Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

32

1.3K 222 6
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : သူ ဘယ္ေတာ့မွ အိမ္ျန္လာေတာ့ဘူး ]

•ေလာ့ယြီခ်န္•

သူ႔နားမွာရွိတဲ့သူေတြအားလုံးက ကြၽန္ေတာ့္ထက္ အပုံႀကီးသာတယ္၊ စိတ္ခ်ရၿပီး က်ိဳးေၾကာင္းဆီေလ်ာ္တာ ဒါမွမဟုတ္ ယုံၾကည္မႈလြန္ကဲေပမယ့္ စဥ္းစားေပးတတ္တာ။

သူက ဒီတိုင္း သတိျပဳမိဖို႔၊ ႏိုးထလာၿပီး သူ႔ရဲ႕ပုံမွန္စိတ္ ျပန္ဝင္လာေစဖို႔ပဲ လိုတယ္။ အဲ့တာဆို ကြၽန္ေတာ္က သူ႔ကိုနာက်င္ေအာင္ ဒါမွမဟုတ္ ဝမ္းနည္းေအာင္ ဘာမွမလုပ္ေတာ့ဘူးဆိုရင္ေတာင္၊ ထိုလူအုပ္နဲ႔ တူညီတဲ့စမွတ္လမ္းေၾကာင္းမွာ ရပ္ေနတယ္ဆိုရင္ေတာင္ ကြၽန္ေတာ့္ဆီမွာ ေအာင္ျမင္ႏိုင္မယ့္ အခြင့္အေရးမရွိဘူး။

ကြၽန္ေတာ္က ေမာက္မာကာ ဘဝင္ျမင့္တယ္၊ စိတ္ကသိကေအာက္ျဖစ္စရာေကာင္းၿပီး အေတြးအေခၚမရွိဘူး ၿပီးေတာ့ ေယဘုယ်အားျဖင့္ လူေတြက ကြၽန္ေတာ့္ကို သေဘာမက်ဘူး။

ကြၽန္ေတာ့္ရဲ႕တစ္ခုတည္းေသာ အဆင္ေျပေျပရွိတဲ့ အျပင္ပန္းအသြင္အျပင္နဲ႔ေတာင္ သူ႔ေဘးနားမွာရွိတဲ့ ထိုမ်ိဳးမစစ္လုေဝ့ရွီထက္ မနိမ့္တဲ့႐ုပ္ရည္ရွိတဲ့လူေတြအားလုံးနဲ႔ ယွဥ္လိုက္တဲ့အခါ အေတာ္ေလးအသာစီးရတယ္ဆိုၿပီး ထည့္တြက္လို႔မရဘူး။

ေနာက္ထပ္ေျပာရရင္ အခ်ိန္ဆိုတာ ဘယ္သူ႔ကိုမွ ေစာင့္မေနဘူး ၿပီးေတာ့ ကြၽန္ေတာ္ကလည္း ငယ္႐ြယ္ေတာ့တာမဟုတ္ဘူး။

ကြၽန္ေတာ့္ရဲ႕အျပင္ပန္းအသြင္အျပင္က တစ္ေန႔ထက္တစ္ေန႔ ယိုယြင္းလာၿပီျဖစ္သလို ကြၽန္ေတာ့္ရဲ႕အက်င့္စ႐ိုက္ကလည္း တိုးတက္မလာဘူး။

အဲ့တာေၾကာင့္ ကြၽန္ေတာ့္အေပၚ သူ႔ရဲ႕သေဘာထားက ေအးစက္သြားၿပီဆိုရင္ သူ႔ကိုျပန္ရဖို႔ ဘာလုပ္ရမယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာေပါက္ သိႏိုင္မွာမဟုတ္ဘူး!

ညဥ့္နက္လာတာနဲ႔အမွ် ကြၽန္ေတာ္သြားရမယ့္ တစ္ခုေသာေနရာကို သတိရမိလိုက္တယ္။

ကြၽန္ေတာ့္တစ္ကိုယ္လုံး ေသြးေတြပြက္ပြက္ဆူေနကာ ထိုေနရာကို ခုခ်က္ခ်င္း သြားဖို႔လိုေနတယ္ဆိုၿပီး ကြၽန္ေတာ့္ကို ေျပာေနတယ္။

အဲ့လိုနဲ႔ပဲ... ကြၽန္ေတာ္လည္း အသည္းအသန္ ထြက္လာမိေတာ့တယ္။

ကုမၸဏီရဲ႕အေနာက္က လူလုပ္ေရကန္ရဲ႕မ်က္ႏွာျပင္က တည္ၿငိမ္ေအးခ်မ္းေနတယ္။ ထိုအဖိုးတန္ၾကက္ေျခခတ္ရတနာေလးကို ဘယ္ျပတင္းေပါက္က ပစ္ခ်မိလိုက္မွန္း ကြၽန္ေတာ္ ေမ့သြားခဲ့တာၾကာၿပီျဖစ္တယ္၊ အဲ့တာေၾကာင့္ ေပါင္လယ္ေလာက္ရွိတဲ့ ေရထဲကိုသြားၿပီး ႐ြံ႕ထဲမွာ ေျဖးေျဖးခ်င္းစီ ရွာ႐ုံသာ တတ္ႏိုင္ေတာ့တယ္။

အစကေတာ့ စိတ္ကူးၾကည့္လို႔မရႏိုင္တဲ့ လွည့္စားမႈတစ္ခုကို လက္ကိုင္ျပဳခဲ့တယ္ _ ဒါက ႐ိုး႐ိုးရွင္းရွင္း ေရကန္ေလးတစ္ခုပဲ မဟုတ္ဘူးလား? ငါက ပင္လယ္ႀကီးတစ္ခုလုံးထဲမွာ အပ္ေလးတစ္ေခ်ာင္း ရွာေနရတာမွမဟုတ္တာ၊ ဒီေန႔ေတာ့ ငါက ရွာေဖြဖို႔အတြက္ ျပင္ဆင္မႈေတြလုပ္ၿပီး ဂ႐ုတစိုက္နဲ႔ တတ္ႏိုင္သမွ် ေစ့ေစ့ေပါက္ေပါက္ လိုက္ရွာမယ္၊ ငါ ေရနစ္ခဲ့မယ္ဆိုရင္ေတာင္ အဲ့ပစၥည္းကို ရွာလို႔ေတြ႕မွာမဟုတ္ဘူးဆိုတာကို မယုံဘူး။

ဒါေပမယ့္ ကံၾကမၼာရဲ႕လွည့္ကြက္အရ ကြၽန္ေတာ္က စိတ္ႀကီးဝင္ေနတဲ့ လူညံ့တစ္ေယာက္၊ ကြၽန္ေတာ့္ရဲ႕အက်င့္ေဟာင္းေတြ၊ ကြၽန္ေတာ့္ရဲ႕အရင္က အၾကင္နာတရားမဲ့မႈေတြနဲ႔ ကေလးဆန္ဆန္ တစ္ကိုယ္ေကာင္းဆန္မႈေတြအတြက္ ေပးဆပ္ေနရတဲ့ အ႐ူးတစ္ေယာက္သာျဖစ္တယ္ဆိုတာကို ကြၽန္ေတာ္ေမ့ေနခဲ့တယ္။

ကြၽန္ေတာ့္အေပၚ ေရွာင္ဟန္းလို အူလႈိက္သည္းလႈိက္ ကာကြယ္ေပးမယ့္သူ မရွိတဲ့အခါ မ်က္စိတစ္မွိတ္အတြင္းမွာတင္ ေလာကႀကီးတစ္ခုလုံးက ကြၽန္ေတာ့္ကို ဆန႔္က်င္ေနတဲ့ပုံျဖစ္လာတယ္။

ကန္ထဲကေရက ကြၽန္ေတာ္ ေရစပ္နားကို ခ်က္ခ်င္းျပန္လွည့္ခ်င္သြားေစတဲ့အထိ ေအးစက္ေနေပမယ့္ ႐ြံ႕ထဲကိုစမ္းဖို႔ ကြၽန္ေတာ္ ကိုယ္ကိုကိုင္းလိုက္တယ္။ ကြၽန္ေတာ့္ရဲ႕လက္ေတြနဲ႔ သဲေတြ႐ႊံ႕ေတြ ျဖတ္တိုက္သြားတာကို ခံစားမိတယ္ ၿပီးေတာ့ ကြၽန္ေတာ္ထိလိုက္တဲ့ေနရာတိုင္းက ႐ြံ႕နဲ႔အပင္ေတြသာျဖစ္ေနၿပီး ကြၽန္ေတာ့္ကို ထိုးေဖာက္သြားလို႔ရတဲ့အထိ မာတာမ်ိဳး ဘာမွမရွိသလို ကြၽန္ေတာ္ေပးဆပ္ခဲ့ရတဲ့ တန္ဖိုးနဲ႔ထိုက္တန္တဲ့ အဖိုးတန္ရတနာတစ္ခုကို ရွာေတြ႕လိုက္တာေၾကာင့္ ႐ူးေလာက္ေအာင္ ေပ်ာ္သြားႏိုင္မယ့္အရာမ်ိဳး ဘာမွရွိမေနဘူး။

ကြၽန္ေတာ္က စိတ္ျမန္လက္ျမန္ရွိၿပီး ကြၽန္ေတာ့္ရဲ႕ျပဴထြက္ေနၿပီျဖစ္တဲ့ စိတ္ေသာကတို႔ေၾကာင့္ ကြၽန္ေတာ့္မွာ ေ႐ြးျခယ္စရာမရွိဘဲ အလိုအေလ်ာက္သိစိတ္အရ ခါးကိုင္းကာ နည္းနည္းခ်င္းစီ ရွာေဖြေနရေတာ့တယ္။ ေနရာေလးတစ္ခုျဖစ္ျဖစ္ လြတ္သြားရင္ေတာင္ ျပန္ရဖို႔ အမွန္တကယ္ ခက္ခဲသြားလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ သိေနတယ္။

ေရကန္တစ္ခုလုံးကို ရွာၿပီး လက္ဗလာနဲ႔ ျပန္တက္လာရတာထက္စာရင္ ႏွစ္ႀကိမ္ရွာဆိုလည္းရွာမယ္၊ သုံးႀကိမ္ရွာဆိုရင္ေတာင္ ရွာလိုက္မယ္။

ကြၽန္ေတာ့္ရဲ႕အျပဳအမူေတြက သိပ္ကို ႐ူးသြပ္လြန္းတယ္ဆိုတာ ကြၽန္ေတာ္သိတယ္။

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ အံ့ဖြယ္ျဖစ္ရပ္ေတြ ဒါမွမဟုတ္ နတ္သမီးပုံျပင္ေတြကို ယုံၾကည္တဲ့သူက ကြၽန္ေတာ္ဘယ္တုန္းကမွ မဟုတ္ခဲ့ဘူး။

