အပိုင်း_218_အတွေးပုံရိပ်ဂိုဏ်းကိုဝင်ရောက်တယ်
"ညီအကိုချူး မင်းငါ့ကိုရွေးချယ်လိုက်တာ မှန်ကန်တဲ့လုပ်ရပ်ပဲဆိုတာယုံလိုက်ပါ"
ကျန်းရီချူး ရိုးသားစွာပြုံးလိုက်ပါတယ်။ချူးယွန်ကလည်း ဒီလို ရိုးဖြောင့်တဲ့လူတွေကို သဘောကျတယ်လေ။
"ညဏ်ကောင်းတဲ့လူတွေနဲ့ဆက်ဆံရတာ ကျူပ်သဘောကျတယ်... ကိုယ့်ကိုယ်ကိုယ်အထူးချွန်ဆုံး ကျန်သူတွေက ငတုံးလို့ ထင်နေတဲ့လူတွေကို ကျုပ်သဘောမကျဘူး"
ချူးယွန်ပြောလိုက်ပါတယ်။
ကျန်းရီချူးက ရိုးသားဖြောင့်မတ်ပြီး ပွင့်လင်းကာ ဒဲ့ဒိုးဆန်တယ်။တင်းမင်ခကတော့ ချူးယွန်ကို တန်းတူရည်တူလူတစ်ယောက်လို့ ဘယ်တုန်းကမှမကြည့်ခဲ့ပါဘူး။ချူးယွန်ကိုပေးရတဲ့ပစ္စည်းတွေကိုလည်း လက်ဆောင်ပေးလိုက်သလိုသာသဘောထားပြီး သူ့မှာပေးစရာဝှတ်ဖဲတွေရှိသေးပေမယ့် တိုက်ရိုက်မပြောပဲ ချူးယွန်ဘက်ကညှိနှိုင်းလာအောင် စောင့်ဆိုင်းခဲ့တယ်လေ။ဒါပေမယ့် ချူးယွန်ကလည်း ညဏ်မရှိတဲ့သူမှမဟုတ်တာ!
"ညီအကိုချူး... ငါတို့ဂိုဏ်းချူပ်က အဲနေ့ မင်းရဲ့တိုက်ပွဲကို ကိုယ်တိုင်လာကြည့်ခဲ့တယ်လေ... သူက မင်းကို အတော်သဘောကျနေတာ၊ ဒီတစ်ကြိမ် ဟွန်အန်မြို့ကို ဂိုဏ်းချူပ်ကိုယ်တိုင်လွှတ်လို့ ငါလာခဲ့တာလေ"
ကျန်းရီချူး က ချူးယွန်ကို မျက်တောင်တစ်ချက်မခတ်ပဲ ချီးကျူးလိုက်ပါတယ်။
ကျိဝူမင်လဲ လာကြည့်နေခဲ့တာလား?
ဒါကို ကြားတော့ ချူးယွန်ရင်တွေဘာတွေ တုန်သွားခဲ့ရတယ်။ ရဲရွှမ်နဲ့ ကျိဝူမင်က ရန်သူတွေမဟုတ်လား... သူတို့နှစ်ယောက်က တစ်နေရာထဲမှာ အတူရှိနေခဲ့ကြတာလေ...
ဒါပေမယ့်လည်း မိုးသောက်ဖြူမြို့တော်မှာ မဟာကလန်ကြီးလေးခုရဲ့ တာအိုသခင်တွေရှိနေခဲ့ကြတယ်မဟုတ်လား... သူတို့က ပြဿနာအဖြစ်ခံမှာတော့ မဟုတ်ကြပါဘူး။
"ညီအကိုချူး... ငါတို့ဘယ်အချိန်သွားကြမလဲ?"
ကျန်းရီချူးက စိတ်ရှည်ပုံမရတာသိသာပါတယ်... ထိုင်တာမကြာသေးဘူး ချက်ချင်းမေးမြန်လာခဲ့တယ်လေ။
ချူးယွန်က ပိုတောင် စိတ်မရှည်ဖြစ်နေပါသေးတယ်... ဒီကိစ္စက သန့်စင်ခြင်းလမ်းကိုးပါးစေတီနဲ့ပတ်သတ်နေခဲ့တယ်မဟုပ်လား။ ဒါပေမယ့် သူရှင်းပြလို့မရတဲ့ကိစ္စမို့ စိတ်လှုပ်ရှားနေမှုကို ထိန်းချူပ်ရင်း ပြောလိုက်တယ်။
"ကျွန်တော် ဒီမှာ လုပ်စရာလေးနဲနဲရှိသေးတယ်"
ကျန်းရီချူး အနည်းငယ်စိတ်ညစ်သွားပုံရပေမယ့် ခေါင်းညိမ့်ပြလိုက်ပါတယ်။
"ကောင်းပြီလေ... ညီအကိုချူး ငါမင်းကိုယုံတယ်!"
ချူးယွန် အသာပြုံးလိုက်ပြီလေ။
"ခင်ဗျား ကျတော်ကိုယုံတဲ့အတွက် ခင်ဗျားကို ခက်ခဲအောင် မလုပ်ပါဘူး"
"သုံးရက်အတွင်း ကျွန်တော် အရောက်လာခဲ့မယ်"
ဒါကိုကြားတော့မှ ကျန်းရီချူး ကျေနပ်အားရစွာနဲ့လက်နှစ်ဖက်ဆုပ်ပြလိုက်ပါတယ်။
ချူးယွန်ရဲ့ ရည်ရွယ်ချက်က ပထမခြေလှမ်းကတော့ အောင်မြင်သွားပြီလို့ ပြောလို့ရတယ်။
နောက်တစ်ဆင့်က ဂိုဏ်းထဲကိုရောက်တာနဲ့ သူ့ရဲ့ပါရမီ၊စွမ်းရည်တွေကို ထုတ်ဖော်ပြသကာ ဂိုဏ်းရဲ့အာရုံစိုက်မှုကို ရယူရမှာပါ။ဒီနောက်မှာမှ တားမြစ်နယ်မြေထဲဝင်ပြီး သန့်စင်ခြင်းလမ်းကိုးပါးစေတီကိုရှာဖွေနိုင်မယ်လေ!
