Anchor in the heart

By Noah-Gum

25.1K 3.3K 1.4K

ဒီအတိုင်း ဟိုးရှေးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ်ပါပဲ More

အမှာစာ(A/N)
Part-1(U)
Part- 1(Z)
part-2(U)
part-2(Z)
Part-3(U)
Part-3(Z)
Part-4(U)
Part-4(Z)
Part -5(U)
Part-5(Z)
Part-6(U)
Part-6(Z)
Part-7 (U)
Part-7(Z)
Part-8(U)
Part-8 (Z)
Part-9(U)
Part-9(Z)
Part -10(U)
Part -10(Z)
Part-11(U)
Part-11(Z)
Part-12(U)
Part-12(Z)
Part-13(U)
Part-13(Z)
Part-14(Z)
Part -15(U)
Part-15(Z)
Part -16 (U)
Part-16(Z)
Final (U)
Final (Z)
Extra (U)
Extra (Z)
Book order 🤎

Part-14(U)

617 112 75
By Noah-Gum

နောက်တစ်နေ့ မနက်ခင်း.....။

"ထယ် ဘယ်တွေသွားနေတာလဲ၊ဒီမှာ စတော်ဘယ်ရီ
တွေအများကြီးဝယ်ထားတယ်၊ဖျော်ရည်လုပ်ပေးရမလား၊ဒါမှမဟုတ်ဒီအတိုင်းစားမလား "

ထယ့်ပုံစံကတစ်စုံတစ်ခုကို
သွေးပျက်ထိတ်လန့်လာပုံရပါတယ်။
အစက သတိမထားမိဘူး။
မျက်နှာကိုသေချာကြည့်မိတော့မှ
ကြွင်းကျန်နေတဲ့ မျက်ရည်စတွေဟာ
မျက်တောင်ရှည်တွေမှာ ခိုတွဲနေတုန်းပဲ။
အလောတကြီးမေးမြန်းလိုက်တာကို
ကိုယ့်ဘာသာ အပြစ်တင်မိတယ်။
စိတ်ထဲမှာလည်း အမှန်တကယ်ကို အားနာမိပါရဲ့။

"ကျွန်တော် Amelia နဲ့သွားတွေ့ခဲ့တာ Hyung "

"ဟင် ဟုတ်လား "

"ဟုတ်ကဲ့ "

"ဘာ ဘာများထူးခြားခဲ့သေးလဲ ထယ် "

"ကျွန်တော်တို့ နှစ်ယောက် အမျိုးအစားချင်း
ကိုက်ညီမူ့ မရှိဘူးတဲ့ "

အသံကြားရရုံ ထယ့်စကားတွေကို
ကျွန်တော် မနည်းနားစိုက်ထောင်လိုက်ရပါတယ်။အခုလိုမျိုးပြိုပြိုလဲလဲ ဖြစ်နေတဲ့ထယ့်ပုံစံ
ကိုလည်းဒါပထမဆုံးအကြိမ်ကြုံကြိုက်ခြင်းပဲလို့
ဆိုရလိမ့်မယ်။ထယ့်နေရာမှာ ကျွန်တော်ဆိုလည်း
အခုထက်မက ယိုင်နဲ့သွားမယ်ထင်တာပါပဲ။
ထယ်ကမှ အများကြီး ကြံ့ခိုင်နေပါသေးတယ်။

ဘယ်အတိုင်းအတာအထိ
အသက်ရှင်နေထိုင်ရမယ်ဆိုပြီး သိရှိသွားတဲ့
အချိန်မှာ လူတွေ ဘာလုပ်ကြမလဲလို့
ကျွန်တော်‌တွေးကြည့်မိပါတယ်။
လုပ်ချင်တာတွေလုပ်သွားမယ်လို့များ
စဉ်းစားမိမလား။ဒါမှမဟုတ်
ကောင်းမှုကုသိုလ်တွေ သယ်သွားမယ်လို့
စဉ်းစားပြီးလက်ကျန်ဘဝကို
အားတင်းနေမလား။

ပြောလို့သာပြောတာပါ။
အမှန် တော့ အဲ့ဒီလိုပေါ့ပေါ့ပါးပါးလေးတွေးပြီး
စိတ်ဖြေဖို့ဆိုတာ တကယ့်လက်တွေ့မှာ
ဘယ်လွယ်ပါ့မလဲ။
အသက်ရှင်ခြင်းတွေကိုအကန့်သတ်ခံလိုက်ရမှတော့သေမိန့်ကျပြီးသား
လူတစ်ယောက်နဲ့ဘယ်ကွာခြားပါတော့မလဲ။

တကယ်တမ်းကျ ကျွန်တော်တို့အားလုံးက
အချိန်အကြာကြီးအသက်ရှင်ချင်ကြတာမဟုတ်ဘဲတွယ်တာရာ သံယောဇဉ်တွေနဲ့ မခွဲရဲကြသေးတာပါ။
မသွားရဲခဲ့ကြတာမဟုတ်ဘဲ
မထားရစ်ရက်ခဲ့ကြတာပါ။

"ဆေးရုံတက်ဖို့ လိုရင်လည်း တက်လိုက်ပါထယ်
ရယ် ၊Hyungတို့ မကြာခဏလာနေပေးမှာပေါ့၊
ဆရာဝန်စကားကိုတော့ နားထောင်နော်"

"ဟုတ်ကဲ့ "

ရပ်နေရင်းထယ့် ခြေလှမ်းတွေဟာ ယိုင်ကနဲ။
ဆိုင်ထဲကိုတောင်စိတ်ဆောင်ပြီး
ဝင်လာတယ်နဲ့တူပါတယ်။

"နေမကောင်းဘူးလားထယ်၊ ဘယ်နားကအဆင်
မပြေလို့လဲဟင် "

"ကောင်းပါတယ် Hyung ရယ်၊ ကျွန်တော်
နည်းနည်းဖျားချင်နေလို့ပါ "

