မူပိုင်

By Thithipyaeaung

151K 11.1K 413

ရပ်တန့်ကျမလား..ရှေ့ဆက်ကျမလားး စဉ်းစားပါဂျီမင်းငယ် ရပျတန့ျကမြလား..ရှေ့ဆကျကမြလားး စဉျးစားပါဂြီမငျးငယျ More

Uni Pt.1
💗💗
pt.2
Pt.3
Pt.4
Pt.5
Pt.6
Pt.7
Pt .8
Pt.9
Pt.10
Pt.11
🌲☃️
Pt.12
Pt .13
Pt.14
pt.15
pt.16
Pt.17
Pt 18
Pt .19
Pt.20
Pt .21
pt.22
pt.23
Pt.24
pt.25
pt.26
Pt.27
Pt.28
Pt.29
Pt.30
Pt.31
Pt .32
Pt.33
Pt.34
Final
Zawgyi Pt .1
💗💗
Pt .2
Pt 3
Pt .4
Pt.5
Pt.6
Pt.7
Pt.8
Pt.9
Pt .10
Pt .11
🌲☃️
Pt.12
Pt .13
Pt. 14
Pt .15
Pt.16
Pt.17
Pt.18
Pt.19
Pt .20
Pt.21
Pt .22
Pt.23
Pt.24
Pt .25
Pt.26
Pt .27
Pt .28
Pt.29
Pt.30
Pt.31
Pt.32
Pt .33
Pt.34
Final
Extra

Extra ✨

4K 258 35
By Thithipyaeaung


"အား....ပတ်ဂျီမင်း နင်လွှတ်စမ်း
လူလေးကသေးသလောက် ခုချက်ချင်း လွှတ်စမ်း အား "

သူ့ဆံပင်တွေအား လက်နှစ်ဖက်ဖြင့်ဆွဲထားသော အနှီကောင်ငယ်လေးသည် ဘာတွေစားပြီးများ အားကြီးနေပါလိမ့်

"ပတ်ဂျီမင်း နင်ငါ့အဒေါ်ကိုအခုလွှတ်ပေး! "

ရုန်းရင်းဆန်ခက်ဖြစ်နေသော နှစ်ယောက်အနားတွင် အဆွဲခံထားရသော အဒေါ်ကြီး၏ တူမလည်းရှိနေသဖြင့် သူ့အဒေါ်အား လွှတ်ပေးရန် ဂျီမင်းအား အော်နေချင်း

"ဘာကိစ္စလွှတ်ပေးရမှာလဲ နင့်အဒေါ်အရင် ငါ့ယောက်ျားကို ကြူးတာလေ "

"ယောက်ျားလေးအချင်းချင်း ယူထားပြီးစွာကျယ်စွာကျယ် လာလုပ်နေသေးတယ် "

ကောင်မလေးကပြောလည်းပြော ဂျီမင်းအား ဝင်လုပ်ရန်လက်လှမ်းလာစဉ် ထိုလက်တွေအား လှမ်းဖမ်းလိုက်သော ဂျီမင်းအစ်ကိုကင်ဆော့ဂျင်

"ဘာလုပ်တာလဲဖယ် "

"လူကြီးနဲ့ကလေးဖြစ်တဲ့ ပွဲကိုနင်ကဘာကိစ္စဝင်ပါနေချင်နေရတာလဲ "

ဟုတ်တယ်လေ
သူတောင် သူ့ရဲချစ်လှစွာသောညီလေးအား ဝင်မဆွဲဘဲ တစ်ယောက်တစ်ယောက်ချင်း
ဖိုက်နေကျတာမို့ ရပ်ကြည့်နေချင်း
အဲ့တာကို ဒီကလေးက ဝင်ပါချင်နေတာ
တွေ့ဦးမယ် ငါနဲ့

"ဘာ !
နင့်ရဲ့ ဦးနှောက်မရှိတဲ့ညီက ငါ့အဒေါ်ရဲ့ဆံပင်မွှေးတွေဆောင့်ဆွဲထားတာလေ "

"နင့်အဒေါ်လည်း လက်တစ်ဖက်နဲ့ပြန်ဆွဲထားတာဘဲ "

ခပ်ထေ့ထေ့မျက်နှာနဲ့ ဆော့ဂျင်သည် ထိုကောင်မလေးအား မထိတထိဆိုတော့ မိမိရှေ့တွင်ရပ်နေသော ထို‌ကလေးမသည် တရူးရူးတရှဲရှဲဖြစ်လာတော့သည်

"အမလေး... ဒီအရိုင်းအစိုင်း နှစ်ကောင်ကို ဘယ်သူကများ မွေးထုတ်ထားပါလိမ့် "

"ဒီမှာကလေးမ စကားကိုဆင်ခြင်ပြောပါ
အရိုင်းအစိုင်းက အကိုတို့ညီအစ်ကိုလား
ဟော့ဒီက ညီမတို့ တူဝရီးလားဆိုတာ "

ဆော့ဂျင်နဲ့ ထိုကလေးမ စကားနိုင်လုနေကျစဉ် အသံနင်ကြီးဖြင့် ‌နာကြောင်းပြောနေသော အဒေါ်ကြီးသည် အမှန်တကယ်လည်း‌နာနေပုံရကာ မျက်နှာကြီးနီရဲနေပြီး အံကိုကြိတ်ထားသည်

