Like Love But Not [ ဘာသာပြန် ]

By Kay_Wine

78.1K 10.7K 670

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

28

1.3K 217 24
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : သူ ျပန္လာခ်င္အုံးလားလို႔မးလိုက္ယ္ ]

•ေလာ့ယြီခ်န္•

အလုပ္အတြက္ ရွမင္ရႈက Los Angeles ကို ရက္ပိုင္းေလာက္ သြားဖို႔လိုတာေၾကာင့္ ကြၽန္ေတာ္ အိမ္မွာ က်န္ေနခဲ့တယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္မွာ ကြၽန္ေတာ္ ဘာပဲလုပ္လုပ္ ေတာ္ေတာ္ေလး ဂနာမၿငိမ္ျဖစ္ေနခဲ့တယ္။

ဓာတ္ပုံေတြ႐ိုက္တဲ့အခ်ိန္မွာလည္း မၿပဳံးႏိုင္ဘူး။ သူတို႔ၿပဳံးေစခ်င္တိုင္း ကြၽန္ေတာ္က ဘာလို႔ၿပဳံးျပရမွာလဲ? ဘာေနေန ကြၽန္ေတာ္က အၿပဳံးေတြ ေရာင္းစားေနတာမွမဟုတ္တာ အဲ့တာကို ဘာလို႔ နည္းနည္းေလာက္စိတ္ရႈပ္(မႈန္ကုတ္)ေနလို႔ မရတာလဲ?

အလုပ္ဆင္းေတာ့ ကြၽန္ေတာ္ ဖန္းရွဲ႕ယိကို တားလိုက္ႏိုင္ေပမယ့္ သူက ေရွာင္ဟန္းဘယ္လိုေနလဲဆိုတာ ကြၽန္ေတာ့္ကို ဘာမွ မေျပာျပခ်င္ျဖစ္ေနတယ္။

ကြၽန္ေတာ္က သူနဲ႔ ဆယ္ႏွစ္တာ အတူရွိေနခဲ့ေပမယ့္ အခုခ်ိန္မွာ ႐ုတ္တရက္ႀကီး သူ႔အေၾကာင္းေမးပိုင္ခြင့္ေတာင္ မရွိေတာ့ဘူး ျဖစ္သြားတယ္။

ေနာက္တစ္ေန႔မနက္မွာ ကြၽန္ေတာ္ သူ႔ရဲ႕လိပ္စာအသစ္ကို ရွာလိုက္ႏိုင္ၿပီး သူ အဆင္ေျပရဲ႕လားဆိုတာ ကြၽန္ေတာ္ကိုယ္တိုင္ သြားစစ္ၾကည့္လိုက္တာကမွ ပိုေကာင္းအုံးမယ္လို႔ ခံစားမိလိုက္တယ္။ သူ ခြဲစိတ္ထားတဲ့အေတာအတြင္းမွာ သူနဲ႔အတူေနသင့္တယ္လို႔ ခံစားရတယ္ မဟုတ္ရင္ အဲ့တာက အရမ္းကို အၾကင္နာတရားေခါင္းပါးတာျဖစ္သြားႏိုင္တယ္။

သူကေတာ့ လက္ခံေလာက္မွာ မဟုတ္ဘူး။

ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ နည္းလမ္းတစ္ခုေလာက္ေတာ့ ေတြးၾကည့္ဖို႔လိုတယ္၊ မဟုတ္ရင္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဘယ္ေတာ့မွ ခြင့္လႊတ္ႏိုင္မွာမဟုတ္ဘူး။

ကြၽန္ေတာ္ နံရံကို ကုတ္တက္ၿပီး ဗီလာထဲ ဝင္လိုက္တယ္။ ဒုတိယထပ္မွာ ေရွာင္ဟန္းရဲ႕ပစၥည္းေတြကို ေတြ႕ခဲ့ေပမယ့္ တစ္ထပ္လုံး မြစာႀကဲေနတယ္။

ကြၽန္ေတာ္နည္းနည္းေတာ့ ခံရခက္သြားတယ္ _ ဒါေတြအားလုံးက သူတစ္ခ်ိန္က တန္ဖိုးထားခဲ့တာေတြျဖစ္တယ္၊ အဲ့တာကို ဘယ္လိုလုပ္ၿပီး ဒီလိုမ်ိဳး ေပါ့ေပါ့တန္တန္ ျမန္ျမန္ဆန္ဆန္ႀကီး ထားခဲ့ႏိုင္ရတာလဲ? အခုလက္ရွိ ကြၽန္ေတာ္ကလည္း ဒီမွာရွိေနတဲ့ပစၥည္းေတြနဲ႔ တန္းတူပဲလား၊ ေနာက္ဆုံးေတာ့ သူ႔ဆီကေန အၿပီးတိုင္ စြန႔္ပစ္ျခင္းခံလိုက္ရတာေလ?

ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ အရမ္းရယ္စရာေကာင္းတယ္လို႔ ျမင္မိတယ္။

လူတစ္ေယာက္ကို တျခားတစ္ေယာက္က အခ်ိန္အၾကာႀကီး တြယ္ကပ္ေနခဲ့ရင္ သူလည္း စိတ္ႀကီးဝင္ၿပီး ဘဝင္ျမင့္သလို ခံစားလာရမယ္ဆိုတာ ထုံးစံပဲ။ ၿပီးေတာ့ အဲ့ဒီအထင္ႀကီးမႈနဲ႔ စိတ္ဝင္စားမႈေတြအားလုံး ႐ုတ္တရက္ ေပ်ာက္ကြယ္သြားတဲ့အခ်ိန္က်ရင္ေတာ့ ဒါကို လက္ခံဖို႔ ခဲယဥ္းေနအုံးမွာပဲျဖစ္တယ္။

ခရီးေဆာင္အိတ္ေတြေပၚမွာခတ္ထားတဲ့ ေလာ့ရဲ႕လွ်ိဳ႕ဝွက္နံပါတ္က သူ႔ရဲ႕ေမြးေန႔ျဖစ္ေနတုန္းပဲ၊ အဲ့တာေၾကာင့္ ကြၽန္ေတာ္လည္း အခ်ိန္မကုန္ဘဲ အဲ့တာေတြကို ဖြင့္ႏိုင္လိုက္တယ္။

ခရီးေဆာင္အိတ္ေတြထဲမွာ ရွိေနတဲ့ပစၥည္းေပါင္းမ်ားစြာကို ေရးေတးေတးနဲ႔ ရင္းႏွီးသလိုေတာ့ရွိတယ္။ ဒါေတြအားလုံးက ကြၽန္ေတာ္ ေဖ်ာ္ေျဖပြဲေတြအတြင္းမွာ ဝတ္ခဲ့တဲ့အရာေတြျဖစ္ၿပီး ခြၽတ္ၿပီးတဲ့ေနာက္မွာ ေနာက္တစ္ႀကိမ္ ဘယ္တုန္းကမွ မေတြးမိခဲ့သလို အဆုံးမွာ သူက လိုက္စုေဆာင္းထားတယ္ဆိုတာကိုလည္း ဘယ္တုန္းကမွ မသိခဲ့ဘူး။

ေက်ာက္စိမ္းလည္ဆြဲတစ္ကုံး၊ ေငြလက္စြပ္ အစရွိသျဖင့္ ခ်ိဳ႕တဲ့သူေတြကို ကူညီေပးတဲ့ ပြဲေတာ္ေတြမွာ ကြၽန္ေတာ္ လႉခဲ့တာေတြအားလုံးလည္း ဒီမွာပဲ ၿပိဳးၿပိဳးျပက္ျပက္လက္ၿပီး ရွိေနတယ္။ အဲ့တာေတြကို တစ္စုံတစ္ေယာက္က အလြန္တရာေခါင္ခိုက္ေနတဲ့ေဈးနဲ႔ ဝယ္သြားတယ္ဆိုၿပီး သတင္းရခဲ့ၿပီး ျဖစ္ခ်င္ေတာ့ အဲ့လူက ေရွာင္ဟန္းျဖစ္ေနခဲ့တယ္။

ကြၽန္ေတာ့္ႏွလုံးသားထဲမွာ ရႈပ္ေထြးတဲ့ခံစားခ်က္လႈိင္းလုံးတစ္ခုကို ခံစားမိလိုက္တယ္။

သူ ကြၽန္ေတာ့္ကို အ႐ူးအမူးခ်စ္တယ္ဆိုတာကို အၿမဲတမ္း သိေနခဲ့ၿပီး အခုလို အေထာက္အထားေတြကို ထပ္ျမင္လိုက္ရတဲ့အခါ မေနႏိုင္စြာ ေက်နပ္သလိုခံစားမိလိုက္ေသးတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ ဒီပစၥည္းေတြအားလုံး ဒီလိုမ်ိဳး အပစ္ခံထားရတယ္။ ဒါက သူ႔ဘဝမွာ ကြၽန္ေတာ့္ကို ထပ္မေတြ႕ခ်င္၊ ကြၽန္ေတာ္နဲ႔သက္ဆိုင္တဲ့ ဘာကိုမဆို သိမ္းမထားခ်င္ေတာ့ဘူးလို႔ ဆိုလိုတာလား?

အရင္ကဆို သူ႔ကိုအၿမဲတြန္းထုတ္ေနခဲ့တဲ့သူက ကြၽန္ေတာ္သာျဖစ္ခဲ့တယ္။

အခု ေနာက္ဆုံး သူက လႊတ္ေပးလိုက္တာေတာင္ ကြၽန္ေတာ္က စိတ္ဓာတ္ေတြက်ၿပီး ျပႆနာလုပ္ေနတယ္။ တကယ္ပဲ ကြၽန္ေတာ့္မွာ ျပႆနာတစ္ခုရွိေနၿပီ။

ခရီးေဆာင္အိတ္ရဲ႕ေအာက္ေျခမွာ အႏုစိတ္ပုံေဖာ္ထားတဲ့ ၾကက္ေသြးနီေရာင္ ဖဲရတနာဘူးေလးတစ္ခု ရွိေနတယ္။ ကြၽန္ေတာ္ ဖြင့္ၾကည့္လိုက္တဲ့အခါ အထဲမွာ ဘာရွိေနတယ္ဆိုတာ ေတြ႕လိုက္ရတယ္။

****

လက္စြပ္တစ္ကြင္း၊ အထဲမွာ စကားလုံးတခ်ိဳ႕ ထြင္းထားတဲ့လက္စြပ္တစ္ကြင္း၊ ကြၽန္ေတာ့္ရဲ႕ေမြးေန႔တစ္ခုမွာ လက္ေဆာင္အျဖစ္ေပးခဲ့တာမ်ိဳးျဖစ္တယ္။

ဟိုးအရင္တည္းက အဲ့တာကို ဂ႐ုမစိုက္ဘဲ ပစ္လိုက္မိသြားၿပီလို႔ ထင္ထားခဲ့ေပမယ့္ သူက ဒါေလးကို သူ႔ဖာသာ ေဘးကင္းတဲ့ေနရာမွာ ဖြက္ထားတယ္ဆိုတာကို ကြၽန္ေတာ္ သတိမထားမိခဲ့ဘူး။

ကြၽန္ေတာ္ အဲ့တာေလးကိုေျမႇာက္ကိုင္ၿပီး အလင္းေရာင္ထဲမွာ စူးစမ္းၾကည့္လိုက္တယ္။ ႐ုတ္တရက္ ကြၽန္ေတာ့္လက္ထဲက လက္စြပ္ေသးေသးေလးက အလြန္တရာေလးလံလာတယ္။ ကြၽန္ေတာ္ေတာင္ မကိုင္ထားႏိုင္ေလာက္ေတာ့တဲ့အထိကို ေလးလံလာတယ္။

အထဲမွာ ေရးထိုးထားတဲ့စကားလုံးေတြက ကြၽန္ေတာ္ အရင္ဘယ္တုန္းကမွ မျမင္ခဲ့ဖူးတဲ့ စကားလုံးေတြျဖစ္တယ္။

"H love C forever" _ ေရွာင္ဟန္းက ေလာ့ယြီခ်န္ကို ထာဝရခ်စ္သြားမယ္။

ဒါက သူကြၽန္ေတာ့္ကို လက္ေဆာင္ေပးခဲ့တဲ့ လက္စြပ္မဟုတ္ဘူး!

