ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...
By Rozu_roro
2.3M 372K 14.8K
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More
Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )
20
19.9K 2.9K 119
By Rozu_roro
Unicode
ရှီးခဲယွဲ့သည် ထိုအသက်ရှုကြပ်စေသော ဧည့်ခန်းမထဲမှ အမြန်ထွက်လာခဲ့သည်။ သူ့နှလုံးသားထဲက အရှက်တရားဟာ အမြန်အနွယ်တက်လာတဲ့ စပျစ် နွယ်ပင်နှင့်တူပြီး သူ့ကို အမှောင်ထဲတွင် ရစ်ပတ် ထားသည်။
သူမုန်းတယ်။
သူစိတ်ထဲရှိတာကို ထုတ်ပြပလိုက်ချင်တယ်။
ထိုအထက်တန်းလွှာက လူတွေရဲ့ ထူးဆန်းတဲ့ အကြည့်ကို သူလက်မခံနိုင်ဘူး။
ဒီနှစ်များတစ်လျှောက်၊ သူသိထားတဲ့ စာအုပ်ထဲကဇာတ်ကွက်အတိုင်းနေရင်း သိသိသာသာ အသိအမှတ်ပြုခံရပြီး လေးစားခံခဲ့ရသည်။ ဒီလမှာ ဘာလို့ မတော်တဆတွေ ဒီလောက်များနေရတာလဲ?
ပထမကလည်း နိုက်ကလပ်ကိုပိတ်လိုက်ရတယ်၊ အခုလည်း  ကျောင်းမိသားစုနဲ့ ပြဿနာတက်ပြန်ပြီ...
အခု သူဟာ ပြည်တွင်း အလှကုန် အမှတ်တံဆိပ် သေးသေးလေးတစ်ခုကို ဝယ်ထား၏။ အချိန်မီ ထုပ်ပိုးရောင်းချရန်အတွက် အမှတ်တံဆိပ်အသစ် တစ်ခုကိုသာ ရှာမတွေ့ပါက၊ သူ့မှာနောက်ထပ် သန်းပေါင်းများစွာကို ဆုံးရှုံးရမည်ဖြစ်သည်။
ရှီးခဲယွဲ့  ထိုအကြောင်းကို ပိုတွေးလေ စိုးရိမ်စိတ် များလာလေသောကြောင့် သူ့လမ်းလျှောက်သည့်အရှိန်ကပင် နှေးကွေးလာသည်။
ရုတ်တရက် သူ့နောက်မှာ အနည်းငယ်ရင်းနှီးပြီး ပေါ့ပါးတဲ့အသံတစ်ခုထွက်ပေါ်လာ၏။
"သခင်လေးရှီး ၊ ခဏလေး"
"......"
ရှီးခဲယွဲ့ ရပ်လိုက်ပြီး လှည့်လိုက်ကာ လာနေတဲ့သူ့ကို ကြည့်လိုက်သည်။ထိုအချိန်တွင် သူ့ရဲ့နဂိုက စိတ်ပျက်နေသော မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။
ထိုလူက တခြားလူမဟုတ်၊ ထိုညက သူနှင့် တစ်ညတာအတူနေခဲ့သော နိုက်ကလပ်ကလူပင်။
တနေကုန် အရက်သောက်ကာ ဘာအလုပ်မှမလုပ် ဘူးဟု  ကောလဟာလ ထွက်နေသည့် ဆန်ကုန်မြေလေး၊ အစကရှီယွင်နန်နဲ့ လက်ထပ်မယ့် လော့ယန် ချွမ်းဖြစ်သည်။
အခုအချိန်တွင် လော့ယန်ချွမ်းက  ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ခန်းမမှ ရှန်ပိန်ကို ကိုင်ဆောင်ထားဆဲဖြစ်သည်။ ကြည့်ရတာ ဖိတ်ကြားခံထားသည့် ဧည့်သည်တစ်ဦး ဖြစ်ပုံပင်။
ဒါပေမယ့် သူက သိုသိုသိပ်သိပ် နေနိုင်တာပဲ။ ခုနက ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက် ခဲ့တာတောင် သူ့ကို လူအုပ်ကြားတွင် မတွေ့ရပေ။
ရှီးခဲယွဲ့မှာ သူ့ဆီလျှောက်လာနေသော လူကို ကြည့် ရင်း ရှက်စရာကောင်းသော ညကို ပြန်သတိရသွားသည်။ ဒီဈေးပေါတာကို လိုက်ရှာတဲ့ လော့ယန်ချွမ်းကို သူ့သတ်နိုင်ပါစေလို့ ဆုတောင်းမိတယ်။
သူ့ လည်ချောင်းထဲက ဖိနှိပ်ထားသော စကားများမှာ ထုတ်ပြောလုနီးပါးပင်။
သူ့ရဲ့ ဒေါသထွက်နေတဲ့ ရုပ်ထက်စာရင် မမျှော်လင့် ဘဲ လော့ယန်ချွမ်းက ပျော်နေသည့်အမူအရာပြနေသည်။
"သခင်လေးရှီးက အဲ့ညကကိစ္စကို အခုထိ အခဲ မကြေသေးဘူးလား?"
သူက သူ့လက်ထဲက ဝိုင်ဖန်ခွက်ကို ခါလိုက်ပြီး ရုတ်တရက် ရှီးခဲယွဲ့နား ချဉ်းကပ်လာသည်။
"မင်းနဲ့ အတူတူအိပ်ခဲ့တဲ့လူက ကိုယ်ဖြစ်နေလို့ ပျော်သင့်တယ်နော်၊ မဟုတ်ရင် နိုက်ကလပ်မှာ အရက်မူးနေတဲ့ လူရမ်းကားတွေနဲ့တွေ့ရင် မင်း အခုထက်အများကြီး ပိုဆိုးမှာ သေချာသလောက်ပဲ။"
"ဒါက f*ck  buddyနဲ့ တစ်ညတာ ဆက်ဆံရေးပဲလေ။ ကိုယ်တော့ အရမ်းကျေနပ်တယ်၊ ကြည့်ရတာ မင်းလည်းသာယာတဲ့ပုံပါ၊ မဟုတ်ဘူးလား?"
ရှီးခဲယွဲ့သည် ဘာရည်ရွယ်ချက်ရှိမှန်းမသိတဲ့ လော့ယန်ချွမ်းကို စိုက်ကြည့်ရင်း သွားများကို လျှို့ဝှက် စွာ အံကြိတ်မိလိုက်သော်လည်း သူက သူ့ခံစားချက်များကို အခြားသူများရှေ့တွင် အလွယ်တကူ ထုတ်မပြတတ်ပေ။
ရှီးခဲယွဲ့ အနည်းငယ် အသက်ရှုကြပ်လာပြီး ဟန်ဆောင်ပန်ဆောင် မေးလိုက်သည်။
"လော့ယန်ချွမ်း၊  မင်းတကယ်လိုချင်တာဘာလဲ?"
လော့ယန်ချွမ်း ဘေးပတ်လည်ကို ကြည့်လိုက်ပြီး
"ဘာလို့ တခြားနေရာမှာ စကားသွားမပြောမှာလဲ?"
သူတို့က ဓာတ်လှေကားနဲ့ နီး၏၊ တစ်ခါတလေ စားပွဲထိုးတွေက လမ်းလျှောက်လာတ်ကြသည်။တခြားသူတွေက မှတ်မိသွားရင် သိပ်မကောင်းဘူး။
အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ မင်းလို မိန်းမလိုက်စားသူနဲ့ ပြောစရာမရှိဘူး။
ရှီးခဲယွဲ့  ထုံးစံအတိုင်း သူ့ရဲ့အရေခြုံထားတဲ့ အပေါ် ယံ အပြုံးနဲ့ ပြုံးပြလိုက်ကာ ပြန်ပြောလိုက်သည်။
"တခြား ဘာကိစ္စမှမရှိရင် ကျွန်တော့လမ်းကို မပိတ် ထားပါနဲ့  သခင်လေးလော့။"
လော့ယန်ချွမ်း ခုနက သူ့ရဲ့ အမူအကျင့်ကို ဖယ်လိုက်ပြီး သူ့မျက်လုံးထဲတွင်  စူးရှသော အလင်းရောင်တစ်ခုဖြင့် လင်းလက်သွားသည်။
"သခင်လေးရှီးက လက်ထဲမှာ အလှကုန်ပရောဂျက် တစ်ခု ရှိလို့ ကျောင်းမိသားစုနဲ့ ပူပေါင်းချင်တာမဟုတ်ဘူးလား? အခုမစ္စစ်ကျောင်း က မင်းကို လူရှေ့သူရှေ့မှာ အဆက်ဖြတ်လိုက်ပြီဆိုတော့ မင်းဘာဆက်လုပ်မှာလဲ?"
"......"
ရှီးခဲယွဲ့ ပါးစပ်ထောင့်ရှိ အပြုံးသည် အေးခဲသွားပြီး တဖြည်းဖြည်း မဲ့သွားသည်။
ခုနကပဲ မစ္စကျောင်းက ဒေါသတွေ ထွက်နေတော့ မစရသေးတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒေါသတကြီးနဲ့ လူမြင်ကွင်းမှာ ပြောခဲ့သည်။ သူမရဲ့ ဒေါသကြောင့်ထွက်လာတဲ့ စကားများက ပေါ့ပြက်တော့  သာမာန်လူတွေက ဒါကို ဟာသလို့ယူဆကာ လုံးဝဂရုမစိုက်ကြပေ။
သို့သော် လော့ယန်ချွမ်းက သူ့ရဲ့တိတ်တဆိတ်ရည် ရွယ်ချက်များကို အဲ့ဒါကနေ အမှန်တကယ်ဆွဲထု တ်နိုင်မည်ဟု ရှီးခဲယွဲ့မထင်ထားခဲ့ပေ။
ရှီးခဲယွဲ့သူ့ကို စိုက်ကြည့်လိုက်သည်။
"လော့ယန်ချွန်း မင်းဘာပြောချင်နေတာလဲ?"
လော့ယန်ချွမ်းက သူ့ရဲ့ ပြောင်းလဲလာသော အမူအရာကို စိတ်ဝင်တစား ကြည့်နေ၏။
"သခင်လေးရှီး ၊ ကျောင်းအုပ်စုက မင်းနဲ့မပူးပေါင်းချင်မှတော့...
ခေတ္တရပ်လိုက်ပြီး သူ့လက်ထဲမှာ ဝိုင်ခွက်ကို မြှောက်လိုက်ကာ ဆက်ပြောလာသည်။
"မင်း ကိုယ်နဲ့ ပူးပေါင်းချင်လား"
"မင်းနဲ့ ပူးပေါင်းဖို့?"
ရှီးခဲယွဲ့ မလှုပ်မယှက်ဖြစ်နေသည်လည်း တကယ် တော့ သူက သူ့ရှေ့ကလူကို ပြန်အကဲဖြတ်နေ၏။
"သခင်ငယ်လော့က အပြင်မှာ နာမည်ဆိုးနဲ့ ကျော် ကြားနေတာလေ၊ ကျွန်တော်က ဘာလို့ ယုံရမှာလဲ?"
"ဘာလို့လဲဆိုတော့..."
လော့ယန်ချွမ်းက ရှန်ပိန်ကို နောက်ထပ် တစ်လက်မခွဲလောက် ကမ်းပေးလာပြီး သူ့လေသံက တိုးလာကာ
"ကိုယ်တို့နှစ်ယောက်လုံး မျက်နှာဖုံးတပ်ပြီးနေနေတဲ့သူတွေလေ။ အဲဒါကို ဖြုတ်ပြီးရင်တော့ ကိုယ်တို့က အတူတူအနူနူပါပဲ။"
ရှီးခဲယွဲ့ သူ့ရှေ့က ဝိုင်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ အနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
နောက်ဆုံးတော့ သူက တစ်ဖက်လူထံမှ ရှန်ပိန်ကိုယူကာ မေးခွန်းတစ်ခုမမေးမီ ရာစုနှစ်တစ်ခုလောက် ကုန်လွန်သွားသည့် ပုံပင်။
"ကျွန်တော့ကိုအရင်ပြော၊ မင်းကဘယ်လိုပူးပေါင်းချင်တာလဲ?"
..........
ဟိုတယ်ပထမထပ်ရှီဧည့်ခန်းတွင်။
ချင်ကျန်းက အမြန်လျှောက်လာကာ ပြောလာသည်။
"ခေါင်းဆောင် ကျွန်တော် သီးသန့်အခန်းငှါးထားပါတယ် ။ နံပါတ်က 014 ပါ၊ စားပွဲထိုးကို လမ်းပြခိုင်းဖို့ လိုသေးလား?"
"ခေါင်းဆောင်လော့"
ဝမ်းရိပေက လော့လင်းရှန်းကို ကြည့်ရန် ခေါင်းငုံ့လိုက်ပြီး သူ့အသံကရှားရှားပါးပါး မကျေမနပ်ဖြစ်နေသည်။ "အဆင်ပြေရင် ကျွန်တော့ညီ တစ်ယောက် တည်းနဲ့ စကားပြောချင်ပါတယ်။"
သူလော့လင်းရှန်းကို သူကိုယ်တိုင် ဆန်ကျင်ဖို့မရှိပေမယ့်၊ တစ်ဖက်လူက သူ့ညီကို စကားတစ်ခွန်းတောင် မပြောဘဲ သွေးဆောင်ခေါ်ထားတာလေ။ ဒီကိစ္စနဲ့ပတ်သတ်လို့ကတော့ သူ့မှာ ပြဿနာရှိနေတယ်!
လော့လင်းရှန်း တစ်ဖက်သားရဲ့ မကျေမနပ်ဖြစ်နေပုံကို အာရုံခံမိပုံပင်။ လူအများရှေ့မှာ အမြဲခေါင်းမာခဲ့တဲ့သူက မကြုံစဖူး အလျှော့ပေးလာသည်။
"ရတာပေါ့၊ ချင်ကျန်း အရင်ပြန်နှင့်ကြမယ်။"
လော့လင်းရှန်း ဟိုတယ်ဧည့်ခန်းမှထွက်သွားတာကို မြင်တော့ ရှီယွင်နန်မှာ ဝမ်းရိပေနောက်ကနေ အခန်းထဲသို့ အမြန်လိုက်သွားလိုက်သည်။
"ကော ၊ လော့လင်းရှန်းက အနည်းဆုံးတော့ လော့ မိသားစုရဲ့ ခေါင်းဆောင်နော်၊ ကောသူ့ကို နည်းနည်း ပိုယဉ်ကျေးသင့်တယ်"
"ယဉ်ကျေးရမယ်? သူ့ရှေ့မှာ ဒေါသမထွက်ပြတာနဲ့တင် လုံလောက်နေပြီ။"
ဝမ်းရိပေ သူ့ညီကို အခန်းထဲသို့ ဆွဲခေါ်သွားကာ တံခါးကို ပိတ်ချလိုက်သည်။
အမြဲတမ်း နူးညံ့သိမ်မွေ့တတ်တဲ့ အကြည့်များက အနည်းငယ်လေးနက်နေပြီး တစ်ဝက်က ဒေါကထွက်ကာ တစ်ဝက်က ကူကယ်ရာမဲ့ဖြစ်နေသည်။ "ရှီ ယွင်နန်။ မြန်မြန် ရှင်းရှင်းလင်းလင်းပြောစမ်း!! မစ္စတာလော့နဲ့ ဘယ်တုန်းက ဆုံခဲ့တာလဲ? ဘာလို့  စကားတစ်ခွန်းတောင် မပြောဘဲ သူနဲ့လက်မှတ်ယူခဲ့တာလဲ?"
"မင်း မင်းက ဒီလိုကိစ္စကြီးကို ဘာလို့ ငါ့ကိုမပြောတာလဲ?"
သူ့အစ်ကို ဒေါသထွက်တာကို တွေ့ရခဲသည်။ ရှီယွင်နန်က သူ့နှုတ်ခမ်းတွေကို အပြစ်ရှိစိတ်နဲ့ ဖုံးလိုက်ကာ မဝံ့မရဲ ပြန်ဖြေလိုက်သည်။
"အချိန်က အရမ်းကပ်သွားလို့၊ ကောကအလုပ်များတော့ ပြောဖို့ အချိန်မရှိသွားတာပါ။"
"ငါ့ကို ဒီလိုမျိုး ဆင်ခြေလာမပေးနဲ့။"
ဝမ်းရိပေက သူ့ပခုံးကို ဖိပြီး ထိုင်ချလိုက်သည်။  "ဒီနေ့ မင်းငါ့ကို ရှင်းအောင်ပြောရမယ်၊ မဟုတ်ရင် တံခါးကို ပိတ်ထားမှာ၊ ငါမင်းကို သွားခွင့်မပြုဘူး။"
ရှီယွင်နန်ကတော့ ဝမ်းရိပေက  တကယ်ချစ်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရတဲ့အတွက် သူ မသိစိတ်က နေ ရယ်မောလိုက်မိတယ်။
ထို့နောက် ချက်ချင်းပင် သူ့အစ်ကို ရန်မလိုခင် သူက လိမ္မာရေးခြားရှိဟန်ဆောင်ကာ စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို အမြန်ကောက်ကာ တစ်ဖက် လူအတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့် ပေးလိုက်သည်။
"ကော၊ ကျွန်တော့ကို စိတ်မဆိုးပါနဲ့ နော်"
ဝမ်းရိပေ စိတ်လျှော့လိုက်သည်။ သူလုပ်နိုင်တာ ဘာနည်းလမ်းမှမရှိပေ။
"လူအိုကြီးက ဖျားချင်ယောင်ဆောင်ပြီး ကျွန်တော် ပြန်လာအောင်မျှားခေါ်တယ်၊ ပြီးတော့ လော့ယန်ချွမ်းနဲ့ အတင်စေ့စပ်ခိုင်းတယ်၊ သေချာပေါက် ကျွန် တော်က ငြင်းတာပေါ့။ လော့လင်းရှန်းကတော့ လော့မိသားစု ခေါင်ဆောင်မဟုတ်လား?"
ရှီယွင်နန်သည် ထိုနေ့က လော့လင်းရှန်း  အိမ်ကိုလာပြီး လက်ထပ်ခွင့်တောင်းသည့် ကိစ္စကို  သေသေချာချာ ရှင်းပြလိုက်သည်၊ "... ကျွန်တော် ကံကောင်းပြီး jackpot ထိသွားတာ၊ ပြီးတော့ အမြန်လက်ထပ် မှတ်ပုံတင်လိုက်တယ်။ ဒီနည်းနဲ့ပဲ လူအိုကြီးနဲ့ တခြားသူတွေကို ဖိအားပေးဖို့ ဒီအထောက်အထားကို သုံးလို့ရမှာ။"
"လော့၊ မစ္စတာလော့က မကန့်ကွက်ဘူးလား?"  ဝမ်းရိပေ ထူးဆန်းသလို ခံစားလိုက်ရသည်။
"ဟင့်အင်း"  ရှီယွင်နန် လက်ဖက်ရည်သောက်ပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောလာတော့သည်၊ "ကျွန်တော်တို့က မြင်မြင်ချင်း ချစ်မိသွားတာမျိုးလေ။ ကောနားလည်တယ်မလား?"
အဲ့နေ့ည နိုက်ကလပ်မှာ သူမိသွားပြီးကတည်းက ရှီယွင်နန် နှင့် လော့လင်းရှန်းသည် 'ဟန်ဆောင်လက် ထပ်စာချုပ်' မှာအချက်တွေထပ်ဖြည့်ပြီး၎င်းတို့ထဲမှတစ်ခုမှာ ဟန်ဆောင်လက်ထပ်ကို လျှို့ဝှက်ထားရန်ဖြစ်သည်။
ထိုကဲ့သို့ ကန့်သတ်ချက်များမရှိရင်တောင် အစကတည်းက ဝမ်းရိပေကို ဖုံးကွယ်ထားရန် ရည်ရွယ် ထားသည်။  မဟုတ်ရင် 'အရေးကြီးသော အိမ်ထောင်ရေးကိစ္စ' ကို ကလေးကစားစရာအဖြစ် သဘောထားတဲ့ဆိုပြီး  အစ်ကိုကြီးအဖရာဆိုတဲ့ ရာထူးတပ်ကာ သူ့ရဲ့  နူးညံ့သိမ်မွေ့သော တရားဟောခြင်းကို ဆက်လုပ်လာလိမ့်မည်။
ဝမ်းရိပေ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး "... ငါ နားမလည်ဘူး၊ မစ္စတာလော့ ဒီလိုအမြန်လက်ထပ်တာကို သဘောတူမယ့်လူစားမျိုး မဟုတ်ပါဘူး"
"မစ္စတာလော့က ဘာဖြစ်တယ် မစ္စတာလော့က ညာဖြစ်တယ်နဲ့၊ ကောက လော့လင်းရှန်းကို အရမ်းတွေသိနေလို့လား?"
"ငါ သူ့ကို ကောင်းကောင်းမသိတာတော့ မဟုတ်ဘူး၊ ငါ အရင်က အကြိမ်အနည်းငယ်လောက် တွေ့ဆုံဖူးတယ်။"
ဝမ်းရိပေ ကမ္ဘာသစ်တစ်ခုလုံးကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ အနည်းငယ် ခေတ္တရပ်လိုက်ပြီး
"ငါ သူ့နာမည်ကို ဘယ်နှစ်ခါတောင်ပြောလို့လဲ? မင်းက သဝန်တိုနေတာလား?"
ရှီယွင်နန်သည် သူ့ပါးစပ်ထဲက ပန်းလက်ဖက်ရည် ကို ပါးစပ်ထဲမှ ထွေးထုတ်လုနီးပါးပင်၊ သူငိုရမလား ရယ်ရမလားတောင် မသိတော့ပါ။  "သဝန်တိုတယ်?   ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နဲ့ လော့လင်းရှန်း လက်ထပ်တာကို ကော ဒေါသထွက်နေသေးလား?
"ငါ စိတ်ဆိုးနေသေးတယ်လို့ ပြောပြီး ကွာရှင်းဖို့ လျှောက်ခိုင်းရင်ရော မင်းက လုပ်မှာလား?"ဝမ်းရိပေ သူ့ကို ပြန်မေးလိုက်တယ်။
"အဲ့ဒါတော့ မရဘူး။"
ရှီယွင်နန်  မရေမရာပြောပြီး သူ့စိတ်ထဲမှာ စကားတစ်ကြောင်းကို တိတ်တဆိတ် ထပ်ပြောလိုက်တယ်- လောလောဆယ်တော့ မရသေးဘူး။
ဝမ်းရိပေမှာတော့ ဒီလိုပြောလာမယ်ဆိုတာ အစကတည်းကသိနေတော့ သူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။  "အင်ပါယာမြို့တော်ရဲ့ ချမ်းသာတဲ့ မျိုးနွယ်စုတွေကြားမှာ မစ္စတာလော့ အဆင့်အတန်းက သံသယဖြစ်စရာတော့မရှိဘူး။ ခုနက ခန်းမထဲမှာ မင်းကို ကာကွယ်ထားတာ ငါမြင်ခဲ့ရတာတော့ သူက ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ဖြစ်လောက်မှာပါ။"
ရှီယွင်နန် ထိုစကားကိုကြားသောအခါ သူ့နှလုံးသားလေးက သိမ်မွေ့စွာ ယိမ်းယိုင်သွားသည်။  သူနှင့် လော့လင်းရှန်းကြားက ရုတ်တရက် လက်ထပ်တာကို သူ့မိသားစုရဲ့ ခွင့်ပြုချက်နှင့် ကောင်းချီးမင်္ဂလာကို အမှန်တကယ် ရရှိလိုက်သလိုပင်။
"ယူနန်၊ ဒါပေမယ့် မစ္စတာလော့ရဲ့ခြေထောက်တွေက..."
ဝမ်းရိပေ တစ်ခုခုပြောချင်ပေမယ့် သူ့လျှာဖျားလေးကနေ  စကားလုံးတွေကို ပြန်မြိုချလိုက်ရသည်။
"ကော၊ ကျွန်တော် ဒါကို ဂရုမစိုက်ပါဘူး၊ သူ့ရှေ့မှာ ကောအဲဒီအကြောင်း မမေးတာ ပိုကောင်းမယ်"  ရှီယွင်နန် ပြန်ပြောလိုက်သည်။
သူဟာ  လော့လင်းရှန်းရဲ့  ခြေထောက်မသန်စွမ်းတာကို  ပြဿနာတစ်ခုအဖြစ် လုံးဝ မမှတ်ယူဘဲ အဲ့အစား သူ့ကိုပင် အလွန်ကာကွယ်ပေးနေသည်။
"ငါသိတာပေါ့။ ငါ့မှာ တခြားအဓိပ္ပါယ်မရှိပါဘူး"  ဝမ်းရိပေ တုံ့ပြန်လိုက်သည်။
သူ့ညီ ပျော်နေသရွေ့တော့ သူ့အတွက် ပြဿနာမရှိပေ။
အခုဆို လိင်တူလက်ထပ်ခြင်းဟာ တရားဝင်ဖြစ်နေတော့ တမင်တကာ သူ့အတွက် ခက်ခဲစေမယ့်အရာမျိုးကို ဝမ်းရိပေ လုပ်မည်မဟုတ်ပါ။
အစ်ကိုကြီးတစ်ယောက်အနေနဲ့  ရှီယွင်နန် ကြီးပြင်းလာစဉ် မည်မျှခံစားခဲ့ရသည်ကို သူသိသည်။ တစ်စုံတစ်ယောက်က သူ့ညီကို အဖော်လုပ်ပေးနိုင်ပြီး သူ့ကိုကာကွယ်ရန် အားလုံးလုပ်ပေးနိုင်ဖို့ သူမျှော်လင့်မိသည်။
ဝမ်းရိပေ လက်ထပ်တာကို ပုဂ္ဂိုလ်ရေးအရ သဘောမတူသော်လည်း လော့လင်းရှန်းရဲ့ အဆင့်အတန်းဟာ ရှီယွင်နန်အတွက် အတော်လေး လုံခြုံပြီး သက်တောင့်သက်သာ နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်လောက်မည်ဟု သူယုံကြည်သည်။
"ရှီမိသားစုကို ပြန်သွားဖို့ စိတ်ကူးမရှိဘူးလား?"
"မရှိဘူး"
ဝမ်းရိပေ ခေါင်းညိတ်ပြပြီး  ပေါ့ပေါ့ပါးပါး ပြောလာသည်။ "ဒီလိုဆို လူအိုကြီးရှီက ရှီးခဲယွဲ့ကို ပိုတန်ဖိုးထားတော့မှာ မဟုတ်ဘူးလား?"
"ကျွန်တော်ရှီအိမ်မှာနေချင်ရင်တောင် လူအိုကြီးက သူ့ကိုပဲ သဘောကျနေမှာပါ"  ရှီယွင်နန် ရွဲ့ပြောလိုက်၏။
တကယ်လို့  အကြီးဆုံးမြေးအဖြစ် ဝမ်းရိပေသာ ရှီအိမ်တော်မှာ နေခဲ့မယ်ဆို၊ လူအိုကြီးက သူ့ရဲ့ ဂရုစိုက်မှု တစ်ဝက်လောက်တော့ပေးလိမ့်မည်။ ဒါပေမယ့်လည်း သူ့အစ်ကိုရဲ့ နူးညံ့သိမ်မွေ့တဲ့ စရိုက်နဲ့ဆို ဟိုသားအမိရဲ့ လက်ထဲကို ပြုတ်ကျဖို့ အလားအလာပိုရှိမှာကို သူ စိုးရိမ်နေခဲ့မိပြန်သည်။
ရှီယွင်နန်ရဲ့ မျက်လုံးများတွင် အမှောင်ရိပ်တစ်ခု ပေါ်လာသည်။ သူ့အိပ်မက်ထဲက ဝမ်းရိပေရဲ့အဆုံးသတ်က ပိုတောင် မကောင်းဘူးဆိုတာ သူမှတ်မိနေတယ်—
စုန့်ကျစ်ချိုးရဲ့သား  ဝမ်းချန်းလန်ဟာ ငယ်စဉ်ကလေးဘဝကတည်းက ဝမ်းရိပေရဲ့ ပင်ကိုယ်ဂီတစွမ်းရည်ကို မနာလိုဖြစ်ပြီး သူ့ကို တိတ်တဆိတ် အကောက်ကြံရန်  ကြိုးစားခဲ့သည်။
ဝမ်းချန်းလန် နှင့် ရှီယွင်နန်သည် များစွာသော အသေးအဖွဲ ပဋိပက္ခများစွာရှိခဲ့သည်။ ဝမ်းရိပေက သူ့ညီလေးအား ရှေ့ကနေ မားမားမတ်မတ်ကာကွယ်နေတော့ တစ်ဖက်လူကရဲ့ မကျေမနပ်ဖြစ်တဲ့စိတ်ကို ဆွဲငင်မိသွားသည်။
နောက်ပိုင်းတွင် 'ရှီယွင်နန်' က အငှားအိမ်တွင် မိမိကိုယ်ကို သတ်သေခဲ့ကြောင်း ဝမ်းရိပေ မတော် တဆ ကြားခဲ့သည်။ အံ့ဩဖို့ကောင်းတာကတော့ သူက ရှီမိသားစုနှင့် ရှီးခဲယွဲ့အပေါ် ရန်လိုမုန်းတီးမှုများကိုပင် ထုတ်ပြခဲ့သည်။
ရှီးခဲယွဲ့သည် ဝမ်းရိပေက မိသားစုပိုင်ဆိုင်မှုအတွက် တိုက်ခိုက်ရန် ပြန်လာမည်ကို စိုးရိမ်ခဲ့သည်။
ထို့ကြောင့် သူက ဒီကိစ္စကို သူ့ကို ပိုးပန်းသူတွေထဲက တစ်ယောက်ဖြစ်တဲ့  ဝမ်းချန်းလန်အား လျှို့ဝှက်စွာ ထုတ်ပြောခဲ့သည်။သူ့အချစ်ကလေးကို ကာကွယ်ရန်အတွက် ဝမ်းရိပေရဲ့ လက်များကို ဖျက်ဆီးရန်တစ်ယောက်ယောက်ကို ငှါးခဲ့ကာ ဝမ်းရိပေမှာ တစ်သက်လုံး cello မတီးနိုင်တော့ပေ။
ချောမွေ့သောဘဝရှိခဲ့တဲ့ ညီအစ်ကိုနှစ်ဦးဟာ ရှီးခဲယွဲ့ရဲ့ ဇာတ်ဆောင်ထီးဆောင်းမှုကြောင့် လုံးလုံးလျားလျားပြိုကွဲသွားခဲ့ရသည်။
...
ရှီးယွင်နန်သည်  ရှီးခဲ့ယွဲ့က ရှီးဝေနဲ့ရတဲ့ တရားမဝင်သားဆိုတာကိုတော့ ဝမ်းရိပေအား အသိပေးရန် မရည်ရွယ်ထားပါ ။ ဒီရှက်ဖွယ်ညစ်ညမ်းတဲ့ အညစ်အကြေးများက ဝမ်းရိပေကိုပါ မစွန်းထင်းစေချင်ပေ။
ရှီးခဲယွဲ့ရဲ့  ဆိုးရွားတဲ့ တန်ပြန်တိုက်ခိုက်မှုအတွက် သူတစ်ယောက်တည်းနဲ့တင်  လုံလောက်ပါတယ်။
"ကော"
"ဘာလဲ?"
"ဝမ်းချန်လန် နဲ့ သိပ်အဆက်အဆံမလုပ်နဲ့၊ သူ့ကို အစစအရာရာ သတိထားနော်?"
အနာဂတ်ရဲ့ ဦးတည်ချက်က ပြောင်းလား မပြောင်းလားဆိုတာ မသေချာ၊ ထို့ကြောင့် သူ့မှာ ဒီလို သတိပေးရုံသာ ပေးနိုင်သည်။ "ငယ်ငယ်ကတည်းက သူက လူကောင်းတစ်ယောက်လို့ ကျွန်တော်မထင်ခဲ့မိဘူး။"
ဝမ်းရိပေ မှင်တက်သွားပြီး ပြုံးကာမေးလိုက်သည်။
"အရင်က မင်းတို့နှစ်ယောက် ရန်ဖြစ်ခဲ့တာလေးနဲ့လေ?"
"ဘာပဲဖြစ်ဖြစ် ကျွန်အကြံကို နားထောင်ပြီး သူ့ကို လျစ်လျူရှုထားလိုက်ပါ"  ရှီယွင်နန်သည် အနည်းငယ်ဇွတ်တရွတ်အနေဖြင် 'ကျစ်' လို့တောင် စုတ်သတ်လာတော့
ဝမ်းရိပေ ရယ်မောရင်း သူ့ညီလေးရဲ့ပါးကို မဆွဲဘဲ မနေနိုင်တော့ပေ။ "မင်းရဲ့ ကလေးအဆီလေးတွေ မရှိတော့ပေမယ့်၊  ဘာလို့ ဒီလောက်တောင်ကလေးဆန်နေရသေးတာလဲ?"
"ကော၊ ကျွန်တော်တကယ်ပြောတာပါဆို။"
"ကောင်းပါပြီ မင်းစကားကို နားထောင်ပါ့မယ်။"
........
ရှီယွင်နန် ကားပါကင်ဆီသို့ ပြန်လာသောအခါတွင် ရင်းနှီးတဲ့ ကားရဲ့အနက်ရောင်ကိုယ်ထည်နှင့် လိုင်စင်နံပါတ်ပြားကို တွေ့လိုက်ရသည်။
လော့လင်းရှန်းက ကားထဲတွင် ထိုင်နေဆဲပင်။
ညနေခင်းရဲ့ နေရောင်သည် ထိုလူရဲ့ဘေးဘောင်သို့ ဆက်တိုက်ကျရောက်နေပြီး ကားပြတင်းပေါက်မှ အလင်းယိုင်နေသော အလင်းရောင်များက သူ့ကို အဆထာက်အပံ့ပြုနေသလိုမျိုး လှပတဲ့ အလင်းစက်ဝိုင်းတစ်ခု ထွက်ပေါ်လာသည်။
လော့လင်းရှန်းက သူ့အကြည့်ကို သတိပြုမိပြီး ရှီယွင်နန် ရှီရာဆီသို့ သူ့မျက်လုံးများကို စူးစိုက်ကြည့် လာသည်။
"ဘာလို့မပြန်သေးတာလဲ?"  ရှီယွင်နန် အပြုံးလေးနဲ့ သူ့နား ချဉ်းကပ်လာပြီး ရှေ့ခုံကို လှမ်းကြည့်လိုက် သည်။
ရှေ့ဆုံးတန်းမှာထိုင်တဲ့ နှစ်ယောက်ကတော့ ချင်ကျန်း နဲ့ ယွမ်မုန် ဖြစ်၏။ လော့လင်းရှန်းက ပွဲကိုမလာမီ ကုမ္ပဏီတွင် အစည်းအဝေးပြီးလာခဲ့ပုံပင်။
"မစ္စတာဝမ်းနဲ့ စကားပြောပြီးပြီလား?  သူဘယ်မှာလဲ?"
"အင်း၊ သူ့ကားက ကားပါကင်ရဲ့ တစ်ဖက်မှာ ရပ် ထားတယ်။ "  ရှီယွင်နန်က ကားတံခါးကိုဖြတ်ပြီး ကုန်းကာ ပြောလာသည်။
အထဲက လော့လင်းရှန်းကလက်ချောင်းများကို ပြင်းပြင်းထန်ထန် ပွတ်နေသော်လည်း သူ့မျက်နှာကတော့ အလွန်တည်ငြိမ်နေ၏။  "ကိုယ်တို့  လက်ထပ်တာကို မစ္စတာဝမ်က ဘယ်လိုထင်လဲ?"
ဒီမေးခွန်းက ယောကျ်ားလေးတစ်ယောက် မေးရမည့် မေးခွန်းမျိုးတော့မပေါက်ပေ။
ရှီယွင်နန် မျက်ခုံးပင့်လိုက်သည်။ ထူးဆန်းနေတာကို သူနားမလည်လိုက်ခင် လော့လင်းရှန်းက ဒါကို ပေါ့ပေါ့တန်တန် ပယ်ချလိုက်တာကို ကြားလိုက်ရသည်။
"နာရီဝက်လောက်ကြာတာတောင် မင်းတို့ ဆွေးနွေးလို့  မပြီးသေးတာ ကိုယ်တွေ့လို့။"
"အစ်ကိုနဲ့ မတွေ့တာကြာပြီဆိုတော့ နည်းနည်းကြာကြာ စကားတွေပြောဖြစ်နေကြတာပါ။"
ရှီယွင်နန်  ခေတ္တရပ်ပြီး ဝမ်းရိပေပြောခဲ့တာကို ပြန် ပြောပြလိုက်သည်။  "ခင်ဗျားတစ်ရက်ရက်အားရင် ကျွန်တော်တို့ ထမင်းတူတူစားချင်တယ်လို့ သူကပြောတယ်။"
"အင်း၊ ကိုယ်တို့ တွေ့လို့ရတယ်။" လော့လင်းရှန်းအသံသည် အနည်းငယ် နှေးသွားပြီး မတည်မငြိမ်ဖြစ် ကာ အသံက မသဲမကွဲဖြစ်နေ၏။
ရှီယွင်နန်သည် လော့လင်းရှန်းကိုကြည့်ကာတစ်ဖက် လူက အနည်းငယ်ထူးဆန်းနေသည်ဟု သူခံစားမိသည်။
သူကြည့်နေရင်းနဲ့ သူ့ ရယ်မောသံတွေ ပြန်ပေါ်လာတယ်။
သူက ထိုလူရဲ့ ထိုင်ခုံအစွန်းတွင် သူ့လက်ကို တင်ကာ အနားသို့ ဖြည်းညင်းစွာ မှီလာသည်။
"ဒါပေမယ့် ကျွန်တော့်အစ်ကိုမှာ ပြဿနာတစ်ခုရှိနေတယ်"
"အဲဒါဘာလဲ?"
ရှီယွင်နန်ရဲ့ အကြည့်က လော့လင်းရှန်းခန္ဓာကိုယ်မှ တဖြည်းဖြည်းနိမ့်ဆင်းသွားကာ နောက်ဆုံးတွင် ယောကျ်ားလေးတွေရဲ့ ထုတ်ပြလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပေါ်တွင် ကျရောက်သွားပြီး  ဖြည်းဖြည်းချင်း လေချွန်လိုက်သည်။
"မစ္စတာလော့ရဲ့ခြေထောက်တွေက ထိခိုက်ထားတော့ ၊ သူက တစ်ချို့ကိစ္စတွေအပေါ် သက်ရောက် မှာကို စိုးရိမ်နေတယ်၊ ပြီးတော့ ကျွန်တော်က...။"
"......"
လော့လင်းရှန်းရဲ့ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ရှီယွင်နန်က သူ့မျက်လုံးများတွင် နည်းနည်းလေးတောင် စိတ်မကောင်းမဖြစ်ဘဲ သူ့လက်ကို မြှောက် ကာ အရှုံးပေးသလိုမျိုးလုပ်ပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော့အဖြေက အရမ်းယုံကြည်စိတ်ချရပါတယ်။"
ရှေ့ခုံမှာ တိတ်တဆိတ် ဖရဲသီးစားနေတဲ့ ချင်ကျန်း နဲ့ ယွမ်မုန်မှာ ချက်ချင်းဆိုသလို နားရွက်လေးတွေ ထောင်ထားကြသည်။
အခု ဒုတိယသခင်လေးရှီကို နားလည်ထားပုံအရဆိုခေါင်းဆောင်ကိုကျီစယ်နေခြင်းဖြစ်ပြီး  နောက် တုံ့ပြန်ချက်မှာ ပို၍ပင် ရှော့ရစရာကောင်းလိမ့်မည်။
လော့လင်းရှန်းက သူ့နှလုံးသားရဲ့ အတက်အကျတွေကို ရှင်းထုတ်ပြီး မျက်မှန်အောက်ရှိ သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာအရိပ်အယောင်ကို ဖုံးကွယ်ထားသည်။
"မင်း ဘယ်လို ဖြေလိုက်လဲ?"
တစ်ဖက်သားရဲ့စကားများသည် သင့်လျော်မည်မဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်းသိနေသော်လည်း တစ်ဖက်လူက ဘာလှည့်ကွက်တွေလုပ်နေလည်းဆိုတာ သူမသိဘဲ မနေနိုင်ပေ။
ရှီယွင်နန် စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြပြီး တကယ်ပဲ ဒီနေရာမှာ အီစီကလီစကားတွေကို ထုတ်ပြောလာသည်။  "ကျွန်တော်ပြောလိုက်တယ်၊ မစ္စတာလော့က အရမ်းခက်ထန်တဲ့ပုံစံနဲ့ ပေါ်လာတော့ ခံစားချက်တွေက အချိန်မကျသေးဘူးလို့..."
"အချိန်တန်ရင်တော့ ကျွန်တော်ကြိုးစားကြည့်ပါမယ်လို့လေ။"
Zawgyi
သူမုန်းတယ်။
"သခင်လေးရှီး ၊ ခဏလေး"
"......"
"......"
"ဘာလို့လဲဆိုတော့..."
..........
"ခေါင်းဆောင်လော့"