{Zawgyi}
[ အက်ဥ္းခ်ဳပ္ : ထိေတြ႕လို႔ရတယ္ ဒါ့အျပင္ ထိေတြ႕လို႔လည္း မရဘူး ]
•ေရွာင္ဟန္း•
သူ ဒီေလာက္ထိ သနားစရာေကာင္းေလာက္ေအာင္ နာက်င္ေနတာမ်ိဳး ကြၽန္ေတာ္ အရင္ဘယ္တုန္းကမွ မေတြ႕ခဲ့ဖူးဘူး။
ကြၽန္ေတာ္ ပူပန္ရလြန္းလို႔ ႐ူးသြားေတာ့မယ္။ ခႏၶာကိုယ္တစ္ခုလုံး ဆန႔္တငင္ျဖစ္တဲ့အထိ ေဝဒနာခံစားေနရၿပီး အႀကိမ္အနည္းငယ္ ပ်ိဳ႕တက္လာေပမယ့္ ဘာဆိုဘာမွ အန္မထုတ္ႏိုင္ျဖစ္ေနတယ္။
သူ႔မ်က္ႏွာကလည္း တေစၦတစ္ေကာင္လို ျဖဴေလ်ာ္ေနၿပီ။
ကြၽန္ေတာ္ သူ႔ကို ဖက္ထားခ်င္တယ္။ ကြၽန္ေတာ့္ဘဝက ဒီအေပၚမွာ မူတည္ေနသလိုမ်ိဳး သူ႔နာမည္ကို ေအာ္ေခၚေပမယ့္ ဒါေတြအားလုံးက အသုံးမဝင္ခဲ့ဘူး။
ရွင္သန္ျခင္းနဲ႔ ေသဆုံးျခင္း ကြဲျပားေနတာေၾကာင့္ ေဘးမွာရပ္ၿပီး သူ ခံစားေနရတာကိုသာ ၾကည့္ေနႏိုင္တယ္။ ကြၽန္ေတာ္ လုပ္ေပးႏိုင္တာ ဘာမွမရွိဘူး။
ဒီလိုနဲ႔ပဲ သူ႔ခမ်ာ အႀကီးအက်ယ္ဒုကၡေရာက္ေနခဲ့ၿပီး ပင္ပန္းဆင္းရဲလြန္းတာေၾကာင့္ သူ႔အင္အားေတြအားလုံး ကုန္ခမ္းသြားကာ လုံးဝစိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္မႈမရွိေတာ့ဘဲ ၾကမ္းျပင္ေပၚမွာ သတိရတစ္ဝက္ မရတစ္ဝက္နဲ႔ လွဲေနေတာ့တယ္။
ဒီအတြင္းမွာ သူက ေရတခ်ိဳ႕ကို အန္ခဲ့တာေၾကာင့္ သူ႔မ်က္ႏွာနဲ႔ အဝတ္အစားေတြ ညစ္ပတ္ကုန္ၿပီး သူ႔ကိုယ္သူ သန႔္ရွင္းသြားေအာင္ သုတ္ဖို႔ စိတ္နည္းနည္းေလးေတာင္ မဝင္ဘူး။ သူ႔ဗိုက္ကိုသာ ကိုင္ထားၿပီး တုန္ရီေနတယ္။
ကြၽန္ေတာ္ကလည္း သူ႔နာမည္ကို ေအာ္ေခၚေနမိတယ္။ သူ အိပ္မေပ်ာ္သြားဖို႔အတြက္ ကြၽန္ေတာ္ ေအာ္ေခၚေနရတယ္။ ကြၽန္ေတာ္ စိုးရိမ္မိတာ သူသာ ဒီလိုမ်ိဳးဆက္ျဖစ္ေနမယ္ဆိုရင္ သူ႔အသက္အႏၲရာယ္ရွိႏိုင္တယ္။
သူ သတိမလစ္သြားေအာင္ ထိန္းထားပုံရၿပီး ကြၽန္ေတာ့္ကိုလည္း ျပန္ေျဖႏိုင္ပုံမေပၚဘူး။
အခ်ိန္တစ္ခုေလာက္ သူက ကြၽန္ေတာ့္အသံကို မၾကားႏိုင္တာေၾကာင့္ ကြၽန္ေတာ့္ကို ျပန္ေျဖႏိုင္မွာမဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္ ေမ့သြားခဲ့တယ္။ ကြၽန္ေတာ္ ေတြးေနမိတဲ့တစ္ခုတည္းေသာအရာက သူ႔ရဲ႕အေျခအေနက အလြန႔္အလြန္ ထိတ္လန႔္စရာေကာင္းေနတယ္ဆိုတာပဲ။ ကြၽန္ေတာ္ စိတ္လြတ္သြားတဲ့အထိ ေၾကာက္လန႔္ေနကာ မေနႏိုင္ေတာ့ဘဲ သူ႔မ်က္ႏွာကို လွမ္းပုတ္ၿပီး ကြၽန္ေတာ့္ရင္ခြင္ထဲ သူ႔ကို ဆြဲသြင္းလိုက္တယ္။
ထိုအခ်ိန္မွာပဲ ကြၽန္ေတာ္က သူ႔ကို တကယ္ႀကီး ေအာင္ေအာင္ျမင္ျမင္ ေပြ႕ဖက္ႏိုင္ခဲ့တဲ့အျပင္ ဆိုဖာေပၚကိုေတာင္ အသာေလးျပန္တင္ေပးထားၿပီးၿပီဆိုတာကို သိလိုက္ရတာေၾကာင့္ အလန႔္တၾကား သတိျပန္ကပ္သြားေတာ့တယ္။
ကြၽန္ေတာ္က ေသႏွင့္ၿပီးသားေလ အဲ့တာကို ဘယ္လိုလုပ္...
ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး သူ႔ကို ထိလို႔ရေနေသးတာလဲ?
ဒါကို ထင္ေယာင္ထင္မွားျဖစ္ေနတာလို႔ ကြၽန္ေတာ္ထင္ခဲ့ေပမယ့္ သူ႔ကိုထိေတြ႕ေနတဲ့ ကြၽန္ေတာ့္လက္ေတြကေန ေသခ်ာတဲ့ အထိအေတြ႕နဲ႔ ေႏြးေထြးမႈကို ခံစားလို႔ရေနတုန္းပဲ။
ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ထိေတြ႕ၾကည့္ဖို႔ ႀကိဳးစားလိုက္ေတာ့လည္း အသက္ရွိေနေသးတဲ့လူလိုမ်ိဳး တကယ္ႀကီး ထိေတြ႕လို႔ရေနေသးတယ္။
ဘာေႏြးေထြးမႈမွမရွိေပမယ့္ အနည္းဆုံးေတာ့ ထိေတြ႕လို႔ရေနတယ္။
ေနာက္ၿပီး ကြၽန္ေတာ္ ဆိုဖာကို ထိဖို႔ႀကိဳးစားလိုက္တယ္၊ ေနာက္ၿပီး လက္ဖက္ရည္စားပြဲ။ ကြၽန္ေတာ္ ႏွစ္ခုစလုံးကို ထိလို႔ရေနတယ္!