အကယ္၍ လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကသာ တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္ကို 'ေလာ့ယြီခ်န္စ္ေန႔က်င္င္းေတာ့ လုံးကို႐ူးသြပ္လြန္းတဲ့စ္စုံစ္ခုကို လုပ္ၿပီး ဒီေလာကႀကီးထဲမွာ ေျပာေျပာေနၾကတဲ့ 'စိတ္င္းနဲ႔ ႀကိဳးစားအားထုတ္မႈေတြက စိတ္င္းနဲ႔ဆုလာလ္ျန္လိမ့္ယ္'ဆိုတာမ်ိဳး ရွိယ္ဆိုတာ အတည္ျပဳဖို႔အတြက္ယ္ေရာျမဳပ္လို႔မဳပ္သြားမွန္းသိတဲ့ နားဆြဲေသးေသးေလးစ္ခုကို ရွာဖို႔ လူလုပ္ေရကန္စ္ခုထဲကို ညသန္းေခါင္ခ်ိန္ႀကီးသြားလိမ့္မယ္' လို႔သာ ေျပာခဲ့ရင္ ကြၽန္ေတာ္က ဒီေလာက္ရယ္စရာေကာင္းတဲ့ ဟာသမ်ိဳးေျပာလို႔ ခ်ီးက်ဴး႐ုံတင္မကဘူး သူ႔ကိုပါ သနားစဖြယ္႐ြံရွာစက္ဆုပ္မႈတို႔ ျပည့္ေနတဲ့အၾကည့္တစ္ခုနဲ႔ေတာင္ တည့္တည့္ႀကီး စိုက္ၾကည့္မိလိမ့္အုံးမယ္။

ဒါေပမယ့္ အခုေတာ့...

ကေလးဆန္ခဲ့တဲ့အခ်ိန္တုန္းက ေရွာင္ဟန္းက သူ ႐ူးေၾကာင္ေၾကာင္လုပ္ၿပီးတဲ့အခ်ိန္ဆို ေရာင္စုံခဲတံေလးတစ္ေခ်ာင္းနဲ႔ ခ်ေရးတတ္တာကို ကြၽန္ေတာ္ အမ်ားႀကီးလြမ္းေနမိတယ္၊ ဘယ္ေလာက္ ႐ိုးရွင္းၿပီး ႏွစ္သက္စရာေကာင္းလိုက္သလဲ။

ကြၽန္ေတာ္ မယုံၾကည္ႏိုင္ဘူးဆိုတာ သိသာလွေပမယ့္ ေအာင္ျမင္မယ္လို႔ ေမွ်ာ္လင့္ကာ ႐ူးေၾကာင္ေၾကာင္အရာေတြလုပ္ၿပီး ကြၽန္ေတာ့္လို လက္ေတြ႕ဆန္လြန္းၿပီး ႐ိုင္းစိုင္းလြန္းတဲ့လူတစ္ေယာက္ဆီကို သူ ထြင္းထုေပးခဲ့တဲ့ ကြၽန္ေတာ္တို႔အတြက္ ေႏြးေထြးၿပီး သန႔္စင္တဲ့နတ္သမီးပုံျပင္ေလာကဆီ ျပန္သြားႏိုင္မယ့္ အရည္အခ်င္းေတြ ေပးေစခ်င္တယ္။

အရမ္းေအးတာေၾကာင့္ ကြၽန္ေတာ္ စတင္တုန္ရီလာခ်ိန္မွာ ႏြားႏို႔ပူပူေလးတစ္ခြက္က ဘယ္ေလာက္ေတာင္ ေႏြးေထြးလိုက္မလဲဆိုတဲ့အေၾကာင္း ကြၽန္ေတာ္ ေတြးေနတာ မရပ္ႏိုင္ခဲ့ဘူး။

တကယ္ေတာ့ ဘဝမွာ ရင္းႏွီးေနတဲ့မနက္ခင္းအနမ္းေလးတစ္ပြင့္နဲ႔ အခ်စ္ေတြျပည့္ႏွက္ေနတဲ့ မနက္စာတစ္ပြဲက လုံေလာက္တယ္ဆိုတာထက္ ပိုေနၿပီျဖစ္တယ္ : သူ႔ရဲ႕သိမ္ေမြ႕တဲ့အၿပဳံးကို ျမင္ႏိုင္ရင္ပဲ ကြၽန္ေတာ့္အတြက္ အရာအားလုံးက အဆင္ေျပသြားႏိုင္တယ္။

ကြၽန္ေတာ့္ရဲ႕ေလာဘကို မရပ္ႏိုင္ဘဲ ညည္းညဴမႈတို႔ကလည္း အေတာမသတ္ႏိုင္တာေၾကာင့္ အဆုံးမွာ ကြၽန္ေတာ္ အားလုံးကို ဆုံးရႈံးလိုက္ရတယ္။

ကြၽန္ေတာ္ အဲ့တာကို ရွာမရေသးဘူး။ ကြၽန္ေတာ္ သြားခ်င္း႐ိုက္ေနၿပီျဖစ္တယ္။ အရမ္းေအးတယ္၊ အရမ္းကို ေအးစက္ေနတယ္။ ကြၽန္ေတာ့္ေျခေထာက္ေတြကိုေတာင္ ခံစားလို႔မရသေလာက္ျဖစ္လာတယ္။

ေရထဲက ေသးငယ္တဲ့လႈပ္ရွားမႈတိုင္းက ရယ္စရာေကာင္းတဲ့ ခပ္ေတာင့္ေတာင့္ ေျခလွမ္းေတြလိုျဖစ္ေနၿပီး ကြၽန္ေတာ့္ေျခေထာက္ႏွစ္ေခ်ာင္းက ထိန္းခ်ဳပ္မရစြာ ယိမ္းထိုးေနတယ္။

ကံေကာင္းေထာက္မစြာ ကြၽန္ေတာ့္စိတ္က ၾကည္လင္ျပတ္သားေနတုန္းျဖစ္ၿပီး အေတြးတစ္ခု ရွိေနတယ္ _ ဘာပဲျဖစ္ေနေန ငါ လက္မေလ်ာ့ႏိုင္ဘူး။

နားဆြဲကို လႊင့္ပစ္လိုက္တုန္းက အားအမ်ားႀကီး မထည့္မိေလာက္ဘူး။ အနီးနားတစ္ဝိုက္မွာပဲ ရွိေလာက္တယ္ ၿပီးေတာ့ ေျမႀကီးနဲ႔နည္းနည္းေလးပဲ ေဝးတာေတာင္ ျဖစ္ႏိုင္ေလာက္တယ္ အဲ့တာေၾကာင့္ ကြၽန္ေတာ္သာ နည္းနည္းေလာက္ထပ္ၿပီး မရမကႀကိဳးစားႏိုင္သေ႐ြ႕ ရွာေတြ႕ေလာက္တယ္!

ကြၽန္ေတာ္ အဲ့တာကို ရွာဖို႔လိုတယ္။ ဘာပဲျဖစ္ေနေန အဲ့ပစၥည္းကို ျပန္ရဖို႔လိုတယ္။

ကြၽန္ေတာ္ေၾကာင့္မို႔... ကြၽန္ေတာ့္ဆီမွာ သူ ခ်န္ထားခဲ့တာ ဘာဆိုဘာမွ မရွိေတာ့ဘူး။

သူ ထြက္သြားၿပီ။ သူ ကြၽန္ေတာ့္ကို ထပ္မလိုခ်င္ေတာ့ဘူး။

ကြၽန္ေတာ္ စြန႔္ပစ္ခံလိုက္ရၿပီ။ မဟုတ္မွ သူ ကြၽန္ေတာ့္ကို ေနာက္ထပ္ ဘယ္ေတာ့မွ အေရးတယူလုပ္ၿပီး ေနာက္ထပ္ၾကည့္လာမွာ မဟုတ္ေလာက္ေတာ့ဘူး။

အဲ့ဒီ့ ၾကက္ေျခခတ္နားဆြဲေလးက သူကြၽန္ေတာ့္ကို လက္ေဆာင္ေပးခဲ့တဲ့ ရတနာေလးတစ္ခုျဖစ္တယ္။ ကြၽန္ေတာ္ အဲ့တာကို ပြတ္သပ္ၾကည့္ခ်ိန္ဆို ကြၽန္ေတာ့္ကိုၾကည့္ခဲ့တဲ့ သူ႔ရဲ႕တည္ၿငိမ္ၿပီးစစ္မွန္လွတဲ့ ေႏြးေထြးတဲ့အၾကည့္အျပင္ သူ႔အၿပဳံးထဲက အဆုံးမဲ့ႏူးညံ့မႈတို႔ကိုပါ ျပန္သတိရေစတယ္။

ကြၽန္ေတာ့္နားမွာ နားဆြဲကိုဆြဲထားရင္ ဒါမွမဟုတ္ ကြၽန္ေတာ့္လက္ဖဝါးထဲ ကိုင္ထားရင္ ႏႈိင္းဆမရေအာင္ သိမ္ေမြ႕တဲ့လူတစ္ေယာက္ဆီကေန တစ္ခ်ိန္တစ္ခါက အမွန္အကန္ ေလးေလးနက္နက္ တန္ဖိုးထားခံရဖူးတယ္ဆိုတာကို အနည္းဆုံးေတာ့ သက္ေသျပႏိုင္ၿပီး ကြၽန္ေတာ္ မလႈပ္ႏိုင္ေအာင္ စိတ္ဒုကၡေရာက္ေနရင္လည္း ကြၽန္ေတာ့္ရဲ႕လက္က်န္ဘဝကို ဆက္ၿပီးျဖတ္ေက်ာ္ဖို႔ နည္းနည္းေလးျဖစ္ျဖစ္ ႏွစ္သိမ့္မႈေလး ေပးႏိုင္တယ္။

အနည္းဆုံးေတာ့ ဒီပစၥည္းေလးတစ္ခု ရွိေနမွရမယ္ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ခါးသက္မႈနဲ႔ ဝမ္းနည္းပူေဆြးစရာေကာင္းတဲ့ နာက်င္မႈတို႔ျပည့္ေနေတာ့မယ့္ ကြၽန္ေတာ့္ရဲ႕ေန႔ရက္ေတြမွာ ကြၽန္ေတာ္လည္း တစ္ခ်ိန္က ေပ်ာ္႐ႊင္မႈဆိုတာကို ႀကဳံခဲ့ဖူးေၾကာင္း၊ ကြၽန္ေတာ္လည္း တစ္ခ်ိန္က ေလာကႀကီးတစ္ခုလုံးကို ပိုင္ဆိုင္ခဲ့ေၾကာင္း အဲ့တာေလးက အၿမဲတမ္း သတိေပးခ်က္ေလးတစ္ခုအျဖစ္ ရွိေနလိမ့္မယ္။