"ဝုန်း"
ဒီအချိန်မှာပဲ အနောက်ဘက်ကနေ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့ပါပြီ။ထိုပေါက်ကွဲမှုကြောင့် အိမ်လေးတစ်လုံးဟာ ပြိုကျသွားခဲ့ပြီလေ။။
မဟာပညာရှိက ပြံးရွှင်စွာနဲ့ အိမ်အပျက်ဆီးပုံပေါ်မှာ ရပ်နေလို့ပါ။သူက ပျော်ရွှင်မှုအပြည့်နဲ့ ခုန်လိုက်ပါတယ်။
"ငါလုပ်နိုင်သွားပြီကွ၊ ငါလုပ်နိုင်ခဲ့ပြီ"
ချူးယွန် ကူကယ်ရာမဲ့စွာ ပြောလိုက်တယ်။
"မင်းက ဝက်လိုဦးနှောက်နဲ့ပဲကွာ၊ အခန်းထဲမှာ လက်သီးသိုင်းကျင့်ရသလားဟ? အပြင်မှာလေ့ကျင့်လို့မရလို့ ငါ့အိမ်ကိုဖျက်ဆီးပစ်တာလား"
မဟာပညာရှ်ိက ချူးယွန်ကို လျစ်လျူရှုထားကာ သူ့ရဲ့ပျော်ရွှင်မှုတွေကို ခံစားနေပါတယ်။
"ယွန်အာ ဘာဖြစ်သွားတာလဲ?"
ချူးတိုင်ကွန် အံ့အားသင့်စွာ ပြေးလွှားလာခဲ့ပါပြီ။ချူးယွန်က တစ်ယောက်ယောက်နဲ့တိုက်ခိုက်နေပြီလို့ သူထင်ခဲ့တာ။
"အဆင်ပြေပါတယ်အဖေ... ခွန်အားကို နည်းနည်းထိန်းချုပ်မရဖြစ်သွားတာ"
ချူးယွန် မဟာပညာရှိကို ကာပြောလိုက်တယ်။
"ယွန်အာ အစောပိုင်း ဂိုဏ်းနှစ်ဂိုဏ်းကလာသွားတာ အဆင်ပြေတယ်မဟုတ်လား"
ချူးယွန် အဆင်ပြေတာမြင်မှ ချူးတိုင်ကွန် စိတိသက်သာရာရသွားခဲ့တယ်။
"အတွေးပုံရိပ်ဂိုဏ်းကို ကျွန်တော် ဝင်ဖြစ်လိမ့်မယ်အဖေ"
ချူးယွန် ဖုံးကွယ်မထားခဲ့ပါဘုး။အတွေးပုံရိပ်ဂိုဏ်းက အဆင့်မြင့်ဂိုဏ်းဖြစ်ပြီး သူတို့ရဲ့လွှမ်းမိုးနိုင်စွမ်းက အလွန်ကြီးမားကာ ဒီလိုဂိုဏ်းထဲဝင်လိုက်ရင် ကလန်ရဲ့ဂုဏ်သတင်းလဲ မြင့်မားလာပါလိမ့်မယ်။
"ယွန်အာ မင်းက သာမန်မတူပဲ ထူးခြားတဲ့အတွေးအခေါ်ရှိတယ်... မင်းရဲ့ရွေးချယ်မှုကို အဖေက ဘာမှပြောမှာမဟုတ်ဘူး... မင်းဘာပဲလုပ်လာပါစေ မင်းဘက်မှာအဖေအမြဲရှိတယ်"
ချူးတိုင်ကွန်ပြောလိုက်တယ်။
"ဒါနဲ့ မင်းဘယ်အချိန်ဂိုဏ်းကိုသွားမှာလဲ?"
ချူးယွန် မေးလိုက်တယ်။
"အလျင်မလိုပါဘူး... သုံးရက်အတွင်း ကျွန်တော်သွားလို့ရတယ်၊ အိမ်မှာ နေချင်သေးတယ်လေ"
ချူးယွန် ရယ်မောလိုက်ပါတယ်။
"ကောင်းပြီ... တို့သားဖ ဒီည ကောင်းကောင်း စားကြသောက်ကြတာပေါ့"
ချူးတိုင်ကွန် ရယ်မောလိုက်ပါပြီ။
ညအချိန်...
ကျောက်စားပွဲတစ်လုံးပေါ်မှာ မွှေးကြိုင်နေတဲ့စားစရာတွေတင်ထားပြီး စားချင်စဖွယ် ကောင်းလှတယ်။
"နောက်ဆုံးဟင်းလျာ ပင်လယ်ပုဇွန်ဟင်း ရပါပြီ"
ဂျင်ရန် ချွေးလေးအနည်းငယ်စို့နေတဲ့မျက်နှာနဲ့ ဟင်းပန်းကန်တစ်ခုကိုယူကာ လျှောက်လှမ်းလာခဲ့တယ်။
ဂျင်ရန်ပြောတာကြားတော့ ချူးတိုင်ကွန်ရယ်မောရင်း ပြောလိုက်ပါတယ်။
"သားရေ... မင်းအဒေါ်ရန်က မီးဖိုချောင်ကိစ္စကိုတော့လုပ်ပေးပါတယ်၊ ဒါပေမယ့် သူမရဲ့ အချက်အပြုတ်စွမ်းရည်က အတော်ဆိုးတယ်ကွာ... မင်းသည်းခံပြီးစားနိုင်ရင် ကျေးဇူးတင်မိမှာပါ"
"အဖေမပြောလည်း ဒီညတော့ အဒေါ်ရန်ရဲ့လက်ရာကို ကျွန်တော်နှလုံးသားနဲ့ စားပေးမှာပါ"
ချူးယွန်လဲ ရယ်မောပြီး သူ့လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်တယ်။
မဟာပညာရှိကြီး ဒါကိုမြင်တော့ ချက်ချင်းပြေးလာပါတယ်။
"ငါလဲစားချင်တယ်... ဘာလို့ ငါပါအတူတူစားလို့ မရရမှာလဲ"
ဂျင်ရန်က သူမရဲ့ပါးစပ်ကို လက်ကလေးနဲ့အုပ်ရင်း ရယ်မောလိုက်တယ်လေ။
"ဒီမျောက်က အတော်ဆာနေပုံပဲ!"
