ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 291K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

150

5.2K 1K 29
By Melinoe_Megami

Unicode

တည်နေရာ : တော်ဝင်မြို့တော်

ဇာတ်ကောင် : ရင်းဆုယဲ့နှင့် ရွှယ်ယို့ရှန်း

ရောက်နေသောနေရာ : အိပ်ခန်း

ရင်းဆုယဲ့က ယုကျားတည်းခိုဆောင်မှ ထွက်လာပြီးနောက် သူ့ရဲ့အိပ်ဆောင်ထဲ တန်းသွားခဲ့တယ်။ ပြီးနောက် ရွှယ်ယို့ရှန်းကို ခုတင်ပေါ် ပစ်တင်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့အပြုအမူတိုင်းက ညင်သာလွန်းတာကြောင့် ရွှယ်ယို့ရှန်းကို နည်းနည်းလေးတောင် မနာကျင်စေခဲ့ပါဘူး။

“ဘာဖြစ်နေတာလဲ..?”

ရွှယ်ယို့ရှန်းကတော့ ရင်းဆုယဲ့ရဲ့ စိတ်ကောင်းစေတနာကို နားမလည်ဘူး။ ရင်းဆုယဲ့က အကြောင်းပြချက်မရှိ၊ သူ့ကို အနိုင့်ကျင့်နေတာပဲလို့ တွေးလိုက်မိတယ်။  ထို့ကြောင့် အိပ်ရာပေါ်က ချက်ချင်းထထိုင်လိုက်ပြီး ရင်းဆုယဲ့ကို ဘုကြည့်ကြည့်လိုက်တယ်။ စူးစူးရဲရဲ စိုက်ကြည့်ပြီး သူ့ရဲ့မကျေနပ်မှုကို ဖော်ပြလိုက်တယ်။

“ကိုယ်တို့ စကားပြောသင့်ပြီထင်တယ်..”

အိပ်ရာပေါ်မှာ လိမ်လိမ်မာမာ ထိုင်နေသေးတဲ့ ကောင်လေးကိုကြည့်ပြီး ရင်းဆုယဲ့က ဘာမှထပ်မလုပ်ခဲ့ဘူး။ ခုတင်ဘေးမှာ မတ်တပ်ရပ်ပြီး သူ့ကိုစူးစိုက်ကြည့်နေတဲ့ ရွှယ်ယို့ရှန်းကို ငုံ့မိုးကြည့်လိုက်တယ်။

“အခု ခင်ဗျားနဲ့ စကားမပြောချင်ဘူး..!”

ရွှယ်ယို့ရှန်းရဲ့လေသံက ဘုဆက်ဆက်။ ရင်းဆုယဲ့က သူ့ကို အတင်းဆွဲခေါ်လာတာကြောင့် သူ့မှာ စိတ်ဆိုးပိုင်ခွင့်ရှိတယ်။ ထို့ကြောင့် ရွှယ်ယို့ရှန်းရဲ့ အမူအယာက ထောင်လွှားနေလေတယ်။

သူလည်း စိတ်ဆိုးတတ်ပါတယ်နော်.. ရင်းဆုယဲ့ကို လွယ်လွယ်ခွင့်မလွှတ်ပေးဘူး..! သူ့ကို အနိုင်ကျင့်ရဲတယ်ပေါ့၊ ပြန်ပြီး အနိုင်ကျင့်ပစ်မယ်..!

ဟမ့် ဟမ့်..!

ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ..?

ပြီးတော့ စကားပြောမှာက ရင်းဆုယဲ့ရဲ့ အိပ်ရာပေါ်မှာတဲ့။ သူများတွေမြင်ရင် ပေါက်ကရတွေ ထင်ကုန်တော့မှာပဲ..! ပြီးတော့ တစ်စုံတစ်ယောက်က စကားပြောချင်တာလား၊ ဘာလုပ်ချင်နေတာလဲဆိုတာ ဘယ်သူသိမှာလဲ..?

“အိမ်ပြန်ချင်လို့လား..?”

ရင်းဆုယဲ့က သိချင်နေတဲ့မေးခွန်းကို တန်းမေးလိုက်တယ်။

“အာ..?”

ရွှယ်ယို့ရှန်းကတော့ ရင်းဆုယဲ့ကို အနိုင်ကျင့်ဖို့ တွေးနေတာကြောင့် ထိုမေးခွန်းကို ရုတ်တရက် နားမလည်လိုက်ဘူး။

နားမလည်ရင် ပြန်မေးရမှာပေါ့။ အပြုအမူကောင်းပဲ..!

“ကမ္ဘာမြေကိုပြန်နိုင်တဲ့ နည်းလမ်းရှိလာခဲ့ရင် ပြန်သွားမှာလား..?”

ကောင်လေးရဲ့ အူတူတူပုံစံလေးက ချစ်စရာကောင်းပေမယ့် ရင်းဆုယဲ့မှာ အကဲမပိုနိုင်သေးဘူး။ ကောင်လေးရဲ့စိတ်ထဲ ဘာတွေများတွေးနေသလဲဆိုပြီး သိချင်လာတယ်။

“………….”

