The rebirth of the movie queen as the bloodthirsty queen
Ch.37.
မားး
ပါးး
ကော ...
နှုတ်ဆက်ပါတယ်
သူမ မျက်ရည်တွေကိုသုတ်လိုက်တယ် ဆရာဝန်ကိုကျေးဇူးတင်စကားပြောလိုက်တယ်
"ကျေးဇူးတင်ပါတယ်"
"ရပါတယ် ဒီမှာထိုင်ဦး နဖူးကိုဆေးထည့်ပေးမယ် "
သူမနဖူးကဒဏ်ရာကိုဆေးထည့်ပေးတာကို စက်ရုပ်တရုပ်လိုငြိမ်သက်စွာပဲ ခံယူလိုက်တယ်
တွန့်သွားတာ စပ်လို့အော်တာ တချက်မရှိပဲ အသေကောင်လိုပဲ ငြိမ်သက်နေတယ်
နောက်တော့ သူမ အဆင်သင့်ပြင်ထားတဲ့အိပ်ရာပေါ်ကိုလှဲချလိုက်တယ်
ဘေးမှာတော့ သူမမျက်နှာနဲ့ လျိုရှင်းဟန်ရှိနေတယ်
ကျန်းအိမ်တော်ရဲ့ နံပါတ်ငါးမမလေး
ကျန်းအိမ်တော်ရဲ့ရွှေငွေရှာတဲ့စက်ရုပ်
လမင်းနှင်းဆီဂိုဏ်းရဲ့လက်ရှိဂိုဏ်းချုပ်
မြို့တော်Aရဲ့ရုပ်ရှင်ဘုရင်မအဖြစ် ပြန်သွားရတော့မှာလား
မိုးနတ်မင်းများ ဒီဆုတောင်းကိုကြားရရင် ဖြည့်စီးပေးကြပါ
ဒီနေရာမှာပဲ သေချင်ပါတယ်
ကျန်းအိမ်တော်ထဲကိုထပ်ပြီးတော့ မသွားချင်တော့ဘူး
အဲ့ငရဲတွင်းထဲထပ်မဝင်ချင်တော့ဘူး
သူမ မျက်လုံးများမှိတ်လိုက်တယ်
လက်တွေမှာ ဦးနှောက်မှာ လက်မောင်းနဲ့ရင်ဘတ်အထိ ပလပ်တွေတပ်ထားပြီး
ခြေထောက်ကိုတော့ သံကြိုးခတ်ထားခဲ့တယ်
နာကျင်မူ့ဒဏ်ကိုမခံနိုင်ပဲ ရုန့်ရင်းဆန်ခတ်ဖြစ်မှာစိုးလို့ သံကြိုးခတ်ထားရတာပဲဖြစ်မယ်
"1.2.3 charge......"
တိုင်ပင်သံဆုံးတာနဲ့ သူမတကိုယ်လုံးကို လျှပ်စစ်တွေကဖြတ်သန်းသွားတယ်
မနာကျင်တဲ့နေရာ တနေရာမှမရှိ သူမ တကိုယ်လုံးတွန့်ခါသွားပြီး မျက်ဆံတွေပါလန်လာခဲ့တယ်
လက်သီးကိုတင်းတင်းဆုပ်ထားလို့လက်သည်းတွေကလက်ဝါးပြင်ထဲစိုက်ဝင်ကာသွေးထွက်လာခဲ့တယ်
"အားးးးးးးးးး"
အော်သံကြားလိုက်ရတယ် ဘေးကုတင်ကပဲနေမယ် နှစ်ယောက်ပြိုင်တူလျှပ်စစ်ဖြတ်ရတော့ သူမကမအော်ပေမဲ့ တခြားသူကသီးခံနိုင်တယ်လို့မဆိုလိုဘူးလေ
ဒါပေမဲ့ သူမလဲကိုယ်တိုင်နာကျင်မူ့ခံစားနေရတာကြောင့် တခြားကိုအာရုံမရောက်နိုင်တော့ပါဘူး
သူမတကိုယ်လုံး မြောက်တက်ပြီးကောက်ကွေးနေလေတော့ ကုတင်နဲ့သူမခါးတဗန်းဗန်းရိုက်မိတဲ့အသံကိုကျယ်လောင်စွာကြားနေရတယ်
နာကျင်မူ့ကစာမဖွဲ့နိုင်လောက်အောင် တသက်မှာတခါသာခံစားရဲလောက်တဲ့ကမ္ဘာနဲ့ချီတဲ့နာကျင်မူ့မျိုး
လျှပ်စစ်လှိုင်းတွေက သူမအသားတွေကိုထိုးဖောက် သူမရဲ့ခြင်ဆီတွေကိုသောက်နေတဲ့အလားပဲ
အကြောအမျှင်တခုချင်းဆီ ဆဲလ်တခုချင်းစီကနာကျင်လွန်းလို့တုန်ရီနေကြပြီး အဲ့လိုတုန်ရီနေတာကပဲ ပိုလို့နာကျင်စေတယ်
နှလုံးကအခုန်မြန်နေကာ မတန်တဆအလုပ်လုပ်ရတာကြောင့်ပေါက်ကွဲလုနီးပါးဖြစ်နေပြီး သူမရဲ့အရေပြားတလက်မချင်းစီဟာ အထိမခံနိုင်လေတော့ ငါးဆပြင်းတဲ့အာရုံကြောဆေးထိုးထည့်တာခံလိုက်ရတာထက်အဆတရာလောက်ပိုနာပါတယ်
"Stop "
အဲ့ဒီအသံကို သူမနောက်ဆုံးကြားလိုက်ရတာပါပဲ
သူမအာရုံခံစားမူ့ဆုံးရှုံးသွားပြီး အရာအားလုံးအမှောင်ကျသွားတော့တယ်
သံကြိုးခတ်ထားတဲ့ခြေလက်တွေဟာ အသားတွေပဲ့ပြီးသွေးတွေရဲရဲနီနေကာ ဆေးရုံအိပ်ရာခင်းအဖြူပေါ်ပန်းဆွဲထားသလိုဖြစ်နေတာကိုတော့ မေ့မျောသွားတဲ့သူမ မသိနိုင်တော့ပါဘူး
သူမ ပြန်နိုးလာတော့ ဆေးရုံအခန်းထဲကို နေရောင်ခြည်အချို့ဖြာကျနေတယ်
အကြောသေနေသလို မလှုပ်နိုင် အားမရှိတဲ့သူမက အဲ့နေရောင်ခြည်တန်းလေးကိုပဲငေးနေရတော့တာပေါ့
အဲ့လိုပါပဲ
နွေးထွေးခြင်းဆိုတာ တောက်ပစွာလှပစူးဖြာနေတဲ့နေမင်းကြီးအောက်မရောက်နိုင်တဲ့သူ ဘယ်တော့မှမသိနိုင်တဲ့အရာပဲ
အေးစက်တဲ့ရေခဲဂူမှာနေလာသူအဖို့ နွေးထွေးခြင်းကိုစတင်ခံစားရတဲ့အခါ ဆေးဆွဲသလိုရူးသွပ်စွာခုံမင်နေမိမှာပဲ
အချိန်တိုင်းတောင့်တနေတဲ့နွေးထွေးမူ့ကိုခံစားပြီးပြန်တော့လဲ အဲ့ဒီအေးစက်မှောင်မဲနေတဲ့ရေခဲဂူထဲဘယ်ပြန်ချင်ပါ့မလဲ
"ဟင် ငါတို့ ငါတို့ မပြောင်းဘူးလား အားးးး မဖြစ်ဘူး မဖြစ်ဘူး အဲ့အဘိုးကြီးကငါ့ကိုသတ်လိမ့်မယ် ဟမ် နင်နိုးပြီးလား ကျန်းရှင်းရှင်း တခုခုပြောစမ်းပါဦး ငါတို့ဒီလိုပဲဖြစ်နေသေးတယ်ဆိုရင် နင့်အဘိုးကြီးက အရှင်လတ်လတ်မြေမြုတ်ပစ်မှာတော့မဟုတ်ဘူးမလား "
သူမ လက်တို့မြောက်ကာ ကြည့်လိုကိတော့ သူမအမေဝယ်ထားပေးတဲ့နာရီလေးက ဒီအတိုင်းဝံကြွားစွာရှိနေဆဲ