"ဂျောင်းယူ နင်ဘာလုပ်နေတာလဲ ငါနာလာပြီ "

"ဟိုအကောင် နင်ခုလွှတ်စမ်း "

ဆွဲသလိုလိုနဲ့ ဂျီမင်းအား လုပ်နေသော ကလေးမကြောင့် ဆော့ဂျင်ဝင်ပြောရသည်

"ဟေ့ဟေ့ လက်မပါနဲ့လေ "

"ပါတော့ဘာဖြစ်ချင်လဲ "

အော်
တော်တော်ကို စွာနေတာပေါ့
ကင်ဆော့ဂျင်အကြောင့် ဒင်းကောင်းကောင်းသိဦးမယ် ဟု ဆိုကာ ဆော့ဂျင်တစ်ယောက် အာလူးကောက်ကာ ထည့်ဖို့ယူလာသော လက်ထဲမှ ဒန်ဇလုံဖြင့် ထိုကလေးမအား တီးလိုက်‌တော့သည်

"ဒမ် !!"

"အား...နင်ဘာလုပ်တာ‌လဲ "

ဂျီမင်းနဲ့ အာဂျီးမားသည် ထိုနှစ်ယောက်အား ကြောင်ကာ ကြည့်နေသော်လည်း ဆံပင်ဆွဲထားသော လက်တွေ မလွှတ်သွားပါ

"တီးလိုက်တာလေ မမြင်ဘူးလား "

"ဘာ နင်..နင် လူပါးဝလို့ "

ဂလွမ်ဂလွမ်....

ခဏအတွင်းသံစုံတီးဝိုင်းရောက်ရှိသွားကာ ဆော့ဂျင်နင့် ထိုကလေးမ နပန်းလုံးနေတော့သည်

"ဂျီမင်း ဘာကြည့်နေတာလဲ
နိုင်အောင်လုပ်လေ "

အာလူးခင်းထဲတွင် ဖုန်တွေသဲတွေဖြင့် ပေပွကာ ရန်ဖြစ်နေသော Hygသည် သူ့အားသတိပေးလာတော့ ခုမှသတိကပ်သည်လူလို ဆောင့်ဆွဲထားသော လက်တွေအား ပိုမိုအားထည့်ကာ ညီကိုနှစ်ယောက် အပြီအပြင်တိုက်တော့သည်

ဒီကိစ္စတွေရဲ့ အစကတော့ ......

ဂျီမင်းနှင့်ဆော့ဂျင်သည် မနက်စောစောထကာ အားလူးကောက်ပြီး ရလာသော အားလူးတွေကို ဈေးထဲသွားရောင်းချင်းဖြင့် ဝင်ငွေအကျိုးအမြတ်ရအောင် ပြုလုပ်နေကျချင်းဖြစ်သည်

ဂျောင်ကုတို့သည်လည်း မြို့မှာ မအိပ်လာခဲ့လာခဲ့ရသမျှ ဒီမှအတိုးချအိပ်နေသလိုပင် တော်တော်နှင့်မနိုးလာသောကြောင့်
ဆော့ဂျင်နှင့်ဂျီမင်း ဖွားဖွားဆီခွင့်တောင်းခဲ့ကာ အာလူးခင်းဘက်သို့ ထွက်လာခဲ့ကျသည်

အချိန်ကလည်း စောနေသေးသဖြင့် အာလူးခင်းထဲတွင် သူတို့ညီအစ်ကိုနှစ်ယောက်ရယ်
ရပ်ကွက်ရဲ့ ဇက်ဇက်ကျဲ တူဝရီးနှစ်ယောက်ရယ်သာရှိသည်

"Hyg  သူတို့က ဘာလို့ ဒီကိုရောက်လာပြန်တာလဲ "

"မသိဘူးလေ
အရင်အခင်းပိုင်ရှင်က ထုတ်လိုက်ပြန်ပြီနေမှာပေါ့ "

ဆော့ဂျင်စကားလေးအား ခေါင်းတငြိမ့်ငြိမ့်ဖြင့်ထောက်ခံလိုက်သည်

အဲ့တူဝရီးနှစ်ယောက်ကို တစ်ရွာလုံးမသိသူမရှိ
အဒေါ်ဖြစ်သူက ပစိမစပ်များကာ ဟုတ်သောစကားကော မဟုတ်သောစကားကို အလွန်ပြောသဖြင့် တည့်တဲ့လူဆိုခပ်ရှားရှားရယ်
တူမကျတော့လည်း ရုပ်လေးနဲ့မှ မလိုက် စရိုက်ဆန်နေကာ မျက်လုံးထဲထော်လော်ကန့်လန့်သာ

"ဟဲ့ ဂျောင်းယူ "

"ရှင်  ဒေါ်ဒေါ် "

တစ်ယောက်နာမည်တစ်ယောက်ခေါ်ကာ ပူးကပ်သွားပြန်သော ထိုတူဝရီးနှစ်ယောက်ကြောင့် စပ်စုသူများပီပီဂျီမင်းနဲ့ ဆော့ဂျင်လည်း သူတို့နှစ်ယောက်အနောက်ဘက်ရှိ အခင်းတန်းလေးဘက်သို့ တရွေ့ရွေ့ပြောင်းလာတော့သည်

