{Zawgyi}
[ အက်ဥ္းခ်ဳပ္ : အခ်စ္နဲ႔ အမုန္းၾကားမွာ အလႊာပါးေလးတစ္ခုရွိတယ္ ]
•ေရွာင္ဟန္း•
ေလာ့ယြီခ်န္ ေခါင္းယမ္းေနတုန္းပဲ။
ရွမင္ရႈက ႐ုတ္တရက္ လႊားခနဲခုန္ကာ သူ႔ကိုဖက္လိုက္တယ္။ တင္းက်ပ္လြန္းတာေၾကာင့္ သူ႔အတြက္ ႐ုန္းဖို႔ ေနရာလြတ္ေလးေတာင္ မရွိဘူး။
သူ႔(ေလာ့ယြီခ်န္)နား႐ြက္နားမွာ အံကိုတင္းတင္းႀကိတ္ထားၿပီး ထပ္ခါတလဲလဲ ေျပာေနေတာ့တယ္ "ေလာ့ယြီခ်န္ ေလာ့ယြီခ်န္ ခင္ဗ်ားမွာ ကြၽန္ေတာ္ ရွိပါေသးတယ္..."
ေလာ့ယြီခ်န္ တုန္လႈပ္ေနၿပီး သူ႔အမူအယာက ဗလာျဖစ္ေနတယ္။
"ခင္ဗ်ားမွာ ကြၽန္ေတာ္ ရွိပါေသးတယ္! ကြၽန္ေတာ္ ခင္ဗ်ားေဘးမွာ အၿမဲရွိတယ္!"
ေနာက္ဆုံးေတာ့ သူ႔ႏွလုံးသားထဲမွာ အစစ္အမွန္ျဖစ္ေနတာကို ေျပာႏိုင္ခဲ့ၿပီ။
သူ႔ဘက္က သူငယ္ခ်င္းတစ္ေယာက္အျဖစ္ ေနာက္တစ္လွမ္းဆုတ္ကာ ကိစၥေတြကို တိတ္တိတ္ေလးသာ ၾကည့္ေနခ်င္ခဲ့တယ္ဆိုေပမယ့္ အဲ့တာက သူ႔အတြက္ ဒီခံစားခ်က္ေတြကို လက္လႊတ္လိုက္ၿပီလို႔ မဆိုလိုဘူး။
ေလာ့ယြီခ်န္ ျပန္လွည့္လာမွာ၊ တစ္ဖက္လူ လမ္းမွန္ျပန္ေရာက္လာမယ့္ေန႔ကို ႐ိုး႐ိုးေလး ေစာင့္ေနတာျဖစ္တယ္။
သူလည္း သိပ္ကိုအၾကာႀကီး ေအာင့္အီးခဲ့ရတယ္။
ကြၽန္ေတာ္ကိုယ္တိုင္ သူ႔ေနရာမွာ အစားထိုးဝင္ၾကည့္လိုက္ေတာ့ ရွမင္ရႈရဲ႕လုပ္ရပ္ေတြအားလုံးကို နားလည္ခဲ့ရတယ္။
ဘာေၾကာင့္ဆို ကြၽန္ေတာ္လည္း တစ္ခ်ိန္က သူ႔ေနရာမွာျဖစ္ခဲ့ဖူးတယ္။
ကြၽန္ေတာ္ ဆယ္ႏွစ္လုံးလုံး ေလာ့ယြီခ်န္ ျပန္လွည့္လာမွာကို ေစာင့္ေနခဲ့တယ္။
လူတိုင္းက... တကယ့္ကို ႐ူးသြပ္ေနၾကတယ္။
ခင္ဗ်ားတို႔သာ ကြၽန္ေတာ့္ကို ကိုယ္စိုက္ပ်ိဳးခဲ့တာအတြက္ ကိုယ္ျပန္ရိတ္သိမ္းရတာလို႔ ေျပာမယ္ဆိုရင္ တကယ္ေတာ့ ရွမင္ရႈက ဒါေတြအားလုံးထဲ ဆြဲသြင္းခံလိုက္ရတဲ့ အျပစ္မဲ့သားေကာင္တစ္ေယာက္သာျဖစ္တယ္။
အစကအဆုံးထိ သူက သားေကာင္တစ္ေယာက္ျဖစ္ခဲ့တယ္။
"ခင္ဗ်ား ခံစားေနရတာကို ကြၽန္ေတာ္ သိပါတယ္၊ သည္းခံဖို႔ ခက္ေနတာ၊ ခင္ဗ်ားကိုယ္ခင္ဗ်ား အျပစ္တင္ေနတာဆိုေပမယ့္ အားလုံးက ျဖစ္ၿပီးသြားၿပီေလ! ခင္ဗ်ားဖာသာ ႏွိပ္စက္ေနတာကို ကြၽန္ေတာ္ ေဘးကေန ၾကည့္မေနႏိုင္ဘူး!"
"ခင္ဗ်ားနဲ႔အတူ ခံစားေပးႏိုင္တယ္၊ ခင္ဗ်ား ကုစားဖို႔အခ်ိန္လိုတယ္ဆိုရင္ ကြၽန္ေတာ္ ေစာင့္ေပးႏိုင္တယ္၊ ခင္ဗ်ား သူ႔ကို ေျဖးေျဖးခ်င္း ေမ့ေပ်ာက္သြားမယ့္အထိ ေစာင့္ေပးႏိုင္တယ္ ဒါမွမဟုတ္ _ ကြၽန္ေတာ္ ခင္ဗ်ားနဲ႔အတူေနၿပီး သူ႔ကို တစ္သက္လုံး အမွတ္ရေပးေနႏိုင္တယ္!"
"ဒါေပမယ့္ ကြၽန္ေတာ္ ေတာင္းဆိုပါတယ္၊ ခင္ဗ်ားကိုယ္ခင္ဗ်ားေတာ့ လိမ္ညာမေနပါနဲ႔ေတာ့! ကြၽန္ေတာ္တို႔ၾကားမွာ နံရံႀကီးတစ္ခ်ပ္ မခ်ထားပါနဲ႔! ကြၽန္ေတာ္ ေနာက္ဆုတ္ဖို႔ ေ႐ြးျခယ္ခဲ့တယ္... ဘာလို႔လဲဆိုေတာ့ ေရွာင္ဟန္းက ခင္ဗ်ားကို ေပ်ာ္႐ႊင္ေအာင္လုပ္ေပးတဲ့ေနရာမွာ ကြၽန္ေတာ့္ထက္ပိုၿပီး အရည္အခ်င္းျပည့္မွီတယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ခဲ့တာေၾကာင့္ပဲ"
"ဒါေပမယ့္ သူက သူရဲေဘာေၾကာင္တဲ့နည္းကို ေ႐ြးသြားမွေတာ့၊ သူက ခင္ဗ်ားကို ထပ္ၿပီး ေပ်ာ္႐ႊင္မႈမေပးႏိုင္ေတာ့မွေတာ့ ကြၽန္ေတာ့္မွာလည္း ခင္ဗ်ားကို ျပန္ခိုးယူဖို႔ အရည္အခ်င္းေတြရွိေနပါေသးတယ္!"
"ကြၽန္ေတာ့္မွာလည္း စြမ္းေဆာင္ရည္ရွိပါေသးတယ္! ကြၽန္ေတာ္ ခင္ဗ်ားကို ေပ်ာ္ေအာင္လို႔ လုပ္ေပးႏိုင္ပါေသးတယ္!"
"ကြၽန္ေတာ္လည္း ခင္ဗ်ားကို တစ္သက္လုံး ေစာင့္ႏိုင္တယ္! ေရွာင္ဟန္းက ဆယ္ႏွစ္ေစာင့္ႏိုင္ရင္ ကြၽန္ေတာ္လည္း ေစာင့္ႏိုင္တယ္! ခင္ဗ်ား ေပ်ာ္႐ႊင္မႈကို မလိုခ်င္ဘူးဆိုရင္ ကြၽန္ေတာ္လည္း ခင္ဗ်ားနဲ႔အတူ ငရဲကို အေဖာ္လိုက္ေပးဖို႔ အဆင္ေျပတယ္!"