သူ ကြၽန္ေတာ့္ကို လက္ေဆာင္ေပးခဲ့တဲ့လက္စြပ္နဲ႔ ခြၽတ္စြပ္တူတယ္ဆိုေပမယ့္ အထဲမွာ ထိုးထားတာက "Love from H" ျဖစ္တယ္။ လက္စြပ္က အတြဲလိုက္ထဲကတစ္ခုဆိုတာကို သူ ကြၽန္ေတာ့္ကို ဘယ္တုန္းကမွ မေျပာျပခဲ့ဘူး။

ဒီလို႐ိုးရွင္းၿပီးႏွစ္လိုဖြယ္ေကာင္းတဲ့ ပလက္တီနမ္မ်ိဳးက လက္ထပ္လက္စြပ္တစ္စုံနဲ႔တူတယ္...

သူကဘာလို႔ လက္စြပ္ေတြထဲကတစ္ခုကို တိတ္တိတ္ေလး ဝွက္ထားရတာလဲ?

အရင္ကဘာျဖစ္လို႔ လုံးဝမေျပာျပခဲ့တာလဲ!

ကြၽန္ေတာ့္ႏွလုံးသားက ျပည့္က်ပ္လာသလိုခံစားရၿပီး ကြၽန္ေတာ့္လည္ေခ်ာင္းကလည္း ခါးသက္မႈတို႔နဲ႔ တစ္ဆို႔ေနကာ ဟန္မပ်က္ေအာင္ထိန္းဖို႔ ခက္ခဲေနေတာ့တယ္။

ကြၽန္ေတာ္အၿမဲတမ္း ဘူးခံျငင္းၿပီး ကြၽန္ေတာ့္အေပၚ ေရွာင္ဟန္းရဲ႕ခံစားခ်က္ေတြက အစြဲအလမ္းနဲ႔ မွားယြင္းတဲ့ေတာင့္တမႈသာျဖစ္တယ္လို႔ ေတြးခဲ့တယ္။ သူ ကြၽန္ေတာ့္ကို မရႏိုင္တဲ့အတြက္ေၾကာင့္ သူက ကြၽန္ေတာ့္ကိုပဲ မရမက တြယ္ကပ္ေနတာျဖစ္တယ္လို႔ ေတြးခဲ့တယ္။ ကြၽန္ေတာ္ ေပးလိုက္တဲ့အခ်ိန္က်ရင္၊ ကြၽန္ေတာ္ သူ႔ကို ခ်စ္လာတဲ့အခ်ိန္က်ရင္ ဒါေတြအားလုံး ၿပီးသြားလိမ့္မယ္လို႔ ေတြးခဲ့တယ္။

ဒါေပမယ့္ အခုခ်ိန္မွာ ဒီလိုႀကီးေလးတဲ့ခံစားခ်က္ျပဇာတ္နဲ႔ ႀကဳံလိုက္ရတဲ့အခါ ကြၽန္ေတာ့္ဆီမွာ က်န္ခဲ့တဲ့တစ္ခုတည္းေသာအရာဆိုလို႔ တိတ္ဆိတ္မႈသာျဖစ္တယ္။

ကြၽန္ေတာ္တို႔ခ်ဳပ္ခဲ့တဲ့ စာခ်ဳပ္က ကြၽန္ေတာ္တို႔ ဆယ့္ရွစ္ႏွစ္ကေန ႏွစ္ဆယ့္ရွစ္ႏွစ္အထိသာျဖစ္တယ္။ သူက သူကြၽန္ေတာ့္ကိုခ်စ္ေၾကာင္း မၾကာခဏေျပာေလ့ရွိေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီတိုင္းျပက္လုံးတစ္ခုအျဖစ္သာ သေဘာထားခဲ့ၿပီး ႏွစ္ေတြၾကာလာလို႔ ကြၽန္ေတာ့္ရဲ႕ထက္ျမက္မႈေတြ ဆုံးရႈံးလာၿပီး အေရာင္အဝါေတာက္ပမႈ ေလ်ာ့က်လာတဲ့အခါ သူကလည္း ပိုေကာင္းတဲ့တစ္စုံတစ္ေယာက္ကို သြားရွာမွာပဲလို႔ ေတြးခဲ့တယ္။ [ T/N : ကိုယ့္အခ်စ္တန္ဖိုးကို နားမလည္တဲ့သူကိုမွ ခ်စ္မိခဲ့တဲ့ ေရွာင္ဟန္းေလး ]

ေလာ့ယြီခ်န္ဆိုတဲ့ကြၽန္ေတာ့္အေပၚထားရွိတဲ့ 'ထာဝရ'ဆိုတာကို သူ႔ဖာသူ ဖြက္ထားလိုက္ၿပီး ကြၽန္ေတာ့္ကို 'ေရွာင္ဟန္းရဲ႕အခ်စ္'ေပးအပ္ၿပီး အေစာပိုင္းတည္းက ဒီလိုကတိကဝတ္မ်ိဳး တိတ္တိတ္ေလး ေရးထိုးထားမယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ စိတ္မကူးခဲ့မိဘူး။

ကြၽန္ေတာ့္ရဲ႕စုံလုံးကန္းမႈေတြနဲ႔ လ်စ္လ်ဴရႈမႈတို႔က သူ႔ရဲ႕ခံစားခ်က္ေတြကို ေရစုန္ေျမာေစတယ္။

ဒီအိမ္မွာ စြန႔္လႊတ္မႈနဲ႔ အေဖာ္မဲ့မႈအေငြ႕အသက္တစ္ခု ျပည့္ႏွက္ေနၿပီး ေရွာင္ဟန္းက ဒီေနရာကို ထပ္ၿပီး ျပန္လာမွာမဟုတ္မွန္း ကြၽန္ေတာ္သိေနတယ္။

ကြၽန္ေတာ့္ကားဆီျပန္တဲ့လမ္းမွာ ၿပီးခဲ့တဲ့ရက္အနည္းငယ္ေလာက္က အင္တာနက္ေပၚကေန ရွာေဖြခဲ့တဲ့ Leukemia အေၾကာင္း အခ်က္အလက္ေတြကို ကြၽန္ေတာ္ ေတြးေနမိတယ္။

ကြၽန္ေတာ္ရွာေတြ႕ခဲ့တာက ကြၽန္ေတာ့္ႏွလုံးသားကို မြန္းၾကပ္ေစတယ္။ နာမက်န္းျဖစ္တဲ့သူေတြက အေစာပိုင္းလကၡဏာေတြ ျပတတ္တယ္ _ ေရွာင္ဟန္းက အၿမဲတမ္း က်န္းက်န္းမာမာရွိတဲ့လူမ်ိဳးျဖစ္ေပမယ့္ ခုတေလာ သူက မၾကာခဏဆိုသလို ရင္ဘတ္နာတာေတြနဲ႔ အ႐ိုးအဆစ္နာတာေတြ ျဖစ္တတ္တယ္၊ ကြၽန္ေတာ္ကေတာ့ လုံးဝကို ပစ္ပစ္ခါခါလုပ္ခဲ့မိတယ္၊ အဲ့တာက ဒူလာဆိုတာမ်ိဳး အခ်ိန္မတိုင္ခင္ အိုမင္းရင့္ေရာ္လာတဲ့ရလဒ္မ်ိဳး စသျဖင့္ေျပာဆိုၿပီး ေလွာင္ေျပာခဲ့မိေသးတယ္။

သူကေတာ့ ႐ိုး႐ိုးေလး ခါးသက္စြာၿပဳံးၿပီးေတာ့သာ တိတ္တိတ္ေလး ေအာင့္ခံေနတတ္တယ္။

သူ႔ကို ကြၽန္ေတာ္ နည္းနည္းေလးပိုၿပီး အေလးထားခဲ့သင့္တယ္။ သူ႔ေဘးမွာ နည္းနည္းေလးၾကာေအာင္ ေနေပးခဲ့သင့္တယ္။

သူကေတာ့ တစ္ခြန္းမွ မေျပာခဲ့ဘူး။ မဟုတ္မွ... သူ႔ဆီမွာ ကြၽန္ေတာ့္ကိုေျပာစရာ ဘာမွမက်န္ေတာ့တာလား?

ဒီဆယ္ႏွစ္အတြင္းမွာ ကြၽန္ေတာ့္ရဲ႕ျပဳမူေနထိုင္မႈကအၿမဲတမ္း တစ္ပုံစံတည္းျဖစ္ၿပီး သူ႔ကို ဆက္တိုက္ စိတ္ဓာတ္က်ေအာင္လုပ္ကာ သူ စိတ္ပ်က္ေတာ့မလိုျဖစ္လာတဲ့အခ်ိန္က်ရင္ေတာ့ ေမွ်ာ္လင့္ခ်က္ေလးနည္းနည္း ေပးလိုက္တယ္။

သၾကားလုံးတစ္ခုစီတိုင္းအတြက္ ႀကိမ္ဒဏ္ဆယ္ခ်က္ေပးၿပီး ပိုၿပီးခ်ိဳၿမိန္ေလ ပိုၿပီးစိတ္ေသာကေရာက္ရေလဆိုတဲ့ သံသရာကိုပဲ ကြၽန္ေတာ္က ထပ္ခါထပ္ခါ လုပ္ေပးခဲ့မိတယ္။

သူက ဉာဏ္ေျပးတဲ့လူတစ္ေယာက္ျဖစ္ေပမယ့္ အရာအားလုံးကို ထြင္းေဖာက္မျမင္ႏိုင္ခဲ့ဘူး။ အဲ့လိုနဲ႔ပဲ သူက ဘာမွမေတြးရဲ၊ ဘာမွ မေျပာရဲေတာ့ဘဲ သူ ဒီလိုမ်ိဳး အႀကီးအက်ယ္ေနမေကာင္းျဖစ္တဲ့အခ်ိန္မွာေတာင္ ျပန္လည္ေခ်ပတဲ့စကားေလးတစ္ခြန္း မေျပာႏိုင္တဲ့အထိပဲ။

တကယ္ေတာ့ ကြၽန္ေတာ္... သူ႔ကို ဒီေလာက္အေနအထားအထိ တြန္းမပို႔ခ်င္ခဲ့ဘူး။

ကြၽန္ေတာ့္အစာအိမ္က နည္းနည္းနာေနတယ္။ ကိုယ့္ကိုယ္ကို အားတင္းၿပီး တံခါးကို ျဖတ္လာခဲ့ေပမယ့္ ဒါက ႀကီးႀကီးမားမားကိစၥတစ္ခုေတာ့ မျဖစ္ေလာက္ဘူးလို႔ ခံစားမိတယ္။

ကြၽန္ေတာ့္အစာအိမ္က ေမြးရာပါမေကာင္းေပမယ့္ ေရွာင္ဟန္းရဲ႕ေစာင့္ေရွာက္မႈေတြေအာက္မွာ ေကာင္းေကာင္းမြန္မြန္ ရွိလာခဲ့တာ ဆယ္ႏွစ္နီးပါးေလာက္ေတာင္ ျဖစ္ေနၿပီ၊ ဒီလိုမွားယြင္းတဲ့ခံစားခ်က္မ်ိဳးကို ကြၽန္ေတာ္ဟိုးတုန္းကတည္းက က်င့္သားရခဲ့တယ္။ ကြၽန္ေတာ့္စိတ္အေျခအေနကလည္း ေတာ္ေတာ္ေလးဆိုးဝါးေနတာေၾကာင့္ ဘီယာတခ်ိဳ႕ကို တဂ်ဳတ္ဂ်ဳတ္နဲ႔ ေသာက္ခ်လိုက္ေတာ့တယ္။

