Like Love But Not [ ဘာသာပြန် ]

By Kay_Wine

78.1K 10.7K 670

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
09
10
11
12
13
14
15
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

16

1.2K 249 15
By Kay_Wine


{Zawgyi}

[ အက်ဥ္းခ်ဳပ္ : သက္ေရာက္မႈရွိယ့္တိုင္းနာက္ဆုံးမိစ္မွာ နတ္ဘုရားေတြထံတာင္းဆုျပဳ ]

•ေရွာင္ဟန္း•

နာမည္ေက်ာ္ႀကီး ေလာ့ယြီခ်န္က ဒီႏွစ္မွာ ေဖေဖာ္ဝါရီလရဲ႕ တတိယအပတ္ေနာက္ဆုံးအထိ အလုပ္မ်ားေနခဲ့တယ္။

ေနာက္ၿပီး ရွမင္ရႈက စီးရီးအသစ္တစ္ခု႐ိုက္ဖို႔အတြက္ Bၿမိဳ႕ေတာ္ကို ဆြဲေခၚသြားျခင္းခံလိုက္ရၿပီး Lunar ႏွစ္သစ္မွာ သူ႔မိဘေတြနဲ႔ အခ်ိန္ကုန္ဆုံးဖို႔အတြက္ က်န္ရစ္ခဲ့မယ္ဆိုၿပီး လမ္းမွာဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။

ဒီလထဲမွာ ဒီလူႏွစ္ေယာက္က သူတို႔ရဲ႕ကိုယ္ပိုင္ပေရာဂ်က္ေတြကိုယ္စီနဲ႔ အလုပ္မ်ားေနၾကၿပီး အတူရွိေနတာထက္ ေဝးေနရတာက ပိုမ်ားတယ္။

ဒီေဆာင္းတြင္းမွာ ႏွင္းက်တာ သုံးႀကိမ္ေတာင္ရွိေနၿပီျဖစ္တယ္။

တကယ္ေတာ့ ကြၽန္ေတာ္နဲ႔ ေလာ့ယြီခ်န္က ေဆာင္းတြင္းခ်ိန္ႏွင္းက်တာကို အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ အတူတူ ခံစားဖူးတယ္။

ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက Sၿမိဳ႕ေတာ္ရဲ႕ ေဆာင္းရာသီေတြက ဒီေန႔အခ်ိန္လို ေႏြးေႏြးေထြးေထြးမရွိဘဲ မၾကာခဏ ႏွင္းက်တတ္တယ္။ ကြၽန္ေတာ္တို႔ ေက်ာင္းဆင္းခ်ိန္တိုင္း အိမ္ျပန္လမ္းတစ္ေလွ်ာက္ ႏွင္းေဘာလုံးတိုက္ပြဲေတြ တိုက္ခဲ့ၾကၿပီး ကြၽန္ေတာ္တို႔ရဲ႕ ေဆာင္းတြင္းဝတ္စုံအႀကီးႀကီးေတြက ႐ႊဲ႐ႊဲစိုသြားရင္ေတာင္မွ သိပ္ကိုေပ်ာ္ခဲ့ၾကေသးတယ္။

ေနာက္ပိုင္း ကြၽန္ေတာ္တို႔ အတူေက်ာ္ျဖတ္ခဲ့ၾကတဲ့ ဒီဆယ္ႏွစ္အတြင္း ကြၽန္ေတာ္ ဘယ္ေလာက္ပဲ တြယ္ကပ္ေနပါေစ အဆုံးမွာေတာ့ ကြၽန္ေတာ့္ဖာသာပဲ ၿခံဝင္းထဲသြားကာ ေထာင့္ေလးတစ္ခုမွာ တစ္ေယာက္တည္း ကြၽန္ေတာ့္ရဲ႕႐ုပ္ဆိုးပန္းဆိုး ႏွင္း႐ုပ္လူသားကို လုပ္ခဲ့ရတယ္။

ဒီႏွစ္မွာေတာ့ ေလာ့ယြီခ်န္က ပူပန္ေၾကာင့္ၾကမဲ့ကာ စိတ္ခ်မ္းေျမ့ေနပုံေပၚတယ္။ တတိယအႀကိမ္ ႏွင္းက်လို႔အၿပီးမွာ သူက ျမစ္ေရကာတာဆီ ကားေမာင္းသြားၿပီး ထိုေနရာမွာ အခ်ိန္အၾကာႀကီးေနကာ ေအးျမတဲ့ေလထုကို ခံစားေနတယ္။

ကြၽန္ေတာ္ကေတာ့ သူ႔ေဘးနားမွာ ထိုင္ခ်လိုက္ၿပီး ကြၽန္ေတာ္က အသက္ရွိေနတုန္းျဖစ္ကာ သူ႔နားမွာ ေနေနရတယ္လို႔ စိတ္ကူးယဥ္ေနလိုက္တယ္။

ဒီလိုမ်ိဳး အတူတူထိုင္ကာ လွပတဲ့ ေငြျဖဴေရာင္ေလာကႀကီးကို အသံတိတ္ ၾကည့္ေနမိၾကတယ္။

တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ဆိုတာ အၿမဲတမ္းလိုလို ႏွစ္တစ္ႏွစ္ရဲ႕ အႀကီးက်ယ္ဆုံးပြဲေတာ္ႀကီးျဖစ္တယ္။ ကြၽန္ေတာ္က ပါတီပြဲအႀကီးႀကီးေပးကာ သူငယ္ခ်င္းေတြအားလုံးကို ေခၚၿပီး စားၾကေသာက္ၾက၊ သီခ်င္းေတြဆိုၾကနဲ႔ ညလုံးေပါက္ ပြဲလုပ္ေလ့ရွိတယ္။

ေနာက္ၿပီး ဒီႏွစ္မွာ ကြၽန္ေတာ့္လို လႈံ႕ေဆာ္ေပးသူမရွိတာေၾကာင့္ လူတိုင္းက အေတာ္ေလး ေျပာစရာမလိုေလာက္ေအာင္ အသံတိတ္ေနၾကတယ္။

ရွမင္ရႈက ေဝးကြာတဲ့ Bၿမိဳ႕ေတာ္မွာ ေရာက္ေနေပမယ့္ ဖုန္းလွမ္းဆက္ၿပီး ေနာက္တစ္ေန႔ ျပန္လာမွာျဖစ္ေၾကာင္းနဲ႔ သူ႔တစ္မိသားစုလုံးကလည္း ေလာ့ယြီခ်န္ကို ေပ်ာ္႐ႊင္စရာႏွစ္သစ္ျဖစ္ပါေစလို႔ ဆုေတာင္းေပးခဲ့တဲ့အေၾကာင္း ေျပာခဲ့ေသးတယ္။

ရွမင္ရႈက သူ႔မိသားစုဝင္ေတြကို သူနဲ႔ ေလာ့ယြီခ်န္ရဲ႕ဆက္ဆံေရၚကို ေျပာျပထားလားဆိုတာ ကြၽန္ေတာ္ မသိေပမယ့္ ဘယ္လိုေနေန သူ႔တစ္မိသားစုလုံးက ေလာ့ယြီခ်န္ကို အေတာ္ေလး သေဘာက်ၾကတယ္။

ရွမိသားစုထဲက လူတိုင္းက ကြၽန္ေတာ္နဲ႔ ေလာ့ယြီခ်န္ကို သူတို႔လိုအပ္ေနခ်ိန္ ေရာက္ခ်လာတဲ့ ကယ္တင္ရွင္ေတြအျဖစ္ သတ္မွတ္ထားၾကတယ္။

သူတို႔မ်က္လုံးထဲမွာေတာ့ ကြၽန္ေတာ္တို႔ေတြက သူတို႔ရဲ႕အခက္ခဲဆုံးအခ်ိန္မွာ (ကူညီေပးဖို႔) လက္ကမ္းခဲ့တဲ့ နတ္သားေတြအျဖစ္ ျမင္ေနၾကတယ္။

ရွမင္ရႈရဲ႕မိသားစုက သမာ႐ိုးက်မိသားစုတစ္စုျဖစ္ၿပီး ထိုႏွစ္ သူဖ်ားနာခဲ့ခ်ိန္က သူ႔ရဲ႕ေဆးကုသစရိတ္ေတြအတြက္ သူတို႔တစ္ဘဝလုံးစုေဆာင္းခဲ့တာေတြကို သုံးစြဲခဲ့ရတယ္။ ေနာက္ၿပီးေတာ့လည္း အဲ့တာေၾကာင့္ပဲ ေလာ့ယြီခ်န္က ကြၽန္ေတာ့္ဆီလာကာ ရွမင္ရႈကို ပိုၿပီးအေထာက္အပံ့ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္။

ရွမင္ရႈက ပိုက္ဆံလိုအပ္ေနခဲ့ေပမယ့္လည္း သူ႔ရဲ႕'စြန႔္ႀကဲေပးကမ္းမႈ'ကို လက္ခံဖို႔ ျငင္းဆန္ခဲ့တယ္။ အဆုံးမွာ သူက ရွမင္ရႈရဲ႕မာနကို အေလးထားေသာအားျဖင့္ အေျခအေနကို ေျဖရွင္းဖို႔ အဆိုးဆုံးနည္းလမ္းကို ေ႐ြးျခယ္ခဲ့တယ္။

ေလာ့ယြီခ်န္ ဒီလိုစေတးခံမႈလုပ္ဖို႔ ရွမင္ရႈတစ္ေယာက္တည္းကသာ လႈံ႕ေဆာ္ေပးႏိုင္တယ္။ ကြၽန္ေတာ္ အားမက်ဘူးလို႔ေျပာရင္ လိမ္ရာက်မွာေပါ့။

ေနာက္ၿပီး မလႊဲမေရွာင္သာ ကြၽန္ေတာ္ကလည္း ရွမိသားစုထဲမွာ ဒီသားတစ္ေယာက္တည္းရွိတယ္ဆိုတာေၾကာင့္ မလိုတမာအေတြး ေတြးခဲ့ေသးတယ္။ တကယ္လို႔သာ သူ႔မိသားစုက သူတို႔ရဲ႕အစစ္အမွန္ဆက္ဆံေရးကို သိသြားခဲ့ရင္ သူတို႔ေတြက သူ႔ကို ေယာက်ာ္းတစ္ေယာက္နဲ႔ အတူေနဖို႔ ခြင့္ျပဳလိုက္ၿပီး မိသားစုမ်ိဳး႐ိုးကို အဆုံးသတ္ခိုင္းလိုက္မွာလား?

