"ရောင်ဝါ...."
ညအချိန်ဧည့်ခန်းတွင် မီးမှိတ်ထားလျက် အမှောင်ရိပ်တွင်လှဲလျောင်းနေသော သူ့အား ရောင်ဝါကမြင်ဟန်မတူပဲ ခေါ်သံကြားမှ ရှာဖွေလို့နေသည်ကို သူမှန်းဆမိသည်။
"အိပ်ခန်းထဲပြန်သွားတော့။"
"မသွားဘူး..ညီ"
ညနေတည်းက သူ့စိတ်ထဲမသင်္ကာသည်ကြောင့် ဒီတစ်ညမှာ ဧည့်ခန်းထွက်အိပ်တာ မှန်သွားသည်။ ညသည် ၂နာရီကျော်ပြီမို့ အားလုံးအိပ်မောကျနေသည့်အချိန်မှာ ရောင်ဝါအပြင်ထွက်ဖို့လုပ်တော့သည်က သူ့ဆီမှာမိသည်။
"ငါ စိတ်မဆိုးချင်ဘူး ရောင်ဝါ၊ သွား...ဒရယ်ဂွန့်ကို အားနာဦး။ သူ့မှာ မင်းကြောင့်နဲ့တော်တော်လေး ခံစားနေရတာ..."
"ဖယ် ငါ့ကိုလွှတ်..."
လက်ကို နောက်ပြန်လိမ်ထားသည့် ကြားမှ ရောင်ဝါကအတင်းရုန်းသည်။ မူးယစ်ဆေး၏သားကောင်ဖြစ်နေသော်လည်း အားကစားသမားပေမို့ ခန္ဓာကိုယ်သန်မာမှုက ထည်ဝါ့နီးနီးရှိသည်။ ထိုကြောင့် ထည်ဝါ့ဘက်ကလည်း လုံးဝကိုသတိမလွှတ်ရဲပဲ မြဲမြံစွာနှင့်ဆုပ်ကိုင်ထားရသည်။
"ကျစ်...ဒီကောင်လေးကွာ"
ပြောပြီးချက်ချင်းပဲ လျှင်မြန်စွာနှင့် ထည်ဝါကိုင်ထားသည့် လက်တွေကို လှုပ်ရှားလိုက်ပြီးနောက်မှာပဲ နောက်မှာရှိနေသည့် ထည်ဝါ့ကိုယ်ကို ရှေ့သို့ကိုင်ပေါက်ပစ်ချလိုက်တော့သည်။ ဒီအခိုက်အတန့်လေးမှာ ရောင်ဝါသည် ထည်ဝါဟာသူ့ညီလေးဆိုတာကိုပါ မေ့နေပုံရသည်။
"ဘာဖြစ်တာလဲ..."
ဧည်ခန်းထဲက အသံကြောင့် ချက်ချင်းပဲ မီးဖွင့်သံနှင့်အတူ ရပ်နေသည့်နေခြည်က မတ်တပ်ရပ်နေသည့်ရောင်ဝါနှင့် ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားဖြင့် မျက်နှာမဲ့နေသောအငယ်လေးထည်ဝါကို တွေ့လိုက်ရလေသည်။
"ရောင်ဝါ နင်ဘယ်လိုလုပ်လိုက်တာလဲ။"
ဒေါနဲ့မောနဲ့လျှောက်လာသော နေခြည်က ထည်ဝါ့အနားကို ဆက်တိုက်ဆိုသလိုလျှောက်လာပြီး ရောင်ဝါ့ဘက်သို့လှည့်ကြည့်ကာ ပြောသည်။ သို့သော်လည်း ရောင်ဝါသည် နေခြည့်စကားကိုလစ်လျူရှုပြီး အိမ်၏အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
"ရောင်ဝါ...."
"ကျစ် ....ဒီကောင်တော့ကွာ"
ရောင်ဝါပစ်ချထားလို့ မချိမဆန့်နဲ့ခံစားနေရသည့် ခါးက ဒဏ်ကို အမှုမထားနိုင်တော့ပဲ အမြန်ထပြီးအပြေးလိုက်ရလေသည်။ ထိုသို့ဖြင့် ထည်ဝါနောက်မှ ဒရယ်ဂွန်ကလည်းအပြေးလိုက်သွားရတော့သည်။
"မင်း ပြန်မလာရင် ငါတကယ်ပစ်လိုက်တော့မှာ။"
ခြံအဝတွင် ကာစီးထားသော ခပ်တုတ်တုတ်ဒုတ်တစ်ချောင်းကို စွဲယူခဲ့လိုက်သည်က မှန်သွားသည်။ သူဘယ်လိုပဲ အပြေးသန်ပါစေ အခုအရွယ်ထိ အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်နေဆဲ သူ့အကိုကိုမှီအောင်မလိုက်နိုင်ပေ။ ထည်ဝါ့နောက်ကို အပြေးလိုက်လာရသည်ကလည်း ကြာပြီမို့ သူသည်ရောက်လက်စနေရာမှပဲ ရပ်တန့်ကာ ထိုသို့ပြောလိုက်သည်။
"မလုပ်နဲ့ သခင်လေး...."
သူ့နောက်ကလိုက်လာသော ဒရယ်ဂွန်က တားဆီးပေမယ့်လည်း သူ့အားတစ်ချက်သာလှည့်ကြည့်ပြီး ဆက်ပြေးနေသော ရောင်ဝါ့ထံကို သူသည် သေချာမှန်းဆပြီးဒုတ်ဖြင့် လှမ်းပစ်လိုက်တော့ ရောင်ဝါသည်လမ်းမအထက်မှာ လဲကျသွားသည်။
"ငါပြောနေတယ်..ဒါကို မရပ်ဘူး"
ညာဖက်ခြေထောက် ရောင်ကိုင်းသွားသော ရောင်ဝါ့ကို သူကိုယ်တိုင်ပဲ ကျောပိုးခဲ့ရင်း ထည်ဝါလေးဟာ အိမ်ပြန်လမ်းတစ်လျှောက်မှာ ထိုစကားကိုပဲ ရေရွတ်နေတော့သည်။ အိမ်သို့ရောက်သည့်အခါမှာလည်း အငယ်လေးသည် သူ့အပြစ်မရှိရလေအောင်ကြိုတင်ကာ ပြောတော့သည်။
"ကျွန်တော်နဲ့ မဆိုင်ဘူးနော် ဒယ်ဒီ။ ဆက်တိုက်သူကပြေးနေတာ....ဘယ်လိုလိုက်လိုက်မမှီိတော့လို့ မပြေးတော့နဲ့လို့ အကြိမ်ကြိမ်အော်ပြောတယ်။ ဒါကို နားမထောင်ဘူး...."
ခြေထောက်မှ နာကျင်မှုကြောင့် ကုတင်ပေါ်မှာ ငြိမ်သက်နေသော ရောင်ဝါကိုကြည့်ပြီး သူသည် နှာခေါင်းတရှုံ့ရှုံ့၊ မျက်နှာတရှုံ့ရှုံ့နဲ့ အပြစ်ကင်းကြောင်းပြောနေသည်။
"ဟုတ်တယ် ဒယ်ဒီ၊ ရောင်ဝါတစ်ယောက်ကတော့လေ ဒုတ်နဲ့ပစ်ပြီးဖမ်းမှပဲ ငြိမ်မှာ။ အခုပဲ ကြည့်လေ...ထွက်မပြေးနိုင်တော့ဘူး။ နောက်တစ်ခါဆို ဒီခြေထောက်တွေသုံးလို့မရအောင် ဓားနဲ့ပေါက်ပြီး အိမ်ပြန်ခေါ်ခဲ့ ထည်ဝါ..."
နေခြည်ကလည်း ဒီတစ်ခါမှ ရှားရှားပါးပါးထည်ဝါ့ဘက်ကလိုက်ပြောသည်မို့ ထည်ဝါ့မှာ အားရှိသလိုလိုဖြစ်သွားရပြီး အနည်းငယ်စိတ်သက်သာရာရတော့သည်။
သို့သော်လည်း ရောင်ဝါ့အခန်းထဲကနေထွက်လာပြီး ဒယ်ဒီက သူ့အား လသာဆောင်သို့လာခဲ့ဖို့ပြောသည်ကြောင့် ဒယ်ဒီရှိရာ,လသာဆောင်သို့ သွားစဥ်တစ်လျှောက်လုံး သူ့မှာ စိတ်ထဲမအေးနိုင်ပဲရှိရသည်။
"ကျွန်တော်ရောက်ပြီ ဒယ်ဒီ"
"အင်း...."
