မင်းသဘောပါ မောင့်သက်လျာ [ Com...
By Alliyar_Wang
3.4M 211K 13.9K
[Own Creation] BL/Male pregnancy Uke weak and look like girl 💟 More
အမှာစာနှင့် မိတ်ဆက် ( အမှာစာနှင့် မိတ်ဆက် )
- 1 - [ Unicode ]
- 1 - [ Zawgyi ]
- 2 - [ Unicode ]
- 2 - [ Zawgyi ]
- 3 - [ Unicode ]
- 3 - [ Zawgyi ]
- 4 - [ Unicode ]
- 4 - [ Zawgyi ]
- 5 - [ Unicode ]
- 5 - [ Zawgyi ]
- 6 - [ Unicode ]
- 6 - [ Zawgyi ]
- 7 - [ Unicode ]
- 7 - [ Zawgyi ]
- 8 - [ Unicode ]
- 8 - [ Zawgyi ]
- 9 - [ Unicode ]
- 9 - [ Zawgyi ]
- 10 - [ Unicode ]
- 10 - [ Zawgyi ]
- 11 - [ Unicode ]
- 11 - [ Zawgyi ]
- 12 - [ Unicode ]
- 12 - [ Zawgyi ]
- 13 - [ Unicode ]
- 13 - [ Zawgyi ]
- 14 - [ Unicode ]
- 14 - [ Zawgyi ]
- 15 - [ Unicode ]
- 15 - [ Zawgyi ]
- 16 - [ Unicode ]
- 16 - [ Zawgyi ]
Attention🍀
- 17 - [ Unicode ]
- 17 - [ Zawgyi ]
- 18 - [ Unicode ]
- 18 - [ Zawgyi ]
- 19 - [ Unicode ]
- 19 - [ Zawgyi ]
- 20 - [ Unicode ]
- 20 - [ Zawgyi ]
- 21 - [ Unicode ]
- 21 - [ Zawgyi ]
- 22 - [ Unicode ]
- 22 - [ Zawgyi ]
- 23 - [ Unicode ]
- 23 - [ Zawgyi ]
- 24 - [ Unicode ]
- 24 - [ Zawgyi ]
- 25 - [ Unicode ]
- 25 - [ Zawgyi ]
- 26 - [ Unicode ]
- 26 - [ Zawgyi ]
- 27 - ⚠︎ [ Unicode ]
- 27 - ⚠︎ [ Zawgyi ]
- 28 - [ Unicode ]
- 28 - [ Zawgyi ]
- 29 - [ Unicode ]
- 29 - [ Zawgyi ]
- 30 - [ Unicode ]
- 30 - [ Zawgyi ]
- 31 - [ Unicode ]
- 31 - [ Zawgyi ]
- 32 - [ Unicode ]
- 32 - [ Zawgyi ]
- 33 - [ Unicode ]
- 33 - [ Zawgyi ]
- 34 - [ Unicode ]
- 34 - [ Zawgyi ]
- 35 - [ Unicode ]
- 35 - [ Zawgyi ]
- 36 - [ Unicode ]
- 36 - [ Zawgyi ]
- 37 - [ Unicode ]
- 37 - [ Zawgyi ]
- 38 - [ Zawgyi ]
- 39 - ⚠︎ [ Unicode ]
- 39 - ⚠︎ [ Zawgyi ]
- 40 - [ Unicode ]
- 40 - [ Zawgyi ]
- 41 - [ Unicode ]
- 41 - [ Zawgyi ]
- 42 - Finale [ Unicode ]
- 42 - Finale [ Zawgyi ]
Thanks for my readers 💚
Extra [ U /Z ]
Extra [ Thet Hyla's birthday ]
Hey ><
About Physical Book❗
Book Order ❗
new fic
- 38 - [ Unicode ]
54.6K 3.8K 389
By Alliyar_Wang
(Uni)
၄ နှစ်အကြာမရောက်တာကြာပြီဖြစ်တဲ့ 'မင်းမျိုးနွယ်စံအိမ်'ဟာသက်လျာရှိစဥ်ကလောက် မစိုပြေတော့။ခြံထဲကပန်းပင်တွေနဲ့မြက်ခင်းစိမ်းစိမ်းလေးတွေကတော့အရင်အတိုင်းလိုပင်။သက်လျာတစ်ယောက်အိမ်ကြီးကိုကြည့်ရင်းစိတ်တွေပိုလေးလံရသည်။ခြံထဲမှာခြံစောင့်လဲမတွေ့မိသလို အိမ်ကြီးကလဲခြောက်ကပ်ကပ်။