ရုတ်တရက် အမေးခံလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းလည်း ဘာဖြေလို့ဖြေရမှန်းမသိ ဖြစ်သွားရတယ်။ နောက်ဆုံးတော့ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။

“မသိဘူး..”

တကယ်တော့ ဟွမ်ပေ့ချန်က အိမ်ပြန်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ပြောလာတဲ့အချိန် သူ့ရဲ့စိတ်ထဲမှာလည်း ရှုပ်ထွေးသွားခဲ့ရတယ်။ မဆုံးဖြတ်နိုင်သေးဘူး။ ဟွမ်ပေ့ချန်က အတိတ်ဘဝမှာ တစ်ခါသေဖူးတာကြောင့် အိမ်ပြန်ချင်နေပေမယ့် သူက ဟွမ်ပေ့ချန်လို မဟုတ်ဘူးလေ။ သူ့မှာ ရင်းဆုယဲ့ရှိတယ်။ လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တယ်။

ဒါပေမဲ့ ကမ္ဘာမြေပေါ်မှာလည်း သူအတွက် အရေးပါတဲ့လူတွေ ရှိနေသေးတယ်။ အရင်က မပြောခဲ့ဘူးဆိုတာ အိမ်ပြန်နိုင်ဖို့ မသေချာလို့ပဲ။ သူ့ကိုယ်သူ မလှည့်စားချင်ဘူး။ ရင်းဆုယဲ့နဲ့ အတူတူနေမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ရောက်မှ၊ အချစ်ကို ရှာဖွေတွေ့ရှိတော့မှ၊ အိမ်ပြန်နိုင်တဲ့အခွင့်အရေးမျိုး ရှိနိုင်တယ်လို့ ဟွမ်ပေ့ချန်က ပြောလာခဲ့တယ်။ သူဘယ်လိုလုပ်ရမလဲ..?

ထိုအခိုက်အတန့် ရွှယ်ယို့ရှန်းမှာ ဟွမ်ပေ့ချန်ကို အမုန်းကြီးမုန်းနေမိတော့တယ်။

ဟွမ်ပေ့ချန်သာ စကားမစခဲ့ရင် အခုလိုစိတ်ရှုပ်နေစရာမလိုဘူး။ ရင်းဆုယဲ့နဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားရုံပဲ..!

ရွေးရခက်နေတဲ့အချိန် ရင်းဆုယဲ့က အတင်းဆွဲခေါ်လာတာကြောင့် ရွှယ်ယို့ရှန်းလည်း သိပ်ပြီးရုန်းကန်မနေဘဲ သက်ပြင်းချလိုက်မိတယ်။ အနည်းဆုံးတော့ ကမ္ဘာမြေပေါ်ပြန်မယ့်အကြောင်း တွေးစရာမလိုတော့ဘူးပေါ့။ ဒါပေမဲ့ တော်ဝင်မြို့တော် ပြန်ရောက်တာနဲ့ ဒီကိစ္စပဲ ပြန်ရောက်လာလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ..?!

“ကိုယ်ခွင့်မပြုဘူး..!”

ခေါင်းငိုက်စိုက်ကျပြီး သူ့ရဲ့မေးခွန်းကနေ ရှောင်လွှဲချင်နေတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့က မေးကိုပင့်ကာ အကြည့်ချင်းစုံစေလိုက်တယ်။ ပြီးတော့ သူ့ရဲ့မေးခွန်းကိုဖြေဖို့ ဖိအားပေးလိုက်တယ်။

ကောင်လေးက ပြန်သွားချင်ပါတယ်လို့ မပြောခဲ့တဲ့အတွက် ဝမ်းသာသင့်သလား၊ ဒါမှမဟုတ် ဒီမှာပဲနေဖို့ မတုံ့မဆိုင်း ရွေးချယ်နိုင်တဲ့အထိ သူက ကောင်လေးရဲ့စိတ်ထဲမှာ အရေးမပါသေးတဲ့အတွက် မချင့်မရဲဖြစ်သင့်သလား..? သူမသိတော့ဘူး။ ဒါပေမဲ့ တစ်ခုတော့သေချာတယ်..! ကောင်လေးကို လုံးဝထွက်ပြေးခွင့်မပြုနိုင်ဘူး..!

ဟွမ်ပေ့ချန်နဲ့ အမြန်ဆုံး စကားပြောသင့်ပြီလား..?

ကောင်လေးကို အိမ်ပြန်မယ့်ကိစ္စ လက်လျော့သွားအောင် လုပ်သင့်လား..?

“…………..”

