Like Love But Not [ ဘာသာပြန် ]

By Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

17

1.2K 225 21
By Kay_Wine


{Zawgyi}

[ အက်ဥ္းခ်ဳပ္ : သူ ကြၽန္ေတာ့္ကို ခ်စ္ယ္ေျပာဖို႔ခုခ်ိန္ထိေတာင္ ေစာင့္ေစရာလိုဘူး ]

•ေရွာင္ဟန္း•

အဲ့ဒိ့ 'သူ'ဆိုတာ ကြၽန္ေတာ္မ်ား ျဖစ္ေနမလား?

မဟုတ္ေလာက္ပါဘူး ဟုတ္တယ္မွတ္လား?

ဒါေပမယ့္ စကားအဆက္အစပ္အရ ကြၽန္ေတာ္ျဖစ္ေလာက္မယ့္ပုံေပၚတယ္။

ဒါေပမယ့္ ဒါေပမယ့္ ဒါက ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ? ဘယ္လိုပဲျဖစ္ေနေန အဲ့တာ ကြၽန္ေတာ္ မျဖစ္ေလာက္ပါဘူး...

"...ေနာက္ၿပီး ဒီေလာကႀကီးထဲမွာ ေရွာင္ဟန္းတစ္ေယာက္တည္း ေလးေလးနက္နက္နဲ႔ ႐ိုးသားႏိုင္တာ" ေရွာင္ဟန္းက ဆက္ေျပာတယ္ "ခင္ဗ်ားအႏိုင္က်င့္တာကို ဒီေလာက္ခံရတာေတာင္မွ မေျပာင္းမလဲနဲ႔ ခင္ဗ်ားအေပၚကို ဆက္ၿပီး သစၥာရွိေပးေနခဲ့တာ၊ ခင္ဗ်ားတို႔ႏွစ္ေယာက္က လိုက္ဖက္တဲ့စုံတြဲေတြပဲ"

'ေရွာင္ဟန္း'တဲ့ ကြၽန္ေတာ္ေပါ့။

ဒါေပမယ့္ သူေျပာေနတာ တကယ္ပဲ ကြၽန္ေတာ့္အေၾကာင္းဆိုရင္ ေလာ့ယြီခ်န္က ဘာလို႔ ေဒါသထြက္တာ ဒါမွမဟုတ္ စကားမ်ားတာမ်ိဳး မျဖစ္ရတာလဲ။

သူက ဒါနဲ႔ပက္သက္လို႔ ဘာလို႔ ေျပာစရာမလိုေအာင္ သေဘာတူေနရတာလဲ?

ေလာ့ယြီခ်န္ သေဘာက်ေနခဲ့တဲ့လူက ကြၽန္ေတာ္ဆိုၿပီး ရွမင္ရႈက ေျပာခဲ့တယ္၊ ေလာ့ယြီခ်န္ကလည္း တည္ၿငိမ္တဲ့မ်က္ႏွာနဲ႔ သေဘာတူေၾကာင္း အမူအယာျပေနတယ္။

ကြၽန္ေတာ္ သူတို႔ကိုၾကည့္ကာ အခု အိမ္မက္,မက္ေနတယ္လို႔ေတာင္ ခံစားေနရတယ္။ ျဖစ္ပ်က္ေနတဲ့အရာအားလုံးက အစစ္အမွန္ျဖစ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး_

တေစၦတစ္ေကာင္ျဖစ္ေနတဲ့ ကြၽန္ေတာ့္ရဲ႕လက္ရွိအေျခအေနအပါအဝင္ ဒီမတိုင္ခင္ ျဖစ္ပ်က္ခဲ့သမွ် အရာအားလုံးက အလြန္တရာကိုး႐ိုးကားရားႏိုင္တဲ့ အိမ္မက္တစ္ခုသာျဖစ္မယ္။

ဒီဇာတ္ေၾကာင္းက ရယ္စရာေကာင္းလြန္းတာေၾကာင့္ ကြၽန္ေတာ္ေတာင္ ႏိုးထေတာ့မတတ္ ရယ္ေမာမိေတာ့မယ္။

ဒါက ဘာလဲ?

ကြၽန္ေတာ္ အခ်စ္ဆုံးျဖစ္ခဲ့တဲ့လူတစ္ေယာက္အတြက္ ႐ုတ္တရက္ႀကီး ကြၽန္ေတာ့္ကို သေဘာက်တယ္ဆိုၿပီး ေျပာင္းလဲသြားတာက ဒီေလာက္ေတာင္ လြယ္လား?

ဒီမတိုင္ခင္က ဒီအိမ္မက္အမွန္တကယ္ျဖစ္လာပါေစဆိုၿပီး အႀကိမ္ေပါင္းမေရတြက္ႏိုင္ေအာင္ ဆုေတာင္းခဲ့တယ္၊ အဲ့တာကို ဒီလိုပုံစံမ်ိဳးနဲ႔ အမွန္တကယ္ျဖစ္လာတယ္ေပါ့?

ကြၽန္ေတာ္ နားမလည္ႏိုင္ေတာ့ဘူး။

လြန္ခဲ့တဲ့သုံးလေလာက္က သူက ကြၽန္ေတာ့္အေပၚ စိမ္းကားရက္စက္စြာ အိမ္ေျပာင္းဖို႔ အတင္းအက်ပ္လုပ္ခဲ့ၿပီး ကြၽန္ေတာ့္မ်က္စိေရွ႕မွာတင္ ရွမင္ရႈနဲ႔ ခ်စ္ၾကည္ႏူးျပေနခဲ့တယ္။ လြန္ခဲ့တဲ့ႏွစ္လက ရွမင္ရႈကို သူ႔ေရွ႕မွာ ကြၽန္ေတာ့္အေၾကာင္းထုတ္ေျပာခြင့္မေပးခဲ့ဘဲ ကြၽန္ေတာ့္ရဲ႕အေငြ႕အသက္တိုင္းကို ရွင္းထုတ္ပစ္ခ်င္တဲ့အထိ စက္ဆုပ္ခဲ့တဲ့အျပင္ ကြၽန္ေတာ္ ထားခဲ့တဲ့ဓာတ္ပုံေတြအားလုံးကိုပါ မီးရႈိ႕ျပာခ်ခဲ့တဲ့အထိ လုပ္ခဲ့တယ္။ အခုမွ သူက ႐ုတ္တရက္ႀကီး ေလသံေျပာင္းသြားၿပီး အဲ့တာက အခ်စ္လို႔ေျပာေနတယ္?

အဲ့လိုအရာေတြက... ခ်စ္မိေနတဲ့လူတစ္ေယာက္ လုပ္တဲ့အရာလား?

အခ်စ္ဆိုတာ ဘာလဲ? ဘယ္လိုလုပ္ အဲ့တာကို အခ်စ္ဆိုၿပီး သတ္မွတ္ႏိုင္မွာလဲ?

အခ်စ္က ကြၽန္ေတာ့္ကို ဒီလိုျပန္လမ္းမရွိတဲ့လမ္းေၾကာင္းကို စာနာေထာက္ထားျခင္းမရွိ အတင္းအက်ပ္ လုပ္ႏိုင္တာလား?

ဒါက မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ယုတၱိမရွိဘူးလို႔ ကြၽန္ေတာ္ သိလိုက္ရတယ္။

အခုလို ေဒါသပုန္ထရတာမ်ိဳးကို ကြၽန္ေတာ္ တစ္ခါမွ မခံစားခဲ့ရဖူးဘူး၊ ငိုခ်င္ေပမယ့္ မ်က္ရည္ေတြလည္း မရွိေတာ့ဘူး။

ေလာ့ယြီခ်န္ ကြၽန္ေတာ့္ကို မုန္းလို႔ရတယ္။

ကြၽန္ေတာ့္ကို ေအာ့ႏွလုံးနာလို႔ရတယ္၊ စက္ဆုပ္အထင္ေသးလို႔ရတယ္၊ ကြၽန္ေတာ့္ကို သူ႔ေအာက္မွာ နင္းေျခလို႔ရတယ္။

သူ႔ခံစားခ်က္ေတြကို အတင္းအက်ပ္လုပ္ခဲ့ၿပီး သူ႔အေပၚ အရင္ဆုံးအျပစ္ျပဳမိခဲ့တဲ့လူက ကြၽန္ေတာ္ျဖစ္ေနခဲ့တယ္ေလ။

ဒါေပမယ့္ သူ ကြၽန္ေတာ့္ကို ခ်စ္လို႔ေတာ့မရဘူး။

သူ႔မွာ ကြၽန္ေတာ့္အတြက္ ေကာင္းမြန္တဲ့ခံစားခ်က္ ေသးေသးမွ်င္မွ်င္ေလးတစ္ခု ရွိခဲ့ရင္ေတာင္မွ သူ႔ေဘးနားမွာေန႐ုံနဲ႔ ကြၽန္ေတာ့္ရဲ႕ႏွလုံးသားက အျပည့္အဝ ေပ်ာ္႐ႊင္ၿပီး ေက်နပ္မႈကို ခံစားရအုံးမယ္။ ဒါေပမယ့္ သူကေတာ့ အဖတ္ဆယ္လို႔မရတဲ့အထိ အၿမဲတမ္း စိတ္အေႏွာင့္အယွက္ေပးခဲ့တယ္။

ဆယ္ႏွစ္။

သူ႔ေဘးမွာေနရင္း ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္ နာက်င္ခံစားခဲ့ရတယ္ဆိုတာ ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။

ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ လိမ္ညာရင္း ညႇာတာမႈေလးျဖစ္ျဖစ္ အာ႐ုံစိုက္မႈေလးျဖစ္ျဖစ္ နည္းနည္းေလာက္ ေတာင္းခံႏိုင္ဖို႔ ႀကိဳးစားရင္း ကြၽန္ေတာ္ ေအာင့္အီးသည္းခံခဲ့ရတဲ့ နာက်ည္းမႈနဲ႔ အထီးက်န္မႈက ဘယ္ေလာက္ေတာင္ မ်ားျပားလိုက္သလဲ၊ သူ႔ရဲ႕စကားလုံးေတြနဲ႔ လုပ္ရပ္ေတြေၾကာင့္ ကြၽန္ေတာ္ ဘယ္ေလာက္ စိတ္ဆင္းရဲခဲ့သလဲဆိုတာ ေကာင္းကင္ႀကီးပဲ သိလိမ့္မယ္။

ဆယ္ႏွစ္၊ သူ႔ေဘးမွာ ကြၽန္ေတာ္ ေနထိုင္ရင္း ေန႔ရက္ေတြ ကုန္ဆုံးလာတာနဲ႔အမွ် ကြၽန္ေတာ္လည္း တိတ္ဆိတ္စြာနဲ႔ ႐ႊံ႕ႏြံႀကီးထဲ နစ္သထက္နစ္ဝင္ေနခဲ့တယ္၊ ကြၽန္ေတာ့္ႏွလုံးသားကလည္း ရစရာမရွိေအာင္ ညႇိဳးႏြမ္း ေသဆုံးခဲ့ရတယ္။

ကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံးေ႐ြးျခယ္မႈက ခဏတာစိတ္လိုက္မာန္ပါလုပ္လိုက္တာမ်ိဳး လုံးဝမဟုတ္ဘူး _ သူ႔ေဘးနားမွာေနရမယ့္ ကြၽန္ေတာ့္ရဲ႕အခ်ိန္ေတြက အကန႔္အသတ္နဲ႔ျဖစ္သြားၿပီဆိုတာကို သတိျပဳမိခဲ့တဲ့ေန႔ကစလို႔ ကြၽန္ေတာ့္ရဲ႕စိတ္ပ်က္မႈေတြက ကုန္ဆုံးသြားတဲ့ေန႔ရက္တိုင္းမွာ ကြၽန္ေတာ့္ရဲ႕အ႐ိုးထဲထိ နစ္သထက္နစ္ေအာင္ စတင္စိမ့္ဝင္ေနခဲ့တယ္။

မ်ားလြန္းတာေၾကာင့္ ေနာက္ဆုံး ကြၽန္ေတာ့္ရဲ႕ဘဝကို အဆုံးသတ္ႏိုင္မယ့္ေန႔ကို ေရာက္လာေတာ့မယ္ဆိုၿပီး ေမွ်ာ္လင့္ေစာင့္စားကာ မနက္တိုင္း ႏိုးထလာခဲ့ရတယ္။

ေနာက္ၿပီး အနည္းဆုံးေတာ့ ကြၽန္ေတာ္ မေသခင္ သူ႔ေဘးမွာေနႏိုင္ေသးတယ္။

အဲ့တုန္းက ကြၽန္ေတာ္ ေမာင္းထုတ္မခံရေသးဘူး၊ မေရရာတဲ့ေနရာကို ကြၽန္ေတာ့္အပိုင္ဆိုၿပီး ဆုပ္ကိုင္ထားဆဲျဖစ္တယ္။

ကြၽန္ေတာ္ သူ႔ကို အမွန္တကယ္ ခ်စ္ျမတ္ႏိုးခဲ့တယ္။

ဘာေၾကာင့္ သူ႔ကို ဒီေလာက္ထိခ်စ္ခဲ့ရတာလဲဆိုတာ မသိေပမယ့္ ပုံႀကီးခ်ဲ႕ေျပာဖို႔လိုတယ္လို႔လည္း မခံစားရဘူး။

ေလာ့ယြီခ်န္လို႔ေခၚတဲ့အရာမွာ ကြၽန္ေတာ္ လုံးလုံးလ်ားလ်ား ႐ုန္းမထြက္ႏိုင္သလိုျဖစ္ေနခဲ့တယ္။

ေနာက္ၿပီး သူက အသူတစ္ရာနက္တဲ့ ဗြက္အိုင္ႀကီးတစ္ခုနဲ႔တူတယ္။ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ထိုတြင္းနက္ႀကီးထဲမွာ ေန႔အလင္းေရာင္ကိုလည္း မျမင္ႏိုင္ အသံေသးေသးေလးတစ္သံေတာင္ မထြက္ႏိုင္ဘဲ တျဖည္းျဖည္းနဲ႔ ကြၽန္ေတာ့္ရဲ႕ကံၾကမၼာကို လက္ခံရင္းသာ အရွင္လတ္လတ္ ဝါးၿမိဳနစ္မြန္းခံခဲ့ရတယ္။

အတိတ္မွာတုန္းက ကြၽန္ေတာ္လည္း သူ႔ကို တစ္ႀကိမ္တစ္ခါ အကူအညီေတာင္းကာ ညႇာတာဖို႔ ေတာင္းဆိုခဲ့ေပမယ့္ သူကေတာ့ လုံးဝမျမင္ခဲ့ဘူး။

ကြၽန္ေတာ္ ၿမိဳသိပ္ခဲ့ရတဲ့ နာက်င္မႈေတြ၊ အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ လုံးလုံးလ်ားလ်ား ၿပိဳလဲခဲ့တာေတြကို သူကေတာ့ လုံးဝသတိမမူမိခဲ့ဘူး။

ဒီလိုမ်ိဳး ေမွ်ာ္လင့္ခ်က္မဲ့တဲ့ အေနအထားမ်ိဳးေတြမွာ ကြၽန္ေတာ္နဲ႔ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ သူ႔မွာ ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ ေျပာပိုင္ခြင့္ လုံးဝမရွိဘူး။

သူ... ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ေျပာဖို႔ အခုခ်ိန္ထိ ေစာင့္ေနစရာေတာင္ မလိုဘဲနဲ႔။

****

****

အိမ္မွာ မိသားစုအထြတ္အျမတ္ေနရာေတြဘာေတြ မရွိဘူး။

အဲ့တာေၾကာင့္ ရွမင္ရႈက ဒီလိုကာကြယ္ေရးအေဆာင္ေတြကို လည္စည္းတစ္ခုနဲ႔ ရစ္ပတ္ကာ ဘီဒိုထဲ ထည့္သိမ္းထားလိုက္တယ္။

ဒီေန႔ ဒီလိုအခိုက္အတန႔္မွာ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္လည္း မ်က္ကြယ္ျပဳမထားႏိုင္ေတာ့ဘဲ ရွမင္ရႈက သူငယ္ခ်င္းလို ခင္မင္ရင္းႏွီးမႈကိုသာ ျပသေနတယ္ဆိုတာကို ေျပာႏိုင္တယ္။

သူ ဝမ္းနည္းေနတာ အရွင္းသားႀကီးဆိုေပမယ့္လည္း စာနာမႈမရွိတဲ့ ေလာ့ယြီခ်န္ကို ခြင့္လႊတ္တတ္စြာ ၿပဳံးျပရင္း ဂ႐ုစိုက္တဲ့သူငယ္ခ်င္းတစ္ေယာက္လို ကူညီေပးေနတယ္။

သူ႔ႏွလုံးသားထဲမွာ ခါးသက္မႈေတြအားလုံး စုၿပဳံေနေပမယ့္ အထြန႔္တက္တဲ့စကားတစ္ခြန္းေတာင္ မေျပာႏိုင္ဘူး။ ဒီလိုခံစားခ်က္က တစ္ခ်ိန္တစ္ခါက ကြၽန္ေတာ္နဲ႔ သိပ္ကို ရင္းႏွီးကြၽမ္းဝင္ေနခဲ့တဲ့အရာျဖစ္တယ္။

အရာအားလုံး ဆန႔္က်င္ဘက္ေတြ ေျပာင္းသြားပုံရတယ္။

မသိရင္ အခုခ်ိန္ကြၽန္ေတာ္က လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္က သူ႔ေနရာေရာက္သြားၿပီး သူကေတာ့ လြန္ခဲ့တဲ့ဆယ္ႏွစ္က ကြၽန္ေတာ့္ေနရာ ေရာက္သြားပုံေပၚတယ္။

အဲ့တာက ဝဋ္ေႂကြးလား ဒါမွမဟုတ္ ဒဏ္ခတ္ခံရတာလား?

ဒါဆို ဒီအေျခအေနမွာ ကြၽန္ေတာ္နဲ႔ ရွမင္ရႈက ဘာေတြလဲ? ကြၽန္ေတာ္တို႔က ေလာ့ယြီခ်န္ရဲ႕ ႏွင္းဆီနီနဲ႔ ႏွင္းဆီျဖဴလား? [ Eng T/N : Eileen Chang ေရးသားထားတဲ့ ဝတၳဳတစ္ပုဒ္ပါ၊ တကယ္ေတာ့ 'အျဖဴေရာင္လရိပ္'ဆိုတာကေန ဆင္းသက္လာတာပါ! ဝတၳဳက အမ်ိဳးသမီးႏွစ္ေယာက္ထဲကတစ္ေယာက္ကို ေ႐ြးျခယ္ရမယ့္ အမ်ိဳးသားတစ္ေယာက္အေၾကာင္းပါ -- ႏွင္းဆီနီနဲ႔ ႏွင္းဆီျဖဴ၊ ေနာက္လာမယ့္စာေၾကာင္းေတြကလည္း ဒီဝတၳဳနဲ႔ ဆက္စပ္ေနပါတယ္ ]