****
သူ႔မ်က္လုံးေတြက တအားလွတယ္။
တကယ့္အလင္းေရာင္နဲ႔ ယွဥ္မယ္ဆိုရင္ေတာင္မွ အဲ့တာက ခမ္းနားစြာ ေတာက္ပေနဆဲျဖစ္တယ္။
အဲ့တာက ကြၽန္ေတာ့္အေပၚ ျဖာက်လာခ်ိန္မွာဆိုရင္ ယွဥ္မရေအာင္နိမ့္က်သြားၿပီး ရွက္႐ြံ႕မႈေၾကာင့္ ပုန္းစရာရွာမရသလိုေတာင္ ခံစားရတယ္။
သူ မမွားဘူး။ သူရဲေဘာေၾကာင္ကာ တစ္ကိုယ္ေကာင္းဆန္ၿပီး ေၾကာက္တတ္တဲ့သူက ကြၽန္ေတာ္သာျဖစ္တယ္။
ရွမင္ရႈရဲ႕ မေရမတြက္ႏိုင္တဲ့တျခားေသာ အရည္အခ်င္းေတြက ကြၽန္ေတာ့္ထက္အမ်ားႀကီးပိုေကာင္းတယ္ဆိုတာကို ဟိုးတုန္းကတည္းက ဝန္ခံခဲ့ၿပီးသားျဖစ္ေပမယ့္ သူ႔ထက္စာရင္ ကြၽန္ေတာ္က ေလာ့ယြီခ်န္ကို ေသခ်ာေပါက္ ပိုၿပီးလုပ္ေဆာင္ေပးႏိုင္တယ္လို႔ အၿမဲတမ္း ထင္မွတ္ခဲ့တယ္။
ဒါေပမယ့္ အဆုံးက်ေတာ့ ကြၽန္ေတာ္ ဘယ္လိုလုပ္ခဲ့သလဲ? ဒီတိုင္း ႐ိုး႐ိုးေလးေစာင့္ေနၿပီး သူ႔ကို ဇြဲေကာင္းေကာင္းနဲ႔ ၾကည့္ေနတာ_ ဒါေပမယ့္ ဒီဟာ၊ ေလာ့ယြီခ်န္အတြက္ ကြၽန္ေတာ္လုပ္ေပးႏိုင္တဲ့ တစ္ခုတည္းေသာအရာကို ရွမင္ရႈလည္း လုပ္ႏိုင္ေနတယ္။
သူလည္း ေစာင့္ႏိုင္တယ္၊ ၿပီးေတာ့ ကြၽန္ေတာ့္ထက္ေတာင္ ပိုၿပီး ေစာင့္ႏိုင္ေလာက္ေသးတယ္။
ကြၽန္ေတာ့္အတြက္ ေစာင့္ဆိုင္းရတယ္ဆိုတာ ေၾကာက္စရာေကာင္းတဲ့အရာတစ္ခုျဖစ္တယ္။ ပူျပင္းတဲ့ေရထဲမွာ တျဖည္းျဖည္းခ်င္း အခ်က္ခံေနရတဲ့ ဖားတစ္ေကာင္လိုမ်ိဳး ေဝဒနာခံစားၿပီး ႐ုန္းကန္ေနတာေတြၾကားမွာ ေသျခင္းတရားက တျဖည္းျဖည္း နီးကပ္လာတာမ်ိဳးျဖစ္တယ္။
ဒါေပမယ့္ ရွမင္ရႈကေတာ့ ကြၽန္ေတာ္နဲ႔ ကြာျခားတယ္။ မဟုတ္မွ ခပ္ျမန္ျမန္ပဲ တိမ္ကင္းစင္ၿပီး လေရာင္ျဖာက်တဲ့ေန႔ကို ျမင္ႏိုင္ေလာက္တယ္။
ေနာက္ၿပီး အရမ္းကိုျမန္ဆန္စြာ ေလာ့ယြီခ်န္လည္း ႏိုးထလာၿပီး ကြၽန္ေတာ့္ကို ႐ူးေၾကာင္ေၾကာင္နဲ႔ တမ္းတခဲ့တာေတြအားလုံးက အေႂကြးရွိသလိုအျပစ္မကင္းမႈသာျဖစ္တယ္ဆိုတဲ့ နားလည္မႈလြဲမွားမႈတစ္ခုကို သတိျပဳမိသြားေလာက္တယ္။
ကြၽန္ေတာ့္ရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့ႏွလုံးသားထဲမွာ သနားစရာမေကာင္းတဲ့ကြၽန္ေတာ္က သူ႔အတြက္ ႏႈိင္းဆမရစြာ စိတ္ဓာတ္က်ေနမိတယ္ဆိုေပမယ့္ ခိုးေၾကာင္ခိုးဝွက္နဲ႔ စက္ဆုပ္စရာေကာင္းစြာ ဒီလိုမ်ိဳးအခ်စ္ဆိုတဲ့ ထုတ္ျပန္ခ်က္အေပၚ ေက်နပ္ေနမိတယ္။
စိတ္ကူးယဥ္မႈေတြၾကားမွာ ေနထိုင္ေနတာ ေတာ္သင့္ၿပီ။
သူ႔မ်က္လုံးေရွ႕မွာရွိတဲ့ ဒီလိုမ်ိဳးေတာက္ပလင္းလက္ေနတဲ့လူကို ေက်ာ္ၿပီး ရာသီဥတုဒဏ္ကို မျပတ္ခံထားရတဲ့ ကြၽန္ေတာ့္လိုလူကို ေ႐ြးျခယ္မယ္ဆိုၿပီး ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္ ဘဝင္ျမင့္ႏိုင္ရတာလဲ။
အခုခ်ိန္မွာ ရွမင္ရႈကို ျငင္းႏိုင္မယ့္လူ ဘယ္သူမွမရွိေလာက္ဘူးဆိုတာ ကြၽန္ေတာ္ယုံတယ္။
ေလာ့ယြီခ်န္က လုံးဝကို မလႈပ္မယွက္ေနေနၿပီး ရွမင္ရႈရဲ႕ ေသလုနီးပါးျဖဴဖတ္ေနတဲ့မ်က္ႏွာကို တစ္ခ်က္ကေလးေတာင္ ဂ႐ုမစိုက္ဘဲ 'ေရွာင္ဟန္း အသက္ရွင္ေနေသးတယ္' ဆိုတာမ်ိဳးေတြကို ေျပာေနေသးတယ္ဆိုေပမယ့္ သူ႔မ်က္ႏွာမွာေတာ့ ျမင္သာလွတဲ့ စိုးရိမ္မႈနဲ႔ ဝမ္းနည္းမႈေတြ ဗလပြျဖစ္ေနတယ္။
တကယ့္တကယ္ေတာ့ သူ ျငင္းပယ္ေနတာမဟုတ္မွန္း ကြၽန္ေတာ္သိတယ္။ သူ အမွန္တကယ္ စစ္မွန္စြာနဲ႔ ကြၽန္ေတာ္ တကယ္အသက္ရွင္ေနေသးတယ္ဆိုတာ ယုံၾကည္ခဲ့တယ္။
ဒါေပမယ့္ အဲ့ညသာမရွိခဲ့ရင္ အခုခ်ိန္မွာ သူက... ရွမင္ရႈေျပာတာကို လက္ခံလိုက္မွာလား?
