အပိုင်း_199_ငါဒီကိုမင်းအတွက်လာခဲ့တာ
ချူးယွန်လျှောက်လာတာမြင်တော့ မုရုံဆွန်းရဲ့နဖူးကြောတွေက တွန့်ကွေးသွားခဲ့တယ်။ဒီလိုအချိန်မျိုးမှာ သေခြင်းကိုမျှော်လင့်နေတဲ့ အခြားဂိုဏ်းတစ်ဂိုဏ်း ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
သူတို့ရဲ့ ကောင်းကင်ဂိုဏ်းကလွဲပြီး အခြားဘယ်ဂိုဏ်းကမှ ဝမ်ချန်းရင်ကို ရင်ဆိုင်နိုင်မှာမဟုတ်ပဲ လူဘယ်နှစ်ယောက်လွှတ်နေပါစေ ရှုံးနိမ့်မှုနဲ့ပဲရင်ဆိုင်ရလိမ့်မယ်။
"နောက်ထပ် ကံကောင်းမယ်လို့ မျှော်လင့်နေတဲ့လူတစ်ယောက်!"
မုရုံဆွန်းက ချူးယွန်ကိုသိပ်ပြီး အထင်မကြီးမိပါဘူး။
မုရုံဆွန်းဘက်ကကြည့်ရင်တော့ ချူးယွန်ဟာ ဝမ်ချန်းရင်အားနည်းနေတယ်ဆိုပြီး အခွင့်ကောင်းယူဖို့ကြိုးစားနေသူပါ။
ဒီလိုတွေးနေတာဆိုရင်တော့ အတော်ရယ်စရာကောင်းလိမ့်မယ်။
ဝမ်ချန်းရင်ရဲ့ အစစ်အမှန်ပုံစံက တကယ်ကြောက်စရာကောင်းနိုင်တယ်။
"ဂိုဏ်းချူပ် ဒီကောင်လေးကိုကြည့်ရတာ နဲနဲရင်းနှီးနေသလိုပဲ"
မုရုံဆွန်းအနောက်က နတ်ဆိုးဆန်တဲ့အော်ရာတွေထုတ်လွှတ်နေတဲ့ လူငယ်လေးက ပြောလိုက်တယ်။
"ကျွန်တော်တို့ ဒီကိုရောက်လာတော့ ရန်စခဲ့တဲ့လူတွေကို မှတ်မိသေးလား?"
"အေးကွ"
မုရုံဆွန်းရဲ့ နှုတ်ခမ်းထောင့်တွေက အနဲငယ်တွန့်ကွေးသွားကာ ပြောလိုက်တယ်။
"ဘယ်လောက်တောင်နှမြောစရာကောင်းလိုက်လဲ... မူလကတော့ ငါကိုယ်တိုင်သူ့ကိုသတ်ချင်နေတာ... အခုတော့ အဲလိုလုပ်ဖို့အခွင့်ရေးမရတော့ဘူးထင်ပါတယ်"
"ဒါက ဘာမှမဟုတ်ပါဘူး... ဒီလိုအမှိုက်မျိုးကို ကျွန်တော်တို့ကိုယ်တိုင်လုပ်စရာမလိုပါဘူး-
နတ်ဆိုးဆန်တဲ့ လူငယ်က ချူးယွန်ကို အလေးနက်မထားပဲ ပြောလိုက်တယ်။
"အင်း... သူ့ကိုသွားတိုက်ခိုက်တာက ကျွန်မတို့ကိုယ်ကိုယ် နိမ့်ကျစေတယ်"
လှပတဲ့ မိန်းမပျိုလေးက လူငယ်ရဲ့လက်မောင်းကိုဖက်တွယ်ပြီး ပြောလိုက်တယ်။
"စီနီယာအကိုကျို့... ရှင် ဝမ်ချန်းရင်ကိုရိုက်မှာ မဟုတ်လား"
လူငယ်က တဟားဟားရယ်မောလိုက်ပါတယ်။
"ဂျူနီယာဇူ... မစိုးရိမ်ပါနဲ့။ ငါ ဝမ်ချန်းရင်ကိုရိုက်ပြီးတာနဲ့ ထိပ်တန်းအဆင့်သိုင်းပညာရပ်ကို လက်ဆောင်ပေးမှာပါ"
"ကျွန်မသိတာပေါ့... စီနီယာအကိုကျို့က အကောင်းဆုံးပဲ"
မိန်းမပျိုရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ ပေါ်လာခဲ့ပြီလေ။
ထူးခြားတဲ့ နတ်ဆိုးအော်ရာနဲ့လူငယ်က ဝမ်ချန်းရင်ကို စူးစိုကြည့်နေလို့ပါ။ဝမ်ချန်းရင်လို အစွမ်းထက်သိုင်းပညာရှင်နဲ့ သူမတိုက်ခိုက်ရတာ အတော်ကြာခဲ့ပြီလေ။
ဝမ်ချန်းရင် ခနစောင့်နေပါ... ငါကျို့ရန် မင်းကိုရိုက်မယ်...
ချူးယွန်လျှောက်လာမြင်ပေမယ့် ဝမ်ချန်းရင်ရဲ့မျက်နှာအမူအရာက အပြောင်းလဲမရှိခဲ့ပေမယ့် သူ့မျက်လုံးကတော့ တလက်လက်တောက်ပသွားခဲ့ပါတယ်။
ချူးယွန်... နောက်ဆုံးတော့ မင်းတိုက်ခိုက်တော့မယ်ပေါ့?
