unicode
အပိုင်း(၁၂) သူမ၏ လက်ဖဝါးမှ ဝိညာဉ်(၁)
ညက နက်လာသည်။ ညီအစ်ကိုများက အချင်းချင်း စကားစမြည် ပြောကာ ဝိုင် သောက်နေကြလေရာ ည အလွန်နက်လာသည် အထိ ရောက်သွားခဲ့၏။ ထိုအချိန်တွင် ယဲ့ကျန်းက သူမ၏ အခန်းအတွင်း တစ်ယောက်တည်း ရှိနေသည်။ သူမ၏ အစေခံက သူမကို ညအိပ်ဝတ်စုံ လဲပေးပြီးသည်နှင့် အစေခံကို အပြင်တွင် စောင့်ဆိုင်း ခိုင်းထားလိုက်၏။
သက်သောင့်သက်သာ ရှိသော အိပ်ရာခင်း များ၏ အောက်တွင် အနားယူနေပြီး မောပန်းနွမ်းနယ်မှုက သူမကို လွှမ်းခြုံလာသည်။ သူမ၏ ညာလက်မှ ရင်းနှီးကျွမ်းဝင်သော တဆစ်ဆစ်နာကျင်မှုကို ခံစားလျက် သူမ၏ အိပ်မက်များထဲ ပျောက်ဆုံး သွားခဲ့၏။ သူမ ဝေဝါးစွာ ထထိုင်ပြီးနောက် ညာဘက်လက်ဝါးကို စိုက်ကြည့်လိုက်သည်။
ယခင်က ကဲ့သို့ သူမ၏ ညာလက်ဖဝါးပေါ်တွင်ရှိသော မီးတောက်ဖီးနစ် ဆေးမင်ကြောင်မှာ နောက်ထပ် အနီရောင် ရေတစ်စက်ကို ထုတ်ပေးလာသည်။ သူမ အေးခဲသွား၏။ အေးစိမ့်မှုက ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ သူမ၏ ဝိညာဉ် ကူးပြောင်းလာခြင်းက မှော်ဆန်သည်။ ဒါက အခြားသော ထူးခြားသည့် တစ်စိတ် တစ်ပိုင်း ဖြစ်နေခဲ့၏။
သူမ လက်ချောင်းလေးဖြင့် ထိုရေစက်လေးကို ထိတွေ့လိုက်သည်။ ထိုရေစက်လေးက လုလင်ကျစ်ကို မတွေ့ခင် ဝန်ထုပ်ဝန်ပိုး ကြီးကဲ့သို့ ခံစားရပြီး စိတ်အခြေအနေ မတည်ငြိမ်ဘဲ လက်ဖဝါးကို လက်သည်းနှင့် ကုတ်ခြစ်မိသော ဒဏ်ရာထံသို့ စီးဝင်သွားခဲ့၏။ ထိုဒဏ်ရာများကို သူမ ယခင်က သတိပင် မထားခဲ့ပေ။ နာကျင်ရကောင်းမှန်းပင် မသိခဲ့ပေ။
သို့သော် လက်ရှိ အချိန်တွင်မူ သူမ၏ အာရုံက ထိုဒဏ်ရာထံသို့ ရောက်သွားသည်။ ဒဏ်ရာ၏ တည်ရှိမှုကြောင့် မဟုတ်ဘဲ ဒဏ်ရာ၏ ပျောက်ကင်းမှုကြောင့် ဖြစ်၏။ သူမ မျက်လုံး ပြူးသွားတော့သည်။ အလွန် ထိတ်လန့်သွားရ၏။
ဘာဖြစ်သွားတာလဲ။
သူမ လက်ဖဝါးကို ပြန်ကြည့်သည်။
ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား။