"မြို့က သူဌေးသားတဲ့ရယ်
ခန့်ညားချောမောလိုက်တာလဲလွန်ရော
ပိုက်ဆံကလည်း အဟွန်း
တောင်လိုပုံနေမှာ "

"Hyg သူတို့ဘယ်သူ့အကြောင်းပြောနေတာလဲ
မြို့က ဧည့်သည် အသစ်တွေလာသေးတာလား "

"Hygလည်း မသိဘူးလေ ဂျီမင်းရဲ့
ဆက်နားထောင်စမ်းပါ "

ဂျီမင်းရဲ့ သိလိုစိတ်ဖြင့်မေးသော အမေးအား ဆော့ဂျင် ဖြစ်သလိုဖြေကာ ဆက်နားထောင်ကျတော့သည်

"ဒေါ်ဒေါ်က ဘယ်လိုသိတာလဲ "

"အော် ငါလည်း မနေ့က အခင်းပိုင်ရှင်ကို အလုပ်လာအပ်ရင်း ကြားလာတာပေါ့
ပြီးကျ လူကိုယ်တိုင်လည်းတွေ့ခဲ့လို့"

ထိုအခါမှ ကလေးမသည် အော်ဆိုကာ ငြိမ်သွားပြန်သည်

"ရီလိုက်ရင်လည်း ယုန်သွားလေးနဲ့ဟယ်
ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်းရှိတယ် သိလား "

"ဟုတ်လား ချစ်ဖို့ကောင်းနေမှာဘဲနော် ဒေါ်ဒေါ် ဟီးဟီး "

ဂျီမင်း ထိုစကားတွေကိုအလိုမကျတော့ တစ်ခုခုကို ရိပ်မိလာသလို မျက်မှောင်တွေတဖြည်းဖြည်းကျုံ့လာခဲ့သည်

"အေးပေါ့ဟယ်
နေပါဦး ငါနာမည်လည်း ကြားလာပါတယ်
ဘာတဲ့ ဂျွန် ..ဂျွန်ဂျောင်ကုဆိုလား "

ဂျီမင်းတစ်ယောက်ဒေါ်သတွေအတောင့်လိုက်ထွက်လာကာ ထပြောမယ်ပြင်တော့ ဆော့ဂျင်က ဘာဆက်ပြောမလဲစောင့်ကြည့်ပါဦးဆို၍ ဒေါသတွေမြိုချကာ ပြန်ထိုင်နေလိုက်သည်

"ဟယ် နာမည်ကြီးကလည်း အားကိုးချင်စရာကြီးနော် "

အားပါးတရ ထောက်ခံနေသော ထိုကလေးမအားကြည့်ကာ ဂျီမင်းတစ်ယောက်လက်သီးစုတ်လေးတွေဖြင့် အံကြိုတ်နေမိသည်

"အေးပေါ့ဟယ်
ငါကလည်း ညည်းကို အဲ့လိုရုပ်ရှိရေလျှံ သူဌေးသားနဲ့ဘဲပေးစားချင်တာ ခုတော့ ငါတို့အကွက်ထဲရောက်လာပြီ ညည်းကြိုးစားဖို့ဘဲ လိုတော့တယ်
ရအောင်ကြံစမ်းပါအေ ကြားလား "

"ကိုယ်အဆင့်နဲ့ထိုက်တန်တဲ့လူကိုဘဲရမှာပေါ့ ဘာကိစ္စမြင့်မြင့်မှန်းနေရတာလဲ "

တိုးတိုးတိုးတိုး ပြောနေစဉ် ‌ထွက်ပေါ်လာသော အသံခပ်စူးစူးကြောင့် အဒေါ်ကြီးကော သူ့တူမဆိုသူကော ဂျီမင်းအားမော့ကြည့်လာကျတော့သည်

"ဒီမှာ ဘာကိစ္စနင်က ငါတို့ကို လာရှည်နေရတာလဲ ကိုယ်အလုပ်ကိုယ်လုပ်ပြီးအေးဆေးနေစမ်း "

ထိုအဒေါ်ကြီးသည် ဂျီမင်းအား ခြံပိုင်ရှင်ဖွားဖွားရဲ့ မြေးဆိုတာမသိသည့်ပုံပေါ်ကာ ရန်စကားဆိုတော့သည်

"ခင်ဗျားတို့ကသာ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ကျွန်တော့ယောက်ျားအကြောင်း ပါးစပ်အရသာခံပြီးပြောနေလို့ ဝင်ပြောနေရတာ "

"ဘာ နင့်ယောက်ျား "

အဒေါ်ကြီးသည် မယုံကြည်သလိုကြည့်ကာ ဂျီမင်းအားဟားတိုက်ရယ်တော့ ဘေးမှ ဖားပြုတ်ကားတက်ကြိတ်ထားသောရုပ်ဖြင့်ကလေးမသည်လည်း လိုက်ရယ်တော့သည်

"ကောင်လေး
ငါတို့စကားတွေကြားပြီး ငါတို့နဲ့ပူးပေါင်းချင်လို့ ဂွင်ဆင်နေတာဆို လစ်တော့
ငါတို့က လူပြည့်သွားပြီ "