ဒီတစ္ေခါက္မွာ ကြၽန္ေတာ့္ရဲ႕အစာအိမ္နာက်င္တာေတြက အျပင္းအထန္ထိုးတက္လာလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ခဲ့ဘူး။ ကြၽန္ေတာ့္အစာအိမ္ထဲမွာ တစ္စုံတစ္ခုရွိေနၿပီး အဲ့တာက ခြဲထြက္ႏိုင္ေအာင္ အသည္းအသန္ ႀကိဳးစားေနသလိုမ်ိဳးျဖစ္ေနတယ္။ အဲ့တာက ကြၽန္ေတာ့္ကို မူးေဝေအာ့အန္ခ်င္ေစၿပီး ဆိုဖာေပၚ မ်က္ႏွာအပ္လ်က္သား လဲက်သြားေတာ့တယ္။

ကြၽန္ေတာ္လဲက်သြားၿပီးေနာက္မွာ ပိုလို႔ေတာင္ ေနလို႔ထိုင္လို႔မေကာင္း ျဖစ္လာတယ္။ ကြၽန္ေတာ့္အစာအိမ္ကို ဓားတစ္ေခ်ာင္းနဲ႔ ရက္ရက္စက္စက္ ပိုင္းျဖတ္ေနသလိုမ်ိဳး ခံစားေနရၿပီး အႀကိမ္အနည္းငယ္ အန္ခ်လိုက္ေပမယ့္ နာက်င္မႈက မယုံႏိုင္ေလာက္ေအာင္ျဖစ္ေနဆဲပဲ။

ကြၽန္ေတာ္ တအားေအးလာၿပီး ကြၽန္ေတာ့္အစာအိမ္ေပၚကလက္က ေရခဲတမွ်ေအးစက္ေနၿပီး နာက်င္ေနတဲ့ဆီကို ထိုးေဖာက္ေနသလိုမ်ိဳး ျဖစ္ေနေပမယ့္ လက္ကို မလႊတ္လိုက္ႏိုင္တာေၾကာင့္ ေကြးၿပီး တုန္ရီေနေတာ့တယ္။

ကြၽန္ေတာ့္သြားေတြပါ တဆတ္ဆတ္တုန္လာခ်ိန္မွာ မနက္ပိုင္းဆို ေရွာင္ဟန္းက အၿမဲတမ္း ႏြားႏို႔ပူပူေလးတစ္ခြက္ က်ိဳေပးတတ္တာကို သတိရသြားတယ္။ တစ္ေန႔ၿပီးတစ္ေန႔ ကြၽန္ေတာ့္အစာအိမ္အတြက္ ဒီလိုေႏြးေထြးမႈမ်ိဳးကို လ်စ္လ်ဴရႈခဲ့ၿပီး ဒီေလာက္ထိ နာက်င္၊ ေအးစက္ၿပီး အထီးက်န္လာေတာ့မွသာ ကြၽန္ေတာ္ သူ႔ကို ဒီေလာက္ထိ လိုအပ္တယ္ဆိုတာကို သတိထားမိလာတယ္။

သူက အစားအေသာက္စာရင္းတစ္ခုကိုင္ထားၿပီး ထိုအေပၚမွာ အနီေရာင္ေဘာပင္နဲ႔ ဂ႐ုတစိုက္မွတ္သားကာ ကြၽန္ေတာ့္ရဲ႕ေခ်းမ်ားမႈေတြကို တင္းက်ပ္စြာ ထိန္းခ်ဳပ္တတ္တယ္ : မနက္ခင္းတိုင္းနဲ႔ ညခင္တိုင္းမွာ သူက ႏြားႏို႔တစ္ခြက္ကို ေႏႊးတတ္ၿပီး တစ္ခါတစ္ေလ ဂ်င္းျပဳတ္ရည္တခ်ိဳ႕ထည့္ကာ ဒါက ကြၽန္ေတာ့္ရဲ႕အစာအိမ္အတြက္ ေကာင္းတယ္လို႔ ေျပာတတ္တယ္။

ကြၽန္ေတာ္ ေသာက္စားရတဲ့ပါတီပြဲေတြက ျပန္လာတဲ့အခ်ိန္ဆို အယ္လ္ကိုေဟာေတြ ရွင္းထုတ္ဖို႔အတြက္ အထူးေဖ်ာ္ရည္တစ္ခြက္လုပ္ေပးၿပီးေနာက္ ကြၽန္ေတာ့္ကို သူ႔ရဲ႕ပုခုံးေပၚ မွီခိုင္းကာ ကြၽန္ေတာ့္ဗိုက္ေပၚက မသက္မသာျဖစ္ေနတဲ့ေနရာေတြကို ကူၿပီးႏွိပ္နယ္ေပးတယ္။ သူ႔လက္ေတြက သိပ္ကိုေႏြးေထြးတာေၾကာင့္ အၿမဲတမ္းဆိုသလို လူေတြကို စိတ္သက္သာရာရေစတယ္။

ဒါေပမယ့္ အခုခ်ိန္မွာေတာ့...

သူ ထြက္သြားခဲ့ၿပီ၊ ကြၽန္ေတာ့္ကို ထပ္ၿပီး ဂ႐ုစိုက္ေတာ့မွာမဟုတ္ဘူး။

ဒါက တကယ့္ကို ကြၽန္ေတာ္ ပ်ိဳးခ်ခဲ့တာကို ကြၽန္ေတာ္ ျပန္ရိတ္သိမ္းေနရတာပဲ။ သူ႔ကို ေမာင္းထုတ္လိုက္တဲ့သူက ကြၽန္ေတာ္ျဖစ္ေနတာေၾကာင့္ အခုခ်ိန္မွာ ေဝဒနာခံစားေနရလည္း ကြၽန္ေတာ္တစ္ေယာက္တည္းသာ သည္းခံရမွာျဖစ္တယ္။

ကြၽန္ေတာ္ ေတြးရင္းနဲ႔ စိတ္ထဲကေန ခါးသက္စြာ တစ္ခ်က္ရယ္လိုက္တယ္။ ကြၽန္ေတာ္ သူ႔ကိုလိုအပ္တဲ့အခ်ိန္က်မွ သူ႔အေၾကာင္းကို ေတြးမိတယ္၊ ကြၽန္ေတာ္ ဒီေလာက္ေတာင္ အသုံးမက်တာလား?

သူမရွိေတာ့ ဒီလိုမ်ိဳး ဘာမဟုတ္တဲ့ညေလးတစ္ညကိုေတာင္ မေက်ာ္ျဖတ္ႏိုင္တာကို ကြၽန္ေတာ္ ယုံေတာင္မယုံခ်င္ဘူး။

သို႔ေပမယ့္ ခဏေလာက္သာ အားထုတ္ရေသးတယ္ စူးရွတဲ့နာက်င္မႈေၾကာင့္ ကြၽန္ေတာ္ ေနရာကေန ျပဳတ္က်သြားေတာ့တယ္။

သူ ကြၽန္ေတာ့္ေဘးမွာ ရွိေနဖို႔ ကြၽန္ေတာ္ တကယ့္တကယ္ကို စတင္ဆုေတာင္းမိလာတယ္။ သူ ဘာမွမလုပ္ရင္ေတာင္မွ၊ သူလုပ္တာဆိုလို႔ ကြၽန္ေတာ့္ကို သူ႔လက္ေလး ေပးကိုင္ထားတာပဲ ရွိတယ္ဆိုရင္ေတာင္မွ။

ကြၽန္ေတာ့္ရဲ႕တုံးအမႈကို အျပစ္တင္မယ္ဆိုရင္ေတာင္မွ၊ ကြၽန္ေတာ့္ရဲ႕ အကူအကယ္မဲ့မႈကို ေလွာင္ေျပာင္သေရာ္မယ္ဆိုရင္ေတာင္မွ၊ ဘာပဲျဖစ္ျဖစ္ အဆင္ေျပတယ္။

လူတစ္ေယာက္ ေနမေကာင္းတဲ့အခ်ိန္ဆို ပိုၿပီးအားနည္းလာတာက ထုံးစံျဖစ္ၿပီး ကြၽန္ေတာ္လည္း အားနည္းလြန္းေနတာေၾကာင့္ သူ႔အေၾကာင္းေတြးေနမိတဲ့ ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ သုတ္တီးသုတ္ျပာအေတြးေတြကို ဘယ္လိုမွ ထိန္းခ်ဳပ္ထားလို႔မရေတာ့ဘူး။

အဆုံးမရွိေအာင္ အခ်ိန္အၾကာႀကီး လူးလွိမ့္လိုက္ရၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ့္ရဲ႕အားအင္ေတြအားလုံး ကုန္ခမ္းသြားေပမယ့္ ကြၽန္ေတာ့္ရဲ႕ဗိုက္ကေတာ့ လွိမ့္ေနေအာင္ နာေနဆဲပဲ။ ကြၽန္ေတာ္ ၾကမ္းျပင္ေပၚမွာ ဘယ္တုန္းက လွဲေနမိခဲ့မွန္းေတာင္ မသိေတာ့ဘူး။ ကြၽန္ေတာ့္ရဲ႕ႏွဖူးက ေသြးထြက္ေနၿပီး မ်က္လုံးေတြကလည္း မႈန္ဝါးဝါးအေရာင္ေတြသာ ျမင္ရေတာ့တယ္။ တစ္စုံတစ္ရာက ကြၽန္ေတာ့္ရင္ဘတ္ကို ဖိခ်ထားသလို ခံစားရၿပီး အသက္ရႈရတာ အေတာ္ေလးခက္ခဲလာတယ္။

ကြၽန္ေတာ္... ဒီတိုင္းႀကီး ဒီလိုမ်ိဳး ေသသြားမွာ မဟုတ္ပါဘူးေနာ္။

သတိရတစ္ခ်က္ မရတစ္ခ်က္အေျခအေနမွာ တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္ကို ေပြ႕ဖက္လိုက္တာကို ခံစားမိလိုက္တယ္။

ထိုလူရဲ႕အေငြ႕အသက္က အလြန္ကိုရင္းႏွီးကြၽမ္းဝင္ေနၿပီး သူ႔အေပၚ ကြၽန္ေတာ့္ကိုမွီခိုင္းထားၿပီး တစ္ခုခု ေသာက္ခိုင္းေနတယ္။ ေႏြးေထြးမႈက ကြၽန္ေတာ့္ရဲ႕အစာအိမ္ထဲ ျဖည္းျဖည္းခ်င္းစီးဆင္းသြားၿပီး ကြၽန္ေတာ့္ရဲ႕ေျခလက္ေလးေခ်ာင္းလုံးဆီ ျဖန႔္က်က္သြားတယ္။ ကြၽန္ေတာ့္ရဲ႕ ေျခာက္ေသြ႕ေနၿပီျဖစ္တဲ့ မ်က္လုံးေတြမွာလည္း မ်က္ရည္ေတြေတာင္ စတင္စုေဝးလာတယ္။

ငါ အရမ္းနာက်င္ေနတယ္၊ အရမ္းေအးေနတယ္၊ မင္းက ေပၚလာဖို႔ ဘာလို႔ဒီေလာက္ေတာင္ ၾကာေနခဲ့ရတာလဲ? ကြၽန္ေတာ့္ႏွလုံးသားထဲမွာ မေက်နပ္ခ်က္ေတြ ျပည့္ႏွက္ေနတယ္။ ကြၽန္ေတာ့္ေဘးမွာ သူရွိေနတဲ့ခံစားခ်က္က သိပ္ကိုညင္သာၿပီး ေႏြးေထြးလြန္းတာေၾကာင့္ ကြၽန္ေတာ့္မ်က္ရည္ေတြေတာင္ ေတာ္ေတာ္ေလးစီးက်ေနၿပီဆိုတာ ခံစားမိတယ္။