သူမ၏ လက်သည်းများ ထိုးစိုက်မှုကြောင့် သွေးလွှမ်းသော ဒဏ်ရာက ယခုအခါ ဖျော့တော့သော အမာရွတ်မျှကိုသာ မြင်ရ၏။
မဖြစ်နိုင်ဘူး။
ယဲ့ကျန်း ရေရွတ်လိုက်သည်။
သူမ၏ ဘယ်ဘက် လက်ဖဝါးပေါ်မှ ဒဏ်ရာက သူမ၏ လက်သည်းများ အရေပြား အတွင်းသို့ ထိုးစိုက်ကာ အနည်းငယ် ပဲ့ထွက်သွားချိန်တွင် သွေးများ ထွက်လာသည် အထိ စူးရှသော နာကျင်မှုကို ခံစားခဲ့ရကြောင်း ရှင်းလင်းစွာ မှတ်မိနေသေး၏။ ဒါက ထင်ယောင်ထင်မှား မဟုတ်ပေ။
ယဲ့ကျန်း အလွန် အံ့ဩကာ မတည်မငြိမ် ဖြစ်လာခဲ့သည်။ ဘာတွေ ဖြစ်နေမှန်း သူမ နားမလည် နိုင်တော့ပေ။ ယခင်က သွေးလွှမ်းခဲ့သော ထိုလက်ဖဝါးက ယခုအခါ ဒဏ်ရာ ကင်းမဲ့နေသည်။ ဒါက အလွန် ထိတ်လန့်ဖွယ် ကောင်းလွန်းလှကာ သူမ အော်ဟစ်မိသွား၏။
ထိုအခိုက် အတွေးတစ်ချက်က သူမကို ရိုက်ခတ်သွားသည်။ သူမက ရှင်းရှင်းလင်းလင်းဖြင့် နောက်ထပ် ရေစက်တစ်စက် ဖြည်းညင်းစွာ ထွက်ပေါ်လာသော ဖီးနစ်ရုပ်ပုံလေးကို ကြည့်လိုက်၏။
ခုန်နှုန်း မြန်နေသော နှလုံးသားနှင့်အတူ သူမ၏ ဘယ်ဘက် လက်ဖဝါးပေါ်မှ အခြားသော ဒဏ်ရာထံသို့ ရေစက်လေးကို ကျဆင်းစေလိုက်သည်။ ဒါက ရေတစ်စက် မျှသာ ဖြစ်သော်လည်း ဒဏ်ရာ တစ်ခုလုံးကို စိုရွှဲ သွားစေရန် လုံလောက်နေ၏။ ထိုဒဏ်ရာက သွေးထွက် ရပ်တန့်သွားသည်။ ပဲ့ထွက်နေသော အရေပြားက စတင် ပြန်စေ့ပိတ်လာ၏။
နွေးဦး ရာသီကဲ့သို့ တိုးဝှေ့လာသော လေပြေများအလား ရေစက်များက ဖီးနစ်မျက်ဝန်းများ အတွင်းမှ ဆက်တိုက် စိမ့်ထွက်လာသည်။ သူမ၏ အမူအရာက အလွန်ဖြူဖျော့သွားကာ အတွေးအကြံ တစ်ခုကလည်း စိတ်အတွင်းသို့ ဝင်ရောက်လာခဲ့၏။
ငါက ...ငါ ...ယဲ့ကျန်းက ပြန်လည် မွေးဖွားလာရုံတင် မဟုတ်ဘဲ ကောင်းကင်က ပေးတဲ့ အံ့အားသင့်ဖွယ် ကောင်းတဲ့ စွမ်းရည် တစ်မျိုးကိုလည်း ပိုင်ဆိုင်လာတာလား။
