Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

23

1.2K 209 6
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : ဇာတ္ရွိန္မတက္င္ နိဒါန္းပ်ိဳးျင္း ]

•ေရွာင္ဟန္း•

ဒီအေတာအတြင္း ေလာ့ယြီခ်န္ရဲ႕အလုပ္က အထူးတလည္ မ်ားျပားလြန္းေနတယ္။

ဖက္ရွင္ရႈိးပြဲေတြ၊ ႐ုပ္ျမင္သံၾကား အစီအစဥ္ေတြ၊ ဂီတေဖ်ာ္ေျဖပြဲေတြ။ အဲ့တာေတြေၾကာင့္ သူ႔မွာ ေကာင္းေကာင္းေတာင္ မစားႏိုင္ဘဲ ျမင္သာေလာက္တဲ့အထိ ပိုၿပီးပိန္ပါးလာတယ္။

ပ႐ိုဂရမ္တစ္ခုမွာ အစကေတာ့ သူက ေနာက္ခံဇာတ္ေကာင္တစ္ေကာင္ေနရာမွာသာ ရွိေနမယ္လို႔ ေျပာခဲ့ေပမယ့္ အစီအစဥ္မႉးက သူ႔ကို ဘယ္လိုလုပ္ၿပီး ဒီေလာက္အလြယ္တကူလႊတ္ေပးႏိုင္မွာလဲ?

သူက အခြင့္အေရးကို ရေအာင္ယူၿပီး 'ေအာက္ေမ့ဖြယ္ အမွတ္တရမ်ား'ဆီက အခ်စ္ဦးအေၾကာင္းကို မရပ္တန္း ေမးေတာ့တယ္။

ထိုအခ်ိန္တုန္းက ေရဒီယိုဌာနဆီက အမႈမဲ့အမွတ္မဲ့စကားလုံးေတြက နားေထာင္ေနသူေတြအားလုံးကို ႀကိမ္ဖန္မ်ားစြာ ေၾကာင္အသြားေစခဲ့တယ္။

လူအေတာ္မ်ားမ်ားက သူ႔ကိုခ်စ္ၾကတာေၾကာင့္ ဒါနဲ႔ပက္သက္လို႔ လက္မေလ်ာ့ေပးႏိုင္ၾကတဲ့သူေတြ အမ်ားႀကီးရွိတယ္။ ဘယ္လိုအမ်ိဳးသမီးကမ်ား ေအးစက္ၿပီးဟိတ္ဟန္ႀကီးတဲ့ ေလာ့ယြီခ်န္ကို ေႏြးေထြးတဲ့ေလေျပေလးလို ေႏြဦးေနေရာင္ျခည္ေလးလို ေျပာင္းလဲသြားေစတာလဲဆိုတာ သူတို႔အားလုံး ခန႔္မွန္းၾကည့္ဖို႔ ႀကိဳးစားေနၾကတယ္။

"ရွင္တို႔ႏွစ္ေယာက္ အခ်င္းခ်င္းသိတာ ဘယ္ေလာက္ၾကာၿပီလဲ?" အမ်ိဳးသမီးအစီအစဥ္မႉးရဲ႕မ်က္လုံးေတြက ဝင္းလက္ေနၿပီး အလင္းေရာင္ျခည္တန္းေတြ ထြက္ေပၚေနတယ္။

ဒီလိုနာမည္ေက်ာ္ႀကီးေတြက သူတို႔ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို ထုတ္ေဖာ္ေျပာၾကားေလ့မရွိတာေၾကာင့္ အမ်ားဆုံးရွိလွ သူက ေလာ့ယြီခ်န္ကို နည္းနည္းေလာက္ စေနာက္ဖို႔ ရွာေဖြလိုက္႐ုံသာျဖစ္တယ္။ သူတို႔ထုတ္ေျပာသမွ်ေတြက မ်ားေသာအားျဖင့္ သူတို႔ရဲ႕ကုမၸဏီေတြက စီစဥ္ေပးထားတဲ့ ေၾကျငာထြင္လုံးေတြသာျဖစ္ၿပီး သူတို႔အေၾကာင္းဆိုလည္း အမွန္တရားနည္းနည္းသာပါတယ္။

"အဲ့တာက..." ေလာ့ယြီခ်န္ အသံတိတ္ ေရတြက္လိုက္တယ္ "... ဆယ့္ေျခာက္ႏွစ္ေတာင္ ရွိၿပီ"

"အဲ့ေလာက္ေတာင္ ၾကာတာလား!" အမ်ိဳးသမီးအစီအစဥ္မႉးက အံ့ဩသြားမွန္းသိသာတယ္ "အဲ့ေတာ့ ေျပာရမယ္ဆိုရင္ အခုခ်ိန္မွာ သူက ရွင္ရဲ႕ ေကာင္မေလးျဖစ္ေနၿပီေပါ့?"

ေလာ့ယြီခ်န္ ေခါင္းယမ္းလိုက္တယ္ "ၾကည့္ရတာ ကြၽန္ေတာ္... စြန႔္ပစ္ခံလိုက္ရၿပီထင္တယ္"

"ရွင္က စြန႔္ ပစ္ ခံ ရ တယ္?" အမ်ိဳးသမီးအစီအစဥ္မႉးက ခ်က္ခ်င္းဆိုသလို သတိအေနအထားျဖစ္သြားတယ္ "ကြၽန္မ မယုံဘူး! ဘယ္လိုလူမ်ိဳးက ရွင့္လို ခန႔္ညားတဲ့ေယာက်ာ္းကို စြန႔္ပစ္ႏိုင္ရတာလဲ?!"

ပရိတ္သတ္ေတြအားလုံး ရယ္ေမာကုန္ၾကေပမယ့္ ေလာ့ယြီခ်န္ကေတာ့ အဲ့တာကို တအားရယ္စရာေကာင္းတယ္လို႔ ျမင္ပုံမရဘူး။

"သူက ခပ္ေခ်ာေခ်ာအမ်ိဳးသမီးတစ္ေယာက္လား? သူက တအားကိုလွတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္မွာေပါ့ေနာ္?" အမ်ိဳးသမီးအစီအစဥ္မႉးက ႀကိဳးစားပမ္းစားနဲ႔ ဆက္ေမးေတာ့တယ္။

ေလာ့ယြီခ်န္က ထူးဆန္တဲ့ရယ္သံတစ္ခ်က္ျပဳလာတယ္။ ဒီရယ္သံထဲမွာ သူ ထုတ္ေျပာလို႔မရႏိုင္တဲ့ ေထ့ေငါ့မႈတို႔အျပည့္ပါေနတယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။

အဲ့တာက 'ခပ္ေခ်ာေခ်ာ အမ်ိဳးသမီး'တစ္ေယာက္မွ မဟုတ္တာ _ ဒီစကားႏွစ္ခြန္းလုံးက မွန္မေနဘူး။

"သူက သိပ္ကိုေကာင္းတဲ့လူတစ္ေယာက္ပါ၊ အစတည္းက ကြၽန္ေတာ္နဲ႔ ရွိေနရတာ သူ႔အတြက္ ႏွေျမာစရာေကာင္းတယ္"

ေလာ့ယြီခ်န္က ေခါင္းကိုအနည္းငယ္ငုံ႔လိုက္တာေၾကာင့္ သူ႔ရဲ႕သုန္မႈန္ေနတဲ့အမူအယာက အမ်ိဳးသမီးအစီအစဥ္မႉးကို သနားသြားေစတယ္။ "အဲ့ေတာ့ ရွင္အခု ဘာလိုလုပ္မလဲ? ရွင္လည္း လမ္းခြဲလိုက္ၿပီဆိုေတာ့ ဘာလို႔ ကြၽန္မကို မစဥ္းစားေပးရတာလဲ?"

"ခင္ဗ်ား လက္ထပ္ေတာ့မွာ မဟုတ္ဘူးလား?" ေနာက္ထပ္ဧည့္သည္တစ္ေယာက္က ရယ္ေမာၿပီး သူ႔(အမ်ိဳးသမီးအစီအစဥ္မႉး)ကို ေနာက္ေျပာင္လိုက္တယ္။

ျပန္ေျဖဖို႔ ေလာ့ယြီခ်န္ရဲ႕အခ်ိန္ေရာက္လာတဲ့အခါ ကင္မရာက သဘာဝက်စြာ သူ႔မ်က္ႏွာကို အနီးကပ္စြဲၿပီး ႐ိုက္ကူးလာတယ္။ သူက ကင္မရာကိုၾကည့္ၿပီး လူတိုင္း ေမွ်ာ္လင့္ထားသလို အၿပဳံးေသးေသးေလး ဒါမွမဟုတ္ ေကြ႕ဝိုက္ၿပီး ေျပာလိုက္တာမ်ိဳး တစ္ခုမွမလုပ္ခဲ့ဘူး။

"ကြၽန္ေတာ္ သူ႔ကို ေစာင့္မွာပါ"

႐ုံတစ္႐ုံလုံး ေအာ္သံေတြထြက္လာေပမယ့္ ေလာ့ယြီခ်န္ကေတာ့ မလႈပ္မယွက္ရွိေနတုန္းပဲ။ သူ႔ရဲ႕မီးေတာင္ေက်ာက္လို မ်က္ဝန္းတစ္စုံက မွန္ဘီလူးေတြကို ေက်ာ္လြန္ကာ တစ္ေယာက္ေသာသူကို ၾကည့္ေနသလိုမ်ိဳး ကင္မရာကိုသာ စူးစိုက္ၾကည့္ေနတယ္။