ဘယ္လို နတ္ဘုရား၊ ေသျခင္းတရားရဲ႕ နတ္မင္း ဒါမွမဟုတ္ တျခားဘယ္သူကမ်ား ကြၽန္ေတာ့္အေပၚ ေနာက္ထပ္ေနာက္ေျပာင္မႈမ်ိဳး လုပ္ေနတာလဲဆိုတာ တကယ္မသိေတာ့ေပမယ့္ အနည္းဆုံးေတာ့ အခုလိုအခိုက္အတန႔္မွာေတာ့ သူတို႔ေတြကို ေသခ်ာေပါက္ ႐ိုးသားမႈအျပည့္နဲ႔ အေလးအနက္ ေက်းဇူးတင္မိတယ္။
တကယ္ေတာ့ ေလာ့ယြီခ်န္ကို ကယ္ေပးဖို႔က ဦးစားေပးပဲ။
ကြၽန္ေတာ္ လွည့္ကာ ေဆး႐ုံရဲ႕ အေရးေပၚဖုန္းနံပါတ္ကို ေခၚလိုက္တယ္။ တဖက္က ဖုန္းကိုင္လိုက္ၿပီဆိုတာနဲ႔ ကြၽန္ေတာ္တို႔ရဲ႕လက္ရွိအေျခအေနကို အေမာတေကာ ေအာ္ေျပာမိတယ္။
ထို႔ေနာက္ တဖက္ျခမ္းက တာဝန္က်သူနာျပဳမေလးရဲ႕ တုံ႔ဆိုင္းဆိုင္းအသံခ်ိဳခ်ိဳေလး ထြက္ေပၚလာတယ္ "ဟယ္လို၊ အခုေျပာေနတာ Sၿမိဳ႕ေတာ္ရဲ႕ ဗဟိုေဆး႐ုံကပါ၊ အခုေခၚေနတာ ဘယ္သူလဲဆိုတာ သိလို႔ရႏိုင္မလား?"
"ကြၽန္ေတာ္ေျပာေနတာကို မၾကားရဘူးလား?" ကြၽန္ေတာ့္အသံေတြ အက္ကြဲေလာက္တဲ့အထိ ကြၽန္ေတာ္ ေတာ္ေတာ္ေလး ေအာ္ဟစ္ေနခဲ့တာျဖစ္တယ္။
"ဟယ္လို..."
ကြၽန္ေတာ္ ဖုန္းကို မိန္းေမာစြာ ကိုင္ထားမိတယ္။ ကြၽန္ေတာ္ ဘာလုပ္သင့္လဲ၊ ဒီသက္ရွိလူသားက ကြၽန္ေတာ္ေျပာသမွ် ဘာမွမၾကားႏိုင္ဘူး။
ထို႔ေနာက္ အျပင္မွာရွိတဲ့ တစ္စုံတစ္ေယာက္ကို အကူအညီေတာင္းဖို႔ ေတြးလိုက္ေပမယ့္ တံခါးနားေရာက္သြားခ်ိန္မွာ ႐ုတ္ျခည္းဆိုသလို အင္အားအျပည့္စြမ္းအင္တစ္ခုက ကြၽန္ေတာ့္ကို ဆြဲကာ ရပ္တန႔္ေစတယ္ _ စစခ်င္းတည္းက ကြၽန္ေတာ့္ရဲ႕လြတ္လြတ္လပ္လပ္ လႈပ္ရွားႏိုင္စြမ္းက ေလာ့ယြီခ်န္ရဲ႕အနားတစ္ဝိုက္မွာပဲ ကန႔္သတ္ခ်က္ရွိတာျဖစ္ၿပီး အေဝးႀကီးကို သြားလို႔မရႏိုင္ဘူး။
ရလဒ္အေနနဲ႔ ကြၽန္ေတာ့္အတြက္ အရာဝတၳဳေတြကို ထိေတြ႕လို႔ရတဲ့ အံ့အားသင့္ဖြယ္စြမ္းရည္ကို ႐ုတ္တရက္ရလိုက္ေပမယ့္ အေျခအေနကေတာ့ အရင္လို စိုးရိမ္စရာေကာင္းေနတုန္းပဲ။
ဆိုဖာေပၚကလူဆီက ညည္းသံတိုးတိုးေလး ထြက္လာၿပီး သူ႔ခႏၶာကိုယ္က မနားတမ္း တုန္ေနတယ္။
ကြၽန္ေတာ္ လုပ္ႏိုင္တဲ့အရာက သူအစာအိမ္နာေနတဲ့အခ်ိန္အတြင္း သူ႔ကိုအၿမဲတမ္း ကြၽန္ေတာ္ ျပဳစုေနက် တူညီတဲ့နည္းလမ္းကို သုံးတာပဲရွိေတာ့တယ္။
ကံေကာင္းေထာက္မစြာနဲ႔ ကြၽန္ေတာ္တို႔ မၾကာမၾကာ သုံးေနက်ေဆးက အံဆြဲေတြထဲမွာ ရွိေနေသးတယ္။ ကြၽန္ေတာ္ မီးဖိုေခ်ာင္ထဲ ျမန္ျမန္သြားကာ ႏြားႏို႔ကို အပူေပးလိုက္တယ္။ ထို႔ေနာက္ ဂ်င္းအနည္းငယ္ ခ်ိဳးယူၿပီး သၾကားညိဳနဲ႔အတူ ကြၽန္ေတာ္ အရင္ကအၿမဲလုပ္ေနက်အတိုင္း ေဆးကို ေရထဲေရာထည့္လိုက္တယ္။