သူ ကြၽန္ေတာ့္ေဘးမွာ ရွိေနတယ္၊ ဘာမွ မေျပာင္းလဲသြားဘူး။

ဒါက... ေကာင္းလိုက္တာ။ ကြၽန္ေတာ္ ဘာမွထပ္မေတြးခ်င္ေတာ့ဘူး။

ဒီအတိုင္းေလးပဲ... အၿမဲတမ္း ကြၽန္ေတာ့္ေဘးမွာဆို ေကာင္းမယ္။

နာက်င္မႈက အမ်ားႀကီးေလ်ာ့က်သြားၿပီး ငိုက္ျမည္းမႈက ကြၽန္ေတာ့္ဆီ တိုးဝင္လာတယ္။ သူက ထိုင္ကာ ဆိုဖာကို မွီထားတယ္။ သူ ကြၽန္ေတာ့္ေဘးမွာရွိေနတယ္၊ လက္တစ္ကမ္းစာ ေနရာေလးမွာပဲ၊ အဲ့တာေၾကာင့္ ကြၽန္ေတာ္လည္း စိတ္ေအးလက္ေအးနဲ႔ မ်က္လုံးမွိတ္လိုက္ေတာ့တယ္။

ေနာက္တစ္ေန႔ ကြၽန္ေတာ္ႏိုးလာတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ခႏၶာကိုယ္က ႏြမ္းလ်ေနတဲ့အေနအထားမွာပဲ ရွိေသးတယ္။

ကြၽန္ေတာ္ ထထိုင္လိုက္ၿပီး ရွမင္ရႈေတာင္ ျပန္ေရာက္ေနၿပီဆိုတာ ေတြ႕လိုက္ရတယ္။

စကၠန႔္ပိုင္းေလးအတြင္းမွာ ျဖတ္ခနဲေပၚလာတဲ့ ခံစားခ်က္ကဘာလဲ? စိတ္ပ်က္သြားတာလား? ကြၽန္ေတာ္ ဒါကို သတိထားမိလိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္ႏွလုံးသားက အခိုက္အတန႔္တစ္ခုေလာက္ တဒုတ္ဒုတ္ခုန္သြားတယ္ _ ကြၽန္ေတာ္က ဘာကို စိတ္ပ်က္သြားတာလဲ?

မေန႔ညက... ထူးျခားၿပီးယုတၱိမရွိတဲ့အိမ္မက္တစ္ခုကို ကြၽန္ေတာ္မက္ခဲ့တာလား?

အိမ္မက္ထဲမွာ ကြၽန္ေတာ္က ေရွာင္ဟန္းေရွ႕မွာ အေတာ္ေလးဝမ္းနည္းပက္လက္ငိုခဲ့ပုံရေပမယ့္ ကြၽန္ေတာ္ဗိုက္ထဲက ခပ္ေဖ်ာ့ေဖ်ာ့နာက်င္မႈေၾကာင့္ ထိုအိမ္မက္က သူမတူေအာင္ အစစ္နဲ႔တူေနတယ္လို႔ ခံစားမိတုန္းပဲ။ ကြၽန္ေတာ္ ေဝခြဲမရျဖစ္ကာ ရွမင္ရႈကို စိုက္ၾကည့္ၿပီး သူ႔မ်က္ႏွာကေန တစ္ခုခုဖတ္လို႔ရမလားဆိုတာ သိခ်င္ေပမယ့္ သူကေတာ့ အျပစ္ကင္းၿပီး ႏြမ္းလ်ေနတဲ့အၿပဳံးေလးတစ္ခုသာ ထုတ္ျပလာတယ္။

ကြၽန္ေတာ္လည္း သတိလက္လြတ္နဲ႔ ေရွာင္ဟန္း အရင္ေနခဲ့တဲ့အခန္းဆီကို သြားၾကည့္လိုက္တယ္။ ထိုေနရာက ကြၽန္ေတာ္ ဆယ္ႏွစ္တိုင္တိုင္ ျမင္ေတြ႕ခဲ့တဲ့ ေဟာင္းႏြမ္းၿပီး ၿငီးေငြ႕စရာေကာင္းတဲ့ ပရိေဘာဂေတြ ရွိေလာက္မယ္လို႔ ခံစားမိခဲ့ေပမယ့္ ထိုအစား ကြၽန္ေတာ့္မ်က္စိေရွ႕မွာ ေၾကာက္စရာေကာင္းေလာက္ေအာင္ ဗလာအလြတ္ႀကီးသာရွိေနတယ္။ လုံးဝကို ကြဲျပားေနတဲ့ကမာၻႀကီးတစ္ခုလို၊ ေရွာင္ဟန္းဆိုၿပီးသိထားတဲ့ လူတစ္ေယာက္ လုံးဝမရွိခဲ့ဖူးတဲ့ ကမာၻႀကီးတစ္ခုလို၊ ဒီတစ္သက္ သူ႔ကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ရွာလို႔မရႏိုင္ေတာ့မလိုျဖစ္ေနတယ္။

ဒီလို 'တစ္သက္တာ'မ်ိဳးကို ကြၽန္ေတာ္ ေတြးမိလိုက္ခ်ိန္မွာ ေအးစက္မႈတစ္ခုက ပလုံစီၿပီး ထြက္လာျပန္တယ္။

စိုးရိမ္ပူပန္မႈတစ္ခုက ကြၽန္ေတာ့္ႏွလုံးသားထဲမွာ အျမစ္တြယ္လာၿပီး တျဖည္းျဖည္းခ်င္း ႀကီးထြားလာတယ္။ ခုတေလာ သူနဲ႔ပက္သက္တဲ့အရာေတြကို ေတြးမိတိုင္းမွာ အေတာ္ေလးနိမိတ္မေကာင္းသလိုမ်ိဳး ခံစားမိေနတယ္။ အဲ့တာ မေကာင္းဘူးလို႔ ကြၽန္ေတာ္ ထင္မိတယ္။ တစ္ေန႔ေန႔ေတာ့ ကြၽန္ေတာ္လည္း အေမႊးနံ႔သာ သြားရႈိ႕ရမယ္၊ ဒီလိုမ်ိဳး ရံဖန္ရံခါေပၚလာတဲ့ အဆိုးျမင္အေတြးေတြက ေရွာင္ဟန္းအေပၚ တကယ္ သက္ေရာက္သြားမွာကို ခြင့္မျပဳႏိုင္ဘူး။

ေန႔အခ်ိန္ေတြမွာ အေတြးမ်ားေနခဲ့ၿပီး ညက်ေတာ့ အိမ္မက္တစ္ခုအျဖစ္ ေျပာင္းသြားကာ သူကြၽန္ေတာ့္ေဘး ေရာက္လာတယ္ဆိုၿပီး မက္ခဲ့တာလို႔ အစက ကြၽန္ေတာ္ထင္ခဲ့ေပမယ့္ သူက တကယ္ႀကီး မီးဖိုေခ်ာင္ထဲမွာ သဲလြန္စတစ္ခု ခ်န္ထားခဲ့တယ္။

ေရွာင္ဟန္းခ်က္တဲ့ ထမင္းရည္(ဆန္ျပဳတ္)မွာ အၿမဲတမ္း ေျပာင္းေစ့ေလးေတြ ပါတတ္တယ္။ အေစ့အဆန္ငါးမ်ိဳးက ဘဝမွာ မရွိမျဖစ္လိုတဲ့အစားအေသာက္ေတြျဖစ္တယ္လို႔ သူေျပာေလ့ရွိၿပီး သူ႔ရဲ႕ဆန္ျပဳတ္ဆို အၿမဲတမ္း ႏူးညံ့ေစးကပ္ကာ လတ္ဆတ္ၿပီး အဂသာရွိတယ္။ သူ႔လိုမ်ိဳး ဘယ္သူမွမလုပ္ႏိုင္ဘူး။

ဒီအရသာက ကြၽန္ေတာ္ဘယ္ေတာ့မွ ျမည္းစမ္းလို႔မရပ္ႏိုင္သလို ဒီဆယ္ႏွစ္အတြင္း စားခ်င္တာကို ဘယ္ေတာ့မွ မရပ္ႏိုင္ခဲ့တာျဖစ္တဲ့အတြက္ တစ္ဇြန္းတည္းနဲ႔တင္ သူ႔လက္ရာမွာ ေသခ်ာေပါက္ သိလိုက္တယ္။

မ်က္ေတာင္တစ္ခတ္အတြင္း ကြၽန္ေတာ့္ခႏၶာကိုယ္တစ္ေလွ်ာက္ ေသြးေတြလ်င္ျမန္စြာ စီးဆင္းေနတာကို အတိုင္းသား ခံစားမိေနၿပီး လက္ေခ်ာင္းထိပ္ေတြေတာင္ အနည္းငယ္တုန္လာတယ္။

ကြၽန္ေတာ္ဘယ္လိုမွ မလြန္ဆန္ႏိုင္တဲ့အသံတစ္သံက ကြၽန္ေတာ့္စိတ္ထဲမွာ ဘုရားေက်ာင္းက ေခါင္းေလာင္းေတြလိုမ်ိဳး က်ယ္ေလာင္ကာ မနားတမ္းထြက္ေပၚလာတယ္။

'ဒီလိုလူမ်ိဳးကိုသာ တစ္သက္စာ ရလိုက္မယ္ဆိုရင္ ငါက ဘာေတြထပ္ဆုေတာင္းႏိုင္ေတာ့မွာလဲ?'

ဒီအေတြးေၾကာင့္ ကြၽန္ေတာ္ အံ့ဩလြန္းလို႔ စကားေတာင္မေျပာႏိုင္ျဖစ္သြားရေပမယ့္ ထပ္ၿပီးေတာ့လည္း မျငင္းဆန္ႏိုင္ေတာ့ဘူး။ ဒီလိုႏူးညံ့ေႏြးေထြးကာ အနည္းငယ္ခ်ိဳျမတဲ့အရသာက ကြၽန္ေတာ့္ႏွလုံးသားထဲထိ စိမ့္ဝင္သြားၿပီး ေနရာအျပည့္ယူလိုက္ၿပီျဖစ္တယ္။

ဒါမွမဟုတ္ ေျပာရမယ္ဆိုရင္ တကယ္ေတာ့ အဲ့တာက ဟိုးအရင္တည္းက မျမင္ရတဲ့တစ္ေနရာရာမွာ ရွိေနႏွင့္ၿပီးသားျဖစ္တယ္။

အဲ့တာေလးက အစကေတာ့ ေထာင့္တစ္ေနရာမွာ ေကြးေနၿပီး ေျခာက္ေသြ႕ကာအၾကမ္းထည္ေလးျဖစ္ေနေပမယ့္ တစ္ခါတစ္ေလ ပြတ္တိုက္လာတဲ့အခါမွာ ကြၽန္ေတာ့္ကို ဂနာမၿငိမ္ျဖစ္လာေစၿပီး ကြၽန္ေတာ့္ရဲ႕ဆႏၵေတြကို လိုက္ေလ်ာလိုက္ေတာ့မွသာ ျမန္ျမန္ဆန္ဆန္ ေပ်ာက္သြားတတ္တယ္။ အခုေတာ့ ေနာက္ဆုံး အဲ့တာက လႈပ္လႈပ္ရွားရွားျဖစ္လာကာ ႏူးညံ့ေလ်ာ့ရဲတဲ့တစ္စုံတစ္ရာအျဖစ္ ႀကီးထြားလာၿပီး လ်စ္လ်ဴရႈထားလို႔မရေလာက္တဲ့ ဧရာမေႏြးေထြးမႈႀကီးတစ္ခုအျဖစ္ ေျပာင္းလဲသြားေတာ့တယ္။ ထိုမွသာ ကြၽန္ေတာ္ ကိစၥေတာ္ေတာ္မ်ားမ်ားကို လႊတ္ခဲ့မိတယ္ဆိုတာ သိလိုက္ရတယ္။