မောင့်ဖေဖေနဲ့ဘဘကြီးကိုမျက်နှာချင်းဆိုင်ရဲသော်ငြား မောင့်မေမေတော့မပါ။သူတို့ကိုအထင်သေးမယ့်အကြည့်တွေ၊မတူမတန်ဆက်ဆံပုံတွေကို သူကခံရပြီးပြီမို့သူ့သားကိုဒါမျိုးအဖြစ်မခံချင်တော့။ခပ်ကင်းကင်းနေမည်ဟုတွေးထားသမျှမောင့်မျက်နှာကရှိသေးသည်မဟုတ်လား။ဒါကြောင့်လဲစိတ်ကိုတင်းကာဒီအိမ်ကြီးဆီသို့တစ်ခေါက်ပြန်လာခဲ့ခြင်းပင်။ အခြေအနေအားလုံးဟာမောင့်အပေါ်မှာမူတည်သည်။အဆုံးထိသူ့ရဲ့လက်ကိုဆွဲထားမည်ဆိုတဲ့မောင့်စကားကြောင့် ဘာကိုမှမတွေးတော့ဘဲသူဒီအိမ်ကိုခြေချခဲ့တာ။
"သက်လျာ"
"ဟင်"
"ဘာတွေတွေးနေတာလဲ "
အိမ်ထဲမဝင်ခင် ခြံထဲမှာခဏရပ်နေရင်းဖြင့်တွေဝေနေ သောချစ်ရသူအား သဘောမေးလိုက်တော့ ပြန်မဖြေပါဘဲသက်ပြင်းတစ်ကြိမ်သာချသည်။
"မောင့်ကိုကြည့်"
"ဘာမှစိတ်မပူပါနဲ့ ဘာတွေဘဲဖြစ်လာလာ မောင်ခင်ဗျားဘက်မှာအမြဲတမ်းရှိနေပေးမှာ"
"...."
"​အခုတွဲထားတဲ့သက်လျာရဲ့လက်တစ်စုံကိုမောင်ကဘယ်တော့မှမလွှတ်ဘူးဆို​တာသိထား"
သက်လျာရဲ့လက်ကိုတွဲကာပြောလာသောမောင့်ကြောင့်ခပ်ရေးရေးလေးပြုံးလိုက်သည်။စိတ်ထဲမှာတော့ စိုးရိမ်မှုတွေကမသေသေး။
"ဒယ်ဒီ.."
"ဗျာ"
လက်မောင်းပေါ်မှာချီထားတဲ့အိုအို့ကအိမ်ကြီးကိုကြည့်ကာသဘောကိုတစ်ခုခုမေးချင်နေတဲ့ပုံစံပင်။
"အထဲမှာသားဖိုးဖိုးနဲ့ဘွားဘွားရှိတယ် အမိန့်"
"ဟုတ်ရား ပါပါး"
သက်လျာခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ကလေးငယ်ကရယ်သည်။
"ဒယ်ဒီ အနိမ့်အောက်ဆင်းချင်ရယ်"
"ဟုတ်ပါပြီဗျာ"
သူ့စိတ်ကြိုက်အောက်ကိုချပေးတော့ အမိန့်ကလုံးလုံးလုံးလုံးဖြင့်အိမ်ထဲသို့အမြန်ပြေးဝင်သွားသည်မှာယုန်ထက်မြန်သည်။
"ဟေ ကလေးလေး "
"ဘိုးဘိုးရီး"
စီးထားတဲ့Shoeဖိနပ်လေးကိုအိမ်ပေါက်ဝ၌အစီအရီချွတ်ခဲ့ကာ အိမ်ထဲကဦးမင်းအာဏာဆီသို့အပြေးခုန်တတ်သွားတဲ့ကလေးငယ်။
"ဟေ့ မင်းကဘယ်သူလဲ"
"အနိမ့်လေ နင်းအနိမ့်"
"ဘယ်သူရောက်နေတာလဲ အာဏာ"
"ဒီမှာလေ ကလေးလေးတစ်ယောက်"
ဦးမင်းမျိုးနွယ်တစ်ယောက်အိမ်ပေါ်ထပ်ကနေဆင်းလာရင်း ကလေးတစ်ယောက်ကိုတွေ့တာမို့ဘယ်သူလဲသိချင်​နေသည့်ဟန်။ထိုကလေးကိုမြင်လိုက်တော့ သူ့မြေးသဘောငယ်ငယ်ကနဲ့သိပ်တူတာမို့ပိုအံ့သြရပြန်သည်။
"အာဏာ ဒီကလေးက သဘောငယ်ငယ်ကနဲ့မတူဘူးလား"
"ဟုတ်ပါရဲ့ အဖေပြောမှကျွန်တော်သိတယ် "
"သားလေး မင်းမိဘတွေဘယ်မှာတုန်းဒီကိုဘယ်လိုရောက်လာတာလဲ"
"ဒယ်ဒီနဲ့လာရာ"
"ဟေ"
ပြောရင်းဆိုရင်းဖြင့်အိမ်ရှေ့ကိုအကြည့်ရောက်မိတော့ မြေးလုပ်သူနဲ့ဘေးမှာအမျိုးသားငယ်တစ်ယောက်ပင်။ထိုလူနှစ်ယောက်ဟာတဖြည်းဖြည်းအိမ်ထဲသို့ဝင်လာတာမို့ ဦးမင်းမျိုးနွယ်မျက်မှန်တပ်ကာစိုက်ကြည့်လိုက်သည်။အသက်အရွယ်အရမျက်လုံးမကောင်းတာမို့အဝေးကိုမမြင်ရပေမဲ့အနီးကပ်ကြည့်ရင်တော့သေချာမြင်ရသည်။
"ဘဘကြီး"
"သက်လျာလား"
"ဟုတ်တယ်လေ ဘဘကြီးရဲ့ သက်လျာလေ မမှတ်မိဘူးလား"
တွဲထားတဲ့မောင့်လက်ကိုအသာဖြုတ်ပြီး ဘဘကြီးဆီအပြေးသွားလိုက်တော့ဝမ်းသာအားရဖြင့်သူ့ကိုထွေးပွေ့သည့်မောင့်အဘိုးကအရင်အတိုင်းပင်။
"ဘယ်ပျောက်နေတာလဲသက်လျာရယ်"
"အဲ့ဒါက..."