အေျဖကို ကြၽန္ေတာ္လည္း မသိဘူး။
****
အဆုံးမွာေတာ့ ေလာ့ယြီခ်န္တစ္ေယာက္ စိတ္ပညာရွင္ဆီ ဆြဲေခၚျခင္းခံလိုက္ရတယ္။
ဆရာဝန္ရဲ႕သုံးသပ္ခ်က္က : အားျပင္းတဲ့ စိတ္ပိုင္းဆိုင္ရာ တုန္လႈပ္မႈေၾကာင့္ ရလဒ္အေနနဲ႔ မသိလိုက္မသိဖာသာ လက္ေတြ႕ကို ေရွာင္ေျပးေနၿပီး အေပၚယံထင္ေယာင္ထင္မွားအရာတခ်ိဳ႕ကို ျဖစ္ေပၚေစတာ တဲ့။
ေလာ့ယြီခ်န္ရဲ႕ တုန႔္ျပန္မႈကေတာ့ စကားလုံးေလးလုံးသာျဖစ္တယ္ : ေသာက္ေရးမပါတာ
သူက လက္ေတြ႕ကို လက္ခံဖို႔ ျငင္းဆန္တဲ့အထိေတာ့ ျဖစ္တယ္ဆိုေပမယ့္ ထင္ေယာင္ထင္မွားျဖစ္တာေတြအထိ မဟုတ္ေသးဘူး။
ထိုေန႔ညတုန္းက ကြၽန္ေတာ္ သူ႔ကို ေနာက္ဆုံးအႀကိမ္ ေပြ႕ဖက္ခဲ့ခ်ိန္မွာ စစ္မွန္တဲ့ထိေတြ႕မႈက တကယ့္လက္ေတြ႕ဆိုတာကို ကြၽန္ေတာ္တို႔ႏွစ္ေယာက္သာ အတည္ျပဳႏိုင္တယ္။
ဒါက အမွန္တကယ္ျဖစ္ခဲ့တာျဖစ္ၿပီး သူကလည္း ေလးေလးနက္နက္ မွတ္မိေနခဲ့တယ္။
အလုပ္ရွိတာေၾကာင့္ ရွမင္ရႈ ေနာက္တစ္ေခါက္ ခဏ ထြက္သြားရျပန္တယ္။
ေလာ့ယြီခ်န္ကို ထားခဲ့ရမွာ သူ စိတ္မေအးႏိုင္ဘဲ ဒီလိုအေျခအေနက သူတို႔အတြက္ ေရခဲလႊာပါးပါးေပၚမွာ တင္ေပးထားသလိုျဖစ္ေနတယ္ဆိုတာ ဘယ္သူမဆို ျမင္ႏိုင္တယ္။ ဒါေပမယ့္ ကုမၸဏီက စီစဥ္ေပးမႈတခ်ိဳ႕ေၾကာင့္ ေလာ့ယြီခ်န္ေလာက္ မေအာင္ျမင္တဲ့ ရွမင္ရႈခမ်ာ ဂ႐ုမစိုက္ဘဲ ျငင္းပယ္လိုက္တာမ်ိဳးကို မလုပ္ရဲဘူး။
ထြက္မသြားခင္ သူ ေမးလာတယ္ "ခင္ဗ်ား ေရွာင္ဟန္းအတြက္ သိမ္းထားတဲ့ ေမြးေန႔လက္ေဆာင္ကို ခင္ဗ်ားကိုယ္တိုင္ သူ႔ကို ေပးခ်င္လား?"
ေလာ့ယြီခ်န္က ၿပဳံးၿပီး ေခါင္းၿငိတ္ျပလိုက္တယ္။
ဒီလိုေမးလိုက္တယ္ဆိုတာ သူ ဧၿပီလမွာ ျပန္ေရာက္လာတဲ့အခ်ိန္ သက္ရွိထင္ရွားရွိေနဆဲ ေလာ့ယြီခ်န္ကို ျမင္ေတြ႕ရလိမ့္မယ္လို႔ ရွမင္ရႈ ေသခ်ာခ်င္တာေၾကာင့္ျဖစ္တယ္။
ရွမင္ရႈထြက္သြားၿပီးတဲ့ေနာက္ ေလာ့ယြီခ်န္ရဲ႕ ႐ူးသြပ္တဲ့အေတြးေတြနဲ႔ စကားလုံးေတြကို လိုက္ေလ်ာေပးမယ့္သူ ဘယ္သူမွမရွိေတာ့ဘူး။
သူ အေတာ္ၾကာတိတ္က်သြားၿပီး ပိုလို႔ေတာင္ ပုံမွန္ျဖစ္ေနပုံေပၚတယ္။
သူက သူနဲ႔ရွမင္ရႈတို႔ ခ်ားေပၚမွာ ႐ိုက္ထားတဲ့ ခရစ္စမတ္ဓာတ္ပုံကို ကိုင္ထားဆဲျဖစ္ၿပီး အဲ့တာကို စိုက္ၾကည့္ကာ တစ္ခါတစ္ေလ ၿပဳံးေနၿပီး တခ်ိဳ႕အခ်ိန္ေတြမွာေတာ့ မ်က္ေမွာင္ၾကဳတ္ေနတတ္တယ္။
တစ္ေန႔ေတာ့ ကြၽန္ေတာ္ ေသခ်ာေလး ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ေတာ့မွသာ သူ႔လက္ေခ်ာင္းေတြက ဘယ္ေနရာကို ပြတ္သပ္ေနတာလဲဆိုတာကို သိလိုက္ရတယ္။
ျဖစ္ခ်င္ေတာ့ သူတို႔ႏွစ္ေယာက္ ေပ်ာ္႐ႊင္စြာ ၿပဳံးေနၾကတဲ့မ်က္ႏွာေတြရဲ႕အေနာက္ ေထာင့္နားေလးမွာ ကြၽန္ေတာ့္ရဲ႕ပုံျဖစ္ေနတယ္။
ဂ႐ုတစိုက္မၾကည့္ရင္ ျမင္မွာမဟုတ္ေလာက္တဲ့ ပုံရိပ္တစ္ခုဆိုေပမယ့္ ကြၽန္ေတာ့္ရဲ႕အမူအယာကေတာ့ ျမင္သာေလာက္တဲ့အထိ ရွင္းလင္းေနတယ္။
ကြၽန္ေတာ္က တည္ၿငိမ္ၿပီး အဖတ္မလုပ္ဟန္ေဆာင္ခဲ့ေပမယ့္ တကယ္ေတာ့ သူတို႔ကို ႐ႊန္း႐ႊန္းစားစားနဲ႔ အထီးက်န္အားက်စြာ ခိုးၾကည့္ေနခဲ့တာျဖစ္တယ္။
ကင္မရာမွာ ဖမ္းမိလိုက္တဲ့အခါမွာေတာ့ ေန႔အခ်ိန္လို ဘြင္းဘြင္းရွင္းရွင္းႀကီး ျဖစ္ေနေတာ့တယ္။
အဲ့လိုဆိုး႐ြားတဲ့စိတ္အေျခအေနကို ကြၽန္ေတာ္တစ္ေယာက္တည္း သိေလာက္တယ္လို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္း ကင္မရာမွာမိသြားၿပီး ထာဝရေမ့မရျဖစ္ေစခဲ့တယ္။
ေနာက္ၿပီး ေလာ့ယြီခ်န္က အဲ့တာကို ၾကည့္ကာ တသသလြမ္းဆြတ္ရင္းနဲ႔ အတိတ္ကကြၽန္ေတာ့္ကို ႏူးႏူးညံ့ညံ့ေလး ပြတ္ေပးေနခဲ့တယ္။