"ဟားးးဟားးးဟားးးးဟားးးးဟားးးဟားးးဟားးးးဟားးးးး"
သူမ အော်ရယ်မိတယ်
ကောင်းကင်ဘုံက နောက်ဆုံးတော့ သူမ ဆန္ဒ သူမဆုတောင်းကိုဖြည့်စီးပေးလိုက်ပုံရတယ်
သူမ တကိုယ်ကောင်းဆန်တာသိပေမဲ့
သူမ တကယ်ကိုပျော်တယ်
အရမ်းကိုပျော်တာပဲ
"အီးးးးဟ်ီးးးးဟီးးးးးးး ရူးသွားပြီ ဒီတစ်ယောက်ရူးသွားပြီ ငါငိုနေတာကို သူကအော်ရယ်နေတယ် "
ကျန်းရှင်းရှင်းမျက်နှာနဲ့လျိုရှင်းဟန်က ကလေးဆန်စွာအော်ငိုနေပြီး
လျိုရှင်းဟန်မျက်နှာနဲ့ကျန်းရှင်းရှင်းကတော့ ဝမ်းသာအားရအော်ဟစ်ရယ်မောနေခဲ့ပါတယ်
ဒါပေမဲ့ သူတို့နှစ်ယောက်လုံး လုပ်လက်စရယ်မောခြင်းနဲ့ငိုကြွေးခြင်း နှစ်ခုလုံးကိုရပ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ
"ငါ အကြံရပြီ"
"ငါလဲအကြံရပြီ "
"နင်ပြော"
"နင်အရင်ပြော "
............
"Passwordပြော"
"558793824"
အေးစက်ပြီးစက်ရုပ်လိုအသံက ကျန်းရှင်းရှင်းဆီကထွက်လာတော့ ကျန်းသခင်ကြီးက အားရပါးရခေါင်းငြိမ့်တယ်
သူတို့နှစ်ယောက်ကို တောက်ပတဲ့မျက်ဝန်းများနဲ့ကြည့်နေသူကတော့ လျိုရှင်းဟန်ပါပဲ
"ကောင်းပြီ မြို့တော် Aကိုပြန်ကြစို့ "
ကျန်းရှင်းရှင်းကို လက်တွန်းကုလားထိုင်ပေါ်တင်သွားပြီး ကျန်းသခင်ကြီးနဲ့ကိုယ်ရံတော်အပေါင်းအပါတွေက ထွက်ခွာသွားခဲ့တယ်
သူတို့ထွက်ခွာသွားတာနဲ့ မျက်ဝန်းတွေတောက်ပနေခဲ့တဲ့လျိုရှင်းဟန်က ချက်ချင်းမျက်နှာတည်သွားပြီး ပြုံးနေတာကိုလဲရပ်လိုက်လေတယ်
ပြီးနောက် သူမ ဆေးရုံကတန်းထွက်သွားတော့တယ်
တစက္ကန့်လေးတောင် ဒီနေရာမှာ မနေချင်တော့ဘူး
သူမရဲ့လက်ကောက်ဝတ် ခြေထောက်တွေ အားလုံးပတ်တီးစီးထားပြီး ခန္ဒာကိုယ်အနှံ့ညိုမဲနေတဲ့အပြင် နဖူးပေါ်မှာလဲ ပလာစတာတခုကရှိသေးတယ်
သူမ အိမ်ပြန်လို့မရသေးဘူး
သူမ သက်သာအောင်အရင်ကုပြီးမှ အိမ်ပြန်ရမယ် မဟုတ်ရင် ပါးနဲ့မား အရမ်းလန့်သွားမှာ
ပါးး မားးး ခနစောင့်ပါဦး ပါးနဲ့မားကိုဖက်ဖို့သမီးပြန်လာပြီ
...
.🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Alinkar nang