"ကျွန်တော်နောက်မှအေးအေးဆေးဆေးပြောပြမယ်အဘိုးနဲ့အဖေတို့ကို"
သဘောပြောလိုက်တော့ ဦးမင်းမျိုးနွယ်နဲ့ဦးမင်းအာဏာကခေါင်းတစ်ငြိမ့်ငြိမ့်နဲ့သာ။
"အကုန်လုံးကိုအခုလို ကျန်းကျန်းမာမာနဲ့တွေ့ရလို့သက်လျာဝမ်းသာပါတယ်"
ပြောသာပြောနေရတာသက်လျာတစ်ယောက် ဒေါ်ဆုဆုလွင်၏အရိပ်အယောင်ကိုတစ်ချက်ကလေးမှမတွေ့။
စကားဝိုင်းဟာလဲသက်လျာနဲ့သဘောတို့ရဲ့ဟိုအတိတ်အကြောင်းကိုရောက်လို့နေပြီဖြစ်သည်။
"ဒါဆိုဒီကလေးက ငါတို့မြေးပေါ့"
"ဟုတ်ပါတယ် ဦးလေး"
'တီ..တီ...'
ကားဟွန်းသံကျယ်ကျယ်ကအိမ်ရှေ့ခြံဝကလာနေတာဖြစ်ပြီး အလုပ်သမားတန်းလျားနားကကောင်လေးတစ်ယောက်တံခါးသွားဖွင့်ပေးတာကိုသက်လျာတွေ့လိုက်သည်။မကြာလိုက်ပါ တန်ဖိုးကြီးကားတစ်စီးကအိမ်ထဲကိုဝင်လာကာ ကားပေါ်မှဆင်းလာသူကတော့ဒေါ်ဆုဆုလွင်။
"သားပြန်ရောက်နေတာများလား"
ရှေ့ဆင့်နောက်ဆင့်ရပ်ထားတဲ့BMWကားကိုကြည့်ပြီးဒေါ်ဆုဆုလွင်ခပ်ရေးရေးပြုံးလိုက်သည်။အရင်နေ့တွေကအိမ်မကပ်လို့သူဘယ်လောက်စိတ်ပူနေရသလဲ။အလျင်အမြန်ပင်အိမ်ထဲကိုဝင်လိုက်တော့ဧည့်ခန်းနေရာမှာ လူစုံလို့နေ​တာကိုသတိထားမိသွားသည်။
"ဆုရေ လာလေ"
"အဖေ သားပြန်လာတယ်မလား"
"သားတင်မဟုတ်ဘူး သက်လျာလဲပါတယ်"
ဦးမင်းမျိုးနွယ်ပြောမှ ဒေါ်ဆုဆုလွင်သေချာကြည့်လိုက်တော့ အဖေ့ဘေးမှာထိုင်နေတဲ့သက်လျာဆိုတဲ့ကောင်လေး။ဆံပင်တွေကအရင်လိုအရှည်တွေမဟုတ်တော့ဘဲ ယောကျ်ားလေးလိုကေလေးဖြင့်သာ။ဒါ့အပြင်ပုဆိုးနှင့်အကျီနဲ့ဆိုတော့ဖြူဖြူဖွေးဖွေးအသားအရည်ဖြင့် မျက်လုံးထဲတစ်မျိုးတော့ကြည့်ကောင်းသည်။
"ဘွားဘွားရီး"
ထမိန်စလေးကိုဆွဲကာသူ့ကိုအဘွားဟုခေါ်နေတဲ့ကလေးငယ်လေးအားငုံ့ကြည့်လိုက်တော့ ထိုကလေးငယ်က သဘောနဲ့တစ်ရုပ်ထည်းလားပင်အောက်မေ့ရသည်။