ရွှယ်ယို့ရှန်းလည်း စိတ်ရှုပ်ထွေးနေတာကြောင့် အသံတိတ်နေခဲ့တယ်။ ရင်းဆုယဲ့ရဲ့စကားကို ပြန်မငြင်းနိုင်ခဲ့ဘူး။

“စာချုပ်မပျက်ဆီးမချင်း ထွက်မသွားပါဘူးလို့ မင်း ကိုယ့်ကို ကတိပေးထားတယ်လေကွာ..!”

“……….”

ရင်းဆုယဲ့ပြောမှပဲ သူ့ကိုဂျင်းထည့်သွားတဲ့ အဲ့စာချုပ်ကိစ္စ သတိရတော့တယ်..!

သခင်-အစေခံစာချုပ် ချုပ်ဆိုတုန်းက ရင်းဆုယဲ့ စိတ်ဓာတ်ကျသွားမှာကို စိုးရိမ်နေခဲ့လို့ စာချုပ်မပျက်မချင်း ထွက်မသွားပါဘူးလို့ ကတိပေးခဲ့မိတာ။ ရလဒ်ကတော့ စာချုပ်ချုပ်ခဲ့တာ ရင်းဆုယဲ့မဟုတ်ပဲ ရင်းဆုယဲ့ရဲ့ ဝိဉာဉ်သားရဲဖြစ်နေလေရဲ့။ သူ့ဘက်က စာချုပ်ကိစ္စကို စိတ်ထဲမထားတော့ပေမယ့် ရင်းဆုယဲ့ကတော့ အဲ့လိုဟုတ်ပုံမရဘူး။ စာချုပ်မပျက်မချင်း ထွက်သွားခွင့်မရှိဘူးလို့ပဲ သတ်မှတ်ထားပုံရတယ်။

ပြောရမယ်ဆိုရင် ရင်းဆုယဲ့က သူ့အပေါ် လှည့်စားခဲ့တယ်၊ လိမ်ညာခဲ့တယ်၊ သူ့အနားကနေ ထွက်မသွားဖို့ အသက်ကိုရင်းပြီး ချုပ်နှောင်ထားခဲ့တယ်..! ကြောက်ဖို့ကောင်းလောက်အောင် တစ်ကိုယ်ကောင်းဆန်သလို ထင်ရာစိုင်းလွန်းတယ်..! ဒါပေမဲ့ ထူးဆန်းလိုက်တာ၊ သူ့ရဲ့စိတ်ထဲမှာ မကျေမနပ်ဖြစ်တာမျိုး၊ ငြင်းဆန်ချင်တဲ့စိတ်မျိုး လုံးဝမရှိဘူး..!

“အရမ်းစိတ်ထဲမထားနဲ့.. ဟွမ်ပေ့ချန်က နည်းလမ်းရှိနိုင်တယ်လို့ပဲ ပြောခဲ့တာလေ..”

ရင်းဆုယဲ့ရဲ့ စိုးရိမ်ပူပန်နေမှုကို ခံစားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းလည်း စာချုပ်ကိစ္စကို နောက်တစ်ခေါက်မှ စာရင်းရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။

“ပြီးတော့ နည်းလမ်းရှိခဲ့ရင်တောင် အလုပ်ဖြစ်မဖြစ် မသိသေးဘူး.. ဟုတ်တယ်မလား..?”

ရွှယ်ယို့ရှန်းက အထင်နဲ့အမြင်ရဲ့ ကွာခြားချက်ကို ကောင်းကောင်းနားလည်တယ်။ ထို့ကြောင့် အိမ်ပြန်မှာလား၊ မပြန်ဘူးလားဆိုတဲ့ ကိစ္စအပေါ် အာရုံစိုက်စရာမလိုသေးဘူးလို့ တွေးနေမိတယ်။

“ဒါပေမဲ့ အဲ့နည်းလမ်းက အမှန်ဖြစ်နိုင်တယ်လေ..”

ရွှယ်ယို့ရှန်းရဲ့ အကြောင်းပြချက်ကို ရင်းဆုယဲ့က လက်မခံနိုင်ခဲ့ဘူး။ ဟွမ်ပေချန်ပြောခဲ့သမျှက အတိုင်းအတာတစ်ခုအထိ မှန်ကန်နေတာကြောင့် ကောင်လေး သူ့အနားက ထွက်သွားမှာကို စိုးရိမ်နေလေတယ်။

“အဲ့အချိန်ရောက်မှ ပြောလည်း နောက်မကျသေးပါဘူး..!”

ရွှယ်ယို့ရှန်းကတော့ အချိန်ယူစဉ်းစားဖို့ ဆုံးဖြတ်လိုက်တယ်။

“ကိုယ် မယုံဘူး.. တိတိကျကျ သိရမှဖြစ်မယ်..!”

ရင်းဆုယဲ့က ငြင်းဆန်နေဆဲ။

ရွှယ်ယို့ရှန်းက မျက်လုံးလှိမ့်လိုက်တယ်။

“လွန်မလာနဲ့..!”