ထိုအခ်ိန္တုန္းက ကြၽန္ေတာ္ မသိခဲ့သလို အဆုံးမွာ အားလုံးကို ဆုံးရႈံးလိုက္ရတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ တစ္ႀကိမ္တစ္ခါ ပိုင္ဆိုင္ခဲ့ရဖူးၿပီ။ မယွဥ္သာတဲ့ ထူးျခားမႈ၊ ႏႈိင္းဆမရတဲ့ အဖိုးတန္မႈ၊ တစ္ခုတည္းေသာအရာကို ကြၽန္ေတာ္ တစ္ခ်ိန္က ပိုင္ဆိုင္ခဲ့ဖူးၿပီ။

****

သူသာ ျပန္လာခ်င္အုံးမယ္ဆိုရင္ ကြၽန္ေတာ္ ေသခ်ာေပါက္ ေသခ်ာေပါက္ကို ထပ္ၿပီး လက္မလႊတ္ေတာ့ဘူး။

သူ႔ကို ေသခ်ာေပါက္ တန္ဖိုးထားမယ္၊ ကာကြယ္ေပးမယ္၊ သူ႔ကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးမယ္ ၿပီးေတာ့ ကြၽန္ေတာ့္ဘဝနဲ႔ ေလာင္းေၾကးထပ္ရမယ္ဆိုရင္ေတာင္ တြန႔္ဆုတ္ေနမိမွာ မဟုတ္ေတာ့ဘူး။

႐ုတ္တရက္ ကြၽန္ေတာ့္လက္ေခ်ာင္းေတြက ခပ္မာမာအရာကို ထိမိသြားၿပီး ႐ုတ္တရက္ အံ့ဩသြားရေပမယ့္ ထိုအရာက လြတ္ထြက္သြားတယ္။ ကြၽန္ေတာ္ သြားစမ္းခ်ိန္မွာ ဘာဆိုဘာမွ ထပ္မစမ္းမိေတာ့ဘူး။

ကြၽန္ေတာ့္အေနအထားကို ျပင္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ ေလာကႀကီးက ေဇာက္တိေဇာက္ထိုးျဖစ္ကာ ကြၽန္ေတာ့္ခႏၶာကိုယ္က ႐ုတ္တရက္ နစ္ျမဳပ္သြားတာကိုသာ ခံစားမိလိုက္တယ္။ ေရခဲတမွ်ေအးတဲ့ ေရကန္ထဲကို ေလးပင့္စြာ က်သြားၿပီး ကြၽန္ေတာ့္လက္ေတြက ေအာက္ဘက္ကို ကိုင္မိခ်ိန္မွာ ေနာက္တစ္ေခါက္ ခြၽန္ျမတဲ့တစ္စုံတစ္ရာေၾကာင့္ စူးသြားတာကို ခံစားလိုက္ရတယ္။ ကြၽန္ေတာ္ အဆမတန္ေပ်ာ္႐ႊင္သြားၿပီး ဒီတစ္ေလွ်ာက္လုံး ကြၽန္ေတာ္ ႀကိဳးစားရွာေနတာကို ရွာေတြ႕ဖို႔အတြက္ ကြၽန္ေတာ္ ေရာက္လုနီးၿပီ ေရာက္လုနီးၿပီဆိုတာမ်ိဳးသာ ခံစားေနရတယ္။

ဒါေပမယ့္ ကြၽန္ေတာ့္ေရွ႕မွာတင္ အေမွာင္ထုက သက္ဆင္းလာၿပီး ကြၽန္ေတာ္ ဘာဆိုဘာမွ မျမင္ရေတာ့ဘူး။ ေရခဲတမွ်ေအးစက္မႈတစ္ခုက ကြၽန္ေတာ့္နားေတြထဲ စိမ့္ဝင္လာၿပီး မြန္းၾကပ္လာတဲ့ခံစားမႈနဲ႔အတူ ကမာၻႀကီးတုန္ဟီးေလာက္တဲ့ ေၾကာက္႐ြံ႕မႈတစ္ခု ဝင္ေရာက္လာတယ္။ လက္ကိုဆန႔္ထုတ္လိုက္ေပမယ့္ အခ်ည္းႏွီးသာျဖစ္ကာ ကြၽန္ေတာ့္ရဲ႕အသိစိတ္ကလည္း ျဖည္းျဖည္းခ်င္း လြင့္စင္လာတယ္။

ဘယ္လိုမွမယွဥ္သာတဲ့ ေႏြးေထြးၿပီး သက္ေသာင့္သက္သာရွိတဲ့ခံစားခ်က္ေၾကာင့္ ကြၽန္ေတာ့္ႏိုးလာရေပမယ့္ ကြၽန္ေတာ့္ႏွလုံးသားက ဘာမွန္းမသိတဲ့အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ အျပင္းအထန္ခုန္ေပါက္ေနတယ္။ မေဖာ္ျပႏိုင္တဲ့ ကသိကေအာက္ျဖစ္မႈက ကြၽန္ေတာ့္ကို ေၾကာက္စရာေကာင္းတဲ့တစ္စုံတစ္ရာကို ေျပာေနပုံေပၚၿပီး ကြၽန္ေတာ့္မ်က္လုံးေတြကို မဖြင့္ခ်င္ေအာင္လုပ္ေနတယ္။

ဒါေပမယ့္ ပိတ္ထားတဲ့မ်က္လုံးေတြရဲ႕ ခပ္ဟဟေနရာနားက ရင္းႏွီးေနတဲ့အရိပ္ကို ရိပ္ခနဲျမင္လိုက္ခ်ိန္မွာ ကြၽန္ေတာ္ မလြတ္သင့္တဲ့အရာကို ေနာက္ထပ္တစ္ႀကိမ္ ႐ူးေၾကာင္ေၾကာင္နဲ႔ လြတ္ေတာ့မလိုျဖစ္သြားခဲ့တယ္ဆိုတာ သိလိုက္ရတယ္။

အတိတ္မွာတုန္းက ဒီလိုက်ယ္ျပန႔္တဲ့ပုခုံးေတြကို အသားမရွိဘဲ အ႐ိုးေတြပဲရွိေနတာေၾကာင့္ မၾကာခဏ ေလွာင္ေျပာင္ခဲ့ၿပီး သူ႔နား႐ြက္ေတြေနာက္မွာ ရွိတဲ့ဆံပင္တိုတိုက ဘယ္ေလာက္ေတာင္ ႏူးညံ့ေပ်ာ့ေျပာင္းေနလိုက္သလဲဆိုတာ တစ္ခ်က္တည္းၾကည့္႐ုံနဲ႔တင္ ကြၽန္ေတာ္ေျပာႏိုင္တယ္။ သူ႔ရဲ႕ေဘးတိုက္ပုံစံက အရင္လို ေအးေအးခ်မ္းခ်မ္းနဲ႔ ထင္ရွားေနတုန္းပဲျဖစ္ၿပီး သူ႔အမူအယာက သိမ္ေမြ႕ၿပီး တည္ၿငိမ္ေနဆဲျဖစ္တယ္။

သူ အသက္ရွင္ေနတုန္း ၿပီးေတာ့ ကြၽန္ေတာ့္မ်က္စိေရွ႕မွာ ေကာင္းေကာင္းမြန္မြန္ ရွိေနတယ္ဆိုတာ အရွင္းသားႀကီးပဲ မဟုတ္လား! သူကဘာလို႔ သူ႔အသက္တိုေအာင္ တျခားသူေတြ က်ိန္ေနတာကို ခြင့္ျပဳထားရတာလဲ!

ကြၽန္ေတာ္ ထၿပီး သူ႔ကို ဖက္ထားလိုက္တယ္။

ဒီလိုလြမ္းေလာက္စရာ ေႏြးေထြးမႈ၊ လြမ္းဆြတ္မႈတို႔ ျပည့္ႏွက္ေနတယ္။ ကြၽန္ေတာ့္လည္ေခ်ာင္းမွာ တစ္ဆို႔ေနတဲ့ ႏွလုံးကလည္း ေနာက္ဆုံးေတာ့ သူ႔ေနရာသူ ျပန္သြားႏိုင္ျဖစ္ကာ ကြၽန္ေတာ္ကလည္း မ်က္ရည္ေတြစီးက်လာတာကို မထိန္းထားႏိုင္ေတာ့ဘူး။

တကယ္ေတာ့ ကြၽန္ေတာ္ သူေရွ႕မွာ မငိုခ်င္ဘူး။ တအားရွက္ဖို႔ေကာင္းတယ္။

ဒါေပမယ့္ ဒီလူ... ဒီလူက ဒီတိုင္းေလးပဲ၊ ကြၽန္ေတာ့္ရဲ႕ ခ်စ္လွစြာေသာ ၿပီးေတာ့ မုန္းလွစြာေသာ ေရွာင္ဟန္း၊ တပ္ေခါက္မယ့္လမ္းေၾကာင္းေတြကို ပိတ္ဆို႔ၿပီး ကြၽန္ေတာ့္ရဲ႕ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္မႈနဲ႔ အေရးမစိုက္မႈေတြအားလုံးကို လုံးဝ အရႈံးေပးလိုက္ရေအာင္ လုပ္ႏိုင္တဲ့လူ။

ကြၽန္ေတာ္ သူ႔ကို ျဖစ္ညႇစ္ၾကည့္လိုက္တယ္။ အင္း ေကာင္းတယ္၊ သူ တအားပိန္မသြားေတာ့ဘူး။

သူ႔ရဲ႕နာမက်န္းမႈေၾကာင့္ သတိမထားမိတဲ့အထိ ပုံစံေျပာင္းသြားေလာက္ေအာင္ စိတ္မဆင္းရဲခဲ့ဘူးပဲ။ လူေတြကို ဩခ်မိေလာက္ေအာင္ မ်ားျပားလွတဲ့ စိတ္အားထက္သန္မႈ အရိပ္အေယာင္တစ္ခုနဲ႔အတူ သူ႔မွာ တူညီတဲ့ခန႔္ခန႔္ညားညားမ်က္ႏွာ ရွိေနတုန္းပဲ။

တစ္ခုပဲ၊ သူ႔မ်က္လုံးေတြထဲမွာ ဘာလို႔ ေသာကေတြဒီေလာက္အမ်ားႀကီး ျပည့္ေနရတာလဲ? သူ႔ကို ဝမ္းနည္းေအာင္လို႔ ကြၽန္ေတာ္ အမွားတစ္ခုခု ထပ္လုပ္မိထားတာလား?