ဟူး ....
ဒီ အသက်ကြီးပြီး အချိန်မစီးတဲ့အဒေါ်ကြီးနဲ့ ပိန်လိန်လိန်ကျပ်မပြည့်တူမကို နားလည်အောင် သူဘယ်လိုရှင်းပြရပါ့မလဲ

"ဒီမယ် ခင်ဗျားတို့ပြောနေတဲ့ ဂျွန်ဂျောင်ကုဆိုတဲ့လူကလေ
ကျွန်တော်နဲ့ တစ်အိမ်ထဲနေ တစ်ခန်းထဲအိပ်
စားလည်းတူတူ သွားလည်းတူတူ ရေချိုးရင်တောင်တစ်ခါတစ်လေ တူတူချိုးကျသေးတာဗျ "

"ဘာ .ဘာ နင့်လိုလက်တောင့်လောက်ကပြောတဲ့စကားကို ငါက ယုံရမှာလား "

အော် လူတွေများအမှန်တရားကို လက်မခံနိုင်တော့ ဘယ်လိုတောင် လုပ်ရပါ့မလဲနော်
ကျွတ် ကျွတ်

"ယုံတာ မယုံတာခင်ဗျားတို့အပိုင်း
ကျွန်တော့်ယောက်ျားအကြောင်းကို ဆက်ပြောနေမယ်ဆိုရင်တော့ ကျွန်တော့အဆိုးမဆိုနဲ့ "

"အမလေး အမလေး
နင်လိုဟာလေးက ငါ့ကိုဘာလုပ်နိုင်မှာလဲ တစ်ခါထဲ လက်နဲ့ညှပ်လိုက်လို့ အသက်ထွက်မဲ့ ခန္ဓာကိုယ်လေး "

ဒီဘွားတော် သူ့ကို တော်တော်အထင်သေးတာဘဲ
လူကောင်းသေးတယ်ဆိုပြီးဟားချင်နေတာ တွေ့ဦးမယ် ဘွားတော်

"ဟုတ်လား အဲ့လိုဆိုရင်တော့ ပြရသေးတာပေါ့ "

ဂျီမင်းက ပြောလည်းပြော ထိုအဘွားကြီး၏ ခေါင်းအား လက်စုံဖြင့်ဆွဲချလိုက်တော့သည်

"အား သေပါပြီ
စောက်ကလေး နင့်လက်ကိုလွှတ်စမ်း "

အဒေါ်ကြီးက ပြောလည်းပြော ဂျီမင်းကိုလည်း မှီတဲ့လက်တစ်ဖက်ဖြင့်ပြန်ဆွဲတော့သည်

ဒီလိုနဲ့ ရန်ပွဲက ပြင်းထန်လာကာ အခုတော့ အာလူးခင်းထဲ ဖုန်အလိမ်းလိမ်းဖြင့်
ရပ်ကွက်ရဲ့ အော်ကြောလန်တူဝရီးနှစ်ယောက်နဲ့ခြံပိုင်ရှင်ရဲ့ ‌အောကြောလန် မြေးနှစ်ယောက်ရန်ဖြစ်နေကျချင်းဖြစ်သည်

အိပ်ယာမှနိုးလာတော့ ထိုကလေးသည် မရှိတော့
ဂျောင်ကုတို့သည် ထိုကလေးစိတ်ဆိုးပြေကတည်းက ချက်ချင်းပြန်ချင်သော်လည်း အေးချမ်းလှတဲ့ နေရာဒေသရယ်
ဖွားဖွားရဲ့ ရောက်တုန်းရောက်ခိုက် နေသွားပါဦးလား ဆိုသော စကားရယ်ကြောင့် သူတို့တွေ ဒီနေ့ထိနေဖြစ်နေကျချင်း

မနက်စာစားဝိုင်းတွင် လူစုံနေသော်လည်း အိမ်ကြီးရဲ့ အဓိက အရှင်သခင်နှစ်ယောက်ကတော့ အာလူးကောက်သွားလေရဲ့

"ကဲကဲ စားကျနော် အရင်ရက်တွေလိုဘဲ အားနာမနေနဲ့ ဟိုကလေးနှစ်ယောက်ကတော့ မင်းတို့သိတဲ့အတိုင်း စားသောက်ပြီး စောစောစီးစီးထွက်သွားလေရဲ့ကွယ် "

ဖွားဖွားစကားအဆုံး ထမင်းစားဝိုင်းက လူတွေပွဲကျသွားတော့သည်

"ဂျောင်ကုရေ မင်းလည်းဆိုးလ်ရောက်ရင် ဂျီမင်းဖို့ အာလူးတစ်ခင်းလောက် စိုက်ပေးလိုက်စမ်းပါကွာ "

နမ်ဂျွန်းက အရွှန်းဖောက်ကာ တဟားဟားအော်ရီလျက် စားသောက်ကျတော့သည်

"ကျွန်တော်ပြီးပီ
ဟိုဖွား ကျွန်တော် ဂျီမင်းတို့ဆီ သွားချင်လို့ အဲ့တာ "