အခုခ်ိန္မွာ နံရံေပၚမွာရွိတဲ့ ျခင္ေသြးအမွတ္အသားက ႏွလုံးသားေပၚမွာ လွပတဲ့ၾကက္ေသြးေရာင္အမွတ္အသားတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီး အိပ္ရာေရွ႕က လရိပ္ေလးကေတာ့ ရွပ္အက်ီေပၚမွာ ကပ္ေနတဲ့ ထမင္းေစ့အျဖစ္ ေျပာင္းလဲသြားတာလား? [ T/N : ဇာတ္ေၾကာင္းလြဲမွာစိုးလို႔ ေအာက္ဆုံးမွာ ရွင္းျပထားပါတယ္ ]

သူက ဘာမဟုတ္တာကို အေတာ္ေလး ျပႆနာလိုက္ရွာေနတာပဲ။

ကြၽန္ေတာ္ စတင္သံသယျဖစ္လာတယ္။

အခ်စ္ဆိုတာဘာလဲ? ေလာ့ယြီခ်န္က အခ်စ္ဆိုတာဘာမွန္း အစတည္းက မသိခဲ့ဘူး။ သူက အၿမဲတမ္းလိုလို ေခါင္းမာကာ ထိန္းမႏိုင္သိမ္းမရလူစားမ်ိဳး အဆုံးမွာ သူ႔ေဘးနားက လူေတြအားလုံးနီးပါးကို နာက်င္ေအာင္လုပ္ခဲ့တယ္။

ကြၽန္ေတာ္သာ မေသေသးလို႔ သူ ကြၽန္ေတာ့္ကို လာရွာၿပီး ျပန္ေခၚမယ္ဆိုရင္လည္း ေနာက္ဘယ္ႏွစ္ရက္ေလာက္ေနရင္ စိတ္ျပန္ေျပာင္းသြားအုံးမလဲဆိုတာ ဘယ္သူသိမွာလဲ?

ကံေကာင္းေထာက္မစြာနဲ႔ အဲ့လိုျဖစ္ဖို႔ဆိုတာ ျဖစ္ႏိုင္ေျခမရွိဘူး။

ကြၽန္ေတာ္က အနားမွာ ထပ္မရွိႏိုင္ေတာ့တာေၾကာင့္ အခုခ်ိန္ သူတန္ဖိုးထားသင့္တဲ့လူက ရွမင္ရႈျဖစ္တယ္ဆိုတာ သိသင့္ေနၿပီ။

****

ေက်ာ္ၾကားတဲ့သူေတြအတြက္ ေႏြဦးပြဲေတာ္ကို က်င္းပဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။

လဆန္းတစ္ရက္ေန႔ကေန ငါးရက္ေျမာက္ေန႔အထိ ေလာ့ယြီခ်န္နဲ႔ ရွမင္ရႈတို႔ႏွစ္ေယာက္လုံး မ်ားစြာေသာ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ၊ ကင္မရာေရွ႕မွာ ဂိမ္းေတြေဆာ့ျပရတာေတြ၊ ပရိတ္သတ္ေတြေရာ သူတို႔ကိုယ္သူတို႔ပါ ေဖ်ာ္ေျဖရတာေတြမွာ ပါဝင္ေပးရင္း အလုပ္ေတြမ်ားေနၾကတယ္။

ေလာ့ယြီခ်န္ရဲ႕အယ္လ္ဘမ္အသစ္ မျဖန႔္ေသးခင္ သူေရးခဲ့တဲ့ ထိုသီခ်င္းအသစ္က တီဗြီနဲ႔ေရဒီယိုရဲ႕ သီခ်င္း႐ုပ္သံလိုင္းေတြမွာ ထုတ္လႊင့္ၿပီးေနၿပီျဖစ္တယ္။

တစ္ေယာက္တည္း လမ္းမေပၚမွာ ေလွ်ာက္ေနရင္ လမ္းတစ္ခုလုံး ခပ္ပါးပါး သိမ္ေမြ႕မႈနဲ႔ နာက်ည္းမႈ အေငြ႕အသက္ေတြ ျပည့္ႏွက္သြားေလာက္ၿပီး အဲ့သီခ်င္းကို နားေထာင္လိုက္တယ္ဆိုတာနဲ႔ လူေတြရဲ႕ႏွလုံးသားေတြကို နာက်င္လာေစတယ္။ အထူးသျဖင့္ ညအခ်ိန္မ်ိဳးမွာျဖစ္တယ္။

ထင္တဲ့အတိုင္း ဒီအယ္လ္ဘမ္အသစ္ရဲ႕ ေနာက္ေၾကာင္းကို ရွင္းျပေပးဖို႔အတြက္ ေရဒီယိုဌာနတစ္ခုက ေလာ့ယြီခ်န္ကို အတင္းဆြဲေတာ့တယ္။

"သီခ်င္းသြင္းေနတဲ့အေတာအတြင္းမွာ အခက္အခဲေတြမ်ား ႀကဳံခဲ့ရတာရွိလား?"

အမ်ိဳးသမီးအစီအစဥ္မႉးရဲ႕ ႏူးညံ့တဲ့အသံက မိုက္က႐ိုဖုန္းကို ထိုးေဖာက္ကာ လက္ရွိမွာ နားေထာင္ေနသူတိုင္းဆီ ေရာက္ရွိသြားတယ္။

"မျဖစ္ပါဘူး" ေလာ့ယြီခ်န္က ၿပဳံးတယ္ဆို႐ုံ ၿပဳံးကာ ေျပာလိုက္တယ္ "ဝန္ထမ္းအဖြဲ႕သားေတြအားလုံးရဲ႕ ခက္ခက္ခဲခဲႀကိဳးစားေပးခဲ့တဲ့ ေက်းဇူးေတြေၾကာင့္ အယ္လ္ဘမ္အသံသြင္းတာက သိပ္ကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ၿပီးဆုံးခဲ့ပါတယ္"

"အခုခ်ိန္မွာ ကြၽန္မတို႔ပရိတ္သတ္ေတြအားလုံးသိခ်င္ေနၾကတာက ေနာက္ဆုံးမွကပ္ၿပီးထည့္လိုက္တဲ့ 'ေအာက္ေမ့ဖြယ္ အမွတ္တရမ်ား'ဆိုတဲ့ သီခ်င္းအသစ္အေၾကာင္းပါ၊ ဘယ္လို အလွည့္အေျပာင္းေၾကာင့္မ်ား ဒါကို ေကာက္ခါငင္ခါ လုပ္ျဖစ္သြားတာလဲ?" [ T/N : ေရွ႕မွာ အတိတ္ကို လြမ္းေဆြးျခင္း အမွတ္တရမ်ားဆိုၿပီး ေရးထားပါတယ္၊ ေနာက္မွ ျပန္ျပင္ေတာ့မယ္ေနာ္ ]

ေလာ့ယြီခ်န္ အေနရခက္သြားတယ္ဆိုတာ သိသာတယ္။ တစ္ခဏေတြးေတာၿပီးေနာက္ ဆုံးျဖတ္ခ်က္ခ်လိုက္တဲ့ပုံမ်ိဳးနဲ႔ တည္ၿငိမ္စြာ ေျပာလာတယ္ "ဒီသီခ်င္းက ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ရဲ႕သူငယ္ခ်င္းေကာင္းတစ္ေယာက္ၾကားမွာျဖစ္ခဲ့တဲ့ ငယ္ငယ္တုန္းက အမွတ္တရေတြအေၾကာင္းပါ"

အဲ့တာက သူငယ္ခ်င္းေကာင္းၾကားမွာျဖစ္ခဲ့တဲ့ အမွတ္တရတခ်ိဳ႕ဆိုရင္ ဘာလို႔ ဒီအေၾကာင္းေျပာရတာ တအားခက္ခဲေနပုံ ေပၚေနရတာလဲ?

"အာ အမွတ္တရေတြ" သူ႔ရဲ႕ေျဖရွင္းခ်က္ကို အမ်ိဳးသမီးအစီအစဥ္မႉးက ယုံၾကည္ပုံမရမွန္း သိသာတယ္။ သူက ရယ္ရယ္ေမာေမာနဲ႔ ေျပာလာတယ္ "ဒီတိုင္း သူငယ္ခ်င္းေကာင္းေတြလိုမ်ိဳး ႐ိုးရွင္းေနမွာေတာ့ ေသခ်ာေပါက္ မဟုတ္ေလာက္ဘူး၊ ဟုတ္တယ္မွတ္လား? ရွင္အဲ့တာကို ဘယ္လိုပဲ နားေထာင္ေထာင္ အဲ့သီခ်င္းက အခ်စ္အေၾကာင္း _ မဟုတ္ေသးဘူး၊ ပိုၿပီး တိတိက်က်ေျပာရမယ္ဆိုရင္ အခ်စ္ဦးအေၾကာင္းပဲ"

အခ်စ္ဦး?

ခ်က္ေကာင္းပဲ။ တကယ္လို႔ တစ္ေယာက္ေယာက္က အဲ့လိုေတြးမယ္ဆိုရင္ အဲ့တာက တကယ့္ကို အခ်စ္ဦးရဲ႕ရသပဲ။

ႏူးညံ့ေပမယ့္ လူေတြရဲ႕ႏွလုံးသားကို ရွင္းမျပႏိုင္ေအာင္ နာက်င္ေစတာ အံ့ဩစရာမဟုတ္ေတာ့ပါဘူး။ လူတစ္ေယာက္ရဲ႕ အနက္ရႈိင္းဆုံးစိတ္ဝိဉာဥ္ထဲကေန ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ခံစားခ်က္ေလးတစ္ခု ထြက္ေပၚလာေစတယ္။ ကြၽန္ေတာ္ အဲ့တာကို အေစာပိုင္းတုန္းက သတိျပဳမိခဲ့သင့္တယ္။

အခ်စ္ဦးေတြက ဘယ္ေတာ့မွ အမွန္တကယ္ျဖစ္မလာဘူး။

ေနာက္ၿပီး ေတာက္ပတဲ့စကၠန႔္ပိုင္းေလးကတင္ ထာဝရအမွတ္တရတစ္ခုအျဖစ္ ေျပာင္းသြားႏိုင္တယ္။

ကြၽန္တာ့္ရဲ႕အခ်စ္ဦးက ေလာ့ယြီခ်န္ျဖစ္တာေၾကာင့္ နာက်င္မႈကို ကြၽန္ေတာ္ေကာင္းေကာင္းႀကီး သိရွိထားတယ္။

"မင္းတို႔ ငယ္႐ြယ္တဲ့အခ်ိန္မွာ အခ်စ္ကို သူငယ္ခ်င္းဆက္ဆံေရးဆိုၿပီး ထင္ေယာင္ထင္မွားျဖစ္ဖို႔က တကယ္လြယ္ကူတယ္..." ေလာ့ယြီခ်န္က ရယ္သံတိုးတိုးေလးတစ္ခ်က္ျပဳကာ သူ႔အၾကည့္က အေဝးတစ္ေနရာကို ေရာက္ရွိေနပုံေပၚတယ္။

"ဘယ္လိုလဲ?"