သူ ငိုေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္ လ်စ္လ်ဴရႈခဲ့တယ္။ သူ တိတ္တိတ္ေလး ခံစားေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္ တစ္ခါေလးေတာင္ မႏွစ္သိမ့္ေပးခဲ့ဘူး။ သူ ေနမေကာင္းျဖစ္ေနခ်ိန္မွာ ကြၽန္ေတာ္ ဂ႐ုမစိုက္ခဲ့ဘူး။ ကြၽန္ေတာ္ သူ႔ကိုေမာင္းထုတ္ခဲ့တယ္၊ သူ႔ရဲ႕အေလးအနက္ရွိတဲ့ခံစားခ်က္ေတြအတြက္ ေအးစက္တဲ့စိမ္းကားမႈသာ ျပန္ေပးခဲ့တယ္။

ကြၽန္ေတာ္က ကိစၥေတြကို ႀကီးမားတဲ့အရႈပ္ထုပ္တစ္ခုအျဖစ္လုပ္ခဲ့ေပမယ့္ သူကေတာ့ အထြန႔္တက္တာမ်ိဳးမရွိဘဲ သူကိုယ္တိုင္ ေနမေကာင္းျဖစ္ေနခ်ိန္မွာေတာင္ ကြၽန္ေတာ့္ကို စိတ္ပူၿပီး ကြၽန္ေတာ့္ဆီ အေျပးအလႊားလာကာ ဂ႐ုစိုက္ေပးခဲ့ေသးတယ္။

ကြၽန္ေတာ္ကေတာ့ အၿမဲတမ္း တစ္ကိုယ္ေကာင္းဆန္စြာ ေရွာင္ေျပးေနခဲ့တယ္။ သူက ကြၽန္ေတာ့္အတြက္ အမ်ားႀကီးလုပ္ေပးခဲ့တာေတာင္ ကြၽန္ေတာ္ကေတာ့ သူ႔ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ၿပဳံးခြင့္ေလး တစ္ႀကိမ္ေတာင္ မေပးခဲ့မိဘူး။

ကြၽန္ေတာ္နဲ႔အတူ သယ္သြားႏိုင္ေအာင္ သူ႔ရဲ႕လက္စြပ္ေလးကို ကြၽန္ေတာ့္လည္ဆြဲမွာ ခ်ိတ္ထားလိုက္တယ္။ အဲ့လိုဆို ေရွ႕ေလွ်ာက္ သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဖို႔ အခြင့္အေရးရတဲ့အခါ အဲ့တာေလးကို သူ႔ဆီခ်က္ခ်င္းျပန္ေပးၿပီး ကြၽန္ေတာ့္ကို ျပဳစုေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာလို႔ရမွာျဖစ္တယ္။

ၿပီးရင္... ျပန္လာႏိုင္အုံးမလားဆိုတာကို ကြၽန္ေတာ္ေမးၾကည့္မယ္။

သူသာ ျပန္လာခ်င္စိတ္ရွိမယ္ဆိုရင္ သူ႔အေပၚ ဘယ္လိုမ်ိဳး နည္းနည္းပိုေကာင္းေပးရမလဲဆိုတာကို ကြၽန္ေတာ္ သင္ယူခ်င္မိတယ္။ [ T/N : မဆိုးပါဘူး နည္းနည္းတဲ့၊ သူ႔ေတာင္ ေက်းဇူးတင္ရမလို ]

_____

{Unicode}

[ အကျဉ်းချုပ် : သူ ပြန်လာချင်အုံးလားလို့ မေးလိုက်တယ် ]

•လော့ယွီချန်•

အလုပ်အတွက် ရှမင်ရှုက Los Angeles ကို ရက်ပိုင်းလောက် သွားဖို့လိုတာကြောင့် ကျွန်တော် အိမ်မှာ ကျန်နေခဲ့တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်မှာ ကျွန်တော် ဘာပဲလုပ်လုပ် တော်တော်လေး ဂနာမငြိမ်ဖြစ်နေခဲ့တယ်။

ဓာတ်ပုံတွေရိုက်တဲ့အချိန်မှာလည်း မပြုံးနိုင်ဘူး။ သူတို့ပြုံးစေချင်တိုင်း ကျွန်တော်က ဘာလို့ပြုံးပြရမှာလဲ? ဘာနေနေ ကျွန်တော်က အပြုံးတွေ ရောင်းစားနေတာမှမဟုတ်တာ အဲ့တာကို ဘာလို့ နည်းနည်းလောက်စိတ်ရှုပ်(မှုန်ကုတ်)နေလို့ မရတာလဲ?

အလုပ်ဆင်းတော့ ကျွန်တော် ဖန်းရှဲ့ယိကို တားလိုက်နိုင်ပေမယ့် သူက ရှောင်ဟန်းဘယ်လိုနေလဲဆိုတာ ကျွန်တော့်ကို ဘာမှ မပြောပြချင်ဖြစ်နေတယ်။

ကျွန်တော်က သူနဲ့ ဆယ်နှစ်တာ အတူရှိနေခဲ့ပေမယ့် အခုချိန်မှာ ရုတ်တရက်ကြီး သူ့အကြောင်းမေးပိုင်ခွင့်တောင် မရှိတော့ဘူး ဖြစ်သွားတယ်။

နောက်တစ်နေ့မနက်မှာ ကျွန်တော် သူ့ရဲ့လိပ်စာအသစ်ကို ရှာလိုက်နိုင်ပြီး သူ အဆင်ပြေရဲ့လားဆိုတာ ကျွန်တော်ကိုယ်တိုင် သွားစစ်ကြည့်လိုက်တာကမှ ပိုကောင်းအုံးမယ်လို့ ခံစားမိလိုက်တယ်။ သူ ခွဲစိတ်ထားတဲ့အတောအတွင်းမှာ သူနဲ့အတူနေသင့်တယ်လို့ ခံစားရတယ် မဟုတ်ရင် အဲ့တာက အရမ်းကို အကြင်နာတရားခေါင်းပါးတာဖြစ်သွားနိုင်တယ်။

သူကတော့ လက်ခံလောက်မှာ မဟုတ်ဘူး။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော် နည်းလမ်းတစ်ခုလောက်တော့ တွေးကြည့်ဖို့လိုတယ်၊ မဟုတ်ရင် ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။

ကျွန်တော် နံရံကို ကုတ်တက်ပြီး ဗီလာထဲ ဝင်လိုက်တယ်။ ဒုတိယထပ်မှာ ရှောင်ဟန်းရဲ့ပစ္စည်းတွေကို တွေ့ခဲ့ပေမယ့် တစ်ထပ်လုံး မွစာကြဲနေတယ်။

ကျွန်တော်နည်းနည်းတော့ ခံရခက်သွားတယ် _ ဒါတွေအားလုံးက သူတစ်ချိန်က တန်ဖိုးထားခဲ့တာတွေဖြစ်တယ်၊ အဲ့တာကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပေါ့ပေါ့တန်တန် မြန်မြန်ဆန်ဆန်ကြီး ထားခဲ့နိုင်ရတာလဲ? အခုလက်ရှိ ကျွန်တော်ကလည်း ဒီမှာရှိနေတဲ့ပစ္စည်းတွေနဲ့ တန်းတူပဲလား၊ နောက်ဆုံးတော့ သူ့ဆီကနေ အပြီးတိုင် စွန့်ပစ်ခြင်းခံလိုက်ရတာလေ?

ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းရယ်စရာကောင်းတယ်လို့ မြင်မိတယ်။

လူတစ်ယောက်ကို တခြားတစ်ယောက်က အချိန်အကြာကြီး တွယ်ကပ်နေခဲ့ရင် သူလည်း စိတ်ကြီးဝင်ပြီး ဘဝင်မြင့်သလို ခံစားလာရမယ်ဆိုတာ ထုံးစံပဲ။ ပြီးတော့ အဲ့ဒီအထင်ကြီးမှုနဲ့ စိတ်ဝင်စားမှုတွေအားလုံး ရုတ်တရက် ပျောက်ကွယ်သွားတဲ့အချိန်ကျရင်တော့ ဒါကို လက်ခံဖို့ ခဲယဉ်းနေအုံးမှာပဲဖြစ်တယ်။

ခရီးဆောင်အိတ်တွေပေါ်မှာခတ်ထားတဲ့ လော့ရဲ့လျှို့ဝှက်နံပါတ်က သူ့ရဲ့မွေးနေ့ဖြစ်နေတုန်းပဲ၊ အဲ့တာကြောင့် ကျွန်တော်လည်း အချိန်မကုန်ဘဲ အဲ့တာတွေကို ဖွင့်နိုင်လိုက်တယ်။

ခရီးဆောင်အိတ်တွေထဲမှာ ရှိနေတဲ့ပစ္စည်းပေါင်းများစွာကို ရေးတေးတေးနဲ့ ရင်းနှီးသလိုတော့ရှိတယ်။ ဒါတွေအားလုံးက ကျွန်တော် ဖျော်ဖြေပွဲတွေအတွင်းမှာ ဝတ်ခဲ့တဲ့အရာတွေဖြစ်ပြီး ချွတ်ပြီးတဲ့နောက်မှာ နောက်တစ်ကြိမ် ဘယ်တုန်းကမှ မတွေးမိခဲ့သလို အဆုံးမှာ သူက လိုက်စုဆောင်းထားတယ်ဆိုတာကိုလည်း ဘယ်တုန်းကမှ မသိခဲ့ဘူး။

ကျောက်စိမ်းလည်ဆွဲတစ်ကုံး၊ ငွေလက်စွပ် အစရှိသဖြင့် ချို့တဲ့သူတွေကို ကူညီပေးတဲ့ ပွဲတော်တွေမှာ ကျွန်တော် လှူခဲ့တာတွေအားလုံးလည်း ဒီမှာပဲ ပြိုးပြိုးပြက်ပြက်လက်ပြီး ရှိနေတယ်။ အဲ့တာတွေကို တစ်စုံတစ်ယောက်က အလွန်တရာခေါင်ခိုက်နေတဲ့ဈေးနဲ့ ဝယ်သွားတယ်ဆိုပြီး သတင်းရခဲ့ပြီး ဖြစ်ချင်တော့ အဲ့လူက ရှောင်ဟန်းဖြစ်နေခဲ့တယ်။

ကျွန်တော့်နှလုံးသားထဲမှာ ရှုပ်ထွေးတဲ့ခံစားချက်လှိုင်းလုံးတစ်ခုကို ခံစားမိလိုက်တယ်။

သူ ကျွန်တော့်ကို အရူးအမူးချစ်တယ်ဆိုတာကို အမြဲတမ်း သိနေခဲ့ပြီး အခုလို အထောက်အထားတွေကို ထပ်မြင်လိုက်ရတဲ့အခါ မနေနိုင်စွာ ကျေနပ်သလိုခံစားမိလိုက်သေးတယ်။ ဒါပေမယ့် အခုချိန်မှာ ဒီပစ္စည်းတွေအားလုံး ဒီလိုမျိုး အပစ်ခံထားရတယ်။ ဒါက သူ့ဘဝမှာ ကျွန်တော့်ကို ထပ်မတွေ့ချင်၊ ကျွန်တော်နဲ့သက်ဆိုင်တဲ့ ဘာကိုမဆို သိမ်းမထားချင်တော့ဘူးလို့ ဆိုလိုတာလား?