ဝရံဒါအစွန်းမှာ ရပ်နေသည့် ဒယ်ဒီအနားသို့ သူဆက်ပြီးလျှောက်သွားလိုက်တော့ ဒယ်ဒီ့လက်ထဲတွင် မြင်လိုက်ရသောစီးကရက်စ်ကြောင့် သူ့စိတ်ထဲနာကျင်သွားရသည်။ ဒယ်ဒီသည် အစဥ်သဖြင့် အဆင်ပြေပြေနေနိုင်ခဲ့သူဖြစ်ပြီး အရာအားလုံးအတွက်သူတို့ရှေ့မှာ အမြဲရပ်တည်ပေးခဲ့သူဖြစ်သည်။
မာမီ့အတွက်ဆို အမြဲအဆင်ပြေအောင် ဖန်တီးပေးတတ်သူဟာ ကိုယ်တိုင်လည်း မာမီ့ကိုကြည့်ရင်းပျော်နေတတ်သူဖြစ်သည်။ အခုလို စီးကရက်စ်တစ်လိပ်ကိုခဲထားသည့် ဒယ်ဒီ့မျက်နှာဟာ စိတ်အလိုမကျမှုတို့ အတိုင်းသားရှိနေလေသည်။ ဒါကိုသူ မမြင်ရက်ပေ။
"ရောင်ဝါကို ဒီတိုင်းထားလို့ မဖြစ်တော့ဘူး။
ဆေးရုံ ပို့လိုက်ရင်ကောင်းမလား....."
သူ့အားတိုင်ပင်သလိုနဲ့ ပြောလာသော ဒယ်ဒီ့စကားကြောင့် သူ့မှာမိသားစုအတွက်ဆိုသည့် စိတ်အဟုန်တို့ နိုးထ,လာပြီး....
"ကျွန်တော် ဘာလုပ်ပေးရမလဲ ဒယ်ဒီ" ဟု မေးမိသည်။
"မင်းတို့မာမီကို ဘယ်လိုပြောကြမလဲ..."
ထိုစကားကိုကြားမှပဲ ဒယ်ဒီ့ဖြစ်နေသော အခက်အခဲကို သူနားလည်တော့သည်။ ရောင်ဝါ့ကို ဆေးရုံပို့ဖို့ကို ဒယ်ဒီဘာကြောင့်ခက်ခဲနေလဲဆိုတာက မာမီကြောင့်ဖြစ်သည်။
ဟုတ်သည်..ရောင်ဝါ့ကို သိပ်ချစ်တဲ့မာမီက ရောင်ဝါ၏ဤသို့ပုံစံကို မြင်ဖို့ရန်ခက်ခဲလိမ့်မည်။ ရောင်ဝါ့အတွက်နဲ့ မာမီသိပ်ကိုခံစားရနိုင်သည်။
"ရောင်ဝါ့အတွက်လည်း အကောင်းဆုံးဖြစ်ပြီး မင်းတို့မာမီလည်းမခံစားရတဲ့ အဖြေမျိုး ပြောကြည့်စမ်းထည်ဝါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့မာမီကိုအတွေးမများစေချင်ဘူး....."
ဒယ်ဒီ ပစ်ချလိုက်သော စီးကရက်စ်ကို သူလိုက်လို့ကြည့်နေမိပြီး သူကိုယ်တိုင်လည်း အကြောင်းပြချက်မဲ့စွာနဲ့အချိန်ကြာသည်အထိ ဆိတ်ငြိမ်လို့နေမိသည်။
အခု ရောင်ဝါ့အခြေအနေသည် ဆေးမသုံးရလျှင် အနီးအနားရှိလူများကို ရန်မူနိုင်သည်အထိဖြစ်လို့နေခဲ့ပြီ။ ဒီလိုအခြေအနေမှာ ဆေးဖြတ်ဖို့အတွက် အကောင်းဆုံးနေရာသည် ဆေးရုံဖြစ်သော်လည်း ရောင်ဝါ့အားထိုသို့ဆေးရုံပို့လိုက်လျှင် မာမီတော့ အတွေးများလိမ့်မည်။
တစ်ခုခုဆို ဖြူစင်လွန်းသည့်မာမီ့စိတ်လေး ထိရှသွားနိုင်သည်။
"အကိုလေးကို အိမ်မှာပဲထားမယ် အကိုကြီး။ ကျွန်တော်...ကျွန်တော် သူ့အတွက်အားလုံးလုပ်ပေးမယ်။ စိတ်ချပါ...အကွေးနားကို သူရောက်မသွားစေရဘူး။ အခုကစပြီး ကျွန်တော်အကိုလေးကိုပဲ မျက်စိဒေါက်ထောက်ပြီး ကြည့်နေတော့မှာပါ....
အဲ့တာကြောင့် ကျေးဇူးပြုပြီး အကိုလေးကိုဆေးရုံမပို့လိုက်ပါနဲ့။ အဲ့ဒီမှာဆို သူ... သူအရမ်းခံစားရလိမ့်မယ်။"
ငြိမ်သက်နေသော သူတို့သားအဖအနားသို့ လျှောက်လာရင်း ပြောနေသော ဒရယ်ဂွန့်အသံက တိုးဖျော့လို့နေသည်။ မျက်ရည်တွေလည်း အထိန်းအကွပ်မဲ့စီးကျနေသည်ကြောင့် ဒရယ်ဂွန်ပုံက တော်တော်လေးကို ကြေကွဲနေသည့်ပုံစံနှင့်မို့ သူ့မှာရင်ထဲမကောင်းပဲ ရှိလှသည်။
"ဟူးးး....ငါလည်း မထားချင်ပါဘူး၊ ဒါပေမယ့်"
ပင့်သက်ချရလောက်သည်အထိ စိတ်ရှုပ်ထွေးနေသော ဒယ်ဒီနှင့် မျက်လုံးတွေအထိမှာညှိုးငယ်ပြီး အသနားခံနေသည့် ဒရယ်ဂွန်ကိုကြည့်ပြီး သူသည် ဆုံးဖြတ်ချက်ချလိုက်သည်နှင့် တပြိုင်နက်တည်း...
"ကျွန်တော် ကူညီမယ်။ ကျွန်တော်ပဲ ရောင်ဝါ့အနားနေမယ် ဒယ်ဒီ....ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ခရီးတွေထွက်မယ်။ လမ်းမှာရော ကျွန်တော်နဲ့ရှိနေစဥ်မှာရော သူရောကျွန်တော့်ကိုယ်ကျွန်တော်ရောပါ မထိခိုက်စေရဘူးလို့ ကတိပေးတယ်။"
"ငါ လုပ်လိုက်မယ် သခင်လေး..."
"မလုပ်နဲ့ ၊ ဒရယ်ဂွန်နဲ့ဆို သူပိုဆိုးလိမ့်မယ်။
သူက မင်းအကြောင်းကို သိတယ်၊ နောက်ဆုံး သူအရမ်းခံစားရတဲ့အခါလည်း ဒရယ်ဂွန်ကြည့်ရက်မှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက်အတူတူရှိမနေတာ အကောင်းဆုံးပဲ"
"ဒါပေမယ့်...."
"ထည်ဝါပြောတဲ့ အကြံကမဆိုးလှဘူး ဒရယ်ဂွန်။ ရောင်ဝါက မင်းနဲ့ဆိုအရမ်းနိုင်စားတယ်။ ထည်ဝါ့ကိုဆို သူညှာတာမှာ သေချာတယ်။"
သူ့အပြောကို ဒယ်ဒီကလက်ခံလိုက်သည့် အချိန်မှာပဲ သူသည် အရာအားလုံးကိုထားခဲ့ပြီး ရောင်ဝါနဲ့အတူ ခရီးထွက်ဖို့လုပ်ခဲ့သည်။
"ဖုန်းတောင် ယူမသွားဘူးဆိုတော့ နင့်ဟာကလည်း၊"
ကားပေါ်တက်ခါနီးမှာ အလိုမကျဖြစ်နေသည့် နေခြည်မျက်နှာက သူရောရောင်ဝါ့ကိုပါ စိတ်မချသေးသည့်ပုံပါ။ အမကြီးအမိရာ ပီသချင်သူ နေခြည့်၏ပခုံးကို ဆုပ်ကိုင်လိုက်ရင်း...
"ဒယ်ဒီနဲ့ မာမီ့ကိုစိတ်ချမယ်။"
အဓိက အရေးကြီးသည့် အချက်ကိုသာ အမှာပြုခဲ့ရင်း နေခြည်ဘေးမှာ ရပ်နေသည့် ဒရယ်ဂွန့်ကိုလည်း....
