ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { U...
By NyeinHlaingZin123
75.3K 4.1K 65
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei M... More
Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
paid gp
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄ / ၅၅
အပိုင်း ၅၆ / ၅၇
အပိုင်း ၅၈ / ၅၉ / ၆၀
သီတင်းကျွတ် ပရိုမိုးရှင်း
အပိုင်း ၆၁ / ၆၂ / ၆၃ / ၆၄ / ၆၅
အပိုင်း ၆၆ / ၆၇
အပိုင်း ၆၈ / ၆၉ / ၇၀
အပိုင်း ၇၁ / ၇၂ / ၇၃
တန်ဆောင်တိုင် ပရိုမိုးရှင်း 🎆🎇🎆
အပိုင်း ၇၄ / ၇၅ / ၇၆
အပိုင်း ၇၇ / ၇၈
အပိုင်း ၇၉ / ၈၀
အပိုင်း ၈၁ / ၈၂
အပိုင်း ၈၃ / ၈၄
အပိုင်း ၈၅ / ၈၆
အပိုင်း ၈၇ / ၈၈
New year promotion
အပိုင်း ၈၉ / ၉၀
လျော့စျေး
အပိုင်း ၉၁/၉၂
အပိုင်း ၉၃ / ၉၄
အပိုင်း ၉၅ / ၉၆
အပိုင်း ၉၇ / ၉၈ / ၉၉ / ၁၀၀
၁၀၁ / ၁၀၂
၃ နှစ်ပြည့်
၁၀၃ / ၁၀၄ / ၁၀၅
၁၀၆ / ၁၀၇ / ၁၀၈
၁၀၉ / ၁၁၀
၁၁၁ / ၁၁၂ / ၁၁၃
၁၁၄ / ၁၁၅ / ၁၁၆
၁၁၇ / ၁၁၈ / ၁၁၉ / ၁၂၀
၁၂၁/ ၁၂၂ / ၁၂၃
၁၂၄ / ၁၂၅ / ၁၂၆ / ၁၂၇
၁၂၈ / ၁၂၉ / ၁၃၀ / ၁၃၁ / ၁၃၂
၁၃၃ / ၁၃၄ / ၁၃၅ / ၁၃၆
အပိုင်း ၅၁
695 33 0
By NyeinHlaingZin123
မင်းသားယွေ့ရဲ့ငှက်
ဒါပေမယ့် သူက ငယ်ရွယ်ပြီးသန်စွမ်းသည် သူ့အသက်အရွယ်မှာ လိင်ဆက်ဆံချင်တဲ့စိတ် ပြင်းပြတာက ပုံမှန်ပါပဲ။
ဒါပေမယ့် လောလောဆယ်မှာတော့ သူက ဒီမိန်းမစိုးတစ်ယောက်နဲ့ ဒီလို အတွေးတွေ ရှိနေတာလား?! ဘာလဲကွာ?
လန်ဂျင်းယွိ အရမ်းစိတ်ပျက်ပြီး စိတ်ရှုပ်သွားတယ်။
သူ့ပတ်ဝန်းကျင်မှာ မိန်းမတွေ မရှိလို့ ဖြစ်နိုင်လား? ရလဒ်အနေနဲ့ သူ့မှာအသက်ရှူမှားလောက်တဲ့ မိန်းမစိုးအတွက် မသင့်လျော်တဲ့ အတွေးတွေ ရှိတာလား?
သူ့နောင်တော် ဧကရာဇ် ပြောတာ မှန်တယ်။ မိန်းမယူဖို့သူ့အတွက် အချိန်တန်ပြီလား?