တကယ္ ကေမာက္ကမႏိုင္လြန္းတယ္။ အခုခ်ိန္မွာ အဲ့လိုမထင္မရွားေထာင့္နားေလးကေတာင္ အဖိုးတန္ေနၿပီ။
ဒါေပမယ့္ အစကတည္းက ကြၽန္ေတာ့္ရဲ႕ဓာတ္ပုံေတြအားလုံးကို မီးရႈိ႕ျပာခ်လိုက္တာကလည္း သူသာျဖစ္တယ္။
ထိုအမွတ္တရေတြအားလုံးကို ေလာ့ယြီခ်န္ မီးျပင္းဖိုထဲ ခက္ထန္တဲ့အသြင္နဲ႔ ပစ္ခ်ခဲ့တုန္းက ကြၽန္ေတာ္ ျမင္ေတြ႕ခဲ့ရတာဆိုလို႔ သူ႔ရဲ႕ေအးစက္ၿပီး အညႇာအတာမဲ့တဲ့ လ်စ္လ်ဴရႈမႈသာျဖစ္တယ္။
ဒီလိုဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္က တကယ္ေတာ့ သူအေလးထားခဲ့တာေၾကာင့္ဆိုတာကို ကြၽန္ေတာ္ ဘယ္တုန္းကမွ မထင္ခဲ့မိဘူး။
သူ႔လိုလူစားမ်ိဳးက ဟိုးတုန္းကတည္းက သူ႔ရဲ႕ခံစားခ်က္ေတြကို ေသေသခ်ာခ်ာ ေဖာ္ျပရတဲ့ေနရမွာ ဘယ္တုန္းကမွ ေကာင္းေကာင္းမြန္မြန္မရွိခဲ့ဘူး။
အခ်စ္ျဖစ္ျဖစ္ အမုန္းျဖစ္ျဖစ္ ႏွစ္ခုစလုံးက လူေတြကို တစ္ဖက္လူအေၾကာင္း မရပ္မနားေတြးေနေစတဲ့ အားေကာင္းတဲ့ခံစားခ်က္ေတြျဖစ္တယ္။
အဲ့တာေၾကာင့္ အခ်စ္နဲ႔အမုန္းၾကားမွာ အလႊာပါးေလးတစ္ခုသာျခားတယ္ဆိုၿပီး လူေတြမၾကာခဏ ေျပာၾကတာျဖစ္တယ္။
သူ ကြၽန္ေတာ့္ကို အရမ္းမုန္းတီးခဲ့တာေၾကာင့္ တစ္ေန႔မွာ ႐ုတ္တရက္ႀကီး ကြၽန္ေတာ့္မွာလည္း ခ်စ္စရာေကာင္းတဲ့အခ်က္ေလးတစ္ခ်ိဳ႕ ရွိတယ္ဆိုတာကို သတိျပဳမိသြားတာလည္း ျဖစ္ႏိုင္တယ္။
အေၾကာင္းျပခ်က္က ဘာပဲျဖစ္ေနပါေစ သူကြၽန္ေတာ့္ကို ဒီေလာက္ထိ စိတ္အားထက္သန္စြာ ၾကည့္ေနတဲ့အခ်က္နဲ႔တင္ ကြၽန္ေတာ့္အတြက္ လုံေလာက္ေနၿပီ။
တစ္ခါက ဘယ္လိုပဲျဖစ္ခဲ့ျဖစ္ခဲ့၊ အနာဂတ္မွာ ဘယ္လိုပဲ ျဖစ္လာျဖစ္လာ၊ သူကြၽန္ေတာ့္ကို တကယ္ခ်စ္တာ ဒါမွမဟုတ္ ဒီတိုင္းအျပစ္မကင္းသလိုခံစားရတာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္ကို စိတ္သက္သာရာရေစဖို႔ လုံေလာက္ေနၿပီျဖစ္တယ္။
ဒါေပမယ့္ အခုခ်ိန္မွာ ကြၽန္ေတာ္ ႐ုတ္တရက္မွတ္မိလိုက္တယ္ _ ေလာ့ယြီခ်န္ ကြၽန္ေတာ့္ရဲ႕ဆယ္ႏွစ္စာစာခ်ဳပ္ကို သေဘာတူခဲ့တဲ့ေန႔၊ ကြၽန္ေတာ္တို႔ ဒီအိမ္ကို အတူေျပာင္းလာတဲ့ေန႔၊ ကြၽန္ေတာ္ ဒီတူညီတဲ့ေနရာမွာပဲ ရပ္ၿပီး သူ႔ရဲ႕လက္ကို ကိုင္ထားရင္းနဲ႔ ကတိတစ္ခုျပဳခဲ့တယ္။
ကြၽန္ေတာ္ ကတိျပဳခဲ့တာက ကြၽန္ေတာ္ ဘယ္ေလာက္ပဲ လုံ႔လစိုက္ထုတ္ရပါေစ၊ ကြၽန္ေတာ္ ဘယ္ေလာက္ပဲ အခ်ိန္ကုန္ပါေစ တစ္ေန႔မွာ သူလည္း ကြၽန္ေတာ့္ကို ျပန္ခ်စ္လာေအာင္ လုပ္ႏိုင္ၿပီး အဲ့လိုျဖစ္တဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္က သူ႔ကို ကမာၻေပၚမွာ အေပ်ာ္ဆုံးလူသားတစ္ေယာက္ျဖစ္ေအာင္ လုပ္ေပးမယ္ဆိုတဲ့ ကတိျဖစ္တယ္။
အဲ့တာက ဟိုးတုန္းကတည္းက ကြၽန္ေတာ့္ရဲ႕ပန္းတိုင္ျဖစ္ခဲ့တယ္ဆိုတာ အရွင္းသားႀကီးပဲဆိုေပမယ့္ ရလဒ္ကေရာ?
အဆုံးသတ္ ကြၽန္ေတာ္ အဲ့ဓားကို ကိုင္ထားခ်ိန္မွာ မသိရင္ တစ္ေလာကလုံးအေပၚမွာ ကြၽန္ေတာ္က ႀကီးမားတဲ့အေႂကြးတစ္ခုတင္က်န္ေနသလိုမ်ိဳး ကြၽန္ေတာ့္ဆီမွာ စိတ္အားငယ္မႈေတြ၊ နာၾကည္းမႈေတြ၊ မေက်နပ္ခ်က္ေတြနဲ႔ ကိုယ့္ကိုယ္ကို ေလွာင္ေျပာင္မႈေတြသာ ျပည့္ႏွက္ေနခဲ့တယ္။
ဒါေပမယ့္ ေလာ့ယြီခ်န္ကို ေပ်ာ္႐ႊင္မႈေပးမယ္ဆိုၿပီး အားတက္သေရာ ကတိျပဳခဲ့တာကို ကြၽန္ေတာ္ ဘယ္လိုလုပ္ၿပီး ေမ့သြားခဲ့ရတာလဲ?
ကြၽန္ေတာ္ကိုယ္တိုင္ သူ႔ကို ေပးမယ္လို႔ ကတိျပဳခဲ့တဲ့ ေပ်ာ္႐ႊင္မႈကေရာဘာလဲ?
သူမလိုခ်င္ဘူးဆိုရင္ ကြၽန္ေတာ့္မွာ သူ႔ကိုအျပစ္တင္ဖို႔ ဘာလုပ္ပိုင္ခြင့္မွ မရွိဘူး။ ဒါေပမယ့္ သူလိုခ်င္ရင္ေတာင္ အခု ကြၽန္ေတာ့္မွာ ကြၽန္ေတာ့္ရဲ႕ကတိကို ဆက္မထိန္းသိမ္းႏိုင္ေတာ့တာေၾကာင့္ သူ႔ကို ဘယ္လိုလုပ္ေပးရေတာ့မွာလဲ?