"ငါ မင္းကို ေစာင့္ေနမယ္၊ ငါ အၿမဲတမ္း ေစာင့္ေနမွာမို႔ အခ်ိန္မေ႐ြး အိမ္ျပန္လာလို႔ရတယ္"

သူက အေတာ္ေလး စိတ္ပိုင္းျဖတ္ထားတာျဖစ္ၿပီး ကြၽန္ေတာ္သာ ဒီပ႐ိုဂရမ္ကို ၾကည့္ေနၿပီး ဒီအခိုက္အတန႔္ကို ျမင္သြားခဲ့ရင္ ေသခ်ာေပါက္ ျဖားေယာင္ခံလိုက္ရမွာပဲျဖစ္တယ္။

ေသခ်ာေပါက္ သူ႔အနားကို ခ်က္ခ်င္း ျပန္သြားမိလိမ့္မယ္။

အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္ တကယ္စိတ္လႈပ္ရွားသြားခဲ့တယ္။ အစကတည္းက ကြၽန္ေတာ့္မွာ အားေကာင္းတဲ့ ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိတာေၾကာင့္ ေျပာရမယ္ဆိုရင္ သူ႔ဆီက ေသးႏုတ္ၿပီးတစ္ပိုင္းတစ္စသာရွိတဲ့ ေမွ်ာ္လင့္ခ်က္ကေတာင္မွ ကြၽန္ေတာ့္ရဲ႕အေၾကာင္းျပခ်က္ေတြကို လက္ေလ်ာ့သြားေစႏိုင္တယ္။

ကြၽန္ေတာ့္ရဲ႕ကင္ဆာကုထုံးကို လိမ္လိမ္မာမာနဲ႔သာ လက္ခဲ့ေပးခဲ့ရင္ သူ႔ဆီျပန္သြားႏိုင္မယ့္ အခြင့္အေရးရေလာက္လား?

ကြၽန္ေတာ့္အတြက္ သူ႔ရဲ႕အလိုလိုက္မႈနဲ႔ ႏူးညံ့မႈကို ခံစားဖို႔ အခြင့္အေရးရေလာက္လား?

အဲ့လိုသာဆို ဘယ္ေလာက္ေတာင္ ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းလိုက္မလဲ။

ဒါေပမယ့္ ဘာလို႔ဒီအခ်ိန္မွ... ကြၽန္ေတာ့္လိုလူကလည္း ေမွ်ာ္လင့္ခဲ့တဲ့ ေပ်ာ္႐ႊင္မႈမ်ိဳးကို ရႏိုင္တယ္ဆိုၿပီး ေျပာဖို႔ကို ဘာေၾကာင့္ ကြၽန္ေတာ္ေသတဲ့အခ်ိန္ထိ ေစာင့္ေနခဲ့တာလဲ။

ေပ်ာ္႐ႊင္မႈက ကြၽန္ေတာ့္ရဲ႕ေရွ႕ေမွာက္ေရာက္ေနေပမယ့္ ကြၽန္ေတာ္ကေတာ့ အနည္းငယ္ေတာင္ ထိေတြ႕လို႔မရေတာ့ဘူး။

****

Bၿမိဳ႕ေတာ္မွာ ေလာ့ယြီခ်န္ရဲ႕ေဖ်ာ္ေျဖပြဲက မႀကဳံစဖူးေအာင္ျမင္မႈမ်ိဳး ေနာက္တစ္ႀကိမ္ထပ္ရသြားျပန္တယ္။

စင္ေပၚမွာ သူ႔ရဲ႕အေရာင္အဝါက အလြန္တရာ မ်က္စိက်ိန္းေလာက္ၿပီး သူ႔ရဲ႕လႊမ္းမိုးႏိုင္စြမ္းကလည္း မယွဥ္သာဘူး။

ကြၽန္ေတာ္ စင္ေအာက္ကိုၾကည့္လိုက္ေတာ့ သူ႔အတြက္နဲ႔ လူေပါင္းမ်ားစြာ ႐ူးသြပ္ေနၾကတာကို ျမင္လိုက္ရတယ္။ သူသာ လိုခ်င္တယ္ဆိုရင္ ႀကီးျမတ္တဲ့အရာေတြအမ်ားႀကီး ပိုင္ဆိုင္ႏိုင္တယ္။

အဲ့တာဆို သူ႔မ်က္လုံးေတြထဲမွာ ပုန္းခိုေနဆဲ ဒီလိုနက္ရႈိင္းတဲ့ဝမ္းနည္းမႈနဲ႔ အထီးက်န္မႈေတြက ဘာလဲ?

အဖြင့္မွာ သူ႔ဖာသာ သီခ်င္းသစ္တစ္ပုဒ္ ထည့္ခဲ့တယ္။ သီခ်င္းနာမည္က 'Like Love But Not'။

တစ္ခါမွမၾကားခဲ့ဖူးတဲ့ တစ္ကိုယ္ေတာ္သီခ်င္းက အဖြင့္အေတာအတြင္းမွာ တကယ္ႀကီးထြက္ေပၚလာခဲ့တယ္။ ပရိတ္သတ္ေတြအတြက္ကေတာ့ ေစာဒကတက္စရာမရွိေလာက္ေအာင္ အံ့ဩေက်နပ္စရာေကာင္းတဲ့ surprise တစ္ခုပဲျဖစ္တယ္။

ၾကည့္ရတာ ဒါကလည္း ကြၽန္ေတာ့္အတြက္ ေရးထားပုံေပၚၿပီး ကံမေကာင္းခ်င္ေတာ့ ကြၽန္ေတာ္ သေဘာမေပါက္ႏိုင္ေသးခင္မွာ သီခ်င္းက တစ္ဝက္ေက်ာ္ေလာက္ရွိေနၿပီျဖစ္ကာ ဘာစာသားမွလည္း မမွတ္မိဘူး။ ဘာေၾကာင့္ဆို စင္ေအာက္က စိတ္လႈပ္ရွားစြာ ေအာ္ဟစ္သံေတြေၾကာင့္ စတိတ္စင္ဆိုတာက အသံေတြကို ျပတ္ျပတ္သားသားမၾကားႏိုင္တဲ့ အဆိုး႐ြားဆုံးေနရာတစ္ခု ျဖစ္ေနတယ္။

သီခ်င္းက 'Like Love But Not'ဆိုတာ ေသခ်ာေပမယ့္ သီခ်င္းတစ္ပုဒ္လုံး အခ်စ္အေၾကာင္းနဲ႔သာ ျပည့္ေနၿပီး 'Not'ဆိုတဲ့အပိုင္းနဲ႔ သက္ဆိုင္တာေလး တစ္ခြန္းေလာက္ေတာင္ ကြၽန္ေတာ္ မၾကားရဘူး။

ေလာ့ယြီခ်န္ဆိုတာ အၿမဲတမ္း ဒီလိုမ်ိဳးေရွ႕ေနာက္စကားမညီ၊ ထုံေပၿပီး ေၾကာင္သူေတာ္ျဖစ္တယ္။

စာသားေတြက သိပ္ကို ႐ိုးရွင္းလွတယ္။ လူႏွစ္ေယာက္ၾကားက တစ္ေန႔တာကို ခပ္႐ိုး႐ိုးေလး ေဖာ္ျပထားတာျဖစ္တယ္။ စစခ်င္း မနက္ပိုင္းမွာ ေကာ္ဖီခြက္ထဲ ႏြားႏို႔ထည့္ေပးတာကစလို႔ ညအခ်ိန္ သူအိပ္ေနတုန္း ကြၽန္ေတာ္သူ႔ကို ခပ္ဖြဖြေလးနမ္းတဲ့အခ်ိန္ထိ ေရးဖြဲ႕ထားတယ္။

အဲ့ေတာ့ကာ သူက အားလုံးကို သတိထားမိခဲ့တာေပါ့။

တီးလုံးသံက ျမဴးႂကြေပမယ့္ သီခ်င္းသံထြက္ေပၚလာခ်ိန္မွာ အလြန္တရာပူေဆြးဝမ္းနည္းစရာေကာင္းလွတယ္။ ေလာ့ယြီခ်န္ရဲ႕သီခ်င္းကို နားေထာင္ရင္းနဲ႔ ေရွ႕တန္းက အမ်ိဳးသမီးငယ္ေလးေတြရဲ႕ မ်က္လုံးေတြထဲမွာ မ်က္ရည္ေတြ အိုင္လာတာကို ကြၽန္ေတာ္ ျမင္ခဲ့ရတယ္။

သူ႔ရဲ႕လႈပ္ရွားမႈတိုင္းက မေရမတြက္ႏိုင္တဲ့လူေတြရဲ႕ ႏွလုံးသားေတြထဲ သိမ္းဆည္းခံလိုက္ရတယ္။ ဒါေပမယ့္ သူကေတာ့ သူ႔ကို လူေတြဘယ္ေလာက္မ်ားမ်ား သေဘာက်ေနပါေစ၊ သူ႔ကို ဘယ္ေလာက္မ်ားမ်ား ခ်စ္ခင္ေနၾကပါေစ သူကေတာ့ လုံးဝဂ႐ုမစိုက္ခဲ့ဘူး။

ေလာ့ယြီခ်န္ဆိုတဲ့ တည္ရွိမႈက လူေတြရဲ႕ႏွလုံးသားေတြထဲမွာ ဘယ္ေလာက္ထူးျခားတယ္၊ ဘယ္ေလာက္ ေအးစက္တယ္၊ ဘယ္ေလာက္ ရက္စက္တယ္၊ ဘယ္လိုေတာင္ အသည္းခြဲပစ္ႏိုင္တယ္ဆိုၿပီး သိထားၾကတယ္။

ဒီလိုလူမ်ိဳးကို ကြၽန္ေတာ့္အပိုင္အျဖစ္ တစ္ခ်ိန္က ယူခဲ့ဖူးတယ္။

သူ႔ကို ကြၽန္ေတာ္ ဘယ္လိုလုပ္ၿပီး သြားခြင့္ေပးလိုက္ႏိုင္ရတာလဲ?