သူမ၏ အတွေးထဲတွင် အမျိုးမျိုးသော အထိတ်တလန့် ဖြစ်မှုများက ကူးခတ်နေခဲ့သည်။ သူမ အလျင်စလို လက်ဖဝါးကို ရေဇလုံ အတွင်းသို့ နှစ်လိုက်ပြီးနောက် သူမ၏ ရေစက်များ ရေအတွင်း ပျောက်ကွယ်သွားခြင်းကို ကြည့်လိုက်၏။ အချိန်အတန် ကြာပြီးနောက် လက်ကို ဆေးလိုက်သည်။ ထို့နောက် အဝတ်ဖြင့် သုတ်ကာ ကောင်းကောင်း အိပ်စက်လိုက်တော့၏။
နောက်တစ်နေ့ မနက်နိုးလျင် သူမ အိပ်မက် မက်နေသည်ဟု ရှာတွေ့ရန် မျှော်လင့်သည်။ ယဲ့ကျန်း ထိုညက ကောင်းကောင်း မအိပ်နိုင်ခဲ့ပေ။ သူမကို လုလင်ကျစ်က ရှာတွေ့သွားသော အကြောင်းကို အိပ်မက် မက်ခဲ့၏။ သူမ မီးတောက်ထဲ လောင်ကျွမ်းခံခဲ့ရမှုကိုလည်း ခံစားရသည်။
"တတိယ သခင်မလေး အိပ်မက်ဆိုး မက်နေတာပါလား"
သူမကို ခစားရသော အစေခံက သူမ၏ သခင်မလေးက အိပ်ရာပေါ်တွင် လေကို အသည်းအသန် ရှူရှိုက်ကာ ထိုင်နေကြောင်း မြင်ရသောအခါ မေးမြန်းလာသည်။
စိတ်ရှုပ်ထွေးနေသော အစေခံက ယဲ့ကျန်း ဘာတွေ ဖြစ်နေမှန်း အတိအကျ နားမလည်နိုင်ပေ။ သို့သော် နေ့တိုင်းလိုလို အိပ်မက်ထဲတွင် အမဲလိုက် ခံရနိုင်သော အဖြစ်အပျက်များကို ပြန်တွေးမိပြီး သူမ စိုးရိမ်သွားရ၏။
ယဲ့ကျန်းက ခေါင်းညိတ်သည်။ သက်ပြင်းရှည်ကြီးကို ချ၏။ သူမ၏ လက်ကို ပြန်ကြည့်လိုက်သောအခါ အံ့ဩသွားရပြန်သည်။ ယခင်က ဒဏ်ရာအကြမ်း များနှင့် ခပ်ဖျော့ဖျော့ အမာရွတ်များ ရှိနေခဲ့သော လက်ဖဝါးက ယခုအခါ ချော့မွေ့နေ၏။ ပြစ်ချက် တစ်ခုမျှ မရှိအောင်ပင် ချောမွေ့နေခြင်း ဖြစ်သည်။
အခြားသော မိန်းကလေးများကဲ့သို့ ချောမွေ့ နူးညံ့သော လက်ကလေးများကို ပိုင်ဆိုင်ရမည့် အစား လုယောင်ယောင်က ငယ်စဉ်ကတည်းက ကြမ်းတမ်းစွာ ကြီးပြင်းလာရသည့် အလျောက် အသားများက မာသည်။ သူမ၏ လက်ဖဝါးတွင် အမြဲလိုလို အမာရွတ်များ ရှိနေလေ့ ရှိ၏။
ယဲ့ကျန်းက သူမ မနေ့ညက လက်ဆေးခဲ့သော ရေဇလုံကို ကြည့်လိုက်သည်။
အဲဒီ ရေစက်တွေနဲ့ ရောနေတဲ့ ရေက အမာရွတ် ပျောက်နိုင်တာလား။
"အဲဒီ ရေဇလုံထဲမှာ ရေတွေ ရှိနေသေးလား"
ယဲ့ကျန်းက အနားမှ အစေခံကို မေးလိုက်သည်။
