unicode
အပိုင်း ၆ ဖီးနစ်
ယဲ့ကျန်း ကြာရှည်သောအိပ်မက်တစ်ခု မက်ခဲ့သည်။ သူမ၏ အတိတ်ဘဝအိပ်မက်ထဲတွင် သူမ၏ညီမက ထူးခြားသောခံစားချက်ကို ပေးခဲ့၏။ သူမ၏ညီမနှင့် ပက်သတ်သော အသေးစိတ်အချက်အလက်များက ထူးခြားသည်။ သူမ ခံစားရသည်မှာ ထိုနေရာတွင်ရှိသော သူမကိုယ်တိုင်က အလွန်ပိန်ပါးပြီး ဆံပင်များက ထိုးထောင်နေကာ လေနှင့်လွင့်နေပြီးနောက် သဘောတကျရယ်နေသောပုံရိပ်ဖြစ်သည်။ သူမ၏အစ်ကိုက ကျောက်တုံးပေါ်မှ ခုန်ပျံကျော်လွှားသွားခြင်းကိုလည်း သဘောတကျကြည့်နေခြင်းလည်း ပါ၏။
မြင်ကွင်းက တွန့်လိမ်ရှုံ့တွသွားကာ သူမက ရင်းနှီးကျွမ်းဝင်သော ပိုင်နက်နယ်မြေထဲသို့ ရောက်သွားကြောင်းကို မြင်လိုက်ရသည်။ ထိုအချိန်က သူမ မေ့နိုင်တော့မည်မဟုတ်သော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုနေ့က သူမ မေ့ရန်ခက်ခဲလွန်းသောနေ့ရက်ဖြစ်သည်။ ကြောက်မက်ဖွယ်အကောင်းဆုံး လမ်းကို ရွေးချယ်ခဲ့မိသော နေ့လည်းဖြစ်၏။ သူမအနေဖြင့် ထိုမြင်ကွင်းမှ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော်မကြိုးစားနိုင်ခင်မှာပင် မြင်ကွင်းက ပြောင်းလဲသွားသည်။
သူမ၏ပတ်ဝန်းကျင်က တွန့်လိမ်ရှုံ့တွသွားပြီးနောက် အသိမှတ်ဉာဏ်များထဲတွင် မရှိတော့ပေ။ ထို့အစား သူမက ပြောင်ရှင်းကာ အကန့်အသတ်မဲ့ပုံရသော အဖြူရောင်ပြင်ကျယ်ကြီးထဲ ရောက်နေသည်။ မည်သည့်နေရာကမှန်းမသိ ဖီးနစ်တစ်ကောင်ထွက်လာ၏။ စင်စစ် သူမ၏ကျောက်စိမ်းတံဆိပ်ထဲမှ ထွက်လာခြင်းဖြစ်သည်။ သူက မီးတောက်ငှက်မွှေးများဖြင့် လွှမ်းခြုံထားကာ ချိုသာစွာ သီဆိုသည်။ သူမ၏ခန္ဓာကိုယ်ကို ပတ်ကာ သံစဉ်များဖြင့် ချောမွေ့နေတော့၏။
သူမက လက်ဆန့်ထုတ်လိုက်သောအခါ ထိုဖီးနစ်က နာခံစွာဖြင့် သူမ၏လက်ဖဝါးပေါ်သို့ နားလာခဲ့သည်။ လက်ဖဝါးအရွယ်အစားရှိ ဖီးနစ်တစ်ကောင်အဖြစ်ပင် ပြောင်းလဲသွားကာ နှုတ်သီးလေးဖြင့် ချစ်စဖွယ်ကောင်းလောက်အောင် သူမ၏ နူးညံ့သောလက်ဖဝါးကို ဆိတ်လိုက်သည်။ ထို့နောက် မီးတောက်က ထွက်လာခဲ့ပြီး သူမ၏လက်ထဲသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