ဒါပေမယ့် လန်ဂျင်းယွိက မျက်နှာချေမှုန့်အထူကြီးတွေအကြောင်း တွေးမိရင်း အော့အန်ချင်စိတ်ဖြစ်သွားတယ်။
ဘာလို့လဲဆိုတော့ သူကမျက်နှာချေအနီရောင်အမှုန့်ရဲ့အနံ့ကို မနှစ်သက်ဘူးလေ အနံ့က သူ့နှာခေါင်းကို ယားယံစေပြီး နှာချေလာအောင်လုပ်တယ်။ မိန်းမစိုးလေးမှာ ဖြူဖွေးနူးညံ့တဲ့ မျက်နှာရှိတယ်  အလွန်သန့်ရှင်းပြီး ချောမွေ့ပုံရတယ် အဲ့မျက်နှာလေးကိုမင်း လေနဲ့မှုတ်လိုက်ရင် ကျိုးပဲ့သွားနိုင်တယ်။
ထို့အပြင် “သူ” က ရေမွှေး မသုံးသော်လည်း၊ သူ့ခန္ဓာကိုယ်က ဂျပန်နှင်းဆီရဲ့ သဘာဝရနံ့ဖျော့ဖျော့လေးကို ပေးစွမ်းသည်။
လန်ဂျင်းယွိ အဲ့ အကြောင်းကို များများတွေးလေလေ တက်ကြွလာလေလေပဲ ။ သူ လဲ့ယောင်းယောင်း ပိုပိုပြီး စူးစူးစိုက်စိုက်ကြည့်လိုက်တယ်......
တစ်ခဏချင်း သူပျင်းရိပြီး အိပ်ငိုက်နေတယ်ဆိုရင် အခုတော့ သူ့ရဲ့အေးခဲနေတဲ့ မျက်လုံးထဲမှာ တောက်လောင်နေတဲ့ မီးတောက်နဲ့ ငတ်မွတ်ခေါင်းပါးတဲ့ သားရဲတစ်ကောင်ဖြစ်နေပါပြီ။သူ ရေငတ်နေပြီး  ယုန်ဖြူလေးကို ရက်ရက်စက်စက် ခုန်အုပ်ပြီး လုံးဝကိုအကောင်လိုက်မျိုချပစ်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေတယ်.......
ရယ်စရာကောင်းလောက်အောင်ပင် အဖြူရောင် ယုန်သူငယ်လေးက သူမမှာ အန္တရာယ်ရှိနေတဲ့ အခြေအနေတွင် ရှိနေသည်ကို မသိခဲ့ပေ။  လောလောဆယ်တွင် မင်းသား ယွေ့၏ အိစက်နေတဲ့အသားအရေကို သူမ လောဘတကြီးနဲ့ ဆက်လက်ထိတွေ့နေပြီး လဲ့ယောင်းယောင်းရဲ့ မျက်လုံးအိမ်တွေက တောက်ပနေသည်။သူမ သွားရည်ကျလုနီးပဲ
ရုတ်တရက်ပင် တိုးတိုးတိတ်တိတ် အသံတစ်ခုက သူမနားထဲသို့ ရုတ်တရက် ဝင်လာပြီး သူမကိုလက်တွေ့ဆီသို့ပြန်ခေါ်လာခဲ့လေ၏
“မင်းထိနေတာ ပြီးပြီလား!?”
သူ့အသံက အက်ရှနေပြီး တစ်ခုခုကို ထိန်းထားဖို့ ကြိုးစားနေသလိုမျိုး အနည်းငယ် ထိန်းထားသည်။ ဒါတောင်မှ အသံက အရမ်းဟော့နေတုန်း!
သို့သော်လည်း မင်းသား ယွေ့ စကားပြောလာသည့်အခိုက်အတန့်တွင် လဲ့ယောင်းယောင်း မျက်နှာက တစ်စစီဖြစ်သွားတော့သည်။ လျှပ်စစ်မီးကြောင့် ရှော့ဖြစ်သွားသလိုမျိုး သူ့လက်ကို အမြန်ပြန်ရုတ်လိုက်တယ်
သူမ မင်းသား ယွေ့  မျက်လုံးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။  သူမမျက်နှာတွင် အပြစ်ရှိသောအမူအရာတစ်ခုရှိပြီး သူမကအန္တရာယ်ရှိတဲ့ဟာတစ်ခုခုလုပ်နေပြီး အရွယ်ရောက်ပြီးသူတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရတဲ့ကလေးတစ်ယောက်နဲ့တူနေသည်။
သို့တိုင် လဲ့ယောင်းယောင်းက သူမ၏ ကြောက်ရွံ့သော အမူအရာက မင်းသား ယွေ့ အတွက် အလွန်စွဲမက်ဖွယ်ကောင်းနေကြောင်းကို လဲ့ယောင်းယောင်း  မသိခဲ့ပေ။
သူမ တုန်လှုပ်ချောက်ချားနေတဲ့အသံဖြင့်စတင်ပြီး တိုးတိုးလေးရေရွတ်လာသည်။ “အ ၊ အီး ၊ မ-မင်းသား ယွေ့ ဒ -ဒီကျွန်က.......”