"အဲ့တာတင္မဟုတ္ဘူး တစ္ခါတစ္ေလမွာ အခ်စ္ကို တျခားခံစားခ်က္ေတြနဲ႔ ေရာေထြးသြားႏိုင္တယ္၊ အဲ့တာေၾကာင့္ မင္းသိလိုက္ရတဲ့အခ်ိန္မွာ အရာအားလုံးက..."

ဒီအခိုက္အတန႔္မွာ အမ်ိဳးသမီးအစီအစဥ္မႉးတစ္ေယာက္သာ ႏူးညံ့တဲ့အမူအယာရွိေနတဲ့ ေလာ့ယြီခ်န္ရဲ႕မ်က္ႏွာကို ျမင္ႏိုင္တာေၾကာင့္ သူ႔မွာ မေနႏိုင္ဘဲ အံ့ဩေနမိတယ္။

"အဲ့ေတာ့ ေျပာရမယ္ဆိုရင္ ဒီသီခ်င္းက ရွင့္ႏွလုံးသားထဲမွာရွိေနတဲ့လူအတြက္ ေရးေပးထားတာေပါ့"

သူက ျဖစ္ႏိုင္ေျခကို အတည္ျပဳၿပီးသားဆိုေပမယ့္လည္း သူေျဖလာဖို႔ကို စိတ္ရွည္လက္ရွည္နဲ႔ လမ္းၫႊန္ေပးေနတုန္းပဲ။

ေလာ့ယြီခ်န္က မ်က္လႊာခ်ကာ အတည္ျပဳေၾကာင္း ေခါင္းၿငိတ္ျပလိုက္တယ္။

ရွမင္ရႈက ေလာ့ယြီခ်န္ရဲ႕အခ်စ္ဦးလို႔ ကြၽန္ေတာ္အၿမဲ ထင္ခဲ့တယ္။ တကယ္ေတာ့ ကြၽန္ေတာ္ ဆယ့္သုံးႏွစ္သားအ႐ြယ္မွာ သူနဲ႔ ဆုံခဲ့တာျဖစ္ၿပီး သူ ရွမင္ရႈကို မေတြ႕ေသးခင္အထိ သူ႔ဘက္က အခ်စ္ဆိုတဲ့အရာကို စိတ္ဝင္စားပုံေတာင္မေပၚဘူး။

ဒါေပမယ့္ သီခ်င္းရဲ႕ ေနာက္ခံဇာတ္ေၾကာင္းက အိမ္နီးခ်င္းေတြအျဖစ္ ေက်ာင္းတက္တုန္းက ေန႔ရက္ေတြျဖစ္ေနတယ္။ မသိရင္ သူနဲ႔အတူ ႀကီးျပင္းလာခဲ့တဲ့ ငယ္ဘဝက ခ်စ္သူရည္းစားတစ္ေယာက္အေၾကာင္းလို ျဖစ္ေနတယ္။

ဒါေပမယ့္ အဲ့လိုလူေရာ ရွိခဲ့လို႔လား? အဲ့အခ်ိန္က သူ႔နားမွာ ရွိခဲ့တာဆိုလို႔ ကြၽန္ေတာ္ တစ္ေယာက္တည္း မဟုတ္ဘူးလား?

"ဒါဆို သူက ဘယ္လိုလူစားမ်ိဳးလဲ?"

အခုက နာမည္ေက်ာ္တစ္ေယာက္ရဲ႕ ႀကဳံေတာင္ႀကဳံခဲျမင္ေတြ႕ရတဲ့ သူ႔ကိုယ္သူ ထုတ္ေဖာ္ေနတဲ့ အခိုက္အတန႔္တစ္ခုျဖစ္ေပမယ့္ အသံလႊင့္ဌာနရဲ႕ အမ်ိဳးသမီးအစီအစဥ္မႉးကေတာ့ သတင္းကို ဇြတ္အတင္း ႏႈိက္ထုတ္တာမ်ိဳး မလုပ္ခဲ့ဘူး။ ဒီကိစၥကို ဘယ္လိုမ်ိဳး ေျဖးေျဖးခ်င္းသြားရမလဲဆိုတာနဲ႔ ဒီလိုမ်ိဳး လွပၿပီး ေအးခ်မ္းတဲ့ေလထုကို ဘယ္လိုထိန္းသိမ္းထားရမယ္ဆိုတာကို ေကာင္းေကာင္းသိထားၾကတယ္။ ဒီေနရာက တိတ္ဆိတ္ၿပီး အတိတ္ကို ျပန္လည္ေအာက္ေမ့ျခင္းေတြသာ ခံစားမိေနတယ္။

"အဲ့လူက ... သိပ္ကိုအေလးအနက္ထားတတ္တယ္၊ တအားလည္း ၿငိမ္တယ္ ၿပီးေတာ့ တစ္ခါတစ္ေလက်ရင္ သိပ္ၿပီး႐ူးမိုက္လြန္းတယ္"

ေလာ့ယြီခ်န္က ထပ္ေတြးေနေပမယ့္ တျခားေတြးလို႔ရတာေတြ မရွိေတာ့တဲ့ပုံေပၚတယ္။ ေနာက္တစ္ႀကိမ္ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတစ္ခု ထုတ္ျပလာျပန္တယ္။

အမ်ိဳးသမီးအစီအစဥ္မႉးခမ်ာ ေခါင္းေလးေစာင္းသြားတယ္။ သူ႔အမူအယာက ေလာ့ယြီခ်န္ရဲ႕အႀကိဳက္ကို နားမလည္ႏိုင္ဘူးလို႔ ေျပာေနသေယာင္။

သိပ္ကိုအေလးအနက္ထားတတ္တယ္၊ တအားလည္း ၿငိမ္တယ္ ၿပီးေတာ့ တစ္ခါတစ္ေလက်ရင္ သိပ္ၿပီး႐ူးမိုက္လြန္းတယ္... ဆိုတာ ကြၽန္ေတာ္ပဲေလ။

ရွမင္ရႈက ပိုၿပီးဖ်တ္ဖ်တ္လတ္လတ္ရွိတာေၾကာင့္ သူ႔ကိုေဖာ္ျပဖို႔ 'ၿငိမ္တယ္'ဆိုတဲ့စကားလုံးက ေသခ်ာေပါက္ ဟုတ္မေနဘူး။

သိပ္ကိုအေလးအနက္ထားတတ္၊ တအားလည္း ၿငိမ္ၿပီး တစ္ခါတစ္ေလက်ရင္ေတာ့ သိပ္ၿပီး႐ူးမိုက္လြန္းတဲ့ ကြၽန္ေတာ္က ေလာ့ယြီခ်န္ ကြၽန္ေတာ့္အတြက္ သီခ်င္းတစ္ပုဒ္ေရးေပးထားတာကို ၾကားႏိုင္မယ့္ ဒီလိုေန႔မ်ိဳး ေရာက္လာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးမိခဲ့ဘူး။

တကယ္ေတာ့ ရယ္ပစ္လိုက္ခ်င္ေပမယ့္ ကြၽန္ေတာ့္ရဲ႕ႏွလုံးသားထဲက နာက်င္စူးေအာင့္မႈတစ္ခုသာ ဗလုံစီၿပီး ထြက္ေပၚလာတယ္။

"အဲ့လူက ဝိုင္နဲ႔ နည္းနည္းဆင္တယ္" ေနာက္ခံအေနနဲ႔ သီခ်င္းသံတိုးတိုးစၿပီး ထြက္ေပၚလာခ်ိန္မွာ ေလာ့ယြီခ်န္က ႐ုတ္တရက္ ႏႈတ္ခမ္းအစုံဖြင့္ဟလာျပန္တယ္ "အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ပိုၿပီးခ်ိဳလာတာမို႔ လူေတြကို ဘာမွမတတ္ႏိုင္ျဖစ္ေစတယ္ေလ၊ ကိုယ္သတိထားမိလိုက္တဲ့အခ်ိန္က်ေတာ့ သူ႔ကို ယစ္မူးေနခဲ့တာ ၾကာလွေပါ့..."

ႏွစ္လိုဖြယ္အသံက သီခ်င္းသံတိုးတိုးနဲ႔အတူ ေရဒီယိုဌာနကေန ပ်ံ႕လြင့္သြားတယ္။

ထိုေန႔ ေန႔ခင္းငါးနာရီမွာ ေနက မိုးကုတ္စက္ဝိုင္းေပၚ က်ေရာက္ေနၿပီး ထိုႏူးညံ့တဲ့စကားလုံးေတြကလည္း တစ္ဝက္တစ္ပ်က္နဲ႔ မၿပီးဆုံးလိုက္ဘူး။

ကြၽန္ေတာ္ ျပတင္းေပါက္ကို လွမ္းၾကည့္မိတယ္။ ဒီေန႔ ေနဝင္ဆည္းဆာအလင္းေရာင္က တအားကိုနီေတာက္ေနတယ္။ နီလြန္းလို႔ ေသြးစက္လိုမ်ိဳး စီးက်ေတာ့မယ့္ပုံေတာင္ ျဖစ္ေနတယ္။

စာေရးသူမွာ ေျပာစရာရွိေနပါတယ္ :

ေနစမ္းပါအုံး!