သေဒဏ်ပေးခံရရင်တောင် အချိန်ရွှေ့ဆိုင်းလို့ ရနိုင်သေးတယ်..! ဘယ်လိုဖြစ်လို့ စက္ကန့်မဆိုင်းပဲ အဖြေလိုချင်နေရတာလဲ..?

*လဲကျသွား*

“ကိုယ့်အနားကနေ ထွက်သွားခွင့်မပြုနိုင်ဘူး..!”

ရင်းဆုယဲ့က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ပြောလာတယ်။

“ကျွန်တော်ထွက်သွားမှာ ကြောက်နေတာလား..?”

ထိုအခိုက်အတန့် ရင်းဆုယဲ့ ဘာလို့ဖိအားပေးနေမှန်း၊ ထွက်သွားခွင့်မပြုနိုင်ကြောင်း ဘာလို့ထပ်တလဲလဲပြောနေမှန်း၊ ရွှယ်ယို့ရှန်း နားလည်သွားခဲ့တယ်။

ကြည့်ရတာ ဟွမ်ပေ့ချန်ရဲ့စကားကြောင့် ကြီးကြီးမားမား သက်ရောက်သွားရတဲ့လူက သူ,မဟုတ်ပဲ ရင်းဆုယဲ့ဖြစ်နေတာပဲ..!

ရင်းဆုယဲ့က အလုပ်ရှုပ်နေတဲ့အချိန် သူထွက်သွားမှာကို ကြောက်လန့်နေတာ။ အဲ့တာကြောင့် ရှင်းလင်းတဲ့အဖြေတစ်ခုပေးဖို့ အတင်းတောင်းဆိုနေတာပေါ့..!

ထိုအကြောင်းတွေးရင်း ရွှယ်ယို့ရှန်းတစ်ယောက် စိတ်မွန်းကျပ်လာတယ်။

“ဟုတ်တယ်.. ကိုယ်ကြောက်တယ်.. မင်းပျောက်ကွယ်သွားမှာကို ကိုယ်ကြောက်တယ်..!”

ရင်းဆုယဲ့က ဝန်ခံလိုက်တယ်။ ထို့နောက် ခေါင်းငုံကာ ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေထဲ အဖြေတစ်ခုရှာဖို့ ကြိုးစားနေသလို စိုက်ကြည့်လာတယ်။

“မင်းကလွဲရင် ကိုယ့်မှာတခြားမရှိဘူး..!”

ခုနကစကားက သူ့ရဲ့စိတ်ခံစားချက်ကို လုံလုံလောက်လောက် မဖော်ပြနိုင်တာကြောင့် ရင်းဆုယဲ့လည်း သူ့နှလုံးသားထဲက ခံစားချက်အမှန်ကို ထုတ်ပြောလာခဲ့တယ်။

“…………….”

ထိုစကားကြောင့် ရွှယ်ယို့ရှန်းခမျာ ရင်ခုန်သံမြန်လာသလို မျက်နှာနီရဲလာခဲ့တယ်။ ပြီးနောက် အတွေးပင်လယ်ထဲ မျောပါသွားပြန်တယ်။

ရင်းဆုယဲ့က အချစ်စကားတွေ ပြောနေတာလား..?

ရုပ်တည်ကြီးနဲ့ အလေးအနက်ထား ပြောနေပေမယ့် သူ့ကို ရှက်ရွံ့စေတယ်။ ဝန်ခံစကားက ဝန်ခံစကားနဲ့ မတူတော့သလိုပဲ..!

…………………………………………….

Zawgyi

တည္ေနရာ : ေတာ္ဝင္ၿမိဳ႕ေတာ္

ဇာတ္ေကာင္ : ရင္းဆုယဲ့ႏွင့္ ႐ႊယ္ယို႔ရွန္း

ေရာက္ေနေသာေနရာ : အိပ္ခန္း

ရင္းဆုယဲ့က ယုက်ားတည္းခိုေဆာင္မွ ထြက္လာၿပီးေနာက္ သူ႔ရဲ႕အိပ္ေဆာင္ထဲ တန္းသြားခဲ့တယ္။ ၿပီးေနာက္ ႐ႊယ္ယို႔ရွန္းကို ခုတင္ေပၚ ပစ္တင္လိုက္တယ္။ ဒါေပမဲ့ သူ႔ရဲ႕အျပဳအမူတိုင္းက ညင္သာလြန္းတာေၾကာင့္ ႐ႊယ္ယို႔ရွန္းကို နည္းနည္းေလးေတာင္ မနာက်င္ေစခဲ့ပါဘူး။

“ဘာျဖစ္ေနတာလဲ..?”