အတိတ္က ကြၽန္ေတာ္က ဘယ္ေလာက္ေတာင္မွ အလြန္တရာတုံးအႏိုင္ရတာလဲ။

****

ထိုေန႔ညမွာ ေလာ့ယြီခ်န္ရဲ႕ homepage က ေပါက္ကြဲထြက္ေတာ့တယ္။ လူတိုင္းက ထိုသီခ်င္းအသစ္အေၾကာင္း အားတက္သေရာ အငမ္းမရေဆြးေႏြးတာေတြ၊ ေလာ့ယြီခ်န္ရဲ႕ခန႔္ညားၿပီး ယုံၾကည္ခ်က္အျပည့္ရွိတဲ့ အေရာင္အဝါအေၾကာင္း အခ်င္းခ်င္း အငမ္းမရ ေျပာဆိုေနတာေတြ၊ သီခ်င္းေနာက္ကြယ္က ဇာတ္ေၾကာင္းကို သူတို႔ခ်င္း ခန႔္မွန္းၾကည့္ဖို႔ ႀကိဳးစားေနတာေတြသာျဖစ္တယ္။

ေလာ့ယြီခ်န္က သဘာဝက်စြာ mouseကို ႏွိပ္ၿပီး မွတ္ခ်က္တစ္ခုခ်င္းစီကို ေစ့ေစ့စပ္စပ္လိုက္ၾကည့္ေနတယ္။

သူ ကြၽန္ေတာ့္ကို ရွာၾကည့္ဖို႔ ႀကိဳးစားေနတာလို႔ ကြၽန္ေတာ္ ထင္လိုက္တယ္။

ကြၽန္ေတာ္က သူ႔ရဲ႕blogကို သြားေလ့ရွိၿပီး ထို 'ယြီခ်ီ'နဲ႔ 'ဟြားခ်ီ'ပရိတ္သတ္ေတြနဲ႔ အၿငိဳးတႀကီး ရန္ျဖစ္ေလ့ရွိတယ္ဆိုတာ သူသိထားတယ္။

'ယြီခ်ီ'ဆိုတာ ေလာ့ယြီခ်န္ရဲ႕ပရိတ္သတ္ေတြျဖစ္ၿပီး 'ဟြားခ်ီ'ဆိုတာကေတာ့ ရွမင္ရႈရဲ႕ ပရိတ္သတ္ေတြျဖစ္တယ္။ တကယ္ေတာ့ သူတို႔ႏွစ္ေယာက္မွာ ဒီလိုရင္းႏွီးတဲ့ဆက္ဆံေရးတစ္ခုရွိတာေၾကာင့္ ဒီႏွစ္ခုၾကားမွာ ကြဲျပားျခားနားခ်က္ မ်ားမ်ားစားစားမရွိဘူး။ မ်ားေသာအားျဖင့္ ေလာ့ယြီခ်န္ကို သေဘာက်တဲ့သူေတြက ရွမင္ရႈကိုလည္း သေဘာက်ၾကၿပီး ရွမင္ရႈကို သေဘာက်တဲ့သူေတြကလည္း ေလာ့ယြီခ်န္ကို သေဘာက်ၾကတယ္။

ပရိတ္သတ္ေတြမွာ လုပ္ေဆာင္ႏိုင္စြမ္း ေတာ္ေတာ္မ်ားမ်ားရွိတယ္ : ဒါေတြအားလုံး ဂႏၲဝင္စာေပကေန ဆင္းသက္လာတယ္။ ေလာ့ယြီခ်န္က 'ကမာၻေျမေပၚဆင္းသက္လာတဲ့ငန္း၊ လႈိင္းလုံးေတြေအာက္ နစ္ျမဳပ္သြားတဲ့ ငါး' ျဖစ္ၿပီး ရွမင္ရႈကေတာ့ 'လေရာင္ေပ်ာက္ဆုံးသြားျခင္းမရွိဘဲ ေႏြပန္းေလးေတြလို လွပတဲ့ဘဝေလး' ဆီကေနျဖစ္တယ္။ သူတို႔ေတြက တကယ့္ကို ဘယ္အရာမဆို အတူလုပ္ေဆာင္ႏိုင္တယ္။ [ T/N : ရွင္းျပထားေပမယ့္ ရွင္းျပထားတာကို နားမလည္ျဖစ္ေနတဲ့အတြက္ ဘာသာမျပန္ေပးႏိုင္တဲ့ ဒီအစ္မႀကီးကို ခြင့္လႊတ္ေတာ္မူပါ ]

အရင္တုန္းကဆို သူ႔ရဲ႕blogေပၚမွာ ကြၽန္ေတာ္က 'ငါးကိုျပဳတ္ၿပီး ပန္းေတြကို ေျခမြမယ္'ဆိုတဲ့ IDကိုသုံးၿပီး ႏိုင္လိုမင္းထက္ျပဳကာ ဖ်က္လိုဖ်က္ဆီးနဲ႔ ယြီနဲ႔ဟြားေတြ သေဘာထားကြဲလြဲ အျငင္းအခုံေတြျဖစ္ေအာင္လုပ္ခဲ့တယ္။

အထူးသျဖင့္ ျပဳျပင္ထားတဲ့ ၾကည္ႏူးဖြယ္ဓာတ္ပုံေတြကို ျမင္တဲ့အခ်ိန္မွာဆို ေသခ်ာေပါက္ ရန္ပြဲတစ္ခု အသည္းအသန္ဖန္တီးမွာပဲျဖစ္တယ္။

အဲ့တာေတြအားလုံးက ကြၽန္ေတာ့္ရဲ႕ မနာလိုဝန္တိုတတ္တဲ့ႏွလုံးသားေၾကာင့္သာ ျဖစ္တယ္။

ေနာက္ၿပီး အခုခ်ိန္မွာ ကြၽန္ေတာ္လည္း မရွိေတာ့တာေၾကာင့္ ကြၽန္ေတာ္နဲ႔ မၾကာခဏရန္ျဖစ္ေလ့ရွိတဲ့ မိန္းမငယ္ေလးတခ်ိဳ႕က ကြၽန္ေတာ့္ကို လြမ္းေနပုံရၿပီး ေမးျမန္းထားတဲ့ မွတ္ခ်က္တခ်ိဳ႕ေတာင္ ရွိေနေသးတယ္ "ဘာလို႔ အဲ့ေဖာက္လြဲေဖာက္ျပန္ဝါဒီသမား ျပဳတ္ေျခအစ္ကိုႀကီးက ခုတေလာ တအားၿငိမ္ေနရတာလဲ?"

ေလာ့ယြီခ်န္က မွတ္ခ်က္ေတြကို ၾကည့္လို႔ၿပီးသြားၿပီး ကြၽန္ေတာ့္IDကို မေတြ႕တဲ့အခါ အေတာ္ေလး စိတ္ပ်က္သြားပုံေပၚတယ္။

ထို႔ေနာက္ အခ်ိန္အၾကာႀကီး ေငးငိုင္ေနရာကေန ကပ္ရပ္ရွိေနတဲ့ အေၾကာင္းအရာသစ္တစ္ခုကို အမွတ္တမဲ့ ႏွိပ္လိုက္တယ္။

ေခါင္းစဥ္က အေတာ္ေလးထင္ရွားေနၿပီး ေတာက္ပတဲ့အနီေရာင္နဲ႔အတူ သက္တန႔္ေရာင္စကားလုံးေတြျဖစ္ကာ အေၾကာင္းအရာကေတာ့ _ "ခ်န္ခ်န႔္ရဲ႕ လက္ဝါးကပ္တိုင္နားကပ္ေလးကို ငါ ဘယ္ေလာက္ေတာင္ လြမ္းေနရသလဲ" ျဖစ္တယ္။

ထိုအေၾကာင္းအရာထဲမွာ လူေတြအမ်ားႀကီး စာတင္လာၾကၿပီး အမ်ားစုက သေဘာတူေနၾကတယ္။

ေလာ့ယြီခ်န္က ထိုအေၾကာင္းအရာကို အခ်ိန္အၾကာႀကီးစိုက္ၾကည့္ေနၿပီး ေမာ္နီတာရဲ႕အလင္းေရာင္ေၾကာင့္ သူ႔မ်က္ႏွာက ျဖဴေရာ္ေနပုံေပၚကာ နက္နက္နဲနဲေတြးေနသလိုမ်ိဳး သူ႔မ်က္လုံးေတြက အျပာေရာင္ေဖ်ာ့ေဖ်ာ့ေလးတစ္ခ်က္ လင္းလက္သြားတယ္။