ထင္တဲ့အတိုင္း ကြၽန္ေတာ္က အ႐ူးတစ္ေယာက္ ျဖစ္ေနတုန္းပဲ။ သူ တအားဝမ္းမနည္းေအာင္လို႔ ျပက္လုံးတစ္ခု ေျပာလိုက္ခ်င္ေပမယ့္ ကြၽန္ေတာ္ ပါးစပ္ဟလိုက္တာနဲ႔ သူ႔ကိုငိုေအာင္ လုပ္မိသြားတယ္။ သူက ဘာမွန္းမသိတဲ့ နာက်င္မႈတစ္ခုကို သည္းခံႏိုင္ဖို႔ အေကာင္းဆုံးႀကိဳးစားေနပုံေပၚၿပီး သူ႔ရဲ႕အနည္းငယ္တုန္ရီေနတဲ့ခႏၶာကိုယ္က ေသးငယ္တဲ့လႈပ္ရွားမႈတိုင္းက ကြၽန္ေတာ့္ႏွလုံးသားကို နာက်င္ေစတယ္။

ကြၽန္ေတာ္ လက္တစ္ဖက္ဆန႔္ထုတ္ကာ သူ႔မ်က္ရည္ေတြကို သုတ္ေပးခ်င္ေပမယ့္ ကြၽန္ေတာ့္ရဲ႕လက္ေခ်ာင္းထိပ္ေတြက ဘာကိုမွ မစမ္းမိဘူး။ ကြၽန္ေတာ့္မ်က္လုံးေရွ႕မွာတင္ သူ႔ခႏၶာကိုယ္က တကယ္ႀကီး ေဖာက္ထြင္းျမင္ရတဲ့အထိ စတင္ေျပာင္းလဲလာတယ္။ ဒါေတြအားလုံးက ပုံရိပ္ေယာင္တစ္ခုလိုမ်ိဳး ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္တစ္ခုလုံးကို တမဟုတ္ခ်င္း ေအးစက္သြားကာ ဆံပင္ေမႊးေတြပါ တဆုံးထိ ေထာင္သြားေစတယ္။

ဒါကို လက္ေတြ႕ႀကဳံရတာသာ မဟုတ္ရင္ ဒီလိုျမင္ကြင္းမ်ိဳးကို စိတ္ကူးၾကည့္လို႔ေတာင္ ရမွာမဟုတ္ဘူး။

ဘယ္အရာကိုမဆို တစ္ခါမွမရဖူးတာ ဒါမွမဟုတ္ တစ္စုံတစ္ရာကို ထာဝရ ဆုံးရႈံးလိုက္ရတာ ယွဥ္ၾကည့္မယ္ဆိုရင္ ဒါက မယွဥ္သာေအာင္ ပိုၿပီး ေၾကာက္ဖို႔ေကာင္းတယ္။

ၿပီးေတာ့ ခုနကေလးတင္ ကြၽန္ေတာ္ဒီတိုင္း ဒီတိုင္း ေပ်ာက္ဆုံးသြားခဲ့တာေလးကို ျပန္ရလိုက္တာ။

ဒါက ဘယ္ေလာက္ေတာင္ ခက္ခဲမလဲဆိုတာ ကြၽန္ေတာ္ တိတ္တိတ္ေလး ေတြးေနခဲ့တာ၊ တစ္စုံတစ္ေယာက္ကို ဘယ္လိုမ်ိဳး ျမတ္ႏိုးရမလဲဆိုတာ ေရွ႕ေလွ်ာက္သင္ယူဖို႔အခ်ိန္ လုံေလာက္ႏိုင္မလားဆိုတာကို တိတ္တိတ္ေလး စိတ္ကူးေနခဲ့တာ၊ ဒါေပမယ့္ ခုေတာ့ ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္မ်က္လုံးေတြနဲ႔ လက္ေတြ႕မွာ အျမစ္လာတြယ္ေနတဲ့ လက္ေတြ႕မက်တဲ့ အမွန္တကယ္ရယ္စရာေကာင္းတဲ့ ျဖစ္ရပ္တစ္ခုကို ကြၽန္ေတာ္ေတြ႕လိုက္ရတယ္ _

လွပတဲ့အိမ္မက္က တစ္ခဏတြင္းခ်င္း အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားၿပီး ေရွာင္လႊဲလို႔မရတဲ့ငရဲတစ္ခုက တံခါးေခါက္လာတယ္။ ကြၽန္ေတာ့္မ်က္စိေရွ႕မွာရွိေနတဲ့လူက လက္တစ္ကမ္းအတြင္းမွာရွိေနတဲ့ တမလြန္ဘဝေရာက္ေနၿပီး ကြၽန္ေတာ္ဘယ္ေလာက္ပဲ အသည္းအသန္ ႀကိဳးစားၾကည့္ေနပါေစ ကြၽန္ေတာ့္ရဲ႕ခ်ဳပ္ကိုင္မႈထဲက လြတ္ထြက္သြားတယ္။

သူ ငိုေနခဲ့တယ္ ၿပီးေတာ့ ညႇိဳးငယ္တဲ့အမူအယာနဲ႔ ေတာင္းပန္တဲ့အၿပဳံးၿပဳံးၿပီး ကြၽန္ေတာ့္ကို ႏႈတ္ဆက္စကားဆိုခဲ့တယ္။

ႏႈတ္ဆက္တယ္? ကြၽန္ေတာ္ ႏႈတ္ဆက္မႈကို မလိုခ်င္ဘူး။

ကြၽန္ေတာ္ သူနဲ႔ ဒီေလာက္ထိ နီးေနၿပီေလ။

သူက ကြၽန္ေတာ့္အပိုင္။ သူက ကြၽန္ေတာ္ တန္ဖိုးထားၿပီး ကာကြယ္ေပးရမယ့္ ကြၽန္ေတာ့္အပိုင္။ ကြၽန္ေတာ့္မ်က္စိေရွ႕မွာတင္ သူ႔ကို ေခၚသြားႏိုင္မယ့္တစ္စုံတစ္ေယာက္က ဘာလို႔ရွိေနရတာလဲ!

ဘာလို႔... ကြၽန္ေတာ္က ဘာဆိုဘာမွ မစြမ္းေဆာင္ႏိုင္ရတာလဲ။

ေရွာင္ဟန္း။

ေရွာင္ဟန္း...

မင္းငါ့ဆီမွာ ေပ်ာ္႐ႊင္မႈအေႂကြးတင္ေနေသးတယ္။ မင္းအေပၚတင္ေနေသးတဲ့ ျမတ္ႏိုးမႈေတြ၊ အခ်စ္ေတြ၊ အလိုလိုက္မႈေတြ၊ ဂ႐ုစိုက္မႈအေႂကြးေတြအားလုံးကို ငါ ဘယ္သူ႔ဆီ သြားေပးရမွာလဲ?

ထိုလူေပ်ာက္ကြယ္သြားတဲ့အခါ ကြၽန္ေတာ္လည္း တြင္းနက္ႀကီးတစ္ခုထဲ က်သြားေတာ့တယ္။

ကြၽန္ေတာ္ျပန္ႏိုးလာခ်ိန္မွာ ေကာင္းကင္ႀကီးက ေမွာင္ေနဆဲျဖစ္ၿပီး heater ေၾကာင့္ ကားအတြင္းပိုင္းက ေျခာက္သြားၿပီျဖစ္တယ္။ ကြၽန္ေတာ္ အနားတစ္ဝိုက္ ေဘးပတ္လည္ကို ၾကည့္လိုက္ေပမယ့္ ဆတ္ခနဲလႈပ္ရွားေနတဲ့အရိပ္ေတြက တိတ္ဆိတ္ေနဆဲပဲ။ ကြၽန္ေတာ္ ေခါင္းငုံ႔ကာ ကြၽန္ေတာ့္ရဲ႕နာရီကို ၾကည့္လိုက္တယ္။ အခုက ဧၿပီလ တစ္ရက္ေန႔ 11:54pm ျဖစ္ေနၿပီ။

Black... April Fool's ေန႔၊ ေၾကကြဲထိတ္လန႔္စရာ ဟာသျပက္လုံးတစ္ခု။

ကြၽန္ေတာ္ နာရီကိုစိုက္ၾကည့္ကာ လက္တံေတြက ေရွ႕ကို ေျဖးေျဖးခ်င္းသြားေနတာကို ၾကည့္ေနလိုက္တယ္။

ေျခာက္ႀကိမ္လည္ပတ္တာက ေျခာက္ႏွစ္ေလာက္ ၾကာသြားသလိုပဲ။ ညသန္းေခါင္ခ်ိန္ ေက်ာ္သြားၿပီ၊ April Fool's ေန႔လည္း ေက်ာ္သြားၿပီ ဒါေပမယ့္ ဘာျဖစ္လို႔ ဘယ္သူကမွ ခုန္ေပါက္ရယ္ေမာၿပီး လက္ခုပ္လက္ဝါး မတီးၾကတာလဲ? ဘာျဖစ္လို႔ ဘယ္သူမွ ဩဘာမေပးၾကတာလဲ?

ျပက္လုံးကလည္း အဆုံးသတ္သင့္ေနၿပီ ၿပီးေတာ့ ၿပီးသြားၿပီဆိုရင္လည္း ထိုလူကို ကြၽန္ေတာ့္ဆီ ျပန္ေပးသင့္ေနၿပီေလ မဟုတ္ဘူးလား?

ကြၽန္ေတာ္ ကားထဲကခုန္ထြက္လိုက္ေတာ့ ခဲမတတ္ေလေအးေတြက ကြၽန္ေတာ့္ရဲ႕အေရျပားကို ထိခတ္သြားတာေၾကာင့္ ကြၽန္ေတာ့္ကို တြန႔္လိမ္ခ်င္သြားေစတယ္။ ​ပတ္ပတ္လည္ျမင္ကြင္းေတြက အရင္ထက္ အမ်ားႀကီးေျပာင္းလဲသြားသလိုမ်ိဳး ကြၽန္ေတာ့္ကို ေနာက္တစ္ႀကိမ္ ခ်ာခ်ာလည္သြားေစတယ္။

ကြၽန္ေတာ့္ရဲ႕ ေအးစက္ေနတဲ့ ကားေဘးနားကို မွီထားကာ ကိုယ့္ကိုယ္ကိုယ္ တည္ၿငိမ္ရမယ္လို႔ ေျပာေနမိတယ္ _ ကြၽန္ေတာ္ ဒီကမာၻေပၚမွာ ရပ္ႏိုင္ေသးသေ႐ြ႕ ကမာၻဆုံးထိေလွ်ာက္ၿပီး သူ႔ကိုရွာလို႔ရတယ္။

ဒါေပမယ့္ ဘယ္ေနရာက သြားရမယ့္ေနရာအမွန္လဲဆိုတာကို ဘယ္သူ ေျပာျပႏိုင္မွာလဲ?