မင်းကိုတွေ့ဖို့ ငါအများကြီးကြိုးစားအားထုတ်ပြီး လာခဲ့ရတာ... ငါမင်းကိုဘယ်လောက်ထိမျှော်လင့်ထားတယ်ဆိုတာ မင်းသိလား? မင်းငါ့ကို စိတ်မပျက်စေဖို့ ငါမျှော်လင့်ပါတယ်!
"မင်းက ကောလဟာလငါကြားဖူးခဲ့သလိုပဲပေါ့... မောက်မာတယ်"
ဝမ်ချန်းရင် ပြုံးလိုက်တယ်။
"ငါကတော့ ဘာမှမမှားယွင်းဘူးလို့ထင်တယ်။ဒါကပဲ ငါ့ရဲ့ပုံစံအမှန်ပဲလေ။မင်းရဲ့ခွန်အားက သန်မာရင်တော့ အခြားလူတွေကိုဆွဲဆောင်တာက မင်းရဲ့အားသာချက်ပဲ။မင်းရဲ့ခွန်အားက အားနည်းပြီး ဒီပွဲမှာရှုံးသွားရင်တော့ မင်းရဲ့အားသာချက်က အားနည်းချက်ဖြစ်သွားလိမ့်မယ့်!"
ချူးယွန် သက်တောင့်သက်သာနဲ့ ရပ်နေလို့ပါ။
ဂိုဏ်းနှစ်ဂိုဏ်းရဲ့ အရေးပါတဲ့ပြိုင်ပွဲနဲ့မတူပဲ သူငယ်ချင်းနှစ်ယောက် လဖ္ဘက်ရည်ထိုင်သောက်နေကြသလို အေးအေးဆေးဆေးပါပဲ။
"ချူးယွန်၊ ငါဒီကိုလာတာမင်းကြောင့်ဆိုတာ သိလား?"
ဝမ်ချန်းရင် အရင်တပည့်တွေနဲ့ဆုံတွေ့ချိန်မှာလိုပဲ မောက်မာစွာရှိနေလို့ပါ။
"ငါသိတာပေါ့"
ချူးယွန်ခေါင်းညိမ့်လိုက်တယ်။
"မင်းက အခက်ခဲတွေအများကြီးကိုကျော်ဖြတ်ပြီး ငါ့ကို အကောင်းဆုံးသိုင်းပညာနဲ့ဆေးလုံး လာပေးရတဲ့လူမဟုတ်လား"
"ဟားဟားဟား!"
ဝမ်ချန်းရင် ရယ်မောလိုက်တယ်။
"ကဲကဲ မင်းမြန်မြန်အရှုံးပေးလိုက်တော့၊ ဒါဆို ငါလဲ အလုပ်မရှုပ်တော့ဘူးပေါ့"
ချူးယွန်က နောက်နေတာနဲ့မတူပဲ လေးလေးနက်နက်ပြောလိုက်တယ်။
"မင်းကို ဆေးလုံးနဲ့သိုင်းပညာရပ်ပေးလိုက်ရမှာကို ငါစိတ်မဝင်စားဘူး။ဒါပေမယ့် ငါက အရှုံးကိုတော့ ဝန်ခံလို့မရဘူးလေ၊ မဟုတ်ရင် ငါက အပင်ပန်းခံလာခဲ့ရတာ နှမြောစရာဖြစ်သွားမှာပေါ့"
ဝမ်ချန်းရင် မျက်ခုံးပင့်တင်ပြီး ပြောလိုက်တယ်။
"ဂရုစိုက်ပါ... ငါလာပြီနော်"
"မင်းက တိုက်ခိုက်စရာရှိတာမတိုက်ဘူး။ မိန်းမကြီးလို စကားများနေတယ်"
ချူးယွန် စိတ်မရှည်စွာပြောလိုက်တယ်။
"ရွှစ်"
အသံတစ်ချက်နဲ့အတူ ဝမ်ချန်းရင်ပုံရိပ်က ဝေဝါးသွားခဲ့ပါပြီ။
ချူးယွန်က အပေါ်ယံမှာ သက်တောင့်သက်သာရှိနေပေမယ့် ဝမ်ချန်းရင်ရဲ့အရိပ်ကိုလဲ သတိထားနေခဲ့ပါတယ်။
"ရွှီး"
ဝမ်ချန်းရင်ရဲ့လက်တစ်ဖက်က လေဟာနယ်ကိုဆုတ်ဖြဲပြီး ချူးယွန်ခေါင်းကို ဖိအားပေးလာခဲ့ပြီလေ။
သူ့ရဲ့တိုက်ခိုက်မှုက မရောက်သေးပေမယ့် ပါဝင်နေတဲ့ ဝိညာဉ်ကီစွမ်းအင်တွေက ကမ္ဘာကြီးကိုတောင် လှုပ်ခါစေဖို့ လုံလောက်ပါတယ်။
ရိုက်ချက်တစ်ချက်ထဲက ကောင်းကင်ကို တုန်ခါစေနိုင်တယ်လေ!
ဒါက အရမ်းကြောက်စရာကောင်းတယ်!
"အိုးဘုရားရေ... ကြောက်စရာကောင်းလိုက်တာ"
"ဘယ်လိုလူတွေကများ ဒီလက်ဝါးရိုက်ချက်ကို တားဆီးနိုင်မှာလဲ?"