ဖျားချင်နေလို့ တဲဲ့လား။မဟုတ်ပါဘူး။
ထယ်အများကြီး ငိုထားလို့ပါ။အဲ့ဒါကို
ကျွန်တော် သိပ် သဘောပေါက်ပါတယ်။
ယောကျာ်းတော်တော်များများ က ငိုကြွေး ပြီးရင်
အကြောင်းပြချက်တွေ ပေးတတ်ကြတယ်။
တစ်ခါတစ်ခါတစ်လေ အရက်သောက်ထားလို့ ၊
တစ်ခါတစ်လေ နေမကောင်းလို့ အစရှိသဖြင့်
ငိုကြွေးစေတဲ့
ဇစ်မြစ်ကိုဖုံးကွယ်ထားတတ်ကြပါတယ်။

"Hyung နွားနို့လေးဖျော်ပေးမယ်၊သောက်လိုက်နော်"

"နေပါစေ ၊ကျွန်တော် အိမ်ပြန်နားတော့မယ်၊
Hyung စိတ်ပူနေမှာစိုးလို့လာဝင်ပြောပေးတာ"

"စိတ်ပူတာတော့ နှစ်ယောက်စလုံးကို ပူတယ် ထယ်"

"ဟုတ်ကဲ့ပါ ဒါနဲ့ ဆိုင်မှာ ဘယ်သူမရှိဘူးလား"

"ထယ့် သူငယ်ချင်းက ထုံးစံအတိုင်း
ဖက်ထုပ်ဆိုင်မှာ မကျေပွဲသွားနွှဲတယ်လေ ၊
ဂျောင်ကုကစာမေးပွဲနီးလို့
သူ့အိမ်မှာစာပြန်ကျက်တယ်၊ သူ့မိဘတွေ
လည်း ပြန်ရောက်နေတယ်ပြောတယ် "

"အဲ့ဒါကြောင့် ဒီရက်ထဲ မတွေ့ဖြစ်တာကိုး"

"ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ထယ်၊ စားချင်တာ
တွေ ရှိရင်လည်းHyung ကိုပြော၊Hyungချက်
ကျွေးမယ်"

"Hyung "

"အင်းအင်း ပြောလေ ...ဘာဖြစ်လို့လဲဟင်"

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
ထယ့်ဟာ
နှုတ်ဖျားလေးတွေ လှုပ်ခတ်သွားလိုက်၊
သက်ပြင်းချပြီး ခေါင်းယမ်းလိုက်နဲ့
တစ်ခုခု ပြောဖို့ တွေဝေနေတယ်လို့ထင်ရတယ်။
ပြောမဲ့စကားတွေကို မြိုချမိချိန်တိုင်းမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့
ကျွန်တော့်ပုံစံကို ပြန်မြင်နေရသလိုပါပဲ။

"ထယ် ဘာဖြစ်လို့လဲ ၊ဘာတွေခံစားနေရလို့လဲ"

ထယ်က ခပ်ဟဟရယ်တယ်။နောက်ပြီး
ခုန်ပေါက်စီးဆင်းလာတော့မဲ့
မျက်ရည်ကိုအတင်းကာ‌ရော တားဆီးရင်း
စကားတစ်ခွန်းဆိုတယ်။

"ကျွန်တော့်ကိုပဲ မြင်အောင် မကြည့်ဘဲHyung အနားကလူကိုလည်းမြင်အောင်ကြည့်ပါ " တဲ့။

ပြောပြီးပြီးချင်း ဆိုင်ထဲကထွက်သွားတယ်။ ပျောက်ကွယ်သွားတဲ့ကားအနီလေးကို မျက်စိတစ်ဆုံးငေးမောရင်းရုတ်တရက် အသက်ရှူမဝတော့သလိုမျိုးပဲ။

ဘာအဓိပ္ပါယ်လဲ။
ဘာကိုမြင်အောင်ကြည့်ရမှာလဲ။

***
"ထယ် ရောက်မလာသေးဘူးလား အစ်ကို"

"စောစောက လာသေးတယ်၊ဖျားချင်နေလို့
အိမ်ပြန်နားမယ်တဲ့"

"ဟုတ်လား ဆန်ပြုတ်လေးဖြစ်ဖြစ်ပြုတ်ပေးဦးမှပဲ "

"ဒီည ထယ်နဲ့ နေပေးလိုက်ပါလား၊ညီရှိနေတော့
အဖော်ရတာပေါ့ "

"အင်းပါ ညီလည်း စဉ်းစားထားပါတယ်၊ဒါနဲ့
အစ်ကို့မှာ ဒါဏ်ကြေလိမ်းဆေးရှိလား "

"ရှိတယ်လေ ညီလိမ်းဖို့လား "

"ဟုတ်တယ် ပခုံးကိုက်နေလို့ "

"အစ်ကို လိမ်းပေးမယ်၊အင်္ကျီချွတ်လိုက် "

ကျွန်တော့်ကို ကျောပေးပြီး အဝတ်ဗလာနဲ့
သူထိုင်ချလိုက်တယ်။
‌ဆေးလိမ်းပေးမလို့ ဆိုပေမယ့်
သူ့ဂုတ်ပိုးနားက မှဲ့နက်ကလေးကို
မနေနိူင်မထိုင်နိူင်နမ်းမိပါသေးတယ်။

"ဒီနားလား ညီ "

"အင်း ဟုတ်တယ်"

"ယောင်နေတယ်နော် ခိုက်မိထားလို့လား"

"အင်းခိုက်မိထားတာ"

"ဘယ်တုန်းကတည်းကများလဲ"

"ကြာပါပြီ အဒေါ်ရိုက်လိုက်လို့ ပခုံးထိထားဖူးတာလေ၊အဲ့အရှိန်က အတွင်းဒါဏ်ရာလိုဖြစ်သွားတာထင်တယ်၊
ရာသီဥတု အေးရင် ပြန်ကိုက်တယ် "

သူ့အသားကို ထိတွေ့နေတဲ့ ကျွန်တော့်
လက်ချောင်းတွေ တန့်ကနဲ ဖြစ်သွားသလားပဲ၊
ကံကောင်းလို့ ညီနဲ့သိခွင့်ရပေမယ့်
ဘာလို့အခုမှလဲဆိုပြီး တွေးမိတဲ့အထိ
ကလေးဘဝကတည်းက အတူရှိပေးချင်မိပါတယ်။