ဒီဇာတ္လမ္းကို ဒီေနရာအထိ တည္းျဖတ္လာၿပီး ငါလည္း တကယ္ေဒါသထြက္ေနၿပီ။

ဒါကို ငါတကယ္ပဲ ေရးခဲ့တာလား အား... တအားေတြ ေဒါသထြက္ေနပါၿပီေနာ္ =A= #

[ Kay : ျခင္ေသြးနဲ႔ ထမင္းေစ့အေၾကာင္း ရွင္းျပခ်င္ပါတယ္။ စာေၾကာင္းအျပည့္အစုံက : [ မင္းသာ ႏွင္းဆီနီကို လက္ထပ္လိုက္မယ္ဆိုရင္ သူက 'နံရံေပၚမွာရွိတဲ့ ျခင္ေသြးအမွတ္အသားတစ္ခု'ျဖစ္သြားၿပီး ႏွင္းဆီျဖဴကေတာ့(မင္း လက္မထပ္လိုက္ရတဲ့သူ) 'မင္းရဲ႕ အိပ္ရာေရွ႕က လရိပ္ေလး'ျဖစ္သြားမယ္။ ေျပာင္းျပန္အေနနဲ႔ ေျပာရရင္ေတာ့ မင္းသာ ႏွင္းဆီျဖဴကို လက္ထပ္လိုက္မယ္ဆိုရင္ သူက 'မင္းရဲ႕ရွပ္အက်ီေပၚမွာ ကပ္ေနတဲ့ ထမင္းေစ့'အျဖစ္ ေျပာင္းသြားၿပီး ႏွင္းဆီနီကေတာ့ 'မင္းရဲ႕ႏွလုံးသားေပၚက လွပတဲ့ၾကက္ေသြးေရာင္ အမွတ္အသားတစ္ခု'ျဖစ္သြားလိမ့္မယ္။ ] ဆိုတဲ့ အဓိပၸါယ္မ်ိဳးပါ။ အခ်စ္စစ္အခ်စ္မွန္ကို သိႏိုင္မယ့္ ေသာက္က်ိဳးနည္း နည္းလမ္းႀကီးတစ္ခုလိုပါပဲ။ ]



_____



{Unicode}

[ အကျဉ်းချုပ် : သူ ကျွန်တော့်ကို ချစ်တယ်ပြောဖို့ အခုချိန်ထိတောင် စောင့်နေစရာလိုဘူး ]

•ရှောင်ဟန်း•

အဲ့ဒိ့ 'သူ'ဆိုတာ ကျွန်တော်များ ဖြစ်နေမလား?

မဟုတ်လောက်ပါဘူး ဟုတ်တယ်မှတ်လား?

ဒါပေမယ့် စကားအဆက်အစပ်အရ ကျွန်တော်ဖြစ်လောက်မယ့်ပုံပေါ်တယ်။

ဒါပေမယ့် ဒါပေမယ့် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဘယ်လိုပဲဖြစ်နေနေ အဲ့တာ ကျွန်တော် မဖြစ်လောက်ပါဘူး...

"...နောက်ပြီး ဒီလောကကြီးထဲမှာ ရှောင်ဟန်းတစ်ယောက်တည်း လေးလေးနက်နက်နဲ့ ရိုးသားနိုင်တာ" ရှောင်ဟန်းက ဆက်ပြောတယ် "ခင်ဗျားအနိုင်ကျင့်တာကို ဒီလောက်ခံရတာတောင်မှ မပြောင်းမလဲနဲ့ ခင်ဗျားအပေါ်ကို ဆက်ပြီး သစ္စာရှိပေးနေခဲ့တာ၊ ခင်ဗျားတို့နှစ်ယောက်က လိုက်ဖက်တဲ့စုံတွဲတွေပဲ"

'ရှောင်ဟန်း'တဲ့ ကျွန်တော်ပေါ့။

ဒါပေမယ့် သူပြောနေတာ တကယ်ပဲ ကျွန်တော့်အကြောင်းဆိုရင် လော့ယွီချန်က ဘာလို့ ဒေါသထွက်တာ ဒါမှမဟုတ် စကားများတာမျိုး မဖြစ်ရတာလဲ။

သူက ဒါနဲ့ပက်သက်လို့ ဘာလို့ ပြောစရာမလိုအောင် သဘောတူနေရတာလဲ?

လော့ယွီချန် သဘောကျနေခဲ့တဲ့လူက ကျွန်တော်ဆိုပြီး ရှမင်ရှုက ပြောခဲ့တယ်၊ လော့ယွီချန်ကလည်း တည်ငြိမ်တဲ့မျက်နှာနဲ့ သဘောတူကြောင်း အမူအယာပြနေတယ်။

ကျွန်တော် သူတို့ကိုကြည့်ကာ အခု အိမ်မက်,မက်နေတယ်လို့တောင် ခံစားနေရတယ်။ ဖြစ်ပျက်နေတဲ့အရာအားလုံးက အစစ်အမှန်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး_

တစ္ဆေတစ်ကောင်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့လက်ရှိအခြေအနေအပါအဝင် ဒီမတိုင်ခင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အလွန်တရာကိုးရိုးကားရားနိုင်တဲ့ အိမ်မက်တစ်ခုသာဖြစ်မယ်။

ဒီဇာတ်ကြောင်းက ရယ်စရာကောင်းလွန်းတာကြောင့် ကျွန်တော်တောင် နိုးထတော့မတတ် ရယ်မောမိတော့မယ်။

ဒါက ဘာလဲ?

ကျွန်တော် အချစ်ဆုံးဖြစ်ခဲ့တဲ့လူတစ်ယောက်အတွက် ရုတ်တရက်ကြီး ကျွန်တော့်ကို သဘောကျတယ်ဆိုပြီး ပြောင်းလဲသွားတာက ဒီလောက်တောင် လွယ်လား?

ဒီမတိုင်ခင်က ဒီအိမ်မက်အမှန်တကယ်ဖြစ်လာပါစေဆိုပြီး အကြိမ်ပေါင်းမရေတွက်နိုင်အောင် ဆုတောင်းခဲ့တယ်၊ အဲ့တာကို ဒီလိုပုံစံမျိုးနဲ့ အမှန်တကယ်ဖြစ်လာတယ်ပေါ့?

ကျွန်တော် နားမလည်နိုင်တော့ဘူး။

လွန်ခဲ့တဲ့သုံးလလောက်က သူက ကျွန်တော့်အပေါ် စိမ်းကားရက်စက်စွာ အိမ်ပြောင်းဖို့ အတင်းအကျပ်လုပ်ခဲ့ပြီး ကျွန်တော့်မျက်စိရှေ့မှာတင် ရှမင်ရှုနဲ့ ချစ်ကြည်နူးပြနေခဲ့တယ်။ လွန်ခဲ့တဲ့နှစ်လက ရှမင်ရှုကို သူ့ရှေ့မှာ ကျွန်တော့်အကြောင်းထုတ်ပြောခွင့်မပေးခဲ့ဘဲ ကျွန်တော့်ရဲ့အငွေ့အသက်တိုင်းကို ရှင်းထုတ်ပစ်ချင်တဲ့အထိ စက်ဆုပ်ခဲ့တဲ့အပြင် ကျွန်တော် ထားခဲ့တဲ့ဓာတ်ပုံတွေအားလုံးကိုပါ မီးရှို့ပြာချခဲ့တဲ့အထိ လုပ်ခဲ့တယ်။ အခုမှ သူက ရုတ်တရက်ကြီး လေသံပြောင်းသွားပြီး အဲ့တာက အချစ်လို့ပြောနေတယ်?

အဲ့လိုအရာတွေက... ချစ်မိနေတဲ့လူတစ်ယောက် လုပ်တဲ့အရာလား?

အချစ်ဆိုတာ ဘာလဲ? ဘယ်လိုလုပ် အဲ့တာကို အချစ်ဆိုပြီး သတ်မှတ်နိုင်မှာလဲ?

အချစ်က ကျွန်တော့်ကို ဒီလိုပြန်လမ်းမရှိတဲ့လမ်းကြောင်းကို စာနာထောက်ထားခြင်းမရှိ အတင်းအကျပ် လုပ်နိုင်တာလား?