႐ႊယ္ယို႔ရွန္းကေတာ့ ရင္းဆုယဲ့ရဲ႕ စိတ္ေကာင္းေစတနာကို နားမလည္ဘူး။ ရင္းဆုယဲ့က အေၾကာင္းျပခ်က္မရွိ၊ သူ႔ကို အႏိုင့္က်င့္ေနတာပဲလို႔ ေတြးလိုက္မိတယ္။  ထို႔ေၾကာင့္ အိပ္ရာေပၚက ခ်က္ခ်င္းထထိုင္လိုက္ၿပီး ရင္းဆုယဲ့ကို ဘုၾကည့္ၾကည့္လိုက္တယ္။ စူးစူးရဲရဲ စိုက္ၾကည့္ၿပီး သူ႔ရဲ႕မေက်နပ္မႈကို ေဖာ္ျပလိုက္တယ္။

“ကိုယ္တို႔ စကားေျပာသင့္ၿပီထင္တယ္..”

အိပ္ရာေပၚမွာ လိမ္လိမ္မာမာ ထိုင္ေနေသးတဲ့ ေကာင္ေလးကိုၾကည့္ၿပီး ရင္းဆုယဲ့က ဘာမွထပ္မလုပ္ခဲ့ဘူး။ ခုတင္ေဘးမွာ မတ္တပ္ရပ္ၿပီး သူ႔ကိုစူးစိုက္ၾကည့္ေနတဲ့ ႐ႊယ္ယို႔ရွန္းကို ငုံ႔မိုးၾကည့္လိုက္တယ္။

“အခု ခင္ဗ်ားနဲ႔ စကားမေျပာခ်င္ဘူး..!”

႐ႊယ္ယို႔ရွန္းရဲ႕ေလသံက ဘုဆက္ဆက္။ ရင္းဆုယဲ့က သူ႔ကို အတင္းဆြဲေခၚလာတာေၾကာင့္ သူ႔မွာ စိတ္ဆိုးပိုင္ခြင့္ရွိတယ္။ ထို႔ေၾကာင့္ ႐ႊယ္ယို႔ရွန္းရဲ႕ အမူအယာက ေထာင္လႊားေနေလတယ္။

သူလည္း စိတ္ဆိုးတတ္ပါတယ္ေနာ္.. ရင္းဆုယဲ့ကို လြယ္လြယ္ခြင့္မလႊတ္ေပးဘူး..! သူ႔ကို အႏိုင္က်င့္ရဲတယ္ေပါ့၊ ျပန္ၿပီး အႏိုင္က်င့္ပစ္မယ္..!

ဟမ့္ ဟမ့္..!

ဘယ္သူက ဘယ္သူ႔ကိုေၾကာက္ရမွာလဲ..?

ၿပီးေတာ့ စကားေျပာမွာက ရင္းဆုယဲ့ရဲ႕ အိပ္ရာေပၚမွာတဲ့။ သူမ်ားေတြျမင္ရင္ ေပါက္ကရေတြ ထင္ကုန္ေတာ့မွာပဲ..! ၿပီးေတာ့ တစ္စုံတစ္ေယာက္က စကားေျပာခ်င္တာလား၊ ဘာလုပ္ခ်င္ေနတာလဲဆိုတာ ဘယ္သူသိမွာလဲ..?

“အိမ္ျပန္ခ်င္လို႔လား..?”

ရင္းဆုယဲ့က သိခ်င္ေနတဲ့ေမးခြန္းကို တန္းေမးလိုက္တယ္။

“အာ..?”

႐ႊယ္ယို႔ရွန္းကေတာ့ ရင္းဆုယဲ့ကို အႏိုင္က်င့္ဖို႔ ေတြးေနတာေၾကာင့္ ထိုေမးခြန္းကို ႐ုတ္တရက္ နားမလည္လိုက္ဘူး။

နားမလည္ရင္ ျပန္ေမးရမွာေပါ့။ အျပဳအမူေကာင္းပဲ..!

“ကမာၻေျမကိုျပန္ႏိုင္တဲ့ နည္းလမ္းရွိလာခဲ့ရင္ ျပန္သြားမွာလား..?”

ေကာင္ေလးရဲ႕ အူတူတူပုံစံေလးက ခ်စ္စရာေကာင္းေပမယ့္ ရင္းဆုယဲ့မွာ အကဲမပိုႏိုင္ေသးဘူး။ ေကာင္ေလးရဲ႕စိတ္ထဲ ဘာေတြမ်ားေတြးေနသလဲဆိုၿပီး သိခ်င္လာတယ္။

“………….”

႐ုတ္တရက္ အေမးခံလိုက္ရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ဘာေျဖလို႔ေျဖရမွန္းမသိ ျဖစ္သြားရတယ္။ ေနာက္ဆုံးေတာ့ ႐ိုး႐ိုးသားသားပဲ ျပန္ေျဖလိုက္တယ္။

“မသိဘူး..”