လူအများက အော်ဟစ်လိုက်ကြတယ်။
"ချူးယွန်လုပ်နိုင်ပါ့မလား"
ဇူးဖူစီ စိုးရိမ်နေလို့ပါ။
သူတို့က တစ်ဂိုဏ်းထဲအတူတူလာခဲ့ကြသူတွေဖြစ်ပြီး သူတို့ကြားပတ်သတ်မှုကလဲ မဆိုးပါဘူး။ပြောရရင် ချူးယွန်ကို ဘယ်သူမှ မရှုံးစေချင်ကြဘူးလေ။
လဲ့မင်ရှန်လဲ လက်သီးကိုတင်းတင်းဆုပ်ထားလို့ပါ။သူရဲ့အသက်ရှုနှုန်းတွေပါ မြန်ဆန်နေခဲ့ပါပြီ။
နတ်ဆိုးညကလည်း အလားတူပါပဲ။
"ချူးယွန်ဘာပြဿနာနာမှ ရှိမှာမဟုတ်ပါဘူး။ကျုပ်တို့တွေ သူ့ကိုယုံကြည်သင့်တယ်။ရှောင်ထျန်းချန်တောင် သူ့ကိုမနိုင်တာ ဝမ်ချန်းရင်လဲ ထူးခြားမှာ မဟုတ်ပါဘူး"
"အင်း..."
ရဲရွှမ် အပြောင်းလဲမရှိတဲ့မျက်နှာနဲ့ ပြောလာခဲ့ပါတယ်။
"သိုင်းဝိညာဉ်အကြောင်းပြောရရင်တော့ အစစ်အမှန်နဂါးသွေးမျိုးဆက်ပါတဲ့ မျက်လုံးသုံးလုံးအနီရောင်မီးနဂါးသိုင်းဝိညာဉ်က အရိပ်သိုင်းဝိညာဉ်ထက်ပိုသန်မာတယ်... ဒါပေမယ့် ခက်ခဲမှုချင်းယှဉ်ရင်တော့ အရိပ်သိုင်းဝိညာဉ်ကို အချို့သောသိုင်းဝိညာဉ်တွေပဲ ယှဉ်နိုင်လိမ့်မယ်! တကယ်လို့ ဝမ်ချန်းရင်ရဲ့တိုက်ခိုက်နိုင်စွမ်းက ရှောင်ထျန်းချန်ထက်ပိုမြင့်မားနေရင်တောင် ဒါက မထူးခြားဘူး!"
ဒါကိုကြားတော့ သူ့တို့တွေ တိတ်ဆိတ်သွားခဲ့ပါတယ်။
ဝမ်ချန်းရင်က ရှောင်ထျန်းချန်ထက်သာတာလား? ဒါက ရူးလောက်စရာပဲ!
လေဟာနယ်ကိုဆုတ်ဖြဲလာတဲ့လက်ဝါးရိုက်ချက်ကိုမြင်ပေမယ့် ချူးယွန်က မကြောက်ရွံ့ခဲ့ပါဘူး။
သူ့ခန္ဓာကိုယ်က စွမ်းအင်တွေ ပေါက်ကွဲထွက်လာကာ လက်သီးနဲ့ ဆီးထိုးလိုက်ပါပြီ။ပြိုင်ဘက်ကပိုသန်မာလေလေ သူ့ရဲ့တိုက်ခိုက်ချင်စိတ်က ပိုကြီးမားလာလေပဲ...
"ဝုန်း"
လက်သီးနဲ့လက်ဝါးတို့တိုက်မိရာက ကျယ်လောင်တဲ့အသံနဲ့အတူ စွမ်းအင်လှိုင်းတွေက ပျံ့လွင့်သွားခဲ့ပါတယ်။
တိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေပြီး လက်သီး၊လက်ဝါး၊ခြေကန်ချက် နည်းမျိုးစုံနဲ့တိုက်ခိုက်နေကြလို့ပါ။
"ဝုန်း ဝုန်း ဝုန်း"
နတ်တိုးသားရဲကြီးနှစ်ကောင်အလား ဆက်တိုက်တိုက်ခိုက်နေပြီး ဘယ်သူမှ နောက်ဆုတ်ချင်စိတ်မရှိကြပါဘူး။
သူတို့ရဲ့တိုက်ခိုက်မှုကြောင့် တိုက်ပွဲမြေပြင်မှာပါ ပင့်ကူအိမ်လိုအက်ကွဲကြောင်းတွေ ပေါ်လာခဲ့ပါပြီ။
"ဟားဟားဟား... ချူးယွန် မင်းငါ့ကို စိတ်မပျက်စေဘူးပဲ။ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖိအားကို လူအနဲငယ်ပဲခံနိုင်ပြီး မင်းက ခံနိုင်ရှိမယ်လို့ မျှော်လင့်တယ်"
ဝမ်ချန်းရင် ရယ်မောပြီး သူ့ရဲ့အပေါ်ပိုင်းအဝတ်တွေကို ဖယ်ရှားလိုက်တယ်။
သူ့ရဲ့ကြွက်သားတွေထွက်ပေါ်လာပြီး အရမ်းမကြီးမားပေမယ့် တစ်လက်မစီတိုင်းက ပေါက်ကွဲနိုင်တဲ့အင်အားတွေနဲ့ ပြည့်နှက်နေခဲ့တယ်လေ။
ချူးယွန်ကိုယ်ထဲမှာလဲ စွမ်းအင်ပြည့်ဝတဲ့သွေးတွေ လည်ပတ်နေလို့ပါ။သူ့ရဲ့စွမ်းအင်တွေက မြင့်မြတ်တဲ့ နဂါးတစ်ကောင်လို လေဟာနယ်ကိုကွဲအက်စေတဲ့ အေးစက်စက်အလင်းကို သူ့မျက်လုံးထဲက ထွက်ပေါ်လာခဲ့တယ်။
ဝမ်ချန်းရင်ရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားက သူမမျှော်လင့်ထားတဲ့အရာပါ! ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကလဲ ဝမ်ချန်းရင်ထက် အားနည်းမှာ မဟုတ်ပါဘူး။
ချူးယွန်သာ နဂါးဂိတ်တံခါးကိုဖြတ်ကျော်ပြီး ကန့်သတ်ချက်တွေကိုမချိုးဖောက်နိုင်ခဲ့ရင် ဝမ်ချန်းရင်ရဲ့ရိုက်နှက်မှုကို ခံရနိုင်ပါတယ်။ ဒါက အလွန်ကြောက်စရာကောင်းလွန်းတယ်။
ဝမ်ချန်းရင်က ခန္ဓာကိုယ်သန့်စင်တဲ့သိုင်းပညာရှင်များလား?