"အဒေါ်ရန် သူ့ကိုမစိုးရိမ်ပါနဲ့... သူကမဆာပါဘူး... "
ချူးယွန် အပြင်းအထန်ငြင်းဆိုလိုက်တယ်။
ဒီစားပွဲပေါ်က စားစရာတွေက သူ့သွားကြားတောင်ညှပ်မှာမဟုတ်ဘူး...
မဟာပညာရှိ ဒါကိုကြားတော့ ချူးယွန်ကို အထင်မြင်သေးဟန်နဲ့ကြည့်ပြီး တစ်ဖက်လှည့်သွားကာ သူစားဖို့အတွက် ရွေးလိုက်တယ်။
"ယွန်အာ... ဒါက မင်းအဖေသောက်နေကျဝိုင်လေ... ဒါက အတော်ကောင်းတယ်"
ချူးတိုင်ကွန် ချူးယွန်ကို တစ်ခွက်ကမ်းပေးလိုက်တယ်။
ချူးယွန်နဲ့ ချူးတိုင်ကွန်တို့ စိတ်အေးလက်အေးသောက်နေကြပြီး စကားစမည်ပြောဆိုနေခဲ့ကြပါပြီ။
"ယွန်အာ... ငါမေးမလို့ မမေးဖြစ်သေးတာ... အတွေးပုံရိပ်ဂိုဏ်းက ဘယ်အဆင့်မှာရှိလဲ?"
ချူးတိုင်ကွန်ရဲ့မျက်နှာက အနည်းငယ်နီရဲနေပြီး သူ့ပါးစပ်က အရက်နံ့ပါထွက်နေပါတယ်။
"အတွေးပုံရိပ်ဂိုဏ်းက အတော်အစွမ်းထက်တဲ့ဂိုဏ်းလို့ပြောလို့ရတယ်... သူတိူ့က အမြဲနှိမ့်ချနေကြပေမယ့် ခိုင်မာတဲ့အခြေခံအုတ်မြစ်ရှိပြီး မဟာဂိုဏ်းကြီးအဖြစ်တောင် တိုက်ခိုက်နိုင်စွမ်းရှိနိုင်တယ်"
ချူးယွန်က အတွေးပုံရိပ်ဂိုဏ်းအကြောင်းသိပ်မသိပါဘူး... ဒါကြောင့်မို့ သူသိသလောက်ပဲ ပြန်ရှင်းပြနေခဲ့တာပါ။
"ကောင်းတယ်... သိပ်ကောင်းတယ်... ထိပ်တန်းအဆင့်ဂိုဏ်း! ဟားဟားဟား"
ချူးတိုင်ကွန် အားပါးတရရယ်မောရင်း မျက်ရည်တွေပါ စီးကျလာခဲ့ပါပြီ။
"ငါချူးတိုင်ကွန်ဟာ ဘဝမှာဘာမှမစွမ်းဆောင်နိုင်ခဲ့ဘူး... ကံကောင်းလို့ ကောင်းကင်ဘုံက ငါ့ကိုကြင်နာပြီး ဒီလိုသားကောင်းတစ်ယောက်ကိုပေးထားခဲ့ပြီ! ငါ့သားက အဆင့်မြင့်ဂိုဏ်းထဲကို ဝင်နိုင်ပြီ! ငါ့သားကိုလိုချင်တဲ့အတွက် သူတို့ကိုယ်တိုင်လာကမ်းလှမ်းကြရတယ်! ဒီဘဝ! ဒီလိုဘဝ!"
ဂျင်ရန် ချူးတိုင်ကွန်ရဲ့လက်ဖဝါးကိုကိုင်ပြီး စိတ်လှုပ်ရှားနေမှုကို နှစ်သိမ့်ပေးလိုက်ရပါပြီ။
ချူးယွန်ကတော့ ဘာမှမပြောပါဘူး.. သူ့အဖေက သူ့က်ုအရမ်းမျှော်လင့်ထားတယ်ဆိုတာ သိတယ်လေ။
"အဖေ... ကျွန်တော်မလိုအပ်တဲ့ သိုင်းပညာရပ်အချို့ရှ်ိနေတယ်... အဲတာတွေကိုယူထားလိုက်ပါ! ကလန်တိုးတက်ဖို့က ဆေးလုံးတွေနဲ့တင်မလုံလောက်ဘူး!"
ချူးယွန် အဆင့်မြင့်သိုင်းပညာရပ်အချို့ကို ထုတ်ပြီးပေးလိုက်တယ်။
သူတို့ကလန်အနေအထားအရ အဆင့်မြင့်အဆင့်သိုင်းပညာရပ်ကိုထိန်းသိမ်းထားနိုင်ဖို့မလွယ်ပါဘူး။အင်အားစုကြီးတွေကတော့ဂရုစိုက်မှာမဟုတ်ဘူးလေ... အချို့အင်အားစုငယ်လေးတွေကတော့ သူတို့မှာရှိနေတာကိုသိရင် မျက်စိကျလာကြမှာပါ၊ ဒါပေမယ့် ချူးယွန်ရဲ့တည်ရှိမှုကြောင့် သူတို့လှုပ်ရှားရဲကြမှာမဟုတ်ပါဘူး။
"အဆင့်မြင့်အဆင့်သိုင်းပညာတွေ အများကြီးပဲ!"
ချူးတိုင်ကွန်နဲ့ ဂျင်ရန်တို့ရဲ့မျက်လုံးတွေက ပြူးကျယ်နေကြလို့ပါ...