တကယ္ေတာ့ ဟြမ္ေပ့ခ်န္က အိမ္ျပန္ႏိုင္တဲ့ အခြင့္အေရးရွိတယ္လို႔ ေျပာလာတဲ့အခ်ိန္ သူ႔ရဲ႕စိတ္ထဲမွာလည္း ရႈပ္ေထြးသြားခဲ့ရတယ္။ မဆုံးျဖတ္ႏိုင္ေသးဘူး။ ဟြမ္ေပ့ခ်န္က အတိတ္ဘဝမွာ တစ္ခါေသဖူးတာေၾကာင့္ အိမ္ျပန္ခ်င္ေနေပမယ့္ သူက ဟြမ္ေပ့ခ်န္လို မဟုတ္ဘူးေလ။ သူ႔မွာ ရင္းဆုယဲ့ရွိတယ္။ လက္လႊတ္ဆုံးရႈံးရမွာ ေၾကာက္တယ္။

ဒါေပမဲ့ ကမာၻေျမေပၚမွာလည္း သူအတြက္ အေရးပါတဲ့လူေတြ ရွိေနေသးတယ္။ အရင္က မေျပာခဲ့ဘူးဆိုတာ အိမ္ျပန္ႏိုင္ဖို႔ မေသခ်ာလို႔ပဲ။ သူ႔ကိုယ္သူ မလွည့္စားခ်င္ဘူး။ ရင္းဆုယဲ့နဲ႔ အတူတူေနမယ္လို႔ ဆုံးျဖတ္လိုက္တဲ့ အခ်ိန္ေရာက္မွ၊ အခ်စ္ကို ရွာေဖြေတြ႕ရွိေတာ့မွ၊ အိမ္ျပန္ႏိုင္တဲ့အခြင့္အေရးမ်ိဳး ရွိႏိုင္တယ္လို႔ ဟြမ္ေပ့ခ်န္က ေျပာလာခဲ့တယ္။ သူဘယ္လိုလုပ္ရမလဲ..?

ထိုအခိုက္အတန႔္ ႐ႊယ္ယို႔ရွန္းမွာ ဟြမ္ေပ့ခ်န္ကို အမုန္းႀကီးမုန္းေနမိေတာ့တယ္။

ဟြမ္ေပ့ခ်န္သာ စကားမစခဲ့ရင္ အခုလိုစိတ္ရႈပ္ေနစရာမလိုဘူး။ ရင္းဆုယဲ့နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနသြား႐ုံပဲ..!

ေ႐ြးရခက္ေနတဲ့အခ်ိန္ ရင္းဆုယဲ့က အတင္းဆြဲေခၚလာတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း သိပ္ၿပီး႐ုန္းကန္မေနဘဲ သက္ျပင္းခ်လိုက္မိတယ္။ အနည္းဆုံးေတာ့ ကမာၻေျမေပၚျပန္မယ့္အေၾကာင္း ေတြးစရာမလိုေတာ့ဘူးေပါ့။ ဒါေပမဲ့ ေတာ္ဝင္ၿမိဳ႕ေတာ္ ျပန္ေရာက္တာနဲ႔ ဒီကိစၥပဲ ျပန္ေရာက္လာလိမ့္မယ္လို႔ ဘယ္ထင္ခဲ့ပါ့မလဲ..?!

“ကိုယ္ခြင့္မျပဳဘူး..!”

ေခါင္းငိုက္စိုက္က်ၿပီး သူ႔ရဲ႕ေမးခြန္းကေန ေရွာင္လႊဲခ်င္ေနတဲ့ ေကာင္ေလးကိုၾကည့္ရင္း ရင္းဆုယဲ့က ေမးကိုပင့္ကာ အၾကည့္ခ်င္းစုံေစလိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ႕ေမးခြန္းကိုေျဖဖို႔ ဖိအားေပးလိုက္တယ္။

ေကာင္ေလးက ျပန္သြားခ်င္ပါတယ္လို႔ မေျပာခဲ့တဲ့အတြက္ ဝမ္းသာသင့္သလား၊ ဒါမွမဟုတ္ ဒီမွာပဲေနဖို႔ မတုံ႔မဆိုင္း ေ႐ြးခ်ယ္ႏိုင္တဲ့အထိ သူက ေကာင္ေလးရဲ႕စိတ္ထဲမွာ အေရးမပါေသးတဲ့အတြက္ မခ်င့္မရဲျဖစ္သင့္သလား..? သူမသိေတာ့ဘူး။ ဒါေပမဲ့ တစ္ခုေတာ့ေသခ်ာတယ္..! ေကာင္ေလးကို လုံးဝထြက္ေျပးခြင့္မျပဳႏိုင္ဘူး..!

ဟြမ္ေပ့ခ်န္နဲ႔ အျမန္ဆုံး စကားေျပာသင့္ၿပီလား..?

ေကာင္ေလးကို အိမ္ျပန္မယ့္ကိစၥ လက္ေလ်ာ့သြားေအာင္ လုပ္သင့္လား..?

“…………..”

႐ႊယ္ယို႔ရွန္းလည္း စိတ္ရႈပ္ေထြးေနတာေၾကာင့္ အသံတိတ္ေနခဲ့တယ္။ ရင္းဆုယဲ့ရဲ႕စကားကို ျပန္မျငင္းႏိုင္ခဲ့ဘူး။

“စာခ်ဳပ္မပ်က္ဆီးမခ်င္း ထြက္မသြားပါဘူးလို႔ မင္း ကိုယ့္ကို ကတိေပးထားတယ္ေလကြာ..!”