အရင်ကဆို သူ့ကိုအမြဲတွန်းထုတ်နေခဲ့တဲ့သူက ကျွန်တော်သာဖြစ်ခဲ့တယ်။

အခု နောက်ဆုံး သူက လွှတ်ပေးလိုက်တာတောင် ကျွန်တော်က စိတ်ဓာတ်တွေကျပြီး ပြဿနာလုပ်နေတယ်။ တကယ်ပဲ ကျွန်တော့်မှာ ပြဿနာတစ်ခုရှိနေပြီ။

ခရီးဆောင်အိတ်ရဲ့အောက်ခြေမှာ အနုစိတ်ပုံဖော်ထားတဲ့ ကြက်သွေးနီရောင် ဖဲရတနာဘူးလေးတစ်ခု ရှိနေတယ်။ ကျွန်တော် ဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ ဘာရှိနေတယ်ဆိုတာ တွေ့လိုက်ရတယ်။

****

လက်စွပ်တစ်ကွင်း၊ အထဲမှာ စကားလုံးတချို့ ထွင်းထားတဲ့လက်စွပ်တစ်ကွင်း၊ ကျွန်တော့်ရဲ့မွေးနေ့တစ်ခုမှာ လက်ဆောင်အဖြစ်ပေးခဲ့တာမျိုးဖြစ်တယ်။

ဟိုးအရင်တည်းက အဲ့တာကို ဂရုမစိုက်ဘဲ ပစ်လိုက်မိသွားပြီလို့ ထင်ထားခဲ့ပေမယ့် သူက ဒါလေးကို သူ့ဖာသာ ဘေးကင်းတဲ့နေရာမှာ ဖွက်ထားတယ်ဆိုတာကို ကျွန်တော် သတိမထားမိခဲ့ဘူး။

ကျွန်တော် အဲ့တာလေးကိုမြှောက်ကိုင်ပြီး အလင်းရောင်ထဲမှာ စူးစမ်းကြည့်လိုက်တယ်။ ရုတ်တရက် ကျွန်တော့်လက်ထဲက လက်စွပ်သေးသေးလေးက အလွန်တရာလေးလံလာတယ်။ ကျွန်တော်တောင် မကိုင်ထားနိုင်လောက်တော့တဲ့အထိကို လေးလံလာတယ်။

အထဲမှာ ရေးထိုးထားတဲ့စကားလုံးတွေက ကျွန်တော် အရင်ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ စကားလုံးတွေဖြစ်တယ်။

"H love C forever" _ ရှောင်ဟန်းက လော့ယွီချန်ကို ထာဝရချစ်သွားမယ်။

ဒါက သူကျွန်တော့်ကို လက်ဆောင်ပေးခဲ့တဲ့ လက်စွပ်မဟုတ်ဘူး!

သူ ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တဲ့လက်စွပ်နဲ့ ချွတ်စွပ်တူတယ်ဆိုပေမယ့် အထဲမှာ ထိုးထားတာက "Love from H" ဖြစ်တယ်။ လက်စွပ်က အတွဲလိုက်ထဲကတစ်ခုဆိုတာကို သူ ကျွန်တော့်ကို ဘယ်တုန်းကမှ မပြောပြခဲ့ဘူး။

ဒီလိုရိုးရှင်းပြီးနှစ်လိုဖွယ်ကောင်းတဲ့ ပလက်တီနမ်မျိုးက လက်ထပ်လက်စွပ်တစ်စုံနဲ့တူတယ်...

သူကဘာလို့ လက်စွပ်တွေထဲကတစ်ခုကို တိတ်တိတ်လေး ဝှက်ထားရတာလဲ?

အရင်ကဘာဖြစ်လို့ လုံးဝမပြောပြခဲ့တာလဲ!

ကျွန်တော့်နှလုံးသားက ပြည့်ကျပ်လာသလိုခံစားရပြီး ကျွန်တော့်လည်ချောင်းကလည်း ခါးသက်မှုတို့နဲ့ တစ်ဆို့နေကာ ဟန်မပျက်အောင်ထိန်းဖို့ ခက်ခဲနေတော့တယ်။

ကျွန်တော်အမြဲတမ်း ဘူးခံငြင်းပြီး ကျွန်တော့်အပေါ် ရှောင်ဟန်းရဲ့ခံစားချက်တွေက အစွဲအလမ်းနဲ့ မှားယွင်းတဲ့တောင့်တမှုသာဖြစ်တယ်လို့ တွေးခဲ့တယ်။ သူ ကျွန်တော့်ကို မရနိုင်တဲ့အတွက်ကြောင့် သူက ကျွန်တော့်ကိုပဲ မရမက တွယ်ကပ်နေတာဖြစ်တယ်လို့ တွေးခဲ့တယ်။ ကျွန်တော် ပေးလိုက်တဲ့အချိန်ကျရင်၊ ကျွန်တော် သူ့ကို ချစ်လာတဲ့အချိန်ကျရင် ဒါတွေအားလုံး ပြီးသွားလိမ့်မယ်လို့ တွေးခဲ့တယ်။

ဒါပေမယ့် အခုချိန်မှာ ဒီလိုကြီးလေးတဲ့ခံစားချက်ပြဇာတ်နဲ့ ကြုံလိုက်ရတဲ့အခါ ကျွန်တော့်ဆီမှာ ကျန်ခဲ့တဲ့တစ်ခုတည်းသောအရာဆိုလို့ တိတ်ဆိတ်မှုသာဖြစ်တယ်။

ကျွန်တော်တို့ချုပ်ခဲ့တဲ့ စာချုပ်က ကျွန်တော်တို့ ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ့်ရှစ်နှစ်အထိသာဖြစ်တယ်။ သူက သူကျွန်တော့်ကိုချစ်ကြောင်း မကြာခဏပြောလေ့ရှိပေမယ့် ကျွန်တော်ကတော့ ဒီတိုင်းပြက်လုံးတစ်ခုအဖြစ်သာ သဘောထားခဲ့ပြီး နှစ်တွေကြာလာလို့ ကျွန်တော့်ရဲ့ထက်မြက်မှုတွေ ဆုံးရှုံးလာပြီး အရောင်အဝါတောက်ပမှု လျော့ကျလာတဲ့အခါ သူကလည်း ပိုကောင်းတဲ့တစ်စုံတစ်ယောက်ကို သွားရှာမှာပဲလို့ တွေးခဲ့တယ်။ [ T/N : ကိုယ့်အချစ်တန်ဖိုးကို နားမလည်တဲ့သူကိုမှ ချစ်မိခဲ့တဲ့ ရှောင်ဟန်းလေး ]

လော့ယွီချန်ဆိုတဲ့ကျွန်တော့်အပေါ်ထားရှိတဲ့ 'ထာဝရ'ဆိုတာကို သူ့ဖာသူ ဖွက်ထားလိုက်ပြီး ကျွန်တော့်ကို 'ရှောင်ဟန်းရဲ့အချစ်'ပေးအပ်ပြီး အစောပိုင်းတည်းက ဒီလိုကတိကဝတ်မျိုး တိတ်တိတ်လေး ရေးထိုးထားမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးခဲ့မိဘူး။

ကျွန်တော့်ရဲ့စုံလုံးကန်းမှုတွေနဲ့ လျစ်လျူရှုမှုတို့က သူ့ရဲ့ခံစားချက်တွေကို ရေစုန်မြောစေတယ်။

ဒီအိမ်မှာ စွန့်လွှတ်မှုနဲ့ အဖော်မဲ့မှုအငွေ့အသက်တစ်ခု ပြည့်နှက်နေပြီး ရှောင်ဟန်းက ဒီနေရာကို ထပ်ပြီး ပြန်လာမှာမဟုတ်မှန်း ကျွန်တော်သိနေတယ်။

ကျွန်တော့်ကားဆီပြန်တဲ့လမ်းမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က အင်တာနက်ပေါ်ကနေ ရှာဖွေခဲ့တဲ့ Leukemia အကြောင်း အချက်အလက်တွေကို ကျွန်တော် တွေးနေမိတယ်။

ကျွန်တော်ရှာတွေ့ခဲ့တာက ကျွန်တော့်နှလုံးသားကို မွန်းကြပ်စေတယ်။ နာမကျန်းဖြစ်တဲ့သူတွေက အစောပိုင်းလက္ခဏာတွေ ပြတတ်တယ် _ ရှောင်ဟန်းက အမြဲတမ်း ကျန်းကျန်းမာမာရှိတဲ့လူမျိုးဖြစ်ပေမယ့် ခုတလော သူက မကြာခဏဆိုသလို ရင်ဘတ်နာတာတွေနဲ့ အရိုးအဆစ်နာတာတွေ ဖြစ်တတ်တယ်၊ ကျွန်တော်ကတော့ လုံးဝကို ပစ်ပစ်ခါခါလုပ်ခဲ့မိတယ်၊ အဲ့တာက ဒူလာဆိုတာမျိုး အချိန်မတိုင်ခင် အိုမင်းရင့်ရော်လာတဲ့ရလဒ်မျိုး စသဖြင့်ပြောဆိုပြီး လှောင်ပြောခဲ့မိသေးတယ်။

သူကတော့ ရိုးရိုးလေး ခါးသက်စွာပြုံးပြီးတော့သာ တိတ်တိတ်လေး အောင့်ခံနေတတ်တယ်။

သူ့ကို ကျွန်တော် နည်းနည်းလေးပိုပြီး အလေးထားခဲ့သင့်တယ်။ သူ့ဘေးမှာ နည်းနည်းလေးကြာအောင် နေပေးခဲ့သင့်တယ်။

သူကတော့ တစ်ခွန်းမှ မပြောခဲ့ဘူး။ မဟုတ်မှ... သူ့ဆီမှာ ကျွန်တော့်ကိုပြောစရာ ဘာမှမကျန်တော့တာလား?

ဒီဆယ်နှစ်အတွင်းမှာ ကျွန်တော့်ရဲ့ပြုမူနေထိုင်မှုကအမြဲတမ်း တစ်ပုံစံတည်းဖြစ်ပြီး သူ့ကို ဆက်တိုက် စိတ်ဓာတ်ကျအောင်လုပ်ကာ သူ စိတ်ပျက်တော့မလိုဖြစ်လာတဲ့အချိန်ကျရင်တော့ မျှော်လင့်ချက်လေးနည်းနည်း ပေးလိုက်တယ်။

သကြားလုံးတစ်ခုစီတိုင်းအတွက် ကြိမ်ဒဏ်ဆယ်ချက်ပေးပြီး ပိုပြီးချိုမြိန်လေ ပိုပြီးစိတ်သောကရောက်ရလေဆိုတဲ့ သံသရာကိုပဲ ကျွန်တော်က ထပ်ခါထပ်ခါ လုပ်ပေးခဲ့မိတယ်။

သူက ဉာဏ်ပြေးတဲ့လူတစ်ယောက်ဖြစ်ပေမယ့် အရာအားလုံးကို ထွင်းဖောက်မမြင်နိုင်ခဲ့ဘူး။ အဲ့လိုနဲ့ပဲ သူက ဘာမှမတွေးရဲ၊ ဘာမှ မပြောရဲတော့ဘဲ သူ ဒီလိုမျိုး အကြီးအကျယ်နေမကောင်းဖြစ်တဲ့အချိန်မှာတောင် ပြန်လည်ချေပတဲ့စကားလေးတစ်ခွန်း မပြောနိုင်တဲ့အထိပဲ။

တကယ်တော့ ကျွန်တော်... သူ့ကို ဒီလောက်အနေအထားအထိ တွန်းမပို့ချင်ခဲ့ဘူး။

ကျွန်တော့်အစာအိမ်က နည်းနည်းနာနေတယ်။ ကိုယ့်ကိုယ်ကို အားတင်းပြီး တံခါးကို ဖြတ်လာခဲ့ပေမယ့် ဒါက ကြီးကြီးမားမားကိစ္စတစ်ခုတော့ မဖြစ်လောက်ဘူးလို့ ခံစားမိတယ်။

ကျွန်တော့်အစာအိမ်က မွေးရာပါမကောင်းပေမယ့် ရှောင်ဟန်းရဲ့စောင့်ရှောက်မှုတွေအောက်မှာ ကောင်းကောင်းမွန်မွန် ရှိလာခဲ့တာ ဆယ်နှစ်နီးပါးလောက်တောင် ဖြစ်နေပြီ၊ ဒီလိုမှားယွင်းတဲ့ခံစားချက်မျိုးကို ကျွန်တော်ဟိုးတုန်းကတည်းက ကျင့်သားရခဲ့တယ်။ ကျွန်တော့်စိတ်အခြေအနေကလည်း တော်တော်လေးဆိုးဝါးနေတာကြောင့် ဘီယာတချို့ကို တဂျုတ်ဂျုတ်နဲ့ သောက်ချလိုက်တော့တယ်။