ထယ်ယောင်းသည် အရင်စားသောက်ပြီး၍ ဟိုငမွှေထိုးဆီ လိုက်သွားဖို့ တောင်းဆိုလိုက်တော့ ဖွားဖွားက အကူကောင်မလေးအား ခေါ်ကာ လိုက်ပို့စေသည်

ဂျောင်ကုတို့ကတော့ ဒီမှာ ဖွားကိုကူလုပ်ပြီးမှ အေးအေးဆေးဆေးလိုက်လာခဲ့မယ်ဟု မှာလိုက်သေးသည်

ထယ်ယောင်းလည်းကောင်မလေးနဲ့ စကားတပြောပြောဖြင့် အာလူးခင်းထဲသို့ခြေဆန့်ခဲ့တော့သည်

"ဟုတ်တယ် ကိုကိုရဲ့ ကိုလေးဂျီမင်းက ငယ်ငယ်ကဆိုလည်း အရမ်းဆိုးတာသိလား
ဖွားဖွားကိုလည်း မကြောက်ဘူးရယ် ကိုကြီးဆော့ဂျင်ကတော့ သူ့ညီတစ်ယောက်ထဲရှိတော့ ဘေးကနေအလိုလိုက်တာပေါ့
အဲ့မှာ ကိုလေးဂျီမင်းကိုပိုဆိုးသွားရော "

ကောင်မလေးအပြောအား ထယ်ယောင်းတစ်ယောက် သဘောကျစွာရီလိုက်သည်
ဂျီဂျီက တကယ့်အဆိုးလေးဘဲ ဟုလည်းတွေးလိုက်သေးသည်
ဒါပေမယ့်သူ့သူငယ်ချင်းလေးက စိတ်ထားလေး နူးညံ့ရှာပါတယ်

"ကိုကိုဂျောင်ကုနဲ့ ဘယ်လိုများရလဲမသိဘူး
ကိုလေးဂျီမင်းက အရမ်းရစ်တာကို "

"အဲ့တာလည်း ဖူးစာပေါ့ ကလေးရဲ့ "

သိချင်စွာစပ်စုလာသော ကောင်မလေး၏ ခေါင်းလေးအားပုတ်လိုက်ကာ သူဆိုတော့ ကလေးမလေးက လျှာလေးထုတ်ကာ ဟီးခနဲ လာရယ်ပြတော့သည်

"ကိုကို ဟိုးအရှေ့မှာဆို အာလူးခင်းရောက်ပြီ"

ကောင်မလေးက ပြောလည်းပြော လက်အားဆွဲကာ ခေါ်သွားသောကြောင့် ထယ်ယောင်း ပါသွားရတော့သည်

"ဟင် ကိုလေးဂျီမင်း !"

အလန့်တကြားအော်သံနဲ့အတူ စိုက်ခင်းထဲက အဖြစ်အပျက်အားကြည့်ကာ ထယ်စိုးရိမ်တကြီးပြေးကာသွားတော့သည်

"သွား ဂျောင်ကုတို့ကို သမီးက ခေါ်ခဲ့နော်
ကိုကိုက တားထားလိုက်မယ် "

"ဟုတ် "

ထယ်ယောင်းသည် စိုက်ခင်းထဲသို့ဆင်းလာကာ ဘယ်သူ့ကို အရင်ဆွဲရမှန်းလည်းမသိတော့ ဟိုသွားရမလို ဒီပြေးရမလို ဗြာများနေတော့သည်

"ဂျီဂျီ တော်တော့လေ
အသက်ကြီးတဲ့လူကို လွှတ်ပေးလိုက်ပါ "

"ထယ် အသာနေနေ ဒီဘွားတော်က ငါ့ယောက်ျားကို သူ့တူမနဲ့ ရှစ်ပြီး ကြံခိုင်းနေတာ ငါသီးမခံနိုင်ဘူး "

ထယ်ယောင်းသည် အေးချမ်းရာလေးဖြစ်သဖြင့် ဒီရန်ပြွကို ဘယ်လိုဖြေရျင်းရမလဲမသိခဲ့
သူငယ်ချင်းဘက်မရတော့ သူငယ်ချင်းအစ်ကိုဘက် ဝင်ဆွဲရန်ပြင်လိုက်သည်

"ဟို အစ်ကိုဆော့ဂျင်
ရန်မဖြစ်ပါနဲ့တော့ မိန်းကလေးကို လွှတ်ပေးလိုက်ပါ "

"ထယ်ယောင်း မင်းမသိပါဘူး သူတို့ တူဝရီးက ဒီလိုဆုံးမထားမှဖြစ်မှာ "

အလယ်မှာရပ်နေသော ထယ်ယောင်းသည် ဘာမျမလုပ်တတ်တာကြောင့် ငြိမ်သာငြိမ်နေရသည်
ဂျောင်ကုတို့လာဖို့သာ မျှော်နေရသည်

မကြာ လိုက်ပါ အခင်းဘက်သို့ ဝရုန်းသုံးကားပြေးလာသော ဂျောင်ကုရယ် ၊နမ်ဂျွန်းရယ် ၊ယွန်းဂီရယ် အမောတကော ရောက်လာကျတော့သည်

