"ဘာတွေလုပ်နေတာလဲ ညီ "
"ထယ့် မွေးနေ့မို့ လို့ သူကြိုက်တတ်တာ
လေးတွေ ချက်ပေးနေတာပါ၊
အစ်ကို ရေချိူးခန်းဝင်ပြီးရင် မနက်စာစားရအောင် "
"အစ်ကို့ကို နှိုးလိုက်တာမဟုတ်ဘူး၊
အစ်ကို လည်း ကူမှာပေါ့ "
"မနေ့ညက ဟိုလှိမ့်၊ဒီလှိမ့်နဲ့ကောင်းကောင်း မအိပ်ဘူးလေ၊အဲ့ဒါကြောင့်မနှိုးတော့တာ"
"ကိုယ်ညီ့ကို ပြောစရာ ရှိတယ် "
"ဟုတ်ကဲ့"
ညီက လုပ်လက်စအလုပ်ကို ခေတ္တ ရပ်ပြီး
ကျွန်တော့် ဘက်မျက်နှာမူလိုက်တယ်။
မျက်နှာအနေအထားမှာ
လေးနက်မှုတွေကိုလည်းတွေ့လိုက်ရတယ်။
အဲ့ဒါ ဟာညီ့ အပေါ်လေးစားရတဲ့
အကြောင်းအရင်းတွေထဲကတစ်ခုပါပဲ။
"ကိုယ် ညီနဲ့ ချစ်သူ တစ်ယောက်လို တွဲချင်တယ်"
ညီ့မျက်ခုံးတွေ ပင့်တက်သွားပါတယ်။နောက်တော့
"ကောင်းပါပြီ၊ ထယ်နဲ့လိုက်မသွားခင်အထိ
ညီတို့ အဲ့လိုနေရအောင်လေ "တဲ့။
"မဟုတ်သေးဘူး ညီ ၊ကိုယ်ပြောနေတာ
ယာယီမဟုတ်ဘူး၊တစ်သက်လုံး
အတွက်ပြောနေတာ "
ညီဟာ ကျွန်တော့်ကို မျက်လုံးကလေးတွေ
ဝင့်ပြီးကြည့်လာပြန်တယ်။
အဲ့အကြည့်တွေမှာ ထူးဆန်းအံ့ဩမှုတွေအပြည့်ပဲ။
"အစ်ကို့မှာ လက်ထပ်ရမဲ့သူ ရှိတယ်လေ "
"အစ်ကို ဆိုလေးကို
စကားပြောတော့မှာ၊ မိဘတွေကောပဲ "
"အစ်ကိုက ဘာပြောမှာလဲ "
"အစ်ကို ဆိုလေးနဲ့ လက်ထပ်ဖြစ်မှာ
မဟုတ်တဲ့ အကြောင်းပေါ့ "
"ညီ့အတွက်နဲ့ တော့ အဲ့လိုလုပ်စရာမလိုပါဘူး၊
ညီ နေကောင်းပါတယ် ၊ညီဘာမှမဖြစ်တာမို့လို့"
"ကိုယ်ပြောတာလေးဆုံးအောင်
နားထောင်ပါဦး ညီရယ် ၊ကိုယ့်ဆုံးဖြတ်
ချက်က ညီ့ရဲ့ နေကောင်းကျန်းမာခြင်း
တွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။
ညီနေကောင်းသည်ဖြစ်စေ၊နာဖျားသည်
ဖြစ်စေ ကိုယ် မင်းအနားမှာရှိချင်တယ်ညီ၊
ရှေ့လျှောက် ဆင်းရဲရဲ၊ချမ်းသာသာ
ချစ်တဲ့သူနဲ့ပဲ လက်တွဲသွားချင်တယ် "
အံ့ဩသွားတာကြောင့်လား၊ သူဘာသာ
တစ်ခုခုကိုစဥ်းစားနေ လို့လားမသိဘူး။
တစ်ချက်တော့ ငေးကနဲ ဖြစ်သွားတယ်။
တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသလို
ပူပင်မူ့တွေလည်း မျက်နှာမှာ ထင်ဟပ်နေပါတယ်။
"မိန်းကလေးက အစ်ကို့အပေါ် မေတ္တာသက်ဝင်နေတယ်ဆိုရင် ညီတို့ ဘယ်လိုလုပ်ကြမလဲ အစ်ကို "
ညီ့ပခုံးကို တင်းတင်းဆုပ်ကိုင်ပြီးသူ့မျက်လုံးကို ဆုံအောင်ကြည့်လိုက်တယ်။သူလည်း ကျွန်တော့်ကို အသေအချာပြန်ကြည့်ပါတယ်။
"ဆိုလေးက ကိုယ်ငယ်ငယ်လေးထဲက
ထိန်းကျောင်းလာတဲ့ ကိုယ့်ညီမပါ၊သူ
အစ်ကို့ အပေါ်မှာ နားလည်ပေးလိမ့်မယ်
လို့ အစ်ကို ယုံတယ်၊အဲ့အစားအစ်ကို သူ့ကို အစ်ကို့ ညီမလေးအရင်းလိုမျိုး တစ်သက်လုံးစောင့်ရှောက်ပေးသွားပါ့မယ်၊တစ်သက်မှာတစ်ခါလောက်တော့
ကိုယ့်နှလုံးသားအတွက် ကိုယ်တွေးရအောင်ညီရယ်"
ခပ်ဖျော့ဖျော့လေး ပြုံးပြီး ပါးပြင်ကိုသာ
တစ်ချက်နမ်းသွားတဲ့ ညီက