"အရိုးအကြော ဆရာဝန်နဲ့ ပြကြည့်မလား၊
အဲ့ဒါကြောင့်
ကျောပိုးအိတ်ကို မလွယ်နိုင်ခဲ့တာလား၊ဟုတ်လား"

"ဘာမှမဖြစ်ပါဘူး ညီအဆင်ပြေတယ်၊
အခုတောင် အစ်ကို နှိပ်ပေးနေလို့သက်သာနေပြီပဲ"

"အင်းပါ "

***

အငယ်တွေ တစ်ယောက်မှမရှိတဲ့ညမို့ဆိုင်မှာ
ကျွန်တော့် တစ်ယောက်တည်း
ခြောက်ကပ်ကပ်ကျန်ရစ်ခဲ့တယ်။Maxကိုကြည့်တော့လည်း သူ့အစ်ကိုတွေကိုရှာနေတဲ့ပုံပါပဲ။

"ပျင်းနေပြီလား၊Hyung နဲ့အတူတူ လမ်းထွက်လျှောက်ချင်လား"

လည်ပင်းတွေ၊ပါးတွေအထိလိုက်နမ်းနေတဲ့
Maxဟာ အပြင်ထွက်ရမယ်ဆိုတာနဲ့
အခုလို မျိူးကိုတက်ကြွနေတော့တာပဲ။
ညီ ဝယ်လာတဲ့ ခွေးမို့လို့လားမသိ လမ်းတော့
တော်တော်လေးကြိုက်ပါတယ်။

အဲ့ဒီအချိန် ဘဲလ်တီးသံ ကြားလိုက်ရတာကြောင့် Maxကို
ချော့မော့ပြီး ထားခဲ့လိုက်ရတော့တယ်။

"ဆိုလေး "

မြင်လိုက်ရတဲ့ ပုံသဏ္ဌန်ဟာကျွန်တော့်စိတ်ကို ထိတ်ကနဲ လန့်ဖျန့်သွားစေတယ်။
နဂိုကတည်းမှ ဖြူဖြူသေးသေး ခန္ဓာကိုယ်ဟာ
ရှိရင်းစွဲထက်ပိန်ကျသွားပြီး
နှုတ်ခမ်းတွေလည်းအက်ကွဲလို့နေရဲ့ ။

အမြဲလိုလိုစီးနှောင်ထားတတ်တဲ့ဆံနွယ်တွေက ကျောပြင်နဲ့
ရင်ဘက်တွေပေါ်မှာဖြစ်သလို ဖြန့်ကျနေတယ်။

ဆိုလေးကို ကြည့်နေရင်း မနက်တုန်းက ဆိုင်ထဲဝင်လာတဲ့ ထယ့်ပုံရိပ်ကိုပါ မြင်ယောင်လာမိပါတယ်။

"ဘာဖြစ်လာတာလဲ ညီမလေး "

"ကိုကို "

"ပြောပါ ကိုကို ရှိတယ် ဘာများဖြစ်လို့လဲ
ကလေးငယ်ရယ် "

"ဆိုလေး ဘယ်လို လုပ်ရမလဲ "

သည်းထန်စွာ ငိုကြွေးရင်း ရင်ခွင်ထဲ
တိုးလာတဲ့
ပါးလျလျ ခန္ဓာကိုယ်လေး ကို ပြန်လည်
ပွေ့ဖက်ဖို့ တွေဝေနေခဲ့တယ်။
မိန်းမပျိူလေးမို့ ထိတွေ့ကိုင်တွယ်ဖို့
သင့်ပါ့မလား ဆိုတဲ့အသိ....။သူနဲ့ ကျွန်တော် သွေးသားမတော်စပ်ဘူးတဲ့သတိ...။

နောက်ပြီးတော့ ညီ .....။

ကျွန်တော့်အတွေးတွေတောင်မဆုံးသေးဘူး။
ဆိုလေးလက်တွေက
ကျွန်တော့်အင်္ကျီစကိုတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်လာတော့တယ်။
မဟုတ်သေးဘူး။‌ဒီကလေးမှာ ဒီလိုအပြုအမူ
မျိုးမရှိဖူးဘူး။

ကျောပြင်ကို ပွတ်ပေးရင်း နှစ်သိမ့် ခဲ့ပေမယ့်
ငိုရှိုက်ခြင်းဟာ ရပ်တန့်မသွားခဲ့ဘူး။

"ဘာဖြစ်တယ်ဆိုတာ ပြောပြပါဦး ၊အဲ့ဒါမှကိုကို ဖြေရှင်းပေးလို့ရမှာလေ လိမ်မာတယ် တိတ်နော်"

"ခေါင်းတွေ အရမ်းကိုက်တယ်ကိုကိုရယ်၊
ဆိုလေး အခုတလော ဘာစာမှ ကျက်လို့မရ
တော့ဘူး၊ခေါင်းထဲလည်းမရောက်ဘူး၊
ဖိစီးလွန်းလို့ ရူးသွားချင်တယ် ကိုကို ၊
ဆိုလေးရူးသွားချင်တယ်"

ငယ်ငယ်ကတည်းကအဆင့်၁မှမရရင် နေထိုင်မကောင်း ဖြစ်လောက်အောင်
ခံစားနာကျင်နေတတ်တဲ့ကလေး၊
စာနဲ့ပတ်သက်ရင်လောဘကြီးတဲ့ ကလေးမို့
ဟင်းကနဲသက်ပြင်းချမိတယ်။
မေ့လဲမတတ်ငိုရှိုက်ခြင်းရဲ့ပြသနာက ဒီလောက်ပါပဲလားတွေးပြီး စိတ်ပူတာတော့
နည်းနည်းလေးလျော့သွားတယ်လို့ဆိုရမယ်။