ေသခ်ာေပါက္ အဲ့ကိစၥကလည္း ကြၽန္ေတာ္နဲ႔ ဘယ္ဆိုင္ပါ့မလဲ။

သူ ရွမင္ရႈနဲ႔ ဖုန္းေျပာလို႔ၿပီးသြားေတာ့ အခ်ိန္က ကိုးနာရီေလာက္သာရွိေသးတယ္။

ကြၽန္ေတာ္ အံ့ဩမိတာက ေလာ့ယြီခ်န္ရဲ႕ပုံစံအရဆိုရင္ သူက အိပ္ဖို႔ျပင္ဆင္ေနတယ္ဆိုတာကို ကြၽန္ေတာ္ သိလိုက္ရတယ္။

ႏွစ္တစ္ႏွစ္ရဲ႕ အႀကီးက်ယ္ဆုံး၊ အ႐ူးသြပ္ဆုံးေန႔ျဖစ္တဲ့ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္မွာ သူ႔ရဲ႕ေနထိုင္မႈကို ဒီလိုညအခ်ိန္ေနထိုင္မႈအျဖစ္ တကယ္ႀကီး ေျပာင္းလဲလိုက္တာလား?

သူ ေစာေစာအိပ္လိုက္ေတာ့မွ မနက္က်ရင္ ေစာေစာႏိုးၿပီး အခ်ိန္အၾကာႀကီးမေတြ႕ျဖစ္ခဲ့တဲ့ ရွမင္ရႈကို ျမင္ေတြ႕ရတဲ့အခ်ိန္မွာ ေကာင္းေကာင္းအနားယူထားသလို ျဖစ္ေနမွာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

သူ မအိပ္ေသးခင္ သူ႔ရဲ႕ဖုန္းကို ေနာက္တစ္ႀကိမ္ ေကာက္ကိုင္လိုက္ျပန္တယ္။

ကြၽန္ေတာ္ အနားသြားၾကည့္လိုက္ေတာ့ သူက တကယ္ႀကီး ကြၽန္ေတာ့္ကို ေခၚေနတာျဖစ္ေနတယ္။

ကြၽန္ေတာ္လည္း မေနႏိုင္ေတာ့ဘဲ အသံထြက္ၿပီးေတာင္ ရယ္မိတယ္၊ တကယ့္ကို ႐ိုး႐ိုးသားသား ေက်းဇူးတင္မိတယ္။

'ႏွစ္သစ္ကူးအတြင္းမွာ ငါ့အေၾကာင္း ေတြးေပးလို႔ ေက်းဇူးတင္ပါတယ္'

သူ ေခၚလို႔မရတဲ့အခါ အေလ်ာ့မေပးဘဲ စိတ္ကိုတင္းၿပီး မႈန္ကုပ္ေနတဲ့မ်က္ႏွာနဲ႔ ဖန္းရွဲ႕ယိကို ဖုန္းေခၚလိုက္တယ္။

သုံးႀကိမ္တိုင္တိုင္ ဖုန္းအခ်ခံလိုက္ရၿပီး ေလးႀကိမ္ေျမာက္မွသာ ဖန္းရွဲ႕ယိက ဖုန္းကိုင္ေတာ့တယ္။

အခုခ်ိန္က ညသန္းေခါင္ခ်ိန္ေရာက္ဖို႔ နာရီေပါင္းမ်ားစြာ က်န္ေသးေပမယ့္ လူတိုင္းက ေပ်ာ္႐ႊင္စြာ ပြဲေတာ္ကိုဆင္ႏႊဲေနၾကၿပီျဖစ္ကာ ျပတင္းေပါက္အျပင္က မီးရႈးမီးပန္းအသံေတြက နားစည္ကြဲေလာက္ေအာင္ က်ယ္ေလာင္တာေၾကာင့္ ဖန္းရွဲ႕ယိေျပာသမွ်ကို ကြၽန္ေတာ္လည္း ျပည့္ျပည့္စုံစုံ ေသခ်ာမၾကားရဘူး။ ေလာ့ယြီခ်န္ေတာင္မွ ေအာ္ေျပာေနရတယ္။

သူ ေျပာတာက "ေက်းဇူးျပဳၿပီး ေရွာင္ဟန္းကို 'ေပ်ာ္စရာႏွစ္သစ္ျဖစ္ပါေစ'လို႔ ေျပာေပးပါ"

"သူ႔ကိုယ္သူ ဂ႐ုစိုက္ဖို႔ ေျပာေပးပါ ၿပီးေတာ့... ကြၽန္ေတာ့္အစား 'ေက်းဇူးတင္ပါတယ္'လို႔ ေျပာေပးပါ"

ထိုအခ်ိန္က သူ႔ကိုျပဳစုေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ေနတာျဖစ္ေလာက္မယ္လို႔ ကြၽန္ေတာ္ ေတြးလိုက္တယ္။

အားလပ္ရက္ကာလကို ေထာက္ထားၿပီး ဖန္းရွဲ႕ယိက တအားမုန္းတီးတာမ်ိဳးကို ေျပာေလာက္မွာ မဟုတ္ဘူး။ ေလာ့ယြီခ်န္က စိတ္ေက်နပ္စြာ ဖုန္းခ်လိုက္ၿပီး ေပၚလာခဲတဲ့အၿပဳံးကိုေတာင္ ျပသလာတယ္။

သူက ကြၽန္ေတာ့္ကို 'ေပ်ာ္႐ႊင္စရာႏွစ္သစ္ျဖစ္ပါေစ'ဆိုတာနဲ႔ 'ေက်းဇူးတင္ပါတယ္'ဆိုတာကိုေတာင္ ေျပာခဲ့ေသးတယ္။

ဒါက ေကာင္းမြန္တဲ့အဆုံးသတ္တစ္ခုလို႔ ကြၽန္ေတာ္ ထင္မိတယ္။

အဲ့တာေၾကာင့္ပဲ ကြၽန္ေတာ္လည္း တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ေလထုထဲမွာ မီးခိုးေငြ႕လို ေပ်ာက္ကြယ္သြားမွာကို ေစာင့္ရင္း ညသန္းေခါင္အခ်ိန္ ဆယ့္ႏွစ္နာရီထိုးတဲ့အထိ နာရီကိုသာ စူးစိုက္ၾကည့္ေနလိုက္တယ္။ ေနာက္ေတာ့ အႀကိမ္ေပါင္းမ်ားစြာ ဝိုင္းႀကီးပတ္ပတ္ လွည့္လိုက္တယ္။ ထို႔ေနာက္မွာေတာ့ ကြၽန္ေတာ္ ဒီေနရာမွာပဲ ရွိေနေသးတယ္ဆိုတာ သိလိုက္ရတယ္။

ႏွစ္ေဟာင္းကုန္ဆုံးလို႔ ႏွစ္သစ္ကို ေရာက္လာခဲ့ၿပီ။ ႏွစ္သစ္အတြက္ ကြၽန္ေတာ္ကလည္း ရွင္းထုတ္ပစ္ရမယ့္ အေဟာင္းေတြစာရင္းမွာပါတယ္လို႔ ထင္ခဲ့တာ။

အထူးသျဖင့္ ေလာ့ယြီခ်န္က ဒီလိုၿပီးျပည့္စုံတဲ့ ေက်းဇူးတင္လမ္းခြဲစကားမ်ိဳး ေျပာၿပီးတဲ့ေနာက္မွာေပါ့။

ဒါေပမယ့္အဆုံးမွာေတာ့ ေနာက္ထပ္ပုံမွန္ေန႔တစ္ေန႔ စတင္လာျပန္တယ္။

****

ႏွစ္သစ္ကူးေန႔မွာ အခမ္းနားဆုံးျမင္ကြင္းကေတာ့ လူအုပ္ႀကီးက တန္းစီကာ နတ္ဘုရားေတြကို အ႐ိုအေသေပးတာပဲျဖစ္တယ္။

Sၿမိဳ႕ေတာ္ထဲက နတ္ဘုရားနန္းေဆာင္တစ္ခုခ်င္းစီတိုင္းက လူေတြနဲ႔ ျပည့္ႏွက္ေနတယ္။ သူတို႔ေတြ အမွန္တကယ္ ယုံယုံမယုံယုံ အနည္းနဲ႔အမ်ားေတာ့ ကံေကာင္းမႈတခ်ိဳ႕ရလာဖို႔၊ စိတ္ေအးခ်မ္းသာရာရဖို႔နဲ႔ မိသားစုတစ္စုလုံး ေပ်ာ္႐ႊင္သုခရဖို႔၊ ေက်ာင္းမွာ ေအာင္ျမင္ဖို႔(စာေမးပြဲေအာင္ဖို႔)၊ အခ်စ္ေရး ကံေကာင္းဖို႔ အစရွိသျဖင့္ ေတာင္းဆုလာျပဳၾကတာျဖစ္တယ္။

ကြၽန္ေတာ္လည္း ႏွစ္တိုင္း အ႐ိုအေသေပးဖို႔ သြားခဲ့တယ္။

ေျပာၾကတာေတာ့ အေလးအနက္ရွိတဲ့ႏွလုံးသားနဲ႔ဆို ခ်ီးျမႇင့္ခံရမယ္ဆိုေပမယ့္ လူတစ္ေယာက္ရဲ႕ေလာဘက တအားမ်ားသြားတဲ့အခ်ိန္မွာေတာ့ နတ္ဘုရားေတြေတာင္ ဘာမွမလုပ္ႏိုင္ဘဲ အကူအကယ္မဲ့သြားမယ္ထင္ပါရဲ႕။