****
ေလာ့ယြီခ်န္က ထိုဓာတ္ပုံကိုၾကည့္ေနဆဲျဖစ္ၿပီး အေတြးေတြက အေဝးကို လြင့္ေျမာေနပုံရတယ္။
႐ုတ္တရက္ တစ္စုံတစ္ရာကို ေတြးမိသြားပုံေပၚၿပီး ဆိုဖာေပၚက ခုန္ထကာ စားပြဲေပၚက ေဘာင္ခတ္ထားတဲ့ဓာတ္ပုံကို ေကာက္ဆြဲလိုက္တယ္။
ေဘာင္ထဲမွာ သူနဲ႔ရွမင္ရႈတို႔ရဲ႕ ဓာတ္ပုံတစ္ပုံရွိေနေပမယ့္ သူ႔ရဲ႕သြယ္လ်လ်လက္ေခ်ာင္းေတြက တုန္ရီေနၿပီး အေသအခ်ာ ဂ႐ုတစိုက္နဲ႔ အေနာက္မွာ ဖိခ်ထားတဲ့ ဓာတ္ပုံကို ဆြဲထုတ္လိုက္တယ္။
သူက အဲ့တာကို အဖိုးတန္ရတနာတစ္ခုလို လက္ဖဝါးထဲထည့္ကိုင္ထားၿပီး မ်က္လုံးေတြက အလင္းေရာင္ဖိတ္လွ်ံက်ေတာ့မလို အလြန္တရာေတာက္ပေနေတာ့တယ္။
အၿမဲလို ပ်င္းရိၿပီး အစီစဥ္တက်မရွိတာေၾကာင့္ သူက ဒီတိုင္း ဓာတ္ပုံေဟာင္းေပၚမွာ အသစ္တစ္ခုထပ္တင္ခဲ့တာျဖစ္ၿပီး အေမ့ေပ်ာက္ႏိုင္ဆုံးေနရာက အလုံၿခဳံဆုံးေနရာတစ္ခု ျဖစ္လာလိမ့္မယ္လို႔ ဘယ္တုန္းကမွ စိတ္မကူးမိခဲ့ဘဲ ဒီဓာတ္ပုံက သူ ကြၽန္ေတာ့္ရဲ႕အေငြ႕အသက္ေတြအားလုံးကို ရွင္းထုတ္ပစ္ခ်ိန္မွာ လြတ္ေျမာက္ၿပီး က်န္ေနခဲ့တာျဖစ္တယ္။
ဒါက ဆယ္ႏွစ္တာ ကြၽန္ေတာ္တို႔အိမ္ထဲမွာ ေနရာယူခဲ့တဲ့ ဓာတ္ပုံေလးျဖစ္တယ္။
ဓာတ္ပုံထဲမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး ဆယ့္ေျခာက္ႏွစ္ဝန္းက်င္သာ ရွိေသးၿပီး ပန္းခင္းတစ္ခုထဲမွာ ကြၽန္ေတာ္က သူ႔ကိုမွီထားရင္း ၿပဳံးကာ ေနၾကာပန္းေတြကို သေဘာတက်ျဖစ္ေနခဲ့တာျဖစ္တယ္။
ဒါက ေတာ္ေတာ့္ကိုၾကာေညာင္းေနၿပီျဖစ္တယ္။
ထိုအခ်ိန္တုန္းက ဘယ္အရာမွ အစမပ်ိဳးလာေသးသလို ဘယ္အရာမွလည္း မေျပာင္းလဲေသးဘူး။
ေသာကတစိုးတစိေတာင္မရွိဘဲ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး အလြန္ကိုျဖဴစင္စြာ ၿပဳံးေနခဲ့ၾကတယ္။
ထိုအခိုက္မွာ အခ်ိန္ေတြ ရပ္တန႔္သြားခဲ့ရင္ ေကာင္းမယ္။ ဒါဆို သူလည္း ကြၽန္ေတာ့္ရဲ႕ခံစားခ်က္အမွန္ေတြကို ဘယ္ေတာ့မွ သိသြားမွာမဟုတ္သလို ကြၽန္ေတာ့္ေၾကာင့္ ဝမ္းနည္းတာ ဒါမွမဟုတ္ ရင္ကြဲနာက်ရတာမ်ိဳး ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး။
_____
{Unicode}
[ အကျဉ်းချုပ် : အချစ်နဲ့ အမုန်းကြားမှာ အလွှာပါးလေးတစ်ခုရှိတယ် ]
•ရှောင်ဟန်း•
လော့ယွီချန် ခေါင်းယမ်းနေတုန်းပဲ။
ရှမင်ရှုက ရုတ်တရက် လွှားခနဲခုန်ကာ သူ့ကိုဖက်လိုက်တယ်။ တင်းကျပ်လွန်းတာကြောင့် သူ့အတွက် ရုန်းဖို့ နေရာလွတ်လေးတောင် မရှိဘူး။
သူ့(လော့ယွီချန်)နားရွက်နားမှာ အံကိုတင်းတင်းကြိတ်ထားပြီး ထပ်ခါတလဲလဲ ပြောနေတော့တယ် "လော့ယွီချန် လော့ယွီချန် ခင်ဗျားမှာ ကျွန်တော် ရှိပါသေးတယ်..."
လော့ယွီချန် တုန်လှုပ်နေပြီး သူ့အမူအယာက ဗလာဖြစ်နေတယ်။
"ခင်ဗျားမှာ ကျွန်တော် ရှိပါသေးတယ်! ကျွန်တော် ခင်ဗျားဘေးမှာ အမြဲရှိတယ်!"
နောက်ဆုံးတော့ သူ့နှလုံးသားထဲမှာ အစစ်အမှန်ဖြစ်နေတာကို ပြောနိုင်ခဲ့ပြီ။
သူ့ဘက်က သူငယ်ချင်းတစ်ယောက်အဖြစ် နောက်တစ်လှမ်းဆုတ်ကာ ကိစ္စတွေကို တိတ်တိတ်လေးသာ ကြည့်နေချင်ခဲ့တယ်ဆိုပေမယ့် အဲ့တာက သူ့အတွက် ဒီခံစားချက်တွေကို လက်လွှတ်လိုက်ပြီလို့ မဆိုလိုဘူး။
လော့ယွီချန် ပြန်လှည့်လာမှာ၊ တစ်ဖက်လူ လမ်းမှန်ပြန်ရောက်လာမယ့်နေ့ကို ရိုးရိုးလေး စောင့်နေတာဖြစ်တယ်။
သူလည်း သိပ်ကိုအကြာကြီး အောင့်အီးခဲ့ရတယ်။
ကျွန်တော်ကိုယ်တိုင် သူ့နေရာမှာ အစားထိုးဝင်ကြည့်လိုက်တော့ ရှမင်ရှုရဲ့လုပ်ရပ်တွေအားလုံးကို နားလည်ခဲ့ရတယ်။
ဘာကြောင့်ဆို ကျွန်တော်လည်း တစ်ချိန်က သူ့နေရာမှာဖြစ်ခဲ့ဖူးတယ်။
ကျွန်တော် ဆယ်နှစ်လုံးလုံး လော့ယွီချန် ပြန်လှည့်လာမှာကို စောင့်နေခဲ့တယ်။
လူတိုင်းက... တကယ့်ကို ရူးသွပ်နေကြတယ်။
ခင်ဗျားတို့သာ ကျွန်တော့်ကို ကိုယ်စိုက်ပျိုးခဲ့တာအတွက် ကိုယ်ပြန်ရိတ်သိမ်းရတာလို့ ပြောမယ်ဆိုရင် တကယ်တော့ ရှမင်ရှုက ဒါတွေအားလုံးထဲ ဆွဲသွင်းခံလိုက်ရတဲ့ အပြစ်မဲ့သားကောင်တစ်ယောက်သာဖြစ်တယ်။
အစကအဆုံးထိ သူက သားကောင်တစ်ယောက်ဖြစ်ခဲ့တယ်။
"ခင်ဗျား ခံစားနေရတာကို ကျွန်တော် သိပါတယ်၊ သည်းခံဖို့ ခက်နေတာ၊ ခင်ဗျားကိုယ်ခင်ဗျား အပြစ်တင်နေတာဆိုပေမယ့် အားလုံးက ဖြစ်ပြီးသွားပြီလေ! ခင်ဗျားဖာသာ နှိပ်စက်နေတာကို ကျွန်တော် ဘေးကနေ ကြည့်မနေနိုင်ဘူး!"
"ခင်ဗျားနဲ့အတူ ခံစားပေးနိုင်တယ်၊ ခင်ဗျား ကုစားဖို့အချိန်လိုတယ်ဆိုရင် ကျွန်တော် စောင့်ပေးနိုင်တယ်၊ ခင်ဗျား သူ့ကို ဖြေးဖြေးချင်း မေ့ပျောက်သွားမယ့်အထိ စောင့်ပေးနိုင်တယ် ဒါမှမဟုတ် _ ကျွန်တော် ခင်ဗျားနဲ့အတူနေပြီး သူ့ကို တစ်သက်လုံး အမှတ်ရပေးနေနိုင်တယ်!"