ရှင်းပြ၍မရသော အကြောင်းပြချက်တို့ကြောင့် ယဲ့ကျန်းအနေဖြင့် ထိုဖီးနစ်က သူမကို မသေခင်အချိန်က ကာကွယ်ရန် ကြိုးစားခဲ့သည်ဟု ပြောနေသည့်အလား ခံစားရသည်။ ထို့နောက် သူမ နိုးထလာသောအခါ အိပ်ရာဘေးမှ လူများ၏အသံကို ကြားလိုက်ရ၏။
“အဖေ၊ အမေက စိုးရိမ်နေတာ၊ ညီမလေးအဆင်ပြေရဲ့လား”
သူမ လုရှန်းကျစ်၏အသံကို ကြားလိုက်ရသည်။
“ဘာလို့ မင်းညီမ ပြန်ကောင်းလာတာနဲ့ မေ့သွားရတာလဲ”
လုရှီမင်၏ လေးနက်သော အသံကိုကြားလိုက်ရသည်။ သူက သူ့သားကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
သူမကို မွေးစားထားသော်လည်း သူတို့၏သမီးအရင်းလေးနှင့်မခြား သူတို့က ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ သူမ ငယ်စဉ်ကတည်းက လုယောင်ယောင်၏ စရိုက်က အနည်းငယ် လွတ်လပ်သောဘက်သို့ သွားသည်။ သို့သော် သူမ၏အပြစ်ကင်းစင်မှုက ကလေးတစ်ယောက်သာသာဖြစ်နေသေး၏။ သေချာသည်မှာ သူမက ပျော်ရွှင်လွတ်လပ်စွာဖြင့် နေတတ်ပြီး သူတို့အားလုံး၏ အထောက်အပံ့ဖြင့် ပျော်မွေ့နေလေ့ရှိသည်။ လက်ရှိအချိန်တွင် လုရှီမင်က သူ၏သမီးက လဝက်ခန့်အချိန်အတွင်းတွင်ပင် ကိုယ်အလေးချိန်ကျဆင်းသွားကြောင်း မြင်လိုက်ရသည်။ သူမ၏ စိတ်ဝင်စားမှုပျောက်ဆုံးနေသော အမူအရာမျိုးက သူ့ကို အလွန် စိုးရိမ်စိတ်ဝင်လာစေသည်။
လုရှန်းကျစ်က ယဲ့ကျန်း ဘာကြောင့်မေ့သွားမှန်း နားမလည်နိုင်သေးပေ။ သူ၏ဖခင်ကို သူ စကားပြောနေရင်းမှ သူမ မေ့သွားကြောင်း ပြောလိုက်၏။ သို့သော် သူ၏စကားမဆုံးသေးခင်မှာပင် လုရှီမင်က ပြင်းပြင်းထန်ထန် ကန်ထုတ်တော့သည်။
“မင်း အရူးကောင် ဘာလို့ မင်းရဲ့ညီမကို ပေါက်ကရစကားတွေ သွားပြောလိုက်ရတာလဲ၊ မင်းရဲ့ညီမက ဘယ်တုန်းက အဲဒီလောက် ခေါင်းဖြတ်တဲ့သတင်းတွေကို ကြားချင်နေလို့လဲ …”