ကြၽန္ေတာ့္ကိုပဲ ဥပမာယူေပါ့။ ကြၽန္ေတာ့္ရဲ႕ႏွလုံးသားက အေလးအနက္ရွိေပမယ့္ ကြၽန္ေတာ့္ရဲ႕ဆုေတာင္းေတြကေတာ့ တစ္ခါမွ မျပည့္ဝခဲ့ဘူး။

'ကံေကာင္းဖို႔အတြက္ နတ္ဘုရားေတြကို အ႐ိုအေသေပးရမယ္'ဆိုတဲ့ အယူသီးမႈမ်ိဳးကို ေလာ့ယြီခ်န္ကေတာ့ ေသခ်ာေပါက္ ဘယ္ေတာ့မွ လုပ္လိမ့္မွာမဟုတ္ဘူး။

ႏွစ္တိုင္း ကြၽန္ေတာ့္မွာေတာ့ မ်ိဳးစုံေသာနတ္နန္းေတြဆီက အားတက္သေရာျပန္လာခ်ိန္မွာ သူကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနတုန္းပဲရွိတယ္။ 'ႏွစ္သစ္ရဲ႕ပထမဆုံးေန႔မွာ အေျခအေနကို ျဖစ္ေအာင္ဖန္တီးၿပီး ႀကိဳးစားဖို႔လိုတယ္၊ အဲ့တာမွသာ လာမယ့္ႏွစ္မွာ ကံေကာင္းမႈကို ဖိတ္ေခၚႏိုင္မယ္'ဆိုတဲ့ အဆိုက ေလာ့ယြီခ်န္ အၿမဲတမ္း အထင္ေသးေနခဲ့တဲ့အရာျဖစ္တယ္။

သို႔ေပမယ့္ ဒီႏွစ္မွာေတာ့ သူက ျဖစ္႐ိုးျဖစ္စဥ္ကို ေက်ာ္လြန္ကာ ပထမဆုံးအႀကိမ္အျဖစ္ မနက္ငါးနာရီမွာ အိပ္ရာထဲက ကုန္း႐ုန္းထလာတယ္။

ကြၽန္ေတာ္ သူနဲ႔ေနခဲ့တဲ့ ဆယ္ႏွစ္တာမွာ ေလယာဥ္မွီဖို႔ထရတာကလြဲလို႔ သူ ဒီေလာက္အေစာႀကီး အိပ္ရာက ထတာမ်ိဳး ကြၽန္ေတာ္ ဘယ္တုန္းကမွ မျမင္ဖူးဘူး။

အစကေတာ့ သူက ရွမင္ရႈကို ေလဆိပ္မွာ သြားႀကိဳမွာမို႔လို႔ဆိုၿပီး ထင္ခဲ့တယ္။

ဒါေပမယ့္ သူက ကြၽန္ေတာ့္လို အလြန္တရာေလာဘႀကီးတဲ့လူမ်ိဳးလုပ္တဲ့အတိုင္း တူညီတဲ့အရာကို သြားလုပ္တာျဖစ္တယ္။ သူနဲ႔မတန္ဘူးလို႔ အၿမဲေတြးခဲ့တဲ့ ဘာသာကိုင္းရႈိင္းသူေတြနဲ႔ ပ်င္းစရာေကာင္းတဲ့ ဦးေလးႀကီးေတြ၊ အန္တီႀကီးေတြ လုပ္တဲ့အရာအတိုင္း _ သူက နတ္ဘုရားေတြကို သြားၿပီး အ႐ိုအေသေပးတာျဖစ္တယ္။

ပထမဆုံးအေနနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းကို သြားခဲ့တယ္၊ ေနာက္ေတာ့ ဗိမာန္၊ ဘုရားေက်ာင္း၊ ဗလီေတြထိပါ သြားခဲ့တယ္။ ေျပာရရင္ ဒီမွာရွိသမွ် နတ္ဘုရားတိုင္းကို အ႐ိုအေသေပးခဲ့တာျဖစ္တယ္။ အေရွ႕ျခမ္းမွာရွိရွိ အေနာက္ျခမ္းမွာရွိရွိ၊ သူတို႔က ဒီကမာၻႀကီးရဲ႕တစ္ေထာင့္တစ္ေနရာမွာ ရွိေနေန ရွိမေနေန သူကေတာ့ အားလုံးကို ဝတ္ျပဳခဲ့တယ္။

သူ ဒီေလာက္ထိ ဂ႐ုတစိုက္ရွိဖို႔လိုေနရေအာင္ ဒီႏွစ္ထဲမွာ သူ႔အတြက္ ဘယ္လိုႀကီးမားတဲ့ဆႏၵရွိေနလို႔လဲဆိုတာ ကြၽန္ေတာ္ မသိဘူး။

ေနာက္ၿပီး သူ႔ေဘးမွာ ဆက္ၿပီးလိုက္ပါေနရတဲ့ ကြၽန္ေတာ္ကလည္း တိတ္တိတ္ေလး ဆုေတာင္းဝတ္ျပဳကာ နတ္ဘုရားေတြကို ဒီတစ္ႀကိမ္ေလာက္ေလာက္ေတာ့ ကြၽန္ေတာ့္ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးဖို႔ ေမွ်ာ္လင့္ေနမိတယ္။

ကြၽန္ေတာ္က ေသဆုံးၿပီးသားျဖစ္တာေၾကာင့္ ကြၽန္ေတာ့္အတြက္ ဆုေတာင္းေတြဆိုတာ ထပ္ရွိဖို႔ ဘာအေၾကာင္းမွ မရွိေတာ့ဘူး။ အဲ့တာေၾကာင့္ ကြၽန္ေတာ္ေတာင္းတဲ့ဆုေတာင္းက ကြၽန္ေတာ့္ေဘးနားမွာရွိတဲ့ ဒီလူသားရဲ႕အသံကို နတ္ဘုရားေတြ ၾကားေစဖို႔ပဲျဖစ္တယ္_

သူ လိုခ်င္တာ ဘာပဲျဖစ္ေနေန သူ႔ဆႏၵေတြ ျပည့္ဝဖို႔ ဆုေတာင္းေပးမိတယ္။

တစ္မနက္ခင္းလုံး မ်ိဳးစုံေသာ ဘုရားေက်ာင္းေတြထဲမွာ လူအုပ္ႀကီးရဲ႕ တြန္းထိုးတာကို ခံခဲ့ရၿပီးေနာက္ ေလာ့ယြီခ်န္ သူ႔ရဲ႕ႏြမ္းလ်ေနတဲ့ခႏၶာကိုယ္ကို အိမ္ဆီ တ႐ြတ္ဆြဲၿပီးျပန္သယ္လာတဲ့အခ်ိန္မွာ ရွမင္ရႈေတာင္ ျပန္ေရာက္ႏွင့္ေနၿပီျဖစ္တယ္။

တစ္ဖက္လူျပန္လာမယ္ဆိုတာကို ေမ့ေနခဲ့သလိုမ်ိဳး သူ႔ကိုျမင္လိုက္ခ်ိန္မွာ ေလာ့ယြီခ်န္ အထိတ္ထိတ္အပ်ာပ်ာျဖစ္သြားတယ္။ သူ႔အၿပဳံးက ေနရခက္ကာ ေတာင္းပန္မႈတို႔ ေရာယွက္ေနတယ္။

ရွမင္ရႈက ကြၽန္ေတာ့္ထက္ပိုၿပီး စိတ္ရွည္သည္းခံႏိုင္တာေၾကာင့္ သဘာဝက်စြာ အထြန႔္တက္တာမ်ိဳး မလုပ္ခဲ့ဘူး။

ေလာ့ယြီခ်န္ ဘယ္ေတြသြားေနခဲ့တာလဲဆိုတာကိုေတာင္ မေမးခဲ့ဘူး။ တစ္ဖက္လူက ေရခ်ိဳးဖို႔ဝင္သြားတဲ့အခါ ဆိုဖာေပၚက သူ႔ကုတ္အက်ီကို ကူသိမ္းေပးေတာ့မွသာ ကုတ္အက်ီအိတ္ကပ္ထဲက ထြက္က်လာတဲ့ အေဆာင္လက္ဖြဲ႕အစည္းလိုက္ကို ေတြ႕သြားေတာ့တယ္။

ဘုရားေက်ာင္းေတြမွာတုန္းက ကြၽန္ေတာ္ကလည္း ကိုယ့္ရဲ႕ဆုေတာင္းေတြအေပၚမွာပဲ တအားအာ႐ုံစိုက္ေနတာေၾကာင့္ျဖစ္မယ္။ ဒီအေဆာင္လက္ဖြဲ႕အစည္းလိုက္ကို လုံးဝသတိမမူခဲ့မိဘူး။

အခု စမ္းစစ္ၾကည့္ေတာ့မွ ဒီအရာေတြက အလုံးစုံကာကြယ္ေပးတဲ့ အေဆာင္ေတြျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္လည္း မေနႏိုင္ေတာ့ဘဲ အဲ့တာေတြကို ေငးစိုက္ၾကည့္ေနမိတယ္။

ထို႔ေနာက္ ထိုႏွစ္ ရွမင္ရႈ ဖ်ားနာေနခဲ့တဲ့အခ်ိန္တုန္းကလည္း သူက ဒီလိုမ်ိဳး တူညီံတဲ့ ႐ူးမိုက္မိုက္အရာကို လုပ္ခဲ့တယ္ဆိုတာ မွတ္မိသြားတယ္။ ထိုအခ်ိန္က ကြၽန္ေတာ္လည္း သူနဲ႔လိုက္ပါၿပီး ဘုရားေက်ာင္းတစ္ေက်ာင္းၿပီးတစ္ေက်ာင္းသြားကာ အေမႊးနံ႔သာေတြကို မရပ္တမ္း ထြန္းညႇိေပးခဲ့ရတယ္။

