses_are_blue


ဒါက အထူးအဆန်းတော့မဟုတ်ခဲ့ပါဘူး

ကလေးအရွယ်တုန်းက သူ့ကိုဘယ်သူမှအယုံအကြည်မရှိနေချိန် ဒီလိုအပြုံးမျိုး ထုတ်ပြမဲ့သူဆိုလို့ အက်စတယ်လာတစ်ယောက်သာရှိလေသည်

'ဘာဖြစ်တာလဲ ငါ့နှလုံးသားက ဘာကြောင့်လဲ'

ခုန်ပေါက်နေတဲ့နှလုံးသားရှိရာနေရာအပေါ် သူမလက်ကိုတင်လိုက်သည်

အခုလိုမျိုး တစ်စုံတစ်ခုကို သူမ ခံစားလိုက်ရတာ ပထမဆုံးအကြိမ်ပင် သူမနှလုံးသားကတုန်လှုပ်သွားသလိုခံစားလိုက်သည်

"နေးရား ဘာဖြစ်တာလဲ ရှင်ကိုကြည့်ရတာ နေမကောင်းသလိုပဲ"

"ကျွန်မအဆင်ပြေပါတယ်"လို့ သူမပြန်ဖြေမဲ့အချိန်၌

ဒေါက် ဒေါက်* သူမအဖေမှာ အခန်းထဲသို့၀င်လာခဲ့သည် သူမအဖေရုတ်တရက်၀င်လာတာကြောင့် သူမမျက်ခုံးတွေကျုံလိုက်သည်

"အဖေ သမီး အဖေ့ကိုပြောဖူးပါတယ် လေဒီတစ်ယောက်ရဲ့အခန်းကို ခွင့်ပြုချက်မတောင်းပဲ ၀င်တာ ရိုင်းတယ်လို့"

"ခဏလေး ဒါပေမဲ့ ပါနေးရား သမီး ဘာသောက်ရှုပ်တွေလုပ်ထားသေးလဲ"

မျက်နှာပေါ်မှာအပြုံးတစ်ခုအမြဲရှိနေတဲ့သူမအဖေမှာ သူမပခုံးတွေတောင် တုန်တတ်သွားစေသည့် လေးနက်တဲ့မျက်နှာထားရှိနေခဲ့သည်

'ဘာလဲ ငါ့မုန့်ဖိုးအကုန်လုံးနဲ့ လုရှန်အတွက်အ၀တ်အစား၀ယ်ပေးတဲ့အကြောင်း သူသိသွားတာလား'

'သူလေ့လာနေတဲ့ စာအုပ်ကြားတွေထဲ ညှပ်ထားတဲ့ ပိုက်ဆံနဲ့ အန်နီကို ‌အပျော်ခရီးပို့ပေးတဲ့အကြောင်း သိသွားတာများလား'

'ကားလစ်ပေးတဲ့ Caana ချောကလက်ကို သူ မပြောဘဲ အစေခံတွေနဲ့ စားလိုက်တဲ့အကြောင်း သူသိသွားတာလား'
(သေပါပြီ ခိုးလုပ်ထားတာတွေ🤣)
အပြစ်များစွာကို ကျူးလွန်မိသဖြင့် ရင်တထိတ်ထိတ်ဖြစ်နေသောသူမကို သူမအဖေက အော်လိုက်တော့သည်

"ဧကရာဇ်က ဘာကြောင့် သမီးကိုတွေ့ချင်နေရတာလဲ"

'ဘာ ဧကရာဇ်က?'
───── 〔✿〕─────

ခုနလေးကမှ အက်စတယ်လာနဲ့ သူမအခန်းထဲ၌ ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့သေးသည် အခုတော့ သူမက အင်ပါယာနန်းတော်သို့ရောက်နေတော့သည်

နန်းတော်ရဲ့ အထဲအကျဆုံးနေရာ ဧကရာဇ်ရဲ့အခန်းရှေ့သို့ရောက်နေခဲ့သည် တံခါးရှေ့မှာစောင့်နေတဲ့ အစေခံက မတ်တပ်ရပ်နေရင်းပြောလာခဲ့သည်

"အရှင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က ကောင်းမွန်တဲ့အခြေအနေမှာမဟုတ်တော့ ပင်မခန်းမဆောင်အစား အိပ်ခန်းမှာပဲ ဧည့်သည်တွေနဲ့တွေ့ဆုံရတယ်ဆိုတာကို နားလည်ပေးမယ်လို့မျှော်လင့်ပါတယ်"