ထိုအခါမှသာ သူမကို ခစားသော ထိုအစေခံ၏ နာမည်ကိုပင် သူမ မသိကြောင်း သတိ ရလိုက်၏။
"ရေဇလုံထဲက ရေတွေက တတိယ သခင်မလေး အသုံးပြုပြီးသား ဖြစ်လို့ အရင်နေ့ညကတည်းက အပြင်မှာ လောင်းလိုက်ပါပြီ။ ဒီအစေခံက ပန်းတွေကို ကြည့်ပြီး အပြင်ဘက်က အပင်တွေနဲ့ ရောပြီး လောင်းလိုက်ပါတယ်။ အချို့ အပင်တွေကတော့ ပန်းတွေတောင် ပွင့်လာကြပါပြီ။ ဒီတော့ ဒီအစေခံက သခင်မလေးရဲ့ အခန်းထဲက ရေတွေ အားလုံးကို မနေ့ညကကတည်းက အပြောင်ရှင်းပြီး ဥယျာဉ်ထဲကိုပဲ လောင်းလိုက်ပါတော့တယ်"
ယဲ့ကျန်း နောက်ဆုံးတွင် စကားပြောချင်စိတ် ပေါ်လာကြောင်း မြင်သောအခါ အစေခံက မနေနိုင်ဘဲ စကားအနည်းငယ် ပိုပြောလိုက်သည်။
ယဲ့ကျန်း ကြောင်သွား၏။
ဒီအစေခံရဲ့ စကားက မှန်တယ်ဆိုရင် သူမ လက်ဆေးထားတဲ့ ရေကို လောင်းလိုက်တာက သေနေတဲ့ ပန်းပင်တွေကိုတောင် ပြန်ရှင်လာစေနိုင်တယ်လား။
"နင့် နာမည် ဘယ်လိုခေါ်လဲ"
"ဒီအစေခံကို သိုင့်မေ့လို့ ခေါ်ပါတယ် တတိယသခင်မလေး"
အစေခံက ပြုံးကာ ဖြေသည်။
zawgyi
အပိုင္း(၁၂) သူမ၏ လက္ဖဝါးမွ ဝိညာဥ္(၁)
ညက နက္လာသည္။ ညီအစ္ကိုမ်ားက အခ်င္းခ်င္း စကားစျမည္ ေျပာကာ ဝိုင္ ေသာက္ေနၾကေလရာ ည အလြန္နက္လာသည္ အထိ ေရာက္သြားခဲ့၏။ ထိုအခ်ိန္တြင္ ယဲ့က်န္းက သူမ၏ အခန္းအတြင္း တစ္ေယာက္တည္း ႐ွိေနသည္။ သူမ၏ အေစခံက သူမကို ညအိပ္ဝတ္စုံ လဲေပးၿပီးသည္ႏွင့္ အေစခံကို အျပင္တြင္ ေစာင့္ဆိုင္း ခိုင္းထားလိုက္၏။
သက္ေသာင့္သက္သာ ႐ွိေသာ အိပ္ရာခင္း မ်ား၏ ေအာက္တြင္ အနားယူေနၿပီး ေမာပန္းႏြမ္းနယ္မႈက သူမကို လႊမ္းျခဳံလာသည္။ သူမ၏ ညာလက္မွ ရင္းႏွီးကြၽမ္းဝင္ေသာ တဆစ္ဆစ္နာက်င္မႈကို ခံစားလ်က္ သူမ၏ အိပ္မက္မ်ားထဲ ေပ်ာက္ဆုံး သြားခဲ့၏။ သူမ ေဝဝါးစြာ ထထိုင္ၿပီးေနာက္ ညာဘက္လက္ဝါးကို စိုက္ၾကည့္လိုက္သည္။