လဲ့ယောင်းယောင်းက သူမ၏ အပြုအမူအတွက် အကြောင်းပြချက်ကောင်းတစ်ခုကို တွေးတောဖို့ ကြိုးစားနေသော်လည်း သူမ ဘာကိုမှ မဖြေရှင်းနိုင်ခဲ့ပေ။
နောက်ဆုံးတော့ သူမက သူ့ကျောကို ပွတ်သပ်ဖို့အမိန့်ပေးတာခံလိုက်ရတယ်။  သို့သော် သူမက သူ့ကို “လိင်ပိုင်းဆိုင်ရာ စော်ကား” မည့်အစား သူမက လက်ရှိမှာ မိန်းမစိုးတစ်ယောက်လေ!
မင်းသား ယွေ့ က ငါဟာ ဗြောင်းဆန်အောင်ဆက်ဆော့တတ်တဲ့ အမူအကျင့်ပျက်ပြားနေတဲ့သူလို့ ထင်ကောင်းထင်နိုင်တယ်။
ရှောင်မုဇီကပြောဖူးတယ် မိန်းမစိုးတချို့က သူတို့ရဲ့ မိသားစုရတနာတွေကို ဖြတ်တောက်ခဲ့ပြီးနောက် အမျိုးသားတွေကို တဖြည်းဖြည်း ဆွဲဆောင်လာကြတယ်တဲ့
ပြီးတော့ အဲဒီလူတွေကို ပုံမှန်မဟုတ်တဲ့သူလို့ယူဆကြပြီး အထင်သေးပြီး နှိမ့်ချကြတယ်!
မင်းသား ယွေ့ က ငါ့ကို ဘယ်အမျိုးအစားထဲမှာ ထည့်ထားလဲလို့ ငါသိချင်တယ်!  သူက ငါ့ကို ပုံမှန်မဟုတ်ဘူး ဒါမှမဟုတ် အမူအကျင့်ပျက်ပြားနေတယ်လို့ ထင်မှာလား?
လဲ့ယောင်းယောင်းက စိတ်ဆိုးပြီး မဲ့သွားခဲ့တယ်။
သူမရဲ့ နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် လက်ရှိခံစားချက်များ ပေါ်လွင်နေမည်ကို သူမ မသိခဲ့ပေ။
မိန်းမစိုးလေးက သူ့နှုတ်ခမ်းနီရဲရဲလေးကို ကိုက်ရင်း စိတ်ဖိစီးသွားတာကို မြင်ရတာ အရမ်းသဘောကျစရာကောင်းပြီး ချစ်ဖို့ကောင်းတယ်။  ဒါ့အပြင် "သူ" က သူစိုးရိမ်နေချိန်မှစ၍ နဖူးကို တွန့်နေခဲ့သည်။သူ အမူအရာဆက်ပြောင်းနေပြီး အလွန်မိုက်မဲနေပုံရသည်။
လန်ဂျင်းယွိရဲ့ နှလုံးသားက မပျော့ပျောင်းဘဲမနေနိုင်တော့ပေ။  ဒါပေမယ့် ရုတ်တရက်ဆိုသလို သူ မိန်းမစိုးလေးကို နောက်တစ်ကြိမ် စချင်လာသည်။
ဒါကိုတွေးပြီး လန်ဂျင်းယွိဟာ ရေပူစမ်းထဲနေ ခုန်ပြီး ကမ်းပေါ်ကို တက်လာခဲ့တယ်။
ဤမျှကြီးမားသော လှုပ်ရှားမှုကို ပြုလုပ်ပြီးနောက် ငြိမ်သက်ကြည်လင်သော ရေပူစမ်းတစ်လျှောက်တွင် ကြီးမားသော ရေစင်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။  နေရာတိုင်းတွင် ရေခိုးရေငွေ့များ ရှိနေသည်........