ပင်မခန်းမဆောင်ဖြစ်ဖြစ် အိပ်ခန်းဖြစ်ဖြစ် ကိစ္စမရှိပေ

သူမအ‌တွက် ဘယ်လိုပဲဖြစ်ဖြစ် စိတ်ရှုပ်နေတုန်းပင်

ကံကောင်းစွာနှင့် အက်စတယ်လာက သူမနှင့်လိုက်လာခဲ့သည် ဒါပေမဲ့ အက်စတယ်လာကို အစေခံက တားခဲ့သည်
"အရှင်ဧကရာဇ်က မစ်ပါနေးရားလိုင်လာတစ်ယောက်ထဲကိုပဲ အခေါ်လွှတ်လိုက်တာမို့ သူတော်စင်မိန်းကလေး ၀င်လို့မရပါဘူး"

သူမသိသလောက်ဆိုရင်တော့ အက်စတယ်လာအတွက် ဧကရာဇ်ရဲ့အခန်းထဲကို ဝင်ခွင့်မပြုတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပေလိမ့်မည်
အက်စတယ်လာသည် သေခါနီးနေတဲ့ ဧကရာဇ်ရဲ့အသက်ကို နတ်ဘုရားမရဲ့စွမ်းအားကို သုံးပြီး ကယ်တင်ခဲ့သော သူရဲ‌ကောင်းတစ်ယောက်ပင် ဒါကြောင့် ဧကရာဇ်မှာ အင်ပါယာထဲတွင် အက်စတယ်လာရဲ့ အကြီးမားဆုံးဖန်တစ်ယောက်ဖြစ်လာခဲ့သည် သူမတွင် ဧကရာဇ်ကို အလိုရှိတိုင်းတွေ့နိုင်တဲ့အခွင့်အာဏာပင် ရခဲ့သည်

ဒါကြောင့် အက်စတယ်လာက အစေခံကို ယဉ်ကျေးစွာပြောလိုက်သည်
"အရှင်ဧကရာဇ်က လေဒီကို ဘာကိစ္စကြောင့်တွေ့ချင်ရတယ်ဆိုတာကို ကျွန်မတအားသိချင်မိတယ် ကျေးဇူးပြုပြီး ကျွန်မကို သူ့အခန်းထဲ ဝင်ခွင့်ပြုပါ"

အစေခံကခေါင်းကိုခါလိုက်သည် သူမှာ ပြတ်သားတဲ့မျက်နှာထားရှိနေခဲ့သည်ထပ်ပြီးပြောဖို့လုပ်နေတဲ့ အက်စတယ်လာကို သူမတားလိုက်သည်
"အဆင်ပြေပါတယ် ကျွန်မမကြာခင်ပြန်လာခဲ့ပါမယ်"

'ကောင်းပြီလေ ငါကို အက်စတယ်လာရဲ့သူငယ်ချင်းကောင်းအဖြစ် သိထားကြတာပဲ ဒါကြောင့် သူငါကို ဘာမှလုပ်မှာ မဟုတ်ဘူး'

စိတ်ပူနေသောမျက်လုံးတွေနဲ့ သူမလက်တွေကို ကိုင်ထားသော အက်စတယ်လာက ပြောလာခဲ့သည်
"စိတ်မပူပါနဲ့ မစ်နေးရား စိုးရိမ်ရတဲ့အရာမျိုးဖြစ်လောက်မှာ မဟုတ်ပါဘူး အရှင်ဧကရာဇ်က သဘောကောင်းတဲ့ယောကျာ်းတစ်ယောက်ပါ"

'အို ငါကတော့ စိုးရိမ်ရတာတစ်ခုခုဖြစ်လာတော့မယ် ထင်‌တာပဲ'

သူက အက်စတယ်လာအပေါ် နူးညံတဲ့ဧကရာဇ်တစ်ယောက်ဖြစ်နိုင်ပေမဲ့ တခြားသူတွေအတွက်ဆိုရင်တော့ လုံး၀ကို ခြားနားသော ကိစ္စတစ်ခုပင်
ဘယ်သူတွေဘာပြောပြောပါ သူက မာနကြီးရိုင်းစိုင်းတဲ့ ကားလစ်ရဲ့‌အဖေဖြစ်နေပြီး အကြင်နာမဲ့တဲ့ဧကရီဘွားတော်ရဲ့သား‌တစ်ယောက်ဖြစ်နေသေးသည်

