Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.8K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

27

1.2K 212 13
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : ကြၽန္ေတာ္က ဒီလိုစိတ္င္းရဲစရာေန႔ကိုရာက္လာခ်င္႐ုံပါ ]

•ေလာ့ယြီခ်န္•

တကယ္ေတာ့ ေရွာင္ဟန္းကို လိုခ်င္ၾကတဲ့သူေတြ အမ်ားႀကီးရွိတယ္။

ဖန္းရွဲ႕ယိဦးေဆာင္တဲ့ ဒုတိယမ်ိဳးဆက္ခ်မ္းသာတဲ့ကေလးေတြမွာ အမ်ားစုက ရင္းႏွီးတဲ့သူငယ္ခ်င္းေတြဆိုတဲ့ ေခါင္းစဥ္နဲ႔ လႈပ္ရွားေနၾကၿပီး သူတို႔ေတြက အခြင့္အေရးရလာတာနဲ႔ ခုန္အုပ္ဖို႔ အသင့္အေနအထားမွာရွိေနၾကတယ္။ ၿပီးေတာ့ ဒါက ကုမၸဏီက အႏုပညာရွင္ေတြကိုေတာင္ မေျပာရေသးဘူး။

ေျမေခြးရဲ႕ဒဏ္ခတ္တာကို ခံရမွာေၾကာက္လို႔သာမဟုတ္ရင္ 'ေရွာင္ဟန္း'တစ္ေယာက္ တစ္စမက်န္ စားပစ္တာကို ခံရၿပီးေလာက္ၿပီ။

ဒီဆယ္ႏွစ္လုံးလုံးမွာ ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးက သူ ဒီတိုင္းကြၽန္ေတာ္နဲ႔ ေဆာ့ကစားခ်င္ခဲ့တာလို႔သာ အၿမဲတမ္း ေတြးေနခဲ့မိတယ္။

ဘာလို႔လဲ? ဘာလို႔လဲဆို ခန႔္မွန္းမိတဲ့အေကာင္းဆုံး အေျခအေနက ကြၽန္ေတာ္က ဒီတိုင္း နာမည္ေက်ာ္အဆိုေတာ္တစ္ေယာက္မို႔၊ အဆိုးဆုံးအေျခအေနကေတာ့ ကြၽန္ေတာ္က ဒီတိုင္း သီခ်င္းတခ်ိဳ႕ ေရာင္းေနတဲ့သူမို႔လို႔။

ၿပီးေတာ့ သူက ဘယ္ရာထူးမွာ ရွိေနတာလဲ? သူက ကြၽန္ေတာ့္ထက္ခ်မ္းသာတယ္၊ သူ႔ရဲ႕အက်င့္စ႐ိုက္က ကြၽန္ေတာ့္ထက္ ပိုေကာင္းတယ္ ၿပီးေတာ့ သူက အၿမဲတမ္း လူေတြအေပၚ ေကာင္းေကာင္းဆက္ဆံေပးတယ္။ ခင္ဗ်ားတို႔ ဘယ္လိုပဲၾကည့္ၾကည့္ သူကသာ ကြၽန္ေတာ့္ကို ေဆာ့ကစားႏိုင္တဲ့လူျဖစ္ၿပီး ကြၽန္ေတာ္ကေတာ့ ဘာမွမလုပ္ႏိုင္ဘူး။

သူ ၿငီးေငြ႕လာၿပီး လက္လႊတ္လိုက္တဲ့ေန႔ ေရာက္လာတဲ့အခ်ိန္က်ရင္ သူ အျမင့္ကိုေျမႇာက္ေပးခဲ့တဲ့ ေလာ့ယြီခ်န္ဆိုတာက ခ်က္ခ်င္း ဘာဆိုဘာမွ ဟုတ္ေတာ့မွာမဟုတ္ဘူး၊ အာ႐ုံစိုက္ဖို႔ေတာင္ လုံးဝမထိုက္တန္တဲ့သူ ျဖစ္သြားမွာ။ အခုလိုမ်ိဳးေပါ့။

တကယ္လို႔ ကြၽန္ေတာ့္ထက္ပိုသာတဲ့လူ၊ သူ႔အေပၚ ေကာင္းေကာင္းဆက္ဆံေပးတဲ့သူကို ရွာခ်င္တယ္ဆိုရင္ တစ္မိနစ္အတြင္းမွာေတာင္ တစ္ေယာက္ေယာက္ကို ေကာက္ေ႐ြးလိုက္လို႔ရႏိုင္တယ္။

မ်က္ေတာင္တစ္ခတ္အတြင္း လဝက္ေက်ာ္လြန္သြားၿပီး ေရွာင္ဟန္းဆီက သတင္းအစအနေလးေတာင္ မရလာေသးဘူး။

ကြၽန္ေတာ္ ပိုပိုၿပီး စိတ္မရွည္ျဖစ္လာတယ္။

သူ႔မွာ သူ႔ဒဏ္ရာေတြကို ကုစားဖို႔ အခ်ိန္တခ်ိဳ႕လိုတယ္ဆိုတာ ကြၽန္ေတာ္သိတယ္။ တကယ္ေတာ့ သူ႔ခံစားခ်က္ေတြကသာ စစ္မွန္တယ္ဆိုရင္ ကြၽန္ေတာ္လုပ္ခဲ့သမွ် အားလုံးက သူ႔ကိုေသခ်ာေပါက္ နာက်င္ေစမွာျဖစ္တယ္။

ဒါေပမယ့္ သူက အခ်ိန္ဘယ္ေလာက္ေတာင္ လိုေနတာလဲ?

ဒီေလာက္ေတာင္ ၾကာေနၿပီပဲ။ ကုမၸဏီကို ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးလို႔ တကယ္ဆုံးျဖတ္လိုက္တာေတာ့ မဟုတ္ေလာက္ဘူးမွတ္လား?

တကယ္လို႔ သူ ျပန္မလာဘူးဆိုရင္ သူ ဘယ္သြားမွာလဲ? ၿမိဳ႕အသစ္တစ္ခုကိုသြားၿပီး ဘဝသစ္တစ္ခု စမွာလား? အဲ့အံ့ဩစရာဖန္းရွဲ႕ယိက အခက္အခဲေတြအမ်ားႀကီးကို ေက်ာ္ျဖတ္ၿပီးမွ ဒီအခြင့္အေရးယူထားရတာကို သူက တကယ္ႀကီး ေရွာင္ဟန္းကို ထြက္သြားခြင့္ေပးလိုက္မွာလား?