ကျွန်တော့ ဆုံးဖြက်ချက်ကို
မှားတယ်လည်းမပြော၊မှန်တယ်လို့လည်း
မထောက်ခံ၊ခေါင်းမယမ်းခဲ့သလို
ခေါင်းလည်း မငြိမ့်ခဲ့ဘူး။
"ဒါနဲ့လေ ထယ်နိုးလာရင်
သူ့ကို အပြင်ခဏ ခေါ်ထုတ်သွားပေးပါလား"
"ဘာလို့ "
"သူ့အတွက်မွေးနေ့လက်ဆောင် စီစဉ်ထားချင်လို့"
"ဘာလက်ဆောင်များလဲ ညီ"
"ခွေးလေး တစ်ကောင်လောက်ဝယ်ပေးမလားလို့ပါ၊
သူက ခွေးချစ်တော့လေ "
"ကောင်းပါပြီ "
***
လေးယောက်လုံး မနက်စာစားပြီးတော့
ထယ်က
ရေသန့်တွေ Date လွန်၊မလွန် လိုက်စစ်ပေးတယ်။
ဂျောင်ကုကတော့ ထပ်ခိုးမှာ စာကျက်နေလေရဲ့။
အခုထိ မွေးနေ့ အကြောင်းကိုဘယ်သူကမှဘာတစ်ခွန်းမှ ထုတ်မပြောဖြစ်ကြဘူး။ကာယကံရှင် ကိုယ်တိုင်တောင်မှ
မွေးနေ့ကိုသတိထားမိရဲ့လားမသိပါဘူး။
ထယ့်ကို ဘယ်လိုပြောပြီး အပြင်ခေါ်ထုတ်ရပါ့မလဲ
တွေးနေတုန်း
စင်အမြင့် ပေါ်မှာ ရှိနေတဲ့ ရေသန့်တစ်ကတ်ဟာ
ထယ့်အပေါ်ပြုတ်ကျလာခဲ့တယ်။ရှောင်နိုင်ခဲ့ပေမယ့် စနေသားဟာ လန့်သွားပုံရပါတယ်။
ရင်ဘက်ကို ဖိပြီး မျက်နှာဟာ ဖြူဖျော့သွားခဲ့တယ်။
"ရရဲ့လား ထယ် လန့်သွားလား "
"ရပါတယ် Hyung... ကျွန်တော်လည်း ဒါလေး
ပြုတ်ကျတာကို
ဘာတွေ အသည်းငယ်နေလဲမသိဘူး လန့်လိုက်တာ
တကယ်ပါပဲ "
"ရုတ်တရက်ဆိုတော့ ဒီလိုပါပဲ ထယ်ရဲ့ "
"ဟုတ်ကဲ့ Hyung ...ဒါတွေ အကုန်စစ်ပြီးသွားပြီနော်၊
ဒိတ်လွန်နေတာတော့မရှိဘူး။
အားလုံးရောင်းလို့ရတယ် "
"အင်းပါ လက်စနဲ့ ထယ့်ကို
အကူညီတစ်ခုလောက်တောင်းလို့ရမလား "
"ဟုတ်ပြောလေ "
"နာရီဆိုင်ကောင်းကောင်းတစ်ခု
ကိုလိုက်ပို့ပေးခိုင်းမလို့ပါ၊အချိန်လည်း
သိပ်မရလို့ ထယ်လိုက်ပို့ပေးရင်အဆင်ပြေမှာ"
"အဲ့ဒါများ Hyung ရယ် လာလေသွားကြမယ်"
သွားဖို့ အဆင်သင့်ဖြစ်ကြတဲ့ အချိန်မှာတော့
ထမင်းစားခန်းထဲကနေ ညီဟာ လှမ်းပြောတယ်။
"ထယ် ခဏ လာဦး" တဲ့
***
ညီထည့်ပေးလိုက်တဲ့ ဟင်းဗူးတွေကို
ကျွန်တော်ပဲ ကိုင်ပေးလိုက်ပါတယ်။
ထယ့်မေမေဆီခဏဝင်ရမှာမို့ဆေးရုံကိုသာ
အရင်ဦးတည်လိုက်ကြတယ်။
"Hyung က အချိန်မရပါဘူးဆို
ကျွန်တော့ ကြောင့် အလုပ်ရှုပ်ရပြီ"
"မဟုတ်တာထယ်ရယ် အဲ့လိုမတွေးပါနဲ့ "
ဆေးရုံရောက်သွားပေမယ့် ထယ့်မေမေနဲ့
မတွေ့ခဲ့ရပါဘူး။ ခွဲခန်းဝင်နေတာကြောင့်
ဝန်ထမ်း တစ်ယောက်ဆီ ဟင်းဗူးတွေ
အပ်ပြီး နာရီဆိုင်သွားဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။
"Kim Taehyung Shi"
အမည်နာမ တစ်ခုဟာ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ခြေလှမ်းတွေကိုတန့်သွားစေပါတယ်။
နောက်လှည့်ကြည့်မိလိုက်တော့
အနောက်တိုင်းသူလေးတစ်ယောက်ဖြစ်နေခဲ့တယ်။
ဂျူတီကုတ်ဝတ်ထားပုံထောက်
ဒီဆေးရုံက ဆရာဝန်ပဲဖြစ်မယ် ထင်ပါရဲ့ ။
ကျွန်တော့စိတ်ထဲ အလှတရားဟာတကယ့်ကို တော်ဝင်မင်းသမီးတစ်ပါးအတိုင်းပါပဲလား