"ဒါပေမယ့် ကျွန်တော် တောင်းဆိုပါတယ်၊ ခင်ဗျားကိုယ်ခင်ဗျားတော့ လိမ်ညာမနေပါနဲ့တော့! ကျွန်တော်တို့ကြားမှာ နံရံကြီးတစ်ချပ် မချထားပါနဲ့! ကျွန်တော် နောက်ဆုတ်ဖို့ ရွေးခြယ်ခဲ့တယ်... ဘာလို့လဲဆိုတော့ ရှောင်ဟန်းက ခင်ဗျားကို ပျော်ရွှင်အောင်လုပ်ပေးတဲ့နေရာမှာ ကျွန်တော့်ထက်ပိုပြီး အရည်အချင်းပြည့်မှီတယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာကြောင့်ပဲ"
"ဒါပေမယ့် သူက သူရဲဘောကြောင်တဲ့နည်းကို ရွေးသွားမှတော့၊ သူက ခင်ဗျားကို ထပ်ပြီး ပျော်ရွှင်မှုမပေးနိုင်တော့မှတော့ ကျွန်တော့်မှာလည်း ခင်ဗျားကို ပြန်ခိုးယူဖို့ အရည်အချင်းတွေရှိနေပါသေးတယ်!"
"ကျွန်တော့်မှာလည်း စွမ်းဆောင်ရည်ရှိပါသေးတယ်! ကျွန်တော် ခင်ဗျားကို ပျော်အောင်လို့ လုပ်ပေးနိုင်ပါသေးတယ်!"
"ကျွန်တော်လည်း ခင်ဗျားကို တစ်သက်လုံး စောင့်နိုင်တယ်! ရှောင်ဟန်းက ဆယ်နှစ်စောင့်နိုင်ရင် ကျွန်တော်လည်း စောင့်နိုင်တယ်! ခင်ဗျား ပျော်ရွှင်မှုကို မလိုချင်ဘူးဆိုရင် ကျွန်တော်လည်း ခင်ဗျားနဲ့အတူ ငရဲကို အဖော်လိုက်ပေးဖို့ အဆင်ပြေတယ်!"
****
သူ့မျက်လုံးတွေက တအားလှတယ်။
တကယ့်အလင်းရောင်နဲ့ ယှဉ်မယ်ဆိုရင်တောင်မှ အဲ့တာက ခမ်းနားစွာ တောက်ပနေဆဲဖြစ်တယ်။
အဲ့တာက ကျွန်တော့်အပေါ် ဖြာကျလာချိန်မှာဆိုရင် ယှဉ်မရအောင်နိမ့်ကျသွားပြီး ရှက်ရွံ့မှုကြောင့် ပုန်းစရာရှာမရသလိုတောင် ခံစားရတယ်။
သူ မမှားဘူး။ သူရဲဘောကြောင်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ကြောက်တတ်တဲ့သူက ကျွန်တော်သာဖြစ်တယ်။
ရှမင်ရှုရဲ့ မရေမတွက်နိုင်တဲ့တခြားသော အရည်အချင်းတွေက ကျွန်တော့်ထက်အများကြီးပိုကောင်းတယ်ဆိုတာကို ဟိုးတုန်းကတည်းက ဝန်ခံခဲ့ပြီးသားဖြစ်ပေမယ့် သူ့ထက်စာရင် ကျွန်တော်က လော့ယွီချန်ကို သေချာပေါက် ပိုပြီးလုပ်ဆောင်ပေးနိုင်တယ်လို့ အမြဲတမ်း ထင်မှတ်ခဲ့တယ်။
ဒါပေမယ့် အဆုံးကျတော့ ကျွန်တော် ဘယ်လိုလုပ်ခဲ့သလဲ? ဒီတိုင်း ရိုးရိုးလေးစောင့်နေပြီး သူ့ကို ဇွဲကောင်းကောင်းနဲ့ ကြည့်နေတာ_ ဒါပေမယ့် ဒီဟာ၊ လော့ယွီချန်အတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာကို ရှမင်ရှုလည်း လုပ်နိုင်နေတယ်။
သူလည်း စောင့်နိုင်တယ်၊ ပြီးတော့ ကျွန်တော့်ထက်တောင် ပိုပြီး စောင့်နိုင်လောက်သေးတယ်။
ကျွန်တော့်အတွက် စောင့်ဆိုင်းရတယ်ဆိုတာ ကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ ပူပြင်းတဲ့ရေထဲမှာ တဖြည်းဖြည်းချင်း အချက်ခံနေရတဲ့ ဖားတစ်ကောင်လိုမျိုး ဝေဒနာခံစားပြီး ရုန်းကန်နေတာတွေကြားမှာ သေခြင်းတရားက တဖြည်းဖြည်း နီးကပ်လာတာမျိုးဖြစ်တယ်။
ဒါပေမယ့် ရှမင်ရှုကတော့ ကျွန်တော်နဲ့ ကွာခြားတယ်။ မဟုတ်မှ ခပ်မြန်မြန်ပဲ တိမ်ကင်းစင်ပြီး လရောင်ဖြာကျတဲ့နေ့ကို မြင်နိုင်လောက်တယ်။
နောက်ပြီး အရမ်းကိုမြန်ဆန်စွာ လော့ယွီချန်လည်း နိုးထလာပြီး ကျွန်တော့်ကို ရူးကြောင်ကြောင်နဲ့ တမ်းတခဲ့တာတွေအားလုံးက အကြွေးရှိသလိုအပြစ်မကင်းမှုသာဖြစ်တယ်ဆိုတဲ့ နားလည်မှုလွဲမှားမှုတစ်ခုကို သတိပြုမိသွားလောက်တယ်။
ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့နှလုံးသားထဲမှာ သနားစရာမကောင်းတဲ့ကျွန်တော်က သူ့အတွက် နှိုင်းဆမရစွာ စိတ်ဓာတ်ကျနေမိတယ်ဆိုပေမယ့် ခိုးကြောင်ခိုးဝှက်နဲ့ စက်ဆုပ်စရာကောင်းစွာ ဒီလိုမျိုးအချစ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် ကျေနပ်နေမိတယ်။
စိတ်ကူးယဉ်မှုတွေကြားမှာ နေထိုင်နေတာ တော်သင့်ပြီ။
သူ့မျက်လုံးရှေ့မှာရှိတဲ့ ဒီလိုမျိုးတောက်ပလင်းလက်နေတဲ့လူကို ကျော်ပြီး ရာသီဥတုဒဏ်ကို မပြတ်ခံထားရတဲ့ ကျွန်တော့်လိုလူကို ရွေးခြယ်မယ်ဆိုပြီး ကျွန်တော် ဘယ်လောက်တောင် ဘဝင်မြင့်နိုင်ရတာလဲ။
အခုချိန်မှာ ရှမင်ရှုကို ငြင်းနိုင်မယ့်လူ ဘယ်သူမှမရှိလောက်ဘူးဆိုတာ ကျွန်တော်ယုံတယ်။
လော့ယွီချန်က လုံးဝကို မလှုပ်မယှက်နေနေပြီး ရှမင်ရှုရဲ့ သေလုနီးပါးဖြူဖတ်နေတဲ့မျက်နှာကို တစ်ချက်ကလေးတောင် ဂရုမစိုက်ဘဲ 'ရှောင်ဟန်း အသက်ရှင်နေသေးတယ်' ဆိုတာမျိုးတွေကို ပြောနေသေးတယ်ဆိုပေမယ့် သူ့မျက်နှာမှာတော့ မြင်သာလှတဲ့ စိုးရိမ်မှုနဲ့ ဝမ်းနည်းမှုတွေ ဗလပွဖြစ်နေတယ်။
တကယ့်တကယ်တော့ သူ ငြင်းပယ်နေတာမဟုတ်မှန်း ကျွန်တော်သိတယ်။ သူ အမှန်တကယ် စစ်မှန်စွာနဲ့ ကျွန်တော် တကယ်အသက်ရှင်နေသေးတယ်ဆိုတာ ယုံကြည်ခဲ့တယ်။
ဒါပေမယ့် အဲ့ညသာမရှိခဲ့ရင် အခုချိန်မှာ သူက... ရှမင်ရှုပြောတာကို လက်ခံလိုက်မှာလား?