'သူရဲ့သွေးက ဘယ်နေရာကနေလာတယ်ထင်နေတာလဲ'

လူများစွာအတွက် ဧကရာဇ်သည် ဘာမှမဟုတ်ပေ ကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်ပင်
ဧကရာဇ်ရဲ့အခန်းထဲကို ၀င်လိုက်ရင်း သူမတွေးနေခဲ့သည်

'ဘာကြောင့် သူငါ့ကိုခေါ်တွေ့ရတာလဲ'

သူမက ဧကရာဇ်နဲ့အဆက်အဆံလုံး၀မရှိတဲ့ မှုးမတ်အိမ်ကလေဒီတစ်ယောက်ပင် ဆက်စပ်မှုတစ်ခုကို စဉ်းစားရမယ်ဆိုရင်တော့ သူ့ရဲ့အချစ်ဆုံး သူရဲကောင်းနဲ့ စေ့စပ်ထားသူ လုရှန်သာဖြစ်လိမ့်မည်

'ငါ ‌စော်ကားမိတာတစ်ခုခုများလုပ်မိခဲ့တာလား'
သူမတံတွေးကို မျိုချလိုက်တယ်

'ဒါက ဖြစ်နိုင်ချေရှိတယ်'

သူမထိုအကြောင်းကို ခဏတာလောက်မေ့သွားခဲ့ပေမဲ့ သိပ်မကြာခင်က လုရှန် ဧကရာဇ်ဆီသွားတွေ့ပြီး ဧကရီဘွားတော် သူမအပေါ် လုပ်ခဲ့တဲ့ကိစ္စကို ပြောပြခဲ့သေးသည် ဧကရာဇ်သည် လုရှန်စိတ်မကွက်စေရန် သူမဘက်မှ ရပ်တည်ပေးခဲ့ပေမဲ့ သူမက ထိုစိတ်အနှောက်အယှက်ဖြစ်စရာကိစ္စဖြစ်ပြီးကထဲက သူမအတွက်အဆင်မပြေခဲ့ပေ

'ဒါအပြင် အခုတလော အသိုင်းအဝိုင်းထဲမှာ ငါ့ရဲ့ ဂုဏ်သတင်းက ဆိုးရွားနေတာ'

အဘက်ဘက်ကကြည့်လျှင် သူမက လုရှန်ရဲ့ပါတနာဖြစ်ဖို့ မကိုက်ညီပေ

'ဒါပေမဲ့ အရှင်ဧကရာဇ် ရှင်ကသာ ကျွန်မကို လုရှန်ရဲ့ဇနီးလောင်းအဖြစ် သတ်မှတ်ပေးသူနော် ရှင် ကျွန်မကိုသဘောမကျကြောင်းပြောဖို့အတွက်နဲ့ ဒီကိုခေါ်တာဆိုရင်တော့ ရှင့်ကို တအားစိတ်ပျက်မိမှာပဲ'

သူမလက်သီးဆုတ်‌တွေက တုန်ရင်နေသည်မှာ သူမမှားယွင်းကြောင်း ဖော်ပြနေသလိုဖြစ်နေတာကြောင့် အသက်ရှုခဏရပ်လိုက်သည်
ခမ်းနားထည်ဝါသော အခန်းအတွင်းတွင် စကျင်ကျောက်နှင့် ရွှေများဖြင့် အလှဆင်ထားပြီး ဧကရာဇ်သည် ကန့်လန်ကာတွေနှင့် ကာရံထားတဲ့ ကုတင်ကို မှီနေသည်

သူမအံဩသွားခဲ့ရသည်

ခါးအထိ ရှည်ကျနေသော အနက်ရောင်ဆံပင် အသက်ဓာတ်အရိပ်အယောင်မရှိဘဲ ဖြူဖျော့သောမျက်နှာ အနက်ရောင် မျက်လုံးများသည် အနည်းငယ် မှုန်ကုပ်နေသော မျက်ခွံအောက်၌ တောက်ပနေသည် သူသည် အလွန်ချောမောသော လူလတ်ပိုင်းတစ်ဦးဖြစ်လေသည်

'ဒီအမျိုးသားမှာ အရွယ်ရောက်ပြီးသား သားတစ်ယောက်ရှိတဲ့အပြင် ဒီရုပ်ရည်ကို ထိန်းထားနိုင်တုန်းပဲလား?'