သည်လိုပရမ်းပတာမြင်ကွင်းကို မြင်သောအခါ ဖေးရှီက ခပ်တိုးတိုးဖြင့် ကြားဖြတ်ပြောလာသည်။
“ရှင်တို့နှစ်ယောက်လုံး မဆူကြပါနဲ့”
အဖေနှင့်သားက ချက်ချင်းပင် ခေါင်းလှည့်ကာ စိုးရိမ်သောမျက်နှာထားဖြင့် ယဲ့ကျန်းကို ကြည့်သည်။
“ယောင်ယောင်ရဲ့သွေးခုန်နှုန်းက မနက်ခင်းကထက် ပိုပြီး ငြိမ်သွားပြီ၊ ဒါပေမဲ့ အားနည်းနေတုန်းပဲ၊ ဒါကြောင့် ကောင်းကောင်းနားဖို့လိုအပ်တယ်”
သူမ၏သမီးက ကျန်းမာရေးပြန်ကောင်းလာကြောင်း မြင်သောအခါ ဖေးရှီ၏ ရင်ထဲရှိ စိုးရိမ်မှုများ အနည်းငယ် သက်သာသွားသည်။
“ငါ့ကိုကူညီပြီး အင်္ကျီလဲပေးပါ”
သူမက အစေခံကိုပြောသည်။
သူ၏မွေးစားသမီးက အဆင်ပြေကြောင်း ကြားသောအခါ လုရှီမင်ကလည်း ပျော်သွားသည်။ သူ သည်နေရာတွင် ဆက်ပြီးမရှုပ်ချင်နေတော့ပေ။ ထို့ကြောင့် သူ၏သားကို နားမှ တရွတ်တိုက်ဆွဲကာ သူ၏မိန်းမကိုသာ ယဲ့ကျန်းကိုကြည့်ရန် ထားခဲ့လိုက်သည်။
ယဲ့ကျန်းက ဖေးရှီ၏ဂရုစိုက်မှုအောက်တွင် လဝက်ခန့် အပြင်မထွက်နိုင်ခဲ့ပေ။ သည်လို ပြန်လည်ကုစားနေသော အချိန်အတောအတွင်းတွင် သူမက ပို၍ တည်ငြိမ်သထက်တည်ငြိမ်လာခဲ့၏။ သူမ၏ညီမကိုယ်တွင် ပြန်လည်မွေးဖွားလာပြီ ဖြစ်ကြောင်း တည်ငြိမ်စွာလက်ခံနိုင်လေပြီ။ သူမက လွန်ခဲ့သောနှစ်နှစ်ခန့်က အချိန်သို့ ပြန်ရောက်သွားခဲ့၏။ ဒါက သူမ ကံကြမ္မာဖြစ်သည်။ ကောင်းကင်က သူမကို ဒုတိယမြောက်အခွင့်အရေး ပြန်ပေးခဲ့၏။
ထိုနှစ်က သည်အချိန်တွင် ဆောင်းတွင်းက ဝင်ရောက်စပြုနေသေးသည်။ လေအေးများက တိုက်ခတ်ကာနေရောင်က ပုံမှန်ထက်ပိုပြီးညင်သာနေပြီး သစ်ရွက်များကို ထိုးဖောက်နေခဲ့၏။ သည်လိုရာသီမျိုးကို လူအများစုက နှစ်သက်ကြသည်။ ခြံဝန်းအပြင်တွင်ရပ်ကာ လှပခမ်းနားစွာ ထွင်းထုထားသော အဆောက်အဦမြင့်ကြီးကို ယဲ့ကျန်း စိုက်ကြည့်နေမိ၏။
ဒီနေ့က သူမ၏ပထမဆုံးဆောင်းတွင်းကို ဖြတ်သန်းရခြင်းဖြစ်သည်။ သူမ၏ကိုယ်ပိုင်အိမ်လောက် သက်သောင့်သက်သာရှိမှုကို မခံစားရသော်လည်း ရန်သူ၏ထောင်လွှားသော အဆောက်အဦထဲသို့ သူမက ရောက်ရှိနေခဲ့၏။