ဒါက မယုံနိုင်စရာကောင်းလောက်အောင် ယုတ္တိမရှိဘူးလို့ ကျွန်တော် သိလိုက်ရတယ်။

အခုလို ဒေါသပုန်ထရတာမျိုးကို ကျွန်တော် တစ်ခါမှ မခံစားခဲ့ရဖူးဘူး၊ ငိုချင်ပေမယ့် မျက်ရည်တွေလည်း မရှိတော့ဘူး။

လော့ယွီချန် ကျွန်တော့်ကို မုန်းလို့ရတယ်။

ကျွန်တော့်ကို အော့နှလုံးနာလို့ရတယ်၊ စက်ဆုပ်အထင်သေးလို့ရတယ်၊ ကျွန်တော့်ကို သူ့အောက်မှာ နင်းခြေလို့ရတယ်။

သူ့ခံစားချက်တွေကို အတင်းအကျပ်လုပ်ခဲ့ပြီး သူ့အပေါ် အရင်ဆုံးအပြစ်ပြုမိခဲ့တဲ့လူက ကျွန်တော်ဖြစ်နေခဲ့တယ်လေ။

ဒါပေမယ့် သူ ကျွန်တော့်ကို ချစ်လို့တော့မရဘူး။

သူ့မှာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ခံစားချက် သေးသေးမျှင်မျှင်လေးတစ်ခု ရှိခဲ့ရင်တောင်မှ သူ့ဘေးနားမှာနေရုံနဲ့ ကျွန်တော့်ရဲ့နှလုံးသားက အပြည့်အဝ ပျော်ရွှင်ပြီး ကျေနပ်မှုကို ခံစားရအုံးမယ်။ ဒါပေမယ့် သူကတော့ အဖတ်ဆယ်လို့မရတဲ့အထိ အမြဲတမ်း စိတ်အနှောင့်အယှက်ပေးခဲ့တယ်။

ဆယ်နှစ်။

သူ့ဘေးမှာနေရင်း ကျွန်တော် ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရတယ်ဆိုတာ ကောင်းကင်ကြီးပဲသိလိမ့်မယ်။

ကျွန်တော့်ကိုယ်ကျွန်တော် လိမ်ညာရင်း ညှာတာမှုလေးဖြစ်ဖြစ် အာရုံစိုက်မှုလေးဖြစ်ဖြစ် နည်းနည်းလောက် တောင်းခံနိုင်ဖို့ ကြိုးစားရင်း ကျွန်တော် အောင့်အီးသည်းခံခဲ့ရတဲ့ နာကျည်းမှုနဲ့ အထီးကျန်မှုက ဘယ်လောက်တောင် များပြားလိုက်သလဲ၊ သူ့ရဲ့စကားလုံးတွေနဲ့ လုပ်ရပ်တွေကြောင့် ကျွန်တော် ဘယ်လောက် စိတ်ဆင်းရဲခဲ့သလဲဆိုတာ ကောင်းကင်ကြီးပဲ သိလိမ့်မယ်။

ဆယ်နှစ်၊ သူ့ဘေးမှာ ကျွန်တော် နေထိုင်ရင်း နေ့ရက်တွေ ကုန်ဆုံးလာတာနဲ့အမျှ ကျွန်တော်လည်း တိတ်ဆိတ်စွာနဲ့ ရွှံ့နွံကြီးထဲ နစ်သထက်နစ်ဝင်နေခဲ့တယ်၊ ကျွန်တော့်နှလုံးသားကလည်း ရစရာမရှိအောင် ညှိုးနွမ်း သေဆုံးခဲ့ရတယ်။

ကျွန်တော့်ရဲ့ နောက်ဆုံးရွေးခြယ်မှုက ခဏတာစိတ်လိုက်မာန်ပါလုပ်လိုက်တာမျိုး လုံးဝမဟုတ်ဘူး _ သူ့ဘေးနားမှာနေရမယ့် ကျွန်တော့်ရဲ့အချိန်တွေက အကန့်အသတ်နဲ့ဖြစ်သွားပြီဆိုတာကို သတိပြုမိခဲ့တဲ့နေ့ကစလို့ ကျွန်တော့်ရဲ့စိတ်ပျက်မှုတွေက ကုန်ဆုံးသွားတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်ရဲ့အရိုးထဲထိ နစ်သထက်နစ်အောင် စတင်စိမ့်ဝင်နေခဲ့တယ်။

များလွန်းတာကြောင့် နောက်ဆုံး ကျွန်တော့်ရဲ့ဘဝကို အဆုံးသတ်နိုင်မယ့်နေ့ကို ရောက်လာတော့မယ်ဆိုပြီး မျှော်လင့်စောင့်စားကာ မနက်တိုင်း နိုးထလာခဲ့ရတယ်။

နောက်ပြီး အနည်းဆုံးတော့ ကျွန်တော် မသေခင် သူ့ဘေးမှာနေနိုင်သေးတယ်။

အဲ့တုန်းက ကျွန်တော် မောင်းထုတ်မခံရသေးဘူး၊ မရေရာတဲ့နေရာကို ကျွန်တော့်အပိုင်ဆိုပြီး ဆုပ်ကိုင်ထားဆဲဖြစ်တယ်။

ကျွန်တော် သူ့ကို အမှန်တကယ် ချစ်မြတ်နိုးခဲ့တယ်။

ဘာကြောင့် သူ့ကို ဒီလောက်ထိချစ်ခဲ့ရတာလဲဆိုတာ မသိပေမယ့် ပုံကြီးချဲ့ပြောဖို့လိုတယ်လို့လည်း မခံစားရဘူး။

လော့ယွီချန်လို့ခေါ်တဲ့အရာမှာ ကျွန်တော် လုံးလုံးလျားလျား ရုန်းမထွက်နိုင်သလိုဖြစ်နေခဲ့တယ်။

နောက်ပြီး သူက အသူတစ်ရာနက်တဲ့ ဗွက်အိုင်ကြီးတစ်ခုနဲ့တူတယ်။ မျှော်လင့်ချက်မဲ့တဲ့ထိုတွင်းနက်ကြီးထဲမှာ နေ့အလင်းရောင်ကိုလည်း မမြင်နိုင် အသံသေးသေးလေးတစ်သံတောင် မထွက်နိုင်ဘဲ တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့ကံကြမ္မာကို လက်ခံရင်းသာ အရှင်လတ်လတ် ဝါးမြိုနစ်မွန်းခံခဲ့ရတယ်။

အတိတ်မှာတုန်းက ကျွန်တော်လည်း သူ့ကို တစ်ကြိမ်တစ်ခါ အကူအညီတောင်းကာ ညှာတာဖို့ တောင်းဆိုခဲ့ပေမယ့် သူကတော့ လုံးဝမမြင်ခဲ့ဘူး။

ကျွန်တော် မြိုသိပ်ခဲ့ရတဲ့ နာကျင်မှုတွေ၊ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လုံးလုံးလျားလျား ပြိုလဲခဲ့တာတွေကို သူကတော့ လုံးဝသတိမမူမိခဲ့ဘူး။

ဒီလိုမျိုး မျှော်လင့်ချက်မဲ့တဲ့ အနေအထားမျိုးတွေမှာ ကျွန်တော်နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် သူ့မှာ ကျွန်တော့်ကို ချစ်တယ်လို့ ပြောပိုင်ခွင့် လုံးဝမရှိဘူး။

သူ... ကျွန်တော့်ကို ချစ်တယ်လို့ပြောဖို့ အခုချိန်ထိ စောင့်နေစရာတောင် မလိုဘဲနဲ့။

****

****

အိမ်မှာ မိသားစုအထွတ်အမြတ်နေရာတွေဘာတွေ မရှိဘူး။

အဲ့တာကြောင့် ရှမင်ရှုက ဒီလိုကာကွယ်ရေးအဆောင်တွေကို လည်စည်းတစ်ခုနဲ့ ရစ်ပတ်ကာ ဘီဒိုထဲ ထည့်သိမ်းထားလိုက်တယ်။

ဒီနေ့ ဒီလိုအခိုက်အတန့်မှာ နောက်ဆုံးတော့ ကျွန်တော်လည်း မျက်ကွယ်ပြုမထားနိုင်တော့ဘဲ ရှမင်ရှုက သူငယ်ချင်းလို ခင်မင်ရင်းနှီးမှုကိုသာ ပြသနေတယ်ဆိုတာကို ပြောနိုင်တယ်။

သူ ဝမ်းနည်းနေတာ အရှင်းသားကြီးဆိုပေမယ့်လည်း စာနာမှုမရှိတဲ့ လော့ယွီချန်ကို ခွင့်လွှတ်တတ်စွာ ပြုံးပြရင်း ဂရုစိုက်တဲ့သူငယ်ချင်းတစ်ယောက်လို ကူညီပေးနေတယ်။

သူ့နှလုံးသားထဲမှာ ခါးသက်မှုတွေအားလုံး စုပြုံနေပေမယ့် အထွန့်တက်တဲ့စကားတစ်ခွန်းတောင် မပြောနိုင်ဘူး။ ဒီလိုခံစားချက်က တစ်ချိန်တစ်ခါက ကျွန်တော်နဲ့ သိပ်ကို ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့အရာဖြစ်တယ်။

အရာအားလုံး ဆန့်ကျင်ဘက်တွေ ပြောင်းသွားပုံရတယ်။

မသိရင် အခုချိန်ကျွန်တော်က လွန်ခဲ့တဲ့ဆယ်နှစ်လောက်က သူ့နေရာရောက်သွားပြီး သူကတော့ လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်တော့်နေရာ ရောက်သွားပုံပေါ်တယ်။

အဲ့တာက ဝဋ်ကြွေးလား ဒါမှမဟုတ် ဒဏ်ခတ်ခံရတာလား?