ကြၽန္ေတာ္ ကားေမာင္းတဲ့ထိုင္ခုံေပၚ ျပန္လဲက်သြားတယ္။ ျပတင္းေပါက္ကေန အထက္မွာ တလက္လက္ေတာက္ပေနတဲ့ ၾကယ္ေတြကို ျမင္ရတယ္။ ဒီလိုနဲ႔ပဲ ေကာင္းကင္ေပၚမွာ ခပ္ညစ္ညစ္အၿပဳံးတစ္ခုပုံစံေပၚေနတဲ့ အေတာက္ပဆုံး စုေဝးေနၾကတာ(ၾကယ္ေတြကို)ကို ၾကည့္ေနမိတယ္၊ ဒီတိုင္း သူတို႔ေတြက ကြၽန္ေတာ့္ကို ေလွာင္ေျပာင္ေနတယ္ဆိုတာ အသိသာႀကီးပဲ။

ကြၽန္ေတာ့္ရဲ႕အသက္ရႈမႈတိုင္းက ႐ုတ္တရက္ ခက္ခဲလာၿပီး ကြၽန္ေတာ့္မ်က္လုံးေတြက ေျခာက္ေသြ႕ရာကေန ပိုၿပီးပူတက္လာတယ္။ ကြၽန္ေတာ့္ပါးစပ္ကို ခပ္ဟဟလုပ္လိုက္ေပမယ့္ ငိုလို႔မရႏိုင္ဘူးျဖစ္ေနတယ္။

ေနာက္ဆုံးေတာ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဆက္ၿပီးလိမ္လို႔မရေတာ့ေအာင္ တတ္ႏိုင္သမွ် အရက္စက္ဆုံးနည္းလမ္းနဲ႔ ေျပာျပခံလိုက္ရၿပီ။ သူ ဒီေလာကႀကီးထဲမွာ မရွိေတာ့ဘူး။

ကြၽန္ေတာ့္ရဲ႕ခ်စ္လွစြာေသာပုဂၢိဳလ္ေလးက ဘယ္ေတာ့မွ အိမ္ျပန္မလာေတာ့ဘူး။


_____


{Unicode}

[ အကျဉ်းချုပ် : သူ ဘယ်တော့မှ အိမ်ပြန်လာတော့ဘူး ]

•လော့ယွီချန်•

သူ့နားမှာရှိတဲ့သူတွေအားလုံးက ကျွန်တော့်ထက် အပုံကြီးသာတယ်၊ စိတ်ချရပြီး ကျိုးကြောင်းဆီလျော်တာ ဒါမှမဟုတ် ယုံကြည်မှုလွန်ကဲပေမယ့် စဉ်းစားပေးတတ်တာ။

သူက ဒီတိုင်း သတိပြုမိဖို့၊ နိုးထလာပြီး သူ့ရဲ့ပုံမှန်စိတ် ပြန်ဝင်လာစေဖို့ပဲ လိုတယ်။ အဲ့တာဆို ကျွန်တော်က သူ့ကိုနာကျင်အောင် ဒါမှမဟုတ် ဝမ်းနည်းအောင် ဘာမှမလုပ်တော့ဘူးဆိုရင်တောင်၊ ထိုလူအုပ်နဲ့ တူညီတဲ့စမှတ်လမ်းကြောင်းမှာ ရပ်နေတယ်ဆိုရင်တောင် ကျွန်တော့်ဆီမှာ အောင်မြင်နိုင်မယ့် အခွင့်အရေးမရှိဘူး။

ကျွန်တော်က မောက်မာကာ ဘဝင်မြင့်တယ်၊ စိတ်ကသိကအောက်ဖြစ်စရာကောင်းပြီး အတွေးအခေါ်မရှိဘူး ပြီးတော့ ယေဘုယျအားဖြင့် လူတွေက ကျွန်တော့်ကို သဘောမကျဘူး။

ကျွန်တော့်ရဲ့တစ်ခုတည်းသော အဆင်ပြေပြေရှိတဲ့ အပြင်ပန်းအသွင်အပြင်နဲ့တောင် သူ့ဘေးနားမှာရှိတဲ့ ထိုမျိုးမစစ်လုဝေ့ရှီထက် မနိမ့်တဲ့ရုပ်ရည်ရှိတဲ့လူတွေအားလုံးနဲ့ ယှဉ်လိုက်တဲ့အခါ အတော်လေးအသာစီးရတယ်ဆိုပြီး ထည့်တွက်လို့မရဘူး။

နောက်ထပ်ပြောရရင် အချိန်ဆိုတာ ဘယ်သူ့ကိုမှ စောင့်မနေဘူး ပြီးတော့ ကျွန်တော်ကလည်း ငယ်ရွယ်တော့တာမဟုတ်ဘူး။

ကျွန်တော့်ရဲ့အပြင်ပန်းအသွင်အပြင်က တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာပြီဖြစ်သလို ကျွန်တော့်ရဲ့အကျင့်စရိုက်ကလည်း တိုးတက်မလာဘူး။

အဲ့တာကြောင့် ကျွန်တော့်အပေါ် သူ့ရဲ့သဘောထားက အေးစက်သွားပြီဆိုရင် သူ့ကိုပြန်ရဖို့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော် သေချာပေါက် သိနိုင်မှာမဟုတ်ဘူး!

ညဉ့်နက်လာတာနဲ့အမျှ ကျွန်တော်သွားရမယ့် တစ်ခုသောနေရာကို သတိရမိလိုက်တယ်။

ကျွန်တော့်တစ်ကိုယ်လုံး သွေးတွေပွက်ပွက်ဆူနေကာ ထိုနေရာကို ခုချက်ချင်း သွားဖို့လိုနေတယ်ဆိုပြီး ကျွန်တော့်ကို ပြောနေတယ်။

အဲ့လိုနဲ့ပဲ... ကျွန်တော်လည်း အသည်းအသန် ထွက်လာမိတော့တယ်။

ကုမ္ပဏီရဲ့အနောက်က လူလုပ်ရေကန်ရဲ့မျက်နှာပြင်က တည်ငြိမ်အေးချမ်းနေတယ်။ ထိုအဖိုးတန်ကြက်ခြေခတ်ရတနာလေးကို ဘယ်ပြတင်းပေါက်က ပစ်ချမိလိုက်မှန်း ကျွန်တော် မေ့သွားခဲ့တာကြာပြီဖြစ်တယ်၊ အဲ့တာကြောင့် ပေါင်လယ်လောက်ရှိတဲ့ ရေထဲကိုသွားပြီး ရွံ့ထဲမှာ ဖြေးဖြေးချင်းစီ ရှာရုံသာ တတ်နိုင်တော့တယ်။

အစကတော့ စိတ်ကူးကြည့်လို့မရနိုင်တဲ့ လှည့်စားမှုတစ်ခုကို လက်ကိုင်ပြုခဲ့တယ် _ ဒါက ရိုးရိုးရှင်းရှင်း ရေကန်လေးတစ်ခုပဲ မဟုတ်ဘူးလား? ငါက ပင်လယ်ကြီးတစ်ခုလုံးထဲမှာ အပ်လေးတစ်ချောင်း ရှာနေရတာမှမဟုတ်တာ၊ ဒီနေ့တော့ ငါက ရှာဖွေဖို့အတွက် ပြင်ဆင်မှုတွေလုပ်ပြီး ဂရုတစိုက်နဲ့ တတ်နိုင်သမျှ စေ့စေ့ပေါက်ပေါက် လိုက်ရှာမယ်၊ ငါ ရေနစ်ခဲ့မယ်ဆိုရင်တောင် အဲ့ပစ္စည်းကို ရှာလို့တွေ့မှာမဟုတ်ဘူးဆိုတာကို မယုံဘူး။

ဒါပေမယ့် ကံကြမ္မာရဲ့လှည့်ကွက်အရ ကျွန်တော်က စိတ်ကြီးဝင်နေတဲ့ လူညံ့တစ်ယောက်၊ ကျွန်တော့်ရဲ့အကျင့်ဟောင်းတွေ၊ ကျွန်တော့်ရဲ့အရင်က အကြင်နာတရားမဲ့မှုတွေနဲ့ ကလေးဆန်ဆန် တစ်ကိုယ်ကောင်းဆန်မှုတွေအတွက် ပေးဆပ်နေရတဲ့ အရူးတစ်ယောက်သာဖြစ်တယ်ဆိုတာကို ကျွန်တော်မေ့နေခဲ့တယ်။

ကျွန်တော့်အပေါ် ရှောင်ဟန်းလို အူလှိုက်သည်းလှိုက် ကာကွယ်ပေးမယ့်သူ မရှိတဲ့အခါ မျက်စိတစ်မှိတ်အတွင်းမှာတင် လောကကြီးတစ်ခုလုံးက ကျွန်တော့်ကို ဆန့်ကျင်နေတဲ့ပုံဖြစ်လာတယ်။

ကန်ထဲကရေက ကျွန်တော် ရေစပ်နားကို ချက်ချင်းပြန်လှည့်ချင်သွားစေတဲ့အထိ အေးစက်နေပေမယ့် ရွံ့ထဲကိုစမ်းဖို့ ကျွန်တော် ကိုယ်ကိုကိုင်းလိုက်တယ်။ ကျွန်တော့်ရဲ့လက်တွေနဲ့ သဲတွေရွှံ့တွေ ဖြတ်တိုက်သွားတာကို ခံစားမိတယ် ပြီးတော့ ကျွန်တော်ထိလိုက်တဲ့နေရာတိုင်းက ရွံ့နဲ့အပင်တွေသာဖြစ်နေပြီး ကျွန်တော့်ကို ထိုးဖောက်သွားလို့ရတဲ့အထိ မာတာမျိုး ဘာမှမရှိသလို ကျွန်တော်ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးနဲ့ထိုက်တန်တဲ့ အဖိုးတန်ရတနာတစ်ခုကို ရှာတွေ့လိုက်တာကြောင့် ရူးလောက်အောင် ပျော်သွားနိုင်မယ့်အရာမျိုး ဘာမှရှိမနေဘူး။