'အခု ဇာတ်လိုက်မင်းသားရဲ့ထူးကဲတဲ့ဗီဇက သူ့အဖေနဲ့ ဆက်စပ်နေတယ်ဆိုတာကို ငါအတည်ပြုနိုင်ခဲ့ပြီ'

'သူပုံစံက ငါ့စိတ်ထဲမှာရှိနေတဲ့ ပုံစံနဲ့ နည်းနည်းလေးကွာခြားသလိုပဲ'

နာတာရှည်ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လဲဖြစ်နိုင်ပါသည် ဒါမှမဟုတ် သူက ဧကရာဇ်တစ်ပါး၀တ်ရတဲ့ ယူနီဖောင်းမဟုတ်ပဲ သက်တောင့်သက်သာဖြစ်နေမဲ့ အိမ်နေရင်း အ၀တ်အစား၀တ်ထား‌တာကြောင့်လဲဖြစ်နိုင်ပေသည် ကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲနေတာကြောင့် လေထုက နွမ်းချိနေလေသည် သူပုံစံက ညင်သာပြီး ကြော့ရှင်းနေတဲ့ ကြောင်တစ်ကောင်နှင့် တူနေလေသည် ဒါပေမဲ့ သူတို့ အကြည့်ချင်းဆုံလိုက်တဲ့အခိုက်အတန့်မှာတော့ သူမ အထင်မှားယွင်ကြောင်း သိလိုက်ရလေသည် ဧကရာဇ်တွင် ကြီးမားသော ဖြစ်တည်ရှိမှုတစ်ခုရှိလေသည် သူက ဇာတ်လိုက်မင်းသားဖြစ်တဲ့ ကားလစ်နဲ့ မတူတဲ့အပြင် ဒုတိယဇာတ်လိုက် လုရှန်နှင့်လဲ ကွာခြားပေသည် သူသည် ရွှေသရဖူကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားသူတစ်ဦး၏ ဂုဏ်သိက္ခာကို ကိုင်ဆောင်ထားနိုင်သေးသည်

သူမရဲ့တုန်ရင်နေသောလက်တွေနှင့် ဂါ၀န်အစွန်းတွေကို ကိုင်ဖို့ ‌အတော်လေး လုပ်ယူလိုက်ရသည်
"အင်ပါယာရဲ့ကြီးမြတ်သော ဧကရာဇ်ကို မှူးမတ်လိုင်လာရဲ့သမီး ကျွန်မ ပါနေးရားက ဂါ၀ရပြုပါတယ်"

ဧကရာဇ်သည် သူမအားကြည့်ကာ ပါးစပ်ကိုဖွင့်သည်
"ငါတို့မျက်နှာချင်းဆိုင်တွေ့ရတာ ပထမဆုံးအကြိမ်ပဲ ပထမဆုံးအနေနဲ့ မင်းကိုတောင်းပန်ချင်တယ် မင်းရဲ့စေ့စပ်ပွဲအခမ်းအနားကို မတတ်ရောက်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"

"အရှင်က နေမကောင်းတာကြောင့် မတတ်ရောက်နိုင်ခဲ့တာပါ ကျွန်မနားလည်ပါတယ်"

"အဲ့လိုပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ဧကရာဇ်က ညင်သာစွာပြုံးပြီး ပြောလေသည်

"မင်းနဲ့ လုရှန်တို့ဆက်ဆံရေးက အတော်လေးကောင်းမွန်တယ်လို့ ငါကြားနေရတယ်"

"ဟုတ်ပါတယ်"

"ဒီစေ့စပ်ပွဲက အတင်းအကြပ်လုပ်ခဲ့တာဆိုတော့ ငါက သိပ်ပြီးမမျှော်လင့်ထားခဲ့ဘူး ဒါပေမဲ့ လုရှန်က မင်းအပေါ် ကောင်းမွန်သော သဘောထားရှိတယ်ဆိုတာ ကြားလိုက်ရတော့ ငါအတော်အံဩမိသွားတယ် မင်းက အက်စတယ်လာရဲ့ အရင်းနှီးဆုံးတဲ့သူငယ်ချင်းတစ်ယောက်လဲဖြစ်‌နေသေးတယ် ငါထင်ခဲ့တာ မင်းက ဒီအတိုင်း လှပတဲ့အထက်တန်းလွှာလေဒီတစ်ယောက်သာသာပဲလို့ပေါ့ ဒါပေမဲ့ မင်းမှာ ငါမသိတဲ့ စွဲဆောင်မှုတစ်ခုရှိမယ် ထင်တယ်"
သူမမျှော်လင့်ထားတာနှင့်ဆန့်ကျင်စွာ ချီးကျူးခံလိုက်ရသဖြင့် သူမ ပိုလို့တောင် တုန်လှုပ်သွားရသည်