ဒီတစ်ခေါက်မှာ ကျွန်တော့်ရဲ့အစာအိမ်နာကျင်တာတွေက အပြင်းအထန်ထိုးတက်လာလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး။ ကျွန်တော့်အစာအိမ်ထဲမှာ တစ်စုံတစ်ခုရှိနေပြီး အဲ့တာက ခွဲထွက်နိုင်အောင် အသည်းအသန် ကြိုးစားနေသလိုမျိုးဖြစ်နေတယ်။ အဲ့တာက ကျွန်တော့်ကို မူးဝေအော့အန်ချင်စေပြီး ဆိုဖာပေါ် မျက်နှာအပ်လျက်သား လဲကျသွားတော့တယ်။

ကျွန်တော်လဲကျသွားပြီးနောက်မှာ ပိုလို့တောင် နေလို့ထိုင်လို့မကောင်း ဖြစ်လာတယ်။ ကျွန်တော့်အစာအိမ်ကို ဓားတစ်ချောင်းနဲ့ ရက်ရက်စက်စက် ပိုင်းဖြတ်နေသလိုမျိုး ခံစားနေရပြီး အကြိမ်အနည်းငယ် အန်ချလိုက်ပေမယ့် နာကျင်မှုက မယုံနိုင်လောက်အောင်ဖြစ်နေဆဲပဲ။

ကျွန်တော် တအားအေးလာပြီး ကျွန်တော့်အစာအိမ်ပေါ်ကလက်က ရေခဲတမျှအေးစက်နေပြီး နာကျင်နေတဲ့ဆီကို ထိုးဖောက်နေသလိုမျိုး ဖြစ်နေပေမယ့် လက်ကို မလွှတ်လိုက်နိုင်တာကြောင့် ကွေးပြီး တုန်ရီနေတော့တယ်။

ကျွန်တော့်သွားတွေပါ တဆတ်ဆတ်တုန်လာချိန်မှာ မနက်ပိုင်းဆို ရှောင်ဟန်းက အမြဲတမ်း နွားနို့ပူပူလေးတစ်ခွက် ကျိုပေးတတ်တာကို သတိရသွားတယ်။ တစ်နေ့ပြီးတစ်နေ့ ကျွန်တော့်အစာအိမ်အတွက် ဒီလိုနွေးထွေးမှုမျိုးကို လျစ်လျူရှုခဲ့ပြီး ဒီလောက်ထိ နာကျင်၊ အေးစက်ပြီး အထီးကျန်လာတော့မှသာ ကျွန်တော် သူ့ကို ဒီလောက်ထိ လိုအပ်တယ်ဆိုတာကို သတိထားမိလာတယ်။

သူက အစားအသောက်စာရင်းတစ်ခုကိုင်ထားပြီး ထိုအပေါ်မှာ အနီရောင်ဘောပင်နဲ့ ဂရုတစိုက်မှတ်သားကာ ကျွန်တော့်ရဲ့ချေးများမှုတွေကို တင်းကျပ်စွာ ထိန်းချုပ်တတ်တယ် : မနက်ခင်းတိုင်းနဲ့ ညခင်တိုင်းမှာ သူက နွားနို့တစ်ခွက်ကို နွှေးတတ်ပြီး တစ်ခါတစ်လေ ဂျင်းပြုတ်ရည်တချို့ထည့်ကာ ဒါက ကျွန်တော့်ရဲ့အစာအိမ်အတွက် ကောင်းတယ်လို့ ပြောတတ်တယ်။

ကျွန်တော် သောက်စားရတဲ့ပါတီပွဲတွေက ပြန်လာတဲ့အချိန်ဆို အယ်လ်ကိုဟောတွေ ရှင်းထုတ်ဖို့အတွက် အထူးဖျော်ရည်တစ်ခွက်လုပ်ပေးပြီးနောက် ကျွန်တော့်ကို သူ့ရဲ့ပုခုံးပေါ် မှီခိုင်းကာ ကျွန်တော့်ဗိုက်ပေါ်က မသက်မသာဖြစ်နေတဲ့နေရာတွေကို ကူပြီးနှိပ်နယ်ပေးတယ်။ သူ့လက်တွေက သိပ်ကိုနွေးထွေးတာကြောင့် အမြဲတမ်းဆိုသလို လူတွေကို စိတ်သက်သာရာရစေတယ်။

ဒါပေမယ့် အခုချိန်မှာတော့...

သူ ထွက်သွားခဲ့ပြီ၊ ကျွန်တော့်ကို ထပ်ပြီး ဂရုစိုက်တော့မှာမဟုတ်ဘူး။

ဒါက တကယ့်ကို ကျွန်တော် ပျိုးချခဲ့တာကို ကျွန်တော် ပြန်ရိတ်သိမ်းနေရတာပဲ။ သူ့ကို မောင်းထုတ်လိုက်တဲ့သူက ကျွန်တော်ဖြစ်နေတာကြောင့် အခုချိန်မှာ ဝေဒနာခံစားနေရလည်း ကျွန်တော်တစ်ယောက်တည်းသာ သည်းခံရမှာဖြစ်တယ်။

ကျွန်တော် တွေးရင်းနဲ့ စိတ်ထဲကနေ ခါးသက်စွာ တစ်ချက်ရယ်လိုက်တယ်။ ကျွန်တော် သူ့ကိုလိုအပ်တဲ့အချိန်ကျမှ သူ့အကြောင်းကို တွေးမိတယ်၊ ကျွန်တော် ဒီလောက်တောင် အသုံးမကျတာလား?

သူမရှိတော့ ဒီလိုမျိုး ဘာမဟုတ်တဲ့ညလေးတစ်ညကိုတောင် မကျော်ဖြတ်နိုင်တာကို ကျွန်တော် ယုံတောင်မယုံချင်ဘူး။

သို့ပေမယ့် ခဏလောက်သာ အားထုတ်ရသေးတယ် စူးရှတဲ့နာကျင်မှုကြောင့် ကျွန်တော် နေရာကနေ ပြုတ်ကျသွားတော့တယ်။

သူ ကျွန်တော့်ဘေးမှာ ရှိနေဖို့ ကျွန်တော် တကယ့်တကယ်ကို စတင်ဆုတောင်းမိလာတယ်။ သူ ဘာမှမလုပ်ရင်တောင်မှ၊ သူလုပ်တာဆိုလို့ ကျွန်တော့်ကို သူ့လက်လေး ပေးကိုင်ထားတာပဲ ရှိတယ်ဆိုရင်တောင်မှ။

ကျွန်တော့်ရဲ့တုံးအမှုကို အပြစ်တင်မယ်ဆိုရင်တောင်မှ၊ ကျွန်တော့်ရဲ့ အကူအကယ်မဲ့မှုကို လှောင်ပြောင်သရော်မယ်ဆိုရင်တောင်မှ၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။

လူတစ်ယောက် နေမကောင်းတဲ့အချိန်ဆို ပိုပြီးအားနည်းလာတာက ထုံးစံဖြစ်ပြီး ကျွန်တော်လည်း အားနည်းလွန်းနေတာကြောင့် သူ့အကြောင်းတွေးနေမိတဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင် သုတ်တီးသုတ်ပြာအတွေးတွေကို ဘယ်လိုမှ ထိန်းချုပ်ထားလို့မရတော့ဘူး။

အဆုံးမရှိအောင် အချိန်အကြာကြီး လူးလှိမ့်လိုက်ရပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့အားအင်တွေအားလုံး ကုန်ခမ်းသွားပေမယ့် ကျွန်တော့်ရဲ့ဗိုက်ကတော့ လှိမ့်နေအောင် နာနေဆဲပဲ။ ကျွန်တော် ကြမ်းပြင်ပေါ်မှာ ဘယ်တုန်းက လှဲနေမိခဲ့မှန်းတောင် မသိတော့ဘူး။ ကျွန်တော့်ရဲ့နှဖူးက သွေးထွက်နေပြီး မျက်လုံးတွေကလည်း မှုန်ဝါးဝါးအရောင်တွေသာ မြင်ရတော့တယ်။ တစ်စုံတစ်ရာက ကျွန်တော့်ရင်ဘတ်ကို ဖိချထားသလို ခံစားရပြီး အသက်ရှုရတာ အတော်လေးခက်ခဲလာတယ်။

ကျွန်တော်... ဒီတိုင်းကြီး ဒီလိုမျိုး သေသွားမှာ မဟုတ်ပါဘူးနော်။

သတိရတစ်ချက် မရတစ်ချက်အခြေအနေမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပွေ့ဖက်လိုက်တာကို ခံစားမိလိုက်တယ်။

ထိုလူရဲ့အငွေ့အသက်က အလွန်ကိုရင်းနှီးကျွမ်းဝင်နေပြီး သူ့အပေါ် ကျွန်တော့်ကိုမှီခိုင်းထားပြီး တစ်ခုခု သောက်ခိုင်းနေတယ်။ နွေးထွေးမှုက ကျွန်တော့်ရဲ့အစာအိမ်ထဲ ဖြည်းဖြည်းချင်းစီးဆင်းသွားပြီး ကျွန်တော့်ရဲ့ခြေလက်လေးချောင်းလုံးဆီ ဖြန့်ကျက်သွားတယ်။ ကျွန်တော့်ရဲ့ ခြောက်သွေ့နေပြီဖြစ်တဲ့ မျက်လုံးတွေမှာလည်း မျက်ရည်တွေတောင် စတင်စုဝေးလာတယ်။

ငါ အရမ်းနာကျင်နေတယ်၊ အရမ်းအေးနေတယ်၊ မင်းက ပေါ်လာဖို့ ဘာလို့ဒီလောက်တောင် ကြာနေခဲ့ရတာလဲ? ကျွန်တော့်နှလုံးသားထဲမှာ မကျေနပ်ချက်တွေ ပြည့်နှက်နေတယ်။ ကျွန်တော့်ဘေးမှာ သူရှိနေတဲ့ခံစားချက်က သိပ်ကိုညင်သာပြီး နွေးထွေးလွန်းတာကြောင့် ကျွန်တော့်မျက်ရည်တွေတောင် တော်တော်လေးစီးကျနေပြီဆိုတာ ခံစားမိတယ်။

သူ ကျွန်တော့်ဘေးမှာ ရှိနေတယ်၊ ဘာမှ မပြောင်းလဲသွားဘူး။

ဒါက... ကောင်းလိုက်တာ။ ကျွန်တော် ဘာမှထပ်မတွေးချင်တော့ဘူး။

ဒီအတိုင်းလေးပဲ... အမြဲတမ်း ကျွန်တော့်ဘေးမှာဆို ကောင်းမယ်။

နာကျင်မှုက အများကြီးလျော့ကျသွားပြီး ငိုက်မြည်းမှုက ကျွန်တော့်ဆီ တိုးဝင်လာတယ်။ သူက ထိုင်ကာ ဆိုဖာကို မှီထားတယ်။ သူ ကျွန်တော့်ဘေးမှာရှိနေတယ်၊ လက်တစ်ကမ်းစာ နေရာလေးမှာပဲ၊ အဲ့တာကြောင့် ကျွန်တော်လည်း စိတ်အေးလက်အေးနဲ့ မျက်လုံးမှိတ်လိုက်တော့တယ်။

နောက်တစ်နေ့ ကျွန်တော်နိုးလာတဲ့အချိန်မှာ ကျွန်တော့်ခန္ဓာကိုယ်က နွမ်းလျနေတဲ့အနေအထားမှာပဲ ရှိသေးတယ်။

ကျွန်တော် ထထိုင်လိုက်ပြီး ရှမင်ရှုတောင် ပြန်ရောက်နေပြီဆိုတာ တွေ့လိုက်ရတယ်။

စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြတ်ခနဲပေါ်လာတဲ့ ခံစားချက်ကဘာလဲ? စိတ်ပျက်သွားတာလား? ကျွန်တော် ဒါကို သတိထားမိလိုက်တဲ့အချိန်မှာ ကျွန်တော့်နှလုံးသားက အခိုက်အတန့်တစ်ခုလောက် တဒုတ်ဒုတ်ခုန်သွားတယ် _ ကျွန်တော်က ဘာကို စိတ်ပျက်သွားတာလဲ?