အဖြေကို ကျွန်တော်လည်း မသိဘူး။
****
အဆုံးမှာတော့ လော့ယွီချန်တစ်ယောက် စိတ်ပညာရှင်ဆီ ဆွဲခေါ်ခြင်းခံလိုက်ရတယ်။
ဆရာဝန်ရဲ့သုံးသပ်ချက်က : အားပြင်းတဲ့ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကြောင့် ရလဒ်အနေနဲ့ မသိလိုက်မသိဖာသာ လက်တွေ့ကို ရှောင်ပြေးနေပြီး အပေါ်ယံထင်ယောင်ထင်မှားအရာတချို့ကို ဖြစ်ပေါ်စေတာ တဲ့။
လော့ယွီချန်ရဲ့ တုန့်ပြန်မှုကတော့ စကားလုံးလေးလုံးသာဖြစ်တယ် : သောက်ရေးမပါတာ
သူက လက်တွေ့ကို လက်ခံဖို့ ငြင်းဆန်တဲ့အထိတော့ ဖြစ်တယ်ဆိုပေမယ့် ထင်ယောင်ထင်မှားဖြစ်တာတွေအထိ မဟုတ်သေးဘူး။
ထိုနေ့ညတုန်းက ကျွန်တော် သူ့ကို နောက်ဆုံးအကြိမ် ပွေ့ဖက်ခဲ့ချိန်မှာ စစ်မှန်တဲ့ထိတွေ့မှုက တကယ့်လက်တွေ့ဆိုတာကို ကျွန်တော်တို့နှစ်ယောက်သာ အတည်ပြုနိုင်တယ်။
ဒါက အမှန်တကယ်ဖြစ်ခဲ့တာဖြစ်ပြီး သူကလည်း လေးလေးနက်နက် မှတ်မိနေခဲ့တယ်။
အလုပ်ရှိတာကြောင့် ရှမင်ရှု နောက်တစ်ခေါက် ခဏ ထွက်သွားရပြန်တယ်။
လော့ယွီချန်ကို ထားခဲ့ရမှာ သူ စိတ်မအေးနိုင်ဘဲ ဒီလိုအခြေအနေက သူတို့အတွက် ရေခဲလွှာပါးပါးပေါ်မှာ တင်ပေးထားသလိုဖြစ်နေတယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်တယ်။ ဒါပေမယ့် ကုမ္ပဏီက စီစဉ်ပေးမှုတချို့ကြောင့် လော့ယွီချန်လောက် မအောင်မြင်တဲ့ ရှမင်ရှုခမျာ ဂရုမစိုက်ဘဲ ငြင်းပယ်လိုက်တာမျိုးကို မလုပ်ရဲဘူး။
ထွက်မသွားခင် သူ မေးလာတယ် "ခင်ဗျား ရှောင်ဟန်းအတွက် သိမ်းထားတဲ့ မွေးနေ့လက်ဆောင်ကို ခင်ဗျားကိုယ်တိုင် သူ့ကို ပေးချင်လား?"
လော့ယွီချန်က ပြုံးပြီး ခေါင်းငြိတ်ပြလိုက်တယ်။
ဒီလိုမေးလိုက်တယ်ဆိုတာ သူ ဧပြီလမှာ ပြန်ရောက်လာတဲ့အချိန် သက်ရှိထင်ရှားရှိနေဆဲ လော့ယွီချန်ကို မြင်တွေ့ရလိမ့်မယ်လို့ ရှမင်ရှု သေချာချင်တာကြောင့်ဖြစ်တယ်။
ရှမင်ရှုထွက်သွားပြီးတဲ့နောက် လော့ယွီချန်ရဲ့ ရူးသွပ်တဲ့အတွေးတွေနဲ့ စကားလုံးတွေကို လိုက်လျောပေးမယ့်သူ ဘယ်သူမှမရှိတော့ဘူး။
သူ အတော်ကြာတိတ်ကျသွားပြီး ပိုလို့တောင် ပုံမှန်ဖြစ်နေပုံပေါ်တယ်။
သူက သူနဲ့ရှမင်ရှုတို့ ချားပေါ်မှာ ရိုက်ထားတဲ့ ခရစ်စမတ်ဓာတ်ပုံကို ကိုင်ထားဆဲဖြစ်ပြီး အဲ့တာကို စိုက်ကြည့်ကာ တစ်ခါတစ်လေ ပြုံးနေပြီး တချို့အချိန်တွေမှာတော့ မျက်မှောင်ကြုတ်နေတတ်တယ်။
တစ်နေ့တော့ ကျွန်တော် သေချာလေး ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့မှသာ သူ့လက်ချောင်းတွေက ဘယ်နေရာကို ပွတ်သပ်နေတာလဲဆိုတာကို သိလိုက်ရတယ်။
ဖြစ်ချင်တော့ သူတို့နှစ်ယောက် ပျော်ရွှင်စွာ ပြုံးနေကြတဲ့မျက်နှာတွေရဲ့အနောက် ထောင့်နားလေးမှာ ကျွန်တော့်ရဲ့ပုံဖြစ်နေတယ်။
ဂရုတစိုက်မကြည့်ရင် မြင်မှာမဟုတ်လောက်တဲ့ ပုံရိပ်တစ်ခုဆိုပေမယ့် ကျွန်တော့်ရဲ့အမူအယာကတော့ မြင်သာလောက်တဲ့အထိ ရှင်းလင်းနေတယ်။
ကျွန်တော်က တည်ငြိမ်ပြီး အဖတ်မလုပ်ဟန်ဆောင်ခဲ့ပေမယ့် တကယ်တော့ သူတို့ကို ရွှန်းရွှန်းစားစားနဲ့ အထီးကျန်အားကျစွာ ခိုးကြည့်နေခဲ့တာဖြစ်တယ်။
ကင်မရာမှာ ဖမ်းမိလိုက်တဲ့အခါမှာတော့ နေ့အချိန်လို ဘွင်းဘွင်းရှင်းရှင်းကြီး ဖြစ်နေတော့တယ်။
အဲ့လိုဆိုးရွားတဲ့စိတ်အခြေအနေကို ကျွန်တော်တစ်ယောက်တည်း သိလောက်တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း ကင်မရာမှာမိသွားပြီး ထာဝရမေ့မရဖြစ်စေခဲ့တယ်။
နောက်ပြီး လော့ယွီချန်က အဲ့တာကို ကြည့်ကာ တသသလွမ်းဆွတ်ရင်းနဲ့ အတိတ်ကကျွန်တော့်ကို နူးနူးညံ့ညံ့လေး ပွတ်ပေးနေခဲ့တယ်။
တကယ် ကမောက်ကမနိုင်လွန်းတယ်။ အခုချိန်မှာ အဲ့လိုမထင်မရှားထောင့်နားလေးကတောင် အဖိုးတန်နေပြီ။
ဒါပေမယ့် အစကတည်းက ကျွန်တော့်ရဲ့ဓာတ်ပုံတွေအားလုံးကို မီးရှို့ပြာချလိုက်တာကလည်း သူသာဖြစ်တယ်။
ထိုအမှတ်တရတွေအားလုံးကို လော့ယွီချန် မီးပြင်းဖိုထဲ ခက်ထန်တဲ့အသွင်နဲ့ ပစ်ချခဲ့တုန်းက ကျွန်တော် မြင်တွေ့ခဲ့ရတာဆိုလို့ သူ့ရဲ့အေးစက်ပြီး အညှာအတာမဲ့တဲ့ လျစ်လျူရှုမှုသာဖြစ်တယ်။
ဒီလိုဆိုးရွားတဲ့ဆုံးဖြတ်ချက်က တကယ်တော့ သူအလေးထားခဲ့တာကြောင့်ဆိုတာကို ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။
သူ့လိုလူစားမျိုးက ဟိုးတုန်းကတည်းက သူ့ရဲ့ခံစားချက်တွေကို သေသေချာချာ ဖော်ပြရတဲ့နေရမှာ ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန်မရှိခဲ့ဘူး။
အချစ်ဖြစ်ဖြစ် အမုန်းဖြစ်ဖြစ် နှစ်ခုစလုံးက လူတွေကို တစ်ဖက်လူအကြောင်း မရပ်မနားတွေးနေစေတဲ့ အားကောင်းတဲ့ခံစားချက်တွေဖြစ်တယ်။