'သူက ဘာလို့ ငါ့အကြောင်းတွေ အကုန်ပြောနေရတာလဲ'

တခဏကြာပြီးနောက် ဧကရာဇ်က ထပ်ပြောလာခဲ့သည် အရင်ကနဲ့ လုံးဝမတူတဲ့ တင်းမာတဲ့အကြည့်တွေနှင့်ပင်
"ပြောရရင် အိမ်ရှေ့မင်းသားနဲ့
ကောလဟာလတွေမှာ ပါဝင်ခဲ့မယ်ဆိုရင် မင်းရဲ့အခြေအနေက ပိုပြီးခက်ခဲလာစေမှာမဟုတ်ဘူးလား"

“…..!”

မထင်မှတ်ထားတဲ့ စကားကြောင့် သူမမျက်ပြူးဆံပြာပင်ဖြစ်ခဲ့ရသည် အံဩမှုကြောင့် သူမပါးစပ်ကိုကျယ်ကျယ်ဖွင့်ထားရင်း ဧကရာဇ်ကဆက်ပြောလာခဲ့သည်

"ငါကို လာသတင်းပေးကြတယ် မင်းနဲ့ အိမ်ရှေ့စံမင်းသားတို့က လူမရှိတဲ့သီးသန့်နေရာတွေမှာ ပုံမှန် တွေ့ကြတယ်ဆို အဲ့တာ အမှန်ပဲလား"
သူမျက်လုံးအကြည့်တွေကနေ သူမအားငြင်းဆန်စေချင်ကြောင်း သူမခံစားနေရသည်

'ဒါပေမဲ့ ငါက ကားလစ်နဲ့တွေ့ဆုံတယ်ဆိုတာက မှန်နေတာပဲလေ'

ကားလစ်နဲ့သူမတို့ကြားမှာ တစ်ခုခုရှိနေတယ်လို့ သံသယဖြစ်တာကိုက ကြီးမားတဲ့ နားလည်မှုလွဲခြင်းတစ်ခုပါပဲ

သူမဖြေဖို့ တွန့်ဆုတ်နေချိန်မှာတော့ ဧကရာဇ်ရဲ့ မျက်နှာဟာ သိသိသာသာကို ပျက်ယွင်းသွားခဲ့သည်
"ဒါဆို မှန်နေတာပဲ"

"ဒါပေမဲ့ အရှင်ထင်သလို လုံး၀မဟုတ်ရပါဘူး"

"ရက်အနည်းငယ်ကြာတိုင်း လူသွားလူလာမရှိတဲ့နေရာမှာ လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး သီးသန့်တွေ့ဆုံတာ တခြားအကြောင်းရင်းရှိသေးလို့လား"

"ပြောရရင်..."

ဧကရာဇ်က အက်စတယ်လာကို အများကြီးနှစ်သက်လေသည် သူ့အသက်ကို ကယ်တင်ခဲ့တဲ့ သူမအပေါ် ကြီးမားတဲ့ ကျေးဇူးတင်မှုနဲ့ ချစ်ခင်မှုတွေရှိလေသည်

'ဒါပေမဲ့ သူမကို သူ့သားရဲ့ပါတနာအဖြစ်  လက်ခံနိုင်ပါမလား'

'ဒါတော့ ငါလဲမသိဘူး'

၀တ္ထုထဲမှာ ဧကရာဇ်က သူတို့နှစ်ယောက်ချစ်သူမဖြစ်ခင်မှာ သေဆုံးသွားခဲ့သည် ဒါကြောင့် အခုအချိန်မှာ သူတို့ဆက်ဆံရေးအကြောင်း ဧကရာဇ်ကို ပြောသင့်လားဆိုတာ သူမလဲအသေအချာမသိပေ

သူမမျက်နှာက ဒုက္ခရောက်နေသလိုဖြစ်လာပြီး မျက်လုံးတွေက တုန်လှုပ်နေသည် ဧကရာဇ်ကလဲ တည်ငြိမ်သောမျက်နှာဖြင့် သူမအဖြေကို စောင့်မျှော်နေလေသည်