“……….”

ရင္းဆုယဲ့ေျပာမွပဲ သူ႔ကိုဂ်င္းထည့္သြားတဲ့ အဲ့စာခ်ဳပ္ကိစၥ သတိရေတာ့တယ္..!

သခင္-အေစခံစာခ်ဳပ္ ခ်ဳပ္ဆိုတုန္းက ရင္းဆုယဲ့ စိတ္ဓာတ္က်သြားမွာကို စိုးရိမ္ေနခဲ့လို႔ စာခ်ဳပ္မပ်က္မခ်င္း ထြက္မသြားပါဘူးလို႔ ကတိေပးခဲ့မိတာ။ ရလဒ္ကေတာ့ စာခ်ဳပ္ခ်ဳပ္ခဲ့တာ ရင္းဆုယဲ့မဟုတ္ပဲ ရင္းဆုယဲ့ရဲ႕ ဝိဉာဥ္သားရဲျဖစ္ေနေလရဲ႕။ သူ႔ဘက္က စာခ်ဳပ္ကိစၥကို စိတ္ထဲမထားေတာ့ေပမယ့္ ရင္းဆုယဲ့ကေတာ့ အဲ့လိုဟုတ္ပုံမရဘူး။ စာခ်ဳပ္မပ်က္မခ်င္း ထြက္သြားခြင့္မရွိဘူးလို႔ပဲ သတ္မွတ္ထားပုံရတယ္။

ေျပာရမယ္ဆိုရင္ ရင္းဆုယဲ့က သူ႔အေပၚ လွည့္စားခဲ့တယ္၊ လိမ္ညာခဲ့တယ္၊ သူ႔အနားကေန ထြက္မသြားဖို႔ အသက္ကိုရင္းၿပီး ခ်ဳပ္ေႏွာင္ထားခဲ့တယ္..! ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ တစ္ကိုယ္ေကာင္းဆန္သလို ထင္ရာစိုင္းလြန္းတယ္..! ဒါေပမဲ့ ထူးဆန္းလိုက္တာ၊ သူ႔ရဲ႕စိတ္ထဲမွာ မေက်မနပ္ျဖစ္တာမ်ိဳး၊ ျငင္းဆန္ခ်င္တဲ့စိတ္မ်ိဳး လုံးဝမရွိဘူး..!

“အရမ္းစိတ္ထဲမထားနဲ႔.. ဟြမ္ေပ့ခ်န္က နည္းလမ္းရွိႏိုင္တယ္လို႔ပဲ ေျပာခဲ့တာေလ..”

ရင္းဆုယဲ့ရဲ႕ စိုးရိမ္ပူပန္ေနမႈကို ခံစားလိုက္ရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း စာခ်ဳပ္ကိစၥကို ေနာက္တစ္ေခါက္မွ စာရင္းရွင္းဖို႔ ဆုံးျဖတ္လိုက္တယ္။

“ၿပီးေတာ့ နည္းလမ္းရွိခဲ့ရင္ေတာင္ အလုပ္ျဖစ္မျဖစ္ မသိေသးဘူး.. ဟုတ္တယ္မလား..?”

႐ႊယ္ယို႔ရွန္းက အထင္နဲ႔အျမင္ရဲ႕ ကြာျခားခ်က္ကို ေကာင္းေကာင္းနားလည္တယ္။ ထို႔ေၾကာင့္ အိမ္ျပန္မွာလား၊ မျပန္ဘူးလားဆိုတဲ့ ကိစၥအေပၚ အာ႐ုံစိုက္စရာမလိုေသးဘူးလို႔ ေတြးေနမိတယ္။

“ဒါေပမဲ့ အဲ့နည္းလမ္းက အမွန္ျဖစ္ႏိုင္တယ္ေလ..”

႐ႊယ္ယို႔ရွန္းရဲ႕ အေၾကာင္းျပခ်က္ကို ရင္းဆုယဲ့က လက္မခံႏိုင္ခဲ့ဘူး။ ဟြမ္ေပခ်န္ေျပာခဲ့သမွ်က အတိုင္းအတာတစ္ခုအထိ မွန္ကန္ေနတာေၾကာင့္ ေကာင္ေလး သူ႔အနားက ထြက္သြားမွာကို စိုးရိမ္ေနေလတယ္။

“အဲ့အခ်ိန္ေရာက္မွ ေျပာလည္း ေနာက္မက်ေသးပါဘူး..!”

႐ႊယ္ယို႔ရွန္းကေတာ့ အခ်ိန္ယူစဥ္းစားဖို႔ ဆုံးျဖတ္လိုက္တယ္။

“ကိုယ္ မယုံဘူး.. တိတိက်က် သိရမွျဖစ္မယ္..!”