"ဒီကလေးကဘယ်သူလဲ"
"ကျွန်တော့်သား"
နောက်ထံပါးမှထွက်လာတဲ့သားဖြစ်သူရဲ့အသံက သိပ်ကိုမာကြောလွန်းသည်။
"သဘော မင်းဘာတွေပြောနေတာလဲ"
နားမလည်တဲ့သူကမေးနေမှတော့ သဘောကလည်းအကြောင်းစုံကိုရှင်းပြလိုက်၏။လွန်ခဲ့တဲ့သုံးနှစ်ကအကြောင်းတွေကိုပြန်ပြောနေစဥ်ခိုက်မှာသားဆီမှ မာမီ့ကြောင့် မာမီ့ကြောင့်ဆိုတဲ့စကားတွေကထပ်တလဲလဲပါနေတာမို့ သူမျက်ရည်တွေဝဲမိပြန်​သည်။သားပြောတာလဲဟုတ်သည်လေ သူ့အတ္တတွေကိုအရေးမထားဘဲ သားဆန္ဒကိုသာအလေးပေးခဲ့ရင် ဒီလိုတွေဖြစ်လာစရာမရှိဘူး။သူမရဲ့ချစ်ရတဲ့သားကလဲ အခုလိုစိမ်းကားသွားမှာမဟုတ်ဘူး။
"ကျွန်တော်နဲ့သက်လျာကိုထပ်ပြီးတော့ဝေးအောင်မလုပ်ပါနဲ့တော့ !"
"မောင်.."
မျက်ရည်စတွေရစ်နေတဲ့မောင်ကဒေါသထွက်နေမှန်းသက်လျာသိသည်။မျက်နှာတစ်ခုလုံးနီရဲနေသလိုသွေးကြောစိမ်းစိမ်းတွေကလဲထောင်လို့။ မောင့်လက်ဖဝါးကိုတဖြည်းဖြည်းချင်းဆုပ်ကိုင်ထားတော့ မောင်ကသူ့ကိုပြန်ကြည့်သည်။ဦးမင်းမျိုးနွယ်နဲ့ဦးမင်းအာဏာကတော့ ဘာမှဝင်မပြောကြ။
"အပေါ်ထပ်ကိုခဏတတ်ခဲ့ သဘော"
ဒေါ်ဆုဆုလွင်ကထိုသို့ပြောကာအိမ်ပေါ်ထပ်ပြေးတတ်သွားတာမို့သက်လျာနည်းနည်းတော့စိတ်ပူပါသည်။အမေဆိုတော့လဲတစ်ဦးထည်းသောသားကိုချစ်မှာပေါ့။ချစ်စိတ်ကြောင့်ဘဲအခုလိုအတ္တကြီးခဲ့တာကို သက်လျာနားလည်သည်။သို့သော်ခံစားခဲ့ရတာသူက သူတို့ဘဲလေ။
သဘောတစ်ယောက်သက်လျာကိုခဏထားခဲ့ကာ အမေဖြစ်သူနောက်ကိုလိုက်သွားလိုက်သည်။အောက်ထပ်မှာတော့ဦးမင်းမျိုးနွယ်ကသက်လျာကိုမစိုးရိမ်ဖို့ဖြောင့်ဖျပေးနေသည်။ဘာမှမသိတဲ့အမိန့်လေးကတော့ သူ့ပါပါးကိုကြည့်ရင်းငြိမ်ငြိမ်လေးသာထိုင်နေရှာသည်။
.
.
.
.
.