****

ေနာက္တစ္ေန႔ ေလာ့ယြီခ်န္အလုပ္ဆင္းတဲ့အခါ သူက အိမ္ကိုတန္းမျပန္သြားဘဲ ထိုအစား Sၿမိဳ႕ေတာ္ရဲ႕ ၿမိဳ႕လယ္ေခါင္ကို ေမာင္းသြားတယ္။

ေတာက္ပတဲ့အလင္းေရာင္နဲ႔ ေက်ာက္မ်က္လို ညခင္းလမ္းေပၚမွာ သူက Lu de Viciရဲ႕ ေက်ာက္မ်က္ရတနာဆိုင္ထဲ ဝင္သြားေတာ့တယ္။

နားဆြဲေတြထားတဲ့တစ္ဝိုက္မွာ သူ အခ်ိန္အၾကာႀကီး ရွာေဖြေနခဲ့တယ္။

အေရာင္းအကူဝန္ထမ္းေလးေတြအားလုံးက ငယ္႐ြယ္တဲ့အမ်ိဳးသမီးေလးေတြျဖစ္ၿပီး သူ႔ရဲ႕ဒီလိုထင္းေနတဲ့ ခန႔္ညားမႈေၾကာင့္ သူတို႔ေတြ သူ႔ကို သတိမထားမိဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ ေဘးနားကေန နီရဲတဲ့မ်က္ႏွာေတြနဲ႔ သူတို႔ခ်င္း အေတာ္ၾကာေအာင္ တြတ္ထိုးေနခဲ့ၾကတယ္။

ေနာက္ဆုံးမွာေတာ့ ပိုၿပီးသတၱိရွိတဲ့တစ္ေယာက္က အနားေလွ်ာက္လာတယ္ "တစ္စိတ္ေလာက္ပါရွင့္၊ ရွင္က Mr.ေလာ့ယြီခ်န္ မ်ားလား? ဘယ္လို နားဆြဲပုံစံမ်ိဳးကို ၾကည့္ခ်င္ပါသလဲ? ရွင္ကိုယ္တိုင္ဝတ္ဖို႔လား ဒါမွမဟုတ္ သူငယ္ခ်င္းအတြက္ လက္ေဆာင္ေပးခ်င္တာလား?"

ဒါကိုျမင္တဲ့အခါ တျခားသူေတြကလည္း သူ႔နားတစ္ဝိုက္ကို သုတ္တီးသုတ္ျပာ ေရာက္လာၾကၿပီး ဘာတစ္ခြန္းမွေတာ့ မေျပာရဲဘဲ ေငးစိုက္ၿပီးေတာ့သာ ၾကည့္ေနၾကတယ္။

ဒီအမ်ိဳးသမီးငယ္ေလးေတြ တကယ့္ကို အျမတ္ရသြားတာပဲ။ 'သူစိမ္းေတြကို စကားမေျပာဘူး'ဆိုတဲ့ မူဝါဒကိုက်င့္သုံးကာ အဆုံးစြန္ထိ ေအးစက္ေနတတ္ၿပီး အၿပဳံးအ႐ႊင္မရွိတဲ့ ေလာ့ယြီခ်န္က တကယ္ႀကီး ႏူးညံ့တဲ့အၿပဳံးေလးတစ္ခု ထုတ္ျပလာတယ္။

႐ုတ္တရက္ စိတ္က အေတာ္ေဝးေဝးကို ေရာက္သြားသလိုမ်ိဳး အမူအယာျဖစ္သြားၿပီးမွ သတိျပန္ကပ္လာတဲ့ပုံမ်ိဳးနဲ႔ သူ႔ကိုယ္သူ ေျပာေနသလိုမ်ိဳး ေျပာလာတယ္ "ကြၽန္ေတာ္ မၾကာခဏဝတ္ေလ့ရွိတဲ့ နားဆြဲက လုဆီကပါ"

"ကြၽန္မ သိတယ္၊ ကြၽန္မ သိတယ္" အမ်ိဳးသမီးငယ္ေလးေတြထဲက တစ္ေယာက္က အေလာတႀကီးေျပာလာတယ္ "ကြၽန္မ အဲ့တာကို မဂၢဇင္းေတြထဲမွာ ေတြ႕ဖူးတယ္ ၿပီးေတာ့ အရင္က အဲ့အေၾကာင္းကို ကြၽန္မတို႔ရဲ႕စီနီယာေတြဆီ ေမးခဲ့ဖူးတယ္၊ အဲ့တာက ေသခ်ာေပါက္ ဆရာလု ဒီဇိုင္းဆြဲခဲ့တာပဲ"

"အဲ့တာက သိပ္ကိုအေရးပါတဲ့လူတစ္ေယာက္ဆီက လက္ေဆာင္အျဖစ္ရခဲ့တာပါ" ေလာ့ယြီခ်န္က အေတာ္ေလး ကိုး႐ိုးကားယားႏိုင္စြာ ၿပဳံးလိုက္တယ္ "ကြၽန္ေတာ္ အမႈမဲ့အမွတ္မဲ့ ေပ်ာက္သြားလို႔၊ ၿပီးေတာ့ အဲ့လူကို ေျပာရမွာလည္း ေၾကာက္လို႔ တူတာေလးတစ္ခုမ်ား ရွိႏိုင္မလားဆိုၿပီး ဒီကို တိတ္တိတ္ကေလးလာၾကည့္တာပါ၊ ကြၽန္ေတာ္ အဲ့တာဝတ္ထားတာကို TVကေန သူ ျမင္ႏိုင္ဖို႔လိုတယ္..."

"အာ! ရွင္ရဲ႕ ေကာင္မေလးလား?" အမ်ိဳးသမီးေလးေတြက စိတ္လႈပ္ရွားတာေရာ အားက်တာေရာေပါင္းၿပီး စီခနဲေအာ္လာေတာ့တယ္။

"ကြၽန္ေတာ့္အတြက္ သိပ္ကို အေရးပါတဲ့လူပါ"

"ဒါေပမယ့္... ကြၽန္မတို႔က အဲ့တာကို ဆိုင္ေတြမွာ ခ်မေရာင္းဘူးရွင့္" အမ်ိဳးသမီးငယ္ေလးေတြထဲကတစ္ေယာက္က ခဏေလာက္ေတြးလိုက္ၿပီး "အဲ့တာကို လု အထူးတလည္ ဒီဇိုင္းဆြဲခဲ့တာမို႔ ကြၽန္မ အရင္ကေမးဖူးတယ္၊ အဲ့တာက ကမာၻေပၚမွာ တစ္ခုတည္းရွိတဲ့အရာတဲ့"

ေလာ့ယြီခ်န္အမူအယာက ေတာ္ေတာ္ေလးစိတ္ပ်က္သြားတဲ့ပုံ ေျပာင္းသြားၿပီး လူတိုင္းကလည္း သူ႔ကို စာနာသနားစြာ ၾကည့္လာၾကတယ္။

"တကယ္ေတာ့ ရွင္ လုဆီကိုသြားၿပီးေတာ့ ေနာက္တစ္ခုလုပ္ေပးဖို႔ ေတာင္းဆိုၾကည့္လို႔ရတယ္ေလ၊ ကြၽန္မ ၾကားမိတာေတာ့ ရွင္တို႔အခ်င္းခ်င္း သိၾကတယ္ဆို?"

"ေက်းဇူးတင္ပါတယ္၊ မလိုေတာ့ပါဘူး" ေလာ့ယြီခ်န္က အားတင္းကာ တစ္ခ်က္ၿပဳံးလိုက္တယ္ "အဲ့အစား ကြၽန္ေတာ့္ဖာသာပဲ ႀကိဳးစားရွာၾကည့္လိုက္ပါမယ္"

ထို႔ေနာက္ သူလည္း ေခါင္းငိုက္စိုက္ခ်ကာ ထြက္လာေတာ့တယ္။

ညေနခင္းအေစာပိုင္းမွာတည္းက လမ္းမီးေတြက ထိန္လင္းေနၿပီး ညအခ်ိန္ရဲ႕ ပ်ားပန္းခတ္လႈပ္ရွားမႈေတြနဲ႔ လွပၿပီးဆူညံေနတဲ့အသံေတြက ခုမွ အစပ်ိဳးလာတယ္။ အခု ကြၽန္ေတာ္ ေလာ့ယြီခ်န္ကို ၾကည့္လိုက္တဲ့အခါ သူက တကယ့္ကို ခံစားခ်က္မဲ့ေနပုံေပၚတယ္လို႔သာ ေတြးမိတယ္။

ေရခဲတမွ် ေအးစက္ေနတဲ့ ထိုေရကန္အနက္ထဲ နစ္ျမဳပ္သြားတဲ့ ထိုနားဆြဲလိုပဲ။

ေပ်ာက္ဆုံးၿပီးသားျဖစ္တဲ့အရာကို ေနာက္ထပ္ ျပန္ရွာလို႔မရႏိုင္ေတာ့ဘူး။

အတုက အစစ္နဲ႔ ဘယ္ေလာက္ပဲ တစ္ေထရာတည္းတူေနပါေစ အရင္တစ္ခုလို ဘယ္ေတာ့မွ တူညီႏိုင္မွာမဟုတ္ဘူး။

ကြၽန္ေတာ္တို႔ၾကားမွာ ႀကိဳတင္ဆုံးျဖတ္ထားတဲ့ရလဒ္ရွိၿပီး ျပန္ေျပာင္းလို႔ရမွာ မဟုတ္သလို ကြၽန္ေတာ္ကလည္း အဲ့တာကို လက္ခံထားၿပီးသားျဖစ္တယ္။

သူ ကားစက္ႏႈိးလိုက္ေပမယ့္ သူ ဦးတည္ေနတဲ့လမ္းေၾကာင္းက အိမ္ကိုမဟုတ္ဘဲ ကုမၸဏီဘက္ကို ျဖစ္ေနတယ္။

ဒီေလာက္ေနာက္က်ေနမွ ဘာလို႔ ကုမၸဏီကို သြားေနတာလဲ?