ရုတ်တရက် သူမ သဘောခွေ့သလို ခံစားရသည်။ သူမ၏လက်မှ တဆစ်ဆစ်နာကျင်မှုကို ခံစားရပြီး ငုံ့ကြည့်လိုက်ပြီးနောက် ညာဘက်လက်ဝါးကို စစ်ဆေးကြည့်လိုက်၏။ သည်ညာဘက်လက်ဝါးက သူမ၏အိပ်မက်ထဲမှ ထိုမီးတောက်ဖီးနစ်နားခဲ့သောနေရာဖြစ်သည်။
အစစ်အမှန်အသက်ဝင်တော့မည်ဟု ထင်ရသော မီးတောက်ဖီးနစ်၏ ရုပ်ပုံလေးက ထိုနေရာတွင် ရှိနေ၏။ ဖီးနစ်က တောင်ပံခတ်တော့မည့်ပုံရှိသည်။
ဆိုတော့ ငါ့ရဲ့လက်နဲ့ အဲဒီမီးတောက်ဖီးနစ်က ပေါင်းစပ်သွားတာက တကယ်ပဲလား။
သူမကိုယ်တိုင်ပင် ဒါက ရူးသွပ်လောက်အောင် မှန်နေသည့်ကိစ္စမှန်း နားမလည်သေးပေ။ သို့သော် ဖီးနစ်မျက်ဝန်းမှ အနီစက်တစ်ခု ကျဆင်းလာခဲ့၏။ သူမ စတင်ထိတ်လန့်သွားသည်။
သူမ၏ ခြေလှမ်းများက တုံ့ဆိုင်းသွားပြီးနောက်တွင် စံအိမ်အတွင်းသို့ ပြန်ဝင်သွားကာ အစေခံအချို့ကို ရေအချို့ ယူလာခိုင်းလိုက်သည်။ ထိုအနီရောင်ရေစက်က ကြည်လင်သောရေအတွင်းသို့ ရောက်သွားသောအခါ အရောင်ပျောက်ရှသွား၏။
“အားလုံး အဆင်ပြေပါရဲ့လား တတိယသခင်မလေး”
ယဲ့ကျန်းကို ခစားသောထိုအစေခံက သူမက လက်ကိုသာ စိုက်ကြည့်နေကြောင်း မြင်သောအခါ ကူကယ်ရာမဲ့စွာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ နယ်မြို့လေးမှလာသော ထိုကလေးမလေးက အလွန်အမင်း ထူးဆန်းလွန်းသည်။ သူမက တစ်ချိန်လုံး ခြံဝန်းထဲတွင် ပုန်းနေခဲ့ကာ အပြင်လည်း မထွက်ချင်ပေ။ အခြားသူများနှင့် စကားပြောရမည်ကိုပင် မုန်းတီးဟန်ရ၏။
ယဲ့ကျန်းက လက်သီးကိုဆုပ်ပြီးနောက်တွင် တည်ငြိမ်စွာပြုံးလိုက်ကာ ပြောသည်။
“ငါ အဆင်ပြေတယ်၊ နင် ဒီရေဇလုံကို ယူသွားလို့ရပြီ”
ထိုအစေခံက ခေါင်းညိတ်ပြီးနောက် ခန်းမထဲမှ ရေဇလုံကို ကိုင်ကာ ထွက်သွားသည်။ ခြံဝန်းထဲတွင် ပန်းပင်များ ရှိနေသည်။ ထို့နောက် ထိုအစေခံက ထိုအပင်များပေါ်သို့ တန်းလောင်းချလိုက်၏။
...