လဲ့ယောင်းယောင်း လုံးဝ သတိလက်လွတ်ဖြစ်သွားတယ်  လန်ဂျင်းယွိ ရုတ်တရက် ကမ်းပေါ်သို့ ခုန်တက်လာတာကို သူမ စဉ်းစားမရပေ။  သူမ အလွန်ထိတ်လန့်သွားပြီး ခြေထောက်တွေ ပျော့ခွေသွားကာ သူမ လဲကျသွားခဲ့သည်။
ထိတ်လန့်စွာနဲ့ သူမရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီး ပါးစပ်တွေဟကုန်ပြီ။  သူမရှေ့က လူချောလေးကို မျက်တောင်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏ သူမ ရှက်သွားတာကို လုံးဝမယုံကြည်နိုင်ဘူး
ယခုအချိန်တွင်၊ လန်ဂျင်းယွိက သူမရှေ့တွင် အရှက်မဲ့စွာနဲ့ ဝတ်လစ်စားလစ်ဖြင့် ရပ်နေပြီး....... သူ၏လွန်စွာကြီးမားလှသော "ငှက်" က သူမရှေ့တွင်တွဲလောင်းကျနေ၏......
လဲ့ယောင်းယောင်း  ပါးစပ်တွေခြောက်လာကာ ခေါင်းဖျားအထိ အပူတွေ တက်လာသလို ခံစားလိုက်ရတယ်။  အစိမ်းရောင် မီးခိုးတွေ ထွက်လာသလို ခံစားလိုက်ရတယ်...
ဘုရားရေ!  သ–သူ...သူ ဘာလုပ်နေတာလဲ?!
သူ  အဆင်မပြေသလို ဘယ်လိုမှ မခံစားရဘူးလား?
“မိန်းမစိုး” ရှေ့မှာ ဒီလောက် ထုတ်ဖော်ပြောဖို့ သူ ဘယ်လိုသွားနိုင်မလဲ?အဲ့တာက တ- တခြားသူတွေကို စိတ်လိုက်မာန်ပါဖြစ်အောင် လုပ်နိုင်တာကို သူမသိဘူးလား?
ဆန့်ကျင်ဘက်တွင် လန်ဂျင်းယွိ၏ မျက်နှာက အလွန်တည်ငြိမ်နေခဲ့သည်။  သူ့ခန္ဓာကိုယ် သို့မဟုတ် တစ်ခုခုအတွက် အလွန်ဂုဏ်ယူနေပုံရတယ်။  သူ့ "ငှက်" ကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိပေ။ နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံးက “ယောက်ျား” တွေပဲ မဟုတ်လား?!
မိန်းမစိုးလေးက တစ်ဝက်ကယောက်ျားနှင့် ပိုတူသော်လည်း တစ်ချိန်က သူလည်း ယောက်ျားတစ်ယောက်ပါပဲ ။  ထို့ကြောင့် လန်ဂျင်းယွိက ကြီးကြီးမားမားကိစ္စကြီးဟု မထင်ခဲ့ပေ။  တကယ်တော့ လဲ့ယောင်းယောင်း ရဲ့ မျက်နှာဟာ ချက်ထားတဲ့ ပုဇွန်ထုပ်ကြီးလို နီရဲနေတာကြောင့် စိတ်ဝင်စားစရာကောင်းတယ်လို့ သူတွေးခဲ့တယ်
အဲ့တာကတကယ်ပဲ သူ့ကို ပိုလို့တောင် စချင်စရာ ဖြစ်စေခဲ့တယ်။
ထို့ကြောင့် လန်ဂျင်းယွိက ကြောင်အနေသော လဲ့ယောင်းယောင်း ကို ငုံ့ကြည့်ကာ သူ့ရဲ့နီထွေးတဲ့နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။  သူ့အသံက တစ်စိတ်တစ်ပိုင်းက အက်ရှနေပြီး ပျင်းရိသံ ထွက်လာသည်။  “ငါ့ရဲ့ခြေထောက်အောက်ပိုင်းကို နှိပ်ပေး  !”