အဲ့တာကြောင့် အချစ်နဲ့အမုန်းကြားမှာ အလွှာပါးလေးတစ်ခုသာခြားတယ်ဆိုပြီး လူတွေမကြာခဏ ပြောကြတာဖြစ်တယ်။
သူ ကျွန်တော့်ကို အရမ်းမုန်းတီးခဲ့တာကြောင့် တစ်နေ့မှာ ရုတ်တရက်ကြီး ကျွန်တော့်မှာလည်း ချစ်စရာကောင်းတဲ့အချက်လေးတစ်ချို့ ရှိတယ်ဆိုတာကို သတိပြုမိသွားတာလည်း ဖြစ်နိုင်တယ်။
အကြောင်းပြချက်က ဘာပဲဖြစ်နေပါစေ သူကျွန်တော့်ကို ဒီလောက်ထိ စိတ်အားထက်သန်စွာ ကြည့်နေတဲ့အချက်နဲ့တင် ကျွန်တော့်အတွက် လုံလောက်နေပြီ။
တစ်ခါက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အနာဂတ်မှာ ဘယ်လိုပဲ ဖြစ်လာဖြစ်လာ၊ သူကျွန်တော့်ကို တကယ်ချစ်တာ ဒါမှမဟုတ် ဒီတိုင်းအပြစ်မကင်းသလိုခံစားရတာပဲဖြစ်ဖြစ် ကျွန်တော့်ကို စိတ်သက်သာရာရစေဖို့ လုံလောက်နေပြီဖြစ်တယ်။
ဒါပေမယ့် အခုချိန်မှာ ကျွန်တော် ရုတ်တရက်မှတ်မိလိုက်တယ် _ လော့ယွီချန် ကျွန်တော့်ရဲ့ဆယ်နှစ်စာစာချုပ်ကို သဘောတူခဲ့တဲ့နေ့၊ ကျွန်တော်တို့ ဒီအိမ်ကို အတူပြောင်းလာတဲ့နေ့၊ ကျွန်တော် ဒီတူညီတဲ့နေရာမှာပဲ ရပ်ပြီး သူ့ရဲ့လက်ကို ကိုင်ထားရင်းနဲ့ ကတိတစ်ခုပြုခဲ့တယ်။
ကျွန်တော် ကတိပြုခဲ့တာက ကျွန်တော် ဘယ်လောက်ပဲ လုံ့လစိုက်ထုတ်ရပါစေ၊ ကျွန်တော် ဘယ်လောက်ပဲ အချိန်ကုန်ပါစေ တစ်နေ့မှာ သူလည်း ကျွန်တော့်ကို ပြန်ချစ်လာအောင် လုပ်နိုင်ပြီး အဲ့လိုဖြစ်တဲ့အချိန်ကျရင် ကျွန်တော်က သူ့ကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ကတိဖြစ်တယ်။
အဲ့တာက ဟိုးတုန်းကတည်းက ကျွန်တော့်ရဲ့ပန်းတိုင်ဖြစ်ခဲ့တယ်ဆိုတာ အရှင်းသားကြီးပဲဆိုပေမယ့် ရလဒ်ကရော?
အဆုံးသတ် ကျွန်တော် အဲ့ဓားကို ကိုင်ထားချိန်မှာ မသိရင် တစ်လောကလုံးအပေါ်မှာ ကျွန်တော်က ကြီးမားတဲ့အကြွေးတစ်ခုတင်ကျန်နေသလိုမျိုး ကျွန်တော့်ဆီမှာ စိတ်အားငယ်မှုတွေ၊ နာကြည်းမှုတွေ၊ မကျေနပ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကို လှောင်ပြောင်မှုတွေသာ ပြည့်နှက်နေခဲ့တယ်။
ဒါပေမယ့် လော့ယွီချန်ကို ပျော်ရွှင်မှုပေးမယ်ဆိုပြီး အားတက်သရော ကတိပြုခဲ့တာကို ကျွန်တော် ဘယ်လိုလုပ်ပြီး မေ့သွားခဲ့ရတာလဲ?
ကျွန်တော်ကိုယ်တိုင် သူ့ကို ပေးမယ်လို့ ကတိပြုခဲ့တဲ့ ပျော်ရွှင်မှုကရောဘာလဲ?
သူမလိုချင်ဘူးဆိုရင် ကျွန်တော့်မှာ သူ့ကိုအပြစ်တင်ဖို့ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ ဒါပေမယ့် သူလိုချင်ရင်တောင် အခု ကျွန်တော့်မှာ ကျွန်တော့်ရဲ့ကတိကို ဆက်မထိန်းသိမ်းနိုင်တော့တာကြောင့် သူ့ကို ဘယ်လိုလုပ်ပေးရတော့မှာလဲ?
****
လော့ယွီချန်က ထိုဓာတ်ပုံကိုကြည့်နေဆဲဖြစ်ပြီး အတွေးတွေက အဝေးကို လွင့်မြောနေပုံရတယ်။
ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပုံပေါ်ပြီး ဆိုဖာပေါ်က ခုန်ထကာ စားပွဲပေါ်က ဘောင်ခတ်ထားတဲ့ဓာတ်ပုံကို ကောက်ဆွဲလိုက်တယ်။
ဘောင်ထဲမှာ သူနဲ့ရှမင်ရှုတို့ရဲ့ ဓာတ်ပုံတစ်ပုံရှိနေပေမယ့် သူ့ရဲ့သွယ်လျလျလက်ချောင်းတွေက တုန်ရီနေပြီး အသေအချာ ဂရုတစိုက်နဲ့ အနောက်မှာ ဖိချထားတဲ့ ဓာတ်ပုံကို ဆွဲထုတ်လိုက်တယ်။
သူက အဲ့တာကို အဖိုးတန်ရတနာတစ်ခုလို လက်ဖဝါးထဲထည့်ကိုင်ထားပြီး မျက်လုံးတွေက အလင်းရောင်ဖိတ်လျှံကျတော့မလို အလွန်တရာတောက်ပနေတော့တယ်။
အမြဲလို ပျင်းရိပြီး အစီစဉ်တကျမရှိတာကြောင့် သူက ဒီတိုင်း ဓာတ်ပုံဟောင်းပေါ်မှာ အသစ်တစ်ခုထပ်တင်ခဲ့တာဖြစ်ပြီး အမေ့ပျောက်နိုင်ဆုံးနေရာက အလုံခြုံဆုံးနေရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ဘဲ ဒီဓာတ်ပုံက သူ ကျွန်တော့်ရဲ့အငွေ့အသက်တွေအားလုံးကို ရှင်းထုတ်ပစ်ချိန်မှာ လွတ်မြောက်ပြီး ကျန်နေခဲ့တာဖြစ်တယ်။
ဒါက ဆယ်နှစ်တာ ကျွန်တော်တို့အိမ်ထဲမှာ နေရာယူခဲ့တဲ့ ဓာတ်ပုံလေးဖြစ်တယ်။
ဓာတ်ပုံထဲမှာ ကျွန်တော်တို့နှစ်ယောက်လုံး ဆယ့်ခြောက်နှစ်ဝန်းကျင်သာ ရှိသေးပြီး ပန်းခင်းတစ်ခုထဲမှာ ကျွန်တော်က သူ့ကိုမှီထားရင်း ပြုံးကာ နေကြာပန်းတွေကို သဘောတကျဖြစ်နေခဲ့တာဖြစ်တယ်။
ဒါက တော်တော့်ကိုကြာညောင်းနေပြီဖြစ်တယ်။
ထိုအချိန်တုန်းက ဘယ်အရာမှ အစမပျိုးလာသေးသလို ဘယ်အရာမှလည်း မပြောင်းလဲသေးဘူး။
သောကတစိုးတစိတောင်မရှိဘဲ ကျွန်တော်တို့နှစ်ယောက်လုံး အလွန်ကိုဖြူစင်စွာ ပြုံးနေခဲ့ကြတယ်။
ထိုအခိုက်မှာ အချိန်တွေ ရပ်တန့်သွားခဲ့ရင် ကောင်းမယ်။ ဒါဆို သူလည်း ကျွန်တော့်ရဲ့ခံစားချက်အမှန်တွေကို ဘယ်တော့မှ သိသွားမှာမဟုတ်သလို ကျွန်တော့်ကြောင့် ဝမ်းနည်းတာ ဒါမှမဟုတ် ရင်ကွဲနာကျရတာမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။
_____
Thanks 🌹