ညတာပိတ္ကားရဲ႕ေအာက္မွာ ကြၽန္ေတာ္ ေလာ့ယြီခ်န္ရဲ႕မ်က္ႏွာကို ၾကည့္လိုက္တယ္။ သူ႔အမူအယာက တည္ၿငိမ္ေနၿပီး ယုတၱိမဆန္စြာ ေအးစက္ေနေပမယ့္ မုန္တိုင္းမလာခင္ တည္ၿငိမ္ေနသလိုအေငြ႕အသက္လည္း ျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ့္ကို ေျပာမျပတတ္ေအာင္ စိုးရိမ္ေစတယ္။

မဟုတ္မွ သူ လုပ္ခ်င္ေနတာ... လုပ္ခ်င္ေနတာက...

မဟုတ္ဘူး မျဖစ္ႏိုင္တာ။

ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ သူက ကြၽန္ေတာ္ ထင္ထားတာေတြထက္ ေက်ာ္လြန္တဲ့ ကိစၥေတြကို လုပ္ခဲ့တယ္ဆိုေပမယ့္ ဒီအေနအထားေလာက္ထိေတာ့ မ႐ူးသြပ္သင့္ဘူးေလ။



_____




{Unicode}

[ အကျဉ်းချုပ် : ဇာတ်ရှိန်တက်ခင် နိဒါန်းပျိုးခြင်း ]

•ရှောင်ဟန်း•

ဒီအတောအတွင်း လော့ယွီချန်ရဲ့အလုပ်က အထူးတလည် များပြားလွန်းနေတယ်။

ဖက်ရှင်ရှိုးပွဲတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ ဂီတဖျော်ဖြေပွဲတွေ။ အဲ့တာတွေကြောင့် သူ့မှာ ကောင်းကောင်းတောင် မစားနိုင်ဘဲ မြင်သာလောက်တဲ့အထိ ပိုပြီးပိန်ပါးလာတယ်။

ပရိုဂရမ်တစ်ခုမှာ အစကတော့ သူက နောက်ခံဇာတ်ကောင်တစ်ကောင်နေရာမှာသာ ရှိနေမယ်လို့ ပြောခဲ့ပေမယ့် အစီအစဉ်မှူးက သူ့ကို ဘယ်လိုလုပ်ပြီး ဒီလောက်အလွယ်တကူလွှတ်ပေးနိုင်မှာလဲ?

သူက အခွင့်အရေးကို ရအောင်ယူပြီး 'အောက်မေ့ဖွယ် အမှတ်တရများ'ဆီက အချစ်ဦးအကြောင်းကို မရပ်တန်း မေးတော့တယ်။

ထိုအချိန်တုန်းက ရေဒီယိုဌာနဆီက အမှုမဲ့အမှတ်မဲ့စကားလုံးတွေက နားထောင်နေသူတွေအားလုံးကို ကြိမ်ဖန်များစွာ ကြောင်အသွားစေခဲ့တယ်။

လူအတော်များများက သူ့ကိုချစ်ကြတာကြောင့် ဒါနဲ့ပက်သက်လို့ လက်မလျော့ပေးနိုင်ကြတဲ့သူတွေ အများကြီးရှိတယ်။ ဘယ်လိုအမျိုးသမီးကများ အေးစက်ပြီးဟိတ်ဟန်ကြီးတဲ့ လော့ယွီချန်ကို နွေးထွေးတဲ့လေပြေလေးလို နွေဦးနေရောင်ခြည်လေးလို ပြောင်းလဲသွားစေတာလဲဆိုတာ သူတို့အားလုံး ခန့်မှန်းကြည့်ဖို့ ကြိုးစားနေကြတယ်။

"ရှင်တို့နှစ်ယောက် အချင်းချင်းသိတာ ဘယ်လောက်ကြာပြီလဲ?" အမျိုးသမီးအစီအစဉ်မှူးရဲ့မျက်လုံးတွေက ဝင်းလက်နေပြီး အလင်းရောင်ခြည်တန်းတွေ ထွက်ပေါ်နေတယ်။

ဒီလိုနာမည်ကျော်ကြီးတွေက သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ထုတ်ဖော်ပြောကြားလေ့မရှိတာကြောင့် အများဆုံးရှိလှ သူက လော့ယွီချန်ကို နည်းနည်းလောက် စနောက်ဖို့ ရှာဖွေလိုက်ရုံသာဖြစ်တယ်။ သူတို့ထုတ်ပြောသမျှတွေက များသောအားဖြင့် သူတို့ရဲ့ကုမ္ပဏီတွေက စီစဉ်ပေးထားတဲ့ ကြေငြာထွင်လုံးတွေသာဖြစ်ပြီး သူတို့အကြောင်းဆိုလည်း အမှန်တရားနည်းနည်းသာပါတယ်။

"အဲ့တာက..." လော့ယွီချန် အသံတိတ် ရေတွက်လိုက်တယ် "... ဆယ့်ခြောက်နှစ်တောင် ရှိပြီ"

"အဲ့လောက်တောင် ကြာတာလား!" အမျိုးသမီးအစီအစဉ်မှူးက အံ့ဩသွားမှန်းသိသာတယ် "အဲ့တော့ ပြောရမယ်ဆိုရင် အခုချိန်မှာ သူက ရှင်ရဲ့ ကောင်မလေးဖြစ်နေပြီပေါ့?"

လော့ယွီချန် ခေါင်းယမ်းလိုက်တယ် "ကြည့်ရတာ ကျွန်တော်... စွန့်ပစ်ခံလိုက်ရပြီထင်တယ်"

"ရှင်က စွန့် ပစ် ခံ ရ တယ်?" အမျိုးသမီးအစီအစဉ်မှူးက ချက်ချင်းဆိုသလို သတိအနေအထားဖြစ်သွားတယ် "ကျွန်မ မယုံဘူး! ဘယ်လိုလူမျိုးက ရှင့်လို ခန့်ညားတဲ့ယောကျာ်းကို စွန့်ပစ်နိုင်ရတာလဲ?!"

ပရိတ်သတ်တွေအားလုံး ရယ်မောကုန်ကြပေမယ့် လော့ယွီချန်ကတော့ အဲ့တာကို တအားရယ်စရာကောင်းတယ်လို့ မြင်ပုံမရဘူး။

"သူက ခပ်ချောချောအမျိုးသမီးတစ်ယောက်လား? သူက တအားကိုလှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်မှာပေါ့နော်?" အမျိုးသမီးအစီအစဉ်မှူးက ကြိုးစားပမ်းစားနဲ့ ဆက်မေးတော့တယ်။

လော့ယွီချန်က ထူးဆန်တဲ့ရယ်သံတစ်ချက်ပြုလာတယ်။ ဒီရယ်သံထဲမှာ သူ ထုတ်ပြောလို့မရနိုင်တဲ့ ထေ့ငေါ့မှုတို့အပြည့်ပါနေတယ်ဆိုတာ ကျွန်တော် သိတယ်။

အဲ့တာက 'ခပ်ချောချော အမျိုးသမီး'တစ်ယောက်မှ မဟုတ်တာ _ ဒီစကားနှစ်ခွန်းလုံးက မှန်မနေဘူး။

"သူက သိပ်ကိုကောင်းတဲ့လူတစ်ယောက်ပါ၊ အစတည်းက ကျွန်တော်နဲ့ ရှိနေရတာ သူ့အတွက် နှမြောစရာကောင်းတယ်"

လော့ယွီချန်က ခေါင်းကိုအနည်းငယ်ငုံ့လိုက်တာကြောင့် သူ့ရဲ့သုန်မှုန်နေတဲ့အမူအယာက အမျိုးသမီးအစီအစဉ်မှူးကို သနားသွားစေတယ်။ "အဲ့တော့ ရှင်အခု ဘာလိုလုပ်မလဲ? ရှင်လည်း လမ်းခွဲလိုက်ပြီဆိုတော့ ဘာလို့ ကျွန်မကို မစဉ်းစားပေးရတာလဲ?"