ဆိုပြီး တွေးလိုက်မိပါသေးတယ်။
"Amelia"
"နင်ဘာလာလုပ်တာလဲ ထယ်"
"မေ့မေ့ဆီလာတာပါ ဟင်းလာပို့ပေးတာလေ ၊ငါလည်း တစ်ခါတစ်လေ
သားလိမ်မာဆန်ကြည့်တာပေါ့ဟာ"
"နင့်ကောင် အရှုပ်ထုတ်ကော မပါခဲ့ဘူးလား"
နင့်ကောင်တဲ့လား၊နင့်ကောင်ဆိုတာ ဘယ်သူလဲ။
မဟုတ်လွဲ ညီ့ကိုပြောတာလို့ထင်တာပါပဲ။
"ဆေးရုံကအလည်လာလို့ကောင်းတဲ့နေရာမှ
မဟုတ်တာ၊ဘယ်ပါပါ့မလဲ ၊ ငါနင့်ကို မိတ်ဆက်ပေးရဦးမယ်၊ဒါ ငါတို့အစ်ကို လေ၊နာမည်က Kim Seok jinတဲ့ ၊Hyung
ဒါ ကျွန်တော်တို့ ငယ်သူငယ်ချင်းAmelia"
"တွေ့ရတာ ဝမ်းသာပါတယ်နော် ၊အမ််မလီယာပါ၊
Jiminဆီကနေ အများကြီးကြားထားပါတယ်၊
ထင်ထားထက်ကို ပိုပြီး ခန့်ညားတာပဲ "
ဘယ်လိုရယ်၊ညီ့ဆီက ကျွန်တော်အကြောင်းတွေ
ကြားထားသတဲ့။
ကျွန်တော့ရင်ဘက်ထဲ ရှိန်းခနဲဖြစ်သွားပါတယ်။
ခန့်ညားတယ် လို့ အပြောခံရတဲ့အတွက်
သဘောကျမိတာမျိုးလား။ဟင့်အင်း...အဲ့ဒီလို
တော့လည်းမဟုတ်ပြန်ဘူး။
"မဟုတ်တာဘဲ ဗျာ"
"ဟုတ်ပါတယ်၊Jimin ချီးကျူးတာထက်တောင် ပိုနေသေးတယ်၊
ကျွန်မ တစ်သက်တာမှာဒီလောက်ချောတဲ့ ယောက်ျားမျိုးဒါပထမဆုံးမြင်ဖူးတာပဲ "
မိန်းကလေးဟာ အခုမှသိတဲ့ လူစိမ်းတစ်ယောက်အပေါ်
ရှက်ကိုးရှက်ကန်းဖြစ်မနေဘူး။
အေးဆေးပေါ့ပါးစွာပဲ စကားပြောခဲ့ပါတယ်။
မသိရင် ထယ်နဲ့ ကျွန်တော်စသိတုန်းက
အချိန်တွေဆီ ပြန်ရောက်နေသလိုပါပဲ။
ပြုံးပြရုံအပြင် ကျွန်တော်ဘာပြောပြရမှန်း
မသိခင်မှာပဲဂျူတီကုတ်နဲ့ အမျိုးသားတစ်ယောက်လည်းထပ်ရောက်လာခဲ့ပါတယ်။
"ကော်ဖီလေး တစ်ခါသွားဝယ်တာ အဲ့လောက်ပဲ
ကြာရသလားလို့ တွေးနေတာ၊
လက်စသက်တော့စကားကောင်းနေတာကိုး နင်က"
"နင်သောက်ချင်ရင်
နင့်ဘာသာ ဝယ်ပါလား၊ငါက နင့်ခိုင်းဖက်လား"
"ဖြစ်ရလေ ဂျီမင်းသာဆို နင်အဲ့လေသံ
မဟုတ်ဘူးနော် ၊ငါနဲ့ထယ့်ကိုဆို
နိူင်စားလိုက်စိတ်ကောက်လိုက်နဲ့ "
ထယ်နဲ့ အနောက်တိုင်း အမျိုးသမီးလေးက
ကျွန်တော့်ကို ပြိုင်တူကြည့်လိုက်ကြတယ်။
ဒါပေမယ့် သိသိသာသာကြီးတော့မဟုတ်ပါဘူး။
ကျွန်တော်ကသာ သတိထားမိသွားခဲ့တာပါ။
"Hyung ဒါလည်း ကျွန်တော်တို့ သူငယ်ချင်းပဲ
ချွဲဂျောင်ဝူတဲ့ "
"အာ ငါ ဒီအစ်ကိုကို သိတယ်ထယ်ရဲ့၊ စတိုးဆိုင်က
အစ်ကိုလေ ဟုတ်တယ်မလား"
ထယ်တောင် မိတ်ဆက်ပေးလို့မပြီးသေးခင်
သူစိမ်း အမျိုးသားက
ဝမ်းသာအားရမေးခွန်းထုတ်ခဲ့ပါတယ်။
ကျွန်တော်ဖြင့်သူတို့နှစ်ယောက်စလုံးကို အခုမှမြင်ဖူးတာပါ။
ညီ့ပတ်ဝန်းကျင်ကလူတွေအားလုံး
ကျွန်တော့် ကိုသိနေကြတာများလား။
"အေး ဟုတ်တယ် စတိုးဆိုင်က အစ်ကိုပဲ၊ဒါဆို
ငါတို့သွားမယ် ကွာ ၊အစ်ကို့ကိုနာရီဆိုင်လိုက်ပို့
ပေးရမှာ မို့လို့ "
"အေးပါ၊ ငါနဲ့ Ameliaတောင် မင်းအတွက် မွေးနေ့လက်ဆောင်စီစဉ်ထားပြီးသား"