ဝရံတာဒေါင့်နားတစ်နေရာမှာမျက်ရည်စတွေကိုတစ်သျှူးဖြင့်သုတ်ရင်း ဒေါ်ဆုဆုလွင်ကကောင်းကင်ကြီးကိုမော့ကြည့်နေချိန်
"မာမီ ဘာပြောစရာရှိလို့လဲ "
"သက်လျာဆိုတဲ့ကောင်လေးကိုမင်းတကယ်ချစ်တာလား"
"ချစ်တယ်ဆိုတာထက်ပိုတဲ့ခံစားချက်တစ်ခုပေါ့မာမီ အကယ်၍သူသာမရှိရင်ကျွန်တော်ဆိုတဲ့ကောင်လဲ ဒီလောကကြီးထဲမှာ မရှင်သန်ချင်တဲ့အထိဘဲ"
"မာမီ့ကိုအခုထိစိတ်ဆိုးနေတုန်းဘဲလား သား"
"စိတ်ဆိုးတယ်ဆိုတာထက် စိတ်မကောင်းဖြစ်တာမာမီ သားတစ်ယောက်အပေါ်နားလည်မပေးနိုင်တဲ့မာမီ့ကြောင့်စိတ်မကောင်းဖြစ်တာ ကျွန်တော့်ဖြစ်တည်မှုကိုလက်မခံနိုင်ဘဲ တစ်ဖက်သားဘဝကိုဒုက္ခရောက်အောင်လုပ်တာကသိပ်ကိုဆိုးတယ်မာမီ"
စကားလုံးကိုများစွာပြောနေသော်ငြားဒေါ်ဆုဆုလွင်ကတော့ အဝေးတစ်နေရာကိုသာငေးရင်းမျက်ရည်တွေကတော့ကျဆင်းလို့မပြတ်။
"အခုဆိုကျွန်တော့်မှာ အိမ်ထောင်ဖက်ရော ကလေးပါရှိနေပြီမာမီ ဒါကိုမာမီတို့လက်မခံလဲ ကျွန်တော်ကဂရုစိုက်နေမှာမဟုတ်ဘူး အဓိကကကျွန်တော့်မိသားစုပျော်ရွင်ဖို့ဘဲ"
ထိုသို့ပြောပြီးနောက် သဘောကလှည့်ထွက်မည်အပြု
"သဘော သား"
ဒေါ်ဆုဆုလွင်ရဲ့ခေါ်သံကြောင့်ရှေ့ကိုလှမ်းမယ့်ခြေလှမ်းတွေကတွန့်ဆုတ်သွားခဲ့သည်။
"မာမီသားတို့ကိုလက်ခံပါတယ်"
အံ့သြဟန်မပြဘဲ နောက်သို့ပြန်လှည့်ကာ ငိုနေတဲ့အမေဖြစ်သူကိုပွေ့ဖက်လိုက်ရင်း...
"ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ကိုလက်ခံပေးတဲ့အတွက် "
"မာမီ့ကိုခွင့်လွှတ်ပေးပါ"
"သက်လျာကိုတောင်းဆိုရမယ်ထင်တယ်မာမီ"
စကားလမ်းကြောင်းမှာထိုနေရာမှာတင်ရပ်သွားပြီးနောက် သားအမိနှစ်ယောက်အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။ဧည့်ခန်းထဲမှာ ဦးမင်းအာဏာနဲ့အတူအမိန့်လေးကမုန့်တွေစားနေတာပင်။ဘေးမှာတော့သက်လျာနဲ့ဦးမင်းမျိုးနွယ်က မြေးအဖိုးနှစ်ယောက်အားကြည့်ကာမျက်နှာတွေမှာအပြုံးတွေဝေလို့။
"သက်လျာ"
"ဟုတ်ကဲ့ အန်တီဆု"
"ဒီကိုလာပါဦး"
ခေါ်နေသည့်သူအနားသို့သွားလိုက်တော့...
"ဒီပွဲမှာမင်းနိုင်ပါတယ် သက်လျာ ငါ့သားရဲ့နှလုံးသားကိုရော ငါ့ရဲ့အတ္တတွေကိုပါမင်းအချစ်ကအနိုင်ရခဲ့တယ် ဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးအတွက်တောင်းပန်ပါတယ် ဒီနှစ်တွေထဲအတော်ပင်ပန်းခဲ့ရမှာဘဲ"
"အများကြီးပေါ့အန်တီရယ် ဒါပေမယ့်သက်လျာအန်တီဆုကိုဗွေမယူပါဘူး မိခင်တစ်ယောက်အနေနဲ့သားသမီးအပေါ်ချစ်စိတ်ကြောင့်လုပ်မိတာဘဲဥစ္စာ သက်လျာနားလည်ပါတယ်"
"မင်းသိလား ငါ့သားကမင်းကိုအရမ်းချစ်တာ မင်းမရှိတဲ့အချိန်တွေမှာသားကအရူးတစ်ယောက်လိုဘဲခံစားနေရရှာတာ မင်းအနောက်ကိုလိုက်ရင်းနဲ့Accidentဖြစ်တုန်းကဆို တစ်ချိန်လုံးသက်လျာဆိုတဲ့နာမည်ကိုပါးစပ်ဖျားကမချဘူး"
သက်လျာလက်ကိုဆုပ်ကိုင်ကာပြောနေတဲ့သူကြောင့် ဘေးနားကမောင့်ကိုကြည့်မိလိုက်သည်။ဒီကိစ္စတွေမှာမောင့်မေမေရဲ့အတ္တတွေကြောင့်သူတို့နှစ်ယောက်လုံးပင်ပန်းခဲ့ရပြီ။
"ပြဿနာတွေအကုန်လုံးက အန်တီ့ကြောင့်ဖြစ်ခဲ့တာမို့ တောင်းပန်ပါတယ် "
"မလိုပါဘူးအန်တီဆုရယ် သက်လျာကအစကတည်းကခွင့်လွှတ်ပြီးသားပါ မငိုပါနဲ့"
"ဘွားဘွားရီး ရော့ "
သက်လျာတို့အနားသို့ရောက်လာတဲ့ကလေးငယ်က ဒေါ်ဆုဆုလွင်ကိုသူ့လက်ထဲကတစ်သျှူးလေးကိုပေးကာမျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်ကြည့်နေသည်။
"ဘွားရီး ငိုနဲ့လေ မလှဘဲရေမယ် တိတ်တိတ်"
"ဟေ"
မျက်နှာဝိုင်းဝိုင်းလေးဖြင့်ချစ်စရာကောင်းတဲ့သူ့မြေးကိုဒေါ်ဆုဆုလွင်အသဲယားနေတာအမှန်။
"အတတ်ကလေးက ချစ်စရာကောင်းလိုက်တာ နာမည်ဘယ်လိုခေါ်လဲမြေး"
"နင်းအနိမ့်ပါခင်ဂျာ"
ပလီကလာပီကလာဖြင့်ပြောနေတဲ့ကလေးငယ်ရဲ့စကားကိုဒေါ်ဆုဆုလွင်နားမလည်ဟန်ပြတာမို့သဘောကနေပြီး...