"စိတ်ကို အေးအေးထား မှပေါ့၊ ဆိုလေး
လောက်စာတော်တာ ဆိုလေးပဲရှိတဲ့ဟာ၊
ခေါင်းအရမ်းကိုက်နေရင်
ဆေးခန်းသွားကြမလား ၊ကိုကိုလိုက်ပို့မယ်လေ"

ပါးပေါ်က မျက်ရည်တွေစတွေကို ကျွန်တော့လက်ခုံနဲ့ပဲသုတ်ဖယ်ပေးလိုက်တယ်။
သူ့လက်ကောက်ဝတ်က ခေါင်းစည်းကွင်းလေးကို
ဖြေးဖြေး ဆွဲယူပြီး
သူ့ဆံနွယ်တွေကို ချည်နှောင်ပေးလိုက်တဲ့အထိ
ကလေးငယ်ဟာ ရှိုက်သံလေးတွေထွက်နေဆဲပဲ။

"ဟင့်အင်း မသွားချင်ဘူး"

"အင်းပါ ၊အရမ်းကြီး လည်း စိတ်ကိုပုံအပ်ပြီးနှစ်မထားပါနဲ့၊
စာမေးပွဲက နီးပြီလေ ရသလောက်ဖြေခဲ့နော် "

"ဟုတ်ကဲ့ "

"ညစာစားပြီးပြီလား"

"ဟုတ်ပြီးပြီ"

"ကိုကို အဆောင်ပြန်ပို့ပေးရမလား၊ ခဏ ဒီအချိန်
အဆောင်ပိတ်ပြီမဟုတ်လား"

"ဟုတ်တယ် ကိုကို "

"ဘယ်တတ်နိုင်မလဲ နားချင်လား ကိုကိုအိပ်ယာ
ပြင်ပေးမယ် "

ဖြေးဖြေးချင်း ခေါင်းတစ်ချက်ငြိမ့်တာမို့
အိပ်ယာပြင်ပေးလိုက်ပါတယ်။
ကိုယ်လက်သန့်စင်ပြီး ထပ်ခိုးဆီတက်လာတဲ့
ဆိုလေးက အိပ်ယာပေါ် ဝင်ထိုင်တယ်။
မျက်လုံးတွေက တစ်နေရာထဲမှာ
ပုံသေရပ်တန့်နေပြီး
သူ မရောက်ဖူးတဲ့နေရာကိုစူးစမ်း
သလိုအကြည့်မျိုးမရှိသလိုဘာကိုမှ
စိတ်ဝင်စားခြင်းမျိုးလည်းမရှိခဲ့ပါဘူး။

"တစ်ခုခုဆို ခေါ်လိုက်နော်
ကိုကို အောက်မှာ ရှိနေမယ်၊ဗိုက်‌ဆာရင်လည်းပြော"

"ကိုကို "

"အင်း ကိုကိုနားထောင်နေတယ် "

"ကျေးဇူးတင်ပါတယ်"

"ဘာအတွက်များလဲ "

"အစစအရာရာအတွက်ပါ "

"မလိုပါဘူး ကလေးငယ်"

"လိုပါတယ်၊ဆိုလေး ကိုကို့
အပေါ်မှာ အမှားတွေကျူးလွန်မိရင်
လည်းတောင်းပန်ပါတယ် "

"ဘဝတစ်လျောက် လုံးလိမ်မာခဲ့တဲ့
ကလေးက ဘာတွေ တောင်းပန်နေတာလဲ၊ကိုကို့
အပေါ် ဘာအမှားမှ မရှိဘူးမို့
ဘာမှထပ်မတွေးတော့နဲ့"

မျက်နှာပေါ် ဟိုတစ်စ၊ဒီတစ်စ ကျနေတဲ့
ဆံပင်အပိုင်းအစလေးတွေကို
လက်နဲ့ ခပ်ဖွဖွရှင်းပေးပြီး အောက်ထပ်ဆီ
ဆင်းခဲ့လိုက်တယ်။
ဆိုင်ထဲက ဂျောင်ကု ထိုင်နေကျ ချောင်လေးမှာ
ဝင်ထိုင်ရင်းသက်ပြင်းချရပြန်တယ်။
သက်ပြင်းတစ်ခါချလို့ အသက်တစ်ရက်တိုမယ် ဆိုရင်ကျွန်တော်ဟာ
သက်တမ်းစေ့တောင်နေရပါ့မလားပဲ။
ဟိုဟိုဒီဒီတွေးရင်း
ကုန်လွန်သွားတဲ့ အချိန်တွေ.....။ထပ်ခိုးငယ်ဆီက တစ်ချက်ချက်ကြားလိုက်ရတဲ့ရှိုက်ငင်သံတွေ....။

စိုးစိတ်နဲ့ တက်သွားဖို့ စိတ်ကူးပေမယ့်
ဝမ်းနည်းလာတိုင်း
တစ်ယောက်တည်းနေရမှ သူ့စိတ်တွေ
အဆင်ပြေတယ်လို့ ပြောဖူးတဲ့
စကားတစ်ခွန်းက နားထဲမှာ ဝေ့ဝေ့ဝဲဝဲ။

အဲ့ဒီအချိန် ညီ့ကိုဖျတ်ကနဲသတိရမိတော့
တစ်မိုးအောက်ထဲ
ကိုယ့်ညီမနဲ့ ကိုယ် အတူတူရှိနေတာ
တောင် ကျွန်တော့် စိတ်မှာ မလုံခြုံတော့ဘူး။

ဆိုင်ရှေ့က ခုံတန်းဆီပြေးထိုင်မှ
မဆိုသလောက်စိတ်ပေါ့သွားတယ်။
အဲ့ဒါဟာလည်း ခဏပါပဲ။

လက်ရှိကြုံဆုံနေရတဲ့ ထယ့်ကျန်းမာရေးကိစ္စကိုတဖန်ပြန်ပြီးတွေးမိသွားပါတယ်။
ဘာကြောင့်လဲ....ဘယ်သူလုပ်တာလဲ။
ကံကြမ္မာရယ်
ဘာအငြိုးနဲ့များဒီလိုဖန်တီးလိုက်ရတာလဲ။