ယခင္က ကဲ့သို႔ သူမ၏ ညာလက္ဖဝါးေပၚတြင္႐ွိေသာ မီးေတာက္ဖီးနစ္ ေဆးမင္ေၾကာင္မွာ ေနာက္ထပ္ အနီေရာင္ ေရတစ္စက္ကို ထုတ္ေပးလာသည္။ သူမ ေအးခဲသြား၏။ ေအးစိမ့္မႈက ေက်ာ႐ိုးတစ္ေလွ်ာက္ စိမ့္တက္သြားသည္။ သူမ၏ ဝိညာဥ္ ကူးေျပာင္းလာျခင္းက ေမွာ္ဆန္သည္။ ဒါက အျခားေသာ ထူးျခားသည့္ တစ္စိတ္ တစ္ပိုင္း ျဖစ္ေနခဲ့၏။
သူမ လက္ေခ်ာင္းေလးျဖင့္ ထိုေရစက္ေလးကို ထိေတြ႕လိုက္သည္။ ထိုေရစက္ေလးက လုလင္က်စ္ကို မေတြ႕ခင္ ဝန္ထုပ္ဝန္ပိုး ႀကီးကဲ့သို႔ ခံစားရၿပီး စိတ္အေျခအေန မတည္ၿငိမ္ဘဲ လက္ဖဝါးကို လက္သည္းႏွင့္ ကုတ္ျခစ္မိေသာ ဒဏ္ရာထံသို႔ စီးဝင္သြားခဲ့၏။ ထိုဒဏ္ရာမ်ားကို သူမ ယခင္က သတိပင္ မထားခဲ့ေပ။ နာက်င္ရေကာင္းမွန္းပင္ မသိခဲ့ေပ။
သို႔ေသာ္ လက္႐ွိ အခ်ိန္တြင္မူ သူမ၏ အာ႐ုံက ထိုဒဏ္ရာထံသို႔ ေရာက္သြားသည္။ ဒဏ္ရာ၏ တည္႐ွိမႈေၾကာင့္ မဟုတ္ဘဲ ဒဏ္ရာ၏ ေပ်ာက္ကင္းမႈေၾကာင့္ ျဖစ္၏။ သူမ မ်က္လုံး ျပဴးသြားေတာ့သည္။ အလြန္ ထိတ္လန္႔သြားရ၏။
ဘာျဖစ္သြားတာလဲ။
သူမ လက္ဖဝါးကို ျပန္ၾကည့္သည္။
ငါ ထင္ေယာင္ထင္မွား ျဖစ္ေနတာလား။
သူမ၏ လက္သည္းမ်ား ထိုးစိုက္မႈေၾကာင့္ ေသြးလႊမ္းေသာ ဒဏ္ရာက ယခုအခါ ေဖ်ာ့ေတာ့ေသာ အမာ႐ြတ္မွ်ကိုသာ ျမင္ရ၏။
မျဖစ္ႏိုင္ဘူး။
ယဲ့က်န္း ေရ႐ြတ္လိုက္သည္။
သူမ၏ ဘယ္ဘက္ လက္ဖဝါးေပၚမွ ဒဏ္ရာက သူမ၏ လက္သည္းမ်ား အေရျပား အတြင္းသို႔ ထိုးစိုက္ကာ အနည္းငယ္ ပဲ့ထြက္သြားခ်ိန္တြင္ ေသြးမ်ား ထြက္လာသည္ အထိ စူး႐ွေသာ နာက်င္မႈကို ခံစားခဲ့ရေၾကာင္း ႐ွင္းလင္းစြာ မွတ္မိေနေသး၏။ ဒါက ထင္ေယာင္ထင္မွား မဟုတ္ေပ။
ယဲ့က်န္း အလြန္ အံ့ဩကာ မတည္မၿငိမ္ ျဖစ္လာခဲ့သည္။ ဘာေတြ ျဖစ္ေနမွန္း သူမ နားမလည္ ႏိုင္ေတာ့ေပ။ ယခင္က ေသြးလႊမ္းခဲ့ေသာ ထိုလက္ဖဝါးက ယခုအခါ ဒဏ္ရာ ကင္းမဲ့ေနသည္။ ဒါက အလြန္ ထိတ္လန္႔ဖြယ္ ေကာင္းလြန္းလွကာ သူမ ေအာ္ဟစ္မိသြား၏။
ထိုအခိုက္ အေတြးတစ္ခ်က္က သူမကို ႐ိုက္ခတ္သြားသည္။ သူမက ႐ွင္း႐ွင္းလင္းလင္းျဖင့္ ေနာက္ထပ္ ေရစက္တစ္စက္ ျဖည္းညင္းစြာ ထြက္ေပၚလာေသာ ဖီးနစ္႐ုပ္ပုံေလးကို ၾကည့္လိုက္၏။