"မင်းအမိန့်လို့ပြောတာ မာမီ"
"ဆုရေ မင်းသားကတော့နာမည်ပေးတတ်ပါ့"
"ဘာလို့လဲ ကိုရဲ့"
"မျိုးရိုးနာမည်ပါအောင် နာမည်မှဲ့ပေးတတ်တယ်"
ယောက်ျားဖြစ်သူပြောမှတစ်ချက်စဥ်းစားမိသည်။မင်းမျိုးနွယ်၊မင်းအာဏာ၊မင်းသဘော၊မင်းအမိန့်။သားစဥ်မြေးဆက်နာမည်တွေက မင်းအမျိုးအနွယ်တွေပါနေတာဘဲ။
"ဟုတ်ပ ကိုပြောမှဘဲသိတော့တယ်"
"ငါ့မြစ်လေးကို ငါ့ဆီခဏခေါ်လာကြပါဦး"
အချစ်ခံလေး သဘောပေါက်စကအဘိုးအဘွားတွေကြားမှာအဖိုးတန်ရတနာလေးတစ်ခုလို။
"အမိန့် ဘိုးဘိုးကြီးခေါ်နေတယ်သွားလိုက်ဦး"
"လာပါပြီခင်ဂျာ"
"ဟားဟား ချစ်စရာလေးပါလားကွ"
အားလုံးရဲ့မျက်နှာမှာအပြုံးတွေသာထင်ဟပ်နေပြီး သက်လျာတို့နှစ်ယောက်ရဲ့အခက်အခဲတွေဟာလဲအဆင်ပြေပြေဖြင့်ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။တစ်ယောက်လက်ကိုတစ်ယောက်မလွှတ်တမ်းဆုပ်ကိုင်ထားကာ မြေးအဘိုးအဘွားတွေရဲ့ပျော်ရွင်ကြည်နူးဖွယ်ကောင်းတဲ့ပုံရိပ်ကိုငေးကြည့်နေရင်း ပီတိဖြာနေမိတာအမှန်။
စကားစမြည်ခဏပြောပြီးနောက် ညနေလည်းစောင်းတော့မှာမို့သက်လျာတို့အိမ်ပြန်ဖို့ပြင်လိုက်သည်။အမိန့်လေးကိုတစ်ညလောက်ဒီမှာထားခဲ့ဟုဆိုလာတဲ့ဘဘကြီးရဲ့စကားကြောင့် တစ်ရက်တော့ဒီမှာဘဲသိပ်လိုက်တော့မည်။အိုအို့ကလဲ အဘိုးအဘွားတွေအလိုလိုက်တာကြောင့်အရမ်းပျော်နေတယ်ထင်ပါရဲ့။
"သက်လျာအမေဆီမောင်တို့သွားကြမယ်လေ"
"နောက်ရက်ကျသွားမယ်မောင် အမိန့်ကိုပါခေါ်သွားမယ် အခုတော့ငါနားချင်ပြီ"
"အင်းပါ ဒါဆိုမောင်ဖြေးဖြေးဘဲမောင်းပေးမယ်နော် သက်လျာအိပ်နှင့် အိမ်ရောက်ရင်နှိုးမယ်"
"အင်း"
နှဖူးပြင်ပေါ်သို့အနမ်းတစ်ပွင့်ခြွေရင်း Lover seatကိုအောက်နည်းနည်းလျှောကာသက်လျာမှေးရတာအဆင်ပြေအောင်လုပ်ပေးလိုက်သည်။ခါးပတ်လဲပတ်ပေးထားတဲ့အပြင် Airconလဲဖွင့်ထားတော့အဆင်ပြေမယ်ထင်သည်။မကြာလိုက်ပါ အိပ်ပုတ်ကြီးတဲ့ကောင်လေးကတစ်ခဏအတွင်းမှာပင် အသက်ရှူမှန်မှန်ဖြင့်အိပ်ပျော်သွားပြီဖြစ်သည်။
- တစ်နာရီလောက်ကြာသော် -
"သက်လျာ မောင့်သက်လျာ"
"ဟင် အင်း.. မောင် "
အိပ်ချင်မူးတူးဖြစ်နေတဲ့သူကမျက်လုံးနှစ်ဖက်ကိုအားရပါးရပွတ်နေတာမို့သဘောမှာအမြန်တားယူရသည်။
"အရမ်းမပွတ်ရဘူးလေ ခင်ဗျားရယ် မျက်လုံးတွေနာမယ် ရှေ့ကိုတိုးမောင်လုပ်ပေးမယ်"
မျက်နှာလေးကိုရှေ့တိုးလာသူအား လက်ကိုင်ပုဝါလေးဖြင့်ဖွဖွလေးလုပ်ပေးတော့ငြိမ်နေရှာသည်။အဖုအထစ်ကင်းစင်ကာ ချောမွတ်ဖြူစင်းတဲ့မျက်နှာအသားအရည်ကမိန်းကလေးပင်ရှုံးလောက်သည်။
"မောင် ဒါငါ့အိမ်မှမဟုတ်ဘဲ ဒါဘယ်သူ့အိမ်လဲ"
"​ မောင်တို့မိသားစုအိမ်လေးလေ "
"မောင်..."