ကျွန်တော်က စိတ်မြန်လက်မြန်ရှိပြီး ကျွန်တော့်ရဲ့ပြူထွက်နေပြီဖြစ်တဲ့ စိတ်သောကတို့ကြောင့် ကျွန်တော့်မှာ ရွေးခြယ်စရာမရှိဘဲ အလိုအလျောက်သိစိတ်အရ ခါးကိုင်းကာ နည်းနည်းချင်းစီ ရှာဖွေနေရတော့တယ်။ နေရာလေးတစ်ခုဖြစ်ဖြစ် လွတ်သွားရင်တောင် ပြန်ရဖို့ အမှန်တကယ် ခက်ခဲသွားလိမ့်မယ်ဆိုတာ ကျွန်တော် သိနေတယ်။

ရေကန်တစ်ခုလုံးကို ရှာပြီး လက်ဗလာနဲ့ ပြန်တက်လာရတာထက်စာရင် နှစ်ကြိမ်ရှာဆိုလည်းရှာမယ်၊ သုံးကြိမ်ရှာဆိုရင်တောင် ရှာလိုက်မယ်။

ကျွန်တော့်ရဲ့အပြုအမူတွေက သိပ်ကို ရူးသွပ်လွန်းတယ်ဆိုတာ ကျွန်တော်သိတယ်။

ကျွန်တော်တို့နှစ်ယောက်ကြားမှာ အံ့ဖွယ်ဖြစ်ရပ်တွေ ဒါမှမဟုတ် နတ်သမီးပုံပြင်တွေကို ယုံကြည်တဲ့သူက ကျွန်တော်ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။

အကယ်၍ လွန်ခဲ့တဲ့တစ်နှစ်လောက်ကသာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို 'လော့ယွီချန် တစ်နေ့ကျရင် မင်းတော့ လုံးဝကိုရူးသွပ်လွန်းတဲ့ တစ်စုံတစ်ခုကို လုပ်ပြီး ဒီလောကကြီးထဲမှာ ပြောပြောနေကြတဲ့ 'စိတ်ရင်းနဲ့ ကြိုးစားအားထုတ်မှုတွေက စိတ်ရင်းနဲ့ဆုလာလ်ပြန်ရလိမ့်မယ်'ဆိုတာမျိုး ရှိတယ်ဆိုတာ အတည်ပြုဖို့အတွက် ဘယ်နေရာမြုပ်လို့ မြုပ်သွားမှန်းမသိတဲ့ နားဆွဲသေးသေးလေးတစ်ခုကို ရှာဖို့ လူလုပ်ရေကန်တစ်ခုထဲကို ညသန်းခေါင်အချိန်ကြီးသွားလိမ့်မယ်' လို့သာ ပြောခဲ့ရင် ကျွန်တော်က ဒီလောက်ရယ်စရာကောင်းတဲ့ ဟာသမျိုးပြောလို့ ချီးကျူးရုံတင်မကဘူး သူ့ကိုပါ သနားစဖွယ်ရွံရှာစက်ဆုပ်မှုတို့ ပြည့်နေတဲ့အကြည့်တစ်ခုနဲ့တောင် တည့်တည့်ကြီး စိုက်ကြည့်မိလိမ့်အုံးမယ်။

ဒါပေမယ့် အခုတော့...

ကလေးဆန်ခဲ့တဲ့အချိန်တုန်းက ရှောင်ဟန်းက သူ ရူးကြောင်ကြောင်လုပ်ပြီးတဲ့အချိန်ဆို ရောင်စုံခဲတံလေးတစ်ချောင်းနဲ့ ချရေးတတ်တာကို ကျွန်တော် အများကြီးလွမ်းနေမိတယ်၊ ဘယ်လောက် ရိုးရှင်းပြီး နှစ်သက်စရာကောင်းလိုက်သလဲ။

ကျွန်တော် မယုံကြည်နိုင်ဘူးဆိုတာ သိသာလှပေမယ့် အောင်မြင်မယ်လို့ မျှော်လင့်ကာ ရူးကြောင်ကြောင်အရာတွေလုပ်ပြီး ကျွန်တော့်လို လက်တွေ့ဆန်လွန်းပြီး ရိုင်းစိုင်းလွန်းတဲ့လူတစ်ယောက်ဆီကို သူ ထွင်းထုပေးခဲ့တဲ့ ကျွန်တော်တို့အတွက် နွေးထွေးပြီး သန့်စင်တဲ့နတ်သမီးပုံပြင်လောကဆီ ပြန်သွားနိုင်မယ့် အရည်အချင်းတွေ ပေးစေချင်တယ်။

အရမ်းအေးတာကြောင့် ကျွန်တော် စတင်တုန်ရီလာချိန်မှာ နွားနို့ပူပူလေးတစ်ခွက်က ဘယ်လောက်တောင် နွေးထွေးလိုက်မလဲဆိုတဲ့အကြောင်း ကျွန်တော် တွေးနေတာ မရပ်နိုင်ခဲ့ဘူး။

တကယ်တော့ ဘဝမှာ ရင်းနှီးနေတဲ့မနက်ခင်းအနမ်းလေးတစ်ပွင့်နဲ့ အချစ်တွေပြည့်နှက်နေတဲ့ မနက်စာတစ်ပွဲက လုံလောက်တယ်ဆိုတာထက် ပိုနေပြီဖြစ်တယ် : သူ့ရဲ့သိမ်မွေ့တဲ့အပြုံးကို မြင်နိုင်ရင်ပဲ ကျွန်တော့်အတွက် အရာအားလုံးက အဆင်ပြေသွားနိုင်တယ်။

ကျွန်တော့်ရဲ့လောဘကို မရပ်နိုင်ဘဲ ညည်းညူမှုတို့ကလည်း အတောမသတ်နိုင်တာကြောင့် အဆုံးမှာ ကျွန်တော် အားလုံးကို ဆုံးရှုံးလိုက်ရတယ်။

ကျွန်တော် အဲ့တာကို ရှာမရသေးဘူး။ ကျွန်တော် သွားချင်းရိုက်နေပြီဖြစ်တယ်။ အရမ်းအေးတယ်၊ အရမ်းကို အေးစက်နေတယ်။ ကျွန်တော့်ခြေထောက်တွေကိုတောင် ခံစားလို့မရသလောက်ဖြစ်လာတယ်။

ရေထဲက သေးငယ်တဲ့လှုပ်ရှားမှုတိုင်းက ရယ်စရာကောင်းတဲ့ ခပ်တောင့်တောင့် ခြေလှမ်းတွေလိုဖြစ်နေပြီး ကျွန်တော့်ခြေထောက်နှစ်ချောင်းက ထိန်းချုပ်မရစွာ ယိမ်းထိုးနေတယ်။

ကံကောင်းထောက်မစွာ ကျွန်တော့်စိတ်က ကြည်လင်ပြတ်သားနေတုန်းဖြစ်ပြီး အတွေးတစ်ခု ရှိနေတယ် _ ဘာပဲဖြစ်နေနေ ငါ လက်မလျော့နိုင်ဘူး။

နားဆွဲကို လွှင့်ပစ်လိုက်တုန်းက အားအများကြီး မထည့်မိလောက်ဘူး။ အနီးနားတစ်ဝိုက်မှာပဲ ရှိလောက်တယ် ပြီးတော့ မြေကြီးနဲ့နည်းနည်းလေးပဲ ဝေးတာတောင် ဖြစ်နိုင်လောက်တယ် အဲ့တာကြောင့် ကျွန်တော်သာ နည်းနည်းလောက်ထပ်ပြီး မရမကကြိုးစားနိုင်သရွေ့ ရှာတွေ့လောက်တယ်!

ကျွန်တော် အဲ့တာကို ရှာဖို့လိုတယ်။ ဘာပဲဖြစ်နေနေ အဲ့ပစ္စည်းကို ပြန်ရဖို့လိုတယ်။

ကျွန်တော်ကြောင့်မို့... ကျွန်တော့်ဆီမှာ သူ ချန်ထားခဲ့တာ ဘာဆိုဘာမှ မရှိတော့ဘူး။

သူ ထွက်သွားပြီ။ သူ ကျွန်တော့်ကို ထပ်မလိုချင်တော့ဘူး။

ကျွန်တော် စွန့်ပစ်ခံလိုက်ရပြီ။ မဟုတ်မှ သူ ကျွန်တော့်ကို နောက်ထပ် ဘယ်တော့မှ အရေးတယူလုပ်ပြီး နောက်ထပ်ကြည့်လာမှာ မဟုတ်လောက်တော့ဘူး။

အဲ့ဒီ့ ကြက်ခြေခတ်နားဆွဲလေးက သူကျွန်တော့်ကို လက်ဆောင်ပေးခဲ့တဲ့ ရတနာလေးတစ်ခုဖြစ်တယ်။ ကျွန်တော် အဲ့တာကို ပွတ်သပ်ကြည့်ချိန်ဆို ကျွန်တော့်ကိုကြည့်ခဲ့တဲ့ သူ့ရဲ့တည်ငြိမ်ပြီးစစ်မှန်လှတဲ့ နွေးထွေးတဲ့အကြည့်အပြင် သူ့အပြုံးထဲက အဆုံးမဲ့နူးညံ့မှုတို့ကိုပါ ပြန်သတိရစေတယ်။

ကျွန်တော့်နားမှာ နားဆွဲကိုဆွဲထားရင် ဒါမှမဟုတ် ကျွန်တော့်လက်ဖဝါးထဲ ကိုင်ထားရင် နှိုင်းဆမရအောင် သိမ်မွေ့တဲ့လူတစ်ယောက်ဆီကနေ တစ်ချိန်တစ်ခါက အမှန်အကန် လေးလေးနက်နက် တန်ဖိုးထားခံရဖူးတယ်ဆိုတာကို အနည်းဆုံးတော့ သက်သေပြနိုင်ပြီး ကျွန်တော် မလှုပ်နိုင်အောင် စိတ်ဒုက္ခရောက်နေရင်လည်း ကျွန်တော့်ရဲ့လက်ကျန်ဘဝကို ဆက်ပြီးဖြတ်ကျော်ဖို့ နည်းနည်းလေးဖြစ်ဖြစ် နှစ်သိမ့်မှုလေး ပေးနိုင်တယ်။