အေးအေးဆေးဆေးလေး ထိုင်နေကျတုန်း ကလေးမလေး၏ ဂျီမင်းတို့ညီအစ်ကို ရန်ဖြစ်နေကျတယ်ဆိုသောကြောင့် ပြေးလာရတော့သည်

ဂျောင်ကု ရောက်လာတော့ အမလေး
မူးလဲချင်စိတ်တောင်ဖြစ်သွားတယ်

ကလေးက သူ့ရဲ့နှစ်ဆလောက်ရှိသည့် ခပ်ဝဝအမျိုးသမီးအား ဆံပင်မွှေးဆွဲထားချင်းဖြစ်သလို ဟိုအမျိုးသမီးကလဲ လက်တစ်ဖက်ဖြင့်ဆွဲထားသေးသည်

အမလေး ငါ့အဖိုးတန်ဆံပင်လေးတွေ ကျွတ်ကုန်ပြီလား မသိပါဘူးကွာ
မျက်နှာလေးလည်း နီရဲလို့

"ဂျီမင်း ကလေး "

ဂျောင်ကုအသံကြားသည်နှင့် ပြောင်းလဲသွားသော ဂျီမင်းမျက်နှာသည် ရန်လိုနေသော ကြောင်ပေါက်လေးထံမှ ယုန်သငယ်လေးလို ပုံစံမျိုး
အဒေါ်ကြီးတစ်ယောက် တောင် ကြောင်အသွားသည်

"ကိုကို "

ဂျောင်ကုလာမှ ဂျီမင်းသည် ဆွဲထားသော လက်တွေအား လွှတ်ချလိုက်ကာ မသိရင်သူဘဲ ခံနေရသလိုလိုပုံစံဖြင့် ကိုကို ဟူ၍ ခပ်အီအီလေးခေါ်တော့သည်

"ကလေးရယ် ဘယ်လိုဖြစ်တာလဲ "

ဘယ်လိုဖြစ်တာလဲ ဟူသော စကားတွင် အရှေ့မှ အဒေါ်ကြီးအား ဂျောင်ကု ခပ်စူးစူးကြည့်လိုက်ကာ မေးလိုက်ချင်းဖြစ်သည်

ထိုအခါမှ ထိုအမျိုးသမီးကြီးသည်လည်း ဆွဲထားသော လက်အားလွှတ်ကာ ဖုန်ခါနေသည်

"ကိုကို သူသူ
သူအရင် ပြောတာ "

ထိုးထိုးထောင်ထောင်ဆံပင်လေးတွေဖြင့် ဖုန်တွေလူးနေသော ကောင်လေးသည် ရင်ခွင်ထဲ တိုးဝင်လာကာ လက်ညိုးတစ်ထိုးထိုးဖြင့် တိုင်တော့သည်

ဂျောင်ကုလည်း အမျိုးသမီးကြီးအားကြည့်လိုက်တော့ အံ့ဩနေသောပုံစံဖြင့် ရင်ခွင်ထဲမှအကောင်ပေါက်အားကြည့်နေတော့သည်

"ဒီမှာ နင်အရင်ငါ့ကို ဆွဲတာလေ "

"ခင်ဗျား အရင်ကျွန်တော့ယောက်ျားအကြောင်းပြောပြီး မကောင်းကြံနေတာလေ"

သူသာ မဆွဲထားရင် ထပ်ပြီး တစ်ပွဲဖြစ်ဦးမယ့်ပုံမို့ ဂျောင်ကု ဂျီမင်းအားကောက်ပွေ့လိုက်တော့သည်

"ခင်ဗျားကို ဖွားဖွားပြောပြီး အလုပ်ထုတ်ခိုင်းမယ် ပိုင်းလုံးတူဝရီး "

"ဘာ ဘာ "

ဂျောင်ကုရင်ခွင်ထဲတွင် လုံခြုံနေသော ကလေးငယ်သည်  နှုတ်ခမ်းတထော်ထော်ဖြင့်ရန်လှမ်းစွာနေသေးသည်

တစ်ဖက်မှာလည်း နမ်ဂျွန်းသည် ဆော့ဂျင်အား ဝင်ဆွဲရသေးသည်

"Hygတော်တော့လေ
အောက်ကသေတော့မယ် လွှတ်လိုက်ပါတော့ "

"လျှာမရှည်နဲ့ ဒီနေ့ သူသေကိုယ်သေဘဲ "

ပြောမရဆိုမရ အရမ်းတွေဆိုးနေသော Hygအား ခါးမှဆွဲကာ လူချင်းခွဲခိုင်းပြီး ကောင်မလေးအား ထွက်သွားရန်မျက်စ ပစ်ပြလိုက်တော့သည်
မဟုတ်ရင် တကယ်သေတော့မှာ ဟိုက
ဒါတောင် အစွာလေးအကိုက ‌ဇလုံဖြင့် လှမ်းပေါက်သဖြင့် ရှေ့မှကာလိုက်ရာ နှဖူးဘုထသွားသေးသည်

ယွန်းဂီကတော့ ဂျီမင်းတို့ညီအစ်ကိုအား လက်ကောခြေကော လှန်နေကာ ထယ်ယောင်းအား  ချော့မော့ကာခေါ်သွားပြီး ဟိုဆော့ဆီ‌သာ ပြန်လာလိုက်တော့သည်

ဟိုဆော့ကတော့ သိတဲ့အတိုင်း အာလူးခင်းဆို အကောင်တွေဘာတွေ ပေါနေဦးမည်ဆို၍ နေခဲ့ကာ တစ်ယောက်ထဲ ထိုင်နေခဲ့ချင်းဖြစ်သည်

"ပတ်ဂျီမင်း ! ကင်ဆော့ဂျင် !"