ခန္ဓာကိုယ်သန့်စင်တဲ့သူတွေဟာ သူတို့ရဲ့ သားရဲလိုသိုင်းဝိညာဉ်ရှိသူတွေကိုပြောတာမဟုတ်ပါဘူး။ရုပ်ပိုင်းဆိုင်ရာခွန်အားတိုးတက်ဖို့ ကိုယ်ပိုင်ခွန်အားကိုသာ အသုံးပြုကြသူတွေပါ။
ဥပမာပြောရရင် နတ်ဆိုးညရဲ့သိုင်းဝိညာဉ်က ကမ္ဘာမြေဝက်ဝံမို့ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ အထူးကြိုးစားနေစရာမလိုပဲ သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်တိုးတက်လာအောင် လေ့ကျင့်ရုံပါပဲ။ဒါဆို သူ့ရဲ့ခန္ဓာကိုယ်က အလိုလိုကြံ့ခိုင်လာမှာမို့ သူ့ကို ခန္ဓာကိုယ်သန့်စင်သူလို့ပြောလို့မရတော့ဘူး။
ဝမ်ချန်းရင်မှာက အရိပ်သိုင်းဝိညာဉ်ဆိုပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က အတိုင်းတာတစ်ခုအထိ သန်မာပါတယ်။ဒါကြောင့်မို့ သူကမှ စစ်မှန်တဲ့ခန္ဓာကိုယ်သန့်စင်သူပဲ!
'တော်သေးတာပေါ့၊ နဂါးဂိတ်တံခါးမှာ ငါကောင်းကောင်းလေ့ကျင့်ခဲ့ရလို့ မဟုတ်ရင် ငါရှုံးမှာသေချာတယ်"
ချူးယွန် နှလုံးသားထဲကနေ ပြုံးလိုက်ပါတယ်။
ဝမ်ချန်းရင် အမြန်နောက်ကို အနဲငယ်
ဆုတ်သွားပြီးနောက် သူ့ခြေထောက်က လေပေါ်မြောက်တက်လာပြီး ချူးယွန်ရင်ဝကို ကိုယ်တပတ်လှည့်ကန်လိုက်ပါပြီ။
ခလွပ်!
လေဟာနယ်က ကွဲအက်သွားကာ ချူးယွန်ခြေထောက်အောက်ကမြေကြီးက စုပ်ယူနေသလိုခံစားလိုက်ရပြီလေ။
ဝမ်ချန်းရင် သူ့ဆီသယ်ဆောင်လာတဲ့ဖိအားက သာမန်လူတွေပိုင်ဆိုင်နိုင်တဲ့အရာမဟုတ်ဘူး။
ချူးယွန် ရှောင်တိမ်းဖို့မလွယ်တော့တာကြောင့် သူ့လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ဝမ်ချန်းရင်ရဲ့ခြေထောက်ကို တားဆီးလိုက်ရပါပြီ။
"ဖြောင်း!"
ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ ချူးယွန် အနောက်ကိုခြေလှမ်းသုံးလှမ်းခန့်ဆုတ်လိုက်ရပြီး ဒီတော့မှပဲ ခြေကန်ချက်မှာပါဝင်နေတဲ့ဖိအားကြီးကို ပယ်ရှားလိုက်နိုင်ပါတယ်။
"အဟွတ် အဟွတ်!"
ချူးယွန် ချောင်းဆိုးလိုက်ရကာ သူ့ရင်ဘက်ထဲမှာအောင့်သွားပြီး အသက်ရှုအနဲငယ်ခက်ခဲလုနီးပါးဖြစ်သွားခဲ့ရပါပြီ။
အပိုင္း_199_ငါဒီကိုမင္းအတြက္လာခဲ့တာ
ခ်ဴးယြန္ေလွ်ာက္လာတာျမင္ေတာ့ မု႐ုံဆြန္းရဲ႕နဖူးေၾကာေတြက တြန္႔ေကြးသြားခဲ့တယ္။ဒီလိုအခ်ိန္မ်ိဳးမွာ ေသျခင္းကိုေမွ်ာ္လင့္ေနတဲ့ အျခားဂိုဏ္းတစ္ဂိုဏ္း ႐ွိေနလိမ့္မယ္လို႔ ထင္မထားခဲ့ဘူး။
သူတို႔ရဲ႕ ေကာင္းကင္ဂိုဏ္းကလြဲၿပီး အျခားဘယ္ဂိုဏ္းကမွ ဝမ္ခ်န္းရင္ကို ရင္ဆိုင္ႏိုင္မွာမဟုတ္ပဲ လူဘယ္ႏွစ္ေယာက္လႊတ္ေနပါေစ ႐ႈံးနိမ့္မႈနဲ႔ပဲရင္ဆိုင္ရလိမ့္မယ္။
"ေနာက္ထပ္ ကံေကာင္းမယ္လို႔ ေမွ်ာ္လင့္ေနတဲ့လူတစ္ေယာက္!"