zawgyi
အပိုင္း ၆ ဖီးနစ္
ယဲ့က်န္း ၾကာ႐ွည္ေသာအိပ္မက္တစ္ခု မက္ခဲ့သည္။ သူမ၏ အတိတ္ဘဝအိပ္မက္ထဲတြင္ သူမ၏ညီမက ထူးျခားေသာခံစားခ်က္ကို ေပးခဲ့၏။ သူမ၏ညီမႏွင့္ ပက္သတ္ေသာ အေသးစိတ္အခ်က္အလက္မ်ားက ထူးျခားသည္။ သူမ ခံစားရသည္မွာ ထိုေနရာတြင္႐ွိေသာ သူမကိုယ္တိုင္က အလြန္ပိန္ပါးၿပီး ဆံပင္မ်ားက ထိုးေထာင္ေနကာ ေလႏွင့္လြင့္ေနၿပီးေနာက္ သေဘာတက်ရယ္ေနေသာပုံရိပ္ျဖစ္သည္။ သူမ၏အစ္ကိုက ေက်ာက္တုံးေပၚမွ ခုန္ပ်ံေက်ာ္လႊားသြားျခင္းကိုလည္း သေဘာတက်ၾကည့္ေနျခင္းလည္း ပါ၏။
ျမင္ကြင္းက တြန္႔လိမ္႐ႈံ႕တြသြားကာ သူမက ရင္းႏွီးကြၽမ္းဝင္ေသာ ပိုင္နက္နယ္ေျမထဲသို႔ ေရာက္သြားေၾကာင္းကို ျမင္လိုက္ရသည္။ ထိုအခ်ိန္က သူမ ေမ့ႏိုင္ေတာ့မည္မဟုတ္ေသာ မဂၤလာဝတ္စုံကို ဝတ္ဆင္ထား၏။ ထိုေန႔က သူမ ေမ့ရန္ခက္ခဲလြန္းေသာေန႔ရက္ျဖစ္သည္။ ေၾကာက္မက္ဖြယ္အေကာင္းဆုံး လမ္းကို ေ႐ြးခ်ယ္ခဲ့မိေသာ ေန႔လည္းျဖစ္၏။ သူမအေနျဖင့္ ထိုျမင္ကြင္းမွ လြတ္ေျမာက္ရန္ ႀကိဳးစားသည္။ သို႔ေသာ္မႀကိဳးစားႏိုင္ခင္မွာပင္ ျမင္ကြင္းက ေျပာင္းလဲသြားသည္။
သူမ၏ပတ္ဝန္းက်င္က တြန္႔လိမ္႐ႈံ႕တြသြားၿပီးေနာက္ အသိမွတ္ဉာဏ္မ်ားထဲတြင္ မ႐ွိေတာ့ေပ။ ထို႔အစား သူမက ေျပာင္႐ွင္းကာ အကန္႔အသတ္မဲ့ပုံရေသာ အျဖဴေရာင္ျပင္က်ယ္ႀကီးထဲ ေရာက္ေနသည္။ မည္သည့္ေနရာကမွန္းမသိ ဖီးနစ္တစ္ေကာင္ထြက္လာ၏။ စင္စစ္ သူမ၏ေက်ာက္စိမ္းတံဆိပ္ထဲမွ ထြက္လာျခင္းျဖစ္သည္။ သူက မီးေတာက္ငွက္ေမႊးမ်ားျဖင့္ လႊမ္းျခဳံထားကာ ခ်ိဳသာစြာ သီဆိုသည္။ သူမ၏ခႏၶာကိုယ္ကို ပတ္ကာ သံစဥ္မ်ားျဖင့္ ေခ်ာေမြ႕ေနေတာ့၏။
သူမက လက္ဆန္႔ထုတ္လိုက္ေသာအခါ ထိုဖီးနစ္က နာခံစြာျဖင့္ သူမ၏လက္ဖဝါးေပၚသို႔ နားလာခဲ့သည္။ လက္ဖဝါးအ႐ြယ္အစား႐ွိ ဖီးနစ္တစ္ေကာင္အျဖစ္ပင္ ေျပာင္းလဲသြားကာ ႏႈတ္သီးေလးျဖင့္ ခ်စ္စဖြယ္ေကာင္းေလာက္ေအာင္ သူမ၏ ႏူးညံ့ေသာလက္ဖဝါးကို ဆိတ္လိုက္သည္။ ထို႔ေနာက္ မီးေတာက္က ထြက္လာခဲ့ၿပီး သူမ၏လက္ထဲသို႔ဝင္ေရာက္ကာ ေပ်ာက္ကြယ္သြားေတာ့သည္။