"လက်ဆောင်မလိုပါဘူးကွာ သတိတရရှိ
နေတာပဲကိုပဲ ကျေးဇူးတင်နေတာ"
"ကျေးဇူးတင်တယ်ဆိုရင် ကျန်းမာရေး
ကိုဂရုစိုက်နော် ကိုယ့်လူ"
"အေးပါကွာ "
နှုတ်ဆက်စကားဆိုပြီးလှည့်ထွက်မယ် အလုပ်
အနောက်တိုင်းသူလေးဆီက
"နေဦး ထယ်" ဆိုတဲ့ ခေါ်သံကြောင့်
ကျွန်တော်ကော ၊ထယ်ကော နောက်ထပ်တစ်ကြိမ် နောက်ပြန်လှည့်ကြည့်ဖြစ်ခဲ့ကြပါတယ်။
"ဂျီမင်း ကို ငါ မှာတယ် လို့၊
ငါ့ကိုဒီရက်ထဲဆက်သွယ်ပါလို့ပြောပေးစမ်းဟာ"
"နင်နဲ့သူ နဲ့က အဆက်အသွယ်ရှိတာပဲမလား"
"ရှိတာက ရှိပေမယ့် ဖမ်းမရဘူးဖြစ်နေတာ"
"ဪ အေးပါ ပြောလိုက်မယ်"
ဆေးရုံကအပြန် နာရီဆိုင်ဝင်ပြီး
ထယ့်အတွက်နာရီတစ်လုံးမွေးနေ့
လက်ဆောင်ဝယ်ပေးလိုက်ပါတယ်။
ထယ်က သိပ်ကို သဘောတကျရှိနေတာမို့
ကျွန်တော်လည်း ဝမ်းသာရတယ်။
ညီဝယ်ပေးတဲ့ အဖြူရောင် ခွေးလေးကိုတော့ ထယ်က Max လို့ နာမည်ပေးခဲ့တယ်။
ထယ့်ခွေးရယ်ဆိုပေမယ့်Max က ကျွန်တော်တို့ အားလုံးကိုခင်ပါတယ်။
ရက်ပိုင်းအတွင်းလူတွေ နဲ့ရင်းနှီးသွားတာ
အံဩစရာပါပဲ။
များသောအားဖြင့် ဂျောင်ကုကလွဲရင် ကျန်တဲ့သုံးယောက်ဟာအပြင်သိပ်မသွားတတ်ကြပါဘူး။
တစ်ပတ်အတွင်းမှာတင် အဲ့ဒီအကြောင်းကို
Max ကကောင်းကောင်း နားလည်သိရှိသွားခဲ့တယ်။
သိပ်လည်တဲ့ကလေးပဲမို့လားမသိ
လူစကားဆိုလည်းနားလည်လွန်းတယ်။
တစ်ခါတစ်လေ ဂျောင်ကု ကျောင်းသွားတဲ့အခါ
အပြင်ကိုလိုက်ချင်လွန်းလို့
မျက်လုံးရွဲကြီးတွေနဲ့ ကြည့်နေတက်တယ်။
ကျောင်းဆင်းချိန်ရောက်လို့ ဂျောင်ကု
ပြန်မရောက်သေးရင်လည်း
ဆိုင်ရှေ့ထွက်ပြီး မျှော်နေတတ်ပါတယ်။
***
"မင်း အဲ့ခွေးနဲ့ပဲ အချိန်ကုန်တော့မှာလားထယ်"
"ဘာလို့လဲ "
"မင်းကတစ်ချိန်လုံး သူနဲ့ပဲ ပွတ်သီးပွတ်သပ်လုပ်
နေတာ၊ကြာတော့ငါသဝန်တိုတာပေါ့ "
" မင်းလည်းပွတ်သီးပွတ်သပ်
လုပ်ချင်ရင်လာလုပ်လေ လာ "
"ဘယ်ကသာ ငါအခုမှ ရေချိူးပြီးတာ ၊ခေါက်ဆွဲပြုတ်ထားတယ် စားဦးမလား "
"မစားတော့ဘူး"
ပစ္စည်းတစ်ချို့ကို နေရာချရင်း
ထယ် နဲ့ညီပြောနေတဲ့ စကားသံတွေ
ကြောင့် တစ်ယောက်တည်းပြုံးလိုက်မိပါတယ်။
တကယ့်တကယ်လည်းထယ့်ပုံစံကMax ရောက်လာပြီးမှ သာအရင်အတိုင်းလေးပြန်ဖြစ်သွားခဲ့တာ။ သွက်သွက်လက်လက်
စနေသားလေးကို Max နဲ့ကျမှပြန်မြင်ခဲ့ရတာပါ။
ထယ်ဟာMax ကို စကားတွေပြောတယ်၊နမ်းရှုံ့တယ်။ညနေဆို ဆိုင်နားဝန်းကျင်ဆီလမ်းလျှောက်ရင်း၊
ပွေ့ချီထိန်းကျောင်းရင်းလည်း
ပျော်ရွှင်နေတတ်ပါတယ်။
" အေး မစားဘူး နော်
ပြီးမှ တစ်လုတ်လောက်ဆိုရင်တွေ့မယ် "
"အခုလည်းတွေ့နေတာပဲ၊ဪ Hyung
မင်းကို Ameliaက ဆက်သွယ်ပါဦးတဲ့၊
ငါပြောဖို့ မေ့နေတာ"
"ဟင် ဘယ်တုန်းကလဲ "
"တစ်ပက်လောက်တော့ ရှိပြီ၊
ဆေးရုံရောက်ခဲ့တဲ့နေ့က"
"သူ မင်းကို ဘာတွေ ပြောလိုက်သေးလဲ "