ခ်ိဳျမျမေရနဲ႔ ႏြားႏို႔ကို ကြၽန္ေတာ္ယူလာတဲ့အခ်ိန္မွာ သူက ႏိုးသလိုလိုျဖစ္လာေပမယ့္ နာက်င္မႈေၾကာင့္ ကေယာင္ကတမ္းျဖစ္ေနတုန္းပဲ။
"ေအးတယ္..." သူက အက္ရွရွအသံနဲ႔ ေျပာလာတယ္။
အခုခ်ိန္မွာ ကြၽန္ေတာ္က အပူခ်ိန္ကို ခံစားလို႔မရေပမယ့္ ကြၽန္ေတာ္ မွတ္မိသေလာက္ေတာ့ ေဆာင္းတြင္းမွာဆိုရင္ ဒီအိမ္ထဲက အပူခ်ိန္က ေႏြးေႏြးေလးသာျဖစ္ၿပီး ေအးေနတာမ်ိဳးမရွိဘူး။
ျဖစ္ႏိုင္တာက တအားနာက်င္ေနတာေၾကာင့္ အင္အားအမ်ားႀကီးသုံးခဲ့ရတဲ့အတြက္ ေအးတယ္လို႔ ခံစားရတာျဖစ္မယ္။
ကြၽန္ေတာ္က သူ႔ကို တျမတ္တႏိုး တန္ဖိုးထားေနေသးတာေၾကာင့္ သူ႔အတြက္ ဘာနဲ႔မွမတူေအာင္ ရင္ေတြနာရတယ္။ ကြၽန္ေတာ့္ရဲ႕ အကဲျဖတ္မႈက လစ္ဟင္းခဲ့တာေၾကာင့္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္သာ တိတ္တိတ္ေလးအျပစ္တင္လိုက္ၿပီး သူ႔ကို ၿခဳံေပးဖို႔အတြက္ ေဘးနားက ပိုးသားေစာင္ကို အေလာတႀကီး ဆြဲယူလိုက္တယ္။ ထို႔ေနာက္ သူ႔ကို ကိုယ္တစ္ပိုင္း မတ္မတ္ထိုင္ႏိုင္ေအာင္ ဂ႐ုတစိုက္ ထူမတ္ေပးၿပီး ကြၽန္ေတာ့္ရင္ဘတ္ကို မွီခိုင္းထားလိုက္တယ္။
"လုပ္ပါ၊ မင္းရဲ႕ေဆးကို ေသာက္ၿပီးၿပီဆိုရင္ ထပ္ၿပီးနာေတာ့မွာ မဟုတ္ဘူး"
သူက မိန္းေမာေနၿပီး ကြၽန္ေတာ့္ကို ဂ႐ုမစိုက္ႏိုင္ဘဲ သူ႔ဖာသာသူ ဆက္ၿပီး တတြတ္တြတ္ေျပာေနတယ္ "ေရွာင္ဟန္း ငါ ေအးတယ္..."
အဲ့တာက ကြၽန္ေတာ့္နားထဲ တစ္စုံတစ္ခု ေပါက္ကြဲသြားသလိုေတာင္ ခံစားရေစတယ္။
သူ လုပ္လိုက္တာဆိုလို႔ သတိမရတရျဖစ္ေနတုန္းမွာ ကြၽန္ေတာ့္နာမည္ကို ေခၚလိုက္တာသာရွိတယ္၊ အဲ့တာေလးပဲ။
ဒါေပမယ့္ ထိုခဏမွာတင္ ကြၽန္ေတာ္ အလုံးစုံ အရႈံးေပးလိုက္မိေတာ့တယ္။
ကြၽန္ေတာ့္ရဲ႕အတိတ္က နာၾကည္းခ်က္ေတြနဲ႔ အမ်ားႀကီးခက္ခဲခဲ့ရတဲ့ လက္လြတ္ေပးရမယ့္ ကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္ _ အဲ့တာေတြအားလုံးက မ်က္ေတာင္တစ္ခတ္အတြင္းမွာ လုံးဝပ်က္ဆီးသြားေတာ့တယ္။
သူ႔ကို ကြၽန္ေတာ့္လက္ေမာင္းေတြထဲမွာ တင္းေနေအာင္ ဖက္ထားလိုက္တယ္။ ကြၽန္ေတာ္က သူ႔အတြက္ ေႏြးေထြးမႈတစ္စိုးတစ္စိေတာင္ မေပးႏိုင္မွန္း သိေနခဲ့ေပမယ့္ ဒီလိုလုပ္လိုက္ရင္ သူေရာကြၽန္ေတာ္ပါ နည္းနည္းေလာက္ျဖစ္ျဖစ္ ပိုသက္သာလာမလားဆိုတဲ့စိတ္နဲ႔ တတ္ႏိုင္သမွ် သူ႔ကို တင္းေနေအာင္ ဖက္ထားမိဆဲပဲ။
"ေရွာင္ဟန္း ေရွာင္ဟန္း ငါ ေအးေနတယ္..."