"ခင်ဗျား လက်ထပ်တော့မှာ မဟုတ်ဘူးလား?" နောက်ထပ်ဧည့်သည်တစ်ယောက်က ရယ်မောပြီး သူ့(အမျိုးသမီးအစီအစဉ်မှူး)ကို နောက်ပြောင်လိုက်တယ်။

ပြန်ဖြေဖို့ လော့ယွီချန်ရဲ့အချိန်ရောက်လာတဲ့အခါ ကင်မရာက သဘာဝကျစွာ သူ့မျက်နှာကို အနီးကပ်စွဲပြီး ရိုက်ကူးလာတယ်။ သူက ကင်မရာကိုကြည့်ပြီး လူတိုင်း မျှော်လင့်ထားသလို အပြုံးသေးသေးလေး ဒါမှမဟုတ် ကွေ့ဝိုက်ပြီး ပြောလိုက်တာမျိုး တစ်ခုမှမလုပ်ခဲ့ဘူး။

"ကျွန်တော် သူ့ကို စောင့်မှာပါ"

ရုံတစ်ရုံလုံး အော်သံတွေထွက်လာပေမယ့် လော့ယွီချန်ကတော့ မလှုပ်မယှက်ရှိနေတုန်းပဲ။ သူ့ရဲ့မီးတောင်ကျောက်လို မျက်ဝန်းတစ်စုံက မှန်ဘီလူးတွေကို ကျော်လွန်ကာ တစ်ယောက်သောသူကို ကြည့်နေသလိုမျိုး ကင်မရာကိုသာ စူးစိုက်ကြည့်နေတယ်။

"ငါ မင်းကို စောင့်နေမယ်၊ ငါ အမြဲတမ်း စောင့်နေမှာမို့ အချိန်မရွေး အိမ်ပြန်လာလို့ရတယ်"

သူက အတော်လေး စိတ်ပိုင်းဖြတ်ထားတာဖြစ်ပြီး ကျွန်တော်သာ ဒီပရိုဂရမ်ကို ကြည့်နေပြီး ဒီအခိုက်အတန့်ကို မြင်သွားခဲ့ရင် သေချာပေါက် ဖြားယောင်ခံလိုက်ရမှာပဲဖြစ်တယ်။

သေချာပေါက် သူ့အနားကို ချက်ချင်း ပြန်သွားမိလိမ့်မယ်။

အမှန်တိုင်းပြောရရင် ကျွန်တော် တကယ်စိတ်လှုပ်ရှားသွားခဲ့တယ်။ အစကတည်းက ကျွန်တော့်မှာ အားကောင်းတဲ့ ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် ပြောရမယ်ဆိုရင် သူ့ဆီက သေးနုတ်ပြီးတစ်ပိုင်းတစ်စသာရှိတဲ့ မျှော်လင့်ချက်ကတောင်မှ ကျွန်တော့်ရဲ့အကြောင်းပြချက်တွေကို လက်လျော့သွားစေနိုင်တယ်။

ကျွန်တော့်ရဲ့ကင်ဆာကုထုံးကို လိမ်လိမ်မာမာနဲ့သာ လက်ခဲ့ပေးခဲ့ရင် သူ့ဆီပြန်သွားနိုင်မယ့် အခွင့်အရေးရလောက်လား?

ကျွန်တော့်အတွက် သူ့ရဲ့အလိုလိုက်မှုနဲ့ နူးညံ့မှုကို ခံစားဖို့ အခွင့်အရေးရလောက်လား?

အဲ့လိုသာဆို ဘယ်လောက်တောင် ပျော်ရွှင်ကြည်နူးစရာကောင်းလိုက်မလဲ။

ဒါပေမယ့် ဘာလို့ဒီအချိန်မှ... ကျွန်တော့်လိုလူကလည်း မျှော်လင့်ခဲ့တဲ့ ပျော်ရွှင်မှုမျိုးကို ရနိုင်တယ်ဆိုပြီး ပြောဖို့ကို ဘာကြောင့် ကျွန်တော်သေတဲ့အချိန်ထိ စောင့်နေခဲ့တာလဲ။

ပျော်ရွှင်မှုက ကျွန်တော့်ရဲ့ရှေ့မှောက်ရောက်နေပေမယ့် ကျွန်တော်ကတော့ အနည်းငယ်တောင် ထိတွေ့လို့မရတော့ဘူး။

****

Bမြို့တော်မှာ လော့ယွီချန်ရဲ့ဖျော်ဖြေပွဲက မကြုံစဖူးအောင်မြင်မှုမျိုး နောက်တစ်ကြိမ်ထပ်ရသွားပြန်တယ်။

စင်ပေါ်မှာ သူ့ရဲ့အရောင်အဝါက အလွန်တရာ မျက်စိကျိန်းလောက်ပြီး သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကလည်း မယှဉ်သာဘူး။

ကျွန်တော် စင်အောက်ကိုကြည့်လိုက်တော့ သူ့အတွက်နဲ့ လူပေါင်းများစွာ ရူးသွပ်နေကြတာကို မြင်လိုက်ရတယ်။ သူသာ လိုချင်တယ်ဆိုရင် ကြီးမြတ်တဲ့အရာတွေအများကြီး ပိုင်ဆိုင်နိုင်တယ်။

အဲ့တာဆို သူ့မျက်လုံးတွေထဲမှာ ပုန်းခိုနေဆဲ ဒီလိုနက်ရှိုင်းတဲ့ဝမ်းနည်းမှုနဲ့ အထီးကျန်မှုတွေက ဘာလဲ?

အဖွင့်မှာ သူ့ဖာသာ သီချင်းသစ်တစ်ပုဒ် ထည့်ခဲ့တယ်။ သီချင်းနာမည်က 'Like Love But Not'။

တစ်ခါမှမကြားခဲ့ဖူးတဲ့ တစ်ကိုယ်တော်သီချင်းက အဖွင့်အတောအတွင်းမှာ တကယ်ကြီးထွက်ပေါ်လာခဲ့တယ်။ ပရိတ်သတ်တွေအတွက်ကတော့ စောဒကတက်စရာမရှိလောက်အောင် အံ့ဩကျေနပ်စရာကောင်းတဲ့ surprise တစ်ခုပဲဖြစ်တယ်။

ကြည့်ရတာ ဒါကလည်း ကျွန်တော့်အတွက် ရေးထားပုံပေါ်ပြီး ကံမကောင်းချင်တော့ ကျွန်တော် သဘောမပေါက်နိုင်သေးခင်မှာ သီချင်းက တစ်ဝက်ကျော်လောက်ရှိနေပြီဖြစ်ကာ ဘာစာသားမှလည်း မမှတ်မိဘူး။ ဘာကြောင့်ဆို စင်အောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်သံတွေကြောင့် စတိတ်စင်ဆိုတာက အသံတွေကို ပြတ်ပြတ်သားသားမကြားနိုင်တဲ့ အဆိုးရွားဆုံးနေရာတစ်ခု ဖြစ်နေတယ်။

သီချင်းက 'Like Love But Not'ဆိုတာ သေချာပေမယ့် သီချင်းတစ်ပုဒ်လုံး အချစ်အကြောင်းနဲ့သာ ပြည့်နေပြီး 'Not'ဆိုတဲ့အပိုင်းနဲ့ သက်ဆိုင်တာလေး တစ်ခွန်းလောက်တောင် ကျွန်တော် မကြားရဘူး။

လော့ယွီချန်ဆိုတာ အမြဲတမ်း ဒီလိုမျိုးရှေ့နောက်စကားမညီ၊ ထုံပေပြီး ကြောင်သူတော်ဖြစ်တယ်။

စာသားတွေက သိပ်ကို ရိုးရှင်းလှတယ်။ လူနှစ်ယောက်ကြားက တစ်နေ့တာကို ခပ်ရိုးရိုးလေး ဖော်ပြထားတာဖြစ်တယ်။ စစချင်း မနက်ပိုင်းမှာ ကော်ဖီခွက်ထဲ နွားနို့ထည့်ပေးတာကစလို့ ညအချိန် သူအိပ်နေတုန်း ကျွန်တော်သူ့ကို ခပ်ဖွဖွလေးနမ်းတဲ့အချိန်ထိ ရေးဖွဲ့ထားတယ်။

အဲ့တော့ကာ သူက အားလုံးကို သတိထားမိခဲ့တာပေါ့။

တီးလုံးသံက မြူးကြွပေမယ့် သီချင်းသံထွက်ပေါ်လာချိန်မှာ အလွန်တရာပူဆွေးဝမ်းနည်းစရာကောင်းလှတယ်။ လော့ယွီချန်ရဲ့သီချင်းကို နားထောင်ရင်းနဲ့ ရှေ့တန်းက အမျိုးသမီးငယ်လေးတွေရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ အိုင်လာတာကို ကျွန်တော် မြင်ခဲ့ရတယ်။

သူ့ရဲ့လှုပ်ရှားမှုတိုင်းက မရေမတွက်နိုင်တဲ့လူတွေရဲ့ နှလုံးသားတွေထဲ သိမ်းဆည်းခံလိုက်ရတယ်။ ဒါပေမယ့် သူကတော့ သူ့ကို လူတွေဘယ်လောက်များများ သဘောကျနေပါစေ၊ သူ့ကို ဘယ်လောက်များများ ချစ်ခင်နေကြပါစေ သူကတော့ လုံးဝဂရုမစိုက်ခဲ့ဘူး။

လော့ယွီချန်ဆိုတဲ့ တည်ရှိမှုက လူတွေရဲ့နှလုံးသားတွေထဲမှာ ဘယ်လောက်ထူးခြားတယ်၊ ဘယ်လောက် အေးစက်တယ်၊ ဘယ်လောက် ရက်စက်တယ်၊ ဘယ်လိုတောင် အသည်းခွဲပစ်နိုင်တယ်ဆိုပြီး သိထားကြတယ်။

ဒီလိုလူမျိုးကို ကျွန်တော့်အပိုင်အဖြစ် တစ်ချိန်က ယူခဲ့ဖူးတယ်။

သူ့ကို ကျွန်တော် ဘယ်လိုလုပ်ပြီး သွားခွင့်ပေးလိုက်နိုင်ရတာလဲ?