႐ွင္းျပ၍မရေသာ အေၾကာင္းျပခ်က္တို႔ေၾကာင့္ ယဲ့က်န္းအေနျဖင့္ ထိုဖီးနစ္က သူမကို မေသခင္အခ်ိန္က ကာကြယ္ရန္ ႀကိဳးစားခဲ့သည္ဟု ေျပာေနသည့္အလား ခံစားရသည္။ ထို႔ေနာက္ သူမ ႏိုးထလာေသာအခါ အိပ္ရာေဘးမွ လူမ်ား၏အသံကို ၾကားလိုက္ရ၏။
“အေဖ၊ အေမက စိုးရိမ္ေနတာ၊ ညီမေလးအဆင္ေျပရဲ႕လား”
သူမ လု႐ွန္းက်စ္၏အသံကို ၾကားလိုက္ရသည္။
“ဘာလို႔ မင္းညီမ ျပန္ေကာင္းလာတာနဲ႔ ေမ့သြားရတာလဲ”
လု႐ွီမင္၏ ေလးနက္ေသာ အသံကိုၾကားလိုက္ရသည္။ သူက သူ႕သားကို ေအးစက္စြာ စိုက္ၾကည့္လိုက္၏။
သူမကို ေမြးစားထားေသာ္လည္း သူတို႔၏သမီးအရင္းေလးႏွင့္မျခား သူတို႔က ပ်ိဳးေထာင္ခဲ့ျခင္း ျဖစ္သည္။ သူမ ငယ္စဥ္ကတည္းက လုေယာင္ေယာင္၏ စ႐ိုက္က အနည္းငယ္ လြတ္လပ္ေသာဘက္သို႔ သြားသည္။ သို႔ေသာ္ သူမ၏အျပစ္ကင္းစင္မႈက ကေလးတစ္ေယာက္သာသာျဖစ္ေနေသး၏။ ေသခ်ာသည္မွာ သူမက ေပ်ာ္႐ႊင္လြတ္လပ္စြာျဖင့္ ေနတတ္ၿပီး သူတို႔အားလုံး၏ အေထာက္အပံ့ျဖင့္ ေပ်ာ္ေမြ႕ေနေလ့႐ွိသည္။ လက္႐ွိအခ်ိန္တြင္ လု႐ွီမင္က သူ၏သမီးက လဝက္ခန္႔အခ်ိန္အတြင္းတြင္ပင္ ကိုယ္အေလးခ်ိန္က်ဆင္းသြားေၾကာင္း ျမင္လိုက္ရသည္။ သူမ၏ စိတ္ဝင္စားမႈေပ်ာက္ဆုံးေနေသာ အမူအရာမ်ိဳးက သူ႕ကို အလြန္ စိုးရိမ္စိတ္ဝင္လာေစသည္။
လု႐ွန္းက်စ္က ယဲ့က်န္း ဘာေၾကာင့္ေမ့သြားမွန္း နားမလည္ႏိုင္ေသးေပ။ သူ၏ဖခင္ကို သူ စကားေျပာေနရင္းမွ သူမ ေမ့သြားေၾကာင္း ေျပာလိုက္၏။ သို႔ေသာ္ သူ၏စကားမဆုံးေသးခင္မွာပင္ လု႐ွီမင္က ျပင္းျပင္းထန္ထန္ ကန္ထုတ္ေတာ့သည္။
“မင္း အ႐ူးေကာင္ ဘာလို႔ မင္းရဲ႕ညီမကို ေပါက္ကရစကားေတြ သြားေျပာလိုက္ရတာလဲ၊ မင္းရဲ႕ညီမက ဘယ္တုန္းက အဲဒီေလာက္ ေခါင္းျဖတ္တဲ့သတင္းေတြကို ၾကားခ်င္ေနလို႔လဲ …”