ခုန္ႏႈန္း ျမန္ေနေသာ ႏွလုံးသားႏွင့္အတူ သူမ၏ ဘယ္ဘက္ လက္ဖဝါးေပၚမွ အျခားေသာ ဒဏ္ရာထံသို႔ ေရစက္ေလးကို က်ဆင္းေစလိုက္သည္။ ဒါက ေရတစ္စက္ မွ်သာ ျဖစ္ေသာ္လည္း ဒဏ္ရာ တစ္ခုလုံးကို စို႐ႊဲ သြားေစရန္ လုံေလာက္ေန၏။ ထိုဒဏ္ရာက ေသြးထြက္ ရပ္တန္႔သြားသည္။ ပဲ့ထြက္ေနေသာ အေရျပားက စတင္ ျပန္ေစ့ပိတ္လာ၏။
ေႏြးဦး ရာသီကဲ့သို႔ တိုးေဝွ႔လာေသာ ေလေျပမ်ားအလား ေရစက္မ်ားက ဖီးနစ္မ်က္ဝန္းမ်ား အတြင္းမွ ဆက္တိုက္ စိမ့္ထြက္လာသည္။ သူမ၏ အမူအရာက အလြန္ျဖဴေဖ်ာ့သြားကာ အေတြးအၾကံ တစ္ခုကလည္း စိတ္အတြင္းသို႔ ဝင္ေရာက္လာခဲ့၏။
ငါက ...ငါ ...ယဲ့က်န္းက ျပန္လည္ ေမြးဖြားလာ႐ုံတင္ မဟုတ္ဘဲ ေကာင္းကင္က ေပးတဲ့ အံ့အားသင့္ဖြယ္ ေကာင္းတဲ့ စြမ္းရည္ တစ္မ်ိဳးကိုလည္း ပိုင္ဆိုင္လာတာလား။
သူမ၏ အေတြးထဲတြင္ အမ်ိဳးမ်ိဳးေသာ အထိတ္တလန္႔ ျဖစ္မႈမ်ားက ကူးခတ္ေနခဲ့သည္။ သူမ အလ်င္စလို လက္ဖဝါးကို ေရဇလုံ အတြင္းသို႔ ႏွစ္လိုက္ၿပီးေနာက္ သူမ၏ ေရစက္မ်ား ေရအတြင္း ေပ်ာက္ကြယ္သြားျခင္းကို ၾကည့္လိုက္၏။ အခ်ိန္အတန္ ၾကာၿပီးေနာက္ လက္ကို ေဆးလိုက္သည္။ ထို႔ေနာက္ အဝတ္ျဖင့္ သုတ္ကာ ေကာင္းေကာင္း အိပ္စက္လိုက္ေတာ့၏။
ေနာက္တစ္ေန႔ မနက္ႏိုးလ်င္ သူမ အိပ္မက္ မက္ေနသည္ဟု ႐ွာေတြ႕ရန္ ေမွ်ာ္လင့္သည္။ ယဲ့က်န္း ထိုညက ေကာင္းေကာင္း မအိပ္ႏိုင္ခဲ့ေပ။ သူမကို လုလင္က်စ္က ႐ွာေတြ႕သြားေသာ အေၾကာင္းကို အိပ္မက္ မက္ခဲ့၏။ သူမ မီးေတာက္ထဲ ေလာင္ကြၽမ္းခံခဲ့ရမႈကိုလည္း ခံစားရသည္။
"တတိယ သခင္မေလး အိပ္မက္ဆိုး မက္ေနတာပါလား"
သူမကို ခစားရေသာ အေစခံက သူမ၏ သခင္မေလးက အိပ္ရာေပၚတြင္ ေလကို အသည္းအသန္ ႐ွဴ႐ိႈက္ကာ ထိုင္ေနေၾကာင္း ျမင္ရေသာအခါ ေမးျမန္းလာသည္။
စိတ္႐ႈပ္ေထြးေနေသာ အေစခံက ယဲ့က်န္း ဘာေတြ ျဖစ္ေနမွန္း အတိအက် နားမလည္ႏိုင္ေပ။ သို႔ေသာ္ ေန႔တိုင္းလိုလို အိပ္မက္ထဲတြင္ အမဲလိုက္ ခံရႏိုင္ေသာ အျဖစ္အပ်က္မ်ားကို ျပန္ေတြးမိၿပီး သူမ စိုးရိမ္သြားရ၏။