ၾကည့္ရတာ တေစၦသရဲအယုံအၾကည္မရွိ သူ႔ခႏၶာကိုယ္မွာ ဘာသာတရားကိုင္းရႈိင္းတဲ့ အ႐ိုးတစ္ေခ်ာင္းေတာင္ပါမလာတဲ့လူက အခက္အခဲျဖစ္လာတဲ့အခ်ိန္မွာေတာ့ နတ္ဘုရားေတြကို ဝတ္ျပဳႏိုင္ပုံရတယ္။

တစ္ဖက္မွာ ရွမင္ရႈကလည္း ထိုအေဆာင္ေတြကို ေငးေၾကာင္စြာ စိုက္ၾကည့္ေနတယ္။

အခ်ိန္အၾကာႀကီးစိုက္ၾကည့္ေနၿပီးမွ အသံထြက္ကာ တစ္ခ်က္ရယ္ေမာလိုက္ၿပီး သူ႔မ်က္လုံးေတြက ျဖည္းျဖည္းခ်င္း နီရဲလာတယ္။

သူ ဒီလိုျဖစ္ေနတာကိုျမင္ေတာ့ စကၠန႔္ပိုင္းစာေလာက္ ကြၽန္ေတာ္ ဘာကိုေတြးလို႔ ေတြးရမွန္းမသိျဖစ္သြားတယ္။ ဒီအေတာအတြင္းမွာ ရွမင္ရႈက ကြၽန္ေတာ့္ကို အႀကီးအက်ယ္သနားေနပုံေပၚၿပီး မနာလိုတဲ့အရိပ္အႁမြက္ တစ္စက္ကေလးမွ မျပခဲ့တဲ့အျပင္ ေနာက္ဆုတ္မယ့္လကၡဏာေတြေတာင္ ျပခဲ့ေသးတယ္။

ဒါေပမယ့္ ေသခ်ာတာက ဒါေတြအားလုံးက ေလာ့ယြီခ်န္ ကြၽန္ေတာ့္အေၾကာင္းေတြးေနတာကို ျမင္တဲ့အခ်ိန္မွာ ဝမ္းမနည္းဘူးလို႔ မဆိုလိုဘူး။

ကြၽန္ေတာ္ ရွမင္ရႈအတြက္ စိတ္မေကာင္းျဖစ္မိတယ္။

အရင္က သူနဲ႔ ေလာ့ယြီခ်န္က တူညီတဲ့ေျမျပင္ေပၚမွာ ရပ္ေနၾကတယ္ဆိုတာ ရွင္းလင္းေနတာပဲကို ဘာေၾကာင့္မ်ား ကြၽန္ေတာ့္လို လမ္းေဟာင္းတစ္ခု ျပန္ေလွ်ာက္ဖို႔ အတင္းအက်ပ္ျဖစ္ေနရတာလဲ?

သူက ဘာလို႔သည္းခံေနရတာလဲ? သည္းခံေနတာက ဘာအသုံးဝင္လို႔လဲ? ေလာ့ယြီခ်န္ဆိုတာက တျခားလူရဲ႕စိတ္ရွည္မႈကို အၿမဲတမ္း အျပည့္အဝအသုံးခ်ကာ တစ္ဖက္လူရဲ႕အင္အားကို အျမတ္ထုတ္တဲ့ လူစားမ်ိဳးျဖစ္တယ္။

မင္းကိုယ္မင္း ဆက္ၿပီး အားတင္းၿပဳံးကာ ဘာမွမေျပာဘဲ ဆက္ေနေနမယ္ဆိုရင္ သူက ပိုပိုၿပီး အထိန္းအကြပ္မဲ့လာႏိုင္တယ္။

သူက အၿမဲဒီလိုသာျဖစ္တယ္။ အဲ့တာကို ကြၽန္ေတာ့္အျပင္ ဘယ္သူမွ ပိုၿပီးရွင္းရွင္းလင္းလင္း သိမွာမဟုတ္ဘူး။

ရွမင္ရႈေတာင္မွ ကြၽန္ေတာ့္လိုမ်ိဳး ေလာ့ယြီခ်န္ကို နားမလည္ဘူး။ သူက အတိတ္ကကြၽန္ေတာ့္လိုမ်ိဳး တစ္စထက္တစ္စ အမႈိက္နဲ႔ပိုတူလာေတာ့မယ္။

ေလာ့ယြီခ်န္ ထြက္မလာခင္ သူ႔မ်က္ရည္ေတြကို သုတ္ပစ္လိုက္တယ္။ အေတာ္ေလးဆိုး႐ြားတဲ့အၿပဳံးတစ္ခုနဲ႔ အေဆာင္လက္ဖြဲ႕အစည္းကိုကိုင္ထားကာ ခုေလးတင္ ေရခ်ိဳးခန္းထဲကထြက္လာတဲ့ နာမည္ေက်ာ္ႀကီးရဲ႕ ေနရခက္တဲ့မ်က္လုံးေတြနဲ႔ ဆုံသြားတယ္။

****

ၿပီးခဲ့တဲ့ႏွစ္တုန္းက ရွမင္ရႈအတြက္ ႐ုပ္ရွင္ဧကရာဇ္ဆုရဖို႔ အဆုံးမွာ ကပ္သီးေလးလြဲသြားတဲ့ အေတာ္ေလးေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ကားတစ္ကားရွိတာကို ကြၽန္ေတာ္ မွတ္မိတယ္။ အေၾကာင္းျပခ်က္ကေတာ့ အကဲျဖတ္ေရးေကာ္မတီက ကိစၥေတြကို ေဆြးေႏြးတဲ့အခ်ိန္မွာ သူက ခံစားခ်က္အေျပာင္းအလဲလုပ္တဲ့ေနရာမွာ ေျပျပစ္မႈမရွိဘဲ လိုအပ္တဲ့အရည္အခ်င္း ကင္းမဲ့ေနတယ္ဆိုၿပီး ခံစားရတယ္တဲ့။

သူတို႔ေတြ တကယ့္ကို မွားခဲ့ၾကတယ္။ သူ႔အတြက္ ခံစားခ်က္ေတြကို ခဏတြင္းခ်င္း အေျပာင္းအလဲလုပ္ရတာ ဘာျပႆနာမွမရွိေၾကာင္း ရွင္းလင္းေနတာပဲေလ။ ေနာက္ၿပီး သူ႔ရဲ႕အရည္အခ်င္းနဲ႔ပက္သက္လို႔ ဘာအမွားမွ မရွိတာလည္း ျမင္သာတယ္ေလ! သူသာ ႐ုပ္ရွင္ဧကရာဇ္မျဖစ္ႏိုင္ဘူးဆိုရင္ ဘယ္သူက အဲ့အတြက္ အရည္အခ်င္းျပည့္မွီဖို႔ဆိုတာ ျဖစ္ႏိုင္ေတာ့မွာလဲ?

အခုလိုအေျခအေနမ်ိဳးေပါ့၊ ဒါက ကြၽန္ေတာ္သာဆို အလြန္ဆုံးလုပ္ႏိုင္တာဆိုလို႔ ဂ႐ုမစိုက္သလိုသာလုပ္ႏိုင္မွာျဖစ္ၿပီး နည္းနည္းေလးေတာင္ ၿပဳံးႏိုင္မွာမဟုတ္ဘူး။ ကြၽန္ေတာ့္ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က ဘယ္ေလာက္ပဲ ေကာင္းေနပါေစ အခု သူ႔လိုမ်ိဳး ၿပဳံးေနခ်င္ပါတယ္ဆိုရင္ေတာင္ ေနာက္ခဏအတြင္းမွာ မ်က္ရည္ေတြ ယိုစီးက်လာလိမ့္မွာမဟုတ္ဘူးလို႔ အာမမခံႏိုင္ဘူး။

ကြၽန္ေတာ္ ေတြးေနတုန္းမွာပဲ ရွမင္ရႈက ေနာက္တစ္ႀကိမ္ အဆက္အစပ္မရွိ ေမးခြန္းတစ္ခုကို ႐ုတ္တရက္ေမးလာျပန္တယ္။

"ကြၽန္ေတာ္ ေျပာင္းမလာေသးခင္ ခင္ဗ်ားကို ေမးခဲ့တဲ့ေမးခြန္း၊ အခုေတာ့ ခင္ဗ်ားအေျဖကို သိေလာက္ပါၿပီ ဟုတ္တယ္မွတ္လား?"

ရွမင္ရႈေျပာတဲ့ ေမးခြန္းဆိုတာေရာ ဘယ္လိုေမးခြန္းမ်ိဳးလဲဆိုတာကိုပါ ကြၽန္ေတာ္ လုံးဝမသိဘူး။

ေလာ့ယြီခ်န္က ေနရာမွာတင္ ေတြေဝေနတာကိုသာ ျမင္ေနရတယ္။

ဒီလိုေတြေဝတာက သူ႔ရဲ႕အရွည္ၾကာဆုံးေတြေဝမႈမွာေတာင္ မွတ္တမ္းဝင္ႏိုင္တယ္။ ေနာက္ၿပီး အခ်ိန္တစ္ခုေလာက္ၾကာေတာ့မွ သတိျပန္ဝင္လာပုံေပၚတယ္။ သူ႔မ်က္ႏွာမွာ ခံစားခ်က္ေတြ လ်င္ျမန္စြာ ျဖတ္ေျပးသြားၿပီး သူ တကယ္ေတြးေနတာဘာမွန္း လူေတြမသိႏိုင္ျဖစ္ေနရကာ ေနာက္ဆုံးမွ သူ႔ရဲ႕ပုံမွန္ေအးစက္တဲ့ပုံစံ ျပန္ျဖစ္သြားတယ္။

သူက ရွမင္ရႈအနားမွာ အၾကာႀကီးတိတ္ဆိတ္စြာ ရပ္ေနခဲ့တယ္။

႐ုတ္တရက္ ေခါင္းယမ္းလာကာ အေငါ့တူးသလို ခါးသက္သက္အသံတစ္ခ်က္ ျပဳလာတယ္။

မြန္းက်ပ္သလိုအသံမ်ိဳးျဖစ္ေနေပမယ့္ သူ႔အမူအယာကေတာ့ မထင္ရေလာက္ေအာင္ စိတ္သက္သာရာရသြားပုံေပၚတယ္။ သူက ဆိုဖာေပၚ ေလးပင္စြာ ထိုင္ခ်ၿပီး ႐ုတ္တရက္ တစ္ကိုယ္လုံးကို ေလွ်ာ့ခ်လိုက္သလိုမ်ိဳး ေနာက္ကိုမွီလိုက္တယ္။

"ကိုယ္ေတာင္ မသိေသးခင္ မင္းက ဘယ္လိုသိသြားတာလဲ?"

"အိုး လုပ္စမ္းပါဗ်ာ၊ မ်က္လုံးပါတဲ့လူတိုင္း ျမင္ႏိုင္တယ္!" ရွမင္ရႈက သေရာ္လိုက္တယ္။

"တကယ္ႀကီးလား?" ေလာ့ယြီခ်န္က ခါးသက္စြာတစ္ခ်က္ရယ္လိုက္တယ္ "ဒါေပမယ့္ ကိုယ္ကေတာ့ သိေတာင္မသိခဲ့ဘူး..."

"ခင္ဗ်ားက ႐ူးေနတာကိုး" ရွမင္ရႈက မ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္တယ္ "ခင္ဗ်ား သူ႔ကို ဟိုးတုန္းကတည္းက စၿပီးသေဘာက်ေနခဲ့တယ္ဆိုတာ ရွင္းေနတာပဲေလ ဒါေပမယ့္ ခင္ဗ်ားကိုယ္တိုင္ကိုက ဝန္ခံလိုက္ဖို႔ တအားရွက္ေနတာေလ၊ ခင္ဗ်ားအမွားေတြကို ဝန္ခ်ဖို႔ တအားေခါင္းမာေနခဲ့တာေလ၊ အဲ့တာေၾကာင့္ တစ္ဖက္လူကို အႏိုင္က်င့္တာအျဖစ္ လမ္းေၾကာင္းေျပာင္း႐ုံပဲ လုပ္ႏိုင္ခဲ့တာေပါ့"

"ေနာက္ၿပီး သူ ဝမ္းနည္းတာကို ျမင္ရင္ ခင္ဗ်ားေပ်ာ္တယ္ေလ၊ အဲ့တာဘာလို႔လဲဆိုရင္ ခင္ဗ်ားက သူ႔ရဲ႕အာ႐ုံစိုက္မႈကို ရေနတယ္လို႔ ဆိုလိုတာေၾကာင့္ ခင္ဗ်ားက သူ႔အတြက္ ဒီေလာက္အေရးပါတယ္လို႔ ဆိုလိုတာေၾကာင့္ေလ _ ဘယ္လိုေတာင္ ေၾကာက္စရာေကာင္းတဲ့စ႐ိုက္လဲ?!"



_____




{Unicode}

[ အကျဉ်းချုပ် : သက်ရောက်မှုရှိမယ့်အတိုင်း နောက်ဆုံးမိနစ်မှာ နတ်ဘုရားတွေထံ တောင်းဆုပြု ]

•ရှောင်ဟန်း•

နာမည်ကျော်ကြီး လော့ယွီချန်က ဒီနှစ်မှာ ဖေဖော်ဝါရီလရဲ့ တတိယအပတ်နောက်ဆုံးအထိ အလုပ်များနေခဲ့တယ်။

နောက်ပြီး ရှမင်ရှုက စီးရီးအသစ်တစ်ခုရိုက်ဖို့အတွက် Bမြို့တော်ကို ဆွဲခေါ်သွားခြင်းခံလိုက်ရပြီး Lunar နှစ်သစ်မှာ သူ့မိဘတွေနဲ့ အချိန်ကုန်ဆုံးဖို့အတွက် ကျန်ရစ်ခဲ့မယ်ဆိုပြီး လမ်းမှာဆုံးဖြတ်ချက်ချခဲ့တယ်။

ဒီလထဲမှာ ဒီလူနှစ်ယောက်က သူတို့ရဲ့ကိုယ်ပိုင်ပရောဂျက်တွေကိုယ်စီနဲ့ အလုပ်များနေကြပြီး အတူရှိနေတာထက် ဝေးနေရတာက ပိုများတယ်။

ဒီဆောင်းတွင်းမှာ နှင်းကျတာ သုံးကြိမ်တောင်ရှိနေပြီဖြစ်တယ်။

တကယ်တော့ ကျွန်တော်နဲ့ လော့ယွီချန်က ဆောင်းတွင်းချိန်နှင်းကျတာကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အတူတူ ခံစားဖူးတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက Sမြို့တော်ရဲ့ ဆောင်းရာသီတွေက ဒီနေ့အချိန်လို နွေးနွေးထွေးထွေးမရှိဘဲ မကြာခဏ နှင်းကျတတ်တယ်။ ကျွန်တော်တို့ ကျောင်းဆင်းချိန်တိုင်း အိမ်ပြန်လမ်းတစ်လျှောက် နှင်းဘောလုံးတိုက်ပွဲတွေ တိုက်ခဲ့ကြပြီး ကျွန်တော်တို့ရဲ့ ဆောင်းတွင်းဝတ်စုံအကြီးကြီးတွေက ရွှဲရွှဲစိုသွားရင်တောင်မှ သိပ်ကိုပျော်ခဲ့ကြသေးတယ်။

နောက်ပိုင်း ကျွန်တော်တို့ အတူကျော်ဖြတ်ခဲ့ကြတဲ့ ဒီဆယ်နှစ်အတွင်း ကျွန်တော် ဘယ်လောက်ပဲ တွယ်ကပ်နေပါစေ အဆုံးမှာတော့ ကျွန်တော့်ဖာသာပဲ ခြံဝင်းထဲသွားကာ ထောင့်လေးတစ်ခုမှာ တစ်ယောက်တည်း ကျွန်တော့်ရဲ့ရုပ်ဆိုးပန်းဆိုး နှင်းရုပ်လူသားကို လုပ်ခဲ့ရတယ်။

ဒီနှစ်မှာတော့ လော့ယွီချန်က ပူပန်ကြောင့်ကြမဲ့ကာ စိတ်ချမ်းမြေ့နေပုံပေါ်တယ်။ တတိယအကြိမ် နှင်းကျလို့အပြီးမှာ သူက မြစ်ရေကာတာဆီ ကားမောင်းသွားပြီး ထိုနေရာမှာ အချိန်အကြာကြီးနေကာ အေးမြတဲ့လေထုကို ခံစားနေတယ်။

ကျွန်တော်ကတော့ သူ့ဘေးနားမှာ ထိုင်ချလိုက်ပြီး ကျွန်တော်က အသက်ရှိနေတုန်းဖြစ်ကာ သူ့နားမှာ နေနေရတယ်လို့ စိတ်ကူးယဉ်နေလိုက်တယ်။

ဒီလိုမျိုး အတူတူထိုင်ကာ လှပတဲ့ ငွေဖြူရောင်လောကကြီးကို အသံတိတ် ကြည့်နေမိကြတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ဆိုတာ အမြဲတမ်းလိုလို နှစ်တစ်နှစ်ရဲ့ အကြီးကျယ်ဆုံးပွဲတော်ကြီးဖြစ်တယ်။ ကျွန်တော်က ပါတီပွဲအကြီးကြီးပေးကာ သူငယ်ချင်းတွေအားလုံးကို ခေါ်ပြီး စားကြသောက်ကြ၊ သီချင်းတွေဆိုကြနဲ့ ညလုံးပေါက် ပွဲလုပ်လေ့ရှိတယ်။

နောက်ပြီး ဒီနှစ်မှာ ကျွန်တော့်လို လှုံ့ဆော်ပေးသူမရှိတာကြောင့် လူတိုင်းက အတော်လေး ပြောစရာမလိုလောက်အောင် အသံတိတ်နေကြတယ်။

ရှမင်ရှုက ဝေးကွာတဲ့ Bမြို့တော်မှာ ရောက်နေပေမယ့် ဖုန်းလှမ်းဆက်ပြီး နောက်တစ်နေ့ ပြန်လာမှာဖြစ်ကြောင်းနဲ့ သူ့တစ်မိသားစုလုံးကလည်း လော့ယွီချန်ကို ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တဲ့အကြောင်း ပြောခဲ့သေးတယ်။

ရှမင်ရှုက သူ့မိသားစုဝင်တွေကို သူနဲ့ လော့ယွီချန်ရဲ့ဆက်ဆံရေါ်ကို ပြောပြထားလားဆိုတာ ကျွန်တော် မသိပေမယ့် ဘယ်လိုနေနေ သူ့တစ်မိသားစုလုံးက လော့ယွီချန်ကို အတော်လေး သဘောကျကြတယ်။

ရှမိသားစုထဲက လူတိုင်းက ကျွန်တော်နဲ့ လော့ယွီချန်ကို သူတို့လိုအပ်နေချိန် ရောက်ချလာတဲ့ ကယ်တင်ရှင်တွေအဖြစ် သတ်မှတ်ထားကြတယ်။

သူတို့မျက်လုံးထဲမှာတော့ ကျွန်တော်တို့တွေက သူတို့ရဲ့အခက်ခဲဆုံးအချိန်မှာ (ကူညီပေးဖို့) လက်ကမ်းခဲ့တဲ့ နတ်သားတွေအဖြစ် မြင်နေကြတယ်။

ရှမင်ရှုရဲ့မိသားစုက သမာရိုးကျမိသားစုတစ်စုဖြစ်ပြီး ထိုနှစ် သူဖျားနာခဲ့ချိန်က သူ့ရဲ့ဆေးကုသစရိတ်တွေအတွက် သူတို့တစ်ဘဝလုံးစုဆောင်းခဲ့တာတွေကို သုံးစွဲခဲ့ရတယ်။ နောက်ပြီးတော့လည်း အဲ့တာကြောင့်ပဲ လော့ယွီချန်က ကျွန်တော့်ဆီလာကာ ရှမင်ရှုကို ပိုပြီးအထောက်အပံ့ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်။

ရှမင်ရှုက ပိုက်ဆံလိုအပ်နေခဲ့ပေမယ့်လည်း သူ့ရဲ့'စွန့်ကြဲပေးကမ်းမှု'ကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ အဆုံးမှာ သူက ရှမင်ရှုရဲ့မာနကို အလေးထားသောအားဖြင့် အခြေအနေကို ဖြေရှင်းဖို့ အဆိုးဆုံးနည်းလမ်းကို ရွေးခြယ်ခဲ့တယ်။

လော့ယွီချန် ဒီလိုစတေးခံမှုလုပ်ဖို့ ရှမင်ရှုတစ်ယောက်တည်းကသာ လှုံ့ဆော်ပေးနိုင်တယ်။ ကျွန်တော် အားမကျဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့။

နောက်ပြီး မလွှဲမရှောင်သာ ကျွန်တော်ကလည်း ရှမိသားစုထဲမှာ ဒီသားတစ်ယောက်တည်းရှိတယ်ဆိုတာကြောင့် မလိုတမာအတွေး တွေးခဲ့သေးတယ်။ တကယ်လို့သာ သူ့မိသားစုက သူတို့ရဲ့အစစ်အမှန်ဆက်ဆံရေးကို သိသွားခဲ့ရင် သူတို့တွေက သူ့ကို ယောကျာ်းတစ်ယောက်နဲ့ အတူနေဖို့ ခွင့်ပြုလိုက်ပြီး မိသားစုမျိုးရိုးကို အဆုံးသတ်ခိုင်းလိုက်မှာလား?

သေချာပေါက် အဲ့ကိစ္စကလည်း ကျွန်တော်နဲ့ ဘယ်ဆိုင်ပါ့မလဲ။

သူ ရှမင်ရှုနဲ့ ဖုန်းပြောလို့ပြီးသွားတော့ အချိန်က ကိုးနာရီလောက်သာရှိသေးတယ်။

ကျွန်တော် အံ့ဩမိတာက လော့ယွီချန်ရဲ့ပုံစံအရဆိုရင် သူက အိပ်ဖို့ပြင်ဆင်နေတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။

နှစ်တစ်နှစ်ရဲ့ အကြီးကျယ်ဆုံး၊ အရူးသွပ်ဆုံးနေ့ဖြစ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ သူ့ရဲ့နေထိုင်မှုကို ဒီလိုညအချိန်နေထိုင်မှုအဖြစ် တကယ်ကြီး ပြောင်းလဲလိုက်တာလား?

သူ စောစောအိပ်လိုက်တော့မှ မနက်ကျရင် စောစောနိုးပြီး အချိန်အကြာကြီးမတွေ့ဖြစ်ခဲ့တဲ့ ရှမင်ရှုကို မြင်တွေ့ရတဲ့အချိန်မှာ ကောင်းကောင်းအနားယူထားသလို ဖြစ်နေမှာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

သူ မအိပ်သေးခင် သူ့ရဲ့ဖုန်းကို နောက်တစ်ကြိမ် ကောက်ကိုင်လိုက်ပြန်တယ်။

ကျွန်တော် အနားသွားကြည့်လိုက်တော့ သူက တကယ်ကြီး ကျွန်တော့်ကို ခေါ်နေတာဖြစ်နေတယ်။

ကျွန်တော်လည်း မနေနိုင်တော့ဘဲ အသံထွက်ပြီးတောင် ရယ်မိတယ်၊ တကယ့်ကို ရိုးရိုးသားသား ကျေးဇူးတင်မိတယ်။

'နှစ်သစ်ကူးအတွင်းမှာ ငါ့အကြောင်း တွေးပေးလို့ ကျေးဇူးတင်ပါတယ်'

သူ ခေါ်လို့မရတဲ့အခါ အလျော့မပေးဘဲ စိတ်ကိုတင်းပြီး မှုန်ကုပ်နေတဲ့မျက်နှာနဲ့ ဖန်းရှဲ့ယိကို ဖုန်းခေါ်လိုက်တယ်။

သုံးကြိမ်တိုင်တိုင် ဖုန်းအချခံလိုက်ရပြီး လေးကြိမ်မြောက်မှသာ ဖန်းရှဲ့ယိက ဖုန်းကိုင်တော့တယ်။

အခုချိန်က ညသန်းခေါင်ချိန်ရောက်ဖို့ နာရီပေါင်းများစွာ ကျန်သေးပေမယ့် လူတိုင်းက ပျော်ရွှင်စွာ ပွဲတော်ကိုဆင်နွှဲနေကြပြီဖြစ်ကာ ပြတင်းပေါက်အပြင်က မီးရှုးမီးပန်းအသံတွေက နားစည်ကွဲလောက်အောင် ကျယ်လောင်တာကြောင့် ဖန်းရှဲ့ယိပြောသမျှကို ကျွန်တော်လည်း ပြည့်ပြည့်စုံစုံ သေချာမကြားရဘူး။ လော့ယွီချန်တောင်မှ အော်ပြောနေရတယ်။

သူ ပြောတာက "ကျေးဇူးပြုပြီး ရှောင်ဟန်းကို 'ပျော်စရာနှစ်သစ်ဖြစ်ပါစေ'လို့ ပြောပေးပါ"

"သူ့ကိုယ်သူ ဂရုစိုက်ဖို့ ပြောပေးပါ ပြီးတော့... ကျွန်တော့်အစား 'ကျေးဇူးတင်ပါတယ်'လို့ ပြောပေးပါ"

ထိုအချိန်က သူ့ကိုပြုစုပေးခဲ့တဲ့အတွက် ကျေးဇူးတင်နေတာဖြစ်လောက်မယ်လို့ ကျွန်တော် တွေးလိုက်တယ်။

အားလပ်ရက်ကာလကို ထောက်ထားပြီး ဖန်းရှဲ့ယိက တအားမုန်းတီးတာမျိုးကို ပြောလောက်မှာ မဟုတ်ဘူး။ လော့ယွီချန်က စိတ်ကျေနပ်စွာ ဖုန်းချလိုက်ပြီး ပေါ်လာခဲတဲ့အပြုံးကိုတောင် ပြသလာတယ်။

သူက ကျွန်တော့်ကို 'ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ'ဆိုတာနဲ့ 'ကျေးဇူးတင်ပါတယ်'ဆိုတာကိုတောင် ပြောခဲ့သေးတယ်။

ဒါက ကောင်းမွန်တဲ့အဆုံးသတ်တစ်ခုလို့ ကျွန်တော် ထင်မိတယ်။

အဲ့တာကြောင့်ပဲ ကျွန်တော်လည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေထုထဲမှာ မီးခိုးငွေ့လို ပျောက်ကွယ်သွားမှာကို စောင့်ရင်း ညသန်းခေါင်အချိန် ဆယ့်နှစ်နာရီထိုးတဲ့အထိ နာရီကိုသာ စူးစိုက်ကြည့်နေလိုက်တယ်။ နောက်တော့ အကြိမ်ပေါင်းများစွာ ဝိုင်းကြီးပတ်ပတ် လှည့်လိုက်တယ်။ ထို့နောက်မှာတော့ ကျွန်တော် ဒီနေရာမှာပဲ ရှိနေသေးတယ်ဆိုတာ သိလိုက်ရတယ်။

နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ရောက်လာခဲ့ပြီ။ နှစ်သစ်အတွက် ကျွန်တော်ကလည်း ရှင်းထုတ်ပစ်ရမယ့် အဟောင်းတွေစာရင်းမှာပါတယ်လို့ ထင်ခဲ့တာ။

အထူးသဖြင့် လော့ယွီချန်က ဒီလိုပြီးပြည့်စုံတဲ့ ကျေးဇူးတင်လမ်းခွဲစကားမျိုး ပြောပြီးတဲ့နောက်မှာပေါ့။

ဒါပေမယ့်အဆုံးမှာတော့ နောက်ထပ်ပုံမှန်နေ့တစ်နေ့ စတင်လာပြန်တယ်။

****

နှစ်သစ်ကူးနေ့မှာ အခမ်းနားဆုံးမြင်ကွင်းကတော့ လူအုပ်ကြီးက တန်းစီကာ နတ်ဘုရားတွေကို အရိုအသေပေးတာပဲဖြစ်တယ်။

Sမြို့တော်ထဲက နတ်ဘုရားနန်းဆောင်တစ်ခုချင်းစီတိုင်းက လူတွေနဲ့ ပြည့်နှက်နေတယ်။ သူတို့တွေ အမှန်တကယ် ယုံယုံမယုံယုံ အနည်းနဲ့အများတော့ ကံကောင်းမှုတချို့ရလာဖို့၊ စိတ်အေးချမ်းသာရာရဖို့နဲ့ မိသားစုတစ်စုလုံး ပျော်ရွှင်သုခရဖို့၊ ကျောင်းမှာ အောင်မြင်ဖို့(စာမေးပွဲအောင်ဖို့)၊ အချစ်ရေး ကံကောင်းဖို့ အစရှိသဖြင့် တောင်းဆုလာပြုကြတာဖြစ်တယ်။

ကျွန်တော်လည်း နှစ်တိုင်း အရိုအသေပေးဖို့ သွားခဲ့တယ်။

ပြောကြတာတော့ အလေးအနက်ရှိတဲ့နှလုံးသားနဲ့ဆို ချီးမြှင့်ခံရမယ်ဆိုပေမယ့် လူတစ်ယောက်ရဲ့လောဘက တအားများသွားတဲ့အချိန်မှာတော့ နတ်ဘုရားတွေတောင် ဘာမှမလုပ်နိုင်ဘဲ အကူအကယ်မဲ့သွားမယ်ထင်ပါရဲ့။