အတိတ်က ကျွန်တော်က ဘယ်လောက်တောင်မှ အလွန်တရာတုံးအနိုင်ရတာလဲ။

****

ထိုနေ့ညမှာ လော့ယွီချန်ရဲ့ homepage က ပေါက်ကွဲထွက်တော့တယ်။ လူတိုင်းက ထိုသီချင်းအသစ်အကြောင်း အားတက်သရော အငမ်းမရဆွေးနွေးတာတွေ၊ လော့ယွီချန်ရဲ့ခန့်ညားပြီး ယုံကြည်ချက်အပြည့်ရှိတဲ့ အရောင်အဝါအကြောင်း အချင်းချင်း အငမ်းမရ ပြောဆိုနေတာတွေ၊ သီချင်းနောက်ကွယ်က ဇာတ်ကြောင်းကို သူတို့ချင်း ခန့်မှန်းကြည့်ဖို့ ကြိုးစားနေတာတွေသာဖြစ်တယ်။

လော့ယွီချန်က သဘာဝကျစွာ mouseကို နှိပ်ပြီး မှတ်ချက်တစ်ခုချင်းစီကို စေ့စေ့စပ်စပ်လိုက်ကြည့်နေတယ်။

သူ ကျွန်တော့်ကို ရှာကြည့်ဖို့ ကြိုးစားနေတာလို့ ကျွန်တော် ထင်လိုက်တယ်။

ကျွန်တော်က သူ့ရဲ့blogကို သွားလေ့ရှိပြီး ထို 'ယွီချီ'နဲ့ 'ဟွားချီ'ပရိတ်သတ်တွေနဲ့ အငြိုးတကြီး ရန်ဖြစ်လေ့ရှိတယ်ဆိုတာ သူသိထားတယ်။

'ယွီချီ'ဆိုတာ လော့ယွီချန်ရဲ့ပရိတ်သတ်တွေဖြစ်ပြီး 'ဟွားချီ'ဆိုတာကတော့ ရှမင်ရှုရဲ့ ပရိတ်သတ်တွေဖြစ်တယ်။ တကယ်တော့ သူတို့နှစ်ယောက်မှာ ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတာကြောင့် ဒီနှစ်ခုကြားမှာ ကွဲပြားခြားနားချက် များများစားစားမရှိဘူး။ များသောအားဖြင့် လော့ယွီချန်ကို သဘောကျတဲ့သူတွေက ရှမင်ရှုကိုလည်း သဘောကျကြပြီး ရှမင်ရှုကို သဘောကျတဲ့သူတွေကလည်း လော့ယွီချန်ကို သဘောကျကြတယ်။

ပရိတ်သတ်တွေမှာ လုပ်ဆောင်နိုင်စွမ်း တော်တော်များများရှိတယ် : ဒါတွေအားလုံး ဂန္တဝင်စာပေကနေ ဆင်းသက်လာတယ်။ လော့ယွီချန်က 'ကမ္ဘာမြေပေါ်ဆင်းသက်လာတဲ့ငန်း၊ လှိုင်းလုံးတွေအောက် နစ်မြုပ်သွားတဲ့ ငါး' ဖြစ်ပြီး ရှမင်ရှုကတော့ 'လရောင်ပျောက်ဆုံးသွားခြင်းမရှိဘဲ နွေပန်းလေးတွေလို လှပတဲ့ဘဝလေး' ဆီကနေဖြစ်တယ်။ သူတို့တွေက တကယ့်ကို ဘယ်အရာမဆို အတူလုပ်ဆောင်နိုင်တယ်။ [ T/N : ရှင်းပြထားပေမယ့် ရှင်းပြထားတာကို နားမလည်ဖြစ်နေတဲ့အတွက် ဘာသာမပြန်ပေးနိုင်တဲ့ ဒီအစ်မကြီးကို ခွင့်လွှတ်တော်မူပါ ]

အရင်တုန်းကဆို သူ့ရဲ့blogပေါ်မှာ ကျွန်တော်က 'ငါးကိုပြုတ်ပြီး ပန်းတွေကို ခြေမွမယ်'ဆိုတဲ့ IDကိုသုံးပြီး နိုင်လိုမင်းထက်ပြုကာ ဖျက်လိုဖျက်ဆီးနဲ့ ယွီနဲ့ဟွားတွေ သဘောထားကွဲလွဲ အငြင်းအခုံတွေဖြစ်အောင်လုပ်ခဲ့တယ်။

အထူးသဖြင့် ပြုပြင်ထားတဲ့ ကြည်နူးဖွယ်ဓာတ်ပုံတွေကို မြင်တဲ့အချိန်မှာဆို သေချာပေါက် ရန်ပွဲတစ်ခု အသည်းအသန်ဖန်တီးမှာပဲဖြစ်တယ်။

အဲ့တာတွေအားလုံးက ကျွန်တော့်ရဲ့ မနာလိုဝန်တိုတတ်တဲ့နှလုံးသားကြောင့်သာ ဖြစ်တယ်။

နောက်ပြီး အခုချိန်မှာ ကျွန်တော်လည်း မရှိတော့တာကြောင့် ကျွန်တော်နဲ့ မကြာခဏရန်ဖြစ်လေ့ရှိတဲ့ မိန်းမငယ်လေးတချို့က ကျွန်တော့်ကို လွမ်းနေပုံရပြီး မေးမြန်းထားတဲ့ မှတ်ချက်တချို့တောင် ရှိနေသေးတယ် "ဘာလို့ အဲ့ဖောက်လွဲဖောက်ပြန်ဝါဒီသမား ပြုတ်ခြေအစ်ကိုကြီးက ခုတလော တအားငြိမ်နေရတာလဲ?"

လော့ယွီချန်က မှတ်ချက်တွေကို ကြည့်လို့ပြီးသွားပြီး ကျွန်တော့်IDကို မတွေ့တဲ့အခါ အတော်လေး စိတ်ပျက်သွားပုံပေါ်တယ်။

ထို့နောက် အချိန်အကြာကြီး ငေးငိုင်နေရာကနေ ကပ်ရပ်ရှိနေတဲ့ အကြောင်းအရာသစ်တစ်ခုကို အမှတ်တမဲ့ နှိပ်လိုက်တယ်။

ခေါင်းစဉ်က အတော်လေးထင်ရှားနေပြီး တောက်ပတဲ့အနီရောင်နဲ့အတူ သက်တန့်ရောင်စကားလုံးတွေဖြစ်ကာ အကြောင်းအရာကတော့ _ "ချန်ချန့်ရဲ့ လက်ဝါးကပ်တိုင်နားကပ်လေးကို ငါ ဘယ်လောက်တောင် လွမ်းနေရသလဲ" ဖြစ်တယ်။

ထိုအကြောင်းအရာထဲမှာ လူတွေအများကြီး စာတင်လာကြပြီး အများစုက သဘောတူနေကြတယ်။

လော့ယွီချန်က ထိုအကြောင်းအရာကို အချိန်အကြာကြီးစိုက်ကြည့်နေပြီး မော်နီတာရဲ့အလင်းရောင်ကြောင့် သူ့မျက်နှာက ဖြူရော်နေပုံပေါ်ကာ နက်နက်နဲနဲတွေးနေသလိုမျိုး သူ့မျက်လုံးတွေက အပြာရောင်ဖျော့ဖျော့လေးတစ်ချက် လင်းလက်သွားတယ်။

****

နောက်တစ်နေ့ လော့ယွီချန်အလုပ်ဆင်းတဲ့အခါ သူက အိမ်ကိုတန်းမပြန်သွားဘဲ ထိုအစား Sမြို့တော်ရဲ့ မြို့လယ်ခေါင်ကို မောင်းသွားတယ်။

တောက်ပတဲ့အလင်းရောင်နဲ့ ကျောက်မျက်လို ညခင်းလမ်းပေါ်မှာ သူက Lu de Viciရဲ့ ကျောက်မျက်ရတနာဆိုင်ထဲ ဝင်သွားတော့တယ်။

နားဆွဲတွေထားတဲ့တစ်ဝိုက်မှာ သူ အချိန်အကြာကြီး ရှာဖွေနေခဲ့တယ်။

အရောင်းအကူဝန်ထမ်းလေးတွေအားလုံးက ငယ်ရွယ်တဲ့အမျိုးသမီးလေးတွေဖြစ်ပြီး သူ့ရဲ့ဒီလိုထင်းနေတဲ့ ခန့်ညားမှုကြောင့် သူတို့တွေ သူ့ကို သတိမထားမိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘေးနားကနေ နီရဲတဲ့မျက်နှာတွေနဲ့ သူတို့ချင်း အတော်ကြာအောင် တွတ်ထိုးနေခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ပိုပြီးသတ္တိရှိတဲ့တစ်ယောက်က အနားလျှောက်လာတယ် "တစ်စိတ်လောက်ပါရှင့်၊ ရှင်က Mr.လော့ယွီချန် များလား? ဘယ်လို နားဆွဲပုံစံမျိုးကို ကြည့်ချင်ပါသလဲ? ရှင်ကိုယ်တိုင်ဝတ်ဖို့လား ဒါမှမဟုတ် သူငယ်ချင်းအတွက် လက်ဆောင်ပေးချင်တာလား?"