ညီ့အသံဟာ တစ်ခုခုကို ထိတ်လန့်တကြား
ဖြစ်သွားသလားပဲ။သူငယ်ချင်း အချင်းချင်း တွေ့ဖို့ ချိန်းဆိုကြတာဒီလောက်ထိ
လန့်သွားစရာမှမလိုအပ်ဘဲ။
ထုတ်သာမပြောဖြစ်တာ။အမှန်တိုင်းဝန်ခံရရင်
သဝန်တိုပါတယ်။
သူ့ဆီမှာ ဇယားတွေက ခပ်များများရယ်။
ဟိုးအရင် ကော်ဖီဆိုင်ကဝန်ထမ်း
ကောင်မလေးတွေပြောသလို"ချောပေ့၊လှပေ့"ဆိုရင်ကြိုက်လိုက်တာမှ
တစ်ဖက်ကမ်းကို လွန်နေတာပါပဲ။
အဲ့ဒီတုန်းက အဲ့ဒီစကားကို
၅၀ ရာခိုင်နှုန်းလောက်ပဲ လက်ခံခဲ့ပေမယ့်
အခုတော့ ရာနှုန်းပြည့် လက်ခံလိုက်ရပါတယ်။
အတူတူလက်တွဲထားရင်းနဲ့တောင်
ချောတာလှတာလေးများတွေ့ရင် ကျွန်တော့ကိုပါအဖော်ညှိပြီး "လှတယ်နော် "ဘယ်လို
ဘာညာနဲ့ အသည်းယားအောင်လုပ်တတ်သေးတာ၊
တမင်တကာကို
မျက်စိတစ်ဆုံးငေးပြတတ်သေးတာပါ။
ရည်းစားများ၊ မျက်နှာများတဲ့သူကိုမှချစ်သူတော်ထားမိတဲ့ ဒုက္ခဟာသေးတော့လည်းမသေးလှဘူး။အချစ်ခံ၊အလိုလိုက်ခံနေရပေမယ့်မတော်တဆများဆိုတဲ့ အတွေးက
လူကို ခဏခဏ လောင်မြိုက်စေတယ်။သူ့ကိုယုံကြည်တာကတစ်ပိုင်း၊ ကိုယ့်ဘာသာ
အူတိုတာက တပိုင်းပါပဲ။
"ဟင့်အင်း မပြောဘူး မင်းကို သူနဲ့လာတွေ့ပါ
လို့ပဲ မှာလိုက်တာ "
ညီဘာဆက်ပြောလဲ ကျွန်တော်မကြားရ
တော့ပါဘူး။ဈေးဝယ်သူ
တစ်ယောက် ရောက်လာတာမို့သူတို့ဘက်ကို
အာရုံမထားမိတော့ဘူး။
***
"Hyung ငါ့ကို တစ်လုတ်လောက် "
"စောစောက ပြောတော့ မစားဘူးဆို"
"အခုစားချင်သွားပြီ "
"မကျွေးနိုင်ဘူး "
"ခေါက်ဆွဲပြုတ်လေးတောင် မသဒ္ဓါဘူးပေါ့လေ "
"ကဲ ဆရာသမား ဒရမ်မာတွေ ခင်းမနေနဲ့၊ မီးဖိုပေါ်မှာ
ရှိတယ်၊ဒါက စပ်လို့ မင်းစားနိုင်မှာမဟုတ်ဘူး၊
အချိုတစ်ထုတ် ပြုတ်ပေးထားတယ်၊ထည့်စား"
"ခွံကျွေးပါလား "
"လက်မပါဘူးလား မင်းမှာ"
"ပါတယ်လေ ငါ့သားလေးကို ချီထားလို့
မအားဘူး"
"အစားစား ချိန်တော့ အဲ့ခွေးကို ချထားစမ်း
ထယ် "
မတည့်အတူနေ နှစ်ယောက်ရန်ဖြစ်လို့
ကောင်းနေတုန်း
ကောင်တာ အံဆွဲ ထဲက ထယ့်ဖုန်းကလေးဟာ
အသံထမြည်လာတော့တယ်။
"ထယ်ရေ ဖုန်းလာတယ် "
"ဟုတ်ကဲ့ ဟုတ်ကဲ့ Hyung"
ခွေးချီထားရင်းနဲ့ထယ်တစ်ယောက်
ကျွန်တော့်ဆီပြေးလာပါတယ်။
"ကျေးဇူးနော် Hyung .... ringtone သံကြားရင်
လန့်လို့ Hyung အံဆွဲထဲထည့်ထားလိုက်တာ"
"အင်းပါ ဖုန်းကိုင်လိုက်ဦး၊ပြန်ကျသွားဦးမယ်"
"ဟုတ်ကဲ့ "
ထယ်ဟာMax ကို အောက်ခဏချပြီးဖုန်းပြောတယ်။
နောက်တော့ မျက်နှာအမူယာတွေ
ပြိုကနဲ ပျက်ယွင်းသွားတော့တယ်။
"အပြင် ခဏသွားဦးမယ် Hyung"
"အင်းအင်း"
ဆိုင်အပြင်ဘက်ဆီအလောတကြီးထွက်သွားတာမို့
Max ကို ကျွန်တော်ပဲ ချီပိုးလိုက်ရတယ်။မဟုတ်ရင်
Max က ထယ့်နောက်ပြေးလိုက်ဖို့ ဟန်ပြင်နေပြီလေ။
ဒါကြောင့် ကြိုးသေချာချည်ပေးပြီး
မနက်ဖြန် အတွက်
ကုန်ပစ္စည်းစာရင်းတွေဆက်လုပ်နေခဲ့ပါတယ်။