"ဒီအိမ်ကြီးမှာမောင်ရယ် ခင်ဗျားရယ် သားရယ် သုံးယောက်အတူတူပျော်ပျော်ရွင်ရွင်နေကြမယ်သက်လျာ"
မောင့်စကားကြောင့်သက်လျာပီတိဖြစ်ကာမျက်ရည်တွေတောင်ဝဲတဲ့အထိ။ဒီလိုမိသားစုဘဝလေးကိုသူ့ဘဝမှမရနိုင်တော့ဘူးထင်ခဲ့တာ။အိမ်အပြင်ဘက်ကိုတစ်ချက်ကြည့်လိုက်တော့သူတို့သုံးယောက်နေဖို့အတွက်ဆိုသိပ်ကိုကြီးသည်။
"မောင်တို့အထဲဝင်ကြမယ်"
"အ့.."
"ဘာဖြစ်တာလဲသက်လျာ"
အလောတကြီးဖြင့်မေးလာသူကိုသက်လျာပြန်မဖြေနိုင်ကားတံခါးကိုဖွင့်ကာအောက်ကိုဆင်းတဲ့အချိန်ခြေခေါက်ကျသွားတာမို့ ခြေထောက်ကအရမ်းကိုနာသည်။
"မောင်လာဖွင့်ပေးမှာပေါ့ခင်ဗျားရာ အရမ်းနာသွားလား"
"နာတယ်"
"လမ်းမလျှောက်နဲ့ မောင်ချီသွားမယ်"
ပြောပြောဆိုဆိုနှင့်ပင်သက်လျာကိုယ်လုံးလေးကိုပွေ့ကာ အိမ်ထဲသို့ခေါ်သွားပါသောမောင်။ကြွက်သားအပြည့်ဖြင့်တောင့်တင်းသန်မာလှတဲ့မောင့်ရဲ့လက်မောင်းတွေပေါ်မှာသက်လျာကိုယ်လုံးသေးသေးလေးကကပ်တွယ်နေပုံမှာကြည်နူးစရာ။
"ခဏထိုင်ဦး မောင်ဆေးလိမ်းပေးမယ်"
စိုးရိမ်နေတဲ့မောင့်ပုံစံကဟန်ဆောင်နေတဲ့အရိပ်အယောင်တစ်စက်ကလေးမှမပေါ်။ဧည့်ခန်းထဲကဆိုဖာခုံပေါ်မှာခဏထိုင်ခိုင်းထားပြီးနော် လိမ်းဆေးဘူးလေးကိုယူကာသူ့ခြေကျင်းဝတ်နားကိုအသေအချာလိမ်းပေးနေတဲ့မောင့်ကိုကြည့်ပြီးပြုံးလိုက်မိသည်။
"မောင် ငါငရဲကြီးနေပါဦးမယ်"
"ဘာဆိုင်လဲ မောင်ကအငယ်လေ"
"ဟိုငါပြောတာက.."
"စကားမများနဲ့ ငြိမ်ငြိမ်နေ"
ဆေးကိုအသားထဲစိမ့်ဝင်အောင်သေချာလိမ်းကာ ပတ်တီးဖြူကိုသေချာစည်းပေးပြီးနောက် သဘောက...