သူတို့ကလန်မှာလဲ အဆင့်မြင့်သိုင်းပညာရပ်တစ်ခုရှိပေမယ့် ဒါက မပြည့်စုံတော့တဲ့ အကြွင်းအကျန်စာအုပ်တစ်အုပ်မို့ သူ့ရဲ့အင်အားအပြည့်အဝကိုလဲ ပြသနိုင်ခြင်းမရှိတော့ပါဘူး။
အခုသူတို့အရှေ့မှာ အဆင့်မြင့်သိုင်းပညာရပ်အများကြီးရှိနေပြီလေ... သူတို့က မအံ့ဩဘူးဆိုရင် ထူးခြားနေလိမ့်မယ်။
"ဒါတွေကို ကျွန်တော်မလိုအပ်တော့ဘူးလေ... အဖေတို့ကိုယ်တိုင်ကျင့်ကြံနိုင်သလို ကလန်ရဲ့ထူးချွန်တဲ့လူငယ်လေးတွေကိုလည်းပေးလို့ရတယ်! ဒီဆေးလုံးတွေကတော့ အဖေတို့အတွက်ပေးတာပါ... ဒါကို မဖြုန်းတီးပစ်ပါနဲ့"
ချူးယွန် အဆင့်မြင့်အဆင့်ဆေးလုံးတွေကို ပေးလိုက်တယ်။
"ဒါတွေက အများကြီးပါလား၊ ငါလက်မခံနိုင်ဘူး"
ဂျင်ရန်တုန်လှုပ်စွာနဲ့ သူမရဲ့လက်ကိုဝေ့ယမ်းလိုက်တယ်။
"ချူးယွန်နင့်ရဲ့ ကျင့်ကြံခြင်းမှာအသုံးပြုလို့ရတယ်၊ ပြန်ယူထားလိုက်ပါ"
"အတွေးပုံရိပ်ဂိုဏ်းက ကျွန်တော့ကို လစဉ်ထိပ်တန်းအဆင့်ဆေးနှစ်လုံးပေးမှာလေ... ဒီဟာတွေကိုဘယ်လိုသုံးရမှန်းမသိလို့ စိုးရိမ်နေတာ"
ချူးယွန်ရယ်မောလိုက်တယ်။
"ထိပ်တန်းအဆင့်ဆေးနှစ်လုံးလား?"
ဂျင်ရန်နဲ့ချူးတိုင်ကွန်တို့ရဲ့မျက်လုံးတွေ ပြူးကျယ်လာခဲ့ကြပြန်ပါပြီ။
ထိုအဆင့်တွေက သူတို့နဲ့အလှမ်းဝေးပေမယ့် ထိုဆေးလုံးတွေ ဘယ်လောက်တန်ဖိုးကြီးမယ်ဆိုတာတော့ နားလည်နေဆဲပါ။
"ဟုတ်တယ်အဖေ"
ချူးယွန် ခေါင်းညိမ့်လိုက်တယ်။
"အခုကျွန်တော်က အရင်ကနဲ့မတူတော့ဘူးလေ... အဖေနဲ့အဒေါ်ရန်... ကျွန်တော်ကိုအဲလောက်ထိယဉ်ကျေးနေစရာမလိုပါဘူး... နောက်ပြီး ကျွန်တော်က အိမ်ကိုပြန်လာခဲတယ်လေ... သားတစ်ယောက်ရဲ့တာဝန်မကျေမှုအတွက် သေးငယ်တဲ့ ပြန်ပေးဆပ်မှုလို့ သဘောထားပေါ့"
ဂျင်ရန်က တစ်ခုခုပြောချင်သေးပေမယ့် ချူးတိုင်ကွန်က ဖြတ်ပြောလိုက်ပါတယ်။
"ယွန်အာရဲ့ကြင်နာမှုကို လက်ခံလိုက်ပါကွာ"
"ခေါင်းဆောင်... အပြင်မာထူးဆန်းတဲ့လူတစ်ယောက်ရောက်နေပါတယ်... သူက သခင်လေးနဲ့တွေ့ချင်တယ်လို့ ပြောနေပါတယ်ခင်ဗျာ"
အစောင့်တစ်ယောက်က အပြေးတစ်ပ်ုင်းနဲ့လျှောက်လှမ်းလာပြီး ဒူးထောက်ချလိုက်ပါပြီ။
ထိုလူက ခိုက်ခိုက်တုန်အောင်ချမ်းနေပုံရကာ ရေခဲမှုန်လေးတွေကလဲ သူ့ဆံပင်ပေါ်မှာ နှင်းလွှာတစ်ခုလိုကပ်ညိနေလို့ပါ...
အပိုင္း_218_အေတြးပုံရိပ္ဂိုဏ္းကိုဝင္ေရာက္တယ္
"ညီအကိုခ်ဴး မင္းငါ့ကိုေ႐ြးခ်ယ္လိုက္တာ မွန္ကန္တဲ့လုပ္ရပ္ပဲဆိုတာယုံလိုက္ပါ"
က်န္းရီခ်ဴး ႐ိုးသားစြာျပဳံးလိုက္ပါတယ္။ခ်ဴးယြန္ကလည္း ဒီလို ႐ိုးေျဖာင့္တဲ့လူေတြကို သေဘာက်တယ္ေလ။
"ညဏ္ေကာင္းတဲ့လူေတြနဲ႔ဆက္ဆံရတာ က်ဴပ္သေဘာက်တယ္... ကိုယ့္ကိုယ္ကိုယ္အထူးခြၽန္ဆုံး က်န္သူေတြက ငတုံးလို႔ ထင္ေနတဲ့လူေတြကို က်ဳပ္သေဘာမက်ဘူး"
ခ်ဴးယြန္ေျပာလိုက္ပါတယ္။
က်န္းရီခ်ဴးက ႐ိုးသားေျဖာင့္မတ္ၿပီး ပြင့္လင္းကာ ဒဲ့ဒိုးဆန္တယ္။တင္းမင္ခကေတာ့ ခ်ဴးယြန္ကို တန္းတူရည္တူလူတစ္ေယာက္လို႔ ဘယ္တုန္းကမွမၾကည့္ခဲ့ပါဘူး။ခ်ဴးယြန္ကိုေပးရတဲ့ပစၥည္းေတြကိုလည္း လက္ေဆာင္ေပးလိုက္သလိုသာသေဘာထားၿပီး သူ႕မွာေပးစရာဝွတ္ဖဲေတြ႐ွိေသးေပမယ့္ တိုက္႐ိုက္မေျပာပဲ ခ်ဴးယြန္ဘက္ကညႇိႏိႈင္းလာေအာင္ ေစာင့္ဆိုင္းခဲ့တယ္ေလ။ဒါေပမယ့္ ခ်ဴးယြန္ကလည္း ညဏ္မ႐ွိတဲ့သူမွမဟုတ္တာ!