ထယ်ကသိပ်ဖြူစင်တဲ့ကောင်လေးပါ။

သူပျော်သလိုနေထိုင်ရင်း
ဘဝကိုအေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်း
ဖြတ်သန်းဖို့ထိုက်တန်တဲ့ ကောင်လေးပါ။

သိပ်ကိုစောလွန်းတယ်။
သိပ်ကို လည်း ရက်စက်လွန်းပါတယ်။

တစ်နှစ်ဆိုတဲ့ အချိန်တစ်ခုအတွင်း အလှူရှင်သာရှာ
မတွေ့ရင် ထယ့်ကို လက်လွတ်ပေးလိုက်ရမှာ။
မကုန်စေချင်တဲ့ အချိန်တွေကမြန်မြန်ဆန်ဆန်ကို
ကုန်ဆုံးသွားတော့မှာ။

ထယ်သာမရှိရင်
ညီဘယ်လိုများနေနေမလဲ၊ ဂျောင်ကုဆိုရင်ကော၊
သူတို့ကိုမြင်နေရမဲ့
ကျွန်တော်ကိုယ်တိုင်ကော။

နောက်ပြီး.....။

ဝေဒနာခံစားနေရတဲ့ထယ့်အတွက်ကော
ဆိုးဝါးတဲ့ဒီရိုက်ခတ်မှုဟာ
ဘယ်လောက်တောင်မှကြမ်းတမ်းလိုက်မလဲ။

အဲ့ဒါတွေကိုစဉ်းစားမိတိုင်း
ဦးခေါင်းတစ်ခုလုံးဟာအုံခဲပြီးနည်းနည်းလေးလှုပ်ရှားရင်တောင်ရူးမတတ်ပဲ။

တစ်ချိန်တည်းမှာ ညီကျွန်တော့်ကို
အသိမပေး၊မတိုင်ပင်ဘဲ
လုပ်ရက်ခဲ့တာနဲ့ ပက်သက်ပြီး
ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြန်တယ်။

ညီဟာလေ သူ့ကိုသာ ရုတ်တရက်‌ဆုံးရှူံးလိုက်ရရင်ကျွန်တော် ဘယ်လိုခံစားရမလဲဆိုတာ
မတွေးတောခဲ့ဘူးထင်ပါရဲ့။
ထယ့်ကို ဆုံးရှုံးရမှာတောင် တွေးတွေး
ပြီးကြောက်ခဲ့ရင်
ညီ့ကို ဆုံးရှူံးရမှာ ကျွန်တော်ဘယ်လောက်
ကြောက်နေမလဲ ဆိုတာကိုလည်း
ညီ့ဘက်က မသိရှိပေးခဲ့ဘူးထင်ပါရဲ့။

နှစ်ယောက် အတူတူ တိုက်မယ်လို့
ရည်ရွယ်ထားတဲ့ လောကဓံကို
ကျွန်တော် မျက်နှာပူတယ်။
နှလုံးအိမ်မှာ အထိမခံနိုင်အောင်တတိတိနဲ့
ဒါဏ်ရာတွေစွဲကပ်လာသလို
အသက်ရှူလိုက်တိုင်းမှာ လည်း ဖန်လာသမျှကတုန်လှုပ်ခြောက်ခြားစရာတွေချည်းပဲ။

အခုတလော ကိုယ့်ကိုကိုယ်ဘေးရောက်နေသလို
ခံစားနေရတယ်။ ဖြစ်တည်မှူတွေက
ဘယ်နေရာမှာမှအရေးမပါတော့သလိုပဲ။ နောက်ပြီး
ညီ့လုပ်ရပ်တွေ ဟာ မသိသာတဲ့ရက်စက်ခြင်းတစ်မျိုးပါပဲလားလို့
ဦးနှောက်ကခဏခဏကို အချက်ပြတယ်။

ဒါပေမယ့်လည်းထယ်ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့စာရင်ကျွန်တော် ခံစားနေရတာဟာ ဘာမှမဟုတ်ဘူးလို့အသက်အရွယ်အရ အတွေးအခေါ်တွေကို
ပြန်ထိန်းသိမ်းပြီး အရာရာမြိုသိပ်လိုက်ရပါတယ်။

ကျွန်တော်ညီ့ကို သိပ်ချစ်ပါတယ်။ပိုင်ဆိုင်ချင်တာတွေ၊အတ္တတွေ၊ လောဘ တွေကျွန်တော်မသိဘူး။
လူတစ်ယောက်ရဲ့ဘဝမှာ လူတစ်ယောက် ကို
မြတ်နိုးနိုင်သလောက်အစွမ်းကုန်၊မိုင်ကုန်
မြတ်နိုးမိတာကလွဲပြီး ကျွန်တော် ဘာမှမသိဘူး။
မသိလည်း မသိချင်ခဲ့ဘူး။

အခြားသူတွေ အတွက် အချစ်ကို
ဘယ်လို စံနှုန်းတွေနဲ့ တိုင်းတာပြီး
ဘယ်လိုတွေ သတ်မှတ်လဲမသိပေမယ့်
ကျွန်တော့် အတွက်တော့ အချစ်ဆိုတာ
စိတ်ရောကိုယ်ပါ မနာကျင်စေချင်ခြင်းပါပဲ။

***

မနက်မိုးလင်းလို့ မနက်စာချက်ပြီးချိန်အထိ
ဆိုလေးဟာ နိုးမလာခဲ့သေးပါဘူး။
စကားတွေပြောချင်ပေမယ့် မနှိုးရက်ဘူး။
စာတွေကျက်မရလို့ ဆိုတဲ့
အကြောင်းပြချက်ထက်ပိုနေမှာကို
တွေးမိပေမယ့် ကျွန်တော်ထုတ်မမေးရသေးပါဘူး။