ရင္းဆုယဲ့က ျငင္းဆန္ေနဆဲ။

႐ႊယ္ယို႔ရွန္းက မ်က္လုံးလွိမ့္လိုက္တယ္။

“လြန္မလာနဲ႔..!”

ေသဒဏ္ေပးခံရရင္ေတာင္ အခ်ိန္ေ႐ႊ႕ဆိုင္းလို႔ ရႏိုင္ေသးတယ္..! ဘယ္လိုျဖစ္လို႔ စကၠန႔္မဆိုင္းပဲ အေျဖလိုခ်င္ေနရတာလဲ..?

*လဲက်သြား*

“ကိုယ့္အနားကေန ထြက္သြားခြင့္မျပဳႏိုင္ဘူး..!”

ရင္းဆုယဲ့က သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို ျပတ္ျပတ္သားသား ေျပာလာတယ္။

“ကြၽန္ေတာ္ထြက္သြားမွာ ေၾကာက္ေနတာလား..?”

ထိုအခိုက္အတန႔္ ရင္းဆုယဲ့ ဘာလို႔ဖိအားေပးေနမွန္း၊ ထြက္သြားခြင့္မျပဳႏိုင္ေၾကာင္း ဘာလို႔ထပ္တလဲလဲေျပာေနမွန္း၊ ႐ႊယ္ယို႔ရွန္း နားလည္သြားခဲ့တယ္။

ၾကည့္ရတာ ဟြမ္ေပ့ခ်န္ရဲ႕စကားေၾကာင့္ ႀကီးႀကီးမားမား သက္ေရာက္သြားရတဲ့လူက သူ,မဟုတ္ပဲ ရင္းဆုယဲ့ျဖစ္ေနတာပဲ..!

ရင္းဆုယဲ့က အလုပ္ရႈပ္ေနတဲ့အခ်ိန္ သူထြက္သြားမွာကို ေၾကာက္လန႔္ေနတာ။ အဲ့တာေၾကာင့္ ရွင္းလင္းတဲ့အေျဖတစ္ခုေပးဖို႔ အတင္းေတာင္းဆိုေနတာေပါ့..!

ထိုအေၾကာင္းေတြးရင္း ႐ႊယ္ယို႔ရွန္းတစ္ေယာက္ စိတ္မြန္းက်ပ္လာတယ္။

“ဟုတ္တယ္.. ကိုယ္ေၾကာက္တယ္.. မင္းေပ်ာက္ကြယ္သြားမွာကို ကိုယ္ေၾကာက္တယ္..!”

ရင္းဆုယဲ့က ဝန္ခံလိုက္တယ္။ ထို႔ေနာက္ ေခါင္းငုံကာ ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ဝန္းေတြထဲ အေျဖတစ္ခုရွာဖို႔ ႀကိဳးစားေနသလို စိုက္ၾကည့္လာတယ္။

“မင္းကလြဲရင္ ကိုယ့္မွာတျခားမရွိဘူး..!”

ခုနကစကားက သူ႔ရဲ႕စိတ္ခံစားခ်က္ကို လုံလုံေလာက္ေလာက္ မေဖာ္ျပႏိုင္တာေၾကာင့္ ရင္းဆုယဲ့လည္း သူ႔ႏွလုံးသားထဲက ခံစားခ်က္အမွန္ကို ထုတ္ေျပာလာခဲ့တယ္။

“…………….”

ထိုစကားေၾကာင့္ ႐ႊယ္ယို႔ရွန္းခမ်ာ ရင္ခုန္သံျမန္လာသလို မ်က္ႏွာနီရဲလာခဲ့တယ္။ ၿပီးေနာက္ အေတြးပင္လယ္ထဲ ေမ်ာပါသြားျပန္တယ္။

ရင္းဆုယဲ့က အခ်စ္စကားေတြ ေျပာေနတာလား..?

႐ုပ္တည္ႀကီးနဲ႔ အေလးအနက္ထား ေျပာေနေပမယ့္ သူ႔ကို ရွက္႐ြံ႕ေစတယ္။ ဝန္ခံစကားက ဝန္ခံစကားနဲ႔ မတူေတာ့သလိုပဲ..!

…………………………………………….

Continue Reading

You'll Also Like

23.5K 964 4
Growl company ရဲ႕သူေဌးျဖစ္တ့ဲ Oh Sehun နဲ႔ Growl company ကိုအလုပ္လာေလွ်ာက္တ့ဲ သာမန္မိန္းကေလးတစ္ဦးျဖစ္တ့ဲ LuHan
228K 25.1K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
752K 32.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
70.5K 9.5K 10
ရွာသားများက မြစ်စောင့်နတ်ထံ သတို့သမီးအဖြစ် ဆက်သရန် မိန်းမပျိုတစ်ဦးကို ရွေးချယ်ထားသည်။ ထိုမိန်းမပျိုအား ကယ်တင်ရန် လျိုချီသည် မြစ်စောင့်နတ်နန်းသို့ ကိ...