"မောင့်သက်လျာအမြန်ဆုံးသက်သာပါစေ"
ခြေချင်းဝတ်လေးကိုအနမ်းတစ်ပွင့်ခြွေကာပြောနေတဲ့မောင့်လည်တိုင်တွေကိုသက်လျာပြေးဖက်လိုက်သည်။ဒီလူသားကသူ့ကိုချစ်မဝဖြစ်အောင်ပြုစားနေတာဘဲ။
"ဟောဗျာ ဘာဖြစ်ပြန်ပြီလဲ "
"ဒီလူဆိုးကောင်ကိုချစ်လို့"
"မောင်ကအများကြီးပိုချစ်တယ်ဆိုတာသိထားသက်လျာ "
"မောင်"
"အင်း"
"ဗိုက်ဆာတယ်"
"မောင်တစ်ခုခုလုပ်ပေးမယ် ပြန်မအိပ်တော့နဲ့ ညနေစောင်းနေပြီဖျားမယ်"
"အင်းပါ "
မိနစ်အနည်းငယ်လောက်ကြာတော့ ခေါက်ဆွဲပြုတ်ပန်းကန်နဲ့အတူရေနဲ့ဆေးပါအဆင့်သင့် သူ့ရှေ့သို့ရော​က်လို့လာတာဖြစ်သည်။အိမ်ထောင်သည်တွေပြောသလို "မောင်ရေ" ဆိုတာနဲ့ရေပါအသင့်ပါပြီးသားဆိုတာကတကယ်မှန်သည်။
ပင်လယ်စာအစုံပါတဲ့အပြင်ကြက်ဥတွေလဲပါသေးတဲ့ ချဥ်ချဥ်စပ်စပ်ခေါက်ဆွဲက ခါတိုင်းစားနေကျနဲ့မတူဘဲ ပိုအရသာရှိနေတာအမှန်။
တဖြည်းဖြည်းနဲ့အချိန်တွေဟာညဘက်သို့ရောက်ရှိလာပြီးနောက် သက်လျာကတော့အခန်းထဲကကုတင်ပေါ်မှာစာအုပ်ထိုင်ဖတ်နေတာဖြစ်ပြီးသဘောကတော့ Laptopတစ်လုံးဖြင့်အရင်ရက်တွေကပျက်ကွက်ခဲ့တဲ့အလုပ်စာရင်းတွေကိုထိုင်လုပ်နေသည်။အရင်အိမ်လေးကပစ္စည်းတွေမှန်သမျှအခုအိမ်မှာရှိနေတာမို့ မောင်ရွေ့ပေးထားတယ်ဆိုတာမပြောလဲသိသည်။
သက်လျာတစ်ယောက်စာအုပ်ဖတ်ရတာပျင်းလာတာမို့ မောင်ရှိတဲ့စားပွဲအနားကိုလျှောက်နိုင်သလောက်တဖြည်းဖြည်းလျှောက်သွားလိုက်သည်။သို့သော်အသားမကျသေးတဲ့ခြေထောက်ကထောက်လိုက်တာနဲ့နာလာတာမို့ ကြာကြာတောင်မခံလိုက်။
"အားး..."
သက်လျာအော်သံကြောင့်အနောက်ကိုလှည့်ကြည့်လိုကိတော့ကုတင်ဘေးနားမှာလဲနေတဲ့သူရဲ့သက်လျာ။
"ဘာလို့ထလာတာလဲခင်ဗျားရာ တစ်ခုခုလိုချင်ရင်မောင့်ကိုပြောလေ"
"ငါ့ကိုပြစ်ထားတယ်"
အလိုမကျတဲ့ပုံစံဖြင့် ဆူပုတ်ပုတ်နဲ့ပြောလာတဲ့နှုတ်ခမ်းလေးကဆွဲနမ်းချင်စရာအတိ။
"မောင်အလုပ်လုပ်နေလို့ပါ"
"ပြောတော့ အလုပ်ကငါ့ထက်အရေးမကြီးဘူးဆို"
"ဟုတ်ပြီ မောင်မလုပ်တော့ဘူး"
laptopကိုချက်ချင်းပိတ်ကာ သက်လျာကိုယ်လုံးလေးကိုချီပြီးကုတင်ပေါ်တင်ပေးလိုက်တော့ စိတ်ချမ်းသာသွားသည့်ဟန်။
"မောင်အလုပ်မလုပ်တော့ဘူး သက်လျာကိုဘဲလုပ်တော့မယ်"
"ဟင်"
june 30/22
အယ်လီယာ ဝမ်
T.B.C
Continue Reading
You'll Also Like
40.8K 1.7K 27
နှိုင်းမခ ❤️ မင်းမာန် ❤️ ရတု ❤️ သက်တန့်
4.7M 283K 35
Genre :BL/Yaoi/Fantasy Warning:18 Plus High boss လူဆိုး​လေးနဲ့ innocent​ဒေါက်​တာ​လေးတို့ရဲ့ Romance ဆန်ဆန် ဇာတ်လမ်းလေး။ စိတ်ကူးယဉ်ဝတ္ထုဖြစ်ပါတယ်။လ...
496K 16.5K 55
ဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)
2.2M 216K 65