ဂျောင်ကုအတွက်ဖယ်ထားတဲ့ banana milk ဗူးတွေကိုရေခဲသေတ္တာထဲထည့်နေတုန်း
ဆိုင်ရှေ့မှာ ကားအနီလေးရပ်သွားတာ
ကြောင့် အပေါ်ထပ်ဆီ ယောင်ယမ်းပြီး
မော့ကြည့်မိသွားတယ်။ မိန်းမပျိုလေးနဲ့
အတူတူတစ်ညလုံးရှိခဲ့ပေမဲ့ ၁၀၀ ရာခိုင်နှုန်း
ဖြောင့်မတ်ခဲ့တယ်။အဲ့ဒါတောင် စိတ်ရှင်းရှင်း
မနေနိုင်ဘဲကိုယ့်ဘာသာ လိပ်ပြာမလုံရတဲ့အဖြစ်ကိုတကယ်ပဲ စိတ်ပျက်မိပါတယ်။ညီအထင်လွဲသွားမှာကိုလည်း ရူးမလောက်ကြောက်နေမိပါရဲ့။

"အစောကြီးရောက်လာပါလား ၊ထယ်ကော
သက်သာသွားပြီလား "

"ဟုတ်ကဲ့ Hyungသက်သာတယ်၊ Hyung ဆီမှာ
မနက်စာလာစားကြတာ "

မနက်စာပြင်ပေးမလို့ မီးဖိုခန်းကို
ခြေဦးလှည့်မလို့ ရှိသေး ဆိုလေးတစ်ယောက်
အပေါ်ထပ်က ဆင်းလာခဲ့တယ်။

ဖျော့ကနဲ ဖြစ်သွားတဲ့ ညီ့မျက်လုံးလေးတွေကိုတော့
မမြင်ချင်ယောင်ဘဲဆောင်လိုက်ရပါတယ်။

"ကိုကို ဆိုလေး ပြန်တော့မယ် "

"ကိုကို လိုက်ပို့ရဦးမလား "

"ကိုယ့်ဘာသာပဲ ပြန်လိုက်ပါ့မယ် "

"မနက်စာ တစ်ခါတည်းစားသွားနော်"

"မစားတော့ပါဘူး၊ ဆိုလေး စားချင်စိတ်မရှိလို့"

"အင်းပါ ပိုက်ဆံကောရှိသေးလား"

"ဟုတ် ရှိပါတယ် ၊ဆို‌လေး ပြန်ပြီ ကိုကို "

"ဂရုစိုက်နော် "

ဆိုလေး ထွက်သွားတာနဲ့ တစ်ပြိုင်နက်တည်း
ထယ့်ဆီက စိတ်ပျက်ခြင်းအပေါင်းခညောင်းတဲ့
အကြည့်တွေကိုလည်း
လက်ခံရရှိလိုက်ပါတော့တယ်။

တံခါးကိုဆောင့်ပိတ်ရုံမက ကားကိုပါ
အရှိန်ပြင်းပြင်းမောင်းထွက်သွားတဲ့
ထယ်ဟာ သူ့သူငယ်ချင်းနဲ့ ပက်သက်ပြီး
ကျွန်တော့်အပေါ်စိတ်ခုသွားပြီထင်ပါတယ်။

"ထယ့်ကို နားလည်ပေးပါနော်၊ထယ်က
နေမကောင်းလို့ပါ "

"ထယ်နေမကောင်းတာ ကိုယ်သိပါတယ်၊မင်း
ဘာလုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတာလည်း
ကိုယ်သိတယ် "

"အဲ့‌ဒါက"

"ကိုယ်နားလည်ပါတယ် ၊ကိုယ်လည်း
ညီ့နေရာမှာဆို ညီလိုပဲဆုံးဖြတ်မိမှာပဲ၊ဒါပေမယ့်
ကိုယ်ဘာဆိုဘာမှ ကြိုမသိရတာလေးတစ်ခုတော့ဝမ်းနည်းမိတယ် "

"တောင်းပန်ပါတယ် အစ်ကို "

"တောင်းပန်စရာမလိုဘူးညီ၊ ဒါနဲ့ ဟိုဒေါက်တာမလေးနဲ့ကကောဘာတွေလဲ၊
သူငယ်ချင်းတွေထက်တော့ ပိုခဲ့တယ်မလား"

"ဟင် အစ်ကိုက ဘယ်လိုသိနေတာလဲ "

"တကယ့်ကို ဟုတ်နေတာပဲ "

"ပိုတော့ ပိုခဲ့ပါတယ်၊ဒါပေမယ့် အဲ့ဒါ
အထက်တန်းတုန်းကပါ "

"ချစ်သူတွေလား "

"အင်းဟုတ်တယ် တွဲခဲ့ကြတယ် "

"ဘယ်အချိန်ထိလဲ ညီ၊
အခုထိတော့မဟုတ်ဘူးမလား"

"မဟုတ်ပါဘူး ၊
သူဆေးကျောင်းပြီးတဲ့အချိန်အထိပဲ တွဲခဲ့တာပါ"

"ဒါဆိုအချိန်အကြာကြီးချစ်ခဲ့ကြတာပဲ "

စကားနာထိုးသလိုဖြစ်သွားပေမယ့် စိတ်ရင်းနဲ့ကို
သိချင်မိတယ်။
ကျွန်တော့ပုံစံနဲ့မှမလိုက်
မရင့်ကျက်သလိုဖြစ်သွားပေမယ့်။

"အင်း ဟုတ်တယ် ချစ်ခဲ့ကြတယ်"

တင်းထားသမျှကို အစွမ်းကုန်ရိုက်ချိုးပစ်လိုက်တဲ့
ဘာမှမဖြစ်သလိုစကားတစ်ခွန်း။
နားထဲမှာတင်မဟုတ်ဘဲ တစ်ကိုယ်လုံးရဲ့
အာရုံခံ ဆဲလ်တွေဆီပျံ့နှံသွားတဲ့ ကိုက်ခဲမူ့။

ကျွန်တော်မွန်းကြပ်လာတယ်။
ရည်းစားဟောင်းနဲ့ တစ်ပူးပူးတစ်တွဲတွဲသွားလာနေတာတွေက ဘာသဘောလဲ။