သည္လိုပရမ္းပတာျမင္ကြင္းကို ျမင္ေသာအခါ ေဖး႐ွီက ခပ္တိုးတိုးျဖင့္ ၾကားျဖတ္ေျပာလာသည္။
“႐ွင္တို႔ႏွစ္ေယာက္လုံး မဆူၾကပါနဲ႔”
အေဖႏွင့္သားက ခ်က္ခ်င္းပင္ ေခါင္းလွည့္ကာ စိုးရိမ္ေသာမ်က္ႏွာထားျဖင့္ ယဲ့က်န္းကို ၾကည့္သည္။
“ေယာင္ေယာင္ရဲ႕ေသြးခုန္ႏႈန္းက မနက္ခင္းကထက္ ပိုၿပီး ၿငိမ္သြားၿပီ၊ ဒါေပမဲ့ အားနည္းေနတုန္းပဲ၊ ဒါေၾကာင့္ ေကာင္းေကာင္းနားဖို႔လိုအပ္တယ္”
သူမ၏သမီးက က်န္းမာေရးျပန္ေကာင္းလာေၾကာင္း ျမင္ေသာအခါ ေဖး႐ွီ၏ ရင္ထဲ႐ွိ စိုးရိမ္မႈမ်ား အနည္းငယ္ သက္သာသြားသည္။
“ငါ့ကိုကူညီၿပီး အက်ႌလဲေပးပါ”
သူမက အေစခံကိုေျပာသည္။
သူ၏ေမြးစားသမီးက အဆင္ေျပေၾကာင္း ၾကားေသာအခါ လု႐ွီမင္ကလည္း ေပ်ာ္သြားသည္။ သူ သည္ေနရာတြင္ ဆက္ၿပီးမ႐ႈပ္ခ်င္ေနေတာ့ေပ။ ထို႔ေၾကာင့္ သူ၏သားကို နားမွ တ႐ြတ္တိုက္ဆြဲကာ သူ၏မိန္းမကိုသာ ယဲ့က်န္းကိုၾကည့္ရန္ ထားခဲ့လိုက္သည္။
ယဲ့က်န္းက ေဖး႐ွီ၏ဂ႐ုစိုက္မႈေအာက္တြင္ လဝက္ခန္႔ အျပင္မထြက္ႏိုင္ခဲ့ေပ။ သည္လို ျပန္လည္ကုစားေနေသာ အခ်ိန္အေတာအတြင္းတြင္ သူမက ပို၍ တည္ၿငိမ္သထက္တည္ၿငိမ္လာခဲ့၏။ သူမ၏ညီမကိုယ္တြင္ ျပန္လည္ေမြးဖြားလာၿပီ ျဖစ္ေၾကာင္း တည္ၿငိမ္စြာလက္ခံႏိုင္ေလၿပီ။ သူမက လြန္ခဲ့ေသာႏွစ္ႏွစ္ခန္႔က အခ်ိန္သို႔ ျပန္ေရာက္သြားခဲ့၏။ ဒါက သူမ ကံၾကမၼာျဖစ္သည္။ ေကာင္းကင္က သူမကို ဒုတိယေျမာက္အခြင့္အေရး ျပန္ေပးခဲ့၏။
ထိုႏွစ္က သည္အခ်ိန္တြင္ ေဆာင္းတြင္းက ဝင္ေရာက္စျပဳေနေသးသည္။ ေလေအးမ်ားက တိုက္ခတ္ကာေနေရာင္က ပုံမွန္ထက္ပိုၿပီးညင္သာေနၿပီး သစ္႐ြက္မ်ားကို ထိုးေဖာက္ေနခဲ့၏။ သည္လိုရာသီမ်ိဳးကို လူအမ်ားစုက ႏွစ္သက္ၾကသည္။ ျခံဝန္းအျပင္တြင္ရပ္ကာ လွပခမ္းနားစြာ ထြင္းထုထားေသာ အေဆာက္အဦျမင့္ႀကီးကို ယဲ့က်န္း စိုက္ၾကည့္ေနမိ၏။
ဒီေန႔က သူမ၏ပထမဆုံးေဆာင္းတြင္းကို ျဖတ္သန္းရျခင္းျဖစ္သည္။ သူမ၏ကိုယ္ပိုင္အိမ္ေလာက္ သက္ေသာင့္သက္သာ႐ွိမႈကို မခံစားရေသာ္လည္း ရန္သူ၏ေထာင္လႊားေသာ အေဆာက္အဦထဲသို႔ သူမက ေရာက္႐ွိေနခဲ့၏။