"ညီအကိုခ်ဴး... ငါတို႔ဂိုဏ္းခ်ဴပ္က အဲေန႔ မင္းရဲ႕တိုက္ပြဲကို ကိုယ္တိုင္လာၾကည့္ခဲ့တယ္ေလ... သူက မင္းကို အေတာ္သေဘာက်ေနတာ၊ ဒီတစ္ႀကိမ္ ဟြန္အန္ၿမိဳ႕ကို ဂိုဏ္းခ်ဴပ္ကိုယ္တိုင္လႊတ္လို႔ ငါလာခဲ့တာေလ"
က်န္းရီခ်ဴး က ခ်ဴးယြန္ကို မ်က္ေတာင္တစ္ခ်က္မခတ္ပဲ ခ်ီးက်ဴးလိုက္ပါတယ္။
က်ိဝူမင္လဲ လာၾကည့္ေနခဲ့တာလား?
ဒါကို ၾကားေတာ့ ခ်ဴးယြန္ရင္ေတြဘာေတြ တုန္သြားခဲ့ရတယ္။ ရဲ႐ႊမ္နဲ႔ က်ိဝူမင္က ရန္သူေတြမဟုတ္လား... သူတို႔ႏွစ္ေယာက္က တစ္ေနရာထဲမွာ အတူ႐ွိေနခဲ့ၾကတာေလ...
ဒါေပမယ့္လည္း မိုးေသာက္ျဖဴၿမိဳ႕ေတာ္မွာ မဟာကလန္ႀကီးေလးခုရဲ႕ တာအိုသခင္ေတြ႐ွိေနခဲ့ၾကတယ္မဟုတ္လား... သူတို႔က ျပႆနာအျဖစ္ခံမွာေတာ့ မဟုတ္ၾကပါဘူး။
"ညီအကိုခ်ဴး... ငါတို႔ဘယ္အခ်ိန္သြားၾကမလဲ?"
က်န္းရီခ်ဴးက စိတ္႐ွည္ပုံမရတာသိသာပါတယ္... ထိုင္တာမၾကာေသးဘူး ခ်က္ခ်င္းေမးျမန္လာခဲ့တယ္ေလ။
ခ်ဴးယြန္က ပိုေတာင္ စိတ္မ႐ွည္ျဖစ္ေနပါေသးတယ္... ဒီကိစၥက သန္႔စင္ျခင္းလမ္းကိုးပါးေစတီနဲ႔ပတ္သတ္ေနခဲ့တယ္မဟုပ္လား။ ဒါေပမယ့္ သူ႐ွင္းျပလို႔မရတဲ့ကိစၥမို႔ စိတ္လႈပ္႐ွားေနမႈကို ထိန္းခ်ဴပ္ရင္း ေျပာလိုက္တယ္။
"ကြၽန္ေတာ္ ဒီမွာ လုပ္စရာေလးနဲနဲ႐ွိေသးတယ္"
က်န္းရီခ်ဴး အနည္းငယ္စိတ္ညစ္သြားပုံရေပမယ့္ ေခါင္းညိမ့္ျပလိုက္ပါတယ္။
"ေကာင္းၿပီေလ... ညီအကိုခ်ဴး ငါမင္းကိုယုံတယ္!"
ခ်ဴးယြန္ အသာျပဳံးလိုက္ၿပီေလ။
"ခင္ဗ်ား က်ေတာ္ကိုယုံတဲ့အတြက္ ခင္ဗ်ားကို ခက္ခဲေအာင္ မလုပ္ပါဘူး"
"သုံးရက္အတြင္း ကြၽန္ေတာ္ အေရာက္လာခဲ့မယ္"
ဒါကိုၾကားေတာ့မွ က်န္းရီခ်ဴး ေက်နပ္အားရစြာနဲ႔လက္ႏွစ္ဖက္ဆုပ္ျပလိုက္ပါတယ္။
ခ်ဴးယြန္ရဲ႕ ရည္႐ြယ္ခ်က္က ပထမေျခလွမ္းကေတာ့ ေအာင္ျမင္သြားၿပီလို႔ ေျပာလို႔ရတယ္။
ေနာက္တစ္ဆင့္က ဂိုဏ္းထဲကိုေရာက္တာနဲ႔ သူ႕ရဲ႕ပါရမီ၊စြမ္းရည္ေတြကို ထုတ္ေဖာ္ျပသကာ ဂိုဏ္းရဲ႕အာ႐ုံစိုက္မႈကို ရယူရမွာပါ။ဒီေနာက္မွာမွ တားျမစ္နယ္ေျမထဲဝင္ၿပီး သန္႔စင္ျခင္းလမ္းကိုးပါးေစတီကို႐ွာေဖြႏိုင္မယ္ေလ!