ဒါဆို ဒီအခြေအနေမှာ ကျွန်တော်နဲ့ ရှမင်ရှုက ဘာတွေလဲ? ကျွန်တော်တို့က လော့ယွီချန်ရဲ့ နှင်းဆီနီနဲ့ နှင်းဆီဖြူလား? [ Eng T/N : Eileen Chang ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ၊ တကယ်တော့ 'အဖြူရောင်လရိပ်'ဆိုတာကနေ ဆင်းသက်လာတာပါ! ဝတ္ထုက အမျိုးသမီးနှစ်ယောက်ထဲကတစ်ယောက်ကို ရွေးခြယ်ရမယ့် အမျိုးသားတစ်ယောက်အကြောင်းပါ -- နှင်းဆီနီနဲ့ နှင်းဆီဖြူ၊ နောက်လာမယ့်စာကြောင်းတွေကလည်း ဒီဝတ္ထုနဲ့ ဆက်စပ်နေပါတယ် ]

အခုချိန်မှာ နံရံပေါ်မှာရှိတဲ့ ခြင်သွေးအမှတ်အသားက နှလုံးသားပေါ်မှာ လှပတဲ့ကြက်သွေးရောင်အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အိပ်ရာရှေ့က လရိပ်လေးကတော့ ရှပ်အကျီပေါ်မှာ ကပ်နေတဲ့ ထမင်းစေ့အဖြစ် ပြောင်းလဲသွားတာလား? [ T/N : ဇာတ်ကြောင်းလွဲမှာစိုးလို့ အောက်ဆုံးမှာ ရှင်းပြထားပါတယ် ]

သူက ဘာမဟုတ်တာကို အတော်လေး ပြဿနာလိုက်ရှာနေတာပဲ။

ကျွန်တော် စတင်သံသယဖြစ်လာတယ်။

အချစ်ဆိုတာဘာလဲ? လော့ယွီချန်က အချစ်ဆိုတာဘာမှန်း အစတည်းက မသိခဲ့ဘူး။ သူက အမြဲတမ်းလိုလို ခေါင်းမာကာ ထိန်းမနိုင်သိမ်းမရလူစားမျိုး အဆုံးမှာ သူ့ဘေးနားက လူတွေအားလုံးနီးပါးကို နာကျင်အောင်လုပ်ခဲ့တယ်။

ကျွန်တော်သာ မသေသေးလို့ သူ ကျွန်တော့်ကို လာရှာပြီး ပြန်ခေါ်မယ်ဆိုရင်လည်း နောက်ဘယ်နှစ်ရက်လောက်နေရင် စိတ်ပြန်ပြောင်းသွားအုံးမလဲဆိုတာ ဘယ်သူသိမှာလဲ?

ကံကောင်းထောက်မစွာနဲ့ အဲ့လိုဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ခြေမရှိဘူး။

ကျွန်တော်က အနားမှာ ထပ်မရှိနိုင်တော့တာကြောင့် အခုချိန် သူတန်ဖိုးထားသင့်တဲ့လူက ရှမင်ရှုဖြစ်တယ်ဆိုတာ သိသင့်နေပြီ။

****

ကျော်ကြားတဲ့သူတွေအတွက် နွေဦးပွဲတော်ကို ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူး။

လဆန်းတစ်ရက်နေ့ကနေ ငါးရက်မြောက်နေ့အထိ လော့ယွီချန်နဲ့ ရှမင်ရှုတို့နှစ်ယောက်လုံး များစွာသော ဖျော်ဖြေရေးအစီအစဉ်တွေ၊ ကင်မရာရှေ့မှာ ဂိမ်းတွေဆော့ပြရတာတွေ၊ ပရိတ်သတ်တွေရော သူတို့ကိုယ်သူတို့ပါ ဖျော်ဖြေရတာတွေမှာ ပါဝင်ပေးရင်း အလုပ်တွေများနေကြတယ်။

လော့ယွီချန်ရဲ့အယ်လ်ဘမ်အသစ် မဖြန့်သေးခင် သူရေးခဲ့တဲ့ ထိုသီချင်းအသစ်က တီဗွီနဲ့ရေဒီယိုရဲ့ သီချင်းရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြီးနေပြီဖြစ်တယ်။

တစ်ယောက်တည်း လမ်းမပေါ်မှာ လျှောက်နေရင် လမ်းတစ်ခုလုံး ခပ်ပါးပါး သိမ်မွေ့မှုနဲ့ နာကျည်းမှု အငွေ့အသက်တွေ ပြည့်နှက်သွားလောက်ပြီး အဲ့သီချင်းကို နားထောင်လိုက်တယ်ဆိုတာနဲ့ လူတွေရဲ့နှလုံးသားတွေကို နာကျင်လာစေတယ်။ အထူးသဖြင့် ညအချိန်မျိုးမှာဖြစ်တယ်။

ထင်တဲ့အတိုင်း ဒီအယ်လ်ဘမ်အသစ်ရဲ့ နောက်ကြောင်းကို ရှင်းပြပေးဖို့အတွက် ရေဒီယိုဌာနတစ်ခုက လော့ယွီချန်ကို အတင်းဆွဲတော့တယ်။

"သီချင်းသွင်းနေတဲ့အတောအတွင်းမှာ အခက်အခဲတွေများ ကြုံခဲ့ရတာရှိလား?"

အမျိုးသမီးအစီအစဉ်မှူးရဲ့ နူးညံ့တဲ့အသံက မိုက်ကရိုဖုန်းကို ထိုးဖောက်ကာ လက်ရှိမှာ နားထောင်နေသူတိုင်းဆီ ရောက်ရှိသွားတယ်။

"မဖြစ်ပါဘူး" လော့ယွီချန်က ပြုံးတယ်ဆိုရုံ ပြုံးကာ ပြောလိုက်တယ် "ဝန်ထမ်းအဖွဲ့သားတွေအားလုံးရဲ့ ခက်ခက်ခဲခဲကြိုးစားပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် အယ်လ်ဘမ်အသံသွင်းတာက သိပ်ကို ချောချောမွေ့မွေ့နဲ့ ပြီးဆုံးခဲ့ပါတယ်"

"အခုချိန်မှာ ကျွန်မတို့ပရိတ်သတ်တွေအားလုံးသိချင်နေကြတာက နောက်ဆုံးမှကပ်ပြီးထည့်လိုက်တဲ့ 'အောက်မေ့ဖွယ် အမှတ်တရများ'ဆိုတဲ့ သီချင်းအသစ်အကြောင်းပါ၊ ဘယ်လို အလှည့်အပြောင်းကြောင့်များ ဒါကို ကောက်ခါငင်ခါ လုပ်ဖြစ်သွားတာလဲ?" [ T/N : ရှေ့မှာ အတိတ်ကို လွမ်းဆွေးခြင်း အမှတ်တရများဆိုပြီး ရေးထားပါတယ်၊ နောက်မှ ပြန်ပြင်တော့မယ်နော် ]

လော့ယွီချန် အနေရခက်သွားတယ်ဆိုတာ သိသာတယ်။ တစ်ခဏတွေးတောပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံမျိုးနဲ့ တည်ငြိမ်စွာ ပြောလာတယ် "ဒီသီချင်းက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းကောင်းတစ်ယောက်ကြားမှာဖြစ်ခဲ့တဲ့ ငယ်ငယ်တုန်းက အမှတ်တရတွေအကြောင်းပါ"

အဲ့တာက သူငယ်ချင်းကောင်းကြားမှာဖြစ်ခဲ့တဲ့ အမှတ်တရတချို့ဆိုရင် ဘာလို့ ဒီအကြောင်းပြောရတာ တအားခက်ခဲနေပုံ ပေါ်နေရတာလဲ?

"အာ အမှတ်တရတွေ" သူ့ရဲ့ဖြေရှင်းချက်ကို အမျိုးသမီးအစီအစဉ်မှူးက ယုံကြည်ပုံမရမှန်း သိသာတယ်။ သူက ရယ်ရယ်မောမောနဲ့ ပြောလာတယ် "ဒီတိုင်း သူငယ်ချင်းကောင်းတွေလိုမျိုး ရိုးရှင်းနေမှာတော့ သေချာပေါက် မဟုတ်လောက်ဘူး၊ ဟုတ်တယ်မှတ်လား? ရှင်အဲ့တာကို ဘယ်လိုပဲ နားထောင်ထောင် အဲ့သီချင်းက အချစ်အကြောင်း _ မဟုတ်သေးဘူး၊ ပိုပြီး တိတိကျကျပြောရမယ်ဆိုရင် အချစ်ဦးအကြောင်းပဲ"

အချစ်ဦး?

ချက်ကောင်းပဲ။ တကယ်လို့ တစ်ယောက်ယောက်က အဲ့လိုတွေးမယ်ဆိုရင် အဲ့တာက တကယ့်ကို အချစ်ဦးရဲ့ရသပဲ။

နူးညံ့ပေမယ့် လူတွေရဲ့နှလုံးသားကို ရှင်းမပြနိုင်အောင် နာကျင်စေတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံးစိတ်ဝိဉာဉ်ထဲကနေ ချိုချိုချဉ်ချဉ်ခံစားချက်လေးတစ်ခု ထွက်ပေါ်လာစေတယ်။ ကျွန်တော် အဲ့တာကို အစောပိုင်းတုန်းက သတိပြုမိခဲ့သင့်တယ်။

အချစ်ဦးတွေက ဘယ်တော့မှ အမှန်တကယ်ဖြစ်မလာဘူး။

နောက်ပြီး တောက်ပတဲ့စက္ကန့်ပိုင်းလေးကတင် ထာဝရအမှတ်တရတစ်ခုအဖြစ် ပြောင်းသွားနိုင်တယ်။

ကျွန်တာ့်ရဲ့အချစ်ဦးက လော့ယွီချန်ဖြစ်တာကြောင့် နာကျင်မှုကို ကျွန်တော်ကောင်းကောင်းကြီး သိရှိထားတယ်။

"မင်းတို့ ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကို သူငယ်ချင်းဆက်ဆံရေးဆိုပြီး ထင်ယောင်ထင်မှားဖြစ်ဖို့က တကယ်လွယ်ကူတယ်..." လော့ယွီချန်က ရယ်သံတိုးတိုးလေးတစ်ချက်ပြုကာ သူ့အကြည့်က အဝေးတစ်နေရာကို ရောက်ရှိနေပုံပေါ်တယ်။

"ဘယ်လိုလဲ?"

"အဲ့တာတင်မဟုတ်ဘူး တစ်ခါတစ်လေမှာ အချစ်ကို တခြားခံစားချက်တွေနဲ့ ရောထွေးသွားနိုင်တယ်၊ အဲ့တာကြောင့် မင်းသိလိုက်ရတဲ့အချိန်မှာ အရာအားလုံးက..."