ဒါကိုမြင်တဲ့အခါ တခြားသူတွေကလည်း သူ့နားတစ်ဝိုက်ကို သုတ်တီးသုတ်ပြာ ရောက်လာကြပြီး ဘာတစ်ခွန်းမှတော့ မပြောရဲဘဲ ငေးစိုက်ပြီးတော့သာ ကြည့်နေကြတယ်။

ဒီအမျိုးသမီးငယ်လေးတွေ တကယ့်ကို အမြတ်ရသွားတာပဲ။ 'သူစိမ်းတွေကို စကားမပြောဘူး'ဆိုတဲ့ မူဝါဒကိုကျင့်သုံးကာ အဆုံးစွန်ထိ အေးစက်နေတတ်ပြီး အပြုံးအရွှင်မရှိတဲ့ လော့ယွီချန်က တကယ်ကြီး နူးညံ့တဲ့အပြုံးလေးတစ်ခု ထုတ်ပြလာတယ်။

ရုတ်တရက် စိတ်က အတော်ဝေးဝေးကို ရောက်သွားသလိုမျိုး အမူအယာဖြစ်သွားပြီးမှ သတိပြန်ကပ်လာတဲ့ပုံမျိုးနဲ့ သူ့ကိုယ်သူ ပြောနေသလိုမျိုး ပြောလာတယ် "ကျွန်တော် မကြာခဏဝတ်လေ့ရှိတဲ့ နားဆွဲက လုဆီကပါ"

"ကျွန်မ သိတယ်၊ ကျွန်မ သိတယ်" အမျိုးသမီးငယ်လေးတွေထဲက တစ်ယောက်က အလောတကြီးပြောလာတယ် "ကျွန်မ အဲ့တာကို မဂ္ဂဇင်းတွေထဲမှာ တွေ့ဖူးတယ် ပြီးတော့ အရင်က အဲ့အကြောင်းကို ကျွန်မတို့ရဲ့စီနီယာတွေဆီ မေးခဲ့ဖူးတယ်၊ အဲ့တာက သေချာပေါက် ဆရာလု ဒီဇိုင်းဆွဲခဲ့တာပဲ"

"အဲ့တာက သိပ်ကိုအရေးပါတဲ့လူတစ်ယောက်ဆီက လက်ဆောင်အဖြစ်ရခဲ့တာပါ" လော့ယွီချန်က အတော်လေး ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်တယ် "ကျွန်တော် အမှုမဲ့အမှတ်မဲ့ ပျောက်သွားလို့၊ ပြီးတော့ အဲ့လူကို ပြောရမှာလည်း ကြောက်လို့ တူတာလေးတစ်ခုများ ရှိနိုင်မလားဆိုပြီး ဒီကို တိတ်တိတ်ကလေးလာကြည့်တာပါ၊ ကျွန်တော် အဲ့တာဝတ်ထားတာကို TVကနေ သူ မြင်နိုင်ဖို့လိုတယ်..."

"အာ! ရှင်ရဲ့ ကောင်မလေးလား?" အမျိုးသမီးလေးတွေက စိတ်လှုပ်ရှားတာရော အားကျတာရောပေါင်းပြီး စီခနဲအော်လာတော့တယ်။

"ကျွန်တော့်အတွက် သိပ်ကို အရေးပါတဲ့လူပါ"

"ဒါပေမယ့်... ကျွန်မတို့က အဲ့တာကို ဆိုင်တွေမှာ ချမရောင်းဘူးရှင့်" အမျိုးသမီးငယ်လေးတွေထဲကတစ်ယောက်က ခဏလောက်တွေးလိုက်ပြီး "အဲ့တာကို လု အထူးတလည် ဒီဇိုင်းဆွဲခဲ့တာမို့ ကျွန်မ အရင်ကမေးဖူးတယ်၊ အဲ့တာက ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့အရာတဲ့"

လော့ယွီချန်အမူအယာက တော်တော်လေးစိတ်ပျက်သွားတဲ့ပုံ ပြောင်းသွားပြီး လူတိုင်းကလည်း သူ့ကို စာနာသနားစွာ ကြည့်လာကြတယ်။

"တကယ်တော့ ရှင် လုဆီကိုသွားပြီးတော့ နောက်တစ်ခုလုပ်ပေးဖို့ တောင်းဆိုကြည့်လို့ရတယ်လေ၊ ကျွန်မ ကြားမိတာတော့ ရှင်တို့အချင်းချင်း သိကြတယ်ဆို?"

"ကျေးဇူးတင်ပါတယ်၊ မလိုတော့ပါဘူး" လော့ယွီချန်က အားတင်းကာ တစ်ချက်ပြုံးလိုက်တယ် "အဲ့အစား ကျွန်တော့်ဖာသာပဲ ကြိုးစားရှာကြည့်လိုက်ပါမယ်"

ထို့နောက် သူလည်း ခေါင်းငိုက်စိုက်ချကာ ထွက်လာတော့တယ်။

ညနေခင်းအစောပိုင်းမှာတည်းက လမ်းမီးတွေက ထိန်လင်းနေပြီး ညအချိန်ရဲ့ ပျားပန်းခတ်လှုပ်ရှားမှုတွေနဲ့ လှပပြီးဆူညံနေတဲ့အသံတွေက ခုမှ အစပျိုးလာတယ်။ အခု ကျွန်တော် လော့ယွီချန်ကို ကြည့်လိုက်တဲ့အခါ သူက တကယ့်ကို ခံစားချက်မဲ့နေပုံပေါ်တယ်လို့သာ တွေးမိတယ်။

ရေခဲတမျှ အေးစက်နေတဲ့ ထိုရေကန်အနက်ထဲ နစ်မြုပ်သွားတဲ့ ထိုနားဆွဲလိုပဲ။

ပျောက်ဆုံးပြီးသားဖြစ်တဲ့အရာကို နောက်ထပ် ပြန်ရှာလို့မရနိုင်တော့ဘူး။

အတုက အစစ်နဲ့ ဘယ်လောက်ပဲ တစ်ထေရာတည်းတူနေပါစေ အရင်တစ်ခုလို ဘယ်တော့မှ တူညီနိုင်မှာမဟုတ်ဘူး။

ကျွန်တော်တို့ကြားမှာ ကြိုတင်ဆုံးဖြတ်ထားတဲ့ရလဒ်ရှိပြီး ပြန်ပြောင်းလို့ရမှာ မဟုတ်သလို ကျွန်တော်ကလည်း အဲ့တာကို လက်ခံထားပြီးသားဖြစ်တယ်။

သူ ကားစက်နှိုးလိုက်ပေမယ့် သူ ဦးတည်နေတဲ့လမ်းကြောင်းက အိမ်ကိုမဟုတ်ဘဲ ကုမ္ပဏီဘက်ကို ဖြစ်နေတယ်။

ဒီလောက်နောက်ကျနေမှ ဘာလို့ ကုမ္ပဏီကို သွားနေတာလဲ?

ညတာပိတ်ကားရဲ့အောက်မှာ ကျွန်တော် လော့ယွီချန်ရဲ့မျက်နှာကို ကြည့်လိုက်တယ်။ သူ့အမူအယာက တည်ငြိမ်နေပြီး ယုတ္တိမဆန်စွာ အေးစက်နေပေမယ့် မုန်တိုင်းမလာခင် တည်ငြိမ်နေသလိုအငွေ့အသက်လည်း ဖြစ်နေတာကြောင့် ကျွန်တော့်ကို ပြောမပြတတ်အောင် စိုးရိမ်စေတယ်။

မဟုတ်မှ သူ လုပ်ချင်နေတာ... လုပ်ချင်နေတာက...

မဟုတ်ဘူး မဖြစ်နိုင်တာ။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ သူက ကျွန်တော် ထင်ထားတာတွေထက် ကျော်လွန်တဲ့ ကိစ္စတွေကို လုပ်ခဲ့တယ်ဆိုပေမယ့် ဒီအနေအထားလောက်ထိတော့ မရူးသွပ်သင့်ဘူးလေ။



_____



Thanks 🌹


Continue Reading

You'll Also Like

335K 20.1K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
479K 16.9K 17
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
87.4K 5K 200
Đệ tử đời thứ 13 của Đại Hoa Sơn Phái, Mai Hoa Kiếm Tôn - Chong Myung, người đã liều mình cùng chết với Thiên Ma, kết thúc một thời đại đen tối của v...
157K 11.7K 45
"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."