ဆယ့်ငါးမိနစ်လောက်နေတော့
စာရင်းတွက်လို့ပြီးခဲ့ပြီ။
မီးဖိုခန်းမှာတော့ ညီဟာဆေးလိုက်ကြောလိုက်နဲ့
အလုပ်ရှုပ်နေဆဲပဲ။
အမှိုက်အိတ်ပစ်ဖို့ အပြင်ထွက်လာခဲ့တဲ့ အချိန်
အမှောင်ရိပ်ဆီက စကားသံတစ်ချို့ကြောင့်
အမှိုက် အိတ်ကို ကျစ်နေအောင်ဆုပ်ထားမိတယ်။
ဒါထယ့်အသံ...။နောက်ပြီး ထယ်နဲ့ ဆေးရုံမှာတွေ့ခဲ့တဲ့အမျိုးသားရဲ့အသံ။
ရုတ်တရက် အသက်ရူရပ်သွားသလို၊ဦးနှောက်သွေးကြောတွေ ဖြာကနဲ
ပေါက်ထွက်သွား သလိုမျိုးပါပဲ။
"ထယ်က ဘယ်လိုလုပ်ပြီး ဘယ်လိုလုပ်ပြီး
ဖြစ်နိုင်မှာလဲ၊
အဓိပ္ပါယ်မရှိလိုက်တာ "
တစ်ယောက်တည်းတိုးတိုးလေးရေရွတ်နေတဲ့
စကားတွေက ကျွန်တော့်နားထဲမှာ သိပ်ကို
ကျယ်လောင်နေတယ်။
ခြေထောက်တွေဟာ လှုပ်ရှားမရတော့ဘူး။
မတ်တပ်ရပ်နေရင်း ဝင်သက်ထွက်သက်ကို
ကျွန်တော်မေ့လျော့သွားတယ်။ရင်ဘက်ထဲမှာ တင်းရှရှဝေဒနာဟာ လာရောက်ကပ်ငြိတယ်။
"Kim Taehyung ငါ ထပ်ပြောမယ်၊မင်းအနေနဲ့
အသေးစားခွဲစိတ်မှုမဟုတ်ဘူးဆိုတာ
သိထားဖို့လိုတယ် ။ကျိန်းသေပေါက် နှလုံး
အစားထိုး ခွဲစိတ်ရမှာမို့ ခေါင်းမာမနေ
ဘဲ ဆေးရုံအမြန်တက်ရမယ်ထယ်ရဲ့"
"ဒီနှစ်ပိုင်းအတွင်း အလှူရှင် ရှာ
မတွေ့ရင် ဘယ်လိုပဲ ဖြစ်ဖြစ် ငါသေမှာပဲမလား၊
သေမဲ့ အတူတူ ဆေးရုံပေါ်မှာဘယ်နေ့
သေရမလဲဆိုတာကိုထိုင်စောင့်မ နေနိုင်ဘူး "
"ငါတို့ လည်းကြိုးစားရှာနေကြတာပဲလေ၊အဲ့ဒီ
အတောတွင်း ဆေးကုသမှု ခံယူစေချင်တာ၊
မင်း ဘယ်အချိန်ထိ ပေနေဦးမှာလဲ သူငယ်ချင်းရာ"
"တိုးတိုးပြောပါ Hyung ကြားသွားလိမ့်မယ် "
"ပက်ဂျီမင်း ကို မင်းလိုငတုံးများထင်နေလား ထယ်"
"မင်းဘာကိုဆိုလိုတာလဲ "
"ဂျီမင်း အားလုံးသိထားတယ် "
"မဖြစ်နိုင်ဘူး၊Hyungသိရင်ဒီလိုမနေနိုင်ပါဘူး"
"အေး မင်းပြောသလို သူမနေနိုင်ဘူး။
မနေနိုင်လို့လည်း သူဘာလုပ်ရပ်ကို လုပ်သွားလဲ
မင်းသိလား၊ဟမ် ထယ် မင်းသိလားလို့ "
"ငါမသိဘူး Hyung ဘာလုပ်လို့လဲ "
"မင်းနှလုံးနဲ့ သူ့နှလုံးကို ကိုက်ညီမှု
ရှိမရှိ၊မင်းကို သူ့နှလုံးပေးလို့ရမရ
ဆေးရုံမှာ
စစ်ဆေးမှုတွေ လုပ်သွားတယ် တဲ့ "
"ဘာ "
ထယ့်လိုမျိုး ကျွန်တော် ကိုယ်တိုင်လည်း
မယုံကြည်နိုင်ဖြစ်ရပါတယ်။
ထယ့်ဟာလည်း ကျွန်တော့အတွက်
မိသားစုဝင်လို ဖြစ်နေတာမို့
ထယ့်ကို အသက်ရှည်ကျန်းမာစေချင်တယ်။
လူတိုင်း တစ်နေ့သေရမယ်ဆိုတာသိထားပေမယ့်
လောလောဆယ်မှာ ဒါကို
လက်ခံဖို့ ကျွန်တော့စိတ်မှာ အဆင်သင့်
မဖြစ်သေးဘူး။
ပိုဆိုးတာက ထယ့်ကို နှလုံးပေးလှူမယ်ဆိုတဲ့
ညီ့ရဲ့ ဆုံးဖြတ်ချက်ကိုပေါ့။
"မင်းလည်း သိမှာပါ၊နှလုံးအစားထိုး
ခွဲစိတ်တယ်ဆိုတာ
ရော့ မင်းတစ်ဝက်ငါတစ်ဝက်ဆိုပြီး
လုပ်လို့ရတာမဟုတ်ဘူး၊ငါဘာလို့အခုလို တွေ
လာပြောရသလားမင်း သိလား"
"....."