"ဝုန္း"
ဒီအခ်ိန္မွာပဲ အေနာက္ဘက္ကေန က်ယ္ေလာင္တဲ့ေပါက္ကြဲသံႀကီးထြက္ေပၚလာခဲ့ပါၿပီ။ထိုေပါက္ကြဲမႈေၾကာင့္ အိမ္ေလးတစ္လုံးဟာ ၿပိဳက်သြားခဲ့ၿပီေလ။။
မဟာပညာ႐ွိက ျပံး႐ႊင္စြာနဲ႔ အိမ္အပ်က္ဆီးပုံေပၚမွာ ရပ္ေနလို႔ပါ။သူက ေပ်ာ္႐ႊင္မႈအျပည့္နဲ႔ ခုန္လိုက္ပါတယ္။
"ငါလုပ္ႏိုင္သြားၿပီကြ၊ ငါလုပ္ႏိုင္ခဲ့ၿပီ"
ခ်ဴးယြန္ ကူကယ္ရာမဲ့စြာ ေျပာလိုက္တယ္။
"မင္းက ဝက္လိုဦးေႏွာက္နဲ႔ပဲကြာ၊ အခန္းထဲမွာ လက္သီးသိုင္းက်င့္ရသလားဟ? အျပင္မွာေလ့က်င့္လို႔မရလို႔ ငါ့အိမ္ကိုဖ်က္ဆီးပစ္တာလား"
မဟာပညာ႐ွ္ိက ခ်ဴးယြန္ကို လ်စ္လ်ဴ႐ႈထားကာ သူ႕ရဲ႕ေပ်ာ္႐ႊင္မႈေတြကို ခံစားေနပါတယ္။
"ယြန္အာ ဘာျဖစ္သြားတာလဲ?"
ခ်ဴးတိုင္ကြန္ အံ့အားသင့္စြာ ေျပးလႊားလာခဲ့ပါၿပီ။ခ်ဴးယြန္က တစ္ေယာက္ေယာက္နဲ႔တိုက္ခိုက္ေနၿပီလို႔ သူထင္ခဲ့တာ။
"အဆင္ေျပပါတယ္အေဖ... ခြန္အားကို နည္းနည္းထိန္းခ်ဳပ္မရျဖစ္သြားတာ"
ခ်ဴးယြန္ မဟာပညာ႐ွိကို ကာေျပာလိုက္တယ္။
"ယြန္အာ အေစာပိုင္း ဂိုဏ္းႏွစ္ဂိုဏ္းကလာသြားတာ အဆင္ေျပတယ္မဟုတ္လား"
ခ်ဴးယြန္ အဆင္ေျပတာျမင္မွ ခ်ဴးတိုင္ကြန္ စိတိသက္သာရာရသြားခဲ့တယ္။
"အေတြးပုံရိပ္ဂိုဏ္းကို ကြၽန္ေတာ္ ဝင္ျဖစ္လိမ့္မယ္အေဖ"
ခ်ဴးယြန္ ဖုံးကြယ္မထားခဲ့ပါဘုး။အေတြးပုံရိပ္ဂိုဏ္းက အဆင့္ျမင့္ဂိုဏ္းျဖစ္ၿပီး သူတို႔ရဲ႕လႊမ္းမိုးႏိုင္စြမ္းက အလြန္ႀကီးမားကာ ဒီလိုဂိုဏ္းထဲဝင္လိုက္ရင္ ကလန္ရဲ႕ဂုဏ္သတင္းလဲ ျမင့္မားလာပါလိမ့္မယ္။
"ယြန္အာ မင္းက သာမန္မတူပဲ ထူးျခားတဲ့အေတြးအေခၚ႐ွိတယ္... မင္းရဲ႕ေ႐ြးခ်ယ္မႈကို အေဖက ဘာမွေျပာမွာမဟုတ္ဘူး... မင္းဘာပဲလုပ္လာပါေစ မင္းဘက္မွာအေဖအၿမဲ႐ွိတယ္"
ခ်ဴးတိုင္ကြန္ေျပာလိုက္တယ္။
"ဒါနဲ႔ မင္းဘယ္အခ်ိန္ဂိုဏ္းကိုသြားမွာလဲ?"
ခ်ဴးယြန္ ေမးလိုက္တယ္။
"အလ်င္မလိုပါဘူး... သုံးရက္အတြင္း ကြၽန္ေတာ္သြားလို႔ရတယ္၊ အိမ္မွာ ေနခ်င္ေသးတယ္ေလ"
ခ်ဴးယြန္ ရယ္ေမာလိုက္ပါတယ္။
"ေကာင္းၿပီ... တို႔သားဖ ဒီည ေကာင္းေကာင္း စားၾကေသာက္ၾကတာေပါ့"
ခ်ဴးတိုင္ကြန္ ရယ္ေမာလိုက္ပါၿပီ။
ညအခ်ိန္...
ေက်ာက္စားပြဲတစ္လုံးေပၚမွာ ေမႊးႀကိဳင္ေနတဲ့စားစရာေတြတင္ထားၿပီး စားခ်င္စဖြယ္ ေကာင္းလွတယ္။
"ေနာက္ဆုံးဟင္းလ်ာ ပင္လယ္ပုဇြန္ဟင္း ရပါၿပီ"
ဂ်င္ရန္ ေခြၽးေလးအနည္းငယ္စို႔ေနတဲ့မ်က္ႏွာနဲ႔ ဟင္းပန္းကန္တစ္ခုကိုယူကာ ေလွ်ာက္လွမ္းလာခဲ့တယ္။
ဂ်င္ရန္ေျပာတာၾကားေတာ့ ခ်ဴးတိုင္ကြန္ရယ္ေမာရင္း ေျပာလိုက္ပါတယ္။
"သားေရ... မင္းအေဒၚရန္က မီးဖိုေခ်ာင္ကိစၥကိုေတာ့လုပ္ေပးပါတယ္၊ ဒါေပမယ့္ သူမရဲ႕ အခ်က္အျပဳတ္စြမ္းရည္က အေတာ္ဆိုးတယ္ကြာ... မင္းသည္းခံၿပီးစားႏိုင္ရင္ ေက်းဇူးတင္မိမွာပါ"
"အေဖမေျပာလည္း ဒီညေတာ့ အေဒၚရန္ရဲ႕လက္ရာကို ကြၽန္ေတာ္ႏွလုံးသားနဲ႔ စားေပးမွာပါ"
ခ်ဴးယြန္လဲ ရယ္ေမာၿပီး သူ႕လက္ဝါးႏွစ္ဖက္ကို ပြတ္သပ္လိုက္တယ္။
မဟာပညာ႐ွိႀကီး ဒါကိုျမင္ေတာ့ ခ်က္ခ်င္းေျပးလာပါတယ္။
"ငါလဲစားခ်င္တယ္... ဘာလို႔ ငါပါအတူတူစားလို႔ မရရမွာလဲ"
ဂ်င္ရန္က သူမရဲ႕ပါးစပ္ကို လက္ကေလးနဲ႔အုပ္ရင္း ရယ္ေမာလိုက္တယ္ေလ။
"ဒီေမ်ာက္က အေတာ္ဆာေနပုံပဲ!"