ေနာက္ထပ္ရက္အနည္းငယ္ ကုန္ဆုံးသြားၿပီး ခရစ္စမတ္ေန႔ကို ေရာက္ခါနီးလာတယ္။

ကြၽန္ေတာ့္ေမြးေန႔ကလည္း ထိုေန႔မွာျဖစ္တယ္။ ေရွာင္ဟန္း ေျပာတဲ့အတိုင္းဆို 'ႏွေျမာစရာပဲ'

အားလပ္ရက္ေတြကို သေဘာက်တဲ့သူ႔အတြက္ တစ္ႏွစ္တာမွာ အထိန္းအကြပ္မရွိ 'ပြဲခံ'ဖို႔အတြက္ ဆင္ေျခေပးစရာ အားလပ္ရက္တစ္ခု ေလ်ာ့သြားတယ္ဆိုတဲ့သေဘာကို ေျပာခ်င္တာျဖစ္တယ္။

ခရစ္စမတ္၊ ႏွစ္သစ္ကူး၊ ေမြးေန႔၊ ခ်စ္သူမ်ားေန႔၊ ေႏြဦးပြဲေတာ္... အဲ့တာေတြက ဘာလို႔အထူးေန႔ေတြ ျဖစ္ေနရလဲဆိုတာ ကြၽန္ေတာ္ လုံးဝနားမလည္ဘူး။ တကယ္ဆို ေန႔ရက္တိုင္းက ေန႔သစ္တစ္ခုသာျဖစ္တယ္။ အဲ့တာေၾကာင့္ အရင္လိုပဲ အတူတူျပဳမူေနလိုက္ရင္ အဆင္ေျပေနတာပဲကို ဘာေၾကာင့္ ဒီေလာက္ရွည္ရွည္ေဝးေဝးေတြ လုပ္ဖို႔လိုေနရတာလဲ?

ဒါေပမယ့္ ေရွာင္ဟန္းကေတာ့ ဒီလိုမေတြးဘူး။ ဖေယာင္းတိုင္ေတြ၊ ေဘာလုံးေတြ၊ ေခ်ာကလက္ေတြနဲ႔ ပါတီေတြ တစ္ခုၿပီးတစ္ခုလုပ္တယ္။ မၾကာခဏဆိုသလို ကြၽန္ေတာ္ အိမ္ျပန္လာတဲ့အခ်ိန္ ဖေယာင္းတိုင္ေတြကို ျမင္ရင္ ဘယ္လိုအားလပ္ရက္ကို ေရာက္လာျပန္ၿပီလဲဆိုတာ စေတြးမိတဲ့အထိပဲ။

ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ဇေဝဇဝါျဖစ္ေနတဲ့ပုံကို ၾကည့္ရတာ သူတကယ္သေဘာက်တယ္။ အဲ့လိုဆို သူက ကြၽန္ေတာ့္ကို 'ၾကည္ႏူးစရာေကာင္းတဲ့ အံ့ဩဖြယ္ရာတစ္ခု' ေပးႏိုင္တာေၾကာင့္ပဲျဖစ္တယ္။

ဒါေပမယ့္ အဲ့ေန႔မွာ ကြၽန္ေတာ္ အိမ္မျပန္ျဖစ္ခဲ့ဘူးဆိုရင္ေတာ့ သူ တကယ္စိတ္ပ်က္လက္ပ်က္ျဖစ္သြားတတ္တယ္။

တစ္ခါတစ္ေလက်ရင္ သူ႔ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ နာက်င္ေစဖို႔ တကယ္မရည္႐ြယ္ေပမယ့္ အဆုံးမွာေတာ့ ရလဒ္က အတူတူသာျဖစ္ေနတုန္းပဲ။ ကြၽန္ေတာ္က အေတာ့္ကိုအေလးမထားတတ္တဲ့လူတစ္ေယာက္ဆိုၿပီး ရွမင္ရႈေျပာခဲ့ဖူးတယ္။ ကြၽန္ေတာ္ဆိုတာ ကိုယ္ ဂ႐ုစိုက္တဲ့တစ္စုံတစ္ရာကို အမွတ္တမဲ့ေမ့ေလ်ာ့သြားတဲ့အခ်ိန္မွာ (ျဖစ္ေပၚလာတဲ့)ခံစားခ်က္ကိုေတာင္ လုံးဝနားမလည္ႏိုင္တဲ့ လူစားမ်ိဳးျဖစ္တယ္။

သူ ေျပာတာလည္း မမွားဘူး။ အဲ့လိုခံစားခ်က္ကို ကြၽန္ေတာ္ တကယ္နားမလည္သလို နားလည္ေအာင္လုပ္ဖို႔လည္း စိတ္မဝင္စားဘူး။

ၿပီးေတာ့ ဒီေန႔လိုမ်ိဳး ေနာက္ဆုံးေတာ့ ေမ့ေပ်ာက္ခံရတာက ကြၽန္ေတာ့္အလွည့္က်လာၿပီ။

ဒီေန႔လိုေန႔မ်ိဳး ေရာက္လာမယ္ဆိုတာ ကြၽန္ေတာ္ဟိုးတုန္းကတည္းက ႀကိဳျမင္ေနခဲ့တယ္။ ေရွာင္ဟန္းအတြက္ ေလာ့ယြီခ်န္လိုလူမ်ိဳးက သူ႔တစ္ဘဝလုံးစာ ထူးျခားတဲ့တည္ရွိမႈတစ္ခုျဖစ္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

ကြၽန္ေတာ္တို႔ လမ္းခြဲၿပီးသြားၿပီျဖစ္တာေၾကာင့္ သူက ေသခ်ာေပါက္ ကြၽန္ေတာ့္ေနာက္ကို ထပ္လိုက္တာ၊ ကြၽန္ေတာ့္ရဲ႕အစားအေသာက္ေတြနဲ႔ ေန႔စဥ္ဘဝကို ဂ႐ုစိုက္ေပးတာ ၿပီးေတာ့ ကြၽန္ေတာ့္ေမြးေန႔ဒါမွမဟုတ္ တျခားအားလပ္ရက္ေတြမွာ တစ္ဖက္သတ္စိတ္လႈပ္ရွားၿပီး က်င္းပေပးတာမ်ိဳး ဘယ္ေတာ့မွ ထပ္လုပ္ေတာ့မွာမဟုတ္ဘူး။ ကြၽန္ေတာ့္ကို ေပ်ာ္႐ႊင္စရာေမြးေန႔ျဖစ္ပါေစဆိုတဲ့ဆုကို ေတာင္းေပးဖို႔ ဖုန္းေတာင္ အလုပ္ရႈပ္ခံၿပီး ေခၚေတာ့မွာမဟုတ္ဘူး။

ဒါက တကယ္ သူနဲ႔တူမေနဘူး။

႐ိုးရွင္းၿပီး ခပ္တိုတိုစာေလးတစ္ေစာင္နဲ႔ ကြၽန္ေတာ့္ကို ဆုေတာင္းေပးတာကမွ ေရွာင္ဟန္းနဲ႔ ပိုတူအုံးမယ္။

ကြၽန္ေတာ္ စတင္ေစာင့္ဆိုင္းေနမိတယ္။

အခ်ိန္အေတာ္ၾကာလာေတာ့ ကြၽန္ေတာ့္ရဲ႕ဆဲလ္ဖုန္းက ပ်က္ေနတာလားလို႔ေတာင္ သံသယဝင္မိလာေပမယ့္ ကြၽန္ေတာ့္ဖုန္း ပ်က္ေနတယ္ဆိုရင္ေတာင္ 'သူ႔ရဲ႕'ဖုန္းေကာေတြပဲ ဝင္မလာႏိုင္တာဆိုတာကေတာ့ မျဖစ္ႏိုင္ဘူး...

ထိုေန႔ညခုနစ္နာရီထိုးေတာ့ ကြၽန္ေတာ့္ဖုန္းကို ပိတ္ပစ္လိုက္ၿပီး အိမ္ဖုန္းရဲ႕ အဝင္ႀကိဳးကိုပါ ျဖဳတ္ပစ္လိုက္တယ္။

ကြၽန္ေတာ္ ထပ္မေစာင့္ေတာ့ဘူး။

'အခုခ်ိန္မွာ မင္း ဖုန္းေခၚလာရင္ေတာင္ ငါ ျပန္မေျဖေတာ့ဘူး! ေနာင္တမရနဲ႔!'