ကျွန်တော့်ကိုပဲ ဥပမာယူပေါ့။ ကျွန်တော့်ရဲ့နှလုံးသားက အလေးအနက်ရှိပေမယ့် ကျွန်တော့်ရဲ့ဆုတောင်းတွေကတော့ တစ်ခါမှ မပြည့်ဝခဲ့ဘူး။

'ကံကောင်းဖို့အတွက် နတ်ဘုရားတွေကို အရိုအသေပေးရမယ်'ဆိုတဲ့ အယူသီးမှုမျိုးကို လော့ယွီချန်ကတော့ သေချာပေါက် ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ဘူး။

နှစ်တိုင်း ကျွန်တော့်မှာတော့ မျိုးစုံသောနတ်နန်းတွေဆီက အားတက်သရောပြန်လာချိန်မှာ သူကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်းပဲရှိတယ်။ 'နှစ်သစ်ရဲ့ပထမဆုံးနေ့မှာ အခြေအနေကို ဖြစ်အောင်ဖန်တီးပြီး ကြိုးစားဖို့လိုတယ်၊ အဲ့တာမှသာ လာမယ့်နှစ်မှာ ကံကောင်းမှုကို ဖိတ်ခေါ်နိုင်မယ်'ဆိုတဲ့ အဆိုက လော့ယွီချန် အမြဲတမ်း အထင်သေးနေခဲ့တဲ့အရာဖြစ်တယ်။

သို့ပေမယ့် ဒီနှစ်မှာတော့ သူက ဖြစ်ရိုးဖြစ်စဉ်ကို ကျော်လွန်ကာ ပထမဆုံးအကြိမ်အဖြစ် မနက်ငါးနာရီမှာ အိပ်ရာထဲက ကုန်းရုန်းထလာတယ်။

ကျွန်တော် သူနဲ့နေခဲ့တဲ့ ဆယ်နှစ်တာမှာ လေယာဉ်မှီဖို့ထရတာကလွဲလို့ သူ ဒီလောက်အစောကြီး အိပ်ရာက ထတာမျိုး ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးဘူး။

အစကတော့ သူက ရှမင်ရှုကို လေဆိပ်မှာ သွားကြိုမှာမို့လို့ဆိုပြီး ထင်ခဲ့တယ်။

ဒါပေမယ့် သူက ကျွန်တော့်လို အလွန်တရာလောဘကြီးတဲ့လူမျိုးလုပ်တဲ့အတိုင်း တူညီတဲ့အရာကို သွားလုပ်တာဖြစ်တယ်။ သူနဲ့မတန်ဘူးလို့ အမြဲတွေးခဲ့တဲ့ ဘာသာကိုင်းရှိုင်းသူတွေနဲ့ ပျင်းစရာကောင်းတဲ့ ဦးလေးကြီးတွေ၊ အန်တီကြီးတွေ လုပ်တဲ့အရာအတိုင်း _ သူက နတ်ဘုရားတွေကို သွားပြီး အရိုအသေပေးတာဖြစ်တယ်။

ပထမဆုံးအနေနဲ့ ခရစ်ယာန်ဘုရားကျောင်းကို သွားခဲ့တယ်၊ နောက်တော့ ဗိမာန်၊ ဘုရားကျောင်း၊ ဗလီတွေထိပါ သွားခဲ့တယ်။ ပြောရရင် ဒီမှာရှိသမျှ နတ်ဘုရားတိုင်းကို အရိုအသေပေးခဲ့တာဖြစ်တယ်။ အရှေ့ခြမ်းမှာရှိရှိ အနောက်ခြမ်းမှာရှိရှိ၊ သူတို့က ဒီကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာ ရှိနေနေ ရှိမနေနေ သူကတော့ အားလုံးကို ဝတ်ပြုခဲ့တယ်။

သူ ဒီလောက်ထိ ဂရုတစိုက်ရှိဖို့လိုနေရအောင် ဒီနှစ်ထဲမှာ သူ့အတွက် ဘယ်လိုကြီးမားတဲ့ဆန္ဒရှိနေလို့လဲဆိုတာ ကျွန်တော် မသိဘူး။

နောက်ပြီး သူ့ဘေးမှာ ဆက်ပြီးလိုက်ပါနေရတဲ့ ကျွန်တော်ကလည်း တိတ်တိတ်လေး ဆုတောင်းဝတ်ပြုကာ နတ်ဘုရားတွေကို ဒီတစ်ကြိမ်လောက်လောက်တော့ ကျွန်တော့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်နေမိတယ်။

ကျွန်တော်က သေဆုံးပြီးသားဖြစ်တာကြောင့် ကျွန်တော့်အတွက် ဆုတောင်းတွေဆိုတာ ထပ်ရှိဖို့ ဘာအကြောင်းမှ မရှိတော့ဘူး။ အဲ့တာကြောင့် ကျွန်တော်တောင်းတဲ့ဆုတောင်းက ကျွန်တော့်ဘေးနားမှာရှိတဲ့ ဒီလူသားရဲ့အသံကို နတ်ဘုရားတွေ ကြားစေဖို့ပဲဖြစ်တယ်_

သူ လိုချင်တာ ဘာပဲဖြစ်နေနေ သူ့ဆန္ဒတွေ ပြည့်ဝဖို့ ဆုတောင်းပေးမိတယ်။

တစ်မနက်ခင်းလုံး မျိုးစုံသော ဘုရားကျောင်းတွေထဲမှာ လူအုပ်ကြီးရဲ့ တွန်းထိုးတာကို ခံခဲ့ရပြီးနောက် လော့ယွီချန် သူ့ရဲ့နွမ်းလျနေတဲ့ခန္ဓာကိုယ်ကို အိမ်ဆီ တရွတ်ဆွဲပြီးပြန်သယ်လာတဲ့အချိန်မှာ ရှမင်ရှုတောင် ပြန်ရောက်နှင့်နေပြီဖြစ်တယ်။

တစ်ဖက်လူပြန်လာမယ်ဆိုတာကို မေ့နေခဲ့သလိုမျိုး သူ့ကိုမြင်လိုက်ချိန်မှာ လော့ယွီချန် အထိတ်ထိတ်အပျာပျာဖြစ်သွားတယ်။ သူ့အပြုံးက နေရခက်ကာ တောင်းပန်မှုတို့ ရောယှက်နေတယ်။

ရှမင်ရှုက ကျွန်တော့်ထက်ပိုပြီး စိတ်ရှည်သည်းခံနိုင်တာကြောင့် သဘာဝကျစွာ အထွန့်တက်တာမျိုး မလုပ်ခဲ့ဘူး။

လော့ယွီချန် ဘယ်တွေသွားနေခဲ့တာလဲဆိုတာကိုတောင် မမေးခဲ့ဘူး။ တစ်ဖက်လူက ရေချိုးဖို့ဝင်သွားတဲ့အခါ ဆိုဖာပေါ်က သူ့ကုတ်အကျီကို ကူသိမ်းပေးတော့မှသာ ကုတ်အကျီအိတ်ကပ်ထဲက ထွက်ကျလာတဲ့ အဆောင်လက်ဖွဲ့အစည်းလိုက်ကို တွေ့သွားတော့တယ်။

ဘုရားကျောင်းတွေမှာတုန်းက ကျွန်တော်ကလည်း ကိုယ့်ရဲ့ဆုတောင်းတွေအပေါ်မှာပဲ တအားအာရုံစိုက်နေတာကြောင့်ဖြစ်မယ်။ ဒီအဆောင်လက်ဖွဲ့အစည်းလိုက်ကို လုံးဝသတိမမူခဲ့မိဘူး။

အခု စမ်းစစ်ကြည့်တော့မှ ဒီအရာတွေက အလုံးစုံကာကွယ်ပေးတဲ့ အဆောင်တွေဖြစ်နေတာကြောင့် ကျွန်တော်လည်း မနေနိုင်တော့ဘဲ အဲ့တာတွေကို ငေးစိုက်ကြည့်နေမိတယ်။

ထို့နောက် ထိုနှစ် ရှမင်ရှု ဖျားနာနေခဲ့တဲ့အချိန်တုန်းကလည်း သူက ဒီလိုမျိုး တူညီံတဲ့ ရူးမိုက်မိုက်အရာကို လုပ်ခဲ့တယ်ဆိုတာ မှတ်မိသွားတယ်။ ထိုအချိန်က ကျွန်တော်လည်း သူနဲ့လိုက်ပါပြီး ဘုရားကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းသွားကာ အမွှေးနံ့သာတွေကို မရပ်တမ်း ထွန်းညှိပေးခဲ့ရတယ်။

ကြည့်ရတာ တစ္ဆေသရဲအယုံအကြည်မရှိ သူ့ခန္ဓာကိုယ်မှာ ဘာသာတရားကိုင်းရှိုင်းတဲ့ အရိုးတစ်ချောင်းတောင်ပါမလာတဲ့လူက အခက်အခဲဖြစ်လာတဲ့အချိန်မှာတော့ နတ်ဘုရားတွေကို ဝတ်ပြုနိုင်ပုံရတယ်။

တစ်ဖက်မှာ ရှမင်ရှုကလည်း ထိုအဆောင်တွေကို ငေးကြောင်စွာ စိုက်ကြည့်နေတယ်။

အချိန်အကြာကြီးစိုက်ကြည့်နေပြီးမှ အသံထွက်ကာ တစ်ချက်ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်း နီရဲလာတယ်။

သူ ဒီလိုဖြစ်နေတာကိုမြင်တော့ စက္ကန့်ပိုင်းစာလောက် ကျွန်တော် ဘာကိုတွေးလို့ တွေးရမှန်းမသိဖြစ်သွားတယ်။ ဒီအတောအတွင်းမှာ ရှမင်ရှုက ကျွန်တော့်ကို အကြီးအကျယ်သနားနေပုံပေါ်ပြီး မနာလိုတဲ့အရိပ်အမြွက် တစ်စက်ကလေးမှ မပြခဲ့တဲ့အပြင် နောက်ဆုတ်မယ့်လက္ခဏာတွေတောင် ပြခဲ့သေးတယ်။

ဒါပေမယ့် သေချာတာက ဒါတွေအားလုံးက လော့ယွီချန် ကျွန်တော့်အကြောင်းတွေးနေတာကို မြင်တဲ့အချိန်မှာ ဝမ်းမနည်းဘူးလို့ မဆိုလိုဘူး။

ကျွန်တော် ရှမင်ရှုအတွက် စိတ်မကောင်းဖြစ်မိတယ်။

အရင်က သူနဲ့ လော့ယွီချန်က တူညီတဲ့မြေပြင်ပေါ်မှာ ရပ်နေကြတယ်ဆိုတာ ရှင်းလင်းနေတာပဲကို ဘာကြောင့်များ ကျွန်တော့်လို လမ်းဟောင်းတစ်ခု ပြန်လျှောက်ဖို့ အတင်းအကျပ်ဖြစ်နေရတာလဲ?