မု႐ုံဆြန္းက ခ်ဴးယြန္ကိုသိပ္ၿပီး အထင္မႀကီးမိပါဘူး။
မု႐ုံဆြန္းဘက္ကၾကည့္ရင္ေတာ့ ခ်ဴးယြန္ဟာ ဝမ္ခ်န္းရင္အားနည္းေနတယ္ဆိုၿပီး အခြင့္ေကာင္းယူဖို႔ႀကိဳးစားေနသူပါ။
ဒီလိုေတြးေနတာဆိုရင္ေတာ့ အေတာ္ရယ္စရာေကာင္းလိမ့္မယ္။
ဝမ္ခ်န္းရင္ရဲ႕ အစစ္အမွန္ပုံစံက တကယ္ေၾကာက္စရာေကာင္းႏိုင္တယ္။
"ဂိုဏ္းခ်ဴပ္ ဒီေကာင္ေလးကိုၾကည့္ရတာ နဲနဲရင္းႏွီးေနသလိုပဲ"
မု႐ုံဆြန္းအေနာက္က နတ္ဆိုးဆန္တဲ့ေအာ္ရာေတြထုတ္လႊတ္ေနတဲ့ လူငယ္ေလးက ေျပာလိုက္တယ္။
"ကြၽန္ေတာ္တို႔ ဒီကိုေရာက္လာေတာ့ ရန္စခဲ့တဲ့လူေတြကို မွတ္မိေသးလား?"
"ေအးကြ"
မု႐ုံဆြန္းရဲ႕ ႏႈတ္ခမ္းေထာင့္ေတြက အနဲငယ္တြန္႔ေကြးသြားကာ ေျပာလိုက္တယ္။
"ဘယ္ေလာက္ေတာင္ႏွေျမာစရာေကာင္းလိုက္လဲ... မူလကေတာ့ ငါကိုယ္တိုင္သူ႕ကိုသတ္ခ်င္ေနတာ... အခုေတာ့ အဲလိုလုပ္ဖို႔အခြင့္ေရးမရေတာ့ဘူးထင္ပါတယ္"
"ဒါက ဘာမွမဟုတ္ပါဘူး... ဒီလိုအမိႈက္မ်ိဳးကို ကြၽန္ေတာ္တို႔ကိုယ္တိုင္လုပ္စရာမလိုပါဘူး-
နတ္ဆိုးဆန္တဲ့ လူငယ္က ခ်ဴးယြန္ကို အေလးနက္မထားပဲ ေျပာလိုက္တယ္။
"အင္း... သူ႕ကိုသြားတိုက္ခိုက္တာက ကြၽန္မတို႔ကိုယ္ကိုယ္ နိမ့္က်ေစတယ္"
လွပတဲ့ မိန္းမပ်ိဳေလးက လူငယ္ရဲ႕လက္ေမာင္းကိုဖက္တြယ္ၿပီး ေျပာလိုက္တယ္။
"စီနီယာအကိုက်ိဳ႕... ႐ွင္ ဝမ္ခ်န္းရင္ကို႐ိုက္မွာ မဟုတ္လား"
လူငယ္က တဟားဟားရယ္ေမာလိုက္ပါတယ္။
"ဂ်ဴနီယာဇူ... မစိုးရိမ္ပါနဲ႔။ ငါ ဝမ္ခ်န္းရင္ကို႐ိုက္ၿပီးတာနဲ႔ ထိပ္တန္းအဆင့္သိုင္းပညာရပ္ကို လက္ေဆာင္ေပးမွာပါ"
"ကြၽန္မသိတာေပါ့... စီနီယာအကိုက်ိဳ႕က အေကာင္းဆုံးပဲ"
မိန္းမပ်ိဳရဲ႕မ်က္လုံးထဲမွာ ေပ်ာ္႐ႊင္မႈေတြ ေပၚလာခဲ့ၿပီေလ။
ထူးျခားတဲ့ နတ္ဆိုးေအာ္ရာနဲ႔လူငယ္က ဝမ္ခ်န္းရင္ကို စူးစိုၾကည့္ေနလို႔ပါ။ဝမ္ခ်န္းရင္လို အစြမ္းထက္သိုင္းပညာ႐ွင္နဲ႔ သူမတိုက္ခိုက္ရတာ အေတာ္ၾကာခဲ့ၿပီေလ။
ဝမ္ခ်န္းရင္ ခနေစာင့္ေနပါ... ငါက်ိဳ႕ရန္ မင္းကို႐ိုက္မယ္...
ခ်ဴးယြန္ေလွ်ာက္လာျမင္ေပမယ့္ ဝမ္ခ်န္းရင္ရဲ႕မ်က္ႏွာအမူအရာက အေျပာင္းလဲမ႐ွိခဲ့ေပမယ့္ သူ႕မ်က္လုံးကေတာ့ တလက္လက္ေတာက္ပသြားခဲ့ပါတယ္။
ခ်ဴးယြန္... ေနာက္ဆုံးေတာ့ မင္းတိုက္ခိုက္ေတာ့မယ္ေပါ့?
မင္းကိုေတြ႕ဖို႔ ငါအမ်ားႀကီးႀကိဳးစားအားထုတ္ၿပီး လာခဲ့ရတာ... ငါမင္းကိုဘယ္ေလာက္ထိေမွ်ာ္လင့္ထားတယ္ဆိုတာ မင္းသိလား? မင္းငါ့ကို စိတ္မပ်က္ေစဖို႔ ငါေမွ်ာ္လင့္ပါတယ္!
"မင္းက ေကာလဟာလငါၾကားဖူးခဲ့သလိုပဲေပါ့... ေမာက္မာတယ္"
ဝမ္ခ်န္းရင္ ျပဳံးလိုက္တယ္။
"ငါကေတာ့ ဘာမွမမွားယြင္းဘူးလို႔ထင္တယ္။ဒါကပဲ ငါ့ရဲ႕ပုံစံအမွန္ပဲေလ။မင္းရဲ႕ခြန္အားက သန္မာရင္ေတာ့ အျခားလူေတြကိုဆြဲေဆာင္တာက မင္းရဲ႕အားသာခ်က္ပဲ။မင္းရဲ႕ခြန္အားက အားနည္းၿပီး ဒီပြဲမွာ႐ႈံးသြားရင္ေတာ့ မင္းရဲ႕အားသာခ်က္က အားနည္းခ်က္ျဖစ္သြားလိမ့္မယ့္!"