ၾကည့္ရတာ ကြၽန္ေတာ့္ရဲ႕တည္ရွိမႈကို သူ သတိျပဳမိလာပုံေပၚတယ္။ သူ႔မ်က္လုံးက အနည္းငယ္ပြင့္ဟလာၿပီး မိန္းေမာေနေပမယ့္ ေငြေရာင္အလင္းေလးတစ္ခု ရွိေနတုန္းပဲ။
အခ်ိန္အၾကာႀကီး လမ္းေပ်ာက္ခဲ့ရၿပီး ေနာက္ဆုံးေတာ့ မိသားစုဝင္တစ္ေယာက္နဲ႔ ျပန္ဆုံခြင့္ရတဲ့ ကေလးငယ္ေလးတစ္ေယာက္လိုမ်ိဳး သူက ႐ုတ္တရက္ သဲႀကီးမဲႀကီး စတင္ငိုေႂကြးလာေတာ့တယ္။
"ငါ သိပါတယ္၊ ငါ သိတယ္ေနာ္" သူ နာက်င္ေနတယ္ဆိုတာကို ကြၽန္ေတာ္သိတယ္။ သူ ေအးေနတယ္ဆိုတာကို ကြၽန္ေတာ္သိတယ္။ ဒါေၾကာင့္ သူ႔ကို ႏွစ္သိမ့္ေပးရတယ္ "ႏြားႏို႔ေလး နည္းနည္းေသာက္လိုက္ရင္ တအားေအးေနေတာ့မွာ မဟုတ္ဘူး"
သူ တကယ္ပဲ သတိကပ္ေနတာလား ဒါမွမဟုတ္ သူက တအား,အားနည္းေနတာေၾကာင့္ ၫႊန္ၾကားတဲ့အတိုင္း အလိုအေလ်ာက္ လိုက္လုပ္ေနတာလားဆိုတာကိုေတာ့ ကြၽန္ေတာ္ မသိေပမယ့္ အဆုံးမွာ သူ႔ကို ေဆးေရာ ႏြားႏို႔ပါ ေအာင္ေအာင္ျမင္ျမင္ တိုက္ႏိုင္ခဲ့တယ္။
ကြၽန္ေတာ့္လက္က ေအးေနတာေၾကာင့္ သဘတ္ကို ေႏြးေအာင္လုပ္ဖို႔ ေရပူပူတခ်ိဳ႕ကို သုံးခဲ့ရတယ္။ အဲ့တာကို သူ႔အက်ီေအာက္က နာက်င္မႈခံစားေနရတဲ့ေနရာေပၚ တင္ေပးၿပီး အသာႏွိပ္နယ္ေပးေနလိုက္တယ္။
သူကေတာ့ ကြၽန္ေတာ့္ကို မွီထားေသးတယ္။ ခဏအၾကာမွာ သူ႔မ်က္ခုံးေတြက အရင္လိုမ်ိဳး ခပ္တင္းတင္း က်ဳံ႕ထားတာမ်ိဳး မရွိေတာ့ဘူး။
ကြၽန္ေတာ္က သဘတ္ေတြလဲဖို႔ ျပင္လိုက္ေပမယ့္ သူက ကြၽန္ေတာ့္ကို ျပန္ဆြဲထားတယ္။
"ေရွာင္ဟန္း မသြားပါနဲ႔"
ကြၽန္ေတာ္ ေျပာလိုက္တယ္ "မသြားပါဘူး"
ဒါေပမယ့္ သူက 'မသြားပါနဲ႔'ဆိုတာကိုပဲ ထပ္ခါတလဲလဲ ဆက္ေျပာေနၿပီး အသက္ရႈရခက္တဲ့အထိ ရႈိက္ငိုေနေတာ့တယ္။
ကြၽန္ေတာ့္ႏွလုံးသားက နာက်င္ေနရၿပီး မခံစားႏိုင္တာေၾကာင့္ သူ႔ကို ေနာက္တစ္ႀကိမ္ ေပြ႕ဖက္ေပးတာကိုသာ လုပ္လိုက္ရတယ္။
ကြၽန္ေတာ္ သူ႔ကို ပိုၿပီးေပြ႕ဖက္ရေလေလ လႊတ္ေပးဖို႔ တြန႔္ဆုတ္ေလေလပဲ။ တကယ္ေတာ့ သူ႔ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ႏိုင္တဲ့ ခံစားခ်က္ကို ကြၽန္ေတာ္ အမွန္တကယ္လြမ္းေနခဲ့တာပဲျဖစ္တယ္။ ကြၽန္ေတာ္ တကယ္ တကယ့္ကို လြမ္းေနခဲ့တာ။
အဲ့ေတာ့မွသာ ကြၽန္ေတာ္ ေသသြားၿပီး သူ႔ကို ေနာက္ဘယ္ေတာ့မွ ထပ္ၿပီး ထိေတြ႕လို႔မရႏိုင္ဘူးဆိုတာက သူ႔ေဘးမွာ ကြၽန္ေတာ္ ရွိေနတုန္း မလိုအပ္တဲ့လူျဖစ္ေနရတာထက္ ပိုၿပီးဝမ္းနည္းစရာေကာင္းတယ္ဆိုတာ သိလိုက္ရတယ္။
ကြၽန္ေတာ့္ေခါင္းကို သူ႔လည္ပင္းထဲ ျမႇဳပ္ထားၿပီး ကြၽန္ေတာ့္ရဲ႕ဝိဉာဥ္တစ္ခုလုံးက စူးရွနာက်င္မႈကို စတင္ခံစားလာရတယ္။
သူ အိပ္ေပ်ာ္သြားတဲ့အထိ ေစာင့္ၿပီးေတာ့မွ ဂ႐ုတစိုက္ ထလိုက္ၿပီး သူ႔ႏွဖူးေပၚက ဒဏ္ရာေတြကို ကုေပးဖို႔ အသက္ကယ္အိတ္ကိုယူလိုက္တယ္။
သူ နာက်င္မႈေၾကာင့္ ၾကမ္းျပင္ေပၚ လွိမ့္ေနရတုန္းမွာ စားပြဲေစာင္းေတြနဲ႔ ေဆာင့္မိခဲ့ၿပီး အဲ့တာကိုေတာင္ သတိမမူမိခဲ့ဘူး။ ကံေကာင္းခ်င္ေတာ့ အမာ႐ြတ္မက်န္ေလာက္ဘူး။
လုပ္ရင္းတန္းလန္းမွာ သူ ျပန္ႏိုးလာတာေၾကာင့္ ဂ်င္းျပဳတ္ရည္ခ်ိဳခ်ိဳေလးကို ေဆးအနည္းငယ္ထည့္ၿပီး သူ႔ကိုတိုက္လိုက္တယ္။ ထို႔ေနာက္မွာ အိပ္ရတာပိုၿပီး တည္တည္ၿငိမ္ၿငိမ္ရွိသြားပုံေပၚတယ္။
အိမ္မွာ ရႈပ္ယွက္ခတ္ေနတာေတြ ကူရွင္းေပးလိုက္တယ္။ ၿပီးသြားတဲ့ေနာက္ အခ်ိန္ကိုၾကည့္လိုက္ေတာ့ မနက္သုံးနာရီထိုးခါနီးေတာင္ျဖစ္ေနၿပီဆိုတာ သိလိုက္ရတယ္။ အဲ့တာေၾကာင့္ မီးဖိုေခ်ာင္ထဲဝင္ၿပီး သူ႔အတြက္ ဆန္ျပဳတ္တခ်ိဳ႕ လုပ္ေပးလိုက္တယ္။
အဲ့တာက သူ႔အတြက္ မနက္စာျဖစ္တယ္။ သူသာ ေသခ်ာမစားဘူးဆိုရင္ ထပ္ၿပီး နာရမွာ။
ျပဳတ္လို႔ၿပီးသြားတဲ့အခါ ဧည့္ခန္းထဲျပန္လာၿပီး သူ႔ကို ေစာင္ထပ္ၿခဳံေပးၿပီးေနာက္ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ကာ သူ႔ရဲ႕အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာကို ထိုင္ၾကည့္ေနလိုက္တယ္။