ယဲ့က်န္းက ေခါင္းညိတ္သည္။ သက္ျပင္း႐ွည္ႀကီးကို ခ်၏။ သူမ၏ လက္ကို ျပန္ၾကည့္လိုက္ေသာအခါ အံ့ဩသြားရျပန္သည္။ ယခင္က ဒဏ္ရာအၾကမ္း မ်ားႏွင့္ ခပ္ေဖ်ာ့ေဖ်ာ့ အမာ႐ြတ္မ်ား ႐ွိေနခဲ့ေသာ လက္ဖဝါးက ယခုအခါ ေခ်ာ့ေမြ႕ေန၏။ ျပစ္ခ်က္ တစ္ခုမွ် မ႐ွိေအာင္ပင္ ေခ်ာေမြ႕ေနျခင္း ျဖစ္သည္။
အျခားေသာ မိန္းကေလးမ်ားကဲ့သို႔ ေခ်ာေမြ႕ ႏူးညံ့ေသာ လက္ကေလးမ်ားကို ပိုင္ဆိုင္ရမည့္ အစား လုေယာင္ေယာင္က ငယ္စဥ္ကတည္းက ၾကမ္းတမ္းစြာ ႀကီးျပင္းလာရသည့္ အေလ်ာက္ အသားမ်ားက မာသည္။ သူမ၏ လက္ဖဝါးတြင္ အၿမဲလိုလို အမာ႐ြတ္မ်ား ႐ွိေနေလ့ ႐ွိ၏။
ယဲ့က်န္းက သူမ မေန႔ညက လက္ေဆးခဲ့ေသာ ေရဇလုံကို ၾကည့္လိုက္သည္။
အဲဒီ ေရစက္ေတြနဲ႔ ေရာေနတဲ့ ေရက အမာ႐ြတ္ ေပ်ာက္ႏိုင္တာလား။
"အဲဒီ ေရဇလုံထဲမွာ ေရေတြ ႐ွိေနေသးလား"
ယဲ့က်န္းက အနားမွ အေစခံကို ေမးလိုက္သည္။
ထိုအခါမွသာ သူမကို ခစားေသာ ထိုအေစခံ၏ နာမည္ကိုပင္ သူမ မသိေၾကာင္း သတိ ရလိုက္၏။
"ေရဇလုံထဲက ေရေတြက တတိယ သခင္မေလး အသုံးျပဳၿပီးသား ျဖစ္လို႔ အရင္ေန႔ညကတည္းက အျပင္မွာ ေလာင္းလိုက္ပါၿပီ။ ဒီအေစခံက ပန္းေတြကို ၾကည့္ၿပီး အျပင္ဘက္က အပင္ေတြနဲ႔ ေရာၿပီး ေလာင္းလိုက္ပါတယ္။ အခ်ိဳ႕ အပင္ေတြကေတာ့ ပန္းေတြေတာင္ ပြင့္လာၾကပါၿပီ။ ဒီေတာ့ ဒီအေစခံက သခင္မေလးရဲ႕ အခန္းထဲက ေရေတြ အားလုံးကို မေန႔ညကကတည္းက အေျပာင္႐ွင္းၿပီး ဥယ်ာဥ္ထဲကိုပဲ ေလာင္းလိုက္ပါေတာ့တယ္"
ယဲ့က်န္း ေနာက္ဆုံးတြင္ စကားေျပာခ်င္စိတ္ ေပၚလာေၾကာင္း ျမင္ေသာအခါ အေစခံက မေနႏိုင္ဘဲ စကားအနည္းငယ္ ပိုေျပာလိုက္သည္။
ယဲ့က်န္း ေၾကာင္သြား၏။
ဒီအေစခံရဲ႕ စကားက မွန္တယ္ဆိုရင္ သူမ လက္ေဆးထားတဲ့ ေရကို ေလာင္းလိုက္တာက ေသေနတဲ့ ပန္းပင္ေတြကိုေတာင္ ျပန္႐ွင္လာေစႏိုင္တယ္လား။
"နင့္ နာမည္ ဘယ္လိုေခၚလဲ"
"ဒီအေစခံကို သိုင့္ေမ့လို႔ ေခၚပါတယ္ တတိယသခင္မေလး"
အေစခံက ျပဳံးကာ ေျဖသည္။