"အေဒၚရန္ သူ႕ကိုမစိုးရိမ္ပါနဲ႔... သူကမဆာပါဘူး... "
ခ်ဴးယြန္ အျပင္းအထန္ျငင္းဆိုလိုက္တယ္။
ဒီစားပြဲေပၚက စားစရာေတြက သူ႕သြားၾကားေတာင္ညႇပ္မွာမဟုတ္ဘူး...
မဟာပညာ႐ွိ ဒါကိုၾကားေတာ့ ခ်ဴးယြန္ကို အထင္ျမင္ေသးဟန္နဲ႔ၾကည့္ၿပီး တစ္ဖက္လွည့္သြားကာ သူစားဖို႔အတြက္ ေ႐ြးလိုက္တယ္။
"ယြန္အာ... ဒါက မင္းအေဖေသာက္ေနက်ဝိုင္ေလ... ဒါက အေတာ္ေကာင္းတယ္"
ခ်ဴးတိုင္ကြန္ ခ်ဴးယြန္ကို တစ္ခြက္ကမ္းေပးလိုက္တယ္။
ခ်ဴးယြန္နဲ႔ ခ်ဴးတိုင္ကြန္တို႔ စိတ္ေအးလက္ေအးေသာက္ေနၾကၿပီး စကားစမည္ေျပာဆိုေနခဲ့ၾကပါၿပီ။
"ယြန္အာ... ငါေမးမလို႔ မေမးျဖစ္ေသးတာ... အေတြးပုံရိပ္ဂိုဏ္းက ဘယ္အဆင့္မွာ႐ွိလဲ?"
ခ်ဴးတိုင္ကြန္ရဲ႕မ်က္ႏွာက အနည္းငယ္နီရဲေနၿပီး သူ႕ပါးစပ္က အရက္နံ႔ပါထြက္ေနပါတယ္။
"အေတြးပုံရိပ္ဂိုဏ္းက အေတာ္အစြမ္းထက္တဲ့ဂိုဏ္းလို႔ေျပာလို႔ရတယ္... သူတိူ႕က အၿမဲႏွိမ့္ခ်ေနၾကေပမယ့္ ခိုင္မာတဲ့အေျခခံအုတ္ျမစ္႐ွိၿပီး မဟာဂိုဏ္းႀကီးအျဖစ္ေတာင္ တိုက္ခိုက္ႏိုင္စြမ္း႐ွိႏိုင္တယ္"
ခ်ဴးယြန္က အေတြးပုံရိပ္ဂိုဏ္းအေၾကာင္းသိပ္မသိပါဘူး... ဒါေၾကာင့္မို႔ သူသိသေလာက္ပဲ ျပန္႐ွင္းျပေနခဲ့တာပါ။
"ေကာင္းတယ္... သိပ္ေကာင္းတယ္... ထိပ္တန္းအဆင့္ဂိုဏ္း! ဟားဟားဟား"
ခ်ဴးတိုင္ကြန္ အားပါးတရရယ္ေမာရင္း မ်က္ရည္ေတြပါ စီးက်လာခဲ့ပါၿပီ။
"ငါခ်ဴးတိုင္ကြန္ဟာ ဘဝမွာဘာမွမစြမ္းေဆာင္ႏိုင္ခဲ့ဘူး... ကံေကာင္းလို႔ ေကာင္းကင္ဘုံက ငါ့ကိုၾကင္နာၿပီး ဒီလိုသားေကာင္းတစ္ေယာက္ကိုေပးထားခဲ့ၿပီ! ငါ့သားက အဆင့္ျမင့္ဂိုဏ္းထဲကို ဝင္ႏိုင္ၿပီ! ငါ့သားကိုလိုခ်င္တဲ့အတြက္ သူတို႔ကိုယ္တိုင္လာကမ္းလွမ္းၾကရတယ္! ဒီဘဝ! ဒီလိုဘဝ!"
ဂ်င္ရန္ ခ်ဴးတိုင္ကြန္ရဲ႕လက္ဖဝါးကိုကိုင္ၿပီး စိတ္လႈပ္႐ွားေနမႈကို ႏွစ္သိမ့္ေပးလိုက္ရပါၿပီ။
ခ်ဴးယြန္ကေတာ့ ဘာမွမေျပာပါဘူး.. သူ႕အေဖက သူ႕က္ုအရမ္းေမွ်ာ္လင့္ထားတယ္ဆိုတာ သိတယ္ေလ။
"အေဖ... ကြၽန္ေတာ္မလိုအပ္တဲ့ သိုင္းပညာရပ္အခ်ိဳ႕႐ွ္ိေနတယ္... အဲတာေတြကိုယူထားလိုက္ပါ! ကလန္တိုးတက္ဖို႔က ေဆးလုံးေတြနဲ႔တင္မလုံေလာက္ဘူး!"