ကျွန်တော့အပေါ်နည်းနည်းလေးတောင်
အားနာသမှုလေးမဖြစ်ဘူးလား။
ထယ့်ကြောင့် နဲ့မို့ သူတို့ချင်း အဆက်အသွယ်ရှိတယ်ပဲဆိုဆို၊
သူငယ်ချင်းလို ပြန်ပေါင်းနေပဲထားထား
ကျွန်တော့်ကိုတော့ အကျိုးသင့်အကြောင်း
သင့်ပြောပြသင့်တယ် မဟုတ်ဘူးလား။

ဖျင်းကနဲဖျင်းကနဲ ဖြစ်သွားတဲ့စိတ်ဟာ
ဘယ်တော့မှ
မကျက်တော့မဲ့ အနာတရတစ်ခုလိုပါပဲ။
မပြောဘူးလို့ဆုံးဖြတ်ထားတဲ့ကြားက
စကားတစ်ခွန်းဟာ လွှတ်ကနဲ။

"အဲ့လောက်တောင် ချစ်ခဲ့ကြရဲ့သားနဲ့
ဘာဖြစ်လို့များပြတ်ခဲ့ကြတာလဲ"

ဆိုင်ထဲမှာ စီစရာရှိတဲ့ပစ္စည်းတစ်ချိူ့ကိုစီတန်းရင်း
မေးခွန်းထုတ်မိတယ်။
ညီကကျွန်တော့် နောက်ကျောကို မယုံနိူင်တဲ့အကြည့်တွေနဲ့ကြည့်နေလိမ့်မယ်။
ကျွန်တော် နဲ့သူကြားမှာ အချင်းများတာမျိုးမရှိခဲ့ဖူးသလို
တစ်ယောက်ကိုတစ်ယောက်မယုံကြည်တာမျိုးလည်းမရှိခဲ့ဖူးတာတော့အမှန်ပဲ။

သူသိထားတဲ့ ကျွန်တော် ကအဲ့ဒီလောက်တောင်
သဘောထားသေးသိမ်ရသလားလို့ညီဟာ
တအံ့တဩတွေးနေလောက်တယ်။
တွေးပါစေလေ။ ဘဝမှာတစ်ကြိမ်တစ်ခါလောက်တော့ ခံစားရသမျှကိုပေါက်ကွဲသင့်တယ်ထင်တာပဲ။

"သူ့အိမ်က သဘောမတူဘူးဆိုလို့ ပြတ်သွားတာလေ၊
ညီ့လို မိဘမဲ့ တစ်ကောင်ကြွက်
ထယ့် အိမ်ကပ်နေရတဲ့သူကို ဘယ်သူက
သဘောတူပါ့မလဲ "

"ဒါဆို မိဘတွေ သဘောမတူလို့ပေါ့၊မိဘတွေသာ
သဘောတူရင်
အခုလောက်ဆို သားသမီးရတနာတွေ
တောင်ထွန်းကားနေလောက်ပြီပေါ့ "

"သေချာတာပေါ့ ၊မိန်းမယူမှတော့
ကလေးရမှာပေါ့၊အဲ့ဒါဆန်းမှမဆန်းတာ"

"ညီ "

သူ့ဘက်လှည့်ပြီး ခပ်မာမာ အသံပြုတော့
သူရယ်ပါတယ်။နောက်တော့
"အစ်ကို သဝန်တိုတာ ချစ်စရာကောင်းလိုက်တာ"တဲ့။

" ညီက ပေါက်ကရတွေ ပြောနေတာပါ အစ်ကိုရယ်၊
ညီတို့ချင်းတွဲဖူးတာမှန်ပေမယ့်
Type မတူ ၊အယူအဆတွေ မတူလို့
လမ်းခွဲလိုက်တာဖြင့်ကြာခဲ့ပြီ၊ဘယ်သူ့
ပယောဂမှ မပါဘဲ နှစ်ဦးသဘောတူ
ပြတ်ဆဲခဲ့ကြတာမို့လို့ပြန်တွဲစရာအကြောင်းတော့မရှိပါဘူး၊စိတ်ချနော် ထယ့်ကိစ္စကလွဲပြီးသူနဲ့ဘာမှ အကန့်မရှိဘူး "

"သေချာလို့ လား "

"အင်းသေချာတယ် "

"အဲ့ဒါဆိုလည်း ပြီးတာပါပဲ"

"နေပါဦး နေပါ‌ဦး တစ်ခုခုတော့
မှားနေပြီ မဟုတ်ဘူးလား "

"ဘာကိုလဲ "

"အခု လောလောဆယ် သဝန်တိုရမှာက
ညီ မဟုတ်ဘူးလား၊
မိုးတောင်မလင်းသေးဘူး
မင်ဆိုရာနဲ့အတူရှိနေတာအစ်ကိုလေ၊
ဘာလဲ ကျွန်တော် သဝန်မတိုခင် အစ်ကိုက
အရင်တိုပြလိုက်တာလား၊
အဲ့ဒါကြောင့် လူတွေက ပြောတာနေမယ်၊
ယောကျာ်းမာယာက
ပိုကြောက်စရာကောင်းတယ်တဲ့"

"ဘာလို့ မဟုတ်တာတွေ လျှောက်ပြောနေတာလဲ၊
ဆိုလေး ကကိုယ့်ညီမပါ၊ဘယ်အချိန်
ဘယ်နေရာမှာ အတူရှိရှိ
ကိုယ် ဆိုလေးကို စိတ်နဲ့တောင် မပြစ်မှားဖူးဘူး"

"ဟုတ်လား ညီ့ကိုရော စိတ်နဲ့ ပြစ်မှားဖူးလား"

"မပြစ်မှားပါဘူး ၊ကိုယ်အဲ့ဒီလိုလူမျိုးမဟုတ်ဘူး"

"ညီလည်းအတူတူပဲ အစ်ကို့ကိုစိတ်နဲ့
မပြစ်မှားဖူးဘူး၊ညီက ကိုယ်နဲ့ပဲ ပြစ်မှားမှာ"