'ငါဘာလုပ်သင့်လဲ'

တိတ်ဆိတ်ငြိမ်သက်သွားပြီး သူက လက်တွေကို လှုပ်ယမ်းနေလေသည် ထိုအခိုက်အတန့်၌ တံခါးကပွင့်လာပြီး ကားလစ်နှင့် အက်စတယ်လာတို့ ၀င်လာခဲ့သည် သူမဘေးကို တချိန်ထဲရောက်လာပြီး ထိုနှစ်ယောက်က ဧကရာဇ်ရှိရာနေရာကို ခေါင်းငုံကာ အရိုအသေပေးလေသည်

ကားလစ်ကပြောလေသည်
"အဖေ ကျွန်တော် ခွင့်ပြုချက်မတောင်းပဲ ၀င်လာခဲ့အတွက် ခွင့်လွှတ်ပေးပါ ကျွန်တော်တိုအခုလို၀င်လာခဲ့ရတာက အဖေအရေးကြီးတဲ့ကိစ္စတစ်ခုကို ဆွေးနွေးနေတယ်ထင်လို့ပါ အဖေ လေဒီပါနေးရားကိုခေါ်တွေ့ရတာက ကျွန်တော်နဲ့ပတ်သတ်တာတစ်ခုခုကြောင့် ဟုတ်တယ်မလား"

"ဒါဆို မင်းလဲသိတယ်ပေါ့"

"ကျွန်တော်ကိုစောင့်ကြည့်ဖို့ လွှတ်လိုက်တဲ့ အဖေ့လူတွေမှာ အာချောင်တဲ့ပါးစပ်တွေရှိနေလို့လေ"

"ဒီသောက်ရူးကောင်တွေကတော့ ဖမ်းမိပြန်ပြီ"

ဧကရာဇ်ကသက်ပြင်းချပြီး စိတ်ရှုပ်သောအကြည့်ဖြင့် ကားလစ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်
"အိုခေ မင်းကလဲ အခုဒီကိုရောက်နေပြီဆိုမှတော့ ငါ့ကိုရှင်းစမ်းပါအုမ်း မင်းနဲ့ ပါနေးရားရဲ့ သောက်ဆက်ဆံရေးက ဘာလဲ မင်းတို့နှစ်‌ယောက် ဒိတ်နေကြတာလား"

"ကျေးဇူးပြုပြီး ​အဲ့လို ကြောက်​စရာ​ကောင်းတဲ့စကား​တွေ မ​ပြောပါနဲ့​!"

"ကျေးဇူးပြုပြီး ​အဲ့လို ကြောက်​စရာ​ကောင်းတဲ့စကား​တွေ မ​ပြောပါနဲ့​‌!"
ကားလစ်နှင့် သူမတချိန်ထဲအော်လိုက်လေသည်

"ဒါဆို မင်းတို့နှစ်ယောက်မှာ အချစ်ရေးတစ်ခုရှိနေတာလား"

"မဟုတ်ဘူး!"

"မဟုတ်ဘူး!"
ထပ်ပြီး သူတို့တစ်ချိန်ထဲ ငြင်းဆန်လိုက်ပြန်သည်

ဧကရာဇ်ကခေါင်းကိုခါပြီး
"ဒါဆို လူပျိုနဲ့ အပျို နှစ်ယောက် သီးသန့်တွေ့ဆုံပြီး ဘာတွေလုပ်ကြတာလဲ?"

ကားလစ်က က မကျေနပ်တဲ့အမူအရာနဲ့ ပြန်ဖြေလိုက်လေသည်
"သူမကို အက်စတယ်လာဆီ စာတွေပို့ပေးဖို့ ကျွန်တော် အကူအညီတောင်းခဲ့တာ"

သူမဘေးမှာရပ်နေတဲ့ အက်စတယ်လာကလဲ မျက်ခုံးတွေအောက်ငုံ့ထားရင်း ၀န်ခံနေလေသည်
"ပြီးတော့ သူမကပဲ ကျွန်မဆီကစာတွေကို အရှင်မင်းသားဆီ ပြန်ပို့ပေးတာပါ မစ်နေးရားကဘာမှမလုပ်ခဲ့ပေမဲ့ ကျွန်မတို့နှစ်ယောက်အတွက်နဲ့ ဒုက္ခရောက်ခံရတာပါ အရှင်ဧကရာဇ်"