႐ုတ္တရက္ သူမ သေဘာေခြ႕သလို ခံစားရသည္။ သူမ၏လက္မွ တဆစ္ဆစ္နာက်င္မႈကို ခံစားရၿပီး ငုံ႔ၾကည့္လိုက္ၿပီးေနာက္ ညာဘက္လက္ဝါးကို စစ္ေဆးၾကည့္လိုက္၏။ သည္ညာဘက္လက္ဝါးက သူမ၏အိပ္မက္ထဲမွ ထိုမီးေတာက္ဖီးနစ္နားခဲ့ေသာေနရာျဖစ္သည္။
အစစ္အမွန္အသက္ဝင္ေတာ့မည္ဟု ထင္ရေသာ မီးေတာက္ဖီးနစ္၏ ႐ုပ္ပုံေလးက ထိုေနရာတြင္ ႐ွိေန၏။ ဖီးနစ္က ေတာင္ပံခတ္ေတာ့မည့္ပုံ႐ွိသည္။
ဆိုေတာ့ ငါ့ရဲ႕လက္နဲ႔ အဲဒီမီးေတာက္ဖီးနစ္က ေပါင္းစပ္သြားတာက တကယ္ပဲလား။
သူမကိုယ္တိုင္ပင္ ဒါက ႐ူးသြပ္ေလာက္ေအာင္ မွန္ေနသည့္ကိစၥမွန္း နားမလည္ေသးေပ။ သို႔ေသာ္ ဖီးနစ္မ်က္ဝန္းမွ အနီစက္တစ္ခု က်ဆင္းလာခဲ့၏။ သူမ စတင္ထိတ္လန္႔သြားသည္။
သူမ၏ ေျခလွမ္းမ်ားက တုံ႔ဆိုင္းသြားၿပီးေနာက္တြင္ စံအိမ္အတြင္းသို႔ ျပန္ဝင္သြားကာ အေစခံအခ်ိဳ႕ကို ေရအခ်ိဳ႕ ယူလာခိုင္းလိုက္သည္။ ထိုအနီေရာင္ေရစက္က ၾကည္လင္ေသာေရအတြင္းသို႔ ေရာက္သြားေသာအခါ အေရာင္ေပ်ာက္႐ွသြား၏။
“အားလုံး အဆင္ေျပပါရဲ႕လား တတိယသခင္မေလး”
ယဲ့က်န္းကို ခစားေသာထိုအေစခံက သူမက လက္ကိုသာ စိုက္ၾကည့္ေနေၾကာင္း ျမင္ေသာအခါ ကူကယ္ရာမဲ့စြာ စိုးရိမ္စိတ္ျဖင့္ ေမးလိုက္သည္။ နယ္ၿမိဳ႕ေလးမွလာေသာ ထိုကေလးမေလးက အလြန္အမင္း ထူးဆန္းလြန္းသည္။ သူမက တစ္ခ်ိန္လုံး ျခံဝန္းထဲတြင္ ပုန္းေနခဲ့ကာ အျပင္လည္း မထြက္ခ်င္ေပ။ အျခားသူမ်ားႏွင့္ စကားေျပာရမည္ကိုပင္ မုန္းတီးဟန္ရ၏။
ယဲ့က်န္းက လက္သီးကိုဆုပ္ၿပီးေနာက္တြင္ တည္ၿငိမ္စြာျပဳံးလိုက္ကာ ေျပာသည္။
“ငါ အဆင္ေျပတယ္၊ နင္ ဒီေရဇလုံကို ယူသြားလို႔ရၿပီ”
ထိုအေစခံက ေခါင္းညိတ္ၿပီးေနာက္ ခန္းမထဲမွ ေရဇလုံကို ကိုင္ကာ ထြက္သြားသည္။ ျခံဝန္းထဲတြင္ ပန္းပင္မ်ား ႐ွိေနသည္။ ထို႔ေနာက္ ထိုအေစခံက ထိုအပင္မ်ားေပၚသို႔ တန္းေလာင္းခ်လိုက္၏။
...