ဒါ‌ကတော့ သာယာနာပျော်ဖွယ် ဖွားဖွားရဲ့ အိပ်ဆောင်ထဲမှ ထွက်လာသောအသံသာဖြစ်သည်

ဂျောင်ကုနဲ့နမ်ဂျွန်းကတော့ အထဲထိလိုက်ဝင်လို့မရသဖြင့် အဆောင်ရှေ့တွင် ခြေမကိုင်မိလက်မကိုင်မိ ဟိုဘက်လျောက်ဒီဘက်လျှောက်ဖြစ်နေ‌တော့သည်

"ဖွားဖွားကလည်း ဖြေးဖြေးအော်ပါ လန့်သွားတာဘဲ "

ရင်ဘတ်လေးဖိကာ အကဲပိုနေသော မြေးငယ်ကို သူကြည့်ကာ လက်တပြင်ပြင်

"ဂျီမင်းလေး လန့်သွားတာလား "

"ဟုတ် Hyg"

အမလေး ငါဒီမြေးနှစ်ယောက်ကို ဘယ်လိုထိန်းကျောင်းရပါ့မလဲလေ
ပြောမရဆိုမရ ပြောလို့လဲ မနိုင်
ကြောင်ချင်ယောင်ဆောင်နေတာ သူတို့ ဒီက အဖွားအိုကြီးကို စိတ်ထဲကိုမရှိတာ

"မြေးကြီး မင်းညီက အငယ်ဖြစ်ပြီးဆိုးနေရင်တောင် မင်းက ဆုံးမရမှာကို မင်းကပါအလိုတူအလိုပါ "

"ဖွားကလည်း အဲ့တူဝရီးနှစ်ယောက်အကြောင်းဖွားလဲသိသားနဲ့ ခုလိုမှမှတ်မှာ သားကတော့ အားရတယ် နော် ဂျီမင်းလေး "

ညီငယ်ဘက်လှည့်ကာ တပ်ကူခေါ်တော့ ဟိုကလေးကလည်း လက်မတစ်ထောင်ထောင်လုပ်ပြသည်

"ဘာ အမလေး ငါသွေး ."

ဖွားဖွားသည် တကယ်သွေးတိုးသွားပုံပေါ်ကာ ယပ်တောင်တဖျတ်ဖျတ်ခပ်နေသည်

"ဖွားကလည်း သားတို့ကအမှန်ပြောတာကို "

"ပတ်ဂျီမင်း ! သွား ကိုယ့်မြို့ကိုပြန်တော့
ဒီမှာလာပြီးပြဿနာရှာနေတာ ဒီအဖွားအိုကြီးကို ဒုက္ခပေးနေတာ "

နှုတ်ခမ်းလေးဆူကာ ငြိမ်သွားသော မြေးငယ်အား ကျောပြင်အားပွတ်ကာ စိတ်မကောင်းမဖြစ်ရန်ပြောနေသော မြေးကြီးကလည်း သူထိန်းမနိုင်သိမ်းမနိုင်

မိမိရှေ့တွင် ဖုန်တွေပေတူးကာ ဆံပင်ဆုတ်ဖွားနဲ့ ထိုင်နေသော မြေးနှစ်ယောက်သည် ဘာနဲ့တူမှန်းကိုမသိသလို ဘယ်သူနဲ့သွားတူတာလဲမသိ

"ငါအာလူးကောက်ခိုင်းထားတာတောင် လွန်လှပြီကို ရန်ဖြစ်သတဲ့လား
မိန်းကလေးနှစ်ယောက်နဲ့ရန်ဖြစ်တာ မရှက်ကျဘူးလား "

"မရှက်ပါဘူး သူလက်ကိုလက် ပေါ့ ဖွားရဲ့ "

အဖွားဖြစ်သူ ဘယ်လိုဆုံးမမ နားမဝင်သော ဒီနှစ်ကောင်ကြောင့် ရန်ဖြစ်တဲ့အမှု့ခေါင်းစဉ်တက်ကာ ကြိမ်လုံးထုတ်၍ တစ်ယောက် ၅ချက်စီ ဆုံးမလိုက်တော့သည်

အထဲမှ အသံတွေလည်းကြားနေရသဖြင့် သူတို့မှ နေမထိထိုင်မသာသာ ဖြစ်လို့နေသည်
ဂျက်ဆိုသော အသံနဲ့အတူ ထွက်လာသော ညီကို နှစ်ယောက်သည်လည်း ငိုမဲ့မဲ့နဲ့မို့ ရီလည်းရီချင်သလို စိတ်ကလည်းပူရသေးသည်

"ကိုကို "

"ဖွားက ဘာလုပ်လိုက်တာလဲ
သက်သာရဲ့လား "