ေနာက္ဆုံးေတာ့ သူ႔မ်က္ႏွာက ေသလုနီးပါးျဖဴေလ်ာ္မေနေတာ့ဘဲ ႏႈတ္ခမ္းေတြကလည္း အေရာင္ေလးျပန္သမ္းလာတယ္။ ဖ႐ိုဖရဲျဖစ္ေနတဲ့ဆံပင္ေတြကိုလည္း ကူၿပီး ရွင္းေပးဖို႔ လက္ဆန႔္လိုက္တယ္။
တခ်ိဳ႕ဆံပင္ေတြက လုပ္ေပးထားတဲ့အတိုင္းမေနဘဲ သူ႔မ်က္ႏွာေရွ႕ကို ေနာက္တစ္ႀကိမ္ က်လာျပန္တယ္။ ကြၽန္ေတာ္ ၿပဳံးလိုက္ၿပီး လက္ကို ေနာက္တစ္ႀကိမ္ ဆန႔္လိုက္ျပန္တယ္။
အဲ့လိုလုပ္တုန္းမွာတင္ ကြၽန္ေတာ္ ေနာက္ထပ္ လုပ္လို႔မရေတာ့ဘူးဆိုတာ သိလိုက္ရတယ္။
ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ့္မ်က္ႏွာေပၚက အၿပဳံးကို ဆက္ၿပီးထိန္းသိမ္းထားလို႔ မရႏိုင္ေတာ့ဘူး။
ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ထိဖို႔ႀကိဳးစားလိုက္ေပမယ့္ ဘာမွ မခံစားမိေတာ့ဘူး။
အရာဝတၳဳေတြကို ထိေတြ႕လို႔ရတဲ့ ရွင္းမျပႏိုင္တဲ့စြမ္းရည္ကို ရခဲ့ၿပီး အခုေတာ့လည္း ေနာက္တစ္ႀကိမ္ တူညီတဲ့အရာဝတၳဳေတြကို လုံးဝထိေတြ႕လို႔မရ ျပန္ျဖစ္သြားျပန္တယ္။
_____
{Unicode}
[ အကျဉ်းချုပ် : ထိတွေ့လို့ရတယ် ဒါ့အပြင် ထိတွေ့လို့လည်း မရဘူး ]
•ရှောင်ဟန်း•
သူ ဒီလောက်ထိ သနားစရာကောင်းလောက်အောင် နာကျင်နေတာမျိုး ကျွန်တော် အရင်ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။
ကျွန်တော် ပူပန်ရလွန်းလို့ ရူးသွားတော့မယ်။ ခန္ဓာကိုယ်တစ်ခုလုံး ဆန့်တငင်ဖြစ်တဲ့အထိ ဝေဒနာခံစားနေရပြီး အကြိမ်အနည်းငယ် ပျို့တက်လာပေမယ့် ဘာဆိုဘာမှ အန်မထုတ်နိုင်ဖြစ်နေတယ်။
သူ့မျက်နှာကလည်း တစ္ဆေတစ်ကောင်လို ဖြူလျော်နေပြီ။
ကျွန်တော် သူ့ကို ဖက်ထားချင်တယ်။ ကျွန်တော့်ဘဝက ဒီအပေါ်မှာ မူတည်နေသလိုမျိုး သူ့နာမည်ကို အော်ခေါ်ပေမယ့် ဒါတွေအားလုံးက အသုံးမဝင်ခဲ့ဘူး။
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကွဲပြားနေတာကြောင့် ဘေးမှာရပ်ပြီး သူ ခံစားနေရတာကိုသာ ကြည့်နေနိုင်တယ်။ ကျွန်တော် လုပ်ပေးနိုင်တာ ဘာမှမရှိဘူး။
ဒီလိုနဲ့ပဲ သူ့ခမျာ အကြီးအကျယ်ဒုက္ခရောက်နေခဲ့ပြီး ပင်ပန်းဆင်းရဲလွန်းတာကြောင့် သူ့အင်အားတွေအားလုံး ကုန်ခမ်းသွားကာ လုံးဝစိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိတော့ဘဲ ကြမ်းပြင်ပေါ်မှာ သတိရတစ်ဝက် မရတစ်ဝက်နဲ့ လှဲနေတော့တယ်။
ဒီအတွင်းမှာ သူက ရေတချို့ကို အန်ခဲ့တာကြောင့် သူ့မျက်နှာနဲ့ အဝတ်အစားတွေ ညစ်ပတ်ကုန်ပြီး သူ့ကိုယ်သူ သန့်ရှင်းသွားအောင် သုတ်ဖို့ စိတ်နည်းနည်းလေးတောင် မဝင်ဘူး။ သူ့ဗိုက်ကိုသာ ကိုင်ထားပြီး တုန်ရီနေတယ်။
ကျွန်တော်ကလည်း သူ့နာမည်ကို အော်ခေါ်နေမိတယ်။ သူ အိပ်မပျော်သွားဖို့အတွက် ကျွန်တော် အော်ခေါ်နေရတယ်။ ကျွန်တော် စိုးရိမ်မိတာ သူသာ ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင် သူ့အသက်အန္တရာယ်ရှိနိုင်တယ်။
သူ သတိမလစ်သွားအောင် ထိန်းထားပုံရပြီး ကျွန်တော့်ကိုလည်း ပြန်ဖြေနိုင်ပုံမပေါ်ဘူး။
အချိန်တစ်ခုလောက် သူက ကျွန်တော့်အသံကို မကြားနိုင်တာကြောင့် ကျွန်တော့်ကို ပြန်ဖြေနိုင်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော် မေ့သွားခဲ့တယ်။ ကျွန်တော် တွေးနေမိတဲ့တစ်ခုတည်းသောအရာက သူ့ရဲ့အခြေအနေက အလွန့်အလွန် ထိတ်လန့်စရာကောင်းနေတယ်ဆိုတာပဲ။ ကျွန်တော် စိတ်လွတ်သွားတဲ့အထိ ကြောက်လန့်နေကာ မနေနိုင်တော့ဘဲ သူ့မျက်နှာကို လှမ်းပုတ်ပြီး ကျွန်တော့်ရင်ခွင်ထဲ သူ့ကို ဆွဲသွင်းလိုက်တယ်။
ထိုအချိန်မှာပဲ ကျွန်တော်က သူ့ကို တကယ်ကြီး အောင်အောင်မြင်မြင် ပွေ့ဖက်နိုင်ခဲ့တဲ့အပြင် ဆိုဖာပေါ်ကိုတောင် အသာလေးပြန်တင်ပေးထားပြီးပြီဆိုတာကို သိလိုက်ရတာကြောင့် အလန့်တကြား သတိပြန်ကပ်သွားတော့တယ်။
ကျွန်တော်က သေနှင့်ပြီးသားလေ အဲ့တာကို ဘယ်လိုလုပ်...
ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့ကို ထိလို့ရနေသေးတာလဲ?
ဒါကို ထင်ယောင်ထင်မှားဖြစ်နေတာလို့ ကျွန်တော်ထင်ခဲ့ပေမယ့် သူ့ကိုထိတွေ့နေတဲ့ ကျွန်တော့်လက်တွေကနေ သေချာတဲ့ အထိအတွေ့နဲ့ နွေးထွေးမှုကို ခံစားလို့ရနေတုန်းပဲ။
ကျွန်တော့်ကိုယ်ကျွန်တော် ထိတွေ့ကြည့်ဖို့ ကြိုးစားလိုက်တော့လည်း အသက်ရှိနေသေးတဲ့လူလိုမျိုး တကယ်ကြီး ထိတွေ့လို့ရနေသေးတယ်။
ဘာနွေးထွေးမှုမှမရှိပေမယ့် အနည်းဆုံးတော့ ထိတွေ့လို့ရနေတယ်။
နောက်ပြီး ကျွန်တော် ဆိုဖာကို ထိဖို့ကြိုးစားလိုက်တယ်၊ နောက်ပြီး လက်ဖက်ရည်စားပွဲ။ ကျွန်တော် နှစ်ခုစလုံးကို ထိလို့ရနေတယ်!
ဘယ်လို နတ်ဘုရား၊ သေခြင်းတရားရဲ့ နတ်မင်း ဒါမှမဟုတ် တခြားဘယ်သူကများ ကျွန်တော့်အပေါ် နောက်ထပ်နောက်ပြောင်မှုမျိုး လုပ်နေတာလဲဆိုတာ တကယ်မသိတော့ပေမယ့် အနည်းဆုံးတော့ အခုလိုအခိုက်အတန့်မှာတော့ သူတို့တွေကို သေချာပေါက် ရိုးသားမှုအပြည့်နဲ့ အလေးအနက် ကျေးဇူးတင်မိတယ်။
တကယ်တော့ လော့ယွီချန်ကို ကယ်ပေးဖို့က ဦးစားပေးပဲ။
ကျွန်တော် လှည့်ကာ ဆေးရုံရဲ့ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်လိုက်တယ်။ တဖက်က ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကို အမောတကော အော်ပြောမိတယ်။
ထို့နောက် တဖက်ခြမ်းက တာဝန်ကျသူနာပြုမလေးရဲ့ တုံ့ဆိုင်းဆိုင်းအသံချိုချိုလေး ထွက်ပေါ်လာတယ် "ဟယ်လို၊ အခုပြောနေတာ Sမြို့တော်ရဲ့ ဗဟိုဆေးရုံကပါ၊ အခုခေါ်နေတာ ဘယ်သူလဲဆိုတာ သိလို့ရနိုင်မလား?"
"ကျွန်တော်ပြောနေတာကို မကြားရဘူးလား?" ကျွန်တော့်အသံတွေ အက်ကွဲလောက်တဲ့အထိ ကျွန်တော် တော်တော်လေး အော်ဟစ်နေခဲ့တာဖြစ်တယ်။
"ဟယ်လို..."
ကျွန်တော် ဖုန်းကို မိန်းမောစွာ ကိုင်ထားမိတယ်။ ကျွန်တော် ဘာလုပ်သင့်လဲ၊ ဒီသက်ရှိလူသားက ကျွန်တော်ပြောသမျှ ဘာမှမကြားနိုင်ဘူး။
ထို့နောက် အပြင်မှာရှိတဲ့ တစ်စုံတစ်ယောက်ကို အကူအညီတောင်းဖို့ တွေးလိုက်ပေမယ့် တံခါးနားရောက်သွားချိန်မှာ ရုတ်ခြည်းဆိုသလို အင်အားအပြည့်စွမ်းအင်တစ်ခုက ကျွန်တော့်ကို ဆွဲကာ ရပ်တန့်စေတယ် _ စစချင်းတည်းက ကျွန်တော့်ရဲ့လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စွမ်းက လော့ယွီချန်ရဲ့အနားတစ်ဝိုက်မှာပဲ ကန့်သတ်ချက်ရှိတာဖြစ်ပြီး အဝေးကြီးကို သွားလို့မရနိုင်ဘူး။
ရလဒ်အနေနဲ့ ကျွန်တော့်အတွက် အရာဝတ္ထုတွေကို ထိတွေ့လို့ရတဲ့ အံ့အားသင့်ဖွယ်စွမ်းရည်ကို ရုတ်တရက်ရလိုက်ပေမယ့် အခြေအနေကတော့ အရင်လို စိုးရိမ်စရာကောင်းနေတုန်းပဲ။
ဆိုဖာပေါ်ကလူဆီက ညည်းသံတိုးတိုးလေး ထွက်လာပြီး သူ့ခန္ဓာကိုယ်က မနားတမ်း တုန်နေတယ်။
ကျွန်တော် လုပ်နိုင်တဲ့အရာက သူအစာအိမ်နာနေတဲ့အချိန်အတွင်း သူ့ကိုအမြဲတမ်း ကျွန်တော် ပြုစုနေကျ တူညီတဲ့နည်းလမ်းကို သုံးတာပဲရှိတော့တယ်။
ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့ မကြာမကြာ သုံးနေကျဆေးက အံဆွဲတွေထဲမှာ ရှိနေသေးတယ်။ ကျွန်တော် မီးဖိုချောင်ထဲ မြန်မြန်သွားကာ နွားနို့ကို အပူပေးလိုက်တယ်။ ထို့နောက် ဂျင်းအနည်းငယ် ချိုးယူပြီး သကြားညိုနဲ့အတူ ကျွန်တော် အရင်ကအမြဲလုပ်နေကျအတိုင်း ဆေးကို ရေထဲရောထည့်လိုက်တယ်။
ချိုမြမြရေနဲ့ နွားနို့ကို ကျွန်တော်ယူလာတဲ့အချိန်မှာ သူက နိုးသလိုလိုဖြစ်လာပေမယ့် နာကျင်မှုကြောင့် ကယောင်ကတမ်းဖြစ်နေတုန်းပဲ။