ခ်ဴးယြန္ သက္ေတာင့္သက္သာနဲ႔ ရပ္ေနလို႔ပါ။
ဂိုဏ္းႏွစ္ဂိုဏ္းရဲ႕ အေရးပါတဲ့ၿပိဳင္ပြဲနဲ႔မတူပဲ သူငယ္ခ်င္းႏွစ္ေယာက္ လဖ႓က္ရည္ထိုင္ေသာက္ေနၾကသလို ေအးေအးေဆးေဆးပါပဲ။
"ခ်ဴးယြန္၊ ငါဒီကိုလာတာမင္းေၾကာင့္ဆိုတာ သိလား?"
ဝမ္ခ်န္းရင္ အရင္တပည့္ေတြနဲ႔ဆုံေတြ႕ခ်ိန္မွာလိုပဲ ေမာက္မာစြာ႐ွိေနလို႔ပါ။
"ငါသိတာေပါ့"
ခ်ဴးယြန္ေခါင္းညိမ့္လိုက္တယ္။
"မင္းက အခက္ခဲေတြအမ်ားႀကီးကိုေက်ာ္ျဖတ္ၿပီး ငါ့ကို အေကာင္းဆုံးသိုင္းပညာနဲ႔ေဆးလုံး လာေပးရတဲ့လူမဟုတ္လား"
"ဟားဟားဟား!"
ဝမ္ခ်န္းရင္ ရယ္ေမာလိုက္တယ္။
"ကဲကဲ မင္းျမန္ျမန္အ႐ႈံးေပးလိုက္ေတာ့၊ ဒါဆို ငါလဲ အလုပ္မ႐ႈပ္ေတာ့ဘူးေပါ့"
ခ်ဴးယြန္က ေနာက္ေနတာနဲ႔မတူပဲ ေလးေလးနက္နက္ေျပာလိုက္တယ္။
"မင္းကို ေဆးလုံးနဲ႔သိုင္းပညာရပ္ေပးလိုက္ရမွာကို ငါစိတ္မဝင္စားဘူး။ဒါေပမယ့္ ငါက အ႐ႈံးကိုေတာ့ ဝန္ခံလို႔မရဘူးေလ၊ မဟုတ္ရင္ ငါက အပင္ပန္းခံလာခဲ့ရတာ ႏွေျမာစရာျဖစ္သြားမွာေပါ့"
ဝမ္ခ်န္းရင္ မ်က္ခုံးပင့္တင္ၿပီး ေျပာလိုက္တယ္။
"ဂ႐ုစိုက္ပါ... ငါလာၿပီေနာ္"
"မင္းက တိုက္ခိုက္စရာ႐ွိတာမတိုက္ဘူး။ မိန္းမႀကီးလို စကားမ်ားေနတယ္"
ခ်ဴးယြန္ စိတ္မ႐ွည္စြာေျပာလိုက္တယ္။
"႐ႊစ္"
အသံတစ္ခ်က္နဲ႔အတူ ဝမ္ခ်န္းရင္ပုံရိပ္က ေဝဝါးသြားခဲ့ပါၿပီ။
ခ်ဴးယြန္က အေပၚယံမွာ သက္ေတာင့္သက္သာ႐ွိေနေပမယ့္ ဝမ္ခ်န္းရင္ရဲ႕အရိပ္ကိုလဲ သတိထားေနခဲ့ပါတယ္။
"႐ႊီး"
ဝမ္ခ်န္းရင္ရဲ႕လက္တစ္ဖက္က ေလဟာနယ္ကိုဆုတ္ၿဖဲၿပီး ခ်ဴးယြန္ေခါင္းကို ဖိအားေပးလာခဲ့ၿပီေလ။
သူ႕ရဲ႕တိုက္ခိုက္မႈက မေရာက္ေသးေပမယ့္ ပါဝင္ေနတဲ့ ဝိညာဥ္ကီစြမ္းအင္ေတြက ကမ႓ာႀကီးကိုေတာင္ လႈပ္ခါေစဖို႔ လုံေလာက္ပါတယ္။
႐ိုက္ခ်က္တစ္ခ်က္ထဲက ေကာင္းကင္ကို တုန္ခါေစႏိုင္တယ္ေလ!
ဒါက အရမ္းေၾကာက္စရာေကာင္းတယ္!
"အိုးဘုရားေရ... ေၾကာက္စရာေကာင္းလိုက္တာ"
"ဘယ္လိုလူေတြကမ်ား ဒီလက္ဝါး႐ိုက္ခ်က္ကို တားဆီးႏိုင္မွာလဲ?"