သူ့အမေးအား ခေါင်းလေးရမ်းကာ မျက်ရည်ဝဲနေသော ကလေးငယ်ကြောင့် သူဘာလုပ်ပေးရမှန်းမသိတော့

ဆော့ဂျင် Hygကတော့ တစ်နေရာသို ဖင်လေးပွတ်ကာ အလောတကြီးထွက်သွားသောကြောင့် နမ်ဂျွန်းလည်း နောက်မှပြေးလိုက် သွားကာ မေးရဦးမည်

"ကိုကို ကျွန်တော့ကိုချီပါ "

စိတ်ကျေနပ်စေရန် မိမိရှေ့မှ အာပေတူးလေးအား တင်ပါးမှကောက်ပွေ့လိုက်တော့
ရုန်းလာသောသူ

"အ့ နာတယ် ကိုကိုရဲ့ ဘာလို့လာထိရတာလဲ "

"ဟမ်
မဟုတ်မှ ဖွားက တင်ပါးကို ရိုက်လိုက်တာလား "

ထိုအခါမှ လည်တိုင်ထဲခေါင်းလေးမြုပ်ထားကာ ငြိမ့်ပြတော့သည်

"ကလေး အရမ်းနာနေမှာဘဲ
အဲ့တာကြောင့်အရမ်းမဆိုးနဲ့လို့ပြောတာပေါ့
ဆေးထည့်ပေးမယ်နော်ကိုကိုက "

"ဆူတာလား ကျွန်တော့ကို "

"စိတ်ပူလို့ပါကွာ "

လက်ထဲက ခန္ဓာကိုယ်သေးသေးလေးအား တစ်ချက်ဖျစ်ညစ်ကာ ဖက်ထားလိုက်တော့ ငြိမ်ငြိမ်လေးနေပေးသည်

"ချစ်လိုက်တာ ကိုကိုယောက်ျားသေးသေးကို"

"ကျွန်တော်ကပိုချစ်တာပါနော် "

"ကိုကိုက ပိုချစ်တာပါ‌ဗျာ"

"ကိုကိုကကွာ "

"ဂျီမင်းကကွာ..."

စရင်းနောက်ရင်းဖြင့် ကျီဆယ်နေကျသော ကောင်လေးနှစ်ယောက်သည်လည်း အရင်က ဘာမှအငြိုးမထားခဲ့ကျသလို ပကတိအေးအေးချမ်းချမ်းလေးရယ်

ကိုကိုဆိုတာကလည်း သူမနဲ ချိန်းချိန်းခြောက်ခြောက်နဲ့ခေါ်ခိုင်းခဲ့ပေမယ့် နောက်ပိုင်းတွင်ဂျီမင်းကပါ စိတ်လိုလက်ရခေါ်လာခဲ့တော့ သူအချစ်ပိုတာပေါ့

ကျွန်တော်ကတော့ ဒီဘဝတင်မက နှောင်ဘဝတွေထိပါ ဒီအဆိုးအဆာလေးရဲ့လက်ကလေးကိုသာ စုတ်ကိုင်ထားလိုက်ချင်တော့တာဘဲဗျာ

ကျွန်တော် ပတ်ဂျီမင်းဆိုတဲ့ ကလေးလေးကို သိပ်ချစ်နေတော့ ကိုယ့်ကိုကိုယ် မနာလိုတောင် ဖြစ်မိနေပါပြီ‌
ဘာလို့ဆို ကျွန်တော့မူပိုင်လေးက ကြိုး‌ေတွစုံကာ ချစ်ဖို့သိပ်ကောင်းနေလို့လေ

ခင်‌ဗျားတို့ကော မူပိုင်လေးကို မချစ်ကျဘူးလား
ကျွန်တော်ကတော့သိပ်ချစ်တာ ......

💗💗💗💗💗💗💗💗💗💗💗💗💗💗
Extraလေးလာတင်တာပါ
Maple လေး plotချရင်း အဆိုးအဆာ ကလေးလေးကို လွမ်းလာလို့ ရေးလိုက်ချင်းပါ
ခုထိဖတ်ပေးတဲ့လူ‌ေတွကို ကျေးဇူးတင်ပါတယ်ဗျ🍓✨

Continue Reading

You'll Also Like

83.8K 6.1K 66
အသက်ထက်ချစ်ရသော ကိုယ့်ရဲ့ငယ်ရယ် မင်းထက်ပိုပြီး ချစ်ရမယ့်သူ ဒီလောကမှာမရှိေတာ့ပါဘူး ငယ်ရယ် ဘဝလုံးစာချစ်တာမို့လုိ့ နာကျင်မူေတွမလုိချင်ဘူး ကိုကိုရယ် ဒီေလ...
69.5K 4.1K 27
ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့မင်းကို နည်း"တော့ အံ့ဩမိတယ် မင်းရုပ်ရည် မင်းပုံစံနဲ့ ကောင်မလေးတွေဝိုင်း"လည်နေတာကို မစ်းကစိတ်မဝင်စားဘူးဆိုတော့ ဘာလဲ မင...
75K 5K 46
jeon ဖစ်​နေလို့ကို ဘာလုပ်လုပ်အပြစ်မမြင်ဘဲ ချစ်တယ်
1M 40K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...