ခ်ဴးယြန္ အဆင့္ျမင့္သိုင္းပညာရပ္အခ်ိဳ႕ကို ထုတ္ၿပီးေပးလိုက္တယ္။
သူတို႔ကလန္အေနအထားအရ အဆင့္ျမင့္အဆင့္သိုင္းပညာရပ္ကိုထိန္းသိမ္းထားႏိုင္ဖို႔မလြယ္ပါဘူး။အင္အားစုႀကီးေတြကေတာ့ဂ႐ုစိုက္မွာမဟုတ္ဘူးေလ... အခ်ိဳ႕အင္အားစုငယ္ေလးေတြကေတာ့ သူတို႔မွာ႐ွိေနတာကိုသိရင္ မ်က္စိက်လာၾကမွာပါ၊ ဒါေပမယ့္ ခ်ဴးယြန္ရဲ႕တည္႐ွိမႈေၾကာင့္ သူတို႔လႈပ္႐ွားရဲၾကမွာမဟုတ္ပါဘူး။
"အဆင့္ျမင့္အဆင့္သိုင္းပညာေတြ အမ်ားႀကီးပဲ!"
ခ်ဴးတိုင္ကြန္နဲ႔ ဂ်င္ရန္တို႔ရဲ႕မ်က္လုံးေတြက ျပဴးက်ယ္ေနၾကလို႔ပါ...
သူတို႔ကလန္မွာလဲ အဆင့္ျမင့္သိုင္းပညာရပ္တစ္ခု႐ွိေပမယ့္ ဒါက မျပည့္စုံေတာ့တဲ့ အႂကြင္းအက်န္စာအုပ္တစ္အုပ္မို႔ သူ႕ရဲ႕အင္အားအျပည့္အဝကိုလဲ ျပသႏိုင္ျခင္းမ႐ွိေတာ့ပါဘူး။
အခုသူတို႔အေ႐ွ႕မွာ အဆင့္ျမင့္သိုင္းပညာရပ္အမ်ားႀကီး႐ွိေနၿပီေလ... သူတို႔က မအံ့ဩဘူးဆိုရင္ ထူးျခားေနလိမ့္မယ္။
"ဒါေတြကို ကြၽန္ေတာ္မလိုအပ္ေတာ့ဘူးေလ... အေဖတို႔ကိုယ္တိုင္က်င့္ၾကံႏိုင္သလို ကလန္ရဲ႕ထူးခြၽန္တဲ့လူငယ္ေလးေတြကိုလည္းေပးလို႔ရတယ္! ဒီေဆးလုံးေတြကေတာ့ အေဖတို႔အတြက္ေပးတာပါ... ဒါကို မျဖဳန္းတီးပစ္ပါနဲ႔"
ခ်ဴးယြန္ အဆင့္ျမင့္အဆင့္ေဆးလုံးေတြကို ေပးလိုက္တယ္။
"ဒါေတြက အမ်ားႀကီးပါလား၊ ငါလက္မခံႏိုင္ဘူး"
ဂ်င္ရန္တုန္လႈပ္စြာနဲ႔ သူမရဲ႕လက္ကိုေဝ့ယမ္းလိုက္တယ္။
"ခ်ဴးယြန္နင့္ရဲ႕ က်င့္ၾကံျခင္းမွာအသုံးျပဳလို႔ရတယ္၊ ျပန္ယူထားလိုက္ပါ"
"အေတြးပုံရိပ္ဂိုဏ္းက ကြၽန္ေတာ့ကို လစဥ္ထိပ္တန္းအဆင့္ေဆးႏွစ္လုံးေပးမွာေလ... ဒီဟာေတြကိုဘယ္လိုသုံးရမွန္းမသိလို႔ စိုးရိမ္ေနတာ"
ခ်ဴးယြန္ရယ္ေမာလိုက္တယ္။
"ထိပ္တန္းအဆင့္ေဆးႏွစ္လုံးလား?"
ဂ်င္ရန္နဲ႔ခ်ဴးတိုင္ကြန္တို႔ရဲ႕မ်က္လုံးေတြ ျပဴးက်ယ္လာခဲ့ၾကျပန္ပါၿပီ။
ထိုအဆင့္ေတြက သူတို႔နဲ႔အလွမ္းေဝးေပမယ့္ ထိုေဆးလုံးေတြ ဘယ္ေလာက္တန္ဖိုးႀကီးမယ္ဆိုတာေတာ့ နားလည္ေနဆဲပါ။
"ဟုတ္တယ္အေဖ"
ခ်ဴးယြန္ ေခါင္းညိမ့္လိုက္တယ္။
"အခုကြၽန္ေတာ္က အရင္ကနဲ႔မတူေတာ့ဘူးေလ... အေဖနဲ႔အေဒၚရန္... ကြၽန္ေတာ္ကိုအဲေလာက္ထိယဥ္ေက်းေနစရာမလိုပါဘူး... ေနာက္ၿပီး ကြၽန္ေတာ္က အိမ္ကိုျပန္လာခဲတယ္ေလ... သားတစ္ေယာက္ရဲ႕တာဝန္မေက်မႈအတြက္ ေသးငယ္တဲ့ ျပန္ေပးဆပ္မႈလို႔ သေဘာထားေပါ့"
ဂ်င္ရန္က တစ္ခုခုေျပာခ်င္ေသးေပမယ့္ ခ်ဴးတိုင္ကြန္က ျဖတ္ေျပာလိုက္ပါတယ္။
"ယြန္အာရဲ႕ၾကင္နာမႈကို လက္ခံလိုက္ပါကြာ"
"ေခါင္းေဆာင္... အျပင္မာထူးဆန္းတဲ့လူတစ္ေယာက္ေရာက္ေနပါတယ္... သူက သခင္ေလးနဲ႔ေတြ႕ခ်င္တယ္လို႔ ေျပာေနပါတယ္ခင္ဗ်ာ"
အေစာင့္တစ္ေယာက္က အေျပးတစ္ပ္ုင္းနဲ႔ေလွ်ာက္လွမ္းလာၿပီး ဒူးေထာက္ခ်လိုက္ပါၿပီ။
ထိုလူက ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနပုံရကာ ေရခဲမႈန္ေလးေတြကလဲ သူ႕ဆံပင္ေပၚမွာ ႏွင္းလႊာတစ္ခုလိုကပ္ညိေနလို႔ပါ...