unicode
အပိုင်း ၉
လုရှန်းကျစ်နှင့်ယဲ့ကျန်းတို့ လမ်းလျှောက်နေချိန်တွင် သူတို့ဖိနပ်ပါးမှ သစ်သားကြမ်းပြင်ပေါ် ထိခတ်သံကသာ ထွက်ပေါ်နေခဲ့သည်။ သူတို့၏ ရင်ခုန်နှုန်းက မြန်ဆန်နေခဲ့ကာ မသက်မသာ ခံစားနေရ၏။ စံအိမ်၏အပေါ်ထပ်အစွန်းသို့ ခြေချလိုက်ချိန်တွင် ယဲ့ကျန်း အရှိန်နှုန်းကို နှေးကွေးလိုက်ပြီး လုရှန်းကျစ်ကဲ့သို့ ခပ်အေးအေးလမ်းလျှောက်နေသူနှင့် ခြေနှစ်လှမ်းခန့် ခွာထားလိုက်သည်။
သူတို့ ရောက်သွားသောအခါ အသက် ၅၀၊ ၆၀ ခန့် အရွယ်ရှိသော အဖွားကြီး တစ်ယောက်က အဓိကထိုင်ခုံတွင် ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူမ၏ဆံပင်က နက်မှောင်ကာ တောက်ပနေ၏။ ဘေးဘက်တွင်ရှိသော သားမွှေးထိုင်ခုံများကိုမူ လုရှီမင်နှင့်ဖေးရှီတို့က နေရာယူထားသည်။ အဖွားအိုကြီးနှင့်အနီးဆုံးနေရာကို လုရှီမင်က နေရာယူထားပြီး ရယ်မောကာ စကားပြောနေကြ၏။
ယဲ့ကျန်းတို့ ဝင်သွားသည်နှင့် ခေါင်းများက လှည့်လာကာကြည့်ကြသည်။ သူမက တည်ငြိမ်စွာဖြင့် အရိုအသေပြုလိုက်၏။
“အာ ဒါက မင်းတို့ပြောတဲ့ နည်းနည်းရိုင်းတယ်ဆိုတဲ့ ကလေးလေးလား၊ အံ့အားသင့်စရာကောင်းလောက်အောင် ယဉ်ကျေးသိမ်မွေ့ပြီး ဉာဏ်ကောင်းမဲ့ ပုံလေးပါပဲ”
သခင်မကြီးလုက ပြောသည်။
သူမက မျက်နှာတွင် အသိအမှတ်ပြုသော အပြုံးမျိုးဖြင့် ကြည့်နေ၏။ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သောအခါ လုလင်ကျစ်ကို ယဲ့ကျန်း မမြင်ရပေ။
သူ ဘာလို့မရှိတာလဲ။
ယဲ့ကျန်း၏တင်းကြပ်နေသော စိတ်အခြေအနေက အနည်းငယ် အေးဆေးသွားသည်။ သူ့ကို သူမက တွေ့ရမည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သူမ၏မုန်းတီးမှုကြောင့် လက်ရှိအနေအထားကို မေ့လျော့ပြီး တစ်စုံတစ်ရာကို လုပ်လိုက်မိမည်ကို သူမ စိုးရိမ်မိ၏။ ဒါက ချိန်ကိုက်ဗုံးကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သူ့ရှေ့တွင် မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။
ယဲ့ကျန်းက အတွေးနက်သွားကာ သခင်မကြီးလု၏မေးနေသောစကားကို မကြားလိုက်ပေ။ ထို့ကြောင့် ဖေးရှီက ညင်သာစွာ သူမကို ထူရန်ပြင်နေရာမှ မမျှော်လင့်ထားဘဲ ချီးကျူးသံကြောင့် ရှက်ရွံ့စွာပြုံးလိုက်သည်။
“ဒီကလေးမလေးက နယ်မြို့လေးက လာတာဆိုတော့ လောကကြီးကို သိပ်မြင်ဖူးတာမဟုတ်ဘူး၊ နောက်ပြီး ဖျားနာနေတာနဲ့ အခုမှသက်သာလာခဲ့တာပါ”
လုရှီမင်က ယဲ့ကျန်းက မတုံ့ပြန်ကြောင်း မြင်သောအခါ သခင်မကြီးလုကို ပြောပြလိုက်သည်။
သခင်မကြီးလုက ယဲ့ကျန်းကို လုရှီမင်၏ မွေးစားသမီးမှန်း မသိပေ။ ထို့ကြောင့် သူမ၏ မြေးအရင်းဟုထင်နေ၏။ ကောင်မလေးက ခန္ဓာကိုယ်က ပိန်ပါးကြောင်း မြင်သောအခါ သနားစိတ်ဝင်သွားလေပြီး စိုးရိမ်မှုဖြင့် အနားသို့ အလျင်စလိုခေါ်လိုက်၏။
“အခု မြေးကို စိုးရိမ်တာကို အပြစ်မတင်နဲ့တော့၊ မြေးကိုကြည့်ပါဦး အရိုးနဲ့အရေပြားတွေကြီးပဲ ရှိတော့တယ်၊ တစ်နေ့ချင်းစီ ပြန်လည်ကျန်းမာလာတာကို စောင့်ကြည့်ရမယ်၊ လှပတဲ့ပန်းလေး တဖြည်းဖြည်း ပွင့်လန်းလာသလိုပေါ့”
ဒါက ယဲ့ကျန်း၏အတိတ်ကို ပြန်လည်သတိရသွားစေသည်။
သူမက သက်သောင့်သက်သာနေရသော ဘဝတွင် ကံကောင်းစွာ မွေးဖွားလာသော မိန်းကလေးများထဲမှ တစ်ယောက်ဖြစ်၏။ ကြီးကျယ်ခမ်းနားသော ပတ်ဝန်းကျင်အသိုင်းအဝန်းတွင် ကြီးပြင်းလာခဲ့သည်။ သူမ၏အဖွားက သူမကို အလိုလိုက်ရုံသာမကဘဲ ဖခင်ကလည်း ချစ်သည်။ သူမက ချစ်မြတ်နိုးခံရပြီး ကြော့ရှင်းကြည့်ကောင်းစွာ ကြီးပြင်းလာခဲ့ရ၏။ သူမနှင့် မတန်သောသူကိုသာ သဘောမကျခဲ့လျှင် ဆိုးရွားသောဘဝတွင် ရှင်သန်ခဲ့ရပြီး တောက်ပသောအနာဂတ်ကို ဆုံးရုံးခဲ့ရလိမ့်မည် မဟုတ်ပေ။
သခင်မကြီးလုက ပြုံးကာ ယဲ့ကျန်း၏သေးငယ်သော ကိုယ်လေးကို ပွေ့ဖက်လိုက်သည်။
“အဖေကလည်း အဲဒီလိုပဲပြောပါတယ်၊ လူတွေက တဖြည်းဖြည်းပွင့်လာတဲ့ ပန်းလေးတွေကို ကြည့်ရတာ သဘောကျတာတဲ့”
“ဒီကလေးမကတော့လေ”
လုရှီမင်က ရယ်သည်။ သူ့သမီး၏ တက်ကြွသောဘက်ခြမ်းကို ပြန်တွေ့ရသောအခါ ကျေနပ်သွား၏။
ဖေးရှီက သခင်မကြီးလုက တင်းကြပ်စွာပွေ့ဖက်ထားသော အနေအထားတွင် ရှိနေသည့် ယဲ့ကျန်းကိုကြည့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သခင်မကြီးလုကဲ့သို့ ကျေနပ်အောင်လုပ်ရန် အခက်အခဲဆုံးသူက သူမသမီးယောင်ယောင်၏ ချစ်စဖွယ်ကောင်းမှုတွင် မလွတ်မြောက်နိုင်သောအခါ ကျေနပ်သွားရသည်။ သူမက မိသားစုကို ကောင်းကျိုးပေးမည့် သမီးငယ်လေးဖြစ်သည်။
သခင်မကြီးလုက ယဲ့ကျန်း၏စကားကြောင့် အံ့ဩသွားရာက အော်ရယ်သည်။ အနားတွင် အသင့်စောင့်နေသောအစေခံများကလည်း ကျေနပ်မှုကို မထိန်းချုပ်နိုင်ကြပေ။ သည်ကလေးမလေးက ကြည်သာစွာပြုံးကာ ခပ်တည်တည်ပုံစံလေး ပြန်ပြောင်းလိုက်သည့်အခါ အားလုံးကို သဘောကျစေ၏။
ယဲ့ကျန်းကမူ လုလင်ကျစ် မရှိသည့်အတွက် စိတ်အေးနေသည်။ လုလင်ကျစ်က သူမကို တွေ့သောအခါ သတိထားမိပြီး ချက်ချင်းသတ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်၏။
“ဘာလို့ ကြာနေတာလဲ”
လုရှီမင်က ရုတ်တရက် ဝင်လာသူကို မေးသည်။
“ကျွန်တော် အစ်ကိုကြီးကို စာဖတ်ခန်းထဲမှာ သွားကြည့်တာလေ၊ သူက အလုပ်တွေ လက်စသတ်ပြီးတာနဲ့ ရောက်လာပါလိမ့်မယ်”
လုရှန်းကျစ်က ပြော၏။
ယဲ့ကျန်း အသက်ရှူအောင့်လိုက်မိကာ လက်သီးကို တင်းကြပ်စွာဆုပ်လိုက်မိ၏။ သူမလက်သည်းက လက်ဝါးကို စိုက်သွားကာ သွေးများပင် ကျလာသည်။
အခုအချိန်အထိ လုလင်ကျစ်ကို အမူအရာမပျက်ဘဲ ဘယ်လိုရင်ဆိုင်ရမလဲ ငါ မသိသေးဘူး။
ထိုနာကျင်မှုက သူမကို အသိပြန်ဝင်စေနိုင်စွမ်းရှိ၏။
လုလင်ကျစ်က မိတ်ဆွေဟန်ဆောင်ကာ သူမကို အယုံသွင်းပြီးလှည့်ဖြားခဲ့သည်။ တုံးအသောသူမ ကျရှုံးခြင်းကိုစောင့်ကြည့်နေခဲ့၏။ သူက ဟန်ဆောင်မျက်နှာဖုံးတပ်ကာ လိမ်လည်လှည့်ဖြားခဲ့ပြီး သူမ ပြောပြသောအမှန်တရားတွေကတစ်ဆင့် သူမ၏နေရာအမှန်ကို ထိုညီမဖြစ်သူက အစားထိုးခဲ့၏။ သူက သူမ၏ဘဝကို အဆုံးသတ်ပေးခဲ့သောသူလည်း ဖြစ်နေခဲ့သေးသည်။
ဒီကောင် ဒီလိုလုပ်ခဲ့တာကို ဒီလူတွေ သိရဲ့လား။
သူမ သိချင်သွားသည်။ သူမ၏ဘဝတွင် ပြန်လည်မွေးဖွားလာသောအခါ ထို့ထက်ပိုပြီး ရွံစရာကောင်းတာ မရှိတော့ပေ။
လုလင်ကျစ်ကို အစ်ကိုတစ်ယောက်အနေနဲ့ ဘယ်လိုများ သတ်မှတ်ရမှာလဲ။
...
paid Group/ Paid Docs ရှိပါတယ်။
zawgyi
အပိုင္း ၉
လု႐ွန္းက်စ္ႏွင့္ယဲ့က်န္းတို႔ လမ္းေလွ်ာက္ေနခ်ိန္တြင္ သူတို႔ဖိနပ္ပါးမွ သစ္သားၾကမ္းျပင္ေပၚ ထိခတ္သံကသာ ထြက္ေပၚေနခဲ့သည္။ သူတို႔၏ ရင္ခုန္ႏႈန္းက ျမန္ဆန္ေနခဲ့ကာ မသက္မသာ ခံစားေနရ၏။ စံအိမ္၏အေပၚထပ္အစြန္းသို႔ ေျခခ်လိုက္ခ်ိန္တြင္ ယဲ့က်န္း အ႐ွိန္ႏႈန္းကို ေႏွးေကြးလိုက္ၿပီး လု႐ွန္းက်စ္ကဲ့သို႔ ခပ္ေအးေအးလမ္းေလွ်ာက္ေနသူႏွင့္ ေျခႏွစ္လွမ္းခန္႔ ခြာထားလိုက္သည္။
သူတို႔ ေရာက္သြားေသာအခါ အသက္ ၅၀၊ ၆၀ ခန္႔ အ႐ြယ္႐ွိေသာ အဖြားႀကီး တစ္ေယာက္က အဓိကထိုင္ခုံတြင္ ထိုင္ေနေၾကာင္း ျမင္လိုက္ရသည္။ သူမ၏ဆံပင္က နက္ေမွာင္ကာ ေတာက္ပေန၏။ ေဘးဘက္တြင္႐ွိေသာ သားေမႊးထိုင္ခုံမ်ားကိုမူ လု႐ွီမင္ႏွင့္ေဖး႐ွီတို႔က ေနရာယူထားသည္။ အဖြားအိုႀကီးႏွင့္အနီးဆုံးေနရာကို လု႐ွီမင္က ေနရာယူထားၿပီး ရယ္ေမာကာ စကားေျပာေနၾက၏။
ယဲ့က်န္းတို႔ ဝင္သြားသည္ႏွင့္ ေခါင္းမ်ားက လွည့္လာကာၾကည့္ၾကသည္။ သူမက တည္ၿငိမ္စြာျဖင့္ အ႐ိုအေသျပဳလိုက္၏။
“အာ ဒါက မင္းတို႔ေျပာတဲ့ နည္းနည္း႐ိုင္းတယ္ဆိုတဲ့ ကေလးေလးလား၊ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ယဥ္ေက်းသိမ္ေမြ႕ၿပီး ဉာဏ္ေကာင္းမဲ့ ပုံေလးပါပဲ”
သခင္မႀကီးလုက ေျပာသည္။
သူမက မ်က္ႏွာတြင္ အသိအမွတ္ျပဳေသာ အျပဳံးမ်ိဳးျဖင့္ ၾကည့္ေန၏။ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္ေသာအခါ လုလင္က်စ္ကို ယဲ့က်န္း မျမင္ရေပ။
သူ ဘာလို႔မ႐ွိတာလဲ။
ယဲ့က်န္း၏တင္းၾကပ္ေနေသာ စိတ္အေျခအေနက အနည္းငယ္ ေအးေဆးသြားသည္။ သူ႕ကို သူမက ေတြ႕ရမည္ဟု ထင္ေနခဲ့ျခင္းျဖစ္သည္။ သူမ၏မုန္းတီးမႈေၾကာင့္ လက္႐ွိအေနအထားကို ေမ့ေလ်ာ့ၿပီး တစ္စုံတစ္ရာကို လုပ္လိုက္မိမည္ကို သူမ စိုးရိမ္မိ၏။ ဒါက ခ်ိန္ကိုက္ဗုံးကဲ့သို႔ ကိုယ့္ကိုယ္ကိုယ္ သူ႕ေ႐ွ႕တြင္ မထိန္းခ်ဳပ္ႏိုင္မည္ကို စိုးရိမ္ေနခဲ့သည္။
ယဲ့က်န္းက အေတြးနက္သြားကာ သခင္မႀကီးလု၏ေမးေနေသာစကားကို မၾကားလိုက္ေပ။ ထို႔ေၾကာင့္ ေဖး႐ွီက ညင္သာစြာ သူမကို ထူရန္ျပင္ေနရာမွ မေမွ်ာ္လင့္ထားဘဲ ခ်ီးက်ဴးသံေၾကာင့္ ႐ွက္႐ြံ႕စြာျပဳံးလိုက္သည္။
“ဒီကေလးမေလးက နယ္ၿမိဳ႕ေလးက လာတာဆိုေတာ့ ေလာကႀကီးကို သိပ္ျမင္ဖူးတာမဟုတ္ဘူး၊ ေနာက္ၿပီး ဖ်ားနာေနတာနဲ႔ အခုမွသက္သာလာခဲ့တာပါ”
လု႐ွီမင္က ယဲ့က်န္းက မတုံ႔ျပန္ေၾကာင္း ျမင္ေသာအခါ သခင္မႀကီးလုကို ေျပာျပလိုက္သည္။
သခင္မႀကီးလုက ယဲ့က်န္းကို လု႐ွီမင္၏ ေမြးစားသမီးမွန္း မသိေပ။ ထို႔ေၾကာင့္ သူမ၏ ေျမးအရင္းဟုထင္ေန၏။ ေကာင္မေလးက ခႏၶာကိုယ္က ပိန္ပါးေၾကာင္း ျမင္ေသာအခါ သနားစိတ္ဝင္သြားေလၿပီး စိုးရိမ္မႈျဖင့္ အနားသို႔ အလ်င္စလိုေခၚလိုက္၏။
“အခု ေျမးကို စိုးရိမ္တာကို အျပစ္မတင္နဲ႔ေတာ့၊ ေျမးကိုၾကည့္ပါဦး အ႐ိုးနဲ႔အေရျပားေတြႀကီးပဲ ႐ွိေတာ့တယ္၊ တစ္ေန႔ခ်င္းစီ ျပန္လည္က်န္းမာလာတာကို ေစာင့္ၾကည့္ရမယ္၊ လွပတဲ့ပန္းေလး တျဖည္းျဖည္း ပြင့္လန္းလာသလိုေပါ့”
ဒါက ယဲ့က်န္း၏အတိတ္ကို ျပန္လည္သတိရသြားေစသည္။
သူမက သက္ေသာင့္သက္သာေနရေသာ ဘဝတြင္ ကံေကာင္းစြာ ေမြးဖြားလာေသာ မိန္းကေလးမ်ားထဲမွ တစ္ေယာက္ျဖစ္၏။ ႀကီးက်ယ္ခမ္းနားေသာ ပတ္ဝန္းက်င္အသိုင္းအဝန္းတြင္ ႀကီးျပင္းလာခဲ့သည္။ သူမ၏အဖြားက သူမကို အလိုလိုက္႐ုံသာမကဘဲ ဖခင္ကလည္း ခ်စ္သည္။ သူမက ခ်စ္ျမတ္ႏိုးခံရၿပီး ေၾကာ့႐ွင္းၾကည့္ေကာင္းစြာ ႀကီးျပင္းလာခဲ့ရ၏။ သူမႏွင့္ မတန္ေသာသူကိုသာ သေဘာမက်ခဲ့လွ်င္ ဆိုး႐ြားေသာဘဝတြင္ ႐ွင္သန္ခဲ့ရၿပီး ေတာက္ပေသာအနာဂတ္ကို ဆုံး႐ုံးခဲ့ရလိမ့္မည္ မဟုတ္ေပ။
သခင္မႀကီးလုက ျပဳံးကာ ယဲ့က်န္း၏ေသးငယ္ေသာ ကိုယ္ေလးကို ေပြ႕ဖက္လိုက္သည္။
“အေဖကလည္း အဲဒီလိုပဲေျပာပါတယ္၊ လူေတြက တျဖည္းျဖည္းပြင့္လာတဲ့ ပန္းေလးေတြကို ၾကည့္ရတာ သေဘာက်တာတဲ့”
“ဒီကေလးမကေတာ့ေလ”
လု႐ွီမင္က ရယ္သည္။ သူ႕သမီး၏ တက္ႂကြေသာဘက္ျခမ္းကို ျပန္ေတြ႕ရေသာအခါ ေက်နပ္သြား၏။
ေဖး႐ွီက သခင္မႀကီးလုက တင္းၾကပ္စြာေပြ႕ဖက္ထားေသာ အေနအထားတြင္ ႐ွိေနသည့္ ယဲ့က်န္းကိုၾကည့္ကာ ဂုဏ္ယူစြာ ျပဳံးလိုက္သည္။ သခင္မႀကီးလုကဲ့သို႔ ေက်နပ္ေအာင္လုပ္ရန္ အခက္အခဲဆုံးသူက သူမသမီးေယာင္ေယာင္၏ ခ်စ္စဖြယ္ေကာင္းမႈတြင္ မလြတ္ေျမာက္ႏိုင္ေသာအခါ ေက်နပ္သြားရသည္။ သူမက မိသားစုကို ေကာင္းက်ိဳးေပးမည့္ သမီးငယ္ေလးျဖစ္သည္။
သခင္မႀကီးလုက ယဲ့က်န္း၏စကားေၾကာင့္ အံ့ဩသြားရာက ေအာ္ရယ္သည္။ အနားတြင္ အသင့္ေစာင့္ေနေသာအေစခံမ်ားကလည္း ေက်နပ္မႈကို မထိန္းခ်ဳပ္ႏိုင္ၾကေပ။ သည္ကေလးမေလးက ၾကည္သာစြာျပဳံးကာ ခပ္တည္တည္ပုံစံေလး ျပန္ေျပာင္းလိုက္သည့္အခါ အားလုံးကို သေဘာက်ေစ၏။
ယဲ့က်န္းကမူ လုလင္က်စ္ မ႐ွိသည့္အတြက္ စိတ္ေအးေနသည္။ လုလင္က်စ္က သူမကို ေတြ႕ေသာအခါ သတိထားမိၿပီး ခ်က္ခ်င္းသတ္လာမည္ကို စိုးရိမ္ေနျခင္းျဖစ္၏။
“ဘာလို႔ ၾကာေနတာလဲ”
လု႐ွီမင္က ႐ုတ္တရက္ ဝင္လာသူကို ေမးသည္။
“ကြၽန္ေတာ္ အစ္ကိုႀကီးကို စာဖတ္ခန္းထဲမွာ သြားၾကည့္တာေလ၊ သူက အလုပ္ေတြ လက္စသတ္ၿပီးတာနဲ႔ ေရာက္လာပါလိမ့္မယ္”
လု႐ွန္းက်စ္က ေျပာ၏။
ယဲ့က်န္း အသက္႐ွဴေအာင့္လိုက္မိကာ လက္သီးကို တင္းၾကပ္စြာဆုပ္လိုက္မိ၏။ သူမလက္သည္းက လက္ဝါးကို စိုက္သြားကာ ေသြးမ်ားပင္ က်လာသည္။
အခုအခ်ိန္အထိ လုလင္က်စ္ကို အမူအရာမပ်က္ဘဲ ဘယ္လိုရင္ဆိုင္ရမလဲ ငါ မသိေသးဘူး။
ထိုနာက်င္မႈက သူမကို အသိျပန္ဝင္ေစႏိုင္စြမ္း႐ွိ၏။
လုလင္က်စ္က မိတ္ေဆြဟန္ေဆာင္ကာ သူမကို အယုံသြင္းၿပီးလွည့္ျဖားခဲ့သည္။ တုံးအေသာသူမ က်႐ႈံးျခင္းကိုေစာင့္ၾကည့္ေနခဲ့၏။ သူက ဟန္ေဆာင္မ်က္ႏွာဖုံးတပ္ကာ လိမ္လည္လွည့္ျဖားခဲ့ၿပီး သူမ ေျပာျပေသာအမွန္တရားေတြကတစ္ဆင့္ သူမ၏ေနရာအမွန္ကို ထိုညီမျဖစ္သူက အစားထိုးခဲ့၏။ သူက သူမ၏ဘဝကို အဆုံးသတ္ေပးခဲ့ေသာသူလည္း ျဖစ္ေနခဲ့ေသးသည္။
ဒီေကာင္ ဒီလိုလုပ္ခဲ့တာကို ဒီလူေတြ သိရဲ႕လား။
သူမ သိခ်င္သြားသည္။ သူမ၏ဘဝတြင္ ျပန္လည္ေမြးဖြားလာေသာအခါ ထို႔ထက္ပိုၿပီး ႐ြံစရာေကာင္းတာ မ႐ွိေတာ့ေပ။
လုလင္က်စ္ကို အစ္ကိုတစ္ေယာက္အေနနဲ႔ ဘယ္လိုမ်ား သတ္မွတ္ရမွာလဲ။
...
paid Group/ Paid Docs ရှိပါတယ်။