"အေးတယ်..." သူက အက်ရှရှအသံနဲ့ ပြောလာတယ်။
အခုချိန်မှာ ကျွန်တော်က အပူချိန်ကို ခံစားလို့မရပေမယ့် ကျွန်တော် မှတ်မိသလောက်တော့ ဆောင်းတွင်းမှာဆိုရင် ဒီအိမ်ထဲက အပူချိန်က နွေးနွေးလေးသာဖြစ်ပြီး အေးနေတာမျိုးမရှိဘူး။
ဖြစ်နိုင်တာက တအားနာကျင်နေတာကြောင့် အင်အားအများကြီးသုံးခဲ့ရတဲ့အတွက် အေးတယ်လို့ ခံစားရတာဖြစ်မယ်။
ကျွန်တော်က သူ့ကို တမြတ်တနိုး တန်ဖိုးထားနေသေးတာကြောင့် သူ့အတွက် ဘာနဲ့မှမတူအောင် ရင်တွေနာရတယ်။ ကျွန်တော့်ရဲ့ အကဲဖြတ်မှုက လစ်ဟင်းခဲ့တာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်သာ တိတ်တိတ်လေးအပြစ်တင်လိုက်ပြီး သူ့ကို ခြုံပေးဖို့အတွက် ဘေးနားက ပိုးသားစောင်ကို အလောတကြီး ဆွဲယူလိုက်တယ်။ ထို့နောက် သူ့ကို ကိုယ်တစ်ပိုင်း မတ်မတ်ထိုင်နိုင်အောင် ဂရုတစိုက် ထူမတ်ပေးပြီး ကျွန်တော့်ရင်ဘတ်ကို မှီခိုင်းထားလိုက်တယ်။
"လုပ်ပါ၊ မင်းရဲ့ဆေးကို သောက်ပြီးပြီဆိုရင် ထပ်ပြီးနာတော့မှာ မဟုတ်ဘူး"
သူက မိန်းမောနေပြီး ကျွန်တော့်ကို ဂရုမစိုက်နိုင်ဘဲ သူ့ဖာသာသူ ဆက်ပြီး တတွတ်တွတ်ပြောနေတယ် "ရှောင်ဟန်း ငါ အေးတယ်..."
အဲ့တာက ကျွန်တော့်နားထဲ တစ်စုံတစ်ခု ပေါက်ကွဲသွားသလိုတောင် ခံစားရစေတယ်။
သူ လုပ်လိုက်တာဆိုလို့ သတိမရတရဖြစ်နေတုန်းမှာ ကျွန်တော့်နာမည်ကို ခေါ်လိုက်တာသာရှိတယ်၊ အဲ့တာလေးပဲ။
ဒါပေမယ့် ထိုခဏမှာတင် ကျွန်တော် အလုံးစုံ အရှုံးပေးလိုက်မိတော့တယ်။
ကျွန်တော့်ရဲ့အတိတ်က နာကြည်းချက်တွေနဲ့ အများကြီးခက်ခဲခဲ့ရတဲ့ လက်လွတ်ပေးရမယ့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် _ အဲ့တာတွေအားလုံးက မျက်တောင်တစ်ခတ်အတွင်းမှာ လုံးဝပျက်ဆီးသွားတော့တယ်။
သူ့ကို ကျွန်တော့်လက်မောင်းတွေထဲမှာ တင်းနေအောင် ဖက်ထားလိုက်တယ်။ ကျွန်တော်က သူ့အတွက် နွေးထွေးမှုတစ်စိုးတစ်စိတောင် မပေးနိုင်မှန်း သိနေခဲ့ပေမယ့် ဒီလိုလုပ်လိုက်ရင် သူရောကျွန်တော်ပါ နည်းနည်းလောက်ဖြစ်ဖြစ် ပိုသက်သာလာမလားဆိုတဲ့စိတ်နဲ့ တတ်နိုင်သမျှ သူ့ကို တင်းနေအောင် ဖက်ထားမိဆဲပဲ။
"ရှောင်ဟန်း ရှောင်ဟန်း ငါ အေးနေတယ်..."
ကြည့်ရတာ ကျွန်တော့်ရဲ့တည်ရှိမှုကို သူ သတိပြုမိလာပုံပေါ်တယ်။ သူ့မျက်လုံးက အနည်းငယ်ပွင့်ဟလာပြီး မိန်းမောနေပေမယ့် ငွေရောင်အလင်းလေးတစ်ခု ရှိနေတုန်းပဲ။
အချိန်အကြာကြီး လမ်းပျောက်ခဲ့ရပြီး နောက်ဆုံးတော့ မိသားစုဝင်တစ်ယောက်နဲ့ ပြန်ဆုံခွင့်ရတဲ့ ကလေးငယ်လေးတစ်ယောက်လိုမျိုး သူက ရုတ်တရက် သဲကြီးမဲကြီး စတင်ငိုကြွေးလာတော့တယ်။
"ငါ သိပါတယ်၊ ငါ သိတယ်နော်" သူ နာကျင်နေတယ်ဆိုတာကို ကျွန်တော်သိတယ်။ သူ အေးနေတယ်ဆိုတာကို ကျွန်တော်သိတယ်။ ဒါကြောင့် သူ့ကို နှစ်သိမ့်ပေးရတယ် "နွားနို့လေး နည်းနည်းသောက်လိုက်ရင် တအားအေးနေတော့မှာ မဟုတ်ဘူး"
သူ တကယ်ပဲ သတိကပ်နေတာလား ဒါမှမဟုတ် သူက တအား,အားနည်းနေတာကြောင့် ညွှန်ကြားတဲ့အတိုင်း အလိုအလျောက် လိုက်လုပ်နေတာလားဆိုတာကိုတော့ ကျွန်တော် မသိပေမယ့် အဆုံးမှာ သူ့ကို ဆေးရော နွားနို့ပါ အောင်အောင်မြင်မြင် တိုက်နိုင်ခဲ့တယ်။
ကျွန်တော့်လက်က အေးနေတာကြောင့် သဘတ်ကို နွေးအောင်လုပ်ဖို့ ရေပူပူတချို့ကို သုံးခဲ့ရတယ်။ အဲ့တာကို သူ့အကျီအောက်က နာကျင်မှုခံစားနေရတဲ့နေရာပေါ် တင်ပေးပြီး အသာနှိပ်နယ်ပေးနေလိုက်တယ်။
သူကတော့ ကျွန်တော့်ကို မှီထားသေးတယ်။ ခဏအကြာမှာ သူ့မျက်ခုံးတွေက အရင်လိုမျိုး ခပ်တင်းတင်း ကျုံ့ထားတာမျိုး မရှိတော့ဘူး။