ထို့နောက် လှဲချလိုက်ပြီး ခေါင်းကို လက်ဖြင့်ထောက်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။  သူ့မျက်နှာကအပန်းဖြေနေတဲ့ပုံပေါ်ပြီး ပျင်းရိတဲ့ သားရဲတစ်ကောင်လို ဖြစ်နေတယ်။
သူ့မျက်နှာနဲ့ ဆံပင်တွေမှာ ရေစက်တွေ ဖုံးလွှမ်းနေသေးတယ် သူမသာ သူ့ခြေထောက်ကြားမှာရှိတဲ့အရာကို လျစ်လျူရှုနိုင်ခဲ့ရင်တော့...... သူ့ပုံစံက အရမ်းအရသာရှိမယ့်ပုံပဲ
မင်းသား ယွေ့က သူ့ခန္ဓာကိုယ်အတွက် အလွန်ဂုဏ်ယူနေသည်မှာ ထင်ရှားလှသည်။  နောက်ဆုံးတော့ သူ ဂရုမစိုက်ဘဲ ဒီကမ္ဘာကြီးမှာ ပေါ့ပေါ့ပါးပါး လဲလျောင်းနေခဲ့တယ်။
ဘာကိုမှ ဖုံးကွယ်ဖို့တောင် မကြိုးစားဘူး။  အခုအချိန်မှာတော့ လဲ့ယောင်းယောင်း က သူ့ရဲ့ xx ပေါ်က ××ကောက်ကောက်လေးတွေအားလုံးကို ရေတွက်နိုင်လောက်အောင် နီးကပ်နေပြီဖြစ်သည်။
“ဟင်….!”
ဖြူစင်တဲ့ မိန်းမပျိုလေးတစ်ယောက်အနေနဲ့ လဲ့ယောင်းယောင်းက ဒီလိုအခြေအနေမျိုး ကြုံလာရရင် ချက်ချင်းပဲ သူမရဲ့မျက်လုံးကို အုပ်ထားလိုက်မှာ
သူမအဖေက သူမကိုပြောဖူးတယ် ယောက်ျားတစ်ယောက်ရဲ့ တင်ပါးကို သူမ မြင်ရင် သူမရဲ့မျက်ခွံတွေ ရောင်လာလိမ့်မယ်တဲ့!
အထူးသဖြင့် တင်ပါးကလွဲရင် လဲ့ယောင်းယောင်း အရာအားလုံးကို မြင်ဖူးတယ်!!
ဘုရားရေ ၊ သူမ မျက်လုံးထဲပိုးဝင်သွားမှာ သေချာတယ်!
လဲ့ယောင်းယောင်း စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သို့သော်လည်း လောလောဆယ်မှာတော့ သူမရှောင်နိုင်သေးပါဘူး။
ဘာကြောင့်လဲဆိုတော့ သူမဟာ အခုအချိန်မှာ “မိန်းမစိုး” ဖြစ်နေလို့ပါပဲ။
ထို့ကြောင့် သူမဘယ်လောက်ပဲ ရှက်နေပါစေ သူမ ဒီအတားအဆီးကို ကျော်ဖြတ်ပြီး “မိန်းမစိုးကောင်းတစ်ယောက် ” ဖြစ်ဖို့ လိုအပ်သည်။
သူမရဲ့အလုပ်က သူမရဲ့သခင်ကို ကောင်းကောင်းအလုပ်အကျွေးပြုဖို့ပါပဲ။
ဒါကိုတွေးရင်း လဲ့ယောင်းယောင်း ရဲ့ အလွန်အံ့သြနေတဲ့ အမူအရာကို ပူနွေးတဲ့အမူအရာနဲ့ အစားထိုးလိုက်ပါပြီ
အဲ့တာကသူမ ပိုရှက်တာကြောင့်လား ဒါမှမဟုတ် ပိုပြီးစိုးထိတ်နေတာကြောင့် ဖြစ်နိုင်လား? ဒါမှမဟုတ် ပိုပြီးမျှော်လင့်နေတာလား ......? 
(လဲ့ယောင်းယောင်း : ဘာလဲဟ စာရေးဆရာ? ငါက အမျိုးသမီးတစ်ယောက်လေ အိုခေ? ငါက ဘာလို့ မျှော်လင့်ချက်ရှိနေတဲ့ အမူအရာမျိုးကို ထုတ်ဖော်ရမှာလဲ? မင်းက ငါ့ကို ကြည့်ရဆိုးအောင် လုပ်နေတာပဲ!)
#1.7.2022
Continue Reading
You'll Also Like
2.1M 78.2K 78
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
1.8M 90.5K 57
3.7M 276K 72
၁၉၄၀ နှောင်းပိုင်း ကာလ... မြို့အုပ်မင်း+မြို့အုပ်ကတော်
392K 10.8K 27
တော်ဝင်ဂုဏ် + ရှေးဆန်သူ