ဧကရာဇ်ရဲ့မျက်လုံးတွေ ပြူးကျယ်လာတော့သည် ဧကရာဇ်က ကားလစ်နဲ့အက်စတယ်လာကို တလှည့်စီကြည့်ရင်း ပျော်ရွှင်မှုတွေပြည့်နေတဲ့မျက်နှာနှင့် မေးလာခဲ့သည်
"တကယ်လား မင်းတို့နှစ်ယောက်က စာတွေလဲနေတာလား"

"ဟုတ်ပါတယ်"

သူတို့နှစ်ယောက်ရဲ့ဖြေသံကို နားထောင်ပြီး ဧကရာဇ်က ရယ်မောလိုက်သည်

ကံကောင်းစွာနဲ့ပဲ ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားနဲ့အက်စတယ်လာတို့အကြားက ဆက်ဆံရေးကို အနှုတ်သဘောဆောင်စွာ တွေးပုံမရပေ သူသည် အက်စတယ်လာ ကို ခြိမ်းခြောက်သော အကြည့်ဖြင့် စိုက်ကြည့်ခြင်း သို့မဟုတ် သူ့မကို ရေနှင့် ပတ်ပစ်တာမျိုး မပြုလုပ်ပေ ထိုအသေးစိတ်အချက်ကို သတိပြုမိကာ ကားလစ်သည် သည် ဧကရာဇ်အား အမြန်ပြောပြလိုက်သည်

"အဖေ ကျွန်တော်နဲ့ အက်စတယ်လာတို့က အချင်းချင်း ထူးခြားတဲ့ခံစားချက်တွေ ဖြစ်နေကြပါပြီ"

"မင်းပြောနေတာက သူငယ်ချင်းဆက်ဆံရေးအကြောင်းလား"

"မဟုတ်ပါဘူ ကျွန်တော်ပြောတာက အချစ်အကြောင်းပါ"

သူမပင် တကယ်အံဩသွားသည်
(လက်သွက်ခြေသွက် ဘဒိုပါ)

ရိုင်းစိုင်းမောက်မာတတ်တဲ့‌ကားလစ်နှင့် tsundere*ဖြစ်သွားပြီဖြစ်တဲ့ကားလစ်တို့ကသာ ထိုကဲ့သို့သောအရာမျိုးကို  အမှန်တကယ် ပြတ်ပြတ်သားသားပြောလိမ့်မည်
[*tsundere is a character, most often female and in anime, who switches from being tough and cold towards a love interest into being soft and sweet.]

ကားလစ်ကို ထိုကဲ့သို့ပုံစံကိုမြင်လိုက်ရတာကို ဧကရာဇ်ပင် အံဩသွားလိမ့်မည် အရမ်းအံဩသွားပုံရတဲ့ဧကရာဇ်က ပြူးကျယ်သောမျက်လုံးများနှင့် အက်စတယ်လာဆီ အကြည့်ရွေ့လိုက်သည်

"မင်းရော တူတူပဲ ခံစားရသလား အက်စတယ်လာ"

"ဟုတ်ပါတယ်"
အက်စတယ်လာက လက်တွေကို ဆုတ်ကိုင်ထားရင်း ခေါင်းညိတ်ကာ ဖြေးဖြေးချင်း ဖြေလိုက်သည်

'သူကလဲ ကားလစ်အတွက် သူခံစား‌ချက်တွေကို ၀န်ခံလိုက်တာပဲ !!!'

ထိုအချိန်မှာတော့ ကားလစ်ရဲ့မျက်နှာမှာ အပျော်တွေနှင့် ပြည့်နှက်နေလေသည် သူက ကမ္ဘာပေါ်မှာရှိသမျှ အရာအားလုံးကို ရယူနိုင်လိုက်သလိုမျိုး ပျော်ရွှင်နေတာပင်
(အိုင်တပတ်လုံးနီးပါး အလုပ်တွေရှုပ်နေတာတဲ့ မtranဖြစ်တာပါ နောက်လာမဲ့နှစ်ပိုင်းကြရင် တစ်စုံတစ်ယောက်လဲ အားကျမခံ confessလုပ်ပါတော့မယ် ဟီးဟီး🤭)

Continue Reading

You'll Also Like

3.9M 294K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
3.4M 208K 93
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022