လူအမ်ားက ေအာ္ဟစ္လိုက္ၾကတယ္။
"ခ်ဴးယြန္လုပ္ႏိုင္ပါ့မလား"
ဇူးဖူစီ စိုးရိမ္ေနလို႔ပါ။
သူတို႔က တစ္ဂိုဏ္းထဲအတူတူလာခဲ့ၾကသူေတြျဖစ္ၿပီး သူတို႔ၾကားပတ္သတ္မႈကလဲ မဆိုးပါဘူး။ေျပာရရင္ ခ်ဴးယြန္ကို ဘယ္သူမွ မ႐ႈံးေစခ်င္ၾကဘူးေလ။
လဲ့မင္႐ွန္လဲ လက္သီးကိုတင္းတင္းဆုပ္ထားလို႔ပါ။သူရဲ႕အသက္႐ႈႏႈန္းေတြပါ ျမန္ဆန္ေနခဲ့ပါၿပီ။
နတ္ဆိုးညကလည္း အလားတူပါပဲ။
"ခ်ဴးယြန္ဘာျပႆနာနာမွ ႐ွိမွာမဟုတ္ပါဘူး။က်ဳပ္တို႔ေတြ သူ႕ကိုယုံၾကည္သင့္တယ္။ေ႐ွာင္ထ်န္းခ်န္ေတာင္ သူ႕ကိုမႏိုင္တာ ဝမ္ခ်န္းရင္လဲ ထူးျခားမွာ မဟုတ္ပါဘူး"
"အင္း..."
ရဲ႐ႊမ္ အေျပာင္းလဲမ႐ွိတဲ့မ်က္ႏွာနဲ႔ ေျပာလာခဲ့ပါတယ္။
"သိုင္းဝိညာဥ္အေၾကာင္းေျပာရရင္ေတာ့ အစစ္အမွန္နဂါးေသြးမ်ိဳးဆက္ပါတဲ့ မ်က္လုံးသုံးလုံးအနီေရာင္မီးနဂါးသိုင္းဝိညာဥ္က အရိပ္သိုင္းဝိညာဥ္ထက္ပိုသန္မာတယ္... ဒါေပမယ့္ ခက္ခဲမႈခ်င္းယွဥ္ရင္ေတာ့ အရိပ္သိုင္းဝိညာဥ္ကို အခ်ိဳ႕ေသာသိုင္းဝိညာဥ္ေတြပဲ ယွဥ္ႏိုင္လိမ့္မယ္! တကယ္လို႔ ဝမ္ခ်န္းရင္ရဲ႕တိုက္ခိုက္ႏိုင္စြမ္းက ေ႐ွာင္ထ်န္းခ်န္ထက္ပိုျမင့္မားေနရင္ေတာင္ ဒါက မထူးျခားဘူး!"
ဒါကိုၾကားေတာ့ သူ႕တို႔ေတြ တိတ္ဆိတ္သြားခဲ့ပါတယ္။
ဝမ္ခ်န္းရင္က ေ႐ွာင္ထ်န္းခ်န္ထက္သာတာလား? ဒါက ႐ူးေလာက္စရာပဲ!
ေလဟာနယ္ကိုဆုတ္ၿဖဲလာတဲ့လက္ဝါး႐ိုက္ခ်က္ကိုျမင္ေပမယ့္ ခ်ဴးယြန္က မေၾကာက္႐ြံ႕ခဲ့ပါဘူး။
သူ႕ခႏၶာကိုယ္က စြမ္းအင္ေတြ ေပါက္ကြဲထြက္လာကာ လက္သီးနဲ႔ ဆီးထိုးလိုက္ပါၿပီ။ၿပိဳင္ဘက္ကပိုသန္မာေလေလ သူ႕ရဲ႕တိုက္ခိုက္ခ်င္စိတ္က ပိုႀကီးမားလာေလပဲ...
"ဝုန္း"
လက္သီးနဲ႔လက္ဝါးတို႔တိုက္မိရာက က်ယ္ေလာင္တဲ့အသံနဲ႔အတူ စြမ္းအင္လိႈင္းေတြက ပ်ံ႕လြင့္သြားခဲ့ပါတယ္။
တိုက္ခိုက္မႈေတြက ဆက္လက္ျဖစ္ပြားေနၿပီး လက္သီး၊လက္ဝါး၊ေျခကန္ခ်က္ နည္းမ်ိဳးစုံနဲ႔တိုက္ခိုက္ေနၾကလို႔ပါ။
"ဝုန္း ဝုန္း ဝုန္း"
နတ္တိုးသားရဲႀကီးႏွစ္ေကာင္အလား ဆက္တိုက္တိုက္ခိုက္ေနၿပီး ဘယ္သူမွ ေနာက္ဆုတ္ခ်င္စိတ္မ႐ွိၾကပါဘူး။
သူတို႔ရဲ႕တိုက္ခိုက္မႈေၾကာင့္ တိုက္ပြဲေျမျပင္မွာပါ ပင့္ကူအိမ္လိုအက္ကြဲေၾကာင္းေတြ ေပၚလာခဲ့ပါၿပီ။
"ဟားဟားဟား... ခ်ဴးယြန္ မင္းငါ့ကို စိတ္မပ်က္ေစဘူးပဲ။ငါ့ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာဖိအားကို လူအနဲငယ္ပဲခံႏိုင္ၿပီး မင္းက ခံႏိုင္႐ွိမယ္လို႔ ေမွ်ာ္လင့္တယ္"
ဝမ္ခ်န္းရင္ ရယ္ေမာၿပီး သူ႕ရဲ႕အေပၚပိုင္းအဝတ္ေတြကို ဖယ္႐ွားလိုက္တယ္။
သူ႕ရဲ႕ႂကြက္သားေတြထြက္ေပၚလာၿပီး အရမ္းမႀကီးမားေပမယ့္ တစ္လက္မစီတိုင္းက ေပါက္ကြဲႏိုင္တဲ့အင္အားေတြနဲ႔ ျပည့္ႏွက္ေနခဲ့တယ္ေလ။
ခ်ဴးယြန္ကိုယ္ထဲမွာလဲ စြမ္းအင္ျပည့္ဝတဲ့ေသြးေတြ လည္ပတ္ေနလို႔ပါ။သူ႕ရဲ႕စြမ္းအင္ေတြက ျမင့္ျမတ္တဲ့ နဂါးတစ္ေကာင္လို ေလဟာနယ္ကိုကြဲအက္ေစတဲ့ ေအးစက္စက္အလင္းကို သူ႕မ်က္လုံးထဲက ထြက္ေပၚလာခဲ့တယ္။
ဝမ္ခ်န္းရင္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာခြန္အားက သူမေမွ်ာ္လင့္ထားတဲ့အရာပါ! ဒါေပမယ့္ သူ႕ရဲ႕ခႏၶာကိုယ္ၾကံ့ခိုင္မႈကလဲ ဝမ္ခ်န္းရင္ထက္ အားနည္းမွာ မဟုတ္ပါဘူး။
ခ်ဴးယြန္သာ နဂါးဂိတ္တံခါးကိုျဖတ္ေက်ာ္ၿပီး ကန္႔သတ္ခ်က္ေတြကိုမခ်ိဳးေဖာက္ႏိုင္ခဲ့ရင္ ဝမ္ခ်န္းရင္ရဲ႕႐ိုက္ႏွက္မႈကို ခံရႏိုင္ပါတယ္။ ဒါက အလြန္ေၾကာက္စရာေကာင္းလြန္းတယ္။
ဝမ္ခ်န္းရင္က ခႏၶာကိုယ္သန္႔စင္တဲ့သိုင္းပညာ႐ွင္မ်ားလား?