ဒီအခိုက်အတန့်မှာ အမျိုးသမီးအစီအစဉ်မှူးတစ်ယောက်သာ နူးညံ့တဲ့အမူအယာရှိနေတဲ့ လော့ယွီချန်ရဲ့မျက်နှာကို မြင်နိုင်တာကြောင့် သူ့မှာ မနေနိုင်ဘဲ အံ့ဩနေမိတယ်။

"အဲ့တော့ ပြောရမယ်ဆိုရင် ဒီသီချင်းက ရှင့်နှလုံးသားထဲမှာရှိနေတဲ့လူအတွက် ရေးပေးထားတာပေါ့"

သူက ဖြစ်နိုင်ခြေကို အတည်ပြုပြီးသားဆိုပေမယ့်လည်း သူဖြေလာဖို့ကို စိတ်ရှည်လက်ရှည်နဲ့ လမ်းညွှန်ပေးနေတုန်းပဲ။

လော့ယွီချန်က မျက်လွှာချကာ အတည်ပြုကြောင်း ခေါင်းငြိတ်ပြလိုက်တယ်။

ရှမင်ရှုက လော့ယွီချန်ရဲ့အချစ်ဦးလို့ ကျွန်တော်အမြဲ ထင်ခဲ့တယ်။ တကယ်တော့ ကျွန်တော် ဆယ့်သုံးနှစ်သားအရွယ်မှာ သူနဲ့ ဆုံခဲ့တာဖြစ်ပြီး သူ ရှမင်ရှုကို မတွေ့သေးခင်အထိ သူ့ဘက်က အချစ်ဆိုတဲ့အရာကို စိတ်ဝင်စားပုံတောင်မပေါ်ဘူး။

ဒါပေမယ့် သီချင်းရဲ့ နောက်ခံဇာတ်ကြောင်းက အိမ်နီးချင်းတွေအဖြစ် ကျောင်းတက်တုန်းက နေ့ရက်တွေဖြစ်နေတယ်။ မသိရင် သူနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ငယ်ဘဝက ချစ်သူရည်းစားတစ်ယောက်အကြောင်းလို ဖြစ်နေတယ်။

ဒါပေမယ့် အဲ့လိုလူရော ရှိခဲ့လို့လား? အဲ့အချိန်က သူ့နားမှာ ရှိခဲ့တာဆိုလို့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးလား?

"ဒါဆို သူက ဘယ်လိုလူစားမျိုးလဲ?"

အခုက နာမည်ကျော်တစ်ယောက်ရဲ့ ကြုံတောင်ကြုံခဲမြင်တွေ့ရတဲ့ သူ့ကိုယ်သူ ထုတ်ဖော်နေတဲ့ အခိုက်အတန့်တစ်ခုဖြစ်ပေမယ့် အသံလွှင့်ဌာနရဲ့ အမျိုးသမီးအစီအစဉ်မှူးကတော့ သတင်းကို ဇွတ်အတင်း နှိုက်ထုတ်တာမျိုး မလုပ်ခဲ့ဘူး။ ဒီကိစ္စကို ဘယ်လိုမျိုး ဖြေးဖြေးချင်းသွားရမလဲဆိုတာနဲ့ ဒီလိုမျိုး လှပပြီး အေးချမ်းတဲ့လေထုကို ဘယ်လိုထိန်းသိမ်းထားရမယ်ဆိုတာကို ကောင်းကောင်းသိထားကြတယ်။ ဒီနေရာက တိတ်ဆိတ်ပြီး အတိတ်ကို ပြန်လည်အောက်မေ့ခြင်းတွေသာ ခံစားမိနေတယ်။

"အဲ့လူက ... သိပ်ကိုအလေးအနက်ထားတတ်တယ်၊ တအားလည်း ငြိမ်တယ် ပြီးတော့ တစ်ခါတစ်လေကျရင် သိပ်ပြီးရူးမိုက်လွန်းတယ်"

လော့ယွီချန်က ထပ်တွေးနေပေမယ့် တခြားတွေးလို့ရတာတွေ မရှိတော့တဲ့ပုံပေါ်တယ်။ နောက်တစ်ကြိမ် အပြုံးဖျော့ဖျော့လေးတစ်ခု ထုတ်ပြလာပြန်တယ်။

အမျိုးသမီးအစီအစဉ်မှူးခမျာ ခေါင်းလေးစောင်းသွားတယ်။ သူ့အမူအယာက လော့ယွီချန်ရဲ့အကြိုက်ကို နားမလည်နိုင်ဘူးလို့ ပြောနေသယောင်။

သိပ်ကိုအလေးအနက်ထားတတ်တယ်၊ တအားလည်း ငြိမ်တယ် ပြီးတော့ တစ်ခါတစ်လေကျရင် သိပ်ပြီးရူးမိုက်လွန်းတယ်... ဆိုတာ ကျွန်တော်ပဲလေ။

ရှမင်ရှုက ပိုပြီးဖျတ်ဖျတ်လတ်လတ်ရှိတာကြောင့် သူ့ကိုဖော်ပြဖို့ 'ငြိမ်တယ်'ဆိုတဲ့စကားလုံးက သေချာပေါက် ဟုတ်မနေဘူး။

သိပ်ကိုအလေးအနက်ထားတတ်၊ တအားလည်း ငြိမ်ပြီး တစ်ခါတစ်လေကျရင်တော့ သိပ်ပြီးရူးမိုက်လွန်းတဲ့ ကျွန်တော်က လော့ယွီချန် ကျွန်တော့်အတွက် သီချင်းတစ်ပုဒ်ရေးပေးထားတာကို ကြားနိုင်မယ့် ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။

တကယ်တော့ ရယ်ပစ်လိုက်ချင်ပေမယ့် ကျွန်တော့်ရဲ့နှလုံးသားထဲက နာကျင်စူးအောင့်မှုတစ်ခုသာ ဗလုံစီပြီး ထွက်ပေါ်လာတယ်။

"အဲ့လူက ဝိုင်နဲ့ နည်းနည်းဆင်တယ်" နောက်ခံအနေနဲ့ သီချင်းသံတိုးတိုးစပြီး ထွက်ပေါ်လာချိန်မှာ လော့ယွီချန်က ရုတ်တရက် နှုတ်ခမ်းအစုံဖွင့်ဟလာပြန်တယ် "အချိန်တွေကြာလာတာနဲ့အမျှ ပိုပြီးချိုလာတာမို့ လူတွေကို ဘာမှမတတ်နိုင်ဖြစ်စေတယ်လေ၊ ကိုယ်သတိထားမိလိုက်တဲ့အချိန်ကျတော့ သူ့ကို ယစ်မူးနေခဲ့တာ ကြာလှပေါ့..."

နှစ်လိုဖွယ်အသံက သီချင်းသံတိုးတိုးနဲ့အတူ ရေဒီယိုဌာနကနေ ပျံ့လွင့်သွားတယ်။

ထိုနေ့ နေ့ခင်းငါးနာရီမှာ နေက မိုးကုတ်စက်ဝိုင်းပေါ် ကျရောက်နေပြီး ထိုနူးညံ့တဲ့စကားလုံးတွေကလည်း တစ်ဝက်တစ်ပျက်နဲ့ မပြီးဆုံးလိုက်ဘူး။

ကျွန်တော် ပြတင်းပေါက်ကို လှမ်းကြည့်မိတယ်။ ဒီနေ့ နေဝင်ဆည်းဆာအလင်းရောင်က တအားကိုနီတောက်နေတယ်။ နီလွန်းလို့ သွေးစက်လိုမျိုး စီးကျတော့မယ့်ပုံတောင် ဖြစ်နေတယ်။

စာရေးသူမှာ ပြောစရာရှိနေပါတယ် :

နေစမ်းပါအုံး!

ဒီဇာတ်လမ်းကို ဒီနေရာအထိ တည်းဖြတ်လာပြီး ငါလည်း တကယ်ဒေါသထွက်နေပြီ။

ဒါကို ငါတကယ်ပဲ ရေးခဲ့တာလား အား... တအားတွေ ဒေါသထွက်နေပါပြီနော် =A= #

[ Kay : ခြင်သွေးနဲ့ ထမင်းစေ့အကြောင်း ရှင်းပြချင်ပါတယ်။ စာကြောင်းအပြည့်အစုံက : [ မင်းသာ နှင်းဆီနီကို လက်ထပ်လိုက်မယ်ဆိုရင် သူက 'နံရံပေါ်မှာရှိတဲ့ ခြင်သွေးအမှတ်အသားတစ်ခု'ဖြစ်သွားပြီး နှင်းဆီဖြူကတော့(မင်း လက်မထပ်လိုက်ရတဲ့သူ) 'မင်းရဲ့ အိပ်ရာရှေ့က လရိပ်လေး'ဖြစ်သွားမယ်။ ပြောင်းပြန်အနေနဲ့ ပြောရရင်တော့ မင်းသာ နှင်းဆီဖြူကို လက်ထပ်လိုက်မယ်ဆိုရင် သူက 'မင်းရဲ့ရှပ်အကျီပေါ်မှာ ကပ်နေတဲ့ ထမင်းစေ့'အဖြစ် ပြောင်းသွားပြီး နှင်းဆီနီကတော့ 'မင်းရဲ့နှလုံးသားပေါ်က လှပတဲ့ကြက်သွေးရောင် အမှတ်အသားတစ်ခု'ဖြစ်သွားလိမ့်မယ်။ ] ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ အချစ်စစ်အချစ်မှန်ကို သိနိုင်မယ့် သောက်ကျိုးနည်း နည်းလမ်းကြီးတစ်ခုလိုပါပဲ။ ]


_____

Thanks 🌹





Continue Reading

You'll Also Like

77.7K 5.1K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
221K 18.1K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
143K 17.1K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
409K 14.4K 20
My priority /property/privacy