မနေ့ညက... ထူးခြားပြီးယုတ္တိမရှိတဲ့အိမ်မက်တစ်ခုကို ကျွန်တော်မက်ခဲ့တာလား?

အိမ်မက်ထဲမှာ ကျွန်တော်က ရှောင်ဟန်းရှေ့မှာ အတော်လေးဝမ်းနည်းပက်လက်ငိုခဲ့ပုံရပေမယ့် ကျွန်တော်ဗိုက်ထဲက ခပ်ဖျော့ဖျော့နာကျင်မှုကြောင့် ထိုအိမ်မက်က သူမတူအောင် အစစ်နဲ့တူနေတယ်လို့ ခံစားမိတုန်းပဲ။ ကျွန်တော် ဝေခွဲမရဖြစ်ကာ ရှမင်ရှုကို စိုက်ကြည့်ပြီး သူ့မျက်နှာကနေ တစ်ခုခုဖတ်လို့ရမလားဆိုတာ သိချင်ပေမယ့် သူကတော့ အပြစ်ကင်းပြီး နွမ်းလျနေတဲ့အပြုံးလေးတစ်ခုသာ ထုတ်ပြလာတယ်။

ကျွန်တော်လည်း သတိလက်လွတ်နဲ့ ရှောင်ဟန်း အရင်နေခဲ့တဲ့အခန်းဆီကို သွားကြည့်လိုက်တယ်။ ထိုနေရာက ကျွန်တော် ဆယ်နှစ်တိုင်တိုင် မြင်တွေ့ခဲ့တဲ့ ဟောင်းနွမ်းပြီး ငြီးငွေ့စရာကောင်းတဲ့ ပရိဘောဂတွေ ရှိလောက်မယ်လို့ ခံစားမိခဲ့ပေမယ့် ထိုအစား ကျွန်တော့်မျက်စိရှေ့မှာ ကြောက်စရာကောင်းလောက်အောင် ဗလာအလွတ်ကြီးသာရှိနေတယ်။ လုံးဝကို ကွဲပြားနေတဲ့ကမ္ဘာကြီးတစ်ခုလို၊ ရှောင်ဟန်းဆိုပြီးသိထားတဲ့ လူတစ်ယောက် လုံးဝမရှိခဲ့ဖူးတဲ့ ကမ္ဘာကြီးတစ်ခုလို၊ ဒီတစ်သက် သူ့ကို ကျွန်တော် ဘယ်တော့မှ ရှာလို့မရနိုင်တော့မလိုဖြစ်နေတယ်။

ဒီလို 'တစ်သက်တာ'မျိုးကို ကျွန်တော် တွေးမိလိုက်ချိန်မှာ အေးစက်မှုတစ်ခုက ပလုံစီပြီး ထွက်လာပြန်တယ်။

စိုးရိမ်ပူပန်မှုတစ်ခုက ကျွန်တော့်နှလုံးသားထဲမှာ အမြစ်တွယ်လာပြီး တဖြည်းဖြည်းချင်း ကြီးထွားလာတယ်။ ခုတလော သူနဲ့ပက်သက်တဲ့အရာတွေကို တွေးမိတိုင်းမှာ အတော်လေးနိမိတ်မကောင်းသလိုမျိုး ခံစားမိနေတယ်။ အဲ့တာ မကောင်းဘူးလို့ ကျွန်တော် ထင်မိတယ်။ တစ်နေ့နေ့တော့ ကျွန်တော်လည်း အမွှေးနံ့သာ သွားရှို့ရမယ်၊ ဒီလိုမျိုး ရံဖန်ရံခါပေါ်လာတဲ့ အဆိုးမြင်အတွေးတွေက ရှောင်ဟန်းအပေါ် တကယ် သက်ရောက်သွားမှာကို ခွင့်မပြုနိုင်ဘူး။

နေ့အချိန်တွေမှာ အတွေးများနေခဲ့ပြီး ညကျတော့ အိမ်မက်တစ်ခုအဖြစ် ပြောင်းသွားကာ သူကျွန်တော့်ဘေး ရောက်လာတယ်ဆိုပြီး မက်ခဲ့တာလို့ အစက ကျွန်တော်ထင်ခဲ့ပေမယ့် သူက တကယ်ကြီး မီးဖိုချောင်ထဲမှာ သဲလွန်စတစ်ခု ချန်ထားခဲ့တယ်။

ရှောင်ဟန်းချက်တဲ့ ထမင်းရည်(ဆန်ပြုတ်)မှာ အမြဲတမ်း ပြောင်းစေ့လေးတွေ ပါတတ်တယ်။ အစေ့အဆန်ငါးမျိုးက ဘဝမှာ မရှိမဖြစ်လိုတဲ့အစားအသောက်တွေဖြစ်တယ်လို့ သူပြောလေ့ရှိပြီး သူ့ရဲ့ဆန်ပြုတ်ဆို အမြဲတမ်း နူးညံ့စေးကပ်ကာ လတ်ဆတ်ပြီး အဂသာရှိတယ်။ သူ့လိုမျိုး ဘယ်သူမှမလုပ်နိုင်ဘူး။

ဒီအရသာက ကျွန်တော်ဘယ်တော့မှ မြည်းစမ်းလို့မရပ်နိုင်သလို ဒီဆယ်နှစ်အတွင်း စားချင်တာကို ဘယ်တော့မှ မရပ်နိုင်ခဲ့တာဖြစ်တဲ့အတွက် တစ်ဇွန်းတည်းနဲ့တင် သူ့လက်ရာမှာ သေချာပေါက် သိလိုက်တယ်။

မျက်တောင်တစ်ခတ်အတွင်း ကျွန်တော့်ခန္ဓာကိုယ်တစ်လျှောက် သွေးတွေလျင်မြန်စွာ စီးဆင်းနေတာကို အတိုင်းသား ခံစားမိနေပြီး လက်ချောင်းထိပ်တွေတောင် အနည်းငယ်တုန်လာတယ်။

ကျွန်တော်ဘယ်လိုမှ မလွန်ဆန်နိုင်တဲ့အသံတစ်သံက ကျွန်တော့်စိတ်ထဲမှာ ဘုရားကျောင်းက ခေါင်းလောင်းတွေလိုမျိုး ကျယ်လောင်ကာ မနားတမ်းထွက်ပေါ်လာတယ်။

'ဒီလိုလူမျိုးကိုသာ တစ်သက်စာ ရလိုက်မယ်ဆိုရင် ငါက ဘာတွေထပ်ဆုတောင်းနိုင်တော့မှာလဲ?'

ဒီအတွေးကြောင့် ကျွန်တော် အံ့ဩလွန်းလို့ စကားတောင်မပြောနိုင်ဖြစ်သွားရပေမယ့် ထပ်ပြီးတော့လည်း မငြင်းဆန်နိုင်တော့ဘူး။ ဒီလိုနူးညံ့နွေးထွေးကာ အနည်းငယ်ချိုမြတဲ့အရသာက ကျွန်တော့်နှလုံးသားထဲထိ စိမ့်ဝင်သွားပြီး နေရာအပြည့်ယူလိုက်ပြီဖြစ်တယ်။

ဒါမှမဟုတ် ပြောရမယ်ဆိုရင် တကယ်တော့ အဲ့တာက ဟိုးအရင်တည်းက မမြင်ရတဲ့တစ်နေရာရာမှာ ရှိနေနှင့်ပြီးသားဖြစ်တယ်။

အဲ့တာလေးက အစကတော့ ထောင့်တစ်နေရာမှာ ကွေးနေပြီး ခြောက်သွေ့ကာအကြမ်းထည်လေးဖြစ်နေပေမယ့် တစ်ခါတစ်လေ ပွတ်တိုက်လာတဲ့အခါမှာ ကျွန်တော့်ကို ဂနာမငြိမ်ဖြစ်လာစေပြီး ကျွန်တော့်ရဲ့ဆန္ဒတွေကို လိုက်လျောလိုက်တော့မှသာ မြန်မြန်ဆန်ဆန် ပျောက်သွားတတ်တယ်။ အခုတော့ နောက်ဆုံး အဲ့တာက လှုပ်လှုပ်ရှားရှားဖြစ်လာကာ နူးညံ့လျော့ရဲတဲ့တစ်စုံတစ်ရာအဖြစ် ကြီးထွားလာပြီး လျစ်လျူရှုထားလို့မရလောက်တဲ့ ဧရာမနွေးထွေးမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။ ထိုမှသာ ကျွန်တော် ကိစ္စတော်တော်များများကို လွှတ်ခဲ့မိတယ်ဆိုတာ သိလိုက်ရတယ်။

သူ ငိုနေတဲ့အချိန်မှာ ကျွန်တော် လျစ်လျူရှုခဲ့တယ်။ သူ တိတ်တိတ်လေး ခံစားနေတဲ့အချိန်မှာ ကျွန်တော် တစ်ခါလေးတောင် မနှစ်သိမ့်ပေးခဲ့ဘူး။ သူ နေမကောင်းဖြစ်နေချိန်မှာ ကျွန်တော် ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော် သူ့ကိုမောင်းထုတ်ခဲ့တယ်၊ သူ့ရဲ့အလေးအနက်ရှိတဲ့ခံစားချက်တွေအတွက် အေးစက်တဲ့စိမ်းကားမှုသာ ပြန်ပေးခဲ့တယ်။

ကျွန်တော်က ကိစ္စတွေကို ကြီးမားတဲ့အရှုပ်ထုပ်တစ်ခုအဖြစ်လုပ်ခဲ့ပေမယ့် သူကတော့ အထွန့်တက်တာမျိုးမရှိဘဲ သူကိုယ်တိုင် နေမကောင်းဖြစ်နေချိန်မှာတောင် ကျွန်တော့်ကို စိတ်ပူပြီး ကျွန်တော့်ဆီ အပြေးအလွှားလာကာ ဂရုစိုက်ပေးခဲ့သေးတယ်။

ကျွန်တော်ကတော့ အမြဲတမ်း တစ်ကိုယ်ကောင်းဆန်စွာ ရှောင်ပြေးနေခဲ့တယ်။ သူက ကျွန်တော့်အတွက် အများကြီးလုပ်ပေးခဲ့တာတောင် ကျွန်တော်ကတော့ သူ့ကို ပျော်ပျော်ရွှင်ရွှင် ပြုံးခွင့်လေး တစ်ကြိမ်တောင် မပေးခဲ့မိဘူး။

ကျွန်တော်နဲ့အတူ သယ်သွားနိုင်အောင် သူ့ရဲ့လက်စွပ်လေးကို ကျွန်တော့်လည်ဆွဲမှာ ချိတ်ထားလိုက်တယ်။ အဲ့လိုဆို ရှေ့လျှောက် သူနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ အခွင့်အရေးရတဲ့အခါ အဲ့တာလေးကို သူ့ဆီချက်ချင်းပြန်ပေးပြီး ကျွန်တော့်ကို ပြုစုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလို့ရမှာဖြစ်တယ်။

ပြီးရင်... ပြန်လာနိုင်အုံးမလားဆိုတာကို ကျွန်တော်မေးကြည့်မယ်။

သူသာ ပြန်လာချင်စိတ်ရှိမယ်ဆိုရင် သူ့အပေါ် ဘယ်လိုမျိုး နည်းနည်းပိုကောင်းပေးရမလဲဆိုတာကို ကျွန်တော် သင်ယူချင်မိတယ်။ [ T/N : မဆိုးပါဘူး နည်းနည်းတဲ့၊ သူ့တောင် ကျေးဇူးတင်ရမလို ]


_____

Thanks 🌹

Continue Reading

You'll Also Like

35.1K 2K 12
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
1.5M 30.5K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
137K 10.6K 193
acc ထဲမှာ 1 ရှိပါတယ်
300K 22.6K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...