သူက ဘာလို့သည်းခံနေရတာလဲ? သည်းခံနေတာက ဘာအသုံးဝင်လို့လဲ? လော့ယွီချန်ဆိုတာက တခြားလူရဲ့စိတ်ရှည်မှုကို အမြဲတမ်း အပြည့်အဝအသုံးချကာ တစ်ဖက်လူရဲ့အင်အားကို အမြတ်ထုတ်တဲ့ လူစားမျိုးဖြစ်တယ်။

မင်းကိုယ်မင်း ဆက်ပြီး အားတင်းပြုံးကာ ဘာမှမပြောဘဲ ဆက်နေနေမယ်ဆိုရင် သူက ပိုပိုပြီး အထိန်းအကွပ်မဲ့လာနိုင်တယ်။

သူက အမြဲဒီလိုသာဖြစ်တယ်။ အဲ့တာကို ကျွန်တော့်အပြင် ဘယ်သူမှ ပိုပြီးရှင်းရှင်းလင်းလင်း သိမှာမဟုတ်ဘူး။

ရှမင်ရှုတောင်မှ ကျွန်တော့်လိုမျိုး လော့ယွီချန်ကို နားမလည်ဘူး။ သူက အတိတ်ကကျွန်တော့်လိုမျိုး တစ်စထက်တစ်စ အမှိုက်နဲ့ပိုတူလာတော့မယ်။

လော့ယွီချန် ထွက်မလာခင် သူ့မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။ အတော်လေးဆိုးရွားတဲ့အပြုံးတစ်ခုနဲ့ အဆောင်လက်ဖွဲ့အစည်းကိုကိုင်ထားကာ ခုလေးတင် ရေချိုးခန်းထဲကထွက်လာတဲ့ နာမည်ကျော်ကြီးရဲ့ နေရခက်တဲ့မျက်လုံးတွေနဲ့ ဆုံသွားတယ်။

****

ပြီးခဲ့တဲ့နှစ်တုန်းက ရှမင်ရှုအတွက် ရုပ်ရှင်ဧကရာဇ်ဆုရဖို့ အဆုံးမှာ ကပ်သီးလေးလွဲသွားတဲ့ အတော်လေးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားရှိတာကို ကျွန်တော် မှတ်မိတယ်။ အကြောင်းပြချက်ကတော့ အကဲဖြတ်ရေးကော်မတီက ကိစ္စတွေကို ဆွေးနွေးတဲ့အချိန်မှာ သူက ခံစားချက်အပြောင်းအလဲလုပ်တဲ့နေရာမှာ ပြေပြစ်မှုမရှိဘဲ လိုအပ်တဲ့အရည်အချင်း ကင်းမဲ့နေတယ်ဆိုပြီး ခံစားရတယ်တဲ့။

သူတို့တွေ တကယ့်ကို မှားခဲ့ကြတယ်။ သူ့အတွက် ခံစားချက်တွေကို ခဏတွင်းချင်း အပြောင်းအလဲလုပ်ရတာ ဘာပြဿနာမှမရှိကြောင်း ရှင်းလင်းနေတာပဲလေ။ နောက်ပြီး သူ့ရဲ့အရည်အချင်းနဲ့ပက်သက်လို့ ဘာအမှားမှ မရှိတာလည်း မြင်သာတယ်လေ! သူသာ ရုပ်ရှင်ဧကရာဇ်မဖြစ်နိုင်ဘူးဆိုရင် ဘယ်သူက အဲ့အတွက် အရည်အချင်းပြည့်မှီဖို့ဆိုတာ ဖြစ်နိုင်တော့မှာလဲ?

အခုလိုအခြေအနေမျိုးပေါ့၊ ဒါက ကျွန်တော်သာဆို အလွန်ဆုံးလုပ်နိုင်တာဆိုလို့ ဂရုမစိုက်သလိုသာလုပ်နိုင်မှာဖြစ်ပြီး နည်းနည်းလေးတောင် ပြုံးနိုင်မှာမဟုတ်ဘူး။ ကျွန်တော့်ရဲ့သရုပ်ဆောင်စွမ်းရည်က ဘယ်လောက်ပဲ ကောင်းနေပါစေ အခု သူ့လိုမျိုး ပြုံးနေချင်ပါတယ်ဆိုရင်တောင် နောက်ခဏအတွင်းမှာ မျက်ရည်တွေ ယိုစီးကျလာလိမ့်မှာမဟုတ်ဘူးလို့ အာမမခံနိုင်ဘူး။

ကျွန်တော် တွေးနေတုန်းမှာပဲ ရှမင်ရှုက နောက်တစ်ကြိမ် အဆက်အစပ်မရှိ မေးခွန်းတစ်ခုကို ရုတ်တရက်မေးလာပြန်တယ်။

"ကျွန်တော် ပြောင်းမလာသေးခင် ခင်ဗျားကို မေးခဲ့တဲ့မေးခွန်း၊ အခုတော့ ခင်ဗျားအဖြေကို သိလောက်ပါပြီ ဟုတ်တယ်မှတ်လား?"

ရှမင်ရှုပြောတဲ့ မေးခွန်းဆိုတာရော ဘယ်လိုမေးခွန်းမျိုးလဲဆိုတာကိုပါ ကျွန်တော် လုံးဝမသိဘူး။

လော့ယွီချန်က နေရာမှာတင် တွေဝေနေတာကိုသာ မြင်နေရတယ်။

ဒီလိုတွေဝေတာက သူ့ရဲ့အရှည်ကြာဆုံးတွေဝေမှုမှာတောင် မှတ်တမ်းဝင်နိုင်တယ်။ နောက်ပြီး အချိန်တစ်ခုလောက်ကြာတော့မှ သတိပြန်ဝင်လာပုံပေါ်တယ်။ သူ့မျက်နှာမှာ ခံစားချက်တွေ လျင်မြန်စွာ ဖြတ်ပြေးသွားပြီး သူ တကယ်တွေးနေတာဘာမှန်း လူတွေမသိနိုင်ဖြစ်နေရကာ နောက်ဆုံးမှ သူ့ရဲ့ပုံမှန်အေးစက်တဲ့ပုံစံ ပြန်ဖြစ်သွားတယ်။

သူက ရှမင်ရှုအနားမှာ အကြာကြီးတိတ်ဆိတ်စွာ ရပ်နေခဲ့တယ်။

ရုတ်တရက် ခေါင်းယမ်းလာကာ အငေါ့တူးသလို ခါးသက်သက်အသံတစ်ချက် ပြုလာတယ်။

မွန်းကျပ်သလိုအသံမျိုးဖြစ်နေပေမယ့် သူ့အမူအယာကတော့ မထင်ရလောက်အောင် စိတ်သက်သာရာရသွားပုံပေါ်တယ်။ သူက ဆိုဖာပေါ် လေးပင်စွာ ထိုင်ချပြီး ရုတ်တရက် တစ်ကိုယ်လုံးကို လျှော့ချလိုက်သလိုမျိုး နောက်ကိုမှီလိုက်တယ်။

"ကိုယ်တောင် မသိသေးခင် မင်းက ဘယ်လိုသိသွားတာလဲ?"

"အိုး လုပ်စမ်းပါဗျာ၊ မျက်လုံးပါတဲ့လူတိုင်း မြင်နိုင်တယ်!" ရှမင်ရှုက သရော်လိုက်တယ်။

"တကယ်ကြီးလား?" လော့ယွီချန်က ခါးသက်စွာတစ်ချက်ရယ်လိုက်တယ် "ဒါပေမယ့် ကိုယ်ကတော့ သိတောင်မသိခဲ့ဘူး..."

"ခင်ဗျားက ရူးနေတာကိုး" ရှမင်ရှုက မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်တယ် "ခင်ဗျား သူ့ကို ဟိုးတုန်းကတည်းက စပြီးသဘောကျနေခဲ့တယ်ဆိုတာ ရှင်းနေတာပဲလေ ဒါပေမယ့် ခင်ဗျားကိုယ်တိုင်ကိုက ဝန်ခံလိုက်ဖို့ တအားရှက်နေတာလေ၊ ခင်ဗျားအမှားတွေကို ဝန်ချဖို့ တအားခေါင်းမာနေခဲ့တာလေ၊ အဲ့တာကြောင့် တစ်ဖက်လူကို အနိုင်ကျင့်တာအဖြစ် လမ်းကြောင်းပြောင်းရုံပဲ လုပ်နိုင်ခဲ့တာပေါ့"

"နောက်ပြီး သူ ဝမ်းနည်းတာကို မြင်ရင် ခင်ဗျားပျော်တယ်လေ၊ အဲ့တာဘာလို့လဲဆိုရင် ခင်ဗျားက သူ့ရဲ့အာရုံစိုက်မှုကို ရနေတယ်လို့ ဆိုလိုတာကြောင့် ခင်ဗျားက သူ့အတွက် ဒီလောက်အရေးပါတယ်လို့ ဆိုလိုတာကြောင့်လေ _ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့စရိုက်လဲ?!"



_____



Thanks 🌹




Continue Reading

You'll Also Like

19.8K 1.5K 10
My emergency food (rebirth -season 2)