"ထယ် မင်းက လေမင်းကိုယ်မင်းထက်သူ့ကို ပိုပြီးတန်ဖိုးထားတယ်၊ မင်းကိုယ်မင်းထက်သူ့ကိုပို
ချစ်တယ်၊အဲ့ဒါတွေကိုငါ အသိဆုံးမို့လို့ ၊နောက်ပြီး
ဂျီမင်းက သူလုပ်ချင်တာကို
ဘယ်သူ့မှ မတိုင်ပင်ဘဲ တဇွက်ထိုးလုပ်တတ်လို့ "
"အဖြေ အဖြေက ဘာတဲ့လဲ "
"ဆေးစစ်ချက်အဖြေအထိက တော့
ငါလည်းမသိဘူး ၊ Ameliaပဲ သိလိမ့်မယ်၊
ဒါပေမယ့် မင်းစိတ်မပူပါနဲ့၊
ကျန်းမားရေးကောင်းတဲ့လူ
တစ်ယောက်ကို ဘယ်ဆရာဝန်၊ဘယ်ဆေးရုံကမှ
နှလုံးပေးလှူခွင့်ပေးမှာမဟုတ်ဘူး၊
မင်းတို့နှစ်ယောက် ကိုက်ညီမူ့ရှိဖို့ဆိုတာက
ရာခိုင်နှုန်းလည်း တော်တော် နည်းလိမ့်မယ်"
"ငါတော့ ကိစ္စက ဒီလောက်မရိုးရှင်းဘူး
ထင်တယ်၊ Amelia က
သူ့ဘဝတစ်လျောက်လုံး ဂျီမင်းမျက်နှာကိုပဲ
ကြည့်ပြီးနေလာတဲ့သူ၊
သူဂျီမင်းကိုဘယ်လောက်ထိချစ်ခဲ့လဲ
ငါလည်းသိတယ်၊မင်းလည်းသိတယ်၊
Hyung ကိုယ်တိုင်လည်းသိတယ်၊
အဲ့ဒီလို မိန်းမက ဒီလိုစစ်ဆေးမှုမျိုးလုပ်ပေးတယ်
ဆိုတာ အဓိပ္ပါယ်မဲ့လိုက်တာ၊ဘယ်လိုပဲတွေးတွေး ငါဘယ်လိုမှနားမလည်နိုင်ဘူးကွာ"
"ငါပြောမယ် ထယ်၊ တိကျတဲ့ အဖြေတစ်ခုကို
မသိရမချင်း Ameliaကို သွားပြီး
ပြသနာမရှာနဲ့၊ဂျီမင်းကိုရောပဲ၊
ငါတို့ မနက်ဖြန် Amelia
နဲ့စကားပြောကြည့်ကြမယ်"
"အဲ့ဒါထက် Hyung က ငါဒီလောက်ဖုံးဖိထားတဲ့
ကြားထဲကဘယ်လို သိသွားရတာလဲ "
"မင်းအမေနဲ့ Ameliaနှစ်ယောက်ထဲက
တစ်ယောက်ပေါ့ ၊အခုကိစ္စတောင်
Ameliaအဖေရဲ့
ဆေးရုံမှာ တိုးတိုးတိတ်တိတ်လုပ်ခဲ့ကြတာတဲ့"
"ငါ တကယ်ကို ရူးတော့မှာပဲ၊ Hyung ကဘာလို့
ဒီလိုမျိုး "
"အဲ့ဒါကြောင့် ဆေးကုသမှု ခံယူပြီး လိမ်လိမ်မာ
မာနေသင့်ပြီ ထယ်၊ ငါမင်းအတွက်
အကောင်းဆုံးကြိုးစားနေပါတယ်။
ငါ့ကို ယုံတယ်မဟုတ်လား ယုံပေးမယ်မလား"
"ငါယုံပါတယ် ပြီးတော့ကျေးဇူးလည်းတင်တယ်"
"အဲ့ဒါဆို ငါပြန်မယ်နော် မနက်ဖြန် ငါဖုန်းဆက်မယ်"
"အင်းပါ "
ထယ်ဟာ အဲ့ဒီနေရာမှာ အချိန်အတော်ကြာ
ရပ်နေခဲ့တယ်။တစ်ချက်ကလေးတောင်
မလှုပ်ရှားဘဲ တွေတွေလေးရပ်နေခဲ့တယ်။
ကျွန်တော်လည်း ထိုနည်း၎င်းပါပဲ။
သူတို့ပြောသွားတဲ့ အထဲမှာ ကျွန်တော့်အတွက်
နားမရှင်းစရာ စကားတွေ အများကြီးပါနေခဲ့တယ်။
Ameliaဆိုတဲ့ မိန်းကလေးနဲ့ ညီကဘာတွေလဲ။
သူငယ်ချင်းပဲလား။ဒါမှမဟုတ်
သူငယ်ချင်းထက်ပိုနေတာလား။