အနည်းဆုံးတော့ ဒီပစ္စည်းလေးတစ်ခု ရှိနေမှရမယ် ပြီးတော့ ကျွန်တော့်ရဲ့ခါးသက်မှုနဲ့ ဝမ်းနည်းပူဆွေးစရာကောင်းတဲ့ နာကျင်မှုတို့ပြည့်နေတော့မယ့် ကျွန်တော့်ရဲ့နေ့ရက်တွေမှာ ကျွန်တော်လည်း တစ်ချိန်က ပျော်ရွှင်မှုဆိုတာကို ကြုံခဲ့ဖူးကြောင်း၊ ကျွန်တော်လည်း တစ်ချိန်က လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ခဲ့ကြောင်း အဲ့တာလေးက အမြဲတမ်း သတိပေးချက်လေးတစ်ခုအဖြစ် ရှိနေလိမ့်မယ်။

ထိုအချိန်တုန်းက ကျွန်တော် မသိခဲ့သလို အဆုံးမှာ အားလုံးကို ဆုံးရှုံးလိုက်ရတယ်။

ဒါပေမယ့် ကျွန်တော် တစ်ကြိမ်တစ်ခါ ပိုင်ဆိုင်ခဲ့ရဖူးပြီ။ မယှဉ်သာတဲ့ ထူးခြားမှု၊ နှိုင်းဆမရတဲ့ အဖိုးတန်မှု၊ တစ်ခုတည်းသောအရာကို ကျွန်တော် တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးပြီ။

****

သူသာ ပြန်လာချင်အုံးမယ်ဆိုရင် ကျွန်တော် သေချာပေါက် သေချာပေါက်ကို ထပ်ပြီး လက်မလွှတ်တော့ဘူး။

သူ့ကို သေချာပေါက် တန်ဖိုးထားမယ်၊ ကာကွယ်ပေးမယ်၊ သူ့ကို ပျော်ရွှင်အောင် လုပ်ပေးမယ် ပြီးတော့ ကျွန်တော့်ဘဝနဲ့ လောင်းကြေးထပ်ရမယ်ဆိုရင်တောင် တွန့်ဆုတ်နေမိမှာ မဟုတ်တော့ဘူး။

ရုတ်တရက် ကျွန်တော့်လက်ချောင်းတွေက ခပ်မာမာအရာကို ထိမိသွားပြီး ရုတ်တရက် အံ့ဩသွားရပေမယ့် ထိုအရာက လွတ်ထွက်သွားတယ်။ ကျွန်တော် သွားစမ်းချိန်မှာ ဘာဆိုဘာမှ ထပ်မစမ်းမိတော့ဘူး။

ကျွန်တော့်အနေအထားကို ပြင်ဖို့ ကြိုးစားလိုက်ပေမယ့် လောကကြီးက ဇောက်တိဇောက်ထိုးဖြစ်ကာ ကျွန်တော့်ခန္ဓာကိုယ်က ရုတ်တရက် နစ်မြုပ်သွားတာကိုသာ ခံစားမိလိုက်တယ်။ ရေခဲတမျှအေးတဲ့ ရေကန်ထဲကို လေးပင့်စွာ ကျသွားပြီး ကျွန်တော့်လက်တွေက အောက်ဘက်ကို ကိုင်မိချိန်မှာ နောက်တစ်ခေါက် ချွန်မြတဲ့တစ်စုံတစ်ရာကြောင့် စူးသွားတာကို ခံစားလိုက်ရတယ်။ ကျွန်တော် အဆမတန်ပျော်ရွှင်သွားပြီး ဒီတစ်လျှောက်လုံး ကျွန်တော် ကြိုးစားရှာနေတာကို ရှာတွေ့ဖို့အတွက် ကျွန်တော် ရောက်လုနီးပြီ ရောက်လုနီးပြီဆိုတာမျိုးသာ ခံစားနေရတယ်။

ဒါပေမယ့် ကျွန်တော့်ရှေ့မှာတင် အမှောင်ထုက သက်ဆင်းလာပြီး ကျွန်တော် ဘာဆိုဘာမှ မမြင်ရတော့ဘူး။ ရေခဲတမျှအေးစက်မှုတစ်ခုက ကျွန်တော့်နားတွေထဲ စိမ့်ဝင်လာပြီး မွန်းကြပ်လာတဲ့ခံစားမှုနဲ့အတူ ကမ္ဘာကြီးတုန်ဟီးလောက်တဲ့ ကြောက်ရွံ့မှုတစ်ခု ဝင်ရောက်လာတယ်။ လက်ကိုဆန့်ထုတ်လိုက်ပေမယ့် အချည်းနှီးသာဖြစ်ကာ ကျွန်တော့်ရဲ့အသိစိတ်ကလည်း ဖြည်းဖြည်းချင်း လွင့်စင်လာတယ်။

ဘယ်လိုမှမယှဉ်သာတဲ့ နွေးထွေးပြီး သက်သောင့်သက်သာရှိတဲ့ခံစားချက်ကြောင့် ကျွန်တော့်နိုးလာရပေမယ့် ကျွန်တော့်နှလုံးသားက ဘာမှန်းမသိတဲ့အကြောင်းပြချက်တချို့ကြောင့် အပြင်းအထန်ခုန်ပေါက်နေတယ်။ မဖော်ပြနိုင်တဲ့ ကသိကအောက်ဖြစ်မှုက ကျွန်တော့်ကို ကြောက်စရာကောင်းတဲ့တစ်စုံတစ်ရာကို ပြောနေပုံပေါ်ပြီး ကျွန်တော့်မျက်လုံးတွေကို မဖွင့်ချင်အောင်လုပ်နေတယ်။

ဒါပေမယ့် ပိတ်ထားတဲ့မျက်လုံးတွေရဲ့ ခပ်ဟဟနေရာနားက ရင်းနှီးနေတဲ့အရိပ်ကို ရိပ်ခနဲမြင်လိုက်ချိန်မှာ ကျွန်တော် မလွတ်သင့်တဲ့အရာကို နောက်ထပ်တစ်ကြိမ် ရူးကြောင်ကြောင်နဲ့ လွတ်တော့မလိုဖြစ်သွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်။

အတိတ်မှာတုန်းက ဒီလိုကျယ်ပြန့်တဲ့ပုခုံးတွေကို အသားမရှိဘဲ အရိုးတွေပဲရှိနေတာကြောင့် မကြာခဏ လှောင်ပြောင်ခဲ့ပြီး သူ့နားရွက်တွေနောက်မှာ ရှိတဲ့ဆံပင်တိုတိုက ဘယ်လောက်တောင် နူးညံ့ပျော့ပြောင်းနေလိုက်သလဲဆိုတာ တစ်ချက်တည်းကြည့်ရုံနဲ့တင် ကျွန်တော်ပြောနိုင်တယ်။ သူ့ရဲ့ဘေးတိုက်ပုံစံက အရင်လို အေးအေးချမ်းချမ်းနဲ့ ထင်ရှားနေတုန်းပဲဖြစ်ပြီး သူ့အမူအယာက သိမ်မွေ့ပြီး တည်ငြိမ်နေဆဲဖြစ်တယ်။

သူ အသက်ရှင်နေတုန်း ပြီးတော့ ကျွန်တော့်မျက်စိရှေ့မှာ ကောင်းကောင်းမွန်မွန် ရှိနေတယ်ဆိုတာ အရှင်းသားကြီးပဲ မဟုတ်လား! သူကဘာလို့ သူ့အသက်တိုအောင် တခြားသူတွေ ကျိန်နေတာကို ခွင့်ပြုထားရတာလဲ!

ကျွန်တော် ထပြီး သူ့ကို ဖက်ထားလိုက်တယ်။

ဒီလိုလွမ်းလောက်စရာ နွေးထွေးမှု၊ လွမ်းဆွတ်မှုတို့ ပြည့်နှက်နေတယ်။ ကျွန်တော့်လည်ချောင်းမှာ တစ်ဆို့နေတဲ့ နှလုံးကလည်း နောက်ဆုံးတော့ သူ့နေရာသူ ပြန်သွားနိုင်ဖြစ်ကာ ကျွန်တော်ကလည်း မျက်ရည်တွေစီးကျလာတာကို မထိန်းထားနိုင်တော့ဘူး။

တကယ်တော့ ကျွန်တော် သူရှေ့မှာ မငိုချင်ဘူး။ တအားရှက်ဖို့ကောင်းတယ်။

ဒါပေမယ့် ဒီလူ... ဒီလူက ဒီတိုင်းလေးပဲ၊ ကျွန်တော့်ရဲ့ ချစ်လှစွာသော ပြီးတော့ မုန်းလှစွာသော ရှောင်ဟန်း၊ တပ်ခေါက်မယ့်လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုနဲ့ အရေးမစိုက်မှုတွေအားလုံးကို လုံးဝ အရှုံးပေးလိုက်ရအောင် လုပ်နိုင်တဲ့လူ။

ကျွန်တော် သူ့ကို ဖြစ်ညှစ်ကြည့်လိုက်တယ်။ အင်း ကောင်းတယ်၊ သူ တအားပိန်မသွားတော့ဘူး။

သူ့ရဲ့နာမကျန်းမှုကြောင့် သတိမထားမိတဲ့အထိ ပုံစံပြောင်းသွားလောက်အောင် စိတ်မဆင်းရဲခဲ့ဘူးပဲ။ လူတွေကို ဩချမိလောက်အောင် များပြားလှတဲ့ စိတ်အားထက်သန်မှု အရိပ်အယောင်တစ်ခုနဲ့အတူ သူ့မှာ တူညီတဲ့ခန့်ခန့်ညားညားမျက်နှာ ရှိနေတုန်းပဲ။

တစ်ခုပဲ၊ သူ့မျက်လုံးတွေထဲမှာ ဘာလို့ သောကတွေဒီလောက်အများကြီး ပြည့်နေရတာလဲ? သူ့ကို ဝမ်းနည်းအောင်လို့ ကျွန်တော် အမှားတစ်ခုခု ထပ်လုပ်မိထားတာလား?