ကျွန်တော်က သဘတ်တွေလဲဖို့ ပြင်လိုက်ပေမယ့် သူက ကျွန်တော့်ကို ပြန်ဆွဲထားတယ်။
"ရှောင်ဟန်း မသွားပါနဲ့"
ကျွန်တော် ပြောလိုက်တယ် "မသွားပါဘူး"
ဒါပေမယ့် သူက 'မသွားပါနဲ့'ဆိုတာကိုပဲ ထပ်ခါတလဲလဲ ဆက်ပြောနေပြီး အသက်ရှုရခက်တဲ့အထိ ရှိုက်ငိုနေတော့တယ်။
ကျွန်တော့်နှလုံးသားက နာကျင်နေရပြီး မခံစားနိုင်တာကြောင့် သူ့ကို နောက်တစ်ကြိမ် ပွေ့ဖက်ပေးတာကိုသာ လုပ်လိုက်ရတယ်။
ကျွန်တော် သူ့ကို ပိုပြီးပွေ့ဖက်ရလေလေ လွှတ်ပေးဖို့ တွန့်ဆုတ်လေလေပဲ။ တကယ်တော့ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်နိုင်တဲ့ ခံစားချက်ကို ကျွန်တော် အမှန်တကယ်လွမ်းနေခဲ့တာပဲဖြစ်တယ်။ ကျွန်တော် တကယ် တကယ့်ကို လွမ်းနေခဲ့တာ။
အဲ့တော့မှသာ ကျွန်တော် သေသွားပြီး သူ့ကို နောက်ဘယ်တော့မှ ထပ်ပြီး ထိတွေ့လို့မရနိုင်ဘူးဆိုတာက သူ့ဘေးမှာ ကျွန်တော် ရှိနေတုန်း မလိုအပ်တဲ့လူဖြစ်နေရတာထက် ပိုပြီးဝမ်းနည်းစရာကောင်းတယ်ဆိုတာ သိလိုက်ရတယ်။
ကျွန်တော့်ခေါင်းကို သူ့လည်ပင်းထဲ မြှုပ်ထားပြီး ကျွန်တော့်ရဲ့ဝိဉာဉ်တစ်ခုလုံးက စူးရှနာကျင်မှုကို စတင်ခံစားလာရတယ်။
သူ အိပ်ပျော်သွားတဲ့အထိ စောင့်ပြီးတော့မှ ဂရုတစိုက် ထလိုက်ပြီး သူ့နှဖူးပေါ်က ဒဏ်ရာတွေကို ကုပေးဖို့ အသက်ကယ်အိတ်ကိုယူလိုက်တယ်။
သူ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ် လှိမ့်နေရတုန်းမှာ စားပွဲစောင်းတွေနဲ့ ဆောင့်မိခဲ့ပြီး အဲ့တာကိုတောင် သတိမမူမိခဲ့ဘူး။ ကံကောင်းချင်တော့ အမာရွတ်မကျန်လောက်ဘူး။
လုပ်ရင်းတန်းလန်းမှာ သူ ပြန်နိုးလာတာကြောင့် ဂျင်းပြုတ်ရည်ချိုချိုလေးကို ဆေးအနည်းငယ်ထည့်ပြီး သူ့ကိုတိုက်လိုက်တယ်။ ထို့နောက်မှာ အိပ်ရတာပိုပြီး တည်တည်ငြိမ်ငြိမ်ရှိသွားပုံပေါ်တယ်။
အိမ်မှာ ရှုပ်ယှက်ခတ်နေတာတွေ ကူရှင်းပေးလိုက်တယ်။ ပြီးသွားတဲ့နောက် အချိန်ကိုကြည့်လိုက်တော့ မနက်သုံးနာရီထိုးခါနီးတောင်ဖြစ်နေပြီဆိုတာ သိလိုက်ရတယ်။ အဲ့တာကြောင့် မီးဖိုချောင်ထဲဝင်ပြီး သူ့အတွက် ဆန်ပြုတ်တချို့ လုပ်ပေးလိုက်တယ်။
အဲ့တာက သူ့အတွက် မနက်စာဖြစ်တယ်။ သူသာ သေချာမစားဘူးဆိုရင် ထပ်ပြီး နာရမှာ။
ပြုတ်လို့ပြီးသွားတဲ့အခါ ဧည့်ခန်းထဲပြန်လာပြီး သူ့ကို စောင်ထပ်ခြုံပေးပြီးနောက် မျက်နှာချင်းဆိုင်မှာထိုင်ကာ သူ့ရဲ့အိပ်ပျော်နေတဲ့မျက်နှာကို ထိုင်ကြည့်နေလိုက်တယ်။
နောက်ဆုံးတော့ သူ့မျက်နှာက သေလုနီးပါးဖြူလျော်မနေတော့ဘဲ နှုတ်ခမ်းတွေကလည်း အရောင်လေးပြန်သမ်းလာတယ်။ ဖရိုဖရဲဖြစ်နေတဲ့ဆံပင်တွေကိုလည်း ကူပြီး ရှင်းပေးဖို့ လက်ဆန့်လိုက်တယ်။
တချို့ဆံပင်တွေက လုပ်ပေးထားတဲ့အတိုင်းမနေဘဲ သူ့မျက်နှာရှေ့ကို နောက်တစ်ကြိမ် ကျလာပြန်တယ်။ ကျွန်တော် ပြုံးလိုက်ပြီး လက်ကို နောက်တစ်ကြိမ် ဆန့်လိုက်ပြန်တယ်။
အဲ့လိုလုပ်တုန်းမှာတင် ကျွန်တော် နောက်ထပ် လုပ်လို့မရတော့ဘူးဆိုတာ သိလိုက်ရတယ်။
ချက်ချင်းဆိုသလို ကျွန်တော့်မျက်နှာပေါ်က အပြုံးကို ဆက်ပြီးထိန်းသိမ်းထားလို့ မရနိုင်တော့ဘူး။
ကျွန်တော့်ကိုယ်ကျွန်တော် ထိဖို့ကြိုးစားလိုက်ပေမယ့် ဘာမှ မခံစားမိတော့ဘူး။
အရာဝတ္ထုတွေကို ထိတွေ့လို့ရတဲ့ ရှင်းမပြနိုင်တဲ့စွမ်းရည်ကို ရခဲ့ပြီး အခုတော့လည်း နောက်တစ်ကြိမ် တူညီတဲ့အရာဝတ္ထုတွေကို လုံးဝထိတွေ့လို့မရ ပြန်ဖြစ်သွားပြန်တယ်။
_____
Thanks 🌹