ညီကရော ဘာလို့ များ ကျွန်တော့်ဘက်ကို
တစ်စက်ကလေးမှ မတွေးခဲ့ရတာလဲ။
သူတို့နှစ်ယောက်ကြားကအသက်ပေးရလောက်တဲ့ရင်းနီးမူ့နဲ့ သံယောဇဉ်တွေကို သိထားတယ်။
ထယ်နဲ့ယှဉ်လာရင် ကိုယ့်ကိုကိုယ်ဒုတိယနေရာလို့ပဲ ကိုယ့်ဘာသာဖြည့်တွေးထားခဲ့ဖူးပါတယ်။
ဒါပေမယ့် ချစ်သူတစ်ယောက်အနေနဲ့
ကျွန်တော့်ကိုတော့ တိုင်ပင်စေချင်တယ်။
ကျွန်တော်နဲ့သူဟာလည်း ပတ်သက်သင့်
သလောက် ရင်းနှီးပတ်သက်ခဲ့ကြတာပဲ။
အခုလောလောဆယ် ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးနေပြီမို့အဲ့ဒီအပိုင်းတွေကို ခဏဖယ်ထားရမယ်။
အရေးကြီးတာ ထယ့်ကိစ္စ။ဟုတ်တယ် ထယ့်ကို ဆေးရုံတက်ဖို့ ဖျောင်းဖျရမယ်။
"ထယ် "
ခေါ်သံတွေဟာ လည်ချောင်းဝတင် ရပ်တန့်ပြီး
အပြင်ကိုထွက်မလာခဲ့ဘူး။
ဒါပေမယ့် ကျောခိုင်းထားတဲ့ထယ်ဟာ
ကျွန်တော်သူ့နောက်မှာရှိနေတာကို
ဘယ်ကဘယ်လိုခံစားရိပ်မိသွားသလဲမသိဘူး။
ဆက်ကနဲဆိုသလိုလှည့်ကြည့်လာတယ်။
မပြေးရုံတမယ် မြန်ဆန်တဲ့ခြေလှမ်းတွေက
ကျွန်တော့်အနားရောက်တော့
ကိုယ်ရှိန်သတ်သွားပါတယ်။
"Hyung"
ထယ့်ကို ကျွန်တော် ပြန်မထူးနိုင်သေးပါဘူး။
တောင့်တောင့်ကြီးတွေဝေပြီးရပ်နေမိတယ်။
"Hyung ဘယ်တုန်းကရောက်တာလဲဟင်"
ကျွန်တော့်အသံတွေ တိတ်နေတုန်းပါပဲ။
ဒါကိုထယ်က လက်ကို ဆွဲကိုင်
လှုပ်ယမ်းပြီး မေးခွန်းတစ်ခုထပ်ထုတ်ခဲ့တယ်။
"ပြောပါဦး Hyung ရယ် Hyung
ဘယ်တုန်းက ရောက်နေခဲ့တာလဲ"
"ထယ့်နှလုံးကို အစားထိုးကုသရမယ်လို့
ပြောနေကတည်းပဲ "
စကားဆုံးတော့ ထယ့်ဒူးတွေဟာ
လမ်းမပေါ် ညွန့်ခွေကျသွားတယ်။
"ထယ် "
ဆွဲထူပေးတဲ့ ကျွန်တော့လက်တစ်ဖက်ကို
တင်းနေအောင်ဆုပ်ကိုင်ရင်းထယ့်ပါးပြင်ပေါ်မှာ မျက်ရည်စတွေ
အတားအဆီးမရှိ စီးကျနေပါခဲ့တယ်။
မောပန်းတုန်ရီနေတဲ့ထယ် ပုံက ကျွန်တော့ရင်ဘက်ကိုလေးလေးပင်ပင် ထုထည်ကြီးကြီး
ကျောက်တုံးတစ်တုံးနဲ့ဖိချလိုက်သလိုမျိုးပဲ။
ပြီးတော့
"ဘာမှ မသိခဲ့သလို ခဏပဲ ဖြစ်ဖြစ်
နှုတ်ဆိတ်နေပေးပါ" တဲ့။
" ကျေးဇူးပြုပြီး
အရာအားလုံးကိုမသိချင်ယောင်ဆောင်ပေးပါ" တဲ့။
အနာဂတ်ကို ပြေးကြည့်လို့ရမယ်ဆိုရင်
ပြေးကြည့်ချင်ပါတယ်။
သိချင်တာတွေလည်း အများကြီးရှိတယ်။
တကယ်ပဲလောကကြီးက ကျွန်တော်တို့ကို
ဘယ်အချိန်အထိ ကျီစားနေဦးမှာလဲ။