ထင်တဲ့အတိုင်း ကျွန်တော်က အရူးတစ်ယောက် ဖြစ်နေတုန်းပဲ။ သူ တအားဝမ်းမနည်းအောင်လို့ ပြက်လုံးတစ်ခု ပြောလိုက်ချင်ပေမယ့် ကျွန်တော် ပါးစပ်ဟလိုက်တာနဲ့ သူ့ကိုငိုအောင် လုပ်မိသွားတယ်။ သူက ဘာမှန်းမသိတဲ့ နာကျင်မှုတစ်ခုကို သည်းခံနိုင်ဖို့ အကောင်းဆုံးကြိုးစားနေပုံပေါ်ပြီး သူ့ရဲ့အနည်းငယ်တုန်ရီနေတဲ့ခန္ဓာကိုယ်က သေးငယ်တဲ့လှုပ်ရှားမှုတိုင်းက ကျွန်တော့်နှလုံးသားကို နာကျင်စေတယ်။

ကျွန်တော် လက်တစ်ဖက်ဆန့်ထုတ်ကာ သူ့မျက်ရည်တွေကို သုတ်ပေးချင်ပေမယ့် ကျွန်တော့်ရဲ့လက်ချောင်းထိပ်တွေက ဘာကိုမှ မစမ်းမိဘူး။ ကျွန်တော့်မျက်လုံးရှေ့မှာတင် သူ့ခန္ဓာကိုယ်က တကယ်ကြီး ဖောက်ထွင်းမြင်ရတဲ့အထိ စတင်ပြောင်းလဲလာတယ်။ ဒါတွေအားလုံးက ပုံရိပ်ယောင်တစ်ခုလိုမျိုး ကျွန်တော့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တမဟုတ်ချင်း အေးစက်သွားကာ ဆံပင်မွှေးတွေပါ တဆုံးထိ ထောင်သွားစေတယ်။

ဒါကို လက်တွေ့ကြုံရတာသာ မဟုတ်ရင် ဒီလိုမြင်ကွင်းမျိုးကို စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး။

ဘယ်အရာကိုမဆို တစ်ခါမှမရဖူးတာ ဒါမှမဟုတ် တစ်စုံတစ်ရာကို ထာဝရ ဆုံးရှုံးလိုက်ရတာ ယှဉ်ကြည့်မယ်ဆိုရင် ဒါက မယှဉ်သာအောင် ပိုပြီး ကြောက်ဖို့ကောင်းတယ်။

ပြီးတော့ ခုနကလေးတင် ကျွန်တော်ဒီတိုင်း ဒီတိုင်း ပျောက်ဆုံးသွားခဲ့တာလေးကို ပြန်ရလိုက်တာ။

ဒါက ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ ကျွန်တော် တိတ်တိတ်လေး တွေးနေခဲ့တာ၊ တစ်စုံတစ်ယောက်ကို ဘယ်လိုမျိုး မြတ်နိုးရမလဲဆိုတာ ရှေ့လျှောက်သင်ယူဖို့အချိန် လုံလောက်နိုင်မလားဆိုတာကို တိတ်တိတ်လေး စိတ်ကူးနေခဲ့တာ၊ ဒါပေမယ့် ခုတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ လက်တွေ့မှာ အမြစ်လာတွယ်နေတဲ့ လက်တွေ့မကျတဲ့ အမှန်တကယ်ရယ်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ကျွန်တော်တွေ့လိုက်ရတယ် _

လှပတဲ့အိမ်မက်က တစ်ခဏတွင်းချင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ရှောင်လွှဲလို့မရတဲ့ငရဲတစ်ခုက တံခါးခေါက်လာတယ်။ ကျွန်တော့်မျက်စိရှေ့မှာရှိနေတဲ့လူက လက်တစ်ကမ်းအတွင်းမှာရှိနေတဲ့ တမလွန်ဘဝရောက်နေပြီး ကျွန်တော်ဘယ်လောက်ပဲ အသည်းအသန် ကြိုးစားကြည့်နေပါစေ ကျွန်တော့်ရဲ့ချုပ်ကိုင်မှုထဲက လွတ်ထွက်သွားတယ်။

သူ ငိုနေခဲ့တယ် ပြီးတော့ ညှိုးငယ်တဲ့အမူအယာနဲ့ တောင်းပန်တဲ့အပြုံးပြုံးပြီး ကျွန်တော့်ကို နှုတ်ဆက်စကားဆိုခဲ့တယ်။

နှုတ်ဆက်တယ်? ကျွန်တော် နှုတ်ဆက်မှုကို မလိုချင်ဘူး။

ကျွန်တော် သူနဲ့ ဒီလောက်ထိ နီးနေပြီလေ။

သူက ကျွန်တော့်အပိုင်။ သူက ကျွန်တော် တန်ဖိုးထားပြီး ကာကွယ်ပေးရမယ့် ကျွန်တော့်အပိုင်။ ကျွန်တော့်မျက်စိရှေ့မှာတင် သူ့ကို ခေါ်သွားနိုင်မယ့်တစ်စုံတစ်ယောက်က ဘာလို့ရှိနေရတာလဲ!

ဘာလို့... ကျွန်တော်က ဘာဆိုဘာမှ မစွမ်းဆောင်နိုင်ရတာလဲ။

ရှောင်ဟန်း။

ရှောင်ဟန်း...

မင်းငါ့ဆီမှာ ပျော်ရွှင်မှုအကြွေးတင်နေသေးတယ်။ မင်းအပေါ်တင်နေသေးတဲ့ မြတ်နိုးမှုတွေ၊ အချစ်တွေ၊ အလိုလိုက်မှုတွေ၊ ဂရုစိုက်မှုအကြွေးတွေအားလုံးကို ငါ ဘယ်သူ့ဆီ သွားပေးရမှာလဲ?

ထိုလူပျောက်ကွယ်သွားတဲ့အခါ ကျွန်တော်လည်း တွင်းနက်ကြီးတစ်ခုထဲ ကျသွားတော့တယ်။

ကျွန်တော်ပြန်နိုးလာချိန်မှာ ကောင်းကင်ကြီးက မှောင်နေဆဲဖြစ်ပြီး heater ကြောင့် ကားအတွင်းပိုင်းက ခြောက်သွားပြီဖြစ်တယ်။ ကျွန်တော် အနားတစ်ဝိုက် ဘေးပတ်လည်ကို ကြည့်လိုက်ပေမယ့် ဆတ်ခနဲလှုပ်ရှားနေတဲ့အရိပ်တွေက တိတ်ဆိတ်နေဆဲပဲ။ ကျွန်တော် ခေါင်းငုံ့ကာ ကျွန်တော့်ရဲ့နာရီကို ကြည့်လိုက်တယ်။ အခုက ဧပြီလ တစ်ရက်နေ့ 11:54pm ဖြစ်နေပြီ။

Black... April Fool's နေ့၊ ကြေကွဲထိတ်လန့်စရာ ဟာသပြက်လုံးတစ်ခု။

ကျွန်တော် နာရီကိုစိုက်ကြည့်ကာ လက်တံတွေက ရှေ့ကို ဖြေးဖြေးချင်းသွားနေတာကို ကြည့်နေလိုက်တယ်။

ခြောက်ကြိမ်လည်ပတ်တာက ခြောက်နှစ်လောက် ကြာသွားသလိုပဲ။ ညသန်းခေါင်ချိန် ကျော်သွားပြီ၊ April Fool's နေ့လည်း ကျော်သွားပြီ ဒါပေမယ့် ဘာဖြစ်လို့ ဘယ်သူကမှ ခုန်ပေါက်ရယ်မောပြီး လက်ခုပ်လက်ဝါး မတီးကြတာလဲ? ဘာဖြစ်လို့ ဘယ်သူမှ ဩဘာမပေးကြတာလဲ?

ပြက်လုံးကလည်း အဆုံးသတ်သင့်နေပြီ ပြီးတော့ ပြီးသွားပြီဆိုရင်လည်း ထိုလူကို ကျွန်တော့်ဆီ ပြန်ပေးသင့်နေပြီလေ မဟုတ်ဘူးလား?

ကျွန်တော် ကားထဲကခုန်ထွက်လိုက်တော့ ခဲမတတ်လေအေးတွေက ကျွန်တော့်ရဲ့အရေပြားကို ထိခတ်သွားတာကြောင့် ကျွန်တော့်ကို တွန့်လိမ်ချင်သွားစေတယ်။ ​ပတ်ပတ်လည်မြင်ကွင်းတွေက အရင်ထက် အများကြီးပြောင်းလဲသွားသလိုမျိုး ကျွန်တော့်ကို နောက်တစ်ကြိမ် ချာချာလည်သွားစေတယ်။

ကျွန်တော့်ရဲ့ အေးစက်နေတဲ့ ကားဘေးနားကို မှီထားကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ရမယ်လို့ ပြောနေမိတယ် _ ကျွန်တော် ဒီကမ္ဘာပေါ်မှာ ရပ်နိုင်သေးသရွေ့ ကမ္ဘာဆုံးထိလျှောက်ပြီး သူ့ကိုရှာလို့ရတယ်။

ဒါပေမယ့် ဘယ်နေရာက သွားရမယ့်နေရာအမှန်လဲဆိုတာကို ဘယ်သူ ပြောပြနိုင်မှာလဲ?

ကျွန်တော် ကားမောင်းတဲ့ထိုင်ခုံပေါ် ပြန်လဲကျသွားတယ်။ ပြတင်းပေါက်ကနေ အထက်မှာ တလက်လက်တောက်ပနေတဲ့ ကြယ်တွေကို မြင်ရတယ်။ ဒီလိုနဲ့ပဲ ကောင်းကင်ပေါ်မှာ ခပ်ညစ်ညစ်အပြုံးတစ်ခုပုံစံပေါ်နေတဲ့ အတောက်ပဆုံး စုဝေးနေကြတာ(ကြယ်တွေကို)ကို ကြည့်နေမိတယ်၊ ဒီတိုင်း သူတို့တွေက ကျွန်တော့်ကို လှောင်ပြောင်နေတယ်ဆိုတာ အသိသာကြီးပဲ။

ကျွန်တော့်ရဲ့အသက်ရှုမှုတိုင်းက ရုတ်တရက် ခက်ခဲလာပြီး ကျွန်တော့်မျက်လုံးတွေက ခြောက်သွေ့ရာကနေ ပိုပြီးပူတက်လာတယ်။ ကျွန်တော့်ပါးစပ်ကို ခပ်ဟဟလုပ်လိုက်ပေမယ့် ငိုလို့မရနိုင်ဘူးဖြစ်နေတယ်။

နောက်ဆုံးတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဆက်ပြီးလိမ်လို့မရတော့အောင် တတ်နိုင်သမျှ အရက်စက်ဆုံးနည်းလမ်းနဲ့ ပြောပြခံလိုက်ရပြီ။ သူ ဒီလောကကြီးထဲမှာ မရှိတော့ဘူး။

ကျွန်တော့်ရဲ့ချစ်လှစွာသောပုဂ္ဂိုလ်လေးက ဘယ်တော့မှ အိမ်ပြန်မလာတော့ဘူး။

_____

Thanks 🌹

Continue Reading

You'll Also Like

76.7K 5K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
469K 87.2K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
478K 16.1K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke