unicode
အပိုင်း ၃
“ဘာလို့ သူတို့ ငါ့ကို သတ်တာကို ခွင့်ပြုလိုက်တာလဲ မော့ရုန်ကျန်း၊ ဘာလို့ နင် ကတိမတည်ရတာလဲ၊ ဘာလို့ ငါ့ကို တစ်ခါလေးတောင် လာမတွေ့ရတာလဲ”
ယဲ့ကျန်းက မေးသည်။ သို့သော်မည်သူကမျှ သူမ၏အော်ငိုသံကို မကြားကြပေ။
မော့ရုန်ကျန်း၏အကြည့်က သူ၏အရှေ့တွင်ရှိသော လုလင်ကျစ်၏ပုံရိပ်ထံသို့ ရောက်သွား၏။
“ယဲ့ကျန်း သေပြီဟုတ်လား”
“ဟုတ်ပါတယ် အရှင်မင်းကြီး”
တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ ထိုတစ်ခဏခန့် ကုန်လွန်ပြီးနောက်တွင် ယဲ့ကျန်းက သူ၏မျက်ဝန်းများထဲမှ ဝမ်းနည်းညှိုးငယ်မှုနှင့် နောင်တများကို မြင်တွေ့လိုလှ၏။ သို့သော် ထိုခံစားချက်များက ပျောက်ရှနေသည်။
“ဒီလိုအသုံးမဝင်တဲ့သူ သေသွားတာကလည်း ကောင်းတာပါပဲ၊ ထားလိုက်တော့”
သူသည် သူမကို နန်းတော်အတွင်းသို့ မဝင်လာစေချင်ခဲ့ပေ။ သို့သော် သူမတစ်ဘဝလုံး ငြိမ်းချမ်းခမ်းနားစွာ နေနိုင်ရန်အတွက် ကြိုတင်စီစဉ်ပြီးသားဖြစ်၏။ သူမအတွက် စားစရာ အဝတ်အထည်အားလုံးကို သူ ထောက်ပံ့လိုခဲ့သည်။
ဒါကိုမှ သေချင်နေမှတော့လည်း သေပါစေပေါ့။
သူ ထိုသို့တွေးလိုက်သည်။
လုလင်ကျစ်၏မျက်ဝန်းထဲ အလင်းရောင်လက်သွား၏။
“ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ”
“ကောင်းပြီ၊ မနက်ဖြန်ကျရင် ကျန်းက ရှန်းအာကို တော်ဝင်ကိုယ်လုပ်တော်ဘွဲ့ကို ချီးမြှင့်ပေးမယ်၊ ရှန်းအာကသာ ကျန်းကို အဲဒီအချိန်က မကယ်ခဲ့ရင် ကျန်း ဒီနေ့ဒီအချိန်အထိ ရှိနေခဲ့မှာ မဟုတ်ဘူး”
မော့ရုန်ကျန်းက ပြောသည်။
လုဝူရှန်းက သူတို့၏လျှို့ဝှက်စကားကို မမှတ်မိသော်လည်း ထိုအချိန်က သူမက အသက် ၇ နှစ်မျှသာ ရှိနေသေးသည့်အတွက် ဒါက ပုံမှန်သာလျှင်ဖြစ်သည်။ သူမအနေဖြင့် မှတ်ဉာဏ်ဟောင်းများကို အပြည့်အဝ မမှတ်မိသည်ကလည်း ဖြစ်နိုင်ခြေရှိ၏။ သို့မဟုတ် အနည်းဆုံး သည်ဖြစ်နိုင်ခြေကိုသာ သူ တွေးလိုသေးသည်။
ယဲ့ကျန်းက အော်ရယ်ချင်သွားသည်။
သူမ၏တစ်ဘဝလုံးလုံး သူ၏ချစ်ခြင်းများ၊ ကြင်နာမှုများ ရရှိလာစေရန် စောင့်ဆိုင်းခဲ့၏။ သို့သော် သူမ ရရှိခဲ့သည်က အဆိပ်ဝိုင်တစ်ခွက်မျှသာဖြစ်သည်။ ထို့အပြင် သူ့ပါးစပ်မှ ထွက်လာသော စာနာမှုကင်းမဲ့သော စကားများသာကြားရ၏။ သူမက သူ့အတွက် ဘာမျှကို ဟုတ်မနေခဲ့ပေ။
အသုံးမကျ အဖိုးမတန်တဲ့ အမျိုးသမီးတဲ့လား။
အခါးသီးဆုံးကိစ္စကား သူမ သေသည်အထိ သူ့အား အမှန်တရားကို မပြောနိုင်ခဲ့ခြင်းဖြစ်သည်။
သူမ ဒေါသတကြီး အော်ဟစ်လိုက်သည်။ စိတ်ပျက်အားငယ်မှုများ ပျံ့လွင့်လာခဲ့၏။
“မော့ရုန်ကျန်း နောက်ဘဝသာရှိရင် ငါ ယဲ့ကျန်းက သေချာပေါက် ကလဲ့စားချေမယ်”
သူမ မြင်ခဲ့ရသမျှအားလုံးကလည်း လုံလောက်ပြီဟုထင်သည်။ သူမ သည်နန်းတော်မှ ထွက်ပြေးရန် လှည့်ထွက်လာ၏။ သူမ၏ မိဘအိမ်သို့သွားကာ အလည်အပတ်ပြုချင်ခဲ့သည်။ သို့သော် သူမ မည်မျှပင် ရုန်းကန်စေကာမူ လွတ်မြောက်နိုင်စွမ်းမရှိပေ။ မမြင်ရသောအားလှိုင်းများက သူမကို သည်နန်းတော်နှင့် ဖိချုပ်ထား၏။ ထိုသို့ဖြင့် အချိန်က ကုန်လွန်သွားသည်။ နှစ်နှစ်တိုင် ကြာသွားခဲ့၏။
သူမ၏ စိတ်ဝိညာဉ်က နန်းတော်၏ ခန်းမတိုင်းတွင် မည်သူမျှ တွေ့မြင်ခံရခြင်းမရှိဘဲ လျှောက်သွားလျက် လွင့်မြောနေခဲ့သည်။ သူမအနေဖြင့် အစေခံများထံမှ အမျိုးမျိုးသော ကောလာဟလများကို ကြားရသည်။ အစောင့်များက ညဘက်တွင် စောင့်ဆိုင်းနေခြင်းကိုမြင်ရ၏။ မည်သူက အိပ်ပျော်နေကြောင်း စသည်ဖြင့် အရာအားလုံးကို သူမ မြင်နေခဲ့ရသည်။ ထို့အပြင် လုဝူရှန်းက အင်ပါယာ၏ခေါင်းအား မည်သို့သောအလိမ်အညာများဖြင့် ဖြည့်တင်းနေကြောင်းကိုလည်း မြင်နေရ၏။
“အရှင်မင်းကြီး အရှင်မင်းကြီး ဒီကျောက်စိမ်းတံဆိပ်ကို မှတ်မိပါသေးရဲ့လား”
ယဲ့ကျန်း၏နေရာကို ယူထားသော လုဝူရှန်းက ယခု ဝမ်ဖေးဖြစ်လာသည်။ ထို့အပြင် အလွန်အမင်းကြည်သာကြော့ရှင်းသော အပြုံးမျိုးဖြင့် ကျောက်တုံးတစ်ခုကို ထုတ်ကာ သူ့ကိုပြသည်။ မော့ရုန်ကျန်းက တစ်ချက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။
“ဒါက”
သူ တစ်ချက်ယူပြီးနောက် ပြောလိုက်သည်။
“ဒါက ကျန်း အဲဒီအချိန်က မင်းကို အသိအမှတ်တံဆိပ်အဖြစ် ပေးခဲ့တဲ့အရာပဲ၊ နှမြောစရာကောင်းတာက ကျန်း ရက်ပေါင်းများစွာ စောင့်နေခဲ့ပေမဲ့ မင်းကတော့ မပြလာခဲ့ဘူးလေ”
လုဝူရှန်းက သူ၏လက်မောင်းများကို ဖက်လိုက်သည်။ သို့သော် ဘာစကားဆက်ပြောရမည်ပင် မသိတော့ပေ။
ထိုကျောက်စိမ်းတံဆိပ်က ယဲ့ကျန်း လုလင်ကျစ်ကို ပေးခဲ့သောအရာဖြစ်သည်။ ယခုထွက်လာ၏။ သူက မော့ရုန်ကျန်းကို မပေးခဲ့ပါပေ။ ထို့အစားသူ၏ ညီမလက်သို့သာ အပ်ခဲ့၏။ ယခုမူ လုဝူရှန်းက ယဲ့ကျန်း၏နေရာကို ယူထားနိုင်လေပြီ။
ထိုတစ်ခဏတွင် ယဲ့ကျန်းအနေဖြင့် မုန်းတီးမှုထက်ပိုပြီး မည်သို့သောစကားမျိုး ဖော်ပြရမည်၊ မည်သို့သောခံစားချက်မျိုးကို ထုတ်ပြသင့်ကြောင်းကိုပင် နားမလည်တော့ပေ။
“ကျန်းက မင်းကိုပဲ ဒါလေး ဆက်ပြီး ထိန်းသိမ်းထားစေချင်တယ်”
လုဝူရှန်းက သူမ၏လက်ကို ဆန့်ထုတ်လိုက်ကာ ကျောက်စိမ်းတံဆိပ်ကို သူ့ထံမှ ယူသည်။ သို့သော် ရုတ်တရက် မီးထတောက်လာခဲ့ကာ သူတို့၏မျက်ဝန်းဖြင့် မမြင်ရသောတစ်စုံတစ်ရာက ဖြစ်တည်လာခဲ့၏။ သို့သော် ဒါက ယဲ့ကျန်းနှင့် မသက်ဆိုင်ပေ။ သို့ရာတွင် လုဝူရှန်းကမူ သူမ၏လက်ဝါးမှ အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
“အား”
သူမ အော်ဟစ်လိုက်သည်။ ကျောက်စိမ်းတံဆိပ်က အောက်သို့ပြုတ်ကျသွား၏။ ရုတ်တရက် ထက်ခြမ်းကွဲသွားသည်။
မမြင်ရသောမီးတောက်က ပျောက်ကွယ်သွားသည်။ ယဲ့ကျန်း၏စိတ်ဝိညာဉ်နှင့် သည်နန်းတော်၏ ချုပ်နှောင်ထားမှုများကလည်း နောက်ဆုံးတွင် လွတ်မြောက်သွားတော့၏။
...
zawgyi
အပိုင္း ၃
“ဘာလို႔ သူတို႔ ငါ့ကို သတ္တာကို ခြင့္ျပဳလိုက္တာလဲ ေမာ့႐ုန္က်န္း၊ ဘာလို႔ နင္ ကတိမတည္ရတာလဲ၊ ဘာလို႔ ငါ့ကို တစ္ခါေလးေတာင္ လာမေတြ႕ရတာလဲ”
ယဲ့က်န္းက ေမးသည္။ သို႔ေသာ္မည္သူကမွ် သူမ၏ေအာ္ငိုသံကို မၾကားၾကေပ။
ေမာ့႐ုန္က်န္း၏အၾကည့္က သူ၏အေ႐ွ႕တြင္႐ွိေသာ လုလင္က်စ္၏ပုံရိပ္ထံသို႔ ေရာက္သြား၏။
“ယဲ့က်န္း ေသၿပီဟုတ္လား”
“ဟုတ္ပါတယ္ အ႐ွင္မင္းႀကီး”
တစ္ခဏခန္႔ တိတ္ဆိတ္သြားသည္။ ထိုတစ္ခဏခန္႔ ကုန္လြန္ၿပီးေနာက္တြင္ ယဲ့က်န္းက သူ၏မ်က္ဝန္းမ်ားထဲမွ ဝမ္းနည္းညိႇဳးငယ္မႈႏွင့္ ေနာင္တမ်ားကို ျမင္ေတြ႕လိုလွ၏။ သို႔ေသာ္ ထိုခံစားခ်က္မ်ားက ေပ်ာက္႐ွေနသည္။
“ဒီလိုအသုံးမဝင္တဲ့သူ ေသသြားတာကလည္း ေကာင္းတာပါပဲ၊ ထားလိုက္ေတာ့”
သူသည္ သူမကို နန္းေတာ္အတြင္းသို႔ မဝင္လာေစခ်င္ခဲ့ေပ။ သို႔ေသာ္ သူမတစ္ဘဝလုံး ၿငိမ္းခ်မ္းခမ္းနားစြာ ေနႏိုင္ရန္အတြက္ ႀကိဳတင္စီစဥ္ၿပီးသားျဖစ္၏။ သူမအတြက္ စားစရာ အဝတ္အထည္အားလုံးကို သူ ေထာက္ပံ့လိုခဲ့သည္။
ဒါကိုမွ ေသခ်င္ေနမွေတာ့လည္း ေသပါေစေပါ့။
သူ ထိုသို႔ေတြးလိုက္သည္။
လုလင္က်စ္၏မ်က္ဝန္းထဲ အလင္းေရာင္လက္သြား၏။
“ဟုတ္ကဲ့ ကြၽန္ေတာ္ နားလည္ပါၿပီ”
“ေကာင္းၿပီ၊ မနက္ျဖန္က်ရင္ က်န္းက ႐ွန္းအာကို ေတာ္ဝင္ကိုယ္လုပ္ေတာ္ဘြဲ႕ကို ခ်ီးျမႇင့္ေပးမယ္၊ ႐ွန္းအာကသာ က်န္းကို အဲဒီအခ်ိန္က မကယ္ခဲ့ရင္ က်န္း ဒီေန႔ဒီအခ်ိန္အထိ ႐ွိေနခဲ့မွာ မဟုတ္ဘူး”
ေမာ့႐ုန္က်န္းက ေျပာသည္။
လုဝူ႐ွန္းက သူတို႔၏လွ်ိဳ႕ဝွက္စကားကို မမွတ္မိေသာ္လည္း ထိုအခ်ိန္က သူမက အသက္ ၇ ႏွစ္မွ်သာ ႐ွိေနေသးသည့္အတြက္ ဒါက ပုံမွန္သာလွ်င္ျဖစ္သည္။ သူမအေနျဖင့္ မွတ္ဉာဏ္ေဟာင္းမ်ားကို အျပည့္အဝ မမွတ္မိသည္ကလည္း ျဖစ္ႏိုင္ေျခ႐ွိ၏။ သို႔မဟုတ္ အနည္းဆုံး သည္ျဖစ္ႏိုင္ေျခကိုသာ သူ ေတြးလိုေသးသည္။
ယဲ့က်န္းက ေအာ္ရယ္ခ်င္သြားသည္။
သူမ၏တစ္ဘဝလုံးလုံး သူ၏ခ်စ္ျခင္းမ်ား၊ ၾကင္နာမႈမ်ား ရ႐ွိလာေစရန္ ေစာင့္ဆိုင္းခဲ့၏။ သို႔ေသာ္ သူမ ရ႐ွိခဲ့သည္က အဆိပ္ဝိုင္တစ္ခြက္မွ်သာျဖစ္သည္။ ထို႔အျပင္ သူ႕ပါးစပ္မွ ထြက္လာေသာ စာနာမႈကင္းမဲ့ေသာ စကားမ်ားသာၾကားရ၏။ သူမက သူ႕အတြက္ ဘာမွ်ကို ဟုတ္မေနခဲ့ေပ။
အသုံးမက် အဖိုးမတန္တဲ့ အမ်ိဳးသမီးတဲ့လား။
အခါးသီးဆုံးကိစၥကား သူမ ေသသည္အထိ သူ႕အား အမွန္တရားကို မေျပာႏိုင္ခဲ့ျခင္းျဖစ္သည္။
သူမ ေဒါသတႀကီး ေအာ္ဟစ္လိုက္သည္။ စိတ္ပ်က္အားငယ္မႈမ်ား ပ်ံ႕လြင့္လာခဲ့၏။
“ေမာ့႐ုန္က်န္း ေနာက္ဘဝသာ႐ွိရင္ ငါ ယဲ့က်န္းက ေသခ်ာေပါက္ ကလဲ့စားေခ်မယ္”
သူမ ျမင္ခဲ့ရသမွ်အားလုံးကလည္း လုံေလာက္ၿပီဟုထင္သည္။ သူမ သည္နန္းေတာ္မွ ထြက္ေျပးရန္ လွည့္ထြက္လာ၏။ သူမ၏ မိဘအိမ္သို႔သြားကာ အလည္အပတ္ျပဳခ်င္ခဲ့သည္။ သို႔ေသာ္ သူမ မည္မွ်ပင္ ႐ုန္းကန္ေစကာမူ လြတ္ေျမာက္ႏိုင္စြမ္းမ႐ွိေပ။ မျမင္ရေသာအားလိႈင္းမ်ားက သူမကို သည္နန္းေတာ္ႏွင့္ ဖိခ်ဳပ္ထား၏။ ထိုသို႔ျဖင့္ အခ်ိန္က ကုန္လြန္သြားသည္။ ႏွစ္ႏွစ္တိုင္ ၾကာသြားခဲ့၏။
သူမ၏ စိတ္ဝိညာဥ္က နန္းေတာ္၏ ခန္းမတိုင္းတြင္ မည္သူမွ် ေတြ႕ျမင္ခံရျခင္းမ႐ွိဘဲ ေလွ်ာက္သြားလ်က္ လြင့္ေျမာေနခဲ့သည္။ သူမအေနျဖင့္ အေစခံမ်ားထံမွ အမ်ိဳးမ်ိဳးေသာ ေကာလာဟလမ်ားကို ၾကားရသည္။ အေစာင့္မ်ားက ညဘက္တြင္ ေစာင့္ဆိုင္းေနျခင္းကိုျမင္ရ၏။ မည္သူက အိပ္ေပ်ာ္ေနေၾကာင္း စသည္ျဖင့္ အရာအားလုံးကို သူမ ျမင္ေနခဲ့ရသည္။ ထို႔အျပင္ လုဝူ႐ွန္းက အင္ပါယာ၏ေခါင္းအား မည္သို႔ေသာအလိမ္အညာမ်ားျဖင့္ ျဖည့္တင္းေနေၾကာင္းကိုလည္း ျမင္ေနရ၏။
“အ႐ွင္မင္းႀကီး အ႐ွင္မင္းႀကီး ဒီေက်ာက္စိမ္းတံဆိပ္ကို မွတ္မိပါေသးရဲ႕လား”
ယဲ့က်န္း၏ေနရာကို ယူထားေသာ လုဝူ႐ွန္းက ယခု ဝမ္ေဖးျဖစ္လာသည္။ ထို႔အျပင္ အလြန္အမင္းၾကည္သာေၾကာ့႐ွင္းေသာ အျပဳံးမ်ိဳးျဖင့္ ေက်ာက္တုံးတစ္ခုကို ထုတ္ကာ သူ႕ကိုျပသည္။ ေမာ့႐ုန္က်န္းက တစ္ခ်က္ၾကည့္ၿပီးေနာက္ ျပဳံးလိုက္သည္။
“ဒါက”
သူ တစ္ခ်က္ယူၿပီးေနာက္ ေျပာလိုက္သည္။
“ဒါက က်န္း အဲဒီအခ်ိန္က မင္းကို အသိအမွတ္တံဆိပ္အျဖစ္ ေပးခဲ့တဲ့အရာပဲ၊ ႏွေျမာစရာေကာင္းတာက က်န္း ရက္ေပါင္းမ်ားစြာ ေစာင့္ေနခဲ့ေပမဲ့ မင္းကေတာ့ မျပလာခဲ့ဘူးေလ”
လုဝူ႐ွန္းက သူ၏လက္ေမာင္းမ်ားကို ဖက္လိုက္သည္။ သို႔ေသာ္ ဘာစကားဆက္ေျပာရမည္ပင္ မသိေတာ့ေပ။
ထိုေက်ာက္စိမ္းတံဆိပ္က ယဲ့က်န္း လုလင္က်စ္ကို ေပးခဲ့ေသာအရာျဖစ္သည္။ ယခုထြက္လာ၏။ သူက ေမာ့႐ုန္က်န္းကို မေပးခဲ့ပါေပ။ ထို႔အစားသူ၏ ညီမလက္သို႔သာ အပ္ခဲ့၏။ ယခုမူ လုဝူ႐ွန္းက ယဲ့က်န္း၏ေနရာကို ယူထားႏိုင္ေလၿပီ။
ထိုတစ္ခဏတြင္ ယဲ့က်န္းအေနျဖင့္ မုန္းတီးမႈထက္ပိုၿပီး မည္သို႔ေသာစကားမ်ိဳး ေဖာ္ျပရမည္၊ မည္သို႔ေသာခံစားခ်က္မ်ိဳးကို ထုတ္ျပသင့္ေၾကာင္းကိုပင္ နားမလည္ေတာ့ေပ။
“က်န္းက မင္းကိုပဲ ဒါေလး ဆက္ၿပီး ထိန္းသိမ္းထားေစခ်င္တယ္”
လုဝူ႐ွန္းက သူမ၏လက္ကို ဆန္႔ထုတ္လိုက္ကာ ေက်ာက္စိမ္းတံဆိပ္ကို သူ႕ထံမွ ယူသည္။ သို႔ေသာ္ ႐ုတ္တရက္ မီးထေတာက္လာခဲ့ကာ သူတို႔၏မ်က္ဝန္းျဖင့္ မျမင္ရေသာတစ္စုံတစ္ရာက ျဖစ္တည္လာခဲ့၏။ သို႔ေသာ္ ဒါက ယဲ့က်န္းႏွင့္ မသက္ဆိုင္ေပ။ သို႔ရာတြင္ လုဝူ႐ွန္းကမူ သူမ၏လက္ဝါးမွ အလြန္ျပင္းထန္ေသာ နာက်င္မႈကို ခံစားလိုက္ရသည္။
“အား”
သူမ ေအာ္ဟစ္လိုက္သည္။ ေက်ာက္စိမ္းတံဆိပ္က ေအာက္သို႔ျပဳတ္က်သြား၏။ ႐ုတ္တရက္ ထက္ျခမ္းကြဲသြားသည္။
မျမင္ရေသာမီးေတာက္က ေပ်ာက္ကြယ္သြားသည္။ ယဲ့က်န္း၏စိတ္ဝိညာဥ္ႏွင့္ သည္နန္းေတာ္၏ ခ်ဳပ္ေႏွာင္ထားမႈမ်ားကလည္း ေနာက္ဆုံးတြင္ လြတ္ေျမာက္သြားေတာ့၏။
...