****

ေနာက္တစ္ေန႔မနက္မွာ သူ ေနမေကာင္းျဖစ္ေနတယ္ဆိုတဲ့သတင္းကို သိလိုက္ရတယ္။

ကြၽန္ေတာ့္တစ္ဘဝလုံးမွာ ဒါက ပထမဆုံးအႀကိမ္အျဖစ္ တစ္ကိုယ္လုံး ေခါင္းအစေျခအဆုံး ေအးစက္လာတာကို ခံစားမိတာျဖစ္တယ္။

ကြၽန္ေတာ္ အမႈမဲ့အမွတ္မဲ့ျဖစ္ေနတုန္းမွာ ေရွာင္ဟန္းက ကြၽန္ေတာ့္ေရွ႕မွာ ရပ္ေနတာကို ျမင္ရသလို ခံစားလိုက္ရၿပီး သူ႔ကို ကိုင္ဖို႔ လက္တစ္ဖန႔္ဆန႔္ထုတ္လိုက္ခ်ိန္မွာ သူက ႐ုတ္တရက္ႀကီး ပုံရိပ္ေယာင္တစ္ခုလိုမ်ိဳး ေလထုအလႊာပါးေလးထဲမွာ ေပ်ာက္ကြယ္သြားတယ္ _ အဲ့တာက လူရဲ႕ေသြးကိုပါ ေအးစက္သြားေစတယ္။

သူ႔ၾကည့္ရတာ အေတာ္ေလး က်န္းမာေနတဲ့ပုံေပၚတာကို။

ဒါက ေသခ်ာေပါက္ အမွန္မဟုတ္ဘူးလို႔ ကြၽန္ေတာ္ ခံစားမိတယ္။ ကြၽန္ေတာ့္မ်က္ႏွာေပၚမွာ ဘာအမူအယာမွရွိမေနဘဲ တိတ္တိတ္ဆိတ္ဆိတ္ ရပ္ေနတုန္းပဲဆိုတာ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ကြၽန္ေတာ့္ခႏၶာကိုယ္ထဲက ေသြးေတြအားလုံးက ေၾကာက္လန႔္တၾကား အရွိန္အဟုန္နဲ႔စီးဆင္းေနၿပီး ကြၽန္ေတာ့္ကို မြန္းၾကပ္ေအာင္ လုပ္ေနတယ္ဆိုတာကိုေတာ့ ေျပာႏိုင္တယ္။

သူ ေနမေကာင္းျဖစ္ေနခဲ့တယ္။

ဒါေပမယ့္ သူက ကြၽန္ေတာ့္ကို ဘာမွမေျပာဘဲ သူ႔ဖာသာ တိတ္တိတ္ေလး ထြက္သြားခဲ့တယ္။

သူ ကြၽန္ေတာ့္ကို မေျပာခဲ့ဘူး၊ ဒီအေၾကာင္းနဲ႔ပက္သက္လို႔ ကြၽန္ေတာ့္ကို တစ္ခြန္းေလးေတာင္ မဟခဲ့ဘူး?

စူးရွေအာင့္သက္တဲ့နာက်င္မႈတစ္ခုက ကြၽန္ေတာ့္ရင္ဘတ္ကို ထိုးစိုက္သြားသလို ခံစားလိုက္ရတယ္။

သူသာ သူေနမေကာင္းျဖစ္ေနေၾကာင္း ကြၽန္ေတာ့္ကို ေျပာခဲ့မယ္ဆိုရင္ အနည္းဆုံးေတာ့ ကြၽန္ေတာ္သူ႔ကို ေမာင္းထုတ္ခဲ့မွာမဟုတ္ဘူး!

ကြၽန္ေတာ္က ဝတၱရားအရ ၾကင္နာေပးတာမ်ိဳးကို ေရွာင္ဟန္း ဘယ္တုန္းကမွ မလိုခ်င္မွန္း ကြၽန္ေတာ္သိတယ္ ၿပီးေတာ့ ကြၽန္ေတာ္ သူ႔ကို သနားသြားတယ္ဆိုတာမ်ိဳးကိုလည္း သူ မလိုခ်င္ခဲ့ဘူး ဒါေပမယ့္ ဒါေပမယ့္_

ကြၽန္ေတာ္ ခံစားခ်က္တစ္ခုရေနတယ္။ ဟိုးအရင္တည္းက ထြက္ေပၚေနပုံရတဲ့ ထုံထိုင္းတဲ့နာက်င္မႈတစ္ခုရယ္ အကူအကယ္မဲ့မႈနဲ႔အတူ အဟုတ္ျဖစ္ပုံမရေပမယ့္ ရင္းႏွီးေနတဲ့ ကမာၻႀကီးအစိတ္စိတ္ကြဲသြားႏိုင္တဲ့ေနာင္တဆိုတဲ့ ခံစားခ်က္မ်ိဳးျဖစ္တယ္။ ကြၽန္ေတာ့္ႏွလုံးသားထဲမွာ ဒီလိုမခ်င့္မရဲျဖစ္မႈေတြ စုပုံလာၿပီး ဖြင့္ခ်လိုက္လို႔လည္း မရျဖစ္ေနတယ္။

ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ေျပာလိုက္တယ္ 'ဒီလိုျဖစ္မေနနဲ႔၊ ႐ိုးတြင္းျခင္ဆီအလႈရွင္တစ္ေယာက္ကို ရွာေတြ႕ၿပီးေနၿပီပဲ'

ဒါေပမယ့္လည္း ကြၽန္ေတာ္ မေနသာစြာ ေတြးမိေနေသးတယ္၊ အကယ္၍မ်ား ခြဲစိတ္မႈမေအာင္ျမင္ခဲ့ရင္ ဘယ္လိုလုပ္မလဲ၊ အကယ္၍ တျခားႀကိဳတင္မျမင္ႏိုင္တဲ့ မေတာ္တဆတခ်ိဳ႕ျဖစ္ခဲ့ရင္ ဘယ္လိုလုပ္မလဲ၊ အကယ္၍ ေရွာင္ဟန္းက ဒီလိုနဲ႔ ေသသြားခဲ့ရင္ ဘယ္လိုလုပ္မလဲ...

ကြၽန္ေတာ့္အေတြးေတြၾကားမွာ ကြၽန္ေတာ္႐ုတ္တရက္ အ႐ိုးေတြထဲထိ စိမ့္တက္သြားရတယ္။

ကြၽန္ေတာ့္လက္ေမာင္းေတြထဲမွာ သူက လွဲေနပုံေပၚၿပီး လုံးဝကို ေတာင့္ခဲေအးစက္ေနကာ ပတ္ဝန္းက်င္တစ္ခုလုံးက ေရွးေဟာင္း႐ုပ္ရွင္ကားေဟာင္းႀကီးတစ္ခုနဲ႔ တူေနတယ္။ အျဖစ္အပ်က္တစ္ခုလုံးကို ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္းမသိေပမယ့္ သူ ဘယ္ေတာ့မွ ျပန္ႏိုးလာေတာ့မွာမဟုတ္ေၾကာင္း၊ ကြၽန္ေတာ္ သူ႔ကို ဘယ္ေလာက္ပဲ တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားပါေစ အခ်ည္းႏွီးသာျဖစ္သြားၿပီဆိုတဲ့အေၾကာင္းနဲ႔ ကြၽန္ေတာ္ဘယ္ေလာက္ပဲ မ်က္ရည္ေတြက်ေနပါေစ အသုံးမဝင္ေတာ့ေၾကာင္းကိုေတာ့ ကြၽန္ေတာ္သိတယ္။

ကြၽန္ေတာ္ မ်က္လုံးေတြဖြင့္လိုက္ၿပီး ဒါက ေတာ္ေတာ္ေလး နိမိတ္မေကာင္းဘူးလို႔ ခံစားမိလိုက္တယ္။

သူ အဆင္ေျပေလာက္မွာပါ၊ ေသခ်ာေပါက္ အဆင္ေျပေလာက္မွာပါ...

ဖန္းရွဲ႕ယိက သူ႔ကို ဘယ္ေတာ့မွ ေသခြင့္ေပးမွာမဟုတ္ဘူး။ သူ ဘယ္လိုနည္းလမ္းပဲ သုံးရသုံးရ ဖန္းရွဲ႕ယိက ေရွာင္ဟန္းကို လုံးဝေသခြင့္ေပးလိုက္မွာ မဟုတ္ဘူး!

ဒါေပမယ့္ သူ႔အတြက္ ကြၽန္ေတာ့္ရဲ႕ပူပန္မႈကို ထိန္းခ်ဳပ္လို႔မရေသးဘူး။

ရွမင္ရႈက "ေရွာင္ဟန္း ထိတ္လန႔္သြားမယ္ဆိုတာ ေသခ်ာတယ္"လို႔ ေျပာလိုက္တဲ့အခ်ိန္မွာ ဝန္မခံခ်င္ေပမယ့္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ စၿပီးေဒါသထြက္မိလာတယ္။

ခုတေလာမွာ သူအားနည္းေနခဲ့ၿပီး အေတာ္ေလးလည္း ပိန္က်သြားတာေၾကာင့္ တစ္ခုခုေတာ့ မွားေနၿပီဆိုတာကို ကြၽန္ေတာ္ အရွင္းသား သတိထားမိခဲ့သင့္တယ္။

သတိမထားမိတာကမွ ေတာ္ေသးတယ္၊ ကြၽန္ေတာ္က အလြန္အၾကဴးႏွီးေႏွာခဲ့ၿပီး မီးထဲေလာင္စာေတာင္ ထပ္ထည့္လိုက္ေသးတယ္။ တကယ္လို႔ သူ... အကယ္၍မ်ား ဒီလိုနဲ႔ တကယ္ေသသြားခဲ့ရင္ ဘယ္လိုလုပ္မလဲ?

ကြၽန္ေတာ္က ဖန္းရွဲ႕ယိနဲ႔ တျခားသူေတြေျပာသလိုမ်ိဳး သတိမထားဘဲ ေျပာလိုက္တာမ်ိဳး မလုပ္ဘူး။

ကြၽန္ေတာ္ ေရွာင္ဟန္းကို မခ်စ္ခဲ့ဘူး ၿပီးေတာ့ ကြၽန္ေတာ္တို႔ ခြဲရၿပီဆိုတာနဲ႔ ကြၽန္ေတာ္ သူ႔အေၾကာင္း ထပ္ေတြးေတာ့မွာ မဟုတ္ဘူးလို႔ ယုံၾကည္ခဲ့တယ္။

ဒါေပမယ့္ ကြၽန္ေတာ္သူ႔ကို ဘယ္ေတာ့မွ ထပ္မေတြ႕ႏိုင္ေလာက္ေတာ့တဲ့အထိ ကြၽန္ေတာ့္ဘဝႀကီးထဲကေန သူ လုံးလုံးလ်ားလ်ား ေပ်ာက္ကြယ္သြားလိမ့္မယ္လို႔ေတာ့ ဘယ္တုန္းကမွ မေတြးခဲ့မိဘူး။

ကြၽန္ေတာ္တို႔ေတြ ဆယ္ႏွစ္ေက်ာ္ၾကာ အတူတတြဲတြဲရွိေနခဲ့ၿပီးၿပီ၊ ကြၽန္ေတာ္တို႔သာ ေရွ႕ဆက္သြားရင္ တစ္ဘဝလုံးစာ ျဖစ္သြား႐ုံသာ ရွိလိမ့္မယ္။ ကြၽန္ေတာ္ အၿမဲထင္ခဲ့တာက အတူမေနရေတာ့တာကလြဲလို႔ ကြၽန္ေတာ္တို႔ လမ္းခြဲၿပီးရင္ ေရွာင္လႊဲလို႔မရတဲ့အဆက္အႏြယ္ေတြနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ဘဝေတြက ပုံမွန္အတိုင္းဆက္ရွိေနအုံးမယ္လို႔ျဖစ္တယ္။

ဒါေပမယ့္ တကယ္လို႔သာ တစ္ေန႔မွာ ထိုအဆက္အႏြယ္ ျပတ္ေတာက္သြားၿပီး သူက ကြၽန္ေတာ့္ကို ျပန္လွည့္လို႔မရတဲ့ လမ္းတစ္ခုမွာ ခ်န္ထားခဲ့ရင္ ကြၽန္ေတာ္ ဘာလုပ္ရေတာ့မလဲ?

အဲ့တာကို ကြၽန္ေတာ္ အရင္ဘယ္တုန္းကမွ မေတြးဖူးဘူး။

ကြၽန္ေတာ္ မေတြးရဲဘူး။ ကြၽန္ေတာ္ အဲ့လိုေတြးမိရင္ ကြၽန္ေတာ္ ေအာင့္မခံႏိုင္ေလာက္တဲ့အထိ ရင္ဘတ္က နာက်င္လာတယ္။

ေရွာင္ဟန္းက အမွန္ကိုပင္ အေတာ္ေလးရက္စက္တယ္ဆိုတာ ကြၽန္ေတာ္ သိလိုက္ရတယ္။ သူ ကြၽန္ေတာ့္ကို ဘာဆိုဘာမွ မေျပာျပခဲ့ဘူး။ တကယ္လို႔ ေဆး႐ုံကေနဝင္လာတဲ့ ဒီဖုန္းေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ကြၽန္ေတာ္မျမင္ႏိုင္တဲ့ တစ္ေနရာမွာ သူေသသြားခဲ့ရင္ေတာင္ ကြၽန္ေတာ္ သိလိုက္ရမွာမဟုတ္ဘူး။ ၿပီးေတာ့ တစ္သက္တာကုန္ဆုံးသြားတဲ့အခ်ိန္ ကြၽန္ေတာ္ ေနာက္ဘဝကို သြားရေတာ့မယ့္အခ်ိန္က်မွာသာ သူ ကြၽန္ေတာ့္ကို လုံးဝေစာင့္မေနခဲ့ဘူးဆိုတာ ကြၽန္ေတာ္ သိရမွာ။

ေနာက္ၿပီး အၿမဲတမ္းဆိုသလို ကြၽန္ေတာ္အေၾကာက္ဆုံးအရာကလည္း ဒါပဲျဖစ္တယ္။

ေရွာင္ဟန္း ဒီလူ၊ သူ႔ရဲ႕ခံစားခ်က္ေတြအားလုံးကို မ်က္ႏွာေပၚမွာ ခ်ေရးထားတဲ့ပုံေပၚေပမယ့္ တစ္ေန႔မွာ သူ႐ုတ္တရက္ ထေဖာက္ၿပီး စိတ္ကူးလို႔ေတာင္မရတဲ့ ဖ႐ိုဖရဲကိစၥတစ္ခုခုကို ဘယ္အခ်ိန္ထလုပ္လိမ့္မယ္ဆိုတာ လုံးဝခန႔္မွန္းလို႔ရမွာမဟုတ္ဘူး။

သူခ်စ္တဲ့ဘယ္သူမဆို ေကာင္းကင္ဘုံအထိေရာက္ေအာင္ သူ႔ရဲ႕အလိုလိုက္ျခင္းကို ေသခ်ာေပါက္ခံရမွာျဖစ္တယ္။ ေအာက္မွာဘာေတြျဖစ္ေနမွန္း မသိတဲ့အထိေတာင္ ေပ်ာ္ရမယ္ဆိုတာကို ကြၽန္ေတာ္ ဟိုးတုန္းကတည္းက သိထားၿပီးသားျဖစ္တယ္။

ဒါေပမယ့္ တစ္ေန႔မွာ သူ႔ဘက္က ႐ုတ္တရက္ လက္ျပၿပီး သတိေပးျခင္းမရွိ ထြက္သြားဖို႔ဆုံးျဖတ္လိုက္ရင္ က်န္ရစ္ခဲ့တဲ့လူက ဘယ္ေလာက္ပဲ ႐ုန္းကန္ေနပါေစ ငရဲတြင္းထဲကေန လွိမ့္ထြက္လာႏိုင္မွာမဟုတ္ဘူး။

မဟုတ္မွ ကြၽန္ေတာ္ကဒီတိုင္း... တစ္ေန႔မွာ ဒီလိုစိတ္ဆင္းရဲကိုယ္ဆင္းရဲအဆင့္ထိ က်သြားမွာမ်ိဳး ကိုယ့္ကိုယ္ကို မျမင္ခ်င္တာပဲ ျဖစ္ေလာက္မယ္။



_____




{Unicode}

[ အကျဉ်းချုပ် : ကျွန်တော်က ဒီလိုစိတ်ဆင်းရဲစရာနေ့ကို ရောက်လာချင်ရုံပါ ]

•လော့ယွီချန်•

တကယ်တော့ ရှောင်ဟန်းကို လိုချင်ကြတဲ့သူတွေ အများကြီးရှိတယ်။

ဖန်းရှဲ့ယိဦးဆောင်တဲ့ ဒုတိယမျိုးဆက်ချမ်းသာတဲ့ကလေးတွေမှာ အများစုက ရင်းနှီးတဲ့သူငယ်ချင်းတွေဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားနေကြပြီး သူတို့တွေက အခွင့်အရေးရလာတာနဲ့ ခုန်အုပ်ဖို့ အသင့်အနေအထားမှာရှိနေကြတယ်။ ပြီးတော့ ဒါက ကုမ္ပဏီက အနုပညာရှင်တွေကိုတောင် မပြောရသေးဘူး။

မြေခွေးရဲ့ဒဏ်ခတ်တာကို ခံရမှာကြောက်လို့သာမဟုတ်ရင် 'ရှောင်ဟန်း'တစ်ယောက် တစ်စမကျန် စားပစ်တာကို ခံရပြီးလောက်ပြီ။

ဒီဆယ်နှစ်လုံးလုံးမှာ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက သူ ဒီတိုင်းကျွန်တော်နဲ့ ဆော့ကစားချင်ခဲ့တာလို့သာ အမြဲတမ်း တွေးနေခဲ့မိတယ်။

ဘာလို့လဲ? ဘာလို့လဲဆို ခန့်မှန်းမိတဲ့အကောင်းဆုံး အခြေအနေက ကျွန်တော်က ဒီတိုင်း နာမည်ကျော်အဆိုတော်တစ်ယောက်မို့၊ အဆိုးဆုံးအခြေအနေကတော့ ကျွန်တော်က ဒီတိုင်း သီချင်းတချို့ ရောင်းနေတဲ့သူမို့လို့။

ပြီးတော့ သူက ဘယ်ရာထူးမှာ ရှိနေတာလဲ? သူက ကျွန်တော့်ထက်ချမ်းသာတယ်၊ သူ့ရဲ့အကျင့်စရိုက်က ကျွန်တော့်ထက် ပိုကောင်းတယ် ပြီးတော့ သူက အမြဲတမ်း လူတွေအပေါ် ကောင်းကောင်းဆက်ဆံပေးတယ်။ ခင်ဗျားတို့ ဘယ်လိုပဲကြည့်ကြည့် သူကသာ ကျွန်တော့်ကို ဆော့ကစားနိုင်တဲ့လူဖြစ်ပြီး ကျွန်တော်ကတော့ ဘာမှမလုပ်နိုင်ဘူး။

သူ ငြီးငွေ့လာပြီး လက်လွှတ်လိုက်တဲ့နေ့ ရောက်လာတဲ့အချိန်ကျရင် သူ အမြင့်ကိုမြှောက်ပေးခဲ့တဲ့ လော့ယွီချန်ဆိုတာက ချက်ချင်း ဘာဆိုဘာမှ ဟုတ်တော့မှာမဟုတ်ဘူး၊ အာရုံစိုက်ဖို့တောင် လုံးဝမထိုက်တန်တဲ့သူ ဖြစ်သွားမှာ။ အခုလိုမျိုးပေါ့။

တကယ်လို့ ကျွန်တော့်ထက်ပိုသာတဲ့လူ၊ သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးတဲ့သူကို ရှာချင်တယ်ဆိုရင် တစ်မိနစ်အတွင်းမှာတောင် တစ်ယောက်ယောက်ကို ကောက်ရွေးလိုက်လို့ရနိုင်တယ်။

မျက်တောင်တစ်ခတ်အတွင်း လဝက်ကျော်လွန်သွားပြီး ရှောင်ဟန်းဆီက သတင်းအစအနလေးတောင် မရလာသေးဘူး။

ကျွန်တော် ပိုပိုပြီး စိတ်မရှည်ဖြစ်လာတယ်။

သူ့မှာ သူ့ဒဏ်ရာတွေကို ကုစားဖို့ အချိန်တချို့လိုတယ်ဆိုတာ ကျွန်တော်သိတယ်။ တကယ်တော့ သူ့ခံစားချက်တွေကသာ စစ်မှန်တယ်ဆိုရင် ကျွန်တော်လုပ်ခဲ့သမျှ အားလုံးက သူ့ကိုသေချာပေါက် နာကျင်စေမှာဖြစ်တယ်။

ဒါပေမယ့် သူက အချိန်ဘယ်လောက်တောင် လိုနေတာလဲ?

ဒီလောက်တောင် ကြာနေပြီပဲ။ ကုမ္ပဏီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ တကယ်ဆုံးဖြတ်လိုက်တာတော့ မဟုတ်လောက်ဘူးမှတ်လား?

တကယ်လို့ သူ ပြန်မလာဘူးဆိုရင် သူ ဘယ်သွားမှာလဲ? မြို့အသစ်တစ်ခုကိုသွားပြီး ဘဝသစ်တစ်ခု စမှာလား? အဲ့အံ့ဩစရာဖန်းရှဲ့ယိက အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီးမှ ဒီအခွင့်အရေးယူထားရတာကို သူက တကယ်ကြီး ရှောင်ဟန်းကို ထွက်သွားခွင့်ပေးလိုက်မှာလား?

နောက်ထပ်ရက်အနည်းငယ် ကုန်ဆုံးသွားပြီး ခရစ်စမတ်နေ့ကို ရောက်ခါနီးလာတယ်။

ကျွန်တော့်မွေးနေ့ကလည်း ထိုနေ့မှာဖြစ်တယ်။ ရှောင်ဟန်း ပြောတဲ့အတိုင်းဆို 'နှမြောစရာပဲ'

အားလပ်ရက်တွေကို သဘောကျတဲ့သူ့အတွက် တစ်နှစ်တာမှာ အထိန်းအကွပ်မရှိ 'ပွဲခံ'ဖို့အတွက် ဆင်ခြေပေးစရာ အားလပ်ရက်တစ်ခု လျော့သွားတယ်ဆိုတဲ့သဘောကို ပြောချင်တာဖြစ်တယ်။

ခရစ်စမတ်၊ နှစ်သစ်ကူး၊ မွေးနေ့၊ ချစ်သူများနေ့၊ နွေဦးပွဲတော်... အဲ့တာတွေက ဘာလို့အထူးနေ့တွေ ဖြစ်နေရလဲဆိုတာ ကျွန်တော် လုံးဝနားမလည်ဘူး။ တကယ်ဆို နေ့ရက်တိုင်းက နေ့သစ်တစ်ခုသာဖြစ်တယ်။ အဲ့တာကြောင့် အရင်လိုပဲ အတူတူပြုမူနေလိုက်ရင် အဆင်ပြေနေတာပဲကို ဘာကြောင့် ဒီလောက်ရှည်ရှည်ဝေးဝေးတွေ လုပ်ဖို့လိုနေရတာလဲ?

ဒါပေမယ့် ရှောင်ဟန်းကတော့ ဒီလိုမတွေးဘူး။ ဖယောင်းတိုင်တွေ၊ ဘောလုံးတွေ၊ ချောကလက်တွေနဲ့ ပါတီတွေ တစ်ခုပြီးတစ်ခုလုပ်တယ်။ မကြာခဏဆိုသလို ကျွန်တော် အိမ်ပြန်လာတဲ့အချိန် ဖယောင်းတိုင်တွေကို မြင်ရင် ဘယ်လိုအားလပ်ရက်ကို ရောက်လာပြန်ပြီလဲဆိုတာ စတွေးမိတဲ့အထိပဲ။

ပြီးတော့ ကျွန်တော့်ရဲ့ဇဝေဇဝါဖြစ်နေတဲ့ပုံကို ကြည့်ရတာ သူတကယ်သဘောကျတယ်။ အဲ့လိုဆို သူက ကျွန်တော့်ကို 'ကြည်နူးစရာကောင်းတဲ့ အံ့ဩဖွယ်ရာတစ်ခု' ပေးနိုင်တာကြောင့်ပဲဖြစ်တယ်။

ဒါပေမယ့် အဲ့နေ့မှာ ကျွန်တော် အိမ်မပြန်ဖြစ်ခဲ့ဘူးဆိုရင်တော့ သူ တကယ်စိတ်ပျက်လက်ပျက်ဖြစ်သွားတတ်တယ်။

တစ်ခါတစ်လေကျရင် သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ နာကျင်စေဖို့ တကယ်မရည်ရွယ်ပေမယ့် အဆုံးမှာတော့ ရလဒ်က အတူတူသာဖြစ်နေတုန်းပဲ။ ကျွန်တော်က အတော့်ကိုအလေးမထားတတ်တဲ့လူတစ်ယောက်ဆိုပြီး ရှမင်ရှုပြောခဲ့ဖူးတယ်။ ကျွန်တော်ဆိုတာ ကိုယ် ဂရုစိုက်တဲ့တစ်စုံတစ်ရာကို အမှတ်တမဲ့မေ့လျော့သွားတဲ့အချိန်မှာ (ဖြစ်ပေါ်လာတဲ့)ခံစားချက်ကိုတောင် လုံးဝနားမလည်နိုင်တဲ့ လူစားမျိုးဖြစ်တယ်။

သူ ပြောတာလည်း မမှားဘူး။ အဲ့လိုခံစားချက်ကို ကျွန်တော် တကယ်နားမလည်သလို နားလည်အောင်လုပ်ဖို့လည်း စိတ်မဝင်စားဘူး။

ပြီးတော့ ဒီနေ့လိုမျိုး နောက်ဆုံးတော့ မေ့ပျောက်ခံရတာက ကျွန်တော့်အလှည့်ကျလာပြီ။

ဒီနေ့လိုနေ့မျိုး ရောက်လာမယ်ဆိုတာ ကျွန်တော်ဟိုးတုန်းကတည်းက ကြိုမြင်နေခဲ့တယ်။ ရှောင်ဟန်းအတွက် လော့ယွီချန်လိုလူမျိုးက သူ့တစ်ဘဝလုံးစာ ထူးခြားတဲ့တည်ရှိမှုတစ်ခုဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ကျွန်တော်တို့ လမ်းခွဲပြီးသွားပြီဖြစ်တာကြောင့် သူက သေချာပေါက် ကျွန်တော့်နောက်ကို ထပ်လိုက်တာ၊ ကျွန်တော့်ရဲ့အစားအသောက်တွေနဲ့ နေ့စဉ်ဘဝကို ဂရုစိုက်ပေးတာ ပြီးတော့ ကျွန်တော့်မွေးနေ့ဒါမှမဟုတ် တခြားအားလပ်ရက်တွေမှာ တစ်ဖက်သတ်စိတ်လှုပ်ရှားပြီး ကျင်းပပေးတာမျိုး ဘယ်တော့မှ ထပ်လုပ်တော့မှာမဟုတ်ဘူး။ ကျွန်တော့်ကို ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဆိုတဲ့ဆုကို တောင်းပေးဖို့ ဖုန်းတောင် အလုပ်ရှုပ်ခံပြီး ခေါ်တော့မှာမဟုတ်ဘူး။

ဒါက တကယ် သူနဲ့တူမနေဘူး။

ရိုးရှင်းပြီး ခပ်တိုတိုစာလေးတစ်စောင်နဲ့ ကျွန်တော့်ကို ဆုတောင်းပေးတာကမှ ရှောင်ဟန်းနဲ့ ပိုတူအုံးမယ်။

ကျွန်တော် စတင်စောင့်ဆိုင်းနေမိတယ်။

အချိန်အတော်ကြာလာတော့ ကျွန်တော့်ရဲ့ဆဲလ်ဖုန်းက ပျက်နေတာလားလို့တောင် သံသယဝင်မိလာပေမယ့် ကျွန်တော့်ဖုန်း ပျက်နေတယ်ဆိုရင်တောင် 'သူ့ရဲ့'ဖုန်းကောတွေပဲ ဝင်မလာနိုင်တာဆိုတာကတော့ မဖြစ်နိုင်ဘူး...

ထိုနေ့ညခုနစ်နာရီထိုးတော့ ကျွန်တော့်ဖုန်းကို ပိတ်ပစ်လိုက်ပြီး အိမ်ဖုန်းရဲ့ အဝင်ကြိုးကိုပါ ဖြုတ်ပစ်လိုက်တယ်။

ကျွန်တော် ထပ်မစောင့်တော့ဘူး။

'အခုချိန်မှာ မင်း ဖုန်းခေါ်လာရင်တောင် ငါ ပြန်မဖြေတော့ဘူး! နောင်တမရနဲ့!'

****

နောက်တစ်နေ့မနက်မှာ သူ နေမကောင်းဖြစ်နေတယ်ဆိုတဲ့သတင်းကို သိလိုက်ရတယ်။

ကျွန်တော့်တစ်ဘဝလုံးမှာ ဒါက ပထမဆုံးအကြိမ်အဖြစ် တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး အေးစက်လာတာကို ခံစားမိတာဖြစ်တယ်။

ကျွန်တော် အမှုမဲ့အမှတ်မဲ့ဖြစ်နေတုန်းမှာ ရှောင်ဟန်းက ကျွန်တော့်ရှေ့မှာ ရပ်နေတာကို မြင်ရသလို ခံစားလိုက်ရပြီး သူ့ကို ကိုင်ဖို့ လက်တစ်ဖန့်ဆန့်ထုတ်လိုက်ချိန်မှာ သူက ရုတ်တရက်ကြီး ပုံရိပ်ယောင်တစ်ခုလိုမျိုး လေထုအလွှာပါးလေးထဲမှာ ပျောက်ကွယ်သွားတယ် _ အဲ့တာက လူရဲ့သွေးကိုပါ အေးစက်သွားစေတယ်။

သူ့ကြည့်ရတာ အတော်လေး ကျန်းမာနေတဲ့ပုံပေါ်တာကို။

ဒါက သေချာပေါက် အမှန်မဟုတ်ဘူးလို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော့်မျက်နှာပေါ်မှာ ဘာအမူအယာမှရှိမနေဘဲ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတုန်းပဲဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ထဲက သွေးတွေအားလုံးက ကြောက်လန့်တကြား အရှိန်အဟုန်နဲ့စီးဆင်းနေပြီး ကျွန်တော့်ကို မွန်းကြပ်အောင် လုပ်နေတယ်ဆိုတာကိုတော့ ပြောနိုင်တယ်။

သူ နေမကောင်းဖြစ်နေခဲ့တယ်။

ဒါပေမယ့် သူက ကျွန်တော့်ကို ဘာမှမပြောဘဲ သူ့ဖာသာ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။

သူ ကျွန်တော့်ကို မပြောခဲ့ဘူး၊ ဒီအကြောင်းနဲ့ပက်သက်လို့ ကျွန်တော့်ကို တစ်ခွန်းလေးတောင် မဟခဲ့ဘူး?

စူးရှအောင့်သက်တဲ့နာကျင်မှုတစ်ခုက ကျွန်တော့်ရင်ဘတ်ကို ထိုးစိုက်သွားသလို ခံစားလိုက်ရတယ်။

သူသာ သူနေမကောင်းဖြစ်နေကြောင်း ကျွန်တော့်ကို ပြောခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကျွန်တော်သူ့ကို မောင်းထုတ်ခဲ့မှာမဟုတ်ဘူး!

ကျွန်တော်က ဝတ္တရားအရ ကြင်နာပေးတာမျိုးကို ရှောင်ဟန်း ဘယ်တုန်းကမှ မလိုချင်မှန်း ကျွန်တော်သိတယ် ပြီးတော့ ကျွန်တော် သူ့ကို သနားသွားတယ်ဆိုတာမျိုးကိုလည်း သူ မလိုချင်ခဲ့ဘူး ဒါပေမယ့် ဒါပေမယ့်_

ကျွန်တော် ခံစားချက်တစ်ခုရနေတယ်။ ဟိုးအရင်တည်းက ထွက်ပေါ်နေပုံရတဲ့ ထုံထိုင်းတဲ့နာကျင်မှုတစ်ခုရယ် အကူအကယ်မဲ့မှုနဲ့အတူ အဟုတ်ဖြစ်ပုံမရပေမယ့် ရင်းနှီးနေတဲ့ ကမ္ဘာကြီးအစိတ်စိတ်ကွဲသွားနိုင်တဲ့နောင်တဆိုတဲ့ ခံစားချက်မျိုးဖြစ်တယ်။ ကျွန်တော့်နှလုံးသားထဲမှာ ဒီလိုမချင့်မရဲဖြစ်မှုတွေ စုပုံလာပြီး ဖွင့်ချလိုက်လို့လည်း မရဖြစ်နေတယ်။

ကျွန်တော့်ကိုယ်ကျွန်တော် ပြောလိုက်တယ် 'ဒီလိုဖြစ်မနေနဲ့၊ ရိုးတွင်းခြင်ဆီအလှုရှင်တစ်ယောက်ကို ရှာတွေ့ပြီးနေပြီပဲ'

ဒါပေမယ့်လည်း ကျွန်တော် မနေသာစွာ တွေးမိနေသေးတယ်၊ အကယ်၍များ ခွဲစိတ်မှုမအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ၊ အကယ်၍ တခြားကြိုတင်မမြင်နိုင်တဲ့ မတော်တဆတချို့ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ၊ အကယ်၍ ရှောင်ဟန်းက ဒီလိုနဲ့ သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ...

ကျွန်တော့်အတွေးတွေကြားမှာ ကျွန်တော်ရုတ်တရက် အရိုးတွေထဲထိ စိမ့်တက်သွားရတယ်။

ကျွန်တော့်လက်မောင်းတွေထဲမှာ သူက လှဲနေပုံပေါ်ပြီး လုံးဝကို တောင့်ခဲအေးစက်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးက ရှေးဟောင်းရုပ်ရှင်ကားဟောင်းကြီးတစ်ခုနဲ့ တူနေတယ်။ အဖြစ်အပျက်တစ်ခုလုံးကို ကျွန်တော် ရှင်းရှင်းလင်းလင်းမသိပေမယ့် သူ ဘယ်တော့မှ ပြန်နိုးလာတော့မှာမဟုတ်ကြောင်း၊ ကျွန်တော် သူ့ကို ဘယ်လောက်ပဲ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပါစေ အချည်းနှီးသာဖြစ်သွားပြီဆိုတဲ့အကြောင်းနဲ့ ကျွန်တော်ဘယ်လောက်ပဲ မျက်ရည်တွေကျနေပါစေ အသုံးမဝင်တော့ကြောင်းကိုတော့ ကျွန်တော်သိတယ်။

ကျွန်တော် မျက်လုံးတွေဖွင့်လိုက်ပြီး ဒါက တော်တော်လေး နိမိတ်မကောင်းဘူးလို့ ခံစားမိလိုက်တယ်။

သူ အဆင်ပြေလောက်မှာပါ၊ သေချာပေါက် အဆင်ပြေလောက်မှာပါ...

ဖန်းရှဲ့ယိက သူ့ကို ဘယ်တော့မှ သေခွင့်ပေးမှာမဟုတ်ဘူး။ သူ ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ ဖန်းရှဲ့ယိက ရှောင်ဟန်းကို လုံးဝသေခွင့်ပေးလိုက်မှာ မဟုတ်ဘူး!

ဒါပေမယ့် သူ့အတွက် ကျွန်တော့်ရဲ့ပူပန်မှုကို ထိန်းချုပ်လို့မရသေးဘူး။

ရှမင်ရှုက "ရှောင်ဟန်း ထိတ်လန့်သွားမယ်ဆိုတာ သေချာတယ်"လို့ ပြောလိုက်တဲ့အချိန်မှာ ဝန်မခံချင်ပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် စပြီးဒေါသထွက်မိလာတယ်။

ခုတလောမှာ သူအားနည်းနေခဲ့ပြီး အတော်လေးလည်း ပိန်ကျသွားတာကြောင့် တစ်ခုခုတော့ မှားနေပြီဆိုတာကို ကျွန်တော် အရှင်းသား သတိထားမိခဲ့သင့်တယ်။

သတိမထားမိတာကမှ တော်သေးတယ်၊ ကျွန်တော်က အလွန်အကြူးနှီးနှောခဲ့ပြီး မီးထဲလောင်စာတောင် ထပ်ထည့်လိုက်သေးတယ်။ တကယ်လို့ သူ... အကယ်၍များ ဒီလိုနဲ့ တကယ်သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ?

ကျွန်တော်က ဖန်းရှဲ့ယိနဲ့ တခြားသူတွေပြောသလိုမျိုး သတိမထားဘဲ ပြောလိုက်တာမျိုး မလုပ်ဘူး။

ကျွန်တော် ရှောင်ဟန်းကို မချစ်ခဲ့ဘူး ပြီးတော့ ကျွန်တော်တို့ ခွဲရပြီဆိုတာနဲ့ ကျွန်တော် သူ့အကြောင်း ထပ်တွေးတော့မှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။

ဒါပေမယ့် ကျွန်တော်သူ့ကို ဘယ်တော့မှ ထပ်မတွေ့နိုင်လောက်တော့တဲ့အထိ ကျွန်တော့်ဘဝကြီးထဲကနေ သူ လုံးလုံးလျားလျား ပျောက်ကွယ်သွားလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

ကျွန်တော်တို့တွေ ဆယ်နှစ်ကျော်ကြာ အတူတတွဲတွဲရှိနေခဲ့ပြီးပြီ၊ ကျွန်တော်တို့သာ ရှေ့ဆက်သွားရင် တစ်ဘဝလုံးစာ ဖြစ်သွားရုံသာ ရှိလိမ့်မယ်။ ကျွန်တော် အမြဲထင်ခဲ့တာက အတူမနေရတော့တာကလွဲလို့ ကျွန်တော်တို့ လမ်းခွဲပြီးရင် ရှောင်လွှဲလို့မရတဲ့အဆက်အနွယ်တွေနဲ့ ကျွန်တော်တို့ရဲ့ဘဝတွေက ပုံမှန်အတိုင်းဆက်ရှိနေအုံးမယ်လို့ဖြစ်တယ်။

ဒါပေမယ့် တကယ်လို့သာ တစ်နေ့မှာ ထိုအဆက်အနွယ် ပြတ်တောက်သွားပြီး သူက ကျွန်တော့်ကို ပြန်လှည့်လို့မရတဲ့ လမ်းတစ်ခုမှာ ချန်ထားခဲ့ရင် ကျွန်တော် ဘာလုပ်ရတော့မလဲ?

အဲ့တာကို ကျွန်တော် အရင်ဘယ်တုန်းကမှ မတွေးဖူးဘူး။

ကျွန်တော် မတွေးရဲဘူး။ ကျွန်တော် အဲ့လိုတွေးမိရင် ကျွန်တော် အောင့်မခံနိုင်လောက်တဲ့အထိ ရင်ဘတ်က နာကျင်လာတယ်။

ရှောင်ဟန်းက အမှန်ကိုပင် အတော်လေးရက်စက်တယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ သူ ကျွန်တော့်ကို ဘာဆိုဘာမှ မပြောပြခဲ့ဘူး။ တကယ်လို့ ဆေးရုံကနေဝင်လာတဲ့ ဒီဖုန်းကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော်မမြင်နိုင်တဲ့ တစ်နေရာမှာ သူသေသွားခဲ့ရင်တောင် ကျွန်တော် သိလိုက်ရမှာမဟုတ်ဘူး။ ပြီးတော့ တစ်သက်တာကုန်ဆုံးသွားတဲ့အချိန် ကျွန်တော် နောက်ဘဝကို သွားရတော့မယ့်အချိန်ကျမှာသာ သူ ကျွန်တော့်ကို လုံးဝစောင့်မနေခဲ့ဘူးဆိုတာ ကျွန်တော် သိရမှာ။

နောက်ပြီး အမြဲတမ်းဆိုသလို ကျွန်တော်အကြောက်ဆုံးအရာကလည်း ဒါပဲဖြစ်တယ်။

ရှောင်ဟန်း ဒီလူ၊ သူ့ရဲ့ခံစားချက်တွေအားလုံးကို မျက်နှာပေါ်မှာ ချရေးထားတဲ့ပုံပေါ်ပေမယ့် တစ်နေ့မှာ သူရုတ်တရက် ထဖောက်ပြီး စိတ်ကူးလို့တောင်မရတဲ့ ဖရိုဖရဲကိစ္စတစ်ခုခုကို ဘယ်အချိန်ထလုပ်လိမ့်မယ်ဆိုတာ လုံးဝခန့်မှန်းလို့ရမှာမဟုတ်ဘူး။

သူချစ်တဲ့ဘယ်သူမဆို ကောင်းကင်ဘုံအထိရောက်အောင် သူ့ရဲ့အလိုလိုက်ခြင်းကို သေချာပေါက်ခံရမှာဖြစ်တယ်။ အောက်မှာဘာတွေဖြစ်နေမှန်း မသိတဲ့အထိတောင် ပျော်ရမယ်ဆိုတာကို ကျွန်တော် ဟိုးတုန်းကတည်းက သိထားပြီးသားဖြစ်တယ်။

ဒါပေမယ့် တစ်နေ့မှာ သူ့ဘက်က ရုတ်တရက် လက်ပြပြီး သတိပေးခြင်းမရှိ ထွက်သွားဖို့ဆုံးဖြတ်လိုက်ရင် ကျန်ရစ်ခဲ့တဲ့လူက ဘယ်လောက်ပဲ ရုန်းကန်နေပါစေ ငရဲတွင်းထဲကနေ လှိမ့်ထွက်လာနိုင်မှာမဟုတ်ဘူး။

မဟုတ်မှ ကျွန်တော်ကဒီတိုင်း... တစ်နေ့မှာ ဒီလိုစိတ်ဆင်းရဲကိုယ်ဆင်းရဲအဆင့်ထိ ကျသွားမှာမျိုး ကိုယ့်ကိုယ်ကို မမြင်ချင်တာပဲ ဖြစ်လောက်မယ်။



_____


Thanks 🌹



Continue Reading

You'll Also Like

134K 16.3K 119
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
1.5M 191K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
392K 8K 9
My priority /property/privacy