"သမီးငယ်ကို ဂရုစိုက်ပါ ဒရယ်ဂွန်၊ လုပ်ကွက်တွေကိုလည်း စိတ်ချမယ်" ဟု မှာခဲ့လိုက်သည်။
"အင်း...စိတ်မပူနဲ့"
ဆိုကာ ကားထဲတွင်ထိုင်နေသော ရောင်ဝါ့ဆီကိုသာ အကြည့်မပျက်သည့် ဒရယ်ကြောင့် သူ့မှာ နောက်ထပ်တစ်ကြိမ် အတည်ပြုပေးရပြန်သည်။
"ငါတို့ကိုလည်း စိတ်မပူနဲ့။ ပိုက်ဆံတွေအရမ်းသုံးမှာဆိုတော့ မင်းတော့လောက်အောင်ရှာပေါ့....ကဲ ငါသွားပြီ"
ကားထဲကို ဝင်ခဲ့ရင်း သူသည် အိမ်ကနေထွက်ခဲ့လိုက်သည်။ အိမ်ရှေ့တွင်ကျန်ခဲ့သော နေခြည်နှင့် ဒရယ်ဂွန်သည် သူတို့ကားလေးကိုလိုကိကြည့်နေကြမည်ကို သိသော်လည်း သူကတော့ဖြင့် နောက်သို့ တစ်ချက်မှ လှည့်မကြည့်ခဲ့ပေ။
"Happy birthday ညီ......"
Provenceကနေ ထွက်လာသည့်လမ်းမှာ ကြားလိုက်ရသည် အသံက သူ့နံဘေးမှရောင်ဝါ့ဆီကဖြစ်နေသည်။
"၁၈နှစ်ပြည့်သွားတဲ့ ကောင်လေးနဲ့ ခရီးထွက်ရတာ မဆိုးဘူး...."
ခပ်ထေ့ထေ့ပြောရင်း ကားပြတင်းဘက်ဆီ ပြန်လှည့်သွားသည့် ရောင်ဝါသည် ခရီးထွက်လာရခြင်း၏ရည်ရွယ်ချက်ကို သိနေပုံရသည်။ ဒါကြောင့် သူသည် စကားပြောဖို့အကြောင်းပြချက်အနေနဲ့...
"မွေးနေ့လက်ဆောင်ရော..." ဟု မေးလိုက်သည်။
"ဟွန်း...ငါ့မှာအပေါဆုံးက မင်းမှာလည်းအပေါဆုံးကို ညီရာ။ အထူးလုပ်ပြီး...."
"အထူးလုပ်ပြီိး ပြောရတာပေါ့ကွ။ တစ်နှစ်မှ ဒီတစ်ရက်ပဲမွေးနေ့လက်ဆောင်တောင်းရတာကို၊ ပြောကွာ...ပေးမှာလား မပေးဘူးလား...."
"ဟား ဟားးး...ဟုတ်ပါပြီ။ ဘာဝယ်ပေးရမလဲ။
ဒီအကိုက တစ်ချက်တစ်ချက်တော့ စိတ်လွတ်တတ်ပေမယ့်လည်း...ရော့ မင်းအတွက်ဆိုပြီးလုပ်ပေးထားတာ။ မင်းမလိုအပ်မှန်း သိပေမယ့်လည်းပေါ့"
ညက သူ့ကို ကိုင်ပေါက်ချခဲ့သူ၊ သူကိုယ်တိုင်က ဒုတ်ဖြင့်လှမ်းပစ်ကာ အိမ်သို့အတင်းကျောပိုးခေါ်ခဲ့ရတဲ့ သူ့အကိုဟာ သူ့ထံသို့ black cardကို ကမ်းပေးလာသည်။ ဒီကဒ်ကို ဘယ်အချိန်က ယူလာခဲ့မှန်း ထည်ဝါမသိလိုက်ပေ။
တကယ်ဆို ဘာမှမသိပဲ ထည်ဝါခေါ်ရာကို လိုက်ခဲ့သူဟုပဲ ထင်ခဲ့တာဖြစ်သည်။
"ကြိုက်တာဝယ်လိုက်....အနည်းဆုံးတော့ ဒီနေ့တစ်ရက်မင်းလိုချင်တာ ဝယ်လို့ရတဲ့ပမာဏလောက်တော့ရှိတယ်။"
ကားမောင်းနေရင်းကနေ ရောင်ဝါကမ်းပေးသည့် ကဒ်ကိုယူလိုက်ရင်း သူသည်...
"ဒီကဒ်နဲ့ တစ်ကမ္ဘာလုံးကိုဝယ်လိုက်လို့ရလား" ဟု အရွှန်းဖောက်မေးလိုက်သည်။
"တစ်ကမ္ဘာလုံးမှာတော့ မင်းအချမ်းသာဆုံးလုပ်လိုက်လို့ရနိုင်တယ်..."
သူကိုင်ထားသည့် ကဒ်ကိုမျက်စပစ်ပြရင်း ဖြေပုံက တကယ့်ကိုပြန်မေးဖို့မလိုလောက်အောင် သေချာလွန်းသည်။
"မင်း မွေးပြီးနောက်တစ်နှစ်ကနေ စ,စုထားတာ။ နေခြည့်အတွက်လည်း စုပေးပေမယ့် သိတဲ့အတိုင်းနေခြည်ကအရမ်းသုံးလွန်းတယ်။ ငါရဲ့၁၇နှစ်တာ ခွဲတန်းတွေထဲ မင်းကဒ်ထဲမှာ၅ပုံ၃ပုံရှိတယ်။"
"ဘာဖြစ်လို့ ၅ပုံလုံးထည့်ပေးမထားတာလဲ။ ဒါရှိမှန်းသိရင် ငါဘယ်လိုလုပ်ပြီး လျှိုထဲကိုသွားမှာလဲ။ စောစောပေးသင့်တယ်...."
"ဟွန်း....လူလည်လေး"
သူ့အပြောမှာ သဘောကျသွားပြီး ပြုံးရိပ်ယောင်သန်းသွားသည့် ရောင်ဝါ့မျက်နှာချောချောက ဒီလိုဆိုတော့လည်း ဆေးစွဲနေသူဟု မထင်ရပေ။ နေခြည်ကဲ့သို့ ချောမောသူသည် နေခြည်လိုမဟုတ်သည့်တိုင် ချောင်မောခြင်း၊ခန့်ညာခြင်းတို့ အချိုးကျရောစပ်ထားသည့် မျက်နှာနှင့် ပြည့်စုံလွန်းသည့်ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတာဖြစ်သည်။
မောင်နှမသုံးယောက်တွင် အမနဲ့အကိုက ချောမောကြပြီး သူတစ်ယောက်ပဲ ကွက်ပြီး အသားမည်းကာကြမ်းတမ်းနေသည့်တိုင် သူဟာအကိုနဲ့အမအတွက်တော့ တန်ဖိုးထားရသည့်အဖိုးတန်လေးဖြစ်နေသေးသည်။
ဒီလို သူ့ကိုတန်ဖိုးထားသူတစ်ယောက်လည်းရှိသေးသည်။ ဒါက သမီးငယ်ပင်။
"ဘယ်လိုဖြစ်ပြီး ဖုန်းကိုပဲကြည့်နေတာလဲ သမီးငယ်ရယ်...."
မေမေနဲ့အတူ ဖေဖေ့ကုမ္ပဏီသို့ထမင်းချိုင့်လာပို့ပေးသည့် တစ်လျှောက်လုံးမှာ ငယ်ဟာထည်ဝါဆီကနေ ပြန်စာကိုမျှော်လင့်နေတာဖြစ်သည်။
ငယ့်မွေးနေ့အပြီး ည၁၂နာရီကွက်တိမှာ ထည်ဝါ့ဆီကိုပို့ခဲ့သော
_Happy Birthday ဆိုသည့် စာတန်းလေးက အခုထိတိုင် Seenမပြသေးပဲ ရှိနေသည်။
"ငယ်...ငယ်လေး"
"ရှင်..."
"ကားပေါ်က ဆင်းလေ။ ဖုန်းကို ဆက်မကြည့်နဲ့တော့..."
ကားအပြင်ဘက်ကိုရောက်သွားပြီ ဖြစ်သည့်မေမေကို့ကြည့်ပြီး ငယ်လည်းအမြန်ပဲ ကားပေါ်ကနေဆင်းခဲ့လိုက်ပြီး ဖုန်းကိုအိတ်ထဲပြန်ထည့်ထားလိုက်သည်။
"အန်တီ ဆရာက ဆိပ်ကမ်းဘက်ကိုထွက်သွားပါတယ်။ လိုက်ပို့ပေးရမလားရှင်..."
"ရတယ် သမီး..."
ဖေဖေ့အတွင်းရေးမှူးအမ၏စကားကို မေမေက ငြင်းဆန်သော်လည်း ငယ်သည်...
"ငယ် သွားခေါ်လိုက်မယ် မေမေ"ဟု ဆိုကာ နေရာကနေ ပြေးထွက်ခဲ့လိုက်သည်။
ဆိပ်ကမ်းဘက်သို့ ငယ်လမ်းလျှောက်လာရင်း ဝန်ထမ်းအိမ်ရာနားမှာ ကလေးရယ်မောသံတို့ကြောင့် ငယ်သည်ထိုနေရာသို့ သွားကြည့်လိုက်မိသည်။
"ဒါဆို ဆရာတို့တွေ သင်္ဘောတစ်စီးလုံးဝယ်ပြီး အတူတူခရီးထွက်ကြမယ်၊ ဟုတ်ပြီလား..."
ကလေးတွေအားလုံးရဲ့ ရှေ့မှာရပ်ပြီး ပြုံးရွှင်နေသည့်ဖေဖေ့ပုံစံဟာ ဒီလုပ်ငန်းစုကိုဦးဆောင်နေသည့် သူဌေးတစ်ယောက်နဲ့မတူပဲ ကျောင်းဆရာတစ်ဦးကဲ့သို့ ဖြစ်နေသည်။
"ဟုတ်ပြီ ချောင်းသာ၊ ကျိုက်ထီးရိုး..."
အောက်က ကလေးငယ်တွေရဲ့ တစ်ယောက်တစ်မျိုးနဲ့ဖြစ်နေသော အသံများကို ဒယ်ဒီကနားစွင့်နေရင်း လက်ချောင်းများပင် ချိုးထားကာ လိုက်လံပြီးရေတွက်ပေးနေသည်။
"ကိုကိုးကျွန်း....၊ ခဏ ခဏ မိန်းမလှကျွန်းဆိုတာက တကယ်ရှိလို့လားကွ။"
ကလေးတွေရဲ့အပြောမှာ ဒယ်ဒီဟာ နတ်သားလေးလိုပဲ ရယ်မောနေတာ အင်မတန်ကြည်နူးဖို့ကောင်းလှသည်။ ဒီလိုမျိုး ကြင်နာတတ်သည့်သူဟာ ငယ့်ရဲ့ဖေဖေဖြစ်နေတာကို ကြည့်နူးမိရင်း ငယ်ကိုယ်တိုင်လည်း ဖေဖေ့ထံကိုပြုံးကာ ကြည့်နေမိတော့သည်။
ခဏကြာတော့ ဖေဖေကငယ့်ကိုမြင်သွားပြီး....
"နောက်တစ်ပတ်မှပဲ ဆက်ပြောကြရအောင် ကလေးတို့။ အခုတော့ ထမင်းစားချိန်ရောက်ပြီထင်တယ်။ ကဲ များများစားကြမယ်..ဒါမှ မင်းတို့တတွေမြန်မြန်ကြီးလာကြမှာကွ။"
ဖေဖေ့စကားကြောင့် ကလေးများသည် ရယ်မောရင်း၊ နှုတ်ဆက်ရင်းနဲ့ပင် တစ်စတစ်စနဲ့ ဖေဖေ့အနားကနေ ပြေးထွက်သွားကြကုန်သည်။ ကလေးတွေအကုန်ပြန်သွားပြီးမှာ ဖေဖေကငယ့်ဆီကိုလျှောက်လာသည်။
"ငယ့်ဖေဖေက လုံးဝ အမိုက်စားပဲ...."
လက်မနှစ်ဖက်လုံးထောင်ပြရင်း ပြောလိုက်တော့ ဖေဖေကညင်သာစွာနဲ့ ငယ့်ခေါင်းကို ပွတ်သပ်ပေးသည်။
"ထမင်းချိုင့်လာပို့တာလား။"
"အင်း..."
ထိုစဥ် ငယ်တို့အနားကို ကောင်ငယ်လေးတစ်ယောက်ပြေးလာပြီး...
"ဆရာ့အတွက် ခူးလာတာ" ဆိုပြီး နှင်းဆီအဖြူလေးတစ်ပွင့်ကို ဖေဖေ့ထံ ပေးလာသည်။
"ဖိုးတာ ကျေးဇူးကွာ။
ဒါနဲ့ ဒီပန်းကိုဆရာ့သမီးလေးကို ပန်ပေးလိုက်လို့ရမလား။ မင်းကျေနပ်ရဲ့လား...."
ဖေဖေ့အပြောကို ထိုကောင်ငယ်လေးက ခေါင်းငြိမ့်ပြသည်။
"ဒါက ဆရာ့သမီးလေ..."
ငယ့်ဘယ်ဘက်နားရွက်မှာ ပန်းပန်ပေးရင်း ပန်းလာပေးသောကောင်လေးကို ငယ်နှင့်မိတ်ဆက်ပေးသည်။ ဒီကလေးတွေကိုကြည့်ရတာ အသစ်ရောက်လာကြသည့် အလုပ်သမားမိသားစုတွေမှဖြစ်မည်။
ဘာလိုလိုနဲ့ ၈လနီးပါးအချိန်အတွင်းမှာ ဖေဖေဟာ ကလေးများနှင့် ရင်းနှီိးသွားခဲ့ပြီဖြစ်သည်။
"ဆရာ့သမီးဆိုတော့ ဆရာမပေါ့။ အဲ့လိုမျိုးလား..."
ငယ့်ဆီကို ငေးမော့ကြည့်ရင်း ပြောလာသည့် ထိုကောင်လေးကိုကြည့်ကာ ငယ်ပြုံးပြလိုက်သည်။ ထိုကောင်လေးနဲ့နီးကပ်သွားအောင် ဒူးကိုအနည်းငယ်ကွေးညွှတ်လိုက်တော့ ရှေ့သို့ပြိုကျလာသည့် ငယ့်ဆံပင်အရှည်တွေကို လက်တစ်ဖက်ဖြင့်ယူသိမ်းထားရင်း...
"မမပေါ့...မမက ဆရာသမီးဆိုတော့၊ မင်းတို့ မမပဲပေါ့။"
"ဟုတ်ကဲ့ မမ..."
"အင်း..."
ကောင်လေးကို ကြည့်ကာပြုံးနေရင်းဖြင့်အတည်ပြုပေးလိုက်တော့ ကောင်လေးကလည်း ငယ့်ကိုပြုံးပြီးကြည့်နေသည်။ ထိုစဥ်မှာပဲ ကောင်လေးက 'သွားတော့မယ်' ဆိုတာတောင်မပြောပဲ ပြေးထွက်သွားတော့သည်။
သို့ဖြင့် ငယ်နှင့်ဖေဖေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးနေမိကြသည်။
"သူတို့က သမီးရဲ့မိသားစုတွေပဲ သမီး၊ သူတို့ကို စာနာပြီး တန်ဖိုးထားပျိုးထောင်ပေးဖို့ ဖေဖေသမီးကို အကူအညီတောင်းလို့ရတယ် မလား!! "
လမ်းလျှောက်နေရင်းမှ ကြားလိုက်ရသည့် ဖေဖေ့စကားကြောင့် ငယ့်ခဏလောက်တွေးလိုက်ပြီးမှ ငယ့်ဆီကအဖြေကို မျှော်လင့်နေပုံရသောဖေဖေ့ထံကို ခေါင်းညိမ့်ပြရင်း...
"ဖေဖေ့အတွက်ပဲဟာ လုပ်ပေးရမှာပေါ့" ဟု ကတိပေးလိုက်သည်။
ထိုနေ့က ကောင်းကင်သည် တိမ်ကင်းစင်၍ ကြည်လင်နေသည်။
_________________
Zawgyi......
"ေရာင္ဝါ...."
ညအခ်ိန္ဧည့္ခန္းတြင္ မီးမွိတ္ထားလ်က္ အေမွာင္ရိပ္တြင္လွဲေလ်ာင္းေနေသာ သူ႔အား ေရာင္ဝါကျမင္ဟန္မတူပဲ ေခၚသံၾကားမွ ရွာေဖြလို႔ေနသည္ကို သူမွန္းဆမိသည္။
"အိပ္ခန္းထဲျပန္သြားေတာ့။"
"မသြားဘူး..ညီ"
ညေနတည္းက သူ႔စိတ္ထဲမသကၤာသည္ေၾကာင့္ ဒီတစ္ညမွာ ဧည့္ခန္းထြက္အိပ္တာ မွန္သြားသည္။ ညသည္ ၂နာရီေက်ာ္ၿပီမို႔ အားလုံးအိပ္ေမာက်ေနသည့္အခ်ိန္မွာ ေရာင္ဝါအျပင္ထြက္ဖို႔လုပ္ေတာ့သည္က သူ႔ဆီမွာမိသည္။
"ငါ စိတ္မဆိုးခ်င္ဘူး ေရာင္ဝါ၊ သြား...ဒရယ္ဂြန္႔ကို အားနာဦး။ သူ႔မွာ မင္းေၾကာင့္နဲ႔ေတာ္ေတာ္ေလး ခံစားေနရတာ..."
"ဖယ္ ငါ့ကိုလႊတ္..."
လက္ကို ေနာက္ျပန္လိမ္ထားသည့္ ၾကားမွ ေရာင္ဝါကအတင္း႐ုန္းသည္။ မူးယစ္ေဆး၏သားေကာင္ျဖစ္ေနေသာ္လည္း အားကစားသမားေပမို႔ ခႏၶာကိုယ္သန္မာမႈက ထည္ဝါ့နီးနီးရွိသည္။ ထိုေၾကာင့္ ထည္ဝါ့ဘက္ကလည္း လုံးဝကိုသတိမလႊတ္ရဲပဲ ၿမဲၿမံစြာႏွင့္ဆုပ္ကိုင္ထားရသည္။
"က်စ္...ဒီေကာင္ေလးကြာ"
ေျပာၿပီးခ်က္ခ်င္းပဲ လွ်င္ျမန္စြာႏွင့္ ထည္ဝါကိုင္ထားသည့္ လက္ေတြကို လႈပ္ရွားလိုက္ၿပီးေနာက္မွာပဲ ေနာက္မွာရွိေနသည့္ ထည္ဝါ့ကိုယ္ကို ေရွ႕သို႔ကိုင္ေပါက္ပစ္ခ်လိုက္ေတာ့သည္။ ဒီအခိုက္အတန္႔ေလးမွာ ေရာင္ဝါသည္ ထည္ဝါဟာသူ႔ညီေလးဆိုတာကိုပါ ေမ့ေနပုံရသည္။
"ဘာျဖစ္တာလဲ..."
ဧည္ခန္းထဲက အသံေၾကာင့္ ခ်က္ခ်င္းပဲ မီးဖြင့္သံႏွင့္အတူ ရပ္ေနသည့္ေနျခည္က မတ္တပ္ရပ္ေနသည့္ေရာင္ဝါႏွင့္ ၾကမ္းျပင္ေပၚမွာ ပက္လက္အေနအထားျဖင့္ မ်က္ႏွာမဲ့ေနေသာအငယ္ေလးထည္ဝါကို ေတြ႕လိုက္ရေလသည္။
"ေရာင္ဝါ နင္ဘယ္လိုလုပ္လိုက္တာလဲ။"
ေဒါနဲ႔ေမာနဲ႔ေလွ်ာက္လာေသာ ေနျခည္က ထည္ဝါ့အနားကို ဆက္တိုက္ဆိုသလိုေလွ်ာက္လာၿပီး ေရာင္ဝါ့ဘက္သို႔လွည့္ၾကည့္ကာ ေျပာသည္။ သို႔ေသာ္လည္း ေရာင္ဝါသည္ ေနျခည့္စကားကိုလစ္လ်ဴရႈၿပီး အိမ္၏အျပင္ဘက္သို႔ ေျပးထြက္သြားေတာ့သည္။
"ေရာင္ဝါ...."
"က်စ္ ....ဒီေကာင္ေတာ့ကြာ"
ေရာင္ဝါပစ္ခ်ထားလို႔ မခ်ိမဆန္႔နဲ႔ခံစားေနရသည့္ ခါးက ဒဏ္ကို အမႈမထားႏိုင္ေတာ့ပဲ အျမန္ထၿပီးအေျပးလိုက္ရေလသည္။ ထိုသို႔ျဖင့္ ထည္ဝါေနာက္မွ ဒရယ္ဂြန္ကလည္းအေျပးလိုက္သြားရေတာ့သည္။
"မင္း ျပန္မလာရင္ ငါတကယ္ပစ္လိုက္ေတာ့မွာ။"
ၿခံအဝတြင္ ကာစီးထားေသာ ခပ္တုတ္တုတ္ဒုတ္တစ္ေခ်ာင္းကို စြဲယူခဲ့လိုက္သည္က မွန္သြားသည္။ သူဘယ္လိုပဲ အေျပးသန္ပါေစ အခုအ႐ြယ္ထိ အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ရပ္တည္ေနဆဲ သူ႔အကိုကိုမွီေအာင္မလိုက္ႏိုင္ေပ။ ထည္ဝါ့ေနာက္ကို အေျပးလိုက္လာရသည္ကလည္း ၾကာၿပီမို႔ သူသည္ေရာက္လက္စေနရာမွပဲ ရပ္တန္႔ကာ ထိုသို႔ေျပာလိုက္သည္။
"မလုပ္နဲ႔ သခင္ေလး...."
သူ႔ေနာက္ကလိုက္လာေသာ ဒရယ္ဂြန္က တားဆီးေပမယ့္လည္း သူ႔အားတစ္ခ်က္သာလွည့္ၾကည့္ၿပီး ဆက္ေျပးေနေသာ ေရာင္ဝါ့ထံကို သူသည္ ေသခ်ာမွန္းဆၿပီးဒုတ္ျဖင့္ လွမ္းပစ္လိုက္ေတာ့ ေရာင္ဝါသည္လမ္းမအထက္မွာ လဲက်သြားသည္။
"ငါေျပာေနတယ္..ဒါကို မရပ္ဘူး"
ညာဖက္ေျခေထာက္ ေရာင္ကိုင္းသြားေသာ ေရာင္ဝါ့ကို သူကိုယ္တိုင္ပဲ ေက်ာပိုးခဲ့ရင္း ထည္ဝါေလးဟာ အိမ္ျပန္လမ္းတစ္ေလွ်ာက္မွာ ထိုစကားကိုပဲ ေရ႐ြတ္ေနေတာ့သည္။ အိမ္သို႔ေရာက္သည့္အခါမွာလည္း အငယ္ေလးသည္ သူ႔အျပစ္မရွိရေလေအာင္ႀကိဳတင္ကာ ေျပာေတာ့သည္။
"ကြၽန္ေတာ္နဲ႔ မဆိုင္ဘူးေနာ္ ဒယ္ဒီ။ ဆက္တိုက္သူကေျပးေနတာ....ဘယ္လိုလိုက္လိုက္မမွီိေတာ့လို႔ မေျပးေတာ့နဲ႔လို႔ အႀကိမ္ႀကိမ္ေအာ္ေျပာတယ္။ ဒါကို နားမေထာင္ဘူး...."
ေျခေထာက္မွ နာက်င္မႈေၾကာင့္ ကုတင္ေပၚမွာ ၿငိမ္သက္ေနေသာ ေရာင္ဝါကိုၾကည့္ၿပီး သူသည္ ႏွာေခါင္းတရႈံ႕ရႈံ႕၊ မ်က္ႏွာတရႈံ႕ရႈံ႕နဲ႔ အျပစ္ကင္းေၾကာင္းေျပာေနသည္။
"ဟုတ္တယ္ ဒယ္ဒီ၊ ေရာင္ဝါတစ္ေယာက္ကေတာ့ေလ ဒုတ္နဲ႔ပစ္ၿပီးဖမ္းမွပဲ ၿငိမ္မွာ။ အခုပဲ ၾကည့္ေလ...ထြက္မေျပးႏိုင္ေတာ့ဘူး။ ေနာက္တစ္ခါဆို ဒီေျခေထာက္ေတြသုံးလို႔မရေအာင္ ဓားနဲ႔ေပါက္ၿပီး အိမ္ျပန္ေခၚခဲ့ ထည္ဝါ..."
ေနျခည္ကလည္း ဒီတစ္ခါမွ ရွားရွားပါးပါးထည္ဝါ့ဘက္ကလိုက္ေျပာသည္မို႔ ထည္ဝါ့မွာ အားရွိသလိုလိုျဖစ္သြားရၿပီး အနည္းငယ္စိတ္သက္သာရာရေတာ့သည္။
သို႔ေသာ္လည္း ေရာင္ဝါ့အခန္းထဲကေနထြက္လာၿပီး ဒယ္ဒီက သူ႔အား လသာေဆာင္သို႔လာခဲ့ဖို႔ေျပာသည္ေၾကာင့္ ဒယ္ဒီရွိရာ,လသာေဆာင္သို႔ သြားစဥ္တစ္ေလွ်ာက္လုံး သူ႔မွာ စိတ္ထဲမေအးႏိုင္ပဲရွိရသည္။
"ကြၽန္ေတာ္ေရာက္ၿပီ ဒယ္ဒီ"
"အင္း...."
ဝရံဒါအစြန္းမွာ ရပ္ေနသည့္ ဒယ္ဒီအနားသို႔ သူဆက္ၿပီးေလွ်ာက္သြားလိုက္ေတာ့ ဒယ္ဒီ့လက္ထဲတြင္ ျမင္လိုက္ရေသာစီးကရက္စ္ေၾကာင့္ သူ႔စိတ္ထဲနာက်င္သြားရသည္။ ဒယ္ဒီသည္ အစဥ္သျဖင့္ အဆင္ေျပေျပေနႏိုင္ခဲ့သူျဖစ္ၿပီး အရာအားလုံးအတြက္သူတို႔ေရွ႕မွာ အၿမဲရပ္တည္ေပးခဲ့သူျဖစ္သည္။
မာမီ့အတြက္ဆို အၿမဲအဆင္ေျပေအာင္ ဖန္တီးေပးတတ္သူဟာ ကိုယ္တိုင္လည္း မာမီ့ကိုၾကည့္ရင္းေပ်ာ္ေနတတ္သူျဖစ္သည္။ အခုလို စီးကရက္စ္တစ္လိပ္ကိုခဲထားသည့္ ဒယ္ဒီ့မ်က္ႏွာဟာ စိတ္အလိုမက်မႈတို႔ အတိုင္းသားရွိေနေလသည္။ ဒါကိုသူ မျမင္ရက္ေပ။
"ေရာင္ဝါကို ဒီတိုင္းထားလို႔ မျဖစ္ေတာ့ဘူး။
ေဆး႐ုံ ပို႔လိုက္ရင္ေကာင္းမလား....."
သူ႔အားတိုင္ပင္သလိုနဲ႔ ေျပာလာေသာ ဒယ္ဒီ့စကားေၾကာင့္ သူ႔မွာမိသားစုအတြက္ဆိုသည့္ စိတ္အဟုန္တို႔ ႏိုးထ,လာၿပီး....
"ကြၽန္ေတာ္ ဘာလုပ္ေပးရမလဲ ဒယ္ဒီ" ဟု ေမးမိသည္။
"မင္းတို႔မာမီကို ဘယ္လိုေျပာၾကမလဲ..."
ထိုစကားကိုၾကားမွပဲ ဒယ္ဒီ့ျဖစ္ေနေသာ အခက္အခဲကို သူနားလည္ေတာ့သည္။ ေရာင္ဝါ့ကို ေဆး႐ုံပို႔ဖို႔ကို ဒယ္ဒီဘာေၾကာင့္ခက္ခဲေနလဲဆိုတာက မာမီေၾကာင့္ျဖစ္သည္။
ဟုတ္သည္..ေရာင္ဝါ့ကို သိပ္ခ်စ္တဲ့မာမီက ေရာင္ဝါ၏ဤသို႔ပုံစံကို ျမင္ဖို႔ရန္ခက္ခဲလိမ့္မည္။ ေရာင္ဝါ့အတြက္နဲ႔ မာမီသိပ္ကိုခံစားရႏိုင္သည္။
"ေရာင္ဝါ့အတြက္လည္း အေကာင္းဆုံးျဖစ္ၿပီး မင္းတို႔မာမီလည္းမခံစားရတဲ့ အေျဖမ်ိဳး ေျပာၾကည့္စမ္းထည္ဝါ။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းတို႔မာမီကိုအေတြးမမ်ားေစခ်င္ဘူး....."
ဒယ္ဒီ ပစ္ခ်လိုက္ေသာ စီးကရက္စ္ကို သူလိုက္လို႔ၾကည့္ေနမိၿပီး သူကိုယ္တိုင္လည္း အေၾကာင္းျပခ်က္မဲ့စြာနဲ႔အခ်ိန္ၾကာသည္အထိ ဆိတ္ၿငိမ္လို႔ေနမိသည္။
အခု ေရာင္ဝါ့အေျခအေနသည္ ေဆးမသုံးရလွ်င္ အနီးအနားရွိလူမ်ားကို ရန္မူႏိုင္သည္အထိျဖစ္လို႔ေနခဲ့ၿပီ။ ဒီလိုအေျခအေနမွာ ေဆးျဖတ္ဖို႔အတြက္ အေကာင္းဆုံးေနရာသည္ ေဆး႐ုံျဖစ္ေသာ္လည္း ေရာင္ဝါ့အားထိုသို႔ေဆး႐ုံပို႔လိုက္လွ်င္ မာမီေတာ့ အေတြးမ်ားလိမ့္မည္။
တစ္ခုခုဆို ျဖဴစင္လြန္းသည့္မာမီ့စိတ္ေလး ထိရွသြားႏိုင္သည္။
"အကိုေလးကို အိမ္မွာပဲထားမယ္ အကိုႀကီး။ ကြၽန္ေတာ္...ကြၽန္ေတာ္ သူ႔အတြက္အားလုံးလုပ္ေပးမယ္။ စိတ္ခ်ပါ...အေကြးနားကို သူေရာက္မသြားေစရဘူး။ အခုကစၿပီး ကြၽန္ေတာ္အကိုေလးကိုပဲ မ်က္စိေဒါက္ေထာက္ၿပီး ၾကည့္ေနေတာ့မွာပါ....
အဲ့တာေၾကာင့္ ေက်းဇူးျပဳၿပီး အကိုေလးကိုေဆး႐ုံမပို႔လိုက္ပါနဲ႔။ အဲ့ဒီမွာဆို သူ... သူအရမ္းခံစားရလိမ့္မယ္။"
ၿငိမ္သက္ေနေသာ သူတို႔သားအဖအနားသို႔ ေလွ်ာက္လာရင္း ေျပာေနေသာ ဒရယ္ဂြန္႔အသံက တိုးေဖ်ာ့လို႔ေနသည္။ မ်က္ရည္ေတြလည္း အထိန္းအကြပ္မဲ့စီးက်ေနသည္ေၾကာင့္ ဒရယ္ဂြန္ပုံက ေတာ္ေတာ္ေလးကို ေၾကကြဲေနသည့္ပုံစံႏွင့္မို႔ သူ႔မွာရင္ထဲမေကာင္းပဲ ရွိလွသည္။
"ဟူးးး....ငါလည္း မထားခ်င္ပါဘူး၊ ဒါေပမယ့္"
ပင့္သက္ခ်ရေလာက္သည္အထိ စိတ္ရႈပ္ေထြးေနေသာ ဒယ္ဒီႏွင့္ မ်က္လုံးေတြအထိမွာညႇိဳးငယ္ၿပီး အသနားခံေနသည့္ ဒရယ္ဂြန္ကိုၾကည့္ၿပီး သူသည္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္ႏွင့္ တၿပိဳင္နက္တည္း...
"ကြၽန္ေတာ္ ကူညီမယ္။ ကြၽန္ေတာ္ပဲ ေရာင္ဝါ့အနားေနမယ္ ဒယ္ဒီ....ၿပီးေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ခရီးေတြထြက္မယ္။ လမ္းမွာေရာ ကြၽန္ေတာ္နဲ႔ရွိေနစဥ္မွာေရာ သူေရာကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေရာပါ မထိခိုက္ေစရဘူးလို႔ ကတိေပးတယ္။"
"ငါ လုပ္လိုက္မယ္ သခင္ေလး..."
"မလုပ္နဲ႔ ၊ ဒရယ္ဂြန္နဲ႔ဆို သူပိုဆိုးလိမ့္မယ္။
သူက မင္းအေၾကာင္းကို သိတယ္၊ ေနာက္ဆုံး သူအရမ္းခံစားရတဲ့အခါလည္း ဒရယ္ဂြန္ၾကည့္ရက္မွာမဟုတ္ဘူး။ မင္းတို႔ႏွစ္ေယာက္အတူတူရွိမေနတာ အေကာင္းဆုံးပဲ"
"ဒါေပမယ့္...."
"ထည္ဝါေျပာတဲ့ အႀကံကမဆိုးလွဘူး ဒရယ္ဂြန္။ ေရာင္ဝါက မင္းနဲ႔ဆိုအရမ္းႏိုင္စားတယ္။ ထည္ဝါ့ကိုဆို သူညႇာတာမွာ ေသခ်ာတယ္။"
သူ႔အေျပာကို ဒယ္ဒီကလက္ခံလိုက္သည့္ အခ်ိန္မွာပဲ သူသည္ အရာအားလုံးကိုထားခဲ့ၿပီး ေရာင္ဝါနဲ႔အတူ ခရီးထြက္ဖို႔လုပ္ခဲ့သည္။
"ဖုန္းေတာင္ ယူမသြားဘူးဆိုေတာ့ နင့္ဟာကလည္း၊"
ကားေပၚတက္ခါနီးမွာ အလိုမက်ျဖစ္ေနသည့္ ေနျခည္မ်က္ႏွာက သူေရာေရာင္ဝါ့ကိုပါ စိတ္မခ်ေသးသည့္ပုံပါ။ အမႀကီးအမိရာ ပီသခ်င္သူ ေနျခည့္၏ပခုံးကို ဆုပ္ကိုင္လိုက္ရင္း...
"ဒယ္ဒီနဲ႔ မာမီ့ကိုစိတ္ခ်မယ္။"
အဓိက အေရးႀကီးသည့္ အခ်က္ကိုသာ အမွာျပဳခဲ့ရင္း ေနျခည္ေဘးမွာ ရပ္ေနသည့္ ဒရယ္ဂြန္႔ကိုလည္း....
"သမီးငယ္ကို ဂ႐ုစိုက္ပါ ဒရယ္ဂြန္၊ လုပ္ကြက္ေတြကိုလည္း စိတ္ခ်မယ္" ဟု မွာခဲ့လိုက္သည္။
"အင္း...စိတ္မပူနဲ႔"
ဆိုကာ ကားထဲတြင္ထိုင္ေနေသာ ေရာင္ဝါ့ဆီကိုသာ အၾကည့္မပ်က္သည့္ ဒရယ္ေၾကာင့္ သူ႔မွာ ေနာက္ထပ္တစ္ႀကိမ္ အတည္ျပဳေပးရျပန္သည္။
"ငါတို႔ကိုလည္း စိတ္မပူနဲ႔။ ပိုက္ဆံေတြအရမ္းသုံးမွာဆိုေတာ့ မင္းေတာ့ေလာက္ေအာင္ရွာေပါ့....ကဲ ငါသြားၿပီ"
ကားထဲကို ဝင္ခဲ့ရင္း သူသည္ အိမ္ကေနထြက္ခဲ့လိုက္သည္။ အိမ္ေရွ႕တြင္က်န္ခဲ့ေသာ ေနျခည္ႏွင့္ ဒရယ္ဂြန္သည္ သူတို႔ကားေလးကိုလိုကိၾကည့္ေနၾကမည္ကို သိေသာ္လည္း သူကေတာ့ျဖင့္ ေနာက္သို႔ တစ္ခ်က္မွ လွည့္မၾကည့္ခဲ့ေပ။
"Happy birthday ညီ......"
Provenceကေန ထြက္လာသည့္လမ္းမွာ ၾကားလိုက္ရသည္ အသံက သူ႔နံေဘးမွေရာင္ဝါ့ဆီကျဖစ္ေနသည္။
"၁၈ႏွစ္ျပည့္သြားတဲ့ ေကာင္ေလးနဲ႔ ခရီးထြက္ရတာ မဆိုးဘူး...."
ခပ္ေထ့ေထ့ေျပာရင္း ကားျပတင္းဘက္ဆီ ျပန္လွည့္သြားသည့္ ေရာင္ဝါသည္ ခရီးထြက္လာရျခင္း၏ရည္႐ြယ္ခ်က္ကို သိေနပုံရသည္။ ဒါေၾကာင့္ သူသည္ စကားေျပာဖို႔အေၾကာင္းျပခ်က္အေနနဲ႔...
"ေမြးေန႔လက္ေဆာင္ေရာ..." ဟု ေမးလိုက္သည္။
"ဟြန္း...ငါ့မွာအေပါဆုံးက မင္းမွာလည္းအေပါဆုံးကို ညီရာ။ အထူးလုပ္ၿပီး...."
"အထူးလုပ္ၿပီိး ေျပာရတာေပါ့ကြ။ တစ္ႏွစ္မွ ဒီတစ္ရက္ပဲေမြးေန႔လက္ေဆာင္ေတာင္းရတာကို၊ ေျပာကြာ...ေပးမွာလား မေပးဘူးလား...."
"ဟား ဟားးး...ဟုတ္ပါၿပီ။ ဘာဝယ္ေပးရမလဲ။
ဒီအကိုက တစ္ခ်က္တစ္ခ်က္ေတာ့ စိတ္လြတ္တတ္ေပမယ့္လည္း...ေရာ့ မင္းအတြက္ဆိုၿပီးလုပ္ေပးထားတာ။ မင္းမလိုအပ္မွန္း သိေပမယ့္လည္းေပါ့"
ညက သူ႔ကို ကိုင္ေပါက္ခ်ခဲ့သူ၊ သူကိုယ္တိုင္က ဒုတ္ျဖင့္လွမ္းပစ္ကာ အိမ္သို႔အတင္းေက်ာပိုးေခၚခဲ့ရတဲ့ သူ႔အကိုဟာ သူ႔ထံသို႔ black cardကို ကမ္းေပးလာသည္။ ဒီကဒ္ကို ဘယ္အခ်ိန္က ယူလာခဲ့မွန္း ထည္ဝါမသိလိုက္ေပ။
တကယ္ဆို ဘာမွမသိပဲ ထည္ဝါေခၚရာကို လိုက္ခဲ့သူဟုပဲ ထင္ခဲ့တာျဖစ္သည္။
"ႀကိဳက္တာဝယ္လိုက္....အနည္းဆုံးေတာ့ ဒီေန႔တစ္ရက္မင္းလိုခ်င္တာ ဝယ္လို႔ရတဲ့ပမာဏေလာက္ေတာ့ရွိတယ္။"
ကားေမာင္းေနရင္းကေန ေရာင္ဝါကမ္းေပးသည့္ ကဒ္ကိုယူလိုက္ရင္း သူသည္...
"ဒီကဒ္နဲ႔ တစ္ကမာၻလုံးကိုဝယ္လိုက္လို႔ရလား" ဟု အ႐ႊန္းေဖာက္ေမးလိုက္သည္။
"တစ္ကမာၻလုံးမွာေတာ့ မင္းအခ်မ္းသာဆုံးလုပ္လိုက္လို႔ရႏိုင္တယ္..."
သူကိုင္ထားသည့္ ကဒ္ကိုမ်က္စပစ္ျပရင္း ေျဖပုံက တကယ့္ကိုျပန္ေမးဖို႔မလိုေလာက္ေအာင္ ေသခ်ာလြန္းသည္။
"မင္း ေမြးၿပီးေနာက္တစ္ႏွစ္ကေန စ,စုထားတာ။ ေနျခည့္အတြက္လည္း စုေပးေပမယ့္ သိတဲ့အတိုင္းေနျခည္ကအရမ္းသုံးလြန္းတယ္။ ငါရဲ႕၁၇ႏွစ္တာ ခြဲတန္းေတြထဲ မင္းကဒ္ထဲမွာ၅ပုံ၃ပုံရွိတယ္။"
"ဘာျဖစ္လို႔ ၅ပုံလုံးထည့္ေပးမထားတာလဲ။ ဒါရွိမွန္းသိရင္ ငါဘယ္လိုလုပ္ၿပီး လွ်ိဳထဲကိုသြားမွာလဲ။ ေစာေစာေပးသင့္တယ္...."
"ဟြန္း....လူလည္ေလး"
သူ႔အေျပာမွာ သေဘာက်သြားၿပီး ၿပဳံးရိပ္ေယာင္သန္းသြားသည့္ ေရာင္ဝါ့မ်က္ႏွာေခ်ာေခ်ာက ဒီလိုဆိုေတာ့လည္း ေဆးစြဲေနသူဟု မထင္ရေပ။ ေနျခည္ကဲ့သို႔ ေခ်ာေမာသူသည္ ေနျခည္လိုမဟုတ္သည့္တိုင္ ေခ်ာင္ေမာျခင္း၊ခန္႔ညာျခင္းတို႔ အခ်ိဳးက်ေရာစပ္ထားသည့္ မ်က္ႏွာႏွင့္ ျပည့္စုံလြန္းသည့္ခႏၶာကိုယ္ အခ်ိဳးအစားကို ပိုင္ဆိုင္ထားတာျဖစ္သည္။
ေမာင္ႏွမသုံးေယာက္တြင္ အမနဲ႔အကိုက ေခ်ာေမာၾကၿပီး သူတစ္ေယာက္ပဲ ကြက္ၿပီး အသားမည္းကာၾကမ္းတမ္းေနသည့္တိုင္ သူဟာအကိုနဲ႔အမအတြက္ေတာ့ တန္ဖိုးထားရသည့္အဖိုးတန္ေလးျဖစ္ေနေသးသည္။
ဒီလို သူ႔ကိုတန္ဖိုးထားသူတစ္ေယာက္လည္းရွိေသးသည္။ ဒါက သမီးငယ္ပင္။
"ဘယ္လိုျဖစ္ၿပီး ဖုန္းကိုပဲၾကည့္ေနတာလဲ သမီးငယ္ရယ္...."
ေမေမနဲ႔အတူ ေဖေဖ့ကုမၸဏီသို႔ထမင္းခ်ိဳင့္လာပို႔ေပးသည့္ တစ္ေလွ်ာက္လုံးမွာ ငယ္ဟာထည္ဝါဆီကေန ျပန္စာကိုေမွ်ာ္လင့္ေနတာျဖစ္သည္။
ငယ့္ေမြးေန႔အၿပီး ည၁၂နာရီကြက္တိမွာ ထည္ဝါ့ဆီကိုပို႔ခဲ့ေသာ
_Happy Birthday ဆိုသည့္ စာတန္းေလးက အခုထိတိုင္ Seenမျပေသးပဲ ရွိေနသည္။
"ငယ္...ငယ္ေလး"
"ရွင္..."
"ကားေပၚက ဆင္းေလ။ ဖုန္းကို ဆက္မၾကည့္နဲ႔ေတာ့..."