ခႏၶာကိုယ္သန္႔စင္တဲ့သူေတြဟာ သူတို႔ရဲ႕ သားရဲလိုသိုင္းဝိညာဥ္႐ွိသူေတြကိုေျပာတာမဟုတ္ပါဘူး။႐ုပ္ပိုင္းဆိုင္ရာခြန္အားတိုးတက္ဖို႔ ကိုယ္ပိုင္ခြန္အားကိုသာ အသုံးျပဳၾကသူေတြပါ။
ဥပမာေျပာရရင္ နတ္ဆိုးညရဲ႕သိုင္းဝိညာဥ္က ကမ႓ာေျမဝက္ဝံမို႔ ခႏၶာကိုယ္ၾကံ့ခိုင္ဖို႔ အထူးႀကိဳးစားေနစရာမလိုပဲ သူ႕ရဲ႕က်င့္ၾကံျခင္းနယ္ပယ္တိုးတက္လာေအာင္ ေလ့က်င့္႐ုံပါပဲ။ဒါဆို သူ႕ရဲ႕ခႏၶာကိုယ္က အလိုလိုၾကံ့ခိုင္လာမွာမို႔ သူ႕ကို ခႏၶာကိုယ္သန္႔စင္သူလို႔ေျပာလို႔မရေတာ့ဘူး။
ဝမ္ခ်န္းရင္မွာက အရိပ္သိုင္းဝိညာဥ္ဆိုေပမယ့္ သူ႕ရဲ႕ခႏၶာကိုယ္က အတိုင္းတာတစ္ခုအထိ သန္မာပါတယ္။ဒါေၾကာင့္မို႔ သူကမွ စစ္မွန္တဲ့ခႏၶာကိုယ္သန္႔စင္သူပဲ!
'ေတာ္ေသးတာေပါ့၊ နဂါးဂိတ္တံခါးမွာ ငါေကာင္းေကာင္းေလ့က်င့္ခဲ့ရလို႔ မဟုတ္ရင္ ငါ႐ႈံးမွာေသခ်ာတယ္"
ခ်ဴးယြန္ ႏွလုံးသားထဲကေန ျပဳံးလိုက္ပါတယ္။
ဝမ္ခ်န္းရင္ အျမန္ေနာက္ကို အနဲငယ္
ဆုတ္သြားၿပီးေနာက္ သူ႕ေျခေထာက္က ေလေပၚေျမာက္တက္လာၿပီး ခ်ဴးယြန္ရင္ဝကို ကိုယ္တပတ္လွည့္ကန္လိုက္ပါၿပီ။
ခလြပ္!
ေလဟာနယ္က ကြဲအက္သြားကာ ခ်ဴးယြန္ေျခေထာက္ေအာက္ကေျမႀကီးက စုပ္ယူေနသလိုခံစားလိုက္ရၿပီေလ။
ဝမ္ခ်န္းရင္ သူ႕ဆီသယ္ေဆာင္လာတဲ့ဖိအားက သာမန္လူေတြပိုင္ဆိုင္ႏိုင္တဲ့အရာမဟုတ္ဘူး။
ခ်ဴးယြန္ ေ႐ွာင္တိမ္းဖို႔မလြယ္ေတာ့တာေၾကာင့္ သူ႕လက္ႏွစ္ဖက္ကိုဆန္႔ထုတ္ကာ ဝမ္ခ်န္းရင္ရဲ႕ေျခေထာက္ကို တားဆီးလိုက္ရပါၿပီ။
"ေျဖာင္း!"
က်ယ္ေလာင္တဲ့ေပါက္ကြဲသံနဲ႔အတူ ခ်ဴးယြန္ အေနာက္ကိုေျခလွမ္းသုံးလွမ္းခန္႔ဆုတ္လိုက္ရၿပီး ဒီေတာ့မွပဲ ေျခကန္ခ်က္မွာပါဝင္ေနတဲ့ဖိအားႀကီးကို ပယ္႐ွားလိုက္ႏိုင္ပါတယ္။
"အဟြတ္ အဟြတ္!"
ခ်ဴးယြန္ ေခ်ာင္းဆိုးလိုက္ရကာ သူ႕ရင္ဘက္ထဲမွာေအာင့္သြားၿပီး အသက္႐ႈအနဲငယ္ခက္ခဲလုနီးပါးျဖစ္သြားခဲ့ရပါၿပီ။