ပြောလည်းပြောလာ ဖက်လည်းဖက်တာမို့
နဖူးကို ထုပေးလိုက်ပါတယ်။
မနာမှန်းသိပေမယ့် မထိအောင်သူရှောင်တယ်။

"သူငယ်ချင်းတစ်ယောက်လုံးနေမကောင်းဖြစ်နေတာတောင် အပြောင်အပျက်က
လုပ်နိုင်သေးတယ်နော် "

"အမှန်က အစ်ကို့ ကို ပြောစရာရှိလို့
စောစောလေးလာခဲ့တာ၊
အစ်ကို ဘာသာပြသနာရှာနေတော့
လာရင်း ကိစ္စပျောက်သွားတာ"

"ဘာပြောမှာလဲ "

"ထယ့်ဦးလေးက နှလုံးအထူးကုဆရာဝန်တစ်ယောက်နဲ့ဆက်သွယ်မိတယ်တဲ့ ၊အဲ့ဆရာဝန်ကထယ်နဲ့ ရောဂါအခြေအနေတူတဲ့လူနာတစ်ယောက်ကို အစားထိုးစရာမလိုဘဲခွဲစိတ်အောင်မြင်ခဲ့ဖူးတယ်လို့ပြောတယ်။အခုထယ့်ကို
အဲ့ဒီဆရာဝန်နဲ့ ပြကြည့်ဖို့ညီပြောထားတယ်"

" ပြမယ်ဆိုလည်းအချိန်မဆွဲဘဲ မြန်မြန်လေး
ပြသင့်နေပြီထင်တယ် ညီ"

"အဲ့ဒါ ကြောင့်ထယ်က သူနေခဲ့တဲ့
နိုင်ငံကိုမကြာခင်ပြန်သွားရမှာလေ"

"ဆရာဝန်က ဒီကမဟုတ်ဘူးလား"

"မဟုတ်ဘူး အစ်ကို "

"ဘာပဲဖြစ်ဖြစ်ပါ၊အဲ့ဆရာဝန်နဲ့သာပြကြည့်ရင်
ထယ်နေပြန်ကောင်းလာမယ်ထင်တယ်"

"အင်း အများကြီး မျှော်လင့်ချက်ရှိတယ်၊
အဲ့ဒီဆရာဝန်ကလည်း
သူ tryကြည့်ချင်တယ်ပြောတယ်"

"တော်သေးတာပေါ့ ထယ့်အတွက်
အစ်ကိုတကယ် စိုးရိမ်နေခဲ့တာ၊တကယ်ကို
တော်သေးတာပေါ့ ညီရာ"

"စစ်ဆေးမှုတွေကတော့ဟိုမှာ
ထပ်လုပ်ကြည့်ရဦးမယ် ပြောတာပဲ၊
အပြည့်အဝအာမမခံနိုင်ဘူးဆိုရင်တောင်
သူခံစားနေရတာတွေကိုတော့သက်သာစေချင်တယ်။ညီ့မှာ
အစ်ကို့ကို ခွင့်တောင်းစရာလေးလည်းရှိတယ်"

"အင်း ဘာများလဲ"

"ညီထယ့်အနားမှာရှိနေပေးချင်တယ်၊
ထယ်ခွဲစိတ်ရမဲ့ အချိန်
ညီသူ့အတွက်အင်အားဖြစ်ပေးချင်တယ်"

"ကျိန်းသေ ရှိနေသင့်တာပေါ့ ၊ဖြစ်ပါတယ်၊
အစ်ကိုခွင့်ပြုပါတယ် "

"အဲ့ ဒါဆို ညီလိုက်သွား မယ်နော် "

"အင်းပါ လိုက်သွားပါ၊ ကိုယ်စောင့်နေပါ့မယ်"

တစ်ယောက်ကိုတစ်ယောက်ကြင်ကြင်နာ
ပွေ့ဖက်ရင်း
ဝမ်းသာမျက်ရည်ကျရတယ်။
ဘုရားဆီမှာလည်း ထယ် ကျန်းမာဖို့
အကြိမ်ကြိမ်အခါခါ
တဖွဖွတောင်းဆိုမိပါတယ်။

"ဆက်ဆက်ပြန်လာခဲ့မယ် မဟုတ်လား ညီ"

"အင်း ပြန်ခဲ့ပါ့မယ် ကတိပေးတယ်"

"အင်းပါ ထယ်နေ ကောင်းသွားတဲ့ အချိန်ကျ
အစ်ကို့ဆီပြန်လာခဲ့ "

"ဟင့်အင်း "

"ဟင် ဒါဆို ဘယ်တော့လဲ "

.
.
.

"နွေဦးမိုးတွေ ရွာတဲ့ နေ့ရောက်ခဲ့ရင်"











































Continue Reading

You'll Also Like

12.6K 1.2K 12
အိမ်ပြန်လမ်းတွေဟာ ကိုယ်တို့အတူရှိမှလှပနေမှာပါ အချစ်ရေ ~~
27.1K 2.5K 16
One Shot , Two Shot ,Three Shotလေးတွေကိုဒီမှာဘဲရေးမှာပါ Jin and All Member Fanfiction One Shot , Two Shot ,Three Shotလေးတွေကိုဒီမှာဘဲရေးမှာပါ Jin and...
53.8K 1.2K 14
When a Elven Princess meets a mortal bargeman! {Desolation Of Smaug~Battle Of Five Armies} {Bard the Bowman X fem!OC} {completed}
24.9K 342 16
"𝐄𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐤𝐞𝐞𝐩𝐬 𝐭𝐞𝐥𝐥𝐢𝐧𝐠 𝐦𝐞 𝐡𝐨𝐰 𝐦𝐲 𝐬𝐭𝐨𝐫𝐲 𝐢𝐬 𝐬𝐮𝐩𝐩𝐨𝐬𝐞𝐝 𝐭𝐨 𝐠𝐨. 𝐍𝐚𝐡...𝐢𝐦𝐦𝐚 𝐝𝐨 𝐦𝐲 𝐨𝐰𝐧 𝐭𝐡𝐢𝐧�...