ကားအျပင္ဘက္ကိုေရာက္သြားၿပီ ျဖစ္သည့္ေမေမကို႔ၾကည့္ၿပီး ငယ္လည္းအျမန္ပဲ ကားေပၚကေနဆင္းခဲ့လိုက္ၿပီး ဖုန္းကိုအိတ္ထဲျပန္ထည့္ထားလိုက္သည္။
"အန္တီ ဆရာက ဆိပ္ကမ္းဘက္ကိုထြက္သြားပါတယ္။ လိုက္ပို႔ေပးရမလားရွင္..."
"ရတယ္ သမီး..."
ေဖေဖ့အတြင္းေရးမႉးအမ၏စကားကို ေမေမက ျငင္းဆန္ေသာ္လည္း ငယ္သည္...
"ငယ္ သြားေခၚလိုက္မယ္ ေမေမ"ဟု ဆိုကာ ေနရာကေန ေျပးထြက္ခဲ့လိုက္သည္။
ဆိပ္ကမ္းဘက္သို႔ ငယ္လမ္းေလွ်ာက္လာရင္း ဝန္ထမ္းအိမ္ရာနားမွာ ကေလးရယ္ေမာသံတို႔ေၾကာင့္ ငယ္သည္ထိုေနရာသို႔ သြားၾကည့္လိုက္မိသည္။
"ဒါဆို ဆရာတို႔ေတြ သေဘၤာတစ္စီးလုံးဝယ္ၿပီး အတူတူခရီးထြက္ၾကမယ္၊ ဟုတ္ၿပီလား..."
ကေလးေတြအားလုံးရဲ႕ ေရွ႕မွာရပ္ၿပီး ၿပဳံး႐ႊင္ေနသည့္ေဖေဖ့ပုံစံဟာ ဒီလုပ္ငန္းစုကိုဦးေဆာင္ေနသည့္ သူေဌးတစ္ေယာက္နဲ႔မတူပဲ ေက်ာင္းဆရာတစ္ဦးကဲ့သို႔ ျဖစ္ေနသည္။
"ဟုတ္ၿပီ ေခ်ာင္းသာ၊ က်ိဳက္ထီး႐ိုး..."
ေအာက္က ကေလးငယ္ေတြရဲ႕ တစ္ေယာက္တစ္မ်ိဳးနဲ႔ျဖစ္ေနေသာ အသံမ်ားကို ဒယ္ဒီကနားစြင့္ေနရင္း လက္ေခ်ာင္းမ်ားပင္ ခ်ိဳးထားကာ လိုက္လံၿပီးေရတြက္ေပးေနသည္။
"ကိုကိုးကြၽန္း....၊ ခဏ ခဏ မိန္းမလွကြၽန္းဆိုတာက တကယ္ရွိလို႔လားကြ။"
ကေလးေတြရဲ႕အေျပာမွာ ဒယ္ဒီဟာ နတ္သားေလးလိုပဲ ရယ္ေမာေနတာ အင္မတန္ၾကည္ႏူးဖို႔ေကာင္းလွသည္။ ဒီလိုမ်ိဳး ၾကင္နာတတ္သည့္သူဟာ ငယ့္ရဲ႕ေဖေဖျဖစ္ေနတာကို ၾကည့္ႏူးမိရင္း ငယ္ကိုယ္တိုင္လည္း ေဖေဖ့ထံကိုၿပဳံးကာ ၾကည့္ေနမိေတာ့သည္။
ခဏၾကာေတာ့ ေဖေဖကငယ့္ကိုျမင္သြားၿပီး....
"ေနာက္တစ္ပတ္မွပဲ ဆက္ေျပာၾကရေအာင္ ကေလးတို႔။ အခုေတာ့ ထမင္းစားခ်ိန္ေရာက္ၿပီထင္တယ္။ ကဲ မ်ားမ်ားစားၾကမယ္..ဒါမွ မင္းတို႔တေတြျမန္ျမန္ႀကီးလာၾကမွာကြ။"
ေဖေဖ့စကားေၾကာင့္ ကေလးမ်ားသည္ ရယ္ေမာရင္း၊ ႏႈတ္ဆက္ရင္းနဲ႔ပင္ တစ္စတစ္စနဲ႔ ေဖေဖ့အနားကေန ေျပးထြက္သြားၾကကုန္သည္။ ကေလးေတြအကုန္ျပန္သြားၿပီးမွာ ေဖေဖကငယ့္ဆီကိုေလွ်ာက္လာသည္။
"ငယ့္ေဖေဖက လုံးဝ အမိုက္စားပဲ...."
လက္မႏွစ္ဖက္လုံးေထာင္ျပရင္း ေျပာလိုက္ေတာ့ ေဖေဖကညင္သာစြာနဲ႔ ငယ့္ေခါင္းကို ပြတ္သပ္ေပးသည္။
"ထမင္းခ်ိဳင့္လာပို႔တာလား။"
"အင္း..."
ထိုစဥ္ ငယ္တို႔အနားကို ေကာင္ငယ္ေလးတစ္ေယာက္ေျပးလာၿပီး...
"ဆရာ့အတြက္ ခူးလာတာ" ဆိုၿပီး ႏွင္းဆီအျဖဴေလးတစ္ပြင့္ကို ေဖေဖ့ထံ ေပးလာသည္။
"ဖိုးတာ ေက်းဇူးကြာ။
ဒါနဲ႔ ဒီပန္းကိုဆရာ့သမီးေလးကို ပန္ေပးလိုက္လို႔ရမလား။ မင္းေက်နပ္ရဲ႕လား...."
ေဖေဖ့အေျပာကို ထိုေကာင္ငယ္ေလးက ေခါင္းၿငိမ့္ျပသည္။
"ဒါက ဆရာ့သမီးေလ..."
ငယ့္ဘယ္ဘက္နား႐ြက္မွာ ပန္းပန္ေပးရင္း ပန္းလာေပးေသာေကာင္ေလးကို ငယ္ႏွင့္မိတ္ဆက္ေပးသည္။ ဒီကေလးေတြကိုၾကည့္ရတာ အသစ္ေရာက္လာၾကသည့္ အလုပ္သမားမိသားစုေတြမွျဖစ္မည္။
ဘာလိုလိုနဲ႔ ၈လနီးပါးအခ်ိန္အတြင္းမွာ ေဖေဖဟာ ကေလးမ်ားႏွင့္ ရင္းႏွီိးသြားခဲ့ၿပီျဖစ္သည္။
"ဆရာ့သမီးဆိုေတာ့ ဆရာမေပါ့။ အဲ့လိုမ်ိဳးလား..."
ငယ့္ဆီကို ေငးေမာ့ၾကည့္ရင္း ေျပာလာသည့္ ထိုေကာင္ေလးကိုၾကည့္ကာ ငယ္ၿပဳံးျပလိုက္သည္။ ထိုေကာင္ေလးနဲ႔နီးကပ္သြားေအာင္ ဒူးကိုအနည္းငယ္ေကြးၫႊတ္လိုက္ေတာ့ ေရွ႕သို႔ၿပိဳက်လာသည့္ ငယ့္ဆံပင္အရွည္ေတြကို လက္တစ္ဖက္ျဖင့္ယူသိမ္းထားရင္း...
"မမေပါ့...မမက ဆရာသမီးဆိုေတာ့၊ မင္းတို႔ မမပဲေပါ့။"
"ဟုတ္ကဲ့ မမ..."
"အင္း..."
ေကာင္ေလးကို ၾကည့္ကာၿပဳံးေနရင္းျဖင့္အတည္ျပဳေပးလိုက္ေတာ့ ေကာင္ေလးကလည္း ငယ့္ကိုၿပဳံးၿပီးၾကည့္ေနသည္။ ထိုစဥ္မွာပဲ ေကာင္ေလးက 'သြားေတာ့မယ္' ဆိုတာေတာင္မေျပာပဲ ေျပးထြက္သြားေတာ့သည္။
သို႔ျဖင့္ ငယ္ႏွင့္ေဖေဖလည္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ၿပဳံးေနမိၾကသည္။
"သူတို႔က သမီးရဲ႕မိသားစုေတြပဲ သမီး၊ သူတို႔ကို စာနာၿပီး တန္ဖိုးထားပ်ိဳးေထာင္ေပးဖို႔ ေဖေဖသမီးကို အကူအညီေတာင္းလို႔ရတယ္ မလား!! "
လမ္းေလွ်ာက္ေနရင္းမွ ၾကားလိုက္ရသည့္ ေဖေဖ့စကားေၾကာင့္ ငယ့္ခဏေလာက္ေတြးလိုက္ၿပီးမွ ငယ့္ဆီကအေျဖကို ေမွ်ာ္လင့္ေနပုံရေသာေဖေဖ့ထံကို ေခါင္းညိမ့္ျပရင္း...
"ေဖေဖ့အတြက္ပဲဟာ လုပ္ေပးရမွာေပါ့" ဟု ကတိေပးလိုက္သည္။
ထိုေန႔က ေကာင္းကင္သည္ တိမ္ကင္းစင္၍ ၾကည္လင္ေနသည္။